ရှောင်ရှုဟော်က ပြုံးပြီးနှုတ်ဆက်တယ်
"မင်းတို့ အချင်းချင်း သိလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ ဒါက မင်းရဲ့ ကလေးလား"
စစ်ရယ် ချန်ရှုရဲ့ခါးကိုဆွဲပွေ့လိုက်ပြီး
"ဒါက ငါ့ချစ်သူ"
လို့ မိတ်ဆက်ပေးလိုက်တယ်။
ထိုအဖြေကြားလိုက်တော့ ရှောင်ရှုဟော်မျက်တောင်တွေ လှုပ်ခါသွားတယ်။အချိန်ခနကြာမှ သူ့မျက်နှာပေါ်က တောင့်တင်းတဲ့အမူအရာပျောက်သွားပြီး အကြည့်တွေပြန်ကြည်လင်လာကာ
"မင်းလက်ထပ်ပြီးသွားပြီလား? တောင်းပန်ပါတယ် ငါခနလောက် အရမ်းအံ့သြသွားလို့"
"ဟုတ်တယ်၊ အမျိုးသားနေ့ကပဲ လက်ထပ်လိုက်တာ၊ မင်းရုပ်ရှင်ရိုက်ဖို့ ရှုတင်မှာအလုပ်ရှုပ်နေတယ်လို့ မော့ဟန်ပြောတာနဲ့ မင်းကို မဖိတ်လိုက်တာ"
စစ်ရယ်နဲ့ ရှုဟော် စကားပြောနေတဲ့အချိန်မှာ မျက်လုံးတ၀က်မှိတ်နေတဲ့ ချန်ရှုကို နူးနူးညံ့ညံ့ အာရုံစိုက်ထားတယ်။
"ဟုတ်တယ် အဲဒီအချိန်က အဖွဲ့သားတွေနဲ့ ရိုက်ကူးရေးလုပ်ရင်း အလုပ်များနေတာ"
ရှောင်ရှုဟော်က ပြုံးပြရင်း ချန်ရှုကို
"မထင်မှတ်ပဲ မင်းကစစ်ရယ်ရဲ့ချစ်သူ ဖြစ်နေတာပဲ၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ၊ ထပ်မိတ်ဆက်ရအောင်၊ ငါက ရှောင်ရှုဟော်ပါ၊ စစ်ရယ်ရဲ့ အတန်းဖော်ဟောင်း"
သူ့မျက်ခုံးတွေက တွန့်ကွေးသွားပြီး အကြည့်တွေက နှစ်ဆနူးညံ့လာကာ
"ကျောင်းတုန်းက စစ်ရယ်ကအရမ်းနာမည်ကြီးတာ၊အတန်းကပ်ရပ်က ကောင်မလေးတွေဆို ကျောင်းပြီးတာနဲ့ သူ့ဆီပြေးလာကြရောပဲ"
ချန်ရှုက မျက်တောင်ခတ်ပြီး အပြစ်ကင်းသလိုအမူရာနဲ့ စစ်ရယ်ကို လှည့်ကြည့်ကာ
"တကယ်ပဲလား?"
စစ်ရယ်က သူ့ရဲ့ဆံပင်အနက်ရောင်တွေကို ပွတ်သပ်ပေးရင်း
"အဲ့ဒီလောက် ပုံကြီးချဲ့စရာ မလိုဘူး"
လို့ ပြောလိုက်တယ်။
"နှိမ့်ချမနေပါနဲ့၊ အဲဒီတုန်းက မင်းရဲ့ စားပွဲပေါ်မှာ နေ့တိုင်း ရည်းစားစာတွေနဲ့ ပြည့်နေတာ၊ ငါတို့ ယောက်ျားလေး အတန်းဖော်တွေတောင် မင်းကို မနာလိုဖြစ်ရတယ်"
ရှောင်ရှုဟော်က မနာလိုတဲ့အသံနဲ့ပြောနေပေမယ့် သူ့မျက်နှာပေါ်က အပြုံးကတော့ မလျော့ပါးသွားပေ။သဝန်တိုတာမဟုတ်ဘဲ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေတာဖြစ်သည်။
ချန်ရှုက သူ့ရဲ့ဖုန်းကို ထုတ်လိုက်ပြီး ရှုဟော်ကို
"ကျွန်တော့်နာမည်က ချန်ရှုပါ၊ WeChat မှာအပ်ရအောင်"
ခနရပ်လိုက်ပြီး ရှောင်ရှုဟော်ကို
"နာမည်ကြီးကြယ်ပွင့်တွေက Wechat မှာ လူအပ်လို့မရဘူးလား? အဆင်မပြေရင် ထားလိုက်ပါ"
"အဆင်မပြေတာမရှိပါဘူး၊ မင်းက ငါ့သူငယ်ချင်း စစ်ရယ်ရဲ့ ချစ်သူပဲ"
ရှောင်ရှုဟော်ဖုန်းကို ထုတ်လိုက်ပြီး ချန်ရှုကို
"ငါ မင်းကို စကင်မ်ဖတ်လို့ရမလား?"
ချန်ရှုက ခေါင်းညိတ်ပြပြီး
"ကောင်းပါပြီ"
နှစ်ယောက်လုံး WeChat အပ်လိုက်ကြပြီး ချန်ရှုက သူ့ဖုန်းကို ပြန်သိမ်းလိုက်ပြီး စစ်ရယ်ကို ခေါင်းမော့ကြည့်ကာ
"အန်ကယ်စစ်မှာ နာမည်ကြီးသူငယ်ချင်းတစ်ယောက်ရှိတာ ဘာလို့မပြောပြရတာလဲ"
သူ့မျက်လုံးတွေကို မှိတ်ထားပြီး ဒီနေ့ မင်းသားလေးလို ဝတ်ထားတာကြောင့် အပြစ်တင်ပြောတာထက် ကလေးတစ်ယောက်လို ပြုမူနေတာနဲ့တူတယ်။ စစ်ရယ်ရဲ့ နှလုံးသားက နူးညံ့ ပူလောင်နေပြီး လက်ကို မြှောက်ကာ ချန်ရှုရဲ့နားနုနုလေးကို ပွတ်ရင်း စူးစိုက်ကြည့်နေမိတယ်။
"ကိုယ့်မှာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှာ ကျင်လည်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိသေးတယ်။ နောက်တစ်ခါ မင်းနဲ့ မိတ်ဆက်ပေးပြီး သူ့ကုမ္ပဏီကို အလည်သွားကြမယ်"
"ကောင်းပြီ"
ချန်ရှုက သွားလေးတွေပေါ်တဲ့အထိ ပြုံးပြလိုက်သည်။
စစ်ရယ်က ချန်ရှုကိုခေါ်ပြီး ရှောင်ရှုဟော်ကို နှုတ်ဆက်ခဲ့တယ်။ ကားထဲဝင်သွားတဲ့အထိ ရှောင်ရှုဟော်က ထိုနေရာမှာပဲ ရပ်နေပြီး မော့ဟန်ကိုခေါ်ဖို့ သူ့ဖုန်းကို ထုတ်လိုက်တယ်။
"ရှုဟော် မင်းငါ့ကို ဖုန်းဆက်ဖို့ သတိရသေးတယ်ပေါ့"
မော့ဟန်ရဲ့ အသံက ဖုန်းတစ်ဖက်ကနေ သာသာယာယာ ထွက်ပေါ်လာသည်။
ရှောင်ရှုဟော် က မျက်ခွံတွေကို မှိတ်လိုက်ပြီး အလင်းသိပ်မရှိတဲ့ နေရာကို လျှောက်သွားကာ သူ့မျက်နှာပေါ်က အပြုံးကို ဖယ်ချလိုက်တယ်။
"စစ်ရယ် လက်ထပ်ပြီးသွားတာ ငါ့ကို ဘာလို့ မပြောတာလဲ"
မော့ဟန် စက္ကန့်အနည်းငယ်မျှ ဆွံ့အသွားပြီး
“မင်းသိသွားတာလား”
လို့ တိုးတိုးလေးပြောတယ်။
"ငါဒီနေ့ သူ့အိမ်ထောင်ဖက်နဲ့ မတော်တဆတွေ့ခဲ့တာ၊ သူက အသက်ပြည့်ပြီလား?"
