ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 711K 55.1K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 173

18.9K 2.5K 275
By Dandelion_nini

Unicode

ကျန်းမော့ချန် : လက်ထပ်ခွင့်တောင်းပြီး ခံစားချက်တွေဖွင့်ပြောချင်ခဲ့တာ ကြာပြီ
__________________________________

'' ပြီးပြီ '' ယန်းချင်းချီ အဝတ်လဲပြီးပြီးချင်း ကျန်းမော့ချန်လှည့်ကြည့်လာတာနဲ့တိုးတော့ သူ့shirtသူလက်ညှိုးထိုးပြကာ '' ကျေနပ်ပြီလား ''

ကျန်းမော့ချန်တစ်ယောက် ကြည်နူးနေသည့်အပြုံးကြီးဖြင့် ခေါင်းငြိမ့်ပြသည်။

'' အရမ်းကျေနပ်တယ် ''

ကျန်းမော့ချန် ယန်းချင်းချီကို သူ့အနားဆွဲကာ နှစ်ယောက်သား မှန်ရှေ့မှာ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကြည့်နေကြသည်။ နှစ်ယောက်စလုံးရဲ့ လက်တိုအင်္ကျီလေးတွေက တော်တော်လေးကိုဆင်တူကာ အရောင်ကလည်းအဖြူရောင်ကိုသာသုံးထားသည်။ သို့သော် ကြည့်ရင်း ကြည့်ရင်း ယန်းချင်းချီရဲ့ shirtလက်မောင်းပေါ်မှာ ကြယ်တန်းလေးတစ်ခုရှိနေပြီး ကျန်းမော့ချန်ဆီမှာတော့ ပျံလွှားငှက်လေးတစ်ကောင်ရှိနေတာကို မြင်လိုက်ရသည်။

ယန်းချင်းချီ ရင်းနှီးနေသည့် ပျံလွှားငှက်လေးကိုကြည့်ပြီး

'' ဒီ Shirtတွေက ခင်ဗျား ဒီဇိုင်းဖော်ထားတာလား ''

'' ဉာဏ်ကောင်းလိုက်တာ ''

ယန်းချင်းချီ တဖက်လူလက်မောင်းပေါ်က ပျံလွှားငှက်ကို လက်ညှိုးထိုးပြရင်း

'' ဒီလောက်သိသာနေတာကို ''

'' လိုချင်တာကလည်း ဒါပဲလေ ''

(T/N: He means သိသာချင်လို့ကို တမင်ဝတ်ပြတာ)

'' ဒါပေမဲ့ ကျွန်တော့်ဆီမှာကျ အိမ်လေးမဟုတ်ပဲ ဘာလို့ကြယ်တန်းလေးဖြစ်နေရတာလဲ ''

ယန်းချင်းချီ ဇဝေဇဝါဖြစ်သွားသည်။ ကျန်းမော့ချန်ဆိုသည့် အဓိပ္ပါယ်အရသာဆို သူ့အင်္ကျီရဲ့လက်မောင်းပေါ်မှာ အိမ်လေးရှိနေသင့်သည်။

'' ကိုယ့်ရဲ့ချန်က ဓူဝံကြယ်တည်ရှိရာအရပ်လို့လည်း အဓိပ္ပါယ်ကောက်လို့ရတယ် အဲ့ဒါကြောင့် အိမ်လေးက ကိုယ့်Fanတွေနဲ့သက်ဆိုင်တာဆို ဓူဝံကြယ်လေးက မင်းတစ်ယောက်ပဲသက်ဆိုင်တာပေါ့ ''

ယန်းချင်းချီ အံ့အားသင့်သွားသည့် အမူအရာလေးဖြင့်

'' ဒါဆို ကျွန်တော်က ခင်ဗျားအတွက် သီးခြားဖြစ်တည်မှုလေးပေါ့? ''

'' မင်းက ကိုယ့်အတွက် ထူးခြားလား မထူးခြားဘူးလားဆိုတာကို မင်းကိုယ်တိုင်တောင် သေချာမသိဘူးလား ''

ယန်းချင်းချီရဲ့နှုတ်ခမ်းထောင့်စွန်းလေးများမှာ သူ့တောင်မသိလိုက်ပါပဲ ကော့တက်သွားကာ ကျန်းမော့ချန်ရဲ့လက်ကို လှမ်းကိုင်လိုက်သည်။

'' ကြည့်ကောင်းလား '' ကျန်းမော့ချန် မှန်ရှေ့မှာရပ်နေသည့် လူနှစ်ယောက်ရဲ့ အဝတ်အစားတွေကိုအပြန်အလှန်ကိုကြည့်ရင်း ကြည်ကြည်နူးနူးမေးလာသည်။

ယန်းချင်းချီ ခေါင်းငြိမ့်ပြလိုက်ကာ ချိုသာသည့်အပြုံးလေးဖြင့်

'' ကြည့်ကောင်းတယ် ''

'' ကိုယ် ဒီဟာကို ဒီနိုင်ငံ စစရောက်ချင်းတည်းက အရမ်းဝတ်ချင်နေခဲ့တာ ''

'' အခုအချိန်အထိ အောင့်အည်းသည်းခံပေးထားတဲ့အတွက် အလွန့် အလွန်ကိုမှ ကျေးဇူးတင်ရှိပါတယ် မဟုတ်လို့ ဒီဟာဝတ်ပြလိုက်မှ အဲ့အပိုင်းတွေပြန်လွှင့်ရင် ခင်ဗျားfanတွေအုံကြွလာလိုက်မဲ့ဖြစ်ချင်း ''

'' ကိုယ်တို့ ဒါကိုမဝတ်ပြဘူးဆိုရင်တောင်မှ 《 အကောင်းဆုံးပါတနာ 》စပြတာနဲ့ သူတို့ အော်ဟစ်မြည်တမ်းနေဦးမှာပဲ ''

သူတို့ ရိုက်ကူးရေးလုပ်စဥ်တစ်လျှောက်လုံး ဘယ်လိုတွေ ဘယ်ညာတွေ ပူးကပ်နေခဲ့ကြောင်း ပြန်တွေးမိသွားတော့ ယန်းချင်းချီ ရှောင်ဖန်ဇီတွေကို တကယ်ကြီးသနားမိသွားသည်။ ထို့အပြင် အဝုန်းခံရတော့မည့် သူနဲ့သူ့Fanလေးတွေကိုလည်း နှစ်ထပ်ကွမ်းသနားသွားလေသည်။

'' သွားရအောင် '' ကျန်းမော့ချန် မှန်ထဲကလူနှစ်ယောက်ကို ကြည့်လို့ဝပြီဆိုမှ ယန်းချင်းချီကို သူနဲ့အပါဆွဲခေါ်လာကာ '' အပြင်ထွက်ချိန်ရောက်ပြီ ''

နှစ်ယောက်သား ဟိုတယ်ကနေထွက်လာကာ ဆားနံ့သင်းနေသော ပင်လယ်ကြီးရှိရာ ကမ်းခြေဘက်ကို ပြန်လျှောက်လာသည်။

သူတို့ထွက်လာသည့်အချိန်မှာ နေဝင်နေပြီဖြစ်တာကြောင့် ကြက်ဥနှစ်ရောင်နေမင်းကြီးက တဖြည်းဖြည်းငုပ်လျှိုးပျောက်ကွယ်လုနီးနီးဖြစ်နေကာ ပင်လယ်ပြာကြီးအား နွေးထွေးသည့် အလင်းရောင်ဖျဖျပေးနေသည်။ ယန်းချင်းချီ ပင်လယ်ကြီးကို ကြည့်ကာ တိုးတိုးလေးရေရွတ်လိုက်သည်။

'' လှလိုက်တာ ''

'' ဟုတ်တယ် ''

ယန်းချင်းချီ ကျန်းမော့ချန်ဘက်ခေါင်းလေးလှည့်ကြည့်ရင်း

'' ကျွန်တော် ခင်ဗျားနဲ့အတူတူ နေထွက်တာလည်း ကြည့်ဖူးပြီးပြီ နေဝင်တာလည်းကြည့်ဖူးပြီးပြီ ''

ကျန်းမော့ချန် လက်မြှောက်ကာ သူ့ပုခုံးကိုလှမ်းဖက်လိုက်တော့ ယန်းချင်းချီကလည်း တဖက်လူဘက် ခန္ဓာကိုယ်လေးမှီထားရင်း ဆွေးဆွေးမြေ့မြေ့ပြောလာသည်။

'' လူတစ်ယောက်ရဲ့ ဘဝကိုကြည့်နေရသလိုပဲ သူ စတင်တာကိုလည်း မြင်ဖူးပြီးပြီ သူအဆုံးသတ်သွားတာကိုလည်း မြင်ဖူးပြီးပြီ ''

'' ဘာတွေလျှောက်တွေးနေတာလဲ '' ကျန်းမော့ချန် သူ့ကောင်လေးကိုငုံ့ကြည့်ကာ '' မင်းအခုမှအသက်ဘယ်လောက်ရှိသေးလို့လဲ ကိုယ်နဲ့နှစ်တွေအကြာကြီးအတူတူနေရဦးမှာ ဒါလေးက တနေ့တာ နေဝင်ရုံလေးပဲမဟုတ်ဘူးလား မနက်ဖြန်ကျ နေထွက်လာဦးမှာပါ ''

ယန်းချင်းချီ ကျန်းမော့ချန်ကိုမော့ကြည့်ပြီး ပြုံးပြလိုက်သည်။

'' ဒါဆို မနက်ဖြန် နေထွက်တာကို အတူတူလာကြည့်ရအောင် ''

'' ကောင်းပြီ ''

ယန်းချင်းချီနဲ့ ကျန်းမော့ချန် ကမ်းစပ်တစ်လျှောက် တစ်ယောက်လက်တစ်ယောက်တွဲကာ အေးအေးလူလူလျှောက်နေကြသည်။ ပင်လယ်နံ့သင်းနေသည့် လေပြေညှင်းလေးများက တနေ့လုံးပူထားသည့်အပူကို အပြည့်အဝမဖုံးဖိနိုင်ဘူးဆိုသော်ငြား အေးမြမှုအချို့ပေးစွမ်းနိုင်အောင် အတတ်နိုင်ဆုံး တဖြူးဖြူးတိုက်ခတ်နေသည်။ တစစဝင်နေသည့် နေလုံးကြီးနှင့် လေငြိမ်လှိုင်းငြိမ်နေသည့် မှိုင်းညှို့ညှို့ပင်လယ်ပြင်ကြီးကိုကြည့်ကာ ယန်းချင်းချီစိတ်ထဲ ငြိမ်းချမ်းမှုတွေဖြစ်တည်လာတာကြောင့်

'' ဓာတ်ပုံရိုက်ရအောင် ဒီလောက်လှတဲ့မြင်ကွင်းကြီးနဲ့မှ ဓာတ်ပုံမရိုက်လိုက်ရရင် ပြန်တွေးလိုက်တိုင်း နောင်တရနေရလိမ့်မယ် ''

ကျန်းမော့ချန်ဘက်ကလည်း တဖက်လူအတွေးကို ကန့်ကွက်စရာအကြောင်းမရှိတာကြောင့် ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်ကြသည်။

ဓာတ်ပုံရိုက်ပြီးနောက် နှစ်ယောက်သားလမ်းဆက်လျှောက်နေကြသည်မှာ ကောင်းကင်ကြီး စုံးစုံးမှောင်ကျသွားသည်အထိပင်။ ယန်းချင်းချီနဲ့ ကျန်းမော့ချန် စကားတပြောပြောဖြင့် လမ်းလျှောက်နေစဥ် ရုတ်တရက်ကြီး '' ရှူး '' ဆိုသည့် အသံအကျယ်ကြီးထွက်လာသည်။ သူလှည့်ကြည့်လိုက်တော့ အနီရောင်မီးရှူးတန်းကြီးက ကောင်းကင်ပေါ်ကိုထိုးတက်သွားကာ ပင်လယ်ကြီးကိုပါထိန်လင်းသွားစေသည်အထိ အလင်းရောင်တွေဖွားခနဲ ဖြာကျလာသည်။

ယန်းချင်းချီ ကျန်းမော့ချန်ကိုဆွဲကာ

'' မီးပန်းတွေဖောက်နေတယ် ကြည့် ကြည့် ''

''အင်း '' တဖက်က ညင်ညင်သာသာလေးတုံ့ပြန်သည်။

စိတ်ဝင်စားစရာလေးတွေ့လျှင် ကလေးတစ်ယောက်လိုပျော်နေတတ်သည့် ယန်းချင်းချီကို ကျန်းမော့ချန် အပြုံးရေးရေးလေးဖြင့် ငေးကြည့်နေပြီးမှ ကောင်းကင်မှာပေါ်လာသည့် မီးရှူးမီးပန်းတွေကို သူ့ဘေးနားကကောင်လေးနဲ့အတူတူ လိုက်ကြည့်နေလိုက်သည်။

ပထမမီးပန်းမှာ မိုးစက်မိုးပေါက်လေးတွေလိုမျိုး ဖွားခနဲ ဖြာကျလာပြီး အရောင်မတူသည့် ဒုတိယမီးပန်းနှင့် တတိယမီးပန်းမှာတော့ ကောင်းကင်ယံမှာပေါက်ကွဲထွက်လာတဲ့အချိန် ပင်လယ်ကြီးပေါ် ကြယ်တွေကြွေနေသလိုမျိုး အရမ်းကိုလှပနေသည်။ ထိုမီးပန်းတွေနောက်မှာ အရွယ်အစားမတူညီသည့် ကြယ်ပုံစံမီးပန်းတွေ တစ်ခုပြီးတစ်ခုတက်လာကာ စိန်ပွင့်လေးတွေလိုမျိုး စက္ကန့်သုံးဆယ်လောက် တဖျက်ဖျက်လက်နေခဲ့သည်။ မျက်စိလျှင်သူပီပီ ကြယ်တွေရဲ့အနေအထားက ဇွန်းပုံသဏ္ဍာန်ဖြစ်နေမှန်း ယန်းချင်းချီ သတိထားမိသွားတာကြောင့်

'' ဒါက ခုနစ်စဥ်ကြယ်လား ''

ကျန်းမော့ချန် ခေါင်းငြိမ့်ပြလိုက်ကာ

''ဟုတ်တယ် ''

ယန်းချင်းချီ သူ့ရဲ့အံ့သြမှင်သက်မှုတွေကိုတောင် အပြည့်အဝမဖော်ပြရသေးခင်မှာပဲ '' ဖုန်း! '' ဆိုသည့် အသံအကျယ်ကြီးထပ်ကြားလိုက်ရတာကြောင့် ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်ပေါ်မှာ သကြားလုံးပုံစံ ပန်းရောင်မီးပန်းလေးက တဖျက်ဖျက်လက်နေသည်။

'' လှလိုက်တာ '' သူတိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက်တွင် အနီရောင် မီးပန်းအဝိုင်းကြီးကိုပစ်လွှတ်လိုက်သည်။ နေထွက်လာသလိုမျိုး လင်းထိန်နေသည်မှာ ကောင်းကင်နှင့် ပင်လယ်ပြင်ကြီးကိုပါ ရှင်းရှင်းလင်းလင်းမြင်ရသည်အထိ။ ထိုမီးပန်းနဲ့တစ်ဆက်တည်း အဝါရောင်မီးတန်းနှစ်ခုကပါ ထိုးတက်လာကာ ကောင်းကင်ပေါ်ပေါက်ကွဲသွားချိန်တွင် အနီရောင်မီးပန်းကြီးကိုနောက်ခံထား၍ အဝါရောင်မီးပန်းနှစ်ခုက ပေါင်းကူးတံတားလေးလိုမျိုး ဆက်သွားသည်။

