ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 55K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 156

19.7K 3K 115
By Dandelion_nini

Unicode

ကျန်းမော့ချန် : ကိုယ့်ကိုကြိုက်နေတဲ့လူရှိတယ်?
________________________________

ကျန်းမော့ချန်နဲ့ ယန်းချင်းချီပြန်ပေါ်လာမှ မော့ရှောင်းရှောင်း စိတ်အေးသွားသလိုမျိုး သက်ပြင်းဖွဖွချလိုက်မိသည်။ သူမ '' အစ်ကိုတို့ ဘယ်သွားနေကြတာလဲ '' ဟု မေးဖို့ကြံရုံရှိသေး ယန်းချင်းချီ လက်က ငါးကိုင်လာတာကိုတွေ့လိုက်ရလေသည်။

သူမ မျက်လုံးများပြူးကျယ်သွားကာ မယုံနိုင်သလိုမျိုး အံ့သြတကြီးမေးလာခဲ့သည်။

''အစ်ကိုတို့နှစ်ယောက် ငါးဖမ်းလာတယ်? ဒီနေရာမှာ တကယ်ကြီး ငါးတွေရှိနေတာလား ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြကာ

''ဒါပေမဲ့ အများကြီးတော့မရှိဘူး အစ်ကိုတောင် တစ်ကောင်ပဲဖမ်းမိတာ ''

''တစ်ကောင်ထဲတောင် တော်တော်လေးအစွမ်းကြီးနေပါပြီ '' သူမ ယန်းချင်းချီလက်ထဲက ငါးကို သေချာစိုက်ကြည့်နေရင်း '' အစ်ကိုတို့မို့လို့တော်သေးတာပေါ့ ညီမတစ်ယောက်ထဲသာဆို ငါးတွေမြင်နေရပေမဲ့ ဘယ်လိုဖမ်းရမှန်းမသိလို့ မျက်စိရှေ့ အလိုလိုကျလာမှာကိုပဲ ထိုင်စောင့်နေရမဲ့အဖြစ် ''

ယန်းချင်းချီ ထိုစကားကြောင့်ပြုံးမိသွားသည်။ ထို့နောက် သူနဲ့ကျန်းမော့ချန် ငါးကင်လုပ်တော့မှာကိုသတိရသွားကာ ကျန်းနင်ဝေးနဲမော့ရှောင်းရှောင်းမှာ သူတို့လုပ်နေတာတွေကိုကြည့်ပြီး အချိန်ဖြုန်းတယ်လို့များမြင်နေမလားဟု တွေးရင်း အားနာသွားသည်။

သူ သူ့ရှေ့က ကောင်မလေးနှစ်ယောက်ကိုကြည့်ကာ သူကပဲဦးဆောင်ပြီးစပြောလိုက်သည်။

''အစ်ကိုနဲ့ချန်ကောနဲ့က ငါးကင်ဖို့လုပ်ကြဦးမှာ အဲ့ဒါကြောင့် အချိန်နည်းနည်းတော့ကြာနိုင်တယ် တကယ်လို့အလျင်လိုနေရင် မင်းတို့နှစ်ယောက်အရင်သွားလို့ရပါတယ် '' သူ သူ့ရှေ့ကတောင်တက်လမ်းကို လက်ညှိုးထိုးပြလိုက်ကာ '' ဒီလမ်းအတိုင်း တည့်တည့်သာဆက်သွား ''

မော့ရှောင်းရှောင်းခေါင်းခါပြသည်။ '' ညီမတို့အလျင်မလိုပါဘူး '' သူမလည်ဂုတ်ကိုအရှက်ပြေပွတ်ရင်း '' ညီမနဲ့ ဝေးဝေးက နိုင်ခြားသားတွေကိုဆွဲဆောင်ဖို့ဖွင့်ထားတဲ့ တောင်အချို့လောက်ပဲ ငယ်ငယ်ကတက်ခဲ့ဖူးတာ ဒီလိုတောင်မျိုး တစ်ခါမှမတက်ဖူးဘူး မြေပုံကြီးကိုင်ပြီးတက်ဖို့ဆိုတာကလည်း အပေါ်၊အောက်၊ရှေ့၊နောက်၊တောင်၊မြောက်နဲ့ ဘယ်၊ညာကလွဲပြီး လမ်းဘယ်လိုဖတ်ရမှန်းသိတာမဟုတ်ဘူး အစ်ကိုတို့အကူအညီကြောင့်သာ ညီမတို့နှစ်ယောက် ဒီအထိရောက်လာတာပါ အဲ့ဒါကြောင့် အလျင်မလိုပါဘူး ငါးကင်ရုံလေးပဲမဟုတ်ဘူးလား ညီမတို့စောင့်နိုင်ပါတယ် ပြီးတော့ အစ်ကိုတို့ဘယ်လိုကင်မလဲ ဘေးကနေစပ်စုချင်သေးတယ် ''

ကျန်းနင်ဝေးကလည်း ခေါင်းငြိမ့်ပြကာ

'' ဘာမှမဖြစ်ပါဘူး အစ်ကိုတို့ ငါးကင်ကြပါ ညီမတို့စောင့်နိုင်ပါတယ် အရင်က အစ်ကိုတို့ပဲ ညီမကို တစ်လမ်းလုံးစောင့်လာရတာမလား အခုတော့ ညီမကပြန်စောင့်ရမဲ့အခွင့်အရေးရလာပြီ အရမ်းဝမ်းသာတာပဲ ''

ယန်းချင်းချီ သူတို့ပြောတာတွေကိုနားထောင်နေရင်း ကောင်မလေးနှစ်ယောက်မျက်နှာကို အကဲခတ်ကြည့်လိုက်တော့ တကယ်လည်း ဝမ်းသာအားရဖြင့် လိုလိုချင်ချင်စောင့်ပေးချင်သည့်ပုံစံတွေဖြစ်ပြီး ဘယ်သူမှမလိုလားသည့်အရိပ်အယောင်မရှိမှန်း သူမြင်လိုက်ရသည်။ သူ့ရှေ့က ကောင်မလေးနှစ်ယောက်မှာ တစ်ယောက်က ပွင့်လင်းရိုးသားပြီး သွက်လက်တက်ကြွသည့်စိတ်နေသဘောထားရှိချိန် တစ်ယောက်က တိတ်ဆိတ်ငြိမ်သက်ပြီး သိမ်မွေ့ညင်သာသည့် စိတ်နေသဘောထားရှိသည်။ သူတို့နှစ်ယောက်ရဲ့ စိတ်နေသဘောထားက အတော်လေး ကွဲပြားသော်ငြား သဘောကောင်းပြီး နားလည်ပေးနိုင်သည့် စိတ်ကောင်းနှလုံးကောင်းရှိနေတာကိုတော့ တပ်အပ်မြင်တွေ့နိုင်သည်။

သူ ပြုံးပြလိုက်ကာ

'' အဲ့လိုဆိုလည်းပြီးတာပဲလေ မင်းတို့ကိုကျေးဇူးတင်ပါတယ် ''

''ယန်းကော အရမ်းအားနာလွန်းနေပါပြီ ညီမတို့ကသာ ကျေးဇူးတင်သင့်တာပါ '' မော့ရှောင်းရှောင်း ပြန်ငြင်းလာသည်။

ကျန်းနင်ဝေးကလည်း အသံတိုးလေးဖြင့် သံယောင်လိုက်သည်။

'' အမှန်ပဲ အဲ့လောက်အထိအားနာစရာမလိုပါဘူး ''

ယန်းချင်းချီထိုစကားကြားတာနဲ့ လောကွတ်အရ ယဥ်ကျေးမနေတော့ပဲ ငါးကင်ဖို့ကိုသာ အာရုံစိုက်လိုက်သည်။

သူ တောနက်ထဲ အသားမကင်တာကြာပြီဖြစ်တာကြောင့် သူနဲ့ကျန်းမော့ချန်မှာ မီးမွှေးပြီး ငါးကင်ဖို့အတွက် အချိန်အကြာကြီး ယောင်လည်လည်ဖြစ်နေခဲ့သည်။

ကျန်းနင်ဝေးနဲ့ မော့ရှောင်းရှောင်းတို့နှစ်ယောက် သူတို့နှစ်ယောက်နားထိုင်ကာ ငါးကင်တာကိုလာကြည့်နေကြသည်။ မော့ရှောင်းရှောင်း ငါးကိုကြည့်ရင်း သက်ပြင်းမချပဲမနေနိုင်ခဲ့။

''ယန်းကောက အရမ်းမိုက်တာပဲ တောထဲမှာလည်း BBQလုပ်တတ်တယ် ''

'' အမှန်ပဲ မင်းတို့ယန်းကောက စွယ်စုံရလေးလေ* ''

(T/N: ဒီနေရာမှာ 十项全能(ရှီရှန့်ချွမ်နမ်) Decathlonလို့သုံးထားတာပါ Decathlonက ပြိုင်ပွဲဆယ်မျိုးပါဝင်တဲ့အားကစားပြိုင်ပွဲပါ။ မီတာ 100 တာတိုအပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲ၊ မီတာ 400 တာတိုအပြေးပြိုင်ပွဲ ၊ မီတာ 110 တန်းကျော်အပြေးပြိုင်ပွဲ၊ သံ​ပြားဝိုင်းပစ်ပြိုင်ပွဲ၊ တုတ်ထောက်ခုန်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲနဲ့ မီတာ 1,500 တာလတ်အပြေးပြိုင်ပွဲ တို့ဖြစ်ပါတယ်)

ယန်းချင်းချီ ကူကယ်ရာမဲ့စွာဖြင့် မော့ရှောင်းရှောင်းကိုပြန်ရှင်းပြလိုက်သည်။

''သူပေါက်ကရတွေလျှောက်ပြောနေတာကို နားမထောင်နဲ့ အရင်က ဒီလိုတောင်တွေတက်ဖူးတဲ့အတွေ့အကြုံအနည်းအပါးရှိလို့ လုပ်တတ်နေတာ ''

