"ဉာဏ်....ထမင်းမစားချင်ဘူးလား"
ဇွန်းဖြင့် ထမင်းပန်းကန်ကို ထိုးမွှေနေသော ဉာဏ့်ကိုအကဲခတ်ကြည့်နေသည့် စက်နေဟိန်း မမေးဘဲ မနေနိုင်တော့။
"စားချင်ပါတယ်"
ထိုသို့ပြောပြီး ပါးစပ်ထဲသို့ ထမင်းတစ်လုတ်အမြန်ထည့်ကာ ဖြည်းဖြည်းချင်းဝါးနေသည်။ စက်နေဟိန်းလည်း ဒီကလေးတစ်ခုခုဖြစ်နေတာကို ရိပ်မိနေပေမယ့် ထမင်းစားချိန်အတွင်း မေးမနေတော့။
"ဦးစက်"
"ပြော"
"ဉာဏ်တို့လေ တစ်ခါက မာမီနဲ့ကြီးကြီးတို့ရဲ့ surpriseဆိုတာကြီးလေ၊ အငှားကိုယ်ဝန်ဆောင်သည် ငှားပေးထားတယ်ဆိုတာလေ"
"အင်း၊ ကိုယ်မှတ်မိတယ်"
"အဲ့ဒါလုပ်ကြည့်ကြမလားဟင်"
ဉာဏ့်စကားကြားပြီး စက်နေဟိန်း၏ မျက်ခုံးအစုံတို့ပင့်တက်သွားကာ စားလက်စ ဇွန်းကိုပါ ပစ်ချလိုက်မိသည်။
"အဟမ်း....အာ...."
ဉာဏ့်ကို စကားပြန်ပြောဖို့ရာ သူကိုယ်တိုင်အစရှာမရချေ။ ဉာဏ်က သူ့ကို မျှော်လင့်တကြီးကြည့်နေတာမို့ ဉာဏ့်ကိုသာ အီလည်လည်ဖြင့် ပြန်ကြည့်နေမိသည်။
"ဉာဏ်က ရုတ်တရက် ဘာလို့လဲ"
"ဒီနေ့ ဉာဏ် ကလေးပိစိလေးတစ်ယောက် မိဘနဲ့ကွဲသွားလို့ ပြန်ရှာပေးခဲ့တယ်၊ သမီးလေးသိလား....အရမ်းချစ်ဖို့ကောင်းတာပဲ၊ အသံလေးကအစ....အဲ့ဒါကြောင့် ဉာဏ့်စိတ်ကနည်းနည်း...."
"ကိုယ်သဘောပေါက်ပြီ"
စက်နေဟိန်းသည် ညစာအား လက်စသတ်ကာ ရေသောက်ပြီး သက်ပြင်းဖြည်းဖြည်းချသည်။
"ကိုယ်က ကိုယ့်ရင်သွေးလေး ကလေးလေးတွေဆိုတာကို တကယ်မက်မောတယ်ဉာဏ်၊ ဒါ ကိုယ်အရင်တည်းက ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေထဲကတစ်ခုပဲ၊ အမှန်တိုင်းပြောတာပါ၊ အခု ဉာဏ့်ဘက်ကနေတွေးပေးရရင် ဉာဏ့်အသက်အရွယ်က ငယ်သေးတယ်၊ နောက်ပြီး ယောက်ျားချင်းလက်ထပ်ထားရတဲ့သူ၊ အဲ့ဒါအပြင် ဉာဏ်ချစ်လို့ယူခဲ့တာဆိုတာထက် အခြားဖိအားကြောင့် ကိုယ်နဲ့လက်ထပ်ထားတာ၊ ဒီတိုင်းယောက်ျားလေးအလွတ်တစ်ယောက်အနေနဲ့ တွေးကြည့်ဦး ဉာဏ်၊ ကိုယ်ပြောတာ သဘောပေါက်လား"
"ဦးစက်ပြောချင်တာ ဉာဏ်က အိမ်ထောင်ကျသွားလို့ ကလေးလိုချင်လာတာလို့ပြောတာလား"
"အဲ့လိုမဟုတ်ဘူး၊ ကိုယ်ပြောချင်တာ အိမ်ထောင်ကျသည့်တိုင် ကလေးမလိုချင်တဲ့သူတွေ အများကြီးပဲ၊ အိမ်ထောင်ကျလို့ ကလေးရမှဖြစ်မယ်၊ ကလေးလိုချင်ရမယ်ဆိုတဲ့ သဘောတရားကို ကိုယ်လက်မခံဘူး၊ အခု ကိုယ်ပြောတာက ကိုယ့်တစ်ယောက်တည်းရဲ့စိတ်က တကယ်ပဲ လိုချင်နေသလားဆိုတာသိဖို့အရေးကြီးတယ်၊ အဝေးကြီးကြည့်စရာမလိုဘူး ဉာဏ်ရယ်...ဂျူးကိုပဲကြည့်၊ ဉာဏ့်ကို Single Momအနေနဲ့ သူမွေးခဲ့တာမလား၊ ကိုယ်ပြောချင်တာ အဲ့ဒါ၊ ကိုယ့်စိတ်က ကျန်ဖိအားမပါဘဲ တကယ်ပဲ လိုချင်တာလား သိအောင်လုပ်ခိုင်းတာ၊ အခု ကိုယ်တို့က အိမ်ထောင်သည်တွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်တာလေး ပိုသွားရုံပဲ၊ ကိုယ်က ဖိအားပေးတတ်တဲ့သူမဟုတ်ဘူး၊ ဉာဏ်သေချာစဉ်းစား"
စက်နေဟိန်းဆိုလိုသည်ကို သဘောပေါက်သွားသော ဉာဏ်က ငြိမ်သွားပြန်သည်။
"အင်း....ဒါဆို သေချာစဉ်းစားဦးမယ်၊ ဦးစက်သဘောထားကိုလည်းသိပြီဆိုတော့ ဉာဏ်ပဲ လိုတော့တာ"
စက်နေဟိန်းပြုံးလိုက်ကာ ညစာစားလို့မပြီးသေးသော ခေါင်းသေးသေးလေးကို လက်ဖြင့်ပွတ်သပ်ပေးခဲ့လျက် သူကိုယ်တိုင်က ထမင်းစားခန်းထဲမှ ထွက်လာခဲ့သည်။ ထို့နောက် ကိုယ်တိုင်လိပ်ထားသော ဖက်ကြမ်းဆေးလိပ်တစ်လိပ်ကိုထုတ်ကာ သောက်ရန်ပြင်လိုက်သည်။
ဉာဏ့်စကားကြောင့် သူစိတ်ရှုပ်နေတာမဟုတ်၊ ဉာဏ့်အပေါ်ဝန်ပိလာမှာတွေကို သူစိုးရိမ်မိသည်။ သူ့ကိုယူထားရတာတောင် အားနာနေရတဲ့စိတ်က အခုထိရှိနေတုန်း။ သူ့မမြင်ရတဲ့ကိစ္စတွေရော၊ မြင်ရတဲ့ကိစ္စတွေရောက ရှိနေသည့်အပြင် မာမီကလည်း ဘာမှန်းမသိ။
ဒီနေ့လည်းဖုန်းဆက်ကာ သက္ကစက်အိမ်ကြီးကို သူရောင်းချင်ပါသတဲ့။ သူရောင်းပြီး သူပဲပြန်ဝယ်သည့်သဘောတွေပြောပြီး စံအိမ်ကြီးရောင်းထွက်အောင် မေမေကြီးတို့ဆီ သွားခိုင်းနေသည်။ တစ်ခါတလေ မာမီက ဘာတွေဖြစ်ချင်နေမှန်း စက်နေဟိန်းနားမလည်တော့။ မေမေကြီးတို့အကြောင်းလည်း သိသိရက်နဲ့ မာမီပြဿနာရှာနေပြီဟု စက်နေဟိန်းတွေးမိလိုက်တော့၏။
"ဟူး..."
စက်နေဟိန်းသည် ဆေးလိပ်ငွေ့များနှင့်အတူ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်တော့သည်။ ထိုစဉ် စက်နေဟိန်းကို အနောက်မှကြည့်နေသော ဉာဏ်ကလည်း မျက်နှာလေးငယ်သွားသည်။ သူ့ကြောင့်များ စိတ်ရှုပ်သွားပြီလားဟူ၍တွေးမိကာ ကလေးယူမည့်ကိစ္စကို သေချာတွေးရဦးမည်။
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
ဒေါက်တာနေလင်းထက်တစ်ယောက် မအိပ်ခင် လေ့ကျင့်ခန်းလုပ်ပြီး ဖုန်းဖွင့်ကြည့်ကာ စိတ်ထဲဝေခွဲမရဖြစ်နေရင်းမှ ကြည်လင်သူထံ ဖုန်းဆက်တော့သည်။
ဖုန်းကိုင်ဖို့ကို တော်တော်ကြာကြာတော့စောင့်လိုက်ရသည်။
"ဟယ်လို....ဦးနေလင်းထက် ပြောပါခင်ဗျ"
မိမိကို သိသည်ဆိုသော်လည်း ကြည်လင်သူ့လေသံက အလုပ်လုပ်သည့်အတိုင်း ဖြစ်နေတာကို နေလင်းထက် သဘောမကျ။
"ပေါ့ပေါ့ပါးပါးပဲပြောလို့ရပါတယ် ကြည်လင်သူ၊ ကိုယ်နဲ့က သူစိမ်းတွေမှမဟုတ်ဘဲ"
နေလင်းထက်စကားကြောင့် ကြောင်ကိုင်နေသော ကြည်လင်သူတစ်ယောက် ကြောင်အန်းအန်းဖြစ်သွားရသည်။
"ဟုတ်ကဲ့ခင်ဗျ"
"ဟော....လုပ်ပြန်ပြီ၊ ဒီတိုင်းလေ ကြည်လင့်သူငယ်ချင်းတွေနဲ့ စကားပြောသလိုမျိုးပဲ ပြောပါ၊ ဟို ဘောင်တွေ ကွင်းတွေခတ်ပြီး မပြောနဲ့၊ နားထောင်ရတာ အသက်ရှူကြပ်သလိုပဲ"
"ဟား ဟား ဟုတ်တယ်နော်"
ကြည်လင်သူတစ်ယောက် နေလင်းထက်ကို စကားပြန်ပြောဖို့ရာ စကားစပျောက်နေသဖြင့် သံယောင်လိုက်နေရတော့သည်။
"ဟို....ဦးနေလင်းထက် တစ်ခုခုများ ပြောစရာရှိလို့လား"
"ဟုတ်တယ်၊ ရှိတယ်ရယ်....."
ထိုသို့ပြောပြီး နေလင်းထက်အသံတိတ်သွားသဖြင့် ကြည်လင်သူငြိမ်ငြိမ်လေး ဆက်နားထောင်နေလိုက်သည်။
"မနက်ဖြန် ကိုယ်တစ်နေကုန်အားတယ်၊ ကြည်လင်သူရော အားလား"
ထိုသို့မေးတော့ ကြည်လင်သူတစ်ယောက် Tabletသွားဆွဲကာ Schedule fileကို ကြည့်ရသည်။
"မနက်ပိုင်းက MDနဲ့ အလုပ်ရှိပါတယ်၊ နေ့လယ် တစ်နာရီနောက်ပိုင်းမှ အားပါမယ်၊ ဦးနေလင်းထက် appointmentလိုချင်လို့လား"
"ကြည်လင်နဲ့တွေ့ဖို့ ကိုယ် appointmentယူရဦးမှာလား"
နေလင်းထက်က အသံပြဲကြီးဖြင့် အော်ရယ်ကာ မေးတော့မှ ကြည်လင်သူသည် သူ့ကို တွေ့ဖို့ချိန်းနေမှန်း သဘောပေါက်သွား၏။
"အဲ့ဒါက ကျွန်တော် MDကို မေးရပါဦးမယ်၊ တစ်ခါတလေ အလုပ်ဆက်လုပ်စရာရှိရင် MDကို ကူရမှာပါ"
"ဪ တော်တော်ဆိုးတဲ့ Bossပဲနော် ရရစ်နဲ့ပြိုထားတဲ့ကောင်က....စိတ်မပူပါနဲ့၊ မနက်ဖြန် နေ့လယ်နှစ်နာရီတွေ့ကြမလား၊ ကိုယ်တို့ အဆာပြေတစ်ခုခုစားရင်း အာလူးဖုတ်ကြတာပေါ့၊ အဲ....ညစာလည်း တစ်ဆက်တည်း သွားစားကြမယ်လေ၊ အခု ကြည်လင်နေတဲ့နေရာပြော၊ ကိုယ်လာခေါ်ပေးမယ်"
သူချည်းစကားပြောနေသလားထင်ရအောင် နေလင်းထက်ပါးစပ်သွက်ချက်က ကြည်လင်သူတောင် ခေါင်းမူးလာသည်။
"ရ....ရပါတယ်၊ ကျွန်တော့်ဘာသာပဲ လာပါ့မယ်၊ လာရမယ့် နေရာပဲ မက်ဆေ့ခ်ျလေးပို့ထားပေးပါ"
"ဘယ်ဟုတ်ပါ့မလဲ၊ ကိုယ်က မနက်ဖြန် မတရားတွေအားနေတာလေ၊ ကြည်လင်က အလုပ်သွားပြီးမှ ကိုယ်နဲ့တွေ့ရမှာဆိုတော့ ပင်ပန်းမှာပေါ့၊ ဟုတ်တယ်မလား"
တစ်ဖက်မှ ကြည်လင်သူသည် ငြိမ်သွားကာ ပေါင်ပေါ်တင်ထားသည့် ကြောင်ဖြူလေးကို စိုက်ကြည့်နေမိသည်။ မသိလျှင် ကြောင်လေးကို ငါဘာလုပ်ရမလဲ မေးနေသယောင်ယောင်။
"ကြည်လင်....ရှိနေသေးလား"
"ဟုတ်ကဲ့...."
