To be a Heartthrob in a Horro...

By Kuro_Fuyu

427K 87.1K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 89

2K 451 24
By Kuro_Fuyu


Chapter 89: အနီရောင်

ချန်စု သရုပ်ဆောင်ရတာစွဲလမ်းနေတယ်လို့ စုမင်ခံစားမိသည်။

သူသာ တကယ်ကြောက်ရင် ဘာလို့ သရဲကားတော်တော်များများကိုကြည့်ပြီး သရဲတွေပေါ်လာတဲ့အခါ တုန့်ပြန်မှုမရှိဘဲနေမှာလဲ?

ချန်စုက ဒါကို အကြောင်းပြချက်အဖြစ် အသုံးချချင်ခဲ့တာ ဖြစ်နိုင်တယ်။

"အဲ့ဒါ ကျွန်တော့်ကို အခုနှုတ်ဆက်လိုက်တာလား?" စုမင်မေး၏။

ချန်စုက .."မဟုတ်ဘူး မင်းအမြင်မှားတာ"

စုမင်က ဒီတိုင်းသာမန်ကာလျှံကာမေးလိုက်ခြင်းဖြစ်ပြီး သူပြန်ဖြေမယ်လို့ တကယ်မထင်ထားပေ။ နောက်ဆုံးတွင် ၎င်းမှာ မရေရာသောအသွင်အပြင်ရှိသော်လည်း သူ့မျက်လုံးနှင့်တပ်အပ်မြင်ခဲ့သည်။
ထိုအဖြူရောင်ပုံရိပ်သည် ထိုနေရာတွင် ရပ်နေပြီး ဘာမှလုပ်မနေပေ။

ထိုအရာ ဘာလုပ်ဖို့ကြိုးစားနေလဲ စုမင်မသိ။

အခန်းသုံးတွင်နေထိုင်သောလူများကို သူ့တွင် မရေရာသောအထင်အမြင်တစ်ခုရှိခဲ့သည်။ ထိုအခန်း၌ လူ သုံးယောက်ရှိပြီး အစ်ကိုဟောင်နှင့် မကြာခဏ ရောနှောနေတတ်သည်။ အရင်က သူ့ကို ရန်စဖို့တောင် ကြိုးစားခဲ့ဖူးတယ်။ သူတို့နာမည်နဲ့ ပတ်သက်ပြီး စုမင် ဘာအထင်မှမရှိချေ။

ထိုအခိုက်တန့် အဖြူရောင်ပုံရိပ်သည် အခန်းသုံးထဲဝင်သွားခဲ့သည်။

တည့်တည့်ဝင်ဖြတ်သွားသည်နှင့်  အစတည်းကကော်ရစ်ဒါ၌ ထိုနေရာမှာ တစ်ခါမှမပေါ်ခဲ့သည့်အလား ပုံမှန်ပုံစံအတိုင်းပြန်ဖြစ်သွားသည်။

စုမင်အကြည့်ကိုရွေ့လိုက်ကာ တဖန်ကော်ရစ်ဒါကို အကဲခတ်သည်။

ညဘက်၌ ကော်ရစ်ဒါသည် အမှန်တကယ် နည်းနည်းလင်းပျပျဖြစ်နေသော်လည်း ရှော့ပင်းစင်တာတို့လို လုံခြုံရေးထွက်ပေါက်ဆိုင်းကဲ့သို့လင်းနေတာမျိုးမဟုတ်ဘဲ လင်းထိန်နေသော အလင်းရောင်သည် စိမ်းစို၍ မှိုင်းနေ၏။

ဒီလိုမျိုး အလင်းရောင်ကြောင့် နည်းနည်းတော့ ကြောက်စရာကောင်းတယ်။

စောစောက အော်သံက ဘယ်ကလာမှန်း သူမသိဘူး။  အကျဉ်းထောင်အောက်တွင် သရဲတစ္ဆေများရှိနေကြပြီး သူတို့အပေါ်ထပ်တွင် အခန်းတွေမရှိပုံရသည်။ နှစ်ဘက်စလုံးတွင် အကျဉ်းသားများနေထိုင်သည့် အခန်းများရှိပြီး အလယ်ဗဟိုတွင် လွတ်နေသည်။

စုမင်သည် လူသားထံမှ ထွက်ပေါ်လာသည့် တစ်စုံတစ်ခုသော အော်သံကို မှတ်မိနေသေးသည်။

ငိုသံအစမှ အော်ဟစ်သံများအဆုံးတွင် ရိုးရှင်းသောအရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း အရိပ်ယောင်ပြထားသည်။  လူသားတစ်ယောက်ကို မကောင်းဆိုးဝါးတစ်ကောင်ကိုက်ဖြတ်စားသုံးခံရတဲ့အခါ ကြားရသည့်အော်သံနဲ့တူတယ်။

သူနက်နက်နဲနဲတွေးနေသည်ကို ချန်စုတွေ့တော့ ခေါင်းနိမ့်လျက်အကြံပြုလိုက်တယ် .."ကချင်လား?"

ကော်ရစ်ဒါကို စုမင်စူးစမ်းနေဆဲပင်။ ထိုစကားကိုကြားတော့ မပြောဘဲမနေနိုင်စွာ .."ခင်ဗျားဘာပြောလိုက်တယ်? ကျွ‌န်တော်နားကြားမှားတာလား?"

ချန်စုတဖန်ပြန်ပြော၏ .."ကဖို့"

စုမင်လှည့်ပြီး သူ့ကိုကြည့်ကာ သူ့အသံနိမ့်နိမ့်ဖြင့် တီးတိုးပြောလိုက်တယ် .."ခင်ဗျားအရူးလိုလုပ်ပြန်ပြီလား?"

မနေ့က 'က'တာလို့ ပြောထားပေမယ့် ဒီနေ့ ဘာကြောင့်ထပ်ပြီး အဆိုပြုတာလဲ? ကခုန်ခြင်းမှလွဲ၍ ဘာမှမသိသော အကနတ်ဘုရားက သူ့ကို ဝင်ပူးထားတာများလား?

"မလုပ်ဘူး" ချန်စုခိုင်မာစွာ ငြင်းပယ်သည်။

စုမင် သူ့မျက်နှာကိုပုတ်လိုက်တော့ အေးစိမ့်စိမ့်ကိုခံစားရသည်..
"ခင်ဗျားကချင်ရင် ကိုယ့်ဘာကိုသွားက ... ဘယ်သူမှရိပ်မိမှာမဟုတ်ဘူး"

သရဲတစ္ဆေတွေရဲ့ခေါင်းဆောင်ဦးဆောင်လျှင် အခြားသရဲတွေလည်းရောက်လာပြီး တစ္ဆေပါတီဖြစ်လာလိမ့်မည်။

ချန်စုက .."မင်းမကချင်ဘူးဆိုရင် မေ့လိုက်တော့"

သူတို့အသံက မရည်ရွယ်ဘဲပိုပိုကျယ်လာတာကြောင့်ဖြစ်လိမ့်မည်။ ယင်းဇီ ဆူညံသံကြားတော့ အိပ်ချင်မူးတူးဖြင့် .."မင်းနိုးနေသေးတာလား?"

"အင်း ... ငါခဏနေအိပ်တော့မယ်" စုမင်ပြန်ဖြေလိုက်သည်။

သူ ချန်စုကိုစကားဆက်မပြောတော့ဘဲ ကုတင်ဆီသွားကာ အိပ်ရန်ပြက်လိုက်သည်။ မနက်ဖြန် အခြားအရာတွေကို ကိုင်တွယ်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။

ချန်စုလည်း စုမင်နောက်လိုက်လာသည်။

စုမင်က သူ့ကို ထွက်သွားအောင် မလုပ်နိုင်ဘူးလို့ ခံစားရတယ်။ ထို့အပြင် လွန်ခဲ့သည့်နှစ်ညက သူနှင့်အတူ အိပ်ခဲ့ဖူးသောကြောင့် သူနှင့်အတူတူအိပ်ရာပေါ်တွင် တိုးဝှေ့ကျပ်ညှပ်စွာအိပ်ရမည်ကို အလွန်စိတ်မပူခဲ့ပေ။

သူနဲ့ဆန့်ကျင်ဘက်မှာ အိပ်နေတဲ့ယင်းဇီသည် တဖက်လှည့်ကာဆက်အိပ်သွားသည်။

ခဏအကြာ ရုပ်ရှင်ရုံ၏သဲလွန်စရောက်လာ၏။【ပရိသတ်စုမင် နောက်တစ်ရက်အသက်ရှင်နိုင်ခဲ့လို့ ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီး ကောင်းကောင်းလုပ်ဆောင်ပေးပါဦး။ ဒီနေ့သဲလွန်စ: မြစ်ရေစီး】

မြစ်ရေစီး ဆိုသည့်စကားလုံးကြောင့် စုမင်ရှုပ်ထွေးသွားသည်။

ဘာလို့ဆို လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း မြစ်ကိုမတွေ့ခဲ့လို့ပင်။ ရေမြောင်းငယ်တစ်ခုရှာဖို့တောင် ခက်နေတော့ မြစ်ဘယ်မှာရှိနိုင်မှာလဲ?

