ညံနေအောင်ချစ်မည် (loving you...
By AdderAries
54.9K 4.6K 607
Completed!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021 More
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 10 (Adult Scene 🔞)
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 23
957 89 14
By AdderAries
ယနေ့ည ကံ့ကော်၏ staff partyသို့ ဉာဏ့်ကိုခေါ်သွားရန် စက်နေဟိန်း စီစဉ်ထားသည်။ သို့မှလည်း ဉာဏ့်ကို အလုပ်အကြောင်းလေး ပြောပြပေးလို့ရမှာဖြစ်သည်။
"ဘယ်သူ့မင်္ဂလာဆောင်လဲ"
ဉာဏ်က စက်နေဟိန်းကို ရေချိုးခန်းထဲမှအထွက် စပ်စုလာသည်။
"မင်္ဂလာဆောင်မဟုတ်ဘူး၊ staff partyပါဆိုနေမှပဲကွာ"
"ဪ ဟုတ်သားပဲ၊ ဉာဏ် ဒါဝတ်ရမှာနော်"
ဉာဏ်က ကုတင်ပေါ်တင်ထားသော အဝတ်အစားများကို လက်ညှိုးထိုးပြသည်။
"ဟုတ်တယ် ဉာဏ်၊ ကိုယ်လည်း အဝတ်စားလဲရဦးမယ်"
ဉာဏ်သည် အဝတ်အစားများကိုကြည့်ရင်း မျက်လုံးများပင်ပြူးသွားသည်။ ဒီတံဆိပ်တွေကိုကြည့်ခြင်းဖြင့် ဈေးတွေက မိုးပေါ်ရောက်နေကြောင်း ဉာဏ်သိလိုက်သည်။ သွားရမည့်နေရာက အရမ်းကြီးကျယ်လို့များလားဟု ဉာဏ် ခဏလောက်တွေးနေရသည်။
"ဦးစက်...အခုသွားရမယ့်နေရာက တော်တော်ကြီးလား"
"မကြီးဘူးလေ၊ အိမ်ကိုသွားရမှာ၊ သူတို့က အိမ်မှာလုပ်ပေးတာ"
"ဒါဆို ဘာလို့ ဉာဏ့်အတွက် ဒါတွေဝယ်ထားပေးတာလဲ"
"ဉာဏ်မကြိုက်လို့လား"
စက်နေဟိန်းက စကားပြောရင်း ဉာဏ့်အရှေ့သို့ ရှပ်အင်္ကျီကြယ်သီးမတပ်ရသေးသည့်အတိုင်း လာရပ်သည်။
"ဈေးကြီးလို့လေ၊ ဉာဏ့်ဘာသာဝတ်တာတွေက ဘာဈေးမှမရှိဘူး၊ မာမီဝယ်ရင်တော့ရှိတယ်....."
"အခု ဉာဏ့်ယောက်ျားကဝယ်ပေးတယ်လေ၊ ဘာတွေအဲ့လောက်တွေးနေတာလဲ"
ဉာဏ်က ဘာမှမပြောဘဲ စက်နေဟိန်း၏ ရင်ဘတ်ဟစိကိုကြည့်ရင်း.....
"ဦးစက်က ဘာလို့ အဲ့အတိုင်းကြီးရပ်နေတာလဲ"
ဉာဏ့်မေးခွန်းကြောင့် စက်နေဟိန်းခေါင်းငုံ့ကာ ရယ်မိသွား၏။ တကယ်က ကြယ်သီးတပ်ပေးစေချင်တာ၊ ဉာဏ်က သူ့ဘာသာအူတိအူကြောင်မို့ တပ်ပေးရကောင်းမှန်းတောင်သိရဲ့လားမသိ။ ထို့ကြောင့် သူ့ဘာသာပဲကြယ်သီးတပ်နေ‌လိုက်တော့သည်။ ဤအချိန်ထိလည်း ဒီကလေးနားမလည်သေး၊ သူ့အဝတ်အစားသူယူကာ ဝတ်ဖို့ပြင်နေလေပြီ။
"ဖင်လုံးလေး...."
ဘောင်းဘီဝတ်နေရင်း စက်နေဟိန်းစကားကြောင့် ဉာဏ်တံတွေးနင်သွားရသည်။ အောက်ခံဘောင်းဘီလေးပဲ ဝတ်ရသေးသောကြောင့် ဘောင်းဘီဝတ်နေစဉ် ပင့်ဝတ်ရသဖြင့် ဖင်လေးလုံးတက်လာတာဖြစ်မည်။
"ဦးစက်က ဘာလို့လိုက်ကြည့်နေတာလဲ"
"ဉာဏ်က ကိုယ့်အရှေ့မှာ လာဝတ်နေတာလေ၊ ကိုယ်မြင်နေရတာပဲ"
"အဲ့ဒါဘာတွေလျှောက်ပြောနေတာလဲ"
"ဒီကလေးကတော့ ကိုယ့်ယောက်ျားရဲ့ဖင်တောင် ကိုယ်ချီးကျူးလို့မရတော့ဘူးလား"
ဉာဏ်ရှက်သွားသည်ထင် ဘာမှပြန်မပြောတော့ဘဲ ဘောင်းဘီကိုသာ အတင်းကောက်စွတ်နေသည်။ သို့သော် ဝတ်လေလေ ဘောင်းဘီက ဆွဲလို့မရလေလေဖြစ်နေသောကြောင့် စက်နေဟိန်း မတတ်သာတော့ဘဲ ကူဝတ်ပေးလိုက်ရတော့သည်။
"ရှက်ရမ်းတွေ ရမ်းပြီး ဝတ်လို့တောင်မရတော့ဘူး ဟုတ်လား"
စက်နေဟိန်းသည် မျက်နှာချင်းဆိုင်နေသော ဉာဏ့်မျက်နှာကို ငုံ့နမ်းလိုက်ကာ ဖင်လုံးလေးကိုလည်း ကိုင်ဖို့မမေ့ခဲ့။ ထို့နောက် အော်ရယ်ကာ ဖုန်းယူပြီး အခန်းပြင်ထွက်သွားသည်။ ဉာဏ်လည်း ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ပြီး တကယ်ပဲဖင်လုံးနေသလားဟု စူးစမ်းနေတော့သည်။
.
.
.
.
.
