[Unicode]
မေးခွန်း မေးပြီးနောက် သူမ ရှေ့မှာ ရပ်နေတဲ့ အမျိုးသားကို ဂရုတစိုက် သတိထား ကြည့်လိုက်သည်။
သို့ပေမယ့် သူ့မျက်နှာပေါ်က အမူအရာကို နင်မုန့် မတွေ့လိုက်ခင်မှာပဲ သူမ ကိုယ်တစ်ခုလုံးက သူ့ရင်ခွင်ထဲသို့ ကျရောက်သွားလေ၏။
ပြင်းပြပြီး ယောက်ျားဆန်တဲ့ ကိုယ်နံ့က သူမ အသက်ရှူလိုက်တိုင်း နှာခေါင်းထဲသို့ တိုးဝင်လာသည်။
အလိုလို နင်မုန့်က သူ့ကို တွန်းလိုက် မိပေမယ့်လည်း ဟော်ပေ့ချန်ရဲ့ လက်မောင်းတွေက သန်မာလွန်းလှတာမို့ သူ့ပွေ့ဖက်မှုကြား သူမ ချောက်ချမိနေတော့၏။
"မလှုပ်နဲ့"
သူ့အသံက နက်ရှိုင်းပြီး ဆွဲဆောင်မှု ရှိလှတာမို့ နင်မုန့်ရဲ့ နှလုံးသားကို ထိန်းမနိုင်သိမ်းမရ တုန်ခါစေသည်အထိ ဖြစ်သွားစေ၏။ သူ့ပွေ့ဖက်မှု ခံထားရတဲ့ သူမရဲ့ ခါးနေရာက တောက်လောင်မှုကို နင်မုန့် ခံစားလို့ ရနေသည်။ နွေးထွေးပြီး ခြောက်သွေ့တဲ့ လက်ဖဝါးတွေက သူမရဲ့ နူးညံ့ပြီးပါးလွှာတဲ့ ညအိပ်ဝတ်စုံပေါ် တင်ထားလေ၏။
'သူ ဘာလုပ်နေတာလဲ? နေပါဦး...မဟုတ်တာ....ဧကန္တ.....'
အားးးး!! တကယ့်ကမ္ဘာမှာ နင်မုန့်တွင် ရည်းစားတစ်ယောက်လေးတောင် မရှိခဲ့ဖူးပေ။ သေချာပေါက်တော့ novelကမ္ဘာထဲ ရောက်လာပြီးတည်းက "နင်မုန့်ရဲ့ကံကြမ္မာ"ကို ပြောင်းလဲဖို့ ကြိုးစားတယ် ဆိုပေမယ့်....အိပ်တဲ့ထိ သွားဖို့တော့ မစီစဉ်ခဲ့ဖူးဘူးလေ!
သူမ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည် "ဘုရင်ကြီး ချန်...ကျွန်မတို့...အင်း...ကျွန်မတို့ စစချင်း လက်ထပ်တုန်းက သဘောတူညီမှု လုပ်ခဲ့တယ်လေ.... ကျွန်မရဲ့ အနုပညာကိုပဲ ရောင်းမှာလို့ ခန္ဓာကိုယ်ကို မဟုတ်ဘူးလေ!"
အင်း "အီစီကလီလုပ် မျက်နှာချိုသွေးတာ" ကိုလည်း အနုပညာအဖြစ် သက်မှတ်လို့ရတာပဲ!
"ငါသိတယ်"
သူ စကားပြောလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်နဲ့ ကပ်နေတဲ့ သူမရဲ့ ရင်ဘတ်ကပါ တုန်ယင်လို့ သွားလေ၏။
"မကြောက်ပါနဲ့"
"..."