မနက်ဖြန် အဖြစ်အပျက်သည် မြစ်တစ်ခုနှင့် ဆက်စပ်နေမှာလား?

ဘာဖြစ်လာနိုင်မလဲ စုမင်တခဏမခန့်မှန်းနိုင်ပေ။ မျက်ဝန်းများမှိတ်ပြီး အိပ်ရုံသာ။ မနက်ဖြန်ကိစ္စကို မနက်ဖြန်ရောက်မှပဲ တွေးဖို့ဆုံးဖြတ်လိုက်၏။

°°°

နောက်နေ့ရောက်တော့ ထုံစံအတိုင်း စုမင်အစောကြီးနိုး၏။

မျက်နှာချင်းဆိုင်အခန်းက ဖုန်းရှုကျွမ့်လည်းအစောကြီးနိုးနေပြီဖြစ်ပြီး သူ့ကိုတောင်နှုတ်ဆက်ခဲ့သည်။ ယင်းဇီကတော့ အခြားအကျဉ်းသားတွေနိုးတဲ့အချိန်လောက်မှ နိုးလာခဲ့သည်။

မနေ့ညကဘာဖြစ်ခဲ့လဲဆိုတာ ယင်းဇီမေ့သွားလေပြီ .."မင်းဘာလို့အမြဲအစောကြီးနိုးနေတာလဲ? ငါနိုးတဲ့အချိန် အမြဲတမ်းမင်းအကုန်လုပ်ပြီးနေပြီ"

စုမင်ဖြေ၏ .."ငါစောစောထရတာ အကျင့်ပါနေပြီ"

သူ့မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ အခန်းသုံးမှထူးထူးခြားခြားအသံများထွက်ပေါ်လာခြင်း မရှိပေ။ ဘာမှမဖြစ်သကဲ့သို့ဖြစ်နေသည်။

သူ့မျက်စိနဲ့မမြင်ခဲ့ရင် မနေ့ညက အခြေအနေဟာ ဘယ်တုန်းကမှ ဖြစ်မလာဘူးလို့တောင် သံသယဖြစ်မိလိမ့်မယ်။

စုမင် ပထမညမှာ ဒီလိုမျိုးမတွေ့ဖူးတာ မှတ်မိတယ်။ ဟုတ်တာပေါ့ ... အဖြူရောင်ပုံရိပ်က သူ့အခန်းကနေမမြင်ရတဲ့နေရာမှာ ရပ်နေတာကြောင့်လည်း ဖြစ်နိုင်တယ်။

နောက်တစ်ခုက ကော်ရစ်ဒါဟာ အလွန်ရှည်လျားပြီး အခန်းရှစ်သည် အရှေ့နဲ့အတော်လေးနီးနေတာကြောင့် အခန်းတွေကိုပိုပိုဝေးဝေးမှာမြင်ရဖို့ ခက်လိမ့်မယ်။

ဒီမှာနေတဲ့ရက်အနည်းငယ်ကျော်အတွင်း တစ်ယောက်က ကတ်ကြေးကြောင့်သေဆုံးခဲ့ပြီး နောက်တစ်ယောက်က ရေဆိုးပိုက်ဖြစ်ကာ နောက်တစ်ယောက်သေဆုံးမှုကိုတော့ မချမှတ်ရသေးပေ။

မနေ့ညသဲလွန်စက မြစ်ရေစီးဖြစ်တာမို့ တစ်စုံတစ်ယောက်သည် မြစ်ထဲမှာသေလိမ့်မည်ကို ဆိုလိုတာပင်။ ဘယ်သူဖြစ်မည်ကတော့မေးစရာပဲ။

ထောင်အစောင့် ဝီစီမှုတ်ပြီး စပီကာသံထွက်ပေါ်လာသည်။

သူတို့မနက်စာအတွက် တန်းစီကာ စုမင်က အရင်တိုင်းအလယ်မှာကြားညှပ်ခံရသည်။ သူမေး၏ .."မနေ့ညက မင်းတို့တစ်ခုခုထူးဆန်းတာများ သတိထားမိလား?"

ယင်းဇီက .."နိုး"

ဖုန်းရှုကျွမ့်မေးတယ် .."တစ်ခုခုဖြစ်လို့လား?"

သူ မနေ့ကမှရောက်တာဆိုတော့ သိပ်မသိပေမယ့် အထူးသဖြင့် မနေ့က အဖြစ်အပျက်ပြီးရင် ဒီမှာ သိပ်မရိုးရှင်းဘူးလို့ ပြောနိုင်တယ်။

စုမင်က .."ပုံမှန်ဆို ညဘက်အော်သံတွေရှိတတ်တယ်"

"အော်သံတွေ?" ဖုန်းရှုကျွမ့်မျက်မှောင်ကျုံ့လိုက်သည်။ သဘာဝကျကျ ထိုစကားကိုသူနားလည်သည် .."သူတို့ဒီမှာနှိပ်စက်ကြတာလား?"

ယင်းဇီလှောင်လိုက်၏ .."မင်းတစ်ယောက်တည်းဒီလိုတွေးတာ"

ဖုန်းရှုကျွမ့်စိတ်မဆိုးဘဲ .."ဒါဆိုဘာလဲ မင်းငါ့ကိုပြောလို့ရတယ်လေ"

ယင်းဇီ "အိမ်မက်မက်နေလိုက်"

ထိုနှစ်ယောက်ကို စုမင်ကြည့်ပြီး .."နှိပ်စက်တာတော့မဟုတ်နိုင်ပေမဲ့ ဘာဖြစ်နိုင်မလဲဆိုတာတော့ ငါလည်းမသေချာဘူး"

ယင်းဇီက .."မင်းဘာလို့သူ့ကိုအဲ့လောက်ပြောပြနေရတာလဲ? ငါ့အထင် ညဘက်အော်နေတဲ့သူက သူဆိုရင် ပိုကောင်းမယ်"

ဖုန်းရှုကျွမ့် .."မင်းငါ့ကိုဘယ်လောက်မုန်းလဲ ငါမြင်နိုင်တယ်"

စုမင်သည် သူတို့၏ ပြိုင်ဆိုင်မှု အကြောင်းရင်းကို အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။ ချန်စုအား သူပြောခဲ့သောစကားများသည် ကြမ်းတမ်းသည်မဟုတ်ပေ။ ယင်းဇီသည် ဒါကို အမှန်တကယ်မဆိုလိုကြောင်း သူသိသော်လည်း ထိုစကားများသည် တော်တော့်ကို ထိခိုက်စေနိုင်သေးသည်။

သူတို့မနက်စာစားတဲ့အခါ ယင်းဇီက သူတို့နဲ့ခပ်ဝေးဝေးထိုင်ခုံမှာ ထိုင်ဖို့ အစပြုလိုက်တယ်။

ဖုန်းရှုကျွမ့်ဖြည်းညှင်းစွာ သက်ပြင်းချလိုက်တယ်။

စားသောက်နေတုန်း စပ်စုချင်စိတ်ကိုမဖုံးနိုင်တော့ဘဲ စုမင်မေးလိုက်တယ် .."ဘာလို့ ယင်းဇီမင်းကိုအဲ့လောက်မုန်းရတာလဲ?"