ရှောင်ရှုဟော် သူ့အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကိုယူကာ အေးစက်စက်အမူအရာနဲ့ နံရံကိုမှီလိုက်သည်။
"ဒါပေါ့ သူကအသက်ပြည့်ပြီးသား ဆယ့်ရှစ်နှစ်လေ"
မော့ဟန်က စစ်ရယ်ဘက်က ကာပြောပေးလိုက်တယ်။ပြောလိုက်ပြီးမှ ရှောင်ရှုဟော်က ချန်ရှုအရွယ်ရောက်ပြီးသား ဟုတ်မဟုတ် သိချင်တာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားတယ်။ အရွယ်မရောက်သေးရင် ဘယ်လိုလုပ် လက်ထပ်မှတ်ပုံတင်လုပ်လို့ရမှာလဲ။
ရှောင်ရှုဟော်က ချန်ရှုကို ကလေးတစ်ယောက်ဆိုတာ သွယ်ဝိုက်ပြောနေတာပဲ။
"ရှုဟော်... ငါမင်းကို ဒီအကြောင်းဖုံးကွယ်ထားချင်လို့ မဟုတ်ပါဘူး ငါထင်တာက..." မော့ဟန်က ခဏရပ်ပြီး "မင်းဒီအကြောင်းမသိချင်ဘူးလားလို့"
ရှောင်ရှုဟော်က အသက်ပြင်းပြင်းရှူပြီး အဆုတ်ထဲကို ဆေးလိပ်ငွေ့တချို့ရှုရှိုက်လိုက်ပြီး နှာခေါင်းထဲကနေ အငွေ့တချို့ ပြန်ထွက်လာတယ်
“ငါဒီအကြောင်း မသိချင်ဘူးလို့ ထင်နေတာလား ဒါမှမဟုတ် ငါစစ်ရယ်ရဲ့ လက်ထပ်ပွဲမှာ ပြဿနာရှာပြီးဒုက္ခရောက်အောင်လုပ်မှာစိုးလို့ ကြိုတင်ကာကွယ်တဲ့ သဘောလား ?"
ဖုန်းရဲ့ အခြားတစ်ဖက်က တိတ်ဆိတ်သွားပြီး ရှောင်ရှုဟော် စစ်ရယ်နဲ့ချန်ရှု ထွက်သွားတဲ့ လမ်းတစ်လျှောက်ကို ကြည့်ရင်း သူ့မျက်လုံးတွေ မှုန်ဝါးလာပြီး
"မော့ဟန် မင်းငါ့ကိုတကယ်ပဲ အဲ့လိုတွေးနေတာလား ?"
"အခုဒီကလေးက သူ့ချစ်သူပါလို့ စစ်ရယ်ပြောလိုက်တဲ့အချိန် ငါ ဘယ်လောက်တောင် အဆင်မပြေဖြစ်ရလဲ မင်းသိရဲ့လား၊ သူ့ရှေ့မှာတင် ငါအသက်ရှုရပ်သွားပြီလို့တောင် ထင်နေတာ၊ ဘာလို့ ငါမဟုတ်ရတာလဲ၊ အသိသာကို ငါကအရင်ဆုံး.. "
ရှောင်ရှုဟော်က သူ့ဆံပင်တွေကို နာကျင်စွာ ဆုပ်ကိုင်ရင်း အသံတွေကွဲအက်လာတယ်။ မိုဟန်က သူ့ပါးစပ်ကို ဖွင့်လိုက်တဲ့အချိန် သူ့နှလုံးသားကွဲအက်သွားသလိုပဲ၊
"ရှုဟော် ငါတောင်းပန်ပါတယ်... ငါ တစ်ကိုယ်ကောင်းဆန်ခဲ့မိတာ ငါဝန်ခံပါတယ်၊ မင်း စစ်ရယ်ကို အမြဲကြည့်နေပေမယ့် စစ်ရယ်က မင်းကို သာမာန်သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားတာ၊ငါ မင်းကို မနစ်မွန်းစေချင်တော့ဘူး"
"မင်း တစ်ဖက်လှည့်ပြီး ငါ့ကိုပဲကြည့်လို့မရဘူးလား"
မော့ဟန်က ခပ်တိုးတိုး အသံနဲ့ မေးလိုက်သည်။
သူ့လက်ထဲက ပြာတွေ ကြမ်းပြင်ပေါ် ကျသွားပြီး အချိန်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်မှာ မိုးရွာလာတယ်။
ရှောင်ရှုဟော်အသံက ပြန်တည်ငြိမ်သွားပြီး
"တောင်းပန်ပါတယ်... မော့ဟန်၊ မင်းက ငါ့အတွက် အရမ်းအရေးပါ ပါတယ်၊ စစ်ရယ်မရှိရင် မင်းကို ငါစဉ်းစားမိမှာပါ... ဒါပေမယ့် တချို့အရာတွေက ဒီလိုပါပဲ၊အဲ့ဒီအရာတွေက ဘယ်တော့မှ ကိုယ့်သဘောအတိုင်း ဖြစ်လာမှာမဟုတ်ဘူး"
"ငါသိပါတယ်..." မိုဟန်က အသက်ပြင်းပြင်းရှူရင်း "ပြီးခါနီးပြီလား၊ ငါမင်းကို လာခေါ်မယ်"
"အဆင်ပြေပါတယ်၊ ရင်းနှီးမြုပ်နှံသူတွေနဲ့ တွေ့ဖို့ရှိသေးတယ် အရမ်းနောက်ကျမှာ"
ရှုဟော်နဲ့ တခြားကြယ်ပွင့်တွေက ရင်းနှီးမြုပ်နှံသူရှာဖို့ အခုလိုပွဲမျိုး လာလေ့ရှိတယ်။ သူရဲ့ စာချုပ်ကလည်း သက်တမ်းကုန်တော့မယ်။ ကိုယ်ပိုင်စတူဒီယိုဖွင့်ချင်ရင်၊ ချမ်းသာတဲ့သူတွေနဲ့ သိနေတာအကောင်းဆုံးပဲ။
မော့ဟန်က မျက်မှောင်ကြုတ်လိုက်ပြီး
"မင်းပိုက်ဆံလိုရင် ငါကိုပြောဖို့ အရင်ထဲကပြောထားပြီးသား တခြားသူတွေကို ခယနေစရာမလိုဘူး"
သူကလည်း အနုပညာလောကထဲကသူပဲ ထိုလူတွေ ဘယ်လိုကစားနေလည်းဆိုတာ သဘာဝကျကျပဲ သိထားတယ်။ ရင်းနှီး မြှုပ်နှံစေချင်ရင် လဲလှယ်စရာ တစ်ခုခု ပြန်ပေးရတယ်။
"မသင့်တော်ဘူး ၊ အဲ့ဒီအကြောင်း မပြောနဲ့တော့ ၊ ငါအပြင်ထွက်လာတာ ကြာသွားပြီး ၊ ပြန်ဝင်တော့မယ် "
ရှောင်ရှုဟော် မော့ဟန်နဲ့ စကားဆက်မ
ပြောတော့ဘဲ ဖုန်းချလိုက်သည်။
သူ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်ရှုဟော် အမှောင်ထဲက ထွက်သွားပြီးနောက် သူ့မျက်နှာပေါ်က တောက်ပတဲ့ အပြုံးနဲ့ နာမည်ကြီးကြယ်တစ်ပွင့် ဖြစ်နေဆဲပင်။
တစ်ဖက်မှာတော့ စစ်ရယ်နဲ့ ချန်ရှုက ကားပေါ်တက်ပြီး အိမ်ပြန်ခဲ့သည်။
ချန်ရှု ကားထဲမှာထိုင်ပြီး ရှောင်ရှုဟော်နဲ့ သူငယ်ချင်းဖြစ်ထားတဲ့ WeChat သူငယ်ချင်းစာရင်းကို လှမ်းကြည့်လိုက်တယ်။ သူခံစားရတဲ့အတိုင်းပဲ။ထိုလူက အရမ်းရည်မွန်ပြီး မသင်္ကာစရာ လုံးဝမရှိပေမယ့် ဖုံးကွယ်ထားတဲ့အရာတစ်ခုခုရှိနေသလို အနည်းငယ်အတုအယောင်ဆန်တယ်။အထူးပုံစံခွက်ထဲကလို သူ(ရှုဟော်)က အဲ့တာတွေကို လိုက်နာနေဖို့ပဲလိုတယ်
