[Unicode]
ဟော်ပေ့ချန်က စံအိမ်ထိန်းသိမ်းသူကို ရှောင်လုံပေါင်း[1] နဲ့ ရွှေဖရုံသီးဆန်ပြုတ်၊ နင်မုန့်ရဲ့ အကြိုက်ဆုံး အစားအသောက်တွေကို ပြင်ပေးထားရန် စိတ်အားထက်သန်စွာ ပြောခဲ့တာ ဖြစ်သည်။
[1] ရှောင်လုံပေါင်းဆိုတာ ကျန်းစူးပြည်နယ်က တရုတ်ပေါက်စီကို ပြောတာပါ။
သို့ပေမယ့်လည်း နင်မုန့်က သူမအခန်းထဲမှ ဆင်းလာတဲ့အချိန်တည်းက တံခါးဆီသို့သာ တန်းတန်းမတ်မတ် သွားခဲ့တာ ဖြစ်ပြီး ဟော်ပေ့ချန်အနေနဲ့ သူမကို စကားပြောခွင့်လေးတောင် မရခဲ့တာဖြစ်သည်။
ပြီးတော့...လင်းချင်ပေ့? သူက ဘယ်သူလဲ? ဘယ်သူကမှ သူ့လောက် မတော်ဘူး?
ထမင်းစားခန်းထဲမှာ အေးစက်တဲ့ အငွေ့အသက်တို့ လွှမ်းခြုံနေသလို ဟော်ပေ့ချန်ရဲ့ အမူအရာက မည်းမှောင်လို့သွားသည်။ သူ့ရှေ့မှာ စားပွဲအပြည့် စားစရာတွေ ရှိနေပေမယ့်လည်း အခုတော့ စားချင်စိတ် အလုံးစုံက ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထိုင်ခုံမှ ထလိုက်ပြီး အရှေ့တံခါးဆီကို လျှောက်သွားလိုက်သည်။ သူ မရောက်သေးခင်မှာပဲ ပန်းရောင် Maseratiကားက ကျယ်လောင်တဲ့ အသံနဲ့အတူ မြင်ကွင်းထဲမှ ပျောက်လို့သွားလေ၏။
...
ဟော်ပေ့ချန်ရဲ့ မျက်နှာက ပိုလို့တောင် မည်းမှောင်သွားပြီး တကိုယ်လုံးမှာလည်း အန္တာရာယ်ရှိတဲ့ အငွေ့အသက်တို့ လွှမ်းခြုံသွားသည်။
ဖုန်းကို မြှောက်လိုက်ပြီး ဟော်ပေ့ချန် နင်မုန့်ကို စာပို့လိုက်သည် : [မင်း ဘယ်သွားတာလဲ?]
စာရောက်လာတဲ့ အချိန်မှာ နင်မုန့်က ကားမောင်းနေတာ ဖြစ်သည်။ ကားမောင်းတာကို အာရုံစိုက်ရမှာမို့ သူမ voice messageသာ ပို့လိုက်သည် : "ဂွတ်မောနင်း ယောက်ျား~! ကျွန်မနိုးလာတုန်းက ရှင့်ကို ဘယ်နေရာမှာမှ မတွေ့ခဲ့ဘူး! ဒါကြောင့်ပဲ သွေးတွင်းသကြားဓာတ် နည်းသလိုတောင် ခံစားလိုက်ရတယ်! ဘယ်လိုဖြစ်ပြီး အဲ့လောက်အစောကြီး ကုမ္ပဏီကို သွားရတာလဲ~ကျွန်မ အခု အလုပ်အတွက် TV stationကို သွားနေတာ ဒါပေမယ့် စိတ်မပူပါနဲ့ ကျွန်မ ဒီည စောစောပြန်လာပြီး ရှင့်အတွက် ခေါက်ဆွဲပြင်ပေးမယ်~"
သူမ အသံကို ကြားပြီးတဲ့အခါ ပို့ဖို့ လုပ်ထားတဲ့ [ပြန်လာခဲ့] ဆိုတဲ့ စာကြောင်းကို ဟော်ပေ့ချန် ငေးကြည့်ပြီးနောက် ဖျက်လိုက်သည်။
ဟော်အဖွဲ့အစည်းတွင် ဖြစ်သည်။
ရုံးခန်းထဲကို ဟော်ပေ့ချန် ဝင်လာတဲ့အခါ ဘော့စ်ဖြစ်သူရဲ့ မကောင်းတဲ့ စိတ်အခြေအနေကို လျစ်လျူရှူလိုက်ရင်း ရုံးခန်းထဲသို့ ရေးကြီးသုတ်ပြာ ဝင်သွားကာ "ဘော့စ်! ဒီတော့~ ဆရာ လိုက်ချင်တဲ့ မိန်းကလေးအသစ်က ဘယ်သူလဲ"
ဟော်ပေ့ချန်က သူ့ကို တချက်စိုက်ကြည့်လိုက်ပြီး "ကြည့်ရတာ မင်းမှာ လုပ်စရာမရှိဘူးနဲ့ တူတယ် ဟုတ်လား"
"??"
