[Unicode]
EP-143
ဇွပ်!
သူမ နှလုံးသားလေး ဓားနှင့် အထိုးခံရသလို ခံစားသွားရသည်။ "လူတွေကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ ဆိုတာ နင် မသိဘူးလား"
နင်မုန့်က ခနတာ တွေးတောလိုက်ပြီးနောက် "အရင်တုန်းက နင် သစ္စာဖောက်ခံလိုက်ရတာ သိသာတဲ့ ကိစ္စပဲ မဟုတ်ဘူးလား"
ဇွပ်!
ဒုတိယ ထိုးနှက်ချက်ဖြစ်သည်။
ကျန်းရှန့်မေ သူမ ရင်ဘတ်ပေါ်သာ လက်ဖြင့် ဖိလိုက်သည်။ 'ချိုချဉ်'က ပိုပြီးချစ်ဖို့ကောင်းသလို သူမ ခံစားလိုက်ရသည်။ အဲ့လူက လုံးဝကို စိတ်ကောင်းရှိပြီး ဘာအကျိုးအမြတ်မှ မယူဘဲနဲ့တောင် သူမကို top trendingထဲ ဝင်အောင်ထိ လုပ်ပေးခဲ့တာ။ ဒါ့အပြင် နင်မုန့်နဲ့ ဆက်ဆံရေးပိုကောင်းဖို့ အိတ်တွေဝယ်ပေးဖို့တောင် အကြံပေးလိုက်သေးသည်။ အဲ့လူက လုံးဝကို နူးညံ့ပြီး တွေးတောတတ်လွန်းတယ်။
နောက်ဆုံးမှာတော့ ဟာသတွေကြောင့် သူမ အရင်ကလောက် စိတ်မလှုပ်ရှားတော့။ မတ်မတ်ရပ်လိုက်ရင်းသာ အခန်းထဲသို့ အင်အားကြီးတဲ့ အရှိန်အဝါနှင့် အခန်းထဲသို့ ဝင်သွားလိုက်၏။
အခန်းထဲမှ အခြားသော အဆိုတော် ၆ယောက်က သူမကို လှည့်ကြည့်လာကြသည်။
ကျန်းမိသားစုက ပွဲဖြစ်မြောက်ရေးမှာ sponsorပေးထားတာမို့ ဒါရိုက်တာကလည်း သူမကို လျစ်လျူမရှုရဲပေ။
သူပြုံးလိုက်ရင်းသာ သူမကို တလေးတစား နှုတ်ဆက်လိုက်သည်။ "ဒီနေ့အရမ်းလှနေပါလား မိန်းကလေးကျန်း"
ကျန်းရှန့်မေက အနည်းငယ် ခေါင်းညိမ့်ပြလိုက်ပြီးနောက် အခန်းထဲကို ဝေ့ဝဲကြည့်လိုက်သည်။
တခြားလူတွေက မကြာခင်မှာ လီဟောက်ကျယ်ကို ကြည့်လာကြ၏။
ကိစ္စတွေ ဖြစ်ပြီးတဲ့အချိန်မှာတော့ ကျန်းမိသားစုက သူ့ကို ဘာမှမလုပ်သေးဘူး ဒါ့အပြင် ကျန်းရှန့်မေကလည်း ဒီနေ့ပေါ်လာတယ်ဆိုတော့ သူမက သူ့ဆီ ပြန်လာချင်တာများလား?
သူတို့တွေ ထိုသို့ တွေးလိုက်ရင်းသာ လီဟောက်ကျယ်ဘေးက ခုံမှာ ကျန်းရှန့်မေထိုင်ဖို့ရာ အတွက် နေရာဖယ်ပေးလိုက်၏။
တံခါးနားမှာ ရပ်နေကြတဲ့ လူသုံးယောက်ကတော့ ဒါကို သတိမပြုမိလိုက်ကြပေ။ လင်းချင်ပေ့က သူ့ရဲ့ ဂီတနုတ်တွေမှာတင် နစ်မျောနေဆဲဖြစ်ပြီး အချိန်တစ်ခုကြာတော့မှ အခန်းကို ဝေ့ဝဲကြည့်လိုက်လေ၏။
တခြားလူတွေက အသီးသီးနေရာ ယူထားပြီးဖြစ်သလို လွတ်နေတဲ့နေရာက လီဟောက်ကျယ် ဘေးကခုံသာဖြစ်တာမို့ လင်းချင်ပေ့က ထိုနေရာကိုသာ တိုက်ရိုက်သွားပြီး ထိုင်လိုက်ကာ အတွေးထဲ ပြန်လည်နစ်မြုပ်သွားလေ၏။
အဆိုတော်တွေက ဆိုဖာပေါ်မှာ ထိုင်နေကြတာဖြစ်ပြီး သူတို့နဲ့ အတူပါလာတဲ့ အေးဂျင့်တွေကတော့ သူတို့ အနောက်မှာ ထိုင်ရတာဖြစ်သည်။
ကျန်းရှန့်မေက မကြာခင်မှာပဲ လီဟောက်ကျယ်ရဲ့ အနောက်သို့ လျှောက်သွားလိုက်သည်။
လီဟောက်ကျယ်က ခပ်မတ်မတ်ထိုင်ကာ screenကို ကြည့်နေရင်းမှ သူ့necktieကို သေသပ်အောင် လုပ်နေတာဖြစ်သည်။
သူ့အေးဂျင့်နဲ့ စကားများလာတာမို့ အေးဂျင့်က သူနဲ့အတူ လိုက်မလာခဲ့ပေ။ ဒါကြောင့်ပဲ သူ့အနောက်မှာ နေရာလွတ်နေလေ၏။
ထိုအခါ ကျန်းရှန့်မေ လုပ်မယ့်အရာကို သူတွေးကြည့်လိုက်သည်။ သူမက သေချာပေါက် သူ့အနောက်မှာ လာထိုင်လိမ့်မယ် ပြီးရင် သူမက သူ့အပေါ် စကားချို သွေးလာမယ်။ အဲ့အခါကျ သူ ဘာပြောလိုက်ရမလဲ အရင်ဆုံး သူမကို နင်မုန့်နဲ့ ဝေးဝေးနေဖို့ ပြောရမယ်။ ပြီးတော့မှ သူမနဲ့ အတူ ဆက်ရှိနေဖို့အတွက် တွေးတောဖို့ အချိန်အနည်းငယ် ယူလိုက်မယ်။
အတွေးတို့နဲ့ မျောနေစဉ်မှာ သူ့နောက်ခုံက နေရာယူသွား၏။
သူ အနောက်ကို လှည့်မကြည့်ဘဲ နားသာစွင့်ထားလိုက်သည်။
သိပ်မကြာခင်မှာပဲ ကျန်းရှန့်မေရဲ့ အသံကို ကြားလိုက်ရသည်။ "ရှင်ဘာဖြစ်လို့ အဲ့လောက် စိတ်လှုပ်ရှားနေရတာလဲ"
စိတ်လှုပ်ရှားတယ်?
