Ep 3

1.6K 164 11
                                    

သူမအမည်ကား ရွှေစံကားဖြူ။ အရေးပိုင်မင်း၏ တစ်ဦးတည်းသောသမီးလေးဖြစ်ပြီး မြင်းထိန်းတစ်ဦးနှင့် အကြောင်းပါခဲ့သည်။

ဖခင်ဖြစ်သူက အဆင့်တန်းနိမ့်ကျသူနှင့် ဖြစ်ရကောင်းဆိုပြီး သမီးဖြစ်သူကိုရော သူမရဲ့ ခင်ပွန်းကိုရော လူလွှတ်သတ်ခိုင်းသည်။

အကြင်လင်မယားနှစ်ယောက် လူသတ်သမားများလက်ထဲကပြေးရင်း ပုဏ္ဏားမျိုးဆက်သည့် လူမျိုးခြားတစ်ဦး၏ ကယ်တင်ဆောင်မခြင်းကို ခံခဲ့ရသည်။ ထိုလူက သူ၏ စံအိမ်ကြီးဖြစ်သည့် "အိမ်သူ့စံအိမ်" ကြီးသို့ ခေါ်ဆောင်ကာ အကြင်လင်မယားကို စောင့်ရှောက်ပေးခဲ့သည်။

သို့သော် ပုထုဇဉ်တို့မည်သည် ဖောက်လွဲဖောက်ပြန်သဘောရှိလေရာ ကျေးဇူးရှင် လူမျိုးခြားအမျိုးသားက ရွှေစံကားဖြူအား အလိုမတူကာမပြုကျင့်ခဲ့သည်။ ဤအကြောင်းကို မိမိ၏ ချစ်ရသည့် လင်ယောက်ျားအား မပြောပြလိုခဲ့သည် ရွှေစံကားဖြူသည် အိမ်သူ့စံအိမ်ကြီးက အနောက်ဖက်လသာဆောင်မှနေ၍ ခုန်ချကာ အဆုံးစီရင်ခဲ့ပြီးလျှင် အကြင်ခင်ပွန်းအတွက် စာတစ်စောင်ထားရှိခဲ့သည်။

ထိုစာထဲ၌ ရေးထားသည်ကား.....

"ချစ်လင်....ဖြူသည် ချစ်လင်အပေါ် မဖောက်ပြန်ပါဟု သစ္စာဆိုထားသော်လည်း ကံကြမ္မာက မျက်နှာသာမပေး၍ ဤသစ္စာတရားအားတန်ဖိုးထားသောကြောင့်....." ဟူ၍ ဖြစ်သည်။

နောက်ဆုံးတော့ လင်ယောက်ျားဖြစ်သူက အဖြစ်မှန်သိသွားသော် ထိုစံအိမ်အမျိုးသားအား လည်ပင်းလှီးကာ သတ်ပစ်ခဲ့သည်။ ထို့နောက် စံအိမ်ကြီး၏ အနောက်ဘက် တောအုပ်ငယ်၌ အလောင်းကို မြေမြှုပ်ပြီးလျှင် သူ၏ ချစ်လှစွာသော ဇနီးဖြစ်သူဆုံးပါးသွားခဲ့သော အနောက်ဘက်လသာဆောင် လှေကားပေါ်တက်ကာ သူကိုယ်တိုင်လည်း အဆုံးစီရင်ခဲ့သည်။

ဤသည်ကား အိမ်သူ့စံအိမ်ကြီး၏ ရာဇဝင်များထဲမှ တစ်ခုပင်....။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

ဉာဏ်သည် တစ်မနက်လုံးမျက်နှာမကောင်း။ မနက်စာစားတည်းက လှုပ်တုပ် လှုပ်တုပ်ဖြင့် ရွှင်ရွှင်ပြပြမရှိ။ စက်နေဟိန်းက ဉာဏ့်မျက်နှာ အကဲခတ်ကြည့်နေသူမို့ ဒီကလေး အရမ်းငြိမ်နေသည်ကို သတိထားမိသည်။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now