To be a Heartthrob in a Horro...

By Kuro_Fuyu

422K 86.5K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

[Arc 4 END] Chapter 80

2.9K 572 34
By Kuro_Fuyu


Chapter 80: ရှောင်စုဘယ်သူလဲ

လူနာခန်း၏တံခါးသည် မြဲမြံစွာမပိတ်ထားတာကြောင့် သူမ တိုက်ရိုက်ဝင်လာခဲ့သည်။

စောစောက စုမင်အာရုံသည် နာမည်နှင့် သူ့အဖွားဆီမှာပဲရှိ၍ တံခါးဖွင့်သံကိုမကြားမိပေ။

"အမေ ... လူမှားမှတ်မိနေပြန်ပြီလား? အမြဲတမ်းအဲ့လိုပဲ ... စုမင်ကိုမမှတ်မိဘူးလား?" မားမားစုတံခါးပိတ်ရင်း ဆိုလိုက်သည်။

စုမင်ဘာမှမပြောပေ။

မားမားစုလျှောက်လာပြီး မေး၏ .."သားဒီမှာရှိနေတာ ဘာလို့အမေ့ကိုအသိမပေးတာလဲ? စားပြီးပြီလား? ဒီကိုရောက်နေတာဘယ်လောက်ကြာပြီလဲ?"

"မားအလုပ်လုပ်နေတာကို" စုမင်မတ်တပ်ရပ်လျက် ရှင်းပြ၏ .."ကျွန်တော်ရောက်ရုံပဲရှိသေးတယ် ... မကြာသေးပါဘူး"

ကုတင်ပေါ်မှ အဖွားအိုပြုံးလိုက်သည်။

မားမားစု ယာဂုပန်းကန်လုံးကိုကိုင်ဆောင်ထားရင်းနဲ့ အိတ်ဖွင့်ကာ ပြောတယ် .."သားအဖွားက နောက်တနေ့နေရင် ဆေးရုံဆင်းရပြီ ... အဲ့နေ့က တနင်္လာနေ့ဆိုတော့ သားအတန်းရှိလောက်တယ်"

စုမင် “အမ်း"လို့တုန့်ပြန်လိုက်သည်။

လူနာခန်း၌ တိတ်ဆိတ်သွားပြီး အိတ်ဖွင့်သည့်အသံတွေရှိနေ၏။

အဖွားကို သူမယာဂု စမတိုက်ကျွေး‌ခင်မှာ စုမင်အဖြေမရသောမေးခွန်းကို မေးမြန်းလိုက်တယ် .."ဖွားပြောတဲ့ အဲ့ရှောင်စုကဘယ်သူလဲ?"

မားမားစုမော့မကြည့်လာဘဲ .."သားဖွားဖွားက မှားမှတ်ထားတာ"

စုမင်‌မလျှော့တမ်းမေး၏ .."မှားမှတ်တယ်? ဒါဆို ဘယ်သူ့ကိုရည်ညွှန်းပြီးမှားတာလဲ?"

မားမားစုယာဂုအဖုံးကိုဖွင့်လိုက်ပြီး .."သားအဖွားမှတ်ဉာဏ်ထဲမှာ လူတွေအများကြီးရှိပြီး အခုရှုပ်ထွေး‌ကုန်တာ ... တစ်ခါတလေ အမေတောင် ဘယ်သူ့ကိုပြောမှန်းမသိတော့ဘူး"

စားပွဲကို သူမရွေ့ကာ .."ခေါင်းအုံးလေးအောက်ချပေးပါဦး"

စုမင်မေးခွန်းများစွာရှိသေးသော်လည်း နောက်ဆုံးစကားတခွန်းနဲ့ တားဆီးခံလိုက်ရသည်။ သူလျှောက်သွားပြီ အဖွားနောက်ကျောဘက်ကို ခေါင်းအုံးခံပေးလိုက်သည်။

သူမ ရှောင်စုလို့ ဒုတိယအခေါက်ပြောတဲ့အချိန် သူသေချာသည်။

အဲ့ရှောင်စုက ချန်စုကိုရည်ရွယ်တာဖြစ်နိုင်လား?

စုမင်ကိုယ်တိုင် သူ့ကလေးဘဝတုန်းကကိစ္စတွေသာမက ကစားဖော်ကစားဖက်တွေရဲ့နာမည်ကအစ ထင်ထင်ရှားရှားမှတ်မိသည်။ တခါတရံ သူ့မှတ်ဉာဏ်က ပုံမှန်မဟုတ်ဘူးလို့တောင် လီဝမ်ရှင်းပြောတတ်သည်။

သူ့မှတ်ဉာဏ်ထဲမှာ ချန်စုလို့ခေါ်တဲ့တစ်စုံတစ်ဦးမှ မရှိမှန်း သူကောင်းကောင်းသိသည်။ ချန်စုဆိုတဲ့နာမည်အတွက် ထိုနာမည်သည် တခါမှမပေါ်လာခဲ့ပေ။

ထို့ကြောင့်ပဲ ချန်စုသည် တကယ့်အမှန်ကဘယ်သူလဲဆိုတာကို သူအမြဲသံသယဝင်ခဲ့သည်ပင်။

စောနက ထိုနာမည်ကို သူ့အဖွားပြောတဲ့အချိန် အလွန်စိမ်းသလိုခံစားမိပြီး ချန်စုဆိုတဲ့အတွေးနဲ့ပဲ ချိတ်ဆက်မိသည်။

အကယ်၍ ထိုလူက ချန်စုဆိုရင် သူနဲ့ပတ်သတ်သည့်မှတ်ဉာဏ်ရှိသင့်တယ်လေ ... ဒါအတော်ထူးဆန်းသည်။

မားမားစုအပြုအမူကြောင့် တစ်ခုခုပုံမှန်မဟုတ်ဘူးလို့ ခံစားမိသည်။

သူဆက်‌မေးနေရင်တောင် မေးခွန်းအတွက်အဖြေမရနိုင်လောက်တာမို့ သူ့အမေမရှိသည့်အချိန်မှ အဖွားကိုပြန်မေးဖို့လိုသည်။

သို့သော် သူမထင်မှတ်ထားတာက အဖွားကိုပြုစုစောက်ရှောက်ဖို့အတွက် ခွင့်ယူပြီးသွားပြီဖြစ်သည်။ အချို့အချိန်တွေဆို သူကယောက်ျားလေးဖြစ်တဲ့အတွက် အခန်းထဲကထွက်ပေးရသည်။

အမျိုးသမီးအိုကတော့ တစ်ချိန်လုံးအရေမရအဖက်မရတွေသာ ပြောနေတတ်သည်။

ညအချိန်၌ သူ့အန်ကယ်လာလည်တော့ စုမင်ဝမ်းကွဲ စုယင်လည်းစိတ်လှုပ်ရှားတက်ကြွစွာ လိုက်ပါလာခဲ့သည်။

ထိုဝမ်းကွဲညီမနဲ့ သိပ်မရင်းနှီးသော်လည်း ထိုဝမ်းကွဲက သူ့ကိုအလွန်လေးစားအားကျသူတစ်ယောက်ဖြစ်သည်။ ‌နှစ်တိုင်း ထိုအတွက်နဲ့ ရေးကြီးခွင်ကျယ်လုပ်လေ့ရှိသည်။

ဤတစ်ခါ သူမ သူ့ကိုတွေ့တော့အလွန်စိတ်လှုပ်ရှားနေပြီး .."အစ်ကိုဝမ်းကွဲ!"