နင်မုန့် မျက်လုံးတွေ ဝိုင်းစက်သွား၏။ သူမ အနေနဲ့ အသက်ရှူဖို့ မေ့နေပြီး အဆုတ်ထဲက လေအားလုံး ကုန်သွားသည့်အလား စိတ်လှုပ်ရှား နေလေသည်။
ညက အေးချမ်းတိတ်ဆိတ်နေပြီး ဧည့်ခန်းထဲမှာ မီးဆိုင်းအလင်းရောင်ဆီမှ နူးညံ့တဲ့ ခပ်ဖျော့ဖျော့ အလင်းရောင်သာ ရှိလို့နေပြီး နောက်ဆုံးမှာတော့ သူမကို ဟော်ပေ့ချန် လွှတ်ပေးလိုက်သည်။
သူမကို လွှတ်ပေးလာတဲ့အခါမှ နင်မုန့် လေကို အငမ်းမရ ရှူရှိုက်လိုက်သည်။
အနောက်ဆုတ်သွားတဲ့ နင်မုန့် ကိုယ်လေးက တုန်ယင်လို့နေသည်။
လန့်နေတဲ့ အမျိုးသမီးလေးကို မြင်လိုက်ရတဲ့အခါ ဟော်ပေ့ချန် သူမကို နှစ်သိမ့်စကား ပြောချင်လာသည်။
အမျိုးသမီးလေးကတော့ ကြောက်ရွံ့နေတဲ့ အသံနဲ့ မေးလာ၏။ "ဒါဆို...ဒါဆို...တကယ်လို့ ရှင်နဲ့ ကျွန်မမှာ ခန္ဓာကိုယ်ချင်း ထိတွေ့မှု ရှိခဲ့ရင်...အဲ့တာက ကျွန်မတို့ သဘောတူညီချက်ကို ချိုးဖောက်တာပဲမလား?"
"..."
သူပြောမယ့် စကားလုံးတွေက လည်ချောင်းထဲမှာတင် တစ်သွားရသည်။
ခနတာ ရပ်တံ့သွားပြီးတဲ့အခါ ဟော်ပေ့ချန်က သူ့ပါးစပ်မှ စကားသုံးလုံး ညှစ်ထုတ်လိုက်သည်။
"ဟင့်အင်း ချိုးဖောက်တာ မဟုတ်ပါဘူး"
"ဟူး!!"
သူမရဲ့ ရင်ဘတ်ကို သပ်ပေးရင်း သက်ပြင်းချလိုက်ကာ "တော်သေးပါရဲ့ ကျွန်မ ခုနက သေမတတ် လန့်သွားရတာ!"
"..."
ဟော်ပေ့ချန် ရှေ့သို့ တိုးတဲ့အခါ သူမက ကြောက်တစ်ကောင်လို အဝေးသို့ ခုန်ရင်း အပေါ်ထပ်သို့ ပြေးတက်သွားသည်။ "အာ! ဟယ်လို?! ယောက်ျား တောင်းပန်တယ်နော် ဖုန်းပြန်ဖြေဖို့ လိုလို့ပါ...ဟယ်လို? ဟုတ်ပါတယ် ကျွန်မပါ...."
ဖုန်းပြောင်းပြန် ကိုင်ထားရင်း အဝေးသို့ ပြေးသွားတဲ့ သူမကို တိတ်ဆိတ်စွာသာ ဟော်ပေ့ချန် ကြည့်နေလိုက်သည်။
မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ သူမကို ကြည့်ပြီးတဲ့အခါ ထိုနေရာမှာပဲ ဟော်ပေ့ချန် အကြာကြီး ရပ်နေမိပြီးနောက် စိတ်ပျက်စွာပဲ necktieကို ဖြေလျှော့လိုက်သည်။
သူမက....သူမက သူ့ကို အဲ့လောက်ထိတောင် ကြောက်တာလား?
ဟော်ပေ့ချန် အပေါ်သို့ တက်ပြီး စာကြည့်ခန်းထဲ ဝင်သွားလိုက်သည်။
ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး အစောက ဖြစ်သွားခဲ့တာကို ပြန်တွေးလိုက်သည်။ ပြီးနောက်မှာတော့ ဖုန်းကို ယူကာ ချီရှန်၊ စုယွဲ့ နဲ့ ဖေးပိုင်တို့ဆီ ဆက်လိုက်ပြီး အသံအစည်းအဝေးပွဲ ကျင်းပလိုက်သည်။
အစည်းအဝေးပွဲကို ပထမဆုံး လက်ခံလိုက်သူက ချီရှန် ဖြစ်သည်။ "ဘော့စ် ဘာအမိန့်ပေးချင်လို့လဲ?"