ဒါက ဖျော်ဖြေရေးနယ်ပယ်မှာ မကြာခဏဖြစ်လေ့ရှိတဲ့ အကြောင်းအရာတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ချန်ရှု စိတ်ထင်နေတာလား မသိပေမယ့် ရှောင်ရှုဟော် က သူ့အပေါ် အနည်းငယ်မကျေမနပ်ဖြစ်နေတယ်လို့ အမြဲလိုလို ခံစားမိပေမယ့် တခါတလေ အဲ့လိုအမူအရာ မတွေ့ရတော့ဘဲ သူအတွေးလွန်နေတယ်လို့တောင် ခံစားသည်။
"ဘာတွေ အလေးအနက် စဉ်းစားနေတာလဲ"
စစ်ရယ်က ခေါင်းငုံ့ထားတဲ့ နှာဖျားလေးကို ညှစ်ပြီး မေးလိုက်သည်။
ချန်ရှုက သူ့လက်နဲ့ ပြန်ပွတ်လိုက်ပြီး နှာခေါင်းကို ရှုံ့ကာ
"အန်ကယ်စစ်အနားမှာ မက်မွန်ပန်းတွေနဲ့ ပြည့်နေတာပဲ"
လို့ ညည်းညူရင်း ပြောလိုက်တယ်။
"သူတို့အားလုံးက ကိုယ့်ရဲ့ပိုက်ဆံနဲ့ အဆင့်အတန်းကို ကြိုက်ကြတာ၊အဲ့ဒါက မက်မွန့်ပွင့်တွေ ဝေနေတာမဟုတ်ဘူး"
စစ်ရယ်ပြောတာမှန်တယ်။ ခေါင်းညိတ်လိုက်ပြီး သူ့ကိုလက်ထပ်ချင်တဲ့သူတွေက အများအားဖြင့် ငွေနဲ့ အဆင့်အတန်းကိုပဲ လိုချင်ကြတာ၊သူ(ချန်ရှု)ကတော့ စစ်ရယ်ကို အရမ်းကြိုက်တယ် ဒါပေမယ့် အဲ့လို အရာတွေမလိုဘူး။
ချန်ရှုက နောက်ဆုံးစက္ကန့်မှာ အနည်းငယ် နာကျင်ခံစားရသော်လည်း နောက်တစက္ကန့်မှာ စစ်ရယ်က အရမ်းကောင်းပေမယ့် ထိုလူတွေကတော့ အကျိုးအမြတ်ယူဖို့ပဲ ချဉ်းကပ်ကြတဲ့အတွက် စစ်ရယ်ကို သနားမိတယ်။
"အန်ကယ်စစ် ဒေဝါလီခံရရင်တောင် ကျွန်တော်ကတော့ ကြိုက်နေတုန်းပဲ၊ ငါ မင်းကိုထောက်ပံ့နိုင်တယ်"
ချန်ရှု က စစ်ရယ်ရဲ့ ရင်ဘတ်ပေါ် ခေါင်းတင်ပြီး လေးနက်စွာ ပြောလိုက်တယ်။
လူတစ်ယောက်က သူ့ကို ထောက်ပံ့မယ်လို့ပြောတာ စစ်ရယ်ပထမဆုံးကြားဖူးတာပဲ
"ဘာဖြစ်လို့ ဒီလောက်ချစ်စရာကောင်းရတာလဲ"
စစ်ရယ်ရဲ့နှုတ်ခမ်းထောင့်ကနေ အပြုံးတစ်ခုထွက်လာပြီး ခေါင်းငုံ့ကာ ချန်ရှုရဲ့ဆံပင်တွေကို နမ်းလိုက်တယ်။
ချန်ရှုက သူ့ကိုကလေးချော့သလို ပြောနေတယ်ထင်ပြီး ကိုယ့်ကို မတ်မတ်ထိုင်လိုက်ပြီး တည်တည်ကြည်ကြည်စိုက်ကြည့်ကာ
"တကယ်ပြောနေတာ၊ အန်ကယ် ပင်ပန်းတဲ့အချိန်တိုင်း၊ ကျွန်တော် မြန်မြန်အရွယ်ရောက်လာပြီးတော့ အားကိုးနိုင်တဲ့ လူတစ်ယောက် ဖြစ်လာချင်တာ."
ဒီစကားလုံးတွေက အချစ်ကြောင့်လို့ မမှတ်ယူနိုင်ပေမယ့် စစ်ရယ်ကြားဖူးသမျှထဲမှာ အလှပဆုံး အချစ်စကားတွေလို့ ယူဆလိုက်တယ်။စစ်ရယ်တကယ် သဘောကျတယ်။
"ကောင်းပြီ"
စစ်ရယ်က ခေါင်းငုံ့ပြီး ချန်ရှုရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။
ချန်ရှု မျက်တောင်တွေ တုန်ယင်သွားပြီး ခန္ဓာကိုယ်တောင့်တင်းသွားကယ စစ်ရယ်ကို မှင်သက်စွာစိုက်ကြည့်နေမိတယ်။
စစ်ရယ်က ပြုံးလိုက်ပြီး ချန်ရှုနှုတ်ခမ်းတွေကို လက်ညိုးနဲ့ ဖိပွတ်ရင်း
"မင်း မကြိုက်ဘူးလား?"
ချန်ရှု လက်သီးဆုပ်ထားတာကို ဖြည်းညှင်းစွာ ဖြေလျှော့ကာ ခေါင်းခါပြီး စကားပြောတဲ့အချိန် အသံကတုန်နေတယ်
"ကျွန်တော် မမုန်းပါဘူး"
"လိမ္မာတဲ့ ကလေးပဲ"
စစ်ရယ်က သူ့မေးစေ့ကို ညှစ်ကာထိန်းထားပြီး ငုံ့လာကာ ထပ်နမ်းလိုက်တယ်။
ချန်ရှုက မတ်တပ်ရပ်ဖို့သင်ယူနေတဲ့ သမင်လေးတစ်ကောင်လို တုန်ယင်နေပြီး နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားကာ မျဉ်းဖြောင့်အတိုင်း ဖိထားပေမယ့် မျက်လုံးတွေကတော့ ထပ်ပြီး စိုက်မကြည့်ရဲတော့ပေ။
ရုတ်တရက် နှုတ်ခမ်းအနှံ့စိုစွတ်တဲ့ အပူဒဏ်ကို ခံစားလိုက်ရတယ်။ သူ့ဦးနှောက်က စက္ကန့်အနည်းငယ်လောက် ဗလာဖြစ်သွားပြီးမှ စစ်ရယ်ရဲ့ လျှာဖျားဖြစ်ကြောင်း တဖြည်းဖြည်း သိလိုက်ရသည်။နှာဖျားက ယားယံလာတာကြောင့် မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်တော့ စစ်ရယ်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ထင်ဟပ်နေတယ်။ မျက်လုံးတွေကတစ်ဆင့် သူ့နှလုံးသားကို တခဏချင်းရောက်ရှိသွားပြီး ရုတ်တရက် သူ့ရင်ဘတ်ထဲမှာ အမည်မသိ ခံစားချက်တစ်ခု တိုးဝင်လာသည်။ရေလှိုင်းလို တိုးဝင်လာပြီး မီးကဲ့သို့ ပူပြင်းကာ စွဲလမ်းရူးသွပ်သွားစေသည်။
ချန်ရှု စစ်ရယ်ရဲ့လည်ပင်းကို တွယ်ချိတ်ထားပြီး ပူပြင်းတဲ့ထွက်သက်ဝင်သက်တွေနဲ့ လောဘကြီးသော တောရိုင်းကောင်လို မျက်လုံးနှင့် တွေ့ဆုံကာ နူးညံ့တဲ့နှုတ်ခမ်းကို ပေးအပ်လိုက်သည်။
စိတ်အားထက်သန်မှုကြောင့် စစ်ရယ် အကြောင်းပြချက် ပျောက်ဆုံးတော့မလိုပင်။စိတ်ပါလာတဲ့အခိုက်အတန့်မှာ စစ်ရယ်က ချစ်ခြင်းမေတ္တာနဲ့ လိုချင်တပ်မက်မှုတို့ကြား ရုန်းကန်နေရတဲ့ သာမန်လူသားတစ်ဦးဖြစ်နေပြီး အချစ်နဲ့ ဆန္ဒကြားမှာ နစ်မြုပ်နေသည်။
ဘရိတ်သံက စစ်ရယ်ရဲ့အာရုံကို ခနလောက်ပြောင်းသွားစေသည်။ သူနဲ့ ချန်ရှု ကားထဲမှာ ရှိနေဆဲဖြစ်တာကို ရုတ်တရက် သိလိုက်ရပြီး ယာဉ်မောင်းကလည်း သူတို့ရှေ့ခန်းမှာ ထိုင်နေတယ်။ သူတို့ကြားထဲမှာ တစ်ခုခုဖြစ်သွားရင် အပြင်လူတွေကို ဖုံးကွယ်စရာမလိုဘူး။တကယ်တော့ သူ့စိတ်ထိန်းဖို့ ပေါ့လျော့မိသွားတယ်။
