ညံနေအောင်ချစ်မည် (loving you...

Galing kay AdderAries

54.9K 4.6K 607

Completed!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021 Higit pa

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 10 (Adult Scene 🔞)
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39

Ep 18

1K 114 26
Galing kay AdderAries

"MD...ဒါက လျှောက်လဲချက်တင်တဲ့အခါ အဓိကအချက်တွေပါ၊ ကျွန်တော် မှတ်စုတိုလေးတွေရေးလာတယ်"

ကြည်လင်သူက တရားရုံးသွားရသည့်လမ်း၌ စက်နေဟိန်းဆီသို့ စာရွက်အချို့ကို ပေးလိုက်သည်။

"ကျေးဇူးပဲ၊ ဟိုဘက်က ရှေ့နေ‌တွေ ဘယ်လောက်မြိုဆို့ပြီး ငါ့ကို ကြပ်ဦးမလဲမသိဘူး"

စက်နေဟိန်းစကားကြောင့် ဒရိုင်ဘာရော ကြည်လင်သူရော ရယ်မိသွားကြသည်။

"မိန်းမယူထားခဲ့တဲ့ အကျိုးတွေပေါ့ဆရာ"

ဒရိုင်ဘာ၏ ထိထိမိမိစကားကြောင့် စက်နေဟိန်းရယ်လိုက်ရင်း....

"ငါအစတည်းက ယောက်ျားယူခဲ့ရမှာနော်၊ မင်းတို့လည်းမှတ်ထားကြ၊ ယောက်ျားပဲရွေးယူ ငါ့ကို ဥပမာယူပြီး"

"ဟား ဟား....ဒါနဲ့ ဆရာ့အမျိုးသားကို ကျွန်တော်လာတိုင်း တစ်ခါမှ မတွေ့ဘူးနော်"

"သူကအလုပ်ရှိတယ်လေ၊ ဆပ်ပြာမှုန့်လိုက်ရောင်းနေတဲ့ ဈေးသည်ကြီး"

"ဆရာ့အိမ်ထောင်တွေအကုန်လုံးက သူ့အလုပ်နဲ့သူချည်းနော်"

"ကောင်းတာပဲလေ၊ ငါသိပ်ရှာကျွေးစရာမလိုတော့ဘူး"

တရားရုံးသွားနေကြသည်သာပြောသည်။ တစ်ကားလုံးလည်း ဆူဆူညံညံ ရယ်မောနေကြသည်မှာ အပူပင်ကင်းနေကြသည့်အလားပင်။

"အဟမ်း....ဒါနဲ့ကြည်လင် တစ်နာရီနောက်ပိုင်း ဘာလုပ်စရာရှိသေးလဲ"

စက်နေဟိန်းသည် ကြည်လင်သူကိုကြည့်ကာ တမင်တကာမေးလိုက်ခြင်းပင်...ကြည်လင်သူမှာ tabletကိုကြည့်နေရင်း ဆတ်ခနဲခေါင်းမော့လာကာ....

"ဟို ... အာ မရှိပါဘူး MD"

ကြည်လင်သူလိုလူမျိုးက အလုပ်ဘယ်လောက်ချစ်တယ်ဆိုတာ စက်နေဟိန်းသိပြီးသားမို့ ပြုံးလိုက်ရင်း....

"ပြန်ရင် ကားယူသွားလေ၊ ဒီနေ့ တစ်နာရီနောက်ပိုင်း သေချာအနားယူ"

"မယူတော့ပါဘူး၊ ကျွန်တော် အိမ်မှာပဲ သေချာနားမှာပါ"

စက်နေဟိန်းက "ဟုတ်ရဲ့လား" ဆိုသည့်ပုံဖြင့် ကြည့်နေသေးတာကြောင့် ကြည်လင်သူတစ်ယောက် လည်ချောင်းတွေပင်ခြောက်လာနေသလိုလို။

"အေးပါ၊ ဒါဆိုလည်း ကောင်းကောင်းအနားယူနော်....အဟမ်း အဟမ်း"

ရယ်ချင်သည်ကိုထိန်းထားသော စက်နေဟိန်းအပြုအမူကြောင့် ကြည်လင်သူတစ်ယောက် Air-Con Carထဲထိုင်နေရင်း ဇောချွေးလေးများ ပျံနေလေပြီ။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

မနက်စာ မစားရသေးဘူးပြောသည့် သူငယ်ချင်းဖြစ်သူ ရာဇာ့ကောင်းမှုဖြင့် ဉာဏ် လက်ဖက်ရည်ဆိုင်ရောက်နေလေပြီ။

"မင်းလည်း အိမ်ကနေ မြိုဆို့လာတယ်သာပြောတယ်၊ ပေါက်စီနှစ်လုံးလည်း ဝင်သေးတာပဲနော်"

ရာဇာသည် မှာထားသော လက်ဖက်ရည်ကို သမအောင်ဇွန်းဖြင့်မွှေနေရင်းမှ ဒုတိယမြောက်ပေါက်စီတစ်လုံးစားနေသောဉာဏ့်ကိုကြည့်ကာ ပြောလိုက်၏။ ဉာဏ်ကတော့ ရယ်လျက်....

"ငါချဉ်ခြင်းတက်နေတာလေ"

"ဪ....မင်းအဘိုးကြီးက အတော်စွမ်းသကိုး၊ ကျားကျားချင်းတောင် ဖရဲသီးကျွေးပစ်လိုက်တာနော်"

"ရတာပဲလေ...."

ပလုတ်ပလောင်းစားကာပြောနေသောကြောင့် နင်နေမည်စိုးသဖြင့် ရာဇာက လက်ကာပြလိုက်သည်။

"ဖြည်းဖြည်းမြိုနော် လင်ရှိအတန်းစားလေး"

"ငါပြောမယ်၊ ငါတကယ် ကလေးလိုချင်နေတာလားမသိဘူး၊ မာမီနဲ့ ဦးစက်မာမီတို့က အငှားကိုယ်ဝန်ဆောင်ရှာထားပေးတာနည်းနည်းကြာပြီ၊ အဲ့ဒါ ငါစဉ်းစားနေတာ....."

အတည်ပေါက်ပြောနေသော ဉာဏ့်ကို ရာဇာက လက်ဖက်ရည်ခွက်ကိုင်ရင်းတန်းလန်း ကြောင်ကြည့်နေမိသည်။ ပထမက သူ့အချစ်ဆုံးသူငယ်ချင်း ယောက်ျားယူသွားသည်။ အခု ကလေးမွေးဖို့ပါ ပြောနေလေပြီ။

"ငစော....ငါ ဒီလက်ဖက်ရည်လေးကုန်အောင် သောက်ပါရစေ၊ ငါ နင်နေမှာစိုးလို့ လမ်းတစ်ဝက်မှာ"

"ငါတကယ်ပြောနေတာ"

ဉာဏ်က ရာဇာ့လက်ဖက်ရည်ခွက်ကိုဆွဲယူကာ တစ်ငုံယူသောက်လိုက်သည်။

"မင်းအဘိုးကြီးကို ပြောပြီးပြီလား"

"အေး၊ သူက သေချာစဉ်းစားတဲ့၊ သူကတော့လိုချင်ပေမယ့် ငါက သေချာစဉ်းစားရမယ်တဲ့"

"အေးလေကွာ၊ မင်းက ကလေးတစ်ယောက်မွေးရတာ လွယ်တာမှတ်လို့"

"ငါဘာလုပ်ရမလဲ"

"ငါဘယ်သိမှာတုန်းဟ၊ ငါက မင်းလိုလည်း ယောက်ျားမရှိဘူး၊ ရည်းစားတောင် မူးလို့ရှူစရာမရှိသေးဘူး"

ထိုသို့ပြောတော့ ဉာဏ်က ခုံ၌ ကျောကပ်ထိုင်လိုက်ကာ ရာဇာ့ကို ပြုံးစိစိကြည့်နေသည်။ ထိုအကြည့်ကြီးကိုလည်း ရာဇာသိနေသောကြောင့် မသိချင်ယောင်ဆောင်ကာ လက်ဖက်ရည်သောက်နေလိုက်သည်။

"အေးပေါ့၊ ရည်းစားက ဘယ်ရဦးမလဲ၊ ဟိုက အသက်မှ မပြည့်သေးတာ....ဟီးဟီး"

"မင်း မစလာနဲ့နော်...."

"ကဲ....ဆိုပါဦး၊ အခြေနေလေး"

ရာဇာသည် စိတ်ပျက်သည့်ပုံစံကြီးဖြစ်သွားကာ လက်ဘက်ရည်ခွက်ကို စိုက်ကြည့်နေရင်း.....

"ဘာပြောရမှန်းကိုမသိတာ၊ ငါ သူ့ကိုသဘောကျရင်တောင် ဖြစ်နိုင်မယ့်အခြေနေမှာမရှိပါဘူး"

"ဟမ်....တကယ်သူ့ကို သဘောကျနေပြီလား"

"သူက ချစ်စရာလေးလေ"

ရာဇာ့အပြောနှင့်လေသံကိုနားထောင်ပြီး ဉာဏ်အော်ရယ်တော့သည်။ ငယ်ငယ်တည်းကပေါင်းလာသည့် သူ့သူငယ်ချင်းအကြောင်း သူအသိဆုံးပင်။

"မင်းကကွာ ငါ့လာလှောင်နေသလိုပဲ"

"မဟုတ်ပါဘူး၊ ငါ့သူငယ်ချင်းက ငါနဲ့တူတူလာလို့ပါ....ဟား ဟား"

"သူတို့က စောက်ရမ်းချမ်းသာတာကွ....နေ့လယ်စာတစ်ခါစားရင်တောင် သိန်းချီဖြုန်းတာ၊ ငါတော့မျက်ဖြူပါလန်တယ်"

"အဲ့ဒါတွေက ခဏထားပါ၊ မင်းသူ့ကို တကယ်စိတ်ဝင်စားရင် စောင့်ကြည့်ပေါ့"

"သူက ငါ့ကိုတော့ အတော်ခင်နေသလိုပဲ"

ဉာဏ်က 'မင်းတုံးလိုက်ချည်လား'ဆိုသည့် အကြည့်များဖြင့် ရာဇာ့ကို စိုက်ကြည့်ပေးလိုက်ပြီး....

"အဲ့ဒါခင်တာမဟုတ်ဘူး၊ သူလည်း မင်းကို သဘောကျနေတာငတုံးရဲ့"

ဉာဏ့်စကားကြောင့် ရာဇာခဏငြိမ်သွားကာ အသည်းသန်စဉ်းစားနေဟန်ပင်။

"ဟုတ်တယ်နော်၊ သူ့လိုမလည်မဝယ်ပုံလေးက ငါနဲ့တစ်ခါပဲတွေ့ဖူးပြီး ငါ့နောက်လိုက်လာတယ်ဆိုတာ တော်ရုံစကေးမဟုတ်ဘူး"

"အဲ့စကေးတစ်ပေါက်ကို မမြင်တဲ့မင်းက ပိုတုံးတဲ့စကေးတွေပိုင်ထားတာလေ"

"ရပ်တော့၊ မင်းက ငါ့ကို ပြောပြနေတာထက် ဖဲ့တာများနေပြီ"

"ညီလေး လက်ဖက်ရည်ချိုဆိမ့်လေးတစ်ခွက်၊ ခွက်ကြီးသိလား....."

ဉာဏ်သည် အနားရှိ အလုပ်သမားလေးကို မှာစရာရှိတာမှာပြီးသည်နှင့် ရာဇာ့ကိုပြန်ကြည့်ကာ....

"သူနဲ့အဆက်သွယ်ရဖို့ မင်းဘာတွေလုပ်ထားလဲ"

"အာ...သူ ငါ့အကောင့်တောင်းတာနဲ့ အဲ့တုန်းက သူ့အဖေလည်းရှိနေတော့ ပေးလိုက်ရတယ်"

"အဲ့ဒါပဲလေ၊ အဲ့ဒါကိုအသုံးချစမ်းပါ"

ရာဇာက သူ့ဖုန်းကို ချက်ချင်းထုတ်ကာ Conversation boxအားဖွင့်ပြီး ဉာဏ့်မျက်နှာရှေ့သို့ တည့်တည့်ပြလိုက်သည်။ ထို chatထဲ၌ "ကိုကိုဘာလုပ်နေလဲ" ဟူသော စာတစ်ကြောင်းနှင့် သွားဖြီးကာ ရယ်ပြနေသည့် စတေကာပုံလေးတစ်ပုံ ရှိနေနှင့်ပြီးသားဖြစ်သည်။ ရာဇာ့ဘက်ကတော့ ဘာမှပြန်ပို့ထားခြင်းမရှိ။ ဤသည်ကိုဖတ်ကြည့်ပြီး ဉာဏ် နှာခေါင်းရှုံ့ပြလိုက်ကာ.....

"မင်းကလေ အတော်ကို ... ငါမပြောချင်တော့ပါဘူး"

"ထားလိုက်ပါတော့ကွာ...."

ရာဇာသည် ဖုန်းပြန်ပိတ်လိုက်ကာ သောက်လက်စ လက်ဖက်ရည်ကိုသာ အာရုံစိုက်နေလိုက်တော့သည်။ ဉာဏ်ကတော့ ရာဇာ့ကိုကြည့်ပြီး အကြံထုတ်နေသယောင်ယောင်...။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

သက္ကစက်အိမ်တော်ကြီးတွင်....

မေမေကြီးခေါ် မိုးလိပ်ပြာမယ်သည် ရှေးဟောင်းသော့တံကြီးတစ်ချောင်းကိုင်ထားကာ ခြေလှမ်းတစ်လှမ်းချင်းစီကို ကြောက်ရွံ့စရာကောင်းအောင်လျှောက်နေလျက် မြေအောက်ခန်းတစ်ခန်းစီသို့ ဦးတည်နေသည်။

မြေအောက်ခန်းဆိုသော်ငြား တခမ်းတနားရှိသည်ဟု ဆို၍ရသည်။ မိုးလိပ်ပြာမယ်သည် မာန်ပါသော လက်တစ်စုံဖြင့် သော့ခလောက်အား ဖွင့်ပြီးလျှင် အခန်းတံခါးဖွင့်ကာ အထဲသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။

သူ့ကိုကျောပေးကာထိုင်နေသော ကျောပြင်တစ်စုံရှိသည်။

"နွယ်နန်းဧကရီ...."

