ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 711K 55.1K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 153

23.6K 3.3K 127
By Dandelion_nini

Unicode

ဘော့စ်ကျန်းနဲ့ ချင်းချီတို့ရဲ့ စွန့်စားခန်းလေးစတင်ပြီ
________________________________

ကျန်းမော့ချန်နဲ့ ယန်းချင်းချီ S လေဆိပ်ကိုရောက်တဲ့အချိန် သူ့တို့ထက်စောရောက်နေသည့် လီပေါ်ကျုံး လီမော့တို့နဲ့သွားဆုံသည်။ လီပေါ်ကျုံးက အသက်၅၀နီးပါးရှိနေပြီဖြစ်ကာ လီမော့ကတော့ ပထမနှစ်တက္ကသိုလ်ကျောင်းသူဖြစ်တာကြောင့် ၁၉နှစ်ပဲရှိသေးသည်။ သူမက luggageကိုခွထိုင်နေရင်း သူမအဖေသြဝါဒခြွေတာကို ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေရသည်။

''ရိုက်ကူးရေးလုပ်ရင် သခင်မလေးစိတ်ဓာတ်နဲ့ နေလို့မရဘူးနော် အားအားနေစိတ်ဆိုးဒေါသဖြစ်ဖို့ပဲ ချောင်းမနေနဲ့ လူတိုင်းနဲ့တည့်အောင်ပေါင်းရမယ် ယဥ်ယဥ်ကျေးကျေးဆက်ဆံရမယ် နားလည်လား ''

လီမော့က ထိုစကားများကို အကြိမ်၈၀၀လောက် ထပ်ခါထပ်ခါကြားပြီးပြီဖြစ်တာကြောင့် ပြီးစလွယ် '' အင်းပါ အင်းပါ '' ဟုပြန်ဖြေရင်း ခေါင်းငြိမ့်ပြလိုက်သည်။ လီပေါ်ကျုံးတစ်ယောက် သူ့သမီးရဲ့ပြီးစလွယ်အမူအရာကိုမြင်တော့ စိတ်အေးသွားရမည့်အစား ပိုတောင်စိတ်ပူလာသည်။ ဒီအသက်အရွယ်ကြီးရောက်မှ ဘာလို့ Variety Showဝင်ရိုက်ရလဲ? ကျိန်းသေပေါက် သူ့သမီးလေးကို မြေတောင်မြှောက်ပေးချင်လို့ပေါ့။ ဒီShowကနေတစ်ဆင့် လီမော့ကို လူသိများလာအောင် Fanလေးတွေရလာအောင် သူ့သမီးကင်မရာနဲ့မစိမ်းသက်အောင် ဒုက္ခလာခံပေးခြင်းဖြစ်သည်။ မဟုတ်လျှင် သာမန်အနားယူထားတဲ့အန်ကယ်ကြီးတွေလို ငှက်လေးမွေးလိုက်၊ခွေးလေးအစာကျွေးလိုက်နဲ့ပဲ အငြိမ်းစားဘဝကိုအေးအေးလူလူဖြတ်သန်းနေမှာဖြစ်သည်။

လီမော့ Luggageပေါ်ထိုင်နေရင်း ဟိုဟိုဒီဒီလှည့်ကြည့်လိုက်တော့ ယန်းချင်းချီနဲ့ကျန်းမော့ချန် သူတို့ဘက်လျှောက်လာတာကိုမြင်လိုက်ရသည်။ သူမ Luggage ပေါ်ကနေချက်ချင်းကောက်ထလိုက်ကာ ဆံပင်တွေဘာတွေသပ်၊ အင်္ကျီတွေဘာတွေပြင်ပြီး လက်မြှောက်နှုတ်ဆက်လိုက်လေသည်။

''Hi ညီမက လီမော့ ဒါကညီမအဖေ လီပေါ်ကျုံး ညီမတို့က အစ်ကိုတို့နဲ့အတူတူ 《 အကောင်းဆုံးပါတနာ 》တွဲရိုက်ရမှာ အစ်ကိုတို့ နိဟောင်အာ ''