သို့သော် မော့ရှောင်းရှောင်းကတော့ ကျန်းမော့ချန်ပြောတာအမှန်ဟုသာ တွေးနေမိသည်။ သူမ ယန်းချင်းချီလုပ်နိုင်တာတွေကို တစ်ခုချင်းစီရွတ်ပြလာသည်။

'' လမ်းမှတ်မိတယ်၊ တဲထိုးနိုင်တယ်၊ ငါးဖမ်းနိုင်တယ်၊ ငါးကင်နိုင်တယ် ကျန်းကောပြောတာမှန်တယ် ယန်းကောက တကယ့်စွယ်စုံရပဲ ''

''အဲ့ဒါပြောတာ '' ကျန်းမော့ချန်ကလည်း နောက်ကနေသံယောင်လိုက်လာသည်။ '' ယန်းသူရဲကောင်းကြီး ဘာလို့ အခုအချိန်အထိ ခပ်လျှိုလျှိုနေ,နေရတာလဲ ''

ယန်းချင်းချီ အသံပိုင်ရှင်ကို ပေစောင်းစောင်းပြန်ကြည့်လိုက်ကာ

''ခုနက လက်သွားဆေးမယ်လို့မပြောခဲ့ဘူးလား ဘာလို့အခုအချိန်အထိ မသွားသေးတာလဲ ''

ကျန်းမော့ချန် စုပ်သတ်ရင်း မော့ရှောင်းရှောင်းကို လှမ်းပြောလိုက်သည်။

'' ကြည့် သူရှက်သွားပြီ ''

''ကျွန်တော်က ရှက်တယ်? '' ယန်းချင်းချီ သူ့ကိုယ်သူလက်ညှိုးထိုးပြကာ အံ့သြတကြီးမေးလိုက်သည်။ ''ကျွန်တော်က ရှက်တတ်သေးတယ်? ''

ကျန်းနင်ဝေးရော၊ မော့ရှောင်းရှောင်းရော သူစကားကြောင့် ခိုးခိုးခစ်ခစ်ရယ်လိုက်ကြကာ ကျန်းနင်ဝေးက ဆက်ပြောလာသည်။

'' ဘယ်လိုလုပ်ပြီး ကိုယ့်ကိုကိုယ်အဲ့လိုပြောနိုင်ရတာလဲ ယန်းကော အစ်ကိုကတော်တော်လေးဟာသဉာဏ်ရွှင်တာပဲ ''

ဟာသဉာဏ်ရွှင်သော ယန်းချင်းချီ ကျန်းနင်ဝေးကို မချိပြုံး,ပြုံးပြပြီးနောက် ကျန်းမော့ချန်ကို ဒိုင်းခနဲပြန်မော့ကြည့်လိုက်သည်။

ကျန်းမော့ချန် ပြုံးပြရင်း လက်မြှောက်ပြကာ

''ကိုယ်လက်သွားဆေးတော့မယ် တကယ်ကြီးသွားဆေးတော့မယ် ''

ကျန်းမော့ချန် လက်ဆေးဖို့ထွက်သွားတာမြင်တော့ မော့ရှောင်းရှောင်း ကျန်းနင်ဝေးကိုလှမ်းတို့လိုက်သည်။

'' နင်ခုနက လက်ဆေးချင်တယ်လို့ပြောတယ်မလား မြန်မြန်လိုက်သွားလေ ''

ကျန်းနင်ဝေး ထိုစကားကြားတော့ ခဏလောက်ကြောင်အသွားကာ သူမ ဘယ်အချိန်က အဲ့စကားပြောလိုက်မှန်း စဥ်းစားမရဖြစ်နေသည်။ သူမ မော့ရှောင်းရှောင်းကို မအူမလည်လေးပြန်ကြည့်လိုက်တော့ တဖက်ကအူယားစွာဖြင့် ခေါင်းပိတ်ခေါက်လိုက်သည်။

''ကျန်းကောက ရေရှိတဲ့ဘက်ကိုထွက်သွားတယ်လေ နင်လည်းလိုက်သွားသင့်တာပေါ့ '' ထိုသို့ပြောရင်း မျက်စပစ်ပြလိုက်သည်။

ကျန်းနင်ဝေး ထိုအခါမှ တဖက်ကဘာဆိုလိုချင်မှန်း ချက်ချင်းသဘောပေါက်သွားကာ နှုတ်ခမ်းလေးကိုက်ရင်း ရှက်နေပြန်သည်။ မော့ရှောင်းရှောင်း ကျန်းနင်ဝေးကို ကျန်းမော့ချန်ထွက်သွားတဲ့ဘက်တွန်းလွှတ်နေကာ နားအနားကပ်၍တိုးတိုးလေးပြောလိုက်သည်။

''မြန်မြန်သွားလေ နင်ပဲသူနဲ့စကားပြောချင်တယ်ဆို ''

ကျန်းနင်ဝေး နှလုံးခုန်နှုန်းတွေမြန်လာကာ အဆုံးမှာတော့ ကျန်းမော့ချန်နဲ့စကားပြောချင်သည့်စိတ်က အနိုင်ရသွားတာကြောင့် ''ငါလည်း လက်သွားဆေးလိုက်ဦးမယ် '' ဟု ပြောရင်း ကျန်းမော့ချန်နောက်လိုက်သွားသည်။

ယန်းချင်းချီ ကောင်မလေးနှစ်ယောက်တွတ်ထိုးနေတာကိုကြည့်လိုက်သည်။ ခဏအကြာ ကျန်းနင်ဝေးထွက်သွားတာမြင်တော့ သူ့အနားလာထိုင်သည့် မော့ရှောင်းရှောင်းဘက်လှည့်ပြီး

''ဘာဖြစ်လို့လဲ ''

မော့ရှောင်းရှောင်း ကျန်းနင်ဝေးအချစ်ရေးကိုကူညီလိုစိတ်ရှိတာကြောင့် သူမမိုက်ကိုပိတ်ကာ ယန်းချင်းချီမိုက်ကိုလည်း ပိတ်ဖို့အချက်ပြရင်း အနားကပ်ပြီး တိုးတိုးလေးပြောလာသည်။

''ယန်းကော ညီမတစ်ခုလောက်မေးလို့ရမလား ''

''မေးလေ ''

''အစ်ကိုက ကျန်းကောနဲ့ဒီလောက်ရင်းနှီးတာ သူ ဘယ်လိုမိန်းကလေးမျိုး ကြိုက်လဲဆိုတာကိုသိလောက်တယ်မလားဟင် ''

ယန်းချင်းချီ ရင်ထဲ ဒိန်းခနဲတစ်ချက်ခုန်ဆောင့်သွားသည်။ မော့ရှောင်းရှောင်း သူ့ကို ဒီလိုမေးခွန်းမျိုး မေးလာမည်ဟု မထင်လိုက်မိပါ။ သူ အခုမြင်လိုက်တဲ့မြင်ကွင်းနဲ့ ကျန်းနင်ဝေးမျက်နှာအမူအရာကို ဆက်စပ်ကြည့်လိုက်တော့ အဆုံးမှာ ကျန်းနင်ဝေးက ကျန်းမော့ချန်ကိုသဘောကျနေမှန်း နားလည်သွားလေသည်။ မော့ရှောင်းရှောင်းကတော့ သူငယ်ချင်းမလေးရဲ့အချစ်ရေးကိုကူညီပေးလိုစိတ်ဖြင့် ကျန်းမော့ချန်အနား ကျန်းနင်ဝေးကို အတင်းတွန်းလွှတ်လိုက်ကာ သူကိုယ်တိုင်ကတော့ သတင်းအချက်အလက်တွေကို ယန်းချင်းချီဆီကနေ အစ်အောက်ထုတ်ဖို့ ကျန်နေခဲ့တာဖြစ်နိုင်သည်။

ယန်းချင်းချီ ခေါင်းကိုက်သွားသည်။ သူဘယ်လိုပြန်ဖြေရင်ကောင်းမလဲ။ သူတို့နဲ့ ထိုနှစ်ယောက်နဲ့က အရမ်းကြီးမရင်းနှီးတာကြောင့် ကျန်းမော့ချန်က မိန်းကလေးတွေ မကြိုက်ဘူး၊ ယောကျ်ားလေးတွေပဲ ကြိုက်တာဟုလည်း လက်လွတ်စပယ်ပြောချလိုက်လို့မရပါ။ ကြိုက်နေတဲ့လူရှိတယ်လို့လည်း တဖက်လှည့်နဲ့ငြင်းပစ်လိုက်လို့မရပေ။ မော့ရှောင်းရှောင်းက အငြိမ်မနေပဲ တစ်ယောက်ယောက်ကိုပြောပြလိုက်မယ်ဆိုရင်? ဘယ်သူ့ကိုပဲပြောပြပြောပြ Weiboပေါ်ရောက်သွားလျှင် သွေးမုန်တိုင်းတွေတိုက်လာဦးမှာဖြစ်သည်။ 

ဒါပေမဲ့ အဲ့လိုမပြောရင် သူမမေးခွန်းကို ဘယ်လိုပြန်ဖြေရမလဲ။

ယန်းချင်းချီ ခဏလောက်စဥ်းစားပြီးနောက် ပြန်ဖြေလာသည်။

'' သူသဘောကျတဲ့ပုံစံမျိုးက ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး ပြတ်သားတဲ့လူမျိုး၊ အမှီအခိုကင်းပြီး ရဲရင့်တဲ့လူမျိုး၊ နူးညံ့ညင်သာပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့လူမျိုး ''