'' ဒါက ချွဲ့ချောင်များလား '' ယန်းချင်းချီ မရေမရာရေရွတ်လိုက်သည်။

(T/N: အောက်မှာရှင်းပြထားပါတယ်)

ယန်းချင်းချီ သေချာနားလည်အောင်တောင် မမေးရသေးခင် နောက်ထပ်အသံအကျယ်ကြီးထပ်ကြားလိုက်ရတာကြောင့် ခေါင်းမော့ကြည့်လိုက်သည်။ အနက်ရောင်ကောင်းကင်ပေါ်မှာ အပြာရောင်မီးပန်းတွေဖြာဝေသွားပြီး ချစ်စရာကောင်းသည့် ပျံလွှားငှက်ပုံလေးထွက်လာသည်။ ဒီလိုပျံလွှားငှက်သဏ္ဍာန်မီးပန်းမျိုး အခုမှပထမဦးဆုံးမြင်ဖူးတာကြောင့် သူ ကျန်းမော့ချန်ကို အမှတ်မထင်လှည့်ကြည့်လိုက်သည့်အခါ တဖက်က သူ့ကို ပြုံးပြုံးကြီးငေးကြည့်နေကာ ဘာလာမလဲဆက်ကြည့်ဖို့ မျက်လုံးဖြင့် အချက်ပြလိုက်သည်။

ယန်းချင်းချီခေါင်းပြန်လှည့်လိုက်တဲ့အချိန် အနီရောင်မီးပန်းကြီးဖူးပွင့်လာပြီး အသည်းပုံအဖြစ်အသွင်ပြောင်းသွားသည်။ ထိုအသည်းပုံကြီးဘေးမှာ အရောင်မတူသည့် အသည်းသေးသေးလေးတွေကလည်း တစ်ခုပြီးတစ်ခု ဆက်တိုက်တက်လာတဲ့အတွက် ကောင်းကင်ယံတစ်ခုလုံး ထိန်လင်းနေသည်။

မီးပန်းတွေအားလုံး ပျောက်ကွယ်သွားမှ ယန်းချင်းချီ ကျန်းမော့ချန်ဘက်လှည့်လိုက်သည်။ သူတစ်ခုခုပြောဖို့ကြံလိုက်ပေမဲ့ သူ့အနီးအနားက အုန်းပင်တွေပေါ်မှာ ကြယ်တွေလတွေလင်းနေတာကို သတိထားမိသွားသည်။ ဘယ်အချိန်ကတည်းကလင်းနေမှန်းမသိသော်ငြား သူကြိုက်တယ်ပြောခဲ့ဖူးသည့် ကြယ်မီးကြိုးလေးတွေ လမီးကြိုးလေးတွေ ချိတ်ဆွဲထားသည်မှာ မသိလျှင် နတ်သမီးပုံပြင်ထဲရောက်သွားသလိုမျိုးပင်။

ရုတ်တရက်ကြီး သူ့အောက်ကနေ မီးအလင်းရောင်တွေဖြာထွက်လာတာကြောင့် ယန်းချင်းချီ ငုံ့ကြည့်လိုက်တော့ သဲတွေအောက်မှာ မီးလုံးသေးသေးလေးတွေမြှုပ်ထားတာကိုတွေ့လိုက်ရသည်။ ထိုမီးလုံးလေးတွေ ဖွင့်လိုက်တဲ့အချိန် သူတို့လျှောက်နေသည့်သောင်ခြေက ငွေရောင်သဲသောင်ပြင်ကြီးဖြစ်သွားသလိုပင်။

ယန်းချင်းချီ သူ့ရှေ့က မြင်ကွင်းတွေကိုကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းလေးက ကော့တက်နေခဲ့သည်။ သူ သူ့ဘေးကကျန်းမော့ချန်ကို အပြုံးလေးဖြင့် လှည့်ကြည့်လိုက်တော့ တဖက်လူကလည်း သူ့အမူအရာမှန်သမျှကို အသေးစိတ်အကဲခတ်နေသလိုမျိုး နင့်နင့်နဲနဲစိုက်ကြည့်နေကာ

'' လှလား ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြရင်း နွေးနွေးထွေးထွေးလေးပြောလိုက်သည်။

'' လှတယ် ''

သူ့အသံက သူတောင်မသိလိုက်ပါပဲ တိုးတိမ်သွားသည်မှာ ဒီနတ်သမီးတောအုပ်လေးကို အနှောက်အယှက်ဖြစ်သွားမှာစိုးသည့်အလား။

ကျန်းမော့ချန် ကျေကျေနပ်နပ်ကြီး ပြုံးနေကာ

'' လာ ဒီကိုလာခဲ့ ''

သူ ယန်းချင်းချီ လက်ကိုဆွဲကာ ခြေလှမ်းအနည်းငယ်ဆက်လျှောက်ပြီး တစ်နေရာမှာရပ်ခိုင်းစေသည်။ ကျန်းမော့ချန် ဘာလုပ်ချင်မှန်း မသိသော်ငြား သူလည်း တဖက်လူဆန္ဒအတိုင်းလိုက်လုပ်ပေးလိုက်သည်။

ကျန်းမော့ချန် သူ့ကိုကြည့်ကာ

'' အဆင်သင့်ပဲလား ''

ယန်းချင်းချီခေါင်းငြိမ့်ပြသည်။

ကျန်းမော့ချန် ကိုယ်ကိုကိုင်းကာ ကမာခွံလေးအောက်မှာဖွက်ထားသည့် ခလုတ်တစ်ခုကို ကောက်နှိပ်လိုက်လေသည်။

'' ရွှား '' ဆိုသည့်အသံနဲ့အတူ ကမ်းခြေတစ်ခုလုံးလင်းချင်းသွားသည်။ ယန်းချင်းချီ အတော်လေးအံ့အားသင့်သွားကာ ဘေးပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်တော့ ကြယ်အကြီးအသေး အစုံအလင် ကမ်းခြေတစ်ခုလုံးတန်ဆာဆင်ထားသည်မှာ ကြယ်တွေစုံသည့် ကောင်းကင်ယံကြီးကို ကြည့်နေရသလိုပင်။ ယန်းချင်းချီ အံ့သြတကြီး တစ်ပတ်လှည့်ကြည့်လိုက်မှ သူ့နောက်က ကြယ်တန်းကြီးမှာ တခြားအလှဆင်ထားသည့်ကြယ်များနှင့် မတူညီတာကို သတိထားမိသွားသည််။ ထိုကြယ်များက ခုနစ်စဥ်ကြယ်ဖြစ်သည်။ သူ ထိုကြယ်တန်းကြီးကိုကြည့်ရင်း ခုနလေးတင်ကမှ သူ့အတွက်ဖောက်ပေးသွားသည့် ခုနစ်စဥ်ကြယ်မီးပန်းကြီးကို သတိရမိသွားသည်။ သူနဲ့ကျန်းမော့ချန် တောင်ပေါ်မှာ ကြယ်ကြည့်ဖြစ်တဲ့ညက ခုနစ်စဥ်ကြယ်မမြင်ဖူးဘူးလို့ ပြောလိုက်ရုံနဲ့တင် ပုံဆွဲရမှာကိုအသေကြောက်တဲ့လူက ခုနစ်စဥ်ကြယ်လေးဆွဲပေးခဲ့သည်။

သူ အပြုံးရေးရေးလေးဖြင့် ထိုကြယ်တန်းကြီးကို ကြည်ကြည်နူးနူးကြည့်နေချိန် ကျန်းမော့ချန်ရဲ့ အသံခပ်တိမ်တိမ်လေးကို နောက်ကနေ ကြားလိုက်ရသည်။

'' ဓူဝံကြယ်ဆိုတာ မြောက်ဝင်ရိုးစွန်းနဲ့အနီးဆုံးကြယ်ပဲ ပြီးတော့ မင်းမြင်ဖူးချင်တဲ့ ခုနစ်စဥ်ကြယ်ကြီးရဲ့ ထိပ်ပိုင်းမှာ ထျန်းရှူးနဲ့ ထျန်းရွှမ်ဆိုတဲ့ ကြယ်နှစ်လုံးရှိတယ် သူတို့က ဓူဝံကြယ်နဲ့တစ်ဖြောင့်တည်းတန်းနေတာ သူတို့နှစ်ခုရဲ့အကွာအဝေးကို ငါးဆထပ်ချဲ့ကြည့်လိုက်ရင် ဓူဝံကြယ်ကိုရောက်ပြီ မင်းခုနက မီးပန်းကြည့်တဲ့နေရာက ထျန်းရှူးကြယ်ရှိနေတဲ့နေရာပဲ အခုရပ်နေတဲ့နေရာကျတော့ ဓူဝံကြယ်ရှိတဲ့နေရာ တနည်းအားဖြင့်ပြောရရင် မင်းတစ်ယောက်ထဲပိုင်တဲ့ ကိုယ့်နေရာ ''

ယန်းချင်းချီ ကျန်းမော့ချန်ရှိရာကို ပြန်လှည့်ကြည့်လိုက်ချိန် တဖက်လူက သူ့ကို ညင်ညင်သာသာလေးပြုံးပြနေကာ နောက်ကိုတစ်လှမ်းဆုတ်ပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။

''အမှန်တော့ ဒီလိုနေ့မျိုးရောက်လာဖို့ကို ကိုယ် အကြာကြီးမှ အကြာကြီးစောင့်နေခဲ့ရတာ တခါတလေကျ စဥ်းစားမိတယ် ဘာလို့စောင့်နေတော့မှာလဲ မင်းနဲ့ကိုယ်နဲ့သိတာဖြင့် ဒီလောက်ကြာပြီ ကိုယ်တို့နှစ်ယောက်အတူတူရှိနေတာဖြင့် ဒီလောက်ကြာပြီ ဘာလို့ နေ့ထူးနေ့မြတ်တွေကိုရွေးနေမှာလဲ ဘာလို့ မင်းကိုအကြာကြီးစောင့်ခိုင်းထားရမှာလဲ ကိုယ်ကရော ဘာလို့အကြာကြီးစောင့်နေရမှာလဲ စောစောဖွင့်ပြောလိုက်ရင် မင်းလည်းဝမ်းမသာရဘူးလား ကိုယ်လည်းမပျော်ရဘူးလား ''

ယန်းချင်းချီ သူ့ရှေ့ကလူကိုကြည့်ကာ ဘာဆက်ပြောတော့မယ်ဆိုတာကိုသိနေတာကြောင့် သူ့နှာခေါင်းလေးက အနည်းငယ်ရှုံ့ပွ၊ ရှုံ့ပွဖြစ်လာသည်။

'' ဒါပေမဲ့ ကိုယ် အဲ့လိုလုပ်လိုက်ရင် မင်းအတွက်မတရားတော့ဘူးလေ လူတစ်ယောက်ရဲ့ဘဝမှာ အမှတ်တရကောင်းဖြစ်စေမဲ့ နေ့ရက်တွေ ဘယ်လောက်များမှာမို့လို့လဲ တချို့ဖန်တီးယူရတဲ့ အမှတ်တရတွေကျ နှစ်ယောက်လုံးအတွက် အဓိပ္ပါယ်ရှိစေမဲ့နေ့ရက်ကို သေချာလေးရွေးပေးရတယ် ကိုယ်တို့ လက်ထပ်မှတ်ပုံတင်ရတဲ့နေ့ဆို မင်းနဲ့လည်းမတိုင်ပင်ပဲ လက်ထပ်ပြီး ပြီးရောဆိုတဲ့သဘောနဲ့ အဆင်ပြေတဲ့နေ့တစ်နေ့ရွေးပြီး လက်ထပ်မှတ်ပုံတင်ယူလိုက်ကြတယ် အမှန်အတိုင်းပြောရရင် ကိုယ်တစ်ကယ် နောင်တရတယ် အမှတ်တရဖြစ်စေမဲ့နေ့ဆိုတာ အချိန်တွေ၊ နေ့ရက်တွေ၊ နာရီတွေ သေချာလေးရွေးချယ်ပေးမှ တဖက်လူကို ဂရုစိုက်ရာ၊တန်ဖိုးထားရာရောက်တာမဟုတ်ဘူးလား အဲ့လိုဂရုစိုက်မှုကမှ မင်းလေးနဲ့ ထိုက်တန်တာလေ မဟုတ်ဘူးလား ''

ယန်းချင်းချီ နွေးနွေးထွေးထွေးလေး ပြုံးပြလိုက်ကာ

'' ကျွန်တော်အဲ့လောက်အထိ ဂရုမထားပါဘူး ''

'' ကိုယ်သိတယ် မင်းကအမြဲနားလည်ပေးတတ်ပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေတတ်တယ် တချို့ကိစ္စတွေ မင်းဂရုမစိုက်ချင်ရင် မေ့ပစ်လိုက် ကိုယ်မင်းအတွက် သတိရပေးနေမယ် ကိုယ်အကုန်ဂရုစိုက်လိုက်မယ် ကိုယ်အကုန်လိုက်လုပ်ပေးမယ် အဲ့လိုမှမလုပ်ပေးရရင်...... '' ကျန်းမော့ချန် ပြောရင်း အနည်းငယ် ဆို့နင့်လာသည်။ '' အဲ့လိုမှမလုပ်ပေးရရင် ကိုယ် မင်းအတွက် စိတ်မကောင်းဖြစ်နေလိမ့်မယ် ''

ယန်းချင်းချီနှာခေါင်းလေး ရှုံ့ပွ၊ ရှုံ့ပွ ဖြစ်လာပြန်သည်။ သူ ယန့်ယန့်ကို မွေးတုန်းက ယန့်ယန့်မျိုးရိုးကို ကျန်းမော့ချန်ရဲ့မျိုးရိုးပေးချင်ခဲ့သည်။ သို့သော် ကျန်းမော့ချန်ကလည်း သူ့မျိုးရိုးနာမည်လုပ်ဖို့ ပေတေဇွဲကောင်းနေခဲ့သည်။ ထိုအချိန်က သူအဲ့လောက်အထိ ဂရုမစိုက်ပါဘူးဟုပြောခဲ့တော့ ဘာလို့ကိုယ့်အတွက်ကိုယ် နည်းနည်းလေးလောက် ပိုပြီးမတွေးပေးရတာလဲဟု မေးလာခဲ့သည်။ ထိုအချိန်က သူ ကျန်းမော့ချန်ကို ဘယ်လိုပြန်ဖြေခဲ့လဲ။ သူပြန်ဖြေခဲ့သည်မှာ _____ ခင်ဗျားရှိနေတယ် မဟုတ်ဘူးလား ခင်ဗျား ကျွန်တော့်ကို အလိုလိုက်ရုံနဲ့ကို လုံလောက်ပါပြီ ဟုပင်။

