[Unicode]
ဟော်ပေ့ချန်ရဲ့ လက်ထောက်တစ်ယောက်ဖြစ်တဲ့ ချီရှန်ကတော့ မမှားနိုင်လောက်ဘူး။
ဒါဆို ဟော်ပေ့ချန်က တကယ်ပဲ တခြားတစ်ယောက်ကို ချစ်နေတာပေါ့။
နင်မုန့်ရဲ့ လှပတဲ့ မျက်ခုံးတွေက တွန့်ကျုံ့သွားသည်။ မျက်လုံးထောင့်က ဖြည်းဖြည်းချင်း ရဲလာပြီး နှုတ်ခမ်းတို့က အနည်းငယ် တုန်ယင်လာ၏။ သူမ ပုံစံက မယုံကြည်နိုင်သည့်ပုံ ပေါ်နေသည်။
သူမတို့ရဲ့ လက်ထပ်ပွဲက လူချမ်းသာ အသိုင်းအဝိုင်း မိသားစုတွေကြား စီစဉ်တဲ့ လက်ထပ်ပွဲသာဖြစ်တာမို့ သူမတို့ နှစ်ယောက်ကြားမှာ အချစ်ရှိမှာ မဟုတ်ဘူးဆိုတာ သိလေသည်။
သူမတို့ နှစ်ယောက်ကြား မညီမျှတဲ့ အရာတွေ ရှိနေ၏။
ဘယ်လိုပဲဖြစ်ဖြစ် သူက စီးပွားရေး ခရီးမထွက်ခင် သူမကို အိမ်ပြန်လာဖို့ မေးလာခဲ့သည်လေ။
ကျန်းရှန့်မေက မကြာခင်မှာ ပြန်ထွက်လာပြီး ဘာမှ မပြောနိုင်သေးခင် နင်မုန့်က မတ်တပ်ရပ်လိုက်ကာ "ငါ အခု ပြန်တော့မယ်"
ပြီးနောက်မှာတော့ ကမန်းကတန်း ထွက်သွားလေတော့၏။
ကျန်းရှန့်မေက ရှုပ်ထွေးစွာနဲ့ပဲ သူမကို အော်ပြောလိုက်သည်။ "ဒါပေမယ့် ငါ ၂ပွဲမှာပြီး သွားပြီလေ! တကယ်လို့ နင်သွားမယ်ဆို ငါ့ပိုက်ဆံတွေက အလဟဿ ဖြစ်သွားလိမ့်မယ်"
ထိုအခါ နင်မုန့်က သူမဆီသို့ ပြန်လာလေသည်။
ကျန်းရှန့်မေက စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်းချလိုက်ပြီး "အဲ့လိုပဲ ဖြစ်သင့်တာ။ အရင်ဆုံး သေချာ စားဦး။ ပြီးတော့ ယောက်ျား တစ်ယောက်သာသာပဲ သူတို့ကြောင့်နဲ့ ငါတို့တွေ ဒေါသမထွက်သင့်ဘူး!"
နင်မုန့်က သရော်လိုက်သည် "ဒါဆိုရင် အစပိုင်းတုန်းက ရည်းစားနဲ့လည်း ပြတ်ရော အရူးလို ငိုယိုနေခဲ့တဲ့သူက ဘယ်သူများလဲ?"
ကျန်းရှန့်မေ ရှော့ရသွားသည်။
သူမ ပြောလိုက်၏။ "အခုချိန်မှာ နင်အဲ့ဒါကို မပြောစမ်းပါနဲ့! ပြီးတော့ နင် အခုပြန်လာတာ ငါနဲ့ စားဖို့ မဟုတ်ဘူးလား?"
