ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...
By Dandelion_nini
5.2M 711K 55K
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More
Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car
Chapter 177
18K 2.5K 181
By Dandelion_nini
Unicode
ချန်ချီက နာမည်ကြီးနေပြန်ပြီ၊ လက်စွပ် လူမြင်သွားတယ်နော်
_________________________________
ယန်းချင်းချီနဲ့ ကျန်းမော့ချန်က ဒီVariety Showအတွက် အဓိကဦးစားပေးလူနှစ်ယောက်ဖြစ်တာကြောင့် ပရိုဂရမ်အဖွဲ့ဘက်ကလည်း သူတို့နှစ်ယောက်ပါသည့်အခန်းတွေကို များနိုင်သမျှများများပြနိုင်အောင် အစွမ်းကုန်ကြိုးစားထားကြသည်။ အများစုထင်ကြသည်မှာ အသက်အရွယ်အရပဲကြည့်ကြည့်၊ အောင်မြင်မှုအနေအထားကပဲကြည့်ကြည့် ထိုအဖွဲ့တွင် ဦးဆောင်လမ်းပြလုပ်ပေးမဲ့လူမှာ ကျန်းမော့ချန်ဟု သတ်မှတ်ထားကြပြီး နားထောင်သူက ယန်းချင်းချီဟုပင်။ သို့သော် မထင်မှတ်ထားပဲ သူတို့တွေးထားတာနဲ့ တက်တက်စင်အောင်လွဲနေခဲ့သည်။
ရှေ့ကဦးဆောင်ခေါ်သွားတာလည်း ယန်းချင်းချီ
နားမယ်၊မနားဘူး ဆုံးဖြတ်တာလည်း ယန်းချင်းချီ
တဲဆင်တော့လည်း ယန်းချင်းချီ
ငါးဖမ်းတော့လည်း ယန်းချင်းချီ
ငါးကင်တော့လည်း ယန်းချင်းချီ
မြေကြီးမှာစိုက်ထားတဲ့အလံကို အရင်ဆုံးဆွဲဲနှုတ်တဲ့လူကတောင် ယန်းချင်းချီ!
ဒါဆို ကျန်းမော့ချန်ဘာလုပ်လဲ။ ကျန်းမော့ချန်က ယန်းချင်းချီဘာလုပ်လုပ် အားပေးအားမြှောက်ပြုကာ ဘာပြောပြောထောက်ခံနေတတ်သည်။ နေပါဦး ဒီအသွားအလာကြီးက သိပ်မူမမှန်သလိုပဲနော်!
[ ဒီပရိုဂရမ်အဖွဲ့ကရူးများသွားပြီလား ဘာလို့ယန်းချင်းချီကို ခေါင်းဆောင်နေရာပေးထားရတာလဲ ယန်းချင်းချီနဲ့တပူးပူးတတွဲတွဲလုပ်ပေးဖို့ ကျန်းမော့ချန်ကို ငွေကုန်ကြေးကျခံပြီးခေါ်ထားတာလား! ]
[ အပေါ်ထပ်ရေ စကားကိုဘယ်လိုကြီးပြောချလိုက်တာလဲ ဘာကိုတပူးပူးတတွဲတွဲလဲ စီအီးအိုကျန်းက သိသိသာသာကြီးအလိုလိုက်အကြိုက်ဆောင်နေတာပါနော်! ]
[ အဲ့နှစ်ခုက ဘာကွာလို့လဲ ]
[ ဒါပေမဲ့ ငါ့စကားကပိုပြီး နားထောင်လို့ပိုကောင်းတယ်လေ ]
[ ဟေး ဆွေးနွေးနေတဲ့ခေါင်းစဥ်ကြီး ကွေးမသွားနဲ့ ငါတို့ပြောနေတာ အဲ့အကြောင်းလား ]
[ ဘာများထပ်ပြီး ဆွေးနွေးစရာရှိသေးလို့လဲ OPရူးများသွားပြီလား ကျန်းမော့ချန်ကိုနောက်လိုက်လုပ်ခိုင်းပြီး ယန်းချင်းချီကို အဓိကခေါင်းဆောင်နေရာပေးဖို့ ပရိုဂရမ်အဖွဲ့က တစ်ခန်းလွတ်နေမယ်လို့များထင်နေတာလား ယန်းချင်းချီက အဲ့ Variety Show ဒါရိုက်တာရဲ့ အသက်သခင်ကျေးဇူးရှင်မို့လို့လား တကယ်လို့ ယန်းချင်းချီက အဲ့ပရိုဂရမ်ဒါရိုက်တာရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ ထားပါတော့ ကျန်းမော့ချန်ကရော ငတုံးကြီးမို့လို့လား မကြည်ဖြူပဲ ဒီလိုလုပ်ချင်ရာလုပ် မင်းနောက်လိုက်မယ် မင်းပြောသလိုလုပ်မယ်ဆိုတဲ့ ဇာတ်ညွှန်းကြီးကို မျက်စိမှိတ်သဘောတူပါ့မလား လုပ်မနေနဲ့ ဘာဇာတ်ညွှန်းမှမရှိဘူး ယန်းချင်းချီကိုက အရမ်းတော်လွန်းနေတာ ကျန်းမော့ချန်က အဲ့အပိုင်းတွေသိပ်မကျွမ်းတော့ ဟိုကပဲတစ်လမ်းလုံးဦးဆောင်သွားတာ သူများအဖွဲ့တွေနဲ့ယှဥ်ရင် နှစ်ယောက်စလုံးက အတိုင်အဖောက်ညီနေတော့ အားလုံးလျှောလျှောရှုရှူဖြစ်သွားရုံတင်  ]