ယန်းချင်းချီ အပြုံးလေးဖြင့် ကျန်းမော့ချန်ကို ကြင်ကြင်နာနာငုံ့ကြည့်ရင်း

'' အဲ့ဒါကြောင့် ခင်ဗျားက ဒီနေ့ကိုရွေးလိုက်တယ်ပေါ့ ကျွန်တော့်မွေးနေ့ကို ''

ကျန်းမော့ချန် ခေါင်းငြိမ့်ပြကာ

'' ဒီနေ့က မင်းရဲ့နေ့ထူးနေ့မြတ်လေ အဲ့ဒါကြောင့်......'' ကျန်းမော့ချန် အိတ်ကပ်ထဲကနေ လက်စွပ်ဘူးထုတ်ကာ ယန်းချင်းချီရှေ့ ဖြေးဖြေးချင်းဖွင့်ပြရင်း ကြင်နာရိပ်တွေပြည့်ဝနေသည့် မျက်ဝန်းတစ်စုံဖြင့် ရိုးရိုးသားသားချစ်ခွင့်ပန်လိုက်သည်။ '' အဲ့ဒါကြောင့် ကိုယ် ဒီနေ့ မင်းကို မေးချင်တာက မစ္စတာ ယန်းချင်းချီ ကိုယ်နဲ့လက်ထပ်ပေးနိုင်မလား ဘဝနေဝင်ချိန်အထိ ကိုယ်နဲ့အတူတူဖြတ်သန်းသွားဖို့ ဆန္ဒရှိလား ''

ယန်းချင်းချီ ကျန်းမော့ချန်ကိုကြည့်နေရင်းနဲ့ပဲ၊  ထိုအခိုက်အတန့်လေးမှာပဲ၊ တဖက်လူကို ဘာပြန်ပြောရမှန်းမသိလောက်တော့တဲ့အထိ ဆွံ့အနေခဲ့သည်။

သူ ကျန်းမော့ချန်ကိုကြည့်နေရင်း သူ့ခေါင်းထဲ မြင်ကွင်းပေါင်းစုံထိုးဖောက်ဝင်ရောက်လာသည်။ သူတို့စစတွေ့ခါစကဆို ဟန်ဆောင်မျက်နှာဖုံးတွေတပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အစေးမကပ်ကြပါ။ ကျန်းမော့ချန်ရဲ့ အပေါ်ယံ ဖော်ရွေပျူငှာမှုတွေနောက်မှာ ထူးမခြားနား ရေသေလိုစိတ်သဘောထားကို မြင်နေရတာကြောင့် စစတွေ့ချင်းမှာ အရမ်းကြောင်သူတော်ဆန်လွန်းသည်ဟုထင်ခဲ့မိသည်။

သူတို့ရဲ့အချစ်ခရီးလမ်းက အစပိုင်းမှာ သဲကန္တာရကြီးလိုပင်။ တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်မရှိပဲ စာရွက်တစ်ရွက်နဲ့ချုပ်နှောင်ထားသည့် ဆက်ဆံရေးတစ်ခုထက်မပိုခဲ့။ နောက်ပိုင်း တစ်ယောက်ကိုတစ်ယောက် သံယောဇဥ်ရှိလာမှ ပိုပိုပြီးနီးစပ်လာဖို့၊ ပိုပိုပြီး နားလည်ပေးဖို့၊ ပိုပိုပြီး သည်းခံပေးဖို့ နှစ်ယောက်အတူတူကြိုးစားခဲ့ကြသည်။

သူတို့နှစ်ယောက်က ဂိတ်ဆုံးကနေ ဂိတ်စကိုပြန်စီးကြသည့် ခရီးသည်တွေလိုပင်။ လမ်းတစ်လျှောက် မကြည့်ခဲ့ရသည့် သာယာတဲ့ရှုခင်းတွေကို တဝကြီးထိုင်ကြည့်ခဲ့ကြသည်။ ခရီးလမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ပန်းရောင်စုံလည်း ပွင်ဖူးနေသလို ကြယ်ရောင်စုံလည်း လင်းလက်တောက်ပနေခဲ့သည်။

သူ ကျန်းမော့ချန်ကို သဘောကျသည်။ ကြိုက်နေမှန်းသိနေခဲ့တာလည်း တော်တော်ကြီးကိုကြာနေပြီဖြစ်သည်။ ဘယ်အချိန်ကတည်းကကြိုက်နေခဲ့မှန်းမသိသော်ငြား သူ့ရင်ထဲ နေရာတစ်နေရာစာယူထားတာကိုတော့ သတိထားမိနေခဲ့တာကြာပြီဖြစ်သည်။

'' ကောင်းပြီ '' သူ တိုးတိုးလေးပြောလိုက်သည်။ '' ကျွန်တော် ဆန္ဒရှိတယ် ''

ကျန်းမော့ချန် ချက်ချင်းပြုံးသွားကာ လက်စွပ်ဘူးထဲက လက်စွပ်တစ်ကွင်းကိုထုတ်ရင်း ယန်းချင်းချီလက်သန်းကြွယ်ပေါ်မှာ ဖြေးဖြေးချင်းဝတ်ပေးလိုက်သည်။

ယန်းချင်းချီ လက်သန်းကြွယ်ပေါ်က လက်စွပ်ကိုကြည့်နေလိုက်ကာ သူတို့နှစ်ယောက်ရဲ့ပတ်သက်ဆက်နွယ်မှုကို လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သက်သေသာဓကဆိုလို့ လက်ထပ်မှတ်ပုံတင်တစ်ခုပဲရှိခဲ့ကြောင်း သတိရမိသွားသည်။ သို့သော် သူကိုယ်တိုင်ကလည်း တွန်းအားပေးတတ်တဲ့လူမဟုတ်တာကြောင့် ကျန်းမော့ချန်ဘက်ကအစမဖော်လာသရွေ့ ထိုကိစ္စအပေါ် မသိချင်ယောင်ဆောင်နေမည်သာဖြစ်သည်။

အစပိုင်းတုန်းကတော့ ဒီတိုင်းမလိုအပ်ဘူးဟုသာ တွေးခဲ့မိသည်။ တကယ်လို့ ကျန်းမော့ချန်သာ ဒီအိမ်ထောင်ရေးကို ထိန်းသိမ်းလိုသည့် ဆန္ဒရှိလျှင် သူကလည်း အလိုက်တသိဖြင့် အပိုတွေတောင်းဆိုမနေပဲ ရေလိုက်ငါးလိုက်လေး နေလိုက်မှာဖြစ်သည်။ ကျန်းမော့ချန်ဘက်ကနေ ဒီဆက်ဆံရေးကို ထိန်းသိမ်းလိုစိတ်မရှိလျှင်တော့ သူကလည်းကပ်တွယ်နေမည့်လူစားမျိုးမဟုတ်ပါ။ သို့သော် နောက်ပိုင်းမှာ တစ်ယောက်ခံစားချက်တစ်ယောက် ပိုပိုသိလာချိန်ရောက်တော့ ဒီလိုနေ့မျိုးရောက်လာလိမ့်မည်ဟု စိတ်ထဲခန့်မှန်းမိသော်ငြား ဘယ်အချိန်မှာ အခွင့်အခါသင့်မလဲ စဥ်းစားလို့မရခဲ့ပေ။ သူ ဖြစ်နိုင်ချေများသည့် ဗယ်လင်တိုင်းဒေး၊ တရုတ်ချီးရှီးပွဲတော်၊ ခရစ္စမတ်နေ့ မျိုးစုံစဥ်းစားဖူးသော်ငြား သူ့မွေးနေ့မှာ ပရိုပို့စ်လုပ်ခံရလိမ့်မယ်လို့တော့ မထင်ထားခဲ့မိပါ။ တော်တော်လေး အံ့သြသွားရသည်။

သူ လက်လှမ်းကာ ကျန်းမော့ချန် မတ်တပ်ပြန်ရပ်ဖို့ကူညီလိုက်သည်။

'' ဒူးထောက်ရတာအဲ့လောက်တောင်ကောင်းလား တချိန်လုံးဒူးထောက်နေတော့မှာလား ''

ကျန်းမော့ချန် သူ့ဘောင်းဘီပေါ်က သဲတွေကိုခါရင်း အပြုံးလေးဖြင့် ပြန်ရှင်းပြလိုက်သည်။

'' ကိုယ့်ရဲ့ရိုးသားမှုကိုပြတာပါ လက်ထပ်ခွင့်တောင်းပြီဆိုမှတော့ ကိုယ်ဘယ်လောက် မင်းအပေါ်ရိုးသားလဲဆိုတာကို ကျိန်းသေပေါက်ပြရမှာပေါ့ ''

ယန်းချင်းချီ ခပ်တိုးတိုးရယ်လိုက်ကာ လက်စွပ်ကို စိတ်ကျေနပ်မှုအပြည့်ဖြင့် ငုံ့ကြည့်နေလိုက်သည်။ လက်စွပ်ဒီဇိုင်းလေးမှာ တမူထူးခြားသည်။ ပျံလွှားငှက်လေးက ခန္ဓာကိုယ်တစ်ဝက်ကွေးပြီး ကြယ်လေးကိုပါးစပ်ထဲချီထားသည်။

သူ ကျန်းမော့ချန်ကို ပြန်မော့ကြည့်ကာ

'' ခင်ဗျား ဒီဇိုင်းဖော်ထားတာလား ''

ကျန်းမော့ချန် ခေါင်းငြိမ့်ပြသည်။ ထို့နောက် သူ လက်စွပ်ဘူးကိုမြှောက်ကာ ယန်းချင်းချီ လက်စွပ်ဖြင့် ပုံသဏ္ဍာန်ဆင်တူသည့် နောက်ထပ်အမျိုးသားဝတ်လက်စွပ်တစ်ကွင်းကိုပြရင်း

'' ကိုယ့်ကို ကူဝတ်ပေးပါဦး ''

ယန်းချင်းချီ ဘူးထဲကနေ လက်စွပ်ထုတ်ကာ လက်စွပ်အတွင်းသားကိုလှမ်းကြည့်လိုက်တော့ သူထင်ထားသည့်အတိုင်း သူတို့နှစ်ယောက်နာမည်ရဲ့ အစစကားလုံးတွေကို ရေးထွင်းထားသည်။ သူ ကျန်းမော့ချန်ကို အပြုံးလေးဖြင့် မော့ကြည့်ကာ တဖက်လူလက်ကိုကိုင်ရင်း လက်စွပ်လေးဝတ်ပေးလိုက်သည်။

သူ လက်စွပ်ဝတ်ပေးပြီးသွားတာနဲ့ လက်ပြန်လွှတ်ဖို့ လုပ်လိုက်ပေမဲ့ ကျန်းမော့ချန်က သူ့လက်ကိုပြန်ဆွဲယူထားကာ ခေါင်းငုံ့ပြီး လက်ဆစ်လေးတွေကို ခပ်ဖွဖွနမ်းလိုက်သည်။

ယန်းချင်းချီရဲ့ စိတ်အစုံ သိမ်မွေ့နူးညံ့သွားသည်မှာ ငှက်မွေးလေးတွေ လေပေါ်ဝဲပျံနေသလိုပင်။

ကျန်းမော့ချန် ယန်းချင်းချီကိုဆွဲကာ ရင်ခွင်ထဲထည့်ဖက်ထားလိုက်သည်။

ယန်းချင်းချီကလည်း ဖက်ခွင့်ပြုထားလိုက်ကာ

'' ခင်ဗျား ဒါတွေပြင်ဆင်ထားတာ ဘယ်လောက်ကြာလိုက်လဲ ''

'' သိပ်မကြာသေးဘူး ''

'' ဒါဆို လက်စွပ်ကရော? ''

'' လက်စွပ်ကျတော့ မင်းကိုယ့်မွေးနေ့မှာ ရုတ်တရက်ကြီးပေါ်လာပြီးကတည်းက ကိုယ့်နှလုံးခုန်သံတွေကို မထိန်းချုပ်နိုင်တော့ဘူး အဲ့ကိစ္စကိုပဲအမြဲတွေးနေခဲ့တာ အဲ့လိုနဲ့ ဒီဇိုင်းဖော်ဖြစ်သွားပြီး လက်စွပ်ကတော့ မနှစ်က မေလကမှ ရခဲ့တာ ''

'' ဒါဆို ဘာလို့ မနှစ်ကတည်းက မပေးခဲ့တာလဲ ''

ကျန်းမော့ချန် ယန်းချင်းချီကိုကြည့်ကာ အလေးအနက်ထားပြီးပြောလာသည်။

'' ဘာလို့လဲဆိုတော့ ကိုယ်မင်းကိုချစ်မိသွားတဲ့အချိန်မှာ မင်းကကိုယ့်ရဲ့ထာဝရပဲ ဒီကိစ္စက ကိုယ်တို့နှစ်ယောက်နဲ့ပဲသက်ဆိုင်တယ် အဲ့ဒါကြောင့် ကိုယ် မင်းကို ကိုယ့်ခံစားချက်တွေဖွင့်ပြောမဲ့အချိန်၊ လက်ထပ်ခွင့်တောင်းမဲ့အချိန်မှာ ကိုယ်တို့နှစ်ယောက်ပဲရှိစေချင်တယ် ဘယ်သူ့မှမရှိစေချင်ဘူး ယန့်ယန့်အပါအဝင်ပေါ့ ''

ယန်းချင်းချီ သူ ကိုယ်ဝန်ရှိခါစက စနောက်ခဲ့သည့်ဟာသကို ချက်ချင်းအမှတ်ရသွားသည်။ ထိုအချိန်က ကလေးကျေးဇူးနဲ့ဖအေပါကောင်းစားရပြီဟု ပြောမိလိုက်ခြင်းပင်။

'' ကျွန်တော် အဲ့တုန်းက ပြောလိုက်တာကြောင့်လား ကျွန်တော်က ဒီတိုင်းစလိုက်တာပါ ''

'' ကိုယ်သိတယ် '' ကျန်းမော့ချန် သူ့ကို တင်းတင်းကျပ်ကျပ်ဖက်ထားသည်။ '' မင်းစနေမှန်း ကိုယ်ကျိန်းသေပေါက် သိတာပေါ့ ဒါပေမဲ့ ကိုယ့်အတွက်တော့ ကိုယ်လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ ဘယ်သူ့အချုပ်အနှောင်မှမရှိတဲ့ မင်းပဲဖြစ်စေချင်တယ် တကယ်လို့ ကိုယ်တို့ ယန့်ယန့်ကိုသာ မတော်တဆမရလိုက်ရင် ပုံမှန်အခြေအနေမှာ မင်းရယ်၊ကိုယ်ရယ်နှစ်ယောက်ထဲပဲရှိမှာမဟုတ်ဘူးလား ကိုယ်တို့အနာဂတ်မှာ ကလေးတွေနဲ့ပက်သတ်တဲ့အမှတ်တရကောင်းတွေ မရေမတွက်နိုင်အောင်ရှိလာလိမ့်မယ် အဲ့ဒါကြောင့် ကိုယ်ကတော့ မင်းနဲ့ကိုယ်နဲ့ နှစ်ယောက်ထဲပဲသက်ဆိုင်တဲ့ အမှတ်တရကောင်းတွေ အများကြီးရှိလာဖို့မျှော်လင့်တယ် အဲ့ထဲမှာ ကလေးတွေမပါဘူး မိသားစုတွေမပါဘူး မင်းရယ် ကိုယ်ရယ် အချစ်တွေရယ် ''