စုယွဲ့က တည်ငြိမ်စွာပဲ သူ့notebookကို ဖွင့်လိုက်ပြီး "ပြင်ဆင်ရမယ့် အရာကို ပြောပါ ဘော့စ်"
ဆိုဖာမှာ ထိုင်နေတဲ့ ဟော်ပေ့ချန်က ခနတာ ကြည့်နေပြီးမှ ပါးစပ်လှုပ်လာ၏။
"မိန်းကလေးတစ်ယောက်ကို ဘယ်လို လိုက်ရမလဲ?"
"ဖူးးးးး!*
အစောက ရေသောက်လိုက်တဲ့ ချီရှန် ရေသီးသွားရလေ၏။
"ဘာ?! အခုပြောနေတာ ဘယ်သူလဲ? ဘယ်သူက ငါတို့ ဘော့စ်အသံကို အတုခိုးထားတာလဲ"
စုယွဲ့သည်လည်း အနည်းငယ် ရှုပ်ထွေးသွားသည်။ "ကျွန်တော်တို့ နားကြားများ မှားသွားလား ဘော့စ်။ ဘော့စ်က မိန်းကလေးတစ်ယောက်ကို လိုက်ချင်တယ်?"
ဟော်ပေ့ချန် ခေါင်းငြိမ့်လိုက်သည်။ "အင်း ငါ မိန်းကလေး တစ်ယောက်ကို လိုက်ချင်တယ်"
ချီရှန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကျေးဇူးတင်လိုက်တာ! နောက်ဆုံးတော့ ငါတို့ဘော့စ်က ဘယ်နေရာမှ မတော်တဲ့မိန်းမကို ပစ်ထားခဲ့တော့မယ်! ငါတို့ဘော့စ် ကိုယ်တိုင် မဒမ်အသစ်ကို မရှာခင် ရှာတော့မှာပဲ!"
"..."
စုယွဲ့အနေနဲ့ လက်ရှိမစ္စဟော်အပေါ် သစ္စာဖောက်တာကို လက်သင့်မခံပေမယ့် အကြံနည်းနည်း ပြုလိုက်သည်။ "ကောင်းပြီ....လက်ဆောင် တချို့ စီစဉ်ကြည့်ရင်ရော? ဒါမှမဟုတ် အံ့ဩသွားစေမယ့် အရာတစ်ခု...."
ချီရှန်က ချေပလိုက်သည်။ "လက်ဆောင်? ဘာလက်ဆောင်လဲ?! သူမဆီ လက်ငင်းငွေသာ ပေးလိုက်! အဲ့တာ အလုပ်ဖြစ်တယ်!!"
စုယွဲ့ မျက်လုံးသာ လှိမ့်မိသွားသည်။ "မင်းက တော်တော် ကြောင်တောင်တောင် နိုင်တာပဲ! တကယ်လို့ မင်းအဲ့လိုသာ သွားလုပ်ရင် သူမကို စော်ကားနေတယ်လို့ ထင်သွားမှာပေါ့! တကယ်လို့ သူမက ငါတို့ဘော့စ်ကို ငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ?"
အမြဲတမ်း တိတ်ဆိတ်နေတတ်တဲ့ ဖေးပိုင်က ရုတ်တရက် ဝင်ပြောလာသည်။ "တကယ်လို့ သူမက ငြင်းလိုက်မယ်ဆိုရင် ငါ သူမကို သတ်မယ်"
"??"