မိုးလိပ်ပြာမယ်သည် တင်းမာ၍ ဒေါသသံစွက်နေသော လေသံဖြင့် နာမည်တစ်ခုကို အော်ပြောလိုက်သည်။ သို့မှ ထိုကျောပြင်အစုံသည် သူ့ဘက်သို့ မျက်နှာချင်းဆိုင် လှည့်ကြည့်လာတော့၏။

"ငါ အစတည်းက အတန်တန်သတိပေးတယ်၊ နင်မပါချင်ရင်လည်း ငါတို့ကို မဖျက်စီးနဲ့ဆိုတာ၊ နင်စထားခဲ့တဲ့ နီလာသိမ်းစံကိစ္စကို ငါတို့ကအခုတာဝန်ယူနေရတယ်"

နွယ်နန်းဧကရီဆိုသည့် သူ(မ)က မိုးလိပ်ပြာမယ်ကို အပြုံးတစ်ခုပေးသည်။ နွယ်နန်းဧကရီသည် ပိုးဖဲအနီရောင်ရှမ်းရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်။

"ငါမပါဘဲနေခဲ့ပါတယ်၊ နင်တို့လုပ်ရပ်တွေက ဘယ်လောက်အောက်တန်းကျနေပြီလဲဆိုတာ စဉ်းစားမိလား မမကြီး၊ ကိုယ့်သွေသားရင်းကို ပြန်သတ်တဲ့အထဲမှာ ငါမပါဘူး၊ ငါက ယုတ်မာရိုင်းစိုင်းမှုတွေ လုပ်ခဲ့ကောင်း လုပ်ခဲ့လိမ့်မယ်၊ ငါ့ဝမ်းနဲ့လွယ်ထားတဲ့ ငါ့သမီးကို ပြန်သတ်မယ့်အထဲ ငါမပါဘူးဟဲ့"

"နင်အစတည်းက သိနေခဲ့တာ နွယ်နန်းဧကရီ.….နင် နင်က သေသင့်တာ"

မိုးလိပ်ပြာမယ်သည် ဒေါသအရှိန်ကြောင့် အသားများတဆတ်ဆတ်တုန်လာနေသည်။ နွယ်နန်းဧကရီအား စားမတတ်ဝါးမတတ် သတ်ပစ်မတတ်ကြည့်နေသော်လည်း သူရပ်နေဆဲအတိုင်း တစ်ဖဝါးမှ မရွေ့ပါ။ ဤအခြင်းအရာကို နွယ်နန်းဧကရီကြည့်လိုက်ကာ မျက်ရည်များဝဲလာခဲ့သည်။

"မမကြီး၊ ငါတို့အသက်တွေက သေမယ်ဆို သေလို့ရတဲ့အရွယ်တွေ ဖြစ်နေပါပြီ၊ ငါတို့မြေးတောင် ငါတို့မျက်စိရှေ့တင်အရွယ်ရောက်သွားခဲ့တာမလား၊ ငါတို့အမျိုးနွယ်ရဲ့ ပထမဆုံး ရဲရင့်ခဲ့တဲ့အမျိုးသမီး ဒေဝီထိပ်ထားစံရဲ့ သဘောအတိုင်း ငါတို့ကောင်းမှုပြုရအောင်"

မိုးလိပ်ပြာမယ်သည် သူ(မ)မိသားစုကို အင်မတန်မှ ချစ်မြတ်နိုးမှန်း နွယ်နန်းဧကရီသိသည်။ သူတို့သည် အဆုံးသတ်ရတော့မည့် အသက်ရွယ်တွေကိုလည်း ရောက်နှင့်နေပြီးဖြစ်ကာ ဝဋ်ကြွေးရှိပါက ဒီဘဝ၌ပင် အဆုံးသတ်ပြီးသွားချင်သည်။

သူတို့ ညီအစ်မသုံးယောက်သည် အောက်တန်းကျသည့်အပြုအမူများ လုပ်ခဲ့လိမ့်မည်။ သို့သော် အသိတရားရသေးတာ သူ(မ)တစ်ယောက်ပင်ရှိသေးသည်။ ထို့ကြောင့်လည်း မြေ
ဖြစ်သူ စက်နေဟိန်း အိမ်တော်မှ ထွက်သွားတည်းက မြေအောက်ခန်း၌ အပိတ်ခံထားရတာဖြစ်သည်။

ရာဇသက္ကရာဇ်၏ ဝိညာဉ်သည် မလွတ်မြောက်သေးသလို သူ၏အာဏာစက်သည်ပြင်းသည့်အတွက် သူတို့ညီအစ်မသုံးဦးလည်း မလွန်ဆန်နိုင်ခဲ့ချေ။ ရှေးကသူတွေ ပြုမူခဲ့သည့်အတိုင်း လိုက်နာခဲ့ရသည်။ ရာဇသက္ကရာဇ်က သူ(မ)ကို ‌ရွေးချယ်ခဲ့သည့်အတွက် ပွဲလမ်းသဘင်တစ်ခုပြုလုပ်ခဲ့ရသည်။ ထိုပွဲလမ်းသဘင်၌ မိမိနှင့်သိသော အမျိုးအဆွေ သို့မဟုတ် မိတ်ဆွေများကို ဖိတ်ကာ ပျော်ပွဲရွှင်ပွဲကဲ့သို့ ကျင်းပခြင်းပင်။

ထိုအချိန်တပြေးတည်း၌ ‌ရာဇသက္ကရာဇ်၏ ဝိညာဉ်ကို တစ်စုံတစ်ယောက်ထံ ပေးဝင်ရန် အောက်လမ်းအတတ်များစီရင်ရသည်။ သူရွေးချယ်သော ကိုယ်ခန္ဓာနှင့် တစ်ညတာကုန်ဆုံးရမည်ဖြစ်ပြီး ရင်သွေးလွယ်ရမည်။ သို့သော် ဒေဝီထိပ်ထားစံ၏ ကျိန်စာသည်လည်း ပြင်းလွန်းသောကြောင့် ထိုပွဲစီစဉ်တိုင်း ‌သားယောက်ျားမဖွား၊ သမီးမိန်းကလေးသာ အမြဲရသည်။

ဤအောက်တန်းကျ၍ လူမဆန်သော အခြင်းအရာကို နွယ်နန်းဧကရီလက်ခံခဲ့သည်။ သို့သော် သူ(မ)ကိုယ်ဝန်လွယ်ထားစဉ်၌ ဒေဝီထိပ်ထားစံနှင့်တွေ့ခွင့်ရခဲ့ကာ နီလာသိမ်းစံကို လက်ခံခဲ့သည်။ နီလာသိမ်းစံသည် ဤအိမ်တော်၏ မကောင်းမှုများကို ချုပ်ငြိမ်းပေးမည့် မျိုးဆက်ဟုပြောကာ နွယ်နန်းဧကရီအား ရအောင်ကာကွယ်ရန် တောင်းဆိုခဲ့သည်။

ထိုသို့ဖြင့် နီလာသိမ်းစံအား မိမိဝမ်းမှမွေးလိုက်ရသော်လည်း မေမေကြီးနှင့် မေမေလတ်တို့မှာ မကျေနပ်။ သမီးပင်ဖြစ်နေသောကြောင့် သတ်ပစ်ရန် ကြိုးစားခဲ့ကြသေးသည်။ သို့သော် နွယ်နန်းဧကရီသည် ညီအစ်မများထဲ အငယ်ဆုံးဖြစ်သောကြောင့် မရရအောင် ဖျောင်းဖျကာ ရအောင်မွေးခဲ့သည်။ သဘောတူညီမှုကတော့ နီလာသိမ်းစံသိတတ်စအရွယ်ရောက်လျှင် မိမိတို့က သူနှင့် ညီအစ်မတော်ကြောင်းသာ အသိပေးရမည်ဟူ၍ပင်။

"ငါတို့မြေးဦး သားလေးကိုလည်း ဒုက္ခမပေးပါနဲ့တော့၊ သူ့ဘဝနဲ့သူနေပါစေ မမကြီး"

"သူ့အရှင်ကို ရအောင်ယူပြီး ငါတို့အဘေးကို ပြန်ခေါ်ရမယ်၊ ငါဆုံးဖြတ်ထားတာမို့ ငါရအောင်လုပ်မယ်"

"ဒါဆို နင်ဘာလို့ ငါ့ကိုလာတွေ့နေသေးလဲ၊ ဒီနေရာမှာပဲသေအောင်ပစ်ထားလိုက်လေ၊ ငါ့ကို တခမ်းတနားထားပေးစရာမလိုဘူး၊ ငါ့သမီးကို သမီးလို့မခေါ်ရတဲ့ဘဝ၊ ငါ့မြေးတောင် ငါမကြင်ရတဲ့ဘဝမှာ ငါ့ကို အရှင်မထားနဲ့ မိုးလိပ်ပြာမယ်"

မိုးလိပ်ပြာမယ်သည် ဘာမှမပြောတော့ဘဲ နွယ်နန်းဧကရီကို ထားရစ်ခဲ့ကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။ သူသည် အကြင်နာတရားမဲ့နေသည်တော့ မဟုတ်ပါလေ။ သူ့ညီမဖြစ်သူကို သူချစ်ပါသည်။ သို့သော် သူ့တွင်စွဲကပ်နေသော ပယောဂကို မပထုတ်နိုင်သေးချေ....။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

'ကိုယ် တိုက်အောက်ရောက်နေပြီ' ဆိုလို့ ကြည်လင်သူမှာ ကြောင်စာကမန်းကတန်းကျွေးပြီး ‌အောက်ဆင်းလာခဲ့သည်။

"ဦးနေလင်းထက်...."

အနားသို့ရောက်လာသည့် အကြည်ဓာတ်လေးက သူ့အားနာမည်ခေါ်ကာ ခေါင်းငုံ့ပြီးပါ နှုတ်ဆက်နေသောကြောင့် သူတို့က အလုပ်ကိစ္စအရတွေ့နေတာမဟုတ်မှန်း သတိပေးရပေဦးမည်။

"ကိုယ်တို့က dateလုပ်နေတာနော်၊ စာချုပ်ချုပ်မှာမဟုတ်ဘူးလေ"

ထိုသို့ပြောတော့ အကြည်ဓာတ်လေးကပြုံးသည်။ ထို့နောက် ခေါင်းလေးကုပ်ရင်း....

"နည်းနည်းအကျင့်ပါနေလို့ပါခင်ဗျ"

နေလင်းထက်သည် ကြည်လင်သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်မိသည်။ အကြည်ဓာတ်လေးက အင်္ကျီအဖြူရောင်နှင့် အသားရောင်ဘောင်းဘီအရှည်ဖြင့် အင်မတန်ကြည့်ကောင်းနေတာဖြစ်သည်။ သူလူရွေးမှန်လိုက်တာဟု တွေးမိရင်း မျက်နှာကြီးက ပြုံးစိစိဖြစ်လာနေလေပြီ။ သူ့ကိုကြည့်နေသော ကြည်လင်သူမှာ ဦးနေလင်းထက်က ဘာလို့ ပြုံးဖြီးဖြီးဖြစ်နေရသလဲဟု တွေးနေလေပြီ။

"ကိုယ်ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်ကိုခေါ်သွားမယ်၊ လာ....တက်"

နေလင်းထက်က ကားတံခါးဖွင့်ပေးကာ ကြည်လင်သူကို အရင်ဝင်ထိုင်စေသည်။ ပြီးမှ သူက မောင်းသူနေရာကိုယူသည်။ ဤသည်က ကြည်လင်သူ့စိတ်ထဲ တဒိန်းဒိန်းဖြစ်လာစေပါသည်။ ဘာဖြစ်နေမှန်းတော့မသိသော်ငြား တစ်ခုခုကတော့ဖြစ်နေပါသည်။

"ဒီနေ့ အရမ်းပင်ပန်းလာမှာပေါ့နော်"

နေလင်းထက်က ကားမောင်းရင်း ကြည်လင်သူကို ဖျတ်ခနဲလှည့်ကြည့်ကာ စကားစမိသည်။

"ကားကို ဂရုစိုက်မောင်းပါခင်ဗျ၊ ကားမောင်းရင်း စကားပြောတာ နည်းနည်း အန္တရာယ်များတယ်"

နေလင်းထက်ခမျာ စတီယာရင်ကြီးကိုင်ထားရင်း ရယ်ရမလို ငိုရမလိုတွေဖြစ်ကုန်သည်။ မဟုတ်သေးပါဘူး၊ သူ့အကြည်ဓာတ်လေးက ဟို လူပြိုကြီးထက် တိကျနေတာလား။ ရုပ်ရှင်တွေထဲကလို ကားလေးမောင်းရင်း ရွှတ်နောက်နောက်လေးတွေပြောကာ အရွှန်းဖောက်မည်ဟုတွေးထားသော ဒေါက်တာနေလင်းထက်ကတော့ ဝစီပိတ်ကျင့်ပြီး ကားမောင်းရတော့မည့်သဘောမှာရှိသည်။

"ကျွန်တော်က စိတ်ပူတတ်လို့ပါ....ဟို တစ်မျိုးမထင်ပါနဲ့ခင်ဗျ"

နေလင်းထက်ကြီး ငြိမ်သွားသောကြောင့် ကြည်လင်သူက အထင်တွေလွှဲကုန်သည်။

"အာ....မထင်ပါဘူး၊ ကိုယ့်ကို အဲ့လိုပြောတဲ့သူက ကြည်လင်ပထမဆုံးမို့ နည်းနည်းကြောင်သွားတာ....ဟား ဟား၊ တစ်ခါတလေ ဆေးရုံက nurseတွေနဲ့ အတူပြန်လေ့ရှိတယ်လေ၊ အဲ့အချိန်ကျ စကားတွေ တွတ်ထိုးများတတ်တာက အကျင့်ပါနေတာ ဟဲဟဲ"