ထိုစကားကြားတော့ မော့ရှောင်းရှောင်း အတော်လေးစိတ်ညစ်သွားသည်။ ကျန်းကောအကြိုက်က ဝေးဝေးနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ နူးညံ့ညင်သာတာကလွဲပြီး ကျန်တာဘာတစ်ချက်မှမတူပါ။ သူမ ဘယ်လိုလုပ်ရပါ့။

ယန်းချင်းချီ ထိုစကားတွေပြောနေတုန်းမှာ အချက်အလက်အချို့က သူ့အားသာချက်တွေဆိုသော်ငြား ကျန်းနင်ဝေးစိတ်နေသဘောထားနဲ့ ဆန့်ကျင်ဘက်တွေကြီးပဲ ရွေးပြောထားတာဖြစ်သည်။ မော့ရှောင်းရှောင်း စိတ်ပူနေတာမြင်တော့ သူ စိတ်သက်သာရာရသွားလေသည်။

သို့သော် စိတ်သက်သာရာရလို့မှမဆုံးသေး မော့ရှောင်းရှောင်းက ရုတ်တရက်ကြီး လက်ခုပ်နှစ်ဖက်ထတီးလိုက်ကာ

'' တော်ပြီ! မစဥ်းစားတော့ဘူး ဘယ်လိုပဲဖြစ်ဖြစ် အဆုံးကျ အတွေ့အကြုံကအဆုံးအဖြတ်ပေးသွားမှာပဲ သတ္တိမမဲ့ရင်ပြီးရောမလား တကယ်လုပ်နိုင်စွမ်းရှိသူကမှ အောင်နိုင်သူ! ''

ယန်းချင်းချီ : ???သတ္တိမမဲ့ရင်ပြီးရောဆိုတာက ဘာကိုဆိုလိုတာလဲ? ကျန်းနင်ဝေးဘက်ကစပြီး ကျန်းမော့ချန်ကိုလိုက်ပိုးခိုင်းမလို့လား? မဖြစ်နိုင်တာ! ညီမလေး နိုးထလိုက်ပါတော့ !!!

ယန်းချင်းချီ တကယ်ကြီးပင်ပန်းလာပြီဖြစ်သည်။ သူတို့ဆက်ဆံရေးကို လူသိရှင်ကြားချမပြနိုင်တာက အခုလိုအချိန်မှာ တကယ်ကြီးလက်ပေါက်ကပ်လေသည်။ အနာဂတ်ကျ ကောင်မလေးက ဒီအကြောင်းပြန်တွေးတိုင်း ဝမ်းနည်းမသွားနိုင်ဘူးလား။

သူ ချောင်းဟန့်ကာ ထပ်ဖြည့်ပြောလာသည်။

''ပြောမှပဲ ကျန်းကောက သူသဘောကျတဲ့လူဆို သူ့ဘက်ကစလိုက်ရတာကြိုက်ပြီး သူများတွေ သူ့နောက်အတင်းကပ်တွယ်နေတာကို မကြိုက်တဲ့လူမျိုးလို့ ထင်မိတယ် ''

မော့ရှောင်းရှောင်း ထပ်အံ့သြရပြန်သည်။

''အာ? ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြကာ

''မင်းစဥ်းစားကြည့်လေ သူ့အခြေအနေ၊အဆင့်အတန်း၊ သူ့ရုပ်ရည်နဲ့ ငယ်ငယ်လေးကတည်းက သူ့ကိုကြိုက်တဲ့လူတွေ တောင်လိုပုံနေမှာပဲ အဲ့ထဲကမှ သူ့ကိုလိုက်ပိုးရဲတဲ့ ရဲရင့်တဲ့မိန်းကလေးတွေရှိမယ် သူတို့သာလိုက်လို့ရကြေးဆို မင်းတို့ကျန်းကော အခုအချိန်အထိ တစ်ကိုယ်တည်းဖြစ်နေစရာအကြောင်းမရှိတော့ဘူး ဟုတ်တယ်မလား အနုပညာလောကထဲ မဝင်ခင်တုန်းကလည်း သူ့နောက်ကိုကောင်မလေးတွေ နေ့တိုင်းလိုက်နေကြမယ် အနုပညာလောကထဲဝင်လာတော့လည်း သူ့နောက်ကို တစ်ယောက်မဟုတ်တစ်ယောက်လိုက်နေဦးမှာပဲ အဲ့တော့ အဲ့လိုကြီးလိုက်အပိုးခံနေရတာကို စိတ်မကုန်သွားနိုင်ဘူးလား ဆန့်ကျင်ဘက်အနေနဲ့ သူကိုယ်တိုင်လိုက်ပိုးဖို့လိုအပ်တဲ့လူကို ရှာလာလိမ့်မယ် အဲ့လူကိုစိတ်ဝင်စားလာလိမ့်မယ် ရအောင်လိုက်မယ် ဟုတ်တယ်မလား ''

မော့ရှောင်းရှောင်းခေါင်းငြိမ့်ပြရင်း ယန်းချင်းချီရှင်းပြတာတွေက အကျိုးအကြောင်းဆီလျော်သည်ဟု တွေးလိုက်မိသည်။ သူတို့မျက်စိရှေ့မှာ မိန်းကလေးဖြစ်ဖြစ်၊ ယောကျ်ားလေးဖြစ်ဖြစ် သဘောကျရင် လိုက်ပိုးတတ်တဲ့အပြုအမူတွေ မြင်တွေ့ပါများလာရတော့ ယန်းချင်းချီပြောတဲ့အချက်အလက်တွေကို ထည့်မစဥ်းစားလိုက်မိခြင်းဖြစ်သည်။ ယန်းချင်းချီပြောတာမှန်သည်။ လူတွေက လိုက်ပိုးခံရလျှင် လွယ်လွယ်ရတယ်ဆိုပြီး တန်ဖိုးမထားတတ်ပါ။ ကိုယ်ကိုယ်တိုင်က ခက်ခက်ခဲခဲ တဖက်လူအချစ်ကိုရထားမှ ရတနာလေးလို မြတ်နိုးတန်ဖိုးထားတတ်သည့် အမျိုးဖြစ်သည်။ ထို့အပြင် ဝေးဝေးက အရှက်အကြောက်ကြီးပြီး သူမလိုသွက်သွက်လက်လက်မဟုတ်တဲ့အတွက် သူမစကားနားထောင်ကာ ကျန်းမော့ချန်ကို အရဲစွန့်ဖွင့်ပြောပြီးကာမှ တဖက်ကမကြိုက်ဘူးငြင်းလိုက်လျှင် ဝေးဝေးပဲ စိတ်မကောင်းဖြစ်ရမှာမဟုတ်ဘူးလား။

''အဲ့တော့ ကျန်းကောက တစ်စုံတစ်ယောက်ကိုကြိုက်ရင် အဲ့လူကိုဖွင့်ပြောပါ့မလား ''

'' ဖွင့်ပြောမှာပေါ့ ''

ယန်းချင်းချီ သူများကို '' ဖွင့်ပြောမှာပေါ့ '' ဟု ဇွတ်အာမခံပြီးမှ သူ့ကို ကျန်းမော့ချန် အခုအချိန်အထိ မဖွင့်ပြောရသေးမှန်း သတိရသွားတော့သည်။ အခုအချိန်အထိ ကြိုက်ပါတယ်လို့ မဝန်ခံရသေးဘူး။ ဒါ ဘာအချိုး,ချိူးတာလဲ။ တစ်သက်လုံးမဖွင့်ပြောပဲ သေတပန်သက်တဆုံး အိမ်ထောင်ဖက်တွေလိုမျိုး နေသွားကြဖို့ စိတ်ကူးထားတာလား ???ဒီလိုလုပ်လို့ရမလား! ကြက်အစပ်*လို ကျန်းမော့ချန် !!!ယန်းချင်းချီ တနေ့နေ့တော့ သူ့ကိုဖွင့်ပြောဖို့ အစီအစဥ်ရှိသေးရဲ့လားဟု ကျန်းမော့ချန်အား မေးကိုမေးရမှဖြစ်မည်။ မဟုတ်ရင် အဲ့အချိန်မှာ ဖွင့်ပြဖို့ဥထားတဲ့ Recordingကြီးက အလကားဖြစ်သွားမှာမဟုတ်ဘူးလား!

(T/N: Internet Slang အမှိုက်ပါ သူတို့က 垃圾(လားကျီး) အမှိုက်လို့ဆဲရင် ဂိမ်းထဲမှာ အဘန်းခံရတဲ့အတွက် သံတူကြောင်းကွဲ 辣鸡(လာ့ကျီး) ကြက်အစပ်လို့ဆဲပါတယ်)

ဒါမှမဟုတ် Publicချပြပြီးမှ ဖွင့်ပြောဖို့ ကြံစည်နေတာလား? ကျန်းမော့ချန်က သူ့အား Surprise လုပ်ရတာကို အင်မတန်မှနှစ်သက်တာကြောင့် အခုလည်း Surpriseလုပ်ဖို့ ဘာမှမပြောပဲနေ,နေတာလားဟု တွေးမိသွားပြန်သည်။ ယန်းချင်းချီ တွေးလေ တွေးလေ အဲ့လိုကပိုပြီးဖြစ်နိုင်တယ်ဟု ခံစားလာရတာကြောင့် သူတို့ဆက်ဆံရေးကို လူသိရှင်ကြားမချပြခင်အထိ နည်းနည်းလေးဆက်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။

သို့သော် အခုအချိန်မှာ အဓိကဦးစားပေးဖြေရှင်းရမှာက ကျန်းနင်ဝေးဖြစ်တာကြောင့် သူဆက်ပြောလာသည်။

''ကျန်းကောက ကြိုးရှည်ရှည်နဲ့လှန်ထားတတ်တဲ့လူမျိုးမဟုတ်ဘူး ကြိုက်ရင်ကြိုက်တယ် မကြိုက်ရင်မကြိုက်ဘူးပဲ မင်း သူ့ပုံစံကိုကြည့်တာနဲ့ သိသာပါတယ် ''