"Hမြို့အတွက် ပြင်ဆင်ထားတဲ့ ပရောဂျက်ကို ဒီနေ့ညနေအမှီ ရအောင်ပြင်ဆင်ထား"
"!!"
ထိုပရောဂျက်မှာ စာရွက်အများကြီး ပါဝင်တာဖြစ်ပြီး ပြီးဖို့ဆိုရင် အနည်းဆုံး ၃ရက်လောက် အချိန်ယူရမှာ ဖြစ်သည်။
တစ်ခုခု အမှားပြောမိလိုက်ပြီဆိုတာ ချီရှန် သဘောပေါက်လိုက်သည်နှင့် ပါးစပ်ကို ပိတ်ပြီး အနားမှာ ငြိမ်သက်စွာသာ ရပ်နေလိုက်သည်။
ထိုအချိန်မှာ စုယွဲ နဲ့ ဖေးပိုင်ပါ ရောက်လာခဲ့သည်။ သူတို့ယူလာတဲ့ စာရွက်တွေမှာ လက်မှတ်ထိုးနေတဲ့ ဟော်ပေ့ချန်ဆီမှ နောက်ထပ် ပေးလာမည့် အမိန့်ကို အတူတူမတ်တပ်ရပ်ကာ စောင့်နေလိုက်သည်။
သူတို့အားလုံး စကားမပြောရဲပေ ဒါကြောင့်ပဲ ဖုန်းတွေကို ထုတ်လိုက်ပြီး "ဒီနေ့ ဘော့စ်က စိတ်ဆိုးနေတာလား" WeChat groupမှာ စတင် ဆွေးနွေးကြတော့၏။
ချီရှန် : [ဟင့်! ဘော့စ်က ဒီနေ့ အရမ်းကြောက်ဖို့ ကောင်းနေတယ်! ငါတို့ ဘာလုပ်သင့်လဲ?]
စုယွဲ့ : [ငါလည်း မသိဘူး။ ကျေးဇူးပြုပြီး ဘော့စ် စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးပါလား @နင်မုန့်]
ချီရှန် : [ငါ့ပိုက်ဆံတွေ အားလုံးရဲ့ တဝက်လောက်ကို ပေးလိုက်ရင် ဘော့စ် စိတ်ကျေနပ်သွားမလား?]
စုယွဲ့ : [ဘော့စ်က မင်းပေးမယ့် မဆိုစလောက် ပိုက်ဆံလေးကို ဂရုစိုက်မယ် ထင်နေတာလား]
ချီရှန် : [ဒါဆို ဘာလုပ်သင့်လဲ? ဘော့စ်ကို စိတ်ကျေနပ်အောင် လုပ်တဲ့နေရာမှာ အတွေ့အကြုံမရှိဘူး]
ဖေးပိုင် : [တစ်စုံတယောက်ကို သတ်ပြီးရင် ခံစားချက်က ပိုကောင်းလာနိုင်တယ်]
လင်းချင်ပေ့ရဲ့ နားနေခန်းထဲမှာ အချိန်ဖြုန်းနေတဲ့ နင်မုန့်က စာတွေကို အပျင်းပြေ ဖတ်နေ၏။
မစ္စတာဖေးပိုင်က ထစ်ကနဲဆိုတာနဲ့ အမြဲ လက်ယားနေတာပဲ။
နင်မုန့် : [ဒီတော့ ရှင်တို့သုံးယောက်တည်းပဲ ဘုရင်ကြီးချန် အနားမှာ ရှိတာမလား? ဖေးပိုင်ကိုတော့ ဘုရင်ကြီးချန် အနေနဲ့ သတ်လို့ရမှာ မဟုတ်ဘူး။ စုယွဲ့ကလည်း ဒေါက်တာ ဖြစ်နေတယ်။ စစ်ပွဲထဲမှာတောင်မှ ဆရာဝန်တွေကို သတ်လို့ မရဘူး။ ဒီတော့ ဘယ်နေရာမှ အသုံးမဝင်တဲ့ လူတစ်ယောက်ပဲ ကျန်တော့တယ်။ သူ့ကိုသတ်ခိုင်းလိုက်]
ချီရှန် မကူမကယ်နိုင်စွာပဲ ရွတ်မိသွားသည်။ "အားးး! ဒီမိန်းမက တော်တော် နှလုံးသား မရှိတာပဲ!"