ကျန်းမော့ချန် သူ့ကိုကြည့်ကာ

'' ဒီအတွေးက တစ်ကိုယ်ကောင်းဆန်ချင်ဆန်နိုင်ပါတယ် ဒါပေမဲ့ဖြစ်နိုင်ရင် ကိုယ်တို့လျှောက်ပြောနေတဲ့ အထက်တန်းကျောင်းသားဘဝကနေ တက္ကသိုလ်အထိကိုလည်း တကယ်ဖြစ်စေချင်တယ် မင်းနဲ့ကိုယ်နဲ့က စောစောတွေ့ခဲ့ရမှာ ကိုယ်တို့နှစ်ယောက်ရဲ့ နှနယ်ပျိုမျစ်တဲ့အချိန်ကာလတွေ အကောင်းဆုံးအချိန်ကာလတွေမှာ ကျောင်းသားဘဝထဲက တစ်ယောက်ကိုတစ်ယောက်ချစ်ခဲ့ရမှာ အဲ့လိုဆို ကိုယ်တို့မှာ အမှတ်တရကောင်းတွေဖန်တီးဖို့ အချိန်အလုံအလောက်ရှိခဲ့မယ်လေ ကိုယ်တို့နှစ်ယောက်နဲ့ပဲသက်ဆိုင်တဲ့ အမှတ်တရကောင်းတွေ ကိုယ်ဘာပြောချင်လဲ နားလည်လား ''

ကျန်းမော့ချန် ဘာကိုဆိုလိုချင်မှန်း ယန်းချင်းချီ နားလည်သည်။ ကျန်းမော့ချန်အတွက်ကတော့ အသက်၂၈နှစ်မှ အချစ်ရဲ့ချိုမြိန်မှုကို ခံစားခဲ့ရတာကြောင့် စောစောလေးမတွေ့ခဲ့ကြရတာကို နှမြောနေမှန်း၊ ကောင်းမွန်သောစတင်ခြင်းဖြင့် မစတင်ခဲ့ရတာကို နောင်တရနေမှန်း သူကောင်းကောင်းနားလည်သည်။ ထို့ကြောင့် နှစ်ယောက်တစ်ကမ္ဘာတည်လို့ရသည့်အခြေအနေကို သူ့ထက် ကျန်းမော့ချန်က ပိုနှစ်သက်လေသည်။

ယန်းချင်းချီ ကျန်းမော့ချန်ကို ပြန်ဖက်ထားကာ ပုခုံးလေးပုတ်ပြီး နှစ်သိမ့်လိုက်သည်။

'' ကျွန်တော်နားလည်ပါတယ် ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်လည်း ခင်ဗျားနဲ့ စောစောလေးတွေ့ချင်တယ် ခင်ဗျားက ဒီလောက်တော်တာ ပြောမရဘူး ခင်ဗျားက ကျွန်တော်တို့ကျောင်းရဲ့ စီနီယာအတန်းကြီး စင်ပေါ်မှာ ကျောင်းသားအားလုံးကိုယ်စား မိန့်ခွန်းထွက်ပြောနေတုန်း ကျွန်တော်က ခင်ဗျားကို မြင်ပြီး အရူးအမူးကြွေရင်ကြွေသွားနိုင်တာပဲ ''

'' ပေါက်ကရတွေလျှောက်ပြောမနေနဲ့ မင်းက အဲ့လိုတွေ့တိုင်း ကြွေတတ်တဲ့လူမျိုးမှမဟုတ်တာ '' ကျန်းမော့ချန် ယန်းချင်းချီအကြောင်းကို ကောင်းကောင်းသိသည်။

'' ကျွန်တော် တကယ်ကြီး ကြွေ၊မကြွေ ခင်ဗျားကဘယ်လိုလုပ်သိမှာလဲ '' ယန်းချင်းချီ ကျန်းမော့ချန်ကိုကြည့်ကာ '' တခြားလူကိုတော့ မြင်ရုံနဲ့ မကြွေနိုင်ပေမဲ့ ခင်ဗျားဆိုရင်တော့ ကျိန်းသေပေါက် တဖြုတ်ဖြုတ်ကြွေသွားမှာ ''

ယန်းချင်းချီ သူ စိတ်ပျော်အောင် တမင်ပြောပေးနေမှန်းသိသော်ငြား အရူးတစ်ယောက်လို ပြုံးရယ်နေမိတာကိုတော့ မထိန်းချုပ်နိုင်ခဲ့ပါ။ သူ ယန်းချင်းချီရဲ့ပါးနှစ်ဖက်ကိုဆွဲညှစ်လိုက်ကာ

'' ကိုယ်သာ မင်းရဲ့ရွှယ်ပါ့စီနီယာဆိုရင်တော့ ကျောင်းလူဆိုးလေးမင်းကြောင့် နေ့တိုင်းဒေါသထွက်နေရတော့မှာပဲ ''

'' ကျွန်တော် ဒီလောက်လိမ္မာတာ ခင်ဗျားကို ဘယ်လိုလုပ် ဒေါသထွက်အောင်လုပ်နိုင်မှာလဲ ပြီးတော့ ကျွန်တော်တို့ ဟိုကိစ္စမရှင်းရသေးဘူးနော် ခင်ဗျား မနှစ်ကတည်းက လက်စွပ်ရထားတာတောင် ကျွန်တော့်ကိုတစ်နှစ်နီးနီးကွယ်ဝှက်ထားတယ် မဟုတ်ရင် လက်ထပ်ခွင့်အတောင်းခံနေရပြီ အခုတော့ တစ်နှစ်အချိန်ပုပ်သွားတာပဲ အဖက်တင်တယ် ''

'' စိတ်ဆိုးနေလား '' ကျန်းမော့ချန် သူ့နားကိုနမ်းကာ ညင်ညင်သာသာလေးမေးလာသည်။ '' မပူပါနဲ့ ကိုယ် အနာဂတ်မှာလည်း မင်းကိုဘယ်လောက်အထိ သဘောကျကြောင်း တဖွဖွပြောနေဦးမှာပါ ကျန်ရှိနေတဲ့ ဘဝသက်တမ်းအရှည်ကြီးက ကိုယ်တို့နှစ်ယောက်အတွက်ပဲ ပြီးမှ ကြားရပါများလွန်းလို့ ရိုးအီနေပါပြီလို့မပြောနဲ့ ''

'' မပြောပါဘူး '' ယန်းချင်းချီကလည်း ခွန်းတုံ့ပြန်သည်။ '' ခင်ဗျားအဲ့လိုတွေပြောနေတာကို နားထောင်ရတာကြိုက်တယ် ''

ယန်းချင်းချီရဲ့ ဒီလိုအထိန်းအကွပ်မဲ့တဲ့ ရိုးသားမှုလေးတွေက သူ့ကိုတမျိုးလေးဆွဲဆောင်နေမှန်း သိရောသိပါ့ရဲ့လား။

'' မင်းဘာလို့ ဒီလောက်တောင် သဘောကျချင်စရာကောင်းရတာလဲ ''

ယန်းချင်းချီ ချိုချိုသာသာလေးတုံ့ပြန်လာသည်။

'' ဘာလို့လဲဆိုတော့ ကျွန်တော် ခင်ဗျားကို သဘောကျလို့လေ ခင်ဗျားကိုသဘောကျတယ် အဲ့ဒါကြောင့် ခင်ဗျားပြန်ပြီး သဘောကျလာမှာကို လိုချင်တယ် ''

ကျန်းမော့ချန် မျက်နှာပေါ်က ရူးကြောင်ကြောင်အပြုံးကြီးကို ဖုံးမရဖိမရတော့ပါ။ သူ ယန်းချင်းချီကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ကာ ကိုယ့်ကိုကိုယ် ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားဟု မှတ်ယူပစ်လိုက်သည်။

'' ဒါဆိုရင်တော့ မင်းအောင်မြင်ပါတယ် ကိုယ်က မင်းကို ဟိုးအရင်ကတည်းက သဘောကျနေပြီးသားမို့လို့ မင်းက ကိုယ့်ရဲ့ အနှစ်သက်ဆုံးလေးပါပဲ ''

ယန်းချင်းချီ ခပ်တိုးတိုးရယ်ပြီး ဂုဏ်ဆာလိုက်သည်။

'' ကျွန်တော်သိသားပဲ ''

____________________________________

Big Dipper (ခုနစ်စဥ်ကြယ်)

ချင်းချီက တောင်ပေါ်မှာ ခုနစ်စဥ်ကြယ်မမြင်ဖူးဘူးပြောထားလို့ ပုံဆွဲပြတဲ့အပြင်ကို မီးပန်းဖောက်ပြီးလည်းပြပါတယ် ဟုန် 🤧

鹊桥 (ချွဲ့ချောင်) Magpie Bridge

Mapie

Magpie က ငှက်ကျား Bridge က တံတား ငှက်ကျားတံတားပေါ့ lol စတာပါ သူက ရက်ကန်းသမနတ်မိမယ်လေးနဲ့ နွားကျောင်းသားလေးတို့ရဲ့ဇာတ်လမ်းပါ။ ကြားဖူးကြမယ်ထင်ပါတယ်။ ကောင်းကင်မယ်တော်ကြီးရဲ့ သမီးထွေးလေးတဖြစ်လဲ ရက်ကန်းသမနတ်မိမယ်လေးက နွားကျောင်းသားလေးကိုကြိုက်သွားပြီး ကလေးနှစ်ယောက်ဖြစ်ထွန်းပါတယ်။ ဒါကို ကောင်းကင်ဘုံကသိသွားပြီး နတ်မိမယ်လေးကိုပြန်ခေါ်သွားပါတယ်။ နွားကျောင်းသားလေးက ကလေးနှစ်ယောက်ကိုပိုက်ပြီး နတ်မိမယ်လေးနဲ့လာတွေ့ပါတယ်။ ကောင်းကင်မယ်တော်ကြီးက သနားသွားပြီး တစ်နှစ်ကိုတစ်ခါတွေ့ခွင့်ပေးပါတယ်။ အဲ့ဒါက ၇လပိုင်း၇ရက်နေ့ပါ။ အဲ့နေ့မှာ ငှက်ကျားတွေကတံတားထိုးပေးပြီး သူတို့နှစ်ယောက်ကိုတွေ့ဆုံစေပါတယ်တဲ့။ အဲ့လိုနဲ့ ၇လပိုင်း၇ရက်နေ့က chinese Valentine's day (ချီးရှီးပွဲတော်) ဖြစ်သွားပါတယ်။ ပြောချင်တာက တနှစ်မှာတစ်ခါပဲတွေ့ရတာတောင် အရမ်းအချစ်ကြီးကြတယ်ပေါ့ရှင်။ ဒီဇာတ်လမ်းက RSတွေအတွက် အရေးကြီးတဲ့အချစ်သင်္ကေတလေးဖြစ်တဲ့အတွက် ကျန်းမော့ချန်ကလည်း အဲ့ဒါလေးထည့်ပေးသွားတာပါ။ RSတွေ မုန်းဖို့ကောင်းချက်!

ဟုတ်ကဲ့ ပျံလွှားသဏ္ဍာန်မီးပန်းကတော့ niniလည်းရှာမတွေ့ပါဘူး။

ဒါက ထျန်းရှူး ထျန်းရွှမ် ကြယ်နှစ်လုံးနဲ့ တစ်ဆက်တည်းတန်းနေတဲ့ ဓူဝံကြယ်

Zawgyi

က်န္းေမာ့ခ်န္ : လက္ထပ္ခြင့္ေတာင္းၿပီး ခံစားခ်က္ေတြဖြင့္ေျပာခ်င္ခဲ့တာ ၾကာၿပီ
__________________________________

'' ၿပီးၿပီ '' ယန္းခ်င္းခ်ီ အဝတ္လဲၿပီးၿပီးခ်င္း က်န္းေမာ့ခ်န္လွည့္ၾကည့္လာတာနဲ႔တိုးေတာ့ သူ႕shirtသူလက္ညိႇဳးထိုးျပကာ '' ေက်နပ္ၿပီလား ''

က်န္းေမာ့ခ်န္တစ္ေယာက္ ၾကည္ႏူးေနသည့္အျပဳံးႀကီးျဖင့္ ေခါင္းၿငိမ့္ျပသည္။

'' အရမ္းေက်နပ္တယ္ ''

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီကို သူ႕အနားဆြဲကာ ႏွစ္ေယာက္သား မွန္ေ႐ွ႕မွာ တစ္ေယာက္ကိုတစ္ေယာက္အျပန္အလွန္ၾကည့္ေနၾကသည္။ ႏွစ္ေယာက္စလုံးရဲ႕ လက္တိုအက်ႌေလးေတြက ေတာ္ေတာ္ေလးကိုဆင္တူကာ အေရာင္ကလည္းအျဖဴေရာင္ကိုသာသုံးထားသည္။ သို႔ေသာ္ ၾကည့္ရင္း ၾကည့္ရင္း ယန္းခ်င္းခ်ီရဲ႕ shirtလက္ေမာင္းေပၚမွာ ၾကယ္တန္းေလးတစ္ခု႐ွိေနၿပီး က်န္းေမာ့ခ်န္ဆီမွာေတာ့ ပ်ံလႊားငွက္ေလးတစ္ေကာင္႐ွိေနတာကို ျမင္လိုက္ရသည္။

ယန္းခ်င္းခ်ီ ရင္းႏွီးေနသည့္ ပ်ံလႊားငွက္ေလးကိုၾကည့္ၿပီး

'' ဒီ Shirtေတြက ခင္ဗ်ား ဒီဇိုင္းေဖာ္ထားတာလား ''

'' ဉာဏ္ေကာင္းလိုက္တာ ''

ယန္းခ်င္းခ်ီ တဖက္လူလက္ေမာင္းေပၚက ပ်ံလႊားငွက္ကို လက္ညိႇဳးထိုးျပရင္း

'' ဒီေလာက္သိသာေနတာကို ''

'' လိုခ်င္တာကလည္း ဒါပဲေလ ''

(T/N: He means သိသာခ်င္လို႔ကို တမင္ဝတ္ျပတာ)

'' ဒါေပမဲ့ ကြၽန္ေတာ္႕ဆီမွာက် အိမ္ေလးမဟုတ္ပဲ ဘာလို႔ၾကယ္တန္းေလးျဖစ္ေနရတာလဲ ''

ယန္းခ်င္းခ်ီ ဇေဝဇဝါျဖစ္သြားသည္။ က်န္းေမာ့ခ်န္ဆိုသည့္ အဓိပၸါယ္အရသာဆို သူ႕အက်ႌရဲ႕လက္ေမာင္းေပၚမွာ အိမ္ေလး႐ွိေနသင့္သည္။

'' ကိုယ့္ရဲ႕ခ်န္က ဓူဝံၾကယ္တည္႐ွိရာအရပ္လို႔လည္း အဓိပၸါယ္ေကာက္လို႔ရတယ္ အဲ့ဒါေၾကာင့္ အိမ္ေလးက ကိုယ့္Fanေတြနဲ႔သက္ဆိုင္တာဆို ဓူဝံၾကယ္ေလးက မင္းတစ္ေယာက္ပဲသက္ဆိုင္တာေပါ့ ''