ယန်းချင်းချီ ညင်ညင်သာသာလေးပြန်နှုတ်ဆက်လိုက်သည်။

''နိဟောင် ''

ယန်းချင်းချီပြန်နှုတ်ဆက်လာတာကိုမြင်တော့ သူမ အိတ်ထဲကနေ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို ပျော်ပျော်ရွှင်ရွှင် ကောက်ထုတ်လိုက်သည်။ ထိုထဲတွင် ဓာတ်ပုံနှစ်ပုံရှိနေကာ တစ်ပုံကကျန်းမော့ချန်ပုံဖြစ်ပြီး တစ်ပုံကယန်းချင်းချီပုံဖြစ်သည်။ သူမ ထိုဓာတ်ပုံနှစ်ပုံကိုချက်ချင်းဆွဲထုတ်ပြီးနောက် သူ့ရှေ့ကအမျိုးသားနှစ်ယောက်ကိုပြိုင်တူကြည့်ရင်း

''ညီမကို လက်မှတ်ထိုးပေးလို့ရမလားဟင် ''

ဒီဒုတိယမျိုးဆက်သစ်စတားပေါက်စလေးက သူတို့နှစ်ယောက်လုံးရဲ့Fanဖြစ်နေလိမ့်မည်ဟု ယန်းချင်းချီမထင်လိုက်မိပါ။ သို့သော် မကြာခင် ရိုက်ကူးရေးအတူတူတွဲလုပ်ရမှာဖြစ်သည့်အပြင် ငြင်းပစ်လောက်စရာမယ်မယ်ရရအကြောင်းပြချက်လည်း မရှိသော်ငြား....... သူ လက်ဆန့်ထုတ်ကာ ကူကယ်ရာမဲ့နေသည့် လေသံလေးဖြင့်ပြန်ပြောလိုက်သည်။

''ကိုယ့်မှာ ဘောပင်မရှိဘူး ''

''သြော သြော သြော '' သူမ အိတ်ထဲကနေ ဘောပင်တစ်ချောင်း အလျင်အမြန်ကောက်ထုတ်လိုက်ကာ '' ကောကောကို ဒုက္ခများစေမိပြီ ''

ဘေးနားကနေ သူ့သမီးလုပ်သမျှ လိုက်ကြည့်နေသည့် လီပေါ်ကျုံးတစ်ယောက် အရှက်ပြေချောင်းဟန့်လိုက်ရသည်။ တွေ့တွေ့ချင်း လူကို လက်မှတ်ထိုးခိုင်းရရောလား? သူ့သမီးက တော်တော်လေးအရိပ်သုံးပါး နားမလည်တာပဲဟု လီပေါ်ကျုံး သူ့သမီးသူ စိတ်ထဲကနေ တိတ်တိတ်လေးကြိတ်ဆူနေလိုက်သည်။ သူ ကျန်းမော့ချန်နဲ့ ယန်းချင်းချီတို့နှစ်ယောက်ကို အားနာသလိုကြည့်ရင်း

'' ရှောင်မော့က နည်းနည်းသွက်တော့ မင်းတို့စိတ်ထဲမထည့်ဖို့ မျှော်လင့်ပါတယ် ''

ထိုစကားကြားတော့ ကျန်းမာချန်ပြုံးပြလိုက်ကာ

'' ဘာမှမဖြစ်ပါဘူး လီလောင်ရှီး မတွေ့ရတာတောင်ကြာပြီ ''