"ကိုယ်နဲ့မတွေ့ချင်လို့လား"
"အဲ့....အဲ့လိုမဟုတ်ပါဘူးခင်ဗျ၊ အထင်မလွဲပါနဲ့၊ ကျွန်တော် စဉ်းစားနေလို့ပါ"
ကြည်လင်သူ့အဖြေကြားတော့ နေလင်းထက်မျက်နှာကြီး ပြုံးဖြီးသွားသည်။
"ကျွန်တော့်လိပ်စာကို မက်ဆေ့ခ်ျပို့လိုက်ပါမယ်ခင်ဗျ"
"ဟီးဟီး ကောင်းပါပြီနော်၊ မနက်ဖြန်သေချာပေါက်ကို တွေ့မယ်နော်၊ ကောင်းသောညပါ ကြည်လင်"
"ဟုတ်ကဲ့ ကောင်းသောညပါ ဦးနေလင်းထက်"
ကြည်လင်သူ ဖုန်းချလိုက်ကာ ထိုဟီးဟီးဆိုသည့် ရယ်သံကို မေ့တော့မည်မဟုတ်။ ဘာလဲ ဟီးဟီး.... ဦးနေလင်းထက်က ကလေးလိုလုပ်နေသလိုပဲ။
ကြည်လင်သူက တစ်ယောက်တည်းနေသူမို့ တိုက်ခန်းလေးသင့်တင့်ရုံဝယ်ထားကာ ကြောင်လေးတစ်ကောင်နှင့်အတူ နေသည်။ အပေါင်းသင်းသိပ်မများဘဲ အိမ်ထဲအေးဆေးနေကာ စာဖတ်ရတာ ကြိုက်သည့်သူမျိုးဖြစ်သည်။ ထို့ကြောင့်လည်း နေလင်းထက်၏ Flirtခံလေးဖြစ်နေကာ သူ့မှာ ဂယောင်ခြောက်ခြားဖြင့်....။
.
.
.
.
.
နေလင်းထက်၏ အလုပ်မှာ မပြီးဆုံးသေး။ စက်နေဟိန်းဆီ ဖုန်းလှမ်းဆက်ရသေးသည်။ ထိုစဉ် စက်နေဟိန်းသည် မနက်ဖြန် တရားရုံးသွားရန်အတွက် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်နေရသည်။
"ကဲ...ဘယ်သူများလဲလို့ ဒေါက်တာပါလား"
စက်နေဟိန်း၏ စစနောက်နောက်နှုတ်ဆက်မှုကြောင့် နေလင်းထက်ရယ်လိုက်ကာ....
"မနက်ဖြန် တစ်နာရီနောက်ပိုင်း ကြည်လင်သူကို ဘာမှမခိုင်းနဲ့တော့၊ မင်းကွာ သူများသားသမီးကို နားရက်ပေးရင် သေချာပေးနားလေ၊ ဟိုခိုင်း သည်ခိုင်းတွေ မလုပ်စမ်းနဲ့"
အသားလွတ်ကြီး အပြောခံနေရသော စက်နေဟိန်းတစ်ယောက်ရယ်ချင်လာသည်။
"ကြောက်လိုက်တာဗျာ၊ မြင်းကမလှုပ် ခုံကလှုပ်နေပြန်ပါပြီ"
"ငါမနက်ဖြန် အားရက်လေ"
"ဒီတလော ဒေါက်တာ အရမ်းအားတယ်နော်"
"ဟဲဟဲ ငါလည်း ဗီတာမင်တွေချို့တဲ့နေတာနဲ့ B6, B12တွေ မှီဝဲတော့မလို့"
နေလင်းထက်စကားကြောင့် စက်နေဟိန်းရယ်ရတာ အူတက်တော့မည်။
(A/N_B6, B12ဆိုတာ အသားဓာတ်ဖြစ်စေတဲ့ ဗီတာမင်တွေပါ၊ ခန္ဓာကိုယ်အတွက် tissueတွေတည်ဆောက်ပေးတဲ့နေရာမှာ အရေးပါပါတယ်၊ လိုအပ်တဲ့ Energyကိုပေးစွမ်းတဲ့ ဗီတာမင်တွေဖြစ်ပြီး B12ကိုတော့ animal productကနေသာ ရရှိပါတယ်။ ဘာမှမဟုတ်ဘူး- အက်ဒါက အဲ့ဓာတ်တွေချို့တဲ့လို့ ဆေးသောက်နေရတာနဲ့ လမ်းကြုံလို့ ပြောပြတာပါ)
"မနက်ဖြန် ချိန်းတွေ့ကြမလို့လား"
"ငါ့ဘက်ကတော့ အဲ့လိုပေါ့၊ ကြည်လင်သူက ဘယ်လိုထင်မလဲမသိဘူး၊ ဘာပဲဖြစ်ဖြစ် မင်းမနက်ဖြန် တစ်နာရီနောက်ပိုင်း သူ့ကို အားကို အားပေး ရမယ်နော်၊ မဟုတ်ရင် မင်းဟာလေးတစ်ခုခုဖြစ်ကြည့် ငါ့လာမတနဲ့"
"ဟုတ်ပါပြီ၊ အသားဓာတ်တွေ ချို့တဲ့နေတဲ့ အဘိုးကြီးရယ်၊ ဪ ငါ့အတွင်းရေးမှူးလေးတော့ ဟင်း...."
"ဟား ဟား....နောက်ဆို သူ့ကို အိမ်ထဲမှာပဲ ဥထားတော့မှာ၊ ကိုယ့်ဘာသာ အတွင်းရေးမှူးအသစ်ရှာထား၊ ကြိုပြောထားတာ"
"ဟာ....လုပ်ပြီဗျာ ဟား ဟား ဟား....."
နေလင်းထက်ကြောင့် စက်နေဟိန်းခမျာ ပါးစပ်ကို စိမနေရတော့။ ထို့နောက် ဖုန်းချကာ စက်နေဟိန်းသည် ဉာဏ့်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။ ဉာဏ်က chattingထိုင်နေတာလားမသိ။ လက်ချောင်းတွေမညောင်းသည့်အလား စာရိုက်နေတာက ကြည့်တဲ့သူတောင် မူးလာရသည်။
"ဉာဏ်...."
"ဟင်"
စာရိုက်နေရာမှ မော့ကြည့်ကာ ပြန်ထူးလာသော ကောင်လေး။
"ကိုယ်တို့လည်း dateကြမလား"
"ဟမ်"
"ကိုယ်တို့သေသေချာချာ အပြင်မထွက်ကြရသေးဘူးမလား"
"ထွက်ရတယ်လေ၊ ဦးစက်ပြောတာ နားမလည်ဘူး"
ဉာဏ်က Dateဆိုတာကို နားလည်သည်။ သို့သော် ယူထားပြီးသူများအကြား သုံးလို့သင့်တော်ရဲ့လား သူမတွေးတတ်ချေ။
"ရည်းစားတွေလိုလေ"
"ဟင်....ယူပြီးတဲ့သူတွေက အဲ့လိုလုပ်လို့ရတာလား"
စက်နေဟိန်းသည် ဉာဏ့်ကို ခေတ္တမျှစိုက်ကြည့်နေပြီးနောက် ဉာဏ်ရှိသည့်နေရာသို့ ထလာသည်။ ထို့နောက် ဉာဏ့်နဖူးကို ဖျတ်ခနဲတောက်လိုက်ကာ....
"ဉာဏ် ဝေးချင်လည်း ဇွတ်ဝေးနေတာနော်၊ရတာပေါ့၊ dateက ဘယ်သူမဆို လုပ်လို့ရတယ်၊ ကိုယ်ချစ်တဲ့သူတွေအတွက် သီးသန့်အချိန်ပေးတာမျိုးကို Dateလို့ခေါ်တာ အူတူတူလေးရဲ့"
ဉာဏ်က သူ့နဖူး သူပွတ်နေရင်း....
"ဪ အဲ့လိုလား၊ ဉာဏ်က သမီးရည်းစားတွေပဲ လုပ်လို့ရတယ်ထင်တာ၊ ဒါနဲ့ ဦးစက်က ဘာလို့ dateချင်တာလဲ"
"ဉာဏ့်ကိုအချိန်ပေးချင်လို့ပါဆိုမှ ကိုယ်က ဘာလုပ်ဖို့ dateရမှာတုန်း"
ဉာဏ်တစ်ယောက် အူလည်လည်ဖြစ်ခြင်းဇုန်ထဲ ရောက်နေသလားမသိ။ စက်နေဟိန်းပြောသမျှ ဟုတ်လား၊ ဪ၊ အဲ့လိုလား အစရှိသဖြင့်သာ လှည့်ပတ်ပြောနေတော့သည်။
"ဉာဏ် တစ်ခုခုဖြစ်နေသလား"
စက်နေဟိန်းက ဉာဏ့်ခေါင်းလေးကို ပွတ်သပ်ရင်း မေးမိသည်။ ဉာဏ်က ခေါင်းခါပြလျက်....
"မဖြစ်ပါဘူး ဦးစက်ရဲ့၊ ဉာဏ်က ဦးစက်ကို မေးရမှာမလား၊ ဦးစက် အဆင်ပြေရဲ့လား"
"ပြေတာပေါ့၊ ကိုယ်က မပြေစရာမရှိပါဘူး၊ ကိုယ့်ရဲ့ ဒုံးဝေးတဲ့အမောပြေလေး ဘေးမှာရှိသ၍ ပြေတယ်"
"တစ်ခါတလေမှ ဝေးတာပါ၊ ဉာဏ်က အရမ်းကိုတော်ပါတယ်နော်၊ ဟီးဟီး ဉာဏ် နောက်လဆို Supervisorဖြစ်တော့မယ်၊ ဉာဏ့်ကို အလုပ်သင်တွေနဲ့ တွဲတွဲထားကြည့်တာ အဆင်ပြေလို့ ရာထူးတိုးပေးတော့မယ်တဲ့"
ဉာဏ်က စကားပြောတာ အားပါလာရင်း အားယားမှောက်နေရာမှ ငုတ်တုပ်ထိုင်လာသည်။ ထို့ကြောင့် စက်နေဟိန်းက ဉာဏ့်ခါးကို လှမ်းဖက်ထားကာ...
