ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 54.9K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 154

20.6K 3.2K 142
By Dandelion_nini

Unicode

အချစ်မှာပျော်ဝင်နေတဲ့ ဆယ်ကျော်သက်လေးတွေ ချိန်းတွေ့ကြသလိုမျိုး
_________________________________

ယန်းချင်းချီနဲ့ ကျန်းမော့ချန်တို့နှစ်ယောက် အားလုံးမျက်စိရှေ့မှာတင် ထွက်လာခဲ့ကြသည်။ သို့သော် တော်တော်လေးမှောင်နေပြီဖြစ်တာကြောင့် နှစ်ယောက်စလုံးအဝေးကြီးသွားဖို့ မစီစဥ်ထားကြပဲ လမ်းပေါက်သည့်နေရာအချို့လောက် လျှောက်ကြည့်ဖို့ကိုသာ စိတ်ကူးထားလေသည်။

ယန်းချင်းချီ လက်ထဲကဓာတ်မီးကို မြေကြီးပေါ်လျှောက်ထိုးနေရင်း သူ့ဘေးက ကျန်းမော့ချန်ကိုမေးလိုက်သည်။

''ခင်ဗျားပြောကြည့် ဒီတောင်ပေါ်မှာ အမဲလိုက်ဖို့ သားကောင်တွေရှိလောက်လား ''

'' မင်း မဟုတ်တာတွေ နည်းနည်းလောက်လျှော့ပြောလို့မရဘူးလား '' သူ့ကြင်သူက ညကြီးမင်းကြီးအမဲလိုက်ဖို့တွေးနေတဲ့အတွက် တကယ့်ကိုရဲစွမ်းသတ္တိပြည့်စုံသည့် သိုင်းဆရာကြီးလို့တောင် ခံစားလိုက်ရသည်။ '' တကယ်လို့ ကိုယ်တို့ အကောင်ငယ်လေးနဲ့တွေ့ရင် ကိုယ်တို့ညစာထဲထည့်လိုက်လို့ရတယ် ဒါပေမဲ့ အကောင်ကြီးနဲ့သွားတွေ့ရင်တော့ သူတို့ညစာဖြစ်သွားလိမ့်မယ် ''

ယန်းချင်းချီရယ်လိုက်ကာ

''စိတ်မပူပါနဲ့ ရိုက်ကူးရေးလုပ်တော့မယ်ဆိုကတည်းက သူတို့ဒီတောင်အကြောင်းစနည်းနာပြီး ဒီနေရာကိုကြိုရောက်ဖူးပြီးသားပါ တကယ်လို့ ဒီမှာသာ လူကိုအန္တရာယ်ပြုနိုင်တဲ့ သားကောင်ကြီးတွေရှိခဲ့ရင် အေးအေးဆေးဆေး ရိုက်ကူးရေးလုပ်ပါ့မလားမင်းသားမင်းသမီးတွေ မတော်တဆမှုတစ်ခုခုနဲ့ ကြုံရရင် သူတို့ပဲနာမည်ပျက်သွားမှာပေါ့ ''

''ကိုယ်တို့ကမတူဘူးလေကွာ '' ကျန်းမော့ချန် ဆက်ပြောလာသည်။ '' တကယ်လို့တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်တို့ကျ ကိုယ့်သေတွင်းကိုတူးသွားတာလို့ခေါ်တယ် ဒါရိုက်တာက မသွားရင်အကောင်းဆုံးပဲလို့ပြောပြီး တားနေတာတောင် မရမကထွက်လာတာကိုယ်တို့လေ တကယ်လို့တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရမှာ ရိုက်ကူးရေးအဖွဲ့ကိုသွားပြီး အပြစ်တင်စရာအကြောင်းမရှိဘူး ''

''ဒါတောင်မှ ခင်ဗျားက ကျွန်တော်နဲ့အတူတူလိုက်လာသေးတယ်ပေါ့ ''

ကျန်းမော့ချန် ယန်းချင်းချီလက်ကိုလှမ်းကိုင်လိုက်ကာ

''မင်းနဲ့အခုလိုမျိုး နှစ်ယောက်တစ်ကမ္ဘာတည်ချင်လို့ လိုက်လာရတာမဟုတ်ဘူးလား ''

ယန်းချင်းချီ သူ့လက်ကိုဆုပ်ကိုင်ထားသည့် ကျန်းမော့ချန်လက်ကိုငုံ့ကြည့်လိုက်ပြီးနောက် တဖက်လူကိုပြန်မော့ကြည့်လိုက်သည်။

ကျန်းမော့ချန်ကတော့ တိတ်တိတ်လေးလက်ခိုးကိုင်ထားသူက သူမဟုတ်သလိုမျိုး တည်ငြိမ်သည့်အမူအရာဖြင့် '' သွားရအောင် မင်းဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ချင်တယ်မလား '' ထိုသို့ပြောရင်း ယန်းချင်းချီကိုဆွဲခေါ်ကာ ရှေ့ကနေဦးဆောင်လျှောက်သွားလေသည်။

ယန်းချင်းချီ ထိုအခြင်းအရာကိုမြင်တော့ ရယ်ချင်စရာကောင်းသည်ဟု ထင်လိုက်တာကြောင့်

'' မသိရင် ကျွန်တော်တို့အခုပုံစံက ဆရာမမိသွားမှာကြောက်လို့ တောအုပ်ထဲတိတ်တိတ်လေးလာပြီး ချိန်းတွေ့နေကြတဲ့ ဆယ်ကျော်သက်စုံတွဲလေးတွေအတိုင်းပဲ ''

''အဲ့ဒါမင်း ကိုယ့်မှာဘာဆယ်ကျော်သက်အချစ်မှမရှိခဲ့ဘူး တောထဲလာပြီးဘယ်သူနဲ့မှလည်း ချိန်းမတွေ့ဖူးဘူး ''

''ကျွန်တော်လည်းအဲ့လိုမလုပ်ဖူးပါဘူး! '' ယန်းချင်းချီ သူကိုယ်တိုင်လည်း ဖြူစင်ကြောင်း အတင်းရှင်းတမ်းထုတ်လိုက်သည်။

''လီရှင်းရန်နဲ့ရောမလုပ်ဖူးဘူးလား '' ကျန်းမော့ချန် အတည်ပြုချင်သလိုမျိုး မေးလာခဲ့သည်။

လီရှင်းရန်နဲ့ဘာကိစ္စလုပ်ဖူးရမှာလဲ သူက မူလပိုင်ရှင်မှမဟုတ်တာ။ ပြီးတော့ မူလပိုင်ရှင်နဲ့ လီရှင်းရန်က ဘွဲ့ရပြီးမှ ရည်းစားဖြစ်ကြတဲ့ဟာကို။ ဘယ်နေရာမှာ ကျောင်းသားလေးတွေချိန်းတွေ့သလိုမျိုး ရင်ဖိုစရာကောင်းခဲ့မှာလဲ။

''မလုပ်ဖူးပါဘူး ကျွန်တော်သူ့ကို ကျောင်းပြီးမှသိတာ ''

''အဲ့လိုဆိုရင်တော့ မဆိုးပါဘူး '' ကျန်းမော့ချန် အဟုတ်ကြီး ကျေနပ်သွားသည်။

ယန်းချင်းချီ တဖက်လူ၏ကျေနပ်အားရနေသည့် မျက်နှာကြီးကိုကြည့်ကာ သူအကြောင်းစုံရှင်းပြလိုက်တဲ့တစ်နေ့ သူ့အချစ်ဦးကလည်း ကျန်းမော့ချန်ပဲဆိုတာကိုသာသိသွားခဲ့လျှင် တဖက်လူ၏အမြီးမှာ မိုးအထိရောက်အောင်ထောင်နေလောက်မည်ဟု တွေးလိုက်မိသည်။ ထိုအချိန်ကျ အမြင်ကတ်ဖို့ကောင်းလောက်အောင် ပြန်ဆွဲချလို့မရလောက်တော့ပါ။

ယန်းချင်းချီ ထိုသို့တွေးမိသွားတော့ ကျန်းမော့ချန်ကို လုံးဝမပြောပြဖို့ တိတ်တိတ်လေးဆုံးဖြတ်ချက်ချလိုက်လေသည်။ မဟုတ်လျှင် အနာဂတ်မှာ ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး သူ့ရှေ့ နေ့တိုင်းဂုဏ်ဆာနေလောက်သည်။

ယန်းချင်းချီ တဖက်လူလက်ဖမိုးကိုညှစ်ရင်း ညင်ညင်သာသာလေးပြောလာခဲ့သည်။

'' ခင်ဗျား ကျွန်တော့်ကို အဲ့လိုမေးခွန်းထုတ်ဖို့ အရည်အချင်းရှိလို့လားပြော မသိရင် ခင်ဗျားမှာဘာအတိတ်ဆိုးမှ မရှိခဲ့တဲ့ပုံစံနဲ့ ''

ကျန်းမော့ချန် ချောင်းဟန့်လိုက်ကာ ကို့ရို့ကားယားနိုင်စွာဖြင့် စကားလမ်း​ကြောင်းအမြန်လွှဲလိုက်လေသည်။

''ဟိုကဘာကြီးလဲ အဲ့ဒါတောအုပ်လေးမလား ကိုယ်တို့ ခဏလောက် အဲ့ထဲဝင်ကြမလား ''

ယန်းချင်းချီ : '' !!!ကျန်းမော့ချန်! ခင်ဗျားဘာလုပ်ဖို့တွေးနေတာလဲ! နည်းနည်းလေး ကိုယ့်ကိုကိုယ်ထိန်းစမ်းပါဦး! ကျွန်တော်တို့မကြာခင်ပြန်ရတော့မှာ! အချိန်မလောက်ဘူး! ''

ကျန်းမော့ချန် : ''............''