ကျန်းမော့ချန် Debutစလုပ်တဲ့နှစ်က ဇာတ်ကားတစ်ကားမှာ လီပေါ်ကျုံးနဲ့အတူတူတွဲရိုက်ဖူးသည်။ သူ့အခန်းကအများကြီးမပါဘူးဆိုသော်ငြား ရိုက်ကွင်းထဲရှိသမျှလူအားလုံးနဲ့ အဆင်ပြေအောင်နေတတ်သည့် မင်းသားပေါက်စလေးကိုတော့ သူမှတ်မိနေဆဲဖြစ်သည်။ နှစ်တွေအများကြီးကြာတော့ လီပေါ်ကျုံးလည်းအနားယူလိုက်ပြီဖြစ်ကာ ကျန်းမော့ချန်လည်း အရင်လိုစတားပေါက်စလေးမဟုတ်တော့ပါ။ ကျန်းမော့ချန် အခုအနေအထားအရ သူ့ကို မမှတ်မိပဲနေချင်လျှင်တောင်ရသည်။ သို့သော် တဖက်က သူ့ကို မှတ်မိနေသေးသည့်အပြင် ရိုရိုသေသေနှုတ်ဆက်လာတာကိုမြင်တော့ စိတ်သက်သာရာရသွားလေသည်။

''ငါက အသက်ကြီးလို့ အနားတောင်ယူလိုက်ပါပြီကွာ အခုအချိန်က မင်းတို့လူငယ်တွေတောက်ပရမဲ့အချိန်ပါ ''

ယန်းချင်းချီ ဘေးကနှစ်ယောက်စကားပြောသံကိုကြားတော့ ကျန်းမော့ချန်ဘက်လှည့်မေးလိုက်သည်။

''ခင်ဗျားနဲ့ လီလောင်ရှီးနဲ့က အသိတွေလား ''

ကျန်းမော့ချန် ခေါင်းငြိမ့်ပြလိုက်ကာ

''အမှန်ပဲ ကိုယ် Debutစလုပ်တဲ့နှစ်မှာ မှုခင်းရုပ်ရှင်ကားတစ်ကားရိုက်ရတယ် အဲ့ထဲမှာ ကိုယ်ကလူသတ်သမား လီလောင်ရှီးက စိတ်ရောဂါအထူးကုဆရာဝန် နေရာကနေ သရုပ်ဆောင်ခဲ့ရတာလေ ''

ယန်းချင်းချီ ထိုစကားကိုခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေလိုက်ကာ သူ လီပေါ်ကျုံးဘက်လှည့်ပြီး နှုတ်ဆက်လိုက်သည်။

''လီလောင်ရှီး ဟောင် ''

''နိဟောင် '' လီပေါ်ကျုံး ယန်းချင်းချီကိုပြန်နှုတ်ဆက်လိုက်ကာ အနည်းငယ်ရှက်နေသည့် လေသံဖြင့် '' အဲ့ဒါတွေအားလုံးက အရင်ကကိစ္စတွေပါ မထင်မှတ်ထားပဲ မော့ချန်က မှတ်မိနေသေးတယ် ''

သူမအဖေက ကျန်းမော့ချန်နဲ့တွဲသရုပ်ဆောင်ဖူးမှန်း လီမော့ကြားသွားသည့်အခါ အံ့သြတကြီးထအော်လာသည်။

''သမီးကို ဘာလို့အဲ့အကြောင်းတွေမပြောပြရတာလဲ! တစ်ခုမှမသိခဲ့ဘူးကြည့်စမ်း! '

လီပေါ်ကျုံး သူ့သမီးသူကြည့်ရင်း ကူကယ်ရာမဲ့စွာပြောလာခဲ့သည်။

''အခုသိပြီမလား ဒါတွေအားလုံးကအရင်ကကိစ္စတွေပါ ပြီးတော့အဲ့ကားထဲမှာလည်း ငါ့အခန်းကအများကြီးမပါဘူး ၁၀မိနစ်လောက်ပဲ အဲ့ဒါကိုဘာလို့ ထုတ်ပြောနေတော့မှာလဲ ''

သူမအဖေက အရမ်းကို နှိမ့်နှိမ့်ချချနေတတ်လွန်းသည်ဟု လီမော့တွေးလိုက်မိသည်။ သူမသာ ကျန်းမော့ချန်နဲ့ 10မိနစ်လောက်တွဲရိုက်ရလျှင် Weiboပေါ် Postတွေတင်ပစ်မည်။ Wechatပေါ် Momentတွေတင်ပစ်မည်။ သူမ ကျန်းမော့ချန်နဲ့ရုပ်ရှင်အတူတူတွဲရိုက်ဖူးကြောင်း တစ်ကမ္ဘာလုံးသိအောင် ပတ်ကြော်ငြာပစ်မည်ဟု တွေးလိုက်မိသည်။

