Ep 9

1.2K 128 7
                                    

"အဲ့ ဘိုးအေကြီးကို ငါကြည့်မရတာကြာနေပြီ၊ ဘာလဲ...သူက သူ့ကိုယ်သူအဟုတ်ထင်နေတာ....အရင်မိန်းမပါဆိုမှ သူစိမ်းကဘယ်လိုဆန်တော့မှာလဲ....မင်းတွေးကြည့်လေ၊ သူပြောစရာလား အဲ့စကားကို"

ဤသည်မှာ အာလေးလျှာလေးဖြင့် ဘီယာလေးနှစ်ဘူးသောက်ပြီး အရစ်ရှည်နေသော ဝက်အူလှည့် ဉာဏ်ပါပင်။ လမ်းဘေးဆိုင်လေး၌ ရာဇာနှင့်အတူထိုင်ကာ အကင်စားလိုက် ဘီယာသောက်လိုက် လုပ်နေရင်းမှ နှစ်ဘူးဝင်အပြီး စကားကစများလာသည်။ ဖုန်းကလည်း ဝင်လွန်းသည်ဆိုကာ ဖုန်းပိတ်ထားသော ဉာဏ်။

"မင်းသဝန်တိုနေတာလား ငါ့ကောင်"

မမူးသေးသော ရာဇာက ဉာဏ့်ကို စပ်ဖြီးဖြီးဖြင့်စနေသည်။ ဉာဏ်ကတော့ အကင်တစ်ချောင်းကို စားနေရင်း....

"ဘာလို့တိုရမှာလဲ၊ ငါ့ကိုဆို ဆူဖို့လောက်သိတဲ့ အဘိုးကြီး"

"ဟ ဟ မင်းပြောတာနော်၊ အဘိုးကြီးဆိုတာ...."

"အေး ခေါ်တယ်၊ အဘိုးကြီး၊ အဘိုးကြီး၊ အဘိုးကြီး၊ ငါ့လိုမျိုး ငယ်ငယ်လေးကိုယူထားတဲ့အဘိုးကြီး"

ဉာဏ့်အသံမှာကျယ်သွားသောကြောင့် ဘေးဝိုင်းမှ သူများတောင် လှည့်ကြည့်ကုန်ကြသည်။ ရာဇာတစ်ယောက် ဉာဏ့်လက်ကို ရိုက်ချရင်း .....

"တိုးတိုးပြောဟ၊ မင်းမရှက်ပေမယ့် ငါရှက်တယ်"

"အေး ငါလည်းမင်းကိုပြောမယ်၊ မင်းကို ဟို ကိုကိုခေါ်တဲ့ ကလေးလေးက ၁၅နှစ်ပဲရှိသေးတယ်၊ မင်းမရွနဲ့ ကြားလား၊ မင်းက သူ့အတွက် အိုနေပြီ"

ရာဇာ့ခမျာ ဉာဏ့်ပါးစပ်ထဲ အသက်၈၀အဘိုးကြီးလိုလို အခုပဲသေတော့မယ့်သူလိုလို ဖြစ်နေရသည်။

"တော်တော်ဆိုးတဲ့ကောင်ပဲ၊ ဘီယာလေးသောက်တာ နှစ်ဘူးကို မင်းတော်တော်အာသွက်နေပြီဟုတ်လား"

ရာဇာတစ်ယောက် ဉာဏ့်ကို ခေါင်းခါရင်း ကြည့်နေမိသည်။ ဉာဏ်ကလည်း ပြောချင်ရာပြော တောင်ရောက်မြောက်ရောက်ပင်။
.
.
.
.
.
အိမ်ပြန်မည်ဆိုသော ဉာဏ်က စက်နေဟိန်းပြန်ရောက်သည်အထိ အိမ်မှာမရှိသည့်အပြင် အခု ည ဆယ့်တစ်နာရီထိုးတဲ့အထိ ပြန်မရောက်သေး။ ဖုန်းဆက်တော့ ပထမ ၅ခါအထိ ဖုန်းဝင်နေသေးသည်။ နောက်၆ခါမြောက်မှ ဖုန်းပိတ်ထားပါသည်တဲ့။ ဒါ သေချာသည်။ ဖုန်းကို တမင်ပိတ်ထားမှန်း။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now