"ဟာ...ကောင်းတာပေါ့၊ ကိုယ့်ဉာဏ်က professionalတစ်ယောက်ဖြစ်နေပြီပဲ၊ ဉာဏ့်ကြိုးစားမှုကို အသိမှတ်ပြုပါတယ်"
"ရာဇာကတော့ ရမရ မသိသေးဘူး၊ ဒီကောင်က အလုပ်သင်အချို့နဲ့ စိတ်မရှည်လို့ ကီးမကိုက်ဘူး"
"ဘယ်အလုပ်မဆို သည်းခံတတ်ရတယ်၊ မဟုတ်ရင် အဆင်မပြေဘူး၊ စိတ်ရှည်ပြီး သည်းခံနိုင်လေလေ အတွေ့ကြုံရလေလေပဲ၊ ကိုယ်တို့လည်း အမြင်မကြည်တာ၊ဘယ်အလုပ်သမားကို ကြည့်မရဖြစ်တာ စတာတွေရှိတာပဲ၊ ဒါပေမယ့် လူတစ်ယောက်ကို အမြင်မကြည်ရုံနဲ့ သူ့အရည်အချင်းကို လျစ်လျူရှူလို့မရဘူး၊ သူ့လုပ်နိုင်စွမ်းက ကိုယ့်အတွက်အထောက်ပံ့ဖြစ်တယ်ဆိုရင် သူ့personalityဘယ်လိုဖြစ်နေနေ ချင့်ချိန်ပြီး သည်းခံပေးတတ်ရတယ်၊ စီးပွားရေးဆိုတာ အဲ့လိုနေတတ်ရတယ်၊ မဟုတ်ရင် ကိုယ့်အလုပ်ပျက်သွားမှာပေါ့....ရာဇာ့ကို ဉာဏ်က သေချာပြောပြကြည့်ပေါ့"
"အင်း....ဒီကောင် အခုတလော ဘာတွေညစ်မှန်းမသိညစ်နေတာ၊ တစ်နေ့တော့ သူနဲ့night outလုပ်ပေးရမယ်"
"ဘယ်လို ဘယ်လို...."
စက်နေဟိန်းသည် ဉာဏ့်စကားကြောင့် မျက်မှောင်ကြုတ်သွားတော့၏။ ဉာဏ်ကတော့ ထိုပုံကိုကြည့်ပြီး အော်ရယ်လိုက်ကာ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ရင်း....
"ဦးစက်နဲ့အရင် Dateလုပ်မှာပါနော်၊ ရာဇာနဲ့က နောက်မှ၊ အဲ့ကျရင် ဦးစက် ဟိုဟာပြော ဒီဟာပြောတွေ မလုပ်နဲ့နော်"
"ကိုယ်က ဘာပြောရမှာတုန်း"
"သဝန်မတိုနဲ့ပြောတာ"
"ဉာဏ်ကျတော့ ကိုယ့်ကို အကုန်လိုက်တိုနေပြီးတော့"
"မတိုပါဘူး၊ စိတ်အခြေနေလေး နည်းနည်းဟသွားမှ အဲ့လိုဖြစ်တာပါ .... ဟီးဟီး"
စက်နေဟိန်းလည်း ဉာဏ်နှင့်အတူ ရယ်မောရင်း ဉာဏ့်ခေါင်းလေးကို ငုံ့နမ်းလိုက်သည်။ ထို့နောက် ဉာဏ်က စက်နေဟိန်းကို မော့ကြည့်ကာ....
"ဦးစက်...ညာမပြောရဘူးနော်၊ တကယ်အဆင်ပြေနေတာလား"
ဉာဏ်က ထိုသို့မေးတော့လည်း သူညာမပြောချင်....ခပ်သာသာလေး ခေါင်းညိမ့်ပြရင်း....
"မာမီ့ကြောင့်ပါ"
"ကြီးကြီးကဘာဖြစ်လို့လဲ"
"ကိုယ်တို့သွားလည်ခဲ့တဲ့ မေမေကြီးတို့အိမ်ကိုလေ သူကရောင်းချင်နေတာ၊ အဲ့ဒါကိုယ့်ကို အတင်းခိုင်းနေလို့ ဘယ်နေ့ မေမေကြီးတို့ဆီ သွားရမလဲမသိဘူး"
"ဒါနဲ့လေ မေမေကြီးဆိုလို့ ဉာဏ်မေးရဦးမယ်"
"မေးလေ"
"ကြီးကြီးက လူဝင်စားလားဟင်"
စက်နေဟိန်းသည် ထိုမေးခွန်းကိုမဖြေခင် စဉ်းစားရခက်သည့်ပုံပေါက်သွားကာ....
"အဲ့လိုတစ်ခါမှ ကိုယ်မကြားဖူးဘူးထင်တာပဲ၊ ကိုယ့်ကိုပဲ လူဝင်စားလို့ပြောတာ မာမီက၊ သူက လူဝင်စားလို့မပြောဖူးဘူး၊ ဘာလို့လဲ ဉာဏ်"
"ဉာဏ်လေ ဦးစက်ကို မပြောရသေးတာတွေအများကြီးပဲ၊ ဦးစက်တို့ အိမ်တော်ကြီးနဲ့ ပတ်သတ်နေတဲ့ အိပ်မက်တွေကို"
"အခုပြောပြလေ ဉာဏ်"
ဉာဏ်က လေးပင်စွာဖြင့် သက်ပြင်းချလိုက်ကာ....
"ဦးစက်တို့ သက္ကစက်အိမ်တော်ကြီးကလေ ကျိန်စာမိနေတာလားဟင်၊ ဉာဏ့်အထင်ပြောတာနော်၊ ဉာဏ့်အိပ်မက်ထဲမှာလေ အဲ့အိမ်ရဲ့ ဘုရားခန်းမှာ ဘုရားရုပ်ထုတွေရှိတာမဟုတ်ဘူး၊ အောက်လမ်းပညာသည်တွေသုံးတဲ့ ရုပ်ထုကြီးတွေ၊ နောက်ပြီး ဦးစက်ရဲ့ အဘီဆိုတဲ့သူရဲ့ ရုပ်ထုကြီးလည်းရှိတယ်၊ ဒေဝီထိပ်ထားစံက မကျွတ်သေးဘူးထင်တယ်နော် ဦးစက်၊ သူက ဉာဏ့်ကိုပြောတယ်၊ အဲ့သက္ကစက်အိမ်နေရာမှာ မြင့်မြတ်တဲ့နေရာတည်ပါတဲ့၊ သူ့မှာကလေးလေးတစ်ယောက်ရှိတယ်၊ သူက အဲ့ကလေးလေးနဲ့အတူ ရေတွင်းထဲခုန်ချပြီးသတ်သေသွားတာ၊ သူကပျောက်သွားတာမဟုတ်ဘူး ဦးစက်"
"ဒါဆို မာမီနဲ့က ဘယ်လိုပတ်သတ်လို့လဲ"
"သူအဲ့လိုရေတွင်းထဲ ခုန်ချပြီး ကြီးကြီးက ဉာဏ့်ကို လာခေါ်တာ"
စက်နေဟိန်းသည် ဉာဏ်ပြောသမျှကို နားထောင်နေကာ သူကိုယ်တိုင်လည်း တွေးနေမိသည်။
"ဒါနဲ့ ဒေဝီထိပ်ထားစံရဲ့ကလေးဆီမှာလေ သူ့ခေါင်းတည့်တည့်မှာ အမဲရောင်အမှတ်သားလေးရှိတယ်"
ထိုစကားကြားပြီး စက်နေဟိန်းက ဉာဏ့်ကို အံ့ဩတကြီးပြန်ကြည့်နေမိသည်။ ဉာဏ်လည်း စက်နေဟိန်းအကြည့်ကို လန့်သွားသောကြောင့်....
"ဘာလို့လဲဟင်"
"မဟုတ်ဘူး၊ မာမီ့ ခေါင်းမှာ အမှတ်တစ်ခုပါတယ်၊ မာမီက သီလရှင်ဝတ်ခဲ့ဖူးတယ်၊ အဲ့တုန်းက ကိုယ်ကငယ်သေးတယ် ဉာဏ်၊ ကိုယ်အဲ့ဒါကိုသေချာမြင်ဖူးတယ်၊ အဲ့တုန်းက ကိုယ်က ငယ်လည်းငယ်ပြီး ဒါတွေအယုံကြည်မရှိတော့ မာမီ့ကို မမေးခဲ့ဖူးဘူး"
"ကြီးကြီးက ဒါဆို အဲ့သက္ကစက်အိမ်နဲ့ အရင်ဘဝကလည်း ရေစက်ပါခဲ့တာလား မသိဘူးနော်၊ ဉာဏ့်ကိုလေ ဦးစက်ရဲ့ အဘီလည်ပင်းလာညစ်ထားတုန်းက ဒေဝီထိပ်ထားစံရောက်လာတာ၊ သူက ဉာဏ့်ကို ကာကွယ်ပေးခဲ့တာ၊ သူကလေ တော်တော်မြင့်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ပဲ"
စက်နေဟိန်းသည် ဉာဏ့်ကို မှင်သက်စွာကြည့်နေပြီး ခေါင်းကိုပွတ်သပ်ပေးနေမိသည်။
"ဉာဏ်က တကယ်ပုဏ္ဏားလေးပဲနော်"
ထိုလေသံ၌ ဝမ်းနည်းမှုတွေရောယှက်ပါနေသည်ဟု ဉာဏ်ခံစားမိသည်။ ထို့ကြောင့် စက်နေဟိန်း၏ လက်ကိုဆွဲယူကိုင်ကာ သူ့ပါးနှင့်ကပ်ထားလိုက်သည်။
"အဲ့ဒါမကောင်းဘူးလား၊ တစ်ခုခုဆို ဉာဏ်ကြိုသိနေတတ်တယ်လေ၊ ဉာဏ့်ဘေးကသူတွေ အန္တရာယ်ကင်းတာပေါ့"
"ကိုယ်က ဉာဏ့်ကိုပဲစိုးရိမ်တာ၊ ဉာဏ်အရင်ကလို မေ့လဲမသွားတာကိုပဲ ကျေးဇူးတင်ရမယ်၊ အဲ့လိုတွေသာ ဖြစ်နေမယ်ဆိုရင် ကိုယ်တကယ်အဲ့ဟာတွေကို လိုက်ဖျက်စီးမိမယ်ထင်တယ်၊ နောက်ဆို ဉာဏ့်အိပ်မက်တွေ ဘာဖြစ်ဖြစ် ကိုယ့်ကိုပြောရမယ်နော်"
"အင်း"
ဉာဏ်က စက်နေဟိန်းကို တင်းကျပ်နေအောင် ဖက်ထားရင်း ကတိပေးသည်။ စက်နေဟိန်းလည်း ပြန်ဖက်ပေးထားလျက် ဉာဏ်မသိအောင် သက်ပြင်းလေးများ မသိမသာချနေမိတော့၏။
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
"ငထွေး...."
မြည်ဟီးကျယ်လောင်သော အော်သံကြီးကြောင့် စက်နေဟိန်းလန့်နိုးလာခဲ့သည်။ သို့သော် သူတစ်ယောက်တည်းသာနိုးလာတာဖြစ်ပြီး ဉာဏ်လည်း သူ့ဘေးမှာမရှိသလို ဘယ်သူမှ သူ့ဘေးမှာ ရှိမနေပါ။ သူအခုရောက်နေတာ အိမ်သူ့စံအိမ်၌ဖြစ်သည်။
"ရခိုင်မ၊ ဦးရခိုင်....."
စက်နေဟိန်းသည် သူမှတ်မိသော နာမည်များကို အော်ခေါ်နေသော်ငြား မည်သူမျှ မထွက်လာချေ။ ထိုအစား ရွှေစံကားဖြူသည် သန့်ရှင်းသောအသွင်ဖြင့် စက်နေဟိန်းရှေ့ရောက်လာ၏။ စက်နေဟိန်း သူမကို မြင်ဖူးနေရသည့်အကြောင်းကတော့ အနောက်ဘက်ဆောင်၌ ဖျတ်ခနဲ ဖျတ်ခနဲ မြင်ရသည့် အခိုက်တန့်များကြောင့်ပင်။
"ရွှေစံကားဖြူ...."
"ငထွေး....နင် ငါ့လက်က လွတ်မယ်ထင်နေတာလား"
ရွှေစံကားဖြူသည် စက်နေဟိန်းအား ဒေါသထွက်နေသောအကြည့်တို့ဖြင့် စိုက်ကြည့်နေရင်း လက်စားချေရန်အသင့်ဖြစ်နေပုံရသည်။ စက်နေဟိန်းသည် ခေါင်းခါပြရင်း....