နောက်ဆုံးတခေါက်က သူမရုပ်ရှင်သွားကြည့်ကြောင်း မားမားစုပြောခဲ့တာကို ပြန်သတိရသွားကာ သူမကောင်းတဲ့ခံစားချက်တွေရနေသည်။

သေချာတာပေါ့ ... စုယင်ပြောလာ၏ .."အကိုဝမ်းကွဲ ... ရုပ်ရှင်အသစ် ညီမကြည့်လိုက်ရတယ် ဟီးဟီး ... ညီမအတန်းဖော်တွေနဲ့အတူတူသွားတာ ... အကိုက ညီမဝမ်းကွဲမှန်းလည်းသိရော သူတို့အကုန်ပျော်သွားလိုက်ကြတာများ ... ဒါပြီးရင် အစ်ကိုလက်မှတ်လေးထိုးပေးပါဦး"

ရုတ်တရက် သူမ၏စကားများသည် လူနာခန်းအတွင်းရှိ လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။
စုမင်မျက်ခွံလှုပ်သွားပြီး သူမကိုအခန်းထဲကဆွဲထုတ်ကာ
"စုယင် ... ငါမင်းကို လက်မှတ်တော့ထိုးပေးနိုင်ပေမယ့် ဒီရုပ်ရှင်တွေအကြောင်း မိသားစုရှေ့မှာမပြောနဲ့"

"အာ ... ဘာလို့လဲ?" စုမင်နားမလည်ပေမဲ့ လက်မှတ်ကိုပြန်တွေးမိ‌တော့ အမြန်ပဲလက်ခံလိုက်သည်။
"အိုခေ အိုခေ ... ကျေးဇူးပြုပြီးလက်မှတ်လေးပေးပါ"

သူမသည် ယခုနှစ် အလယ်တန်းကျောင်း ဒုတိယနှစ်တွင်သာ ဝင်ရောက်ခဲ့ပြီး 2D ကမ္ဘာနှင့် မကြာခဏ ဆိုသလိုပါဝင်လှုပ်ရှားခဲ့သည်။ သူမသည် အများမတူဘဲ လူထူးလူးဆန်းတစ်ယောက်ဖြစ်သည်။

စုမင်က .."အရင်ကတိပေး"

စုယင် လှပစွာဆင်ယင်ထားတဲ့မှတ်စုစာအုပ်ကို ဆွဲထုတ်ယူလိုက်ပြီး .."ရက်စ် ရကစ် ...  သေချာမှတ်ထားပြီး အန်ကယ်ရှေ့လုံးဝမပြောဘူး ... အမြန် လက်မှတ်ထိုးပေးတော့ ... ပြီးတော့ ရိုးရိုးရှင်းရှင်းမှတ်ချက်လေးပါ ထည့်ပေးဦး"

ဒီလိုဝမ်းကွဲရှိနေတော့ သူမအခန်းဖော်တွေအရှေ့ အလွန်ဂုဏ်ဆာမိသည်။

သူတို့ငယ်ကြသော်လည်း တော်တော်များများသိကြသည်။ အချို့ကိစ္စကိုတော့ အများစုကပွင့်လင်းကြ၏။

စုမင် သူ့နာမည်လက်မှတ်ထိုးပေးလိုက်ပြီး ဆုမွန်ကောင်းအနည်းငယ်ရေးပေးလိုက်သည်။
"ငါပြောတာ အမျိုးတွေထဲမှာကိုမပြောနဲ့လို့ ... အထူးသဖြင့် အစ်ကိုမိဘတွေရှေ့မှာပေါ့"

စုယင် တောက်ပသောမျက်ဝန်းများနဲ့ကြည့်ပြီး .."ကောင်းပါပြီ ... စိတ်မပူနဲ့ ... ကျွန်မက ပါးစပ်လုံပါတယ်"

အမှန်တိုင်းပြောရရင် စုမင်နည်းနည်းတော့ စိတ်မအေးနိုင်သေးပေ။

ဒါပေမယ့် သူ ဒါကိုလုပ်နိုင်တာ ယခုအချိန်ပဲရှိသည်။ တစ်သက်လုံး ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ဒါက ယာယီအတိုင်းအတာတစ်ခုသာ ဖြစ်တယ်။  အနည်းဆုံးတော့ အမှန်တရား ရုတ်တရက်ထုတ်ဖော်တာထက် ပိုကောင်းပါတယ်။

ချန်စုဘယ်သူလဲဆိုတာကို အရင်ရှာချင်သေးသည်။

သူ့နာမည်ကိုထိုးပေးပြီးအချိန် စုယင်ကို မှတ်စုစာအုပ်ပြန်ပေးလိုက်ပြီး မေး၏ ..."ရှောင်စုခေါ်တဲ့သူကိုသိလား?"

စုယင်တခဏတွေးတောပြီး .."မသိဘူး ... ရှောင်စုကဘယ်သူလဲ? ကျွန်မတို့မိသားစုမှာ အဲ့နာမည်မရှ်ိပါဘူး"

စုမင်သယမန်ကာလျှံကာမေးလိုက်ရုံသာဖြစ်ပြီး သူမ အဖြေသိရဖို့လည်း မမျှော်လင့်ထားချေ။
"ကတိတည်ပါစေနော်"

"ဟုတ်ပါပြီ ... ကျွန်မမှတ်မိနေမှာပါ" စုယင်တခစ်ခစ်ရယ်ပြီး "အို့ ... ဟုတ်သားပဲ ... အကိုဝမ်းကွဲ နောက်တခါ ရုပ်ရှင်ရုံကိုဘယ်တော့သွားမှာလဲ? ကျွန်မမစောင့်နိုင်တော့ဘူး"

နောက်ဆုံးတခေါက်ရုပ်ရှင်ကြည့်ပြီးကတည်းက သူ့ကိုဖုန်းခေါ်ချင်သော်လည်း ကျောင်းမှာဖုန်းသုံးခွင့်မခဲ့ပေ။ ထို့ကြောင့် ဆောင်းရာသီအားလပ်ရက်မှာပဲ သူမဝမ်းကွဲကိုရှာဖို့ ဆုံးဖြတ်ခဲ့သည်။

တွေးရုံနဲ့တင် ရင်ခုန်ဖို့ကောင်းနေပြီ။

စုမင်က .."မသိဘူး ... နောက်ဘာရုပ်ရှင်ထုတ်လွှင့်မလဲတောင် အကိုမသိသေးဘူး ... မင်းရုပ်ရှင်ကြည့်မယ့်အစား စာကိုကောင်းကောင်းအာရုံစိုက်သင့်တယ်"

စုယင် နှုတ်ခမ်းဆူပြီး .."ကျွန်မအဆင့်တွေကမဆိုးပါဘူး ... နောက်ပြီး အကို့ဆီကလေ့လာသင်ယူချင်ပေမယ့် ရုပ်ရှင်ကြည့်တာကိုတော့ လက်မလျှော့နိုင်ဘူးလေ"

စုမင် .."……..အဲ့မှာဘာရှိတာမို့လို့ မင်းက လက်မလျှော့နိုင်ရတာလဲ?"

ခုခေတ်ကလေးတွေကို သူတကယ်နားမလည်တော့ပေ။ သူတို့အတွေးတွေက တစ်ခုနဲ့တစ်ခုခုန်ကူးနေပြီး တစ်ခါတရံ သူ့ထက်တောင်လူကြီးဆန်ကြသေးတယ်။

ဒါကိုကြားတော့ စုယင် သူမညာဘက်လက်မြှောင့်ပင့်ပြီး လေးလေးနက်နက်ပြောလာတယ် .."ဟုတ်တာပေါ့ ... ကျွန်မတို့လို 'စုမင်'မိန်းကလေးတွေက ဘယ်တော့မှလက်မလျှော့ဘူး!"

စုမင် “………….”

ဝက်ဒ်ဒယ်ဟဲလ်?!

