To be a Heartthrob in a Horro...

By Kuro_Fuyu

427K 87.1K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 88

2K 466 45
By Kuro_Fuyu


Chapter 88: အဖြူရောင်ပုံရိပ်

ရိုးရိုးသားသားပြောရရင် အသံမှာအလွန်ထူးဆန်းသည်။ ဆူပွတ်နေတဲ့ရေပူဖောင်းထသည့်အသံနှင့် ဆင်တူသည်။

ထိုအခန်းထဲဘာဖြစ်နေမှန်း စုမင်မသိပေ။

မနေ့က အခန်းထဲက တစ်ယောက်ယောက် ပျောက်သွားပေမယ့် အဲဒီအဖြစ်အပျက်ကို လူတော်တော်များများ မမှတ်မိတော့ဘူး။ နောက်ပိုင်း ဒီလိုအဖြစ်မျိုးတွေ မကြာခဏဆိုသလို ဒီအကျဉ်းထောင်မှာ ဖြစ်ပျက်ခဲ့ပြီး တစ်ခုတည်းသော ထူးခြားတာက ဖြစ်ပျက်ပုံပင်။

ပိုအရေးကြီးတာက သူအခန်းထဲမှာရှိစဉ်မှာ ဖြစ်သွားသည်ပင်။အခန်းတိုင်းသည် တူညီသောဖွဲ့စည်းပုံဖြစ်သောကြောင့် ၎င်းကိုယုံကြည်လိုသော အကျဉ်းသား အလွန်နည်းပါးသည်။

ဘာကြောင့်လဲဆိုတော့ ဒါက သူတို့ကိုယ်တိုင် အချိန်မရွေး သူတို့အခန်းထဲကနေ ပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့အချက်ကို သက်သေပြနိုင်လို့ပဲ။

သူတို့က အကျဉ်းသားတွေဖြစ်သည်။ သူတို့ထောင်သက်တမ်းမတိုင်ခင်ထိ သူတို့အခန်းထဲမှာ နေ့တိုင်းနေရတယ်။ ထိုအချက်ကို သူတို့လက်ခံပြီးသည်နှင့် နေ့စဉ်နှင့်အမျှ အကြောက်တရားဖြင့် ရှင်သန်နေထိုင်ရမည်ဟု ဆိုလိုရင်း သဘာဝအတိုင်း လျစ်လျူရှုရန် ဆုံးဖြတ်ခဲ့ကြသည်။

သူတို့ကိုသူတို့လိမ်ညာနေတယ်လို့လည်း ပြောနိုင်သည်။

ဖုန်းရှုကျွမ့် ဆူညံသံကိုသေချာဂရုတစိုက်နားထောင်ပြီး ပြောလာတယ် .."အသံကအနောက်ကလာတယ်လို့ ငါထင်တယ် ... ဒီနားက တစ်နေရာမှာ"

သူ့အခန်းထဲက တူညီတဲ့တည်နေရာကို ညွှန်ပြလိုက်တယ်။

စုမင်ကြည့်လိုက်တော့ တည်နေရာက ရေချိုးခန်းဖြစ်နေ၏။ ဘာလို့ဆို အိပ်ယာနဲ့စားပွဲက အခန်းလယ်မှာဖြစ်ကာ အရှေ့မှာတံခါးရှိပြ သဘာဝကျကျအနောက်တွင် ရေချိုးခန်းသာရှိတော့သည်။

ဤအခန်းတိုင်းသည် တူညီသောဖွဲ့စည်းပုံရှိသောကြောင့် ၎င်းတို့နှင့်မျက်စောင်းထိုးအခန်းအတွက် တူညီမည်ဖြစ်သည်။

စုမင်သည် ရုပ်ရှင်ရုံမှ အရိပ်အမြွက်ကို ရုတ်တရက်တွေးးမိသည်။ ပေးထားသည့် အရိပ်အမြွက်သည် အများအားဖြင့် ထိုနေ့တွင် ဖြစ်ပျက်မည့်အရာနှင့် သက်ဆိုင်သောကြောင့် ဒါရည်ညွှန်းသည့်အရာများလား။

သူသည် ညဘက်တွင်ဖြစ်မည်ဟု မူလက ထင်ထားခဲ့သော်လည်း မကြာမီဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။ မွန်းတည့်အချိန်လေးပဲရှိပြီး သူ့အဖြေကိုရတော့မယ်။

သူတို့ စောင့်ကြည့်နေချိန်မှာပဲ အခန်းတွင်းက တစ်စုံတစ်ယောက်က တံခါးကို ခေါက်နေပြီ။

မနီးမဝေးတွင် ရပ်နေသော ထောင်စောင့်တစ်ဦးသည် ဒေါသတကြီးတံခါးကိုဆောင့်ကန်ရင်း .."ဘာလဲ ဘာဖြစ်တာလဲ? မင်းတို့ထပ်မွေမယ်ဆိုရင် ငါလျှပ်စစ်ရှော့ရိုက်မယ် ကြားလား!"

အထဲက အကျဉ်းသားက .."ရေချိုးခန်း! အသံက ရေချိုးခန်းထဲလာတာ!"

ထောင်စောင့်လည်းကြားသည်။
"အထဲမှာဘယ်သူရှိလဲ?"

ပုပုနဲ့လူက .."ဘယ်သူမှမရှိဘူး ... ဒီမှာအခု ကျွန်တော်တို့နှစ်ယောက်ပဲရှိတာ နှစ်ယောက်စလုံးကဒီမှာ ... အထဲမှာဘယ်သူမှမရှိဘူး!"

မနေ့ကဘာဖြစ်ခဲ့လဲ ထောင်အစောင့်လည်းမှတ်မိသည်။ ဒါ့အပြင် တစ်စုံတစ်ယောက်ပျောက်ကွယ်ခဲ့ပြီး ဒါကအတော်ပြဿနာဖြစ်ခဲ့သည်။

သူ နောက်ထောင်စောင့်တစ်ယောက်ကိုခေါ်လိုက်ပြီး သူတို့တံခါးဖွင့်ကာ အခန်းထဲဝင်ကြသည်။

စုမင်နဲ့အခြားသူတွေက သက်ဆိုင်ရာအခန်းတွေမှာနေရတာမို့ အတွင်းမှာဘာဖြစ်လဲမမြင်ရချေ။ အသံတွေကိုသာ အခြေခံပြီးသာ မှန်းဆနိုင်သည်။

°°°

အခန်းထဲကိုဝင်ပြီးနောက် ထောင်စောင့်က ရေချိုးခန်းထဲတန်းဝင်သွားသည်။

ထောင်ခန်းရှိ ရေချိုးခန်းသည် အလွန်ရိုးရှင်းပြီး တံခါးမရှိသောကြောင့် ကန့်လန့်ကာကို ဆွဲဖွင့်ရုံဖြင့် အရာအားလုံးကို မြင်နိုင်မည်ဖြစ်သည်။

ကန့်လန့်ကာကို ထောင်စောင့်ဆွဲဖယ်လိုက်သည်။

ဘေစင်မှာ ပူဖောင်းထနေပြီး ရေတွေလျှံကျနေကာ ကြမ်းပြင်ပေါ်တွင် ရေအိုင်ရှိပြီး  ဒါအပြင် တခြားဘာမှမရှိဘူး။

ထောင်စောင့်ပြန်လှည့်ကာ .."မင်းတို့မျက်နှာသစ်ဆေးကြောတဲ့ခါ သေချာကောင်းကောင်းမလုပ်လို့ အခုရေဆိုးမြောင်းပိတ်ကုန်ပြီ ... ငါတစ်ယောက်ယောက်ခေါ်ပြီး ပြင်ခိုင်းလိုက်မယ်"

အကျဉ်းသားတွေကို ပြင်ခိုင်းလို့အလကားပေ။ ဘာလို့ဆို ဘယ်လိုလုပ်ရလဲ သူတို့မသိတာကြောင့်ပင်။