သူတစ်ခုခုပြောတိုင်း သူအမြဲလိုလို ပေါက်ကွဲပြီး ကျွဲမြီးတိုနေတတ်တယ်။ ဖုန်းရှုကျွမ့်၏တည်ရှိမှုသည် သူ့ကို နှိုးဆော်ခဲ့သည်မှာ အလွန်ထင်ရှားသည်။

သူ့ကို အရမ်းမုန်းသွားအောင် သူဘာလုပ်ခဲ့တာလဲ။

ဖုန်းရှုကျွမ့်တခဏတိတ်ဆိတ်သွားပြီး ပြောလာတယ် .."အကယ်၍ သူ့ရည်းစားတွေအကုန်လုံး ငါ့ကိုဖွင့်ပြောလာတာကိုရော ထည့်တွက်လား?"

ဒါကိုကြားတော့ စုမင်တုန်လှုပ်သွားတယ် .."တကယ်ကြီးလား?"

"တကယ်" ဖုန်းရှုကျွမ့်ရိုးရှင်းစွာရှင်းပြတယ် .."ပုံမှန်ဆို သူတို့တစ်ပတ်လောက်ဒိတ်ကြမယ်ကွာ နောက်ပိုင်းသူ့ရည်းစားက ငါ့ကိုကြိုက်လာလိမ့်မယ် ... အချိန်တိုင်း သူ့ဆက်ဆံရေးတွေ ဒီလိုအမြဲပြတ်ပြတ်သွားတာ"

သိပ်မဝေးတဲ့နေရာမှာထိုင်နေတဲ့ယင်းဇီကို စုမင်လှမ်းကြည့်ပြီး ပြန်လှည့်လာကာ .."မင်းကိုမသတ်ဖို့ သူတကယ်ကြိုးစားခဲ့တာပဲ"

ဖုန်းရှုကျွမ့် အပြုံးနဲ့ပဲတုန့်ပြန်လိုက်သည်။

စုမင်က သူတို့နှစ်ယောက်ကြားမှာ ဒီလိုဇာတ်လမ်းမျိုးရှိဖို့ မမျှော်လင့်ထားဘူး။ ယင်းဇီက သူ့အတွက် အရေးပါတဲ့ လူတစ်ယောက်ကို သတ်လိုက်သလို အမြဲကြည့်နေတာ အံ့သြစရာမဟုတ်တော့ပေ။ သူ့ကောင်မလေးတွေ အခိုးခံရလို့ သူစိတ်မချမ်းသာတာ အံ့သြစရာမရှိဘူး။

တက္ကသိုလ်ကျောင်းသားဖြစ်ပေမဲ့ စင်ဂယ်တစ်ယောက်ကဲ့သို့ တစ်သက်လုံးနေထိုင်ခဲ့တယ်။

စုမင်သည် ယင်းဇီရည်းစားတိုင်း ဖုန်းရှုကျွမ့်ထံ ဘာကြောင့်‌ကျရှုံးသွားရသည်ကို စူးစမ်းမိသည်။ သူတို့နှစ်ဦးသည် လုံးဝဆန့်ကျင်ဘက်အသွင်အပြင်ဖြစ်သည်။

ဖုန်းရှုကျွမ့်နဲ့မတူဘဲ ယင်းဇီက ပုန်ကန်တတ်တဲ့လူငယ်တစ်ယောက်လိုပင်။

ချစ်သူများသည် ပုန်ကန်တတ်သော လူငယ်များကိုမကြိုက်နိုင်ကြောင်း နားလည်နိုင်သော်လည်း ထိုအစား ဖုန်းရှုကျွမ့်ကို‌ကြွေနိုင်ခြေမှာ မှန်းဆ၍မရလောက်အောင် ဖြစ်နေသည်။

တကယ်တော့ ဒီဇာတ်ကားထဲက ဇာတ်လိုက်နှစ်ယောက်လုံးက ရာဇ၀တ်မှုကျူးလွန်တာ မဟုတ်ဘူး။ အကယ်၍သာလုပ်ခဲ့ရင် သူတို့သည် ရုပ်ရှင်ကိုပြသခွင့်မပြုသောကြောင့် ရုပ်ရှင်သည် နောက်ပိုင်းတွင် သူတို့၏ထောင်သက်တမ်းများကို သဘာဝအတိုင်း ပြောင်းပြန်လှန်ပစ်နိုင်သည်။

နည်းနည်း ရှည်သွားပေမယ့် ဒါရိုက်တာက တခြားရွေးချယ်စရာ မရှိပေ။

စုမင်ဇာတ်ကောင်သည် ရုပ်ရှင်အလယ်ပိုင်းမှာ သေဖို့ဖန်တီးခဲ့တာမို့ သူတကယ်ရာဇဝတ်ကျူးလွန်ခဲ့လား မဟုတ်လားဆိုတာ ကိစ္စမရှိပေ။ အမှုကလည်း မရည်ရွယ်ဘဲဖြစ်ပွားခဲ့တာကြောင့် သူသက်တမ်းကမရှည်လှပေ။

မနက်စာစားပြီးနောက် တဖန်အားလုံးကားထဲဝင်ကြသည်။

သူတို့မောင်းထွက်သွားပြီး မကြာခင်မှာဘဲ တစ်နေရာရာ အလယ်မှာ ရပ်တန့်သွားတယ်။ ထိုနေရာတွင် မြင်ရတဲ့အဆောက်အဦးတောင် မရှိပေ။

သူတို့သည် ကျတ်တီးသောတောင်ပေါ်တွင် ဖြစ်သည်။

ယင်းဇီခုန်ဆင်းပြီး .."ဒီနေ့ဘာလုပ်ကြမှာလဲ? အရင်ကဒီနေရာကိုတစ်ခါမှမရောက်ဖူးဘူး"

အစောင့်က သူတို့ကိုလျင်မြန်စွာ အဖြေပေးတယ် .."ဒီနေ့အလုပ်က မြစ်ရှင်းလင်းရေးပဲ ... မင်းတို့ရှင်းပြီးရင် နေ့လည်စာစားဖို့ ပြန်နိုင်ပြီ"

အချို့ကအာရုံမစိုက်တဲ့သူတွေရှိတာမို့ အမြန်ပဲအခြားသူတွေကိုမေးကြည့်တော့ အခြားသူတွေကလည်း အစောင့်ပြောတဲ့အတိုင်းပြန်ပြောပြသည်။

တစ်ယောက်က .."မြစ်ကရှင်းလင်းရမယ်တဲ့"

မကြာ တစ်ယောက်က စကျိန်ဆဲတော့သည် .."နောက်ပိုင်းဘာလို့လုပ်စရာတွေများလာတာလဲ? မြက်နုတ်တာတောင်လုံလောက်နေပြီ ... ဒါကိုတောင် ငါတို့အပင်ခုတ်ရ၊ မြစ်ရှင်းရဦးမယ် ... ငါတို့ကိုတစ်နှစ်လုံးလုံး တစ်ထိုင်တည်းအားလုံးလုပ်စေချင်နေတာလား?"

"ပင်ပန်းပြီးသေမှာပဲ! ... ဖာ့ခ်!"

"ဒါတွေအားလုံးက ဘာကြောင့်လဲဆိုတော့ မြက်တွေအကုန်နုတ်ပြီလို့ပဲ! အားလုံးက ၄၈၈အမှားပဲ! သူဘာလို့ဒီလောက်အလုပ်ကြိုးစားခဲ့တာလဲ? သောက်ရူးကောင်!"

“…………”

အရူးဆိုသော စုမင်သည် ကိုယ့်ကိုယ်ကိုအတော်မှားသွားသလို ခံစားရသည်။

ပေါင်းပင်တွေအားလုံးကို ပြီးအောင်လုပ်ချင်တဲ့ သူကိုယ်တိုင်မဟုတ်ပေ။ ရုပ်ရှင်က ဇာတ်ကွက်ကို တိုးတက်အောင်လုပ်ဖို့ လိုအပ်နေသေးတာကြောင့် နေ့တိုင်း ပေါင်းပင်တွေကို နုတ်ဖို့လည်းခွင့်ပြုမှာမဟုတ်။ သူတို့တနေ့လုံးမြက်နုတ်တာချည်းကို ဘယ်ပရိသတ်ကကြည့်ချင်မှာလဲ?

