Ep 10 (Adult Scene 🔞)

2K 96 0
                                    

ဒီကောင်လေးကတော့ ခံစားချက်အမျိုးမျိုးရအောင် လုပ်နေပါပြီ။ စက်နေဟိန်း၏ မခုန်တာကြာနေသည့် ရင်ခုန်သံတွေက အသက်ဝင်လာနေသည်။ ဉာဏ်က အတွေ့အကြုံနုခဲ့ပုံရသည်။ သူ့ခံစားချက်တွေကို သူသေချာမသိ။ သို့သော် သူဖော်ပြနေသည့် စကားလေးတွေက စက်နေဟိန်း၏ ရင်ဘတ်တစ်ပြင်လုံးကို ဇောက်ထိုးမိုးမျှော်တွေဖြစ်စေသည်။

ထိန်းထားရတာကြာနေပြီဖြစ်သည့် ဆန္ဒတွေကိုလည်း ဉာဏ်သိအောင် စက်နေဟိန်းဖွင့်ပြချင်လာသည်။ ထို့ကြောင့်.....

"ဉာဏ်.…"

ဆွဲဆွဲငင်ငင်ခေါ်ယူသော လေသံကြောင့် ဉာဏ့်လက်ပေါ်က မွေးညှင်းလေးတွေတောင် ထောင်ခနဲဖြစ်သွားကြသည်။ ဉာဏ်က ဖက်ထားတာကိုလွှတ်ပြီး အကြည့်ချင်းဆုံလိုက်တော့ ဦးစက်သည် ဉာဏ့်ကို သာမာန်ထက်ပိုလွန်သည့်အကြည့်တို့ဖြင့် ညှို့ယူကြည့်နေသည်။

"ကိုယ်တို့ ဒီညဖြစ်နိုင်မလား ဉာဏ်၊ ဉာဏ် မသိနားမလည်လည်းဖြစ်ပါတယ်၊ ကိုယ့်ဦးဆောင်မှုနောက်ကိုပဲ ဉာဏ်လိုက်ခဲ့လေ..."

ဉာဏ်ဟာ အဖမ်းခံရမှာကြောက်သည့် သတ္တဝါလေးတွေလို စက်နေဟိန်းကို ကြည့်နေမိသည်။ သွေးသားဆန္ဒတွေဆိုတာ သူတွေးတော့တွေးကြည့်ပေမယ့် ပြင်းပြင်းပြပြဘယ်တော့မှ မဖြစ်ဖူးချေ။ အခုလိုတောင်းဆိုခံလိုက်ရသည့်အခါမှာတော့ သူ့ကိုယ်သူ အသက်ရှူနေသေးရဲ့လားဟု မေးယူနေရသည်။

ဉာဏ်ကမေးကောင်း တွေးကောင်းနေတုန်းပင် စက်နေဟိန်း၏ နမ်းရှိုက်မှုက ကျရောက်လာတော့သည်။ ဉာဏ်၏ နှုတ်ခမ်းလေးတွေကို စုပ်ယူလိုက်ချိန်၌ စိတ်ဆန္ဒတွေက ပိုတက်ကြွလာသလိုပင်။ စက်နေဟိန်း၏ လက်တို့က ဉာဏ့်၏ ခါးဆီသို့ ဖက်တွယ်လာသည်။

ဉာဏ်သည် ငြိမ်နေတာ တုပ်တုပ်မလှုပ်၊ သို့မဟုတ် သူမလှုပ်ရဲတာလားပင်။ ငြိမ်သက်နေသော ဉာဏ်၏ လည်တိုင်လေးကို နမ်းဖို့လည်း စက်နေဟိန်းမမေ့။ လည်စလုတ်နားလေးကို လျှာဖြင့် သပ်တင်ဆွဲစုပ်ယူလိုက်ချိန်....

"ဟာ့....."

ဉာဏ်လက်တို့သည် စက်နေဟိန်းရင်ဘတ်ကို တွန်းကန်လာသည်။ ဤသည်မှာ ဉာဏ်လည်း စက်နေဟိန်းဦးဆောင်ရာနောက် အနည်းငယ်လိုက်ပါလာနေပြီဆိုတဲ့သဘော။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now