အထဲရှိနှစ်ယောက် လက်ဝှေ့ယမ်းရင်း .."အဲ့ဒါ သူ့ဘာသူပျက်သွားတာ ... ကျွန်တော်တို့ပြန်ရောက်ကတည်းက ဘာမှမထိရသေးဘူး ... ကျွန်တော်တို့ဘာမှမလုပ်ရသေးဘူး"

တစ်ခုခု ပျက်သွားပါက သူတို့၏ အမည်များဘေးတွင် မှတ်တမ်းတင်ထားမည်ဖြစ်သည်။ သူတို့မလုပ်ရင် သူတို့ဝန်ခံမှာမဟုတ်ဘူး။

ထောင်အစောင့်က စကားပြောနေစဥ်မှာပဲ ဘေစင်ရှိအသံက ပိုကျယ်လောင်လာပြီး လူတိုင်းရဲ့ အာရုံကို စွဲဆောင်သွားတယ်။

ထို့နောက် ထိတ်လန့်စရာဖြစ်သွားခဲ့သည်။

‘ဘန်း’ခနဲ ဘေစင်ပွင့်ထွက်သွားပြီး ရေတွေကြမ်းပြင်ပေါ်ဒလက်ဟောစီးဆင်းကုန်သည်။ တွန်းကန်မှုကြောင့် သူတို့မျက်လုံးတွေမဖွင့်နိုင်ဘဲ အားလုံးရေတွေစိုရွှဲကုန်သည်။

ထူးဆန်းသောအနံ့တစ်ခုက အခန်းထဲသို့ ချက်ချင်းစိမ့်ဝင်လာသည်။

ထောင်စောင့်သည် လျင်မြန်စွာ တုံ့ပြန်ပြီး ရေချိုးခန်းအတွင်းရှိ အရှုပ်အထွေးများကို တစ်ချက်ကြည့်လိုက်သည်။ မထင်မရှားပုံသဏ္ဍာန်ဖြင့် အလောင်းတစ်လောင်းမြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့ခဲ့ရသည်။

အဲဒါကို အလောင်းကောင်လို့ ခေါ်တာဆိုတော့ အသက်မရှင်နိုင်တော့ပေ။ အခန်းထဲတွင် သူနှင့် အခြားအကျဉ်းသားနှစ်ဦးသာ ရှိပြီး တခြားလူရှိဖို့ဆိုတာ မဖြစ်နိုင်ပေ။

ပုပုနဲ့အကျဉ်းသားတုန်လှုပ်သွားပြီး .."သရဲ!"

အပြင်ရှိ ရပ်နေတဲ့ထောင်စောင့်က အပြေးဝင်လာပြီး .."ဘာတွေဖြစ်နေတာလဲ? ဘယ်လိုလုပ်အလောင်းပေါ်လာတာလဲ?"

အလောင်းသည် အကျဉ်းသားဝတ်စုံဝတ်ထားပေမဲ့ နံပါတ်မှာမမြင်ရတော့ပေ။ အညစ်ကြေးတွေနဲ့ဖုံးနေပြီး သူ့မျက်နှာတောင်မမြင်နိုင်ပေ။

ပထမထောင်စောင့်က အသက်ပြင်းပြင်းရှူပြီး .."မသိဘူး"

ဘေစင်ရုတ်တရက်ပွင့်ထွက်ခဲ့ပြီးနောက် အလောင်းပေါ်လာတာဖြစ်သည်။ အခုတော့ ရေဆိုးမြောင်းဆီဦးတည်နေတဲ့ အပေါက်နက်ကြီးပဲရှိတော့‌တယ်။

သို့သော် ထိုအပေါက်က ကိုးလက်မမျှသာရှိပြီး ခန္ဓာကိုယ်အထဲမှာရှိဖို့မဖြစ်နိုင်ပေ။

"ဒီမနက်မျက်နှာသစ်တုန်းက ဘာမှားနေလဲ မင်းတို့မရိပ်မိကြဘူးလား?" ထောင်စောင့်မေး၏။

ထောင်စောင့်နောက်မှာပုန်းနေတဲ့ အရပ်ရှည်ရှည်အကျဉ်းသားက .."မရိပ်မိဘူး ... ကျွန်တော်တို့သုံးတုန်းက ပုံမှန်ပဲ ... ဒီတိုင်းပူဖောင်းသံတွေ ရုတ်တရက်ဖြစ်လာပြီး အခုဒီလိုဖြစ်သွားတာ……."

တကယ်တော့ အဲဒီလူကို သူတို့သတိထားမိသည်။ မြေပြင်ရှိ အလောင်းက မနေ့က ပျောက်သွားတဲ့ အခန်းဖော်ရဲ့အလောင်းပင်။

စောစောက အဖြစ်အပျက် ဖြစ်ခဲ့တုန်းကတော့ သူတို့ ဖြစ်ပျက်နေတာတွေကို စာရင်းမသွင်းနိုင်ကြဘူး။ မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် အခန်းဖော်၏အလောင်းကို မြေပြင်ပေါ်တွင် တွေ့လိုက်ရသည်။

တစ်ခုတည်းသောဖြစ်နိုင်ချေက ခန္ဓာကိုယ်သည် ရေဆိုးပိုက်ထဲကထွက်လာတာပင်။

သို့သော် ယင်းရေမြောင်းသည် အလောင်းကို ထိန်းထားနိုင်ပုံမပေါ်ပေ။ အရာအားလုံးသည် လျှို့ဝှက်ဆန်းကြယ်နေသေးသည်။

ထောင်စောင့်က လူတွေကိုခေါ်ပြီး အလောင်းကိုသယ်သွားကြတယ်။  ထို့နောက် အခန်းတွင်းရှိ အကျဉ်းသားနှစ်ဦးကို လူနှစ်ဦးသာရှိသည့်ဆန့်ကျင်ဘက်အခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

အားလုံးက သူတို့အခန်းကနေ ကြည့်နေကြ၏။

°°°

အလောင်းသယ်ဆောင်သွားသည်ကို အားလုံးမြင်ကြသည်။

"နောက်ထပ်သေပြန်ပြီ ... ဘာလို့နေတိုင်းသေနေကြတာလဲ?"

"ဒီထောင်ထဲ ဘာလို့ငါ့ကိုပို့ရတာလဲ? ဘယ်သူမှဒီကိစ္စမစုံစမ်းကြတော့ဘူးလား? အခုထိသေနေကြတာ ဘယ်နှယောက်ရှိနေပြီလဲ?"

"ငါ့မှာ သံသယဖြစ်စရာအချို့ရှိပေမဲ့ မပြောနိုင်သေးဘူး"

“……….”

စုမင်သည် အလောင်းကို ဆက်ပြီးစိုက်ကြည့်နေသည်။ သယ်ဆောင်ပြီး အဝေးမှပျောက်ကွယ်သွားတာကို သူကြည့်တယ်။

ယင်းဇီသိပ်မတွေးဘဲ .."ကြည့်ရတာ သူပျောက်သွားပြီး သေသွားပုံပဲ"

သူတို့နဲ့ဆန့်ကျင်ဘက် ဖုန်းရှုကျွမ့်ကမေး၏ .."သူတို့ပြောသံကြားရတာတော့ ဒီမှာလူတွေ သေလိုက် ပျောက်လိုက် မကြာခဏဖြစ်တာလား?"