နင်မုန့်က သူမကို ဟန်လုပ်ပြုံးပြလိုက်ပြီး "ငါ့ပစ္စည်းတွေ ပြန်လာယူတာ"
သူမရဲ့ အိတ်အသစ်တွေကို ကောက်ယူလိုက်ပြီးနောက် စိတ်ဆိုးစွာနဲ့ ထွက်သွားလေတော့၏။
ကျန်းရှန့်မေကတော့ ဘယ်လို တုံ့ပြန်ရမှန်း မသိတော့။
နင်မုန့်က တစ်ခုခုပဲဆိုတာ သူမ ခံစားလိုက်ရသည်။ သူမက မသေခင်မှာ အခေါင်းထဲ အတူယူသွားဖို့ သေချာပေါက် သူမရဲ့ ပိုက်ဆံအားလုံးကို ဆုပ်ကိုင်သွားမယ့် လူမျိုးပဲ။ နောက်ဆုံး အသက်ရှူချိန်အထိကို သူမက ပိုက်ဆံအတွက် တိုက်ခိုက်နေမှာပဲ။ အဲ့တာတွေ ရသွားမှပဲ သူမက ငြိမ်းငြိမ်းချမ်းချမ်း မျက်လုံးမှိတ်နိုင်မှာ ဖြစ်လောက်သည်။
***
ဟော်တယ်တွင် ဖြစ်သည်။
ဟော်ပေ့ချန်က မည်းမှောင်နေတဲ့ မျက်နှာနှင့် ဆိုဖာပေါ်မှာ ထိုင်နေလေသည်။
ခန့်ညားတဲ့ သူ့မျက်နှာပေါ်မှာ ရက်စက်ပြီး အေးစက်တဲ့ အငွေ့အသက်တို့ ရှိနေလေ၏။
တစ်စုံတယောက်ရဲ့ ငိုသံက အရမ်းကို သည်းထန်နေသည်။
ကောင်းမွန်စွာ မိတ်ကပ်ပြင်ထားတဲ့ မိန်းကလေးက ကြမ်းပြင်ပေါ်မှာ သနားစဖွယ်ဖြင့် မရပ်မနား ငိုကြွေးနေလေသည်။
သို့ပေမယ့်လည်း အခန်းထဲမှ အမျိုးသား နှစ်ယောက်ကတော့ သူမကို နည်းနည်းလေးတောင် ဂရုစိုက်သည့်ပုံ ပေါ်မနေ။
ချီရှန်က ခေါင်းငုံ့ထားသည်။ သူ့ပုံစံက အမှားလုပ်ထားတဲ့ မူလတန်းကျောင်းသားလေးနှင့်ပင် တူနေလေသည်။
ဘော့စ်က မိန်းမတွေကို သဘောမကျတာ သူတို့ နယ်ပယ်က လူတိုင်းသိကြလေ၏။
ကံဆိုးစွာပဲ နိုင်ငံခြားကနေ သိပ်မကြာခင်ကမှ ပြန်လာခဲ့တဲ့ CI ကိုယ်စားလှယ်က ဒါတွေကို မသိဘဲ ဘော့စ်ကို စိတ်ပျက်အောင် လုပ်ခဲ့လိုက်၏။
ချီရှန်က ကြောက်ရွံ့စွာနဲ့ပဲ တောင်းပန်လိုက်သည်။ "ကျွန်တော့ အမှားပါ ဘော့စ်။ ကျွန်တော် ပိုဂရုစိုက်လိုက်သင့်တာ"
သူ့ဘော့စ် အခန်းနားကို တစ်စုံတယောက်က ချဉ်းကပ်လာတာကို သူက ဘယ်လိုလုပ်ပြီး ခွင့်ပြုရမှာလဲ!
ဟော်ပေ့ချန်က တိတ်ဆိတ်နေဆဲဖြစ်သည်။ အချိန်တခု ကြာပြီးတဲ့နောက် ပြောလိုက်သည်။ "ကလပ်ကို တစ်လသွားရမယ်"
ချီရှန် ငိုပစ်လိုက်ချင်ပေမယ့်လည်း သူ့ဘော့စ် ဘေးနား အထွန့်မတက်ရဲတာမို့ "နားလည်ပါပြီ"
ပြီးနောက်မှာ သူက ထပ်ပြောလာသည်။ "လေဆိပ်ကို သွားမယ့်ကား အဆင်သင့် ဖြစ်ပြီလား?
ဟော်ပေ့ချန်က မျက်နှာသေနှင့်သာ အခန်းပြင် ထွက်သွားသလို ချီရှန်ကလည်း အနောက်မှ တိတ်ဆိတ်စွာသာ လိုက်သွားလိုက်သည်။
CIကိုယ်စားလှယ်က အပြေးအလွှားသွားပြီး အပြင်ဘက်မှ သူ့ကို တောင်းပန်ချင်ပေမယ့် ဟော်ပေ့ချန် အနားမရောက်ခင်မှာပင် bodyguardsတွေရဲ့ တားဆီးခြင်းကို ခံလိုက်ရတာမို့ အော်ပြောလိုက်၏။ "မစ္စတာဟော် ကျွန်တော် တကယ် တောင်းပန်ပါတယ်...."