မြစ်ထံရွေ့သွားတဲ့အချိန် စုမင်ကိုတွန်းချချင်တဲ့အချို့သူတွေတောင်ရှိသေးသော်လည်း သူတို့သုံးယောက်အတူတူရှိနေတာကိုတွေ့တော့ သူတို့ကိုယ်သူတို့ပြန်ထိန်းလိုက်ကြသည်။

အလွန်အင်အားကြီးမားတဲ့အကိုဟောင်ဆိုသူတောင် အခုစုမင်နဲ့အလှမ်းဝေးမှာပဲနေပြီး သူ့လက်အောက်ငယ်သားတွေကိုတောင် စုမင်အနားမကပ်ဖို့အမိန့်ပေးထားသည်။

ဒါကြောင့် သူ့ကို တကယ်တစ်ခုခုလုပ်ဖို့ ရည်ရွယ်ချက်ရှိတဲ့သူတွေ အများကြီးမရှိခဲ့ချေ။

ယင်းဇီ စုမင်ကိုကြည့်ပြီး .."သူတို့မင်းကိုမုန်းမှာငါစိုးတယ်"

စုမင်သက်မချလျက် .."သူတို့မုန်းပါစေ"

ဘာအတွက်ပဲဖြစ်ပါစေ သူ့ကိုဘာမှမလုပ်နိုင်ပေ။ ဒီတစ်ကြိမ် မြစ်ကို သန့်ရှင်းရေးလုပ်ရာမှာ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားက သူ့ကိုထပ်ကူညီနိုင်ဦးမလားလို့ သူတွေးနေမိတယ်။

စုမင် ဒီလိုပြောပေမယ့် မကြာခင်မှာ ဒီမြစ်၌ဘာတွေဖြစ်လာမလဲဆိုတာကို ပိုစိုးရိမ်တယ်။ အချိန်အတော်ကြာစဉ်းစားပြီးမှ မြစ်သည် လူများကိုဝါးမြိုနိုင်သည်ဟုသာ မှန်းဆနိုင်သည်။

ဒါပေမဲ့ သူတို့ ရှင်းဖို့တာဝန်ယူထားတဲ့ မြစ်တစ်ပိုင်းကတော့ ခန်းခြောက်သွားတယ်။ အရွက်တွေ အကိုင်းအခက်တွေအပြင် ပလတ်စတစ်အိတ်တွေ သို့လော သို့လောအများကြီးရှိခဲ့တယ်။ ရှေ့ကို ဆက်သွားလျှင် ရေသာရှိတော့သည်။

စုမင်နှင့် အခြားနှစ်ယောက် ခန်းခြောက်နေသော မြစ်ကြမ်းပြင်ပေါ်သို့ ခုန်ချလိုက်သည်။ လုံးဝ ခန်းခြောက်နေပြီဖြစ်ပြီး အနံ့က အနည်းငယ်နှစ်လိုဖွယ်မကောင်းနေပေ။ အဲဒီအနံ့က ဘယ်ကလာမှန်း သူမသိဘူး။

အကျဉ်းထောင်၏ မြောင်းသည် ဤနေရာနှင့် ချိတ်ဆက်နိုင်သည်ဟု သူခံစားမိသည်။

သို့သော် သူ့မှာဘာအထောက်အထားမှမရှိ၍ စုမင်သက်သေမပြ‌နိုင်ပေ။ သူသန့်ရှင်းရေးလုပ်လျက် ဆက်ပြီးသာ အခြေနေကိုစောင့်ကြည့်အကဲဖြတ်နိုင်သည်။

ဤတစ်ကြိမ်တွင် လူတစ်စုက အတူတူမြစ်ရေကို သန့်စင်ခဲ့နေတာမို့ သူ့ကိုယ်သူထုတ်မပြနိုင်တာကြောင့် ဘာမှထူးထူးဆန်းဆန်းမဖြစ်နိုင်လောက်ပေ။

စုမင်တစ်ခုခုကို ထိလိုက်တိုင်း မြှောက်ဖို့ အားအင်တွေ အများကြီး မလိုပေ။ သူတို့က သူ့ကို တိတ်တဆိတ်ကူညီခဲ့တာ ဖြစ်နိုင်တယ်။

သူ ဤသရဲတစ္ဆေငယ်လေးများအပေါ် ကျေနပ်ဖွယ်ကောင်းသော ခံစားချက်အချို့ကို ဆုပ်ကိုင်ထားသည်။

နာရီဝက်မျှကြာတော့ ဘာမှမဖြစ်တော့ဘူးဟု စုမင်ခံစားနေရတုန်းမှာပင် တစ်စုံတစ်ယောက်ရုတ်တရက်အော်ပြောလာသည်။
"တစ်ယောက်မြစ်ထဲကျသွားပြီ!"

အားလုံးအကြည့်များရွေ့သွား၏။

လက်ထဲမှာရှိတဲ့ပစ္စည်းတွေကို စုမင်ချကာ ပြေးသွားသည်။ မြစ်အနီးမှာရပ်နေတဲ့တစ်ယောက်သည် ရေထဲကျသွားခဲ့၏။

လူကျသွားခဲ့သောနေရာတွင် ရေပူဖောင်းလေးတွေကိုသာ သူတွေ့နိုင်သည်။ မသိရင် ရေဆူပွတ်သလိုပဲ။

သူတို့အကုန်အကျဉ်းသားတွေပေမယ့်လည်း မြစ်ထဲခုန်ချပြီး သူ့ကိုကယ်တင်မယ့်သူအချို့ရှိသေးသည်။ သို့သော် မကြာ ထိုအတွေးသာရှိခဲ့ပြီး အဝေးကနေပဲကြည့်နေကြသည်။

ထိုရေပူဖောင်းထနေသည့်ရေနေရာသည် အနီရောင်ပြောင်းလဲသွားပြီး တဖြည်းဖြည်းပျံ့နှံ့သွား၏။

**********

Sry for misspelling

October 5, 2022
------------------------------------------------------------








Chapter 89: အနီေရာင္

ခ်န္စု သ႐ုပ္ေဆာင္ရတာစြဲလမ္းေနတယ္လို႔ စုမင္ခံစားမိသည္။

သူသာ တကယ္ေၾကာက္ရင္ ဘာလို႔ သရဲကားေတာ္ေတာ္မ်ားမ်ားကိုၾကည့္ၿပီး သရဲေတြေပၚလာတဲ့အခါ တုန္႔ျပန္မႈမ႐ွိဘဲေနမွာလဲ?

ခ်န္စုက ဒါကို အေၾကာင္းျပခ်က္အျဖစ္ အသုံးခ်ခ်င္ခဲ့တာ ျဖစ္ႏိုင္တယ္။

"အဲ့ဒါ ကြၽန္ေတာ့္ကို အခုႏႈတ္ဆက္လိုက္တာလား?" စုမင္ေမး၏။

ခ်န္စုက .."မဟုတ္ဘူး မင္းအျမင္မွားတာ"

စုမင္က ဒီတိုင္းသာမန္ကာလွ်ံကာေမးလိုက္ျခင္းျဖစ္ၿပီး သူျပန္ေျဖမယ္လို႔ တကယ္မထင္ထားေပ။ ေနာက္ဆုံးတြင္ ၎မွာ မေရရာေသာအသြင္အျပင္႐ွိေသာ္လည္း သူ႕မ်က္လုံးႏွင့္တပ္အပ္ျမင္ခဲ့သည္။
ထိုအျဖဴေရာင္ပုံရိပ္သည္ ထိုေနရာတြင္ ရပ္ေနၿပီး ဘာမွလုပ္မေနေပ။

ထိုအရာ ဘာလုပ္ဖို႔ႀကိဳးစားေနလဲ စုမင္မသိ။

အခန္းသုံးတြင္ေနထိုင္ေသာလူမ်ားကို သူ႕တြင္ မေရရာေသာအထင္အျမင္တစ္ခု႐ွိခဲ့သည္။ ထိုအခန္း၌ လူ သုံးေယာက္႐ွိၿပီး အစ္ကိုေဟာင္ႏွင့္ မၾကာခဏ ေရာေႏွာေနတတ္သည္။ အရင္က သူ႕ကို ရန္စဖို႔ေတာင္ ႀကိဳးစားခဲ့ဖူးတယ္။ သူတို႔နာမည္နဲ႔ ပတ္သက္ၿပီး စုမင္ ဘာအထင္မွမ႐ွိေခ်။