"ဟုတ်တယ် ... နေ့တိုင်းလူသေမှုဖြစ်တယ်" ယင်းဇီအပြုံးပေါ်လွင်သွားပြီး .."နောက်တခါ မင်းအလှည့်ဖြစ်နိုင်တယ်"

ဖုန်းရှုကျွမ့်မျက်ခုံးပင့်ပြီး ပြန်မဖြေပေ။

ယင်းဇီနှာမှုတ်ပြီး အိပ်ယာဆီပြန်သွားသည်။

စုမင် သူတို့နှစ်ယောက်ကို ရှေ့နောက်ကြည့်ပြီး ဒီလိုကျိန်ဆဲဖို့အတွက်  ယင်းဇီက ဖုန်းရှုကျွမ့်ကို တော်တော်မုန်းတီးရမယ်လို့ သူခံစားခဲ့ရတယ်။

သူ့ကို စုမင်ကြည့်နေတာတွေ့တော့ ဖုန်းရှုကျွမ့်က .."သူက လျှာထက်ရုံလေးပါ"

စုမင်တွေးပြီး ရိုးရိုးသားသားပြောလိုက်တယ် .."ရပါတယ် ... မင်းမလာခင်က သူစကားပြောတာပုံမှန်ပါပဲ"

ဖုန်းရှုကျွမ့်မေးတယ် .."ဟုတ်လား?"

စုမင်ဖြေမည့်အချိန် ယင်းဇီအော်ပြော၏ .."စုမင် ... မင်းဘာလို့သူနဲ့စကားပြောနေတုန်းလဲ? သူက အခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာတွေ မေးရတာကြိုက်တဲ့လူပဲ"

သူ့အသံကို သဘာဝကျကျ ဖုန်းရှုကျွမ့်လည်းကြားသည်။ သူပခုံးတွန့်ပြီး ပြုံးကာ ဆက်မမေးတော့ပေ။ ထိုအစား သူသည် ဘေးအခန်း၌ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ခေါင်းစဉ်ပြောင်းခဲ့သည်။
မနေ့ကဖြစ်ခဲ့တဲ့ကိစ္စကို စုမင်ဖော်ပြလိုက်သည်။

ဖုန်းရှုကျွမ့်သည် သံသယအချို့ကို ဆုပ်ကိုင်ထားသည်။

ယနေ့မွန်းလွဲပိုင်းတွင် လူများစွာ မအိပ်စက်နိုင်ခဲ့ကြပေ။
ထောင့်ဖြတ်အခန်းရှိ အခန်းတွင်းမှအနံ့သည် အလွန်ဆိုးလှပြီး သန့်စင်ပြီးသားဖြစ်ပေမယ့် အနံ့အသက်တွေ ကျန်နေသေးတယ်။

အချိန်အကြာကြီးထိုအနံ့ကိုရှူရတာ ရွံစရာကောင်းလွန်းတယ်။  ထူးထူးဆန်းဆန်း အနံ့မျိုးစုံ ရောထွေးနေ၏။

တကယ်တော့ အခန်းတိုင်းမှာ ပြတင်းပေါက်သေးသေးလေးရှိတယ်။ အကျယ်ကြီးမဖွင့်နိုင်ပေမယ့် အနံ့ကတော့ စွဲမြဲနေသေးသည်။

ညစာအချိန်၌ အကျဉ်းသားတိုင်းစိတ်လှုပ်ရှားနေကြသည်။ ‌သူတို့နောက်ဆုံး လေကောင်းလေသန့်ကိုရှူနိုင်ခဲ့ပြီ။

"ဖာ့ခ် နောက်ဆုံးငါအသက်ပြန်ရှင်ခဲ့ပြီ"

"အဲ့အနံ့ကြီးကို ငါစိတ်ပျက်နေပြီ။ အခန်းပြောင်းဖို့ လျှောက်ထားရမယ် ... လောင်ဇီရဲ့ညာဘက်မှာ ... မဟုတ်ရင်အသက်ရှူကြပ်ပြီး သေတော့မယ်"

"မင်းမပြောင်းနိုင်ပါဘူးကွာ အိမ်မက်မက်မနေနဲ့"

စုမင်နှင့် ယင်းဇီထွက်လာသောအခါ ဖုန်းရှုကျွမ့်လည်း သူ့အခန်းထဲမှထွက်လာခဲ့သည်။  တန်းစီရမှာဆိုတော့ သူတို့ သုံးယောက် အတူတူရပ်လိုက်တယ်။

ဖုန်းရှုကျွမ့်က အလွန်တည်ငြိမ်အေးဆေးသော်လည်း တဖက်၌ ယင်းဇီသည် စုမင်အရှေ့၌စမတ်တပ်ရပ်လိုက်သည်။ ထိုမှ သူတို့နှစ်ယောက်အတူတွဲမရပ်ရတော့ပေ။

ဖုန်းရှုကျွမ့်က .."မင်းတို့ နေ့တိုင်းဒီလိုလုပ်နေရတာလား?"

စုမင် “ဟုတ်တယ်”

ဖုန်းရှုကျွမ့်ခေါင်းငြိမ့်ကာ .."တစ်ခုခုထူးခြားမယ် ထင်ခဲ့တာ ... ထောင်ထဲသွားရတာ ကြီးကြီးမားမားမဟုတ်သလိုပဲ"

"ကြီးကြီးမားမားမဟုတ်ရင် ဘာလို့လာနေသေးလဲ?" ယင်းဇီရုတ်တရက်အနောက်လှည့်မေးလာတယ် .."မင်းမှာဒီ့ထက်ပိုကောင်းတဲ့အရာတွေ လုပ်စရာမရှိတော့လို့လား?"

စုမင် သူ့ပခုံးကိုပုတ်လိုက်ပြီး .."မင်းဒီနေ့စိတ်မကြည်သလိုပဲ?"

ခွေးချေးစားထားသလို သူ့ရှေ့မှာ ရန်သူကိုတွေ့တော့ စိတ်တိုနေတာလား?

ဖုန်းရှုကျွမ့်တည်ငြိမ်ဆဲဖြင့် .."ငါလိုလိုလားလားလုပ်ခဲ့တာ"

ယင်းဇီဘာမှမပြောဘဲ တဖန်ပြန်လှည့်သွားသည်။

ဒီည အစားအသောက်က နည်းနည်းပိုပေါတယ်။ အခန်းတွင်းရှိ အနံ့ကြောင့် လူများစွာအစာစားချင်စိတ် ဆုံးရှုံးသွားကြသည်။ စုမင်းလည်းအပါဝင်ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ယင်းဇီသည် အရင်ထက်ပိုစားသည်။

စားသောက်ပြီးနောက် နောက်တစ်ကြိမ်တန်းစီရသည်။

အခင်းဖြစ်ပွားသည့်အခန်းကို ဖြတ်သွားသောအခါ စုမင်း
သည် ခေတ္တရပ်ပြီး အထဲကိုကြည့်လိုက်ရာ ပြတင်းပေါက်များနှင့် မြေပြင်များသည် ရေစွန်းထင်းနေသေးသည်ကို တွေ့လိုက်ရသည်။

ဖုန်းရှုကျွမ့်က .."အနံ့အသက်နည်းနည်းပျောက်သွားပြီ"

စုမင်က .."အနံ့က ရေဆိုးပိုက်‌ကြောင့်ဖြစ်တာ ... အဲ့ထဲကအလောင်းထွက်လာပေမဲ့ ဘယ်လိုဝင်သွားလဲဆိုတာငါတို့မသိသေးဘူး"

ဖုန်းရှုကျွမ့်လည်းမသိပေ။

စုမင်သည် သရဲတစ္ဆေပြုသည်ဟု ယောင်ဝါးဝါးမျှသာ မှန်းဆနိုင်သော်လည်း တစ္ဆေတစ်ကောင် ပေါ်လာသည်ကို ကိုယ်တိုင်မမြင်ရသောကြောင့် လုံးလုံးမသေချာပေ။

သူတို့အခန်းထဲဝင်လာတော့ ယင်းဇီက ဖုန်းရှုကျွမ့်ကို ကြမ်းတမ်းတဲ့စကားအနည်းငယ်ပြောပြန်တယ်။

စုမင်ဒါကိုနေသားကျင့်နေပြီဖြစ်ကာ အခန်းဖော်ရှိတာလည်းကောင်းတာပဲဟု ခံစားရပြီး ရုတ်တရက်အားအင်တွေပြည့်လာခဲ့သည်။

ယင်းဇီ သူ့ကိုသတိပေးသည်။
"သူနဲ့စကားသိပ်မပြောနဲ့"

စုမင်စပ်စုချင်စိတ်ဖြင့် .."ဘာလို့လဲ?"