ဟော်ပေ့ချန်ကတော့ သူ့လမ်းကိုသာ ဆက်လျှောက်သွားသည်။
ချီရှန်ကတော့ ဒေါသတကြီး ပြောလိုက်၏။ "CIက ငါတို့ နိုင်ငံထဲ ပြန်လာ ချင်သေးတယ်ပေါ့? အိမ်မက်သာ မက်နေလိုက်တော့! စီးပွားရေးကိစ္စ အားလုံး ဖျက်သိမ်းလိုက်ပြီ!"
လေဆိပ်မှာ ဖြစ်သည်။
ခုနကမှ အမျိုးသမီး တစ်ယောက်က သူ့ကို ထိတွေ့ခဲ့သည်ကို ဟော်ပေ့ချန် သတိရသွားသည်။ သူ့အဝတ်အစားတွေကို လဲခဲ့ပေမယ့်လည်း သူ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စက်ဆုပ်ဖွယ် ကောင်းသလို ခံစားနေရတုန်း ဖြစ်၏။
ချီရှန်က သူ့အနားမှာ ရှိနေတာ ဖြစ်တာမို့ ဘော့စ် ဖြစ်သူရဲ့ အေးစက်ပြီး ဝေးကွာနေတဲ့ ပုံစံကို မြင်တဲ့အခါ အကြံပေးလိုက်လေ၏။ "ဘော့စ်က အခု မိန်းကလေးရဲ့ နှလုံးသားကို အနိုင်ရဖို့ ကြိုးစားနေတာမလား? သူမ အတွက် လက်ဆောင် ဝယ်ပေးရင်ရော?"
ဟော်ပေ့ချန်ရဲ့ ခြေလှမ်းတို့က ရပ်တံ့သွားသည်။
ချီရှန်က စိုးရိမ်နေတုန်းမှာ ဟော်ပေ့ချန်က Cartierဆိုင်ထဲကို ဝင်သွားလိုက်သည်။
မကြာခင်မှာပဲ ဟော်ပေ့ချန်က စိန်နားကပ်တစ်စုံကို မြင်လိုက်လေ၏။
ထိုနားကပ်ရဲ့ ဒီဇိုင်းက အရမ်းသစ်ဆန်း မနေပေမယ့် စိန်တစ်လုံးစီက ၃ကာရက်စီ ရှိသည်။ အမျိုးသမီးလေးက ပိုက်ဆံ ဘယ်လောက်ချစ်လဲဆိုတာ သူ သတိရသွားသည်။ သူမ သေချာပေါက် သဘောကျပြီး သူ့ကို စကားကောင်းတွေချည်း ပြောလာတော့မှာ။
နောက်ဆုံးမှာတော့ သူ့မျက်နှာ အမူအရာက ကြည်ရွှင်သွား၏။
ငွေချေလိုက်ပြီး သူ့စိတ်က မူလအခြေအနေ ပြန်ရောက်သွားသလို ပြုံးရိပ်ပါ သမ်းလာလေသည်။
သုံးနာရီ ကြာပြီးနောက်မှာတော့ သူတို့နေရာကို ရောက်လာသည်။ အချိန်အားဖြင့်က ၁၀နာရီ ရှိနေပြီဖြစ်၏။
ဟော်ပေ့ချန်ကတော့ အိမ်ကို ရောက်ဖို့ မစောင့်နိုင်တော့။
ဘယ်လိုပဲဖြစ်ဖြစ် မကြာခင်မှာ သူတွေ့လိုက်တာက ကောင်မလေး အိမ်မှာမရှိတော့သည့်အတိုင်း တစ်အိမ်လုံး မှောင်အတိကျနေတဲ့ စံအိမ်ကိုသာ ဖြစ်လေသည်။