မော့ရှောင်းရှောင်းလည်း ယန်းချင်းချီနည်းတူတွေးမိတာကြောင့် တဖက်လူစကားအဟုတ်မှတ်ကာ

''လတ်စသတ်တော့ အဲ့လိုကိုး ဒါပေမဲ့ ညီမကတော့ ကျန်းကောက အစ်ကို့ကိုအရမ်းသဘောကျတယ်လို့ထင်မိတယ် ညီမတို့အားလုံးအတူတူလျှောက်နေကြတာတောင် သူက အစ်ကို့တစ်ယောက်ထဲကိုပဲ ကွက်ကြည့်တယ် ပြီးတော့ '' မော့ရှောင်းရှောင်းက အနည်းငယ်အံ့အားသင့်နေသည့် လေသံလေးဖြင့် '' ညီမတို့လေးယောက်လုံး တစ်နေရာရာသွားတိုင်း ကျန်းကောက အဆုံးအဖြတ်ပေးသူလို့ပဲ ထင်လိုက်မိတာ အခု ငါးကင်တော့မှ ဆုံးဖြတ်ချက်ချရမဲ့ကိစ္စတွေမှန်သမျှ ယန်းကောပဲလုပ်တယ်ဆိုတာကို သိလိုက်ရတယ် အစ်ကိုကသွားဆို ညီမတို့သွားရတယ် အစ်ကိုကရပ်ဆို ညီမတို့ရပ်ရတယ် အစ်ကိုဘယ်သွားသွား ကျန်းကောက နောက်ကလိုက်တယ် အစ်ကိုဆုံးဖြတ်ချက်မှန်သမျှ သူကအကုန်ထောက်ခံပြီး လိုက်လုပ်ပေးတယ် ''

ယန်းချင်းချီ ပြန်စဥ်းစားကြည့်လိုက်တော့ တကယ်လည်း ဒီနှစ်ရက်လုံးက အဲ့လိုကြီးဖြစ်နေသည်။ မော့ရှောင်းရှောင်း ခေါင်းလေးစောင်းပြီး သူ့ကို စူးစမ်းသလိုလေးကြည့်လာတာမြင်တော့ ယန်းချင်းချီ ခုနကလိမ်လိုက်ထားတာတွေအတွက် အပြစ်ရှိသလိုခံစားသွားရကာ

'' ဘာလို့ ရုတ်တရက်ကြီး အဲ့လိုမျိုးလာကြည့်ရတာလဲ ''

''ဘာမှမဟုတ်ပါဘူး အင်တာနက်ပေါ်က​အတင်းအဖျင်းတွေက မှန်လိုက်တာလို့ တွေးမိသွားရုံပါ '' သူမ ယန်းချင်းချီကို ပြန်ရှင်းပြလာသည်။ '' ညီမဒီကိုမလာခင်တုန်းက အတူတူရိုက်ကူးရေးလုပ်မဲ့ သရုပ်ဆောင်တွေရဲ့သတင်းအချက်အလက်တွေကို စနည်းနာခဲ့ရတယ်လေ အစ်ကို့အလှည့်ရောက်တော့ အစ်ကိုနဲ့ကျန်းကောက ဆက်ဆံရေးကောင်းတယ်လို့ အင်တာနက်ပေါ်မှာ​ပြောနေကြတယ် အဲ့ဒါနဲ့ညီမလည်းသိချင်သွားတယ် ဒါကြီးကတကယ်လားပေါ့ အခုတော့ယုံသွားပြီ အစ်ကိုတို့နှစ်ယောက်ဆက်ဆံရေးက ညီမထင်ထားတာထက်ကို ပိုကောင်းတယ် ''

ယန်းချင်းချီ အနည်းငယ်ရှက်နေသည့် ပုံစံလေးဖြင့် ပြုံးပြလိုက်သည်။ သူ့ကိုလန့်ပြီးသေအောင်လုပ်နေတာပဲ။ မိန်းမတွေရဲ့ ဆဋ္ဌမအာရုံတွေနဲ့များ မော့ရှောင်းရှောင်း သူတို့ဆက်ဆံရေးကိုသိသွားပြီလားလို့ထင်လိုက်တာ။ တော်သေးလို့! တဖက်လူအတွေးက အခုအချိန်အထိ Friend Zoneထဲမှာပဲရှိသေးလို့။

သူတို့နှစ်ယောက် စကားပြောနေကြစဥ် ကျန်းမော့ချန်နဲ့ ကျန်းနင်ဝေးပြန်ရောက်လာသည်။ ကျန်းနင်ဝေးက မော့ရှောင်းရှောင်းဘေးလိမ်လိမ်မာမာလေးဝင်ထိုင်ကာ တဖက်ကသူမကိုလှည့်ကြည့်လာတော့ ချိုချိုမြိန်မြိန်လေးပြုံးပြလေသည်။

မော့ရှောင်းရှောင်းကလည်း အခုလေးတင်မှ လောလောလတ်လတ်ရထားသည့် သတင်းအချက်အလက်တွေကို ဝေမျှချင်တာကြောင့် သူမကို ခပ်ဝေးဝေးဆွဲခေါ်လာလိုက်ကာ မိုက်ကိုပိတ်ပြီး တိုးတိုးတိုးတိုးပြောလာသည်။

ကျန်းနင်ဝေးအားလုံးနားထောင်အပြီးမှာ ထုံးစံအတိုင်းတိုင်ပင်လာခဲ့သည်။

''ဒါဆို ငါ ဘာလုပ်သင့်လဲ ''

'' ငါကတော့ ယန်းကောပြောတာ မှန်တယ်လို့ပဲထင်တယ် နင်ဘာမှလုပ်စရာမလိုဘူး ဒီရိုက်ကူးရေးလုပ်နေစဥ်တစ်လျှောက်လုံး နင့်အပေါ်ရှိမဲ့ ကျန်းကောရဲ့သဘောထားကိုကြည့်လိုက် သူ နင့်ကို သဘောကျရင် ငါတို့သိအောင် သူသဘောကျနေကြောင်း ကျိန်းသေပေါက်ပြလိမ့်မယ် အဲ့ကျ နင့်ကိုလိုက်လိမ့်မယ် သူနင့်ကို သဘောမကျရင်တော့ သူနဲ့အတူတူ တစ်Seasonတွဲရိုက်ရတာလည်း အမြတ်ပေါ့ဟယ် သူ့လိုလူမျိုးက နင်ဖွင့်ပြောရင်တောင် သူ့သဘောမကျရင် ပြန်ကြိုက်မဲ့လူမျိုးမဟုတ်ဘူး အဲ့တော့ နင်ဘက်ကမလှုပ်ရှားတာအကောင်းဆုံးပဲ ပြီးတော့ နင်က အရမ်းရှက်လွယ်တယ် ''





Zawgyi

က်န္းေမာ့ခ်န္ : ကိုယ့္ကိုႀကိဳက္ေနတဲ့လူ႐ွိတယ္?
________________________________

က်န္းေမာ့ခ်န္နဲ႔ ယန္းခ်င္းခ်ီျပန္ေပၚလာမွ ေမာ့ေ႐ွာင္းေ႐ွာင္း စိတ္ေအးသြားသလိုမ်ိဳး သက္ျပင္းဖြဖြခ်လိုက္မိသည္။ သူမ '' အစ္ကိုတို႔ ဘယ္သြားေနၾကတာလဲ '' ဟု ေမးဖို႔ၾကံ႐ုံ႐ွိေသး ယန္းခ်င္းခ်ီ လက္က ငါးကိုင္လာတာကိုေတြ႕လိုက္ရေလသည္။

သူမ မ်က္လုံးမ်ားျပဴးက်ယ္သြားကာ မယုံႏိုင္သလိုမ်ိဳး အံ့ၾသတႀကီးေမးလာခဲ့သည္။

''အစ္ကိုတို႔ႏွစ္ေယာက္ ငါးဖမ္းလာတယ္? ဒီေနရာမွာ တကယ္ႀကီး ငါးေတြ႐ွိေနတာလား ''

ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္ျပကာ

''ဒါေပမဲ့ အမ်ားႀကီးေတာ့မ႐ွိဘူး အစ္ကိုေတာင္ တစ္ေကာင္ပဲဖမ္းမိတာ ''

''တစ္ေကာင္ထဲေတာင္ ေတာ္ေတာ္ေလးအစြမ္းႀကီးေနပါၿပီ '' သူမ ယန္းခ်င္းခ်ီလက္ထဲက ငါးကို ေသခ်ာစိုက္ၾကည့္ေနရင္း '' အစ္ကိုတို႔မို႔လို႔ေတာ္ေသးတာေပါ့ ညီမတစ္ေယာက္ထဲသာဆို ငါးေတြျမင္ေနရေပမဲ့ ဘယ္လိုဖမ္းရမွန္းမသိလို႔ မ်က္စိေ႐ွ႕ အလိုလိုက်လာမွာကိုပဲ ထိုင္ေစာင့္ေနရမဲ့အျဖစ္ ''

ယန္းခ်င္းခ်ီ ထိုစကားေၾကာင့္ျပဳံးမိသြားသည္။ ထို႔ေနာက္ သူနဲ႔က်န္းေမာ့ခ်န္ ငါးကင္လုပ္ေတာ့မွာကိုသတိရသြားကာ က်န္းနင္ေဝးနဲေမာ့ေ႐ွာင္းေ႐ွာင္းမွာ သူတို႔လုပ္ေနတာေတြကိုၾကည့္ၿပီး အခ်ိန္ျဖဳန္းတယ္လို႔မ်ားျမင္ေနမလားဟု ေတြးရင္း အားနာသြားသည္။