ယင်းဇီခေါင်းခါပြီး ထုတ်ဖော်ရန် မလိုလားစွာ .."လစ်လျူသာရှုထားလိုက်"

သူပြောပြီးသည်နှင့် ရေချိုးခန်းဝင်ကာ မျက်နှာသစ်ဆေးကြောသည်။

စုမင်သည် ကုတင်ပေါ်တွင်ထိုင်ကာ သူတို့နှင့်မျက်စောင်းထိုးအခန်းနှင့်ပတ်သက်သည့် အဖြစ်အပျက်ကို တွေးတောနေမိသည်။ အကျဉ်းသားကိုသတ်ခဲ့တဲ့မြောင်းထဲမှာ သရဲတစ္ဆေတစ်ကောင် ရှိကောင်းရှိနိုင်တယ်လို့ ပိုပိုပြီး ခံစားလာရတယ်။

ဒါပေမယ့် အလောင်းက ဘာကြောင့် ထပ်ပေါ်လာမှန်းမသိပေ။

ညနေခင်း ကိုးနာရီအချိန် အခန်းတိုင်းရှိ အကျဉ်းသားအားလုံးရေချိုးသန့်စင်ပြီးနေပြီဖြစ်ကာ မီးလည်းပိတ်သွားသည်။

စုမင်တိတ်ဆိတ်ငြိမ်သက်စွာလှဲနေပြီး ညသန်းခေါင်ထိစောင့်နေခဲ့သည်။

ဘာလို့လဲဆိုတော့ ထုံးစံအတိုင်း ဘာမှဖြစ်မလာဘူး။ သရဲတစ္ဆေများသည် များသောအားဖြင့် ညသန်းခေါင်တွင်ပေါ်လာတတ်သည်။

ဆယ့်တစ်နာရီသာသာရှိသေးသည်။ ရုတ်တရက်ထူးဆန်း​သော အ​အေးဓာတ်​ကို ခံစားလိုက်​ရရသည်။

စုမင်သည် သရဲတစ္ဆေများအတွက် အာရုံစူးစိုက်မှုရှိသည်။ ချက်ချင်းပင် ကုတင်ပေါ်မှ ဆင်းကာ ပြတင်းပေါက်ကို လှမ်းကြည့်သည်။

မကြာခင်မှာပဲ အရင်းအမြစ်ကို ရှာတွေ့ခဲ့တယ်။

အခန်း၃အရှေ့တွင်ဖြစ်ပြီး သူနဲ့ မီတာအနည်းငယ်အကွာမှာ အဖြူရောင်ပုံသဏ္ဍာန်ရပ်နေလေသည်။ လုံးလုံးမထင်ရှားပေ။

သရဲကားတွေထဲမှာ တွေ့နေကျသရဲတွေလိုမျိုးပင်။

အဖြူရောင်ပုံပန်းသဏ္ဍာန်သည် အချိန်အတော်ကြာ ထိုနေရာတွင်ရပ်နေခဲ့သည်။ တခဏ စုမင်ကြည့်နေစဉ် ပုံရိပ်သည် ရုတ်ခနဲသူ့ဘက်လှည့်ပြီး သူ့ကိုကြည့်လာ၏။

အဖြူရောင်ပုံရိပ်၏မျက်နှာကို သူမမြင်နိုင်ဘဲ အဖြူမှုန်ဝါးဝါးကိုသာတွေ့နိုင်သည်။ ဆံပင်သာ အမည်းရောင်ဖြစ်နေသည်။

ထိုအဖြူရောင်ပုံရိပ်က ရုတ်တရက် သူ့လက်ဝှေ့ယမ်းပြကာ သူ့ကိုနှုတ်ဆက်သည်ဟု စုမင်ခံစားမိ၏။

ချန်စု သူ့ဘေးနားပေါ်လာပြီး မေးတယ် .."မင်းမကြောက်ဘူးလား?"

စုမင်အရှေ့ကိုကြည့်လိုက်တော့ သရဲသဏ္ဍာန်ပုံရိပ်သည် ပြန်လှည့်သွားပြီဖြစ်ကာ အခန်း၃ကိုအပြင်ဘက်၌ ဆက်ရပ်နေပြီး ခေါင်းအနည်းငယ်နိမ့်လိုက်ပုံက ပြတင်းပေါက်မှတဆင့် အထဲကိုကြည့်နေသည့်ပုံပင်။

ပုံမှန်လူတွေဆို ဒီလိုတွေ့တာနဲ့ကြောက်လန့်သွားကြလိမ့်မည်။

စုမင်မတုန့်ပြန်ပေ။ ချန်စု သူ့ကိုစိုက်ကြည့်နေတာ တွေ့တော့ ဟန်ဆောင်ပန်ဆောင်ဖြင့် .."အာ ... ကျွန်တော်အရမ်းကြောက်တာပဲ"

ချန်စုဒီအခွင့်ကောင်းကို အသုံးချပြီး သူ့ကိုထွေးပွေ့လိုက်ကာ .."မကြောက်ပါနဲ့"

ဒါကအလွန်သာမန်စာကြောင်းပေမယ့်လည်း စုမင်ရယ်ချင်လာပြီး ဘယ်လိုပဲဖြစ်ဖြစ် အပြင်ပိုင်းမထုတ်ပြခဲ့ပေ။

**************

October 1, 2022
Thanks all
--------------------------------------------------------------------------









Chapter 88: အျဖဴေရာင္ပုံရိပ္

႐ိုး႐ိုးသားသားေျပာရရင္ အသံမွာအလြန္ထူးဆန္းသည္။ ဆူပြတ္ေနတဲ့ေရပူေဖာင္းထသည့္အသံႏွင့္ ဆင္တူသည္။

ထိုအခန္းထဲဘာျဖစ္ေနမွန္း စုမင္မသိေပ။

မေန႔က အခန္းထဲက တစ္ေယာက္ေယာက္ ေပ်ာက္သြားေပမယ့္ အဲဒီအျဖစ္အပ်က္ကို လူေတာ္ေတာ္မ်ားမ်ား မမွတ္မိေတာ့ဘူး။ ေနာက္ပိုင္း ဒီလိုအျဖစ္မ်ိဳးေတြ မၾကာခဏဆိုသလို ဒီအက်ဥ္းေထာင္မွာ ျဖစ္ပ်က္ခဲ့ၿပီး တစ္ခုတည္းေသာ ထူးျခားတာက ျဖစ္ပ်က္ပုံပင္။

ပိုအေရးႀကီးတာက သူအခန္းထဲမွာ႐ွိစဥ္မွာ ျဖစ္သြားသည္ပင္။အခန္းတိုင္းသည္ တူညီေသာဖြဲ႕စည္းပုံျဖစ္ေသာေၾကာင့္ ၎ကိုယုံၾကည္လိုေသာ အက်ဥ္းသား အလြန္နည္းပါးသည္။

ဘာေၾကာင့္လဲဆိုေတာ့ ဒါက သူတို႔ကိုယ္တိုင္ အခ်ိန္မေ႐ြး သူတို႔အခန္းထဲကေန ေပ်ာက္ကြယ္သြားႏိုင္တယ္ဆိုတဲ့အခ်က္ကို သက္ေသျပႏိုင္လို႔ပဲ။

သူတို႔က အက်ဥ္းသားေတြျဖစ္သည္။ သူတို႔ေထာင္သက္တမ္းမတိုင္ခင္ထိ သူတို႔အခန္းထဲမွာ ေန႔တိုင္းေနရတယ္။ ထိုအခ်က္ကို သူတို႔လက္ခံၿပီးသည္ႏွင့္ ေန႔စဥ္ႏွင့္အမွ် အေၾကာက္တရားျဖင့္ ႐ွင္သန္ေနထိုင္ရမည္ဟု ဆိုလိုရင္း သဘာဝအတိုင္း လ်စ္လ်ဴ႐ႈရန္ ဆုံးျဖတ္ခဲ့ၾကသည္။