"ရွှေစံကားဖြူ....ခင်ဗျားနဲ့ ကျွန်တော်က ဘဝတွေအရမ်းခြားနေပါပြီ၊ ကျွန်တော့်ကို မကျေနပ်တာကို သိပေမယ့် ကျွန်တော်ကတော့ ဒါတွေကို မသိနိုင်တော့ပါဘူး၊ ဒါကြောင့် ခင်ဗျားအတွက် ကျွန်တော်ဘာလုပ်ပေးနိုင်မလဲဆိုတာသာ ပြောပါ"
"နင့်ကြောင့် ငါတို့ အသေဆိုးနဲ့သေခဲ့ရတာကို ငါတို့ကျေနပ်မယ်ထင်နေတာလား"
ထိုစဉ် ရခိုင်မတို့မိသားစုလိုက်ကြီးလည်း ရွှေစံကားဖြူအနားသို့ရောက်လာသည်။ ဉာဏ်ပြောတာတွေ မှန်နေခဲ့တာပဲ။
"နင်ဟာ နင့်လောဘတစ်ခုတည်းနဲ့ ငါတို့ကို သတ်ပစ်ခဲ့တယ်၊ နင်ချစ်တဲ့သူတိုင်းကိုလည်း ငါတို့ရအောင် ဒုက္ခပေးမယ် ငထွေး"
"ရွှေစံကားဖြူ၊ ကျွန်တော် ကုသိုလ်ကောင်းမှု အကြီးကျယ်ပြုပေးပါ့မယ်၊ ကျွန်တော့်အတိတ်ကမကောင်းမှုတွေကို ခွင့်လွှတ်ပေးပါ၊ ခင်ဗျားကလွဲရင် အားလုံးဟာ လူဝင်စားတွေပြန်ဖြစ်နေကြပါပြီ၊ ခင်ဗျားစိတ်ထဲ အကုသိုလ်တွေကိုဖျောက်ပြီး ကျွန်တော့်ကုသိုလ်အလှူကို လက်ခံပေးပါ"
"ဟား ဟား ဟား...."
ရွှေစံကားဖြူက စက်နေဟိန်းကိုကြည့်ပြီး အကြီးအကျယ်အော်ရယ်တော့သည်။ ထိုရယ်သံကြီးသည် ကြောက်စရာကောင်းသလို ရွှေစံကားဖြူ၏ ပုံရိပ်ကလည်း တဖြည်းဖြည်းပြောင်းလဲလာ၏။ ငထွေးခေါ် စက်နေဟိန်း အရင်ဘဝက သူ့ကို သတ်ခဲ့သည့် ဒဏ်ရာများက ခန္ဓာကိုယ်တစ်နေရာစီ၌ ပေါ်လာနေကာ ပါးစပ်ထဲမှသွေးများလည်း စီးကျလာ၏။
"ငါ ဒဏ်ရာတွေခံစားရပြီး အောက်ကိုပြုတ်ကျတုန်း အသက်လုနေရချိန် ကျိန်စာတိုက်ခဲ့တယ်၊ နင့်ကို ရောက်လေရာဘဝကနေ လက်စားပြန်ချေရပါစေလို့၊ နင်လို သစ္စာမရှိဘဲငါ့ကို သတ်ရလောက်တဲ့အထိ ရက်စက်တဲ့ အဆွေခင်ပွန်းမျိုးကို ဘဝဆက်တိုင်း ဒုက္ခပေးရပါ၏လို့ ငါကျိန်ခဲ့တာ.....နင့်ရဲ့ မုသာဝါဒတွေကို ငါယုံမယ်ထင်နေလား၊ နင်ချစ်တဲ့သူကို ငါဒုက္ခပေးပြမယ် ငထွေး....နင် ငါ့လိုခံစားပြီးသေမှ ငါကျွတ်နိုင်မှာ"
ထို့နောက် စက်နေဟိန်းဆီသို့ ရခိုင်မတို့မိသားစုနှင့် ရွှေစံကားဖြူတို့ ဖြည်းဖြည်းချင်းရောက်လာကာ လည်ပင်းဝိုင်းညစ်ကြတော့သည်။
"မလုပ်....နဲ့.....အား....."
"ဦးစက်"
စက်နေဟိန်း၏ လူးလိမ့်ကာ ထွက်လာသည့် အော်သံကြီးကြောင့် ဉာဏ်လန့်နိုးသွားပြီး အိပ်မက်ဆိုးမက်နေသည့် ဦးစက်ကို ရင်ဘတ်ပေါ်မှ ဖိကာ ဖက်ထားမိသည်။
"ဟင် ... ဉာဏ်"
"အင်း....ဉာဏ်၊ ဦးစက် အိပ်မက်ဆိုးတွေမက်နေတာလား"
စက်နေဟိန်းသည် ဉာဏ့်ကို ရင်ဘတ်ပေါ်မှ ဆွဲဖယ်လိုက်ကာ ဘာမှမပြောသေးဘဲ ခဏထိုင်နေမိသည်။ ဉာဏ်ကတော့ ကမန်းကတန်းဖြင့် ရေတစ်ခွက်ပြေးယူကာ စက်နေဟိန်းကို စိတ်ပြေအောင် ရေတိုက်လိုက်သည်။
"အဆင်ပြေလား"
စက်နေဟိန်း ထိုသို့ဖြစ်တာကို ဉာဏ်မကြုံဖူးသေးသဖြင့် စိုးရိမ်တကြီးဖြစ်ကာ မျက်နှာအပ်ကြည့်နေမိသည်။
"ကိုယ်လေ အရင်ကလည်း အဲ့လိုပဲ မက်ဖူးတယ်၊ နောက်တော့ ကွာရှင်းရတာတွေဖြစ်ကုန်တာပဲ....."
အစမရှိ အဆုံးမရှိစကားကို နားထောင်လိုက်ရသော ဉာဏ်က စက်နေဟိန်းဘာဆိုလိုမှန်း လိုက်မမီ။ စက်နေဟိန်းသည် စိုးရိမ်ထိတ်လန့်နေသော အမူအယာအချို့ဖြင့် သူ့ရှေ့၌ ငုတ်တုတ်လေးထိုင်နေသော ဉာဏ့်ကို ဘာမှဆက်မပြောတော့ဘဲ ငေးကြည့်နေမိသည်။
"ဦးစက်...."
ဦးစက် အဲ့လိုငြိမ်နေတာကို ဉာဏ်မကြိုက်ချေ။ ဦးစက်က ဦးစက်မဟုတ်သလိုပင်။
"ဉာဏ့်ကို ပြောပြလေ၊ ဘာဖြစ်လို့လဲဟင်"
"ကိုယ်က ဉာဏ့်ကိုချစ်တယ်နော်၊ ဘာအကြောင်းပဲရှိရှိ ကိုယ့်လက်ကို ဆွဲထားပါနော်...."
အရင်အိမ်ထောင်တွေလို အကြောင်းမျိုးစုံဖြင့် ဉာဏ့်ကိုသာ ထပ်ဆုံးရှုံးသွားရလျှင် စက်နေဟိန်းဆောက်တည်ရာရမယ်မထင်တော့။ ဒီအိမ်ထောင်ရေး....ဉာဏ်နှင့်တည်ဆောက်ထားသော အိမ်ထောင်ရေးကို သူအမြတ်နိုးဆုံးမို့ သူအခံစားရဆုံးဖြစ်လိမ့်မည်။
ဉာဏ်လည်း ထပ်မမေးတော့....ထိုအစား စက်နေဟိန်းရင်ခွင်ထဲသို့ တိုးကာဝင်လိုက်သည်။
"ဉာဏ်ကလည်း ဦးစက်ကို ချစ်ပါတယ်၊ ဉာဏ်ရော ဦးစက်ရော အဆင်ပြေမှာပါ၊ ဘာအကြောင်းတွေပဲရှိရှိ၊ အားလုံးအဆင်ပြေသွားမှာ၊ ဉာဏ်က ဦးစက့်ကို ယုံတယ်"
ဉာဏ့်စကားကြောင့် စက်နေဟိန်းမျက်နှာထက် ပြုံးယောင်သန်းလာသည်။ ဉာဏ့်၏ ဂုတ်ပိုးနေရာလေးကို တယုတယအနမ်းပေးမိရင်း.....
"ကိုယ့်ဉာဏ်.....ပြန်အိပ်ကြမယ်နော်၊ ကိုယ့်ကြောင့် အိပ်ရေးပျက်သွားရပြီ"
"ဦးစက်က ဉာဏ့်ကို ဖက်မှမဖက်ထားတာ၊ အဲ့ဒါကြောင့် အခုလိုဖြစ်တာ....."
ဉာဏ်က စိတ်ပြေအောင် ရွှတ်နောက်နောက်လေး စလိုက်တော့ စက်နေဟိန်းရယ်သံထွက်လာသည်။
"ဟုတ်သားပဲ၊ ကိုယ်စာဖတ်ပြီး မျက်လုံးအရမ်းညောင်းလာတာနဲ့ အိပ်ချလိုက်တာ၊ ဉာဏ်တော့ ကိုယ့်နားတိုးနေမှာပဲလေဆိုပြီး"
"နောက်ဆို ဉာဏ်မအိပ်သေးလည်း ဖက်အိပ်ရမယ်နော်"
"ဒီကလေး အသည်းယားအောင်လုပ်နေပြန်ပြီနော်"
"ဟီးဟီး...."
ဤသို့ဖြင့် စက်နေဟိန်း၏ စိုးရိမ်စိတ်တို့ အတော်သက်သာသွားရသည်။ ဉာဏ်ပြောသလို တစ်ကိုယ်လုံး ငုံထားမတတ် ဖက်ထားလိုက်တာလည်း ပါတာပေါ့။
ရင်ခွင်ထဲက ကလေးလေးက ပြန်အိပ်ပျော်သွားသော်လည်း စက်နေဟိန်းကတော့ ဆံပင်လေးများကို ပွတ်သပ်ပေးနေမိသည်။ ထို့နောက် နဖူးစပ်မှ ဆံပင်များကို သပ်တင်ပေးပြီး အနမ်းပေးလိုက်ကာ....
"ကောင်းကောင်းအိပ်ပါ ကိုယ့်ဉာဏ်...."
ဉာဏ့်အိပ်မက်လေးကတော့ ချောကလက်အိပ်မက်တွေဖြစ်နေမလားပဲ၊ သိပ်ချိုနေတော့မှာအမှန်...။
_________________________________Ep 17End!
Adder Aries 🖤
စာဖတ်သူတို့ ဂရုစိုက်ကြပါ။ ဘာတွေဖြစ်ဖြစ် ဖိုက်တင်း! အက်ဒါ့ဆီမှာ လိုအပ်ချက်တွေရှိလည်း အကြံပြုပေးကြပါ။ ကောင်းသောညပါရှင်။
________________________________________________
Zawgyi
"ဉာဏ္....ထမင္းမစားခ်င္ဘူးလား"
ဇြန္းျဖင့္ ထမင္းပန္းကန္ကို ထိုးေမႊေနေသာ ဉာဏ့္ကိုအကဲခတ္ၾကည့္ေနသည့္ စက္ေနဟိန္း မေမးဘဲ မေနနိုင္ေတာ့။
"စားခ်င္ပါတယ္"
ထိုသို႔ေျပာၿပီး ပါးစပ္ထဲသို႔ ထမင္းတစ္လုတ္အျမန္ထည့္ကာ ျဖည္းျဖည္းခ်င္းဝါးေနသည္။ စက္ေနဟိန္းလည္း ဒီကေလးတစ္ခုခုျဖစ္ေနတာကို ရိပ္မိေနေပမယ့္ ထမင္းစားခ်ိန္အတြင္း ေမးမေနေတာ့။
"ဦးစက္"
"ေျပာ"
"ဉာဏ္တို႔ေလ တစ္ခါက မာမီနဲ႕ႀကီးႀကီးတို႔ရဲ႕ surpriseဆိုတာႀကီးေလ၊ အငွားကိုယ္ဝန္ေဆာင္သည္ ငွားေပးထားတယ္ဆိုတာေလ"
"အင္း၊ ကိုယ္မွတ္မိတယ္"
"အဲ့ဒါလုပ္ၾကည့္ၾကမလားဟင္"
ဉာဏ့္စကားၾကားၿပီး စက္ေနဟိန္း၏ မ်က္ခုံးအစုံတို႔ပင့္တက္သြားကာ စားလက္စ ဇြန္းကိုပါ ပစ္ခ်လိဳက္မိသည္။
"အဟမ္း....အာ...."
ဉာဏ့္ကို စကားျပန္ေျပာဖို႔ရာ သူကိုယ္တိုင္အစရွာမရေခ်။ ဉာဏ္က သူ႕ကို ေမွ်ာ္လင့္တႀကီးၾကည့္ေနတာမို႔ ဉာဏ့္ကိုသာ အီလည္လည္ျဖင့္ ျပန္ၾကည့္ေနမိသည္။
"ဉာဏ္က ႐ုတ္တရက္ ဘာလို႔လဲ"
"ဒီေန႕ ဉာဏ္ ကေလးပိစိေလးတစ္ေယာက္ မိဘနဲ႕ကြဲသြားလို႔ ျပန္ရွာေပးခဲ့တယ္၊ သမီးေလးသိလား....အရမ္းခ်စ္ဖို႔ေကာင္းတာပဲ၊ အသံေလးကအစ....အဲ့ဒါေၾကာင့္ ဉာဏ့္စိတ္ကနည္းနည္း...."
