[Unicode]
ကျန်းရှန့်မေက ပဟေဠိ ဖြစ်သွားကာ "ရှင် ရူးနေတာလား"
လီဟောက်ကျယ်က ဒေါသတကြီး ပြောလိုက်သည်။ "ရူးနေတဲ့လူက မင်းမှ အစစ်! မင်း စည်းကျော်လွန်းနေပြီ။ ငါ မင်းကို အခုပြောလိုက်မယ် ငါ ဘယ်တော့မှ မင်းနဲ့ ပြန်တွဲမှာ မဟုတ်ဘူး!"
ကျန်းရှန့်မေက ပဟေဠိဖြစ်လို့သာ နေသေး၏။
သူမ မျက်မှောင်ကြုပ်လိုက်ပြီး ရင်းနှီးသည့်တိုင် အရမ်းထူးဆန်းနေတဲ့ ထိုလူကို စိုက်ကြည့်လိုက်သည်။
သူမ သူ့ကိုလက်လျော့ လိုက်ပြီးတဲ့နောက် သူမ ရှေ့က ထိုလူက အရမ်း အကျည်းတန်ပြီး စိတ်ပျက်ဖို့ကောင်းတဲ့လူ ဖြစ်လာလိမ့်မယ်လို့ သူမ တခါမှ မထင်ထားခဲ့ပေ။
သူမ သူ့ကို အော်လိုက်ချင်ပေမယ့် ဘယ်လိုအော်ရမှန်း မသိတာမို့ နင်မုန့်ကို အသနားခံတဲ့ မျက်နှာနှင့် ကြည့်လိုက်သည်။
နင်မုန့်က ရှေ့ကို တလှမ်းတိုးလာသည်။ မျှော်လင့်ထားတဲ့အတိုင်း သူမက ကျန်းရှန့်မေရဲ့ အရှေ့မှာ ရပ်လိုက်ကာ ထေ့ငေါ့ရယ်သွမ်းလိုက်၏။ "လီဟောက်ကျယ် ရှင်ကတော်တော် မျက်နှာပြောင် တိုက်တတ်တာပဲလား? ဘာလို့များ ကိုယ့်ကိုကိုယ် အဲ့လောက် အထင်ကြီးနေတာလဲ? ဒါမှမဟုတ် နေ နဲ့ ကမ္ဘာက ရှင့်ကို ဗဟိုပြုပြီးများ လည်နေတယ်လို့ ထင်နေတာလား? ကျွန်မ ရှင့်ကို ပြောလိုက်မယ် ကိုယ့်ကိုကိုယ် အဲ့လောက် အထင်ကြီး မနေနဲ့။ ရှင်က လတ်လတ်ဆတ်ဆတ် ပန်းတစ်ပွင့်ဆိုရင်တောင် လူတွေက ရှင့်အနားလာမှာ မဟုတ်ဘူး!"
သူမ ပါးစပ်သေးသေးလေးနဲ့ ဂရုမစိုက်စွာပဲ လီဟောက်ကျယ်ကို အနာပေါ်တုတ်ကျအောင်ထိ ဖြစ်အောင် အော်ငေါက် ဆူပူနေတာ ဖြစ်၏။
ကျန်းရှန့်မေကလည်း စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့ အကြည့်တို့နဲ့ ကြည့်နေတဲ့အခါ သူ့မာနကို ပိုထိခိုက်စေ၏။
ဒီတခေါက်ကျ သူမက သူ့အတွက် မကာကွယ်တော့ဘူးလား?
လီဟောက်ကျယ် ဒေါသထွက်လာ၏။ သို့ပေမယ့်လည်း သူ့အနေနဲ့ လင်းချင်ပေ့ကိုသာ အော်ငေါက်လိုက်သည်။ "မင်းက အဆိုတော်တစ်ယောက် အနေနဲ့ တကယ်ကို ရှက်ဖို့ကောင်းတဲ့ လူပဲ! ဂီတအကြောင်း ဘာမှမသိတဲ့ အရူးတစ်ယောက်နဲ့များ ပူးပေါင်းနိုင်ရတာလဲ? မင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာတယ်လား?"
လင်းချင်ပေ့က ဂုဏ်ယူစွာပဲ ခေါင်းမော့ပြီးသာ ပြောလိုက်သည်။ "မင်းသာ ယောက်ျားဆို အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့! ပြိုင်ပွဲကျ တွေ့ကြတာပေါ့!"