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
-------------------
[Zawgyi]
ေဟာ္ေပ့ခ်န္ရဲ႕ လက္ေထာက္တစ္ေယာက္ျဖစ္တဲ့ ခ်ီရွန္ကေတာ့ မမွားႏိုင္ေလာက္ဘူး။
ဒါဆို ေဟာ္ေပ့ခ်န္က တကယ္ပဲ တျခားတစ္ေယာက္ကို ခ်စ္ေနတာေပါ့။
နင္မုန႔္ရဲ႕ လွပတဲ့ မ်က္ခုံးေတြက တြန႔္က်ဳံ႔သြားသည္။ မ်က္လုံးေထာင့္က ျဖည္းျဖည္းခ်င္း ရဲလာၿပီး ႏႈတ္ခမ္းတို႔က အနည္းငယ္ တုန္ယင္လာ၏။ သူမ ပုံစံက မယုံၾကည္ႏိုင္သည့္ပုံ ေပၚေနသည္။
သူမတို႔ရဲ႕ လက္ထပ္ပြဲက လူခ်မ္းသာ အသိုင္းအဝိုင္း မိသားစုေတြၾကား စီစဥ္တဲ့ လက္ထပ္ပြဲသာျဖစ္တာမို႔ သူမတို႔ ႏွစ္ေယာက္ၾကားမွာ အခ်စ္ရွိမွာ မဟုတ္ဘူးဆိုတာ သိေလသည္။
သူမတို႔ ႏွစ္ေယာက္ၾကား မညီမွ်တဲ့ အရာေတြ ရွိေန၏။
ဘယ္လိုပဲျဖစ္ျဖစ္ သူက စီးပြားေရး ခရီးမထြက္ခင္ သူမကို အိမ္ျပန္လာဖို႔ ေမးလာခဲ့သည္ေလ။
က်န္းရွန႔္ေမက မၾကာခင္မွာ ျပန္ထြက္လာၿပီး ဘာမွ မေျပာႏိုင္ေသးခင္ နင္မုန႔္က မတ္တပ္ရပ္လိုက္ကာ "ငါ အခု ျပန္ေတာ့မယ္"
ၿပီးေနာက္မွာေတာ့ ကမန္းကတန္း ထြက္သြားေလေတာ့၏။
က်န္းရွန႔္ေမက ရႈပ္ေထြးစြာနဲ႔ပဲ သူမကို ေအာ္ေျပာလိုက္သည္။ "ဒါေပမယ့္ ငါ ၂ပြဲမွာၿပီး သြားၿပီေလ! တကယ္လို႔ နင္သြားမယ္ဆို ငါ့ပိုက္ဆံေတြက အလဟႆ ျဖစ္သြားလိမ့္မယ္"
ထိုအခါ နင္မုန႔္က သူမဆီသို႔ ျပန္လာေလသည္။
က်န္းရွန႔္ေမက စိတ္သက္သာရာ ရစြာနဲ႔ သက္ျပင္းခ်လိုက္ၿပီး "အဲ့လိုပဲ ျဖစ္သင့္တာ။ အရင္ဆုံး ေသခ်ာ စားဦး။ ၿပီးေတာ့ ေယာက္်ား တစ္ေယာက္သာသာပဲ သူတို႔ေၾကာင့္နဲ႔ ငါတို႔ေတြ ေဒါသမထြက္သင့္ဘူး!"
နင္မုန႔္က သေရာ္လိုက္သည္ "ဒါဆိုရင္ အစပိုင္းတုန္းက ရည္းစားနဲ႔လည္း ျပတ္ေရာ အ႐ူးလို ငိုယိုေနခဲ့တဲ့သူက ဘယ္သူမ်ားလဲ?"
က်န္းရွန႔္ေမ ေရွာ့ရသြားသည္။
သူမ ေျပာလိုက္၏။ "အခုခ်ိန္မွာ နင္အဲ့ဒါကို မေျပာစမ္းပါနဲ႔! ၿပီးေတာ့ နင္ အခုျပန္လာတာ ငါနဲ႔ စားဖို႔ မဟုတ္ဘူးလား?"