ချန်ရှုမျက်တောင်တွေ စိုစွတ်ပြီး၊နှုတ်ခမ်းတွေက ရင့်မှည့်နေတဲ့ ချယ်ရီသီးလို နှင်းဆီသန်းနေတယ်။ပါးပြင်ဖြူလေးတွေကလည်း နီရဲနေသည်။ သူက စစ်ရယ်ကို
“အန်ကယ်စစ်” လို့တိုးတိုးလေးခေါ်လိုက်တယ်။
ထိုစကားလုံးသုံးလုံးကြောင့် စစ်ရယ်နဖူးကနေချွေးပြန်လာပြီး ဘောင်းဘီက လုံးဝပုံပျက်သွားတော့သည်။
သူကြည့်လိုက်တော့ လှပပြီးတောက်ပတဲ့ မက်မွန်ပွင့်ပုံစံမျက်လုံးတွေက ရေမှုန်ကပ်နေသလို စိုစွတ်နေပြီး တောနက်ထဲ နှင်းပွင့်ချပ်လေးတွေလို မျက်လုံးထောင့်စွန်းက နီရဲနေတယ်။
စစ်ရယ်သူတစ်ယောက်ထဲပဲ ပြောင်းလဲသွားတာမဟုတ်ဘူးဆိုတာ သတိထားမိလိုက်တယ်။ကားကိုကားဂိုဒေါင်ထဲမှာ ရပ်ခိုင်းပြီး ဒရိုင်ဘာကိုထွက်သွားခိုင်းလိုက်သည်။
ယာဉ်မောင်းက သူ့နောက်က အသံနဲ့လှုပ်ရှားမှုတွေကို ဘာမှ မကြားရသလိုပဲ ထိုင်နေတယ်။စစ်ရယ်အသံကြားတာနဲ့ သူက ကားကို အမြန်ရပ်ပြီး ထွက်သွားတော့သည် ။ သူ့မျက်နှာက ရှက်စိတ်နဲ့ နီမြန်းနေသည်။မစ္စတာနဲ့မစ္စကြား ဆက်ဆံရေးက တကယ်ကောင်းတာပဲ။
စစ်ရယ် ချန်ရှုမျက်လုံးတွေကို နမ်းလိုက်ပြီး
"အန်ကယ် မင်းကိုကူညီမယ်" လို့တိုးတိုးလေး ပြောလိုက်သည်။
…
□□: မင်းအတွက် ငါခွင့်တိုင်ပေးထားတယ်၊ဖြည်းဖြည်းချင်းပဲလာ
ချန်ရှု : ကောင်းပြီ ကျေးဇူးပဲ
အတန်းနောက်မကျတတ်တဲ့ ချန်ရှုက ဒီနေ့အိပ်ရာထနောက်ကျခဲ့သည်။ အကြောင်းအရင်းကတော့ မနေ့က ကားထဲမှာ သူနဲ့ စစ်ရယ်လုပ်ခဲ့တာကို ပြန်တွေးပြီး ရှက်စိတ်ကြောင့် နီရဲလာတယ်။
ဒီနေ့ ဒရိုင်ဘာက သူ့ကို ကျောင်းပို့ဖို့ တခြားကားကို ပြောင်းထားတယ်။ မနေ့ညကားကို ရေဆေးထားတယ်လို့ ကြားတယ်။
တကယ်လို့ အရက်မူးတာကို ဆင်ခြေပေးရင်လည်း ချန်ရှု မနေ့ညက အပြုမူတွေကို ရှင်းပြဖို့ ဆင်ခြေတစ်ခုမှ ရှာမတွေ့ဘူး။
လမ်းမပေါ်မှာ လျှောက်လာရင်း ချန်ရှုကသူ့ရဲ့ ပူနွေးနေတဲ့ နားရွက်ကို ပွတ်သပ်ရင်း
"ငါ သူ့ကို အရမ်းကြိုက်တယ်" လို့ကိုယ့်ကိုယ်ကို ရေရွတ်လိုက်သည်။
ဒီအဖြေကလွဲပြီး စစ်ရယ်ကို နမ်းဖို့ ဘာကြောင့် အစပြုခဲ့တာလဲဆိုတာ ရှင်းပြဖို့ ဒုတိယအကြောင်းပြချက် ရှာမတွေ့သလို စစ်ရယ်မလိုဘူးလို့ ပြောတာတောင် သူဘာလို့ ကူညီခဲ့ရတာလဲ ။
သူ့လက်ဖဝါးကို ငုံ့ကြည့်ပြီး ပူပြင်းတဲ့ အထိအတွေ့က သူ့လက်ထဲမှာ ကျန်နေသေးတယ်။
ခဏလောက် အတွေးများပြီးတဲ့နောက် ချန်ရှုကဝန်ထုပ်ဝန်ပိုးမရှိတော့ဘဲ သူသဘောကျရင် ကြိုက်တယ်လို့ပဲ သတ်မှတ်လိုက်တယ်။ မျိုးဆက်နှစ်ဆက်ကွာတဲ့ လူတစ်ယောက်ကို သဘောကျပြီး အဲ့ဒိီ့လူက စစ်ရယ်ပဲ၊ အရှုံးမရှိဘူး။
စာရေးဆရာပြောစရာရှိတယ်-
ရှောင်ကို အရင်က အကြိမ်ပေါင်းများစွာ မန်းရှင်းလုပ်ခဲ့ဖူးတယ်၊ မင်းသတိထားမိလား မသိဘူး။ရှောင်က ဒု cp လို့ထင်သွားလား၊သူ့ cp က ဘယ်သူဖြစ်မလဲလို့ တွေးမိလား ?ဒီမှာ ဒု cp မရှိပါဘူး။ပြီးတော့ နောက်ဆုံးတော့ ရှုဇီဆုံးဖြတ်နိုင်သွားပြီ ဂုဏ်ယူပါတယ်~
မင်းရဲ့အားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဆက်ပြီးကြိုးစားပါ့မယ်။
T/N : ရှုဟော်ကို ချန်ရှုနဲ့ ရွယ်တူထင်နေတာ စစ်ရယ်နဲ့တူမယ် မထင်ထားဘူး (─.─||)
Zawgyi
ေရွာင္ရႈေဟာ္က ၿပဳံးၿပီးႏႈတ္ဆက္တယ္
"မင္းတို႔ အခ်င္းခ်င္း သိလိမ့္မယ္လို႔ ငါ မထင္ထားဘူး၊ ဒါက မင္းရဲ႕ ကေလးလား"
စစ္ရယ္ ခ်န္ရႈရဲ႕ခါးကိုဆြဲေပြ႕လိုက္ၿပီး
"ဒါက ငါ့ခ်စ္သူ"
လို႔ မိတ္ဆက္ေပးလိုက္တယ္။
ထိုအေျဖၾကားလိုက္ေတာ့ ေရွာင္ရႈေဟာ္မ်က္ေတာင္ေတြ လႈပ္ခါသြားတယ္။အခ်ိန္ခနၾကာမွ သူ႔မ်က္ႏွာေပၚက ေတာင့္တင္းတဲ့အမူအရာေပ်ာက္သြားၿပီး အၾကည့္ေတြျပန္ၾကည္လင္လာကာ
"မင္းလက္ထပ္ၿပီးသြားၿပီလား? ေတာင္းပန္ပါတယ္ ငါခနေလာက္ အရမ္းအံ့ၾသသြားလို႔"
"ဟုတ္တယ္၊ အမ်ိဳးသားေန႔ကပဲ လက္ထပ္လိုက္တာ၊ မင္း႐ုပ္ရွင္႐ိုက္ဖို႔ ရႈတင္မွာအလုပ္ရႈပ္ေနတယ္လို႔ ေမာ့ဟန္ေျပာတာနဲ႔ မင္းကို မဖိတ္လိုက္တာ"
စစ္ရယ္နဲ႔ ရႈေဟာ္ စကားေျပာေနတဲ့အခ်ိန္မွာ မ်က္လုံးတ၀က္မွိတ္ေနတဲ့ ခ်န္ရႈကို ႏူးႏူးညံ့ညံ့ အာ႐ုံစိုက္ထားတယ္။
"ဟုတ္တယ္ အဲဒီအခ်ိန္က အဖြဲ႕သားေတြနဲ႔ ႐ိုက္ကူးေရးလုပ္ရင္း အလုပ္မ်ားေနတာ"
ေရွာင္ရႈေဟာ္က ၿပဳံးျပရင္း ခ်န္ရႈကို
"မထင္မွတ္ပဲ မင္းကစစ္ရယ္ရဲ႕ခ်စ္သူ ျဖစ္ေနတာပဲ၊ ဘယ္ေလာက္ေတာင္ တိုက္ဆိုင္လိုက္လဲ၊ ထပ္မိတ္ဆက္ရေအာင္၊ ငါက ေရွာင္ရႈေဟာ္ပါ၊ စစ္ရယ္ရဲ႕ အတန္းေဖာ္ေဟာင္း"
သူ႔မ်က္ခုံးေတြက တြန႔္ေကြးသြားၿပီး အၾကည့္ေတြက ႏွစ္ဆႏူးညံ့လာကာ
"ေက်ာင္းတုန္းက စစ္ရယ္ကအရမ္းနာမည္ႀကီးတာ၊အတန္းကပ္ရပ္က ေကာင္မေလးေတြဆို ေက်ာင္းၿပီးတာနဲ႔ သူ႔ဆီေျပးလာၾကေရာပဲ"
ခ်န္ရႈက မ်က္ေတာင္ခတ္ၿပီး အျပစ္ကင္းသလိုအမူရာနဲ႔ စစ္ရယ္ကို လွည့္ၾကည့္ကာ
"တကယ္ပဲလား?"