'' ကိုယ်တို့နှစ်ယောက်ထဲမှာ ဘယ်သူကတနေ့တခြား ပိုပိုဝါလာတာလဲ ပြောစမ်း! မင်း အဲ့ထဲဝင်ကြည့်ချင်လားလို့ သဘောရိုးနဲ့မေးလိုက်ရုံတင်! ကြည့်! ဒီတိုင်းကြည့်ရုံပဲ! ဘာရှိလဲဝင်ကြည့်ရုံပဲ! နားလည်ပြီလား ''

ကျန်းမော့ချန် စိတ်တိုလွန်းလို့ သေတော့မည်ဟု ခံစားနေရသည်။

''ဒါပေမဲ့ ခင်ဗျားခုနက ကြည့်မယ်လို့မပြောပဲ ဝင်မယ်လို့ပြောလိုက်တယ်လေ '' ယန်းချင်းချီကလည်း ပြန်ငြင်းလာသည်။

ကျန်းမော့ချန် : ''...........''

''မင်းလျှောက်ကြည့်ချင်တယ်ပြောလို့ ကိုယ်ကအဲ့လိုမေးရတာမဟုတ်ဘူးလား ကိုယ်တို့နှစ်ယောက်ကြားမှာ တစ်ယောက်ဘာတွေးနေမှန်းတန်းသိတဲ့ နားလည်မှုသေးသေးလေးတောင်မရှိဘူး! တကယ့်ကို ပလက်စတစ်လိုအိမ်ထောင်ဖက်! ''

ယန်းချင်းချီ လက်ဆယ်ချောင်းယှက်သွယ်ထားသည့် လက်နှစ်ဖက်ကိုမြှောက်ပြရင်း

'' ကွာရှင်းချင်လို့လား ''

'' စိတ်ကူးထဲတောင်ထည့်မစဥ်းစားနဲ့! ''

'' သြော ဒါဆိုလည်းသွားကြမယ်လေ တောအုပ်လေးထဲ ဘာတွေများကြည့်စရာရှိလဲလို့ သဘောရိုးနဲ့ ဟိုဟိုဒီဒီလိုက်ကြည့်လိုက်ကြရအောင် ''

ကျန်းမော့ချန် : ''.........''

သို့သော် သူတို့တောအုပ်လေးရှေ့လျှောက်သွားတဲ့အချိန် တောအုပ်ရှေ့ သစ်ပင်အတန်းလိုက်ကြီးကလွဲ ထိုနောက်မှာ ဘာမှမရှိသည့် မြေကွက်လပ်ကြီးဖြစ်နေကြောင်း သိလိုက်ရသည်။ ယန်းချင်းချီ သူ့ရှေ့ကသစ်ပင်တွေကို ဓာတ်မီးနဲ့လိုက်ထိုးကြည့်လိုက်တော့ သစ်ပင်ပေါ်မှာ အပြာရောင်အသီးလေးတွေသီးနေတာကိုမြင်လိုက်ရလေသည်။ ယန်းချင်းချီ နည်းနည်းလောက်ခူးပြီး အရသာမြည်းကြည့်ချင်သော်ငြား ဒါရိုက်တာကတွေ့ကရာအသီး ခူးမစားရဘူးဟု မှာလိုက်တာကြောင့် ထိုအကြံကိုလက်လျှော့လိုက်ရကာ ကျန်းမော့ချန်ကိုဆွဲပြီး တောအုပ်ထဲဝင်သွားလိုက်သည်။

သစ်ပင်တွေက အပြုံလိုက်ကြီးပေါက်မနေပဲ ကြိုကြားကြိုကြားပေါက်ရောက်နေတဲ့အတွက် ဓာတ်မီးအကူအညီဖြင့် လမ်းလျှောက်ရမခက်ခဲပါ။ နှစ်ယောက်သား တိတ်တိတ်လေးလျှောက်နေကြစဥ် ကျန်းမော့ချန် ရုတ်တရက်ကြီး ယန်းချင်းချီလက်ကိုကိုင်လှုပ်ကာ

''ကောင်းကင်ကိုမော့ကြည့်လိုက် ''

သူ မော့ကြည့်လိုက်တော့ ကောင်းကင်မှာ ကြယ်တွေပြည့်နေတာကိုမြင်လိုက်ရလေသည်။ တောင်ပေါ်တက်ကတည်းက အခုအချိန်အထိ တနည်းနည်းဖြင့်အလုပ်ရှုပ်နေခဲ့တာကြောင့် ကောင်းကင်မှာကြယ်တွေပြည့်နေမှန်း သတိမထားမိလိုက်ပါ။

သူ ငယ်ငယ်လေးကတည်းက မြို့ကြီးပြကြီးထဲမှာပဲ ကြီးပြင်းလာခဲ့တဲ့အတွက် မြို့ပြကောင်းကင်က ဘယ်အချိန်ကြည့်ကြည့် အမဲကြီးသာဖြစ်သည်။ အခုလို ရုတ်တရက်ကြီး ကောင်းကင်မှာကြယ်တွေပြည့်နေတာကိုမြင်လိုက်ရတော့ တော်တော်လေး အံ့သြသွားလေသည်။

ယန်းချင်းချီ ခဏလောက်မော့ကြည့်နေလိုက်ကာ ကျန်းမော့ချန်ဘက်ပြန်လှည့်ရင်း

''ခုနစ်စင်ကြယ်လည်းမရှိဘူး ''

''အခုလို ကြယ်တွေအများကြီးတစ်စုတစ်စည်းထဲ တွေ့ရတာပဲ မဆိုးဘူးလို့ပြောလို့ရနေပါပြီ ဘာတွေထပ်ပြီး ချေးချာများချင်သေးတာလဲ ကိုယ်ဆိုအခုအချိန်အထိ ခုနစ်စင်ကြယ်မမြင်ဖူးသေးဘူး ''

''ကျွန်တော်လည်း မမြင်ဖူးဘူးလေ အဲ့ဒါကြောင့်တွေ့ချင်တယ်လို့ပြောတာပေါ့ ''

ကျန်းမော့ချန် ခဏလောက် စဥ်းစားနေလိုက်ကာ

''ခဏစောင့် '' ထိုသို့ပြောအပြီး ယန်းချင်းချီလက်ကိုလွှတ်လိုက်သည်။ ထို့နောက် အနီးအနားက သစ်ကိုင်းခြောက်တစ်ချောင်းချိုးကာ သူ့ဆီပြန်လျှောက်လာသည်။

ဘယ်လက်ကဓာတ်မီးကိုင်ရင်း ညာလက်ကသစ်ကိုင်းခြောက်ကိုင်ပြီး ယန်းချင်းချီရှေ့ကမြေပြင်ပေါ် ပန်းချီဆရာကြီးကျန်းမော့ချန် ဟိုခြစ်ဒီခြစ်လုပ်နေသည်။ ယန်းချင်းချီ စစချင်း တစ်ဖက်လူဘာလုပ်ချင်မှန်း နားမလည်သော်ငြား နောက်ပိုင်းနားလည်သွားလေသည်။ ____ ကျန်းမော့ချန်က သူ့အတွက် ခုနစ်စင်ကြယ်ဆွဲပေးနေခြင်းပေ။

ကျန်းမော့ချန် ခုနစ်စင်ကြယ်ဆွဲပြီးဖို့ အချိန်ခဏလောက်ယူလိုက်ရကာ ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး မြေပြင်ပေါ်က ခုနစ်စင်ကြယ်ကိုကြည့်ရင်း ယန်းချင်းချီကိုကူကယ်ရာမဲ့စွာ ပြန်ကြည့်လိုက်သည်။

''အခုတော့ ဒါလေးပဲကြည့်ထားလိုက်ပါ ဒါက ကိုယ့်ရဲ့အမြင့်ဆုံး ပုံဆွဲစွမ်းရည်ပဲ နည်းနည်းတော့သည်းခံပေး ''

ယန်းချင်းချီ သူ့ရှေ့ကလူကိုကြည့်ရင်း နှုတ်ခမ်းထောင့်က မသိမသာမြင့်တက်သွားသည်။ သူ ခေါင်းငုံ့ကာ မြေပြင်ပေါ်လျှောက်ခြစ်ထားသည့် ခုနစ်စင်ကြယ်ကိုကြည့်လိုက်မိသည်။ မြေကြီးပေါ်ထိုးထားလို့ လင်းချင်းနေသည့် ဓာတ်မီးရောင်က သူ့နှလုံးသားကိုပါ အလင်းဓာတ်ပေးလိုက်သလိုမျိုး နွေးထွေးနေလေသည်။ ကျန်းမော့ချန် ဒီလိုလုပ်ပေးလိမ့်မယ်လို့ တစ်ခါမှမတွေးထားခဲ့ဖူးပါ။ မထင်မှတ်ထားပဲ ကျန်းမော့ချန်လို ပုံဆွဲရတာမကြိုက်တဲ့လူတစ်ယောက်က မြင်ချင်တယ်ပြောလိုက်ရုံနဲ့ မြေပြင်ပေါ် ခုနစ်စင်ကြယ်ဆွဲပေးလာခြင်းပင်။

ယန်းချင်းချီ မြေပြင်ပေါ်က သူ့အတွက်ဆွဲပေးထားသည့် ပုံကိုကြည့်ရင်း နှလုံးတွေအခုန်မြန်လာသည်။ မကွက်မဝှက်တမ်းပြောရလျှင် ကျန်းမော့ချန်ပုံကတစ်ကယ်ကြီးကြည့်လို့မကောင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြေပြင်ပေါ်မှာ သစ်ကိုင်းခြောက်ဖြင့်ဆွဲထားခြင်းဖြစ်တာကြောင့် မျဥ်းတွေကမဖြောင့်ပဲ အနည်းငယ်ကွေးကောက်နေသည်။ သို့သော် ယန်းချင်းချီအတွက်တော့ လိုတာထက်ပိုနေပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ရိုမန့်တစ်ဆန်တတ်မှုလေးကပဲ အရာအားလုံးထက်အဖိုးတန်နေသောကြောင့်ပင်။ လှတာမလှတာထက် အရေးကြီးဆုံးက တဖက်လူယူဆောင်လာပေးသည့် ဂရုစိုက်မှုလေးဖြစ်သည်။