ဉာဏ့်ကို ရှယ်ပြင်ဆင်ထားတာကြောင့် ဉာဏ့်ပုံစံလေးက တကယ်မော်ဒယ်ပေါက်စလေးလိုပင်။ စက်နေဟိန်းကတော့ ဉာဏ့်ကိုထုတ်မပြောသော်ငြား ပြုံးပြုံးကြီးဖြင့် အင်မတန်ကျေနပ်နေသည်။ ဉာဏ်နှင့်လိုက်ဖက်သော အဝတ်အစားများကို ရွေးချယ်ပေးထားသောကြောင့် ဉာဏ်သည် ပါတီထဲသို့ ဝင်ဝင်ချင်းပင် ထင်းခနဲ လင်းခနဲဖြစ်နေရသည်။
"ဦးစက်ပြောတော့ အိမ်ဆို"
"အင်းလေ၊ အိမ်လေ"
"အိမ်နဲ့တောင်မတူဘူး၊ နန်းတော်ကြီးကျနေတာပဲ၊ မကံ့ကော်တို့က အတော်ချမ်းသာတာပဲနော်"
လက်မောင်းကိုဖက်ထားကာ ပွစိပွစိလုပ်နေသောဉာဏ်က မသိလျှင် သူတစ်ခါမျှ ဒီလိုမနေရဖူးသလိုလိုပုံစံ။ ဂျူးသိလျှင် အဆူခံရဦးမည်။
"ဟော ရောက်လာကြပြီလား၊ လာ ကိုဟိန်း၊ လာ မောင်လေး"
ကံ့ကော်က တအားဖော်ရွေပါသည်။ ဉာဏ့်ကို လက်မောင်းမှဆွဲကာ ခေါ်သွား၏။ စက်နေဟိန်းကတော့ အခြားသူများနှင့်ကျန်ခဲ့ကာ ဉာဏ်ကတော့ မော်ဒယ်လိုင်းဖက်သို့ ရောက်သွားပြီဖြစ်သည်။
"မောင်လေး၊ ဒါက ကံ့ကော်နဲ့အလုပ်တွဲလုပ်နေကြ မော်ဒယ်တွေ"
မိန်းကလေးများသာမက ယောက်ျားလေးမော်ဒယ်များလည်း ပါသည်။ ဉာဏ်က တစ်ယောက်ချင်းစီနှင့် ဖက်ကာ နှုတ်ဆက်ရသည်။ ထို့နောက် အားလုံးနှင့်အတူ ဝိုင်းထိုင်ကာ ကံ့ကော်က ဉာဏ့်ဆီ ဝိုင်တစ်ခွက် ကမ်းပေး၏။
"သူက မရဲ့ တက်သစ်စ မော်ဒယ်လေးလား"
ခရစ္စတင်းဆိုသည့် ဖိလစ်ပိုင်-အမေရိကန်-ဗမာ ကပြားမော်ဒယ်လေးက ဉာဏ့်ကိုကြည့်ကာမေးသည်။
"တူတယ်နော်၊ တကယ်တက်သစ်စမော်ဒယ်လေးလိုပဲ၊ စိတ်မကောင်းစွာနဲ့ no ခရစ္စတင်း"
"You should be a model."
ဉာဏ်က ထိုစကားကြားတော့ နည်းနည်းတောင် လေထဲရောက်သွားသလိုပင်။
"ဟား ဟား....အဲ့လောက်လည်း မဟုတ်ပါဘူး၊ ဒီနေ့ နည်းနည်း အရောင်တောက်တာတွေဝတ်လာတာကြောင့်ဖြစ်ပါလိမ့်မယ်"
"ကိုဟိန်းတို့က သိပ်‌ကံကောင်းတာနော်၊ ဒီလို ချောတဲ့ ယောက်ျားရထားတာ"
"You mean that tall handsome guy?"
ကံ့ကော်၏စကားကြောင့် ခရစ္စတင်းက စက်နေဟိန်းရှိရာသို့ လက်ညှိုးထိုးပြလိုက်သည်။ ကံ့ကော်က ခေါင်းညိမ့်ပြရင်း....
"Yes, သူ့ရဲ့အမျိုးသားလေ သူက"
"Oh no, ခဏနေမှ သူ့ဆီစကားသွားပြောမလို့ကို၊ you got a Daddy, so lucky, he's really handsome."
"Oh my gosh, ခရစ္စတင်း၊ stop, don't make him jealous."
ကံ့ကော်က ရယ်ရယ်မောမောဖြင့် ခရစ္စတင်းကို တားနေရသည်။ ခရစ္စတင်းပြောမှ ဉာဏ်သည် စက်နေဟိန်းဘက်သို့ မသိမသာလေး ခေါင်းစောင်းကြည့်မိသည်။
ဪ....သူရထားတဲ့ယောက်ျား ဒီလိုနာမည်ကြီးနေမှန်း သူမသိလိုက်ပါလား။ စိတ်ထဲလည်း ရယ်ချင်သွား၏။ ဦးစက်ဟာ မိန်းမတွေမျက်စိကျတာခံရသလောက် သူ့ဘေးနား ချောသူလှသူတစ်ပုံတစ်ပင်ကြီးရှိပါလျက် သူနဲ့မှ အိမ်ထောင်လာကျရသည်။ ဦးစက် ချောတာ၊ခန့်တာတော့ သူလည်းသိပါသည်။ မျက်နှာထားက အမြဲတည်တည်ကြည်ကြည်နှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာကလည်း မိန်းကလေးတွေ မျက်စိကျချင်စရာပင်။ အနောက်တိုင်းဆန်သောမျက်နှာပေါက်ရှိနေသောကြောင့် မေးရိုးကျပုံတွေက လှသည်။ ဒီမော်ဒယ်မလေးလုပ်မှပဲ ကိုယ့်ယောက်ျားကို သေချာပြန်ငေးနေရတာပါလား။
"စိတ်မဆိုးပါနဲ့၊ စကားအဖြစ်ပြောတာပါ"
ခရစ္စတင်းက ဉာဏ့်လက်ကိုလာကိုင်ကာ စကား‌လာပြောသည်။
"ရပါတယ်ခင်ဗျ၊ ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော်တောင် သူ့ကိုသေချာကြည့်မိတာမဟုတ်ဘူး"
ဉာဏ့်စကားကြောင့် အားလုံးက ဟားခနဲထရယ်ကြသည်။
"Selfie ရိုက်မလား"
မော်ဒယ်ကောင်လေးတစ်ယောက်က ထပြောတော့ အားလုံးက သဘောတူကြသည်။ သို့ဖြင့် ဉာဏ်လည်းသူတို့ selfie ရိုက်သည့်အထဲ ပါသွား၏။ ကံ့ကော်က ဓာတ်ပုံလေးကို ယူကြည့်ကာ ဉာဏ့်ကို highlight လုပ်ရင်း.....
