Ep 31

983 85 7
                                    

"ဦးစက် ဦးစက်...."

ဘေးနားရှိနေတာကို အဆက်မပြတ်ခေါ်နေတာမို့ စက်နေဟိန်းခေါင်းသာ စောင်းကြည့်လိုက်တော့သည်။ သို့မှ ဉာဏ်ငြိမ်သွားလျက် ခွေးစာအထုတ်လေးကိုင်ကာ ရယ်ပြသည်။

"ခွေးစာဝယ်သွားရအောင်လေ"

"ဟိုမှာလည်းရှိပါတယ်"

"ဪ သူတို့ကိုလည်း လက်ဆောင်ဝယ်သွားပေးရမှာပေါ့"

"ခွေးတွေကိုလား"

စက်နေဟိန်းသည် မျက်မှောင်ကုပ်သွားကာ ဉာဏ့်ကို ကြည့်နေမိသည်။ သူတကယ်ခွေးမချစ်တာဖြစ်သည်။

"ဝယ်လေ ဒါဆိုလည်း...."

ခွင့်ပြုချက်ရသည်နှင့် ခုန်ပေါက်ပြီး ခွေးစာခြောက်တန်း‌ဆီသို့ ပြေးသွားတော့သည်။ အိမ်သူ့စံအိမ်ကိုပြန်ရမည်ဖြစ်သောကြောင့် လိုချင်တာ၊ လိုအပ်တာတွေ လိုက်ဝယ်ဖြစ်နေသည်။ လိုအပ်တာဝယ်သူက စက်နေဟိန်းဖြစ်ပြီး လိုချင်တာတွေဝယ်သူက ဉာဏ်ဖြစ်သည်။ ချစ်ဖို့တော့ကောင်းသား....အခုက သူ့လက်ထဲအလုပ်မရှိလို့ လစာလည်းမရှိသဖြင့် တစ်ခုခုလိုချင်တိုင်း စက်နေဟိန်းဆီ လာလာခွင့်တောင်းသည်။

တစ်ကိုယ်ရည်သုံးပစ္စည်းပစ္စယများရွေးနေရင်း စက်နေဟိန်း ဉာဏ့်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် စချင်စိတ်ပေါ်လာသောကြောင့်....

"ဉာဏ် ခဏ...."

ဉာဏ်က ခွေးစာထုတ်တွေယူရင်း စက်နေဟိန်းဆီပြန်ရောက်လာသည်။

"ဟင် ဘာလဲ"

စက်နေဟိန်းပြနေတာကို သူမကြည့်သေး။ လက်ထဲပါလာသော အထုတ်များကို ခြင်းထဲထည့်နေဆဲ။ ထို့နောက် လက်ညှိုးထိုးပြသည်ကိုကြည့်လိုက်တော့ အမွှေးရိတ်သော ဂျုတ်တွေရှိသည့်နေရာဖြစ်သည်။

"ဘာလုပ်ဖို့လဲ"

"ဉာဏ်သုံးဖို့လေ၊ ယူမလားလို့"

"ဟင် ဉာဏ့်မှာမှ မုတ်ဆိတ်မွှေးတွေ နှုတ်ခမ်း‌မွှေးတွေမရှိတာ....ယူမယ့်ယူ ဦးစက်ယူရမှာလေ"

"ဟုတ်လို့လား၊ ဉာဏ်ရိတ်စရာမလိုတဲ့နေရာမရှိတာ သေချာပြီလား၊ ကိုယ်တော့မထင်ဘူးနော်"

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now