သူ သူ႕ေ႐ွ႕က ေကာင္မေလးႏွစ္ေယာက္ကိုၾကည့္ကာ သူကပဲဦးေဆာင္ၿပီးစေျပာလိုက္သည္။

''အစ္ကိုနဲ႔ခ်န္ေကာနဲ႔က ငါးကင္ဖို႔လုပ္ၾကဦးမွာ အဲ့ဒါေၾကာင့္ အခ်ိန္နည္းနည္းေတာ့ၾကာႏိုင္တယ္ တကယ္လို႔အလ်င္လိုေနရင္ မင္းတို႔ႏွစ္ေယာက္အရင္သြားလို႔ရပါတယ္ '' သူ သူ႕ေ႐ွ႕ကေတာင္တက္လမ္းကို လက္ညိႇဳးထိုးျပလိုက္ကာ '' ဒီလမ္းအတိုင္း တည့္တည့္သာဆက္သြား ''

ေမာ့ေ႐ွာင္းေ႐ွာင္းေခါင္းခါျပသည္။ '' ညီမတို႔အလ်င္မလိုပါဘူး '' သူမလည္ဂုတ္ကိုအ႐ွက္ေျပပြတ္ရင္း '' ညီမနဲ႔ ေဝးေဝးက ႏိုင္ျခားသားေတြကိုဆြဲေဆာင္ဖို႔ဖြင့္ထားတဲ့ ေတာင္အခ်ိဳ႕ေလာက္ပဲ ငယ္ငယ္ကတက္ခဲ့ဖူးတာ ဒီလိုေတာင္မ်ိဳး တစ္ခါမွမတက္ဖူးဘူး ေျမပုံႀကီးကိုင္ၿပီးတက္ဖို႔ဆိုတာကလည္း အေပၚ၊ေအာက္၊ေ႐ွ႕၊ေနာက္၊ေတာင္၊ေျမာက္နဲ႔ ဘယ္၊ညာကလြဲၿပီး လမ္းဘယ္လိုဖတ္ရမွန္းသိတာမဟုတ္ဘူး အစ္ကိုတို႔အကူအညီေၾကာင့္သာ ညီမတို႔ႏွစ္ေယာက္ ဒီအထိေရာက္လာတာပါ အဲ့ဒါေၾကာင့္ အလ်င္မလိုပါဘူး ငါးကင္႐ုံေလးပဲမဟုတ္ဘူးလား ညီမတို႔ေစာင့္ႏိုင္ပါတယ္ ၿပီးေတာ့ အစ္ကိုတို႔ဘယ္လိုကင္မလဲ ေဘးကေနစပ္စုခ်င္ေသးတယ္ ''

က်န္းနင္ေဝးကလည္း ေခါင္းၿငိမ့္ျပကာ

'' ဘာမွမျဖစ္ပါဘူး အစ္ကိုတို႔ ငါးကင္ၾကပါ ညီမတို႔ေစာင့္ႏိုင္ပါတယ္ အရင္က အစ္ကိုတို႔ပဲ ညီမကို တစ္လမ္းလုံးေစာင့္လာရတာမလား အခုေတာ့ ညီမကျပန္ေစာင့္ရမဲ့အခြင့္အေရးရလာၿပီ အရမ္းဝမ္းသာတာပဲ ''

ယန္းခ်င္းခ်ီ သူတို႔ေျပာတာေတြကိုနားေထာင္ေနရင္း ေကာင္မေလးႏွစ္ေယာက္မ်က္ႏွာကို အကဲခတ္ၾကည့္လိုက္ေတာ့ တကယ္လည္း ဝမ္းသာအားရျဖင့္ လိုလိုခ်င္ခ်င္ေစာင့္ေပးခ်င္သည့္ပုံစံေတြျဖစ္ၿပီး ဘယ္သူမွမလိုလားသည့္အရိပ္အေယာင္မ႐ွိမွန္း သူျမင္လိုက္ရသည္။ သူ႕ေ႐ွ႕က ေကာင္မေလးႏွစ္ေယာက္မွာ တစ္ေယာက္က ပြင့္လင္း႐ိုးသားၿပီး သြက္လက္တက္ႂကြသည့္စိတ္ေနသေဘာထား႐ွိခ်ိန္ တစ္ေယာက္က တိတ္ဆိတ္ၿငိမ္သက္ၿပီး သိမ္ေမြ႕ညင္သာသည့္ စိတ္ေနသေဘာထား႐ွိသည္။ သူတို႔ႏွစ္ေယာက္ရဲ႕ စိတ္ေနသေဘာထားက အေတာ္ေလး ကြဲျပားေသာ္ျငား သေဘာေကာင္းၿပီး နားလည္ေပးႏိုင္သည့္ စိတ္ေကာင္းႏွလုံးေကာင္း႐ွိေနတာကိုေတာ့ တပ္အပ္ျမင္ေတြ႕ႏိုင္သည္။

သူ ျပဳံးျပလိုက္ကာ

'' အဲ့လိုဆိုလည္းၿပီးတာပဲေလ မင္းတို႔ကိုေက်းဇူးတင္ပါတယ္ ''

''ယန္းေကာ အရမ္းအားနာလြန္းေနပါၿပီ ညီမတို႔ကသာ ေက်းဇူးတင္သင့္တာပါ '' ေမာ့ေ႐ွာင္းေ႐ွာင္း ျပန္ျငင္းလာသည္။

က်န္းနင္ေဝးကလည္း အသံတိုးေလးျဖင့္ သံေယာင္လိုက္သည္။

'' အမွန္ပဲ အဲ့ေလာက္အထိအားနာစရာမလိုပါဘူး ''

ယန္းခ်င္းခ်ီထိုစကားၾကားတာနဲ႔ ေလာကြတ္အရ ယဥ္ေက်းမေနေတာ့ပဲ ငါးကင္ဖို႔ကိုသာ အာ႐ုံစိုက္လိုက္သည္။

သူ ေတာနက္ထဲ အသားမကင္တာၾကာၿပီျဖစ္တာေၾကာင့္ သူနဲ႔က်န္းေမာ့ခ်န္မွာ မီးေမႊးၿပီး ငါးကင္ဖို႔အတြက္ အခ်ိန္အၾကာႀကီး ေယာင္လည္လည္ျဖစ္ေနခဲ့သည္။

က်န္းနင္ေဝးနဲ႔ ေမာ့ေ႐ွာင္းေ႐ွာင္းတို႔ႏွစ္ေယာက္ သူတို႔ႏွစ္ေယာက္နားထိုင္ကာ ငါးကင္တာကိုလာၾကည့္ေနၾကသည္။ ေမာ့ေ႐ွာင္းေ႐ွာင္း ငါးကိုၾကည့္ရင္း သက္ျပင္းမခ်ပဲမေနႏိုင္ခဲ့။

''ယန္းေကာက အရမ္းမိုက္တာပဲ ေတာထဲမွာလည္း BBQလုပ္တတ္တယ္ ''

'' အမွန္ပဲ မင္းတို႔ယန္းေကာက စြယ္စုံရေလးေလ* ''

(T/N: ဒီေနရာမွာ 十项全能(႐ွီ႐ွန္႔ခြၽမ္နမ္) Decathlonလို႔သုံးထားတာပါ Decathlonက ၿပိဳင္ပြဲဆယ္မ်ိဳးပါဝင္တဲ့အားကစားၿပိဳင္ပြဲပါ။ မီတာ 100 တာတိုအေျပးၿပိဳင္ပြဲ၊ အလ်ားခုန္ၿပိဳင္ပြဲ၊ သံလုံးပစ္ၿပိဳင္ပြဲ၊ အျမင့္ခုန္ၿပိဳင္ပြဲ၊ မီတာ 400 တာတိုအေျပးၿပိဳင္ပြဲ ၊ မီတာ 110 တန္းေက်ာ္အေျပးၿပိဳင္ပြဲ၊ သံ​ျပားဝိုင္းပစ္ၿပိဳင္ပြဲ၊ တုတ္ေထာက္ခုန္ၿပိဳင္ပြဲ၊ လွံတံပစ္ၿပိဳင္ပြဲနဲ႔ မီတာ 1,500 တာလတ္အေျပးၿပိဳင္ပြဲ တို႔ျဖစ္ပါတယ္)

ယန္းခ်င္းခ်ီ ကူကယ္ရာမဲ့စြာျဖင့္ ေမာ့ေ႐ွာင္းေ႐ွာင္းကိုျပန္႐ွင္းျပလိုက္သည္။

''သူေပါက္ကရေတြေလွ်ာက္ေျပာေနတာကို နားမေထာင္နဲ႔ အရင္က ဒီလိုေတာင္ေတြတက္ဖူးတဲ့အေတြ႕အၾကဳံအနည္းအပါး႐ွိလို႔ လုပ္တတ္ေနတာ ''

သို႔ေသာ္ ေမာ့ေ႐ွာင္းေ႐ွာင္းကေတာ့ က်န္းေမာ့ခ်န္ေျပာတာအမွန္ဟုသာ ေတြးေနမိသည္။ သူမ ယန္းခ်င္းခ်ီလုပ္ႏိုင္တာေတြကို တစ္ခုခ်င္းစီ႐ြတ္ျပလာသည္။

'' လမ္းမွတ္မိတယ္၊ တဲထိုးႏိုင္တယ္၊ ငါးဖမ္းႏိုင္တယ္၊ ငါးကင္ႏိုင္တယ္ က်န္းေကာေျပာတာမွန္တယ္ ယန္းေကာက တကယ့္စြယ္စုံရပဲ ''

''အဲ့ဒါေျပာတာ '' က်န္းေမာ့ခ်န္ကလည္း ေနာက္ကေနသံေယာင္လိုက္လာသည္။ '' ယန္းသူရဲေကာင္းႀကီး ဘာလို႔ အခုအခ်ိန္အထိ ခပ္လွ်ိဳလွ်ိဳေန,ေနရတာလဲ ''