စာပြန်ပို့ဖို့ ရိုက်နေတုန်းမှာပဲ နင်မုန့်က နောက်ထပ် စာတစ်စောင် ပို့လာသည် : [ဒီတော့ နင့် IQနိမ့်တာကို ဝန်မခံချင် သေးဘူးပေါ့? အိုကေ ဉာဏ်စမ်းမယ်~ သင်္ချာဆရာက အိမ်စာ ၁၀ပုဒ်ပေးလိုက်တယ်။ ငါတို့မှာ ၃ပုဒ် တွက်လို့ပြီးသွားတယ်။ ဒီတော့ ငါတို့မှာ တွက်စာ ဘယ်နှပုဒ် ရှိတော့မလဲ?]
ချီရှန် : [လွယ်လွယ်လေး! ၇ပုဒ်!]
နင်မုန့် : [ဟက်!]
စုယွဲ့ : [၁၀ပုဒ်]
ချီရှန်က စုယွဲ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး "ဘာလို့လဲ?"
စုယွဲ့က ပြန်ဖြေလိုက်သည်။ "ဒါက သင်္ချာပြဿနာ မဟုတ်ဘူး။ ခေါင်းကိုသုံးရမှာ"
ချီရှန် ဖုန်းကို ပြန်ကြည့်လိုက်တဲ့အခါ ဖေးပိုင်ရဲ့ အဖြေကိုပါ တွေ့လိုက်ရသည် [၁၀ပုဒ်]
ချီရှန်က ဖေးပိုင်ကို ကြည့်လိုက်ပြီး "မင်းကရော ဘာလို့ '၁၀ပုဒ်'လို့ ဖြေတာလဲ?"
ဖြေရှင်းပေးဖို့ ဖေးပိုင်ပြင်လိုက်ရင်ပဲ သူတို့ကိုယ်ကို လွှမ်းခြုံလာတဲ့ အေးစက်စက် လေထုကို ခံစားလိုက်ရသည်။
သုံးယောက်စလုံး စားပွဲရှိရာဘက်သို့ သူတို့ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ပြီး ကြည့်လိုက်တဲ့အခါ သူတို့ဖုန်းတွေကို စိုက်ကြည့်နေတဲ့ ဟော်ပေ့ချန်ရဲ့ အကြည့်စူးစူးတွေကို မြင်လိုက်ရသည်။ "သူမပါ ပါတဲ့ WeChat Group မင်းတို့မှာ ရှိနေတာလား?"
"!!!"
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
------------------------
[Zawgyi]
ေဟာ္ေပ့ခ်န္က စံအိမ္ထိန္းသိမ္းသူကို ေရွာင္လုံေပါင္း[1] နဲ႔ ေ႐ႊဖ႐ုံသီးဆန္ျပဳတ္၊ နင္မုန႔္ရဲ႕ အႀကိဳက္ဆုံး အစားအေသာက္ေတြကို ျပင္ေပးထားရန္ စိတ္အားထက္သန္စြာ ေျပာခဲ့တာ ျဖစ္သည္။
[1] ေရွာင္လုံေပါင္းဆိုတာ က်န္းစူးျပည္နယ္က တ႐ုတ္ေပါက္စီကို ေျပာတာပါ။
သို႔ေပမယ့္လည္း နင္မုန႔္က သူမအခန္းထဲမွ ဆင္းလာတဲ့အခ်ိန္တည္းက တံခါးဆီသို႔သာ တန္းတန္းမတ္မတ္ သြားခဲ့တာ ျဖစ္ၿပီး ေဟာ္ေပ့ခ်န္အေနနဲ႔ သူမကို စကားေျပာခြင့္ေလးေတာင္ မရခဲ့တာျဖစ္သည္။
ၿပီးေတာ့...လင္းခ်င္ေပ့? သူက ဘယ္သူလဲ? ဘယ္သူကမွ သူ႔ေလာက္ မေတာ္ဘူး?