လီဟောက်ကျယ်က ဒေါသနှင့်သာ တုံ့ပြန်လိုက်၏။ "ကောင်းပြီလေ!"
နင်မုန့်က ဘေးကနေ ကြည့်နေတာ ဖြစ်သည်။။ သူမရဲ့ မျက်လုံးတွေကို လှိမ့်လိုက်ရင်း ပြောလိုက်သည်။ "လောင်း ကြတာပေါ့! ရှင်တို့ နှစ်ယောက်လုံးက အဆိုတော်ပဲလေ။ ရှုံးတဲ့လူက နိုင်တဲ့လူ တောင်းဆိုတဲ့အတိုင်း Weiboပေါ်မှာ statusတင်ရမယ်။ ဒီ စိန်ခေါ်မှုကို လက်ခံဖို့ သတ္တိရှိရဲ့လား လီဟောက်ကျယ်?"
လီဟောက်ကျယ်က စိတ်လှုပ်ရှားပြီး ရင်ဖိုနေတာဖြစ်သည်။ ထိုစကားကြားတဲ့အခါ ထေ့ငေါ့စွာ ရယ်လိုက်ပြီး "ဘာကို ကြောက်နေရမှာလဲ? စိန်ခေါ်မှုကို ငါ လက်ခံတယ်။ ကျန်းရှန့်မေနဲ့ အတူဆိုရမယ့် လင်းချင်ပေ့က ငါ့ကို ဘယ်လိုများ ရှုံးအောင် လုပ်နိုင်မှာလဲ?"
ကျန်းရှန့်မေက သူ့ရှေ့မှာ တခါမှ သီချင်းမဆိုခဲ့ဖူးပေ။ ဒီမတိုင်ခင်က သူမကို ဆိုကြည့်ဖို့ မေးခဲ့ပေမယ့် သူမက သီချင်း ဘယ်လို ဆိုရမှန်း မသိကြောင်းနဲ့ အမြဲတမ်း ကီးကိုက်အောင် မဆိုတတ်ကြောင်း ပြောတတ်လေ၏။
ဒါကြောင့်ပဲ သူ့အနေနဲ့ ရှုံးမယ်ဆိုတာ လုံး၀ မဖြစ်နိုင်ဘူး!
***
ပြိုင်ပွဲက တစ်ပတ်အတွင်းမှာ စတင်မှာ ဖြစ်သည်။
အလောင်းအစား လုပ်ပြီးတည်းက ကျန်းရှန့်မေက အရမ်းကြိုးစားခဲ့၏။ ဝန်ထမ်းတွေ စီစဉ်ပေးထားခဲ့တဲ့ အသံလုံခန်းထဲမှာ မနားမနေပဲ လင်းချင်ပေ့နှင့်အတူ လေ့ကျင့်လေ၏။
အထွေအထူး ကိစ္စတွေ မရှိပါဘဲ နှစ်ရက်ကြာသွားပြီဖြစ်ပြီး သူတို့က ပွဲကျင်းပရာနေရာမှာ ရှိနေတာဖြစ်သည်။
မွန်းတည့်ချိန် ဖြစ်ပြီး လူတိုင်းလည်း ပင်ပန်းနေကြပြီ ဖြစ်တာမို့ ၂နာရီ အနားယူလိုက်ကြသည်။
ကျန်းရှန့်မေက စီးပွားရေးကြောင့် အပြင်ရောက်နေတဲ့ သူမရဲ့ အဖေနဲ့ video callပြောနေတာ ဖြစ်သည်။ ဖုန်းကိုင်ထားကာ လေ့ကျင့်တဲ့အခန်းအား သူမ အဖေကို ပြလိုက်ပြီး "အဖေ မြင်ရလား? ပတ်ဝန်းကျင်က အဆင်ပြေပါတယ် သမီးလည်း အခက်အခဲ မရှိဘူး။ အရမ်းကြီး စိတ်မပူပါနဲ့!"