စစ္ရယ္က သူ႔ရဲ႕ဆံပင္အနက္ေရာင္ေတြကို ပြတ္သပ္ေပးရင္း
"အဲ့ဒီေလာက္ ပုံႀကီးခ်ဲ႕စရာ မလိုဘူး"
လို႔ ေျပာလိုက္တယ္။
"ႏွိမ့္ခ်မေနပါနဲ႔၊ အဲဒီတုန္းက မင္းရဲ႕ စားပြဲေပၚမွာ ေန႔တိုင္း ရည္းစားစာေတြနဲ႔ ျပည့္ေနတာ၊ ငါတို႔ ေယာက္်ားေလး အတန္းေဖာ္ေတြေတာင္ မင္းကို မနာလိုျဖစ္ရတယ္"
ေရွာင္ရႈေဟာ္က မနာလိုတဲ့အသံနဲ႔ေျပာေနေပမယ့္ သူ႔မ်က္ႏွာေပၚက အၿပဳံးကေတာ့ မေလ်ာ့ပါးသြားေပ။သဝန္တိုတာမဟုတ္ဘဲ ရင္းႏွီးတဲ့ဆက္ဆံေရး ရွိေနတာျဖစ္သည္။
ခ်န္ရႈက သူ႔ရဲ႕ဖုန္းကို ထုတ္လိုက္ၿပီး ရႈေဟာ္ကို
"ကြၽန္ေတာ့္နာမည္က ခ်န္ရႈပါ၊ WeChat မွာအပ္ရေအာင္"
ခနရပ္လိုက္ၿပီး ေရွာင္ရႈေဟာ္ကို
"နာမည္ႀကီးၾကယ္ပြင့္ေတြက Wechat မွာ လူအပ္လို႔မရဘူးလား? အဆင္မေျပရင္ ထားလိုက္ပါ"
"အဆင္မေျပတာမရွိပါဘူး၊ မင္းက ငါ့သူငယ္ခ်င္း စစ္ရယ္ရဲ႕ ခ်စ္သူပဲ"
ေရွာင္ရႈေဟာ္ဖုန္းကို ထုတ္လိုက္ၿပီး ခ်န္ရႈကို
"ငါ မင္းကို စကင္မ္ဖတ္လို႔ရမလား?"
ခ်န္ရႈက ေခါင္းညိတ္ျပၿပီး
"ေကာင္းပါၿပီ"
ႏွစ္ေယာက္လုံး WeChat အပ္လိုက္ၾကၿပီး ခ်န္ရႈက သူ႔ဖုန္းကို ျပန္သိမ္းလိုက္ၿပီး စစ္ရယ္ကို ေခါင္းေမာ့ၾကည့္ကာ
"အန္ကယ္စစ္မွာ နာမည္ႀကီးသူငယ္ခ်င္းတစ္ေယာက္ရွိတာ ဘာလို႔မေျပာျပရတာလဲ"
သူ႔မ်က္လုံးေတြကို မွိတ္ထားၿပီး ဒီေန႔ မင္းသားေလးလို ဝတ္ထားတာေၾကာင့္ အျပစ္တင္ေျပာတာထက္ ကေလးတစ္ေယာက္လို ျပဳမူေနတာနဲ႔တူတယ္။ စစ္ရယ္ရဲ႕ ႏွလုံးသားက ႏူးညံ့ ပူေလာင္ေနၿပီး လက္ကို ေျမႇာက္ကာ ခ်န္ရႈရဲ႕နားႏုႏုေလးကို ပြတ္ရင္း စူးစိုက္ၾကည့္ေနမိတယ္။
"ကိုယ့္မွာ ေဖ်ာ္ေျဖေရးကုမၸဏီတစ္ခုမွာ က်င္လည္ေနတဲ့ သူငယ္ခ်င္းတစ္ေယာက္ရွိေသးတယ္။ ေနာက္တစ္ခါ မင္းနဲ႔ မိတ္ဆက္ေပးၿပီး သူ႔ကုမၸဏီကို အလည္သြားၾကမယ္"
"ေကာင္းၿပီ"
ခ်န္ရႈက သြားေလးေတြေပၚတဲ့အထိ ၿပဳံးျပလိုက္သည္။
စစ္ရယ္က ခ်န္ရႈကိုေခၚၿပီး ေရွာင္ရႈေဟာ္ကို ႏႈတ္ဆက္ခဲ့တယ္။ ကားထဲဝင္သြားတဲ့အထိ ေရွာင္ရႈေဟာ္က ထိုေနရာမွာပဲ ရပ္ေနၿပီး ေမာ့ဟန္ကိုေခၚဖို႔ သူ႔ဖုန္းကို ထုတ္လိုက္တယ္။
"ရႈေဟာ္ မင္းငါ့ကို ဖုန္းဆက္ဖို႔ သတိရေသးတယ္ေပါ့"
ေမာ့ဟန္ရဲ႕ အသံက ဖုန္းတစ္ဖက္ကေန သာသာယာယာ ထြက္ေပၚလာသည္။
ေရွာင္ရႈေဟာ္ က မ်က္ခြံေတြကို မွိတ္လိုက္ၿပီး အလင္းသိပ္မရွိတဲ့ ေနရာကို ေလွ်ာက္သြားကာ သူ႔မ်က္ႏွာေပၚက အၿပဳံးကို ဖယ္ခ်လိုက္တယ္။
"စစ္ရယ္ လက္ထပ္ၿပီးသြားတာ ငါ့ကို ဘာလို႔ မေျပာတာလဲ"
ေမာ့ဟန္ စကၠန႔္အနည္းငယ္မွ် ဆြံ႕အသြားၿပီး
“မင္းသိသြားတာလား”
လို႔ တိုးတိုးေလးေျပာတယ္။
"ငါဒီေန႔ သူ႔အိမ္ေထာင္ဖက္နဲ႔ မေတာ္တဆေတြ႕ခဲ့တာ၊ သူက အသက္ျပည့္ၿပီလား?"