ယန္းခ်င္းခ်ီ အသံပိုင္႐ွင္ကို ေပေစာင္းေစာင္းျပန္ၾကည့္လိုက္ကာ

''ခုနက လက္သြားေဆးမယ္လို႔မေျပာခဲ့ဘူးလား ဘာလို႔အခုအခ်ိန္အထိ မသြားေသးတာလဲ ''

က်န္းေမာ့ခ်န္ စုပ္သတ္ရင္း ေမာ့ေ႐ွာင္းေ႐ွာင္းကို လွမ္းေျပာလိုက္သည္။

'' ၾကည့္ သူ႐ွက္သြားၿပီ ''

''ကြၽန္ေတာ္က ႐ွက္တယ္? '' ယန္းခ်င္းခ်ီ သူ႕ကိုယ္သူလက္ညိႇဳးထိုးျပကာ အံ့ၾသတႀကီးေမးလိုက္သည္။ ''ကြၽန္ေတာ္က ႐ွက္တတ္ေသးတယ္? ''

က်န္းနင္ေဝးေရာ၊ ေမာ့ေ႐ွာင္းေ႐ွာင္းေရာ သူစကားေၾကာင့္ ခိုးခိုးခစ္ခစ္ရယ္လိုက္ၾကကာ က်န္းနင္ေဝးက ဆက္ေျပာလာသည္။

'' ဘယ္လိုလုပ္ၿပီး ကိုယ့္ကိုကိုယ္အဲ့လိုေျပာႏိုင္ရတာလဲ ယန္းေကာ အစ္ကိုကေတာ္ေတာ္ေလးဟာသဉာဏ္႐ႊင္တာပဲ ''

ဟာသဉာဏ္႐ႊင္ေသာ ယန္းခ်င္းခ်ီ က်န္းနင္ေဝးကို မခ်ိျပဳံး,ျပဳံးျပၿပီးေနာက္ က်န္းေမာ့ခ်န္ကို ဒိုင္းခနဲျပန္ေမာ့ၾကည့္လိုက္သည္။

က်န္းေမာ့ခ်န္ ျပဳံးျပရင္း လက္ေျမႇာက္ျပကာ

''ကိုယ္လက္သြားေဆးေတာ့မယ္ တကယ္ႀကီးသြားေဆးေတာ့မယ္ ''

က်န္းေမာ့ခ်န္ လက္ေဆးဖို႔ထြက္သြားတာျမင္ေတာ့ ေမာ့ေ႐ွာင္းေ႐ွာင္း က်န္းနင္ေဝးကိုလွမ္းတို႔လိုက္သည္။

'' နင္ခုနက လက္ေဆးခ်င္တယ္လို႔ေျပာတယ္မလား ျမန္ျမန္လိုက္သြားေလ ''

က်န္းနင္ေဝး ထိုစကားၾကားေတာ့ ခဏေလာက္ေၾကာင္အသြားကာ သူမ ဘယ္အခ်ိန္က အဲ့စကားေျပာလိုက္မွန္း စဥ္းစားမရျဖစ္ေနသည္။ သူမ ေမာ့ေ႐ွာင္းေ႐ွာင္းကို မအူမလည္ေလးျပန္ၾကည့္လိုက္ေတာ့ တဖက္ကအူယားစြာျဖင့္ ေခါင္းပိတ္ေခါက္လိုက္သည္။

''က်န္းေကာက ေရ႐ွိတဲ့ဘက္ကိုထြက္သြားတယ္ေလ နင္လည္းလိုက္သြားသင့္တာေပါ့ '' ထိုသို႔ေျပာရင္း မ်က္စပစ္ျပလိုက္သည္။

က်န္းနင္ေဝး ထိုအခါမွ တဖက္ကဘာဆိုလိုခ်င္မွန္း ခ်က္ခ်င္းသေဘာေပါက္သြားကာ ႏႈတ္ခမ္းေလးကိုက္ရင္း ႐ွက္ေနျပန္သည္။ ေမာ့ေ႐ွာင္းေ႐ွာင္း က်န္းနင္ေဝးကို က်န္းေမာ့ခ်န္ထြက္သြားတဲ့ဘက္တြန္းလႊတ္ေနကာ နားအနားကပ္၍တိုးတိုးေလးေျပာလိုက္သည္။

''ျမန္ျမန္သြားေလ နင္ပဲသူနဲ႔စကားေျပာခ်င္တယ္ဆို ''

က်န္းနင္ေဝး ႏွလုံးခုန္ႏႈန္းေတြျမန္လာကာ အဆုံးမွာေတာ့ က်န္းေမာ့ခ်န္နဲ႔စကားေျပာခ်င္သည့္စိတ္က အႏိုင္ရသြားတာေၾကာင့္ ''ငါလည္း လက္သြားေဆးလိုက္ဦးမယ္ '' ဟု ေျပာရင္း က်န္းေမာ့ခ်န္ေနာက္လိုက္သြားသည္။

ယန္းခ်င္းခ်ီ ေကာင္မေလးႏွစ္ေယာက္တြတ္ထိုးေနတာကိုၾကည့္လိုက္သည္။ ခဏအၾကာ က်န္းနင္ေဝးထြက္သြားတာျမင္ေတာ့ သူ႕အနားလာထိုင္သည့္ ေမာ့ေ႐ွာင္းေ႐ွာင္းဘက္လွည့္ၿပီး

''ဘာျဖစ္လို႔လဲ ''

ေမာ့ေ႐ွာင္းေ႐ွာင္း က်န္းနင္ေဝးအခ်စ္ေရးကိုကူညီလိုစိတ္႐ွိတာေၾကာင့္ သူမမိုက္ကိုပိတ္ကာ ယန္းခ်င္းခ်ီမိုက္ကိုလည္း ပိတ္ဖို႔အခ်က္ျပရင္း အနားကပ္ၿပီး တိုးတိုးေလးေျပာလာသည္။

''ယန္းေကာ ညီမတစ္ခုေလာက္ေမးလို႔ရမလား ''

''ေမးေလ ''

''အစ္ကိုက က်န္းေကာနဲ႔ဒီေလာက္ရင္းႏွီးတာ သူ ဘယ္လိုမိန္းကေလးမ်ိဳး ႀကိဳက္လဲဆိုတာကိုသိေလာက္တယ္မလားဟင္ ''

ယန္းခ်င္းခ်ီ ရင္ထဲ ဒိန္းခနဲတစ္ခ်က္ခုန္ေဆာင့္သြားသည္။ ေမာ့ေ႐ွာင္းေ႐ွာင္း သူ႕ကို ဒီလိုေမးခြန္းမ်ိဳး ေမးလာမည္ဟု မထင္လိုက္မိပါ။ သူ အခုျမင္လိုက္တဲ့ျမင္ကြင္းနဲ႔ က်န္းနင္ေဝးမ်က္ႏွာအမူအရာကို ဆက္စပ္ၾကည့္လိုက္ေတာ့ အဆုံးမွာ က်န္းနင္ေဝးက က်န္းေမာ့ခ်န္ကိုသေဘာက်ေနမွန္း နားလည္သြားေလသည္။ ေမာ့ေ႐ွာင္းေ႐ွာင္းကေတာ့ သူငယ္ခ်င္းမေလးရဲ႕အခ်စ္ေရးကိုကူညီေပးလိုစိတ္ျဖင့္ က်န္းေမာ့ခ်န္အနား က်န္းနင္ေဝးကို အတင္းတြန္းလႊတ္လိုက္ကာ သူကိုယ္တိုင္ကေတာ့ သတင္းအခ်က္အလက္ေတြကို ယန္းခ်င္းခ်ီဆီကေန အစ္ေအာက္ထုတ္ဖို႔ က်န္ေနခဲ့တာျဖစ္ႏိုင္သည္။

ယန္းခ်င္းခ်ီ ေခါင္းကိုက္သြားသည္။ သူဘယ္လိုျပန္ေျဖရင္ေကာင္းမလဲ။ သူတို႔နဲ႔ ထိုႏွစ္ေယာက္နဲ႔က အရမ္းႀကီးမရင္းႏွီးတာေၾကာင့္ က်န္းေမာ့ခ်န္က မိန္းကေလးေတြ မႀကိဳက္ဘူး၊ ေယာက်္ားေလးေတြပဲ ႀကိဳက္တာဟုလည္း လက္လြတ္စပယ္ေျပာခ်လိုက္လို႔မရပါ။ ႀကိဳက္ေနတဲ့လူ႐ွိတယ္လို႔လည္း တဖက္လွည့္နဲ႔ျငင္းပစ္လိုက္လို႔မရေပ။ ေမာ့ေ႐ွာင္းေ႐ွာင္းက အၿငိမ္မေနပဲ တစ္ေယာက္ေယာက္ကိုေျပာျပလိုက္မယ္ဆိုရင္? ဘယ္သူ႕ကိုပဲေျပာျပေျပာျပ Weiboေပၚေရာက္သြားလွ်င္ ေသြးမုန္တိုင္းေတြတိုက္လာဦးမွာျဖစ္သည္။ 

ဒါေပမဲ့ အဲ့လိုမေျပာရင္ သူမေမးခြန္းကို ဘယ္လိုျပန္ေျဖရမလဲ။

ယန္းခ်င္းခ်ီ ခဏေလာက္စဥ္းစားၿပီးေနာက္ ျပန္ေျဖလာသည္။

'' သူသေဘာက်တဲ့ပုံစံမ်ိဳးက ကိုယ့္ကိုကိုယ္ယုံၾကည္မႈ႐ွိၿပီး ျပတ္သားတဲ့လူမ်ိဳး၊ အမွီအခိုကင္းၿပီး ရဲရင့္တဲ့လူမ်ိဳး၊ ႏူးညံ့ညင္သာေပမဲ့ စိတ္ဓာတ္ၾကံ့ခိုင္တဲ့လူမ်ိဳး ''