သူတချက် နှာရှုံ့ပြီးနောက် လှည့်ကြည့်လိုက်ကာ "ဘာလို့ ငါက စိတ်လှုပ်...."
ရုတ်တရက်ဆိုသလို သူ့စကားတို့ ရပ်သွား၏။
အကြောင်းအရင်းမှာ ကျန်းရှန့်မေက လင်းချင်ပေ့ဘက်သို့ ခန္ဓာကိုယ်စောင်းနေသောကြောင့် ဖြစ်သည်။ သူပြောလိုက်တဲ့ တချိန်တည်းမှာ သူမကလည်း ဆက်ပြီး ပြောနေတုန်းဖြစ်သည်။ "လင်းချင်ပေ့ ရှင့် ဂီတနုတ်မှာ ပြဿနာနည်းနည်း ရှိနေတယ်"
လီဟောက်ကျယ် ကြက်သေ သေသွားသည်။
တခြားလူတွေကလည်း သူတို့ကိုကြည့်ရင်း တီးတိုးပြောနေကြတာမို့ လီဟောက်ကျယ် အရှက်ရသွား၏။
ကျန်းရှန့်မေက သူ့ကို ဘာသိဘာသာလိုသာ တချက်ကြည့်လာသည်။ ပြီးနောက်မှာတော့ သူမပုံစံက သူ့ကို မမြင်ရတဲ့အရာလို မသိချင်ယောင်ဆောင်သွားလေ၏။
လီဟောက်ကျယ်က သူ့ကိုယ်သူ နဂိုအခြေအနေ ပြန်ရောက်အောင် ကြိုးစားလိုက်သည်။ သို့ပေမယ့်လည်း မကြာခင်မှာပဲ အသံတစ်သံက သူ့ကို ရိုးတိုးရွတ ဖြစ်စေပြန်၏။ ရယ်သံဖြစ်လေသည်။
သာမန်ရယ်သံကပင် သူ့စိတ်ကို နေမထိထိုင်မသာ ဖြစ်စေတာမို့ အရိုက်ခံရသလိုမျိုး သူ့ပါးက ရှက်စိတ်နှင့်အတူ တောက်လောင်လာလေ၏။
သူ့ကို အခုတင် ရယ်လိုက်တဲ့လူကို မာထန်ထန် ကြည့်လိုက်သည်။
နင်မုန့်က အပြစ်ကင်းစွာ မျက်မှောင်ကြုပ်လိုက်ပြီး "တောင်းပန်ပါတယ် ရှင်တစ်ယောက်တည်း ပြောနေတာကို ကြည့်ပြီး ရယ်ချင်စိတ်က မထိန်းနိုင်ဖြစ်သွားလို့"
လီဟောက်ကျယ်ကတော့ ဆွံ့အလို့သာသွားသည်။
သူ့မျက်နှာက မကြာခင်မှာပဲ မဲမှောင်လာ၏။ သူ တစ်ခုခု ပြောဖို့လုပ်လိုက်ချိန်မှာပဲ ဘေးနားမှ လင်းချင်ပေ့ရဲ့ အသံကို ကြားလိုက်ရ၏။ "မိန်းကလေးကျန်းမှာ အကြံပြုချင်စရာလေးများ ရှိလား"
ကျန်းရှန့်မေက မျက်မှောင်ကြုပ်ရင်း တွေးတောလိုက်သည်။
"မာစတာလီ ကြည့်ရတာ ကျွန်မရဲ့ သီချင်းက နည်းနည်း ပြဿနာရှိနေပုံပဲ။ တချက်လောက် ကြည့်ပေးပါလား" စုထျန်းထျန်းက ရုတ်တရက်ကြီး ပြောလာတာဖြစ်သလို လီဟောက်ကျယ်လည်း မူလ အခြေအနေသို့ ပြန်ရောက်လို့သွား၏။
သူလှည့်ကြည့်လိုက်တဲ့အခါ တောက်ပတဲ့ အပြုံးနဲ့ စုထျန်းထျန်းကို တွေ့လိုက်ရသည်။
ဒါကြောင့်ပဲ စုထျန်းထျန်းကို သူသဘောကျတာ__သူမက သူ့ကို နားလည်တယ်။
သူမက အမြဲတမ်း ဂီတပေါ် မှတ်ချက်ပေးတတ်တဲ့ ကျန်းရှန့်မေနဲ့ မတူဘူး။ အမှန်တော့ ကျန်းရှန့်မေက ဘာမှ မသိပါဘူး!
လီဟောက်ကျယ် ထိုအတွေးတွေးပြီး မကြာခင်မှာ ကျန်းရှန့်မေက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကျွန်မ ရပြီ!"
EP-144
သူမ ခေါင်းငုံ့ကာ လင်းချင်ပေ့ရဲ့ လက်ထဲက ဂီတနုတ်တွေကို တချက်ကြည့်လိုက်သည်။ "ဒီနေရာမှာ ဒီလိုမျိုး ပြင်လိုက်လို့ရတယ်..."