ယန္းခ်င္းခ်ီ အံ့အားသင့္သြားသည့္ အမူအရာေလးျဖင့္

'' ဒါဆို ကြၽန္ေတာ္က ခင္ဗ်ားအတြက္ သီးျခားျဖစ္တည္မႈေလးေပါ့? ''

'' မင္းက ကိုယ့္အတြက္ ထူးျခားလား မထူးျခားဘူးလားဆိုတာကို မင္းကိုယ္တိုင္ေတာင္ ေသခ်ာမသိဘူးလား ''

ယန္းခ်င္းခ်ီရဲ႕ႏႈတ္ခမ္းေထာင့္စြန္းေလးမ်ားမွာ သူ႕ေတာင္မသိလိုက္ပါပဲ ေကာ့တက္သြားကာ က်န္းေမာ့ခ်န္ရဲ႕လက္ကို လွမ္းကိုင္လိုက္သည္။

'' ၾကည့္ေကာင္းလား '' က်န္းေမာ့ခ်န္ မွန္ေ႐ွ႕မွာရပ္ေနသည့္ လူႏွစ္ေယာက္ရဲ႕ အဝတ္အစားေတြကိုအျပန္အလွန္ကိုၾကည့္ရင္း ၾကည္ၾကည္ႏူးႏူးေမးလာသည္။

ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္ျပလိုက္ကာ ခ်ိဳသာသည့္အျပဳံးေလးျဖင့္

'' ၾကည့္ေကာင္းတယ္ ''

'' ကိုယ္ ဒီဟာကို ဒီႏိုင္ငံ စစေရာက္ခ်င္းတည္းက အရမ္းဝတ္ခ်င္ေနခဲ့တာ ''

'' အခုအခ်ိန္အထိ ေအာင့္အည္းသည္းခံေပးထားတဲ့အတြက္ အလြန္႔ အလြန္ကိုမွ ေက်းဇူးတင္႐ွိပါတယ္ မဟုတ္လို႔ ဒီဟာဝတ္ျပလိုက္မွ အဲ့အပိုင္းေတြျပန္လႊင့္ရင္ ခင္ဗ်ားfanေတြအုံႂကြလာလိုက္မဲ့ျဖစ္ခ်င္း ''

'' ကိုယ္တို႔ ဒါကိုမဝတ္ျပဘူးဆိုရင္ေတာင္မွ 《 အေကာင္းဆုံးပါတနာ 》စျပတာနဲ႔ သူတို႔ ေအာ္ဟစ္ျမည္တမ္းေနဦးမွာပဲ ''

သူတို႔ ႐ိုက္ကူးေရးလုပ္စဥ္တစ္ေလွ်ာက္လုံး ဘယ္လိုေတြ ဘယ္ညာေတြ ပူးကပ္ေနခဲ့ေၾကာင္း ျပန္ေတြးမိသြားေတာ့ ယန္းခ်င္းခ်ီ ေ႐ွာင္ဖန္ဇီေတြကို တကယ္ႀကီးသနားမိသြားသည္။ ထို႔အျပင္ အဝုန္းခံရေတာ့မည့္ သူနဲ႔သူ႕Fanေလးေတြကိုလည္း ႏွစ္ထပ္ကြမ္းသနားသြားေလသည္။

'' သြားရေအာင္ '' က်န္းေမာ့ခ်န္ မွန္ထဲကလူႏွစ္ေယာက္ကို ၾကည့္လို႔ဝၿပီဆိုမွ ယန္းခ်င္းခ်ီကို သူနဲ႔အပါဆြဲေခၚလာကာ '' အျပင္ထြက္ခ်ိန္ေရာက္ၿပီ ''

ႏွစ္ေယာက္သား ဟိုတယ္ကေနထြက္လာကာ ဆားနံ႔သင္းေနေသာ ပင္လယ္ႀကီး႐ွိရာ ကမ္းေျခဘက္ကို ျပန္ေလွ်ာက္လာသည္။

သူတို႔ထြက္လာသည့္အခ်ိန္မွာ ေနဝင္ေနၿပီျဖစ္တာေၾကာင့္ ၾကက္ဥႏွစ္ေရာင္ေနမင္းႀကီးက တျဖည္းျဖည္းငုပ္လွ်ိဳးေပ်ာက္ကြယ္လုနီးနီးျဖစ္ေနကာ ပင္လယ္ျပာႀကီးအား ေႏြးေထြးသည့္ အလင္းေရာင္ဖ်ဖ်ေပးေနသည္။ ယန္းခ်င္းခ်ီ ပင္လယ္ႀကီးကို ၾကည့္ကာ တိုးတိုးေလးေရ႐ြတ္လိုက္သည္။

'' လွလိုက္တာ ''

'' ဟုတ္တယ္ ''

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ဘက္ေခါင္းေလးလွည့္ၾကည့္ရင္း

'' ကြၽန္ေတာ္ ခင္ဗ်ားနဲ႔အတူတူ ေနထြက္တာလည္း ၾကည့္ဖူးၿပီးၿပီ ေနဝင္တာလည္းၾကည့္ဖူးၿပီးၿပီ ''

က်န္းေမာ့ခ်န္ လက္ေျမႇာက္ကာ သူ႕ပုခုံးကိုလွမ္းဖက္လိုက္ေတာ့ ယန္းခ်င္းခ်ီကလည္း တဖက္လူဘက္ ခႏၶာကိုယ္ေလးမွီထားရင္း ေဆြးေဆြးေျမ့ေျမ့ေျပာလာသည္။

'' လူတစ္ေယာက္ရဲ႕ ဘဝကိုၾကည့္ေနရသလိုပဲ သူ စတင္တာကိုလည္း ျမင္ဖူးၿပီးၿပီ သူအဆုံးသတ္သြားတာကိုလည္း ျမင္ဖူးၿပီးၿပီ ''

'' ဘာေတြေလွ်ာက္ေတြးေနတာလဲ '' က်န္းေမာ့ခ်န္ သူ႕ေကာင္ေလးကိုငုံ႔ၾကည့္ကာ '' မင္းအခုမွအသက္ဘယ္ေလာက္႐ွိေသးလို႔လဲ ကိုယ္နဲ႔ႏွစ္ေတြအၾကာႀကီးအတူတူေနရဦးမွာ ဒါေလးက တေန႔တာ ေနဝင္႐ုံေလးပဲမဟုတ္ဘူးလား မနက္ျဖန္က် ေနထြက္လာဦးမွာပါ ''

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ကိုေမာ့ၾကည့္ၿပီး ျပဳံးျပလိုက္သည္။

'' ဒါဆို မနက္ျဖန္ ေနထြက္တာကို အတူတူလာၾကည့္ရေအာင္ ''

'' ေကာင္းၿပီ ''

ယန္းခ်င္းခ်ီနဲ႔ က်န္းေမာ့ခ်န္ ကမ္းစပ္တစ္ေလွ်ာက္ တစ္ေယာက္လက္တစ္ေယာက္တြဲကာ ေအးေအးလူလူေလွ်ာက္ေနၾကသည္။ ပင္လယ္နံ႔သင္းေနသည့္ ေလေျပညႇင္းေလးမ်ားက တေန႔လုံးပူထားသည့္အပူကို အျပည့္အဝမဖုံးဖိႏိုင္ဘူးဆိုေသာ္ျငား ေအးျမမႈအခ်ိဳ႕ေပးစြမ္းႏိုင္ေအာင္ အတတ္ႏိုင္ဆုံး တျဖဴးျဖဴးတိုက္ခတ္ေနသည္။ တစစဝင္ေနသည့္ ေနလုံးႀကီးႏွင့္ ေလၿငိမ္လိႈင္းၿငိမ္ေနသည့္ မိႈင္းညိႇဳ႕ညိႇဳ႕ပင္လယ္ျပင္ႀကီးကိုၾကည့္ကာ ယန္းခ်င္းခ်ီစိတ္ထဲ ၿငိမ္းခ်မ္းမႈေတြျဖစ္တည္လာတာေၾကာင့္

'' ဓာတ္ပုံ႐ိုက္ရေအာင္ ဒီေလာက္လွတဲ့ျမင္ကြင္းႀကီးနဲ႔မွ ဓာတ္ပုံမ႐ိုက္လိုက္ရရင္ ျပန္ေတြးလိုက္တိုင္း ေနာင္တရေနရလိမ့္မယ္ ''

က်န္းေမာ့ခ်န္ဘက္ကလည္း တဖက္လူအေတြးကို ကန္႔ကြက္စရာအေၾကာင္းမ႐ွိတာေၾကာင့္ ဖုန္းထုတ္ကာ ဓာတ္ပုံ႐ိုက္ၾကသည္။

ဓာတ္ပုံ႐ိုက္ၿပီးေနာက္ ႏွစ္ေယာက္သားလမ္းဆက္ေလွ်ာက္ေနၾကသည္မွာ ေကာင္းကင္ႀကီး စုံးစုံးေမွာင္က်သြားသည္အထိပင္။ ယန္းခ်င္းခ်ီနဲ႔ က်န္းေမာ့ခ်န္ စကားတေျပာေျပာျဖင့္ လမ္းေလွ်ာက္ေနစဥ္ ႐ုတ္တရက္ႀကီး '' ႐ွဴး '' ဆိုသည့္ အသံအက်ယ္ႀကီးထြက္လာသည္။ သူလွည့္ၾကည့္လိုက္ေတာ့ အနီေရာင္မီး႐ွဴးတန္းႀကီးက ေကာင္းကင္ေပၚကိုထိုးတက္သြားကာ ပင္လယ္ႀကီးကိုပါထိန္လင္းသြားေစသည္အထိ အလင္းေရာင္ေတြဖြားခနဲ ျဖာက်လာသည္။

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ကိုဆြဲကာ

'' မီးပန္းေတြေဖာက္ေနတယ္ ၾကည့္ ၾကည့္ ''

''အင္း '' တဖက္က ညင္ညင္သာသာေလးတုံ႔ျပန္သည္။

စိတ္ဝင္စားစရာေလးေတြ႕လွ်င္ ကေလးတစ္ေယာက္လိုေပ်ာ္ေနတတ္သည့္ ယန္းခ်င္းခ်ီကို က်န္းေမာ့ခ်န္ အျပဳံးေရးေရးေလးျဖင့္ ေငးၾကည့္ေနၿပီးမွ ေကာင္းကင္မွာေပၚလာသည့္ မီး႐ွဴးမီးပန္းေတြကို သူ႕ေဘးနားကေကာင္ေလးနဲ႔အတူတူ လိုက္ၾကည့္ေနလိုက္သည္။

ပထမမီးပန္းမွာ မိုးစက္မိုးေပါက္ေလးေတြလိုမ်ိဳး ဖြားခနဲ ျဖာက်လာၿပီး အေရာင္မတူသည့္ ဒုတိယမီးပန္းႏွင့္ တတိယမီးပန္းမွာေတာ့ ေကာင္းကင္ယံမွာေပါက္ကြဲထြက္လာတဲ့အခ်ိန္ ပင္လယ္ႀကီးေပၚ ၾကယ္ေတြေႂကြေနသလိုမ်ိဳး အရမ္းကိုလွပေနသည္။ ထိုမီးပန္းေတြေနာက္မွာ အ႐ြယ္အစားမတူညီသည့္ ၾကယ္ပုံစံမီးပန္းေတြ တစ္ခုၿပီးတစ္ခုတက္လာကာ စိန္ပြင့္ေလးေတြလိုမ်ိဳး စကၠန္႔သုံးဆယ္ေလာက္ တဖ်က္ဖ်က္လက္ေနခဲ့သည္။ မ်က္စိလွ်င္သူပီပီ ၾကယ္ေတြရဲ႕အေနအထားက ဇြန္းပုံသ႑ာန္ျဖစ္ေနမွန္း ယန္းခ်င္းခ်ီ သတိထားမိသြားတာေၾကာင့္

'' ဒါက ခုနစ္စဥ္ၾကယ္လား ''

က်န္းေမာ့ခ်န္ ေခါင္းၿငိမ့္ျပလိုက္ကာ

''ဟုတ္တယ္ ''

ယန္းခ်င္းခ်ီ သူ႕ရဲ႕အံ့ၾသမွင္သက္မႈေတြကိုေတာင္ အျပည့္အဝမေဖာ္ျပရေသးခင္မွာပဲ '' ဖုန္း! '' ဆိုသည့္ အသံအက်ယ္ႀကီးထပ္ၾကားလိုက္ရတာေၾကာင့္ ေခါင္းေမာ့ၾကည့္လိုက္သည့္အခါ ေကာင္းကင္ေပၚမွာ သၾကားလုံးပုံစံ ပန္းေရာင္မီးပန္းေလးက တဖ်က္ဖ်က္လက္ေနသည္။

'' လွလိုက္တာ '' သူတိုးတိုးေလး ေရ႐ြတ္လိုက္သည္။

ထို႔ေနာက္တြင္ အနီေရာင္ မီးပန္းအဝိုင္းႀကီးကိုပစ္လႊတ္လိုက္သည္။ ေနထြက္လာသလိုမ်ိဳး လင္းထိန္ေနသည္မွာ ေကာင္းကင္ႏွင့္ ပင္လယ္ျပင္ႀကီးကိုပါ ႐ွင္း႐ွင္းလင္းလင္းျမင္ရသည္အထိ။ ထိုမီးပန္းနဲ႔တစ္ဆက္တည္း အဝါေရာင္မီးတန္းႏွစ္ခုကပါ ထိုးတက္လာကာ ေကာင္းကင္ေပၚေပါက္ကြဲသြားခ်ိန္တြင္ အနီေရာင္မီးပန္းႀကီးကိုေနာက္ခံထား၍ အဝါေရာင္မီးပန္းႏွစ္ခုက ေပါင္းကူးတံတားေလးလိုမ်ိဳး ဆက္သြားသည္။

'' ဒါက ခြၽဲ႕ေခ်ာင္မ်ားလား '' ယန္းခ်င္းခ်ီ မေရမရာေရ႐ြတ္လိုက္သည္။

(T/N: ေအာက္မွာ႐ွင္းျပထားပါတယ္)

ယန္းခ်င္းခ်ီ ေသခ်ာနားလည္ေအာင္ေတာင္ မေမးရေသးခင္ ေနာက္ထပ္အသံအက်ယ္ႀကီးထပ္ၾကားလိုက္ရတာေၾကာင့္ ေခါင္းေမာ့ၾကည့္လိုက္သည္။ အနက္ေရာင္ေကာင္းကင္ေပၚမွာ အျပာေရာင္မီးပန္းေတြျဖာေဝသြားၿပီး ခ်စ္စရာေကာင္းသည့္ ပ်ံလႊားငွက္ပုံေလးထြက္လာသည္။ ဒီလိုပ်ံလႊားငွက္သ႑ာန္မီးပန္းမ်ိဳး အခုမွပထမဦးဆုံးျမင္ဖူးတာေၾကာင့္ သူ က်န္းေမာ့ခ်န္ကို အမွတ္မထင္လွည့္ၾကည့္လိုက္သည့္အခါ တဖက္က သူ႕ကို ျပဳံးျပဳံးႀကီးေငးၾကည့္ေနကာ ဘာလာမလဲဆက္ၾကည့္ဖို႔ မ်က္လုံးျဖင့္ အခ်က္ျပလိုက္သည္။