ထိုစကားၾကားေတာ့ ေမာ့ေ႐ွာင္းေ႐ွာင္း အေတာ္ေလးစိတ္ညစ္သြားသည္။ က်န္းေကာအႀကိဳက္က ေဝးေဝးနဲ႔ လုံးဝဆန္႔က်င္ဘက္ျဖစ္ေနသည္။ ႏူးညံ့ညင္သာတာကလြဲၿပီး က်န္တာဘာတစ္ခ်က္မွမတူပါ။ သူမ ဘယ္လိုလုပ္ရပါ့။

ယန္းခ်င္းခ်ီ ထိုစကားေတြေျပာေနတုန္းမွာ အခ်က္အလက္အခ်ိဳ႕က သူ႕အားသာခ်က္ေတြဆိုေသာ္ျငား က်န္းနင္ေဝးစိတ္ေနသေဘာထားနဲ႔ ဆန္႔က်င္ဘက္ေတြႀကီးပဲ ေ႐ြးေျပာထားတာျဖစ္သည္။ ေမာ့ေ႐ွာင္းေ႐ွာင္း စိတ္ပူေနတာျမင္ေတာ့ သူ စိတ္သက္သာရာရသြားေလသည္။

သို႔ေသာ္ စိတ္သက္သာရာရလို႔မွမဆုံးေသး ေမာ့ေ႐ွာင္းေ႐ွာင္းက ႐ုတ္တရက္ႀကီး လက္ခုပ္ႏွစ္ဖက္ထတီးလိုက္ကာ

'' ေတာ္ၿပီ! မစဥ္းစားေတာ့ဘူး ဘယ္လိုပဲျဖစ္ျဖစ္ အဆုံးက် အေတြ႕အၾကဳံကအဆုံးအျဖတ္ေပးသြားမွာပဲ သတၱိမမဲ့ရင္ၿပီးေရာမလား တကယ္လုပ္ႏိုင္စြမ္း႐ွိသူကမွ ေအာင္ႏိုင္သူ! ''

ယန္းခ်င္းခ်ီ : ???သတၱိမမဲ့ရင္ၿပီးေရာဆိုတာက ဘာကိုဆိုလိုတာလဲ? က်န္းနင္ေဝးဘက္ကစၿပီး က်န္းေမာ့ခ်န္ကိုလိုက္ပိုးခိုင္းမလို႔လား? မျဖစ္ႏိုင္တာ! ညီမေလး ႏိုးထလိုက္ပါေတာ့ !!!

ယန္းခ်င္းခ်ီ တကယ္ႀကီးပင္ပန္းလာၿပီျဖစ္သည္။ သူတို႔ဆက္ဆံေရးကို လူသိ႐ွင္ၾကားခ်မျပႏိုင္တာက အခုလိုအခ်ိန္မွာ တကယ္ႀကီးလက္ေပါက္ကပ္ေလသည္။ အနာဂတ္က် ေကာင္မေလးက ဒီအေၾကာင္းျပန္ေတြးတိုင္း ဝမ္းနည္းမသြားႏိုင္ဘူးလား။

သူ ေခ်ာင္းဟန္႔ကာ ထပ္ျဖည့္ေျပာလာသည္။

''ေျပာမွပဲ က်န္းေကာက သူသေဘာက်တဲ့လူဆို သူ႕ဘက္ကစလိုက္ရတာႀကိဳက္ၿပီး သူမ်ားေတြ သူ႕ေနာက္အတင္းကပ္တြယ္ေနတာကို မႀကိဳက္တဲ့လူမ်ိဳးလို႔ ထင္မိတယ္ ''

ေမာ့ေ႐ွာင္းေ႐ွာင္း ထပ္အံ့ၾသရျပန္သည္။

''အာ? ''

ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္ျပကာ

''မင္းစဥ္းစားၾကည့္ေလ သူ႕အေျခအေန၊အဆင့္အတန္း၊ သူ႕႐ုပ္ရည္နဲ႔ ငယ္ငယ္ေလးကတည္းက သူ႕ကိုႀကိဳက္တဲ့လူေတြ ေတာင္လိုပုံေနမွာပဲ အဲ့ထဲကမွ သူ႕ကိုလိုက္ပိုးရဲတဲ့ ရဲရင့္တဲ့မိန္းကေလးေတြ႐ွိမယ္ သူတို႔သာလိုက္လို႔ရေၾကးဆို မင္းတို႔က်န္းေကာ အခုအခ်ိန္အထိ တစ္ကိုယ္တည္းျဖစ္ေနစရာအေၾကာင္းမ႐ွိေတာ့ဘူး ဟုတ္တယ္မလား အႏုပညာေလာကထဲ မဝင္ခင္တုန္းကလည္း သူ႕ေနာက္ကိုေကာင္မေလးေတြ ေန႔တိုင္းလိုက္ေနၾကမယ္ အႏုပညာေလာကထဲဝင္လာေတာ့လည္း သူ႕ေနာက္ကို တစ္ေယာက္မဟုတ္တစ္ေယာက္လိုက္ေနဦးမွာပဲ အဲ့ေတာ့ အဲ့လိုႀကီးလိုက္အပိုးခံေနရတာကို စိတ္မကုန္သြားႏိုင္ဘူးလား ဆန္႔က်င္ဘက္အေနနဲ႔ သူကိုယ္တိုင္လိုက္ပိုးဖို႔လိုအပ္တဲ့လူကို ႐ွာလာလိမ့္မယ္ အဲ့လူကိုစိတ္ဝင္စားလာလိမ့္မယ္ ရေအာင္လိုက္မယ္ ဟုတ္တယ္မလား ''

ေမာ့ေ႐ွာင္းေ႐ွာင္းေခါင္းၿငိမ့္ျပရင္း ယန္းခ်င္းခ်ီ႐ွင္းျပတာေတြက အက်ိဳးအေၾကာင္းဆီေလ်ာ္သည္ဟု ေတြးလိုက္မိသည္။ သူတို႔မ်က္စိေ႐ွ႕မွာ မိန္းကေလးျဖစ္ျဖစ္၊ ေယာက်္ားေလးျဖစ္ျဖစ္ သေဘာက်ရင္ လိုက္ပိုးတတ္တဲ့အျပဳအမူေတြ ျမင္ေတြ႕ပါမ်ားလာရေတာ့ ယန္းခ်င္းခ်ီေျပာတဲ့အခ်က္အလက္ေတြကို ထည့္မစဥ္းစားလိုက္မိျခင္းျဖစ္သည္။ ယန္းခ်င္းခ်ီေျပာတာမွန္သည္။ လူေတြက လိုက္ပိုးခံရလွ်င္ လြယ္လြယ္ရတယ္ဆိုၿပီး တန္ဖိုးမထားတတ္ပါ။ ကိုယ္ကိုယ္တိုင္က ခက္ခက္ခဲခဲ တဖက္လူအခ်စ္ကိုရထားမွ ရတနာေလးလို ျမတ္ႏိုးတန္ဖိုးထားတတ္သည့္ အမ်ိဳးျဖစ္သည္။ ထို႔အျပင္ ေဝးေဝးက အ႐ွက္အေၾကာက္ႀကီးၿပီး သူမလိုသြက္သြက္လက္လက္မဟုတ္တဲ့အတြက္ သူမစကားနားေထာင္ကာ က်န္းေမာ့ခ်န္ကို အရဲစြန္႔ဖြင့္ေျပာၿပီးကာမွ တဖက္ကမႀကိဳက္ဘူးျငင္းလိုက္လွ်င္ ေဝးေဝးပဲ စိတ္မေကာင္းျဖစ္ရမွာမဟုတ္ဘူးလား။

''အဲ့ေတာ့ က်န္းေကာက တစ္စုံတစ္ေယာက္ကိုႀကိဳက္ရင္ အဲ့လူကိုဖြင့္ေျပာပါ့မလား ''

'' ဖြင့္ေျပာမွာေပါ့ ''

ယန္းခ်င္းခ်ီ သူမ်ားကို '' ဖြင့္ေျပာမွာေပါ့ '' ဟု ဇြတ္အာမခံၿပီးမွ သူ႕ကို က်န္းေမာ့ခ်န္ အခုအခ်ိန္အထိ မဖြင့္ေျပာရေသးမွန္း သတိရသြားေတာ့သည္။ အခုအခ်ိန္အထိ ႀကိဳက္ပါတယ္လို႔ မဝန္ခံရေသးဘူး။ ဒါ ဘာအခ်ိဳး,ခ်ိဴးတာလဲ။ တစ္သက္လုံးမဖြင့္ေျပာပဲ ေသတပန္သက္တဆုံး အိမ္ေထာင္ဖက္ေတြလိုမ်ိဳး ေနသြားၾကဖို႔ စိတ္ကူးထားတာလား ???ဒီလိုလုပ္လို႔ရမလား! ၾကက္အစပ္*လို က်န္းေမာ့ခ်န္ !!!ယန္းခ်င္းခ်ီ တေန႔ေန႔ေတာ့ သူ႕ကိုဖြင့္ေျပာဖို႔ အစီအစဥ္႐ွိေသးရဲ႕လားဟု က်န္းေမာ့ခ်န္အား ေမးကိုေမးရမွျဖစ္မည္။ မဟုတ္ရင္ အဲ့အခ်ိန္မွာ ဖြင့္ျပဖို႔ဥထားတဲ့ Recordingႀကီးက အလကားျဖစ္သြားမွာမဟုတ္ဘူးလား!