ထမင္းစားခန္းထဲမွာ ေအးစက္တဲ့ အေငြ႕အသက္တို႔ လႊမ္းၿခဳံေနသလို ေဟာ္ေပ့ခ်န္ရဲ႕ အမူအရာက မည္းေမွာင္လို႔သြားသည္။ သူ႔ေရွ႕မွာ စားပြဲအျပည့္ စားစရာေတြ ရွိေနေပမယ့္လည္း အခုေတာ့ စားခ်င္စိတ္ အလုံးစုံက ေပ်ာက္ကြယ္သြားၿပီ ျဖစ္သည္။
ထိုင္ခုံမွ ထလိုက္ၿပီး အေရွ႕တံခါးဆီကို ေလွ်ာက္သြားလိုက္သည္။ သူ မေရာက္ေသးခင္မွာပဲ ပန္းေရာင္ Maseratiကားက က်ယ္ေလာင္တဲ့ အသံနဲ႔အတူ ျမင္ကြင္းထဲမွ ေပ်ာက္လို႔သြားေလ၏။
...
ေဟာ္ေပ့ခ်န္ရဲ႕ မ်က္ႏွာက ပိုလို႔ေတာင္ မည္းေမွာင္သြားၿပီး တကိုယ္လုံးမွာလည္း အႏၲာရာယ္ရွိတဲ့ အေငြ႕အသက္တို႔ လႊမ္းၿခဳံသြားသည္။
ဖုန္းကို ေျမႇာက္လိုက္ၿပီး ေဟာ္ေပ့ခ်န္ နင္မုန႔္ကို စာပို႔လိုက္သည္ : [မင္း ဘယ္သြားတာလဲ?]
စာေရာက္လာတဲ့ အခ်ိန္မွာ နင္မုန႔္က ကားေမာင္းေနတာ ျဖစ္သည္။ ကားေမာင္းတာကို အာ႐ုံစိုက္ရမွာမို႔ သူမ voice messageသာ ပို႔လိုက္သည္ : "ဂြတ္ေမာနင္း ေယာက္်ား~! ကြၽန္မႏိုးလာတုန္းက ရွင့္ကို ဘယ္ေနရာမွာမွ မေတြ႕ခဲ့ဘူး! ဒါေၾကာင့္ပဲ ေသြးတြင္းသၾကားဓာတ္ နည္းသလိုေတာင္ ခံစားလိုက္ရတယ္! ဘယ္လိုျဖစ္ၿပီး အဲ့ေလာက္အေစာႀကီး ကုမၸဏီကို သြားရတာလဲ~ကြၽန္မ အခု အလုပ္အတြက္ TV stationကို သြားေနတာ ဒါေပမယ့္ စိတ္မပူပါနဲ႔ ကြၽန္မ ဒီည ေစာေစာျပန္လာၿပီး ရွင့္အတြက္ ေခါက္ဆြဲျပင္ေပးမယ္~"
သူမ အသံကို ၾကားၿပီးတဲ့အခါ ပို႔ဖို႔ လုပ္ထားတဲ့ [ျပန္လာခဲ့] ဆိုတဲ့ စာေၾကာင္းကို ေဟာ္ေပ့ခ်န္ ေငးၾကည့္ၿပီးေနာက္ ဖ်က္လိုက္သည္။
ေဟာ္အဖြဲ႕အစည္းတြင္ ျဖစ္သည္။
႐ုံးခန္းထဲကို ေဟာ္ေပ့ခ်န္ ၀င္လာတဲ့အခါ ေဘာ့စ္ျဖစ္သူရဲ႕ မေကာင္းတဲ့ စိတ္အေျခအေနကို လ်စ္လ်ဴရွဴလိုက္ရင္း ႐ုံးခန္းထဲသို႔ ေရးႀကီးသုတ္ျပာ ၀င္သြားကာ "ေဘာ့စ္! ဒီေတာ့~ ဆရာ လိုက္ခ်င္တဲ့ မိန္းကေလးအသစ္က ဘယ္သူလဲ"
ေဟာ္ေပ့ခ်န္က သူ႔ကို တခ်က္စိုက္ၾကည့္လိုက္ၿပီး "ၾကည့္ရတာ မင္းမွာ လုပ္စရာမရွိဘူးနဲ႔ တူတယ္ ဟုတ္လား"
"??"