သူတို့ နှစ်ယောက်လုံး စတင်ပြီး အသံတိုးတိုးနှင့် ဆွေးနွေးခန်းဖွင့်တော့၏။
ထိုတီးတိုး အသံတွေကို ကြားတဲ့အခါ လီဟောက်ကျယ် အာရုံမစိုက်နိုင်တော့ပေ။
၇နာရီမှာ ပြိုင်ပွဲက စတာဖြစ်သည်။
လင်းချင်ပေ့က ပထမဆုံး ဆိုရမယ့်လူဖြစ်ပြီး ပြီးတဲ့နောက်မှာတော့ လီဟောက်ကျယ် အလှည့်ဖြစ်သည်။
ဒါကြောင့်ပဲ လင်းချင်ပေ့က မတ်တပ်ရပ်လိုက်ပြီးနောက် အဝကို လျှောက်သွားပြီး ပြင်ဆင်လိုက်သည်။
မကြာခင်မှာပဲ ကျန်းရှန့်မေ နှင့် နင်မုန့်ပါ ထိုင်ခုံမှထပြီး လင်းချင်ပေ့ နောက်သို့ လိုက်သွားတာကို လီဟောက်ကျယ် တွေ့လိုက်ရသည်။ သူတို့က ပရိတ်သက်ထိုင်ခုံ အရှေ့တန်းမှာ ထိုင်လိုက်တာဖြစ်သည်။
သူ သရော်ပြုံးပြုံးလိုက်သည်။
ကျန်းရှန့်မေက အမြဲတမ်း အခုလို စိတ်ကြီးဝင်တတ်ပြီး ကျိုးကြောင်းဆီလျော်မှု မရှိဘူး။
ဒီတော့ သူမက သူနဲ့ ကြောင်နဲ့ကြွက်လို ကစားနေတာလား?
အခုလိုမျိုး ဝတ်စားထားလိုက်တာနဲ့ သူက ပြန်လာလိမ့်မယ်လို့များ သူမက ထင်နေတာလား?
သူတောင့်တတဲ့ လက်တွဲဖော်ဆိုတာ တစ်ယောက်ကို တစ်ယောက် နားလည်ပေးနိုင်တဲ့လူမျိုးပဲ။ ရုပ်ရည်သွင်ပြင်တွေကို သူဂရုစိုက်နေမှာ မဟုတ်ဘူး။
လင်းချင်ပေ့က စင်ပေါ်ကို တက်သွားပြီး သီချင်းဆိုနေချိန် တချိန်တည်းမှာ လီဟောက်ကျယ်လည်း စတင်ပြီး ပြင်ဆင်လိုက်သည်။
သီချင်းဆိုပြီးတဲ့အခါ လင်းချင်ပေ့က စင်ပေါ်မှ ဆင်းလာလိုက်သည်။ တဖက်မှာလည်း စင်ပေါ်ကို တက်တော့မယ့် လီဟောက်ကျယ်နဲ့ ဆုံသွား၏။
ရုတ်တရက်ဆိုသလို လီဟောက်ကျယ်က ရပ်လိုက်ပြီး ထေ့ငေါ့ ပြောလာသည်။ "မင်းနဲ့ မိန်းကလေးနင်က အနေနီးတယ်လို့ ငါကြားထားသေးတယ်။ အခု မင်းက တချိန်တည်းမှာ မိန်းကလေးနှစ်ယောက်နဲ့ ဆိုတော့ ပျော်ရဲ့လား?"
သူတို့ပြောတာကို ကြားလိုက်ရတဲ့ ဝန်ထမ်းတွေက ကြက်သေ သေသွားသလို လှည့်ကြည့်လာကြ၏။
လင်းချင်ပေ့ကတော့ ရှော့ရသွားသည်။ သူ့ ဒေါသတွေကို ဖိနှိပ်လိုက်ရင်း ဘာမှ မပြောဘဲသာ နေလိုက်၏။
လီဟောက်ကျယ်က စင်ပေါ် တက်သွားလိုက်သည် သီချင်းဆိုပြီးတဲ့အခါ စင်ပေါ်မှ ဆင်းလာပြီး စင်နောက်ကို လျှောက်သွားလိုက်၏။ ရုတ်တရက်ဆိုသလို တံခါးအနောက်မှာ ပုန်းနေတဲ့ ကိုယ်ထည်တစ်ခုက သူ့ဆီသို့ ချက်ချင်းပင် အလောတကြီး ဝင်ရောက်လာ၏။
လင်းချင်ပေ့က သူ့ရဲ့ကော်လာကို ဆွဲယူလိုက်ပြီးနောက် မျက်နှာဆီသို့ ပြင်းထန်တဲ့ လက်သီးတစ်ချက် ကျွေးလိုက်လေတာမို့ လီဟောက်ကျယ် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
အရှေ့မှာ မတ်တပ်ရပ်နေပြီး သူ့ကို ငုံ့ကြည့်နေတဲ့ လင်းချင်ပေ့ကို မြင်လိုက်ရတဲ့အခါ လီဟောက်ကျယ် ကမူးရှူးထိုးဖြစ်သွား၏။ လင်းချင်ပေ့က အထင်သေးစွာနှင့် ပြောလိုက်သည်။ "တခြားသူတွေအပေါ် မင်းဖောက်ပြန်ခဲ့တာအတွက် ဒီထပ်တောင် ပိုပြီး မင်းကို ရိုက်ပစ်ချင်တာ။ မင်းက မတရားတဲ့ပွဲဆိုပြီး လုပ်နေမှာဆိုးလို့ အခု ငါမင်းကို ဒီထပ်ပိုပြီး မရိုက်လိုက်တာပဲ!"
ပြီးနောက်မှာတော့ သူ့ဘောင်းဘီကို အနည်းငယ် ပင့်တင်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ "နောက်တခေါက် မိန်းကလေးနင်ကို မကောင်းပြောရဲ့ ပြောကြည့် မင်းပြောတဲ့ အရေအတွက်အတိုင်း ငါ မင်းကို ပြန်ရိုက်ပစ်မယ်!"
လီဟောက်ကျယ်က ပိန်ပါးပြီး အားနည်းတာမို့ လင်းချင်ပေ့နဲ့ သူ တိုက်ခိုက်မယ် ဆိုပါကလည်း အနိုင်ယူနိုင်မှာ မဟုတ်။ ဒါကြောင့်ပဲ ကြမ်းတမ်းစွာသာ ပြောလိုက်သည်။ "ဘယ်လောက် ရှက်ဖို့ကောင်းလဲ! ဂီတအကြောင်း ဘာမှ မသိတဲ့ မိန်းမတစ်ယောက်ကို စိတ်ချမ်းသာစေချင်တာနဲ့ မင်းရဲ့ အကြိုက်ဆုံး ဂီတအပေါ်မှာ မှတ်ချက် ပေးတာကို ခွင့်ပြုရတယ်လို့!"
"အဲ့တော့ရော ဘာဖြစ်လဲ? သူမက တကယ်ပဲ ဂီတအကြောင်း ဘာမှ မသိတာလား?" လင်းချင်ပေ့ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီးနောက် သရော်ကာ ပြောလိုက်သည်။ "မင်းက မိန်းကလေးကျန်း အကြောင်းကို ဒီလောက်ပဲ သိတာလား?"