ထိုအခိုက္တန္႔ အျဖဴေရာင္ပုံရိပ္သည္ အခန္းသုံးထဲဝင္သြားခဲ့သည္။

တည့္တည့္ဝင္ျဖတ္သြားသည္ႏွင့္  အစတည္းကေကာ္ရစ္ဒါ၌ ထိုေနရာမွာ တစ္ခါမွမေပၚခဲ့သည့္အလား ပုံမွန္ပုံစံအတိုင္းျပန္ျဖစ္သြားသည္။

စုမင္အၾကည့္ကိုေ႐ြ႕လိုက္ကာ တဖန္ေကာ္ရစ္ဒါကို အကဲခတ္သည္။

ညဘက္၌ ေကာ္ရစ္ဒါသည္ အမွန္တကယ္ နည္းနည္းလင္းပ်ပ်ျဖစ္ေနေသာ္လည္း ေ႐ွာ့ပင္းစင္တာတို႔လို လုံျခဳံေရးထြက္ေပါက္ဆိုင္းကဲ့သို႔လင္းေနတာမ်ိဳးမဟုတ္ဘဲ လင္းထိန္ေနေသာ အလင္းေရာင္သည္ စိမ္းစို၍ မိႈင္းေန၏။

ဒီလိုမ်ိဳး အလင္းေရာင္ေၾကာင့္ နည္းနည္းေတာ့ ေၾကာက္စရာေကာင္းတယ္။

ေစာေစာက ေအာ္သံက ဘယ္ကလာမွန္း သူမသိဘူး။  အက်ဥ္းေထာင္ေအာက္တြင္ သရဲတေစၧမ်ား႐ွိေနၾကၿပီး သူတို႔အေပၚထပ္တြင္ အခန္းေတြမ႐ွိပုံရသည္။ ႏွစ္ဘက္စလုံးတြင္ အက်ဥ္းသားမ်ားေနထိုင္သည့္ အခန္းမ်ား႐ွိၿပီး အလယ္ဗဟိုတြင္ လြတ္ေနသည္။

စုမင္သည္ လူသားထံမွ ထြက္ေပၚလာသည့္ တစ္စုံတစ္ခုေသာ ေအာ္သံကို မွတ္မိေနေသးသည္။

ငိုသံအစမွ ေအာ္ဟစ္သံမ်ားအဆုံးတြင္ ႐ိုး႐ွင္းေသာအရာမဟုတ္ေၾကာင္း ႐ွင္း႐ွင္းလင္းလင္း အရိပ္ေယာင္ျပထားသည္။  လူသားတစ္ေယာက္ကို မေကာင္းဆိုးဝါးတစ္ေကာင္ကိုက္ျဖတ္စားသုံးခံရတဲ့အခါ ၾကားရသည့္ေအာ္သံနဲ႔တူတယ္။

သူနက္နက္နဲနဲေတြးေနသည္ကို ခ်န္စုေတြ႕ေတာ့ ေခါင္းနိမ့္လ်က္အၾကံျပဳလိုက္တယ္ .."ကခ်င္လား?"

ေကာ္ရစ္ဒါကို စုမင္စူးစမ္းေနဆဲပင္။ ထိုစကားကိုၾကားေတာ့ မေျပာဘဲမေနႏိုင္စြာ .."ခင္ဗ်ားဘာေျပာလိုက္တယ္? ကြၽ‌န္ေတာ္နားၾကားမွားတာလား?"

ခ်န္စုတဖန္ျပန္ေျပာ၏ .."ကဖို႔"

စုမင္လွည့္ၿပီး သူ႕ကိုၾကည့္ကာ သူ႕အသံနိမ့္နိမ့္ျဖင့္ တီးတိုးေျပာလိုက္တယ္ .."ခင္ဗ်ားအ႐ူးလိုလုပ္ျပန္ၿပီလား?"

မေန႔က 'က'တာလို႔ ေျပာထားေပမယ့္ ဒီေန႔ ဘာေၾကာင့္ထပ္ၿပီး အဆိုျပဳတာလဲ? ကခုန္ျခင္းမွလြဲ၍ ဘာမွမသိေသာ အကနတ္ဘုရားက သူ႕ကို ဝင္ပူးထားတာမ်ားလား?

"မလုပ္ဘူး" ခ်န္စုခိုင္မာစြာ ျငင္းပယ္သည္။

စုမင္ သူ႕မ်က္ႏွာကိုပုတ္လိုက္ေတာ့ ေအးစိမ့္စိမ့္ကိုခံစားရသည္..
"ခင္ဗ်ားကခ်င္ရင္ ကိုယ့္ဘာကိုသြားက ... ဘယ္သူမွရိပ္မိမွာမဟုတ္ဘူး"

သရဲတေစၧေတြရဲ႕ေခါင္းေဆာင္ဦးေဆာင္လွ်င္ အျခားသရဲေတြလည္းေရာက္လာၿပီး တေစၧပါတီျဖစ္လာလိမ့္မည္။

ခ်န္စုက .."မင္းမကခ်င္ဘူးဆိုရင္ ေမ့လိုက္ေတာ့"

သူတို႔အသံက မရည္႐ြယ္ဘဲပိုပိုက်ယ္လာတာေၾကာင့္ျဖစ္လိမ့္မည္။ ယင္းဇီ ဆူညံသံၾကားေတာ့ အိပ္ခ်င္မူးတူးျဖင့္ .."မင္းႏိုးေနေသးတာလား?"

"အင္း ... ငါခဏေနအိပ္ေတာ့မယ္" စုမင္ျပန္ေျဖလိုက္သည္။

သူ ခ်န္စုကိုစကားဆက္မေျပာေတာ့ဘဲ ကုတင္ဆီသြားကာ အိပ္ရန္ျပက္လိုက္သည္။ မနက္ျဖန္ အျခားအရာေတြကို ကိုင္တြယ္ရန္ဆုံးျဖတ္ခ်က္ခ်လိုက္သည္။

ခ်န္စုလည္း စုမင္ေနာက္လိုက္လာသည္။

စုမင္က သူ႕ကို ထြက္သြားေအာင္ မလုပ္ႏိုင္ဘူးလို႔ ခံစားရတယ္။ ထို႔အျပင္ လြန္ခဲ့သည့္ႏွစ္ညက သူႏွင့္အတူ အိပ္ခဲ့ဖူးေသာေၾကာင့္ သူႏွင့္အတူတူအိပ္ရာေပၚတြင္ တိုးေဝွ႔က်ပ္ညႇပ္စြာအိပ္ရမည္ကို အလြန္စိတ္မပူခဲ့ေပ။

သူနဲ႔ဆန္႔က်င္ဘက္မွာ အိပ္ေနတဲ့ယင္းဇီသည္ တဖက္လွည့္ကာဆက္အိပ္သြားသည္။

ခဏအၾကာ ႐ုပ္႐ွင္႐ုံ၏သဲလြန္စေရာက္လာ၏။【ပရိသတ္စုမင္ ေနာက္တစ္ရက္အသက္႐ွင္ႏိုင္ခဲ့လို႔ ဂုဏ္ျပဳပါတယ္။ ေက်းဇူးျပဳၿပီး ေကာင္းေကာင္းလုပ္ေဆာင္ေပးပါဦး။ ဒီေန႔သဲလြန္စ: ျမစ္ေရစီး】

ျမစ္ေရစီး ဆိုသည့္စကားလုံးေၾကာင့္ စုမင္႐ႈပ္ေထြးသြားသည္။

ဘာလို႔ဆို လြန္ခဲ့တဲ့ရက္အနည္းငယ္အတြင္း ျမစ္ကိုမေတြ႕ခဲ့လို႔ပင္။ ေရေျမာင္းငယ္တစ္ခု႐ွာဖို႔ေတာင္ ခက္ေနေတာ့ ျမစ္ဘယ္မွာ႐ွိႏိုင္မွာလဲ?

မနက္ျဖန္ အျဖစ္အပ်က္သည္ ျမစ္တစ္ခုႏွင့္ ဆက္စပ္ေနမွာလား?

