Ep 25

876 100 6
                                    

VCC၏ shooting နေရာ၌ အလုပ်ရှုပ်ပျာယာခတ်နေသော နေ့တစ်နေ့ဖြစ်သည်။ ဉာဏ်လည်း မိတ်ကပ်ဆရာနှင့်အချိန်ကုန်နေကာ စိတ်လှုပ်ရှားနေမိသည်။ ဖြစ်ချင်တော့ စက်နေဟိန်းသည် ယနေ့ တရားရုံးသို့သွားရမည်။ ထို့ကြောင့် ကြည်လင်သူနှင့် ဉာဏ့်ကို စိတ်ချစွာထားခဲ့သည်။

"စိတ်လှုပ်ရှားနေလား"

ကြည်လင်သူက ရေဘူးကို ပိုက်တပ်ပြီးယူလာကာ ဉာဏ့်ဆီ ကမ်းပေးရင်း မေးလိုက်သည်။ ဉာဏ်က ခေါင်းညိမ့်ပြကာ ရေဘူးကိုလှမ်းယူလိုက်သည်။

"လက်ဖျားတွေတောင်အေးစက်နေပြီ"

"အဆင်ပြေသွားမှာပါ၊ တစ်ခုခုဆို ကျွန်တော်ရှိတာမို့ ဘာမဆိုပြောပါနော်၊ MDက နေ့လည်မှ ပြန်ရောက်နိုင်မှာပါ"

"ဟုတ်...."

ကြည်လင်သူခဏထွက်သွားချိန် မိတ်ကပ်ဆရာက ဉာဏ့်ကို စတင်စပ်စုတော့သည်။

"ဒီက သူဌေးနဲ့က ယူထားတာလား"

ဘယ်လိုမေးခွန်းကြီးလဲဟု ဉာဏ်တွေးလိုက်ကာ ပြုံးပြုံးလေးနှင့် ခေါင်းညိမ့်ပြလိုက်သည်။

"ယူထားတာပါ၊ ကျွန်တော့်အမျိုးသားပါ"

"ဘယ်လိုတွေ့ဖြစ်ခဲ့ကြတာတုန်း"

"ဟို....."

စိတ်လှုပ်ရှားနေပါသည်ဆိုမှ မေးခွန်းကိုဖြေဖို့ရာ အဖြေမတွေ့သဖြင့် ဉာဏ့်ခမျာ တွေးရခက်ပြန်လေပြီ။

"မာမီတို့မိတ်ဆက်ပေးလို့ပါ၊ အဲ့ကနေ စတွေ့ကြတာ"

ဉာဏ်လည်း အမှန်တိုင်းပဲပြောရန် ဆုံးဖြတ်လိုက်သည်။ ဟိုလို ဒီလိုလိုက်ပြောနေတာကမှ ခေါင်းပိုရှုပ်ဦးမည်။ အမှန်တိုင်းပြောလို့လည်း ပြဿနာမဟုတ်သည်မို့ ဉာဏ်သည် သွေးရိုးသွေးတန်းပင်ပြောချလိုက်သည်။

"ဟယ်၊ အမေတွေက ခေတ်မီတာပေါ့၊ ဒါလေ အခုခေတ်မို့လို့သိလား၊ အရင်ကဆို ....ကိုယ်တွေခေတ်တုန်းကပေါ့၊ သူများသားမယားပစ်မှားလို့ ကံကြီးထိုက်နေတာဆိုပြီး ဘုန်းကြီးတောင်စည်းပေးကြတာ....."

မိတ်ကပ်ဆရာစကားကြောင့် ဉာဏ်ရယ်မိသွားသည်။ ရယ်မိသည်ဆိုတာ ကဲ့ရဲ့သည့်သဘောမျိုးမဟုတ်ဘဲ သူဆိုလိုချင်တာကို သဘောပေါက်သောကြောင့်ဖြစ်သည်။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now