[ အပေါ်ထပ်ပြောတာ ထောက်ခံတယ် ကျန်းမော့ချန်က ရွှေတွင်းရှိတဲ့ လူချမ်းသာသခင်လေးလို့ အမြဲတမ်းrumorထွက်နေကျမဟုတ်ဘူးလား သရုပ်မဆောင်ဘူးဆိုရင်တောင် သူ့အိမ်သူပြန်ပြီး မိသားစုအမွေဆက်ခံလိုက်လို့ရတယ် အဲ့တော့ ဒီshowထဲဝင်ပါတယ်ဆိုတာကလည်း စိတ်အပန်းဖြေချင်လို့ ရှုခင်းကြည့်ချင်လို့ ခရီးထွက်ချင်လို့ ဝင်လာတာဖြစ်လိမ့်မယ် သူ့အတွက် တောင်တက်လမ်းတွေနဲ့ မရင်းနှီးတာက ပုံမှန်ပါပဲ ]
[ အမှန်ပဲ နင်တို့သေချာကြည့်ကြည့် ယန်းချင်းချီရဲ့ မြေပုံကြည့်နိုင်စွမ်းတွေ လမ်းတွေကိုအလွဲအမှားမရှိ မှတ်မိနေတာတွေ ဘယ်လမ်းရွေးသင့်တယ်၊မရွေးသင့်ဘူးဆိုတဲ့ ဝေဖန်ပိုင်းခြားပြနိုင်စွမ်းတွေ တဲဆင်ပြတဲ့အလျင်တွေ ဘယ်လိုကြည့်ကြည့် သူအရင်ကလုပ်ဖူးတယ် တောင်တက်ဖူးတယ် တောထဲတောင်ထဲနေဖူးတယ် ကျန်းမော့ချန်လုပ်ပုံကိုင်ပုံကိုကြည့်ကြည့် သူတခါမှမလုပ်ဖူးဘူး ဒါကြောင့် ယန်းချင်းချီလုပ်သမျှ လိုက်ထောက်ခံနေတာ  ]
[ မလုပ်ဖူးတာက သူ့အတွက် ပုံမှန်ပါပဲ နင်တို့အိမ်တော်သခင်လေး အခုမှတဲထိုးဖူးတာ အိမ်မှာ ပန်းကန်တောင်ဆေးတတ်ရဲ့လားဟယ် ]
ဆေးတတ်တာပေါ့။ ယန်းချင်းချီ ထိုစာကိုကြည့်ပြီး စိတ်ထဲကနေတွေးလိုက်မိသည်။ ဆေးတတ်တာမှ ပြောင်လို့သန့်လို့။ ခက်တာက မင်းတို့အိမ်တော်သခင်လေးက ပန်းကန်ဆေးရတာကိုမကြိုက်ဘူး။ အဲ့တော့ တစ်ခါတစ်လေမှ ဝင်ဆေးတတ်တယ်။
[ ပြောမှလေ သူတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရုံနဲ့တင် ဘာတွေးနေမှန်းတန်းသိနေကြတာကိုရော သတိထားမိကြရဲ့လား ]
[ အဲ့ဒါထက်ပိုတယ်! တွေးတတ်ရင် တော်တော်လေးဆွိတာနော် ငါအစကထင်ထားကလေ သူတို့နှစ်ယောက်ကအသက်ကွာတဲ့အပြင် ကျော်ကြားမှုအနေအထားချင်းကလည်းမတူ၊ ခင်တာကလည်းသိပ်မကြာသေးတော့ တစ်ယောက်နဲ့တစ်ယောက် ယဥ်ယဥ်ကျေးကျေးပြောဆိုဆက်ဆံကြမယ် စီအီးအိုကျန်းကလည်း ယန်းချင်းချီကို အစ်ကိုကြီးတစ်ယောက်လိုလမ်းပြမယ် ယန်းချင်းချီကလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ ရိုရိုသေသေဆက်ဆံမယ်လို့ထင်လိုက်မိတာ အခုတော့ လုံး! လုံး! မှား! နှစ်ယောက်သား အဆင်ပြေလိုက်ကြတာမှဟယ် မသိရင်ငယ်ပေါင်းကြီးဖော်တွေလိုပဲ! ]
[ အမှန်ပဲ အမှန်ပဲ အမှန်ပဲ တော်တော်လေးကို ရင်းနှီးကြတာ ငယ်ပေါင်းကြီးဖော်တွေလိုမျိုး ကျန်းမော့ချန်ကလည်း ယန်းချင်းချီဘာပြောပြော၊ဘာလုပ်လုပ် ထောက်ခံတယ် တော်တော်လေးကိုအလိုလိုက်ထားတာ ]
[ ထပ်မပြောနဲ့တော့ အပေါ်ထပ်ရေ ချီးကားအတိုက်မခံချင်သေးဘူးဟေ့ မပြောနဲ့ တွေးသာတွေး ]
[ ရှူး! ငါတို့ကပ်တိုးလေးပြောကြမယ်လေ ]
ယန်းချင်းချီ : .............
ကပ်တိုးလည်းပြောမနေနဲ့တော့! မင်းတို့က Forumကြီးထဲလာပြီး Plubicချနေမှတော့ တိုးတိုးပြောလည်း ဘာထူးမှာလဲ!