"ဦးနေလင်းထက်က အတော်ဆက်ဆံရေးကောင်းမယ့်ပုံပဲနော်၊ စကားပြောရင် ရယ်ပြုံးနေတာပဲ"

နေလင်းထက်စိတ်ထဲ တစ်မှတ်တော့ရပြီဟုတွေးကာ ပို၍တောင် ပြုံးဖြီးလာသေးသည်။

"ကြည်လင်နဲ့တွေ့နေရတာလည်းပါတာပေါ့လေ"

တစ်ဖက်ထိုင်ခုံ၌ ထိုင်နေသော ကြည်လင်သူမှာ လူကောင်ထွားသော်လည်း မသိလျှင် ထောင့်လေးကပ်ကာ 'ဘာလို့လဲဗျ' ဆိုသည့်ပုံလေးဖြင့် နေလင်းထက်ကို ခေါင်းစောင်းကာ စိုက်ကြည့်နေသည်။

"ကြည်လင်တစ်ခါမှ date မလုပ်ဖူးဘူးလား"

ထိုမေးခွန်းကို တန်းမဖြေသေးသော ကြည်လင်က အသေအချာ စဉ်းစားနေသယောင်ယောင်.....။

"မလုပ်ဖူးဘူးခင်ဗျ၊ dateဆိုလို့ MDက ဘယ်ကိုလာခဲ့ ဘယ်အချိန်တွေ့ရမယ် အဲ့လိုတွေပဲရှိတာ၊ ဒီလို မဟုတ်ဘူး"

"ဒါဆို ကိုယ်တို့အခု Dateလုပ်နေတဲ့ သဘောကို ကြည်လင်သိတယ်ပေါ့နော်"

မသိဘူး၊ အောင့်မထားတော့ဘူး၊ ဒီစကားကို ညစာစားရင်းပြောမယ်တွေးထားသော်လည်း နေလင်းထက်၏ ပါးစပ်သွက်မှုကြောင့် လွှတ်ခနဲ ထွက်သွားချေပြီ။

"ဟုတ်ကဲ့ သိပါတယ်၊ မိတ်ဆွေတွေသိကျွမ်းသွားရင် လုပ်နေကြပဲလေ"

တကယ်တမ်း ထိုသို့ဟုတ်မနေမှန်း ကြည်လင်သူသိပါသည်။ သို့သော် အတည့်ပြောလျှင် မကောင်းတတ်၍ သွယ်ဝိုက်ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် နေလင်းထက်မျက်နှာကတော့ အမြှောက်နှင့်အပစ်ခံလိုက်ရသည့်အလား အနေအထားတွေပြောင်းကုန်သည်။ သူထင်နေတာ ကြည်လင်က အတော်ကို ရိုးတာပဲဟူ၍ပင်။ ဒီပုံစံဆို သူကချည်း အစစ အရာရာ ဦးဆောင်‌ရတော့မည်။ ဘယ်တတ်နိုင်မလဲ၊ သမိုင်းပေးတာဝန်ပဲပေါ့....ဟင်း။
.
.
.
.
.
.
နေလင်းထက်ခေါ်လာသော နေရာသည် ကုန်းမြင့်မြင့်လေးပေါ်တွင်ရှိသော ကော်ဖီဆိုင်လေးဖြစ်သည်။ ကိုရီးယားစတိုင်ပြင်ဆင်ထားကာ ကော်ဖီစပ်သူအမျိုးသားမှာ နေလင်းထက်နှင့် အတော်ရင်းနှီးနေဟန်ပင်။

"မင်္ဂလာပါ၊ မတွေ့ရတာကြာပြီ ဧည့်သည်ကြီး"

"ဆေးရုံမှာ Dutyဆက်နေတာနဲ့ ကိုယ့်ဖင်တောင် ကိုယ်နဲ့ကပ်နေသေးလား ပြန်စမ်းရတဲ့အထိပဲ၊ မထိုင်ရဘူးလေ"

နေလင်းထက်စကားကြောင့် ကြည်လင်သူရော ကော်ဖီစပ်သူရော ရယ်ကုန်ကြသည်။

"ဒီဘက်က...."

"အာ...အဟဲ ဆိုင်လေးကောင်းကြောင်း လိုက်ပြရင်း Dateလေးတဖြတ်ပေါ့"

ကော်ဖီစပ်သူက ကြည်လင်သူ့ကို ပြုံးစိစိဖြင့်ကြည့်နေပြီး....

"အချိန်ကောင်းလေးပိုင်ဆိုင်နိုင်ပါစေ"

ကြည်လင်သူလည်း ခေါင်းညိမ့်ပြကာ ရှက်ကိုးရှက်ကန်းတွေ ဖြစ်ကုန်သည်။ ဦးနေလင်းထက်တစ်ယောက်နဲ့လည်း မလွယ်ပါ။ ပါးစပ်ကလည်း ရှယ်မြန်၊ လူကလည်း ဖြတ်လတ်နေတာအမှန်။

Latte နှစ်ခွက်မှာယူကာ အလင်းရောင်ကောင်းကောင်းရသည့် နေရာလေးကို ရွေးပြီး ထိုင်ဖြစ်ကြသည်။

"ဒီဆိုင်လေးက ချောင်ထဲရောက်နေလို့ လူသိပ်မများတာလား မသိဘူးနော်"

ကြည်လင်သူက ဟိုကြည့်သည်ကြည့်ဖြင့်လုပ်နေရင်း သူ့ထင်မြင်ချက်ကို စပြောလိုက်သည်။

"မဟုတ်ဘူး၊ ညနေပိုင်းမှ လူပိုစည်လာတာ၊ ဒီအချိန်က လူအရှင်းဆုံးအချိန်ပဲ"

"အာ....အဲ့လိုကိုး၊ ဆိုင်အနေအထားလေးက မဆိုးဘူး၊ အတော် Hygieneဖြစ်တယ်ပြောလို့ရတယ်၊ နောက်ပြီး locationကို သဘောကျတယ်၊ ကုန်းမြင့်လေးပေါ်ဆိုတော့ ဒီလိုနေရာလေးက မြို့အနေထားနဲ့ဆို အတော်ရှာရခက်တယ်လေ၊ လူတော့များအောင် ကြော်ငြာအားကောင်းခဲ့ရမှာပဲ၊ အစောကပြောသလို ချောင်ကျနေတော့....."

ကြည်လင်သူတစ်ယောက် ပြောချင်တာတွေပြောနေပြီးမှ နေလင်းထက်ကို သေချာကြည့်မိသည်။ သူ့ကိုပြုံးပြီးကြည့်နေတာများ ကျောက်ရုပ်ကြီးအလားပင်။

"ဟို...ကျွန်တော်က နည်းနည်း စိတ်အနှောင့်ယှက်ဖြစ်သွားလားခင်ဗျ၊ နေရာတစ်ခုသွားရင် အဲ့လိုသုံးသပ်ရတာတွေက ကျွန်တော့်ဆီမှာ အကျင့်ပါနေလို့ပါ"

"မဖြစ်ပါဘူးနော်၊ ကြည်လင့်ကြည့်ရတာ ပျော်နေသလိုပေါက်နေလို့ ကိုယ်ကစိတ်ချမ်းသာနေတာပါ"

"ကော်ဖီဝယ်တိုက်တာ ကျေးဇူးတင်ပါတယ်နော်၊ အားလပ်ရက်မှာ ကော်ဖီတစ်နေကုန်သောက်နေကြမို့ ဒါက ဒီနေ့ရဲ့ ပထမဆုံး ကော်ဖီပါ"

"ဒါဖြင့် ကိုယ်ကံကောင်းတာပဲ၊ ပထမဆုံး ကော်ဖီတစ်ခွက်ကို ကြည်လင်နဲ့အတူ သောက်ရလို့လေ….ဟီးဟီး"

လာပြန်ပြီ....ထို 'ဟီးဟီး'။ ထိုသို့လုပ်နေချိန်၌ နေလင်းထက်ပုံစံသည် အရမ်းငယ်သွားသလို ခံစားရပြီး လူငယ်ဆန်သည်ဟု ကြည်လင်သူမြင်မိသောကြောင့် ဟက်ခနဲ ရယ်မိသွားသည်။

"ဆောရီး...ဦးနေလင်းထက်ပုံစံက တစ်ခါတလေ ကလေးလိုပဲနော်"

"ကိုယ့်ဆီအကြည်ဓာတ်တွေစုနေတော့ ကလေးလိုပြန်ဖြစ်သွားတာပါ"

"အဲ့လိုကိုး..."

"အင်း...ကိုယ့်အကြည်ဓာတ်က ကြည်လင်လေ"

"ဟမ် ... ကျွန်တော်လား"

ကြည်လင်သူသည် ရုတ်တရက်မို့ ကြောင်အန်းအန်းလည်းဖြစ် လန့်လည်းသွားကာ သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးပြရင်း မေးမိသည်။ နေလင်းထက်ကတော့ တစ်ချိန်လုံးသွားဖြီးနေပြီး ခေါင်းညိမ့်ပြကာ.....

"ဟုတ်တာပေါ့၊ ကြည်လင့်ကို စတွေ့တဲ့နေ့တည်းက အကြည်ဓာတ်ရသွားတာပါပဲ၊ ကိုယ့်ဖုန်းထဲတောင် အကြည်ဓာတ်လေးလို့ ပေးထားတာ"

ကြည်လင်သူ့နားရွက်နှင့်ပါးတွေ ရဲတက်လာနေသည်ကို နေလင်းထက်သတိထားမိပါသည်။ ဘယ်လိုကြည့်ကြည့်ကို ကြည်ရှင်းနေသည်မို့ အခုလိုလေးကျတော့လည်း ချစ်ဖို့ကောင်းနေသည်။

Flirtခံလေးကြည်လင်သူမှာ ယခုမှကျောင်းစတတ်ရသည့် မူကြိုကလေးများလို ကကြီး ခခွေးသာသိသည်....ဘယ်လိုရေးရမယ်မှန်းမသိ။ အချစ်ကိုသာ ကြားဖူးတာ၊ သူများနဲ့ ဘယ်လိုချစ်ရမှန်းမသိသည့် ကလေးကြီးဖြစ်နေသော ကြည်လင်သူသည် သူ့အရှေ့က လူပျိုကြီးလောက်တောင် ပါးစပ်ကမသွက်။ ကြည်လင်သူ့ကြည့်ရတာ လက်ကလှုပ်မှ လှုပ်မည့် ပလုတ်တုတ်လေးလိုပင်။

"တစ်ခုခုပြန်ပြောပါဦး၊ ကိုယ်တစ်ယောက်တည်း စကားပြောနေရသလိုပဲ"

"ဟို....ဦးနေလင်းထက်က အသက်ဘယ်လောက်ရှိနေပြီလဲ"

"ကိုယ်က ၄၅ထဲ ဝင်နေပါပြီ၊ ဘာလဲ အရမ်းအိုနေပြီလို့ထင်နေတာလား"

"ပြောင်းပြန်ပါ၊ ဦးနေလင်းထက်က ကျွန်တော့်ထက်ကို သွက်လက်ပါတယ်ခင်ဗျာ"

"ဟား ဟား ကျေနပ်သွားပါပြီ၊ ကြည်လင်က အနည်းဆုံး ၂၅လောက်ပေါ့"

"ဟင်....မှန်တယ်ဗျ၊ ကျွန်တော်က ၂၅ထဲရောက်နေပြီ"

စကားဝိုင်းလေးသည် အခြေနေသွက်လာသည်ဟု နေလင်းထက်ခံစားမိသည်။ ထို့ကြောင့် သူ့ဘက်ကလည်း သွက်စရာရှိတာ သွက်ရတော့မည်။

"ကြည်လင်က ဘယ်လိုလူမျိုးကို စိတ်ဝင်စားလဲဆိုတာ ကိုယ်သိချင်တယ်"

ကော်ဖီလေးတစ်ငုံသောက်ရုံရှိသေး နေလင်းထက်စကားကြောင့် ကြည်လင်သူတစ်ယောက် နေရပြန်ခက်ပြန်ပြီ။

"ဟို ဘယ်လိုမျိုးလဲ၊ ဟို ဟာ....မိတ်ဆွေအနေနဲ့လား လက်တွဲဖော်အနေနဲ့လား"

"ကိုယ်ကမေးနေမှတော့ လက်တွဲဖော်ပေါ့ ကြည်လင်ရယ်"

"ဪ....ဟား ဟား...."