"ကိုယ္သေဘာေပါက္ၿပီ"
စက္ေနဟိန္းသည္ ညစာအား လက္စသတ္ကာ ေရေသာက္ၿပီး သက္ျပင္းျဖည္းျဖည္းခ်သည္။
"ကိုယ္က ကိုယ့္ရင္ေသြးေလး ကေလးေလးေတြဆိုတာကို တကယ္မက္ေမာတယ္ဉာဏ္၊ ဒါ ကိုယ္အရင္တည္းက ျဖစ္ခ်င္ခဲ့တဲ့ ဆႏၵေတြထဲကတစ္ခုပဲ၊ အမွန္တိုင္းေျပာတာပါ၊ အခု ဉာဏ့္ဘက္ကေနေတြးေပးရရင္ ဉာဏ့္အသက္အ႐ြယ္က ငယ္ေသးတယ္၊ ေနာက္ၿပီး ေယာက္်ားခ်င္းလက္ထပ္ထားရတဲ့သူ၊ အဲ့ဒါအျပင္ ဉာဏ္ခ်စ္လို႔ယူခဲ့တာဆိုတာထက္ အျခားဖိအားေၾကာင့္ ကိုယ္နဲ႕လက္ထပ္ထားတာ၊ ဒီတိုင္းေယာက္်ားေလးအလြတ္တစ္ေယာက္အေနနဲ႕ ေတြးၾကည့္ဦး ဉာဏ္၊ ကိုယ္ေျပာတာ သေဘာေပါက္လား"
"ဦးစက္ေျပာခ်င္တာ ဉာဏ္က အိမ္ေထာင္က်သြားလို႔ ကေလးလိုခ်င္လာတာလို႔ေျပာတာလား"
"အဲ့လိုမဟုတ္ဘူး၊ ကိုယ္ေျပာခ်င္တာ အိမ္ေထာင္က်သည့္တိုင္ ကေလးမလိုခ်င္တဲ့သူေတြ အမ်ားႀကီးပဲ၊ အိမ္ေထာင္က်လိဳ႕ ကေလးရမွျဖစ္မယ္၊ ကေလးလိုခ်င္ရမယ္ဆိုတဲ့ သေဘာတရားကို ကိုယ္လက္မခံဘူး၊ အခု ကိုယ္ေျပာတာက ကိုယ့္တစ္ေယာက္တည္းရဲ႕စိတ္က တကယ္ပဲ လိုခ်င္ေနသလားဆိုတာသိဖို႔အေရးႀကီးတယ္၊ အေဝးႀကီးၾကည့္စရာမလိုဘူး ဉာဏ္ရယ္...ဂ်ဴးကိုပဲၾကည့္၊ ဉာဏ့္ကို Single Momအေနနဲ႕ သူေမြးခဲ့တာမလား၊ ကိုယ္ေျပာခ်င္တာ အဲ့ဒါ၊ ကိုယ့္စိတ္က က်န္ဖိအားမပါဘဲ တကယ္ပဲ လိုခ်င္တာလား သိေအာင္လုပ္ခိုင္းတာ၊ အခု ကိုယ္တို႔က အိမ္ေထာင္သည္ေတြဆိုေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ တိုင္ပင္တာေလး ပိုသြား႐ုံပဲ၊ ကိုယ္က ဖိအားေပးတတ္တဲ့သူမဟုတ္ဘူး၊ ဉာဏ္ေသခ်ာစဥ္းစား"
စက္ေနဟိန္းဆိုလိုသည္ကို သေဘာေပါက္သြားေသာ ဉာဏ္က ၿငိမ္သြားျပန္သည္။
"အင္း....ဒါဆို ေသခ်ာစဥ္းစားဦးမယ္၊ ဦးစက္သေဘာထားကိုလည္းသိၿပီဆိုေတာ့ ဉာဏ္ပဲ လိုေတာ့တာ"
စက္ေနဟိန္းၿပဳံးလိုက္ကာ ညစာစားလို႔မၿပီးေသးေသာ ေခါင္းေသးေသးေလးကို လက္ျဖင့္ပြတ္သပ္ေပးခဲ့လ်က္ သူကိုယ္တိုင္က ထမင္းစားခန္းထဲမွ ထြက္လာခဲ့သည္။ ထို႔ေနာက္ ကိုယ္တိုင္လိပ္ထားေသာ ဖက္ၾကမ္းေဆးလိပ္တစ္လိပ္ကိုထုတ္ကာ ေသာက္ရန္ျပင္လိုက္သည္။
ဉာဏ့္စကားေၾကာင့္ သူစိတ္ရႈပ္ေနတာမဟုတ္၊ ဉာဏ့္အေပၚဝန္ပိလာမွာေတြကို သူစိုးရိမ္မိသည္။ သူ႕ကိုယူထားရတာေတာင္ အားနာေနရတဲ့စိတ္က အခုထိရွိေနတုန္း။ သူ႕မျမင္ရတဲ့ကိစၥေတြေရာ၊ ျမင္ရတဲ့ကိစၥေတြေရာက ရွိေနသည့္အျပင္ မာမီကလည္း ဘာမွန္းမသိ။
ဒီေန႕လည္းဖုန္းဆက္ကာ သကၠစက္အိမ္ႀကီးကို သူေရာင္းခ်င္ပါသတဲ့။ သူေရာင္းၿပီး သူပဲျပန္ဝယ္သည့္သေဘာေတြေျပာၿပီး စံအိမ္ႀကီးေရာင္းထြက္ေအာင္ ေမေမႀကီးတို႔ဆီ သြားခိုင္းေနသည္။ တစ္ခါတေလ မာမီက ဘာေတြျဖစ္ခ်င္ေနမွန္း စက္ေနဟိန္းနားမလည္ေတာ့။ ေမေမႀကီးတို႔အေၾကာင္းလည္း သိသိရက္နဲ႕ မာမီျပႆနာရွာေနၿပီဟု စက္ေနဟိန္းေတြးမိလိုက္ေတာ့၏။
"ဟူး..."
စက္ေနဟိန္းသည္ ေဆးလိပ္ေငြ႕မ်ားႏွင့္အတူ သက္ျပင္းတစ္ခ်က္ကို မႈတ္ထုတ္လိုက္ေတာ့သည္။ ထိုစဥ္ စက္ေနဟိန္းကို အေနာက္မွၾကည့္ေနေသာ ဉာဏ္ကလည္း မ်က္ႏွာေလးငယ္သြားသည္။ သူ႕ေၾကာင့္မ်ား စိတ္ရႈပ္သြားၿပီလားဟူ၍ေတြးမိကာ ကေလးယူမည့္ကိစၥကို ေသခ်ာေတြးရဦးမည္။
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
ေဒါက္တာေနလင္းထက္တစ္ေယာက္ မအိပ္ခင္ ေလ့က်င့္ခန္းလုပ္ၿပီး ဖုန္းဖြင့္ၾကည့္ကာ စိတ္ထဲေဝခြဲမရျဖစ္ေနရင္းမွ ၾကည္လင္သူထံ ဖုန္းဆက္ေတာ့သည္။
ဖုန္းကိုင္ဖို႔ကို ေတာ္ေတာ္ၾကာၾကာေတာ့ေစာင့္လိုက္ရသည္။
"ဟယ္လို....ဦးေနလင္းထက္ ေျပာပါခင္ဗ်"
မိမိကို သိသည္ဆိုေသာ္လည္း ၾကည္လင္သူ႕ေလသံက အလုပ္လုပ္သည့္အတိုင္း ျဖစ္ေနတာကို ေနလင္းထက္ သေဘာမက်။
"ေပါ့ေပါ့ပါးပါးပဲေျပာလို႔ရပါတယ္ ၾကည္လင္သူ၊ ကိုယ္နဲ႕က သူစိမ္းေတြမွမဟုတ္ဘဲ"
ေနလင္းထက္စကားေၾကာင့္ ေၾကာင္ကိုင္ေနေသာ ၾကည္လင္သူတစ္ေယာက္ ေၾကာင္အန္းအန္းျဖစ္သြားရသည္။
"ဟုတ္ကဲ့ခင္ဗ်"
"ေဟာ....လုပ္ျပန္ၿပီ၊ ဒီတိုင္းေလ ၾကည္လင့္သူငယ္ခ်င္းေတြနဲ႕ စကားေျပာသလိုမ်ိဳးပဲ ေျပာပါ၊ ဟို ေဘာင္ေတြ ကြင္းေတြခတ္ၿပီး မေျပာနဲ႕၊ နားေထာင္ရတာ အသက္ရႉၾကပ္သလိုပဲ"
"ဟား ဟား ဟုတ္တယ္ေနာ္"
ၾကည္လင္သူတစ္ေယာက္ ေနလင္းထက္ကို စကားျပန္ေျပာဖို႔ရာ စကားစေပ်ာက္ေနသျဖင့္ သံေယာင္လိုက္ေနရေတာ့သည္။
"ဟို....ဦးေနလင္းထက္ တစ္ခုခုမ်ား ေျပာစရာရွိလို႔လား"
"ဟုတ္တယ္၊ ရွိတယ္ရယ္....."
ထိုသို႔ေျပာၿပီး ေနလင္းထက္အသံတိတ္သြားသျဖင့္ ၾကည္လင္သူၿငိမ္ၿငိမ္ေလး ဆက္နားေထာင္ေနလိုက္သည္။
"မနက္ျဖန္ ကိုယ္တစ္ေနကုန္အားတယ္၊ ၾကည္လင္သူေရာ အားလား"
ထိုသို႔ေမးေတာ့ ၾကည္လင္သူတစ္ေယာက္ Tabletသြားဆြဲကာ Schedule fileကို ၾကည့္ရသည္။
"မနက္ပိုင္းက MDနဲ႕ အလုပ္ရွိပါတယ္၊ ေန႕လယ္ တစ္နာရီေနာက္ပိုင္းမွ အားပါမယ္၊ ဦးေနလင္းထက္ appointmentလိုခ်င္လို႔လား"
"ၾကည္လင္နဲ႕ေတြ႕ဖို႔ ကိုယ္ appointmentယူရဦးမွာလား"
ေနလင္းထက္က အသံၿပဲႀကီးျဖင့္ ေအာ္ရယ္ကာ ေမးေတာ့မွ ၾကည္လင္သူသည္ သူ႕ကို ေတြ႕ဖို႔ခ်ိန္းေနမွန္း သေဘာေပါက္သြား၏။
"အဲ့ဒါက ကြၽန္ေတာ္ MDကို ေမးရပါဦးမယ္၊ တစ္ခါတေလ အလုပ္ဆက္လုပ္စရာရွိရင္ MDကို ကူရမွာပါ"
"ဪ ေတာ္ေတာ္ဆိုးတဲ့ Bossပဲေနာ္ ရရစ္နဲ႕ၿပိဳထားတဲ့ေကာင္က....စိတ္မပူပါနဲ႕၊ မနက္ျဖန္ ေန႕လယ္ႏွစ္နာရီေတြ႕ၾကမလား၊ ကိုယ္တို႔ အဆာေျပတစ္ခုခုစားရင္း အာလူးဖုတ္ၾကတာေပါ့၊ အဲ....ညစာလည္း တစ္ဆက္တည္း သြားစားၾကမယ္ေလ၊ အခု ၾကည္လင္ေနတဲ့ေနရာေျပာ၊ ကိုယ္လာေခၚေပးမယ္"
သူခ်ည္းစကားေျပာေနသလားထင္ရေအာင္ ေနလင္းထက္ပါးစပ္သြက္ခ်က္က ၾကည္လင္သူေတာင္ ေခါင္းမူးလာသည္။
"ရ....ရပါတယ္၊ ကြၽန္ေတာ့္ဘာသာပဲ လာပါ့မယ္၊ လာရမယ့္ ေနရာပဲ မက္ေဆ့ခ္်ေလးပို႔ထားေပးပါ"
"ဘယ္ဟုတ္ပါ့မလဲ၊ ကိုယ္က မနက္ျဖန္ မတရားေတြအားေနတာေလ၊ ၾကည္လင္က အလုပ္သြားၿပီးမွ ကိုယ္နဲ႕ေတြ႕ရမွာဆိုေတာ့ ပင္ပန္းမွာေပါ့၊ ဟုတ္တယ္မလား"
တစ္ဖက္မွ ၾကည္လင္သူသည္ ၿငိမ္သြားကာ ေပါင္ေပၚတင္ထားသည့္ ေၾကာင္ျဖဴေလးကို စိုက္ၾကည့္ေနမိသည္။ မသိလွ်င္ ေၾကာင္ေလးကို ငါဘာလုပ္ရမလဲ ေမးေနသေယာင္ေယာင္။
"ၾကည္လင္....ရွိေနေသးလား"
"ဟုတ္ကဲ့...."
