Ep 26

843 94 20
                                    

"ကိုကို့အိမ်က ဝေးလို့လားဟင်"

အော်စကာ့မေးခွန်းကို ရာဇာက ခေါင်းခါပြသည်။ ကိုဇော်ကြီးက အိမ်မှာမရှိသေး၍ အနီးနားကဆိုင်၌ ခဏထိုင်ကာ စောင့်နေကြခြင်းဖြစ်သည်။

"နီးပါတယ်၊ ငါက မပြန်ချင်လို့ပါ"

"ကိုကို့အိမ်နဲ့ရန်ဖြစ်ထားလို့လား"

ထိုမေးခွန်းကိုဖြေရန် ရာဇာသည် အော်စကာ့ကို ခေတ္တမျှ စိုက်ကြည့်နေမိသည်။ အော်စကာကတော့ သိချင်စိတ်အပြည့်ဖြင့် ရာဇာ့ကို မျက်လုံးပြူးပြူးလေးဖြင့် ပြန်ကြည့်နေသည်။ သူက ဒီကိုကိုနဲ့ ပတ်သတ်လာလျှင် အားလုံးကို သိချင်နေတာဖြစ်သည်။

"ငါ့အမေက နောက်‌ယောက်ျားယူထားတယ်...."

"အာ...."

အော်စကာသည် နားလည်ပြီဆိုသည့် ပုံလေးဖြင့် ဆက်မမေးရန် ဆုံးဖြတ်လိုက်သည်။

"ငါက အားလုံးနဲ့အဆင်ပြေပါတယ်၊ အမေ့ရဲ့ နောက်ယောက်ျားနဲ့လည်း အဆင်ပြေတယ်၊ အမေ့အပေါ်အရမ်းကောင်းတယ်လေ၊ အမေက ငါ့အတွက်ကြည့်ပြီး ယူလိုက်တာဆိုတော့ ငါက အဲ့လိုမဖြစ်ချင်လို့သာ ဒီလိုနေပြီး ကိုယ့်ဘာသာရှာစားနေတာ"

ရာဇာသည် ထိုသို့ပြောပြီး အမိမဲ့နေသည့်အော်စကာကိုလည်း သနားစိတ်ဖြင့် ကြည့်နေမိသည်။ ထို့နောက် ခေါင်းလေးကို အသာပုတ်လိုက်ကာ....

"လူအားလုံးမှာ သူ့ပုံပြင်နဲ့သူရှိတယ်၊ အဲ့ဒီပုံပြင်တွေကပဲ သူတို့ရဲ့စိတ်နေသဘောထားကို ပြောင်းပေးသွားတာ၊ ဒါပေမယ့် ငါတို့သိထားရမှာက သူတို့က ပုံပြင်သပ်သပ်ဆိုတာပဲ၊ ငါတို့ကိုယ်တိုင်လည်း ငါတို့ပုံပြင်ရေးနိုင်ပါတယ်"

အော်စကာသည် ရာဇာ့ကိုကြည့်ရင်း သိပ်ကို ရင့်ကျက်တာပဲဟု တွေးမိလိုက်သည်။ လူတစ်ယောက်ကို အပြင်ပန်းပုံစံနဲ့ဆုံးဖြတ်လို့ မရဘူးဆိုတာ သိပ်မှန်တာပဲ။ ကိုကိုက တက်တူးတွေလည်းရှိပြီး ဂစ်တာကြီးလွယ်၊ လူဆိုးကြီးရုပ်ပေါက်နေပေမယ့် သူ့မျက်စိထဲ အရမ်းကိုပြည့်စုံနေတာတော့ မပြောပြတတ်။

"ကိုကိုက ချမ်းသာတဲ့သူတွေကို မုန်းတာလားဟင်"

"တစ်ခါတလေပေါ့"

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now