ချီရှန်ရော စုယွဲ့ပါ သူတို့ဖုန်းကို နားလည်ရခက်စွာ ကြည့်လိုက်ကြလေတော့သည်။
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
--------------------------
[Zawgyi]
ေမးခြန္း ေမးၿပီးေနာက္ သူမ ေရွ႕မွာ ရပ္ေနတဲ့ အမ်ိဳးသားကို ဂ႐ုတစိုက္ သတိထား ၾကည့္လိုက္သည္။
သို႔ေပမယ့္ သူ႔မ်က္ႏွာေပၚက အမူအရာကို နင္မုန႔္ မေတြ႕လိုက္ခင္မွာပဲ သူမ ကိုယ္တစ္ခုလုံးက သူ႔ရင္ခြင္ထဲသို႔ က်ေရာက္သြားေလ၏။
ျပင္းျပၿပီး ေယာက္်ားဆန္တဲ့ ကိုယ္နံ႔က သူမ အသက္ရွဴလိုက္တိုင္း ႏွာေခါင္းထဲသို႔ တိုး၀င္လာသည္။
အလိုလို နင္မုန႔္က သူ႔ကို တြန္းလိုက္ မိေပမယ့္လည္း ေဟာ္ေပ့ခ်န္ရဲ႕ လက္ေမာင္းေတြက သန္မာလြန္းလွတာမို႔ သူ႔ေပြ႕ဖက္မႈၾကား သူမ ေခ်ာက္ခ်မိေနေတာ့၏။
"မလႈပ္နဲ႔"
သူ႔အသံက နက္ရႈိင္းၿပီး ဆြဲေဆာင္မႈ ရွိလွတာမို႔ နင္မုန႔္ရဲ႕ ႏွလုံးသားကို ထိန္းမႏိုင္သိမ္းမရ တုန္ခါေစသည္အထိ ျဖစ္သြားေစ၏။ သူ႔ေပြ႕ဖက္မႈ ခံထားရတဲ့ သူမရဲ႕ ခါးေနရာက ေတာက္ေလာင္မႈကို နင္မုန႔္ ခံစားလို႔ ရေနသည္။ ေႏြးေထြးၿပီး ေျခာက္ေသြ႕တဲ့ လက္ဖဝါးေတြက သူမရဲ႕ ႏူးညံ့ၿပီးပါးလႊာတဲ့ ညအိပ္၀တ္စုံေပၚ တင္ထားေလ၏။
'သူ ဘာလုပ္ေနတာလဲ? ေနပါဦး...မဟုတ္တာ....ဧကႏၲ.....'
အားးးး!! တကယ့္ကမာၻမွာ နင္မုန႔္တြင္ ရည္းစားတစ္ေယာက္ေလးေတာင္ မရွိခဲ့ဖူးေပ။ ေသခ်ာေပါက္ေတာ့ novelကမာၻထဲ ေရာက္လာၿပီးတည္းက "နင္မုန႔္ရဲ႕ကံၾကမၼာ"ကို ေျပာင္းလဲဖို႔ ႀကိဳးစားတယ္ ဆိုေပမယ့္....အိပ္တဲ့ထိ သြားဖို႔ေတာ့ မစီစဥ္ခဲ့ဖူးဘူးေလ!
သူမ ထစ္ထစ္ေငါ့ေငါ့ ေျပာလိုက္သည္ "ဘုရင္ႀကီး ခ်န္...ကြၽန္မတို႔...အင္း...ကြၽန္မတို႔ စစခ်င္း လက္ထပ္တုန္းက သေဘာတူညီမႈ လုပ္ခဲ့တယ္ေလ.... ကြၽန္မရဲ႕ အႏုပညာကိုပဲ ေရာင္းမွာလို႔ ခႏၶာကိုယ္ကို မဟုတ္ဘူးေလ!"
အင္း "အီစီကလီလုပ္ မ်က္ႏွာခ်ိဳေသြးတာ" ကိုလည္း အႏုပညာအျဖစ္ သက္မွတ္လို႔ရတာပဲ!
"ငါသိတယ္"
သူ စကားေျပာလိုက္တဲ့အခါ သူ႔ခႏၶာကိုယ္နဲ႔ ကပ္ေနတဲ့ သူမရဲ႕ ရင္ဘတ္ကပါ တုန္ယင္လို႔ သြားေလ၏။
"မေၾကာက္ပါနဲ႔"
"..."