ပါးပါးကျန်းက ခေါင်းငြိမ့်လိုက်ကာ "သမီး စိတ်ချမ်းသာသ၍ ကောင်းပါပြီ"
ကျန်းရှန့်မေက ခေါင်းငြိမ့်ပြလိုက်သည်။ ရုတ်တရက်ဆိုသလို သူမ ဖခင်အနောက်က တစ်စုံတယောက်ကို မြင်လိုက်ရသည်။ စုံတွဲတစ်တွဲက ရန်ဖြစ်နေပုံပေါ်၏။ အမျိုးသမီးက ငိုရင်းပဲ အမျိုးသားရဲ့ ရင်ခွင်ထဲကို ပစ်ဝင်လိုက်သည်။ ပြီးနောက်မှာတော့ တယောက်နှင့် တစ်ယောက် တွန်းဆွဲနေရင်းပဲ သီးသန့်အခန်းထဲ ဝင်သွားကြလေ၏။
အမျိုးသားရဲ့ မျက်နှာက မည်းမှောင်နေသည်။ သူလှည့်လာတဲ့အခါ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဘာလို့များ သူက ရင်းနှီးသလို ခံစားနေရတာ ပါလိမ့်?
သူမ ခနတာ ရပ်တံ့သွားပြီးနောက် မေးလိုက်သည်။ "အဖေ ဘယ်မှာလဲ"
ပါးပါးကျန်းက ပြန်ဖြေလိုက်သည်။ "ဟော်တယ်မှာ"
ပြီးနောက်မှာတော့ လူတစ်ယောက်က ဖုန်းပြောရင်း သူမ ဖခင်နားက ဖြတ်သွားသည်
"စိတ်မပူစမ်းပါနဲ့ ငါ ဟော်ပေ့ချန်အတွက် စီစဉ်ပေးလိုက်တဲ့ မိန်းကလေးက သူကြိုက်တဲ့ ပုံစံပဲ။ အခုလေးတင် အခန်းထဲ အလောတကြီး ဝင်သွားတာ ငါတွေ့ခဲ့တယ်!"
ကျန်းရှန့်မေ ရှော့ရသွား၏။
***
ထိုအချိန်မှာ နင်မုန့်ကတော့ စံအိမ်ထဲက အခန်းကို ရှင်းနေတာဖြစ်သည်။ သူမကိုယ်သူမ အလုပ်ရှုပ်လွန်းတဲ့ ပျားလိုတောင် ခံစားလိုက်ရသည်။
ဟော်ပေ့ချန် ထိုနေ့က အိမ်ပြန်လာတုန်းက အခန်းကို သူမ မရှင်းလင်းခဲ့ရ....အင်း...သေချာပေါက် အဲ့တာကြောင့်တော့ မဟုတ်ပါဘူး။
ရုတ်တရက်ဆိုသလို တံခါးဘဲလ် မြည်လာ၏။
ဘယ်သူဖြစ်မလဲ စူးစမ်းရင်း တံခါးဆီကို သူမ လျှောက်သွားလိုက်သည်။ မကြာခင်မှာပဲ အပြင်တွင် ရပ်နေတဲ့ ကျန်းရှန့်မေကို တွေ့လိုက်ရသည်။
နင်မုန့် ပဟေဠိဖြစ်လို့ သွား၏။ "နင် ဘာလို့ ဒီရောက်လာတာလဲ"
ကျန်းရှန့်မေ ပုံစံကလည်း ကို့ရို့ကားယားဖြစ်ပုံပေါ်နေသည်။ သူမက အစိမ်းရောင် Chanel လက်ကိုင်အိတ်သစ်ကို ကိုင်ထားပြီး သူမဆီ ကမ်းပေးလာ၏။ "နင်က ဒီမှာပဲ။ ဒါ နင့်အတွက်"
နင်မုန့် ဆွံ့အလို့သာ သွားသည်။
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
--------------------
[Zawgyi]
က်န္းရွန႔္ေမက ပေဟဠိ ျဖစ္သြားကာ "ရွင္ ႐ူးေနတာလား"
လီေဟာက္က်ယ္က ေဒါသတႀကီး ေျပာလိုက္သည္။ "႐ူးေနတဲ့လူက မင္းမွ အစစ္! မင္း စည္းေက်ာ္လြန္းေနၿပီ။ ငါ မင္းကို အခုေျပာလိုက္မယ္ ငါ ဘယ္ေတာ့မွ မင္းနဲ႔ ျပန္တြဲမွာ မဟုတ္ဘူး!"