သူမပြောအပြီး စုယင်မှတ်စုစာအုပ်ကိုကောက်ယူကာ လူနာခန်းထဲပြေးဝင်သွားသည်။
စုမင်တစ်ယောက်တည်း ဆွံ့အစွာအပြင်တွင်ကျန်ရစ်ခဲ့သည်။

လူနာခန်းထဲ သူရောက်တော့ အမျိုးသမီးကြီးက သူမရဲ့ဆန်ပြုတ်တစ်ပန်းကန်လုံးကို စားပြီးနေပြီ။ သူမအသက်ရွယ်လိုအခြားသက်ကြီးရွယ်အိုများနဲ့မတူဘဲ သူမက အာသီသပိုကောင်းသည်။

သူ့အန်ကယ်မေးတယ် .."ရှောင်မင်ကျောင်းခွင့်ယူထားတာလား?"

စုမင်ခေါင်းညိမ့်ကာ .."ဟုတ် ... နှစ်ရက်အတွင်းကျွန်တော်ပြန်ရမယ်"

ဖုန်းကစားနေတဲ့စုယင်ကို သူ့အန်ကယ်တစ်ချက်ကြည့်လိုက်ပြီး သူမခေါင်းကိုပုတ်ကာ .."သူကတော့ အကိုဆီကမသင်ယူဘဲ ဖုန်းဆော့ဖို့ပဲသိတယ်"

စုမိသားစုတွင် အထူးခြားဆုံးလူမှာ ငယ်ငယ်တည်းက အဆင့်တွေကောင်းပြီး စိတ်ကောင်းရှိသော စုမင်ဖြစ်ပြီး ဂုဏ်သတင်းကျော်ဇောသောတက္ကသိုလ်တွင်တတ်ရောက်ခွင့်ရခဲ့သည်။ လူတိုင်းက သူ့အတွက် ဂုဏ်ယူကြတယ်။

စုယင်လျှာထုတ်ပြီး သူမဂိမ်းဆက်ဆော့လေသည်။

စုမင်က .."သူမက ငယ်ပါသေးတယ် ... မစိုးရိမ်ပါနဲ့"

သူ့အန်ကယ်ကလည်း ပေါ့ပေါးပါးပါးပြောတာဖြစ်၍ သူပြုံးပြီး အလေးနက်မထားပေ။

ရှောင်စုဘယ်သူလဲဆိုတာ သူ့ကိုမေးချင်ပေမဲ့ မားမားစုက အခန်းထဲမှာရှိနေသေးသည်။ သူ၏ အနာဂတ် ကြိုးပမ်းမှုများ ပိုခက်ခဲလာမည်ကိုစိုး၍ ယခု တစ်ခုခုကို စတင်ခြင်းကမကောင်းပေ။

°
°
°
°

နှစ်ရက်လောက်နေပြီးနောက် အမျိုးသမီးအိုကြီးဆေးရုံဆင်းလာလေသည်။

သူတို့မွေးရပ်မြေသို့ စုမင်လည်းလိုက်သွားသည်။
သူ့အဖိုးချန်ရစ်ခဲ့တဲ့ သူတို့ရဲ့ မိသားစုအိမ်ဟောင်းပင်။  ကျန်တဲ့မိသားစုတွေက အနီးနားမှာ အလုပ်မလုပ်တော့ဘဲ အဘွားအိုကထွက်သွားဖို့ ဆန္ဒမရှိတာကြောင့် အိမ်နဲ့ အဘွားအိုကို ပြုစုစောင့်ရှောက်ဖို့ ကလေးထိန်းတစ်ဦးကို ငှားရမ်းခဲ့တယ်။

ဒီတခေါက်ကိစ္စသည် မတော်တဆသာဖြစ်၏။

ကံကောင်းထောက်မစွာ အကြိုဇရာရောဂါမှလွဲ၍ အဖွားအိုသည် နာနီကိုခေါ်ပြီး လမ်းလျှောက်ထွက်ရတာ နှစ်ခြိုက်သည်။ သူမအရိုးများက ခိုင်ခံ့နေသေးတာမို့ ဒီတကြိမ် ဘယ်အရိုးမှမကျိုးပေ။

အဖွားက ပန်းပွင့်တွေသဘောကျတာမို့ လသာဆောင်တွင်ပန်းပင်တွေရှ်ိနေသည်။

သူမဆေးရုံတတ်နေခဲ့သလို နာနီလည်းမရှိတာကြောင့် ပန်းပင်တွေကို ရေလောင်းမယ့်သူမရှိပေ။ ထို့ကြောင့် ပန်းတွေကကောင်းမွန်တဲ့အခြေနေမှရှိပုံမပေါ်ပေ။

မားမားစုနဲ့အခြားသူတွေ အခန်းထဲမှာရှိနေချိန် စုမင်က ဝရံတာထွက်ပြီး ရေလောင်းလေသည်။

သူငယ်ငယ်တုန်းက ဒီမှာနေဖူး၍ ဘယ်အပင် ဘယ်ပန်းမဆို သူသေသေချာချာမှတ်မိသည်။ ဝရံတာပေါ်က အိုးစိုက်အပင်အချို့တောင်မှတ်မိ၏။

ဘာလို့ဆို သူ့အဘိုးစိုက်ခဲ့တာဖြစ်ပြီး ယခုချိန်ထိ အဖွားကဂရုစိုက်နေဆဲဖြစ်၍ အစေ့သေးသေးလေးကနေ အပင်ကြီးဖြစ်လာလေပြီ။ လောလောဆယ်ဆောင်းရာသီမှာဖြစ်တာမို့ ပန်းမပွင့်သေးပေ။

စုမင်မှတ်ဉာဏ်ထဲမှာတော့ သူတို့ဆက်ဆံရေးအလွန်ကောင်းမွန်သော်လည်း သူငယ်ငယ်တည်းကပင် စစ်သားအဖြစ်ပါဝင်ရတာမို့ သူ့အဖိုးကနေမ‌ကောင်းဖြစ်ကာ စောစောကွန်လွန်ခဲ့ရသည်။ အသုဘအခမ်းအနား‌အချိန် ဟောခန်းမှာတုန်းက သူ့ဆွေမျိုးမိဘအားလုံး ဝမ်းနည်းငိုယိုခဲ့ကြသည့်အခိုက်တန့်ကို မှတ်မိသေးသည်။

မားမားစုအသံသည် အခန်းထဲမှပျံ့လွင့်လာ၏ .."စုယင် ... ဒီမှာလျှောက်မဆော့နေနဲ့ ... အပြင်မှာသွားဆော့ချည် ... အဖွားအိပ်ရဦးမယ်"

စုယင်က .."သမီးဒီတိုင်းလျှောက်ကြည့်နေရုံပါ"

သူမ ဆင်ခြေသည်အချည်းနှီးဖြစ်ကာ မားမားစုထံမှ မဆိုင်းမတွကန်ထုတ်ခံလိုက်ရ၏။ ထို့နောက် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးပုံစံနှင့် သပ်ရပ်ပြီး ဆွဲဆောင်မှုရှိစွာထင်ပေါ်နေကာ လသာဆောင်တွင် ရပ်နေသော စုမင်ကို သူမတွေ့လိုက်ရသည်။

ငါ့ဝမ်းကွဲက တကယ့်ကိုချောတာပဲ။

သူမအတန်းဖော်တွေနဲ့အတူ ရုပ်ရှင်သွားကြည့်ခဲ့တုန်းက သူမအတန်းဖော်တွေ သူမဝမ်းကွဲကို ပထမဆုံးစတွေ့စဉ် နာမည်ကျော်တစ်ယောက်ထင်ခဲ့ကြသည်။ အချို့ကတောင် အခြားနာမည်ကျော်အများစုထက် ပိုသာသည်ဟု တွေးခဲ့ကြသေးသည်။

စုယင်တိတ်တဆိတ် ဘယ်သူမှမသိအောင် ဓာတ်ပုံရိုက်လိုက်ပြီးနောက် အစောကသူမကိုမေးခဲ့တဲ့မေးခွန်းကိုသတိရကာ လျင်မြန်စွာရှပ်တိုက်လျှောက်သွားသည်။

သူမလာနေတာတွေ့တော့ စုမင်နှုတ်ဆက်လိုက်တယ် .."မနက်ဖြန်ကျောင်းသွားမှာလား?"