ဘာျဖစ္လာႏိုင္မလဲ စုမင္တခဏမခန္႔မွန္းႏိုင္ေပ။ မ်က္ဝန္းမ်ားမွိတ္ၿပီး အိပ္႐ုံသာ။ မနက္ျဖန္ကိစၥကို မနက္ျဖန္ေရာက္မွပဲ ေတြးဖို႔ဆုံးျဖတ္လိုက္၏။

°°°

ေနာက္ေန႔ေရာက္ေတာ့ ထုံစံအတိုင္း စုမင္အေစာႀကီးႏိုး၏။

မ်က္ႏွာခ်င္းဆိုင္အခန္းက ဖုန္း႐ႈကြၽမ့္လည္းအေစာႀကီးႏိုးေနၿပီျဖစ္ၿပီး သူ႕ကိုေတာင္ႏႈတ္ဆက္ခဲ့သည္။ ယင္းဇီကေတာ့ အျခားအက်ဥ္းသားေတြႏိုးတဲ့အခ်ိန္ေလာက္မွ ႏိုးလာခဲ့သည္။

မေန႔ညကဘာျဖစ္ခဲ့လဲဆိုတာ ယင္းဇီေမ့သြားေလၿပီ .."မင္းဘာလို႔အၿမဲအေစာႀကီးႏိုးေနတာလဲ? ငါႏိုးတဲ့အခ်ိန္ အၿမဲတမ္းမင္းအကုန္လုပ္ၿပီးေနၿပီ"

စုမင္ေျဖ၏ .."ငါေစာေစာထရတာ အက်င့္ပါေနၿပီ"

သူ႕ေမွ်ာ္လင့္ထားသည္ႏွင့္ ဆန္႔က်င္စြာ အခန္းသုံးမွထူးထူးျခားျခားအသံမ်ားထြက္ေပၚလာျခင္း မ႐ွိေပ။ ဘာမွမျဖစ္သကဲ့သို႔ျဖစ္ေနသည္။

သူ႕မ်က္စိနဲ႔မျမင္ခဲ့ရင္ မေန႔ညက အေျခအေနဟာ ဘယ္တုန္းကမွ ျဖစ္မလာဘူးလို႔ေတာင္ သံသယျဖစ္မိလိမ့္မယ္။

စုမင္ ပထမညမွာ ဒီလိုမ်ိဳးမေတြ႕ဖူးတာ မွတ္မိတယ္။ ဟုတ္တာေပါ့ ... အျဖဴေရာင္ပုံရိပ္က သူ႕အခန္းကေနမျမင္ရတဲ့ေနရာမွာ ရပ္ေနတာေၾကာင့္လည္း ျဖစ္ႏိုင္တယ္။

ေနာက္တစ္ခုက ေကာ္ရစ္ဒါဟာ အလြန္႐ွည္လ်ားၿပီး အခန္း႐ွစ္သည္ အေ႐ွ႕နဲ႔အေတာ္ေလးနီးေနတာေၾကာင့္ အခန္းေတြကိုပိုပိုေဝးေဝးမွာျမင္ရဖို႔ ခက္လိမ့္မယ္။

ဒီမွာေနတဲ့ရက္အနည္းငယ္ေက်ာ္အတြင္း တစ္ေယာက္က ကတ္ေၾကးေၾကာင့္ေသဆုံးခဲ့ၿပီး ေနာက္တစ္ေယာက္က ေရဆိုးပိုက္ျဖစ္ကာ ေနာက္တစ္ေယာက္ေသဆုံးမႈကိုေတာ့ မခ်မွတ္ရေသးေပ။

မေန႔ညသဲလြန္စက ျမစ္ေရစီးျဖစ္တာမို႔ တစ္စုံတစ္ေယာက္သည္ ျမစ္ထဲမွာေသလိမ့္မည္ကို ဆိုလိုတာပင္။ ဘယ္သူျဖစ္မည္ကေတာ့ေမးစရာပဲ။

ေထာင္အေစာင့္ ဝီစီမႈတ္ၿပီး စပီကာသံထြက္ေပၚလာသည္။

သူတို႔မနက္စာအတြက္ တန္းစီကာ စုမင္က အရင္တိုင္းအလယ္မွာၾကားညႇပ္ခံရသည္။ သူေမး၏ .."မေန႔ညက မင္းတို႔တစ္ခုခုထူးဆန္းတာမ်ား သတိထားမိလား?"

ယင္းဇီက .."ႏိုး"

ဖုန္း႐ႈကြၽမ့္ေမးတယ္ .."တစ္ခုခုျဖစ္လို႔လား?"

သူ မေန႔ကမွေရာက္တာဆိုေတာ့ သိပ္မသိေပမယ့္ အထူးသျဖင့္ မေန႔က အျဖစ္အပ်က္ၿပီးရင္ ဒီမွာ သိပ္မ႐ိုး႐ွင္းဘူးလို႔ ေျပာႏိုင္တယ္။

စုမင္က .."ပုံမွန္ဆို ညဘက္ေအာ္သံေတြ႐ွိတတ္တယ္"

"ေအာ္သံေတြ?" ဖုန္း႐ႈကြၽမ့္မ်က္ေမွာင္က်ံဳ႕လိုက္သည္။ သဘာဝက်က် ထိုစကားကိုသူနားလည္သည္ .."သူတို႔ဒီမွာႏွိပ္စက္ၾကတာလား?"

ယင္းဇီေလွာင္လိုက္၏ .."မင္းတစ္ေယာက္တည္းဒီလိုေတြးတာ"

ဖုန္း႐ႈကြၽမ့္စိတ္မဆိုးဘဲ .."ဒါဆိုဘာလဲ မင္းငါ့ကိုေျပာလို႔ရတယ္ေလ"

ယင္းဇီ "အိမ္မက္မက္ေနလိုက္"

ထိုႏွစ္ေယာက္ကို စုမင္ၾကည့္ၿပီး .."ႏွိပ္စက္တာေတာ့မဟုတ္ႏိုင္ေပမဲ့ ဘာျဖစ္ႏိုင္မလဲဆိုတာေတာ့ ငါလည္းမေသခ်ာဘူး"

ယင္းဇီက .."မင္းဘာလို႔သူ႕ကိုအဲ့ေလာက္ေျပာျပေနရတာလဲ? ငါ့အထင္ ညဘက္ေအာ္ေနတဲ့သူက သူဆိုရင္ ပိုေကာင္းမယ္"

ဖုန္း႐ႈကြၽမ့္ .."မင္းငါ့ကိုဘယ္ေလာက္မုန္းလဲ ငါျမင္ႏိုင္တယ္"

စုမင္သည္ သူတို႔၏ ၿပိဳင္ဆိုင္မႈ အေၾကာင္းရင္းကို အမွန္တကယ္ နားမလည္ႏိုင္ခဲ့ေပ။ ခ်န္စုအား သူေျပာခဲ့ေသာစကားမ်ားသည္ ၾကမ္းတမ္းသည္မဟုတ္ေပ။ ယင္းဇီသည္ ဒါကို အမွန္တကယ္မဆိုလိုေၾကာင္း သူသိေသာ္လည္း ထိုစကားမ်ားသည္ ေတာ္ေတာ့္ကို ထိခိုက္ေစႏိုင္ေသးသည္။

သူတို႔မနက္စာစားတဲ့အခါ ယင္းဇီက သူတို႔နဲ႔ခပ္ေဝးေဝးထိုင္ခုံမွာ ထိုင္ဖို႔ အစျပဳလိုက္တယ္။

ဖုန္း႐ႈကြၽမ့္ျဖည္းညႇင္းစြာ သက္ျပင္းခ်လိုက္တယ္။

စားေသာက္ေနတုန္း စပ္စုခ်င္စိတ္ကိုမဖုံးႏိုင္ေတာ့ဘဲ စုမင္ေမးလိုက္တယ္ .."ဘာလို႔ ယင္းဇီမင္းကိုအဲ့ေလာက္မုန္းရတာလဲ?"

သူတစ္ခုခုေျပာတိုင္း သူအၿမဲလိုလို ေပါက္ကြဲၿပီး ကြၽဲၿမီးတိုေနတတ္တယ္။ ဖုန္း႐ႈကြၽမ့္၏တည္႐ွိမႈသည္ သူ႕ကို ႏိႈးေဆာ္ခဲ့သည္မွာ အလြန္ထင္႐ွားသည္။

သူ႕ကို အရမ္းမုန္းသြားေအာင္ သူဘာလုပ္ခဲ့တာလဲ။

ဖုန္း႐ႈကြၽမ့္တခဏတိတ္ဆိတ္သြားၿပီး ေျပာလာတယ္ .."အကယ္၍ သူ႕ရည္းစားေတြအကုန္လုံး ငါ့ကိုဖြင့္ေျပာလာတာကိုေရာ ထည့္တြက္လား?"