ယန်းချင်းချီ Forumထဲကထွက်ကာ weiboထဲ တစ်ချက်ဝင်ကြည့်လိုက်တော့ သူ ဝင်မဖတ်ဖြစ်တာကြာသည့် ချန်ချီ CP Groupက Notiတစ်သိန်းလောက်တက်နေသည်။ ထုံးစံအတိုင်း ချန်ချီ CP Fanတွေကတော့ Groupထဲမှာ ထိုအကြောင်းအရာကို ထဲထဲဝင်ဝင်ဆွေးနွေးနေကြသည်။
[ ငါးစားလိုက်တဲ့အပိုင်းကိုတွေ့ကြလား! ငါးစားလိုက်တဲ့အပိုင်းကိုတွေ့ကြလား !!!စီအီးအိုကျန်းက ချင်းချီလက်ထဲကငါးကိုစားလိုက်တာ! အဲ့ဒါ ချင်းချီခွံ့ကျွေးတာကို စားလိုက်တာနဲ့ အတူတူပဲလေ! ဘုရားရေ ငါတော့ Jackpotထိသွားသလိုပါပဲ! ]
[ ပြီးရင်လေ ချင်းချီက ငါးကို တခြားသူတွေပေးရင် တစ်ကိုက်၊နှစ်ကိုက်စာပဲပေးတာနော် စီအီးအိုကျန်းအတွက်ကျ အများကြီးချန်ထားတာ ]
[ Marshmallow တစ်ကိုက်လောက် : ကျယ်မေ့တို့ အဲ့ဒါထက်ပိုပြီးရင်ခုန်စိတ်လှုပ်ရှားရတဲ့အပိုင်းက စီအီးအိုကျန်းကိုက်ထားတဲ့နေရာကနေ ချင်းချီကဆက်စားလိုက်တာလေ အဲ့ဒါက သွယ်ဝိုက်အနမ်း !!!အဲ့ဒါက အဓိကကို ဘယ်သူကပိုနည်းတာတွေ ပိုများတာတွေတိုင်းနေကြတာလဲ !!! ]
[ ဟားဟားဟား ဒီလိုအပိုင်းမှာတော့ Marshmallow ကျဲကျဲက မျက်စိလျင်နေဆဲပဲ ]
[ ရေထဲမှာရောပဲ ဘယ်လိုတောင်ကြည်နူးဖို့ကောင်းတဲ့ မြင်ကွင်းလေးလဲ ချိုမြိန်လိုက်တာ ငါနောက်ဆုံးတစ်ခေါက်ပြန်ကြည့်လိုက်တော့ ကျောင်းသားအချစ်ကား ရိုက်နေတယ်လို့တောင်ထင်သွားတာ ]
[ စီအီးအိုကျန်းနဲ့ ချင်းချီမျက်နှာသာပါရင် ဘယ်ကားရိုက်ရိုက် အကုန်အဆင်ပြေတယ် ဟုတ်တယ်မလား !!! ]
[ အမှန်ပဲ! ငါ ဒီနေ့ Weiboထဲဝင်ကြည့်လိုက်တော့ ငါ့ Newsfeedပေါ်မှာ တော်တော်များများက ဒီအတွဲအတွက် သင်္ဘောလွှင့်နေကြတာကို မြင်လိုက်ရတယ် တကယ်ပါပဲ မျက်နှာကသာအရာရာကိုအဆုံးအဖြတ်ပေးတာပါ! ]
[ Same Weibo Same Newsfeed! ]
[ အယ် နင်သတိမထားမိဘူးလား #ချန်ချီ #Supertopic ဆိုတဲ့ hastageတွေ CP Rankingထဲမှာ နံပါတ်၃ကိုသွားချိတ်နေတာလေ အခုဆို Fan အသစ်တွေအများကြီးဝင်လာပြီ ]
[ အဲ့လောက်တောင်ပဲလား!? ]
[ အဟုတ်ပဲ Showစလွှင့်ကတည်းက တို့တူးထားတဲ့မြောင်းထဲ Fanအသစ်တွေတဝဲလည်လည်ပြုတ်ကျလာတာ Showလည်းပြလို့ပြီးရော Fanအသစ်တွေ အသစ်တွေဆိုတာ ဝင်လာမစဲတသဲသဲပဲ တစ်ချို့ဆို ကုစားသင်ခန်းစာလေးတွေပြန်လုပ်ပေးဖို့တောင် တောင်းဆိုနေကြပြီ ]
[ ဟားဟားဟားဟားဟား ငါတို့နွေဦးပြန်ရောက်လာပြီလား! ချန်ချီ ချုံးယား !!! ]
တကယ်ပြောရင် တကယ်လုပ်ကြတဲ့ CP Fanတွေက 《 အကောင်းဆုံးပါတနာ 》ပထမပိုင်း လွှင့်ပြီးပြီးချင်း နောက်နေ့မနက်မှာပဲ CP fanတွေလုပ်ထားသည့် Fanmade Videoတွေ Weiboပေါ် ပလူပျံအောင်တက်လာခဲ့တဲ့အတွက် 【 ကျန်းမော့ချန်၊ ယန်းချင်းချီ 】ဆိုတဲ့ ခေါင်းစဥ်ကြီးက ထုံးစံအတိုင်း Hot Searchရဲ့ ပထမနေရာမှာ သွားချိတ်နေကာ ထူးထူးခြားခြား【 ချန်ချီ 】ဆိုတဲ့ CP Nameကတောင် Hot Searchရဲ့ 1 to 10 ထဲ တဝဲလည်လည်ဖြစ်နေသေးသည်။ Video အများစုကတော့ Showလွှင့်တုန်းကအလုအယက်ရိုက်ထားကြသည့် Screenshots များသာ။ ငါးဖမ်းနေတာတွေ၊ ရေပက်တိုင်းကစားနေကြတာတွေ၊ ငါးကင်နေကြတာတွေ၊ ငါးခွံ့ကျွေးတာတွေ၊ နှစ်ယောက်သား တစ်ယောက်နားတစ်ယောက်ကပ်ပြီး တိုးတိုး,တိုးတိုးလုပ်နေကြတာတွေ ___ ရိုက်ထားသည့် Screenshots အားလုံးကို effectတွေ သီချင်းတွေထည့်ပြီး သေချာလေး Editထားကြသည်။