"အင်း ... ကျောင်းမသွားချင်ဘူး" စုယင်ညည်းညူလိုက်တယ်။

စုမင်ဘာမှမကိုင်ထားသည့်ဘက်လက်ဖြင့် သူမခေါင်းကိုပွတ်ပေးပြီး ပြောတယ် .."မင်း အကို့အရွယ်ရောက်လာရင် အတန်းတက်စရာမလိုတော့ဘူး"

အခုမှ သူမသည် ဂျူနီယာကျောင်းသူဖြစ်နေသေး၍ သူမမှာဆံပင်အများကြီးရှိတော့ ထိပ်ပြောင်သွားမှာ စိုးရိမ်စရာမလိုပေ။

"မျှော်လင့်မိပါတယ်" စုယင် သူမခြေထောက်သူမ ကန်လိုက်ပြီး တီးတိုးပြောလာ၏ .."အကိုဝမ်းကွဲ ရှောင်စုဘယ်သူလဲလို့ သွားမေးကြည့်သေးတယ် ... အဖွားဘာပြောတယ်ထင်လဲ?"

"ဘာပြောလဲ?" စုမင်မေးတယ်။

သူသတိလက်လွတ်ရေလောင်းနေတာကို ရပ်တန့်မိသည်။

"တကယ့်တော့ ဖွားဖွားက ရှောင်စုဘယ်သူလဲလို့ ကျွန်မကိုပြန်မေးတယ်" စုယင်လက်ခါလိုက်ပြီး .."အကိုနားကြားမှားတာလား? အဖွားက ရှောင်စုလို့ခေါ်တဲ့လူကိုမသိဘူး"

စုမင်တခဏတုန့်ဆိုင်းသွားပြီးနောက် ရှင်းပြလိုက်တယ် .."အဖွားမှာ အကြိုဇရာရောဂါရှိတယ် ... အဲ့တာကြောင့် သူမပြောခဲ့တာကိုမေ့သွားတာပုံမှန်ပါပဲ"

သို့သော်ငြားလည်း သူအနည်းငယ်တော့ စိတ်ပျက်မိသည်။

အဖွားဆီကနေအဖြေရမယ်ထင်ခဲ့ပေမဲ့ သူမနေမကောင်းပေ။ သူမမေ့သွားခဲ့လျှင် ဘယ်သူမှအဖြေမသိနိုင်ပေ။

သူ့မိသားစုထံမှ ရှာတွေ့‌လိမ့်မယ်လို့ စုမင်ခံစားမိသည်။

စုယင်ရှုပ်ထွေးစွာ .."ဒါဆို ဘာလို့မေးတာလဲ? ရှင်အဲ့လူကိုမသိဘဲနဲ့ ဒါတောင်နေရာတကာလိုက်မေးနေတယ်"

စုမင်က .."ဒီတိုင်းသိချင်ရုံပါ"

"သိချင်ရုံတင်? တကယ်ဟုတ်လို့လား?" စုယင် သူမလက်ချောင်းတွေ လှုပ်ခါလိုက်ပြီး .."ကျွန်မဘယ်သူလဲဆိုတာ မေ့သွားပြီလား? ရှင် ကျွန်မဆီက ကိစ္စတွေကို ဝှက်ထားရဲသေးတယ်ပေါ့?"

စုမင်ရှုပ်ထွေးသွားပြီး .."မင်းက ဘယ်သူမို့လဲ?"

သူမသည် ဆိုရှယ်လစ်ပါတီအချို့၏ နေရာကို ဆက်ခံသူ သို့မဟုတ် မင်းသမီး Mary Sue ဖြစ်တယ်လို့ မပြောနဲ့နော်။

စုယင် သူမလက်မောင်းသူမပုတ်ပြီး .."ကျွန်မက စုမင်ဖန်ဂဲးလ်ပဲ!"

စုမင် “……..အို့”

သူမပြောပုံက အလွန်အံ့အားသင့်စရာကောင်းတဲ့အထောက်အထားအတိုင်းပဲ။

စုယင်က အရပ်ပုတာကြောင့် စုမင်ကိုမော့ကြည့်ရသည်။ သူမထိုင်ခုံရွေ့လိုက်ပြီး .."ထိုင်"

စုမင် ရေပန်းကရားကိုချပြီး ထိုင်လိုက်သည်။
"ဘာပြောစရာရှိသေးလို့လဲ?"

"အကိုဝမ်းကွဲ ... မစိတ်ပူပါနဲ့" စုယင်က .."ရှောင်စုဘယ်သူလဲဆိုတာ ကျွန်မသေချာပေါက်ကူညီရှာပေး‌ပါ့မယ် ... ဖြစ်နိုင်သမျှမြန်မြန်အသိပေးမယ်"

စုမင်တုန့်ပြန်တယ် .."ကောင်းပြီ"

မားမားစုသည် အခန်းထဲရှိ အထုပ်ပိုးတွေလုပ်ဆောင်နေဆဲမို့ သဘာဝကျကျ သူ့အဖွားနဲ့အတူ နှစ်ယောက်တည်းရှိဖို့မဖြစ်နိုင်ပေ။ စုယင်စုံစမ်းတာမှ ပိုကောင်းဦးမယ်။

**************

Thanks all
June 10, 2022

------------------------------------------------------------






Chapter 80: ေ႐ွာင္စုဘယ္သူလဲ

လူနာခန္း၏တံခါးသည္ ၿမဲျမံစြာမပိတ္ထားတာေၾကာင့္ သူမ တိုက္႐ိုက္ဝင္လာခဲ့သည္။

ေစာေစာက စုမင္အာ႐ုံသည္ နာမည္ႏွင့္ သူ႕အဖြားဆီမွာပဲ႐ွိ၍ တံခါးဖြင့္သံကိုမၾကားမိေပ။

"အေမ ... လူမွားမွတ္မိေနျပန္ၿပီလား? အၿမဲတမ္းအဲ့လိုပဲ ... စုမင္ကိုမမွတ္မိဘူးလား?" မားမားစုတံခါးပိတ္ရင္း ဆိုလိုက္သည္။

စုမင္ဘာမွမေျပာေပ။

မားမားစုေလွ်ာက္လာၿပီး ေမး၏ .."သားဒီမွာ႐ွိေနတာ ဘာလို႔အေမ့ကိုအသိမေပးတာလဲ? စားၿပီးၿပီလား? ဒီကိုေရာက္ေနတာဘယ္ေလာက္ၾကာၿပီလဲ?"

"မားအလုပ္လုပ္ေနတာကို" စုမင္မတ္တပ္ရပ္လ်က္ ႐ွင္းျပ၏ .."ကြၽန္ေတာ္ေရာက္႐ုံပဲ႐ွိေသးတယ္ ... မၾကာေသးပါဘူး"

ကုတင္ေပၚမွ အဖြားအိုျပဳံးလိုက္သည္။

မားမားစု ယာဂုပန္းကန္လုံးကိုကိုင္ေဆာင္ထားရင္းနဲ႔ အိတ္ဖြင့္ကာ ေျပာတယ္ .."သားအဖြားက ေနာက္တေန႔ေနရင္ ေဆး႐ုံဆင္းရၿပီ ... အဲ့ေန႔က တနလၤာေန႔ဆိုေတာ့ သားအတန္း႐ွိေလာက္တယ္"

စုမင္ “အမ္း"လို႔တုန္႔ျပန္လိုက္သည္။

လူနာခန္း၌ တိတ္ဆိတ္သြားၿပီး အိတ္ဖြင့္သည့္အသံေတြ႐ွိေန၏။

အဖြားကို သူမယာဂု စမတိုက္ေကြၽး‌ခင္မွာ စုမင္အေျဖမရေသာေမးခြန္းကို ေမးျမန္းလိုက္တယ္ .."ဖြားေျပာတဲ့ အဲ့ေ႐ွာင္စုကဘယ္သူလဲ?"

