Ep 24

836 103 9
                                    

"ရာ့ခ်ျ"

ဒီနာမည်ဟာ သူ့နာမည်မှန်း သိနေသည့်အလား အိပ်ရာမှ နိုးလာသော ဉာဏ်။ ဉာဏ်အိပ်ပျော်နေတာ ကိုယ့်ဘာသာသိသည်။ သို့သော် ထိုနာမည်ကြားတာနဲ့ နိုးလာရသည်။

"ရာ့ခ်ျ"

ဒုတိယအကြိမ်ခေါ်သောအသံသည် ပြင်းထန်လာသည်။ ပြတ်သားလာသည်။ ဉာဏ်သည် အိမ်သူ့စံအိမ်ရှေ့သို့ ရောက်နေပြီဖြစ်သည်။ သို့သော် ဉာဏ်မကြောက်ပါ။ အိမ်သူ့စံအိမ်ကို မြတ်နိုးသောကြောင့်ပင်။

"ရာ့ခ်ျ....."

ထိုတတိယခေါ်သံတွင်တော့ လေများဝုန်းခနဲကြမ်းလာကာ အိမ်သူ့စံအိမ်တံခါးမကြီးလည်း ပွင့်သွားခဲ့သည်။ တံခါးမကြီးပွင့်ပြီးချိန်၌ ခက်ထန်သောအသွင်ပြင်ဖြင့် မတ်တပ်ရပ်နေသော ရွှေစံကားဖြူကို တွေ့လိုက်ရသည်။

"‌ရွှေစံကားဖြူ"

ဉာဏ်က သူ(မ)အမည်နာမကို ခပ်တိုးတိုးခေါ်မိ၏။ ထိုစဉ် သူ(မ)က ဉာဏ့်ကို လက်ညှိုးထိုးလာသည်။

"အသင့်ကိုလည်း ဒဏ်ခတ်ရလိမ့်မယ်"

"ကျွန်တော့်ကို.....ဘာလို့လဲ"

ဉာဏ်သည် ထိုသို့ပြောပြီး ရှေ့ဆက်တိုးလာခဲ့သည်။

"မလာနဲ့၊ အသင်က ဒီစံအိမ်နဲ့မတန်ဘူး၊ မလာနဲ့"

ရွှေစံကားဖြူ၏ အသွင်အပြင်တို့သည် လူသေကောင်လို ခက်ထန်စက်ဆုပ်ဖွယ်ရာပြောင်းလာကာ အိမ်ထဲမှ ရခိုင်မတို့မိသားစုနှင့် ခွေးများပါ ထွက်လာကြသည်။ ဉာဏ်လည်း လန့်သွားကာ ခြေလှမ်းတို့ တုံ့ဆိုင်းသွားပြီး ဘာလုပ်ရမယ်မှန်းမသိတော့။

"ရွှေစံကားဖြူ၊ ကျွန်တော် နားမလည်ဘူး...."

"အသင်ဟာ သစ္စာမရှိတဲ့သူကို ကူညီပေးနေတဲ့သူပဲ၊ အသင့်ကို ထိုက်တန်တဲ့အပြစ်ပေးမယ်"

ဉာဏ် ဒီလောက်ဆို သဘောပေါက်ပါပြီ။ ထို့ကြောင့် လက်ကာပြကာဖြင့်....

"သံသရာအကြွေးဆိုတာ ကြောက်ဖို့ကောင်းပါတယ် ရွှေစံကားဖြူ၊ ကျွန်တော်တို့ အာဃာတတွေကို ခဝါချမှ ရင်ထဲက အပူမီးတွေငြိမ်းမှာပါ၊ ငထွေးလည်း သူကျင်လည်ခဲ့ရာ ဘဝဆက်တိုင်းမှာ အသင့်ကျိန်စာတွေ မိခဲ့မှာပါ၊ ဒါကြောင့် ကျေနပ်ချိန်တန်ပါပြီ၊ ကျွန်တော်တောင်းဆိုပါတယ်၊ အသင်ကလွဲပြီး ကျန်သူတွေဟာ ဒီဘဝမှာလာဆုံစည်းနေကြပါပြီ၊ အသင်ဘာကြောင့် ပြန်မဆုံစည်းနိုင်တာလဲဆိုတာကို တွေးဖူးလား၊ မတွေးဖူးဘူးဆိုရင် အသင့်မှာ အပူမီးတွေ သိပ်များနေလို့ပဲ၊ ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ၊ အမုန်းတရားတွေကလွဲပြီး ကျန်တာ လုပ်ပေးပါ့မယ်"

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now