ေရွာင္ရႈေဟာ္ သူ႔အိတ္ကပ္ထဲက စီးကရက္တစ္လိပ္ကိုယူကာ ေအးစက္စက္အမူအရာနဲ႔ နံရံကိုမွီလိုက္သည္။
"ဒါေပါ့ သူကအသက္ျပည့္ၿပီးသား ဆယ့္ရွစ္ႏွစ္ေလ"
ေမာ့ဟန္က စစ္ရယ္ဘက္က ကာေျပာေပးလိုက္တယ္။ေျပာလိုက္ၿပီးမွ ေရွာင္ရႈေဟာ္က ခ်န္ရႈအ႐ြယ္ေရာက္ၿပီးသား ဟုတ္မဟုတ္ သိခ်င္တာမဟုတ္ဘူးဆိုတာ သေဘာေပါက္သြားတယ္။ အ႐ြယ္မေရာက္ေသးရင္ ဘယ္လိုလုပ္ လက္ထပ္မွတ္ပုံတင္လုပ္လို႔ရမွာလဲ။
ေရွာင္ရႈေဟာ္က ခ်န္ရႈကို ကေလးတစ္ေယာက္ဆိုတာ သြယ္ဝိုက္ေျပာေနတာပဲ။
"ရႈေဟာ္... ငါမင္းကို ဒီအေၾကာင္းဖုံးကြယ္ထားခ်င္လို႔ မဟုတ္ပါဘူး ငါထင္တာက..." ေမာ့ဟန္က ခဏရပ္ၿပီး "မင္းဒီအေၾကာင္းမသိခ်င္ဘူးလားလို႔"
ေရွာင္ရႈေဟာ္က အသက္ျပင္းျပင္းရွဴၿပီး အဆုတ္ထဲကို ေဆးလိပ္ေငြ႕တခ်ိဳ႕ရႈရႈိက္လိုက္ၿပီး ႏွာေခါင္းထဲကေန အေငြ႕တခ်ိဳ႕ ျပန္ထြက္လာတယ္
“ငါဒီအေၾကာင္း မသိခ်င္ဘူးလို႔ ထင္ေနတာလား ဒါမွမဟုတ္ ငါစစ္ရယ္ရဲ႕ လက္ထပ္ပြဲမွာ ျပႆနာရွာၿပီးဒုကၡေရာက္ေအာင္လုပ္မွာစိုးလို႔ ႀကိဳတင္ကာကြယ္တဲ့ သေဘာလား ?"
ဖုန္းရဲ႕ အျခားတစ္ဖက္က တိတ္ဆိတ္သြားၿပီး ေရွာင္ရႈေဟာ္ စစ္ရယ္နဲ႔ခ်န္ရႈ ထြက္သြားတဲ့ လမ္းတစ္ေလွ်ာက္ကို ၾကည့္ရင္း သူ႔မ်က္လုံးေတြ မႈန္ဝါးလာၿပီး
"ေမာ့ဟန္ မင္းငါ့ကိုတကယ္ပဲ အဲ့လိုေတြးေနတာလား ?"
"အခုဒီကေလးက သူ႔ခ်စ္သူပါလို႔ စစ္ရယ္ေျပာလိုက္တဲ့အခ်ိန္ ငါ ဘယ္ေလာက္ေတာင္ အဆင္မေျပျဖစ္ရလဲ မင္းသိရဲ႕လား၊ သူ႔ေရွ႕မွာတင္ ငါအသက္ရႈရပ္သြားၿပီလို႔ေတာင္ ထင္ေနတာ၊ ဘာလို႔ ငါမဟုတ္ရတာလဲ၊ အသိသာကို ငါကအရင္ဆုံး.. "
ေရွာင္ရႈေဟာ္က သူ႔ဆံပင္ေတြကို နာက်င္စြာ ဆုပ္ကိုင္ရင္း အသံေတြကြဲအက္လာတယ္။ မိုဟန္က သူ႔ပါးစပ္ကို ဖြင့္လိုက္တဲ့အခ်ိန္ သူ႔ႏွလုံးသားကြဲအက္သြားသလိုပဲ၊
"ရႈေဟာ္ ငါေတာင္းပန္ပါတယ္... ငါ တစ္ကိုယ္ေကာင္းဆန္ခဲ့မိတာ ငါဝန္ခံပါတယ္၊ မင္း စစ္ရယ္ကို အၿမဲၾကည့္ေနေပမယ့္ စစ္ရယ္က မင္းကို သာမာန္သူငယ္ခ်င္းတစ္ေယာက္လိုပဲ သေဘာထားတာ၊ငါ မင္းကို မနစ္မြန္းေစခ်င္ေတာ့ဘူး"
"မင္း တစ္ဖက္လွည့္ၿပီး ငါ့ကိုပဲၾကည့္လို႔မရဘူးလား"
ေမာ့ဟန္က ခပ္တိုးတိုး အသံနဲ႔ ေမးလိုက္သည္။
သူ႔လက္ထဲက ျပာေတြ ၾကမ္းျပင္ေပၚ က်သြားၿပီး အခ်ိန္အတန္ၾကာ တိတ္ဆိတ္ၿငိမ္သက္ၿပီးေနာက္ ျပတင္းေပါက္အျပင္ဘက္မွာ မိုး႐ြာလာတယ္။
ေရွာင္ရႈေဟာ္အသံက ျပန္တည္ၿငိမ္သြားၿပီး
"ေတာင္းပန္ပါတယ္... ေမာ့ဟန္၊ မင္းက ငါ့အတြက္ အရမ္းအေရးပါ ပါတယ္၊ စစ္ရယ္မရွိရင္ မင္းကို ငါစဥ္းစားမိမွာပါ... ဒါေပမယ့္ တခ်ိဳ႕အရာေတြက ဒီလိုပါပဲ၊အဲ့ဒီအရာေတြက ဘယ္ေတာ့မွ ကိုယ့္သေဘာအတိုင္း ျဖစ္လာမွာမဟုတ္ဘူး"
"ငါသိပါတယ္..." မိုဟန္က အသက္ျပင္းျပင္းရွဴရင္း "ၿပီးခါနီးၿပီလား၊ ငါမင္းကို လာေခၚမယ္"
"အဆင္ေျပပါတယ္၊ ရင္းႏွီးျမဳပ္ႏွံသူေတြနဲ႔ ေတြ႕ဖို႔ရွိေသးတယ္ အရမ္းေနာက္က်မွာ"
ရႈေဟာ္နဲ႔ တျခားၾကယ္ပြင့္ေတြက ရင္းႏွီးျမဳပ္ႏွံသူရွာဖို႔ အခုလိုပြဲမ်ိဳး လာေလ့ရွိတယ္။ သူရဲ႕ စာခ်ဳပ္ကလည္း သက္တမ္းကုန္ေတာ့မယ္။ ကိုယ္ပိုင္စတူဒီယိုဖြင့္ခ်င္ရင္၊ ခ်မ္းသာတဲ့သူေတြနဲ႔ သိေနတာအေကာင္းဆုံးပဲ။
ေမာ့ဟန္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
"မင္းပိုက္ဆံလိုရင္ ငါကိုေျပာဖို႔ အရင္ထဲကေျပာထားၿပီးသား တျခားသူေတြကို ခယေနစရာမလိုဘူး"
သူကလည္း အႏုပညာေလာကထဲကသူပဲ ထိုလူေတြ ဘယ္လိုကစားေနလည္းဆိုတာ သဘာဝက်က်ပဲ သိထားတယ္။ ရင္းႏွီး ျမႇဳပ္ႏွံေစခ်င္ရင္ လဲလွယ္စရာ တစ္ခုခု ျပန္ေပးရတယ္။
"မသင့္ေတာ္ဘူး ၊ အဲ့ဒီအေၾကာင္း မေျပာနဲ႔ေတာ့ ၊ ငါအျပင္ထြက္လာတာ ၾကာသြားၿပီး ၊ ျပန္ဝင္ေတာ့မယ္ "
ေရွာင္ရႈေဟာ္ ေမာ့ဟန္နဲ႔ စကားဆက္မ
ေျပာေတာ့ဘဲ ဖုန္းခ်လိုက္သည္။
သူ ဖုန္းကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေရွာင္ရႈေဟာ္ အေမွာင္ထဲက ထြက္သြားၿပီးေနာက္ သူ႔မ်က္ႏွာေပၚက ေတာက္ပတဲ့ အၿပဳံးနဲ႔ နာမည္ႀကီးၾကယ္တစ္ပြင့္ ျဖစ္ေနဆဲပင္။
တစ္ဖက္မွာေတာ့ စစ္ရယ္နဲ႔ ခ်န္ရႈက ကားေပၚတက္ၿပီး အိမ္ျပန္ခဲ့သည္။