***
"လင်းချင်ပေ့ရဲ့ အသံက ကျယ်တော့ အရမ်းနားထောင် ကောင်းတာပဲ! ငါတို့နားအတွက် ခမ်းနားတဲ့စားတော်ပွဲကြီးနဲ့ တည်ခင်းလိုက်ရသလိုပဲ"
ကျန်းရှန့်မေက ထိုနေ့ ပွဲကနေ ထွက်လာပြီးတည်းက မရပ်မနား စိတ်လှုပ်ရှားစွာ ပြောနေတာ ဖြစ်သည်။
သူမကို အခုလို မြင်နေရတဲ့ အခါ နင်မုန့် မေးခွန်းထုတ်လိုက်သည်။ "နင် ဒီနေ့ ဘယ်လို ခံစားရလဲ"
ထိုအချိန်ကျတော့မှ သူမ ပထမဆုံး ဘာကြောင့် ရောက်လာတာကို ကျန်းရှန့်မေ သတိရသွား၏။ ခနလောက် စဉ်းစားပြီးတဲ့အခါ ရိုးသားစွာပဲ ပြုံးရင်းဖြေလိုက်သည်။ "ရုတ်တရက်ကြီး အတိတ်ကို လုံး၀ လက်လွှတ်နိုင်သွားသလို ခံစားလိုက်ရတယ်။ နင်မုန့် ငါ ဂီတကို ချစ်တယ်။ ဒီမတိုင်ခင်က သူက အရမ်း အထက်စီးဆန်တော့ ငါ့ရဲ့ ထင်မြင်ချက်ကို မပေးရဲခဲ့ဘူး ဒါပေမယ့် ဒီနေ့မှာတော့ ငါ့ကိုယ်ငါကို ပြန်ရှာတွေ့သွားခဲ့ပြီ။ ဂီတပေါ်မှာ ရှိတဲ့ ငါ့ရဲ့ရူးသွပ်မှုတွေကို ထပ်ပြီး ရှာတွေ့သွားခဲ့ပြီ!"
ကျန်းရှန့်မေရဲ့ စိတ်အားထက်သန်နေမှုကို ကြည့်ရင်း နင်မုန့် အတွေးတစ်ခု ရသွားသည်။ "နောက်တလှည့်မှာ သာမန်လူတွေနဲ့ တွဲဆိုဖို့ အဆိုတော်တွေကို သူတို့လည်း မေးကြည့်နေကြတဲ့ ပုံပဲ။ လင်းချင်ပေ့နဲ့ သွားပူးပေါင်း လိုက်ပါလား?"
ကျန်းရှန့်မေရဲ့ မျက်လုံးတို့က အရောင်လဲ့သွားပြီး "ရမလား?"
"ဒါပေါ့"
ပြီးတဲ့အခါမှာတော့ နင်မုန့်က ရက်စက်စွာပဲ ထပ်ပြောလိုက်တာက "တကယ်လို့ နင်က သူ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်အောင်လုပ်ရင် နင်နဲ့စကားပြောခိုင်းကြည့်ဖို့ ဘော့စ်ဖေးပိုင်ကို ငါသွားပြောမှာ!"
ကျန်းရှန့်မေကတော့ ဆွံ့အသွားရသည်။
ဟော်ပေ့ချန်က သူ့နယ်ပယ်ထဲ ဆရာတစ်ဆူ ဖြစ်သလို သူ့ရဲ့ လက်ထောက်သုံးယောက်ကလည်း နာမည်ကြီးလေ၏။
နင်မုန့် အခုလို ပြောလိုက်ရတာကလည်း သူမရဲ့ အကြံပြုချက်ကို ကျန်းရှန့်မေ အလေးအနက် ထားစေချင်တာကြောင့် ဖြစ်သည်။ သူမ အထီးကျန်ပြီး ဝမ်းနည်းတာတွေ မခံစားရအောင် နင်မုန့်က တစ်ခုခု လုပ်ပေးချင်ခဲ့တာ ဖြစ်လေ၏။
ထိုကိစ္စကို ဆုံးဖြတ်ပြီးတဲ့နောက် သူမကို ချပေးပြီး နင်မုန့် ထွက်လာခဲ့သည်။
သူမရဲ့ ကားကို ယွီရှုဥယျာဉ်ဆီသို့ ပြန်မောင်းသွားပြီးနောက် အပေါ်ထပ်ဆီသို့ ဦးတည်လိုက်၏။
တံခါးဖွင့်ပြီး ဖိနပ်လဲစီးနေတုန်းမှာ ရုတ်တရက်ဆိုသလို ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ခပ်ရှည်ရှည် အသွင်အပြင်ကို မြင်လိုက်ရသည်။
ဟော်ပေ့ချန်?
သူက ဘာလို့ ဒီရောက်နေတာလဲ?
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
------------------
[Zawgyi]
EP-143
ဇြပ္!
သူမ ႏွလုံးသားေလး ဓားႏွင့္ အထိုးခံရသလို ခံစားသြားရသည္။ "လူေတြကို ဘယ္လိုႏွစ္သိမ့္ေပးရမလဲ ဆိုတာ နင္ မသိဘူးလား"
နင္မုန႔္က ခနတာ ေတြးေတာလိုက္ၿပီးေနာက္ "အရင္တုန္းက နင္ သစၥာေဖာက္ခံလိုက္ရတာ သိသာတဲ့ ကိစၥပဲ မဟုတ္ဘူးလား"
ဇြပ္!