ကြည်လင်သူတစ်ယောက် ပြောစရာစကားတွေမဲ့ကုန်လေပြီ။

"ကျွန်တော်က တစ်သီးတစ်သန့်နေတဲ့ ပုံစံမျိုးပါ၊ နည်းနည်းကြီးကျယ်တယ်ထင်ရပေမယ့် အဲ့လိုလုံးဝမဟုတ်ပါဘူးဗျ၊ ကျွန်တော်ငယ်ငယ်တည်းကကို အခုလိုပုံစံပဲ နေတတ်ခဲ့လို့ပါ၊ ဟို....အဲ့လိုဆိုတော့ ကျွန်တော်ကလေ ကျွန်တော့်ကို နားလည်တဲ့သူမျိုးကို သဘောကျပါတယ်၊ အရမ်းကြီးနားလည်ပေးစရာမလိုပါဘူး၊ ကျွန်တော်ကအလုပ်ချစ်တဲ့သူဆိုတော့ အလုပ်အတွက်အချိန်ပိုပေးမိရင် နားလည်ဖို့ရယ်၊ တသီးတသန့်နေချင်တဲ့အချိန် နားလည်ပေးဖို့ရယ်ပါ"

နေလင်းထက်သည် ကြည်လင်သူ့ကို လေးလေးနက်နက်ကြည့်နေမိသည်။ မပြုံး၊ မရယ်၊ ပြောင်ချော်ချော်မလုပ်၊ တစ်ဖက်သူ၏ စကားကို ကောင်းစွာသဘောပေါက်သည့်အတိုင်း ကြည့်နေမိသည်။ ဤသည်ကိုလည်း ကြည်လင်သူ သဘောကျမိပါ၏။ လူတစ်ဦးနဲ့တစ်ဦးက အချိန်အခါအလိုက် လေးစားသမှုရှိရမည်မဟုတ်လား။ ဒေါက်တာနေလင်းထက်က လူကြီးလူကောင်းလည်း ဆန်တတ်ပါသေးသည်။

"ကိုယ်လည်း အလုပ်များတယ်၊ ကိုယ်လည်း အလုပ်ကို အတော်ချစ်တယ်ပြောလို့ရတယ်၊ နောက် ကိုယ်က အားတဲ့အချိန်တွေဆို ချစ်တဲ့သူတွေနဲ့ အချိန်ဖြုန်းချင်တာ၊ လောလောဆယ်တော့ ကိုယ့်အမေပဲရှိတော့တယ်၊ သူနဲ့ပဲ အချိန်ဖြုန်းဖြစ်တာပေါ့"

"အာ....ကျွန်တော့်မှာတော့ အမေလည်းမရှိသလို အဖေလည်းမရှိပါဘူး၊ ငယ်ငယ်တည်းက မွေးစားမိဘတွေနဲ့ အတူနေခဲ့တာပါ၊ ဒါပေမယ့် သူတို့က ကျွန်တော့်မိဘရင်းတွေပါပဲ၊ သူတို့မှာလည်း သားတစ်ယောက်ရှိတယ်၊ ကျွန်တော်နဲ့က အဆင်မပြေဖြစ်တတ်လို့ အခု အလုပ်သေချာရချိန် အိမ်ခွဲခဲ့တာပါ၊ ဒါကြောင့် ကျွန်တော့်ပုံစံက နည်းနည်း သီးသန့်ဆန်နေသလိုဖြစ်နေတာ....."

သည်လောက်ဆို နေလင်းထက်သဘောပေါက်ပါပြီ။

"ကြည်လင်က သိပ်တော်တာပဲနော်"

ရုတ်တရက်ကြီးအချီးကျူးခံလိုက်ရသောကြောင့် ကြည်လင်သူ့ မျက်လုံးလေးများက အရောင်လက်ခနဲဖြစ်သွားရသည်။

"အခုလို သူများကအားကျရပြီး မရှိမဖြစ်အားကိုးရတဲ့သူတစ်ယောက်ဖြစ်နေပုံထောက်ရင် ကြည်လင်က အခြေစနစ်ကောင်းခဲ့ပုံပဲ၊ ဒါကြောင့် တော်တယ်လို့ပြောတာပါ"

ကြည်လင်သူ ပြုံးလိုက်မိသည်။ နေလင်းထက်သည် ချောင်းတစ်ချက်ဟန့်ကာ လက်နှစ်ဖက်လုံးကို စားပွဲပေါ်သို့တင်ပြီး ဆန့်ထုတ်လိုက်လျက်....

"ဒီလောက်ဆို ကိုယ်က ကြည်လင့် လက်တွဲဖော် လုပ်လို့ရပြီလား"

"ခင်ဗျာ.…"

"ကိုယ်တို့တွဲကြည့်ကြမယ်လေ၊ တွဲနေစဉ်အတွင်း ကြည်လင်က ကိုယ့်ကို သဘောမကျတာမျိုးရှိလာရင် ပွင့်ပွင့်လင်းလင်းပြောကြတာပေါ့"

နေလင်းထက်က ကြည်လင်သူ့ကို စိုက်ကြည့်နေသော်ငြား ကြည်လင်သူ့မျက်လုံးများကတော့ အငြိမ်မနေနိုင်တော့။ စိတ်တွေလှုပ်ရှားသွားပြီး ကော်ဖီခွက်ပဲ ကိုင်ထားရမလိုလို၊ သူ့အရှေ့ရောက်နေသော နေလင်းထက်လက်ပဲ ကိုင်လိုက်ရမလိုလိုတွေ ဖြစ်ကုန်သည်။ သူထင်ထားတာက သူ့ဘက်ကနေပြီး ကောင်မလေးတစ်ယောက်ယောက်ကို ဒီလိုစကားမျိုးစပြောရမယ်ထင်ခဲ့တာ....အခုအခြေနေ၌ သူက သူများပြောတာကို ခံလိုက်ရသည်။

"ကြည်လင် ကိုယ့်ကို သဘောမကျလို့လား၊ ဒါမှမဟုတ် ဒီလိုမျိုးကို မကြိုက်တာလား"

အဖြေကြာနေသောကြောင့် နေလင်းထက်ဘက်မှ စိတ်လှုပ်ရှားစွာဖြင့် စကားထပ်ပြောလာတော့သည်။ ကြည်လင်သူသည် ခေါင်းအတင်းခါလိုက်ရင်း....

"မဟုတ်ပါဘူးခင်ဗျ၊ ဟို ကျွန်တော် စဉ်းစားရခက်သွားလို့ပါ"

"ကိုယ်က အဖြေတောင်းတာလည်းမဟုတ်ဘူး၊ ချစ်တယ်လည်းပြောခိုင်းတာမဟုတ်ဘူး၊ တွဲကြည့်ကြရအောင်လို့ပြောတာပါ၊ မခက်ပါဘူး ကြည်လင်ရဲ့"

နေလင်းထက်၏ ရွှတ်နောက်နောက်လေသံက ထွက်လာသည်။ ကြည်လင်သူသည် ဤတစ်ကြိမ်တော့ နေလင်းထက်မျက်နှာကို သေချာစိုက်ကြည့်လာသည်။

နေလင်းထက်ကို အပြင်လူတစ်ယောက်အနေဖြင့်ကြည့်ရလျှင် သူ့အသက်ရွယ်နှင့် နုသည်ဟု ပြော၍ရပြီး ကြည့်ကောင်းသောသွင်ပြင်ရှိသည်။ ရုပ်ရည်ပိုင်းဆိုင်ရာကတော့ ပြောစရာမလို။ သို့သော် တွဲကြည့်သည်ဆိုရာ၌ ရုပ်နှင့်တွဲလျှင်အဆင်မပြေနိုင်၊ စိတ်ပိုင်းဆိုင်ရာတွဲရမည်ဖြစ်၍ ကြည်လင်သူတွေဝေသွားခြင်းဖြစ်သည်။ နောက်ပြီး သူ့မှာက အတွေ့ကြုံကရှိတာမဟုတ်....သို့သော် နေလင်းထက်နှင့်နေလျှင်တော့ သူချည်းအစခံနေရမည်လား။

"ကျွန်တော့်ကိုမှ ဘာလို့လာတွဲချင်တာလဲ"

"ကိုယ့်ထက်ချောလို့၊ ကြည်ပြီးဖွေးသန့်နေတာ ကိုယ်ကကျော်သွားစရာလား၊ ကိုယ့်မျက်လုံးတွေက ကောင်းသေးတယ်လေ"

ကြည်လင်သူမရယ်ဘဲမနေနိုင်တော့။ ထိုသို့ပွင့်ပွင့်လင်းလင်းပြောမယ်လည်းမထင်ခဲ့။

"ဟုတ်ကဲ့၊ တွဲကြည့်ကြမယ်‌"

"တကယ်နော်"

နေလင်းထက်ရုပ်သည် မျောက်အုန်းသီးရသွားသလိုပင်။ သူ့အရှေ့ကအကြည်ဓာတ်လေးကို မြိုချလိုက်လို့ရလျှင် မြိုချပစ်လိုက်မလားပင်။

"ကျွန်တော် တကယ်ပြောတာပါခင်ဗျ"

"ကိုယ့်ကိုရော ဘာလို့တွဲကြည့်ချင်တာလဲ"

"ဦးနေလင်းထက်က ရယ်ရလို့ပါ"

အဲ့စကားပြောပြီး နှစ်ယောက်သား ဝါးခနဲပွဲခဏကျသွားကြသည်။

"ကိုယ့်ကိုလေ အိုစာသွားအောင် ဦးနေလင်းထက်လို့ မခေါ်ပါနဲ့လား"

"ဘယ်လိုခေါ်ရမလဲခင်ဗျ"

ထိုမေးခွန်းကြားတော့ နေလင်းထက်ကြီး ရှက်ပြုံးကြီး ပြုံးလာကာ ခေါင်းကုပ်လိုက်ရင်း....

"ကိုယ်အရမ်းသဘောကျတဲ့ နာမ်စားရှိတယ်၊ အမှန်က မေမေက ဖေဖေ့ကို ခေါ်ခဲ့တဲ့နာမ်စားမို့ ကိုယ်လည်း လက်တွဲဖော်ရရင် အဲ့ဟာလေးသုံးချင်တာ....."

နေလင်းထက်က ဆက်မပြောဘဲ ရပ်သွားသည်။ ကြည်လင်သူကတော့ ဘာနာမ်စားပါလိမ့်ဟု တွေးနေမှာအမှန်။

"မောင် ဆိုတဲ့ နာမ်စားလေးလေ...."

‌"မောင် ...."

ကြည်လင်သူ့ဆီမှ အာမေဋိတ်သံဖြစ်သည်။ သို့သော် ထိုအသံက နေလင်းထက်ရင်ဘတ်ထဲတွင်တော့ ဆိုင်းဝိုင်းသံတွေထွက်သွားလေပြီ။

"ကိုယ့်ကို အဲ့လိုခေါ်လေနော် ၊ ဦးနေလင်းထက်ဆိုတာကြီးက မသိရင် ကိုယ့်အသက်က ၆၀လောက်ဖြစ်သွားသလိုပဲ"

"မလောဘဲနဲ့ ကျွန်တော်ကြိုးစားကြည့်ပါမယ်၊ ကျွန်တော့်ပါးစပ်ထဲစွဲဖို့က သိပ်အဆင်မပြေသေးဘူး၊ စိတ်မရှိပါနဲ့နော်"

"ရပါတယ်၊ ကိုယ်က စောင့်နိုင်တယ်၊ မကြားကြားရအောင်ပဲ ကြိုးစားမှာ"

ဤသို့ဖြင့် ထိုနေ့လယ်ခင်းအချိန်ခါလေးသည် ကော်ဖီနံ့သင်းသင်းလေးနှင့် ရယ်သံလွှင်လွှင်လေးများကြားရမည်ဖြစ်ပြီး အချစ်ပန်းဖူးလေးများကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်......

_________________________________Ep 18End!
Adder Aries 🖤

ဉာဏ်တို့ကိုချစ်ရင် အက်ဒါရေးတာသဘောကျရင် အခြားသူတွေလည်းဖတ်လို့ရအောင် ညွှန်းပေးကြပါဦးနော်။ ဒါမှ အက်ဒါလည်း ဪ ငါစာရေးလို့ပျင်းလို့မဖြစ်တော့ဘူးဆိုတာ အသိဝင်လာမှာ ဟီးဟီး....😁 ကျေးဇူးပါ🖤
______________________________________________________
Zawgyi

"MD...ဒါက ေလွ်ာက္လဲခ်က္တင္တဲ့အခါ အဓိကအခ်က္ေတြပါ၊ ကြၽန္ေတာ္ မွတ္စုတိုေလးေတြေရးလာတယ္"

ၾကည္လင္သူက တရား႐ုံးသြားရသည့္လမ္း၌ စက္ေနဟိန္းဆီသို႔ စာ႐ြက္အခ်ိဳ႕ကို ေပးလိုက္သည္။

"ေက်းဇူးပဲ၊ ဟိုဘက္က ေရွ႕ေန‌ေတြ ဘယ္ေလာက္ၿမိဳဆို႔ၿပီး ငါ့ကို ၾကပ္ဦးမလဲမသိဘူး"

စက္ေနဟိန္းစကားေၾကာင့္ ဒရိုင္ဘာေရာ ၾကည္လင္သူေရာ ရယ္မိသြားၾကသည္။

"မိန္းမယူထားခဲ့တဲ့ အက်ိဳးေတြေပါ့ဆရာ"

ဒရိုင္ဘာ၏ ထိထိမိမိစကားေၾကာင့္ စက္ေနဟိန္းရယ္လိုက္ရင္း....

"ငါအစတည္းက ေယာက္်ားယူခဲ့ရမွာေနာ္၊ မင္းတို႔လည္းမွတ္ထားၾက၊ ေယာက္်ားပဲေ႐ြးယူ ငါ့ကို ဥပမာယူၿပီး"

"ဟား ဟား....ဒါနဲ႕ ဆရာ့အမ်ိဳးသားကို ကြၽန္ေတာ္လာတိုင္း တစ္ခါမွ မေတြ႕ဘူးေနာ္"

"သူကအလုပ္ရွိတယ္ေလ၊ ဆပ္ျပာမႈန႔္လိုက္ေရာင္းေနတဲ့ ေဈးသည္ႀကီး"

"ဆရာ့အိမ္ေထာင္ေတြအကုန္လုံးက သူ႕အလုပ္နဲ႕သူခ်ည္းေနာ္"

"ေကာင္းတာပဲေလ၊ ငါသိပ္ရွာေကြၽးစရာမလိုေတာ့ဘူး"

တရား႐ုံးသြားေနၾကသည္သာေျပာသည္။ တစ္ကားလုံးလည္း ဆူဆူညံညံ ရယ္ေမာေနၾကသည္မွာ အပူပင္ကင္းေနၾကသည့္အလားပင္။

"အဟမ္း....ဒါနဲ႕ၾကည္လင္ တစ္နာရီေနာက္ပိုင္း ဘာလုပ္စရာရွိေသးလဲ"

စက္ေနဟိန္းသည္ ၾကည္လင္သူကိုၾကည့္ကာ တမင္တကာေမးလိုက္ျခင္းပင္...ၾကည္လင္သူမွာ tabletကိုၾကည့္ေနရင္း ဆတ္ခနဲေခါင္းေမာ့လာကာ....