သူတို့စကားပြောနေစဥ် တခြားအဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ လူစုံသွားတော့ ပရိုဂရမ်အဖွဲ့ထဲကအဓိကဒါရိုက်တာလည်း သူတို့အနားလျှောက်လာပြီး ဒီတစ်ပိုင်းကတော့ နိုင်ငံခြားခရီးစဥ်မဟုတ်ဘူးဟု ပြောလာခဲ့သည်။ ပထမအပိုင်းကို တရုတ်ပြည်ထဲမှာပဲ ရိုက်ကူးရေးလုပ်မည်ဖြစ်ကာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရိုက်ကူးရေးလုပ်မည့်နေရာ အနည်းငယ်ကွဲပြားမည်ဖြစ်ကြောင်း၊ လေယာဥ်ပေါ်ကဆင်းမှ အသေးစိတ်ထပ်ရှင်းပြမည်ဖြစ်ကြောင်း ပြောလာခဲ့သည်။

အားလုံး ခေါင်းငြိမ့်သဘောတူလိုက်ကာ လေယာဥ်ပေါ် ကိုယ်စီကိုယ်စီတက်သွားကြသည်။ ယန်းချင်းချီ လေယာဥ်ပေါ်ရောက်တာနဲ့ ဖုန်းမပိတ်ခင် selfieဆွဲပြီး [ အလုပ်သစ်စပြီ ] ဆိုသည့် Caption လေးဖြင့် Postတင်လိုက်သည်။

ထိုအချိန် ကျန်းမော့ချန်က ခေါင်းမော့ကြည့်လာချိန်နှင့် ဆုံသွားကာ ယန်းချင်းချီ ဒုတိယselfieထဲ ကျန်းမော့ချန်မျက်နှာကြီးပါလာလေသည်။ ယန်းချင်းချီ သူ့ဘေးကလူကို မကျေမနပ်ရုပ်ဖြင့်လှည့်ကြည့်လိုက်တော့ တရားခံက အပြစ်ကင်းဖြူစင်သည့်မျက်နှာပေးလေးဖြင့် မေးခွန်းတောင်ထုတ်လိုက်သေးသည်။

''အခုပုံကို Weiboပေါ်တင်မှာလား ''

ဟွန့်! ဒီလူ့အကြံမသိရင်ခက်မယ်

ယန်းချင်းချီ နှာခေါင်းရှုံ့ရင်း အေးအေးစက်စက်ပြောလာသည်။

''မတင်ဘူး မတွေးသင့်တာတွေလျှောက်မတွေးနဲ့ ''

ကျန်းမော့ချန်သက်ပြင်းဖွဖွချရင်း ' အိုင်း လူထုရှေ့ချပြရမဲ့ခရီးက အတော်လေးဝေးသေးပါလား ' ဟု တွေးလိုက်မိသည်။

လေယာဥ်က Gမြို့မှာဆင်းသက်ကာ လေဆိပ်ထွက်ပေါက်နားတွင် Mini-busသုံးစီးက သူတို့ကိုစောင့်ကြိုနေသည်။ ဒရိုင်ဘာက သူတို့ အုပ်စုလိုက်ကြီးထွက်လာမြင်တော့ သူ့ကိုမမြင်မှာစိုးသည့်အလား ဒါရိုက်တာအဖွဲ့အား ဝမ်းပန်းတသာဖြင့် လက်ဝှေ့ယမ်းပြနေသည်။