"သူက တကယ်မော်ဒယ်လေးလိုပဲနော်၊ သူ့မျက်နှာအနေထားနဲ့ ကွက်တိပဲ၊ လုံးဝညိုချစ်လေး"
"ဟုတ်တယ်၊ ညီလေးက တကယ် မော်ဒယ်နဲ့တူတယ် အစ်ကိုတို့ ဒီဘက်လောကမှာ အညိုစင် မော်ဒယ်ဆိုတာ တကယ့်ရတနာပဲ၊ လူတွေက သိတဲ့အတိုင်း အသားဖြူမှ၊လတ်မှ မိုက်တယ်၊ချောတယ် ထင်နေကြပေမယ့် အညိုစင်တွေကလည်း international desireဆိုတာ သူတို့နားမလည်ကြဘူး"
ကံ့ကော်၏စကားကို မော်ဒယ်ကောင်လေးတစ်ယောက်က ဝင်ထောက်ခံကာ ရှင်းပြသည်။ ဉာဏ်ကတော့ စိတ်ထဲ အနည်းငယ်လှုပ်ရှားနေမိသည်။ မည်သူနှင့်မျှမရင်းနှီးသည့်နေရာတွင်ရောက်နေပြီး အားလုံးကဖော်ရွေကြကာ သူ့ကို မော်ဒယ်အဖြစ်သွတ်သွင်းနေကြသောကြောင့် စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။
"အားလုံးက အဲ့လိုပြောနေကြတော့ ကျွန်တော် အနေရခက်လာပြီ....ဟီး"
"တကယ်ပြောတာ မောင်လေးရဲ့၊ ကိုဟိန်းရဲ့မျက်စိတွေမကောင်းလို့သိလား၊ သူ့companyမှာ မော်ဒယ်တွေလိုနေတာကို သူက မောင်လေးကျ မမြင်ဘူး"
ကံ့ကော်က ဉာဏ့်လက်မောင်းကိုဖက်ထားကာ တရင်းတနှီးစကားပြော‌သည်။ ကံ့ကော်၏စိတ်ထားကိုတော့ ဉာဏ်သဘောပေါက်ပါသည်။ Alohaနှင့် တခြားစီပင်။ သူ(မ)က အရှိတိုင်းစကားပြောတတ်ပြီး အရိပ်အကဲနားလည်သည်။ ပွင့်လင်းသည်။ ထို့ကြောင့်လည်း ဦးစက်က သူ(မ)နှင့်သာ မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်နိုင်တာဖြစ်မည်။
"ဘာတွေပြောနေကြတာတုန်း၊ ရယ်သံတွေက ဟိုဘက်ကို လွှင့်လာတယ်"
ထိုစဉ် စက်နေဟိန်းက ဝိုင်တစ်ခွက်ကိုင်ကာ အနားသို့ ရောက်လာသည်။ ဉာဏ့်ဘေးမှ ကံ့ကော်က နေရာဖယ်ပေးကာ စက်နေဟိန်းကို အတူဝင်ထိုင်စေသည်။ သူ(မ)ကတော့ ခရစ္စတင်းနားသို့ သွားထိုင်၏။
"ကိုဟိန်းတို့မမြင်တဲ့အကြောင်းပြောနေတာ"
"မမြင်တာ....ဘာကိုလဲ"
"ဪ....မောင်လေးက မော်ဒယ်နဲ့ဒီလောက်တူနေတာ ကိုယ့်productsတွေကို ဘာလို့ ကိုယ့်ယောက်ျားနဲ့ကိုယ်မကြေညာသလဲ"
ကံ့ကော်ရှင်းပြမှ စက်နေဟိန်းသည် သဘောပေါက်သွားဟန်ဖြင့်.....
"ဟုတ်တယ်နော်၊ သူ့ကို သေချာကြည့်မနေဖြစ်ဘူးလေ"
ထိုစကားကြောင့် အားလုံးကဝိုင်းရယ်ကြသည်။ အစောပိုင်းက ဉာဏ်ပြောသည့်စကားနှင့် တူနေခြင်းကြောင့်ဖြစ်သည်။
"ဒါဆို ကိုယ်တို့စကားပြောထားတဲ့ကိစ္စလေး ဉာဏ်နဲ့လုပ်လိုက်ကြမလား ကံ့ကော်"
"ကောင်းတာပေါ့၊ မောင်လေးနဲ့ဆို ပိုတောင်တောက်ပသွားမှာ"
ဉာဏ်သည် နားမလည်သောကြောင့် စက်နေဟိန်းအင်္ကျီစကိုဆွဲခေါ်ကာ မျက်လုံးအကြည့်ဖြင့် မေးမိသည်။ စက်နေဟိန်းကပြုံးလျက် ဉာဏ့်ပုခုံးကို ဖက်ထားလိုက်ကာ....