နင္မုန႔္ မ်က္လုံးေတြ ဝိုင္းစက္သြား၏။ သူမ အေနနဲ႔ အသက္ရွဴဖို႔ ေမ့ေနၿပီး အဆုတ္ထဲက ေလအားလုံး ကုန္သြားသည့္အလား စိတ္လႈပ္ရွား ေနေလသည္။
ညက ေအးခ်မ္းတိတ္ဆိတ္ေနၿပီး ဧည့္ခန္းထဲမွာ မီးဆိုင္းအလင္းေရာင္ဆီမွ ႏူးညံ့တဲ့ ခပ္ေဖ်ာ့ေဖ်ာ့ အလင္းေရာင္သာ ရွိလို႔ေနၿပီး ေနာက္ဆုံးမွာေတာ့ သူမကို ေဟာ္ေပ့ခ်န္ လႊတ္ေပးလိုက္သည္။
သူမကို လႊတ္ေပးလာတဲ့အခါမွ နင္မုန႔္ ေလကို အငမ္းမရ ရွဴရႈိက္လိုက္သည္။
အေနာက္ဆုတ္သြားတဲ့ နင္မုန႔္ ကိုယ္ေလးက တုန္ယင္လို႔ေနသည္။
လန႔္ေနတဲ့ အမ်ိဳးသမီးေလးကို ျမင္လိုက္ရတဲ့အခါ ေဟာ္ေပ့ခ်န္ သူမကို ႏွစ္သိမ့္စကား ေျပာခ်င္လာသည္။
အမ်ိဳးသမီးေလးကေတာ့ ေၾကာက္႐ြံ႕ေနတဲ့ အသံနဲ႔ ေမးလာ၏။ "ဒါဆို...ဒါဆို...တကယ္လို႔ ရွင္နဲ႔ ကြၽန္မမွာ ခႏၶာကိုယ္ခ်င္း ထိေတြ႕မႈ ရွိခဲ့ရင္...အဲ့တာက ကြၽန္မတို႔ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တာပဲမလား?"
"..."
သူေျပာမယ့္ စကားလုံးေတြက လည္ေခ်ာင္းထဲမွာတင္ တစ္သြားရသည္။
ခနတာ ရပ္တံ့သြားၿပီးတဲ့အခါ ေဟာ္ေပ့ခ်န္က သူ႔ပါးစပ္မွ စကားသုံးလုံး ညႇစ္ထုတ္လိုက္သည္။
"ဟင့္အင္း ခ်ိဳးေဖာက္တာ မဟုတ္ပါဘူး"
"ဟူး!!"
သူမရဲ႕ ရင္ဘတ္ကို သပ္ေပးရင္း သက္ျပင္းခ်လိုက္ကာ "ေတာ္ေသးပါရဲ႕ ကြၽန္မ ခုနက ေသမတတ္ လန႔္သြားရတာ!"
"..."
ေဟာ္ေပ့ခ်န္ ေရွ႕သို႔ တိုးတဲ့အခါ သူမက ေၾကာက္တစ္ေကာင္လို အေဝးသို႔ ခုန္ရင္း အေပၚထပ္သို႔ ေျပးတက္သြားသည္။ "အာ! ဟယ္လို?! ေယာက္်ား ေတာင္းပန္တယ္ေနာ္ ဖုန္းျပန္ေျဖဖို႔ လိုလို႔ပါ...ဟယ္လို? ဟုတ္ပါတယ္ ကြၽန္မပါ...."
ဖုန္းေျပာင္းျပန္ ကိုင္ထားရင္း အေဝးသို႔ ေျပးသြားတဲ့ သူမကို တိတ္ဆိတ္စြာသာ ေဟာ္ေပ့ခ်န္ ၾကည့္ေနလိုက္သည္။
ျမင္ကြင္းထဲက ေပ်ာက္သြားတဲ့အထိ သူမကို ၾကည့္ၿပီးတဲ့အခါ ထိုေနရာမွာပဲ ေဟာ္ေပ့ခ်န္ အၾကာႀကီး ရပ္ေနမိၿပီးေနာက္ စိတ္ပ်က္စြာပဲ necktieကို ေျဖေလွ်ာ့လိုက္သည္။
သူမက....သူမက သူ႔ကို အဲ့ေလာက္ထိေတာင္ ေၾကာက္တာလား?
ေဟာ္ေပ့ခ်န္ အေပၚသို႔ တက္ၿပီး စာၾကည့္ခန္းထဲ ၀င္သြားလိုက္သည္။
ဆိုဖာေပၚမွာ ထိုင္လိုက္ၿပီး အေစာက ျဖစ္သြားခဲ့တာကို ျပန္ေတြးလိုက္သည္။ ၿပီးေနာက္မွာေတာ့ ဖုန္းကို ယူကာ ခ်ီရွန္၊ စုယြဲ႕ နဲ႔ ေဖးပိုင္တို႔ဆီ ဆက္လိုက္ၿပီး အသံအစည္းအေဝးပြဲ က်င္းပလိုက္သည္။
အစည္းအေဝးပြဲကို ပထမဆုံး လက္ခံလိုက္သူက ခ်ီရွန္ ျဖစ္သည္။ "ေဘာ့စ္ ဘာအမိန႔္ေပးခ်င္လို႔လဲ?"
