[Unicode]
နင်မုန့် ကြောက်ရွံစွာပဲ တုန်ယင်သွား၏။ ဟော်ပေ့ချန်ကို groupထဲ နင်မုန့် သတိကြီးစွာ ထားရင်းပဲ ပြန်သွင်းလိုက်သည်။
groupထဲကို လူထည့်ဖို့အတွက် ခွင့်ပြုချက်တောင်းဖို့ မလိုအပ်ပေ။
ဟော်ပေ့ချန်ကို ထပ်ပြီး ထည့်လိုက်တဲ့စာ မြင်တဲ့အခါ နင်မုန့် အလျင်အမြန်ပဲ စာရိုက်လိုက်ပေမယ့် သူမ စာကြောင်း မဆုံးသေးခင်မှာပဲ notificationတစ်ခုက ပေါ်လာ၏။ System: [ဟော်ပေ့ချန် Groupထဲမှ ထွက်သွားပါသည်]
"…"
'ငါတော့ သွားပြီ'
'ငါ ဒီတကြိမ်တော့ တကယ်သွားပြီ'
နင်မုန့် မျက်ရည်တွေအပြည့်နဲ့ groupထဲကို စာရိုက်လိုက်သည် : [ရှင်တို့ ဟော်ပေ့ချန်ကို groupထဲ ပြန်ထည့်လိုက်ကြ!]
ချီရှန် : [ငါ မလုပ်ရဲဘူး]
စုယွဲ့ : [မလုပ်ရဲပါ +1]
နင်မုန့် : […ဘုရင်ကြီးက ငါ့ကို ဘာပြန်ပေးဆပ်ခိုင်းမယ်လို့ နင်တို့ထင်လဲ?]
ဖေးပိုင် : [သတ်မှာ]
ချီရှန် : [ဟဟဟ နုံအတဲ့ မိန်းမ။ နင်ကတော့ ဒီတကြိမ် ပြဿနာအကြီးကြီး တက်ပြီပဲ။ နတ်ဘုရား တွေဆီမှာသာ ဆုတောင်းနေလိုက်တော့!]
စုယွဲ့ : [မဒမ့်ကို ကျွန်တော် တကယ်ကူညီချင်ပါတယ် ဘယ်လိုပဲ နှလုံးသားက လုပ်ပေးဖို့ ဆန္ဒရှိနေပေမယ့် လူက အားနည်းနေတယ်။ မဒမ် ကိုယ့်ကိုကိုယ် ပြင်ဆင်လို့ ရအောင် အရိပ်အခြေ ကြည့်ဖို့ ကူညီပေးမယ်ဆိုရင်ရော ဘယ်လိုလဲ?]
နင်မုန့် : […]
'ငါ ဘာလုပ်နိုင်လဲ'
သူမ သတိကြီးစွာပဲ inviteကို နှိပ်လိုက်သည်။ ဒီတကြိမ်မှာတော့ ဟော်ပေ့ချန်က သူ့ကို သွင်းလိုက်တဲ့ တပြိုင်နက်တည်းမှာပဲ ပြန်ထွက်သွားလေ၏။
နင်မုန့် ဘာမှတောင် မပြောရဲတော့တာမို့ groupထဲကို မေးလိုက်သည် : [ဘုရင်ကြီးချန်ကို နောက်ဆုံး စိတ်မကျေနပ်အောင် လုပ်ခဲ့တဲ့ လူ ဘာဖြစ်သွားလဲ?]
ချီရှန် : [ဒါက @ဖေးပိုင် ကိုမေးရမှာ]
စုယွဲ့ : [ဟုတ်တယ်။ နောက်ဆုံး ပြဿနာရှာခဲ့တဲ့ လူတစ်ယောက်ကို ဖေးပိုင်ကပဲ စီမံလိုက်တာ @ဖေးပိုင်]
ဖေးပိုင် : [ငါ ရေနေတာ]
နောက်ဆုံးလူကို ဖေးပိုင် စီမံလိုက်တာ သိလိုက်ရတဲ့အခါ နင်မုန့် နှလုံးတို့ အဆက်မပြတ်တုန်ခါလာရင်း : [ဘာကို ရေနေတာလဲ]
ဖေးပိုင် : [အချိန်ကို ရေနေတာ။ အဲ့လူက ပင်လယ်အောက်ခြေမှာ ပုစွန်စိပ်တွေ စားတာခံရပြီး အခုလောက်ဆို အရိုးတွေလောက်ပဲ ကျန်တော့မယ်]
"!!"