ဒါကိုၾကားေတာ့ စုမင္တုန္လႈပ္သြားတယ္ .."တကယ္ႀကီးလား?"

"တကယ္" ဖုန္း႐ႈကြၽမ့္႐ိုး႐ွင္းစြာ႐ွင္းျပတယ္ .."ပုံမွန္ဆို သူတို႔တစ္ပတ္ေလာက္ဒိတ္ၾကမယ္ကြာ ေနာက္ပိုင္းသူ႕ရည္းစားက ငါ့ကိုႀကိဳက္လာလိမ့္မယ္ ... အခ်ိန္တိုင္း သူ႕ဆက္ဆံေရးေတြ ဒီလိုအၿမဲျပတ္ျပတ္သြားတာ"

သိပ္မေဝးတဲ့ေနရာမွာထိုင္ေနတဲ့ယင္းဇီကို စုမင္လွမ္းၾကည့္ၿပီး ျပန္လွည့္လာကာ .."မင္းကိုမသတ္ဖို႔ သူတကယ္ႀကိဳးစားခဲ့တာပဲ"

ဖုန္း႐ႈကြၽမ့္ အျပဳံးနဲ႔ပဲတုန္႔ျပန္လိုက္သည္။

စုမင္က သူတို႔ႏွစ္ေယာက္ၾကားမွာ ဒီလိုဇာတ္လမ္းမ်ိဳး႐ွိဖို႔ မေမွ်ာ္လင့္ထားဘူး။ ယင္းဇီက သူ႕အတြက္ အေရးပါတဲ့ လူတစ္ေယာက္ကို သတ္လိုက္သလို အၿမဲၾကည့္ေနတာ အံ့ၾသစရာမဟုတ္ေတာ့ေပ။ သူ႕ေကာင္မေလးေတြ အခိုးခံရလို႔ သူစိတ္မခ်မ္းသာတာ အံ့ၾသစရာမ႐ွိဘူး။

တကၠသိုလ္ေက်ာင္းသားျဖစ္ေပမဲ့ စင္ဂယ္တစ္ေယာက္ကဲ့သို႔ တစ္သက္လုံးေနထိုင္ခဲ့တယ္။

စုမင္သည္ ယင္းဇီရည္းစားတိုင္း ဖုန္း႐ႈကြၽမ့္ထံ ဘာေၾကာင့္‌က်႐ႈံးသြားရသည္ကို စူးစမ္းမိသည္။ သူတို႔ႏွစ္ဦးသည္ လုံးဝဆန္႔က်င္ဘက္အသြင္အျပင္ျဖစ္သည္။

ဖုန္း႐ႈကြၽမ့္နဲ႔မတူဘဲ ယင္းဇီက ပုန္ကန္တတ္တဲ့လူငယ္တစ္ေယာက္လိုပင္။

ခ်စ္သူမ်ားသည္ ပုန္ကန္တတ္ေသာ လူငယ္မ်ားကိုမႀကိဳက္ႏိုင္ေၾကာင္း နားလည္ႏိုင္ေသာ္လည္း ထိုအစား ဖုန္း႐ႈကြၽမ့္ကို‌ေႂကြႏိုင္ေျခမွာ မွန္းဆ၍မရေလာက္ေအာင္ ျဖစ္ေနသည္။

တကယ္ေတာ့ ဒီဇာတ္ကားထဲက ဇာတ္လိုက္ႏွစ္ေယာက္လုံးက ရာဇ၀တ္မႈက်ဴးလြန္တာ မဟုတ္ဘူး။ အကယ္၍သာလုပ္ခဲ့ရင္ သူတို႔သည္ ႐ုပ္႐ွင္ကိုျပသခြင့္မျပဳေသာေၾကာင့္ ႐ုပ္႐ွင္သည္ ေနာက္ပိုင္းတြင္ သူတို႔၏ေထာင္သက္တမ္းမ်ားကို သဘာဝအတိုင္း ေျပာင္းျပန္လွန္ပစ္ႏိုင္သည္။

နည္းနည္း ႐ွည္သြားေပမယ့္ ဒါ႐ိုက္တာက တျခားေ႐ြးခ်ယ္စရာ မ႐ွိေပ။

စုမင္ဇာတ္ေကာင္သည္ ႐ုပ္႐ွင္အလယ္ပိုင္းမွာ ေသဖို႔ဖန္တီးခဲ့တာမို႔ သူတကယ္ရာဇဝတ္က်ဴးလြန္ခဲ့လား မဟုတ္လားဆိုတာ ကိစၥမ႐ွိေပ။ အမႈကလည္း မရည္႐ြယ္ဘဲျဖစ္ပြားခဲ့တာေၾကာင့္ သူသက္တမ္းကမ႐ွည္လွေပ။

မနက္စာစားၿပီးေနာက္ တဖန္အားလုံးကားထဲဝင္ၾကသည္။

သူတို႔ေမာင္းထြက္သြားၿပီး မၾကာခင္မွာဘဲ တစ္ေနရာရာ အလယ္မွာ ရပ္တန္႔သြားတယ္။ ထိုေနရာတြင္ ျမင္ရတဲ့အေဆာက္အဦးေတာင္ မ႐ွိေပ။

သူတို႔သည္ က်တ္တီးေသာေတာင္ေပၚတြင္ ျဖစ္သည္။

ယင္းဇီခုန္ဆင္းၿပီး .."ဒီေန႔ဘာလုပ္ၾကမွာလဲ? အရင္ကဒီေနရာကိုတစ္ခါမွမေရာက္ဖူးဘူး"

အေစာင့္က သူတို႔ကိုလ်င္ျမန္စြာ အေျဖေပးတယ္ .."ဒီေန႔အလုပ္က ျမစ္႐ွင္းလင္းေရးပဲ ... မင္းတို႔႐ွင္းၿပီးရင္ ေန႔လည္စာစားဖို႔ ျပန္ႏိုင္ၿပီ"

အခ်ိဳ႕ကအာ႐ုံမစိုက္တဲ့သူေတြ႐ွိတာမို႔ အျမန္ပဲအျခားသူေတြကိုေမးၾကည့္ေတာ့ အျခားသူေတြကလည္း အေစာင့္ေျပာတဲ့အတိုင္းျပန္ေျပာျပသည္။

တစ္ေယာက္က .."ျမစ္က႐ွင္းလင္းရမယ္တဲ့"

မၾကာ တစ္ေယာက္က စက်ိန္ဆဲေတာ့သည္ .."ေနာက္ပိုင္းဘာလို႔လုပ္စရာေတြမ်ားလာတာလဲ? ျမက္ႏုတ္တာေတာင္လုံေလာက္ေနၿပီ ... ဒါကိုေတာင္ ငါတို႔အပင္ခုတ္ရ၊ ျမစ္႐ွင္းရဦးမယ္ ... ငါတို႔ကိုတစ္ႏွစ္လုံးလုံး တစ္ထိုင္တည္းအားလုံးလုပ္ေစခ်င္ေနတာလား?"

"ပင္ပန္းၿပီးေသမွာပဲ! ... ဖာ့ခ္!"

"ဒါေတြအားလုံးက ဘာေၾကာင့္လဲဆိုေတာ့ ျမက္ေတြအကုန္ႏုတ္ၿပီလို႔ပဲ! အားလုံးက ၄၈၈အမွားပဲ! သူဘာလို႔ဒီေလာက္အလုပ္ႀကိဳးစားခဲ့တာလဲ? ေသာက္႐ူးေကာင္!"

“…………”

အ႐ူးဆိုေသာ စုမင္သည္ ကိုယ့္ကိုယ္ကိုအေတာ္မွားသြားသလို ခံစားရသည္။

ေပါင္းပင္ေတြအားလုံးကို ၿပီးေအာင္လုပ္ခ်င္တဲ့ သူကိုယ္တိုင္မဟုတ္ေပ။ ႐ုပ္႐ွင္က ဇာတ္ကြက္ကို တိုးတက္ေအာင္လုပ္ဖို႔ လိုအပ္ေနေသးတာေၾကာင့္ ေန႔တိုင္း ေပါင္းပင္ေတြကို ႏုတ္ဖို႔လည္းခြင့္ျပဳမွာမဟုတ္။ သူတို႔တေန႔လုံးျမက္ႏုတ္တာခ်ည္းကို ဘယ္ပရိသတ္ကၾကည့္ခ်င္မွာလဲ?