ထို Videoတွေအောက်မှာ ချန်ချီ Shipperလေးတွေရဲ့ တအားးးးအားးးး အော်သံတွေများသာ။
[ ရုပ်ရှင်ရိုက်မယ်! ဘယ်မလဲဒါရိုက်တာ! ဘယ်မလဲရိုက်ကွင်းအဖွဲ့သားတွေ! ဒီလိုရုပ်ရည် ဒီလိုဇာတ်အိမ်မျိုးနဲ့ ငါ့အတွက် Idol dramaတစ်ခု ဖန်တီးပေးလို့ရနိုင်မလား !!!ဟင်? ဟင်? ဟင်? လုပ်ပေးကြပါဦး!!!!!! ]
[ မင်းရယ်ရင်လိုက်ရယ်ပြီး မင်းပြုံးရင်လိုက်ပြုံးမယ် မင်းဆုံးဖြတ်ချက်မှန်သမျှ ထောက်ခံအားပေးမယ် ဒီအမျိုးသားက အချစ်ရဲ့သရုပ်မှန်ကို အလှပဆုံးဖော်ကြူးထားတာပဲ ]
[ အမလေး ချိုလိုက်တာဟယ် !!!ဒီတစ်နှစ်လုံး ငါပတ်Shipနေသမျှ CP တွေထဲ သူတို့ကအချိုဆုံးပါပဲဟယ် ချန်ချီက ရီးရဲလ်ကွ! ငါယုံကြည်သွားပါပြီ ]
[ အပုပ်မတွေဆိုတော့လည်း အပုပ်မျက်လုံးနဲ့ကြည့်ကြတာကမထူးဆန်းပါဘူး ဒါပေမဲ့လည်းဟယ် ငါတို့ကိုကအမြင်မှားနေတာမဟုတ်ပါဘူး သူတို့ကိုက ဘေးအိမ်က CPအစစ်ထက် ပိုရိုနေကြတာ ဒီလောက်ချို ဒီလောက်ရိုနေမှတော့ ဘယ်သူကမပုပ်ပဲတောင့်ခံနိုင်တော့မှာလဲ ]
(T/N: ဘေးအိမ်က CPအစစ်က ဖေ့ကျင့်ယွီနဲ့ ယွဲ့ဇီမင်ကို ပြောတာပါ)
[ ပါးကိုဖြန်းခနဲပဲ အရင်တုန်းက ကန်းခဲ့မိတဲ့အတွက် ချစ်ဖို့ကောင်းတဲ့ချန်ချီကျယ်မေ့တို့ကို တောင်းပန်ပါတယ် ဒီအမိုက်အမဲလေးကို သင်ကြားလမ်းပြပေးကြပါဦး !!!အရင်က အချိုအဆွိလေးတွေကို အလင်းပြပါ !!!မရှိဘူးဆိုလည်း မနေ့ကအပိုင်းကိုပဲ ၆ခေါက်လောက်ပြေးကြည့်လိုက်ပါဦးမယ် ]
ယန်းချင်းချီ trendအသွားအလာကိုကြည့်ရင်း သူတို့အကြောင်းနဲ့ပတ်သက်တဲ့သတင်းတွေက လူသိအရမ်းမြန်လွန်းတယ်ဟု တွေးမိသွားတာကြောင့် ကွမ်မေဆီလှမ်းမေးလိုက်သည်။
[ ကျဲ ကျွန်တော်နဲ့ မော့ချန်ရဲ့ CPကို လူသိများအောင်လုပ်ပေးဖို့ ရေတပ်ဝယ်ထားတာလား ]
[ မဝယ်ပါဘူး ] ကွမ်မေကလည်း မေးပြီးသိပ်မကြာခင် စာပြန်ပို့လာသည်။ [ ဘော့စ်က အခြေအနေတွေကိုတစ်ချက်လိုက်ကြည့်လို့ပြောထားတယ် အရမ်းကြီးပွဲမဆူမှ ငါနဲ့ဝူယွမ်ကို မီးလိုက်ရှို့ခိုင်းမယ်တဲ့ ဒါပေမဲ့ ငါကြည့်ရသလောက်တော့ မလိုတော့ပါဘူး အခုတောင် တော်တော်လေးပွဲဆူနေပြီ ]
ဆူလွန်းလို့ပြောနေရတာပေါ့! ယန်းချင်းချီတွေးရင်း နည်းနည်းလေးစိတ်ပူလာသည်။ ပထမတစ်ပိုင်းထဲနဲ့တင် CP Fanတွေထိန်းမနိုင်သိမ်းမရဖြစ်နေတာ နောက်အပိုင်းတွေသာဆက်ပြရင် ဒီမီးစက ငြိမ်းရောငြိမ်းဦးမှာတဲ့လား။
သိပ်မကြာခင် ပထမပိုင်းရဲ့ Part 2ဖြစ်သည့် ယာယီအိမ်မှာ အခန်းခွဲကြသည့်အပိုင်းတွေရောက်လာသည့်အခါ သူထင်ထားသလိုပဲ ထပ်ပြီး ပွဲဆူကြပြန်သည်။ ယန်းချင်းချီဒီတစ်ခေါက်ပြလိုက်သည့်အပိုင်းကို အွန်လိုင်းပေါ်ကနေကြည့်ဖြစ်သွားတာကြောင့် ကျန်းမော့ချန်က သူနဲ့ တစ်ယောက်အိပ်ကုတင်မှာ နှစ်ယောက်အတူအိပ်မည်ဟု အကြံပြုလာသည့်အခါ [ အားးးးးးးးးးးးးးးးး ငါတော့သေပါပြီ ] ဆိုသည့် commentတွေ တက်လာသည်။ နှစ်ယောက်သား ဗီရိုထဲ အဝတ်ကိုယ်စီချိတ်ကြတော့လည်း [ ကာပယ်လ်ဝတ်စုံ !!!အဲ့လောက်ကြီးပေါ်တင်ချပြစရာလိုလို့လားဟယ် !!!