ဒုတိယ ထိုးႏွက္ခ်က္ျဖစ္သည္။
က်န္းရွန႔္ေမ သူမ ရင္ဘတ္ေပၚသာ လက္ျဖင့္ ဖိလိုက္သည္။ 'ခ်ိဳခ်ဥ္'က ပိုၿပီးခ်စ္ဖို႔ေကာင္းသလို သူမ ခံစားလိုက္ရသည္။ အဲ့လူက လုံး၀ကို စိတ္ေကာင္းရွိၿပီး ဘာအက်ိဳးအျမတ္မွ မယူဘဲနဲ႔ေတာင္ သူမကို top trendingထဲ ၀င္ေအာင္ထိ လုပ္ေပးခဲ့တာ။ ဒါ့အျပင္ နင္မုန႔္နဲ႔ ဆက္ဆံေရးပိုေကာင္းဖို႔ အိတ္ေတြ၀ယ္ေပးဖို႔ေတာင္ အႀကံေပးလိုက္ေသးသည္။ အဲ့လူက လုံး၀ကို ႏူးညံ့ၿပီး ေတြးေတာတတ္လြန္းတယ္။
ေနာက္ဆုံးမွာေတာ့ ဟာသေတြေၾကာင့္ သူမ အရင္ကေလာက္ စိတ္မလႈပ္ရွားေတာ့။ မတ္မတ္ရပ္လိုက္ရင္းသာ အခန္းထဲသို႔ အင္အားႀကီးတဲ့ အရွိန္အဝါႏွင့္ အခန္းထဲသို႔ ၀င္သြားလိုက္၏။
အခန္းထဲမွ အျခားေသာ အဆိုေတာ္ ၆ေယာက္က သူမကို လွည့္ၾကည့္လာၾကသည္။
က်န္းမိသားစုက ပြဲျဖစ္ေျမာက္ေရးမွာ sponsorေပးထားတာမို႔ ဒါ႐ိုက္တာကလည္း သူမကို လ်စ္လ်ဴမရႈရဲေပ။
သူၿပဳံးလိုက္ရင္းသာ သူမကို တေလးတစား ႏႈတ္ဆက္လိုက္သည္။ "ဒီေန႔အရမ္းလွေနပါလား မိန္းကေလးက်န္း"
က်န္းရွန႔္ေမက အနည္းငယ္ ေခါင္းညိမ့္ျပလိုက္ၿပီးေနာက္ အခန္းထဲကို ေဝ့ဝဲၾကည့္လိုက္သည္။
တျခားလူေတြက မၾကာခင္မွာ လီေဟာက္က်ယ္ကို ၾကည့္လာၾက၏။
ကိစၥေတြ ျဖစ္ၿပီးတဲ့အခ်ိန္မွာေတာ့ က်န္းမိသားစုက သူ႔ကို ဘာမွမလုပ္ေသးဘူး ဒါ့အျပင္ က်န္းရွန႔္ေမကလည္း ဒီေန႔ေပၚလာတယ္ဆိုေတာ့ သူမက သူ႔ဆီ ျပန္လာခ်င္တာမ်ားလား?
သူတို႔ေတြ ထိုသို႔ ေတြးလိုက္ရင္းသာ လီေဟာက္က်ယ္ေဘးက ခုံမွာ က်န္းရွန႔္ေမထိုင္ဖို႔ရာ အတြက္ ေနရာဖယ္ေပးလိုက္၏။
တံခါးနားမွာ ရပ္ေနၾကတဲ့ လူသုံးေယာက္ကေတာ့ ဒါကို သတိမျပဳမိလိုက္ၾကေပ။ လင္းခ်င္ေပ့က သူ႔ရဲ႕ ဂီတႏုတ္ေတြမွာတင္ နစ္ေမ်ာေနဆဲျဖစ္ၿပီး အခ်ိန္တစ္ခုၾကာေတာ့မွ အခန္းကို ေဝ့ဝဲၾကည့္လိုက္ေလ၏။
တျခားလူေတြက အသီးသီးေနရာ ယူထားၿပီးျဖစ္သလို လြတ္ေနတဲ့ေနရာက လီေဟာက္က်ယ္ ေဘးကခုံသာျဖစ္တာမို႔ လင္းခ်င္ေပ့က ထိုေနရာကိုသာ တိုက္႐ိုက္သြားၿပီး ထိုင္လိုက္ကာ အေတြးထဲ ျပန္လည္နစ္ျမဳပ္သြားေလ၏။
အဆိုေတာ္ေတြက ဆိုဖာေပၚမွာ ထိုင္ေနၾကတာျဖစ္ၿပီး သူတို႔နဲ႔ အတူပါလာတဲ့ ေအးဂ်င့္ေတြကေတာ့ သူတို႔ အေနာက္မွာ ထိုင္ရတာျဖစ္သည္။
က်န္းရွန႔္ေမက မၾကာခင္မွာပဲ လီေဟာက္က်ယ္ရဲ႕ အေနာက္သို႔ ေလွ်ာက္သြားလိုက္သည္။
လီေဟာက္က်ယ္က ခပ္မတ္မတ္ထိုင္ကာ screenကို ၾကည့္ေနရင္းမွ သူ႔necktieကို ေသသပ္ေအာင္ လုပ္ေနတာျဖစ္သည္။
သူ႔ေအးဂ်င့္နဲ႔ စကားမ်ားလာတာမို႔ ေအးဂ်င့္က သူနဲ႔အတူ လိုက္မလာခဲ့ေပ။ ဒါေၾကာင့္ပဲ သူ႔အေနာက္မွာ ေနရာလြတ္ေနေလ၏။
ထိုအခါ က်န္းရွန႔္ေမ လုပ္မယ့္အရာကို သူေတြးၾကည့္လိုက္သည္။ သူမက ေသခ်ာေပါက္ သူ႔အေနာက္မွာ လာထိုင္လိမ့္မယ္ ၿပီးရင္ သူမက သူ႔အေပၚ စကားခ်ိဳ ေသြးလာမယ္။ အဲ့အခါက် သူ ဘာေျပာလိုက္ရမလဲ အရင္ဆုံး သူမကို နင္မုန႔္နဲ႔ ေဝးေဝးေနဖို႔ ေျပာရမယ္။ ၿပီးေတာ့မွ သူမနဲ႔ အတူ ဆက္ရွိေနဖို႔အတြက္ ေတြးေတာဖို႔ အခ်ိန္အနည္းငယ္ ယူလိုက္မယ္။
အေတြးတို႔နဲ႔ ေမ်ာေနစဥ္မွာ သူ႔ေနာက္ခုံက ေနရာယူသြား၏။
သူ အေနာက္ကို လွည့္မၾကည့္ဘဲ နားသာစြင့္ထားလိုက္သည္။
သိပ္မၾကာခင္မွာပဲ က်န္းရွန႔္ေမရဲ႕ အသံကို ၾကားလိုက္ရသည္။ "ရွင္ဘာျဖစ္လို႔ အဲ့ေလာက္ စိတ္လႈပ္ရွားေနရတာလဲ"
စိတ္လႈပ္ရွားတယ္?