"ကိုယ္နဲ႕မေတြ႕ခ်င္လို႔လား"
"အဲ့....အဲ့လိုမဟုတ္ပါဘူးခင္ဗ်၊ အထင္မလြဲပါနဲ႕၊ ကြၽန္ေတာ္ စဥ္းစားေနလို႔ပါ"
ၾကည္လင္သူ႕အေျဖၾကားေတာ့ ေနလင္းထက္မ်က္ႏွာႀကီး ၿပဳံးၿဖီးသြားသည္။
"ကြၽန္ေတာ့္လိပ္စာကို မက္ေဆ့ခ္်ပိဳ႕လိုက္ပါမယ္ခင္ဗ်"
"ဟီးဟီး ေကာင္းပါၿပီေနာ္၊ မနက္ျဖန္ေသခ်ာေပါက္ကို ေတြ႕မယ္ေနာ္၊ ေကာင္းေသာညပါ ၾကည္လင္"
"ဟုတ္ကဲ့ ေကာင္းေသာညပါ ဦးေနလင္းထက္"
ၾကည္လင္သူ ဖုန္းခ်လိဳက္ကာ ထိုဟီးဟီးဆိုသည့္ ရယ္သံကို ေမ့ေတာ့မည္မဟုတ္။ ဘာလဲ ဟီးဟီး.... ဦးေနလင္းထက္က ကေလးလိုလုပ္ေနသလိုပဲ။
ၾကည္လင္သူက တစ္ေယာက္တည္းေနသူမို႔ တိုက္ခန္းေလးသင့္တင့္႐ုံဝယ္ထားကာ ေၾကာင္ေလးတစ္ေကာင္ႏွင့္အတူ ေနသည္။ အေပါင္းသင္းသိပ္မမ်ားဘဲ အိမ္ထဲေအးေဆးေနကာ စာဖတ္ရတာ ႀကိဳက္သည့္သူမ်ိဳးျဖစ္သည္။ ထို႔ေၾကာင့္လည္း ေနလင္းထက္၏ Flirtခံေလးျဖစ္ေနကာ သူ႕မွာ ဂေယာင္ေျခာက္ျခားျဖင့္....။
.
.
.
.
.
ေနလင္းထက္၏ အလုပ္မွာ မၿပီးဆုံးေသး။ စက္ေနဟိန္းဆီ ဖုန္းလွမ္းဆက္ရေသးသည္။ ထိုစဥ္ စက္ေနဟိန္းသည္ မနက္ျဖန္ တရား႐ုံးသြားရန္အတြက္ ျပင္ဆင္စရာရွိသည္မ်ား ျပင္ဆင္ေနရသည္။
"ကဲ...ဘယ္သူမ်ားလဲလို႔ ေဒါက္တာပါလား"
စက္ေနဟိန္း၏ စစေနာက္ေနာက္ႏႈတ္ဆက္မႈေၾကာင့္ ေနလင္းထက္ရယ္လိုက္ကာ....
"မနက္ျဖန္ တစ္နာရီေနာက္ပိုင္း ၾကည္လင္သူကို ဘာမွမခိုင္းနဲ႕ေတာ့၊ မင္းကြာ သူမ်ားသားသမီးကို နားရက္ေပးရင္ ေသခ်ာေပးနားေလ၊ ဟိုခိုင္း သည္ခိုင္းေတြ မလုပ္စမ္းနဲ႕"
အသားလြတ္ႀကီး အေျပာခံေနရေသာ စက္ေနဟိန္းတစ္ေယာက္ရယ္ခ်င္လာသည္။
"ေၾကာက္လိုက္တာဗ်ာ၊ ျမင္းကမလႈပ္ ခုံကလႈပ္ေနျပန္ပါၿပီ"
"ငါမနက္ျဖန္ အားရက္ေလ"
"ဒီတေလာ ေဒါက္တာ အရမ္းအားတယ္ေနာ္"
"ဟဲဟဲ ငါလည္း ဗီတာမင္ေတြခ်ိဳ႕တဲ့ေနတာနဲ႕ B6, B12ေတြ မွီဝဲေတာ့မလို႔"
ေနလင္းထက္စကားေၾကာင့္ စက္ေနဟိန္းရယ္ရတာ အူတက္ေတာ့မည္။
(A/N_B6, B12ဆိုတာ အသားဓာတ္ျဖစ္ေစတဲ့ ဗီတာမင္ေတြပါ၊ ခႏၶာကိုယ္အတြက္ tissueေတြတည္ေဆာက္ေပးတဲ့ေနရာမွာ အေရးပါပါတယ္၊ လိုအပ္တဲ့ Energyကိုေပးစြမ္းတဲ့ ဗီတာမင္ေတြျဖစ္ၿပီး B12ကိုေတာ့ animal productကေနသာ ရရွိပါတယ္။ ဘာမွမဟုတ္ဘူး- အက္ဒါက အဲ့ဓာတ္ေတြခ်ိဳ႕တဲ့လို႔ ေဆးေသာက္ေနရတာနဲ႕ လမ္းႀကဳံလို႔ ေျပာျပတာပါ)
"မနက္ျဖန္ ခ်ိန္းေတြ႕ၾကမလို႔လား"
"ငါ့ဘက္ကေတာ့ အဲ့လိုေပါ့၊ ၾကည္လင္သူက ဘယ္လိုထင္မလဲမသိဘူး၊ ဘာပဲျဖစ္ျဖစ္ မင္းမနက္ျဖန္ တစ္နာရီေနာက္ပိုင္း သူ႕ကို အားကို အားေပး ရမယ္ေနာ္၊ မဟုတ္ရင္ မင္းဟာေလးတစ္ခုခုျဖစ္ၾကည့္ ငါ့လာမတနဲ႕"
"ဟုတ္ပါၿပီ၊ အသားဓာတ္ေတြ ခ်ိဳ႕တဲ့ေနတဲ့ အဘိုးႀကီးရယ္၊ ဪ ငါ့အတြင္းေရးမႉးေလးေတာ့ ဟင္း...."
"ဟား ဟား....ေနာက္ဆို သူ႕ကို အိမ္ထဲမွာပဲ ဥထားေတာ့မွာ၊ ကိုယ့္ဘာသာ အတြင္းေရးမႉးအသစ္ရွာထား၊ ႀကိဳေျပာထားတာ"
"ဟာ....လုပ္ၿပီဗ်ာ ဟား ဟား ဟား....."
ေနလင္းထက္ေၾကာင့္ စက္ေနဟိန္းခမ်ာ ပါးစပ္ကို စိမေနရေတာ့။ ထို႔ေနာက္ ဖုန္းခ်ကာ စက္ေနဟိန္းသည္ ဉာဏ့္ဘက္သို႔ လွည့္ၾကည့္လိုက္မိသည္။ ဉာဏ္က chattingထိုင္ေနတာလားမသိ။ လက္ေခ်ာင္းေတြမေညာင္းသည့္အလား စာရိုက္ေနတာက ၾကည့္တဲ့သူေတာင္ မူးလာရသည္။
"ဉာဏ္...."
"ဟင္"
စာရိုက္ေနရာမွ ေမာ့ၾကည့္ကာ ျပန္ထူးလာေသာ ေကာင္ေလး။
"ကိုယ္တို႔လည္း dateၾကမလား"
"ဟမ္"
"ကိုယ္တို႔ေသေသခ်ာခ်ာ အျပင္မထြက္ၾကရေသးဘူးမလား"
"ထြက္ရတယ္ေလ၊ ဦးစက္ေျပာတာ နားမလည္ဘူး"
ဉာဏ္က Dateဆိုတာကို နားလည္သည္။ သို႔ေသာ္ ယူထားၿပီးသူမ်ားအၾကား သုံးလို႔သင့္ေတာ္ရဲ႕လား သူမေတြးတတ္ေခ်။
"ရည္းစားေတြလိုေလ"
"ဟင္....ယူၿပီးတဲ့သူေတြက အဲ့လိုလုပ္လို႔ရတာလား"
စက္ေနဟိန္းသည္ ဉာဏ့္ကို ေခတၱမွ်စိုက္ၾကည့္ေနၿပီးေနာက္ ဉာဏ္ရွိသည့္ေနရာသို႔ ထလာသည္။ ထို႔ေနာက္ ဉာဏ့္နဖူးကို ဖ်တ္ခနဲေတာက္လိုက္ကာ....
"ဉာဏ္ ေဝးခ်င္လည္း ဇြတ္ေဝးေနတာေနာ္၊ရတာေပါ့၊ dateက ဘယ္သူမဆို လုပ္လို႔ရတယ္၊ ကိုယ္ခ်စ္တဲ့သူေတြအတြက္ သီးသန႔္အခ်ိန္ေပးတာမ်ိဳးကို Dateလို႔ေခၚတာ အူတူတူေလးရဲ႕"
ဉာဏ္က သူ႕နဖူး သူပြတ္ေနရင္း....
"ဪ အဲ့လိုလား၊ ဉာဏ္က သမီးရည္းစားေတြပဲ လုပ္လို႔ရတယ္ထင္တာ၊ ဒါနဲ႕ ဦးစက္က ဘာလို႔ dateခ်င္တာလဲ"
"ဉာဏ့္ကိုအခ်ိန္ေပးခ်င္လို႔ပါဆိုမွ ကိုယ္က ဘာလုပ္ဖို႔ dateရမွာတုန္း"
ဉာဏ္တစ္ေယာက္ အူလည္လည္ျဖစ္ျခင္းဇုန္ထဲ ေရာက္ေနသလားမသိ။ စက္ေနဟိန္းေျပာသမွ် ဟုတ္လား၊ ဪ၊ အဲ့လိုလား အစရွိသျဖင့္သာ လွည့္ပတ္ေျပာေနေတာ့သည္။
"ဉာဏ္ တစ္ခုခုျဖစ္ေနသလား"
စက္ေနဟိန္းက ဉာဏ့္ေခါင္းေလးကို ပြတ္သပ္ရင္း ေမးမိသည္။ ဉာဏ္က ေခါင္းခါျပလ်က္....
"မျဖစ္ပါဘူး ဦးစက္ရဲ႕၊ ဉာဏ္က ဦးစက္ကို ေမးရမွာမလား၊ ဦးစက္ အဆင္ေျပရဲ႕လား"
"ေျပတာေပါ့၊ ကိုယ္က မေျပစရာမရွိပါဘူး၊ ကိုယ့္ရဲ႕ ဒုံးေဝးတဲ့အေမာေျပေလး ေဘးမွာရွိသ၍ ေျပတယ္"
"တစ္ခါတေလမွ ေဝးတာပါ၊ ဉာဏ္က အရမ္းကိုေတာ္ပါတယ္ေနာ္၊ ဟီးဟီး ဉာဏ္ ေနာက္လဆို Supervisorျဖစ္ေတာ့မယ္၊ ဉာဏ့္ကို အလုပ္သင္ေတြနဲ႕ တြဲတြဲထားၾကည့္တာ အဆင္ေျပလို႔ ရာထူးတိုးေပးေတာ့မယ္တဲ့"
ဉာဏ္က စကားေျပာတာ အားပါလာရင္း အားယားေမွာက္ေနရာမွ ငုတ္တုပ္ထိုင္လာသည္။ ထို႔ေၾကာင့္ စက္ေနဟိန္းက ဉာဏ့္ခါးကို လွမ္းဖက္ထားကာ...