"Hၿမိဳ႕အတြက္ ျပင္ဆင္ထားတဲ့ ပေရာဂ်က္ကို ဒီေန႔ညေနအမွီ ရေအာင္ျပင္ဆင္ထား"
"!!"
ထိုပေရာဂ်က္မွာ စာ႐ြက္အမ်ားႀကီး ပါဝင္တာျဖစ္ၿပီး ၿပီးဖို႔ဆိုရင္ အနည္းဆုံး ၃ရက္ေလာက္ အခ်ိန္ယူရမွာ ျဖစ္သည္။
တစ္ခုခု အမွားေျပာမိလိုက္ၿပီဆိုတာ ခ်ီရွန္ သေဘာေပါက္လိုက္သည္ႏွင့္ ပါးစပ္ကို ပိတ္ၿပီး အနားမွာ ၿငိမ္သက္စြာသာ ရပ္ေနလိုက္သည္။
ထိုအခ်ိန္မွာ စုယြဲ နဲ႔ ေဖးပိုင္ပါ ေရာက္လာခဲ့သည္။ သူတို႔ယူလာတဲ့ စာ႐ြက္ေတြမွာ လက္မွတ္ထိုးေနတဲ့ ေဟာ္ေပ့ခ်န္ဆီမွ ေနာက္ထပ္ ေပးလာမည့္ အမိန႔္ကို အတူတူမတ္တပ္ရပ္ကာ ေစာင့္ေနလိုက္သည္။
သူတို႔အားလုံး စကားမေျပာရဲေပ ဒါေၾကာင့္ပဲ ဖုန္းေတြကို ထုတ္လိုက္ၿပီး "ဒီေန႔ ေဘာ့စ္က စိတ္ဆိုးေနတာလား" WeChat groupမွာ စတင္ ေဆြးေႏြးၾကေတာ့၏။
ခ်ီရွန္ : [ဟင့္! ေဘာ့စ္က ဒီေန႔ အရမ္းေၾကာက္ဖို႔ ေကာင္းေနတယ္! ငါတို႔ ဘာလုပ္သင့္လဲ?]
စုယြဲ႕ : [ငါလည္း မသိဘူး။ ေက်းဇူးျပဳၿပီး ေဘာ့စ္ စိတ္ေက်နပ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ သင္ေပးပါလား @နင္မုန႔္]
ခ်ီရွန္ : [ငါ့ပိုက္ဆံေတြ အားလုံးရဲ႕ တ၀က္ေလာက္ကို ေပးလိုက္ရင္ ေဘာ့စ္ စိတ္ေက်နပ္သြားမလား?]