''ကျွန်တော့်အထင်တော့ ဆွဲထားတာတကယ်ကောင်းပါတယ် '' ယန်းချင်းချီ လေပြေလေးဖြင့်ပြောလာသည်။

ကျန်းမော့ချန်ရယ်လိုက်ကာ အရှက်ပြေ နှာခေါင်းလေးပွတ်ရင်း

''မင်းကြိုက်ရင် ပြီးတာပဲ ''

ယန်းချင်းချီ ပြုံးနေသောမျက်ဝန်းတစ်စုံဖြင့် ကျန်းမော့ချန်ကိုမော့ကြည့်လိုက်ကာ

''ကျိန်းသေပေါက် ကျွန်တော်ကြိုက်တာပေါ့ '' သူဆက်ပြောလာသည်။ '' ကြိုက်ရုံတင်မကဘူး ရိုမန့်တစ်ဆန်တယ်လို့လည်းထင်တယ် ကျန်းမော့ချန် ခင်ဗျား ဘာလို့ ရုတ်တရက်ကြီး ရိုမန့်တစ်ဆန်သွားရပြန်တာတုန်း ''

ကျန်းမော့ချန် ယန်းချင်းချီလက်ကိုပြန်ကိုင်လိုက်ကာ နှုတ်ခမ်းနားကပ်ပြီး လက်ခုံလေးကိုမထိတထိနမ်းလိုက်သည်။

''မပြောတတ်ဘူး ဖြစ်နိုင်တာကတော့ မင်းကိုယ့်ကိုကွာရှင်းလိုက်မှာ ကြောက်လို့နေမှာပေါ့ ''

ယန်းချင်းချီ တဖက်လူစကားကြောင့် ရယ်ချင်သွားကာ

'' စိတ်ကူးထဲတောင် ထည့်မစဥ်းစားနဲ့လို့ ပြောခဲ့တယ်မလား ''

''အမှန်ပဲ စိတ်ကူးထဲတောင် ထည့်မစဥ်းစားနဲ့ '' ကျန်းမော့ချန် သူ့ရှေ့က ကောင်လေးကို သင်္ကါမကင်းပြန်ကြည့်လိုက်ကာ '' မင်း အခုအချိန်အထိ အဲ့လိုလုပ်ချင်နေတုန်းပဲလား ''

ယန်းချင်းချီ ခေါင်းခါပြသည်။

''ကျွန်တော်လုပ်ချင်တာသပ်သပ်ရှိပြီးသား ''

'' ဘာလုပ်ချင်သေးတာလဲ '' ကျန်းမော့ချန်နည်းနည်းလေး စပ်စုချင်သွားသည်။ သူ့ကြင်သူက အကုန်လုံးကောင်းသော်ငြား ခေါင်းသေးသေးလေးထဲကနေ ပေါက်ကရအကြံဉာဏ်လေးတွေ ထွက်ထွက်လာတတ်တာကြောင့် တစ်ခါတစ်လေ တဖက်လူဘာစဥ်းစားနေမှန်း သူ့ကို ခန့်မှန်းရခက်စေသည်။

ယန်းချင်းချီ သူ့ရှေ့လူကိုအပြုံးလေးဖြင့်ကြည့်ကာ

''ခင်ဗျား ခေါင်းမော့လိုက် ''

ကျန်းမော့ချန် ခေါင်းမော့ကြည့်လိုက်တော့ အနက်ရောင်ဖဲကတ္တီပါပေါ်မှာ ပြန့်ကြဲနေသည့် စိန်ပွင့်လေးတွေလို တဖျက်ဖျက်လက်နေသော ကြယ်အစုအဝေးကြီးဖြင့် ရင်ဆိုင်လိုက်ရသည်။

ယန်းချင်းချီ ဘာလုပ်ချင်မှန်းမသိတာကြောင့် သူဇဝေဇဝါဖြစ်သွားကာ မသိစိတ်အရခေါင်းငုံ့ပြီး သူ့ရှေ့ကကောင်လေးကိုပြန်မေးလိုက်သည်။

''ကိုယ့်ကို ဘာလို့မော့....... ''

သို့သော် သူစကားဆုံးအောင်ပြောခွင့်မရလိုက်ပါ။ အကြောင်းမှာ ယန်းချင်းချီက သူ့နှုတ်ခမ်းတွေကို သိမ်းပိုက်လိုက်သောကြောင့်ပင်။

ထိုအချိန်ရောက်မှ ယန်းချင်းချီဘာလုပ်ချင်နေမှန်း ကျန်းမော့ချန်သဘောပေါက်သွားတော့သည်။ နမ်းနေစဥ်တစ်လျှောက်လုံးလည်း သူ့နှုတ်ခမ်းစွန်းတွေမမြင့်တက်ပဲမနေနိုင်ခဲ့။

'' ဒါလုပ်ချင်လို့ တိတ်တိတ်လေးကြံစည်ထားတာပဲ '' သူ ယန်းချင်းချီနားကို ခပ်ဖွဖွနမ်းရင်း ပြန်စနောက်နေသည်။

ယန်းချင်းချီ ပြန်မော့ကြည့်လာကာ

''ဒီလိုရိုမန့်တစ်ဆန်တဲ့လေထုမှာ ရိုမန့်တစ်ဆန်တာလေးတစ်ခုခုလုပ်မှဖြစ်မှာပေါ့ ''

ကျန်းမော့ချန် ယန်းချင်းချီကို ဖက်ထားရင်း

'' ဒါဆိုရင်တော့ နောက်လည်း ဒီလိုအခွင့်အရေးမျိုးထပ်ရဖို့ ရိုမန့်တစ်ဆန်တာတွေတိုးလုပ်မှဖြစ်တော့မယ်နဲ့တူတယ် ''

'' အဲ့လိုဆိုပိုကောင်းတာပေါ့ အရမ်းတွေမျှော်လင့်နေပါပြီ မစ္စတာကျန်း ''

'' လုံးဝစိတ်မပျက်စေရပါဘူး ကျန်းဖူရန် ''

နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီးပွေ့ဖက်ထားကာ စကားချိုချိုလေးတွေပြောရင်း စနောက်နေကြသည်။ ထို့နောက် ရှေ့ဆက်သွားချင်သေးလားဟု ကျန်းမော့ချန်မေးလာခဲ့သည်။ ပြန်မယ်ဆို အချိန်နည်းနည်းယူရမည်ဖြစ်ကြောင်း ပြောလာပြန်သည်။

ထိုအခါမှ သူတို့မှာ တစ်နာရီပဲလွတ်လပ်ချိန်ရမှန်း ယန်းချင်းချီ ပြန်သတိရသွားသည်။

''အိုင်းယား ကျွန်တော်နှစ်ယောက်က အရမ်းသနားဖို့ကောင်းတာပဲ အခုအချိန်ထိထိန်းချုပ်ခံထားရတဲ့ကျောင်းသားလေးတွေလို အဆောင်မှူးခွင့်ပြုထားတဲ့ အချိန်ကို မှီအောင်ပြန်ရဦးမယ် အရမ်းဆိုးရွားတာပဲ! ''

''ကိုယ့်ကံကြမ္မာကို လက်ခံလိုက်ပါ အတန်းဖော်ယန်း ဒါက အများနဲ့ခရီးသွားရင်ဖြစ်တတ်တဲ့ ဆိုးကျိုးတွေပါပဲ ''

''နောက်ပိုင်း ကျွန်တော်တို့အချိန်ရရင် ကိုယ့်ပိုက်ဆံနဲ့ကို ခရီးထပ်သွားရအောင် '' ယန်းချင်းချီ အကြံပြုလာသည်။ '' ကျွန်တော်တို့နှစ်ယောက်ထဲသွားမလား ဒါမှမဟုတ် ကလေးတွေပါ ခေါ်သွားကြမလား ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က မိသားစုလေးယောက်ဆိုတော့လေ ''

'' ကိုယ်တို့နှစ်​ယောက်ထဲပဲ အရင်သွားကြရအောင်ပါ ကလေးတွေကငယ်သေးတယ် သူတို့တော်တော်လေးကြီးလာမှ ခေါ်သွားတာပိုကောင်းလိမ့်မယ် '' ကျန်းမော့ချန်ကလည်း သူ့တစ်ကိုယ်ကောင်းဆန်မှုကို တစ်စက်ကလေးတောင်ဖုံးဖိထားလိုစိတ်မရှိပါ။

ယန်းချင်းချီ သူ့ရှေ့ကလူကိုကြည့်ရင်း စနောက်လာသည်။

'' တကယ်ကြီး ကလေးတွေငယ်သေးလို့ရော ဟုတ်ရဲ့လား ခင်ဗျားက စီးမာကျောင်းအတွင်းစိတ်လိုပဲ ဘာကြံနေမှန်း ဘေးလူတွေအကုန်သိတယ် ''

(T/N: စီးမာကျောင်းက စစ်သူကြီးပါ ဘုရင့်ပလ္လင်ကိုကျားချောင်း,ချောင်းနေလို့ သူဘာကြံနေမှန်း ဘေးလူတွေအကုန်သိတယ်လို့ပြောတာပါ တဖက်လူဘာကြံနေမှန်း၊ ဘာဆိုလိုချင်မှန်း အရမ်းသိသာနေရင် အဲ့ဥပစာနဲ့ခိုင်းနှိုင်းပါတယ် )