တာဝန်ခံကလည်း ဒရိုင်ဘာကိုပြန်နှုတ်ဆက်လိုက်ကာ သူတို့အချင်းချင်းစကားခဏပြောနေကြသည်။

ခဏအကြာ Hostက 《 အကောင်းဆုံးပါတနာ 》Seasonအသစ်ရဲ့ ပထမဆုံးပြိုင်ပွဲအကြောင်းရှင်းပြပေးလာသည်။ ပထမဆုံးပြိုင်ပွဲ ___ ဘယ်အတွဲကအကောင်းဆုံးပါတနာလဲ။

ဒီအပိုင်းမှာ ပြိုင်ပွဲဝင်၆တွဲက ၂ဖွဲ့စီခွဲပြီး ကျွန်း၊ တောအုပ်နဲ့ တောင်ပေါ်မှာ ဘယ်အတွဲကအကောင်းဆုံးပါတနာလဲဆိုသည့် စမ်းသပ်ပွဲကို ​ယှဥ်ပြိုင်ရမှာဖြစ်သည်။ ပရိုဂရမ်အဖွဲ့ဘက်ကနေ ပြိုင်ပွဲဝင်တစ်ယောက်စီတိုင်းကို တောင်တက်ကျောပိုးအိတ်တစ်လုံးစီပေးကာ ထိုထဲတွင် မြေပုံ၊ တဲဆောက်ဖို့ရွက်ဖျင်၊ sleeping bag၊ ဓာတ်မီး၊ ဘီစကွတ်ခြောက်၊ ပေါင်မုန့်၊ ရေသန့်နှင့် အခြားမရှိမဖြစ်လိုအပ်သည့် တစ်ကိုယ်ရည်သုံးအသုံးအဆောင်အချို့ ပါရှိလေသည်။ နှစ်တွဲလုံး သတ်မှတ်ထားသည့်နေရာကို သုံးရက်အတွင်း အပြိုင်အဆိုင်ခရီးနှင်ဖို့လိုအပ်ကာ ထိုနေရာကအလံတိုင်ကိုအရင်ကိုင်မြှောက်နိုင်တဲ့အတွဲမှ အနိုင်ရရှိသည့်အဖွဲ့ဟု သတ်မှတ်မည်ဖြစ်ကြောင်း ကြေငြာလာခဲ့သည်။ ၆တွဲထဲ အရင်ရောက်တဲ့အတွဲက ပထမရမည်ဖြစ်ကာ သူတို့နောက်ကအတွဲက ဒုတိယ ထို့နောက် တတိယစသည်ဖြင့် အဆင့်သတ်မှတ်ပေးမည်ဖြစ်သည်။ ထိုအဆင့်သတ်မှတ်ချက်က သူတို့ရဲ့ပထမဦးဆုံးနိုင်ငံခြားခရီးစဥ်မှာပေးမည့် ကုန်ကျစရိတ်အပေါ်လည်း သွားပြီးသက်ရောက်နိုင်သေးသည်။ ____ ပထမရတဲ့အတွဲက သုံးစရိတ်ပိုရမည်ဖြစ်ကာ အဆင့်လိုက် သုံးစရိတ်နည်းနည်းသွားပြီး နောက်ဆုံးအတွဲကတော့ သုံးစရိတ်အနည်းဆုံးရမည်ဖြစ်သည်။

ယန်းချင်းချီ ကြော်ငြာချက်နဲ့စည်းမျဥ်းတွေ နားထောင်အပြီးမှာ အနည်းငယ်အံ့အားသင့်သွားလေသည်။ ပြောတော့ ခရီးတွေသွားပြီး ဂိမ်းလေးတွေဆော့တာဆို? ဘယ်လိုလုပ်ပြီး တောတွင်းစွန့်စားခန်းဖြစ်သွားရတာလဲ!