ဒါက မဖြစ်ရဘူး။ သူမ ဒီမှာပဲ သေမှာကို ထိုင်မစောင့်နိုင်ဘူး။ သူမ တစ်ခုခု လုပ်ဖို့ လိုအပ်တယ်!
-
ကုမ္ပဏီတွင်
ရုံးခန်းတစ်ခုလုံးရဲ့ အပူချိန်က ကျဆင်းလို့နေ၏။ စုယွဲ့နဲ့ အခြား၂ယောက်က ထောင့်စွန်းလေးမှာ ရေခဲတုံးတွေနှယ် ကျုံ့နေကြပြီး ကြောက်ရွံ့မှုကြောင့် တုန်ယင်လို့နေ၏။ ဟော်ပေ့ချန်က ဝင့်ထည်စွာ ရုံးကုလားထိုင်ပေါ်တွင် ထိုင်နေလေပြီး မျက်နှာကတော့ မည်းမှောင်လို့နေသည်။
မနက်ပိုင်းမှာ လင်းချင်ပေ့ဆီ သူမ သွားတဲ့အထိ အဆင်ပြေပါသေးသည်။ သို့ပေမယ့်လည်း သူမက groupထဲမှာ သူတို့နဲ့ စကားပြောဖို့ အချိန်ကျ ရှိနေပြီး သူ့ဆီကိုကျ စာပြန်ဖို့ အချိန်မရှိဘူး? စုယွဲ့က သူ့ကို groupထဲ ထည့်ဖို့ အကြံပေးလာခဲ့သည်။ သူ့အနေနဲ့ ပိုပြီး သီးခံသင့်တယ်လို့ တွေးလိုက်ပြီး ထိုကမ်းလှမ်းချက်ကို မငြင်းပယ်ခဲ့ပေ။
ဒါပေမယ့် သူမက groupထဲမှာ အခုလိုမျိုး ပြောရဲတယ်? သူမက သူတို့ကို ရင်းနှီးတဲ့ ပုံစံနဲ့ ပေါ့ပေါ့ပါးပဲ ပြောတယ်? ပြီးတော့ သူ့ကိုကျ အေးခဲနေတဲ့ ရေခဲအိတ်? သူမက သူ့အပေါ် အဲ့လောက် စက်ဆုပ်နေတာလား?
ထိုအကြောင်း ပိုတွေးလေ ပိုပြီး ဒေါသတို့ထွက်လာလေဖြစ်၏။ ထိုအချိန်မှာပဲ သူ့ဖုန်းဆီက အသံမြည်လာလေ၏။ : [နင်မုန့်သည် သင့်ကို groupထဲသို့ ထည့်လိုက်သည်]
ဟော်ပေ့ချန်ရဲ့ မေးရိုးတောင့်တင်းသွားပြီး ချက်ချင်းဆိုသလို groupထဲမှ ထွက်လိုက်သည်။
'ဟမ့်! ငါ့ကို groupထဲ ထည့်လိုက်ရုံနဲ့ ပြဿနာကို ရှင်းနိုင်မယ်များ ထင်နေတာလား?'
သူ groupထဲက ထွက်လိုက်တာနှင့် လူသုံးယောက်ရဲ့ ဖုန်းတွေဆီက ဆက်တိုက်ဆိုသလို အသံတပြိုက်နက် ထွက်လာလေ၏။ groupထဲမှာ သူတို့ စကားပြောနေကြသေးသည်ဆိုတာ ထင်ရှားလှသည်။ သူတို့သုံးယောက်လုံး သူ့ဆီ ကိုယ်တိုင်ကိုယ်ကျ လာမပြောနိုင် ရလောက်အောင် ဘာတွေများ ပြောနေကြတာလဲ?