ဒီကနှလုံးသားနုနုလေး မခံစားနိုင်တော့ဘူး !!! ]ဆိုသည့် commentတွေတက်လာပြန်သည်။ သူ ကျန်းမော့ချန်အတွက် ခေါက်ဆွဲသွားချက်ပေးတော့လည်း [ အိမ်ထောင်ရှင်ဇနီးသည်လေး !!! ]ဆိုပြီး မန့်ထားကြပြန်သည်။ ကျန်းမော့ချန် အစားစားနေရင်း ရုတ်တရက်ကြီး မတ်တပ်ထရပ်ကာ ကိုယ်ကိုကိုင်းညွှတ်၍ ယန်းချင်းချီနားအနားကပ်ပြီး တိုးတိုးပြောလာတော့ ဖန်သားပြင်တစ်ခုလုံး [ အားးးးးးးးးးးးးးး ] တွေပြည့်သွားပြန်သည်။
ဘေးကနေ အသာလေးရပ်မကြည့်နိုင်တော့သည့် ဖြတ်လျှောက်တစ်ယောက်ကတောင် screen barrageထဲ ဝင်ဆူလာသည်။
[ ချန်ချီFanတွေ နည်းနည်းလေး ထိန်းထိန်းသိမ်းသိမ်းနေပေးလို့မရဘူးလား! ဒီမှာ ကြည့်ရတာ feelပျက်တယ်ကွ! ]
သို့သော် ဘယ်သူတွေကပဲဘယ်လောက်ဆူနေပါစေ CP Fanတွေရဲ့ ရွှင်မြူးတက်ကြွနေသည့်စိတ်ကို အလုံးစုံမဖုံးဖိနိုင်ခဲ့ပေ။ သူတို့ခင်ဗျာ လာမမန့်နဲ့ပြောကြတော့ သူတို့ရှေ့ကအချိုတွေက တကယ်စစ်မှန်ကြောင်း၊ သူတို့စားနေရတဲ့ သကြားလုံးကြီးက တကယ်စစ်မှန်ကြောင်း Screenshots တွေရိုက်ပြီး သိမ်းနေကြပြန်သည်။
ယန်းချင်းချီလည်း ထိုအခြင်းအရာတွေကြည့်ပြီး ပျော်ရမလား ဝမ်းနည်းရမလားတောင်မသိတော့ပါ။ လူထုအမြင်က သူနဲ့ကျန်းမော့ချန်ဖောက်ပေးထားသည့်လမ်းအတိုင်း လျှောက်လှမ်းနေကြတာကို မြင်ရသည်က စိတ်ကျေနပ်စရာကောင်းပေမဲ့လည်း ချန်ချီ CP Fanတွေမှာ Low Keyလေးမနေတတ်တဲ့အတွက် ရှောင်ဖန်ဇီတွေက အကြာကြီးလွှတ်မထားတော့မှာကို စိတ်ပူနေရသည်။
ယန်းချင်းချီလိုပဲ သူ့Fanလေးတွေဖြစ်တဲ့ ယန့်မိုက်တို့မှာလည်း တချိန်ထဲမှာ ပျော်လည်းပျော်နေသလို ဝမ်းလည်းဝမ်းနည်းနေရသည်။ ပျော်နေသည်မှာ ယန်းချင်းချီက Variety Showရိုက်ဖို့အတွက် မွေးဖွားလာခဲ့သလိုမျိုး ရိုက်တိုင်းလည်း သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစတွေကို ထုတ်ပြနိုင်ခဲ့ကာ Fanတစ်ပွေ့တစ်ပိုက်ကြီး သယ်သယ်ပြီးအိမ်ပြန်လာနိုင်ခဲ့သည်။ ဒါဆိုဘာလို့ဝမ်းနည်းနေကြလဲ !! သူ့တို့အိမ်က ကောကောက စီအီးအိုကျန်းနဲ့ အလွန့်အလွန်ကိုမှ ရင်းနှီးနေကြလို့ပဲ !!!ရှောင်ဖန်ဇီတွေ လာဝုန်းရင် သက်သေသာဓကတွေနဲ့ ပြန်ငြင်းဖို့ ကြိုးစားပြင်ဆင်နေရတယ် !!!
[ ကဲ ကဲ ကဲ အားလုံး သေချာမှတ်ထားကြမယ် အစကနေအဆုံးအထိ တစ်ခန်းထဲအတူနေဖို့အကြံပြုတာကလည်း စီအီးအိုကျန်းပဲ ခေါက်ဆွဲစားမယ်ပြောတာလည်း စီအီးအိုကျန်းပဲ အနားကပ်ပြီး စကားတိုးတိုး,တိုးတိုးလာပြောတာလည်း စီအီးအိုကျန်းပဲ ဒါကိုမှ ငါတို့ကောကောက သူတို့ကောကောအနားအရမ်းကပ်လွန်းတယ်လို့ ရှောင်ဖန်ဇီတွေကလာဝုန်းရင် ငါတို့က ss တွေပြန်ပြကြမယ် အစကနေအဆုံးအထိ လိုက်ကပ်နေတဲ့လူက စီအီးအိုကျန်း ငါတို့ကောကောနဲ့ဘာဆိုင်လို့လဲဆိုပြီး ]
[ အမှန်ပဲ ]
ထိုအခြင်းအရာကိုမြင်တော့ ယန်းချင်းချီ ကျန်းမော့ချန်အတွက် မျက်ရည်တစ်စက်ကျပေးလိုက်သည်။ သို့သော် သူ့ဘက်ကလည်း ရှင်းရှင်းလင်းလင်းသိနေသည်။ သူတို့ဆက်ဆံရေးကို လူထုရှေ့ချပြဖို့ ကြံရွယ်ထားမှတော့ သူဖြစ်ဖြစ် ကျန်းမော့ချန်ဖြစ်ဖြစ် အနည်းနဲ့အများတော့ ဝေဖန်ခံရမည်။
ယန်းချင်းချီ Group Chatထဲကနေ တိတ်တိတ်ကလေးပြန်ထွက်လာကာ ကျန်းမော့ချန်ဆီစာပို့လိုက်သည်။