ကျန်းမော့ချန် ရင်ခွင်ထဲကကောင်လေးကို ပွတ်သပ်ရင်း

''ကိုယ့်အကြံကို ဘေးလူတွေ သိသိ မသိသိ ကိုယ်စိတ်မဝင်စားဘူး မင်းသိရင်ရပြီ ''

ဒီည ကျန်းမော့ချန်ပြောတဲ့စကားတွေအကုန်လုံးက သကြားဓာတ်မြင့်လွန်းနေတယ်ဟု ယန်းချင်းချီတွေးလိုက်မိသည်။ အခု သူ့ရှေ့က ကျန်းမော့ချန်မှာ သကြားလုံးထုပ်ကြီးလိုပင်။ အရမ်းကိုချိုမြလွန်းသည်။ ဒီလူက သူနဲ့ နှစ်ယောက်တည်း တစ်ကမ္ဘာတည်ချင်နေမှန်း ကျိန်းသေပေါက် သူကောင်းကောင်းကြီးနားလည်တာပေါ့။

သူတို့နှစ်ယောက်ဆက်နွယ်မှုက တခြားလူတွေလိုမဟုတ်ပဲ လက်ထပ်ပြီးမှ ချစ်ခြင်းစတာမို့ ကနဦး ချိန်းတွေ့တာတွေ၊ အချိန်ပေးခြင်းတွေ သူတို့နှစ်ယောက်ကြားမှာ မရှိခဲ့ပါ။ ထို့နောက် ချက်ချင်း ကလေးတွေရလာပြီး မိသားစုဆိုတဲ့အသိုက်အမြုံလေးဖြစ်တည်လာတဲ့အတွက် နှစ်ယောက်ထဲဖြတ်သန်းရမည့် အချိန်ကောင်းဆိုပြီး သီးသန့်မရှိခဲ့ဖူးပေ။ ကျန်းမော့ချန် အခုလိုမျိုး နမ်းလိုက်၊ စနောက်လိုက်ဖြင့် နှစ်ယောက်တစ်ကမ္ဘာလုပ်ချင်နေသည်။ သူကိုယ်တိုင်လည်း တဖက်လူရဲ့ထွေးပွေ့မှုနဲ့အနွေးဓာတ်ကိုခံစားရင်း ဒီ့ထက်ပိုခိုင်မြဲသည့် ဆက်ဆံရေးတစ်ခုဆီ တွဲလက်မြဲစွာဖြင့် တစ်လှမ်းချင်းစီ လျှောက်သွားချင်သည်။ သူတို့မှာ အနာဂတ်အရှည်ကြီးကျန်သေးတာကြောင့် သူတို့နဲ့သက်ဆိုင်သည့် ကလေးတွေ၊မိသားစုတွေကို ဘယ်အချိန်မဆို အချိန်ပေးလို့ရသည်။ သို့သော် တစ်ခါတစ်ရံမှာ အနှောက်အယှက်မရှိပဲ အချိန်တွေကို နှစ်ယောက်တည်းအတူတူကုန်ဆုံးချင်သည်။

ယန်းချင်းချီ ဖုန်းထုတ်ကာ မြေပြင်ပေါ်က ခုနစ်စင်ကြယ်လေးကိုရော၊ ကောင်းကင်ပေါ်က ကြယ်စုကြယ်ဝေးကြီးကိုပါ ဓာတ်ပုံရိုက်ယူလိုက်သည်။

ကံကောင်းတယ်လို့ပဲဆိုရမလား။ သူတို့တက်နေတဲ့ တောင်က လိုင်းမမိတာကြောင့် ဝန်ထမ်းတွေက သူတို့ကို ဖုန်းကိုင်ခွင့်ပေးထားသည်။ ထို့ကြောင့် ကံကောင်းစွာဖြင့် ဒီညအမှတ်တရလေးကို ဓာတ်ပုံအမိအရရိုက်ယူထားလိုက်နိုင်သည်။

'' သွားရအောင် ရှေ့မှာဘာရှိသေးလဲ ဆက်ကြည့်ကြမယ် ခွင့်ပြုထားတဲ့အချိန်မပြည့်ခင်လေး အဝကဲရအောင် အတန်းဖော်ကျန်း ''

''ကောင်းပြီလေ '' ကျန်းမော့ချန် သဘောတူလိုက်သည်။

နှစ်ယောက်သား လက်ချင်းတွဲပြီး ရှေ့ကိုဆက်လျှောက်သွားချိန် ရေတသွင်သွင်စီးနေသံကိုကြားလိုက်ကြရသည်။

ယန်းချင်းချီ အံ့သြသွားကာ

'' ဒီမှာတကယ်ကြီး ရေရှိတယ် ရေထဲမှာငါးရှိနေမလား သိချင်လိုက်တာ ''

''တကယ်လို့ ငါးရှိနေရင်တောင် ကိုယ်တို့မှာဖမ်းဖို့အချိန်မလောက်ဘူး ခဏလောက်ကြည့်ပြီး ပြန်ရအောင်ပါ ''

'' ခင်ဗျား ဗိုက်ဆာနေလား '' သူတို့အခုအချိန်အထိ ဘာမှမစားရသေးတာကို ယန်းချင်းချီရုတ်တရက်ကြီး သတိရသွားသည်။ သူကိုယ်တိုင်က ဗိုက်သိပ်မဆာသေးတာကြောင့် ကျန်းမော့ချန်ကို ဗိုက်ဆာနေလားမေးဖို့ မေ့သွားခဲ့ခြင်းဖြစ်သည်။

ကျန်းမော့ချန်လည်း ဗိုက်မဆာသေးပါ။

'' အဲ့လောက်မဆာသေးဘူး အရင်ဆုံးအရှေ့မှာဘာရှိလဲ သွားကြည့်ကြရအောင်လေ ပြီးမှ တခုခုစားလည်း နောက်မကျသေးပါဘူး ''

''အဲ့လိုပဲလုပ်ကြတာပေါ့ ''

နှစ်ယောက်သားရှေ့ကိုဆက်လျှောက်သွားစဥ် ထင်ထားသည့်အတိုင်း တောင်အောက်စီးဆင်းနေသည့် စမ်းချောင်းငယ်လေးကိုတွေ့လိုက်ရလေသည်။ သို့သော် စမ်းချောင်းငယ်လေးက တိမ်တိမ်ကျဥ်းကျဥ်းလေးဖြစ်တာကြောင့် ဓာတ်မီးထိုးကြည့်လိုက်တာနဲ့ စမ်းချောင်းအောက်ခြေကို အတိုင်းသားမြင်နေရသည်။

ယန်းချင်းချီ စိတ်မကောင်းဖြစ်သွားကာ

''ငါးလည်းမရှိဘူး ''

ကျန်းမော့ချန် တဖက်လူရဲ့နှမြောတသဖြစ်နေသည့် လေသံလေးကိုကြားတော့ အိတ်ထဲကရိက္ခာခြောက်တွေထုတ်ပြီး ချော့လိုက်ရသည်။

'' ဒါလေးပဲ ငါးအမှတ်နဲ့ စားလိုက်နော် လိမ္မာတယ် ''

__________________________________

အမလေး တစ်ပိုင်းလုံး ခွေးစာ 🤧

Zawgyi

အခ်စ္မွာေပ်ာ္ဝင္ေနတဲ့ ဆယ္ေက်ာ္သက္ေလးေတြ ခ်ိန္းေတြ႕ၾကသလိုမ်ိဳး
_________________________________

ယန္းခ်င္းခ်ီနဲ႔ က်န္းေမာ့ခ်န္တို႔ႏွစ္ေယာက္ အားလုံးမ်က္စိေ႐ွ႕မွာတင္ ထြက္လာခဲ့ၾကသည္။ သို႔ေသာ္ ေတာ္ေတာ္ေလးေမွာင္ေနၿပီျဖစ္တာေၾကာင့္ ႏွစ္ေယာက္စလုံးအေဝးႀကီးသြားဖို႔ မစီစဥ္ထားၾကပဲ လမ္းေပါက္သည့္ေနရာအခ်ိဳ႕ေလာက္ ေလွ်ာက္ၾကည့္ဖို႔ကိုသာ စိတ္ကူးထားေလသည္။

ယန္းခ်င္းခ်ီ လက္ထဲကဓာတ္မီးကို ေျမႀကီးေပၚေလွ်ာက္ထိုးေနရင္း သူ႕ေဘးက က်န္းေမာ့ခ်န္ကိုေမးလိုက္သည္။

''ခင္ဗ်ားေျပာၾကည့္ ဒီေတာင္ေပၚမွာ အမဲလိုက္ဖို႔ သားေကာင္ေတြ႐ွိေလာက္လား ''

'' မင္း မဟုတ္တာေတြ နည္းနည္းေလာက္ေလွ်ာ့ေျပာလို႔မရဘူးလား '' သူ႕ၾကင္သူက ညႀကီးမင္းႀကီးအမဲလိုက္ဖို႔ေတြးေနတဲ့အတြက္ တကယ့္ကိုရဲစြမ္းသတၱိျပည့္စုံသည့္ သိုင္းဆရာႀကီးလို႔ေတာင္ ခံစားလိုက္ရသည္။ '' တကယ္လို႔ ကိုယ္တို႔ အေကာင္ငယ္ေလးနဲ႔ေတြ႕ရင္ ကိုယ္တို႔ညစာထဲထည့္လိုက္လို႔ရတယ္ ဒါေပမဲ့ အေကာင္ႀကီးနဲ႔သြားေတြ႕ရင္ေတာ့ သူတို႔ညစာျဖစ္သြားလိမ့္မယ္ ''