ဟော်ပေ့ချန်ရဲ့ စိတ်ထဲမှာ ဒေါသတို့က ပိုမို၍သာ ကြီးထွားလာသလို တချိန်တည်းမှာလည်း အပြစ်ရှိသလို ခံစားနေရ၏။ သူတို့ မိနစ်နှစ်ဆယ်လောက် စာရိုက်ပို့နေပြီးတဲ့အခါ နောက်ထပ် notificationအသစ်က သူ့ဖုန်းပေါ်မှာ ပေါ်လာပြန်သည် : [နင်မုန့်သည် သင့်ကို groupထဲသို့ ထည့်လိုက်သည်]
နောက်တကြိမ် ချက်ချင်း ပြန်ထွက်ဖို့ရာ အတွက်လည်း ဟော်ပေ့ချန် တုံ့နှေးမနေပေ။
'သုံးကြိမ်လောက် ဖိတ်ခေါ်ပြီး ဆွဲဆောင်လိုက် လျူပေ့က ကျုကဲလျန်းကို ဖိတ်ခဲ့သလိုမျိုးလေ?'
'၂ကြိမ်လောက် ဖိတ်ခေါ်ရုံနဲ့ ငါက ခွင့်လွှတ်ပေးမယ်လို့များ ထင်နေတာလား? ဟာသပဲ။ အနည်းဆုံး ငါ့ကို ၃ကြိမ်တော့ ဖိတ်ခေါ်လိုက်!'
groupထဲက ထွက်လိုက်ပြီးတဲ့နောက် တိတ်တဆိတ် သူ့ဖုန်းကို ကြည့်နေလိုက်သည်။
တစ်မိနစ် ကုန်သွားပေမယ့်လည်း ဖုန်းပေါ်မှာ ဘာမှ မပေါ်လာ။
ငါးမိနစ် ကြာသွားသည့်တိုင် ဖုန်းပေါ်မှာ ဘာမှ မပေါ်လာသေး။
ထောင့်မှာ ကပ်နေတဲ့ လူသုံးယောက်ဆီ ဟော်ပေ့ချန် လှည့်ကြည့်လိုက်ပြီး နွေးထွေးစွာ မေးလိုက်သည်။ "မင်းတို့...."
သုံးယောက်လုံးက သူတို့ရဲ့ ခေါင်းကို ဖြည်းဖြည်းချင်း မော့လာပြီး သူ့ကို ကြိုးစားကြည့်လာလေ၏။
ဟော်ပေ့ချန် အမိန့်ပေးလိုက်သည်။ "ငါ့ကို စာပို့လိုက်!"
"ကျွန်တော် ပို့မယ်။ ကျွန်တော် ပို့မယ်!" ချီရှန်က သူ့ဖုန်းယူလိုက်ရင်း ဝမ်းသာအားရ ပြောကာ စာပို့လိုက်သည်။
ချီရှန်ရဲ့ စာက ဟော်ပေ့ချန်ရဲ့ ဖုန်းscreenပေါ် ပေါ်လာလေ၏ : [1]
ဖုန်းက အလုပ်လုပ်သေးတယ် တိုင်တွေလည်း မိနေသေးတယ်။
သူ့မျက်နှာက ပိုလို့သာ မဲမှောင်သွားလေ၏။
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
----------------
[Zawgyi]
နင္မုန႔္ ေၾကာက္႐ြံစြာပဲ တုန္ယင္သြား၏။ ေဟာ္ေပ့ခ်န္ကို groupထဲ နင္မုန႔္ သတိႀကီးစြာ ထားရင္းပဲ ျပန္သြင္းလိုက္သည္။
groupထဲကို လူထည့္ဖို႔အတြက္ ခြင့္ျပဳခ်က္ေတာင္းဖို႔ မလိုအပ္ေပ။
ေဟာ္ေပ့ခ်န္ကို ထပ္ၿပီး ထည့္လိုက္တဲ့စာ ျမင္တဲ့အခါ နင္မုန႔္ အလ်င္အျမန္ပဲ စာ႐ိုက္လိုက္ေပမယ့္ သူမ စာေၾကာင္း မဆုံးေသးခင္မွာပဲ notificationတစ္ခုက ေပၚလာ၏။ System: [ေဟာ္ေပ့ခ်န္ Groupထဲမွ ထြက္သြားပါသည္]
"…"
'ငါေတာ့ သြားၿပီ'
'ငါ ဒီတႀကိမ္ေတာ့ တကယ္သြားၿပီ'
နင္မုန႔္ မ်က္ရည္ေတြအျပည့္နဲ႔ groupထဲကို စာ႐ိုက္လိုက္သည္ : [ရွင္တို႔ ေဟာ္ေပ့ခ်န္ကို groupထဲ ျပန္ထည့္လိုက္ၾက!]