မားမားစုေမာ့မၾကည့္လာဘဲ .."သားဖြားဖြားက မွားမွတ္ထားတာ"

စုမင္‌မေလွ်ာ့တမ္းေမး၏ .."မွားမွတ္တယ္? ဒါဆို ဘယ္သူ႕ကိုရည္ၫႊန္းၿပီးမွားတာလဲ?"

မားမားစုယာဂုအဖုံးကိုဖြင့္လိုက္ၿပီး .."သားအဖြားမွတ္ဉာဏ္ထဲမွာ လူေတြအမ်ားႀကီး႐ွိၿပီး အခု႐ႈပ္ေထြး‌ကုန္တာ ... တစ္ခါတေလ အေမေတာင္ ဘယ္သူ႕ကိုေျပာမွန္းမသိေတာ့ဘူး"

စားပြဲကို သူမေ႐ြ႕ကာ .."ေခါင္းအုံးေလးေအာက္ခ်ေပးပါဦး"

စုမင္ေမးခြန္းမ်ားစြာ႐ွိေသးေသာ္လည္း ေနာက္ဆုံးစကားတခြန္းနဲ႔ တားဆီးခံလိုက္ရသည္။ သူေလွ်ာက္သြားၿပီ အဖြားေနာက္ေက်ာဘက္ကို ေခါင္းအုံးခံေပးလိုက္သည္။

သူမ ေ႐ွာင္စုလို႔ ဒုတိယအေခါက္ေျပာတဲ့အခ်ိန္ သူေသခ်ာသည္။

အဲ့ေ႐ွာင္စုက ခ်န္စုကိုရည္႐ြယ္တာျဖစ္ႏိုင္လား?

စုမင္ကိုယ္တိုင္ သူ႕ကေလးဘဝတုန္းကကိစၥေတြသာမက ကစားေဖာ္ကစားဖက္ေတြရဲ႕နာမည္ကအစ ထင္ထင္႐ွား႐ွားမွတ္မိသည္။ တခါတရံ သူ႕မွတ္ဉာဏ္က ပုံမွန္မဟုတ္ဘူးလို႔ေတာင္ လီဝမ္႐ွင္းေျပာတတ္သည္။

သူ႕မွတ္ဉာဏ္ထဲမွာ ခ်န္စုလို႔ေခၚတဲ့တစ္စုံတစ္ဦးမွ မ႐ွိမွန္း သူေကာင္းေကာင္းသိသည္။ ခ်န္စုဆိုတဲ့နာမည္အတြက္ ထိုနာမည္သည္ တခါမွမေပၚလာခဲ့ေပ။

ထို႔ေၾကာင့္ပဲ ခ်န္စုသည္ တကယ့္အမွန္ကဘယ္သူလဲဆိုတာကို သူအၿမဲသံသယဝင္ခဲ့သည္ပင္။

ေစာနက ထိုနာမည္ကို သူ႕အဖြားေျပာတဲ့အခ်ိန္ အလြန္စိမ္းသလိုခံစားမိၿပီး ခ်န္စုဆိုတဲ့အေတြးနဲ႔ပဲ ခ်ိတ္ဆက္မိသည္။

အကယ္၍ ထိုလူက ခ်န္စုဆိုရင္ သူနဲ႔ပတ္သတ္သည့္မွတ္ဉာဏ္႐ွိသင့္တယ္ေလ ... ဒါအေတာ္ထူးဆန္းသည္။

မားမားစုအျပဳအမူေၾကာင့္ တစ္ခုခုပုံမွန္မဟုတ္ဘူးလို႔ ခံစားမိသည္။

သူဆက္‌ေမးေနရင္ေတာင္ ေမးခြန္းအတြက္အေျဖမရႏိုင္ေလာက္တာမို႔ သူ႕အေမမ႐ွိသည့္အခ်ိန္မွ အဖြားကိုျပန္ေမးဖို႔လိုသည္။

သို႔ေသာ္ သူမထင္မွတ္ထားတာက အဖြားကိုျပဳစုေစာက္ေ႐ွာက္ဖို႔အတြက္ ခြင့္ယူၿပီးသြားၿပီျဖစ္သည္။ အခ်ိဳ႕အခ်ိန္ေတြဆို သူကေယာက်္ားေလးျဖစ္တဲ့အတြက္ အခန္းထဲကထြက္ေပးရသည္။

အမ်ိဳးသမီးအိုကေတာ့ တစ္ခ်ိန္လုံးအေရမရအဖက္မရေတြသာ ေျပာေနတတ္သည္။

ညအခ်ိန္၌ သူ႕အန္ကယ္လာလည္ေတာ့ စုမင္ဝမ္းကြဲ စုယင္လည္းစိတ္လႈပ္႐ွားတက္ႂကြစြာ လိုက္ပါလာခဲ့သည္။

ထိုဝမ္းကြဲညီမနဲ႔ သိပ္မရင္းႏွီးေသာ္လည္း ထိုဝမ္းကြဲက သူ႕ကိုအလြန္ေလးစားအားက်သူတစ္ေယာက္ျဖစ္သည္။ ‌ႏွစ္တိုင္း ထိုအတြက္နဲ႔ ေရးႀကီးခြင္က်ယ္လုပ္ေလ့႐ွိသည္။

ဤတစ္ခါ သူမ သူ႕ကိုေတြ႕ေတာ့အလြန္စိတ္လႈပ္႐ွားေနၿပီး .."အစ္ကိုဝမ္းကြဲ!"

ေနာက္ဆုံးတေခါက္က သူမ႐ုပ္႐ွင္သြားၾကည့္ေၾကာင္း မားမားစုေျပာခဲ့တာကို ျပန္သတိရသြားကာ သူမေကာင္းတဲ့ခံစားခ်က္ေတြရေနသည္။

ေသခ်ာတာေပါ့ ... စုယင္ေျပာလာ၏ .."အကိုဝမ္းကြဲ ... ႐ုပ္႐ွင္အသစ္ ညီမၾကည့္လိုက္ရတယ္ ဟီးဟီး ... ညီမအတန္းေဖာ္ေတြနဲ႔အတူတူသြားတာ ... အကိုက ညီမဝမ္းကြဲမွန္းလည္းသိေရာ သူတို႔အကုန္ေပ်ာ္သြားလိုက္ၾကတာမ်ား ... ဒါၿပီးရင္ အစ္ကိုလက္မွတ္ေလးထိုးေပးပါဦး"

႐ုတ္တရက္ သူမ၏စကားမ်ားသည္ လူနာခန္းအတြင္း႐ွိ လူတိုင္း၏အာ႐ုံကို ဖမ္းစားသြားခဲ့သည္။
စုမင္မ်က္ခြံလႈပ္သြားၿပီး သူမကိုအခန္းထဲကဆြဲထုတ္ကာ
"စုယင္ ... ငါမင္းကို လက္မွတ္ေတာ့ထိုးေပးႏိုင္ေပမယ့္ ဒီ႐ုပ္႐ွင္ေတြအေၾကာင္း မိသားစုေ႐ွ႕မွာမေျပာနဲ႔"