သူတို႔ကိုသူတို႔လိမ္ညာေနတယ္လို႔လည္း ေျပာႏိုင္သည္။

ဖုန္း႐ႈကြၽမ့္ ဆူညံသံကိုေသခ်ာဂ႐ုတစိုက္နားေထာင္ၿပီး ေျပာလာတယ္ .."အသံကအေနာက္ကလာတယ္လို႔ ငါထင္တယ္ ... ဒီနားက တစ္ေနရာမွာ"

သူ႕အခန္းထဲက တူညီတဲ့တည္ေနရာကို ၫႊန္ျပလိုက္တယ္။

စုမင္ၾကည့္လိုက္ေတာ့ တည္ေနရာက ေရခ်ိဳးခန္းျဖစ္ေန၏။ ဘာလို႔ဆို အိပ္ယာနဲ႔စားပြဲက အခန္းလယ္မွာျဖစ္ကာ အေ႐ွ႕မွာတံခါး႐ွိျပ သဘာဝက်က်အေနာက္တြင္ ေရခ်ိဳးခန္းသာ႐ွိေတာ့သည္။

ဤအခန္းတိုင္းသည္ တူညီေသာဖြဲ႕စည္းပုံ႐ွိေသာေၾကာင့္ ၎တို႔ႏွင့္မ်က္ေစာင္းထိုးအခန္းအတြက္ တူညီမည္ျဖစ္သည္။

စုမင္သည္ ႐ုပ္႐ွင္႐ုံမွ အရိပ္အႁမြက္ကို ႐ုတ္တရက္ေတြးးမိသည္။ ေပးထားသည့္ အရိပ္အႁမြက္သည္ အမ်ားအားျဖင့္ ထိုေန႔တြင္ ျဖစ္ပ်က္မည့္အရာႏွင့္ သက္ဆိုင္ေသာေၾကာင့္ ဒါရည္ၫႊန္းသည့္အရာမ်ားလား။

သူသည္ ညဘက္တြင္ျဖစ္မည္ဟု မူလက ထင္ထားခဲ့ေသာ္လည္း မၾကာမီျဖစ္လာမည္ဟု မေမွ်ာ္လင့္ထားေပ။ မြန္းတည့္အခ်ိန္ေလးပဲ႐ွိၿပီး သူ႕အေျဖကိုရေတာ့မယ္။

သူတို႔ ေစာင့္ၾကည့္ေနခ်ိန္မွာပဲ အခန္းတြင္းက တစ္စုံတစ္ေယာက္က တံခါးကို ေခါက္ေနၿပီ။

မနီးမေဝးတြင္ ရပ္ေနေသာ ေထာင္ေစာင့္တစ္ဦးသည္ ေဒါသတႀကီးတံခါးကိုေဆာင့္ကန္ရင္း .."ဘာလဲ ဘာျဖစ္တာလဲ? မင္းတို႔ထပ္ေမြမယ္ဆိုရင္ ငါလွ်ပ္စစ္ေ႐ွာ့႐ိုက္မယ္ ၾကားလား!"

အထဲက အက်ဥ္းသားက .."ေရခ်ိဳးခန္း! အသံက ေရခ်ိဳးခန္းထဲလာတာ!"

ေထာင္ေစာင့္လည္းၾကားသည္။
"အထဲမွာဘယ္သူ႐ွိလဲ?"

ပုပုနဲ႔လူက .."ဘယ္သူမွမ႐ွိဘူး ... ဒီမွာအခု ကြၽန္ေတာ္တို႔ႏွစ္ေယာက္ပဲ႐ွိတာ ႏွစ္ေယာက္စလုံးကဒီမွာ ... အထဲမွာဘယ္သူမွမ႐ွိဘူး!"

မေန႔ကဘာျဖစ္ခဲ့လဲ ေထာင္အေစာင့္လည္းမွတ္မိသည္။ ဒါ့အျပင္ တစ္စုံတစ္ေယာက္ေပ်ာက္ကြယ္ခဲ့ၿပီး ဒါကအေတာ္ျပႆနာျဖစ္ခဲ့သည္။

သူ ေနာက္ေထာင္ေစာင့္တစ္ေယာက္ကိုေခၚလိုက္ၿပီး သူတို႔တံခါးဖြင့္ကာ အခန္းထဲဝင္ၾကသည္။

စုမင္နဲ႔အျခားသူေတြက သက္ဆိုင္ရာအခန္းေတြမွာေနရတာမို႔ အတြင္းမွာဘာျဖစ္လဲမျမင္ရေခ်။ အသံေတြကိုသာ အေျခခံၿပီးသာ မွန္းဆႏိုင္သည္။

°°°

အခန္းထဲကိုဝင္ၿပီးေနာက္ ေထာင္ေစာင့္က ေရခ်ိဳးခန္းထဲတန္းဝင္သြားသည္။

ေထာင္ခန္း႐ွိ ေရခ်ိဳးခန္းသည္ အလြန္႐ိုး႐ွင္းၿပီး တံခါးမ႐ွိေသာေၾကာင့္ ကန္႔လန္႔ကာကို ဆြဲဖြင့္႐ုံျဖင့္ အရာအားလုံးကို ျမင္ႏိုင္မည္ျဖစ္သည္။

ကန္႔လန္႔ကာကို ေထာင္ေစာင့္ဆြဲဖယ္လိုက္သည္။

ေဘစင္မွာ ပူေဖာင္းထေနၿပီး ေရေတြလွ်ံက်ေနကာ ၾကမ္းျပင္ေပၚတြင္ ေရအိုင္႐ွိၿပီး  ဒါအျပင္ တျခားဘာမွမ႐ွိဘူး။

ေထာင္ေစာင့္ျပန္လွည့္ကာ .."မင္းတို႔မ်က္ႏွာသစ္ေဆးေၾကာတဲ့ခါ ေသခ်ာေကာင္းေကာင္းမလုပ္လို႔ အခုေရဆိုးေျမာင္းပိတ္ကုန္ၿပီ ... ငါတစ္ေယာက္ေယာက္ေခၚၿပီး ျပင္ခိုင္းလိုက္မယ္"

အက်ဥ္းသားေတြကို ျပင္ခိုင္းလို႔အလကားေပ။ ဘာလို႔ဆို ဘယ္လိုလုပ္ရလဲ သူတို႔မသိတာေၾကာင့္ပင္။

အထဲ႐ွိႏွစ္ေယာက္ လက္ေဝွ႔ယမ္းရင္း .."အဲ့ဒါ သူ႕ဘာသူပ်က္သြားတာ ... ကြၽန္ေတာ္တို႔ျပန္ေရာက္ကတည္းက ဘာမွမထိရေသးဘူး ... ကြၽန္ေတာ္တို႔ဘာမွမလုပ္ရေသးဘူး"

တစ္ခုခု ပ်က္သြားပါက သူတို႔၏ အမည္မ်ားေဘးတြင္ မွတ္တမ္းတင္ထားမည္ျဖစ္သည္။ သူတို႔မလုပ္ရင္ သူတို႔ဝန္ခံမွာမဟုတ္ဘူး။

ေထာင္အေစာင့္က စကားေျပာေနစဥ္မွာပဲ ေဘစင္႐ွိအသံက ပိုက်ယ္ေလာင္လာၿပီး လူတိုင္းရဲ႕ အာ႐ုံကို စြဲေဆာင္သြားတယ္။

ထို႔ေနာက္ ထိတ္လန္႔စရာျဖစ္သြားခဲ့သည္။

‘ဘန္း’ခနဲ ေဘစင္ပြင့္ထြက္သြားၿပီး ေရေတြၾကမ္းျပင္ေပၚဒလက္ေဟာစီးဆင္းကုန္သည္။ တြန္းကန္မႈေၾကာင့္ သူတို႔မ်က္လုံးေတြမဖြင့္ႏိုင္ဘဲ အားလုံးေရေတြစို႐ႊဲကုန္သည္။