ခ်ီရွန္ : [ငါ မလုပ္ရဲဘူး]
စုယြဲ႕ : [မလုပ္ရဲပါ +1]
နင္မုန႔္ : […ဘုရင္ႀကီးက ငါ့ကို ဘာျပန္ေပးဆပ္ခိုင္းမယ္လို႔ နင္တို႔ထင္လဲ?]
ေဖးပိုင္ : [သတ္မွာ]
ခ်ီရွန္ : [ဟဟဟ ႏုံအတဲ့ မိန္းမ။ နင္ကေတာ့ ဒီတႀကိမ္ ျပႆနာအႀကီးႀကီး တက္ၿပီပဲ။ နတ္ဘုရား ေတြဆီမွာသာ ဆုေတာင္းေနလိုက္ေတာ့!]
စုယြဲ႕ : [မဒမ့္ကို ကြၽန္ေတာ္ တကယ္ကူညီခ်င္ပါတယ္ ဘယ္လိုပဲ ႏွလုံးသားက လုပ္ေပးဖို႔ ဆႏၵရွိေနေပမယ့္ လူက အားနည္းေနတယ္။ မဒမ္ ကိုယ့္ကိုကိုယ္ ျပင္ဆင္လို႔ ရေအာင္ အရိပ္အေျခ ၾကည့္ဖို႔ ကူညီေပးမယ္ဆိုရင္ေရာ ဘယ္လိုလဲ?]
နင္မုန႔္ : […]
'ငါ ဘာလုပ္ႏိုင္လဲ'
သူမ သတိႀကီးစြာပဲ inviteကို ႏွိပ္လိုက္သည္။ ဒီတႀကိမ္မွာေတာ့ ေဟာ္ေပ့ခ်န္က သူ႔ကို သြင္းလိုက္တဲ့ တၿပိဳင္နက္တည္းမွာပဲ ျပန္ထြက္သြားေလ၏။
နင္မုန႔္ ဘာမွေတာင္ မေျပာရဲေတာ့တာမို႔ groupထဲကို ေမးလိုက္သည္ : [ဘုရင္ႀကီးခ်န္ကို ေနာက္ဆုံး စိတ္မေက်နပ္ေအာင္ လုပ္ခဲ့တဲ့ လူ ဘာျဖစ္သြားလဲ?]
ခ်ီရွန္ : [ဒါက @ေဖးပိုင္ ကိုေမးရမွာ]
စုယြဲ႕ : [ဟုတ္တယ္။ ေနာက္ဆုံး ျပႆနာရွာခဲ့တဲ့ လူတစ္ေယာက္ကို ေဖးပိုင္ကပဲ စီမံလိုက္တာ @ေဖးပိုင္]
ေဖးပိုင္ : [ငါ ေရေနတာ]
ေနာက္ဆုံးလူကို ေဖးပိုင္ စီမံလိုက္တာ သိလိုက္ရတဲ့အခါ နင္မုန႔္ ႏွလုံးတို႔ အဆက္မျပတ္တုန္ခါလာရင္း : [ဘာကို ေရေနတာလဲ]
ေဖးပိုင္ : [အခ်ိန္ကို ေရေနတာ။ အဲ့လူက ပင္လယ္ေအာက္ေျခမွာ ပုစြန္စိပ္ေတြ စားတာခံရၿပီး အခုေလာက္ဆို အ႐ိုးေတြေလာက္ပဲ က်န္ေတာ့မယ္]
"!!"