ယန္းခ်င္းခ်ီရယ္လိုက္ကာ

''စိတ္မပူပါနဲ႔ ႐ိုက္ကူးေရးလုပ္ေတာ့မယ္ဆိုကတည္းက သူတို႔ဒီေတာင္အေၾကာင္းစနည္းနာၿပီး ဒီေနရာကိုႀကိဳေရာက္ဖူးၿပီးသားပါ တကယ္လို႔ ဒီမွာသာ လူကိုအႏၲရာယ္ျပဳႏိုင္တဲ့ သားေကာင္ႀကီးေတြ႐ွိခဲ့ရင္ ေအးေအးေဆးေဆး ႐ိုက္ကူးေရးလုပ္ပါ့မလားမင္းသားမင္းသမီးေတြ မေတာ္တဆမႈတစ္ခုခုနဲ႔ ၾကဳံရရင္ သူတို႔ပဲနာမည္ပ်က္သြားမွာေပါ့ ''

''ကိုယ္တို႔ကမတူဘူးေလကြာ '' က်န္းေမာ့ခ်န္ ဆက္ေျပာလာသည္။ '' တကယ္လို႔တစ္ခုခုျဖစ္ခဲ့ရင္ ကိုယ္တို႔က် ကိုယ့္ေသတြင္းကိုတူးသြားတာလို႔ေခၚတယ္ ဒါ႐ိုက္တာက မသြားရင္အေကာင္းဆုံးပဲလို႔ေျပာၿပီး တားေနတာေတာင္ မရမကထြက္လာတာကိုယ္တို႔ေလ တကယ္လို႔တစ္ခုခုျဖစ္ခဲ့ရင္ ကိုယ့္ကိုကိုယ္ပဲအျပစ္တင္ရမွာ ႐ိုက္ကူးေရးအဖြဲ႕ကိုသြားၿပီး အျပစ္တင္စရာအေၾကာင္းမ႐ွိဘူး ''

''ဒါေတာင္မွ ခင္ဗ်ားက ကြၽန္ေတာ္နဲ႔အတူတူလိုက္လာေသးတယ္ေပါ့ ''

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီလက္ကိုလွမ္းကိုင္လိုက္ကာ

''မင္းနဲ႔အခုလိုမ်ိဳး ႏွစ္ေယာက္တစ္ကမ႓ာတည္ခ်င္လို႔ လိုက္လာရတာမဟုတ္ဘူးလား ''

ယန္းခ်င္းခ်ီ သူ႕လက္ကိုဆုပ္ကိုင္ထားသည့္ က်န္းေမာ့ခ်န္လက္ကိုငုံ႔ၾကည့္လိုက္ၿပီးေနာက္ တဖက္လူကိုျပန္ေမာ့ၾကည့္လိုက္သည္။

က်န္းေမာ့ခ်န္ကေတာ့ တိတ္တိတ္ေလးလက္ခိုးကိုင္ထားသူက သူမဟုတ္သလိုမ်ိဳး တည္ၿငိမ္သည့္အမူအရာျဖင့္ '' သြားရေအာင္ မင္းဟိုဟိုဒီဒီ ေလွ်ာက္ပတ္ၾကည့္ခ်င္တယ္မလား '' ထိုသို႔ေျပာရင္း ယန္းခ်င္းခ်ီကိုဆြဲေခၚကာ ေ႐ွ႕ကေနဦးေဆာင္ေလွ်ာက္သြားေလသည္။

ယန္းခ်င္းခ်ီ ထိုအျခင္းအရာကိုျမင္ေတာ့ ရယ္ခ်င္စရာေကာင္းသည္ဟု ထင္လိုက္တာေၾကာင့္

'' မသိရင္ ကြၽန္ေတာ္တို႔အခုပုံစံက ဆရာမမိသြားမွာေၾကာက္လို႔ ေတာအုပ္ထဲတိတ္တိတ္ေလးလာၿပီး ခ်ိန္းေတြ႕ေနၾကတဲ့ ဆယ္ေက်ာ္သက္စုံတြဲေလးေတြအတိုင္းပဲ ''

''အဲ့ဒါမင္း ကိုယ့္မွာဘာဆယ္ေက်ာ္သက္အခ်စ္မွမ႐ွိခဲ့ဘူး ေတာထဲလာၿပီးဘယ္သူနဲ႔မွလည္း ခ်ိန္းမေတြ႕ဖူးဘူး ''

''ကြၽန္ေတာ္လည္းအဲ့လိုမလုပ္ဖူးပါဘူး! '' ယန္းခ်င္းခ်ီ သူကိုယ္တိုင္လည္း ျဖဴစင္ေၾကာင္း အတင္း႐ွင္းတမ္းထုတ္လိုက္သည္။

''လီ႐ွင္းရန္နဲ႔ေရာမလုပ္ဖူးဘူးလား '' က်န္းေမာ့ခ်န္ အတည္ျပဳခ်င္သလိုမ်ိဳး ေမးလာခဲ့သည္။

လီ႐ွင္းရန္နဲ႔ဘာကိစၥလုပ္ဖူးရမွာလဲ သူက မူလပိုင္႐ွင္မွမဟုတ္တာ။ ၿပီးေတာ့ မူလပိုင္႐ွင္နဲ႔ လီ႐ွင္းရန္က ဘြဲ႕ရၿပီးမွ ရည္းစားျဖစ္ၾကတဲ့ဟာကို။ ဘယ္ေနရာမွာ ေက်ာင္းသားေလးေတြခ်ိန္းေတြ႕သလိုမ်ိဳး ရင္ဖိုစရာေကာင္းခဲ့မွာလဲ။

''မလုပ္ဖူးပါဘူး ကြၽန္ေတာ္သူ႕ကို ေက်ာင္းၿပီးမွသိတာ ''

''အဲ့လိုဆိုရင္ေတာ့ မဆိုးပါဘူး '' က်န္းေမာ့ခ်န္ အဟုတ္ႀကီး ေက်နပ္သြားသည္။

ယန္းခ်င္းခ်ီ တဖက္လူ၏ေက်နပ္အားရေနသည့္ မ်က္ႏွာႀကီးကိုၾကည့္ကာ သူအေၾကာင္းစုံ႐ွင္းျပလိုက္တဲ့တစ္ေန႔ သူ႕အခ်စ္ဦးကလည္း က်န္းေမာ့ခ်န္ပဲဆိုတာကိုသာသိသြားခဲ့လွ်င္ တဖက္လူ၏အၿမီးမွာ မိုးအထိေရာက္ေအာင္ေထာင္ေနေလာက္မည္ဟု ေတြးလိုက္မိသည္။ ထိုအခ်ိန္က် အျမင္ကတ္ဖို႔ေကာင္းေလာက္ေအာင္ ျပန္ဆြဲခ်လို႔မရေလာက္ေတာ့ပါ။

ယန္းခ်င္းခ်ီ ထိုသို႔ေတြးမိသြားေတာ့ က်န္းေမာ့ခ်န္ကို လုံးဝမေျပာျပဖို႔ တိတ္တိတ္ေလးဆုံးျဖတ္ခ်က္ခ်လိုက္ေလသည္။ မဟုတ္လွ်င္ အနာဂတ္မွာ ထိုအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး သူ႕ေ႐ွ႕ ေန႔တိုင္းဂုဏ္ဆာေနေလာက္သည္။

ယန္းခ်င္းခ်ီ တဖက္လူလက္ဖမိုးကိုညႇစ္ရင္း ညင္ညင္သာသာေလးေျပာလာခဲ့သည္။

'' ခင္ဗ်ား ကြၽန္ေတာ္႕ကို အဲ့လိုေမးခြန္းထုတ္ဖို႔ အရည္အခ်င္း႐ွိလို႔လားေျပာ မသိရင္ ခင္ဗ်ားမွာဘာအတိတ္ဆိုးမွ မ႐ွိခဲ့တဲ့ပုံစံနဲ႔ ''

က်န္းေမာ့ခ်န္ ေခ်ာင္းဟန္႔လိုက္ကာ ကို႔႐ို႕ကားယားႏိုင္စြာျဖင့္ စကားလမ္း​ေၾကာင္းအျမန္လႊဲလိုက္ေလသည္။

''ဟိုကဘာႀကီးလဲ အဲ့ဒါေတာအုပ္ေလးမလား ကိုယ္တို႔ ခဏေလာက္ အဲ့ထဲဝင္ၾကမလား ''

ယန္းခ်င္းခ်ီ : '' !!!က်န္းေမာ့ခ်န္! ခင္ဗ်ားဘာလုပ္ဖို႔ေတြးေနတာလဲ! နည္းနည္းေလး ကိုယ့္ကိုကိုယ္ထိန္းစမ္းပါဦး! ကြၽန္ေတာ္တို႔မၾကာခင္ျပန္ရေတာ့မွာ! အခ်ိန္မေလာက္ဘူး! ''

က်န္းေမာ့ခ်န္ : ''............''

'' ကိုယ္တို႔ႏွစ္ေယာက္ထဲမွာ ဘယ္သူကတေန႔တျခား ပိုပိုဝါလာတာလဲ ေျပာစမ္း! မင္း အဲ့ထဲဝင္ၾကည့္ခ်င္လားလို႔ သေဘာ႐ိုးနဲ႔ေမးလိုက္႐ုံတင္! ၾကည့္! ဒီတိုင္းၾကည့္႐ုံပဲ! ဘာ႐ွိလဲဝင္ၾကည့္႐ုံပဲ! နားလည္ၿပီလား ''

က်န္းေမာ့ခ်န္ စိတ္တိုလြန္းလို႔ ေသေတာ့မည္ဟု ခံစားေနရသည္။

''ဒါေပမဲ့ ခင္ဗ်ားခုနက ၾကည့္မယ္လို႔မေျပာပဲ ဝင္မယ္လို႔ေျပာလိုက္တယ္ေလ '' ယန္းခ်င္းခ်ီကလည္း ျပန္ျငင္းလာသည္။

က်န္းေမာ့ခ်န္ : ''...........''