ျမစ္ထံေ႐ြ႕သြားတဲ့အခ်ိန္ စုမင္ကိုတြန္းခ်ခ်င္တဲ့အခ်ိဳ႕သူေတြေတာင္႐ွိေသးေသာ္လည္း သူတို႔သုံးေယာက္အတူတူ႐ွိေနတာကိုေတြ႕ေတာ့ သူတို႔ကိုယ္သူတို႔ျပန္ထိန္းလိုက္ၾကသည္။

အလြန္အင္အားႀကီးမားတဲ့အကိုေဟာင္ဆိုသူေတာင္ အခုစုမင္နဲ႔အလွမ္းေဝးမွာပဲေနၿပီး သူ႕လက္ေအာက္ငယ္သားေတြကိုေတာင္ စုမင္အနားမကပ္ဖို႔အမိန္႔ေပးထားသည္။

ဒါေၾကာင့္ သူ႕ကို တကယ္တစ္ခုခုလုပ္ဖို႔ ရည္႐ြယ္ခ်က္႐ွိတဲ့သူေတြ အမ်ားႀကီးမ႐ွိခဲ့ေခ်။

ယင္းဇီ စုမင္ကိုၾကည့္ၿပီး .."သူတို႔မင္းကိုမုန္းမွာငါစိုးတယ္"

စုမင္သက္မခ်လ်က္ .."သူတို႔မုန္းပါေစ"

ဘာအတြက္ပဲျဖစ္ပါေစ သူ႕ကိုဘာမွမလုပ္ႏိုင္ေပ။ ဒီတစ္ႀကိမ္ ျမစ္ကို သန္႔႐ွင္းေရးလုပ္ရာမွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့စြမ္းအားက သူ႕ကိုထပ္ကူညီႏိုင္ဦးမလားလို႔ သူေတြးေနမိတယ္။

စုမင္ ဒီလိုေျပာေပမယ့္ မၾကာခင္မွာ ဒီျမစ္၌ဘာေတြျဖစ္လာမလဲဆိုတာကို ပိုစိုးရိမ္တယ္။ အခ်ိန္အေတာ္ၾကာစဥ္းစားၿပီးမွ ျမစ္သည္ လူမ်ားကိုဝါးၿမိဳႏိုင္သည္ဟုသာ မွန္းဆႏိုင္သည္။

ဒါေပမဲ့ သူတို႔ ႐ွင္းဖို႔တာဝန္ယူထားတဲ့ ျမစ္တစ္ပိုင္းကေတာ့ ခန္းေျခာက္သြားတယ္။ အ႐ြက္ေတြ အကိုင္းအခက္ေတြအျပင္ ပလတ္စတစ္အိတ္ေတြ သို႔ေလာ သို႔ေလာအမ်ားႀကီး႐ွိခဲ့တယ္။ ေ႐ွ႕ကို ဆက္သြားလွ်င္ ေရသာ႐ွိေတာ့သည္။

စုမင္ႏွင့္ အျခားႏွစ္ေယာက္ ခန္းေျခာက္ေနေသာ ျမစ္ၾကမ္းျပင္ေပၚသို႔ ခုန္ခ်လိုက္သည္။ လုံးဝ ခန္းေျခာက္ေနၿပီျဖစ္ၿပီး အနံ႔က အနည္းငယ္ႏွစ္လိုဖြယ္မေကာင္းေနေပ။ အဲဒီအနံ႔က ဘယ္ကလာမွန္း သူမသိဘူး။

အက်ဥ္းေထာင္၏ ေျမာင္းသည္ ဤေနရာႏွင့္ ခ်ိတ္ဆက္ႏိုင္သည္ဟု သူခံစားမိသည္။

သို႔ေသာ္ သူ႕မွာဘာအေထာက္အထားမွမ႐ွိ၍ စုမင္သက္ေသမျပ‌ႏိုင္ေပ။ သူသန္႔႐ွင္းေရးလုပ္လ်က္ ဆက္ၿပီးသာ အေျခေနကိုေစာင့္ၾကည့္အကဲျဖတ္ႏိုင္သည္။

ဤတစ္ႀကိမ္တြင္ လူတစ္စုက အတူတူျမစ္ေရကို သန္႔စင္ခဲ့ေနတာမို႔ သူ႕ကိုယ္သူထုတ္မျပႏိုင္တာေၾကာင့္ ဘာမွထူးထူးဆန္းဆန္းမျဖစ္ႏိုင္ေလာက္ေပ။

စုမင္တစ္ခုခုကို ထိလိုက္တိုင္း ေျမႇာက္ဖို႔ အားအင္ေတြ အမ်ားႀကီး မလိုေပ။ သူတို႔က သူ႕ကို တိတ္တဆိတ္ကူညီခဲ့တာ ျဖစ္ႏိုင္တယ္။

သူ ဤသရဲတေစၧငယ္ေလးမ်ားအေပၚ ေက်နပ္ဖြယ္ေကာင္းေသာ ခံစားခ်က္အခ်ိဳ႕ကို ဆုပ္ကိုင္ထားသည္။

နာရီဝက္မွ်ၾကာေတာ့ ဘာမွမျဖစ္ေတာ့ဘူးဟု စုမင္ခံစားေနရတုန္းမွာပင္ တစ္စုံတစ္ေယာက္႐ုတ္တရက္ေအာ္ေျပာလာသည္။
"တစ္ေယာက္ျမစ္ထဲက်သြားၿပီ!"

အားလုံးအၾကည့္မ်ားေ႐ြ႕သြား၏။

လက္ထဲမွာ႐ွိတဲ့ပစၥည္းေတြကို စုမင္ခ်ကာ ေျပးသြားသည္။ ျမစ္အနီးမွာရပ္ေနတဲ့တစ္ေယာက္သည္ ေရထဲက်သြားခဲ့၏။

လူက်သြားခဲ့ေသာေနရာတြင္ ေရပူေဖာင္းေလးေတြကိုသာ သူေတြ႕ႏိုင္သည္။ မသိရင္ ေရဆူပြတ္သလိုပဲ။

သူတို႔အကုန္အက်ဥ္းသားေတြေပမယ့္လည္း ျမစ္ထဲခုန္ခ်ၿပီး သူ႕ကိုကယ္တင္မယ့္သူအခ်ိဳ႕႐ွိေသးသည္။ သို႔ေသာ္ မၾကာ ထိုအေတြးသာ႐ွိခဲ့ၿပီး အေဝးကေနပဲၾကည့္ေနၾကသည္။

ထိုေရပူေဖာင္းထေနသည့္ေရေနရာသည္ အနီေရာင္ေျပာင္းလဲသြားၿပီး တျဖည္းျဖည္းပ်ံ႕ႏွံ႔သြား၏။

**********

Sry for misspelling

October 5, 2022
------------------------------------------------------------

Continue Reading

You'll Also Like

12K 862 28
The transfer student couldn't me anything more special.But part of me want to help her.Why? Sooha thought to herself, she decided to help the new st...
8.3M 227K 61
Warning this book is rough. Not edited. We wanted privacy. We wanted a normal relationship with no high expectations. But that's hard when you have...
163K 8.2K 41
After going through a number of disasters I realized that actually I am reborn as the villainess character, more of a brat, Chloe Bourgeois, in a chi...
17.4K 806 22
*𝒘𝒉𝒊𝒔𝒕𝒍𝒆* "𝑾𝒐𝒓𝒍𝒅 𝒘𝒉𝒆𝒓𝒆 𝒂𝒓𝒆 𝒚𝒐𝒖 ~" "𝑫𝒐𝒏𝒕 𝒌𝒆𝒆𝒑 𝒎𝒆 𝒘𝒂𝒊𝒕𝒊𝒏𝒈. 𝒚𝒐𝒖 𝒌𝒏𝒐𝒘 𝑰 𝒅𝒐𝒏'𝒕 𝒍𝒊𝒌𝒆 𝒊𝒕 " "𝑾𝑶𝑹...