ဒါက မျဖစ္ရဘူး။ သူမ ဒီမွာပဲ ေသမွာကို ထိုင္မေစာင့္ႏိုင္ဘူး။ သူမ တစ္ခုခု လုပ္ဖို႔ လိုအပ္တယ္!
-
ကုမၸဏီတြင္
႐ုံးခန္းတစ္ခုလုံးရဲ႕ အပူခ်ိန္က က်ဆင္းလို႔ေန၏။ စုယြဲ႕နဲ႔ အျခား၂ေယာက္က ေထာင့္စြန္းေလးမွာ ေရခဲတုံးေတြႏွယ္ က်ဳံ႔ေနၾကၿပီး ေၾကာက္႐ြံ႕မႈေၾကာင့္ တုန္ယင္လို႔ေန၏။ ေဟာ္ေပ့ခ်န္က ဝင့္ထည္စြာ ႐ုံးကုလားထိုင္ေပၚတြင္ ထိုင္ေနေလၿပီး မ်က္ႏွာကေတာ့ မည္းေမွာင္လို႔ေနသည္။
မနက္ပိုင္းမွာ လင္းခ်င္ေပ့ဆီ သူမ သြားတဲ့အထိ အဆင္ေျပပါေသးသည္။ သို႔ေပမယ့္လည္း သူမက groupထဲမွာ သူတို႔နဲ႔ စကားေျပာဖို႔ အခ်ိန္က် ရွိေနၿပီး သူ႔ဆီကိုက် စာျပန္ဖို႔ အခ်ိန္မရွိဘူး? စုယြဲ႕က သူ႔ကို groupထဲ ထည့္ဖို႔ အႀကံေပးလာခဲ့သည္။ သူ႔အေနနဲ႔ ပိုၿပီး သီးခံသင့္တယ္လို႔ ေတြးလိုက္ၿပီး ထိုကမ္းလွမ္းခ်က္ကို မျငင္းပယ္ခဲ့ေပ။
ဒါေပမယ့္ သူမက groupထဲမွာ အခုလိုမ်ိဳး ေျပာရဲတယ္? သူမက သူတို႔ကို ရင္းႏွီးတဲ့ ပုံစံနဲ႔ ေပါ့ေပါ့ပါးပဲ ေျပာတယ္? ၿပီးေတာ့ သူ႔ကိုက် ေအးခဲေနတဲ့ ေရခဲအိတ္? သူမက သူ႔အေပၚ အဲ့ေလာက္ စက္ဆုပ္ေနတာလား?
ထိုအေၾကာင္း ပိုေတြးေလ ပိုၿပီး ေဒါသတို႔ထြက္လာေလျဖစ္၏။ ထိုအခ်ိန္မွာပဲ သူ႔ဖုန္းဆီက အသံျမည္လာေလ၏။ : [နင္မုန႔္သည္ သင့္ကို groupထဲသို႔ ထည့္လိုက္သည္]
ေဟာ္ေပ့ခ်န္ရဲ႕ ေမး႐ိုးေတာင့္တင္းသြားၿပီး ခ်က္ခ်င္းဆိုသလို groupထဲမွ ထြက္လိုက္သည္။
'ဟမ့္! ငါ့ကို groupထဲ ထည့္လိုက္႐ုံနဲ႔ ျပႆနာကို ရွင္းႏိုင္မယ္မ်ား ထင္ေနတာလား?'