ထူးဆန္းေသာအနံ႔တစ္ခုက အခန္းထဲသို႔ ခ်က္ခ်င္းစိမ့္ဝင္လာသည္။

ေထာင္ေစာင့္သည္ လ်င္ျမန္စြာ တုံ႔ျပန္ၿပီး ေရခ်ိဳးခန္းအတြင္း႐ွိ အ႐ႈပ္အေထြးမ်ားကို တစ္ခ်က္ၾကည့္လိုက္သည္။ မထင္မ႐ွားပုံသ႑ာန္ျဖင့္ အေလာင္းတစ္ေလာင္းေျမျပင္ေပၚတြင္ လဲေလ်ာင္းေနသည္ကို ေတြ႕ခဲ့ရသည္။

အဲဒါကို အေလာင္းေကာင္လို႔ ေခၚတာဆိုေတာ့ အသက္မ႐ွင္ႏိုင္ေတာ့ေပ။ အခန္းထဲတြင္ သူႏွင့္ အျခားအက်ဥ္းသားႏွစ္ဦးသာ ႐ွိၿပီး တျခားလူ႐ွိဖို႔ဆိုတာ မျဖစ္ႏိုင္ေပ။

ပုပုနဲ႔အက်ဥ္းသားတုန္လႈပ္သြားၿပီး .."သရဲ!"

အျပင္႐ွိ ရပ္ေနတဲ့ေထာင္ေစာင့္က အေျပးဝင္လာၿပီး .."ဘာေတြျဖစ္ေနတာလဲ? ဘယ္လိုလုပ္အေလာင္းေပၚလာတာလဲ?"

အေလာင္းသည္ အက်ဥ္းသားဝတ္စုံဝတ္ထားေပမဲ့ နံပါတ္မွာမျမင္ရေတာ့ေပ။ အညစ္ေၾကးေတြနဲ႔ဖုံးေနၿပီး သူ႕မ်က္ႏွာေတာင္မျမင္ႏိုင္ေပ။

ပထမေထာင္ေစာင့္က အသက္ျပင္းျပင္း႐ွဴၿပီး .."မသိဘူး"

ေဘစင္႐ုတ္တရက္ပြင့္ထြက္ခဲ့ၿပီးေနာက္ အေလာင္းေပၚလာတာျဖစ္သည္။ အခုေတာ့ ေရဆိုးေျမာင္းဆီဦးတည္ေနတဲ့ အေပါက္နက္ႀကီးပဲ႐ွိေတာ့‌တယ္။

သို႔ေသာ္ ထိုအေပါက္က ကိုးလက္မမွ်သာ႐ွိၿပီး ခႏၶာကိုယ္အထဲမွာ႐ွိဖို႔မျဖစ္ႏိုင္ေပ။

"ဒီမနက္မ်က္ႏွာသစ္တုန္းက ဘာမွားေနလဲ မင္းတို႔မရိပ္မိၾကဘူးလား?" ေထာင္ေစာင့္ေမး၏။

ေထာင္ေစာင့္ေနာက္မွာပုန္းေနတဲ့ အရပ္႐ွည္႐ွည္အက်ဥ္းသားက .."မရိပ္မိဘူး ... ကြၽန္ေတာ္တို႔သုံးတုန္းက ပုံမွန္ပဲ ... ဒီတိုင္းပူေဖာင္းသံေတြ ႐ုတ္တရက္ျဖစ္လာၿပီး အခုဒီလိုျဖစ္သြားတာ……."

တကယ္ေတာ့ အဲဒီလူကို သူတို႔သတိထားမိသည္။ ေျမျပင္႐ွိ အေလာင္းက မေန႔က ေပ်ာက္သြားတဲ့ အခန္းေဖာ္ရဲ႕အေလာင္းပင္။

ေစာေစာက အျဖစ္အပ်က္ ျဖစ္ခဲ့တုန္းကေတာ့ သူတို႔ ျဖစ္ပ်က္ေနတာေတြကို စာရင္းမသြင္းႏိုင္ၾကဘူး။ မ်က္လုံးျပန္ဖြင့္လိုက္ေသာအခါတြင္ အခန္းေဖာ္၏အေလာင္းကို ေျမျပင္ေပၚတြင္ ေတြ႕လိုက္ရသည္။

တစ္ခုတည္းေသာျဖစ္ႏိုင္ေခ်က ခႏၶာကိုယ္သည္ ေရဆိုးပိုက္ထဲကထြက္လာတာပင္။

သို႔ေသာ္ ယင္းေရေျမာင္းသည္ အေလာင္းကို ထိန္းထားႏိုင္ပုံမေပၚေပ။ အရာအားလုံးသည္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေနေသးသည္။

ေထာင္ေစာင့္က လူေတြကိုေခၚၿပီး အေလာင္းကိုသယ္သြားၾကတယ္။  ထို႔ေနာက္ အခန္းတြင္း႐ွိ အက်ဥ္းသားႏွစ္ဦးကို လူႏွစ္ဦးသာ႐ွိသည့္ဆန္႔က်င္ဘက္အခန္းသို႔ လႊဲေျပာင္းေပးခဲ့သည္။

အားလုံးက သူတို႔အခန္းကေန ၾကည့္ေနၾက၏။

°°°

အေလာင္းသယ္ေဆာင္သြားသည္ကို အားလုံးျမင္ၾကသည္။

"ေနာက္ထပ္ေသျပန္ၿပီ ... ဘာလို႔ေနတိုင္းေသေနၾကတာလဲ?"

"ဒီေထာင္ထဲ ဘာလို႔ငါ့ကိုပို႔ရတာလဲ? ဘယ္သူမွဒီကိစၥမစုံစမ္းၾကေတာ့ဘူးလား? အခုထိေသေနၾကတာ ဘယ္ႏွေယာက္႐ွိေနၿပီလဲ?"

"ငါ့မွာ သံသယျဖစ္စရာအခ်ိဳ႕႐ွိေပမဲ့ မေျပာႏိုင္ေသးဘူး"

“……….”

စုမင္သည္ အေလာင္းကို ဆက္ၿပီးစိုက္ၾကည့္ေနသည္။ သယ္ေဆာင္ၿပီး အေဝးမွေပ်ာက္ကြယ္သြားတာကို သူၾကည့္တယ္။

ယင္းဇီသိပ္မေတြးဘဲ .."ၾကည့္ရတာ သူေပ်ာက္သြားၿပီး ေသသြားပုံပဲ"

သူတို႔နဲ႔ဆန္႔က်င္ဘက္ ဖုန္း႐ႈကြၽမ့္ကေမး၏ .."သူတို႔ေျပာသံၾကားရတာေတာ့ ဒီမွာလူေတြ ေသလိုက္ ေပ်ာက္လိုက္ မၾကာခဏျဖစ္တာလား?"

"ဟုတ္တယ္ ... ေန႔တိုင္းလူေသမႈျဖစ္တယ္" ယင္းဇီအျပဳံးေပၚလြင္သြားၿပီး .."ေနာက္တခါ မင္းအလွည့္ျဖစ္ႏိုင္တယ္"

ဖုန္း႐ႈကြၽမ့္မ်က္ခုံးပင့္ၿပီး ျပန္မေျဖေပ။

ယင္းဇီႏွာမႈတ္ၿပီး အိပ္ယာဆီျပန္သြားသည္။

စုမင္ သူတို႔ႏွစ္ေယာက္ကို ေ႐ွ႕ေနာက္ၾကည့္ၿပီး ဒီလိုက်ိန္ဆဲဖို႔အတြက္  ယင္းဇီက ဖုန္း႐ႈကြၽမ့္ကို ေတာ္ေတာ္မုန္းတီးရမယ္လို႔ သူခံစားခဲ့ရတယ္။

သူ႕ကို စုမင္ၾကည့္ေနတာေတြ႕ေတာ့ ဖုန္း႐ႈကြၽမ့္က .."သူက လွ်ာထက္႐ုံေလးပါ"

စုမင္ေတြးၿပီး ႐ိုး႐ိုးသားသားေျပာလိုက္တယ္ .."ရပါတယ္ ... မင္းမလာခင္က သူစကားေျပာတာပုံမွန္ပါပဲ"

ဖုန္း႐ႈကြၽမ့္ေမးတယ္ .."ဟုတ္လား?"