သို့သော် အစီအစဥ်ကြော်ငြာသည့် Hostက သူတို့ကို တုံ့ပြန်ချိန် အများကြီးမပေးခဲ့ပါ။ ရုတ်တရက်ကြီး မဲလိပ်ဘူးကောက်ထုတ်လိုက်ကာ ဘယ်အတွဲကဘယ်နေရာသွားရမယ်ဆိုတာကို ချက်ချင်းမဲနှိုက်ခိုင်းလေသည်။

အားလုံးထဲမှာ ကျန်းမော့ချန်အနေအထားက အမြင့်ဆုံးဖြစ်တာကြောင့် လူတိုင်းက တစ်လေသံထဲပြောလာကြသည်။

''ကျန်းကော အရင်နှိုက်လိုက်ပါ ''

ကျန်းမော့ချန် ထိုကဲ့သို့ဦးစားပေးမှုကို အပြုံးလေးဖြင့် ငြင်းဆန်လိုက်ပြီးနောက် လီပေါ်ကျုံးကိုအရင်နှိုက်စေသည်။

ကျန်းမော့ချန် သူ့ကိုလေးစားသမှုဖြင့် မျက်နှာသာပေးထားမှန်း လီပေါ်ကျုံးကောင်းကောင်းနားလည်သည်။ သူ စိတ်သက်သာရာရသွားသလို တစ်ပြိုင်နက်ထဲမှာပဲ အားတုံ့အားနာဖြစ်မိပြန်သည်။ သူ သူ့သမီးလီမော့ပုခုံးကိုပုတ်လိုက်ကာ

''သွား ဘယ်နေရာကျမလဲ သွားနှိုက်လိုက် ''

လီမော့ Hostရှေ့သွားရပ်ကာ မဲလိပ်ဘူးထဲကနေ မဲလိပ်တစ်လိပ်လှမ်းနှိုက်လိုက်သည်။ လက်ထဲ မဲလိပ်ရောက်လာတော့ လက်သွက်ခြေသွက်လီမော့လေးက Hostကိုမပေးပဲ သူမဘာသာသူမ ဖွင့်ဖတ်လိုက်လေသည်။

''ကျွန်း ''

သူမ Hostကို မဲလိပ်ကမ်းပေးလိုက်ကာ သူမအဖေဘက်လှည့်ပြီး ပြောလာခဲ့သည်။

''သမီးတို့ ကျွန်း ကျတယ် ''

လီပေါ်ကျုံး ခေါင်းငြိမ့်ပြလိုက်ကာ ကျန်းမော့ချန်တို့နဲ့ တစ်ဖွဲ့တည်းကျပါစေဟု စိတ်ထဲကနေ တိုးတိုးလေးဆုတောင်းနေလိုက်သည်။

သို့သော် လီပေါ်ကျုံးဆုတောင်းက အထမမြောက်ခဲ့ပါ။ ကျန်းမော့ချန် မဲနှိုက်ပြီးဖွင့်ကြည့်လိုက်တော့ စာရွက်ပေါ်ရေးထားသည်က : [ တောင် ]

ကျန်းမော့ချန်တို့နဲ့အတူတူ 'တောင်' ကျသည့်အဖွဲ့က မိန်းကလေးသူငယ်ချင်းအုပ်စုဖြစ်သည့် မော့ရှောင်းရှောင်းနဲ့ ကျန်းနင်ဝေးတို့ဖြစ်သည်။ ထိုနှစ်ယောက်ကြည့်ရတာ အရမ်းပျော်နေပုံပေါက်ပြီး ယန်းချင်းချီကို အဝေးကနေတောင် လှမ်းနှုတ်ဆက်နေသေးသည်။

သိပ်မကြာခင် ဘယ်အဖွဲ့ကဘယ်နေရာသွားရမလဲဆိုသည့် မဲခွဲဆုံးဖြတ်မှုကြီး ပြီးဆုံးသွားကာ ကျန်းမော့ချန်နဲ့ ယန်းချင်းချီ၊ မော့ရှောင်းရှောင်းနဲ့ ကျန်းနင်ဝေးတို့က တောင်ပေါ်ကိုကျသည်။

လီပေါ်ကျုံးနဲ့လီမော့၊ ဖေ့ကျင့်ယွီနဲ့ယွဲ့ဇီမင်က ကျွန်းပေါ်မှာ ပြိုင်ဆိုင်ရမည်။ ယန်ရှင်းဟယ့်နဲ့ ယွီဟောင့်ယွမ်၊ ဝေ့ကျီးဟန်နဲ့ ယွီရှောင်းယွီတို့က တောအုပ်ထဲ ယှဥ်ပြိုင်ရမည်ဖြစ်သည်။

