Ep 30

997 94 8
                                    

အအေးဘူးထဲ အအေးတစ်စက်မှမကျန်အောင် ကုပ်ခြစ်သောက်နေသော အော်စကာသည် သူ့ပါးစပ်ထဲ ပိုက်တန်းလန်းဖြင့် အက်ရှင်ကားကို စိတ်ဝင်စားစွာကြည့်နေတော့သည်။ သူ့အား ဘေးတစောင်းကြည့်နေမိသော ရာဇာကတော့ ပြုံးစိစိနှင့် သဘောကျနေသည်။ မသိလျှင် ကလေးတစ်ယောက်ကို ရုပ်ရှင်ပြထားသလိုပင်။

"စားဦးမှာလား"

လက်ထဲမှ ပေါက်ပေါက်ဆုပ်ဘူးကိုထိုးပေးတော့ သူက ဈာန်ဝင်တာပျက်သွားသည့်ပုံလေးဖြင့် လှည့်ကြည့်သည်။ သို့သော် ရာဇာ့လက်ထဲမှ ပေါက်ပေါက်ဆုပ်ဘူးကို ယူသွားကာ လက်ထဲ၌ပိုက်ထားရင်း ရုပ်ရှင်ကိုအကြည့်မလွှဲနိုင်ဘဲ ဖြစ်နေသည်။

ကျန်နေသည့်တစ်နာရီလုံးလုံးမှာလည်း အော်စကာ ဒီပုံစံလေးပဲ ဖြစ်နေဦးမှာပင်။
.
.
.
.
.
"ကိုကိုလည်း အဲ့လိုမျိုးချကြေးဆို ကြည့်ကောင်းမှာနော်"

ရုပ်ရှင်ရုံထဲမှ ထွက်လာလာချင်း အော်စကာပြောလိုက်သည့်စကားကြောင့် ရာဇာ နားမလည်ဖြစ်သွားသည်။

"ရုပ်ရှင်ထဲကလိုလေ၊ တက်တူးတွေနဲ့ ဓားတွေကိုင်ပြီးချတာကိုပြောတာ"

"ငါက လူမိုက်ရုပ်ပေါက်နေလို့လား"

"ဟင့်အင်း မပေါက်ပါဘူး၊ ကိုကိုက ကြည့်လို့အကောင်းဆုံးပဲ"

လက်မနှစ်ချောင်းစလုံးကို အားပါးတရထောင်ပြကာ ရာဇာ့ကိုရယ်ပြနေပုံက တကယ်ကိုချစ်စရာလေးပင်။ ထို့ကြောင့် ရာဇာလည်း မနေနိုင်ဘဲ ရယ်မိသွားကာ အရှေ့မှ အရင်ထွက်သွားတော့၏။ အော်စကာကတော့ အနောက်ကနေ ခုန်ဆွ ခုန်ဆွလုပ်ကာ ကလေးတွေလို လိုက်လာသည်။

"ရေခဲမုန့်သွားစားရအောင်"

ရာဇာကအနောက်လှည့်ကြည့်ကာ လက်လှမ်းပေးတော့ အော်စကာက ထိုလက်ကို အမြန်လာဖမ်းဆုပ်ကိုင်လိုက်သည်။ ကိုကို့စိတ်က မှန်းရတာမဟုတ်....တော်ကြာ စိတ်တိုသွားမှဖြင့်ဆိုသည့် စိုးရိမ်စိတ်လေးဖြင့် အမြန်လာကိုင်ထားခြင်းဖြစ်သည်။

"ကိုကိုက ဘာအရသာကြိုက်တာလဲ"

"ငါက အက်ဆစ်လိုပဲ၊ မြိုချလို့ရတာမှန်သမျှ အကုန်စားတယ်"

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now