[ ကျွန်တော်တို့အကြောင်းသိဖို့ သိပ်မလိုတော့ဘူး! ]
ကျန်းမော့ချန်ကလည်း စက္ကန့်ပိုင်းအတွင်း စာပြန်ပို့လာသည်။
[ အဲ့အချိန်ရောက်လာမှာကို တကယ်ကြီးမျှော်လင့်စောင့်စားနေပြီ! ]
ယန်းချင်းချီ : [ ........... ]
ကျန်းမော့ချန် : [ ကိုယ်တို့ CPရဲ့ super topicက အခု Rankingမှာ တစ်တောင်ချိတ်နေပြီ! ]
[ ခင်ဗျားရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူးလား ဒါတွေသွားစပ်စုဖို့ အချိန်ရှိသေးတယ် ??? ]
[ ကိုယ်ပြောပြီးသားပဲ ဒီတစ်ခေါက်က အရေးကြီးတဲ့ဇာတ်ပို့နေရာတစ်ခုကို ဝင်သရုပ်ဆောင်ပေးရုံပါပဲဆို အဲ့လောက်ရိုက်စရာအခန်းမများဘူး ]
[ ဒါဆို ပြီးတော့မှာလား ]
[ လဝက်လောက်ကျန်သေးတယ် ]
[ ဪ ကောင်းပြီ ]
ယန်းချင်းချီနဲ့ ကျန်းမော့ချန် ခေါင်းစဥ်ရေရေရာရာမရှိပဲ တောင်ရောက်မြောက်ရောက် chattingထိုင်နေကြစဥ် ကွမ်မေက အခုရက်ပိုင်းလုပ်ရမည့်အလုပ် scheduleတွေပို့ပေးလာသည်။ ယန်းချင်းချီ ဝင်ကြည့်လိုက်တော့ ကြော်ငြာရိုက်ပေးဖို့ သဘောတူထားသည့် brandအချို့နှင့် ပွဲတက်ပေးရမည့် Eventအချို့ဖြစ်သည်။ တချို့ကြော်ငြာတွေဆို မေလကတည်းက စာချုပ်ချုပ်ထားခဲ့တာဖြစ်ပြီး သူ Variety Showဝင်ရိုက်နေခြင်းကြောင့်သာ ခေတ္တရွှေ့ဆိုင်းထားခဲ့ခြင်းပင်။ သူ ဒီရက်ပိုင်းလုပ်ရမည့် လုပ်ငန်းစဥ်တွေကို သေချာလိုက်ဖတ်ပြီးတာနဲ့ ကွမ်မေဆီ [ ပြဿနာမရှိဘူး ] ဟု ပြန်ပို့လိုက်သည်။
Scheduleထဲ ပွဲအချို့တက်ပေးဖို့လည်း ပြောထားတဲ့အတွက် သူ လက်စွပ်ကိုချွတ်ကာ ချိန်းကြိုးလေးထဲထည့်ပြီး လည်ပင်းမှာဆွဲထားလိုက်သည်။ ချိန်းကြိုးလေးကလည်း လက်စွပ်လေးနဲ့အတူတူ ကျန်းမော့ချန်ပြင်ဆင်လာသည့်အရာတွေထဲက တစ်ခုဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်စလုံးက accessoriesတွေဝတ်ရတာကို ကြိုက်နှစ်သက်သူတွေမဟုတ်တဲ့အတွက် ရုတ်တရက်ကြီး သေချာ designဖော်ထားသည့် လက်စွပ်ဆင်တူဝတ်ပြလိုက်လျှင် သူတို့က စုံတွဲတွေပါလို့ကြေငြာလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။
ယန်းချင်းချီ ဆွဲကြိုးဝတ်ပြီးတာနဲ့ အန်တီကျန့်ကို နားရက်အချို့ပေးကာ ကလေးနှစ်ယောက်ကိုချီပြီး ယန်းအိမ်ဆီပြန်လိုက်သည်။ သူ သူ့မိဘတွေနဲ့ စကားစမြည်ပြောကာ ကလေးနှစ်ယောက်ကိုသေချာအပ်ခဲ့ပြီး ယန်းအိမ်ကနေ မထွက်သွားခင်မှာလည်း ချီချီနဲ့ယန့်ယန့်ကို အဘိုးအဘွားအိမ်မှာ ရက်အနည်းငယ်လောက်နေရမှာဖြစ်တဲ့အကြောင်း သေချာမှာထားခဲ့သည်။
ချီချီကတော့ အဖေနှစ်ယောက်အလုပ်ရှိလျှင် အဘိုးအဘွားတွေအိမ်မှာသွားသွားနေရတာကို အသားကျနေပြီဖြစ်တဲ့အတွက် ဘယ်အိမ်နေရနေရ သူ့အတွက်အဆင်ပြေသည်။ ယန့်ယန့်ကတော့ ငယ်သေးတဲ့အပြင်ကို မိဘတွေနဲ့ခွဲရလျှင်လည်း ဂျီမကျတတ်တာကြောင့် စိတ်အေးကြည်သာစွာဖြင့် ချီချီ့လက်လေးကိုဆုပ်ကိုင်ကာ သန်းတောင်သန်းနေသေးသည်။