"ကိုယ့်ဆီမှာ အသစ်ထွက်မယ့်ကုန်ပစ္စည်းရှိတယ်၊ ကြော်ညာစရာမော်ဒယ်လိုနေတာကွာ၊ အဲ့ဒါ ဉာဏ်ကူပေးမလား"
"ဘယ်လိုကူရမှာလဲ"
"မော်ဒယ်လုပ်ပေးလေ"
"ဟမ်"
ဉာဏ်အရမ်းလန့်ကာ စိတ်လှုပ်ရှားသွားသည်။
"တကယ်ပြောတာ၊ ဉာဏ် ကိုယ့်ကို မကူညီချင်ဘူးလား"
"ဦးစက်ကလည်း ဉာဏ်က ဘာတွေသိလို့ ဘယ်လိုကူရမှာလဲ၊ မဖြစ်ပါဘူး"
"ဘာမှသိစရာမလိုဘူးလေဉာဏ်ရဲ့၊ ဓာတ်ပုံလေးအရိုက်ခံပေးရုံပဲကို"
"ဟုတ်တယ် မောင်လေးရဲ့၊ လုပ်ပါ၊ ကိုဟိန်းကိုကူညီပေးလိုက်ပါ၊ မောင်လေးက ကိုဟိန်းရဲ့အမျိုးသားလည်းဖြစ်တယ်ဆိုတော့ ရှယ်ပေါက်မှာနော်၊ ကိုယ့်အမျိုးသားရဲ့ပစ္စည်းအသစ်လေးကို ပွဲထုတ်ပေးလိုက်ပါမောင်လေးရယ်"
ကံ့ကော်ကလည်း ဝမ်းသာအားရဖြင့် ဉာဏ့်ကိုဆွယ်သည်။ အခြားမော်ဒယ်များကလည်း ဉာဏ့်ကို ဝိုင်းဝန်းတိုက်တွန်းကြသည်။ ဤသို့ဖြင့် ဉာဏ်တစ်ယောက် စက်နေဟိန်းလက်ကို ဆုပ်ကိုင်ထားရင်း သဘောတူလက်ခံခဲ့၏။
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
"ဒါသက်သက်ဉာဏ်ဆင်တာနော်"
ဉာဏ်သည် အပြင်ဘက်သို့ကြည့်နေရင်း စကားစလာသည်။ စက်နေဟိန်းက ကားမောင်းနေတော့ လှည့်မကြည့်ဖြစ်သော်ငြား ရယ်မိ၏။
"ဉာဏ်တော်တော်ကောင်းတာပဲ ကိုယ့်ကလေးက"
"ဘာကလေးလဲ၊ ဉာဏ်ကလူကြီးဖြစ်နေတာကြာပြီ"
"ဪဟော....ကိုယ့်အတွက်ကတော့ ကလေးပဲလေ"
ချထားသော ဉာဏ့်လက်တစ်ဖက်ကို စက်နေဟိန်းဆွဲကိုင်လိုက်ပြီး လက်ဖမိုးကို နမ်းလိုက်သည်။
"တော်တော်မော်ဒယ်ရှားနေလား၊ ဒါမှမဟုတ် မော်ဒယ်ငှားဖို့ ပိုက်ဆံမရှိတော့ဘူးလား"
"အားဟား...ဉာဏ်ရေ၊ တော်ပါတော့၊ ကိုယ်က ဉာဏ့်ကို အလှပြချင်ရုံပါ၊ တကယ်ပါပဲ၊ သူလုပ်မှ ကိုယ့်အလုပ်က ဂျုံးဂျုံးကျနေသလိုလိုပဲ"
ဉာဏ် ပြန်တိတ်သွားသည်။ သို့သော် ငြိမ်ဦးမလားရှိသေး အသံပြန်ထွက်လာပြန်သည်။
"ဦးစက်ကလေ ဒီဘက်လောကဘက်ကသူတွေနဲ့ ငြိတာလည်းမပြောနဲ့၊ မော်ဒယ်မလေးတွေက ဦးစက်ဘေးနား ဝိုင်းနေတာပဲနော်"
"ဘာလို့လဲ ဉာဏ်"
"မကံ့ကော်နဲ့ အတူထိုင်နေတဲ့မော်ဒယ်‌မလေး ခရစ္စတင်းလေ ဦးစက်ကို သူက စကားစမလို့ကြံ‌နေတာတဲ့၊ ဒါမယ့် မကံ့ကော်က ဉာဏ်က သူ့အမျိုးသားပါလို့ပြောလိုက်တော့ သူကစိတ်ညစ်သွားတဲ့ပုံပဲ၊ ဪ နောက်ပြီး မကံ့ကော်က တိတ်တိတ်လေးပြောပြသေးတယ်၊ ဦးစက်ကို....."
ဉာဏ် ဆတ်ခနဲ စကားပြောတာရပ်ချလိုက်ပြီး သူမပြောသလိုပုံစံလုပ်ကာ....
"ဘာမှမဟုတ်တော့ဘူး"
"ဟမ် ဉာဏ်က ကိုယ့်ကို သိချင်အောင်လုပ်ပြီးမှ ဘာတုန်း၊ ကံ့ကော်က ဉာဏ့်ကို ဘာပြောပြလဲ"
"မပြောဘူး၊ အဲ့ဒါ လျှို့ဝှက်ချက်"
"ဟာ ဉာဏ်က ကိုယ့်ကို အဲ့လိုပေါ့"
"ဟုတ်တယ်၊ လုံးဝမပြောပြဘူး"
ဉာဏ်တစ်ယောက် မပြောဘူးလုပ်ထားသည့်စကားက လွှတ်ခနဲထွက်သွားရန် စက္ကန့်ပိုင်းလေးအလိုမှာ ရပ်သွားနိုင်လိုက်တာ တော်ကာကျမည်။ ကံ့ကော်က စက်နေဟိန်းဘေးနား၌ မော်ဒယ်လေးများပလူပျံနေ၍ ဉာဏ့်ကို အမြဲစစ်ဆေးခိုင်းထားခြင်းဖြစ်သည်။ ယောက်ျားကို အဲ့လိုလွှတ်မထားရဘူး၊ သူ့ဘေးနားမှာက အချောအလှတွေနဲ့အလုပ်လုပ်နေရတာ၊ သူ့ဘက်ကမလှုပ်လည်း သူများဘက်က လှုပ်သွားနိုင်သည်ဟု သတိပေးလိုက်ခြင်းဖြစ်သည်။
ဉာဏ်လည်း ဖောက်ပြန်တတ်သောသူများအကြောင်းကြားဖူးသည်။ မြင်လည်းမြင်ဖူးသည်။ ဦးစက်ကိုတော့ အဲ့လိုကြီးစိတ်မချတွေ မဖြစ်ချင်ပါ။ လူတစ်ယောက်ရဲ့ဘဝကို နောက်ယောင်မခံချင်၊ သို့သော် ထိုလူက သစ္စာတရားကိုတန်ဖိုးမထားတတ်လျှင် သူ့လမ်းသူသွားရမည်ဖြစ်သည်။
"ဉာဏ် မျက်ခုံးကဘာလို့ကုပ်နေပြန်ပြီလဲ၊ ဘာအလိုမကျပြန်ပြီလဲ"
"မဖြစ်ပါဘူး"
"တကယ်က ပြောမယ်၊ ပြောမယ်နဲ့ ဉာဏ်နဲ့ကိုယ်က စကားလမ်းကြောင်းမဆက်ကြဘူးဖြစ်နေတာ၊ နောက်ပြီး ဉာဏ်လည်းစိတ်ဆိုးမှာဆိုပြီး ဘာမှမဖြစ်တာနဲ့ ကိုယ်မပြောတာ"
"ဘာကိုလဲ"
ဉာဏ်က ပတ်ထားသော ကားခါးပတ်လေးကို လက်ဖြင့်ကိုင်ကာ ကွေးကွေးလေးလှည့်လာပြီး နားထောင်နေသည်။
"ခရစ္စတင်းအကြောင်းလေ"
"အင်း"
"ကိုယ့်ကိုလာရောနေတာကြာပြီ၊ ကံ့ကော်နဲ့ကိုယ်က အလုပ်ကိစ္စရှိတိုင်း တွေ့ဖြစ်ကြတယ်၊ တစ်ခါတလေ သူက ကိုယ့်အလုပ်ဆီလာပြီး ကိုယ်ကလမ်းကြုံရင် သူ့ဆီသွားရတယ်ပေါ့၊ အဲ့မှာ ပထမဆုံး ခရစ္စတင်းနဲ့တွေ့ဖြစ်ခဲ့တာ၊ ကိုယ်ကလည်း ကံ့ကော်နဲ့သိတဲ့မော်ဒယ်တွေကို မှတ်ထားရတယ်လေ၊ အကယ်၍ အလုပ်အတွက်အဆင်ပြေရင် ကမ်းလှမ်းတာမျိုးလုပ်ဖို့ပေါ့၊ သူက ကိုယ့်နံပါတ်ကိုရသွားတယ်၊ ကိုယ့်ဆီမက်ဆေ့ခ်ျက နေ့တိုင်းမဟုတ်တောင် တစ်ရက်ခြားပို့နေတာ....."