စုမင္ေျဖမည့္အခ်ိန္ ယင္းဇီေအာ္ေျပာ၏ .."စုမင္ ... မင္းဘာလို႔သူနဲ႔စကားေျပာေနတုန္းလဲ? သူက အျခားသူေတြရဲ႕ကိုယ္ေရးကိုယ္တာေတြ ေမးရတာႀကိဳက္တဲ့လူပဲ"

သူ႕အသံကို သဘာဝက်က် ဖုန္း႐ႈကြၽမ့္လည္းၾကားသည္။ သူပခုံးတြန္႔ၿပီး ျပဳံးကာ ဆက္မေမးေတာ့ေပ။ ထိုအစား သူသည္ ေဘးအခန္း၌ျဖစ္ပြားခဲ့ေသာ အျဖစ္အပ်က္ကို ေခါင္းစဥ္ေျပာင္းခဲ့သည္။
မေန႔ကျဖစ္ခဲ့တဲ့ကိစၥကို စုမင္ေဖာ္ျပလိုက္သည္။

ဖုန္း႐ႈကြၽမ့္သည္ သံသယအခ်ိဳ႕ကို ဆုပ္ကိုင္ထားသည္။

ယေန႔မြန္းလြဲပိုင္းတြင္ လူမ်ားစြာ မအိပ္စက္ႏိုင္ခဲ့ၾကေပ။
ေထာင့္ျဖတ္အခန္း႐ွိ အခန္းတြင္းမွအနံ႔သည္ အလြန္ဆိုးလွၿပီး သန္႔စင္ၿပီးသားျဖစ္ေပမယ့္ အနံ႔အသက္ေတြ က်န္ေနေသးတယ္။

အခ်ိန္အၾကာႀကီးထိုအနံ႔ကို႐ွဴရတာ ႐ြံစရာေကာင္းလြန္းတယ္။  ထူးထူးဆန္းဆန္း အနံ႔မ်ိဳးစုံ ေရာေထြးေန၏။

တကယ္ေတာ့ အခန္းတိုင္းမွာ ျပတင္းေပါက္ေသးေသးေလး႐ွိတယ္။ အက်ယ္ႀကီးမဖြင့္ႏိုင္ေပမယ့္ အနံ႔ကေတာ့ စြဲၿမဲေနေသးသည္။

ညစာအခ်ိန္၌ အက်ဥ္းသားတိုင္းစိတ္လႈပ္႐ွားေနၾကသည္။ ‌သူတို႔ေနာက္ဆုံး ေလေကာင္းေလသန္႔ကို႐ွဴႏိုင္ခဲ့ၿပီ။

"ဖာ့ခ္ ေနာက္ဆုံးငါအသက္ျပန္႐ွင္ခဲ့ၿပီ"

"အဲ့အနံ႔ႀကီးကို ငါစိတ္ပ်က္ေနၿပီ။ အခန္းေျပာင္းဖို႔ ေလွ်ာက္ထားရမယ္ ... ေလာင္ဇီရဲ႕ညာဘက္မွာ ... မဟုတ္ရင္အသက္႐ွဴၾကပ္ၿပီး ေသေတာ့မယ္"

"မင္းမေျပာင္းႏိုင္ပါဘူးကြာ အိမ္မက္မက္မေနနဲ႔"

စုမင္ႏွင့္ ယင္းဇီထြက္လာေသာအခါ ဖုန္း႐ႈကြၽမ့္လည္း သူ႕အခန္းထဲမွထြက္လာခဲ့သည္။  တန္းစီရမွာဆိုေတာ့ သူတို႔ သုံးေယာက္ အတူတူရပ္လိုက္တယ္။

ဖုန္း႐ႈကြၽမ့္က အလြန္တည္ၿငိမ္ေအးေဆးေသာ္လည္း တဖက္၌ ယင္းဇီသည္ စုမင္အေ႐ွ႕၌စမတ္တပ္ရပ္လိုက္သည္။ ထိုမွ သူတို႔ႏွစ္ေယာက္အတူတြဲမရပ္ရေတာ့ေပ။

ဖုန္း႐ႈကြၽမ့္က .."မင္းတို႔ ေန႔တိုင္းဒီလိုလုပ္ေနရတာလား?"

စုမင္ “ဟုတ္တယ္”

ဖုန္း႐ႈကြၽမ့္ေခါင္းၿငိမ့္ကာ .."တစ္ခုခုထူးျခားမယ္ ထင္ခဲ့တာ ... ေထာင္ထဲသြားရတာ ႀကီးႀကီးမားမားမဟုတ္သလိုပဲ"

"ႀကီးႀကီးမားမားမဟုတ္ရင္ ဘာလို႔လာေနေသးလဲ?" ယင္းဇီ႐ုတ္တရက္အေနာက္လွည့္ေမးလာတယ္ .."မင္းမွာဒီ့ထက္ပိုေကာင္းတဲ့အရာေတြ လုပ္စရာမ႐ွိေတာ့လို႔လား?"

စုမင္ သူ႕ပခုံးကိုပုတ္လိုက္ၿပီး .."မင္းဒီေန႔စိတ္မၾကည္သလိုပဲ?"

ေခြးေခ်းစားထားသလို သူ႕ေ႐ွ႕မွာ ရန္သူကိုေတြ႕ေတာ့ စိတ္တိုေနတာလား?

ဖုန္း႐ႈကြၽမ့္တည္ၿငိမ္ဆဲျဖင့္ .."ငါလိုလိုလားလားလုပ္ခဲ့တာ"

ယင္းဇီဘာမွမေျပာဘဲ တဖန္ျပန္လွည့္သြားသည္။

ဒီည အစားအေသာက္က နည္းနည္းပိုေပါတယ္။ အခန္းတြင္း႐ွိ အနံ႔ေၾကာင့္ လူမ်ားစြာအစာစားခ်င္စိတ္ ဆုံး႐ႈံးသြားၾကသည္။ စုမင္းလည္းအပါဝင္ျဖစ္သည္။

ဘယ္လိုပဲျဖစ္ျဖစ္ ယင္းဇီသည္ အရင္ထက္ပိုစားသည္။

စားေသာက္ၿပီးေနာက္ ေနာက္တစ္ႀကိမ္တန္းစီရသည္။

အခင္းျဖစ္ပြားသည့္အခန္းကို ျဖတ္သြားေသာအခါ စုမင္း
သည္ ေခတၱရပ္ၿပီး အထဲကိုၾကည့္လိုက္ရာ ျပတင္းေပါက္မ်ားႏွင့္ ေျမျပင္မ်ားသည္ ေရစြန္းထင္းေနေသးသည္ကို ေတြ႕လိုက္ရသည္။

ဖုန္း႐ႈကြၽမ့္က .."အနံ႔အသက္နည္းနည္းေပ်ာက္သြားၿပီ"

စုမင္က .."အနံ႔က ေရဆိုးပိုက္‌ေၾကာင့္ျဖစ္တာ ... အဲ့ထဲကအေလာင္းထြက္လာေပမဲ့ ဘယ္လိုဝင္သြားလဲဆိုတာငါတို႔မသိေသးဘူး"

ဖုန္း႐ႈကြၽမ့္လည္းမသိေပ။

စုမင္သည္ သရဲတေစၧျပဳသည္ဟု ေယာင္ဝါးဝါးမွ်သာ မွန္းဆႏိုင္ေသာ္လည္း တေစၧတစ္ေကာင္ ေပၚလာသည္ကို ကိုယ္တိုင္မျမင္ရေသာေၾကာင့္ လုံးလုံးမေသခ်ာေပ။

သူတို႔အခန္းထဲဝင္လာေတာ့ ယင္းဇီက ဖုန္း႐ႈကြၽမ့္ကို ၾကမ္းတမ္းတဲ့စကားအနည္းငယ္ေျပာျပန္တယ္။

စုမင္ဒါကိုေနသားက်င့္ေနၿပီျဖစ္ကာ အခန္းေဖာ္႐ွိတာလည္းေကာင္းတာပဲဟု ခံစားရၿပီး ႐ုတ္တရက္အားအင္ေတြျပည့္လာခဲ့သည္။

ယင္းဇီ သူ႕ကိုသတိေပးသည္။
"သူနဲ႔စကားသိပ္မေျပာနဲ႔"

စုမင္စပ္စုခ်င္စိတ္ျဖင့္ .."ဘာလို႔လဲ?"