ယန္းခ်င္းခ်ီေခါင္းျပန္လွည့္လိုက္တဲ့အခ်ိန္ အနီေရာင္မီးပန္းႀကီးဖူးပြင့္လာၿပီး အသည္းပုံအျဖစ္အသြင္ေျပာင္းသြားသည္။ ထိုအသည္းပုံႀကီးေဘးမွာ အေရာင္မတူသည့္ အသည္းေသးေသးေလးေတြကလည္း တစ္ခုၿပီးတစ္ခု ဆက္တိုက္တက္လာတဲ့အတြက္ ေကာင္းကင္ယံတစ္ခုလုံး ထိန္လင္းေနသည္။

မီးပန္းေတြအားလုံး ေပ်ာက္ကြယ္သြားမွ ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ဘက္လွည့္လိုက္သည္။ သူတစ္ခုခုေျပာဖို႔ၾကံလိုက္ေပမဲ့ သူ႕အနီးအနားက အုန္းပင္ေတြေပၚမွာ ၾကယ္ေတြလေတြလင္းေနတာကို သတိထားမိသြားသည္။ ဘယ္အခ်ိန္ကတည္းကလင္းေနမွန္းမသိေသာ္ျငား သူႀကိဳက္တယ္ေျပာခဲ့ဖူးသည့္ ၾကယ္မီးႀကိဳးေလးေတြ လမီးႀကိဳးေလးေတြ ခ်ိတ္ဆြဲထားသည္မွာ မသိလွ်င္ နတ္သမီးပုံျပင္ထဲေရာက္သြားသလိုမ်ိဳးပင္။

႐ုတ္တရက္ႀကီး သူ႕ေအာက္ကေန မီးအလင္းေရာင္ေတြျဖာထြက္လာတာေၾကာင့္ ယန္းခ်င္းခ်ီ ငုံ႔ၾကည့္လိုက္ေတာ့ သဲေတြေအာက္မွာ မီးလုံးေသးေသးေလးေတြျမႇဳပ္ထားတာကိုေတြ႕လိုက္ရသည္။ ထိုမီးလုံးေလးေတြ ဖြင့္လိုက္တဲ့အခ်ိန္ သူတို႔ေလွ်ာက္ေနသည့္ေသာင္ေျခက ေငြေရာင္သဲေသာင္ျပင္ႀကီးျဖစ္သြားသလိုပင္။

ယန္းခ်င္းခ်ီ သူ႕ေ႐ွ႕က ျမင္ကြင္းေတြကိုၾကည့္ရင္း ႏႈတ္ခမ္းေထာင့္စြန္းေလးက ေကာ့တက္ေနခဲ့သည္။ သူ သူ႕ေဘးကက်န္းေမာ့ခ်န္ကို အျပဳံးေလးျဖင့္ လွည့္ၾကည့္လိုက္ေတာ့ တဖက္လူကလည္း သူ႕အမူအရာမွန္သမွ်ကို အေသးစိတ္အကဲခတ္ေနသလိုမ်ိဳး နင့္နင့္နဲနဲစိုက္ၾကည့္ေနကာ

'' လွလား ''

ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္ျပရင္း ေႏြးေႏြးေထြးေထြးေလးေျပာလိုက္သည္။

'' လွတယ္ ''

သူ႕အသံက သူေတာင္မသိလိုက္ပါပဲ တိုးတိမ္သြားသည္မွာ ဒီနတ္သမီးေတာအုပ္ေလးကို အေႏွာက္အယွက္ျဖစ္သြားမွာစိုးသည့္အလား။

က်န္းေမာ့ခ်န္ ေက်ေက်နပ္နပ္ႀကီး ျပဳံးေနကာ

'' လာ ဒီကိုလာခဲ့ ''

သူ ယန္းခ်င္းခ်ီ လက္ကိုဆြဲကာ ေျခလွမ္းအနည္းငယ္ဆက္ေလွ်ာက္ၿပီး တစ္ေနရာမွာရပ္ခိုင္းေစသည္။ က်န္းေမာ့ခ်န္ ဘာလုပ္ခ်င္မွန္း မသိေသာ္ျငား သူလည္း တဖက္လူဆႏၵအတိုင္းလိုက္လုပ္ေပးလိုက္သည္။

က်န္းေမာ့ခ်န္ သူ႕ကိုၾကည့္ကာ

'' အဆင္သင့္ပဲလား ''

ယန္းခ်င္းခ်ီေခါင္းၿငိမ့္ျပသည္။

က်န္းေမာ့ခ်န္ ကိုယ္ကိုကိုင္းကာ ကမာခြံေလးေအာက္မွာဖြက္ထားသည့္ ခလုတ္တစ္ခုကို ေကာက္ႏွိပ္လိုက္ေလသည္။

'' ႐ႊား '' ဆိုသည့္အသံနဲ႔အတူ ကမ္းေျခတစ္ခုလုံးလင္းခ်င္းသြားသည္။ ယန္းခ်င္းခ်ီ အေတာ္ေလးအံ့အားသင့္သြားကာ ေဘးပတ္ပတ္လည္ကိုလွည့္ၾကည့္လိုက္ေတာ့ ၾကယ္အႀကီးအေသး အစုံအလင္ ကမ္းေျခတစ္ခုလုံးတန္ဆာဆင္ထားသည္မွာ ၾကယ္ေတြစုံသည့္ ေကာင္းကင္ယံႀကီးကို ၾကည့္ေနရသလိုပင္။ ယန္းခ်င္းခ်ီ အံ့ၾသတႀကီး တစ္ပတ္လွည့္ၾကည့္လိုက္မွ သူ႕ေနာက္က ၾကယ္တန္းႀကီးမွာ တျခားအလွဆင္ထားသည့္ၾကယ္မ်ားႏွင့္ မတူညီတာကို သတိထားမိသြားသည္္။ ထိုၾကယ္မ်ားက ခုနစ္စဥ္ၾကယ္ျဖစ္သည္။ သူ ထိုၾကယ္တန္းႀကီးကိုၾကည့္ရင္း ခုနေလးတင္ကမွ သူ႕အတြက္ေဖာက္ေပးသြားသည့္ ခုနစ္စဥ္ၾကယ္မီးပန္းႀကီးကို သတိရမိသြားသည္။ သူနဲ႔က်န္းေမာ့ခ်န္ ေတာင္ေပၚမွာ ၾကယ္ၾကည့္ျဖစ္တဲ့ညက ခုနစ္စဥ္ၾကယ္မျမင္ဖူးဘူးလို႔ ေျပာလိုက္႐ုံနဲ႔တင္ ပုံဆြဲရမွာကိုအေသေၾကာက္တဲ့လူက ခုနစ္စဥ္ၾကယ္ေလးဆြဲေပးခဲ့သည္။

သူ အျပဳံးေရးေရးေလးျဖင့္ ထိုၾကယ္တန္းႀကီးကို ၾကည္ၾကည္ႏူးႏူးၾကည့္ေနခ်ိန္ က်န္းေမာ့ခ်န္ရဲ႕ အသံခပ္တိမ္တိမ္ေလးကို ေနာက္ကေန ၾကားလိုက္ရသည္။

'' ဓူဝံၾကယ္ဆိုတာ ေျမာက္ဝင္႐ိုးစြန္းနဲ႔အနီးဆုံးၾကယ္ပဲ ၿပီးေတာ့ မင္းျမင္ဖူးခ်င္တဲ့ ခုနစ္စဥ္ၾကယ္ႀကီးရဲ႕ ထိပ္ပိုင္းမွာ ထ်န္း႐ွဴးနဲ႔ ထ်န္း႐ႊမ္ဆိုတဲ့ ၾကယ္ႏွစ္လုံး႐ွိတယ္ သူတို႔က ဓူဝံၾကယ္နဲ႔တစ္ေျဖာင့္တည္းတန္းေနတာ သူတို႔ႏွစ္ခုရဲ႕အကြာအေဝးကို ငါးဆထပ္ခ်ဲ႕ၾကည့္လိုက္ရင္ ဓူဝံၾကယ္ကိုေရာက္ၿပီ မင္းခုနက မီးပန္းၾကည့္တဲ့ေနရာက ထ်န္း႐ွဴးၾကယ္႐ွိေနတဲ့ေနရာပဲ အခုရပ္ေနတဲ့ေနရာက်ေတာ့ ဓူဝံၾကယ္႐ွိတဲ့ေနရာ တနည္းအားျဖင့္ေျပာရရင္ မင္းတစ္ေယာက္ထဲပိုင္တဲ့ ကိုယ့္ေနရာ ''

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္႐ွိရာကို ျပန္လွည့္ၾကည့္လိုက္ခ်ိန္ တဖက္လူက သူ႕ကို ညင္ညင္သာသာေလးျပဳံးျပေနကာ ေနာက္ကိုတစ္လွမ္းဆုတ္ၿပီး ဒူးတစ္ဖက္ေထာက္လိုက္သည္။

''အမွန္ေတာ့ ဒီလိုေန႔မ်ိဳးေရာက္လာဖို႔ကို ကိုယ္ အၾကာႀကီးမွ အၾကာႀကီးေစာင့္ေနခဲ့ရတာ တခါတေလက် စဥ္းစားမိတယ္ ဘာလို႔ေစာင့္ေနေတာ့မွာလဲ မင္းနဲ႔ကိုယ္နဲ႔သိတာျဖင့္ ဒီေလာက္ၾကာၿပီ ကိုယ္တို႔ႏွစ္ေယာက္အတူတူ႐ွိေနတာျဖင့္ ဒီေလာက္ၾကာၿပီ ဘာလို႔ ေန႔ထူးေန႔ျမတ္ေတြကိုေ႐ြးေနမွာလဲ ဘာလို႔ မင္းကိုအၾကာႀကီးေစာင့္ခိုင္းထားရမွာလဲ ကိုယ္ကေရာ ဘာလို႔အၾကာႀကီးေစာင့္ေနရမွာလဲ ေစာေစာဖြင့္ေျပာလိုက္ရင္ မင္းလည္းဝမ္းမသာရဘူးလား ကိုယ္လည္းမေပ်ာ္ရဘူးလား ''

ယန္းခ်င္းခ်ီ သူ႕ေ႐ွ႕ကလူကိုၾကည့္ကာ ဘာဆက္ေျပာေတာ့မယ္ဆိုတာကိုသိေနတာေၾကာင့္ သူ႕ႏွာေခါင္းေလးက အနည္းငယ္႐ႈံ႕ပြ၊ ႐ႈံ႕ပြျဖစ္လာသည္။

'' ဒါေပမဲ့ ကိုယ္ အဲ့လိုလုပ္လိုက္ရင္ မင္းအတြက္မတရားေတာ့ဘူးေလ လူတစ္ေယာက္ရဲ႕ဘဝမွာ အမွတ္တရေကာင္းျဖစ္ေစမဲ့ ေန႔ရက္ေတြ ဘယ္ေလာက္မ်ားမွာမို႔လို႔လဲ တခ်ိဳ႕ဖန္တီးယူရတဲ့ အမွတ္တရေတြက် ႏွစ္ေယာက္လုံးအတြက္ အဓိပၸါယ္႐ွိေစမဲ့ေန႔ရက္ကို ေသခ်ာေလးေ႐ြးေပးရတယ္ ကိုယ္တို႔ လက္ထပ္မွတ္ပုံတင္ရတဲ့ေန႔ဆို မင္းနဲ႔လည္းမတိုင္ပင္ပဲ လက္ထပ္ၿပီး ၿပီးေရာဆိုတဲ့သေဘာနဲ႔ အဆင္ေျပတဲ့ေန႔တစ္ေန႔ေ႐ြးၿပီး လက္ထပ္မွတ္ပုံတင္ယူလိုက္ၾကတယ္ အမွန္အတိုင္းေျပာရရင္ ကိုယ္တစ္ကယ္ ေနာင္တရတယ္ အမွတ္တရျဖစ္ေစမဲ့ေန႔ဆိုတာ အခ်ိန္ေတြ၊ ေန႔ရက္ေတြ၊ နာရီေတြ ေသခ်ာေလးေ႐ြးခ်ယ္ေပးမွ တဖက္လူကို ဂ႐ုစိုက္ရာ၊တန္ဖိုးထားရာေရာက္တာမဟုတ္ဘူးလား အဲ့လိုဂ႐ုစိုက္မႈကမွ မင္းေလးနဲ႔ ထိုက္တန္တာေလ မဟုတ္ဘူးလား ''

ယန္းခ်င္းခ်ီ ေႏြးေႏြးေထြးေထြးေလး ျပဳံးျပလိုက္ကာ

'' ကြၽန္ေတာ္အဲ့ေလာက္အထိ ဂ႐ုမထားပါဘူး ''

'' ကိုယ္သိတယ္ မင္းကအၿမဲနားလည္ေပးတတ္ၿပီး လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါးေနတတ္တယ္ တခ်ိဳ႕ကိစၥေတြ မင္းဂ႐ုမစိုက္ခ်င္ရင္ ေမ့ပစ္လိုက္ ကိုယ္မင္းအတြက္ သတိရေပးေနမယ္ ကိုယ္အကုန္ဂ႐ုစိုက္လိုက္မယ္ ကိုယ္အကုန္လိုက္လုပ္ေပးမယ္ အဲ့လိုမွမလုပ္ေပးရရင္...... '' က်န္းေမာ့ခ်န္ ေျပာရင္း အနည္းငယ္ ဆို႔နင့္လာသည္။ '' အဲ့လိုမွမလုပ္ေပးရရင္ ကိုယ္ မင္းအတြက္ စိတ္မေကာင္းျဖစ္ေနလိမ့္မယ္ ''

ယန္းခ်င္းခ်ီႏွာေခါင္းေလး ႐ႈံ႕ပြ၊ ႐ႈံ႕ပြ ျဖစ္လာျပန္သည္။ သူ ယန္႔ယန္႔ကို ေမြးတုန္းက ယန္႔ယန္႔မ်ိဳး႐ိုးကို က်န္းေမာ့ခ်န္ရဲ႕မ်ိဳး႐ိုးေပးခ်င္ခဲ့သည္။ သို႔ေသာ္ က်န္းေမာ့ခ်န္ကလည္း သူ႕မ်ိဳး႐ိုးနာမည္လုပ္ဖို႔ ေပေတဇြဲေကာင္းေနခဲ့သည္။ ထိုအခ်ိန္က သူအဲ့ေလာက္အထိ ဂ႐ုမစိုက္ပါဘူးဟုေျပာခဲ့ေတာ့ ဘာလို႔ကိုယ့္အတြက္ကိုယ္ နည္းနည္းေလးေလာက္ ပိုၿပီးမေတြးေပးရတာလဲဟု ေမးလာခဲ့သည္။ ထိုအခ်ိန္က သူ က်န္းေမာ့ခ်န္ကို ဘယ္လိုျပန္ေျဖခဲ့လဲ။ သူျပန္ေျဖခဲ့သည္မွာ _____ ခင္ဗ်ား႐ွိေနတယ္ မဟုတ္ဘူးလား ခင္ဗ်ား ကြၽန္ေတာ္႕ကို အလိုလိုက္႐ုံနဲ႔ကို လုံေလာက္ပါၿပီ ဟုပင္။