က်န္းရွန႔္ေမက ပေဟဠိျဖစ္လို႔သာ ေနေသး၏။
သူမ မ်က္ေမွာင္ၾကဳပ္လိုက္ၿပီး ရင္းႏွီးသည့္တိုင္ အရမ္းထူးဆန္းေနတဲ့ ထိုလူကို စိုက္ၾကည့္လိုက္သည္။
သူမ သူ႔ကိုလက္ေလ်ာ့ လိုက္ၿပီးတဲ့ေနာက္ သူမ ေရွ႕က ထိုလူက အရမ္း အက်ည္းတန္ၿပီး စိတ္ပ်က္ဖို႔ေကာင္းတဲ့လူ ျဖစ္လာလိမ့္မယ္လို႔ သူမ တခါမွ မထင္ထားခဲ့ေပ။
သူမ သူ႔ကို ေအာ္လိုက္ခ်င္ေပမယ့္ ဘယ္လိုေအာ္ရမွန္း မသိတာမို႔ နင္မုန႔္ကို အသနားခံတဲ့ မ်က္ႏွာႏွင့္ ၾကည့္လိုက္သည္။
နင္မုန႔္က ေရွ႕ကို တလွမ္းတိုးလာသည္။ ေမွ်ာ္လင့္ထားတဲ့အတိုင္း သူမက က်န္းရွန႔္ေမရဲ႕ အေရွ႕မွာ ရပ္လိုက္ကာ ေထ့ေငါ့ရယ္သြမ္းလိုက္၏။ "လီေဟာက္က်ယ္ ရွင္ကေတာ္ေတာ္ မ်က္ႏွာေျပာင္ တိုက္တတ္တာပဲလား? ဘာလို႔မ်ား ကိုယ့္ကိုကိုယ္ အဲ့ေလာက္ အထင္ႀကီးေနတာလဲ? ဒါမွမဟုတ္ ေန နဲ႔ ကမာၻက ရွင့္ကို ဗဟိုျပဳၿပီးမ်ား လည္ေနတယ္လို႔ ထင္ေနတာလား? ကြၽန္မ ရွင့္ကို ေျပာလိုက္မယ္ ကိုယ့္ကိုကိုယ္ အဲ့ေလာက္ အထင္ႀကီး မေနနဲ႔။ ရွင္က လတ္လတ္ဆတ္ဆတ္ ပန္းတစ္ပြင့္ဆိုရင္ေတာင္ လူေတြက ရွင့္အနားလာမွာ မဟုတ္ဘူး!"
သူမ ပါးစပ္ေသးေသးေလးနဲ႔ ဂ႐ုမစိုက္စြာပဲ လီေဟာက္က်ယ္ကို အနာေပၚတုတ္က်ေအာင္ထိ ျဖစ္ေအာင္ ေအာ္ေငါက္ ဆူပူေနတာ ျဖစ္၏။
က်န္းရွန႔္ေမကလည္း စက္ဆုပ္႐ြံရွာဖြယ္ ေကာင္းတဲ့ အၾကည့္တို႔နဲ႔ ၾကည့္ေနတဲ့အခါ သူ႔မာနကို ပိုထိခိုက္ေစ၏။
ဒီတေခါက္က် သူမက သူ႔အတြက္ မကာကြယ္ေတာ့ဘူးလား?
လီေဟာက္က်ယိ ေဒါသထြက္လာ၏။ သို႔ေပမယ့္လည္း သူ႔အေနနဲ႔ လင္းခ်င္ေပ့ကိုသာ ေအာ္ေငါက္လိုက္သည္။ "မင္းက အဆိုေတာ္တစ္ေယာက္ အေနနဲ႔ တကယ္ကို ရွက္ဖို႔ေကာင္းတဲ့ လူပဲ! ဂီတအေၾကာင္း ဘာမွမသိတဲ့ အ႐ူးတစ္ေယာက္နဲ႔မ်ား ပူးေပါင္းႏိုင္ရတာလဲ? မင္း ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေသခ်ာတယ္လား?"
လင္းခ်င္ေပ့ ဂုဏ္ယူစြာပဲ ေခါင္းေမာ့ၿပီးသာ ေျပာလိုက္သည္။ "မင္းသာ ေယာက္်ားဆို အဓိပၸာယ္မရွိတာေတြ ေလွ်ာက္မေျပာနဲ႔! ၿပိဳင္ပြဲက် ေတြ႕ၾကတာေပါ့!"