"ဟို ... အာ မရွိပါဘူး MD"

ၾကည္လင္သူလိုလူမ်ိဳးက အလုပ္ဘယ္ေလာက္ခ်စ္တယ္ဆိုတာ စက္ေနဟိန္းသိၿပီးသားမို႔ ၿပဳံးလိုက္ရင္း....

"ျပန္ရင္ ကားယူသြားေလ၊ ဒီေန႕ တစ္နာရီေနာက္ပိုင္း ေသခ်ာအနားယူ"

"မယူေတာ့ပါဘူး၊ ကြၽန္ေတာ္ အိမ္မွာပဲ ေသခ်ာနားမွာပါ"

စက္ေနဟိန္းက "ဟုတ္ရဲ႕လား" ဆိုသည့္ပုံျဖင့္ ၾကည့္ေနေသးတာေၾကာင့္ ၾကည္လင္သူတစ္ေယာက္ လည္ေခ်ာင္းေတြပင္ေျခာက္လာေနသလိုလို။

"ေအးပါ၊ ဒါဆိုလည္း ေကာင္းေကာင္းအနားယူေနာ္....အဟမ္း အဟမ္း"

ရယ္ခ်င္သည္ကိုထိန္းထားေသာ စက္ေနဟိန္းအျပဳအမူေၾကာင့္ ၾကည္လင္သူတစ္ေယာက္ Air-Con Carထဲထိုင္ေနရင္း ေဇာေခြၽးေလးမ်ား ပ်ံေနေလၿပီ။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

မနက္စာ မစားရေသးဘူးေျပာသည့္ သူငယ္ခ်င္းျဖစ္သူ ရာဇာ့ေကာင္းမႈျဖင့္ ဉာဏ္ လက္ဖက္ရည္ဆိုင္ေရာက္ေနေလၿပီ။

"မင္းလည္း အိမ္ကေန ၿမိဳဆို႔လာတယ္သာေျပာတယ္၊ ေပါက္စီႏွစ္လုံးလည္း ဝင္ေသးတာပဲေနာ္"

ရာဇာသည္ မွာထားေသာ လက္ဖက္ရည္ကို သမေအာင္ဇြန္းျဖင့္ေမႊေနရင္းမွ ဒုတိယေျမာက္ေပါက္စီတစ္လုံးစားေနေသာဉာဏ့္ကိုၾကည့္ကာ ေျပာလိုက္၏။ ဉာဏ္ကေတာ့ ရယ္လ်က္....

"ငါခ်ဥ္ျခင္းတက္ေနတာေလ"

"ဪ....မင္းအဘိုးႀကီးက အေတာ္စြမ္းသကိုး၊ က်ားက်ားခ်င္းေတာင္ ဖရဲသီးေကြၽးပစ္လိုက္တာေနာ္"

"ရတာပဲေလ...."

ပလုတ္ပေလာင္းစားကာေျပာေနေသာေၾကာင့္ နင္ေနမည္စိုးသျဖင့္ ရာဇာက လက္ကာျပလိုက္သည္။

"ျဖည္းျဖည္းၿမိဳေနာ္ လင္ရွိအတန္းစားေလး"

"ငါေျပာမယ္၊ ငါတကယ္ ကေလးလိုခ်င္ေနတာလားမသိဘူး၊ မာမီနဲ႕ ဦးစက္မာမီတို႔က အငွားကိုယ္ဝန္ေဆာင္ရွာထားေပးတာနည္းနည္းၾကာၿပီ၊ အဲ့ဒါ ငါစဥ္းစားေနတာ....."

အတည္ေပါက္ေျပာေနေသာ ဉာဏ့္ကို ရာဇာက လက္ဖက္ရည္ခြက္ကိုင္ရင္းတန္းလန္း ေၾကာင္ၾကည့္ေနမိသည္။ ပထမက သူ႕အခ်စ္ဆုံးသူငယ္ခ်င္း ေယာက္်ားယူသြားသည္။ အခု ကေလးေမြးဖို႔ပါ ေျပာေနေလၿပီ။

"ငေစာ....ငါ ဒီလက္ဖက္ရည္ေလးကုန္ေအာင္ ေသာက္ပါရေစ၊ ငါ နင္ေနမွာစိုးလို႔ လမ္းတစ္ဝက္မွာ"

"ငါတကယ္ေျပာေနတာ"

ဉာဏ္က ရာဇာ့လက္ဖက္ရည္ခြက္ကိုဆြဲယူကာ တစ္ငုံယူေသာက္လိုက္သည္။

"မင္းအဘိုးႀကီးကို ေျပာၿပီးၿပီလား"

"ေအး၊ သူက ေသခ်ာစဥ္းစားတဲ့၊ သူကေတာ့လိုခ်င္ေပမယ့္ ငါက ေသခ်ာစဥ္းစားရမယ္တဲ့"

"ေအးေလကြာ၊ မင္းက ကေလးတစ္ေယာက္ေမြးရတာ လြယ္တာမွတ္လို႔"

"ငါဘာလုပ္ရမလဲ"

"ငါဘယ္သိမွာတုန္းဟ၊ ငါက မင္းလိုလည္း ေယာက္်ားမရွိဘူး၊ ရည္းစားေတာင္ မူးလို႔ရႉစရာမရွိေသးဘူး"

ထိုသို႔ေျပာေတာ့ ဉာဏ္က ခုံ၌ ေက်ာကပ္ထိုင္လိုက္ကာ ရာဇာ့ကို ၿပဳံးစိစိၾကည့္ေနသည္။ ထိုအၾကည့္ႀကီးကိုလည္း ရာဇာသိေနေသာေၾကာင့္ မသိခ်င္ေယာင္ေဆာင္ကာ လက္ဖက္ရည္ေသာက္ေနလိုက္သည္။

"ေအးေပါ့၊ ရည္းစားက ဘယ္ရဦးမလဲ၊ ဟိုက အသက္မွ မျပည့္ေသးတာ....ဟီးဟီး"

"မင္း မစလာနဲ႕ေနာ္...."

"ကဲ....ဆိုပါဦး၊ အေျခေနေလး"

ရာဇာသည္ စိတ္ပ်က္သည့္ပုံစံႀကီးျဖစ္သြားကာ လက္ဘက္ရည္ခြက္ကို စိုက္ၾကည့္ေနရင္း.....

"ဘာေျပာရမွန္းကိုမသိတာ၊ ငါ သူ႕ကိုသေဘာက်ရင္ေတာင္ ျဖစ္နိုင္မယ့္အေျခေနမွာမရွိပါဘူး"

"ဟမ္....တကယ္သူ႕ကို သေဘာက်ေနၿပီလား"

"သူက ခ်စ္စရာေလးေလ"

ရာဇာ့အေျပာႏွင့္ေလသံကိုနားေထာင္ၿပီး ဉာဏ္ေအာ္ရယ္ေတာ့သည္။ ငယ္ငယ္တည္းကေပါင္းလာသည့္ သူ႕သူငယ္ခ်င္းအေၾကာင္း သူအသိဆုံးပင္။

"မင္းကကြာ ငါ့လာေလွာင္ေနသလိုပဲ"

"မဟုတ္ပါဘူး၊ ငါ့သူငယ္ခ်င္းက ငါနဲ႕တူတူလာလို႔ပါ....ဟား ဟား"

"သူတို႔က ေစာက္ရမ္းခ်မ္းသာတာကြ....ေန႕လယ္စာတစ္ခါစားရင္ေတာင္ သိန္းခ်ီျဖဳန္းတာ၊ ငါေတာ့မ်က္ျဖဴပါလန္တယ္"

"အဲ့ဒါေတြက ခဏထားပါ၊ မင္းသူ႕ကို တကယ္စိတ္ဝင္စားရင္ ေစာင့္ၾကည့္ေပါ့"

"သူက ငါ့ကိုေတာ့ အေတာ္ခင္ေနသလိုပဲ"

ဉာဏ္က 'မင္းတုံးလိုက္ခ်ည္လား'ဆိုသည့္ အၾကည့္မ်ားျဖင့္ ရာဇာ့ကို စိုက္ၾကည့္ေပးလိုက္ၿပီး....

"အဲ့ဒါခင္တာမဟုတ္ဘူး၊ သူလည္း မင္းကို သေဘာက်ေနတာငတုံးရဲ႕"

ဉာဏ့္စကားေၾကာင့္ ရာဇာခဏၿငိမ္သြားကာ အသည္းသန္စဥ္းစားေနဟန္ပင္။

"ဟုတ္တယ္ေနာ္၊ သူ႕လိုမလည္မဝယ္ပုံေလးက ငါနဲ႕တစ္ခါပဲေတြ႕ဖူးၿပီး ငါ့ေနာက္လိုက္လာတယ္ဆိုတာ ေတာ္႐ုံစေကးမဟုတ္ဘူး"

"အဲ့စေကးတစ္ေပါက္ကို မျမင္တဲ့မင္းက ပိုတုံးတဲ့စေကးေတြပိုင္ထားတာေလ"

"ရပ္ေတာ့၊ မင္းက ငါ့ကို ေျပာျပေနတာထက္ ဖဲ့တာမ်ားေနၿပီ"

"ညီေလး လက္ဖက္ရည္ခ်ိဳဆိမ့္ေလးတစ္ခြက္၊ ခြက္ႀကီးသိလား....."

ဉာဏ္သည္ အနားရွိ အလုပ္သမားေလးကို မွာစရာရွိတာမွာၿပီးသည္ႏွင့္ ရာဇာ့ကိုျပန္ၾကည့္ကာ....

"သူနဲ႕အဆက္သြယ္ရဖို႔ မင္းဘာေတြလုပ္ထားလဲ"

"အာ...သူ ငါ့အေကာင့္ေတာင္းတာနဲ႕ အဲ့တုန္းက သူ႕အေဖလည္းရွိေနေတာ့ ေပးလိုက္ရတယ္"

"အဲ့ဒါပဲေလ၊ အဲ့ဒါကိုအသုံးခ်စမ္းပါ"

ရာဇာက သူ႕ဖုန္းကို ခ်က္ခ်င္းထုတ္ကာ Conversation boxအားဖြင့္ၿပီး ဉာဏ့္မ်က္ႏွာေရွ႕သို႔ တည့္တည့္ျပလိုက္သည္။ ထို chatထဲ၌ "ကိုကိုဘာလုပ္ေနလဲ" ဟူေသာ စာတစ္ေၾကာင္းႏွင့္ သြားၿဖီးကာ ရယ္ျပေနသည့္ စေတကာပုံေလးတစ္ပုံ ရွိေနႏွင့္ၿပီးသားျဖစ္သည္။ ရာဇာ့ဘက္ကေတာ့ ဘာမွျပန္ပို႔ထားျခင္းမရွိ။ ဤသည္ကိုဖတ္ၾကည့္ၿပီး ဉာဏ္ ႏွာေခါင္းရႈံ႕ျပလိုက္ကာ.....

"မင္းကေလ အေတာ္ကို ... ငါမေျပာခ်င္ေတာ့ပါဘူး"

"ထားလိုက္ပါေတာ့ကြာ...."

ရာဇာသည္ ဖုန္းျပန္ပိတ္လိုက္ကာ ေသာက္လက္စ လက္ဖက္ရည္ကိုသာ အာ႐ုံစိုက္ေနလိုက္ေတာ့သည္။ ဉာဏ္ကေတာ့ ရာဇာ့ကိုၾကည့္ၿပီး အႀကံထုတ္ေနသေယာင္ေယာင္...။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

သကၠစက္အိမ္ေတာ္ႀကီးတြင္....

ေမေမႀကီးေခၚ မိုးလိပ္ျပာမယ္သည္ ေရွးေဟာင္းေသာ့တံႀကီးတစ္ေခ်ာင္းကိုင္ထားကာ ေျခလွမ္းတစ္လွမ္းခ်င္းစီကို ေၾကာက္႐ြံ႕စရာေကာင္းေအာင္ေလွ်ာက္ေနလ်က္ ေျမေအာက္ခန္းတစ္ခန္းစီသို႔ ဦးတည္ေနသည္။

ေျမေအာက္ခန္းဆိုေသာ္ျငား တခမ္းတနားရွိသည္ဟု ဆို၍ရသည္။ မိုးလိပ္ျပာမယ္သည္ မာန္ပါေသာ လက္တစ္စုံျဖင့္ ေသာ့ခေလာက္အား ဖြင့္ၿပီးလွ်င္ အခန္းတံခါးဖြင့္ကာ အထဲသို႔ ျဖည္းျဖည္းခ်င္း ဝင္လာခဲ့သည္။

သူ႕ကိုေက်ာေပးကာထိုင္ေနေသာ ေက်ာျပင္တစ္စုံရွိသည္။

"ႏြယ္နန္းဧကရီ...."