ချီချီတစ်ယောက် ယန့်ယန့်ရဲ့ဟထားတဲ့ပါးစပ်လေးပေါ် လက်ဝါးလေးအုပ်တင်ပြီး '' ဝါး ဝါး ဝါး '' လုပ်လိုက်သည်။ ကလေးက မရပ်မနား တခစ်ခစ်ထရယ်ကာ အိပ်ချင်စိတ်ပျောက်သွားပြီး ထိုgameလိုက်ဆော့သည်။ ချီချီ့ပါးစပ်အနား လက်ပုတိုလေးဆန့်ထုတ်လာတော့ ချီချီက အလိုတော်ကျ '' ဝါး ဝါး '' အော်ပေးရသည်။ သူ့အလှည့်ရောက်လာလျှင်လည်း အစ်ကိုကြီးဆော့ဖို့ ပါးစပ်လေးဟထားလေသည်။ ကလေးကအရမ်းလည်လွန်းသဖြင့် ယန်းချင်းချီနဲ့ ယန်းမိဘတွေမှာ ယန့်ယန့်ကိုကြည့်ပြီး ပါးစပ်စိမရခဲ့။
ကလေးနှစ်ယောက်ကို မိဘအိမ်မှာအပ်ခဲ့ပြီးမှ ယန်းချင်းချီ စိတ်အေးလက်အေးထွက်လာခဲ့သည်။
ရိုးရာမပျက် ပွဲတစ်ခုစီတိုင်းမှာ သတင်းထောက်တွေကလည်း မှိုလိုပေါများနေကာ brandနဲ့ပတ်သက်သည့် မေးခွန်းတွေမေးပြီးတာနဲ့ ကျန်းမော့ချန်နဲ့ပတ်သက်တာတွေ မေးလာတတ်ကြသည်။
'' အခုတလော 《 အကောင်းဆုံးပါတနာ 》က TVမှာပြနေတော့ မေးလိုက်ဦးမယ် ချင်းချီ ရှင်နဲ့ ကျန်းမော့ချန်က တော်တော်လေးကောင်းမွန်တဲ့ ဆက်ဆံရေးရှိပုံပဲနော် ''
'' ဟုတ်ပါတယ် ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အမြဲလိုလိုကောင်းနေခဲ့တာပါ ''
'' ကျန်းမော့ချန်နဲ့ အတူတူရပ်နေရင် ရှိန်သလိုခံစားရတာတွေ ဖိအားတွေဘာတွေများရှိဖူးလား ဘယ်လိုပဲဖြစ်ဖြစ်လေ သူက ရွှေသုံးဆုရထားတဲ့ ရုပ်ရှင်ဧကရာဇ်ဆိုတော့လည်း ''
'' အဲ့လောက်ကြီးရယ်တော့မဟုတ်ပါဘူး '' ယန်းချင်းချီပြန်ဖြေလာသည်။ '' သူနဲ့ရုပ်ရှင်အတူတူတွဲရိုက်ရင်တော့ ဖိအားအနည်းအပါးရှိလောက်ပေမဲ့ Variety Showရိုက်တာလောက်ကတော့ အဆင်ပြေပါတယ် ပေါ့ပေါ့ပါးပါးပါပဲ ''
'' ရုပ်ရှင်အကြောင်း​ပြောမှပဲ ဒီနှစ်အတွက် ဘယ်လိုအစီအစဥ်တွေများရှိသေးလဲ ကျန်တဲ့နှစ်ဝက်တစ်ခုလုံး ဇာတ်ကားတွေထပ်ရိုက်ဖို့ အစီအစဥ်မရှိတော့ဘူးလား ''
'' ဆုံးတော့မဆုံးဖြတ်ရသေးပါဘူး သင့်တော်တာလေး ရှာနေဆဲပါပဲ ''
'' ချင်းချီက ဘယ်လိုအမျိုးအစားမျိုးကို ရိုက်ချင်တာလဲ ''
'' ဇာတ်ညွှန်းက ကျွန်တော့်ကိုစိတ်လှုပ်ရှားစေသရွေ့ ဘယ်အမျိုးအစားဖြစ်ဖြစ် အဆင်ပြေပါတယ် ''
'' ရှင်နဲ့ ကျန်းမော့ချန်က 《 လမ်းမှားခြင်း 》မှာလည်း အတူတူတွဲရိုက်ဖူးတော့ နောက်ကားတွေရော တွဲရိုက်ဖို့အစီအစဥ်ရှိသေးလား ''
'' ဒါကတော့ ကမ်းလှမ်းလာမဲ့ဒါရိုက်တာတွေနဲ့ပဲ သက်ဆိုင်ပါတယ် ကျွန်တော်တို့နှစ်ယောက်လုံးက မင်းသားတွေဆိုတော့လေ ဒီဇာတ်ကားထဲ ဘယ်သူပါမယ်၊ မပါဘူးက ကျွန်တော်တို့ဆုံးဖြတ်ချက်ချလို့ရတဲ့အရာမဟုတ်ပါဘူး ''
'' အခွင့်အရေးရှိမယ်ဆို သူနဲ့တွဲရိုက်ချင်သေးလား ''
'' ကျွန်တော်တို့နှစ်ယောက်လုံးနဲ့ သင့်တော်မဲ့ဇာတ်ညွှန်းရှိရင်တော့ ကျိန်းသေပေါက် တွဲရိုက်ချင်ပါသေးတယ် ''
သတင်းထောက်က ဆက်မေးချင်သေးပေမဲ့ ကွမ်မေက ကွက်တိဖြတ်ပြောလာသည်။
'' အချိန်ပြည့်ပြီ ''
ယန်းချင်းချီ သတင်းထောက်ကို ယဥ်ယဥ်ကျေးကျေး ကျေးဇူးတင်လိုက်ကာ ကွမ်မေ၊သက်တော်စောင့်အချို့နဲ့အတူ ထိုပွဲထဲကနေ ထွက်လာခဲ့သည်။
အလာတုန်းက လေဆိပ် VIPလမ်းကြောင်းကနေ လာခဲ့တဲ့အတွက် အပြန်မှာတော့ Fanတွေစိတ်ကျေနပ်ဖို့ ရိုးရိုးလမ်းကြောင်းကနေ သွားသင့်သည်ဟု ကွမ်မေက အကြံပေးလာသည်။