"ဦးစက်အိမ်ထောင်ရှိတာသူမသိဘူးလား"
"သိတာပေါ့၊ ကံ့ကော်ရဲ့ကောင်းတဲ့တစ်ချက်က ကိုယ့်ကိုသူများနဲ့မိတ်ဆက်ပေးတဲ့အခါ အိမ်ထောင်ရှိကြောင်း တစ်နည်းနည်းနဲ့ မရရအောင် အသိပေးလေ့ရှိတယ်၊ ဒါပေမယ့် ခရစ္စတင်းရဲ့ပုံစံက နည်းနည်းရဲတယ်"
"ဦးစက်ရော သူ့ကိုစာပြန်ပို့လား"
"ပထမတစ်ရက်က ကိုယ်တကယ်သဘောမပေါက်လို့ စာပြန်လိုက်မိတယ်၊ သူက အလုပ်အကြောင်းနဲ့လာစမေးတော့ ကိုယ်လည်း သူ့အကွက်ထဲဝင်သွားတယ်၊ နောက် ကိုယ်တွေးမိတာက သူ့ပုံစံက မူမမှန်တော့တာပဲ၊ အဲ့ကနေစပြီး blockလို့မကောင်းတတ်လို့ muteထားလိုက်တာ"
"သူက ကပြားလေးဆိုတော့ တော်တော်လှတယ်"
ထိုသို့ပြောပြီး ဉာဏ်က သူ့လက်လေးသူငုံ့ကြည့်နေသည်။ သူ့မှာ လက်ချောင်းသေးသေးလေးတွေရှိသော်ငြား သွယ်ပြီးမလှ၊ အချိုးအဆစ်က မိန်းကလေးများထက် အနည်းငယ်ဖွံ့ဖြိုးသည်။ လက်သည်းတွေဆိုလည်း တုံးတိနှင့် အရောင်အဆင်းမရှိ။ လက်ဖမိုးပေါ်၌လည်း သွေးကြောများကတထောင်ထောင်နှင့်။ ဦးစက်လို ယောက်ျားဆန်သည့်လက်မျိုးက လက်လှလှလေးကိုကိုင်ထားရင် ပိုလိုက်ဖက်နေမည်ထင်။
ပါတီ၌ အားလုံးက သူ့ကိုချီးကျူးလိုက်ကြသော်ငြား ဦးစက်နှင့်ယှဉ်ကြည့်မိလျှင် ဘာမှမဟုတ်သလို ခံစားမိသည်။ Alohaနှင့် မကံ့ကော်ဆိုလည်း တကယ်အလှပဂေးတွေ၊ သူ့ကိုတော့ ယတြာကြောင့် ယူခဲ့ရတာမို့ ဦးစက်က ချစ်ခဲ့လို့ယူတာမဟုတ်မှန်းသိပါသည်။ ယူပြီးကာမှ နှစ်ယောက်က ချစ်လာကြသည်မို့ နည်းနည်းတော့ စိတ်ထဲထူးဆန်းနေမိသည်။
"ဗိုက်ဆာလို့ လက်တွေကို ငုံ့ကြည့်နေတာလား ဉာဏ်"
စက်နေဟိန်း၏ စနောက်သောစကားကြောင့် ဉာဏ်ရယ်မိသွားကာ မျက်အိမ်မှ မျက်ရည်စလေးအချို့လည်းထွက်သွားခဲ့သည်။
"ဟုတ်တယ်၊ ဉာဏ် နည်းနည်းဗိုက်ဆာတယ်"
"ဒီဘက်လှည့်စမ်း"
စက်နေဟိန်း၏စကားကြောင့် ဉာဏ်က လှည့်ကြည့်သည်။
"ငိုနေတာလား"
"မဟုတ်ပါဘူး၊ ရယ်ရလို့ မျက်ရည်ထွက်သွားတာ"
"ကိုယ်ပြောမယ်နော်၊ မနေ့ကလည်းပြောပြီးသား ထပ်ပြောမယ်၊ ဉာဏ်ကဉာဏ်ပဲ၊ ဘယ်သူနဲ့မှ နှိုင်းယှဉ်တွေးစရာမလိုသလို ကိုယ်ကလည်း ဉာဏ့်ကိုရတာ ကံကောင်းတယ်သတ်မှတ်ထားတာမို့ လိုက်မတွေးပါနဲ့၊ ကိုယ်က အားလုံးကိုပြောပြပေးမယ်၊ ဉာဏ်စိတ်ပူရအောင် ကိုယ်မလုပ်ဘူး၊ ကိုယ်စိတ်ပူရအောင်လည်း ဉာဏ်မလုပ်နဲ့"
"ကားကိုဂရုစိုက်မောင်း၊ ဉာဏ့်ကိုကြည့်မနေနဲ့"