ယန္းခ်င္းခ်ီ အျပဳံးေလးျဖင့္ က်န္းေမာ့ခ်န္ကို ၾကင္ၾကင္နာနာငုံ႔ၾကည့္ရင္း

'' အဲ့ဒါေၾကာင့္ ခင္ဗ်ားက ဒီေန႔ကိုေ႐ြးလိုက္တယ္ေပါ့ ကြၽန္ေတာ္႕ေမြးေန႔ကို ''

က်န္းေမာ့ခ်န္ ေခါင္းၿငိမ့္ျပကာ

'' ဒီေန႔က မင္းရဲ႕ေန႔ထူးေန႔ျမတ္ေလ အဲ့ဒါေၾကာင့္......'' က်န္းေမာ့ခ်န္ အိတ္ကပ္ထဲကေန လက္စြပ္ဘူးထုတ္ကာ ယန္းခ်င္းခ်ီေ႐ွ႕ ေျဖးေျဖးခ်င္းဖြင့္ျပရင္း ၾကင္နာရိပ္ေတြျပည့္ဝေနသည့္ မ်က္ဝန္းတစ္စုံျဖင့္ ႐ိုး႐ိုးသားသားခ်စ္ခြင့္ပန္လိုက္သည္။ '' အဲ့ဒါေၾကာင့္ ကိုယ္ ဒီေန႔ မင္းကို ေမးခ်င္တာက မစၥတာ ယန္းခ်င္းခ်ီ ကိုယ္နဲ႔လက္ထပ္ေပးႏိုင္မလား ဘဝေနဝင္ခ်ိန္အထိ ကိုယ္နဲ႔အတူတူျဖတ္သန္းသြားဖို႔ ဆႏၵ႐ွိလား ''

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ကိုၾကည့္ေနရင္းနဲ႔ပဲ၊  ထိုအခိုက္အတန္႔ေလးမွာပဲ၊ တဖက္လူကို ဘာျပန္ေျပာရမွန္းမသိေလာက္ေတာ့တဲ့အထိ ဆြံ႕အေနခဲ့သည္။

သူ က်န္းေမာ့ခ်န္ကိုၾကည့္ေနရင္း သူ႕ေခါင္းထဲ ျမင္ကြင္းေပါင္းစုံထိုးေဖာက္ဝင္ေရာက္လာသည္။ သူတို႔စစေတြ႕ခါစကဆို ဟန္ေဆာင္မ်က္ႏွာဖုံးေတြတပ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အေစးမကပ္ၾကပါ။ က်န္းေမာ့ခ်န္ရဲ႕ အေပၚယံ ေဖာ္ေ႐ြပ်ဴငွာမႈေတြေနာက္မွာ ထူးမျခားနား ေရေသလိုစိတ္သေဘာထားကို ျမင္ေနရတာေၾကာင့္ စစေတြ႕ခ်င္းမွာ အရမ္းေၾကာင္သူေတာ္ဆန္လြန္းသည္ဟုထင္ခဲ့မိသည္။

သူတို႔ရဲ႕အခ်စ္ခရီးလမ္းက အစပိုင္းမွာ သဲကႏၲာရႀကီးလိုပင္။ တစ္ေယာက္အေပၚတစ္ေယာက္ ခံစားခ်က္မ႐ွိပဲ စာ႐ြက္တစ္႐ြက္နဲ႔ခ်ဳပ္ေႏွာင္ထားသည့္ ဆက္ဆံေရးတစ္ခုထက္မပိုခဲ့။ ေနာက္ပိုင္း တစ္ေယာက္ကိုတစ္ေယာက္ သံေယာဇဥ္႐ွိလာမွ ပိုပိုၿပီးနီးစပ္လာဖို႔၊ ပိုပိုၿပီး နားလည္ေပးဖို႔၊ ပိုပိုၿပီး သည္းခံေပးဖို႔ ႏွစ္ေယာက္အတူတူႀကိဳးစားခဲ့ၾကသည္။

သူတို႔ႏွစ္ေယာက္က ဂိတ္ဆုံးကေန ဂိတ္စကိုျပန္စီးၾကသည့္ ခရီးသည္ေတြလိုပင္။ လမ္းတစ္ေလွ်ာက္ မၾကည့္ခဲ့ရသည့္ သာယာတဲ့႐ႈခင္းေတြကို တဝႀကီးထိုင္ၾကည့္ခဲ့ၾကသည္။ ခရီးလမ္းရဲ႕ တစ္ဖက္တစ္ခ်က္စီမွာ ပန္းေရာင္စုံလည္း ပြင္ဖူးေနသလို ၾကယ္ေရာင္စုံလည္း လင္းလက္ေတာက္ပေနခဲ့သည္။

သူ က်န္းေမာ့ခ်န္ကို သေဘာက်သည္။ ႀကိဳက္ေနမွန္းသိေနခဲ့တာလည္း ေတာ္ေတာ္ႀကီးကိုၾကာေနၿပီျဖစ္သည္။ ဘယ္အခ်ိန္ကတည္းကႀကိဳက္ေနခဲ့မွန္းမသိေသာ္ျငား သူ႕ရင္ထဲ ေနရာတစ္ေနရာစာယူထားတာကိုေတာ့ သတိထားမိေနခဲ့တာၾကာၿပီျဖစ္သည္။

'' ေကာင္းၿပီ '' သူ တိုးတိုးေလးေျပာလိုက္သည္။ '' ကြၽန္ေတာ္ ဆႏၵ႐ွိတယ္ ''

က်န္းေမာ့ခ်န္ ခ်က္ခ်င္းျပဳံးသြားကာ လက္စြပ္ဘူးထဲက လက္စြပ္တစ္ကြင္းကိုထုတ္ရင္း ယန္းခ်င္းခ်ီလက္သန္းႂကြယ္ေပၚမွာ ေျဖးေျဖးခ်င္းဝတ္ေပးလိုက္သည္။

ယန္းခ်င္းခ်ီ လက္သန္းႂကြယ္ေပၚက လက္စြပ္ကိုၾကည့္ေနလိုက္ကာ သူတို႔ႏွစ္ေယာက္ရဲ႕ပတ္သက္ဆက္ႏြယ္မႈကို လက္ဆုပ္လက္ကိုင္ျပႏိုင္သည့္ သက္ေသသာဓကဆိုလို႔ လက္ထပ္မွတ္ပုံတင္တစ္ခုပဲ႐ွိခဲ့ေၾကာင္း သတိရမိသြားသည္။ သို႔ေသာ္ သူကိုယ္တိုင္ကလည္း တြန္းအားေပးတတ္တဲ့လူမဟုတ္တာေၾကာင့္ က်န္းေမာ့ခ်န္ဘက္ကအစမေဖာ္လာသေ႐ြ႕ ထိုကိစၥအေပၚ မသိခ်င္ေယာင္ေဆာင္ေနမည္သာျဖစ္သည္။

အစပိုင္းတုန္းကေတာ့ ဒီတိုင္းမလိုအပ္ဘူးဟုသာ ေတြးခဲ့မိသည္။ တကယ္လို႔ က်န္းေမာ့ခ်န္သာ ဒီအိမ္ေထာင္ေရးကို ထိန္းသိမ္းလိုသည့္ ဆႏၵ႐ွိလွ်င္ သူကလည္း အလိုက္တသိျဖင့္ အပိုေတြေတာင္းဆိုမေနပဲ ေရလိုက္ငါးလိုက္ေလး ေနလိုက္မွာျဖစ္သည္။ က်န္းေမာ့ခ်န္ဘက္ကေန ဒီဆက္ဆံေရးကို ထိန္းသိမ္းလိုစိတ္မ႐ွိလွ်င္ေတာ့ သူကလည္းကပ္တြယ္ေနမည့္လူစားမ်ိဳးမဟုတ္ပါ။ သို႔ေသာ္ ေနာက္ပိုင္းမွာ တစ္ေယာက္ခံစားခ်က္တစ္ေယာက္ ပိုပိုသိလာခ်ိန္ေရာက္ေတာ့ ဒီလိုေန႔မ်ိဳးေရာက္လာလိမ့္မည္ဟု စိတ္ထဲခန္႔မွန္းမိေသာ္ျငား ဘယ္အခ်ိန္မွာ အခြင့္အခါသင့္မလဲ စဥ္းစားလို႔မရခဲ့ေပ။ သူ ျဖစ္ႏိုင္ေခ်မ်ားသည့္ ဗယ္လင္တိုင္းေဒး၊ တ႐ုတ္ခ်ီး႐ွီးပြဲေတာ္၊ ခရစၥမတ္ေန႔ မ်ိဳးစုံစဥ္းစားဖူးေသာ္ျငား သူ႕ေမြးေန႔မွာ ပ႐ိုပို႔စ္လုပ္ခံရလိမ့္မယ္လို႔ေတာ့ မထင္ထားခဲ့မိပါ။ ေတာ္ေတာ္ေလး အံ့ၾသသြားရသည္။

သူ လက္လွမ္းကာ က်န္းေမာ့ခ်န္ မတ္တပ္ျပန္ရပ္ဖို႔ကူညီလိုက္သည္။

'' ဒူးေထာက္ရတာအဲ့ေလာက္ေတာင္ေကာင္းလား တခ်ိန္လုံးဒူးေထာက္ေနေတာ့မွာလား ''

က်န္းေမာ့ခ်န္ သူ႕ေဘာင္းဘီေပၚက သဲေတြကိုခါရင္း အျပဳံးေလးျဖင့္ ျပန္႐ွင္းျပလိုက္သည္။

'' ကိုယ့္ရဲ႕႐ိုးသားမႈကိုျပတာပါ လက္ထပ္ခြင့္ေတာင္းၿပီဆိုမွေတာ့ ကိုယ္ဘယ္ေလာက္ မင္းအေပၚ႐ိုးသားလဲဆိုတာကို က်ိန္းေသေပါက္ျပရမွာေပါ့ ''

ယန္းခ်င္းခ်ီ ခပ္တိုးတိုးရယ္လိုက္ကာ လက္စြပ္ကို စိတ္ေက်နပ္မႈအျပည့္ျဖင့္ ငုံ႔ၾကည့္ေနလိုက္သည္။ လက္စြပ္ဒီဇိုင္းေလးမွာ တမူထူးျခားသည္။ ပ်ံလႊားငွက္ေလးက ခႏၶာကိုယ္တစ္ဝက္ေကြးၿပီး ၾကယ္ေလးကိုပါးစပ္ထဲခ်ီထားသည္။

သူ က်န္းေမာ့ခ်န္ကို ျပန္ေမာ့ၾကည့္ကာ

'' ခင္ဗ်ား ဒီဇိုင္းေဖာ္ထားတာလား ''

က်န္းေမာ့ခ်န္ ေခါင္းၿငိမ့္ျပသည္။ ထို႔ေနာက္ သူ လက္စြပ္ဘူးကိုေျမႇာက္ကာ ယန္းခ်င္းခ်ီ လက္စြပ္ျဖင့္ ပုံသ႑ာန္ဆင္တူသည့္ ေနာက္ထပ္အမ်ိဳးသားဝတ္လက္စြပ္တစ္ကြင္းကိုျပရင္း

'' ကိုယ့္ကို ကူဝတ္ေပးပါဦး ''

ယန္းခ်င္းခ်ီ ဘူးထဲကေန လက္စြပ္ထုတ္ကာ လက္စြပ္အတြင္းသားကိုလွမ္းၾကည့္လိုက္ေတာ့ သူထင္ထားသည့္အတိုင္း သူတို႔ႏွစ္ေယာက္နာမည္ရဲ႕ အစစကားလုံးေတြကို ေရးထြင္းထားသည္။ သူ က်န္းေမာ့ခ်န္ကို အျပဳံးေလးျဖင့္ ေမာ့ၾကည့္ကာ တဖက္လူလက္ကိုကိုင္ရင္း လက္စြပ္ေလးဝတ္ေပးလိုက္သည္။

သူ လက္စြပ္ဝတ္ေပးၿပီးသြားတာနဲ႔ လက္ျပန္လႊတ္ဖို႔ လုပ္လိုက္ေပမဲ့ က်န္းေမာ့ခ်န္က သူ႕လက္ကိုျပန္ဆြဲယူထားကာ ေခါင္းငုံ႔ၿပီး လက္ဆစ္ေလးေတြကို ခပ္ဖြဖြနမ္းလိုက္သည္။

ယန္းခ်င္းခ်ီရဲ႕ စိတ္အစုံ သိမ္ေမြ႕ႏူးညံ့သြားသည္မွာ ငွက္ေမြးေလးေတြ ေလေပၚဝဲပ်ံေနသလိုပင္။

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီကိုဆြဲကာ ရင္ခြင္ထဲထည့္ဖက္ထားလိုက္သည္။

ယန္းခ်င္းခ်ီကလည္း ဖက္ခြင့္ျပဳထားလိုက္ကာ

'' ခင္ဗ်ား ဒါေတြျပင္ဆင္ထားတာ ဘယ္ေလာက္ၾကာလိုက္လဲ ''

'' သိပ္မၾကာေသးဘူး ''

'' ဒါဆို လက္စြပ္ကေရာ? ''

'' လက္စြပ္က်ေတာ့ မင္းကိုယ့္ေမြးေန႔မွာ ႐ုတ္တရက္ႀကီးေပၚလာၿပီးကတည္းက ကိုယ့္ႏွလုံးခုန္သံေတြကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး အဲ့ကိစၥကိုပဲအၿမဲေတြးေနခဲ့တာ အဲ့လိုနဲ႔ ဒီဇိုင္းေဖာ္ျဖစ္သြားၿပီး လက္စြပ္ကေတာ့ မႏွစ္က ေမလကမွ ရခဲ့တာ ''

'' ဒါဆို ဘာလို႔ မႏွစ္ကတည္းက မေပးခဲ့တာလဲ ''

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီကိုၾကည့္ကာ အေလးအနက္ထားၿပီးေျပာလာသည္။

'' ဘာလို႔လဲဆိုေတာ့ ကိုယ္မင္းကိုခ်စ္မိသြားတဲ့အခ်ိန္မွာ မင္းကကိုယ့္ရဲ႕ထာဝရပဲ ဒီကိစၥက ကိုယ္တို႔ႏွစ္ေယာက္နဲ႔ပဲသက္ဆိုင္တယ္ အဲ့ဒါေၾကာင့္ ကိုယ္ မင္းကို ကိုယ့္ခံစားခ်က္ေတြဖြင့္ေျပာမဲ့အခ်ိန္၊ လက္ထပ္ခြင့္ေတာင္းမဲ့အခ်ိန္မွာ ကိုယ္တို႔ႏွစ္ေယာက္ပဲ႐ွိေစခ်င္တယ္ ဘယ္သူ႕မွမ႐ွိေစခ်င္ဘူး ယန္႔ယန္႔အပါအဝင္ေပါ့ ''

ယန္းခ်င္းခ်ီ သူ ကိုယ္ဝန္႐ွိခါစက စေနာက္ခဲ့သည့္ဟာသကို ခ်က္ခ်င္းအမွတ္ရသြားသည္။ ထိုအခ်ိန္က ကေလးေက်းဇူးနဲ႔ဖေအပါေကာင္းစားရၿပီဟု ေျပာမိလိုက္ျခင္းပင္။

'' ကြၽန္ေတာ္ အဲ့တုန္းက ေျပာလိုက္တာေၾကာင့္လား ကြၽန္ေတာ္က ဒီတိုင္းစလိုက္တာပါ ''