နင္မုန႔္က သူမကို ဟန္လုပ္ၿပဳံးျပလိုက္ၿပီး "ငါ့ပစၥည္းေတြ ျပန္လာယူတာ"
သူမရဲ႕ အိတ္အသစ္ေတြကို ေကာက္ယူလိုက္ၿပီးေနာက္ စိတ္ဆိုးစြာနဲ႔ ထြက္သြားေလေတာ့၏။
က်န္းရွန႔္ေမကေတာ့ ဘယ္လို တုံ႔ျပန္ရမွန္း မသိေတာ့။
နင္မုန႔္က တစ္ခုခုပဲဆိုတာ သူမ ခံစားလိုက္ရသည္။ သူမက မေသခင္မွာ အေခါင္းထဲ အတူယူသြားဖို႔ ေသခ်ာေပါက္ သူမရဲ႕ ပိုက္ဆံအားလုံးကို ဆုပ္ကိုင္သြားမယ့္ လူမ်ိဳးပဲ။ ေနာက္ဆုံး အသက္ရွဴခ်ိန္အထိကို သူမက ပိုက္ဆံအတြက္ တိုက္ခိုက္ေနမွာပဲ။ အဲ့တာေတြ ရသြားမွပဲ သူမက ၿငိမ္းၿငိမ္းခ်မ္းခ်မ္း မ်က္လုံးမွိတ္ႏိုင္မွာ ျဖစ္ေလာက္သည္။
***
ေဟာ္တယ္တြင္ ျဖစ္သည္။
ေဟာ္ေပ့ခ်န္က မည္းေမွာင္ေနတဲ့ မ်က္ႏွာႏွင့္ ဆိုဖာေပၚမွာ ထိုင္ေနေလသည္။
ခန႔္ညားတဲ့ သူ႔မ်က္ႏွာေပၚမွာ ရက္စက္ၿပီး ေအးစက္တဲ့ အေငြ႕အသက္တို႔ ရွိေနေလ၏။
တစ္စုံတေယာက္ရဲ႕ ငိုသံက အရမ္းကို သည္းထန္ေနသည္။
ေကာင္းမြန္စြာ မိတ္ကပ္ျပင္ထားတဲ့ မိန္းကေလးက ၾကမ္းျပင္ေပၚမွာ သနားစဖြယ္ျဖင့္ မရပ္မနား ငိုေႂကြးေနေလသည္။
သို႔ေပမယ့္လည္း အခန္းထဲမွ အမ်ိဳးသား ႏွစ္ေယာက္ကေတာ့ သူမကို နည္းနည္းေလးေတာင္ ဂ႐ုစိုက္သည့္ပုံ ေပၚမေန။
ခ်ီရွန္က ေခါင္းငုံ႔ထားသည္။ သူ႔ပုံစံက အမွားလုပ္ထားတဲ့ မူလတန္းေက်ာင္းသားေလးႏွင့္ပင္ တူေနေလသည္။
ေဘာ့စ္က မိန္းမေတြကို သေဘာမက်တာ သူတို႔ နယ္ပယ္က လူတိုင္းသိၾကေလ၏။
ကံဆိုးစြာပဲ ႏိုင္ငံျခားကေန သိပ္မၾကာခင္ကမွ ျပန္လာခဲ့တဲ့ CI ကိုယ္စားလွယ္က ဒါေတြကို မသိဘဲ ေဘာ့စ္ကို စိတ္ပ်က္ေအာင္ လုပ္ခဲ့လိုက္၏။
ခ်ီရွန္က ေၾကာက္႐ြံ႕စြာနဲ႔ပဲ ေတာင္းပန္လိုက္သည္။ "ကြၽန္ေတာ့ အမွားပါ ေဘာ့စ္။ ကြၽန္ေတာ္ ပိုဂ႐ုစိုက္လိုက္သင့္တာ"
သူ႔ေဘာ့စ္ အခန္းနားကို တစ္စုံတေယာက္က ခ်ဥ္းကပ္လာတာကို သူက ဘယ္လိုလုပ္ၿပီး ခြင့္ျပဳရမွာလဲ!
ေဟာ္ေပ့ခ်န္က တိတ္ဆိတ္ေနဆဲျဖစ္သည္။ အခ်ိန္တခု ၾကာၿပီးတဲ့ေနာက္ ေျပာလိုက္သည္။ "ကလပ္ကို တစ္လသြားရမယ္"
ခ်ီရွန္ ငိုပစ္လိုက္ခ်င္ေပမယ့္လည္း သူ႔ေဘာ့စ္ ေဘးနား အထြန႔္မတက္ရဲတာမို႔ "နားလည္ပါၿပီ"
ၿပီးေနာက္မွာ သူက ထပ္ေျပာလာသည္။ "ေလဆိပ္ကို သြားမယ့္ကား အဆင္သင့္ ျဖစ္ၿပီလား?
ေဟာ္ေပ့ခ်န္က မ်က္ႏွာေသႏွင့္သာ အခန္းျပင္ ထြက္သြားသလို ခ်ီရွန္ကလည္း အေနာက္မွ တိတ္ဆိတ္စြာသာ လိုက္သြားလိုက္သည္။
CIကိုယ္စားလွယ္က အေျပးအလႊားသြားၿပီး အျပင္ဘက္မွ သူ႔ကို ေတာင္းပန္ခ်င္ေပမယ့္ ေဟာ္ေပ့ခ်န္ အနားမေရာက္ခင္မွာပင္ bodyguardsေတြရဲ႕ တားဆီးျခင္းကို ခံလိုက္ရတာမို႔ ေအာ္ေျပာလိုက္၏။ "မစၥတာေဟာ္ ကြၽန္ေတာ္ တကယ္ ေတာင္းပန္ပါတယ္...."