"အာ ... ဘာလို႔လဲ?" စုမင္နားမလည္ေပမဲ့ လက္မွတ္ကိုျပန္ေတြးမိ‌ေတာ့ အျမန္ပဲလက္ခံလိုက္သည္။
"အိုေခ အိုေခ ... ေက်းဇူးျပဳၿပီးလက္မွတ္ေလးေပးပါ"

သူမသည္ ယခုႏွစ္ အလယ္တန္းေက်ာင္း ဒုတိယႏွစ္တြင္သာ ဝင္ေရာက္ခဲ့ၿပီး 2D ကမ႓ာႏွင့္ မၾကာခဏ ဆိုသလိုပါဝင္လႈပ္႐ွားခဲ့သည္။ သူမသည္ အမ်ားမတူဘဲ လူထူးလူးဆန္းတစ္ေယာက္ျဖစ္သည္။

စုမင္က .."အရင္ကတိေပး"

စုယင္ လွပစြာဆင္ယင္ထားတဲ့မွတ္စုစာအုပ္ကို ဆြဲထုတ္ယူလိုက္ၿပီး .."ရက္စ္ ရကစ္ ...  ေသခ်ာမွတ္ထားၿပီး အန္ကယ္ေ႐ွ႕လုံးဝမေျပာဘူး ... အျမန္ လက္မွတ္ထိုးေပးေတာ့ ... ၿပီးေတာ့ ႐ိုး႐ိုး႐ွင္း႐ွင္းမွတ္ခ်က္ေလးပါ ထည့္ေပးဦး"

ဒီလိုဝမ္းကြဲ႐ွိေနေတာ့ သူမအခန္းေဖာ္ေတြအေ႐ွ႕ အလြန္ဂုဏ္ဆာမိသည္။

သူတို႔ငယ္ၾကေသာ္လည္း ေတာ္ေတာ္မ်ားမ်ားသိၾကသည္။ အခ်ိဳ႕ကိစၥကိုေတာ့ အမ်ားစုကပြင့္လင္းၾက၏။

စုမင္ သူ႕နာမည္လက္မွတ္ထိုးေပးလိုက္ၿပီး ဆုမြန္ေကာင္းအနည္းငယ္ေရးေပးလိုက္သည္။
"ငါေျပာတာ အမ်ိဳးေတြထဲမွာကိုမေျပာနဲ႔လို႔ ... အထူးသျဖင့္ အစ္ကိုမိဘေတြေ႐ွ႕မွာေပါ့"

စုယင္ ေတာက္ပေသာမ်က္ဝန္းမ်ားနဲ႔ၾကည့္ၿပီး .."ေကာင္းပါၿပီ ... စိတ္မပူနဲ႔ ... ကြၽန္မက ပါးစပ္လုံပါတယ္"

အမွန္တိုင္းေျပာရရင္ စုမင္နည္းနည္းေတာ့ စိတ္မေအးႏိုင္ေသးေပ။

ဒါေပမယ့္ သူ ဒါကိုလုပ္ႏိုင္တာ ယခုအခ်ိန္ပဲ႐ွိသည္။ တစ္သက္လုံး ဖုံးကြယ္ထားဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့အတြက္ ဒါက ယာယီအတိုင္းအတာတစ္ခုသာ ျဖစ္တယ္။  အနည္းဆုံးေတာ့ အမွန္တရား ႐ုတ္တရက္ထုတ္ေဖာ္တာထက္ ပိုေကာင္းပါတယ္။

ခ်န္စုဘယ္သူလဲဆိုတာကို အရင္႐ွာခ်င္ေသးသည္။

သူ႕နာမည္ကိုထိုးေပးၿပီးအခ်ိန္ စုယင္ကို မွတ္စုစာအုပ္ျပန္ေပးလိုက္ၿပီး ေမး၏ ..."ေ႐ွာင္စုေခၚတဲ့သူကိုသိလား?"

စုယင္တခဏေတြးေတာၿပီး .."မသိဘူး ... ေ႐ွာင္စုကဘယ္သူလဲ? ကြၽန္မတို႔မိသားစုမွာ အဲ့နာမည္မ႐ွ္ိပါဘူး"

စုမင္သယမန္ကာလွ်ံကာေမးလိုက္႐ုံသာျဖစ္ၿပီး သူမ အေျဖသိရဖို႔လည္း မေမွ်ာ္လင့္ထားေခ်။
"ကတိတည္ပါေစေနာ္"

"ဟုတ္ပါၿပီ ... ကြၽန္မမွတ္မိေနမွာပါ" စုယင္တခစ္ခစ္ရယ္ၿပီး "အို႔ ... ဟုတ္သားပဲ ... အကိုဝမ္းကြဲ ေနာက္တခါ ႐ုပ္႐ွင္႐ုံကိုဘယ္ေတာ့သြားမွာလဲ? ကြၽန္မမေစာင့္ႏိုင္ေတာ့ဘူး"

ေနာက္ဆုံးတေခါက္႐ုပ္႐ွင္ၾကည့္ၿပီးကတည္းက သူ႕ကိုဖုန္းေခၚခ်င္ေသာ္လည္း ေက်ာင္းမွာဖုန္းသုံးခြင့္မခဲ့ေပ။ ထို႔ေၾကာင့္ ေဆာင္းရာသီအားလပ္ရက္မွာပဲ သူမဝမ္းကြဲကို႐ွာဖို႔ ဆုံးျဖတ္ခဲ့သည္။

ေတြး႐ုံနဲ႔တင္ ရင္ခုန္ဖို႔ေကာင္းေနၿပီ။

စုမင္က .."မသိဘူး ... ေနာက္ဘာ႐ုပ္႐ွင္ထုတ္လႊင့္မလဲေတာင္ အကိုမသိေသးဘူး ... မင္း႐ုပ္႐ွင္ၾကည့္မယ့္အစား စာကိုေကာင္းေကာင္းအာ႐ုံစိုက္သင့္တယ္"

စုယင္ ႏႈတ္ခမ္းဆူၿပီး .."ကြၽန္မအဆင့္ေတြကမဆိုးပါဘူး ... ေနာက္ၿပီး အကို႔ဆီကေလ့လာသင္ယူခ်င္ေပမယ့္ ႐ုပ္႐ွင္ၾကည့္တာကိုေတာ့ လက္မေလွ်ာ့ႏိုင္ဘူးေလ"

စုမင္ .."……..အဲ့မွာဘာ႐ွိတာမို႔လို႔ မင္းက လက္မေလွ်ာ့ႏိုင္ရတာလဲ?"

ခုေခတ္ကေလးေတြကို သူတကယ္နားမလည္ေတာ့ေပ။ သူတို႔အေတြးေတြက တစ္ခုနဲ႔တစ္ခုခုန္ကူးေနၿပီး တစ္ခါတရံ သူ႕ထက္ေတာင္လူႀကီးဆန္ၾကေသးတယ္။

ဒါကိုၾကားေတာ့ စုယင္ သူမညာဘက္လက္ေျမႇာင့္ပင့္ၿပီး ေလးေလးနက္နက္ေျပာလာတယ္ .."ဟုတ္တာေပါ့ ... ကြၽန္မတို႔လို 'စုမင္'မိန္းကေလးေတြက ဘယ္ေတာ့မွလက္မေလွ်ာ့ဘူး!"

စုမင္ “………….”

ဝက္ဒ္ဒယ္ဟဲလ္?!