လီေဟာက္က်ယ္က ေဒါသႏွင့္သာ တုံ႔ျပန္လိုက္၏။ "ေကာင္းၿပီေလ!"
နင္မုန႔္က ေဘးကေန ၾကည့္ေနတာ ျဖစ္သည္။။ သူမရဲ႕ မ်က္လုံးေတြကို လွိမ့္လိုက္ရင္း ေျပာလိုက္သည္။ "ေလာင္း ၾကတာေပါ့! ရွင္တို႔ ႏွစ္ေယာက္လုံးက အဆိုေတာ္ပဲေလ။ ရႈံးတဲ့လူက ႏိုင္တဲ့လူ ေတာင္းဆိုတဲ့အတိုင္း Weiboေပၚမွာ statusတင္ရမယ္။ ဒီ စိန္ေခၚမႈကို လက္ခံဖို႔ သတၱိရွိရဲ႕လား လီေဟာက္က်ယ္?"
လီေဟာက္က်ယ္က စိတ္လႈပ္ရွားၿပီး ရင္ဖိုေနတာျဖစ္သည္။ ထိုစကားၾကားတဲ့အခါ ေထ့ေငါ့စြာ ရယ္လိုက္ၿပီး "ဘာကို ေၾကာက္ေနရမွာလဲ? စိန္ေခၚမႈကို ငါ လက္ခံတယ္။ က်န္းရွန႔္ေမနဲ႔ အတူဆိုရမယ့္ လင္းခ်င္ေပ့က ငါ့ကို ဘယ္လိုမ်ား ရႈံးေအာင္ လုပ္ႏိုင္မွာလဲ?"
က်န္းရွန႔္ေမက သူ႔ေရွ႕မွာ တခါမွ သီခ်င္းမဆိုခဲ့ဖူးေပ။ ဒီမတိုင္ခင္က သူမကို ဆိုၾကည့္ဖို႔ ေမးခဲ့ေပမယ့္ သူမက သီခ်င္း ဘယ္လို ဆိုရမွန္း မသိေၾကာင္းနဲ႔ အၿမဲတမ္း ကီးကိုက္ေအာင္ မဆိုတတ္ေၾကာင္း ေျပာတတ္ေလ၏။
ဒါေၾကာင့္ပဲ သူ႔အေနနဲ႔ ရႈံးမယ္ဆိုတာ လုံး၀ မျဖစ္ႏိုင္ဘူး!
***
ၿပိဳင္ပြဲက တစ္ပတ္အတြင္းမွာ စတင္မွာ ျဖစ္သည္။
အေလာင္းအစား လုပ္ၿပီးတည္းက က်န္းရွန႔္ေမက အရမ္းႀကိဳးစားခဲ့၏။ ၀န္ထမ္းေတြ စီစဥ္ေပးထားခဲ့တဲ့ အသံလုံခန္းထဲမွာ မနားမေနပဲ လင္းခ်င္ေပ့ႏွင့္အတူ ေလ့က်င့္ေလ၏။
အေထြအထူး ကိစၥေတြ မရွိပါဘဲ ႏွစ္ရက္ၾကာသြားၿပီျဖစ္ၿပီး သူတို႔က ပြဲက်င္းပရာေနရာမွာ ရွိေနတာျဖစ္သည္။
မြန္းတည့္ခ်ိန္ ျဖစ္ၿပီး လူတိုင္းလည္း ပင္ပန္းေနၾကၿပီ ျဖစ္တာမို႔ ၂နာရီ အနားယူလိုက္ၾကသည္။
က်န္းရွန႔္ေမက စီးပြားေရးေၾကာင့္ အျပင္ေရာက္ေနတဲ့ သူမရဲ႕ အေဖနဲ႔ video callေျပာေနတာ ျဖစ္သည္။ ဖုန္းကိုင္ထားကာ ေလ့က်င့္တဲ့အခန္းအား သူမ အေဖကို ျပလိုက္ၿပီး "အေဖ ျမင္ရလား? ပတ္၀န္းက်င္က အဆင္ေျပပါတယ္ သမီးလည္း အခက္အခဲ မရွိဘူး။ အရမ္းႀကီး စိတ္မပူပါနဲ႔!"