စုယြဲ႕က တည္ၿငိမ္စြာပဲ သူ႔notebookကို ဖြင့္လိုက္ၿပီး "ျပင္ဆင္ရမယ့္ အရာကို ေျပာပါ ေဘာ့စ္"
ဆိုဖာမွာ ထိုင္ေနတဲ့ ေဟာ္ေပ့ခ်န္က ခနတာ ၾကည့္ေနၿပီးမွ ပါးစပ္လႈပ္လာ၏။
"မိန္းကေလးတစ္ေယာက္ကို ဘယ္လို လိုက္ရမလဲ?"
"ဖူးးးးး!*
အေစာက ေရေသာက္လိုက္တဲ့ ခ်ီရွန္ ေရသီးသြားရေလ၏။
"ဘာ?! အခုေျပာေနတာ ဘယ္သူလဲ? ဘယ္သူက ငါတို႔ ေဘာ့စ္အသံကို အတုခိုးထားတာလဲ"
စုယြဲ႕သည္လည္း အနည္းငယ္ ရႈပ္ေထြးသြားသည္။ "ကြၽန္ေတာ္တို႔ နားၾကားမ်ား မွားသြားလား ေဘာ့စ္။ ေဘာ့စ္က မိန္းကေလးတစ္ေယာက္ကို လိုက္ခ်င္တယ္?"
ေဟာ္ေပ့ခ်န္ ေခါင္းၿငိမ့္လိုက္သည္။ "အင္း ငါ မိန္းကေလး တစ္ေယာက္ကို လိုက္ခ်င္တယ္"
ခ်ီရွန္က စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။ "ေက်းဇူးတင္လိုက္တာ! ေနာက္ဆုံးေတာ့ ငါတို႔ေဘာ့စ္က ဘယ္ေနရာမွ မေတာ္တဲ့မိန္းမကို ပစ္ထားခဲ့ေတာ့မယ္! ငါတို႔ေဘာ့စ္ ကိုယ္တိုင္ မဒမ္အသစ္ကို မရွာခင္ ရွာေတာ့မွာပဲ!"
"..."
စုယြဲ႕အေနနဲ႔ လက္ရွိမစၥေဟာ္အေပၚ သစၥာေဖာက္တာကို လက္သင့္မခံေပမယ့္ အႀကံနည္းနည္း ျပဳလိုက္သည္။ "ေကာင္းၿပီ....လက္ေဆာင္ တခ်ိဳ႕ စီစဥ္ၾကည့္ရင္ေရာ? ဒါမွမဟုတ္ အံ့ဩသြားေစမယ့္ အရာတစ္ခု...."
ခ်ီရွန္က ေခ်ပလိုက္သည္။ "လက္ေဆာင္? ဘာလက္ေဆာင္လဲ?! သူမဆီ လက္ငင္းေငြသာ ေပးလိုက္! အဲ့တာ အလုပ္ျဖစ္တယ္!!"
စုယြဲ႕ မ်က္လုံးသာ လွိမ့္မိသြားသည္။ "မင္းက ေတာ္ေတာ္ ေၾကာင္ေတာင္ေတာင္ ႏိုင္တာပဲ! တကယ္လို႔ မင္းအဲ့လိုသာ သြားလုပ္ရင္ သူမကို ေစာ္ကားေနတယ္လို႔ ထင္သြားမွာေပါ့! တကယ္လို႔ သူမက ငါတို႔ေဘာ့စ္ကို ျငင္းလိုက္ရင္ ဘယ္လိုလုပ္မလဲ?"
အၿမဲတမ္း တိတ္ဆိတ္ေနတတ္တဲ့ ေဖးပိုင္က ႐ုတ္တရက္ ၀င္ေျပာလာသည္။ "တကယ္လို႔ သူမက ျငင္းလိုက္မယ္ဆိုရင္ ငါ သူမကို သတ္မယ္"
"??"
ခ်ီရွန္ေရာ စုယြဲ႕ပါ သူတို႔ဖုန္းကို နားလည္ရခက္စြာ ၾကည့္လိုက္ၾကေလေတာ့သည္။
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]