"ဟာ...ေကာင္းတာေပါ့၊ ကိုယ့္ဉာဏ္က professionalတစ္ေယာက္ျဖစ္ေနၿပီပဲ၊ ဉာဏ့္ႀကိဳးစားမႈကို အသိမွတ္ျပဳပါတယ္"
"ရာဇာကေတာ့ ရမရ မသိေသးဘူး၊ ဒီေကာင္က အလုပ္သင္အခ်ိဳ႕နဲ႕ စိတ္မရွည္လို႔ ကီးမကိုက္ဘူး"
"ဘယ္အလုပ္မဆို သည္းခံတတ္ရတယ္၊ မဟုတ္ရင္ အဆင္မေျပဘူး၊ စိတ္ရွည္ၿပီး သည္းခံနိုင္ေလေလ အေတြ႕ႀကဳံရေလေလပဲ၊ ကိုယ္တို႔လည္း အျမင္မၾကည္တာ၊ဘယ္အလုပ္သမားကို ၾကည့္မရျဖစ္တာ စတာေတြရွိတာပဲ၊ ဒါေပမယ့္ လူတစ္ေယာက္ကို အျမင္မၾကည္႐ုံနဲ႕ သူ႕အရည္အခ်င္းကို လ်စ္လ်ဴရႉလို႔မရဘူး၊ သူ႕လုပ္နိုင္စြမ္းက ကိုယ့္အတြက္အေထာက္ပံ့ျဖစ္တယ္ဆိုရင္ သူ႕personalityဘယ္လိုျဖစ္ေနေန ခ်င့္ခ်ိန္ၿပီး သည္းခံေပးတတ္ရတယ္၊ စီးပြားေရးဆိုတာ အဲ့လိုေနတတ္ရတယ္၊ မဟုတ္ရင္ ကိုယ့္အလုပ္ပ်က္သြားမွာေပါ့....ရာဇာ့ကို ဉာဏ္က ေသခ်ာေျပာျပၾကည့္ေပါ့"
"အင္း....ဒီေကာင္ အခုတေလာ ဘာေတြညစ္မွန္းမသိညစ္ေနတာ၊ တစ္ေန႕ေတာ့ သူနဲ႕night outလုပ္ေပးရမယ္"
"ဘယ္လို ဘယ္လို...."
စက္ေနဟိန္းသည္ ဉာဏ့္စကားေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားေတာ့၏။ ဉာဏ္ကေတာ့ ထိုပုံကိုၾကည့္ၿပီး ေအာ္ရယ္လိုက္ကာ ရင္ခြင္ထဲသို႔ ေခါင္းတိုးဝင္ရင္း....
"ဦးစက္နဲ႕အရင္ Dateလုပ္မွာပါေနာ္၊ ရာဇာနဲ႕က ေနာက္မွ၊ အဲ့က်ရင္ ဦးစက္ ဟိုဟာေျပာ ဒီဟာေျပာေတြ မလုပ္နဲ႕ေနာ္"
"ကိုယ္က ဘာေျပာရမွာတုန္း"
"သဝန္မတိုနဲ႕ေျပာတာ"
"ဉာဏ္က်ေတာ့ ကိုယ့္ကို အကုန္လိုက္တိုေနၿပီးေတာ့"
"မတိုပါဘူး၊ စိတ္အေျခေနေလး နည္းနည္းဟသြားမွ အဲ့လိုျဖစ္တာပါ .... ဟီးဟီး"
စက္ေနဟိန္းလည္း ဉာဏ္ႏွင့္အတူ ရယ္ေမာရင္း ဉာဏ့္ေခါင္းေလးကို ငုံ႕နမ္းလိုက္သည္။ ထို႔ေနာက္ ဉာဏ္က စက္ေနဟိန္းကို ေမာ့ၾကည့္ကာ....
"ဦးစက္...ညာမေျပာရဘူးေနာ္၊ တကယ္အဆင္ေျပေနတာလား"
ဉာဏ္က ထိုသို႔ေမးေတာ့လည္း သူညာမေျပာခ်င္....ခပ္သာသာေလး ေခါင္းညိမ့္ျပရင္း....
"မာမီ့ေၾကာင့္ပါ"
"ႀကီးႀကီးကဘာျဖစ္လို႔လဲ"
"ကိုယ္တို႔သြားလည္ခဲ့တဲ့ ေမေမႀကီးတို႔အိမ္ကိုေလ သူကေရာင္းခ်င္ေနတာ၊ အဲ့ဒါကိုယ့္ကို အတင္းခိုင္းေနလို႔ ဘယ္ေန႕ ေမေမႀကီးတို႔ဆီ သြားရမလဲမသိဘူး"
"ဒါနဲ႕ေလ ေမေမႀကီးဆိုလို႔ ဉာဏ္ေမးရဦးမယ္"
"ေမးေလ"
"ႀကီးႀကီးက လူဝင္စားလားဟင္"
စက္ေနဟိန္းသည္ ထိုေမးခြန္းကိုမေျဖခင္ စဥ္းစားရခက္သည့္ပုံေပါက္သြားကာ....
"အဲ့လိုတစ္ခါမွ ကိုယ္မၾကားဖူးဘူးထင္တာပဲ၊ ကိုယ့္ကိုပဲ လူဝင္စားလို႔ေျပာတာ မာမီက၊ သူက လူဝင္စားလို႔မေျပာဖူးဘူး၊ ဘာလို႔လဲ ဉာဏ္"
"ဉာဏ္ေလ ဦးစက္ကို မေျပာရေသးတာေတြအမ်ားႀကီးပဲ၊ ဦးစက္တို႔ အိမ္ေတာ္ႀကီးနဲ႕ ပတ္သတ္ေနတဲ့ အိပ္မက္ေတြကို"
"အခုေျပာျပေလ ဉာဏ္"
ဉာဏ္က ေလးပင္စြာျဖင့္ သက္ျပင္းခ်လိဳက္ကာ....
"ဦးစက္တို႔ သကၠစက္အိမ္ေတာ္ႀကီးကေလ က်ိန္စာမိေနတာလားဟင္၊ ဉာဏ့္အထင္ေျပာတာေနာ္၊ ဉာဏ့္အိပ္မက္ထဲမွာေလ အဲ့အိမ္ရဲ႕ ဘုရားခန္းမွာ ဘုရား႐ုပ္ထုေတြရွိတာမဟုတ္ဘူး၊ ေအာက္လမ္းပညာသည္ေတြသုံးတဲ့ ႐ုပ္ထုႀကီးေတြ၊ ေနာက္ၿပီး ဦးစက္ရဲ႕ အဘီဆိုတဲ့သူရဲ႕ ႐ုပ္ထုႀကီးလည္းရွိတယ္၊ ေဒဝီထိပ္ထားစံက မကြၽတ္ေသးဘူးထင္တယ္ေနာ္ ဦးစက္၊ သူက ဉာဏ့္ကိုေျပာတယ္၊ အဲ့သကၠစက္အိမ္ေနရာမွာ ျမင့္ျမတ္တဲ့ေနရာတည္ပါတဲ့၊ သူ႕မွာကေလးေလးတစ္ေယာက္ရွိတယ္၊ သူက အဲ့ကေလးေလးနဲ႕အတူ ေရတြင္းထဲခုန္ခ်ၿပီးသတ္ေသသြားတာ၊ သူကေပ်ာက္သြားတာမဟုတ္ဘူး ဦးစက္"
"ဒါဆို မာမီနဲ႕က ဘယ္လိုပတ္သတ္လို႔လဲ"
"သူအဲ့လိုေရတြင္းထဲ ခုန္ခ်ၿပီး ႀကီးႀကီးက ဉာဏ့္ကို လာေခၚတာ"
စက္ေနဟိန္းသည္ ဉာဏ္ေျပာသမွ်ကို နားေထာင္ေနကာ သူကိုယ္တိုင္လည္း ေတြးေနမိသည္။
"ဒါနဲ႕ ေဒဝီထိပ္ထားစံရဲ႕ကေလးဆီမွာေလ သူ႕ေခါင္းတည့္တည့္မွာ အမဲေရာင္အမွတ္သားေလးရွိတယ္"
ထိုစကားၾကားၿပီး စက္ေနဟိန္းက ဉာဏ့္ကို အံ့ဩတႀကီးျပန္ၾကည့္ေနမိသည္။ ဉာဏ္လည္း စက္ေနဟိန္းအၾကည့္ကို လန႔္သြားေသာေၾကာင့္....
"ဘာလို႔လဲဟင္"
"မဟုတ္ဘူး၊ မာမီ့ ေခါင္းမွာ အမွတ္တစ္ခုပါတယ္၊ မာမီက သီလရွင္ဝတ္ခဲ့ဖူးတယ္၊ အဲ့တုန္းက ကိုယ္ကငယ္ေသးတယ္ ဉာဏ္၊ ကိုယ္အဲ့ဒါကိုေသခ်ာျမင္ဖူးတယ္၊ အဲ့တုန္းက ကိုယ္က ငယ္လည္းငယ္ၿပီး ဒါေတြအယုံၾကည္မရွိေတာ့ မာမီ့ကို မေမးခဲ့ဖူးဘူး"
"ႀကီးႀကီးက ဒါဆို အဲ့သကၠစက္အိမ္နဲ႕ အရင္ဘဝကလည္း ေရစက္ပါခဲ့တာလား မသိဘူးေနာ္၊ ဉာဏ့္ကိုေလ ဦးစက္ရဲ႕ အဘီလည္ပင္းလာညစ္ထားတုန္းက ေဒဝီထိပ္ထားစံေရာက္လာတာ၊ သူက ဉာဏ့္ကို ကာကြယ္ေပးခဲ့တာ၊ သူကေလ ေတာ္ေတာ္ျမင့္ျမတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ပဲ"
စက္ေနဟိန္းသည္ ဉာဏ့္ကို မွင္သက္စြာၾကည့္ေနၿပီး ေခါင္းကိုပြတ္သပ္ေပးေနမိသည္။
"ဉာဏ္က တကယ္ပုဏၰားေလးပဲေနာ္"
ထိုေလသံ၌ ဝမ္းနည္းမႈေတြေရာယွက္ပါေနသည္ဟု ဉာဏ္ခံစားမိသည္။ ထို႔ေၾကာင့္ စက္ေနဟိန္း၏ လက္ကိုဆြဲယူကိုင္ကာ သူ႕ပါးႏွင့္ကပ္ထားလိုက္သည္။
"အဲ့ဒါမေကာင္းဘူးလား၊ တစ္ခုခုဆို ဉာဏ္ႀကိဳသိေနတတ္တယ္ေလ၊ ဉာဏ့္ေဘးကသူေတြ အႏၱရာယ္ကင္းတာေပါ့"
"ကိုယ္က ဉာဏ့္ကိုပဲစိုးရိမ္တာ၊ ဉာဏ္အရင္ကလို ေမ့လဲမသြားတာကိုပဲ ေက်းဇူးတင္ရမယ္၊ အဲ့လိုေတြသာ ျဖစ္ေနမယ္ဆိုရင္ ကိုယ္တကယ္အဲ့ဟာေတြကို လိုက္ဖ်က္စီးမိမယ္ထင္တယ္၊ ေနာက္ဆို ဉာဏ့္အိပ္မက္ေတြ ဘာျဖစ္ျဖစ္ ကိုယ့္ကိုေျပာရမယ္ေနာ္"
"အင္း"
ဉာဏ္က စက္ေနဟိန္းကို တင္းက်ပ္ေနေအာင္ ဖက္ထားရင္း ကတိေပးသည္။ စက္ေနဟိန္းလည္း ျပန္ဖက္ေပးထားလ်က္ ဉာဏ္မသိေအာင္ သက္ျပင္းေလးမ်ား မသိမသာခ်ေနမိေတာ့၏။
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
"ငေထြး...."
ျမည္ဟီးက်ယ္ေလာင္ေသာ ေအာ္သံႀကီးေၾကာင့္ စက္ေနဟိန္းလန႔္နိုးလာခဲ့သည္။ သို႔ေသာ္ သူတစ္ေယာက္တည္းသာနိုးလာတာျဖစ္ၿပီး ဉာဏ္လည္း သူ႕ေဘးမွာမရွိသလို ဘယ္သူမွ သူ႕ေဘးမွာ ရွိမေနပါ။ သူအခုေရာက္ေနတာ အိမ္သူ႕စံအိမ္၌ျဖစ္သည္။
"ရခိုင္မ၊ ဦးရခိုင္....."
စက္ေနဟိန္းသည္ သူမွတ္မိေသာ နာမည္မ်ားကို ေအာ္ေခၚေနေသာ္ျငား မည္သူမွ် မထြက္လာေခ်။ ထိုအစား ေ႐ႊစံကားျဖဴသည္ သန႔္ရွင္းေသာအသြင္ျဖင့္ စက္ေနဟိန္းေရွ႕ေရာက္လာ၏။ စက္ေနဟိန္း သူမကို ျမင္ဖူးေနရသည့္အေၾကာင္းကေတာ့ အေနာက္ဘက္ေဆာင္၌ ဖ်တ္ခနဲ ဖ်တ္ခနဲ ျမင္ရသည့္ အခိုက္တန႔္မ်ားေၾကာင့္ပင္။
"ေ႐ႊစံကားျဖဴ...."