သူတခ်က္ ႏွာရႈံ႕ၿပီးေနာက္ လွည့္ၾကည့္လိုက္ကာ "ဘာလို႔ ငါက စိတ္လႈပ္...."
႐ုတ္တရက္ဆိုသလို သူ႔စကားတို႔ ရပ္သြား၏။
အေၾကာင္းအရင္းမွာ က်န္းရွန႔္ေမက လင္းခ်င္ေပ့ဘက္သို႔ ခႏၶာကိုယ္ေစာင္းေနေသာေၾကာင့္ ျဖစ္သည္။ သူေျပာလိုက္တဲ့ တခ်ိန္တည္းမွာ သူမကလည္း ဆက္ၿပီး ေျပာေနတုန္းျဖစ္သည္။ "လင္းခ်င္ေပ့ ရွင့္ ဂီတႏုတ္မွာ ျပႆနာနည္းနည္း ရွိေနတယ္"
လီေဟာက္က်ယ္ ၾကက္ေသ ေသသြားသည္။
တျခားလူေတြကလည္း သူတို႔ကိုၾကည့္ရင္း တီးတိုးေျပာေနၾကတာမို႔ လီေဟာက္က်ယ္ အရွက္ရသြား၏။
က်န္းရွန႔္ေမက သူ႔ကို ဘာသိဘာသာလိုသာ တခ်က္ၾကည့္လာသည္။ ၿပီးေနာက္မွာေတာ့ သူမပုံစံက သူ႔ကို မျမင္ရတဲ့အရာလို မသိခ်င္ေယာင္ေဆာင္သြားေလ၏။
လီေဟာက္က်ယ္က သူ႔ကိုယ္သူ နဂိုအေျခအေန ျပန္ေရာက္ေအာင္ ႀကိဳးစားလိုက္သည္။ သို႔ေပမယ့္လည္း မၾကာခင္မွာပဲ အသံတစ္သံက သူ႔ကို ႐ိုးတိုး႐ြတ ျဖစ္ေစျပန္၏။ ရယ္သံျဖစ္ေလသည္။
သာမန္ရယ္သံကပင္ သူ႔စိတ္ကို ေနမထိထိုင္မသာ ျဖစ္ေစတာမို႔ အ႐ိုက္ခံရသလိုမ်ိဳး သူ႔ပါးက ရွက္စိတ္ႏွင့္အတူ ေတာက္ေလာင္လာေလ၏။
သူ႔ကို အခုတင္ ရယ္လိုက္တဲ့လူကို မာထန္ထန္ ၾကည့္လိုက္သည္။
နင္မုန႔္က အျပစ္ကင္းစြာ မ်က္ေမွာင္ၾကဳပ္လိုက္ၿပီး "ေတာင္းပန္ပါတယ္ ရွင္တစ္ေယာက္တည္း ေျပာေနတာကို ၾကည့္ၿပီး ရယ္ခ်င္စိတ္က မထိန္းႏိုင္ျဖစ္သြားလို႔"
လီေဟာက္က်ယ္ကေတာ့ ဆြံ႕အလို႔သာသြားသည္။
သူ႔မ်က္ႏွာက မၾကာခင္မွာပဲ မဲေမွာင္လာ၏။ သူ တစ္ခုခု ေျပာဖို႔လုပ္လိုက္ခ်ိန္မွာပဲ ေဘးနားမွ လင္းခ်င္ေပ့ရဲ႕ အသံကို ၾကားလိုက္ရ၏။ "မိန္းကေလးက်န္းမွာ အႀကံျပဳခ်င္စရာေလးမ်ား ရွိလား"
က်န္းရွန႔္ေမက မ်က္ေမွာင္ၾကဳပ္ရင္း ေတြးေတာလိုက္သည္။
"မာစတာလီ ၾကည့္ရတာ ကြၽန္မရဲ႕ သီခ်င္းက နည္းနည္း ျပႆနာရွိေနပုံပဲ။ တခ်က္ေလာက္ ၾကည့္ေပးပါလား" စုထ်န္းထ်န္းက ႐ုတ္တရက္ႀကီး ေျပာလာတာျဖစ္သလို လီေဟာက္က်ယ္လည္း မူလ အေျခအေနသို႔ ျပန္ေရာက္လို႔သြား၏။
သူလွည့္ၾကည့္လိုက္တဲ့အခါ ေတာက္ပတဲ့ အၿပဳံးနဲ႔ စုထ်န္းထ်န္းကို ေတြ႕လိုက္ရသည္။
ဒါေၾကာင့္ပဲ စုထ်န္းထ်န္းကို သူသေဘာက်တာ__သူမက သူ႔ကို နားလည္တယ္။
သူမက အၿမဲတမ္း ဂီတေပၚ မွတ္ခ်က္ေပးတတ္တဲ့ က်န္းရွန႔္ေမနဲ႔ မတူဘူး။ အမွန္ေတာ့ က်န္းရွန႔္ေမက ဘာမွ မသိပါဘူး!
လီေဟာက္က်ယ္ ထိုအေတြးေတြးၿပီး မၾကာခင္မွာ က်န္းရွန႔္ေမက စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။ "ကြၽန္မ ရၿပီ!"
EP-144
သူမ ေခါင္းငုံ႔ကာ လင္းခ်င္ေပ့ရဲ႕ လက္ထဲက ဂီတႏုတ္ေတြကို တခ်က္ၾကည့္လိုက္သည္။ "ဒီေနရာမွာ ဒီလိုမ်ိဳး ျပင္လိုက္လို႔ရတယ္..."