'' ကိုယ္သိတယ္ '' က်န္းေမာ့ခ်န္ သူ႕ကို တင္းတင္းက်ပ္က်ပ္ဖက္ထားသည္။ '' မင္းစေနမွန္း ကိုယ္က်ိန္းေသေပါက္ သိတာေပါ့ ဒါေပမဲ့ ကိုယ့္အတြက္ေတာ့ ကိုယ္လက္ထပ္ခြင့္ေတာင္းတဲ့အခ်ိန္မွာ ဘယ္သူ႕အခ်ဳပ္အေႏွာင္မွမ႐ွိတဲ့ မင္းပဲျဖစ္ေစခ်င္တယ္ တကယ္လို႔ ကိုယ္တို႔ ယန္႔ယန္႔ကိုသာ မေတာ္တဆမရလိုက္ရင္ ပုံမွန္အေျခအေနမွာ မင္းရယ္၊ကိုယ္ရယ္ႏွစ္ေယာက္ထဲပဲ႐ွိမွာမဟုတ္ဘူးလား ကိုယ္တို႔အနာဂတ္မွာ ကေလးေတြနဲ႔ပက္သတ္တဲ့အမွတ္တရေကာင္းေတြ မေရမတြက္ႏိုင္ေအာင္႐ွိလာလိမ့္မယ္ အဲ့ဒါေၾကာင့္ ကိုယ္ကေတာ့ မင္းနဲ႔ကိုယ္နဲ႔ ႏွစ္ေယာက္ထဲပဲသက္ဆိုင္တဲ့ အမွတ္တရေကာင္းေတြ အမ်ားႀကီး႐ွိလာဖို႔ေမွ်ာ္လင့္တယ္ အဲ့ထဲမွာ ကေလးေတြမပါဘူး မိသားစုေတြမပါဘူး မင္းရယ္ ကိုယ္ရယ္ အခ်စ္ေတြရယ္ ''

က်န္းေမာ့ခ်န္ သူ႕ကိုၾကည့္ကာ

'' ဒီအေတြးက တစ္ကိုယ္ေကာင္းဆန္ခ်င္ဆန္ႏိုင္ပါတယ္ ဒါေပမဲ့ျဖစ္ႏိုင္ရင္ ကိုယ္တို႔ေလွ်ာက္ေျပာေနတဲ့ အထက္တန္းေက်ာင္းသားဘဝကေန တကၠသိုလ္အထိကိုလည္း တကယ္ျဖစ္ေစခ်င္တယ္ မင္းနဲ႔ကိုယ္နဲ႔က ေစာေစာေတြ႕ခဲ့ရမွာ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ ႏွနယ္ပ်ိဳမ်စ္တဲ့အခ်ိန္ကာလေတြ အေကာင္းဆုံးအခ်ိန္ကာလေတြမွာ ေက်ာင္းသားဘဝထဲက တစ္ေယာက္ကိုတစ္ေယာက္ခ်စ္ခဲ့ရမွာ အဲ့လိုဆို ကိုယ္တို႔မွာ အမွတ္တရေကာင္းေတြဖန္တီးဖို႔ အခ်ိန္အလုံအေလာက္႐ွိခဲ့မယ္ေလ ကိုယ္တို႔ႏွစ္ေယာက္နဲ႔ပဲသက္ဆိုင္တဲ့ အမွတ္တရေကာင္းေတြ ကိုယ္ဘာေျပာခ်င္လဲ နားလည္လား ''

က်န္းေမာ့ခ်န္ ဘာကိုဆိုလိုခ်င္မွန္း ယန္းခ်င္းခ်ီ နားလည္သည္။ က်န္းေမာ့ခ်န္အတြက္ကေတာ့ အသက္၂၈ႏွစ္မွ အခ်စ္ရဲ႕ခ်ိဳၿမိန္မႈကို ခံစားခဲ့ရတာေၾကာင့္ ေစာေစာေလးမေတြ႕ခဲ့ၾကရတာကို ႏွေျမာေနမွန္း၊ ေကာင္းမြန္ေသာစတင္ျခင္းျဖင့္ မစတင္ခဲ့ရတာကို ေနာင္တရေနမွန္း သူေကာင္းေကာင္းနားလည္သည္။ ထို႔ေၾကာင့္ ႏွစ္ေယာက္တစ္ကမ႓ာတည္လို႔ရသည့္အေျခအေနကို သူ႕ထက္ က်န္းေမာ့ခ်န္က ပိုႏွစ္သက္ေလသည္။

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ကို ျပန္ဖက္ထားကာ ပုခုံးေလးပုတ္ၿပီး ႏွစ္သိမ့္လိုက္သည္။

'' ကြၽန္ေတာ္နားလည္ပါတယ္ ျဖစ္ႏိုင္မယ္ဆိုရင္ ကြၽန္ေတာ္လည္း ခင္ဗ်ားနဲ႔ ေစာေစာေလးေတြ႕ခ်င္တယ္ ခင္ဗ်ားက ဒီေလာက္ေတာ္တာ ေျပာမရဘူး ခင္ဗ်ားက ကြၽန္ေတာ္တို႔ေက်ာင္းရဲ႕ စီနီယာအတန္းႀကီး စင္ေပၚမွာ ေက်ာင္းသားအားလုံးကိုယ္စား မိန္႔ခြန္းထြက္ေျပာေနတုန္း ကြၽန္ေတာ္က ခင္ဗ်ားကို ျမင္ၿပီး အ႐ူးအမူးေႂကြရင္ေႂကြသြားႏိုင္တာပဲ ''

'' ေပါက္ကရေတြေလွ်ာက္ေျပာမေနနဲ႔ မင္းက အဲ့လိုေတြ႕တိုင္း ေႂကြတတ္တဲ့လူမ်ိဳးမွမဟုတ္တာ '' က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီအေၾကာင္းကို ေကာင္းေကာင္းသိသည္။

'' ကြၽန္ေတာ္ တကယ္ႀကီး ေႂကြ၊မေႂကြ ခင္ဗ်ားကဘယ္လိုလုပ္သိမွာလဲ '' ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ကိုၾကည့္ကာ '' တျခားလူကိုေတာ့ ျမင္႐ုံနဲ႔ မေႂကြႏိုင္ေပမဲ့ ခင္ဗ်ားဆိုရင္ေတာ့ က်ိန္းေသေပါက္ တျဖဳတ္ျဖဳတ္ေႂကြသြားမွာ ''

ယန္းခ်င္းခ်ီ သူ စိတ္ေပ်ာ္ေအာင္ တမင္ေျပာေပးေနမွန္းသိေသာ္ျငား အ႐ူးတစ္ေယာက္လို ျပဳံးရယ္ေနမိတာကိုေတာ့ မထိန္းခ်ဳပ္ႏိုင္ခဲ့ပါ။ သူ ယန္းခ်င္းခ်ီရဲ႕ပါးႏွစ္ဖက္ကိုဆြဲညႇစ္လိုက္ကာ

'' ကိုယ္သာ မင္းရဲ႕႐ႊယ္ပါ့စီနီယာဆိုရင္ေတာ့ ေက်ာင္းလူဆိုးေလးမင္းေၾကာင့္ ေန႔တိုင္းေဒါသထြက္ေနရေတာ့မွာပဲ ''

'' ကြၽန္ေတာ္ ဒီေလာက္လိမၼာတာ ခင္ဗ်ားကို ဘယ္လိုလုပ္ ေဒါသထြက္ေအာင္လုပ္ႏိုင္မွာလဲ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဟိုကိစၥမ႐ွင္းရေသးဘူးေနာ္ ခင္ဗ်ား မႏွစ္ကတည္းက လက္စြပ္ရထားတာေတာင္ ကြၽန္ေတာ္႕ကိုတစ္ႏွစ္နီးနီးကြယ္ဝွက္ထားတယ္ မဟုတ္ရင္ လက္ထပ္ခြင့္အေတာင္းခံေနရၿပီ အခုေတာ့ တစ္ႏွစ္အခ်ိန္ပုပ္သြားတာပဲ အဖက္တင္တယ္ ''

'' စိတ္ဆိုးေနလား '' က်န္းေမာ့ခ်န္ သူ႕နားကိုနမ္းကာ ညင္ညင္သာသာေလးေမးလာသည္။ '' မပူပါနဲ႔ ကိုယ္ အနာဂတ္မွာလည္း မင္းကိုဘယ္ေလာက္အထိ သေဘာက်ေၾကာင္း တဖြဖြေျပာေနဦးမွာပါ က်န္႐ွိေနတဲ့ ဘဝသက္တမ္းအ႐ွည္ႀကီးက ကိုယ္တို႔ႏွစ္ေယာက္အတြက္ပဲ ၿပီးမွ ၾကားရပါမ်ားလြန္းလို႔ ႐ိုးအီေနပါၿပီလို႔မေျပာနဲ႔ ''

'' မေျပာပါဘူး '' ယန္းခ်င္းခ်ီကလည္း ခြန္းတုံ႔ျပန္သည္။ '' ခင္ဗ်ားအဲ့လိုေတြေျပာေနတာကို နားေထာင္ရတာႀကိဳက္တယ္ ''

ယန္းခ်င္းခ်ီရဲ႕ ဒီလိုအထိန္းအကြပ္မဲ့တဲ့ ႐ိုးသားမႈေလးေတြက သူ႕ကိုတမ်ိဳးေလးဆြဲေဆာင္ေနမွန္း သိေရာသိပါ့ရဲ႕လား။

'' မင္းဘာလို႔ ဒီေလာက္ေတာင္ သေဘာက်ခ်င္စရာေကာင္းရတာလဲ ''

ယန္းခ်င္းခ်ီ ခ်ိဳခ်ိဳသာသာေလးတုံ႔ျပန္လာသည္။

'' ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ခင္ဗ်ားကို သေဘာက်လို႔ေလ ခင္ဗ်ားကိုသေဘာက်တယ္ အဲ့ဒါေၾကာင့္ ခင္ဗ်ားျပန္ၿပီး သေဘာက်လာမွာကို လိုခ်င္တယ္ ''

က်န္းေမာ့ခ်န္ မ်က္ႏွာေပၚက ႐ူးေၾကာင္ေၾကာင္အျပဳံးႀကီးကို ဖုံးမရဖိမရေတာ့ပါ။ သူ ယန္းခ်င္းခ်ီကို တင္းတင္းက်ပ္က်ပ္ဖက္ထားလိုက္ကာ ကိုယ့္ကိုကိုယ္ ကမ႓ာေပၚမွာ ကံအေကာင္းဆုံးလူသားဟု မွတ္ယူပစ္လိုက္သည္။

'' ဒါဆိုရင္ေတာ့ မင္းေအာင္ျမင္ပါတယ္ ကိုယ္က မင္းကို ဟိုးအရင္ကတည္းက သေဘာက်ေနၿပီးသားမို႔လို႔ မင္းက ကိုယ့္ရဲ႕ အႏွစ္သက္ဆုံးေလးပါပဲ ''

ယန္းခ်င္းခ်ီ ခပ္တိုးတိုးရယ္ၿပီး ဂုဏ္ဆာလိုက္သည္။

'' ကြၽန္ေတာ္သိသားပဲ ''

____________________________________

Big Dipper (ခုနစ္စဥ္ၾကယ္)

ခ်င္းခ်ီက ေတာင္ေပၚမွာ ခုနစ္စဥ္ၾကယ္မျမင္ဖူးဘူးေျပာထားလို႔ ပုံဆြဲျပတဲ့အျပင္ကို မီးပန္းေဖာက္ၿပီးလည္းျပပါတယ္ ဟုန္ 🤧

鹊桥 (ခြၽဲ႕ေခ်ာင္) Magpie Bridge

Mapie

Magpie က ငွက္က်ား Bridge က တံတား ငွက္က်ားတံတားေပါ့ lol စတာပါ သူက ရက္ကန္းသမနတ္မိမယ္ေလးနဲ႔ ႏြားေက်ာင္းသားေလးတို႔ရဲ႕ဇာတ္လမ္းပါ။ ၾကားဖူးၾကမယ္ထင္ပါတယ္။ ေကာင္းကင္မယ္ေတာ္ႀကီးရဲ႕ သမီးေထြးေလးတျဖစ္လဲ ရက္ကန္းသမနတ္မိမယ္ေလးက ႏြားေက်ာင္းသားေလးကိုႀကိဳက္သြားၿပီး ကေလးႏွစ္ေယာက္ျဖစ္ထြန္းပါတယ္။ ဒါကို ေကာင္းကင္ဘုံကသိသြားၿပီး နတ္မိမယ္ေလးကိုျပန္ေခၚသြားပါတယ္။ ႏြားေက်ာင္းသားေလးက ကေလးႏွစ္ေယာက္ကိုပိုက္ၿပီး နတ္မိမယ္ေလးနဲ႔လာေတြ႕ပါတယ္။ ေကာင္းကင္မယ္ေတာ္ႀကီးက သနားသြားၿပီး တစ္ႏွစ္ကိုတစ္ခါေတြ႕ခြင့္ေပးပါတယ္။ အဲ့ဒါက ၇လပိုင္း၇ရက္ေန႔ပါ။ အဲ့ေန႔မွာ ငွက္က်ားေတြကတံတားထိုးေပးၿပီး သူတို႔ႏွစ္ေယာက္ကိုေတြ႕ဆုံေစပါတယ္တဲ့။ အဲ့လိုနဲ႔ ၇လပိုင္း၇ရက္ေန႔က chinese Valentine's day (ခ်ီး႐ွီးပြဲေတာ္) ျဖစ္သြားပါတယ္။ ေျပာခ်င္တာက တႏွစ္မွာတစ္ခါပဲေတြ႕ရတာေတာင္ အရမ္းအခ်စ္ႀကီးၾကတယ္ေပါ့႐ွင္။ ဒီဇာတ္လမ္းက RSေတြအတြက္ အေရးႀကီးတဲ့အခ်စ္သေကၤတေလးျဖစ္တဲ့အတြက္ က်န္းေမာ့ခ်န္ကလည္း အဲ့ဒါေလးထည့္ေပးသြားတာပါ။ RSေတြ မုန္းဖို႔ေကာင္းခ်က္!

ဟုတ္ကဲ့ ပ်ံလႊားသ႑ာန္မီးပန္းကေတာ့ niniလည္း႐ွာမေတြ႕ပါဘူး။

ဒါက ထ်န္း႐ွဴး ထ်န္း႐ႊမ္ ၾကယ္ႏွစ္လုံးနဲ႔ တစ္ဆက္တည္းတန္းေနတဲ့ ဓူဝံၾကယ္


Continue Reading

You'll Also Like

60.5K 4.4K 68
အဖြူရောင်လေးက စွန်းထင်းလွယ်တယ် မဟုတ်လား... အဖြူတစ်စုံထပ်လို့ စွန်းထင်းမှုကို မကာကွယ်နိုင်ရင်တောင် အတူတူစွန်းထင်းခံနိုင်မှုကို ချစ်ခြင်းမေတ္တာလို့ သတ်...
79.8K 9.2K 87
transition novel
1.4M 225K 140
Eng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ!! [ဗီလိန္ႀကီး​ေရ​ေက်းဇူးျပဳၿပီးငါ​ေလးကိုညႇ...