"ငေထြး....နင္ ငါ့လက္က လြတ္မယ္ထင္ေနတာလား"
ေ႐ႊစံကားျဖဴသည္ စက္ေနဟိန္းအား ေဒါသထြက္ေနေသာအၾကည့္တို႔ျဖင့္ စိုက္ၾကည့္ေနရင္း လက္စားေခ်ရန္အသင့္ျဖစ္ေနပုံရသည္။ စက္ေနဟိန္းသည္ ေခါင္းခါျပရင္း....
"ေ႐ႊစံကားျဖဴ....ခင္ဗ်ားနဲ႕ ကြၽန္ေတာ္က ဘဝေတြအရမ္းျခားေနပါၿပီ၊ ကြၽန္ေတာ့္ကို မေက်နပ္တာကို သိေပမယ့္ ကြၽန္ေတာ္ကေတာ့ ဒါေတြကို မသိနိုင္ေတာ့ပါဘူး၊ ဒါေၾကာင့္ ခင္ဗ်ားအတြက္ ကြၽန္ေတာ္ဘာလုပ္ေပးနိုင္မလဲဆိုတာသာ ေျပာပါ"
"နင့္ေၾကာင့္ ငါတို႔ အေသဆိုးနဲ႕ေသခဲ့ရတာကို ငါတို႔ေက်နပ္မယ္ထင္ေနတာလား"
ထိုစဥ္ ရခိုင္မတို႔မိသားစုလိုက္ႀကီးလည္း ေ႐ႊစံကားျဖဴအနားသို႔ေရာက္လာသည္။ ဉာဏ္ေျပာတာေတြ မွန္ေနခဲ့တာပဲ။
"နင္ဟာ နင့္ေလာဘတစ္ခုတည္းနဲ႕ ငါတို႔ကို သတ္ပစ္ခဲ့တယ္၊ နင္ခ်စ္တဲ့သူတိုင္းကိုလည္း ငါတို႔ရေအာင္ ဒုကၡေပးမယ္ ငေထြး"
"ေ႐ႊစံကားျဖဴ၊ ကြၽန္ေတာ္ ကုသိုလ္ေကာင္းမႈ အႀကီးက်ယ္ျပဳေပးပါ့မယ္၊ ကြၽန္ေတာ့္အတိတ္ကမေကာင္းမႈေတြကို ခြင့္လႊတ္ေပးပါ၊ ခင္ဗ်ားကလြဲရင္ အားလုံးဟာ လူဝင္စားေတြျပန္ျဖစ္ေနၾကပါၿပီ၊ ခင္ဗ်ားစိတ္ထဲ အကုသိုလ္ေတြကိုေဖ်ာက္ၿပီး ကြၽန္ေတာ့္ကုသိုလ္အလႉကို လက္ခံေပးပါ"
"ဟား ဟား ဟား...."
ေ႐ႊစံကားျဖဴက စက္ေနဟိန္းကိုၾကည့္ၿပီး အႀကီးအက်ယ္ေအာ္ရယ္ေတာ့သည္။ ထိုရယ္သံႀကီးသည္ ေၾကာက္စရာေကာင္းသလို ေ႐ႊစံကားျဖဴ၏ ပုံရိပ္ကလည္း တျဖည္းျဖည္းေျပာင္းလဲလာ၏။ ငေထြးေခၚ စက္ေနဟိန္း အရင္ဘဝက သူ႕ကို သတ္ခဲ့သည့္ ဒဏ္ရာမ်ားက ခႏၶာကိုယ္တစ္ေနရာစီ၌ ေပၚလာေနကာ ပါးစပ္ထဲမွေသြးမ်ားလည္း စီးက်လာ၏။
"ငါ ဒဏ္ရာေတြခံစားရၿပီး ေအာက္ကိုျပဳတ္က်တဳန္း အသက္လုေနရခ်ိန္ က်ိန္စာတိုက္ခဲ့တယ္၊ နင့္ကို ေရာက္ေလရာဘဝကေန လက္စားျပန္ေခ်ရပါေစလို႔၊ နင္လို သစၥာမရွိဘဲငါ့ကို သတ္ရေလာက္တဲ့အထိ ရက္စက္တဲ့ အေဆြခင္ပြန္းမ်ိဳးကို ဘဝဆက္တိုင္း ဒုကၡေပးရပါ၏လို႔ ငါက်ိန္ခဲ့တာ.....နင့္ရဲ႕ မုသာဝါဒေတြကို ငါယုံမယ္ထင္ေနလား၊ နင္ခ်စ္တဲ့သူကို ငါဒုကၡေပးျပမယ္ ငေထြး....နင္ ငါ့လိုခံစားၿပီးေသမွ ငါကြၽတ္နိုင္မွာ"
ထို႔ေနာက္ စက္ေနဟိန္းဆီသို႔ ရခိုင္မတို႔မိသားစုႏွင့္ ေ႐ႊစံကားျဖဴတို႔ ျဖည္းျဖည္းခ်င္းေရာက္လာကာ လည္ပင္းဝိုင္းညစ္ၾကေတာ့သည္။
"မလုပ္....နဲ႕.....အား....."
"ဦးစက္"
စက္ေနဟိန္း၏ လူးလိမ့္ကာ ထြက္လာသည့္ ေအာ္သံႀကီးေၾကာင့္ ဉာဏ္လန႔္နိုးသြားၿပီး အိပ္မက္ဆိုးမက္ေနသည့္ ဦးစက္ကို ရင္ဘတ္ေပၚမွ ဖိကာ ဖက္ထားမိသည္။
"ဟင္ ... ဉာဏ္"
"အင္း....ဉာဏ္၊ ဦးစက္ အိပ္မက္ဆိုးေတြမက္ေနတာလား"
စက္ေနဟိန္းသည္ ဉာဏ့္ကို ရင္ဘတ္ေပၚမွ ဆြဲဖယ္လိုက္ကာ ဘာမွမေျပာေသးဘဲ ခဏထိုင္ေနမိသည္။ ဉာဏ္ကေတာ့ ကမန္းကတန္းျဖင့္ ေရတစ္ခြက္ေျပးယူကာ စက္ေနဟိန္းကို စိတ္ေျပေအာင္ ေရတိုက္လိုက္သည္။
"အဆင္ေျပလား"
စက္ေနဟိန္း ထိုသို႔ျဖစ္တာကို ဉာဏ္မႀကဳံဖူးေသးသျဖင့္ စိုးရိမ္တႀကီးျဖစ္ကာ မ်က္ႏွာအပ္ၾကည့္ေနမိသည္။
"ကိုယ္ေလ အရင္ကလည္း အဲ့လိုပဲ မက္ဖူးတယ္၊ ေနာက္ေတာ့ ကြာရွင္းရတာေတြျဖစ္ကုန္တာပဲ....."
အစမရွိ အဆုံးမရွိစကားကို နားေထာင္လိုက္ရေသာ ဉာဏ္က စက္ေနဟိန္းဘာဆိုလိုမွန္း လိုက္မမီ။ စက္ေနဟိန္းသည္ စိုးရိမ္ထိတ္လန႔္ေနေသာ အမူအယာအခ်ိဳ႕ျဖင့္ သူ႕ေရွ႕၌ ငုတ္တုတ္ေလးထိုင္ေနေသာ ဉာဏ့္ကို ဘာမွဆက္မေျပာေတာ့ဘဲ ေငးၾကည့္ေနမိသည္။
"ဦးစက္...."
ဦးစက္ အဲ့လိုၿငိမ္ေနတာကို ဉာဏ္မႀကိဳက္ေခ်။ ဦးစက္က ဦးစက္မဟုတ္သလိုပင္။
"ဉာဏ့္ကို ေျပာျပေလ၊ ဘာျဖစ္လို႔လဲဟင္"
"ကိုယ္က ဉာဏ့္ကိုခ်စ္တယ္ေနာ္၊ ဘာအေၾကာင္းပဲရွိရွိ ကိုယ့္လက္ကို ဆြဲထားပါေနာ္...."
အရင္အိမ္ေထာင္ေတြလို အေၾကာင္းမ်ိဳးစုံျဖင့္ ဉာဏ့္ကိုသာ ထပ္ဆုံးရႈံးသြားရလွ်င္ စက္ေနဟိန္းေဆာက္တည္ရာရမယ္မထင္ေတာ့။ ဒီအိမ္ေထာင္ေရး....ဉာဏ္ႏွင့္တည္ေဆာက္ထားေသာ အိမ္ေထာင္ေရးကို သူအျမတ္နိုးဆုံးမို႔ သူအခံစားရဆုံးျဖစ္လိမ့္မည္။
ဉာဏ္လည္း ထပ္မေမးေတာ့....ထိုအစား စက္ေနဟိန္းရင္ခြင္ထဲသို႔ တိုးကာဝင္လိုက္သည္။
"ဉာဏ္ကလည္း ဦးစက္ကို ခ်စ္ပါတယ္၊ ဉာဏ္ေရာ ဦးစက္ေရာ အဆင္ေျပမွာပါ၊ ဘာအေၾကာင္းေတြပဲရွိရွိ၊ အားလုံးအဆင္ေျပသြားမွာ၊ ဉာဏ္က ဦးစက့္ကို ယုံတယ္"
ဉာဏ့္စကားေၾကာင့္ စက္ေနဟိန္းမ်က္ႏွာထက္ ၿပဳံးေယာင္သန္းလာသည္။ ဉာဏ့္၏ ဂုတ္ပိုးေနရာေလးကို တယုတယအနမ္းေပးမိရင္း.....
"ကိုယ့္ဉာဏ္.....ျပန္အိပ္ၾကမယ္ေနာ္၊ ကိုယ့္ေၾကာင့္ အိပ္ေရးပ်က္သြားရၿပီ"
"ဦးစက္က ဉာဏ့္ကို ဖက္မွမဖက္ထားတာ၊ အဲ့ဒါေၾကာင့္ အခုလိုျဖစ္တာ....."
ဉာဏ္က စိတ္ေျပေအာင္ ႐ႊတ္ေနာက္ေနာက္ေလး စလိုက္ေတာ့ စက္ေနဟိန္းရယ္သံထြက္လာသည္။
"ဟုတ္သားပဲ၊ ကိုယ္စာဖတ္ၿပီး မ်က္လုံးအရမ္းေညာင္းလာတာနဲ႕ အိပ္ခ်လိဳက္တာ၊ ဉာဏ္ေတာ့ ကိုယ့္နားတိုးေနမွာပဲေလဆိုၿပီး"
"ေနာက္ဆို ဉာဏ္မအိပ္ေသးလည္း ဖက္အိပ္ရမယ္ေနာ္"
"ဒီကေလး အသည္းယားေအာင္လုပ္ေနျပန္ၿပီေနာ္"
"ဟီးဟီး...."
ဤသို႔ျဖင့္ စက္ေနဟိန္း၏ စိုးရိမ္စိတ္တို႔ အေတာ္သက္သာသြားရသည္။ ဉာဏ္ေျပာသလို တစ္ကိုယ္လုံး ငုံထားမတတ္ ဖက္ထားလိုက္တာလည္း ပါတာေပါ့။
ရင္ခြင္ထဲက ကေလးေလးက ျပန္အိပ္ေပ်ာ္သြားေသာ္လည္း စက္ေနဟိန္းကေတာ့ ဆံပင္ေလးမ်ားကို ပြတ္သပ္ေပးေနမိသည္။ ထို႔ေနာက္ နဖူးစပ္မွ ဆံပင္မ်ားကို သပ္တင္ေပးၿပီး အနမ္းေပးလိုက္ကာ....
"ေကာင္းေကာင္းအိပ္ပါ ကိုယ့္ဉာဏ္...."
ဉာဏ့္အိပ္မက္ေလးကေတာ့ ေခ်ာကလက္အိပ္မက္ေတြျဖစ္ေနမလားပဲ၊ သိပ္ခ်ိဳေနေတာ့မွာအမွန္...။
_________________________________Ep 17End!
Adder Aries 🖤
စာဖတ္သူတို႔ ဂ႐ုစိုက္ၾကပါ။ ဘာေတြျဖစ္ျဖစ္ ဖိုက္တင္း! အက္ဒါ့ဆီမွာ လိုအပ္ခ်က္ေတြရွိလည္း အႀကံျပဳေပးၾကပါ။ ေကာင္းေသာညပါရွင္။