မိုးလိပ္ျပာမယ္သည္ တင္းမာ၍ ေဒါသသံစြက္ေနေသာ ေလသံျဖင့္ နာမည္တစ္ခုကို ေအာ္ေျပာလိုက္သည္။ သို႔မွ ထိုေက်ာျပင္အစုံသည္ သူ႕ဘက္သို႔ မ်က္ႏွာခ်င္းဆိုင္ လွည့္ၾကည့္လာေတာ့၏။

"ငါ အစတည္းက အတန္တန္သတိေပးတယ္၊ နင္မပါခ်င္ရင္လည္း ငါတို႔ကို မဖ်က္စီးနဲ႕ဆိုတာ၊ နင္စထားခဲ့တဲ့ နီလာသိမ္းစံကိစၥကို ငါတို႔ကအခုတာဝန္ယူေနရတယ္"

ႏြယ္နန္းဧကရီဆိုသည့္ သူ(မ)က မိုးလိပ္ျပာမယ္ကို အၿပဳံးတစ္ခုေပးသည္။ ႏြယ္နန္းဧကရီသည္ ပိုးဖဲအနီေရာင္ရွမ္းရိုးရာဝတ္စုံကို ဝတ္ဆင္ထားသည္။

"ငါမပါဘဲေနခဲ့ပါတယ္၊ နင္တို႔လုပ္ရပ္ေတြက ဘယ္ေလာက္ေအာက္တန္းက်ေနၿပီလဲဆိုတာ စဥ္းစားမိလား မမႀကီး၊ ကိုယ့္ေသြသားရင္းကို ျပန္သတ္တဲ့အထဲမွာ ငါမပါဘူး၊ ငါက ယုတ္မာရိုင္းစိုင္းမႈေတြ လုပ္ခဲ့ေကာင္း လုပ္ခဲ့လိမ့္မယ္၊ ငါ့ဝမ္းနဲ႕လြယ္ထားတဲ့ ငါ့သမီးကို ျပန္သတ္မယ့္အထဲ ငါမပါဘူးဟဲ့"

"နင္အစတည္းက သိေနခဲ့တာ ႏြယ္နန္းဧကရီ.….နင္ နင္က ေသသင့္တာ"

မိုးလိပ္ျပာမယ္သည္ ေဒါသအရွိန္ေၾကာင့္ အသားမ်ားတဆတ္ဆတ္တုန္လာေနသည္။ ႏြယ္နန္းဧကရီအား စားမတတ္ဝါးမတတ္ သတ္ပစ္မတတ္ၾကည့္ေနေသာ္လည္း သူရပ္ေနဆဲအတိုင္း တစ္ဖဝါးမွ မေ႐ြ႕ပါ။ ဤအျခင္းအရာကို ႏြယ္နန္းဧကရီၾကည့္လိုက္ကာ မ်က္ရည္မ်ားဝဲလာခဲ့သည္။

"မမႀကီး၊ ငါတို႔အသက္ေတြက ေသမယ္ဆို ေသလို႔ရတဲ့အ႐ြယ္ေတြ ျဖစ္ေနပါၿပီ၊ ငါတို႔ေျမးေတာင္ ငါတို႔မ်က္စိေရွ႕တင္အ႐ြယ္ေရာက္သြားခဲ့တာမလား၊ ငါတို႔အမ်ိဳးႏြယ္ရဲ႕ ပထမဆုံး ရဲရင့္ခဲ့တဲ့အမ်ိဳးသမီး ေဒဝီထိပ္ထားစံရဲ႕ သေဘာအတိုင္း ငါတို႔ေကာင္းမႈျပဳရေအာင္"

မိုးလိပ္ျပာမယ္သည္ သူ(မ)မိသားစုကို အင္မတန္မွ ခ်စ္ျမတ္နိုးမွန္း ႏြယ္နန္းဧကရီသိသည္။ သူတို႔သည္ အဆုံးသတ္ရေတာ့မည့္ အသက္႐ြယ္ေတြကိုလည္း ေရာက္ႏွင့္ေနၿပီးျဖစ္ကာ ဝဋ္ေႂကြးရွိပါက ဒီဘဝ၌ပင္ အဆုံးသတ္ၿပီးသြားခ်င္သည္။

သူတို႔ ညီအစ္မသုံးေယာက္သည္ ေအာက္တန္းက်သည့္အျပဳအမူမ်ား လုပ္ခဲ့လိမ့္မည္။ သို႔ေသာ္ အသိတရားရေသးတာ သူ(မ)တစ္ေယာက္ပင္ရွိေသးသည္။ ထို႔ေၾကာင့္လည္း ေျမ
ျဖစ္သူ စက္ေနဟိန္း အိမ္ေတာ္မွ ထြက္သြားတည္းက ေျမေအာက္ခန္း၌ အပိတ္ခံထားရတာျဖစ္သည္။

ရာဇသကၠရာဇ္၏ ဝိညာဥ္သည္ မလြတ္ေျမာက္ေသးသလို သူ၏အာဏာစက္သည္ျပင္းသည့္အတြက္ သူတို႔ညီအစ္မသုံးဦးလည္း မလြန္ဆန္နိုင္ခဲ့ေခ်။ ေရွးကသူေတြ ျပဳမူခဲ့သည့္အတိုင္း လိုက္နာခဲ့ရသည္။ ရာဇသကၠရာဇ္က သူ(မ)ကို ‌ေ႐ြးခ်ယ္ခဲ့သည့္အတြက္ ပြဲလမ္းသဘင္တစ္ခုျပဳလုပ္ခဲ့ရသည္။ ထိုပြဲလမ္းသဘင္၌ မိမိႏွင့္သိေသာ အမ်ိဳးအေဆြ သို႔မဟုတ္ မိတ္ေဆြမ်ားကို ဖိတ္ကာ ေပ်ာ္ပြဲ႐ႊင္ပြဲကဲ့သို႔ က်င္းပျခင္းပင္။

ထိုအခ်ိန္တေျပးတည္း၌ ‌ရာဇသကၠရာဇ္၏ ဝိညာဥ္ကို တစ္စုံတစ္ေယာက္ထံ ေပးဝင္ရန္ ေအာက္လမ္းအတတ္မ်ားစီရင္ရသည္။ သူေ႐ြးခ်ယ္ေသာ ကိုယ္ခႏၶာႏွင့္ တစ္ညတာကုန္ဆုံးရမည္ျဖစ္ၿပီး ရင္ေသြးလြယ္ရမည္။ သို႔ေသာ္ ေဒဝီထိပ္ထားစံ၏ က်ိန္စာသည္လည္း ျပင္းလြန္းေသာေၾကာင့္ ထိုပြဲစီစဥ္တိုင္း ‌သားေယာက္်ားမဖြား၊ သမီးမိန္းကေလးသာ အၿမဲရသည္။

ဤေအာက္တန္းက်၍ လူမဆန္ေသာ အျခင္းအရာကို ႏြယ္နန္းဧကရီလက္ခံခဲ့သည္။ သို႔ေသာ္ သူ(မ)ကိုယ္ဝန္လြယ္ထားစဥ္၌ ေဒဝီထိပ္ထားစံႏွင့္ေတြ႕ခြင့္ရခဲ့ကာ နီလာသိမ္းစံကို လက္ခံခဲ့သည္။ နီလာသိမ္းစံသည္ ဤအိမ္ေတာ္၏ မေကာင္းမႈမ်ားကို ခ်ဳပ္ၿငိမ္းေပးမည့္ မ်ိဳးဆက္ဟုေျပာကာ ႏြယ္နန္းဧကရီအား ရေအာင္ကာကြယ္ရန္ ေတာင္းဆိုခဲ့သည္။

ထိုသို႔ျဖင့္ နီလာသိမ္းစံအား မိမိဝမ္းမွေမြးလိုက္ရေသာ္လည္း ေမေမႀကီးႏွင့္ ေမေမလတ္တို႔မွာ မေက်နပ္။ သမီးပင္ျဖစ္ေနေသာေၾကာင့္ သတ္ပစ္ရန္ ႀကိဳးစားခဲ့ၾကေသးသည္။ သို႔ေသာ္ ႏြယ္နန္းဧကရီသည္ ညီအစ္မမ်ားထဲ အငယ္ဆုံးျဖစ္ေသာေၾကာင့္ မရရေအာင္ ေဖ်ာင္းဖ်ကာ ရေအာင္ေမြးခဲ့သည္။ သေဘာတူညီမႈကေတာ့ နီလာသိမ္းစံသိတတ္စအ႐ြယ္ေရာက္လွ်င္ မိမိတို႔က သူႏွင့္ ညီအစ္မေတာ္ေၾကာင္းသာ အသိေပးရမည္ဟူ၍ပင္။

"ငါတို႔ေျမးဦး သားေလးကိုလည္း ဒုကၡမေပးပါနဲ႕ေတာ့၊ သူ႕ဘဝနဲ႕သူေနပါေစ မမႀကီး"

"သူ႕အရွင္ကို ရေအာင္ယူၿပီး ငါတို႔အေဘးကို ျပန္ေခၚရမယ္၊ ငါဆုံးျဖတ္ထားတာမို႔ ငါရေအာင္လုပ္မယ္"

"ဒါဆို နင္ဘာလို႔ ငါ့ကိုလာေတြ႕ေနေသးလဲ၊ ဒီေနရာမွာပဲေသေအာင္ပစ္ထားလိုက္ေလ၊ ငါ့ကို တခမ္းတနားထားေပးစရာမလိုဘူး၊ ငါ့သမီးကို သမီးလို႔မေခၚရတဲ့ဘဝ၊ ငါ့ေျမးေတာင္ ငါမၾကင္ရတဲ့ဘဝမွာ ငါ့ကို အရွင္မထားနဲ႕ မိုးလိပ္ျပာမယ္"

မိုးလိပ္ျပာမယ္သည္ ဘာမွမေျပာေတာ့ဘဲ ႏြယ္နန္းဧကရီကို ထားရစ္ခဲ့ကာ အခန္းထဲမွ ထြက္ခြာသြားေတာ့သည္။ သူသည္ အၾကင္နာတရားမဲ့ေနသည္ေတာ့ မဟုတ္ပါေလ။ သူ႕ညီမျဖစ္သူကို သူခ်စ္ပါသည္။ သို႔ေသာ္ သူ႕တြင္စြဲကပ္ေနေသာ ပေယာဂကို မပထုတ္နိုင္ေသးေခ်....။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

'ကိုယ္ တိုက္ေအာက္ေရာက္ေနၿပီ' ဆိုလို႔ ၾကည္လင္သူမွာ ေၾကာင္စာကမန္းကတန္းေကြၽးၿပီး ‌ေအာက္ဆင္းလာခဲ့သည္။

"ဦးေနလင္းထက္...."

အနားသို႔ေရာက္လာသည့္ အၾကည္ဓာတ္ေလးက သူ႕အားနာမည္ေခၚကာ ေခါင္းငုံ႕ၿပီးပါ ႏႈတ္ဆက္ေနေသာေၾကာင့္ သူတို႔က အလုပ္ကိစၥအရေတြ႕ေနတာမဟုတ္မွန္း သတိေပးရေပဦးမည္။

"ကိုယ္တို႔က dateလုပ္ေနတာေနာ္၊ စာခ်ဳပ္ခ်ဳပ္မွာမဟုတ္ဘူးေလ"

ထိုသို႔ေျပာေတာ့ အၾကည္ဓာတ္ေလးကၿပဳံးသည္။ ထို႔ေနာက္ ေခါင္းေလးကုပ္ရင္း....

"နည္းနည္းအက်င့္ပါေနလို႔ပါခင္ဗ်"

ေနလင္းထက္သည္ ၾကည္လင္သူ႕ကို ေျခဆုံးေခါင္းဆုံးၾကည့္မိသည္။ အၾကည္ဓာတ္ေလးက အကၤ်ီအျဖဴေရာင္ႏွင့္ အသားေရာင္ေဘာင္းဘီအရွည္ျဖင့္ အင္မတန္ၾကည့္ေကာင္းေနတာျဖစ္သည္။ သူလူေ႐ြးမွန္လိုက္တာဟု ေတြးမိရင္း မ်က္ႏွာႀကီးက ၿပဳံးစိစိျဖစ္လာေနေလၿပီ။ သူ႕ကိုၾကည့္ေနေသာ ၾကည္လင္သူမွာ ဦးေနလင္းထက္က ဘာလို႔ ၿပဳံးၿဖီးၿဖီးျဖစ္ေနရသလဲဟု ေတြးေနေလၿပီ။

"ကိုယ္ဆိုင္ေကာင္းေကာင္းေလးတစ္ဆိုင္ကိုေခၚသြားမယ္၊ လာ....တက္"

ေနလင္းထက္က ကားတံခါးဖြင့္ေပးကာ ၾကည္လင္သူကို အရင္ဝင္ထိုင္ေစသည္။ ၿပီးမွ သူက ေမာင္းသူေနရာကိုယူသည္။ ဤသည္က ၾကည္လင္သူ႕စိတ္ထဲ တဒိန္းဒိန္းျဖစ္လာေစပါသည္။ ဘာျဖစ္ေနမွန္းေတာ့မသိေသာ္ျငား တစ္ခုခုကေတာ့ျဖစ္ေနပါသည္။

"ဒီေန႕ အရမ္းပင္ပန္းလာမွာေပါ့ေနာ္"

ေနလင္းထက္က ကားေမာင္းရင္း ၾကည္လင္သူကို ဖ်တ္ခနဲလွည့္ၾကည့္ကာ စကားစမိသည္။

"ကားကို ဂ႐ုစိုက္ေမာင္းပါခင္ဗ်၊ ကားေမာင္းရင္း စကားေျပာတာ နည္းနည္း အႏၱရာယ္မ်ားတယ္"

ေနလင္းထက္ခမ်ာ စတီယာရင္ႀကီးကိုင္ထားရင္း ရယ္ရမလို ငိုရမလိုေတြျဖစ္ကုန္သည္။ မဟုတ္ေသးပါဘူး၊ သူ႕အၾကည္ဓာတ္ေလးက ဟို လူၿပိဳႀကီးထက္ တိက်ေနတာလား။ ႐ုပ္ရွင္ေတြထဲကလို ကားေလးေမာင္းရင္း ႐ႊတ္ေနာက္ေနာက္ေလးေတြေျပာကာ အ႐ႊန္းေဖာက္မည္ဟုေတြးထားေသာ ေဒါက္တာေနလင္းထက္ကေတာ့ ဝစီပိတ္က်င့္ၿပီး ကားေမာင္းရေတာ့မည့္သေဘာမွာရွိသည္။

"ကြၽန္ေတာ္က စိတ္ပူတတ္လို႔ပါ....ဟို တစ္မ်ိဳးမထင္ပါနဲ႕ခင္ဗ်"

ေနလင္းထက္ႀကီး ၿငိမ္သြားေသာေၾကာင့္ ၾကည္လင္သူက အထင္ေတြလႊဲကုန္သည္။

"အာ....မထင္ပါဘူး၊ ကိုယ့္ကို အဲ့လိုေျပာတဲ့သူက ၾကည္လင္ပထမဆုံးမို႔ နည္းနည္းေၾကာင္သြားတာ....ဟား ဟား၊ တစ္ခါတေလ ေဆး႐ုံက nurseေတြနဲ႕ အတူျပန္ေလ့ရွိတယ္ေလ၊ အဲ့အခ်ိန္က် စကားေတြ တြတ္ထိုးမ်ားတတ္တာက အက်င့္ပါေနတာ ဟဲဟဲ"