ဉာဏ်ဟာ ကြည့်စရာမလိုအောင် စက်နေဟိန်းလက်မောင်းကို ဖက်တွယ်လိုက်ကာ မှီပြီး ကျေနပ်သွားသည့်ပုံဖြင့် ပြုံးနေသည်။
ဒီကလေးက တစ်နည်းမဟုတ်တစ်နည်းနဲ့ ခံစားလွယ်နေတာပဲဟု စက်နေဟိန်းတွေးမိသည်။ သို့သော် သူ ဉာဏ့်ကို ကိုယ်ချင်းစာပါသည်။ ဉာဏ်ဟာ အချစ်ကြောင်းသေချာနားမလည်ချိန်၌ သူ့ကို လက်ထပ်ခဲ့ရပြီး အခုမှချစ်တတ်လာတာဖြစ်သည်။ ထိုအချိန်၌ အနည်းနဲ့အများတော့ ဉာဏ့်စိတ်ထဲ ဂယက်ထနေမှာအမှန်ပင်။ နောက်ပြီး ဉာဏ်က ငယ်သေးသည့်အတွက် အတွေ့ကြုံကလည်း နည်းသေးသည်လေ။
"ကိုယ့်ကိုချစ်လား"
"အင်း ချစ်တယ်၊ ဦးစက်ကို တကယ်ချစ်တယ်"
တုံ့ဆိုင်းခြင်းမရှိပြန်ဖြေလာသော ဉာဏ့်ကို စက်နေဟိန်းသဘောကျမိပါသည်။ မူယာ မာယာလည်းမရှိ၊ သူ့စိတ်ထဲရှိသည့်အတိုင်းလေးကို ချစ်သည်။
"ကိုယ်လည်းချစ်တယ်နော်"
ဉာဏ်က သိကြောင်း ခေါင်းလေးညိမ့်ပြကာ ငြိမ်ငြိမ်လေးနှင့် စက်နေဟိန်းလက်မောင်းပေါ်၌ ဇိမ်ကျစွာ လိုက်ပါခဲ့တော့သည်။
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
"MD နေ့လယ်နှစ်နာရီ ပစ္စည်းအသစ်မိတ်ဆက်ပွဲရှိပါတယ်"
ကြည်လင်သူက tabletကို စက်နေဟိန်းရှေ့ချပေးလိုက်ကာ စစ်ဆေးစေသည်။
"ဟုတ်ပြီ၊ ဪ အဲ့မတိုင်ခင်လေ မနက်ဖြန် shooting အတွက် တစ်ချက်လောက်သွားကြည့်ရအောင်၊ ဉာဏ့်အတွက်အဆင်ပြေမပြေ ကိုယ့်ဘာသာစစ်ကြည့်ရမယ်"
"ဟုတ်ကဲ့ MD"
စက်နေဟိန်းသည် နာရီကိုတစ်ချက်ကြည့်ကာ.....
"နေ့လယ်စာစားကြတာပေါ့၊ ၁၂ခွဲကျော်နေပြီ၊ ဒီနေ့အရွက်သုပ်ပဲစားတော့မယ် အစည်းဝေးရှိနေတော့၊ သားက ကြိုက်တာမှာစားနော်"
"ဟို...."
ကြည်လင်သူ၏ ထိုသို့သောအသံမကြားဖူး၍ စက်နေဟိန်းကထိုင်နေရင်းမှ မော့ကြည့်သည်။ ကြည်လင်သူသည် ခေါင်းလေးကုတ်ရင်း....
"MDအတွက် မှာပေးလိုက်မယ်နော်၊ ကျွန်တော်က ကန်တင်းမှာစားလိုက်ပါမယ်"
အစပိုင်းတခဏတော့ စက်နေဟိန်းသဘောမပေါက်၊ ပြီးမှ သဘောပေါက်သွား၍ ပြုံးလာမိသည်။
"သူ့ကိုပြောလိုက်၊ MDက ဆယ်မိနစ်ပဲအချိန်ပေးလိုက်တယ်လို့"
ကြည်လင်သူလည်း စက်နေဟိန်းစကားကြောင့် ရယ်မိသွား၏။
"သွား သွား၊ တော်ကြာ ငါ့ဆီဖုန်းလှမ်းဆက်နေဦးမယ်"
"ဟုတ်ကဲ့ MD"
ကြည်လင်သူသည် ရုံးခန်းအတွင်းမှ လှစ်ခနဲထွက်သွားတော့သည်။ စက်နေဟိန်းကတော့ နေလင်းထက်အတွက်ရော ကြည်လင်သူအတွက်ပါ ဝမ်းသာနေကာ ကျန်နေခဲ့၏။
.
.
.
.
.
.