(T/N: Internet Slang အမိႈက္ပါ သူတို႔က 垃圾(လားက်ီး) အမိႈက္လို႔ဆဲရင္ ဂိမ္းထဲမွာ အဘန္းခံရတဲ့အတြက္ သံတူေၾကာင္းကြဲ 辣鸡(လာ့က်ီး) ၾကက္အစပ္လို႔ဆဲပါတယ္)

ဒါမွမဟုတ္ Publicခ်ျပၿပီးမွ ဖြင့္ေျပာဖို႔ ၾကံစည္ေနတာလား? က်န္းေမာ့ခ်န္က သူ႕အား Surprise လုပ္ရတာကို အင္မတန္မွႏွစ္သက္တာေၾကာင့္ အခုလည္း Surpriseလုပ္ဖို႔ ဘာမွမေျပာပဲေန,ေနတာလားဟု ေတြးမိသြားျပန္သည္။ ယန္းခ်င္းခ်ီ ေတြးေလ ေတြးေလ အဲ့လိုကပိုၿပီးျဖစ္ႏိုင္တယ္ဟု ခံစားလာရတာေၾကာင့္ သူတို႔ဆက္ဆံေရးကို လူသိ႐ွင္ၾကားမခ်ျပခင္အထိ နည္းနည္းေလးဆက္ေစာင့္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ေလသည္။

သို႔ေသာ္ အခုအခ်ိန္မွာ အဓိကဦးစားေပးေျဖ႐ွင္းရမွာက က်န္းနင္ေဝးျဖစ္တာေၾကာင့္ သူဆက္ေျပာလာသည္။

''က်န္းေကာက ႀကိဳး႐ွည္႐ွည္နဲ႔လွန္ထားတတ္တဲ့လူမ်ိဳးမဟုတ္ဘူး ႀကိဳက္ရင္ႀကိဳက္တယ္ မႀကိဳက္ရင္မႀကိဳက္ဘူးပဲ မင္း သူ႕ပုံစံကိုၾကည့္တာနဲ႔ သိသာပါတယ္ ''

ေမာ့ေ႐ွာင္းေ႐ွာင္းလည္း ယန္းခ်င္းခ်ီနည္းတူေတြးမိတာေၾကာင့္ တဖက္လူစကားအဟုတ္မွတ္ကာ

''လတ္စသတ္ေတာ့ အဲ့လိုကိုး ဒါေပမဲ့ ညီမကေတာ့ က်န္းေကာက အစ္ကို႔ကိုအရမ္းသေဘာက်တယ္လို႔ထင္မိတယ္ ညီမတို႔အားလုံးအတူတူေလွ်ာက္ေနၾကတာေတာင္ သူက အစ္ကို႔တစ္ေယာက္ထဲကိုပဲ ကြက္ၾကည့္တယ္ ၿပီးေတာ့ '' ေမာ့ေ႐ွာင္းေ႐ွာင္းက အနည္းငယ္အံ့အားသင့္ေနသည့္ ေလသံေလးျဖင့္ '' ညီမတို႔ေလးေယာက္လုံး တစ္ေနရာရာသြားတိုင္း က်န္းေကာက အဆုံးအျဖတ္ေပးသူလို႔ပဲ ထင္လိုက္မိတာ အခု ငါးကင္ေတာ့မွ ဆုံးျဖတ္ခ်က္ခ်ရမဲ့ကိစၥေတြမွန္သမွ် ယန္းေကာပဲလုပ္တယ္ဆိုတာကို သိလိုက္ရတယ္ အစ္ကိုကသြားဆို ညီမတို႔သြားရတယ္ အစ္ကိုကရပ္ဆို ညီမတို႔ရပ္ရတယ္ အစ္ကိုဘယ္သြားသြား က်န္းေကာက ေနာက္ကလိုက္တယ္ အစ္ကိုဆုံးျဖတ္ခ်က္မွန္သမွ် သူကအကုန္ေထာက္ခံၿပီး လိုက္လုပ္ေပးတယ္ ''

ယန္းခ်င္းခ်ီ ျပန္စဥ္းစားၾကည့္လိုက္ေတာ့ တကယ္လည္း ဒီႏွစ္ရက္လုံးက အဲ့လိုႀကီးျဖစ္ေနသည္။ ေမာ့ေ႐ွာင္းေ႐ွာင္း ေခါင္းေလးေစာင္းၿပီး သူ႕ကို စူးစမ္းသလိုေလးၾကည့္လာတာျမင္ေတာ့ ယန္းခ်င္းခ်ီ ခုနကလိမ္လိုက္ထားတာေတြအတြက္ အျပစ္႐ွိသလိုခံစားသြားရကာ

'' ဘာလို႔ ႐ုတ္တရက္ႀကီး အဲ့လိုမ်ိဳးလာၾကည့္ရတာလဲ ''

''ဘာမွမဟုတ္ပါဘူး အင္တာနက္ေပၚက​အတင္းအဖ်င္းေတြက မွန္လိုက္တာလို႔ ေတြးမိသြား႐ုံပါ '' သူမ ယန္းခ်င္းခ်ီကို ျပန္႐ွင္းျပလာသည္။ '' ညီမဒီကိုမလာခင္တုန္းက အတူတူ႐ိုက္ကူးေရးလုပ္မဲ့ သ႐ုပ္ေဆာင္ေတြရဲ႕သတင္းအခ်က္အလက္ေတြကို စနည္းနာခဲ့ရတယ္ေလ အစ္ကို႔အလွည့္ေရာက္ေတာ့ အစ္ကိုနဲ႔က်န္းေကာက ဆက္ဆံေရးေကာင္းတယ္လို႔ အင္တာနက္ေပၚမွာ​ေျပာေနၾကတယ္ အဲ့ဒါနဲ႔ညီမလည္းသိခ်င္သြားတယ္ ဒါႀကီးကတကယ္လားေပါ့ အခုေတာ့ယုံသြားၿပီ အစ္ကိုတို႔ႏွစ္ေယာက္ဆက္ဆံေရးက ညီမထင္ထားတာထက္ကို ပိုေကာင္းတယ္ ''

ယန္းခ်င္းခ်ီ အနည္းငယ္႐ွက္ေနသည့္ ပုံစံေလးျဖင့္ ျပဳံးျပလိုက္သည္။ သူ႕ကိုလန္႔ၿပီးေသေအာင္လုပ္ေနတာပဲ။ မိန္းမေတြရဲ႕ ဆ႒မအာ႐ုံေတြနဲ႔မ်ား ေမာ့ေ႐ွာင္းေ႐ွာင္း သူတို႔ဆက္ဆံေရးကိုသိသြားၿပီလားလို႔ထင္လိုက္တာ။ ေတာ္ေသးလို႔! တဖက္လူအေတြးက အခုအခ်ိန္အထိ Friend Zoneထဲမွာပဲ႐ွိေသးလို႔။

သူတို႔ႏွစ္ေယာက္ စကားေျပာေနၾကစဥ္ က်န္းေမာ့ခ်န္နဲ႔ က်န္းနင္ေဝးျပန္ေရာက္လာသည္။ က်န္းနင္ေဝးက ေမာ့ေ႐ွာင္းေ႐ွာင္းေဘးလိမ္လိမ္မာမာေလးဝင္ထိုင္ကာ တဖက္ကသူမကိုလွည့္ၾကည့္လာေတာ့ ခ်ိဳခ်ိဳၿမိန္ၿမိန္ေလးျပဳံးျပေလသည္။

ေမာ့ေ႐ွာင္းေ႐ွာင္းကလည္း အခုေလးတင္မွ ေလာေလာလတ္လတ္ရထားသည့္ သတင္းအခ်က္အလက္ေတြကို ေဝမွ်ခ်င္တာေၾကာင့္ သူမကို ခပ္ေဝးေဝးဆြဲေခၚလာလိုက္ကာ မိုက္ကိုပိတ္ၿပီး တိုးတိုးတိုးတိုးေျပာလာသည္။

က်န္းနင္ေဝးအားလုံးနားေထာင္အၿပီးမွာ ထုံးစံအတိုင္းတိုင္ပင္လာခဲ့သည္။

''ဒါဆို ငါ ဘာလုပ္သင့္လဲ ''

'' ငါကေတာ့ ယန္းေကာေျပာတာ မွန္တယ္လို႔ပဲထင္တယ္ နင္ဘာမွလုပ္စရာမလိုဘူး ဒီ႐ိုက္ကူးေရးလုပ္ေနစဥ္တစ္ေလွ်ာက္လုံး နင့္အေပၚ႐ွိမဲ့ က်န္းေကာရဲ႕သေဘာထားကိုၾကည့္လိုက္ သူ နင့္ကို သေဘာက်ရင္ ငါတို႔သိေအာင္ သူသေဘာက်ေနေၾကာင္း က်ိန္းေသေပါက္ျပလိမ့္မယ္ အဲ့က် နင့္ကိုလိုက္လိမ့္မယ္ သူနင့္ကို သေဘာမက်ရင္ေတာ့ သူနဲ႔အတူတူ တစ္Seasonတြဲ႐ိုက္ရတာလည္း အျမတ္ေပါ့ဟယ္ သူ႕လိုလူမ်ိဳးက နင္ဖြင့္ေျပာရင္ေတာင္ သူ႕သေဘာမက်ရင္ ျပန္ႀကိဳက္မဲ့လူမ်ိဳးမဟုတ္ဘူး အဲ့ေတာ့ နင္ဘက္ကမလႈပ္႐ွားတာအေကာင္းဆုံးပဲ ၿပီးေတာ့ နင္က အရမ္း႐ွက္လြယ္တယ္ ''




Continue Reading

You'll Also Like

588K 38.2K 37
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
36.7K 3.6K 78
အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ​ရောက်လာတတ်တယ်❤ လေ​ပြေ​လေးတစ်ခုလို ညင်သာစွာ ​ရောက်လာပြီးတီးခတ်လိုက်တဲ့သံစဥ်​လေးကို ကြားရုံနဲ့တ...
83.3K 9.3K 98
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
374K 38.6K 41
Title - 《顶级掠食者》 Title in English -《Alpha Predator》 Author - ShuiQianCheng [水千丞] Status- Ongoing No. of chapters - 132 Gong -瞿末予 (Qú Mò Yǔ ) / ချွီမေ...