ယင္းဇီေခါင္းခါၿပီး ထုတ္ေဖာ္ရန္ မလိုလားစြာ .."လစ္လ်ဴသာ႐ႈထားလိုက္"

သူေျပာၿပီးသည္ႏွင့္ ေရခ်ိဳးခန္းဝင္ကာ မ်က္ႏွာသစ္ေဆးေၾကာသည္။

စုမင္သည္ ကုတင္ေပၚတြင္ထိုင္ကာ သူတို႔ႏွင့္မ်က္ေစာင္းထိုးအခန္းႏွင့္ပတ္သက္သည့္ အျဖစ္အပ်က္ကို ေတြးေတာေနမိသည္။ အက်ဥ္းသားကိုသတ္ခဲ့တဲ့ေျမာင္းထဲမွာ သရဲတေစၧတစ္ေကာင္ ႐ွိေကာင္း႐ွိႏိုင္တယ္လို႔ ပိုပိုၿပီး ခံစားလာရတယ္။

ဒါေပမယ့္ အေလာင္းက ဘာေၾကာင့္ ထပ္ေပၚလာမွန္းမသိေပ။

ညေနခင္း ကိုးနာရီအခ်ိန္ အခန္းတိုင္း႐ွိ အက်ဥ္းသားအားလုံးေရခ်ိဳးသန္႔စင္ၿပီးေနၿပီျဖစ္ကာ မီးလည္းပိတ္သြားသည္။

စုမင္တိတ္ဆိတ္ၿငိမ္သက္စြာလွဲေနၿပီး ညသန္းေခါင္ထိေစာင့္ေနခဲ့သည္။

ဘာလို႔လဲဆိုေတာ့ ထုံးစံအတိုင္း ဘာမွျဖစ္မလာဘူး။ သရဲတေစၧမ်ားသည္ မ်ားေသာအားျဖင့္ ညသန္းေခါင္တြင္ေပၚလာတတ္သည္။

ဆယ့္တစ္နာရီသာသာ႐ွိေသးသည္။ ႐ုတ္တရက္ထူးဆန္း​ေသာ အ​ေအးဓာတ္​ကို ခံစားလိုက္​ရရသည္။

စုမင္သည္ သရဲတေစၧမ်ားအတြက္ အာ႐ုံစူးစိုက္မႈ႐ွိသည္။ ခ်က္ခ်င္းပင္ ကုတင္ေပၚမွ ဆင္းကာ ျပတင္းေပါက္ကို လွမ္းၾကည့္သည္။

မၾကာခင္မွာပဲ အရင္းအျမစ္ကို ႐ွာေတြ႕ခဲ့တယ္။

အခန္း၃အေ႐ွ႕တြင္ျဖစ္ၿပီး သူနဲ႔ မီတာအနည္းငယ္အကြာမွာ အျဖဴေရာင္ပုံသ႑ာန္ရပ္ေနေလသည္။ လုံးလုံးမထင္႐ွားေပ။

သရဲကားေတြထဲမွာ ေတြ႕ေနက်သရဲေတြလိုမ်ိဳးပင္။

အျဖဴေရာင္ပုံပန္းသ႑ာန္သည္ အခ်ိန္အေတာ္ၾကာ ထိုေနရာတြင္ရပ္ေနခဲ့သည္။ တခဏ စုမင္ၾကည့္ေနစဥ္ ပုံရိပ္သည္ ႐ုတ္ခနဲသူ႕ဘက္လွည့္ၿပီး သူ႕ကိုၾကည့္လာ၏။

အျဖဴေရာင္ပုံရိပ္၏မ်က္ႏွာကို သူမျမင္ႏိုင္ဘဲ အျဖဴမႈန္ဝါးဝါးကိုသာေတြ႕ႏိုင္သည္။ ဆံပင္သာ အမည္းေရာင္ျဖစ္ေနသည္။

ထိုအျဖဴေရာင္ပုံရိပ္က ႐ုတ္တရက္ သူ႕လက္ေဝွ႔ယမ္းျပကာ သူ႕ကိုႏႈတ္ဆက္သည္ဟု စုမင္ခံစားမိ၏။

ခ်န္စု သူ႕ေဘးနားေပၚလာၿပီး ေမးတယ္ .."မင္းမေၾကာက္ဘူးလား?"

စုမင္အေ႐ွ႕ကိုၾကည့္လိုက္ေတာ့ သရဲသ႑ာန္ပုံရိပ္သည္ ျပန္လွည့္သြားၿပီျဖစ္ကာ အခန္း၃ကိုအျပင္ဘက္၌ ဆက္ရပ္ေနၿပီး ေခါင္းအနည္းငယ္နိမ့္လိုက္ပုံက ျပတင္းေပါက္မွတဆင့္ အထဲကိုၾကည့္ေနသည့္ပုံပင္။

ပုံမွန္လူေတြဆို ဒီလိုေတြ႕တာနဲ႔ေၾကာက္လန္႔သြားၾကလိမ့္မည္။

စုမင္မတုန္႔ျပန္ေပ။ ခ်န္စု သူ႕ကိုစိုက္ၾကည့္ေနတာ ေတြ႕ေတာ့ ဟန္ေဆာင္ပန္ေဆာင္ျဖင့္ .."အာ ... ကြၽန္ေတာ္အရမ္းေၾကာက္တာပဲ"

ခ်န္စုဒီအခြင့္ေကာင္းကို အသုံးခ်ၿပီး သူ႕ကိုေထြးေပြ႕လိုက္ကာ .."မေၾကာက္ပါနဲ႔"

ဒါကအလြန္သာမန္စာေၾကာင္းေပမယ့္လည္း စုမင္ရယ္ခ်င္လာၿပီး ဘယ္လိုပဲျဖစ္ျဖစ္ အျပင္ပိုင္းမထုတ္ျပခဲ့ေပ။

**************

October 1, 2022
Thanks all
--------------------------------------------------------------------------

Continue Reading

You'll Also Like

98.8K 10K 28
Athulya Singhania has spent her entire life in solitude, yearning for the love of a family. Over the years, she mastered the art of concealing her em...
170K 3.8K 56
When the Princess of SAMCRO returns from four years abroad, she isn't alone. The sole daughter of Gemma and JT had a child while in France and only r...
12K 862 28
The transfer student couldn't me anything more special.But part of me want to help her.Why? Sooha thought to herself, she decided to help the new st...
5.2K 140 13
𝐏𝐔𝐁𝐋𝐈𝐒𝐇𝐄𝐃 𝐎𝐍: •❥𝐌𝐀𝐑𝐂𝐇 𝟏𝟓𝐓𝐇, 𝟐𝟎𝟐𝟐 • • • • • • • • • • • • • • • • 💕𝑴𝑰𝑪𝑯𝑨𝑬𝑳×𝑹𝑬𝑨𝑫𝑬𝑹💕 ...