''မင္းေလွ်ာက္ၾကည့္ခ်င္တယ္ေျပာလို႔ ကိုယ္ကအဲ့လိုေမးရတာမဟုတ္ဘူးလား ကိုယ္တို႔ႏွစ္ေယာက္ၾကားမွာ တစ္ေယာက္ဘာေတြးေနမွန္းတန္းသိတဲ့ နားလည္မႈေသးေသးေလးေတာင္မ႐ွိဘူး! တကယ့္ကို ပလက္စတစ္လိုအိမ္ေထာင္ဖက္! ''

ယန္းခ်င္းခ်ီ လက္ဆယ္ေခ်ာင္းယွက္သြယ္ထားသည့္ လက္ႏွစ္ဖက္ကိုေျမႇာက္ျပရင္း

'' ကြာ႐ွင္းခ်င္လို႔လား ''

'' စိတ္ကူးထဲေတာင္ထည့္မစဥ္းစားနဲ႔! ''

'' ေၾသာ ဒါဆိုလည္းသြားၾကမယ္ေလ ေတာအုပ္ေလးထဲ ဘာေတြမ်ားၾကည့္စရာ႐ွိလဲလို႔ သေဘာ႐ိုးနဲ႔ ဟိုဟိုဒီဒီလိုက္ၾကည့္လိုက္ၾကရေအာင္ ''

က်န္းေမာ့ခ်န္ : ''.........''

သို႔ေသာ္ သူတို႔ေတာအုပ္ေလးေ႐ွ႕ေလွ်ာက္သြားတဲ့အခ်ိန္ ေတာအုပ္ေ႐ွ႕ သစ္ပင္အတန္းလိုက္ႀကီးကလြဲ ထိုေနာက္မွာ ဘာမွမ႐ွိသည့္ ေျမကြက္လပ္ႀကီးျဖစ္ေနေၾကာင္း သိလိုက္ရသည္။ ယန္းခ်င္းခ်ီ သူ႕ေ႐ွ႕ကသစ္ပင္ေတြကို ဓာတ္မီးနဲ႔လိုက္ထိုးၾကည့္လိုက္ေတာ့ သစ္ပင္ေပၚမွာ အျပာေရာင္အသီးေလးေတြသီးေနတာကိုျမင္လိုက္ရေလသည္။ ယန္းခ်င္းခ်ီ နည္းနည္းေလာက္ခူးၿပီး အရသာျမည္းၾကည့္ခ်င္ေသာ္ျငား ဒါ႐ိုက္တာကေတြ႕ကရာအသီး ခူးမစားရဘူးဟု မွာလိုက္တာေၾကာင့္ ထိုအၾကံကိုလက္ေလွ်ာ့လိုက္ရကာ က်န္းေမာ့ခ်န္ကိုဆြဲၿပီး ေတာအုပ္ထဲဝင္သြားလိုက္သည္။

သစ္ပင္ေတြက အျပဳံလိုက္ႀကီးေပါက္မေနပဲ ႀကိဳၾကားႀကိဳၾကားေပါက္ေရာက္ေနတဲ့အတြက္ ဓာတ္မီးအကူအညီျဖင့္ လမ္းေလွ်ာက္ရမခက္ခဲပါ။ ႏွစ္ေယာက္သား တိတ္တိတ္ေလးေလွ်ာက္ေနၾကစဥ္ က်န္းေမာ့ခ်န္ ႐ုတ္တရက္ႀကီး ယန္းခ်င္းခ်ီလက္ကိုကိုင္လႈပ္ကာ

''ေကာင္းကင္ကိုေမာ့ၾကည့္လိုက္ ''

သူ ေမာ့ၾကည့္လိုက္ေတာ့ ေကာင္းကင္မွာ ၾကယ္ေတြျပည့္ေနတာကိုျမင္လိုက္ရေလသည္။ ေတာင္ေပၚတက္ကတည္းက အခုအခ်ိန္အထိ တနည္းနည္းျဖင့္အလုပ္႐ႈပ္ေနခဲ့တာေၾကာင့္ ေကာင္းကင္မွာၾကယ္ေတြျပည့္ေနမွန္း သတိမထားမိလိုက္ပါ။

သူ ငယ္ငယ္ေလးကတည္းက ၿမိဳ႕ႀကီးျပႀကီးထဲမွာပဲ ႀကီးျပင္းလာခဲ့တဲ့အတြက္ ၿမိဳ႕ျပေကာင္းကင္က ဘယ္အခ်ိန္ၾကည့္ၾကည့္ အမဲႀကီးသာျဖစ္သည္။ အခုလို ႐ုတ္တရက္ႀကီး ေကာင္းကင္မွာၾကယ္ေတြျပည့္ေနတာကိုျမင္လိုက္ရေတာ့ ေတာ္ေတာ္ေလး အံ့ၾသသြားေလသည္။

ယန္းခ်င္းခ်ီ ခဏေလာက္ေမာ့ၾကည့္ေနလိုက္ကာ က်န္းေမာ့ခ်န္ဘက္ျပန္လွည့္ရင္း

''ခုနစ္စင္ၾကယ္လည္းမ႐ွိဘူး ''

''အခုလို ၾကယ္ေတြအမ်ားႀကီးတစ္စုတစ္စည္းထဲ ေတြ႕ရတာပဲ မဆိုးဘူးလို႔ေျပာလို႔ရေနပါၿပီ ဘာေတြထပ္ၿပီး ေခ်းခ်ာမ်ားခ်င္ေသးတာလဲ ကိုယ္ဆိုအခုအခ်ိန္အထိ ခုနစ္စင္ၾကယ္မျမင္ဖူးေသးဘူး ''

''ကြၽန္ေတာ္လည္း မျမင္ဖူးဘူးေလ အဲ့ဒါေၾကာင့္ေတြ႕ခ်င္တယ္လို႔ေျပာတာေပါ့ ''

က်န္းေမာ့ခ်န္ ခဏေလာက္ စဥ္းစားေနလိုက္ကာ

''ခဏေစာင့္ '' ထိုသို႔ေျပာအၿပီး ယန္းခ်င္းခ်ီလက္ကိုလႊတ္လိုက္သည္။ ထို႔ေနာက္ အနီးအနားက သစ္ကိုင္းေျခာက္တစ္ေခ်ာင္းခ်ိဳးကာ သူ႕ဆီျပန္ေလွ်ာက္လာသည္။

ဘယ္လက္ကဓာတ္မီးကိုင္ရင္း ညာလက္ကသစ္ကိုင္းေျခာက္ကိုင္ၿပီး ယန္းခ်င္းခ်ီေ႐ွ႕ကေျမျပင္ေပၚ ပန္းခ်ီဆရာႀကီးက်န္းေမာ့ခ်န္ ဟိုျခစ္ဒီျခစ္လုပ္ေနသည္။ ယန္းခ်င္းခ်ီ စစခ်င္း တစ္ဖက္လူဘာလုပ္ခ်င္မွန္း နားမလည္ေသာ္ျငား ေနာက္ပိုင္းနားလည္သြားေလသည္။ ____ က်န္းေမာ့ခ်န္က သူ႕အတြက္ ခုနစ္စင္ၾကယ္ဆြဲေပးေနျခင္းေပ။

က်န္းေမာ့ခ်န္ ခုနစ္စင္ၾကယ္ဆြဲၿပီးဖို႔ အခ်ိန္ခဏေလာက္ယူလိုက္ရကာ ထို႔ေနာက္ မတ္တပ္ထရပ္လိုက္ၿပီး ေျမျပင္ေပၚက ခုနစ္စင္ၾကယ္ကိုၾကည့္ရင္း ယန္းခ်င္းခ်ီကိုကူကယ္ရာမဲ့စြာ ျပန္ၾကည့္လိုက္သည္။

''အခုေတာ့ ဒါေလးပဲၾကည့္ထားလိုက္ပါ ဒါက ကိုယ့္ရဲ႕အျမင့္ဆုံး ပုံဆြဲစြမ္းရည္ပဲ နည္းနည္းေတာ့သည္းခံေပး ''

ယန္းခ်င္းခ်ီ သူ႕ေ႐ွ႕ကလူကိုၾကည့္ရင္း ႏႈတ္ခမ္းေထာင့္က မသိမသာျမင့္တက္သြားသည္။ သူ ေခါင္းငုံ႔ကာ ေျမျပင္ေပၚေလွ်ာက္ျခစ္ထားသည့္ ခုနစ္စင္ၾကယ္ကိုၾကည့္လိုက္မိသည္။ ေျမႀကီးေပၚထိုးထားလို႔ လင္းခ်င္းေနသည့္ ဓာတ္မီးေရာင္က သူ႕ႏွလုံးသားကိုပါ အလင္းဓာတ္ေပးလိုက္သလိုမ်ိဳး ေႏြးေထြးေနေလသည္။ က်န္းေမာ့ခ်န္ ဒီလိုလုပ္ေပးလိမ့္မယ္လို႔ တစ္ခါမွမေတြးထားခဲ့ဖူးပါ။ မထင္မွတ္ထားပဲ က်န္းေမာ့ခ်န္လို ပုံဆြဲရတာမႀကိဳက္တဲ့လူတစ္ေယာက္က ျမင္ခ်င္တယ္ေျပာလိုက္႐ုံနဲ႔ ေျမျပင္ေပၚ ခုနစ္စင္ၾကယ္ဆြဲေပးလာျခင္းပင္။

ယန္းခ်င္းခ်ီ ေျမျပင္ေပၚက သူ႕အတြက္ဆြဲေပးထားသည့္ ပုံကိုၾကည့္ရင္း ႏွလုံးေတြအခုန္ျမန္လာသည္။ မကြက္မဝွက္တမ္းေျပာရလွ်င္ က်န္းေမာ့ခ်န္ပုံကတစ္ကယ္ႀကီးၾကည့္လို႔မေကာင္းပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ေျမျပင္ေပၚမွာ သစ္ကိုင္းေျခာက္ျဖင့္ဆြဲထားျခင္းျဖစ္တာေၾကာင့္ မ်ဥ္းေတြကမေျဖာင့္ပဲ အနည္းငယ္ေကြးေကာက္ေနသည္။ သို႔ေသာ္ ယန္းခ်င္းခ်ီအတြက္ေတာ့ လိုတာထက္ပိုေနၿပီျဖစ္သည္။