သူမေျပာအၿပီး စုယင္မွတ္စုစာအုပ္ကိုေကာက္ယူကာ လူနာခန္းထဲေျပးဝင္သြားသည္။
စုမင္တစ္ေယာက္တည္း ဆြံ႕အစြာအျပင္တြင္က်န္ရစ္ခဲ့သည္။

လူနာခန္းထဲ သူေရာက္ေတာ့ အမ်ိဳးသမီးႀကီးက သူမရဲ႕ဆန္ျပဳတ္တစ္ပန္းကန္လုံးကို စားၿပီးေနၿပီ။ သူမအသက္႐ြယ္လိုအျခားသက္ႀကီး႐ြယ္အိုမ်ားနဲ႔မတူဘဲ သူမက အာသီသပိုေကာင္းသည္။

သူ႕အန္ကယ္ေမးတယ္ .."ေ႐ွာင္မင္ေက်ာင္းခြင့္ယူထားတာလား?"

စုမင္ေခါင္းညိမ့္ကာ .."ဟုတ္ ... ႏွစ္ရက္အတြင္းကြၽန္ေတာ္ျပန္ရမယ္"

ဖုန္းကစားေနတဲ့စုယင္ကို သူ႕အန္ကယ္တစ္ခ်က္ၾကည့္လိုက္ၿပီး သူမေခါင္းကိုပုတ္ကာ .."သူကေတာ့ အကိုဆီကမသင္ယူဘဲ ဖုန္းေဆာ့ဖို႔ပဲသိတယ္"

စုမိသားစုတြင္ အထူးျခားဆုံးလူမွာ ငယ္ငယ္တည္းက အဆင့္ေတြေကာင္းၿပီး စိတ္ေကာင္း႐ွိေသာ စုမင္ျဖစ္ၿပီး ဂုဏ္သတင္းေက်ာ္ေဇာေသာတကၠသိုလ္တြင္တတ္ေရာက္ခြင့္ရခဲ့သည္။ လူတိုင္းက သူ႕အတြက္ ဂုဏ္ယူၾကတယ္။

စုယင္လွ်ာထုတ္ၿပီး သူမဂိမ္းဆက္ေဆာ့ေလသည္။

စုမင္က .."သူမက ငယ္ပါေသးတယ္ ... မစိုးရိမ္ပါနဲ႔"

သူ႕အန္ကယ္ကလည္း ေပါ့ေပါးပါးပါးေျပာတာျဖစ္၍ သူျပဳံးၿပီး အေလးနက္မထားေပ။

ေ႐ွာင္စုဘယ္သူလဲဆိုတာ သူ႕ကိုေမးခ်င္ေပမဲ့ မားမားစုက အခန္းထဲမွာ႐ွိေနေသးသည္။ သူ၏ အနာဂတ္ ႀကိဳးပမ္းမႈမ်ား ပိုခက္ခဲလာမည္ကိုစိုး၍ ယခု တစ္ခုခုကို စတင္ျခင္းကမေကာင္းေပ။

°
°
°
°

ႏွစ္ရက္ေလာက္ေနၿပီးေနာက္ အမ်ိဳးသမီးအိုႀကီးေဆး႐ုံဆင္းလာေလသည္။

သူတို႔ေမြးရပ္ေျမသို႔ စုမင္လည္းလိုက္သြားသည္။
သူ႕အဖိုးခ်န္ရစ္ခဲ့တဲ့ သူတို႔ရဲ႕ မိသားစုအိမ္ေဟာင္းပင္။  က်န္တဲ့မိသားစုေတြက အနီးနားမွာ အလုပ္မလုပ္ေတာ့ဘဲ အဘြားအိုကထြက္သြားဖို႔ ဆႏၵမ႐ွိတာေၾကာင့္ အိမ္နဲ႔ အဘြားအိုကို ျပဳစုေစာင့္ေ႐ွာက္ဖို႔ ကေလးထိန္းတစ္ဦးကို ငွားရမ္းခဲ့တယ္။

ဒီတေခါက္ကိစၥသည္ မေတာ္တဆသာျဖစ္၏။

ကံေကာင္းေထာက္မစြာ အႀကိဳဇရာေရာဂါမွလြဲ၍ အဖြားအိုသည္ နာနီကိုေခၚၿပီး လမ္းေလွ်ာက္ထြက္ရတာ ႏွစ္ၿခိဳက္သည္။ သူမအ႐ိုးမ်ားက ခိုင္ခံ့ေနေသးတာမို႔ ဒီတႀကိမ္ ဘယ္အ႐ိုးမွမက်ိဳးေပ။

အဖြားက ပန္းပြင့္ေတြသေဘာက်တာမို႔ လသာေဆာင္တြင္ပန္းပင္ေတြ႐ွ္ိေနသည္။

သူမေဆး႐ုံတတ္ေနခဲ့သလို နာနီလည္းမ႐ွိတာေၾကာင့္ ပန္းပင္ေတြကို ေရေလာင္းမယ့္သူမ႐ွိေပ။ ထို႔ေၾကာင့္ ပန္းေတြကေကာင္းမြန္တဲ့အေျခေနမွ႐ွိပုံမေပၚေပ။

မားမားစုနဲ႔အျခားသူေတြ အခန္းထဲမွာ႐ွိေနခ်ိန္ စုမင္က ဝရံတာထြက္ၿပီး ေရေလာင္းေလသည္။

သူငယ္ငယ္တုန္းက ဒီမွာေနဖူး၍ ဘယ္အပင္ ဘယ္ပန္းမဆို သူေသေသခ်ာခ်ာမွတ္မိသည္။ ဝရံတာေပၚက အိုးစိုက္အပင္အခ်ိဳ႕ေတာင္မွတ္မိ၏။

ဘာလို႔ဆို သူ႕အဘိုးစိုက္ခဲ့တာျဖစ္ၿပီး ယခုခ်ိန္ထိ အဖြားကဂ႐ုစိုက္ေနဆဲျဖစ္၍ အေစ့ေသးေသးေလးကေန အပင္ႀကီးျဖစ္လာေလၿပီ။ ေလာေလာဆယ္ေဆာင္းရာသီမွာျဖစ္တာမို႔ ပန္းမပြင့္ေသးေပ။

စုမင္မွတ္ဉာဏ္ထဲမွာေတာ့ သူတို႔ဆက္ဆံေရးအလြန္ေကာင္းမြန္ေသာ္လည္း သူငယ္ငယ္တည္းကပင္ စစ္သားအျဖစ္ပါဝင္ရတာမို႔ သူ႕အဖိုးကေနမ‌ေကာင္းျဖစ္ကာ ေစာေစာကြန္လြန္ခဲ့ရသည္။ အသုဘအခမ္းအနား‌အခ်ိန္ ေဟာခန္းမွာတုန္းက သူ႕ေဆြမ်ိဳးမိဘအားလုံး ဝမ္းနည္းငိုယိုခဲ့ၾကသည့္အခိုက္တန္႔ကို မွတ္မိေသးသည္။

မားမားစုအသံသည္ အခန္းထဲမွပ်ံ႕လြင့္လာ၏ .."စုယင္ ... ဒီမွာေလွ်ာက္မေဆာ့ေနနဲ႔ ... အျပင္မွာသြားေဆာ့ခ်ည္ ... အဖြားအိပ္ရဦးမယ္"

စုယင္က .."သမီးဒီတိုင္းေလွ်ာက္ၾကည့္ေန႐ုံပါ"

သူမ ဆင္ေျခသည္အခ်ည္းႏွီးျဖစ္ကာ မားမားစုထံမွ မဆိုင္းမတြကန္ထုတ္ခံလိုက္ရ၏။ ထို႔ေနာက္ အရပ္႐ွည္႐ွည္ ပိန္ပိန္ပါးပါးပုံစံႏွင့္ သပ္ရပ္ၿပီး ဆြဲေဆာင္မႈ႐ွိစြာထင္ေပၚေနကာ လသာေဆာင္တြင္ ရပ္ေနေသာ စုမင္ကို သူမေတြ႕လိုက္ရသည္။

