Ep 37

1K 94 20
                                    

ယနေ့သည် မင်္ဂလာယူချိန် ရဟန်းခံသည့် အလှူတော်နေ့ဖြစ်သည်။ အားလုံးကလည်း စိတ်လှုပ်ရှားနေကြသလို တစ်ပြိုင်တည်းမှာပင် အိမ်သူ့စံအိမ်ကြီး၏ အငြိုးတေးအညစ်ကြေးများလည်း ကုန်စင်တော့မည်ဖြစ်သည်။

ရဟန်းမယ်တော်လောင်း‌ မေရီသည်လည်း စိတ်ကြည်နူးနေကာဉာဏ်သည်လည်း ရဟန်းခံမည့် စက်နေဟိန်းအတွက် ဝမ်းသာပီတိဖြစ်နေမိသည်။ စက်နေဟိန်းကိုယ်တိုင်သည်လည်း ကုသိုလ်အကျိုးပြုရမည်ဖြစ်၍ စိတ်အေးချမ်းလျက်ရှိနေပါသည်။

အလှူတော်မင်္ဂလာဖြစ်သောကြောင့် ထိုနေရပ်နေ အသိမိတ်ဆွေအကုန်အား ဖိတ်ကြားကာ ကုသိုလ်မျှဝေထားသည်။ ဆွမ်းဆန်စိမ်းလည်း လောင်းကြမှာဖြစ်သောကြောင့် တတ်နိုင်သလောက် တတ်အားသ၍ အလှူ့ပစ္စည်းလေးများ သယ်လာကြသည်။

အလှူတော်မင်္ဂလာကြီး အထမြောက်ကြောင်း ရေစက်ချပြီးအမျှဝေချိန်တော့ ဉာဏ်သည် စိတ်လှုပ်ရှားနေမိသည်။ ရွှေစံကားဖြူကို တွေ့လိုတွေ့ငြားလည်း လျှောက်ကြည့်နေမိသည်။

"ဤအလှူတော်မင်္ဂလာသည် အိမ်သူ့စံအိမ်ကြီးတွင် အစွဲမကျွတ် တည်ရှိနေသေးသော ရွှေစံကားဖြူအတွက် ရည်စူးသောအလှူဖြစ်သဖြင့် အသင်နှင့်အတူ ကျွတ်တန်းဝင်လိုသော ပုဂ္ဂိုလ်များ အကျွန်ုပ်တို့နှင့်အတူ သာဓုခေါ်ဆိုနိုင်၍ အမျှရကြစေကုန်....."

"အား...."

ဘုန်းကြီးမှ စကားတောင်မဆုံးသေး ဉာဏ့်ဘေးမှ ထအော်သော အသံနက်ကြီးကြောင့် တရားနာနေသော လူအားလုံး လန့်ဖြန့်သွားကြသည်။ ထအော်သူက အခြားမဟုတ်....ဂျူး။

ဘေး၌ ထိုင်နေသော ဉာဏ်သည် ဂျူးကိုမမြင်ရတော့....ငိုယိုကာ ရင်ဘတ်စည်တီးနေသော ရွှေစံကားဖြူကိုသာ မြင်ရသည်။ ရဟန်းခံပြီးသော စက်နေဟိန်းလည်း ဉာဏ့်ကိုကြည့်လိုက် ဂျူးကိုကြည့်လိုက် လုပ်နေမိသည်။

"ဘာလို့ ကျွန်မကို အဲ့လိုလုပ်ရက်တာလဲ လင်တော်မောင်ရဲ့....."

"ရွှေ...ရွှေစံကားဖြူ"

စက်နေဟိန်းကို လက်ညှိုးထိုးကာ ငိုနေသော ဂျူးကိုကြည့်ပြီး ဉာဏ် နာမည်တပ်ခေါ်လိုက်သည်။ ဉာဏ်ခေါ်တော့ ဉာဏ့်ကို ချက်ချင်းလှည့်ကြည့်သည်။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now