အဘယ္ေၾကာင့္ဆိုေသာ္ ထိုကဲ့သို႔ ႐ိုမန္႔တစ္ဆန္တတ္မႈေလးကပဲ အရာအားလုံးထက္အဖိုးတန္ေနေသာေၾကာင့္ပင္။ လွတာမလွတာထက္ အေရးႀကီးဆုံးက တဖက္လူယူေဆာင္လာေပးသည့္ ဂ႐ုစိုက္မႈေလးျဖစ္သည္။

''ကြၽန္ေတာ္႕အထင္ေတာ့ ဆြဲထားတာတကယ္ေကာင္းပါတယ္ '' ယန္းခ်င္းခ်ီ ေလေျပေလးျဖင့္ေျပာလာသည္။

က်န္းေမာ့ခ်န္ရယ္လိုက္ကာ အ႐ွက္ေျပ ႏွာေခါင္းေလးပြတ္ရင္း

''မင္းႀကိဳက္ရင္ ၿပီးတာပဲ ''

ယန္းခ်င္းခ်ီ ျပဳံးေနေသာမ်က္ဝန္းတစ္စုံျဖင့္ က်န္းေမာ့ခ်န္ကိုေမာ့ၾကည့္လိုက္ကာ

''က်ိန္းေသေပါက္ ကြၽန္ေတာ္ႀကိဳက္တာေပါ့ '' သူဆက္ေျပာလာသည္။ '' ႀကိဳက္႐ုံတင္မကဘူး ႐ိုမန္႔တစ္ဆန္တယ္လို႔လည္းထင္တယ္ က်န္းေမာ့ခ်န္ ခင္ဗ်ား ဘာလို႔ ႐ုတ္တရက္ႀကီး ႐ိုမန္႔တစ္ဆန္သြားရျပန္တာတုန္း ''

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီလက္ကိုျပန္ကိုင္လိုက္ကာ ႏႈတ္ခမ္းနားကပ္ၿပီး လက္ခုံေလးကိုမထိတထိနမ္းလိုက္သည္။

''မေျပာတတ္ဘူး ျဖစ္ႏိုင္တာကေတာ့ မင္းကိုယ့္ကိုကြာ႐ွင္းလိုက္မွာ ေၾကာက္လို႔ေနမွာေပါ့ ''

ယန္းခ်င္းခ်ီ တဖက္လူစကားေၾကာင့္ ရယ္ခ်င္သြားကာ

'' စိတ္ကူးထဲေတာင္ ထည့္မစဥ္းစားနဲ႔လို႔ ေျပာခဲ့တယ္မလား ''

''အမွန္ပဲ စိတ္ကူးထဲေတာင္ ထည့္မစဥ္းစားနဲ႔ '' က်န္းေမာ့ခ်န္ သူ႕ေ႐ွ႕က ေကာင္ေလးကို သကၤါမကင္းျပန္ၾကည့္လိုက္ကာ '' မင္း အခုအခ်ိန္အထိ အဲ့လိုလုပ္ခ်င္ေနတုန္းပဲလား ''

ယန္းခ်င္းခ်ီ ေခါင္းခါျပသည္။

''ကြၽန္ေတာ္လုပ္ခ်င္တာသပ္သပ္႐ွိၿပီးသား ''

'' ဘာလုပ္ခ်င္ေသးတာလဲ '' က်န္းေမာ့ခ်န္နည္းနည္းေလး စပ္စုခ်င္သြားသည္။ သူ႕ၾကင္သူက အကုန္လုံးေကာင္းေသာ္ျငား ေခါင္းေသးေသးေလးထဲကေန ေပါက္ကရအၾကံဉာဏ္ေလးေတြ ထြက္ထြက္လာတတ္တာေၾကာင့္ တစ္ခါတစ္ေလ တဖက္လူဘာစဥ္းစားေနမွန္း သူ႕ကို ခန္႔မွန္းရခက္ေစသည္။

ယန္းခ်င္းခ်ီ သူ႕ေ႐ွ႕လူကိုအျပဳံးေလးျဖင့္ၾကည့္ကာ

''ခင္ဗ်ား ေခါင္းေမာ့လိုက္ ''

က်န္းေမာ့ခ်န္ ေခါင္းေမာ့ၾကည့္လိုက္ေတာ့ အနက္ေရာင္ဖဲကတၱီပါေပၚမွာ ျပန္႔ႀကဲေနသည့္ စိန္ပြင့္ေလးေတြလို တဖ်က္ဖ်က္လက္ေနေသာ ၾကယ္အစုအေဝးႀကီးျဖင့္ ရင္ဆိုင္လိုက္ရသည္။

ယန္းခ်င္းခ်ီ ဘာလုပ္ခ်င္မွန္းမသိတာေၾကာင့္ သူဇေဝဇဝါျဖစ္သြားကာ မသိစိတ္အရေခါင္းငုံ႔ၿပီး သူ႕ေ႐ွ႕ကေကာင္ေလးကိုျပန္ေမးလိုက္သည္။

''ကိုယ့္ကို ဘာလို႔ေမာ့....... ''

သို႔ေသာ္ သူစကားဆုံးေအာင္ေျပာခြင့္မရလိုက္ပါ။ အေၾကာင္းမွာ ယန္းခ်င္းခ်ီက သူ႕ႏႈတ္ခမ္းေတြကို သိမ္းပိုက္လိုက္ေသာေၾကာင့္ပင္။

ထိုအခ်ိန္ေရာက္မွ ယန္းခ်င္းခ်ီဘာလုပ္ခ်င္ေနမွန္း က်န္းေမာ့ခ်န္သေဘာေပါက္သြားေတာ့သည္။ နမ္းေနစဥ္တစ္ေလွ်ာက္လုံးလည္း သူ႕ႏႈတ္ခမ္းစြန္းေတြမျမင့္တက္ပဲမေနႏိုင္ခဲ့။

'' ဒါလုပ္ခ်င္လို႔ တိတ္တိတ္ေလးၾကံစည္ထားတာပဲ '' သူ ယန္းခ်င္းခ်ီနားကို ခပ္ဖြဖြနမ္းရင္း ျပန္စေနာက္ေနသည္။

ယန္းခ်င္းခ်ီ ျပန္ေမာ့ၾကည့္လာကာ

''ဒီလို႐ိုမန္႔တစ္ဆန္တဲ့ေလထုမွာ ႐ိုမန္႔တစ္ဆန္တာေလးတစ္ခုခုလုပ္မွျဖစ္မွာေပါ့ ''

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီကို ဖက္ထားရင္း

'' ဒါဆိုရင္ေတာ့ ေနာက္လည္း ဒီလိုအခြင့္အေရးမ်ိဳးထပ္ရဖို႔ ႐ိုမန္႔တစ္ဆန္တာေတြတိုးလုပ္မွျဖစ္ေတာ့မယ္နဲ႔တူတယ္ ''

'' အဲ့လိုဆိုပိုေကာင္းတာေပါ့ အရမ္းေတြေမွ်ာ္လင့္ေနပါၿပီ မစၥတာက်န္း ''

'' လုံးဝစိတ္မပ်က္ေစရပါဘူး က်န္းဖူရန္ ''

ႏွစ္ေယာက္သား တစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္အၾကာႀကီးေပြ႕ဖက္ထားကာ စကားခ်ိဳခ်ိဳေလးေတြေျပာရင္း စေနာက္ေနၾကသည္။ ထို႔ေနာက္ ေ႐ွ႕ဆက္သြားခ်င္ေသးလားဟု က်န္းေမာ့ခ်န္ေမးလာခဲ့သည္။ ျပန္မယ္ဆို အခ်ိန္နည္းနည္းယူရမည္ျဖစ္ေၾကာင္း ေျပာလာျပန္သည္။

ထိုအခါမွ သူတို႔မွာ တစ္နာရီပဲလြတ္လပ္ခ်ိန္ရမွန္း ယန္းခ်င္းခ်ီ ျပန္သတိရသြားသည္။

''အိုင္းယား ကြၽန္ေတာ္ႏွစ္ေယာက္က အရမ္းသနားဖို႔ေကာင္းတာပဲ အခုအခ်ိန္ထိထိန္းခ်ဳပ္ခံထားရတဲ့ေက်ာင္းသားေလးေတြလို အေဆာင္မႉးခြင့္ျပဳထားတဲ့ အခ်ိန္ကို မွီေအာင္ျပန္ရဦးမယ္ အရမ္းဆိုး႐ြားတာပဲ! ''

''ကိုယ့္ကံၾကမၼာကို လက္ခံလိုက္ပါ အတန္းေဖာ္ယန္း ဒါက အမ်ားနဲ႔ခရီးသြားရင္ျဖစ္တတ္တဲ့ ဆိုးက်ိဳးေတြပါပဲ ''

''ေနာက္ပိုင္း ကြၽန္ေတာ္တို႔အခ်ိန္ရရင္ ကိုယ့္ပိုက္ဆံနဲ႔ကို ခရီးထပ္သြားရေအာင္ '' ယန္းခ်င္းခ်ီ အၾကံျပဳလာသည္။ '' ကြၽန္ေတာ္တို႔ႏွစ္ေယာက္ထဲသြားမလား ဒါမွမဟုတ္ ကေလးေတြပါ ေခၚသြားၾကမလား ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔က မိသားစုေလးေယာက္ဆိုေတာ့ေလ ''