"ဦးေနလင္းထက္က အေတာ္ဆက္ဆံေရးေကာင္းမယ့္ပုံပဲေနာ္၊ စကားေျပာရင္ ရယ္ၿပဳံးေနတာပဲ"

ေနလင္းထက္စိတ္ထဲ တစ္မွတ္ေတာ့ရၿပီဟုေတြးကာ ပို၍ေတာင္ ၿပဳံးၿဖီးလာေသးသည္။

"ၾကည္လင္နဲ႕ေတြ႕ေနရတာလည္းပါတာေပါ့ေလ"

တစ္ဖက္ထိုင္ခုံ၌ ထိုင္ေနေသာ ၾကည္လင္သူမွာ လူေကာင္ထြားေသာ္လည္း မသိလွ်င္ ေထာင့္ေလးကပ္ကာ 'ဘာလို႔လဲဗ်' ဆိုသည့္ပုံေလးျဖင့္ ေနလင္းထက္ကို ေခါင္းေစာင္းကာ စိုက္ၾကည့္ေနသည္။

"ၾကည္လင္တစ္ခါမွ date မလုပ္ဖူးဘူးလား"

ထိုေမးခြန္းကို တန္းမေျဖေသးေသာ ၾကည္လင္က အေသအခ်ာ စဥ္းစားေနသေယာင္ေယာင္.....။

"မလုပ္ဖူးဘူးခင္ဗ်၊ dateဆိုလို႔ MDက ဘယ္ကိုလာခဲ့ ဘယ္အခ်ိန္ေတြ႕ရမယ္ အဲ့လိုေတြပဲရွိတာ၊ ဒီလို မဟုတ္ဘူး"

"ဒါဆို ကိုယ္တို႔အခု Dateလုပ္ေနတဲ့ သေဘာကို ၾကည္လင္သိတယ္ေပါ့ေနာ္"

မသိဘူး၊ ေအာင့္မထားေတာ့ဘူး၊ ဒီစကားကို ညစာစားရင္းေျပာမယ္ေတြးထားေသာ္လည္း ေနလင္းထက္၏ ပါးစပ္သြက္မႈေၾကာင့္ လႊတ္ခနဲ ထြက္သြားေခ်ၿပီ။

"ဟုတ္ကဲ့ သိပါတယ္၊ မိတ္ေဆြေတြသိကြၽမ္းသြားရင္ လုပ္ေနၾကပဲေလ"

တကယ္တမ္း ထိုသို႔ဟုတ္မေနမွန္း ၾကည္လင္သူသိပါသည္။ သို႔ေသာ္ အတည့္ေျပာလွ်င္ မေကာင္းတတ္၍ သြယ္ဝိုက္ေျပာလိုက္ျခင္းျဖစ္သည္။ သို႔ေသာ္ ေနလင္းထက္မ်က္ႏွာကေတာ့ အျမႇောက္ႏွင့္အပစ္ခံလိုက္ရသည့္အလား အေနအထားေတြေျပာင္းကုန္သည္။ သူထင္ေနတာ ၾကည္လင္က အေတာ္ကို ရိုးတာပဲဟူ၍ပင္။ ဒီပုံစံဆို သူကခ်ည္း အစစ အရာရာ ဦးေဆာင္‌ရေတာ့မည္။ ဘယ္တတ္နိုင္မလဲ၊ သမိုင္းေပးတာဝန္ပဲေပါ့....ဟင္း။
.
.
.
.
.
.
ေနလင္းထက္ေခၚလာေသာ ေနရာသည္ ကုန္းျမင့္ျမင့္ေလးေပၚတြင္ရွိေသာ ေကာ္ဖီဆိုင္ေလးျဖစ္သည္။ ကိုရီးယားစတိုင္ျပင္ဆင္ထားကာ ေကာ္ဖီစပ္သူအမ်ိဳးသားမွာ ေနလင္းထက္ႏွင့္ အေတာ္ရင္းႏွီးေနဟန္ပင္။

"မဂၤလာပါ၊ မေတြ႕ရတာၾကာၿပီ ဧည့္သည္ႀကီး"

"ေဆး႐ုံမွာ Dutyဆက္ေနတာနဲ႕ ကိုယ့္ဖင္ေတာင္ ကိုယ္နဲ႕ကပ္ေနေသးလား ျပန္စမ္းရတဲ့အထိပဲ၊ မထိုင္ရဘူးေလ"

ေနလင္းထက္စကားေၾကာင့္ ၾကည္လင္သူေရာ ေကာ္ဖီစပ္သူေရာ ရယ္ကုန္ၾကသည္။

"ဒီဘက္က...."

"အာ...အဟဲ ဆိုင္ေလးေကာင္းေၾကာင္း လိုက္ျပရင္း Dateေလးတျဖတ္ေပါ့"

ေကာ္ဖီစပ္သူက ၾကည္လင္သူ႕ကို ၿပဳံးစိစိျဖင့္ၾကည့္ေနၿပီး....

"အခ်ိန္ေကာင္းေလးပိုင္ဆိုင္နိုင္ပါေစ"

ၾကည္လင္သူလည္း ေခါင္းညိမ့္ျပကာ ရွက္ကိုးရွက္ကန္းေတြ ျဖစ္ကုန္သည္။ ဦးေနလင္းထက္တစ္ေယာက္နဲ႕လည္း မလြယ္ပါ။ ပါးစပ္ကလည္း ရွယ္ျမန္၊ လူကလည္း ျဖတ္လတ္ေနတာအမွန္။

Latte ႏွစ္ခြက္မွာယူကာ အလင္းေရာင္ေကာင္းေကာင္းရသည့္ ေနရာေလးကို ေ႐ြးၿပီး ထိုင္ျဖစ္ၾကသည္။

"ဒီဆိုင္ေလးက ေခ်ာင္ထဲေရာက္ေနလို႔ လူသိပ္မမ်ားတာလား မသိဘူးေနာ္"

ၾကည္လင္သူက ဟိုၾကည့္သည္ၾကည့္ျဖင့္လုပ္ေနရင္း သူ႕ထင္ျမင္ခ်က္ကို စေျပာလိုက္သည္။

"မဟုတ္ဘူး၊ ညေနပိုင္းမွ လူပိုစည္လာတာ၊ ဒီအခ်ိန္က လူအရွင္းဆုံးအခ်ိန္ပဲ"

"အာ....အဲ့လိုကိုး၊ ဆိုင္အေနအထားေလးက မဆိုးဘူး၊ အေတာ္ Hygieneျဖစ္တယ္ေျပာလို႔ရတယ္၊ ေနာက္ၿပီး locationကို သေဘာက်တယ္၊ ကုန္းျမင့္ေလးေပၚဆိုေတာ့ ဒီလိုေနရာေလးက ၿမိဳ႕အေနထားနဲ႕ဆို အေတာ္ရွာရခက္တယ္ေလ၊ လူေတာ့မ်ားေအာင္ ေၾကာ္ျငာအားေကာင္းခဲ့ရမွာပဲ၊ အေစာကေျပာသလို ေခ်ာင္က်ေနေတာ့....."

ၾကည္လင္သူတစ္ေယာက္ ေျပာခ်င္တာေတြေျပာေနၿပီးမွ ေနလင္းထက္ကို ေသခ်ာၾကည့္မိသည္။ သူ႕ကိုၿပဳံးၿပီးၾကည့္ေနတာမ်ား ေက်ာက္႐ုပ္ႀကီးအလားပင္။

"ဟို...ကြၽန္ေတာ္က နည္းနည္း စိတ္အႏွောင့္ယွက္ျဖစ္သြားလားခင္ဗ်၊ ေနရာတစ္ခုသြားရင္ အဲ့လိုသုံးသပ္ရတာေတြက ကြၽန္ေတာ့္ဆီမွာ အက်င့္ပါေနလို႔ပါ"

"မျဖစ္ပါဘူးေနာ္၊ ၾကည္လင့္ၾကည့္ရတာ ေပ်ာ္ေနသလိုေပါက္ေနလို႔ ကိုယ္ကစိတ္ခ်မ္းသာေနတာပါ"

"ေကာ္ဖီဝယ္တိုက္တာ ေက်းဇူးတင္ပါတယ္ေနာ္၊ အားလပ္ရက္မွာ ေကာ္ဖီတစ္ေနကုန္ေသာက္ေနၾကမို႔ ဒါက ဒီေန႕ရဲ႕ ပထမဆုံး ေကာ္ဖီပါ"

"ဒါျဖင့္ ကိုယ္ကံေကာင္းတာပဲ၊ ပထမဆုံး ေကာ္ဖီတစ္ခြက္ကို ၾကည္လင္နဲ႕အတူ ေသာက္ရလို႔ေလ….ဟီးဟီး"

လာျပန္ၿပီ....ထို 'ဟီးဟီး'။ ထိုသို႔လုပ္ေနခ်ိန္၌ ေနလင္းထက္ပုံစံသည္ အရမ္းငယ္သြားသလို ခံစားရၿပီး လူငယ္ဆန္သည္ဟု ၾကည္လင္သူျမင္မိေသာေၾကာင့္ ဟက္ခနဲ ရယ္မိသြားသည္။

"ေဆာရီး...ဦးေနလင္းထက္ပုံစံက တစ္ခါတေလ ကေလးလိုပဲေနာ္"

"ကိုယ့္ဆီအၾကည္ဓာတ္ေတြစုေနေတာ့ ကေလးလိုျပန္ျဖစ္သြားတာပါ"

"အဲ့လိုကိုး..."

"အင္း...ကိုယ့္အၾကည္ဓာတ္က ၾကည္လင္ေလ"

"ဟမ္ ... ကြၽန္ေတာ္လား"

ၾကည္လင္သူသည္ ႐ုတ္တရက္မို႔ ေၾကာင္အန္းအန္းလည္းျဖစ္ လန႔္လည္းသြားကာ သူ႕ကိုယ္သူ လက္ညွိုးျပန္ထိုးျပရင္း ေမးမိသည္။ ေနလင္းထက္ကေတာ့ တစ္ခ်ိန္လုံးသြားၿဖီးေနၿပီး ေခါင္းညိမ့္ျပကာ.....

"ဟုတ္တာေပါ့၊ ၾကည္လင့္ကို စေတြ႕တဲ့ေန႕တည္းက အၾကည္ဓာတ္ရသြားတာပါပဲ၊ ကိုယ့္ဖုန္းထဲေတာင္ အၾကည္ဓာတ္ေလးလို႔ ေပးထားတာ"

ၾကည္လင္သူ႕နား႐ြက္ႏွင့္ပါးေတြ ရဲတက္လာေနသည္ကို ေနလင္းထက္သတိထားမိပါသည္။ ဘယ္လိုၾကည့္ၾကည့္ကို ၾကည္ရွင္းေနသည္မို႔ အခုလိုေလးက်ေတာ့လည္း ခ်စ္ဖို႔ေကာင္းေနသည္။

Flirtခံေလးၾကည္လင္သူမွာ ယခုမွေက်ာင္းစတတ္ရသည့္ မူႀကိဳကေလးမ်ားလို ကႀကီး ခေခြးသာသိသည္....ဘယ္လိုေရးရမယ္မွန္းမသိ။ အခ်စ္ကိုသာ ၾကားဖူးတာ၊ သူမ်ားနဲ႕ ဘယ္လိုခ်စ္ရမွန္းမသိသည့္ ကေလးႀကီးျဖစ္ေနေသာ ၾကည္လင္သူသည္ သူ႕အေရွ႕က လူပ်ိဳႀကီးေလာက္ေတာင္ ပါးစပ္ကမသြက္။ ၾကည္လင္သူ႕ၾကည့္ရတာ လက္ကလႈပ္မွ လႈပ္မည့္ ပလုတ္တုတ္ေလးလိုပင္။

"တစ္ခုခုျပန္ေျပာပါဦး၊ ကိုယ္တစ္ေယာက္တည္း စကားေျပာေနရသလိုပဲ"

"ဟို....ဦးေနလင္းထက္က အသက္ဘယ္ေလာက္ရွိေနၿပီလဲ"

"ကိုယ္က ၄၅ထဲ ဝင္ေနပါၿပီ၊ ဘာလဲ အရမ္းအိုေနၿပီလို႔ထင္ေနတာလား"

"ေျပာင္းျပန္ပါ၊ ဦးေနလင္းထက္က ကြၽန္ေတာ့္ထက္ကို သြက္လက္ပါတယ္ခင္ဗ်ာ"

"ဟား ဟား ေက်နပ္သြားပါၿပီ၊ ၾကည္လင္က အနည္းဆုံး ၂၅ေလာက္ေပါ့"

"ဟင္....မွန္တယ္ဗ်၊ ကြၽန္ေတာ္က ၂၅ထဲေရာက္ေနၿပီ"

စကားဝိုင္းေလးသည္ အေျခေနသြက္လာသည္ဟု ေနလင္းထက္ခံစားမိသည္။ ထို႔ေၾကာင့္ သူ႕ဘက္ကလည္း သြက္စရာရွိတာ သြက္ရေတာ့မည္။

"ၾကည္လင္က ဘယ္လိုလူမ်ိဳးကို စိတ္ဝင္စားလဲဆိုတာ ကိုယ္သိခ်င္တယ္"

ေကာ္ဖီေလးတစ္ငုံေသာက္႐ုံရွိေသး ေနလင္းထက္စကားေၾကာင့္ ၾကည္လင္သူတစ္ေယာက္ ေနရျပန္ခက္ျပန္ၿပီ။

"ဟို ဘယ္လိုမ်ိဳးလဲ၊ ဟို ဟာ....မိတ္ေဆြအေနနဲ႕လား လက္တြဲေဖာ္အေနနဲ႕လား"

"ကိုယ္ကေမးေနမွေတာ့ လက္တြဲေဖာ္ေပါ့ ၾကည္လင္ရယ္"

"ဪ....ဟား ဟား...."