စုယြဲ႕ : [ေဘာ့စ္က မင္းေပးမယ့္ မဆိုစေလာက္ ပိုက္ဆံေလးကို ဂ႐ုစိုက္မယ္ ထင္ေနတာလား]
ခ်ီရွန္ : [ဒါဆို ဘာလုပ္သင့္လဲ? ေဘာ့စ္ကို စိတ္ေက်နပ္ေအာင္ လုပ္တဲ့ေနရာမွာ အေတြ႕အႀကဳံမရွိဘူး]
ေဖးပိုင္ : [တစ္စုံတေယာက္ကို သတ္ၿပီးရင္ ခံစားခ်က္က ပိုေကာင္းလာႏိုင္တယ္]
လင္းခ်င္ေပ့ရဲ႕ နားေနခန္းထဲမွာ အခ်ိန္ျဖဳန္းေနတဲ့ နင္မုန႔္က စာေတြကို အပ်င္းေျပ ဖတ္ေန၏။
မစၥတာေဖးပိုင္က ထစ္ကနဲဆိုတာနဲ႔ အၿမဲ လက္ယားေနတာပဲ။
နင္မုန႔္ : [ဒီေတာ့ ရွင္တို႔သုံးေယာက္တည္းပဲ ဘုရင္ႀကီးခ်န္ အနားမွာ ရွိတာမလား? ေဖးပိုင္ကိုေတာ့ ဘုရင္ႀကီးခ်န္ အေနနဲ႔ သတ္လို႔ရမွာ မဟုတ္ဘူး။ စုယြဲ႕ကလည္း ေဒါက္တာ ျဖစ္ေနတယ္။ စစ္ပြဲထဲမွာေတာင္မွ ဆရာ၀န္ေတြကို သတ္လို႔ မရဘူး။ ဒီေတာ့ ဘယ္ေနရာမွ အသုံးမ၀င္တဲ့ လူတစ္ေယာက္ပဲ က်န္ေတာ့တယ္။ သူ႔ကိုသတ္ခိုင္းလိုက္]
ခ်ီရွန္ မကူမကယ္ႏိုင္စြာပဲ ႐ြတ္မိသြားသည္။ "အားးး! ဒီမိန္းမက ေတာ္ေတာ္ ႏွလုံးသား မရွိတာပဲ!"
စာျပန္ပို႔ဖို႔ ႐ိုက္ေနတုန္းမွာပဲ နင္မုန႔္က ေနာက္ထပ္ စာတစ္ေစာင္ ပို႔လာသည္ : [ဒီေတာ့ နင့္ IQနိမ့္တာကို ၀န္မခံခ်င္ ေသးဘူးေပါ့? အိုေက ဉာဏ္စမ္းမယ္~ သခ်ၤာဆရာက အိမ္စာ ၁၀ပုဒ္ေပးလိုက္တယ္။ ငါတို႔မွာ ၃ပုဒ္ တြက္လို႔ၿပီးသြားတယ္။ ဒီေတာ့ ငါတို႔မွာ တြက္စာ ဘယ္ႏွပုဒ္ ရွိေတာ့မလဲ?]
ခ်ီရွန္ : [လြယ္လြယ္ေလး! ၇ပုဒ္!]
နင္မုန႔္ : [ဟက္!]
စုယြဲ႕ : [၁၀ပုဒ္]
ခ်ီရွန္က စုယြဲ႕ကို စိတ္ရႈပ္ေထြးစြာ ၾကည့္လိုက္ၿပီး "ဘာလို႔လဲ?"
စုယြဲ႕က ျပန္ေျဖလိုက္သည္။ "ဒါက သခ်ၤာျပႆနာ မဟုတ္ဘူး။ ေခါင္းကိုသုံးရမွာ"
ခ်ီရွန္ ဖုန္းကို ျပန္ၾကည့္လိုက္တဲ့အခါ ေဖးပိုင္ရဲ႕ အေျဖကိုပါ ေတြ႕လိုက္ရသည္ [၁၀ပုဒ္]
ခ်ီရွန္က ေဖးပိုင္ကို ၾကည့္လိုက္ၿပီး "မင္းကေရာ ဘာလို႔ '၁၀ပုဒ္'လို႔ ေျဖတာလဲ?"
ေျဖရွင္းေပးဖို႔ ေဖးပိုင္ျပင္လိုက္ရင္ပဲ သူတို႔ကိုယ္ကို လႊမ္းၿခဳံလာတဲ့ ေအးစက္စက္ ေလထုကို ခံစားလိုက္ရသည္။
သုံးေယာက္စလုံး စားပြဲရွိရာဘက္သို႔ သူတို႔ေခါင္းကို ျဖည္းျဖည္းခ်င္းလွည့္ၿပီး ၾကည့္လိုက္တဲ့အခါ သူတို႔ဖုန္းေတြကို စိုက္ၾကည့္ေနတဲ့ ေဟာ္ေပ့ခ်န္ရဲ႕ အၾကည့္စူးစူးေတြကို ျမင္လိုက္ရသည္။ "သူမပါ ပါတဲ့ WeChat Group မင္းတို႔မွာ ရွိေနတာလား?"
"!!!"
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]