ေဟာ္ေပ့ခ်န္ကေတာ့ သူ႔လမ္းကိုသာ ဆက္ေလွ်ာက္သြားသည္။
ခ်ီရွန္ကေတာ့ ေဒါသတႀကီး ေျပာလိုက္၏။ "CIက ငါတို႔ ႏိုင္ငံထဲ ျပန္လာ ခ်င္ေသးတယ္ေပါ့? အိမ္မက္သာ မက္ေနလိုက္ေတာ့! စီးပြားေရးကိစၥ အားလုံး ဖ်က္သိမ္းလိုက္ၿပီ!"
ေလဆိပ္မွာ ျဖစ္သည္။
ခုနကမွ အမ်ိဳးသမီး တစ္ေယာက္က သူ႔ကို ထိေတြ႕ခဲ့သည္ကို ေဟာ္ေပ့ခ်န္ သတိရသြားသည္။ သူ႔အ၀တ္အစားေတြကို လဲခဲ့ေပမယ့္လည္း သူ႔ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး စက္ဆုပ္ဖြယ္ ေကာင္းသလို ခံစားေနရတုန္း ျဖစ္၏။
ခ်ီရွန္က သူ႔အနားမွာ ရွိေနတာ ျဖစ္တာမို႔ ေဘာ့စ္ ျဖစ္သူရဲ႕ ေအးစက္ၿပီး ေဝးကြာေနတဲ့ ပုံစံကို ျမင္တဲ့အခါ အႀကံေပးလိုက္ေလ၏။ "ေဘာ့စ္က အခု မိန္းကေလးရဲ႕ ႏွလုံးသားကို အႏိုင္ရဖို႔ ႀကိဳးစားေနတာမလား? သူမ အတြက္ လက္ေဆာင္ ၀ယ္ေပးရင္ေရာ?"
ေဟာ္ေပ့ခ်န္ရဲ႕ ေျခလွမ္းတို႔က ရပ္တံ့သြားသည္။
ခ်ီရွန္က စိုးရိမ္ေနတုန္းမွာ ေဟာ္ေပ့ခ်န္က Cartierဆိုင္ထဲကို ၀င္သြားလိုက္သည္။
မၾကာခင္မွာပဲ ေဟာ္ေပ့ခ်န္က စိန္နားကပ္တစ္စုံကို ျမင္လိုက္ေလ၏။
ထိုနားကပ္ရဲ႕ ဒီဇိုင္းက အရမ္းသစ္ဆန္း မေနေပမယ့္ စိန္တစ္လုံးစီက ၃ကာရက္စီ ရွိသည္။ အမ်ိဳးသမီးေလးက ပိုက္ဆံ ဘယ္ေလာက္ခ်စ္လဲဆိုတာ သူ သတိရသြားသည္။ သူမ ေသခ်ာေပါက္ သေဘာက်ၿပီး သူ႔ကို စကားေကာင္းေတြခ်ည္း ေျပာလာေတာ့မွာ။
ေနာက္ဆုံးမွာေတာ့ သူ႔မ်က္ႏွာ အမူအရာက ၾကည္႐ႊင္သြား၏။
ေငြေခ်လိုက္ၿပီး သူ႔စိတ္က မူလအေျခအေန ျပန္ေရာက္သြားသလို ၿပဳံးရိပ္ပါ သမ္းလာေလသည္။
သုံးနာရီ ၾကာၿပီးေနာက္မွာေတာ့ သူတို႔ေနရာကို ေရာက္လာသည္။ အခ်ိန္အားျဖင့္က ၁၀နာရီ ရွိေနၿပီျဖစ္၏။
ေဟာ္ေပ့ခ်န္ကေတာ့ အိမ္ကို ေရာက္ဖို႔ မေစာင့္ႏိုင္ေတာ့။
ဘယ္လိုပဲျဖစ္ျဖစ္ မၾကာခင္မွာ သူေတြ႕လိုက္တာက ေကာင္မေလး အိမ္မွာမရွိေတာ့သည့္အတိုင္း တစ္အိမ္လုံး ေမွာင္အတိက်ေနတဲ့ စံအိမ္ကိုသာ ျဖစ္ေလသည္။
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာဝယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]