ၾကည္လင္သူတစ္ေယာက္ ေျပာစရာစကားေတြမဲ့ကုန္ေလၿပီ။

"ကြၽန္ေတာ္က တစ္သီးတစ္သန႔္ေနတဲ့ ပုံစံမ်ိဳးပါ၊ နည္းနည္းႀကီးက်ယ္တယ္ထင္ရေပမယ့္ အဲ့လိုလုံးဝမဟုတ္ပါဘူးဗ်၊ ကြၽန္ေတာ္ငယ္ငယ္တည္းကကို အခုလိုပုံစံပဲ ေနတတ္ခဲ့လို႔ပါ၊ ဟို....အဲ့လိုဆိုေတာ့ ကြၽန္ေတာ္ကေလ ကြၽန္ေတာ့္ကို နားလည္တဲ့သူမ်ိဳးကို သေဘာက်ပါတယ္၊ အရမ္းႀကီးနားလည္ေပးစရာမလိုပါဘူး၊ ကြၽန္ေတာ္ကအလုပ္ခ်စ္တဲ့သူဆိုေတာ့ အလုပ္အတြက္အခ်ိန္ပိုေပးမိရင္ နားလည္ဖို႔ရယ္၊ တသီးတသန႔္ေနခ်င္တဲ့အခ်ိန္ နားလည္ေပးဖို႔ရယ္ပါ"

ေနလင္းထက္သည္ ၾကည္လင္သူ႕ကို ေလးေလးနက္နက္ၾကည့္ေနမိသည္။ မၿပဳံး၊ မရယ္၊ ေျပာင္ေခ်ာ္ေခ်ာ္မလုပ္၊ တစ္ဖက္သူ၏ စကားကို ေကာင္းစြာသေဘာေပါက္သည့္အတိုင္း ၾကည့္ေနမိသည္။ ဤသည္ကိုလည္း ၾကည္လင္သူ သေဘာက်မိပါ၏။ လူတစ္ဦးနဲ႕တစ္ဦးက အခ်ိန္အခါအလိုက္ ေလးစားသမႈရွိရမည္မဟုတ္လား။ ေဒါက္တာေနလင္းထက္က လူႀကီးလူေကာင္းလည္း ဆန္တတ္ပါေသးသည္။

"ကိုယ္လည္း အလုပ္မ်ားတယ္၊ ကိုယ္လည္း အလုပ္ကို အေတာ္ခ်စ္တယ္ေျပာလို႔ရတယ္၊ ေနာက္ ကိုယ္က အားတဲ့အခ်ိန္ေတြဆို ခ်စ္တဲ့သူေတြနဲ႕ အခ်ိန္ျဖဳန္းခ်င္တာ၊ ေလာေလာဆယ္ေတာ့ ကိုယ့္အေမပဲရွိေတာ့တယ္၊ သူနဲ႕ပဲ အခ်ိန္ျဖဳန္းျဖစ္တာေပါ့"

"အာ....ကြၽန္ေတာ့္မွာေတာ့ အေမလည္းမရွိသလို အေဖလည္းမရွိပါဘူး၊ ငယ္ငယ္တည္းက ေမြးစားမိဘေတြနဲ႕ အတူေနခဲ့တာပါ၊ ဒါေပမယ့္ သူတို႔က ကြၽန္ေတာ့္မိဘရင္းေတြပါပဲ၊ သူတို႔မွာလည္း သားတစ္ေယာက္ရွိတယ္၊ ကြၽန္ေတာ္နဲ႕က အဆင္မေျပျဖစ္တတ္လို႔ အခု အလုပ္ေသခ်ာရခ်ိန္ အိမ္ခြဲခဲ့တာပါ၊ ဒါေၾကာင့္ ကြၽန္ေတာ့္ပုံစံက နည္းနည္း သီးသန႔္ဆန္ေနသလိုျဖစ္ေနတာ....."

သည္ေလာက္ဆို ေနလင္းထက္သေဘာေပါက္ပါၿပီ။

"ၾကည္လင္က သိပ္ေတာ္တာပဲေနာ္"

႐ုတ္တရက္ႀကီးအခ်ီးက်ဴးခံလိုက္ရေသာေၾကာင့္ ၾကည္လင္သူ႕ မ်က္လုံးေလးမ်ားက အေရာင္လက္ခနဲျဖစ္သြားရသည္။

"အခုလို သူမ်ားကအားက်ရၿပီး မရွိမျဖစ္အားကိုးရတဲ့သူတစ္ေယာက္ျဖစ္ေနပုံေထာက္ရင္ ၾကည္လင္က အေျခစနစ္ေကာင္းခဲ့ပုံပဲ၊ ဒါေၾကာင့္ ေတာ္တယ္လို႔ေျပာတာပါ"

ၾကည္လင္သူ ၿပဳံးလိုက္မိသည္။ ေနလင္းထက္သည္ ေခ်ာင္းတစ္ခ်က္ဟန႔္ကာ လက္ႏွစ္ဖက္လုံးကို စားပြဲေပၚသို႔တင္ၿပီး ဆန႔္ထုတ္လိုက္လ်က္....

"ဒီေလာက္ဆို ကိုယ္က ၾကည္လင့္ လက္တြဲေဖာ္ လုပ္လို႔ရၿပီလား"

"ခင္ဗ်ာ.…"

"ကိုယ္တို႔တြဲၾကည့္ၾကမယ္ေလ၊ တြဲေနစဥ္အတြင္း ၾကည္လင္က ကိုယ့္ကို သေဘာမက်တာမ်ိဳးရွိလာရင္ ပြင့္ပြင့္လင္းလင္းေျပာၾကတာေပါ့"

ေနလင္းထက္က ၾကည္လင္သူ႕ကို စိုက္ၾကည့္ေနေသာ္ျငား ၾကည္လင္သူ႕မ်က္လုံးမ်ားကေတာ့ အၿငိမ္မေနနိုင္ေတာ့။ စိတ္ေတြလႈပ္ရွားသြားၿပီး ေကာ္ဖီခြက္ပဲ ကိုင္ထားရမလိုလို၊ သူ႕အေရွ႕ေရာက္ေနေသာ ေနလင္းထက္လက္ပဲ ကိုင္လိုက္ရမလိုလိုေတြ ျဖစ္ကုန္သည္။ သူထင္ထားတာက သူ႕ဘက္ကေနၿပီး ေကာင္မေလးတစ္ေယာက္ေယာက္ကို ဒီလိုစကားမ်ိဳးစေျပာရမယ္ထင္ခဲ့တာ....အခုအေျခေန၌ သူက သူမ်ားေျပာတာကို ခံလိုက္ရသည္။

"ၾကည္လင္ ကိုယ့္ကို သေဘာမက်လိဳ႕လား၊ ဒါမွမဟုတ္ ဒီလိုမ်ိဳးကို မႀကိဳက္တာလား"

အေျဖၾကာေနေသာေၾကာင့္ ေနလင္းထက္ဘက္မွ စိတ္လႈပ္ရွားစြာျဖင့္ စကားထပ္ေျပာလာေတာ့သည္။ ၾကည္လင္သူသည္ ေခါင္းအတင္းခါလိုက္ရင္း....

"မဟုတ္ပါဘူးခင္ဗ်၊ ဟို ကြၽန္ေတာ္ စဥ္းစားရခက္သြားလို႔ပါ"

"ကိုယ္က အေျဖေတာင္းတာလည္းမဟုတ္ဘူး၊ ခ်စ္တယ္လည္းေျပာခိုင္းတာမဟုတ္ဘူး၊ တြဲၾကည့္ၾကရေအာင္လို႔ေျပာတာပါ၊ မခက္ပါဘူး ၾကည္လင္ရဲ႕"

ေနလင္းထက္၏ ႐ႊတ္ေနာက္ေနာက္ေလသံက ထြက္လာသည္။ ၾကည္လင္သူသည္ ဤတစ္ႀကိမ္ေတာ့ ေနလင္းထက္မ်က္ႏွာကို ေသခ်ာစိုက္ၾကည့္လာသည္။

ေနလင္းထက္ကို အျပင္လူတစ္ေယာက္အေနျဖင့္ၾကည့္ရလွ်င္ သူ႕အသက္႐ြယ္ႏွင့္ ႏုသည္ဟု ေျပာ၍ရၿပီး ၾကည့္ေကာင္းေသာသြင္ျပင္ရွိသည္။ ႐ုပ္ရည္ပိုင္းဆိုင္ရာကေတာ့ ေျပာစရာမလို။ သို႔ေသာ္ တြဲၾကည့္သည္ဆိုရာ၌ ႐ုပ္ႏွင့္တြဲလွ်င္အဆင္မေျပနိုင္၊ စိတ္ပိုင္းဆိုင္ရာတြဲရမည္ျဖစ္၍ ၾကည္လင္သူေတြေဝသြားျခင္းျဖစ္သည္။ ေနာက္ၿပီး သူ႕မွာက အေတြ႕ႀကဳံကရွိတာမဟုတ္....သို႔ေသာ္ ေနလင္းထက္ႏွင့္ေနလွ်င္ေတာ့ သူခ်ည္းအစခံေနရမည္လား။

"ကြၽန္ေတာ့္ကိုမွ ဘာလို႔လာတြဲခ်င္တာလဲ"

"ကိုယ့္ထက္ေခ်ာလို႔၊ ၾကည္ၿပီးေဖြးသန႔္ေနတာ ကိုယ္ကေက်ာ္သြားစရာလား၊ ကိုယ့္မ်က္လုံးေတြက ေကာင္းေသးတယ္ေလ"

ၾကည္လင္သူမရယ္ဘဲမေနနိုင္ေတာ့။ ထိုသို႔ပြင့္ပြင့္လင္းလင္းေျပာမယ္လည္းမထင္ခဲ့။

"ဟုတ္ကဲ့၊ တြဲၾကည့္ၾကမယ္‌"

"တကယ္ေနာ္"

ေနလင္းထက္႐ုပ္သည္ ေမ်ာက္အုန္းသီးရသြားသလိုပင္။ သူ႕အေရွ႕ကအၾကည္ဓာတ္ေလးကို ၿမိဳခ်လိဳက္လို႔ရလွ်င္ ၿမိဳခ်ပစ္လိုက္မလားပင္။

"ကြၽန္ေတာ္ တကယ္ေျပာတာပါခင္ဗ်"

"ကိုယ့္ကိုေရာ ဘာလို႔တြဲၾကည့္ခ်င္တာလဲ"

"ဦးေနလင္းထက္က ရယ္ရလို႔ပါ"

အဲ့စကားေျပာၿပီး ႏွစ္ေယာက္သား ဝါးခနဲပြဲခဏက်သြားၾကသည္။

"ကိုယ့္ကိုေလ အိုစာသြားေအာင္ ဦးေနလင္းထက္လို႔ မေခၚပါနဲ႕လား"

"ဘယ္လိုေခၚရမလဲခင္ဗ်"

ထိုေမးခြန္းၾကားေတာ့ ေနလင္းထက္ႀကီး ရွက္ၿပဳံးႀကီး ၿပဳံးလာကာ ေခါင္းကုပ္လိုက္ရင္း....

"ကိုယ္အရမ္းသေဘာက်တဲ့ နာမ္စားရွိတယ္၊ အမွန္က ေမေမက ေဖေဖ့ကို ေခၚခဲ့တဲ့နာမ္စားမို႔ ကိုယ္လည္း လက္တြဲေဖာ္ရရင္ အဲ့ဟာေလးသုံးခ်င္တာ....."

ေနလင္းထက္က ဆက္မေျပာဘဲ ရပ္သြားသည္။ ၾကည္လင္သူကေတာ့ ဘာနာမ္စားပါလိမ့္ဟု ေတြးေနမွာအမွန္။

"ေမာင္ ဆိုတဲ့ နာမ္စားေလးေလ...."

‌"ေမာင္ ...."

ၾကည္လင္သူ႕ဆီမွ အာေမဋိတ္သံျဖစ္သည္။ သို႔ေသာ္ ထိုအသံက ေနလင္းထက္ရင္ဘတ္ထဲတြင္ေတာ့ ဆိုင္းဝိုင္းသံေတြထြက္သြားေလၿပီ။

"ကိုယ့္ကို အဲ့လိုေခၚေလေနာ္ ၊ ဦးေနလင္းထက္ဆိုတာႀကီးက မသိရင္ ကိုယ့္အသက္က ၆၀ေလာက္ျဖစ္သြားသလိုပဲ"

"မေလာဘဲနဲ႕ ကြၽန္ေတာ္ႀကိဳးစားၾကည့္ပါမယ္၊ ကြၽန္ေတာ့္ပါးစပ္ထဲစြဲဖို႔က သိပ္အဆင္မေျပေသးဘူး၊ စိတ္မရွိပါနဲ႕ေနာ္"

"ရပါတယ္၊ ကိုယ္က ေစာင့္နိုင္တယ္၊ မၾကားၾကားရေအာင္ပဲ ႀကိဳးစားမွာ"

ဤသို႔ျဖင့္ ထိုေန႕လယ္ခင္းအခ်ိန္ခါေလးသည္ ေကာ္ဖီနံ႕သင္းသင္းေလးႏွင့္ ရယ္သံလႊင္လႊင္ေလးမ်ားၾကားရမည္ျဖစ္ၿပီး အခ်စ္ပန္းဖူးေလးမ်ားကိုလည္း ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္......

_________________________________Ep 18End!
Adder Aries 🖤

ဉာဏ္တို႔ကိုခ်စ္ရင္ အက္ဒါေရးတာသေဘာက်ရင္ အျခားသူေတြလည္းဖတ္လို႔ရေအာင္ ၫႊန္းေပးၾကပါဦးေနာ္။ ဒါမွ အက္ဒါလည္း ဪ ငါစာေရးလို႔ပ်င္းလို႔မျဖစ္ေတာ့ဘူးဆိုတာ အသိဝင္လာမွာ ဟီးဟီး....😁 ေက်းဇူးပါ🖤

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

479K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
846K 39.7K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
276K 26.3K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...