သူ groupထဲက ထြက္လိုက္တာႏွင့္ လူသုံးေယာက္ရဲ႕ ဖုန္းေတြဆီက ဆက္တိုက္ဆိုသလို အသံတၿပိဳက္နက္ ထြက္လာေလ၏။ groupထဲမွာ သူတို႔ စကားေျပာေနၾကေသးသည္ဆိုတာ ထင္ရွားလွသည္။ သူတို႔သုံးေယာက္လုံး သူ႔ဆီ ကိုယ္တိုင္ကိုယ္က် လာမေျပာႏိုင္ ရေလာက္ေအာင္ ဘာေတြမ်ား ေျပာေနၾကတာလဲ?
ေဟာ္ေပ့ခ်န္ရဲ႕ စိတ္ထဲမွာ ေဒါသတို႔က ပိုမို၍သာ ႀကီးထြားလာသလို တခ်ိန္တည္းမွာလည္း အျပစ္ရွိသလို ခံစားေနရ၏။ သူတို႔ မိနစ္ႏွစ္ဆယ္ေလာက္ စာ႐ိုက္ပို႔ေနၿပီးတဲ့အခါ ေနာက္ထပ္ notificationအသစ္က သူ႔ဖုန္းေပၚမွာ ေပၚလာျပန္သည္ : [နင္မုန႔္သည္ သင့္ကို groupထဲသို႔ ထည့္လိုက္သည္]
ေနာက္တႀကိမ္ ခ်က္ခ်င္း ျပန္ထြက္ဖို႔ရာ အတြက္လည္း ေဟာ္ေပ့ခ်န္ တုံ႔ေႏွးမေနေပ။
'သုံးႀကိမ္ေလာက္ ဖိတ္ေခၚၿပီး ဆြဲေဆာင္လိုက္ လ်ဴေပ့က က်ဳကဲလ်န္းကို ဖိတ္ခဲ့သလိုမ်ိဳးေလ?'
'၂ႀကိမ္ေလာက္ ဖိတ္ေခၚ႐ုံနဲ႔ ငါက ခြင့္လႊတ္ေပးမယ္လို႔မ်ား ထင္ေနတာလား? ဟာသပဲ။ အနည္းဆုံး ငါ့ကို ၃ႀကိမ္ေတာ့ ဖိတ္ေခၚလိုက္!'
groupထဲက ထြက္လိုက္ၿပီးတဲ့ေနာက္ တိတ္တဆိတ္ သူ႔ဖုန္းကို ၾကည့္ေနလိုက္သည္။
တစ္မိနစ္ ကုန္သြားေပမယ့္လည္း ဖုန္းေပၚမွာ ဘာမွ မေပၚလာ။
ငါးမိနစ္ ၾကာသြားသည့္တိုင္ ဖုန္းေပၚမွာ ဘာမွ မေပၚလာေသး။
ေထာင့္မွာ ကပ္ေနတဲ့ လူသုံးေယာက္ဆီ ေဟာ္ေပ့ခ်န္ လွည့္ၾကည့္လိုက္ၿပီး ေႏြးေထြးစြာ ေမးလိုက္သည္။ "မင္းတို႔...."
သုံးေယာက္လုံးက သူတို႔ရဲ႕ ေခါင္းကို ျဖည္းျဖည္းခ်င္း ေမာ့လာၿပီး သူ႔ကို ႀကိဳးစားၾကည့္လာေလ၏။
ေဟာ္ေပ့ခ်န္ အမိန႔္ေပးလိုက္သည္။ "ငါ့ကို စာပို႔လိုက္!"
"ကြၽန္ေတာ္ ပို႔မယ္။ ကြၽန္ေတာ္ ပို႔မယ္!" ခ်ီရွန္က သူ႔ဖုန္းယူလိုက္ရင္း ဝမ္းသာအားရ ေျပာကာ စာပို႔လိုက္သည္။
ခ်ီရွန္ရဲ႕ စာက ေဟာ္ေပ့ခ်န္ရဲ႕ ဖုန္းscreenေပၚ ေပၚလာေလ၏ : [1]
ဖုန္းက အလုပ္လုပ္ေသးတယ္ တိုင္ေတြလည္း မိေနေသးတယ္။
သူ႔မ်က္ႏွာက ပိုလို႔သာ မဲေမွာင္သြားေလ၏။
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာဝယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]