သူတို႔ ႏွစ္ေယာက္လုံး စတင္ၿပီး အသံတိုးတိုးႏွင့္ ေဆြးေႏြးခန္းဖြင့္ေတာ့၏။
ထိုတီးတိုး အသံေတြကို ၾကားတဲ့အခါ လီေဟာက္က်ယ္ အာ႐ုံမစိုက္ႏိုင္ေတာ့ေပ။
၇နာရီမွာ ၿပိဳင္ပြဲက စတာျဖစ္သည္။
လင္းခ်င္ေပ့က ပထမဆုံး ဆိုရမယ့္လူျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာေတာ့ လီေဟာက္က်ယ္ အလွည့္ျဖစ္သည္။
ဒါေၾကာင့္ပဲ လင္းခ်င္ေပ့က မတ္တပ္ရပ္လိုက္ၿပီးေနာက္ အ၀ကို ေလွ်ာက္သြားၿပီး ျပင္ဆင္လိုက္သည္။
မၾကာခင္မွာပဲ က်န္းရွန႔္ေမ ႏွင့္ နင္မုန႔္ပါ ထိုင္ခုံမွထၿပီး လင္းခ်င္ေပ့ ေနာက္သို႔ လိုက္သြားတာကို လီေဟာက္က်ယ္ ေတြ႕လိုက္ရသည္။ သူတို႔က ပရိတ္သက္ထိုင္ခုံ အေရွ႕တန္းမွာ ထိုင္လိုက္တာျဖစ္သည္။
သူ သေရာ္ၿပဳံးၿပဳံးလိုက္သည္။
က်န္းရွန႔္ေမက အၿမဲတမ္း အခုလို စိတ္ႀကီး၀င္တတ္ၿပီး က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရွိဘူး။
ဒီေတာ့ သူမက သူနဲ႔ ေၾကာင္နဲ႔ႂကြက္လို ကစားေနတာလား?
အခုလိုမ်ိဳး ၀တ္စားထားလိုက္တာနဲ႔ သူက ျပန္လာလိမ့္မယ္လို႔မ်ား သူမက ထင္ေနတာလား?
သူေတာင့္တတဲ့ လက္တြဲေဖာ္ဆိုတာ တစ္ေယာက္ကို တစ္ေယာက္ နားလည္ေပးႏိုင္တဲ့လူမ်ိဳးပဲ။ ႐ုပ္ရည္သြင္ျပင္ေတြကို သူဂ႐ုစိုက္ေနမွာ မဟုတ္ဘူး။
လင္းခ်င္ေပ့က စင္ေပၚကို တက္သြားၿပီး သီခ်င္းဆိုေနခ်ိန္ တခ်ိန္တည္းမွာ လီေဟာက္က်ယ္လည္း စတင္ၿပီး ျပင္ဆင္လိုက္သည္။
သီခ်င္းဆိုၿပီးတဲ့အခါ လင္းခ်င္ေပ့က စင္ေပၚမွ ဆင္းလာလိုက္သည္။ တဖက္မွာလည္း စင္ေပၚကို တက္ေတာ့မယ့္ လီေဟာက္က်ယ္နဲ႔ ဆုံသြား၏။
႐ုတ္တရက္ဆိုသလို လီေဟာက္က်ယ္က ရပ္လိုက္ၿပီး ေထ့ေငါ့ ေျပာလာသည္။ "မင္းနဲ႔ မိန္းကေလးနင္က အေနနီးတယ္လို႔ ငါၾကားထားေသးတယ္။ အခု မင္းက တခ်ိန္တည္းမွာ မိန္းကေလးႏွစ္ေယာက္နဲ႔ ဆိုေတာ့ ေပ်ာ္ရဲ႕လား?"
သူတို႔ေျပာတာကို ၾကားလိုက္ရတဲ့ ၀န္ထမ္းေတြက ၾကက္ေသ ေသသြားသလို လွည့္ၾကည့္လာၾက၏။
လင္းခ်င္ေပ့ကေတာ့ ေရွာ့ရသြားသည္။ သူ႔ ေဒါသေတြကို ဖိႏွိပ္လိုက္ရင္း ဘာမွ မေျပာဘဲသာ ေနလိုက္၏။
လီေဟာက္က်ယ္က စင္ေပၚ တက္သြားလိုက္သည္ သီခ်င္းဆိုၿပီးတဲ့အခါ စင္ေပၚမွ ဆင္းလာၿပီး စင္ေနာက္ကို ေလွ်ာက္သြားလိုက္၏။ ႐ုတ္တရက္ဆိုသလို တံခါးအေနာက္မွာ ပုန္းေနတဲ့ ကိုယ္ထည္တစ္ခုက သူ႔ဆီသို႔ ခ်က္ခ်င္းပင္ အေလာတႀကီး ၀င္ေရာက္လာ၏။
လင္းခ်င္ေပ့က သူ႔ရဲ႕ေကာ္လာကို ဆြဲယူလိုက္ၿပီးေနာက္ မ်က္ႏွာဆီသို႔ ျပင္းထန္တဲ့ လက္သီးတစ္ခ်က္ ေကြၽးလိုက္ေလတာမို႔ လီေဟာက္က်ယ္ ၾကမ္းျပင္ေပၚသို႔ လဲက်သြားသည္။
အေရွ႕မွာ မတ္တပ္ရပ္ေနၿပီး သူ႔ကို ငုံ႔ၾကည့္ေနတဲ့ လင္းခ်င္ေပ့ကို ျမင္လိုက္ရတဲ့အခါ လီေဟာက္က်ယ္ ကမူးရွဴးထိုးျဖစ္သြား၏။ လင္းခ်င္ေပ့က အထင္ေသးစြာႏွင့္ ေျပာလိုက္သည္။ "တျခားသူေတြအေပၚ မင္းေဖာက္ျပန္ခဲ့တာအတြက္ ဒီထပ္ေတာင္ ပိုၿပီး မင္းကို ႐ိုက္ပစ္ခ်င္တာ။ မင္းက မတရားတဲ့ပြဲဆိုၿပီး လုပ္ေနမွာဆိုးလို႔ အခု ငါမင္းကို ဒီထပ္ပိုၿပီး မ႐ိုက္လိုက္တာပဲ!"
ၿပီးေနာက္မွာေတာ့ သူ႔ေဘာင္းဘီကို အနည္းငယ္ ပင့္တင္ၿပီး ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ကာ "ေနာက္တေခါက္ မိန္းကေလးနင္ကို မေကာင္းေျပာရဲ႕ ေျပာၾကည့္ မင္းေျပာတဲ့ အေရအတြက္အတိုင္း ငါ မင္းကို ျပန္႐ိုက္ပစ္မယ္!"
လီေဟာက္က်ယ္က ပိန္ပါးၿပီး အားနည္းတာမို႔ လင္းခ်င္ေပ့နဲ႔ သူ တိုက္ခိုက္မယ္ ဆိုပါကလည္း အႏိုင္ယူႏိုင္မွာ မဟုတ္။ ဒါေၾကာင့္ပဲ ၾကမ္းတမ္းစြာသာ ေျပာလိုက္သည္။ "ဘယ္ေလာက္ ရွက္ဖို႔ေကာင္းလဲ! ဂီတအေၾကာင္း ဘာမွ မသိတဲ့ မိန္းမတစ္ေယာက္ကို စိတ္ခ်မ္းသာေစခ်င္တာနဲ႔ မင္းရဲ႕ အႀကိဳက္ဆုံး ဂီတအေပၚမွာ မွတ္ခ်က္ ေပးတာကို ခြင့္ျပဳရတယ္လို႔!"