မဲနှိုက်ပြီးနောက် အဖွဲ့ကိုယ်စီက မတူညီသည့်နေရာအသီးသီးကိုသွားဖို့ မတူညီသည့် mini-busအသီးသီးကို တက်စီးလိုက်ကြသည်။ ကားစထွက်လို့ ယန်းချင်းချီ ဘေးပတ်ပတ်လည်ကရှုခင်းတွေကို သေချာမကြည့်နိုင်သေးခင် ဝန်ထမ်းတစ်ယောက်က မျက်လုံးကာတွေကိုင်ပြီး သူတို့ဆီလျှောက်လာတာကို တွေ့လိုက်ရလေသည်။

''ဧည့်သည်တို့ကို နောက်ပိုင်းခရီးစဥ်တစ်လျှောက်လုံး မျက်လုံးကာလေးတပ်ပြီး အနားယူပေးပါလို့ တောင်းဆိုချင်ပါတယ် ကျွန်တော်တို့ သတ်မှတ်ထားတဲ့နေရာရောက်တာနဲ့ နှိုးလိုက်ပါ့မယ် ''

ယန်းချင်းချီ : ''...........''

အခုနေ ဒီကားပေါ်ကခုန်ချရင် အရမ်းများနောက်ကျသွားပြီလား ???ရိုက်ကူးရေးလုပ်နေတာနဲ့မတူပဲ မတော်တဆပြန်ပေးဆွဲခံလိုက်ရတဲ့ခံစားချက်ကြီး!

သူ ကျန်းမော့ချန်ကို ကူကယ်ရာမဲ့စွာ လှည့်ကြည့်လိုက်တော့ ကျန်းမော့ချန်ကလည်း သူ့နည်းတူ ပြောစရာစကားမဲ့နေတာကို မြင်လိုက်ရလေသည်။

''ရောမရောက်ရင်ရောမလိုကျင့်ရမှာပေါ့ ''

ကျန်းမော့ချန် သူ့လက်ကို စိတ်ဖြေသိမ့်ပေးသလိုမျိုး ခပ်ဖွဖွပုတ်လိုက်ကာ ဝန်ထမ်းလက်ထဲက မျက်လုံးကာတွေကို အထွန့်မတက်ပဲလှမ်းယူလိုက်သည်။ သူ ယန်းချင်းချီကို တစ်ခုပေးပြီး ကိုယ့်ဘာသာတပ်ဖို့ပြင်နေစဥ် ယန်းချင်းချီက မျက်လုံးကာကြီးကိုင်ပြီး မလှုပ်မရပ်ထိုင်နေတာမြင်တော့ ကျန်းမော့ချန်ကိုယ်တိုင်ပဲ ကူတပ်ပေးလိုက်ရလေသည်။

အိပ်လိုက်တော့။ ယန်းချင်းချီ သူ့ကိုယ်သူ အိပ်မွေ့ချလိုက်သည်။ နိုးလာတာနဲ့ အဲ့ကိုရောက်သွားလိမ့်မယ်။

သတ်မှတ်ထားသည့်နေရာရောက်တော့ ယန်းချင်းချီတို့ ကားပေါ်ကဆင်းဖို့ အနှိုးခံလိုက်ရသည်။ သူ မျက်လုံးပွတ်ပြီး ကားပေါ်ကဆင်းလာတဲ့အချိန် တောင်တစ်တောင်ရှေ့ရောက်နေတာကိုမြင်လိုက်ရလေသည်။ သူ သူ့ရှေ့ကတောင်ကိုကြည့်လိုက်ကာ သူတို့နောက်လိုက်ဖို့ ပြင်ဆင်နေသည့် ကင်မရာမန်းနဲ့ ဒါရိုက်တာကိုကြည့်ပြီး ရွှင်မြူးစွာလက်ဝှေ့ယမ်းပြလိုက်သည်။