ငါ့ဝမ္းကြဲက တကယ့္ကိုေခ်ာတာပဲ။

သူမအတန္းေဖာ္ေတြနဲ႔အတူ ႐ုပ္႐ွင္သြားၾကည့္ခဲ့တုန္းက သူမအတန္းေဖာ္ေတြ သူမဝမ္းကြဲကို ပထမဆုံးစေတြ႕စဥ္ နာမည္ေက်ာ္တစ္ေယာက္ထင္ခဲ့ၾကသည္။ အခ်ိဳ႕ကေတာင္ အျခားနာမည္ေက်ာ္အမ်ားစုထက္ ပိုသာသည္ဟု ေတြးခဲ့ၾကေသးသည္။

စုယင္တိတ္တဆိတ္ ဘယ္သူမွမသိေအာင္ ဓာတ္ပုံ႐ိုက္လိုက္ၿပီးေနာက္ အေစာကသူမကိုေမးခဲ့တဲ့ေမးခြန္းကိုသတိရကာ လ်င္ျမန္စြာ႐ွပ္တိုက္ေလွ်ာက္သြားသည္။

သူမလာေနတာေတြ႕ေတာ့ စုမင္ႏႈတ္ဆက္လိုက္တယ္ .."မနက္ျဖန္ေက်ာင္းသြားမွာလား?"

"အင္း ... ေက်ာင္းမသြားခ်င္ဘူး" စုယင္ညည္းညဴလိုက္တယ္။

စုမင္ဘာမွမကိုင္ထားသည့္ဘက္လက္ျဖင့္ သူမေခါင္းကိုပြတ္ေပးၿပီး ေျပာတယ္ .."မင္း အကို႔အ႐ြယ္ေရာက္လာရင္ အတန္းတက္စရာမလိုေတာ့ဘူး"

အခုမွ သူမသည္ ဂ်ဴနီယာေက်ာင္းသူျဖစ္ေနေသး၍ သူမမွာဆံပင္အမ်ားႀကီး႐ွိေတာ့ ထိပ္ေျပာင္သြားမွာ စိုးရိမ္စရာမလိုေပ။

"ေမွ်ာ္လင့္မိပါတယ္" စုယင္ သူမေျခေထာက္သူမ ကန္လိုက္ၿပီး တီးတိုးေျပာလာ၏ .."အကိုဝမ္းကြဲ ေ႐ွာင္စုဘယ္သူလဲလို႔ သြားေမးၾကည့္ေသးတယ္ ... အဖြားဘာေျပာတယ္ထင္လဲ?"

"ဘာေျပာလဲ?" စုမင္ေမးတယ္။

သူသတိလက္လြတ္ေရေလာင္းေနတာကို ရပ္တန္႔မိသည္။

"တကယ့္ေတာ့ ဖြားဖြားက ေ႐ွာင္စုဘယ္သူလဲလို႔ ကြၽန္မကိုျပန္ေမးတယ္" စုယင္လက္ခါလိုက္ၿပီး .."အကိုနားၾကားမွားတာလား? အဖြားက ေ႐ွာင္စုလို႔ေခၚတဲ့လူကိုမသိဘူး"

စုမင္တခဏတုန္႔ဆိုင္းသြားၿပီးေနာက္ ႐ွင္းျပလိုက္တယ္ .."အဖြားမွာ အႀကိဳဇရာေရာဂါ႐ွိတယ္ ... အဲ့တာေၾကာင့္ သူမေျပာခဲ့တာကိုေမ့သြားတာပုံမွန္ပါပဲ"

သို႔ေသာ္ျငားလည္း သူအနည္းငယ္ေတာ့ စိတ္ပ်က္မိသည္။

အဖြားဆီကေနအေျဖရမယ္ထင္ခဲ့ေပမဲ့ သူမေနမေကာင္းေပ။ သူမေမ့သြားခဲ့လွ်င္ ဘယ္သူမွအေျဖမသိႏိုင္ေပ။

သူ႕မိသားစုထံမွ ႐ွာေတြ႕‌လိမ့္မယ္လို႔ စုမင္ခံစားမိသည္။

စုယင္႐ႈပ္ေထြးစြာ .."ဒါဆို ဘာလို႔ေမးတာလဲ? ႐ွင္အဲ့လူကိုမသိဘဲနဲ႔ ဒါေတာင္ေနရာတကာလိုက္ေမးေနတယ္"

စုမင္က .."ဒီတိုင္းသိခ်င္႐ုံပါ"

"သိခ်င္႐ုံတင္? တကယ္ဟုတ္လို႔လား?" စုယင္ သူမလက္ေခ်ာင္းေတြ လႈပ္ခါလိုက္ၿပီး .."ကြၽန္မဘယ္သူလဲဆိုတာ ေမ့သြားၿပီလား? ႐ွင္ ကြၽန္မဆီက ကိစၥေတြကို ဝွက္ထားရဲေသးတယ္ေပါ့?"

စုမင္႐ႈပ္ေထြးသြားၿပီး .."မင္းက ဘယ္သူမို႔လဲ?"

သူမသည္ ဆို႐ွယ္လစ္ပါတီအခ်ိဳ႕၏ ေနရာကို ဆက္ခံသူ သို႔မဟုတ္ မင္းသမီး Mary Sue ျဖစ္တယ္လို႔ မေျပာနဲ႔ေနာ္။

စုယင္ သူမလက္ေမာင္းသူမပုတ္ၿပီး .."ကြၽန္မက စုမင္ဖန္ဂဲးလ္ပဲ!"

စုမင္ “……..အို႔”

သူမေျပာပုံက အလြန္အံ့အားသင့္စရာေကာင္းတဲ့အေထာက္အထားအတိုင္းပဲ။

စုယင္က အရပ္ပုတာေၾကာင့္ စုမင္ကိုေမာ့ၾကည့္ရသည္။ သူမထိုင္ခုံေ႐ြ႕လိုက္ၿပီး .."ထိုင္"

စုမင္ ေရပန္းကရားကိုခ်ၿပီး ထိုင္လိုက္သည္။
"ဘာေျပာစရာ႐ွိေသးလို႔လဲ?"

"အကိုဝမ္းကြဲ ... မစိတ္ပူပါနဲ႔" စုယင္က .."ေ႐ွာင္စုဘယ္သူလဲဆိုတာ ကြၽန္မေသခ်ာေပါက္ကူညီ႐ွာေပး‌ပါ့မယ္ ... ျဖစ္ႏိုင္သမွ်ျမန္ျမန္အသိေပးမယ္"

စုမင္တုန္႔ျပန္တယ္ .."ေကာင္းၿပီ"

မားမားစုသည္ အခန္းထဲ႐ွိ အထုပ္ပိုးေတြလုပ္ေဆာင္ေနဆဲမို႔ သဘာဝက်က် သူ႕အဖြားနဲ႔အတူ ႏွစ္ေယာက္တည္း႐ွိဖို႔မျဖစ္ႏိုင္ေပ။ စုယင္စုံစမ္းတာမွ ပိုေကာင္းဦးမယ္။

**************

Thanks all
June 10, 2022

------------------------------------------------------------

Continue Reading

You'll Also Like

I Wanna Die By Lets fantasize

Mystery / Thriller

22.8K 3K 34
Killed by betrayals and disloyalty, Lee yn was someone alive and breathing on the outside, yet dead inside. It's only after losing her last hope in l...
12.6K 1.5K 25
twice of love💓
46.7K 6K 61
"Se refiere a la belleza de corta duración de la flor de cerezo" ╰──➢ Advertencias ✧ ⁞ ❏. Omegaverse < SLOW BURN ⁞ ❏. Todoroki Bottom! ⁞ ❏. Smu...
96.1K 2.4K 33
Fatima is a young and beautiful Muslim wife, her life gets turnt upside down when her husband gets a second wife.This is due to her not being able to...