"အဲ့ေတာ့ေရာ ဘာျဖစ္လဲ? သူမက တကယ္ပဲ ဂီတအေၾကာင္း ဘာမွ မသိတာလား?" လင္းခ်င္ေပ့ရဲ႕ မ်က္လုံးေတြက က်ဥ္းေျမာင္းသြားၿပီးေနာက္ သေရာ္ကာ ေျပာလိုက္သည္။ "မင္းက မိန္းကေလးက်န္း အေၾကာင္းကို ဒီေလာက္ပဲ သိတာလား?"
***
"လင္းခ်င္ေပ့ရဲ႕ အသံက က်ယ္ေတာ့ အရမ္းနားေထာင္ ေကာင္းတာပဲ! ငါတို႔နားအတြက္ ခမ္းနားတဲ့စားေတာ္ပြဲႀကီးနဲ႔ တည္ခင္းလိုက္ရသလိုပဲ"
က်န္းရွန႔္ေမက ထိုေန႔ ပြဲကေန ထြက္လာၿပီးတည္းက မရပ္မနား စိတ္လႈပ္ရွားစြာ ေျပာေနတာ ျဖစ္သည္။
သူမကို အခုလို ျမင္ေနရတဲ့ အခါ နင္မုန႔္ ေမးခြန္းထုတ္လိုက္သည္။ "နင္ ဒီေန႔ ဘယ္လို ခံစားရလဲ"
ထိုအခ်ိန္က်ေတာ့မွ သူမ ပထမဆုံး ဘာေၾကာင့္ ေရာက္လာတာကို က်န္းရွန႔္ေမ သတိရသြား၏။ ခနေလာက္ စဥ္းစားၿပီးတဲ့အခါ ႐ိုးသားစြာပဲ ၿပဳံးရင္းေျဖလိုက္သည္။ "႐ုတ္တရက္ႀကီး အတိတ္ကို လုံး၀ လက္လႊတ္ႏိုင္သြားသလို ခံစားလိုက္ရတယ္။ နင္မုန႔္ ငါ ဂီတကို ခ်စ္တယ္။ ဒီမတိုင္ခင္က သူက အရမ္း အထက္စီးဆန္ေတာ့ ငါ့ရဲ႕ ထင္ျမင္ခ်က္ကို မေပးရဲခဲ့ဘူး ဒါေပမယ့္ ဒီေန႔မွာေတာ့ ငါ့ကိုယ္ငါကို ျပန္ရွာေတြ႕သြားခဲ့ၿပီ။ ဂီတေပၚမွာ ရွိတဲ့ ငါ့ရဲ႕႐ူးသြပ္မႈေတြကို ထပ္ၿပီး ရွာေတြ႕သြားခဲ့ၿပီ!"
က်န္းရွန႔္ေမရဲ႕ စိတ္အားထက္သန္ေနမႈကို ၾကည့္ရင္း နင္မုန႔္ အေတြးတစ္ခု ရသြားသည္။ "ေနာက္တလွည့္မွာ သာမန္လူေတြနဲ႔ တြဲဆိုဖို႔ အဆိုေတာ္ေတြကို သူတို႔လည္း ေမးၾကည့္ေနၾကတဲ့ ပုံပဲ။ လင္းခ်င္ေပ့နဲ႔ သြားပူးေပါင္း လိုက္ပါလား?"
က်န္းရွန႔္ေမရဲ႕ မ်က္လုံးတို႔က အေရာင္လဲ့သြားၿပီး "ရမလား?"
"ဒါေပါ့"
ၿပီးတဲ့အခါမွာေတာ့ နင္မုန႔္က ရက္စက္စြာပဲ ထပ္ေျပာလိုက္တာက "တကယ္လို႔ နင္က သူ႔ကို ၀န္ထုပ္၀န္ပိုး ျဖစ္ေအာင္လုပ္ရင္ နင္နဲ႔စကားေျပာခိုင္းၾကည့္ဖို႔ ေဘာ့စ္ေဖးပိုင္ကို ငါသြားေျပာမွာ!"
က်န္းရွန႔္ေမကေတာ့ ဆြံ႕အသြားရသည္။
ေဟာ္ေပ့ခ်န္က သူ႔နယ္ပယ္ထဲ ဆရာတစ္ဆူ ျဖစ္သလို သူ႔ရဲ႕ လက္ေထာက္သုံးေယာက္ကလည္း နာမည္ႀကီးေလ၏။
နင္မုန႔္ အခုလို ေျပာလိုက္ရတာကလည္း သူမရဲ႕ အႀကံျပဳခ်က္ကို က်န္းရွန႔္ေမ အေလးအနက္ ထားေစခ်င္တာေၾကာင့္ ျဖစ္သည္။ သူမ အထီးက်န္ၿပီး ၀မ္းနည္းတာေတြ မခံစားရေအာင္ နင္မုန႔္က တစ္ခုခု လုပ္ေပးခ်င္ခဲ့တာ ျဖစ္ေလ၏။
ထိုကိစၥကို ဆုံးျဖတ္ၿပီးတဲ့ေနာက္ သူမကို ခ်ေပးၿပီး နင္မုန႔္ ထြက္လာခဲ့သည္။
သူမရဲ႕ ကားကို ယြီရႈဥယ်ာဥ္ဆီသို႔ ျပန္ေမာင္းသြားၿပီးေနာက္ အေပၚထပ္ဆီသို႔ ဦးတည္လိုက္၏။
တံခါးဖြင့္ၿပီး ဖိနပ္လဲစီးေနတုန္းမွာ ႐ုတ္တရက္ဆိုသလို ဧည့္ခန္းထဲက ဆိုဖာေပၚမွာ ထိုင္ေနတဲ့ ခပ္ရွည္ရွည္ အသြင္အျပင္ကို ျမင္လိုက္ရသည္။
ေဟာ္ေပ့ခ်န္?
သူက ဘာလို႔ ဒီေရာက္ေနတာလဲ?
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]