ခ်န္ရႈ ကားထဲမွာထိုင္ၿပီး ေရွာင္ရႈေဟာ္နဲ႔ သူငယ္ခ်င္းျဖစ္ထားတဲ့ WeChat သူငယ္ခ်င္းစာရင္းကို လွမ္းၾကည့္လိုက္တယ္။ သူခံစားရတဲ့အတိုင္းပဲ။ထိုလူက အရမ္းရည္မြန္ၿပီး မသကၤာစရာ လုံးဝမရွိေပမယ့္ ဖုံးကြယ္ထားတဲ့အရာတစ္ခုခုရွိေနသလို အနည္းငယ္အတုအေယာင္ဆန္တယ္။အထူးပုံစံခြက္ထဲကလို သူ(ရႈေဟာ္)က အဲ့တာေတြကို လိုက္နာေနဖို႔ပဲလိုတယ္
ဒါက ေဖ်ာ္ေျဖေရးနယ္ပယ္မွာ မၾကာခဏျဖစ္ေလ့ရွိတဲ့ အေၾကာင္းအရာတစ္ခုလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။
ခ်န္ရႈ စိတ္ထင္ေနတာလား မသိေပမယ့္ ေရွာင္ရႈေဟာ္ က သူ႔အေပၚ အနည္းငယ္မေက်မနပ္ျဖစ္ေနတယ္လို႔ အၿမဲလိုလို ခံစားမိေပမယ့္ တခါတေလ အဲ့လိုအမူအရာ မေတြ႕ရေတာ့ဘဲ သူအေတြးလြန္ေနတယ္လို႔ေတာင္ ခံစားသည္။
"ဘာေတြ အေလးအနက္ စဥ္းစားေနတာလဲ"
စစ္ရယ္က ေခါင္းငုံ႔ထားတဲ့ ႏွာဖ်ားေလးကို ညႇစ္ၿပီး ေမးလိုက္သည္။
ခ်န္ရႈက သူ႔လက္နဲ႔ ျပန္ပြတ္လိုက္ၿပီး ႏွာေခါင္းကို ရႈံ႕ကာ
"အန္ကယ္စစ္အနားမွာ မက္မြန္ပန္းေတြနဲ႔ ျပည့္ေနတာပဲ"
လို႔ ညည္းညဴရင္း ေျပာလိုက္တယ္။
"သူတို႔အားလုံးက ကိုယ့္ရဲ႕ပိုက္ဆံနဲ႔ အဆင့္အတန္းကို ႀကိဳက္ၾကတာ၊အဲ့ဒါက မက္မြန႔္ပြင့္ေတြ ေဝေနတာမဟုတ္ဘူး"
စစ္ရယ္ေျပာတာမွန္တယ္။ ေခါင္းညိတ္လိုက္ၿပီး သူ႔ကိုလက္ထပ္ခ်င္တဲ့သူေတြက အမ်ားအားျဖင့္ ေငြနဲ႔ အဆင့္အတန္းကိုပဲ လိုခ်င္ၾကတာ၊သူ(ခ်န္ရႈ)ကေတာ့ စစ္ရယ္ကို အရမ္းႀကိဳက္တယ္ ဒါေပမယ့္ အဲ့လို အရာေတြမလိုဘူး။
ခ်န္ရႈက ေနာက္ဆုံးစကၠန႔္မွာ အနည္းငယ္ နာက်င္ခံစားရေသာ္လည္း ေနာက္တစကၠန႔္မွာ စစ္ရယ္က အရမ္းေကာင္းေပမယ့္ ထိုလူေတြကေတာ့ အက်ိဳးအျမတ္ယူဖို႔ပဲ ခ်ဥ္းကပ္ၾကတဲ့အတြက္ စစ္ရယ္ကို သနားမိတယ္။
"အန္ကယ္စစ္ ေဒဝါလီခံရရင္ေတာင္ ကြၽန္ေတာ္ကေတာ့ ႀကိဳက္ေနတုန္းပဲ၊ ငါ မင္းကိုေထာက္ပံ့ႏိုင္တယ္"
ခ်န္ရႈ က စစ္ရယ္ရဲ႕ ရင္ဘတ္ေပၚ ေခါင္းတင္ၿပီး ေလးနက္စြာ ေျပာလိုက္တယ္။
လူတစ္ေယာက္က သူ႔ကို ေထာက္ပံ့မယ္လို႔ေျပာတာ စစ္ရယ္ပထမဆုံးၾကားဖူးတာပဲ
"ဘာျဖစ္လို႔ ဒီေလာက္ခ်စ္စရာေကာင္းရတာလဲ"
စစ္ရယ္ရဲ႕ႏႈတ္ခမ္းေထာင့္ကေန အၿပဳံးတစ္ခုထြက္လာၿပီး ေခါင္းငုံ႔ကာ ခ်န္ရႈရဲ႕ဆံပင္ေတြကို နမ္းလိုက္တယ္။
ခ်န္ရႈက သူ႔ကိုကေလးေခ်ာ့သလို ေျပာေနတယ္ထင္ၿပီး ကိုယ့္ကို မတ္မတ္ထိုင္လိုက္ၿပီး တည္တည္ၾကည္ၾကည္စိုက္ၾကည့္ကာ
"တကယ္ေျပာေနတာ၊ အန္ကယ္ ပင္ပန္းတဲ့အခ်ိန္တိုင္း၊ ကြၽန္ေတာ္ ျမန္ျမန္အ႐ြယ္ေရာက္လာၿပီးေတာ့ အားကိုးႏိုင္တဲ့ လူတစ္ေယာက္ ျဖစ္လာခ်င္တာ."
ဒီစကားလုံးေတြက အခ်စ္ေၾကာင့္လို႔ မမွတ္ယူႏိုင္ေပမယ့္ စစ္ရယ္ၾကားဖူးသမွ်ထဲမွာ အလွပဆုံး အခ်စ္စကားေတြလို႔ ယူဆလိုက္တယ္။စစ္ရယ္တကယ္ သေဘာက်တယ္။
"ေကာင္းၿပီ"
စစ္ရယ္က ေခါင္းငုံ႔ၿပီး ခ်န္ရႈရဲ႕ ႏႈတ္ခမ္းေတြကို နမ္းလိုက္တယ္။
ခ်န္ရႈ မ်က္ေတာင္ေတြ တုန္ယင္သြားၿပီး ခႏၶာကိုယ္ေတာင့္တင္းသြားကယ စစ္ရယ္ကို မွင္သက္စြာစိုက္ၾကည့္ေနမိတယ္။
စစ္ရယ္က ၿပဳံးလိုက္ၿပီး ခ်န္ရႈႏႈတ္ခမ္းေတြကို လက္ညိဳးနဲ႔ ဖိပြတ္ရင္း
"မင္း မႀကိဳက္ဘူးလား?"
ခ်န္ရႈ လက္သီးဆုပ္ထားတာကို ျဖည္းညႇင္းစြာ ေျဖေလွ်ာ့ကာ ေခါင္းခါၿပီး စကားေျပာတဲ့အခ်ိန္ အသံကတုန္ေနတယ္
"ကြၽန္ေတာ္ မမုန္းပါဘူး"
"လိမၼာတဲ့ ကေလးပဲ"
စစ္ရယ္က သူ႔ေမးေစ့ကို ညႇစ္ကာထိန္းထားၿပီး ငုံ႔လာကာ ထပ္နမ္းလိုက္တယ္။
ခ်န္ရႈက မတ္တပ္ရပ္ဖို႔သင္ယူေနတဲ့ သမင္ေလးတစ္ေကာင္လို တုန္ယင္ေနၿပီး ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ထားကာ မ်ဥ္းေျဖာင့္အတိုင္း ဖိထားေပမယ့္ မ်က္လုံးေတြကေတာ့ ထပ္ၿပီး စိုက္မၾကည့္ရဲေတာ့ေပ။
႐ုတ္တရက္ ႏႈတ္ခမ္းအႏွံ႔စိုစြတ္တဲ့ အပူဒဏ္ကို ခံစားလိုက္ရတယ္။ သူ႔ဦးေႏွာက္က စကၠန႔္အနည္းငယ္ေလာက္ ဗလာျဖစ္သြားၿပီးမွ စစ္ရယ္ရဲ႕ လွ်ာဖ်ားျဖစ္ေၾကာင္း တျဖည္းျဖည္း သိလိုက္ရသည္။ႏွာဖ်ားက ယားယံလာတာေၾကာင့္ မ်က္လုံးေတြကို ျဖည္းညႇင္းစြာဖြင့္ၾကည့္လိုက္ေတာ့ စစ္ရယ္ရဲ႕မ်က္ႏွာေပၚမွာ အၿပဳံးတစ္ခု ထင္ဟပ္ေနတယ္။ မ်က္လုံးေတြကတစ္ဆင့္ သူ႔ႏွလုံးသားကို တခဏခ်င္းေရာက္ရွိသြားၿပီး ႐ုတ္တရက္ သူ႔ရင္ဘတ္ထဲမွာ အမည္မသိ ခံစားခ်က္တစ္ခု တိုးဝင္လာသည္။ေရလႈိင္းလို တိုးဝင္လာၿပီး မီးကဲ့သို႔ ပူျပင္းကာ စြဲလမ္း႐ူးသြပ္သြားေစသည္။