'' ကိုယ္တို႔ႏွစ္​ေယာက္ထဲပဲ အရင္သြားၾကရေအာင္ပါ ကေလးေတြကငယ္ေသးတယ္ သူတို႔ေတာ္ေတာ္ေလးႀကီးလာမွ ေခၚသြားတာပိုေကာင္းလိမ့္မယ္ '' က်န္းေမာ့ခ်န္ကလည္း သူ႕တစ္ကိုယ္ေကာင္းဆန္မႈကို တစ္စက္ကေလးေတာင္ဖုံးဖိထားလိုစိတ္မ႐ွိပါ။

ယန္းခ်င္းခ်ီ သူ႕ေ႐ွ႕ကလူကိုၾကည့္ရင္း စေနာက္လာသည္။

'' တကယ္ႀကီး ကေလးေတြငယ္ေသးလို႔ေရာ ဟုတ္ရဲ႕လား ခင္ဗ်ားက စီးမာေက်ာင္းအတြင္းစိတ္လိုပဲ ဘာၾကံေနမွန္း ေဘးလူေတြအကုန္သိတယ္ ''

(T/N: စီးမာေက်ာင္းက စစ္သူႀကီးပါ ဘုရင့္ပလႅင္ကိုက်ားေခ်ာင္း,ေခ်ာင္းေနလို႔ သူဘာၾကံေနမွန္း ေဘးလူေတြအကုန္သိတယ္လို႔ေျပာတာပါ တဖက္လူဘာၾကံေနမွန္း၊ ဘာဆိုလိုခ်င္မွန္း အရမ္းသိသာေနရင္ အဲ့ဥပစာနဲ႔ခိုင္းႏိႈင္းပါတယ္ )

က်န္းေမာ့ခ်န္ ရင္ခြင္ထဲကေကာင္ေလးကို ပြတ္သပ္ရင္း

''ကိုယ့္အၾကံကို ေဘးလူေတြ သိသိ မသိသိ ကိုယ္စိတ္မဝင္စားဘူး မင္းသိရင္ရၿပီ ''

ဒီည က်န္းေမာ့ခ်န္ေျပာတဲ့စကားေတြအကုန္လုံးက သၾကားဓာတ္ျမင့္လြန္းေနတယ္ဟု ယန္းခ်င္းခ်ီေတြးလိုက္မိသည္။ အခု သူ႕ေ႐ွ႕က က်န္းေမာ့ခ်န္မွာ သၾကားလုံးထုပ္ႀကီးလိုပင္။ အရမ္းကိုခ်ိဳျမလြန္းသည္။ ဒီလူက သူနဲ႔ ႏွစ္ေယာက္တည္း တစ္ကမ႓ာတည္ခ်င္ေနမွန္း က်ိန္းေသေပါက္ သူေကာင္းေကာင္းႀကီးနားလည္တာေပါ့။

သူတို႔ႏွစ္ေယာက္ဆက္ႏြယ္မႈက တျခားလူေတြလိုမဟုတ္ပဲ လက္ထပ္ၿပီးမွ ခ်စ္ျခင္းစတာမို႔ ကနဦး ခ်ိန္းေတြ႕တာေတြ၊ အခ်ိန္ေပးျခင္းေတြ သူတို႔ႏွစ္ေယာက္ၾကားမွာ မ႐ွိခဲ့ပါ။ ထို႔ေနာက္ ခ်က္ခ်င္း ကေလးေတြရလာၿပီး မိသားစုဆိုတဲ့အသိုက္အျမဳံေလးျဖစ္တည္လာတဲ့အတြက္ ႏွစ္ေယာက္ထဲျဖတ္သန္းရမည့္ အခ်ိန္ေကာင္းဆိုၿပီး သီးသန္႔မ႐ွိခဲ့ဖူးေပ။ က်န္းေမာ့ခ်န္ အခုလိုမ်ိဳး နမ္းလိုက္၊ စေနာက္လိုက္ျဖင့္ ႏွစ္ေယာက္တစ္ကမ႓ာလုပ္ခ်င္ေနသည္။ သူကိုယ္တိုင္လည္း တဖက္လူရဲ႕ေထြးေပြ႕မႈနဲ႔အေႏြးဓာတ္ကိုခံစားရင္း ဒီ့ထက္ပိုခိုင္ၿမဲသည့္ ဆက္ဆံေရးတစ္ခုဆီ တြဲလက္ၿမဲစြာျဖင့္ တစ္လွမ္းခ်င္းစီ ေလွ်ာက္သြားခ်င္သည္။ သူတို႔မွာ အနာဂတ္အ႐ွည္ႀကီးက်န္ေသးတာေၾကာင့္ သူတို႔နဲ႔သက္ဆိုင္သည့္ ကေလးေတြ၊မိသားစုေတြကို ဘယ္အခ်ိန္မဆို အခ်ိန္ေပးလို႔ရသည္။ သို႔ေသာ္ တစ္ခါတစ္ရံမွာ အေႏွာက္အယွက္မ႐ွိပဲ အခ်ိန္ေတြကို ႏွစ္ေယာက္တည္းအတူတူကုန္ဆုံးခ်င္သည္။

ယန္းခ်င္းခ်ီ ဖုန္းထုတ္ကာ ေျမျပင္ေပၚက ခုနစ္စင္ၾကယ္ေလးကိုေရာ၊ ေကာင္းကင္ေပၚက ၾကယ္စုၾကယ္ေဝးႀကီးကိုပါ ဓာတ္ပုံ႐ိုက္ယူလိုက္သည္။

ကံေကာင္းတယ္လို႔ပဲဆိုရမလား။ သူတို႔တက္ေနတဲ့ ေတာင္က လိုင္းမမိတာေၾကာင့္ ဝန္ထမ္းေတြက သူတို႔ကို ဖုန္းကိုင္ခြင့္ေပးထားသည္။ ထို႔ေၾကာင့္ ကံေကာင္းစြာျဖင့္ ဒီညအမွတ္တရေလးကို ဓာတ္ပုံအမိအရ႐ိုက္ယူထားလိုက္ႏိုင္သည္။

'' သြားရေအာင္ ေ႐ွ႕မွာဘာ႐ွိေသးလဲ ဆက္ၾကည့္ၾကမယ္ ခြင့္ျပဳထားတဲ့အခ်ိန္မျပည့္ခင္ေလး အဝကဲရေအာင္ အတန္းေဖာ္က်န္း ''

''ေကာင္းၿပီေလ '' က်န္းေမာ့ခ်န္ သေဘာတူလိုက္သည္။

ႏွစ္ေယာက္သား လက္ခ်င္းတြဲၿပီး ေ႐ွ႕ကိုဆက္ေလွ်ာက္သြားခ်ိန္ ေရတသြင္သြင္စီးေနသံကိုၾကားလိုက္ၾကရသည္။

ယန္းခ်င္းခ်ီ အံ့ၾသသြားကာ

'' ဒီမွာတကယ္ႀကီး ေရ႐ွိတယ္ ေရထဲမွာငါး႐ွိေနမလား သိခ်င္လိုက္တာ ''

''တကယ္လို႔ ငါး႐ွိေနရင္ေတာင္ ကိုယ္တို႔မွာဖမ္းဖို႔အခ်ိန္မေလာက္ဘူး ခဏေလာက္ၾကည့္ၿပီး ျပန္ရေအာင္ပါ ''

'' ခင္ဗ်ား ဗိုက္ဆာေနလား '' သူတို႔အခုအခ်ိန္အထိ ဘာမွမစားရေသးတာကို ယန္းခ်င္းခ်ီ႐ုတ္တရက္ႀကီး သတိရသြားသည္။ သူကိုယ္တိုင္က ဗိုက္သိပ္မဆာေသးတာေၾကာင့္ က်န္းေမာ့ခ်န္ကို ဗိုက္ဆာေနလားေမးဖို႔ ေမ့သြားခဲ့ျခင္းျဖစ္သည္။

က်န္းေမာ့ခ်န္လည္း ဗိုက္မဆာေသးပါ။

'' အဲ့ေလာက္မဆာေသးဘူး အရင္ဆုံးအေ႐ွ႕မွာဘာ႐ွိလဲ သြားၾကည့္ၾကရေအာင္ေလ ၿပီးမွ တခုခုစားလည္း ေနာက္မက်ေသးပါဘူး ''

''အဲ့လိုပဲလုပ္ၾကတာေပါ့ ''

ႏွစ္ေယာက္သားေ႐ွ႕ကိုဆက္ေလွ်ာက္သြားစဥ္ ထင္ထားသည့္အတိုင္း ေတာင္ေအာက္စီးဆင္းေနသည့္ စမ္းေခ်ာင္းငယ္ေလးကိုေတြ႕လိုက္ရေလသည္။ သို႔ေသာ္ စမ္းေခ်ာင္းငယ္ေလးက တိမ္တိမ္က်ဥ္းက်ဥ္းေလးျဖစ္တာေၾကာင့္ ဓာတ္မီးထိုးၾကည့္လိုက္တာနဲ႔ စမ္းေခ်ာင္းေအာက္ေျခကို အတိုင္းသားျမင္ေနရသည္။

ယန္းခ်င္းခ်ီ စိတ္မေကာင္းျဖစ္သြားကာ

''ငါးလည္းမ႐ွိဘူး ''

က်န္းေမာ့ခ်န္ တဖက္လူရဲ႕ႏွေျမာတသျဖစ္ေနသည့္ ေလသံေလးကိုၾကားေတာ့ အိတ္ထဲကရိကၡာေျခာက္ေတြထုတ္ၿပီး ေခ်ာ့လိုက္ရသည္။

'' ဒါေလးပဲ ငါးအမွတ္နဲ႔ စားလိုက္ေနာ္ လိမၼာတယ္ ''

__________________________________

အမေလး တစ္ပိုင္းလုံး ေခြးစာ 🤧

Continue Reading

You'll Also Like

324K 24.2K 88
ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Date •••
245K 13.4K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...