ပါးပါးက်န္းက ေခါင္းၿငိမ့္လိုက္ကာ "သမီး စိတ္ခ်မ္းသာသ၍ ေကာင္းပါၿပီ"
က်န္းရွန႔္ေမက ေခါင္းၿငိမ့္ျပလိုက္သည္။ ႐ုတ္တရက္ဆိုသလို သူမ ဖခင္အေနာက္က တစ္စုံတေယာက္ကို ျမင္လိုက္ရသည္။ စုံတြဲတစ္တြဲက ရန္ျဖစ္ေနပုံေပၚ၏။ အမ်ိဳးသမီးက ငိုရင္းပဲ အမ်ိဳးသားရဲ႕ ရင္ခြင္ထဲကို ပစ္၀င္လိုက္သည္။ ၿပီးေနာက္မွာေတာ့ တေယာက္ႏွင့္ တစ္ေယာက္ တြန္းဆြဲေနရင္းပဲ သီးသန႔္အခန္းထဲ ၀င္သြားၾကေလ၏။
အမ်ိဳးသားရဲ႕ မ်က္ႏွာက မည္းေမွာင္ေနသည္။ သူလွည့္လာတဲ့အခါ သူ႔မ်က္ႏွာကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။ ဘာလို႔မ်ား သူက ရင္းႏွီးသလို ခံစားေနရတာ ပါလိမ့္?
သူမ ခနတာ ရပ္တံ့သြားၿပီးေနာက္ ေမးလိုက္သည္။ "အေဖ ဘယ္မွာလဲ"
ပါးပါးက်န္းက ျပန္ေျဖလိုက္သည္။ "ေဟာ္တယ္မွာ"
ၿပီးေနာက္မွာေတာ့ လူတစ္ေယာက္က ဖုန္းေျပာရင္း သူမ ဖခင္နားက ျဖတ္သြားသည္
"စိတ္မပူစမ္းပါနဲ႔ ငါ ေဟာ္ေပ့ခ်န္အတြက္ စီစဥ္ေပးလိုက္တဲ့ မိန္းကေလးက သူႀကိဳက္တဲ့ ပုံစံပဲ။ အခုေလးတင္ အခန္းထဲ အေလာတႀကီး ၀င္သြားတာ ငါေတြ႕ခဲ့တယ္!"
က်န္းရွန႔္ေမ ေရွာ့ရသြား၏။
***
ထိုအခ်ိန္မွာ နင္မုန႔္ကေတာ့ စံအိမ္ထဲက အခန္းကို ရွင္းေနတာျဖစ္သည္။ သူမကိုယ္သူမ အလုပ္ရႈပ္လြန္းတဲ့ ပ်ားလိုေတာင္ ခံစားလိုက္ရသည္။
ေဟာ္ေပ့ခ်န္ ထိုေန႔က အိမ္ျပန္လာတုန္းက အခန္းကို သူမ မရွင္းလင္းခဲ့ရ....အင္း...ေသခ်ာေပါက္ အဲ့တာေၾကာင့္ေတာ့ မဟုတ္ပါဘူး။
႐ုတ္တရက္ဆိုသလို တံခါးဘဲလ္ ျမည္လာ၏။
ဘယ္သူျဖစ္မလဲ စူးစမ္းရင္း တံခါးဆီကို သူမ ေလွ်ာက္သြားလိုက္သည္။ မၾကာခင္မွာပဲ အျပင္တြင္ ရပ္ေနတဲ့ က်န္းရွန႔္ေမကို ေတြ႕လိုက္ရသည္။
နင္မုန႔္ ပေဟဠိျဖစ္လို႔ သြား၏။ "နင္ ဘာလို႔ ဒီေရာက္လာတာလဲ"
က်န္းရွန႔္ေမ ပုံစံကလည္း ကို႔႐ို႕ကားယားျဖစ္ပုံေပၚေနသည္။ သူမက အစိမ္းေရာင္ Chanel လက္ကိုင္အိတ္သစ္ကို ကိုင္ထားၿပီး သူမဆီ ကမ္းေပးလာ၏။ "နင္က ဒီမွာပဲ။ ဒါ နင့္အတြက္"
နင္မုန႔္ ဆြံ႕အလို႔သာ သြားသည္။
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာဝယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]