"စောင့်နေရတာ ကြာသွားပြီလား၊ စကားပြောတာ မပြတ်သေးလို့ပါ"
ကြည်လင်သူသည် ကန်တင်း၌ ဘာမှမမှာသေးဘဲ ထိုင်နေသော နေလင်းထက်အနားသို့ရောက်လာရင်း အကြောင်းရင်းမရှိ ရှင်းပြနေမိသည်။
"ရပါတယ်၊ ကိုယ်က မင်းမျက်နှာမြင်လိုက်ရတာနဲ့ ဗိုက်ပြည့်နေပြီ"
"ဒါဆို ကျွန်တော်ပဲ မှာစားလိုက်တော့မယ်နော်"
"နောက်တာလေ၊ ကိုယ်လည်းဆာတတ်ပါတယ်"
နေလင်းထက်နှင့် ကြည်လင်သူတို့ ရယ်ရယ်မောမောဖြင့် နေ့လယ်စာစားရန် ဟင်းလိုက်ရွေးကြတော့၏။
"အတွင်းရေးမှူး ဒီနေ့စောတယ်ပေါ့"
ကောင်မလေးနှစ်ယောက်က ကြည်လင်သူ့ကို နှုတ်ဆက်ကြသည်။
"ဟုတ်တယ်ခင်ဗျ၊ MDနဲ့ ညနေပိုင်း အလုပ်လေးတွေများမှာမို့ပါ၊ စားပြီးကြပြီလား"
"ဟုတ်၊ အခုမှ လာမှာစားမလို့၊ ဟီး အတွင်းရေးမှူးကို နေ့လယ်စာဝယ်ကျွေးမယ်လေ၊ အတူစားကြတာပေါ့"
"မဟုတ်တာပဲခင်ဗျာ၊ ကျွန်တော်ဝယ်ကျွေးပါ့မယ်၊ ဒါပေမယ့် အတူစားဖို့က ဧည့်သည်ရှိတယ်ခင်ဗျ"
"ဘယ်မှာလဲ"
"သူ့ဘေးနားက ကျွန်တော်လေ"
နေလင်းထက်က မျက်နှာတည်တည်ကြီးဖြင့် သူ့ကိုယ်သူလက်ညှိုးထိုးပြသည်။ ထိုပုံစံကို ကြည်လင်သူ ရယ်ချင်သွားကာ စိတ်ထိန်းထားရသည်။ ကောင်မလေးနှစ်ယောက်ကတော့ ကြောင်တောင်တောင်ရုပ်လေးများဖြင့် ကြည်လင်သူကိုကြည့်လိုက် နေလင်းထက်ကိုကြည့်လိုက် လုပ်နေကြသည်။
"ရုံးကပဲလားဟင်၊ တစ်ခါမှ မမြင်ဖူးလို့"
"ဆေးရုံကပါ၊ (.....)ရဲ့ အထွေထွေကုသရေးဆောင်မှာ တာဝန်ကျတယ်၊ တွေ့တဲ့အခါနှုတ်ဆက်ပေါ့နော်"
"သူက လမ်းကြုံလို့ လာဝင်တွေ့ရင်းနဲ့....."
"မကြုံပါဘူးနော်၊ သူ့မျက်နှာကို တစ်နေ့မမြင်ရရင် မနေနိုင်လို့ အားတဲ့အချိန်လေး လာပြေးတွေ့တာ"
"ရှင်...."
ကြည်လင်သူ့စကားမပြီးခင် ဖြတ်ပြောလိုက်သော နေလင်းထက်ကြောင့် ကောင်မလေးနှစ်ယောက်နှင့် ထမင်း၊ဟင်းရောင်းနေသော လူကြီးပါ ကြောင်ကြည့်နေမိကြသည်။
"ဟား ဟား....အဲ့လိုကိုး၊ ဟို....မသိခဲ့....အတွင်းရေးမှူးမှာ ချစ်....ချစ်သူရှိမှန်း...."
"ချစ်သူ....မဟုတ်သေးပါဘူးခင်ဗျ...."
"ဟုတ်ပါတယ်၊ ဒါကရှက်စရာမဟုတ်ပါဘူး"
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသော ကောင်မလေးကို ပြန်ရှင်းပြနေသောကြည်လင်သူတို့ကို နေလင်းထက် ရပ်တန့်လိုက်ပြန်သည်။ ထို့ကြောင့် တဖန် ခေတ္တတိတ်ဆိတ်သွားပြန်သည်။
"သွားခွင့်ပြုပါဦးနော်၊ အတွင်းရေးမှူး"
ကပျာကယာဖြင့် ထွက်သွားသော ကောင်မလေးနှစ်ယောက်ကိုကြည့်ပြီး နေလင်းထက်က သဘောကျစွာရယ်တော့၏။
"ဘယ်လိုဖြစ်လို့စကားတွေကိုအဲ့လောက်ပြောရတာလဲ"
"ပြောရမှာပေါ့၊ မဟုတ်လို့ ကိုယ့်အကြည်ဓာတ်လေးကိုလုသွားရင် ဘယ်လိုလုပ်မလဲ၊ ကိုယ့်မှာ ဒီအကြည်လေးပဲရှိတာနော်"
နေလင်းထက်၏စကားကြောင့် ကြည်လင်သူရယ်မိသည်။ ထို့နောက် နှစ်ယောက်သားသည် ခရမ်းချဉ်သီးသုပ်၊ ပဲကြာဇံသုပ်နှင့် ပဲပင်ပေါက်ဟင်းချိုမှာယူကာ နေ့လယ်စာစားရန် ပြင်ကြ၏။
"ကိုယ်တို့ ဒီအပတ် တစ်ခုခုလုပ်ကြမလား"
"ခင်ဗျာ"
နေလင်းထက်၏ နားရှုပ်လှသောစကားကြောင့် ကြည်လင်သူတစ်ယောက် ထမင်းစားနေရင်း နင်မည်တောင်စိုးရ၏။
"ကိုယ်တို့ရေသွားကူးကြတာဖြစ်ဖြစ် တစ်နေရာရာမှာ အနားသွားယူတာဖြစ်ဖြစ် လုပ်ကြည့်ကြမလား"
"ဟင်....မလုပ်ပါဘူး"
ကြည်လင်သူသည် ခေါင်းလေးခါပြရင်း နေလင်းထက်ကို မျက်လုံးလေးပြူးကာကြည့်နေသည်။ နေလင်းထက်ကတော့ ထိုပုံစံလေးကို အတော်အသည်းယားနေပြီဖြစ်၏။
"ဟား ဟား ဘာတွေတွေးနေတာတုန်း၊ ကိုယ်ပြောနေတာ အခြားအကြောင်းရာတွေပါနော်"
"မ...မဟုတ်ပါဘူး၊ ကျွန်တော်မတွေးပါဘူး၊ ဒီတိုင်း အဲ့လိုလုပ်ရတာ မကြိုက်တာပါခင်ဗျ"
"‌တကယ်ပဲလား၊ ဒါဆို ဘာလုပ်ချင်လဲဟင်၊ ကိုယ်တကယ် မင်းနဲ့အတူရှိချင်လို့လေ"
ကြည်လင်သူသည် ဘာမှမပြောတော့ဘဲ ထမင်းကိုသာ ဆက်စားနေလိုက်သည်။ နေလင်းထက်ကတော့ သူစကားမှားသွားလို့လားဟု တွေးမိကာ ကြည်လင်သူ့မျက်နှာကို လိုက်ကြည့်နေတော့၏။
"ကျွန်တော်တို့ မိဘမဲ့ဂေဟာတစ်ခုကိုသွားကြမယ်"
ကြည်လင်သူက နေလင်းထက်ကိုကြည့်ရင်းပြောလာ၏။ နေလင်းထက်က ခေါင်းညိမ့်ပြကာ ဆက်ပြောလေဟု ပြောနေသယောင်ယောင်။
"ကျွန်တော်ငယ်ငယ်ကနေခဲ့ရတဲ့နေရာပေါ့"
ထိုသို့ပြောပြီး ကြည်လင်သူကပြုံးလိုက်သည်။ နေလင်းထက်စိတ်ထဲ မကောင်းဖြစ်သွားသော်ငြား ကြည်လင်သူ့အပြုံးများက တောက်ပနေသောကြောင့် သူလည်းပြုံးမိလာသည်။
"ကိုယ်တို့သွားကြတာပေါ့၊ ကိုယ့်အထင် အကြံကောင်းတစ်ခု တွေးမိပြီထင်တယ်"
"ဦးနေလင်းထက်နဲ့အတူပေါ့"
ကြည်လင်သူသည် နေလင်းထက်ကိုပြုံးကာကြည့်နေမိကာ နေလင်းထက်ကလည်း ကြည်လင်သူကို နှစ်လိုဖွယ်ပီတိတို့ဖြင့် ကြည့်နေမိပါသည်။
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
Ting!