ယန်းချင်းချီလည်း သဘောတူပြီးကာမှ လေဆိပ်ဆင်းဆင်းချင်း Fanပင်လယ်ကြီးကိုကြည့်ပြီး သူ့ကျော်ကြားမှုသူ လျှော့တွက်လိုက်မိမှန်း သဘောပေါက်သွားတော့သည်။ ကွမ်မေနဲ့ သက်တော်စောင့်တွေကလည်း သူ့ပတ်ပတ်လည်မှာ ဝိုင်းဝန်းကာကွယ်ထားကြကာ လူထိန်းဖို့တာဝန်ယူထားသည့် စီနီယာFanတွေကလည်း သူတို့တတ်နိုင်သလောက် ထိန်းပေးနေကြသည်။ ကင်မရာကိုင်ထားသည့် ကျဲကျဲတွေကလည်း ဓာတ်ပုံရိုက်မပျက်၊ လက်ဆောင်တွေ၊စာတွေကိုင်ထားသည့် မေ့မေ့တွေကလည်း လက်တွေဆန့်ထုတ်ပြီး သူ့ဆီပစ္စည်းတွေ အမိအရကမ်းပေးနေကြသည်။
ယန်းချင်းချီက လက်ဆောင်လက်မခံတဲ့အတွက် စာတွေပဲလှမ်းယူကာ ကျေးဇူးတင်လိုက်သည်။
ယန်းချင်းချီ လေယာဥ်ပေါ်မရောက်မချင်း သူ့ကျော်ကြားမှုသူအနည်းငယ် အံ့အားသင့်နေခဲ့သည်။ သူ လေယာဥ်ပေါ်ရောက်တာနဲ့ ကွမ်မေဘက်လှည့်ကာ
'' ကျွန်တော့်ရဲ့ကျော်ကြားမှုက ထပ်တိုးလာပြန်ပြီလို့ ဘာလို့ခံစားနေရတာပါလိမ့် ''
ကွမ်မေက ပြုံးလိုက်ကာ
'' နင်လည်း အဲ့လိုထင်တယ်လား ''
'' ဒီ Variety Show က ကျွန်တော်တို့ကို Shipတဲ့ CP Fanတွေပိုများလာဖို့ နှစ်ဦးနှစ်ဖက်Fanတွေကို ကာကွယ်ဆေးကြိုထိုးပေးဖို့ အဲ့သဘောနဲ့ ဝင်ရိုက်ဖြစ်တာ ဒါပေမဲ့ မထင်မှတ်ထားပဲ ဒီလောက်နာမည်ကြီးသွားမယ်လို့ မထင်လိုက်မိဘူး ''
'' နင်က ကိုယ့်အရည်အချင်းကို လျှော့တွက်လွန်းတာကို '' ကွမ်မေက သူ့ကိုကြည့်ကာ '' နင့်ရဲ့စိတ်နေစိတ်ထားနဲ့ နင့်အရည်အချင်းက Variety Showတွေဝင်ရိုက်ဖို့ အရမ်းကိုသင့်တော်တယ် ဒီတစ်ခေါက် 《 အကောင်းဆုံးပါတနာ 》လွှင့်ပြီးကတည်းက ဘော့စ်ကျန်းနဲ့နင့်ကို shipတဲ့ CP Fan တွေတင်မကဘူး နင့်ရဲ့ကိုယ်ပိုင်Fanတွေပါ အများကြီးတိုးလာတာ နင်က အားလုံးသိ၊အားလုံးလုပ်တတ်ကိုင်တတ် ဘော့စ်ကျန်းပြောသလို စွယ်စုံရလေးဆိုတော့ သူတို့က နင်ဘာလုပ်လုပ် သဘောကျနေကြရော ''
ယန်းချင်းချီ ခေါင်းငြိမ့်ပြကာ
'' 《 လာပါ၊ သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》ဝင်ရိုက်တုန်းကလိုပဲ Fanတသီကြီးရလိုက်သလိုမျိုးမလား ''
'' အမှန်ပဲ ''
ယန်းချင်းချီ နားလည်သဘောပေါက်သွားကာ လေယာဥ်ခုံပေါ်မှာ စိတ်အေးချမ်းသာစွာဖြင့် ခဏလောက် မျက်စိမှိတ်ပြီး ကိုယ့်ကိုကိုယ်အနားပေးလိုက်သည်။ သို့သော် မျက်စိမှိတ်ပြီးလို့မှ သိပ်မကြာသေး တစ်ခုခုကိုသတိရသွားတာကြောင့် မျက်လုံးဖွင့်ပြီး ခေါင်းငုံ့ကြည့်လိုက်ချိန် သူသေချာပေါက်ကို အင်္ကျီအောက်ထည့်သိမ်းထားသည့် ငွေဖြူရောင် ချိန်းကြိုးလေးက အခုတော့ အင်္ကျီအပေါ်ရောက်နေကာ ရင်ဘတ်အနား တဖျက်ဖျက်လတ်နေသည်။
Zawgyi
_________________________________
မြေကြီးမှာစိုက်ထားတဲ့အလံကို အရင်ဆုံးဆွဲနှုတ်တဲ့လူကတောင် ယန်းချင်းချီ!
ယန်းချင်းချီ : .............
[ အဲ့လောက်တောင်ပဲလား!? ]
[ အမှန်ပဲ ]
ယန်းချင်းချီ : [ ........... ]
[ ဒါဆို ပြီးတော့မှာလား ]
[ လဝက်လောက်ကျန်သေးတယ် ]
[ ဪ ကောင်းပြီ ]
'' အချိန်ပြည့်ပြီ ''
ကွမ်မေက ပြုံးလိုက်ကာ
'' အမှန်ပဲ ''
Continue Reading
You'll Also Like
55.2K 5.3K 89
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
1M 118K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
6.5K 206 15
စာအုပ် အော်ဒါလေးနဲ့ပတ်သတ်သမျှ သတင်းလေးများ
13.1K 1.1K 14