ခ်န္ရႈ စစ္ရယ္ရဲ႕လည္ပင္းကို တြယ္ခ်ိတ္ထားၿပီး ပူျပင္းတဲ့ထြက္သက္ဝင္သက္ေတြနဲ႔ ေလာဘႀကီးေသာ ေတာ႐ိုင္းေကာင္လို မ်က္လုံးႏွင့္ ေတြ႕ဆုံကာ ႏူးညံ့တဲ့ႏႈတ္ခမ္းကို ေပးအပ္လိုက္သည္။
စိတ္အားထက္သန္မႈေၾကာင့္ စစ္ရယ္ အေၾကာင္းျပခ်က္ ေပ်ာက္ဆုံးေတာ့မလိုပင္။စိတ္ပါလာတဲ့အခိုက္အတန႔္မွာ စစ္ရယ္က ခ်စ္ျခင္းေမတၱာနဲ႔ လိုခ်င္တပ္မက္မႈတို႔ၾကား ႐ုန္းကန္ေနရတဲ့ သာမန္လူသားတစ္ဦးျဖစ္ေနၿပီး အခ်စ္နဲ႔ ဆႏၵၾကားမွာ နစ္ျမဳပ္ေနသည္။
ဘရိတ္သံက စစ္ရယ္ရဲ႕အာ႐ုံကို ခနေလာက္ေျပာင္းသြားေစသည္။ သူနဲ႔ ခ်န္ရႈ ကားထဲမွာ ရွိေနဆဲျဖစ္တာကို ႐ုတ္တရက္ သိလိုက္ရၿပီး ယာဥ္ေမာင္းကလည္း သူတို႔ေရွ႕ခန္းမွာ ထိုင္ေနတယ္။ သူတို႔ၾကားထဲမွာ တစ္ခုခုျဖစ္သြားရင္ အျပင္လူေတြကို ဖုံးကြယ္စရာမလိုဘူး။တကယ္ေတာ့ သူ႔စိတ္ထိန္းဖို႔ ေပါ့ေလ်ာ့မိသြားတယ္။
ခ်န္ရႈမ်က္ေတာင္ေတြ စိုစြတ္ၿပီး၊ႏႈတ္ခမ္းေတြက ရင့္မွည့္ေနတဲ့ ခ်ယ္ရီသီးလို ႏွင္းဆီသန္းေနတယ္။ပါးျပင္ျဖဴေလးေတြကလည္း နီရဲေနသည္။ သူက စစ္ရယ္ကို
“အန္ကယ္စစ္” လို႔တိုးတိုးေလးေခၚလိုက္တယ္။
ထိုစကားလုံးသုံးလုံးေၾကာင့္ စစ္ရယ္နဖူးကေနေခြၽးျပန္လာၿပီး ေဘာင္းဘီက လုံးဝပုံပ်က္သြားေတာ့သည္။
သူၾကည့္လိုက္ေတာ့ လွပၿပီးေတာက္ပတဲ့ မက္မြန္ပြင့္ပုံစံမ်က္လုံးေတြက ေရမႈန္ကပ္ေနသလို စိုစြတ္ေနၿပီး ေတာနက္ထဲ ႏွင္းပြင့္ခ်ပ္ေလးေတြလို မ်က္လုံးေထာင့္စြန္းက နီရဲေနတယ္။
စစ္ရယ္သူတစ္ေယာက္ထဲပဲ ေျပာင္းလဲသြားတာမဟုတ္ဘူးဆိုတာ သတိထားမိလိုက္တယ္။ကားကိုကားဂိုေဒါင္ထဲမွာ ရပ္ခိုင္းၿပီး ဒ႐ိုင္ဘာကိုထြက္သြားခိုင္းလိုက္သည္။
ယာဥ္ေမာင္းက သူ႔ေနာက္က အသံနဲ႔လႈပ္ရွားမႈေတြကို ဘာမွ မၾကားရသလိုပဲ ထိုင္ေနတယ္။စစ္ရယ္အသံၾကားတာနဲ႔ သူက ကားကို အျမန္ရပ္ၿပီး ထြက္သြားေတာ့သည္ ။ သူ႔မ်က္ႏွာက ရွက္စိတ္နဲ႔ နီျမန္းေနသည္။မစၥတာနဲ႔မစၥၾကား ဆက္ဆံေရးက တကယ္ေကာင္းတာပဲ။
စစ္ရယ္ ခ်န္ရႈမ်က္လုံးေတြကို နမ္းလိုက္ၿပီး
"အန္ကယ္ မင္းကိုကူညီမယ္" လို႔တိုးတိုးေလး ေျပာလိုက္သည္။
…
□□: မင္းအတြက္ ငါခြင့္တိုင္ေပးထားတယ္၊ျဖည္းျဖည္းခ်င္းပဲလာ
ခ်န္ရႈ : ေကာင္းၿပီ ေက်းဇူးပဲ
အတန္းေနာက္မက်တတ္တဲ့ ခ်န္ရႈက ဒီေန႔အိပ္ရာထေနာက္က်ခဲ့သည္။ အေၾကာင္းအရင္းကေတာ့ မေန႔က ကားထဲမွာ သူနဲ႔ စစ္ရယ္လုပ္ခဲ့တာကို ျပန္ေတြးၿပီး ရွက္စိတ္ေၾကာင့္ နီရဲလာတယ္။
ဒီေန႔ ဒ႐ိုင္ဘာက သူ႔ကို ေက်ာင္းပို႔ဖို႔ တျခားကားကို ေျပာင္းထားတယ္။ မေန႔ညကားကို ေရေဆးထားတယ္လို႔ ၾကားတယ္။
တကယ္လို႔ အရက္မူးတာကို ဆင္ေျခေပးရင္လည္း ခ်န္ရႈ မေန႔ညက အျပဳမူေတြကို ရွင္းျပဖို႔ ဆင္ေျခတစ္ခုမွ ရွာမေတြ႕ဘူး။
လမ္းမေပၚမွာ ေလွ်ာက္လာရင္း ခ်န္ရႈကသူ႔ရဲ႕ ပူေႏြးေနတဲ့ နား႐ြက္ကို ပြတ္သပ္ရင္း
"ငါ သူ႔ကို အရမ္းႀကိဳက္တယ္" လို႔ကိုယ့္ကိုယ္ကို ေရ႐ြတ္လိုက္သည္။
ဒီအေျဖကလြဲၿပီး စစ္ရယ္ကို နမ္းဖို႔ ဘာေၾကာင့္ အစျပဳခဲ့တာလဲဆိုတာ ရွင္းျပဖို႔ ဒုတိယအေၾကာင္းျပခ်က္ ရွာမေတြ႕သလို စစ္ရယ္မလိုဘူးလို႔ ေျပာတာေတာင္ သူဘာလို႔ ကူညီခဲ့ရတာလဲ ။
သူ႔လက္ဖဝါးကို ငုံ႔ၾကည့္ၿပီး ပူျပင္းတဲ့ အထိအေတြ႕က သူ႔လက္ထဲမွာ က်န္ေနေသးတယ္။
ခဏေလာက္ အေတြးမ်ားၿပီးတဲ့ေနာက္ ခ်န္ရႈကဝန္ထုပ္ဝန္ပိုးမရွိေတာ့ဘဲ သူသေဘာက်ရင္ ႀကိဳက္တယ္လို႔ပဲ သတ္မွတ္လိုက္တယ္။ မ်ိဳးဆက္ႏွစ္ဆက္ကြာတဲ့ လူတစ္ေယာက္ကို သေဘာက်ၿပီး အဲ့ဒိီ့လူက စစ္ရယ္ပဲ၊ အရႈံးမရွိဘူး။
စာေရးဆရာေျပာစရာရွိတယ္-
ေရွာင္ကို အရင္က အႀကိမ္ေပါင္းမ်ားစြာ မန္းရွင္းလုပ္ခဲ့ဖူးတယ္၊ မင္းသတိထားမိလား မသိဘူး။ေရွာင္က ဒု cp လို႔ထင္သြားလား၊သူ႔ cp က ဘယ္သူျဖစ္မလဲလို႔ ေတြးမိလား ?ဒီမွာ ဒု cp မရွိပါဘူး။ၿပီးေတာ့ ေနာက္ဆုံးေတာ့ ရႈဇီဆုံးျဖတ္ႏိုင္သြားၿပီ ဂုဏ္ယူပါတယ္~
မင္းရဲ႕အားေပးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ဆက္ၿပီးႀကိဳးစားပါ့မယ္။
T/N : ရႈေဟာ္ကို ခ်န္ရႈနဲ႔ ႐ြယ္တူထင္ေနတာ စစ္ရယ္နဲ႔တူမယ္ မထင္ထားဘူး (─.─||)