ဝင်လာသောမက်ဆေ့ခ်ျကြောင့် နေ့လယ်စာစားနေကြသော ရာဇာနှင့်ဉာဏ်တို့စကားစပြတ်သွားကြသည်။ ရာဇာသည် ဖုန်းကိုယူကာ ကြည့်မိလိုက်သည်။
"အော်စကာလား"
ရာဇာ့မျက်နှာရိပ်ကိုဖမ်းကြည့်ကာ ဉာဏ်မေးမိလိုက်သည်။ ရာဇာကခေါင်းညိမ့်ပြသည်။ ထို့နောက် စာပြန်မပို့တော့ဘဲ ဖုန်းချကာ ထမင်းဆက်စား၏။
"ပြန်ပို့လေကွာ၊ မင်းကလည်း တစ်ဖက်က အရူးမဟုတ်ဘူးကွ"
"ဒီကောင်လေးက ဘာဖြစ်ချင်နေတာလဲပဲ"
"သူက ကလေးလေကွာ၊ ကလေးဆိုတော့ သူဖြစ်ချင်တာကို ဇွတ်လုပ်တတ်တယ်၊ ကိုယ်နဲ့ပဲ ကိုယ်ချင်းစာကြည့်ပါဦး"
"ငါဘာလုပ်ရမှန်းမသိဘူးကွာ"
ဉာဏ်က ဟုတ်လို့လားဆိုသည့်ပုံကြီးဖြင့် ရာဇာ့ကို စိုက်ကြည့်နေတော့ ရာဇာကခေါင်းညိမ့်ပြကာ....
"ငါက မင်းရှေ့ပဲ အမှန်တိုင်းပြောတာနော်"
"မင်း သူ့ကိုသဘောကျရင် လက်ခံလိုက်ပါ၊ မင်းကိုယ်မင်းမညာပါနဲ့"
"မင်းရော ဘယ်လိုချစ်သွားခဲ့လဲ"
"ဦးစက်ကိုလား"
"အင်း"
ဉာဏ်က ရယ်သည်။ ထို့နောက် ချောင်းတစ်ချက်ရှင်းလိုက်ကာ.....
"ငါအစက သူ့ကို ပွစိပွစိလုပ်တတ်တဲ့အဘိုးကြီးလို့တကယ်မြင်တာကွ၊ နောက်တော့လည်း သူကငါ့ကိုဂရုစိုက်ပေးတာတွေကို ငါမြင်လာရတယ်၊ ငါ့ကို ကလေးတစ်ယောက်လိုဂရုစိုက်တယ်၊ အကြောင်းရှိလို့လက်ထပ်ခဲ့ရပေမယ့် ငါစိတ်မညစ်ရဘူး၊ နွေးထွေးမှုတွေကို ငါခံစားရတယ်၊ ကြာလာတော့ဒါတွေကတစ်ဆင့် ငါချစ်မိသွားတာဖြစ်ပါလိမ့်မယ်"
"ကဗျာတွေဆန်လိုက်တာကွာ၊ အေးပါ၊ ငါလည်း ငါ့ကိုယ်ငါ မညာမိတော့အောင် အတတ်နိုင်ဆုံးကြိုးစားပါ့မယ်"
"ဒါမှပေါ့ ငါ့ကောင်ရ"
ရာဇာနှင့် ဉာဏ်တို့ ရယ်ရယ်မောမောဖြင့် နေ့လယ်စာစားခြင်းကို အဆုံးသတ်ခဲ့ကြ၏။
_________________________________Ep 23 End!
Adder Aries 🖤
Take care everyone 😘
______________________________________________________________
Zawgyi
"ဉာဏ်မကြိုက်လို့လား"
"ဖင်လုံးလေး...."
.
.
.
.
.
"အင်းလေ၊ အိမ်လေ"
"You should be a model."
"Selfie ရိုက်မလား"
"မမြင်တာ....ဘာကိုလဲ"
"ဘယ်လိုကူရမှာလဲ"
"မော်ဒယ်လုပ်ပေးလေ"
"ဟမ်"
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
"ဘာလို့လဲ ဉာဏ်"
"ဘာမှမဟုတ်တော့ဘူး"
"မဖြစ်ပါဘူး"
"ဘာကိုလဲ"
"ခရစ္စတင်းအကြောင်းလေ"
"အင်း"
"ဒီဘက်လှည့်စမ်း"
"ငိုနေတာလား"
"ကိုယ့်ကိုချစ်လား"
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
"ဟုတ်ကဲ့ MD"
"ဟို...."
"ဟုတ်ကဲ့ MD"
.
.
.
.
.
.
"ဘယ်မှာလဲ"
"ရှင်...."
"ခင်ဗျာ"
"ဟင်....မလုပ်ပါဘူး"
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
Ting!
"အော်စကာလား"
"ဦးစက်ကိုလား"
"အင်း"
"ဒါမှပေါ့ ငါ့ကောင်ရ"
_________________________________Ep 23 End!
Adder Aries 🖤
Take care everyone 😘
Continue Reading
You'll Also Like
260K 41.4K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
249K 37.3K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
181K 24.5K 118
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...