''သွားမယ် တောင်ပေါ်တက်ရအောင် ''

မော့ရှောင်းရှောင်းနဲ့ ကျန်းနင်ဝေးကလည်း သူတို့အဖွဲ့နဲ့ခွဲမထွက်သွားပဲ သူတို့နောက်ကလိုက်ရင်း

''ကျွန်မတို့ 《 အကောင်းဆုံးပါတနာ 》ဝင်ရိုက်နေကြမှန်း လူတိုင်းသိလို့ပေါ့ မဟုတ်ရင် မသိတဲ့လူသာဆို 《 ကျန်းကောနောက်လိုက်ပြီး စွန့်စားခန်းဖွင့်ရအောင် 》ရိုက်နေတယ်လို့ ထင်ကြတော့မှာပဲ ''

ယန်းချင်းချီ မော့ရှောင်းရှောင်းပြောသည့် '' ကျန်းကောနောက်လိုက်ပြီး စွန့်စားခန်းဖွင့်ရအောင် '' ဆိုသည့်စကားကို သဘောကျသွားတာကြောင့် သူ ကျန်းမော့ချန်ကိုလှည့်ကြည့်လိုက်ကာ အပြုံးလေးဖြင့် စနောက်နေပြန်သည်။

''ဒါဆို ကျွန်တော်တို့ကို ကျန်းကော ဦးဆောင်ပေးမှဖြစ်တော့မယ် ''

ကျန်းမော့ချန် ယန်းချင်းချီကို ပြန်ကြည့်လိုက်ကာ

''စိတ်မပူပါနဲ့ ရဲဘော်တို့ ငါမင်းတို့ကို သမ္မတနိုင်ငံဆီအရောက်ခေါ်သွားမှာပါ ''

ထိုစကားကြားတော့ မိန်းကလေးနှစ်ယောက်က ခိုးခိုးခစ်ခစ်ထရယ်ကြသည်။ ကျန်းမော့ချန်က ရွှေဆုသုံးဆုရှင်ဖြစ်သော်ငြား သူတို့ထင်ထားသလိုမျိုး ပေါင်းသင်းဆက်ဆံရမခက်ခဲပဲ ချဥ်းကပ်ရလွယ်ကူတာကိုတွေ့လိုက်ရသည်။

ယန်းချင်းချီ ကျန်းမော့ချန်ကို သူ့အိတ်ထဲက မြေပုံထုတ်ပေးဖို့ တောင်းဆိုလိုက်သည်။ ကျန်းမော့ချန် ယန်းချင်းချီ ကျောပိုးအိတ်ကိုဖွင့်ကာ မြေပုံထုတ်လိုက်ပြီးနောက် သူ့ရှေ့ကကောင်လေးလက်ထဲထည့်ပေးလိုက်လေသည်။

ယန်းချင်းချီ မြေပုံဖွင့်ကြည့်လိုက်တော့ အားလုံးသူ့အနားဝိုင်းအုံလာကာ အနီရောင်အမှတ်အသားပြထားသည့်အလံလေးက မြေပုံအလယ်တည့်တည့်မှာရေးဆွဲထားတာကိုမြင်လိုက်ရလေသည်။

''ကြည့်ရတာတော့ အလံက တောင်အလယ်မှာရှိမယ်နဲ့တူတယ် ''

''ဒါပေမဲ့ အခုပဲညနေစောင်းနေပြီ '' မော့ရှောင်းရှောင်း ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။ '' နောက်သုံးနာရီလောက်ဆို နေဝင်တော့မှာ မမှောင်ခင် စခန်းချဖို့နေရာရှာထားမှဖြစ်မယ် ''

''အမှန်ပဲ ဒါကြောင့် အချိန်မဖြုန်းပဲ သွက်သွက်လုပ်ရမယ် '' ယန်းချင်းချီ ကောင်မလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်ကာ '' မင်းတို့နှစ်ယောက် ငါတို့နဲ့အတူတူသွားမှာလား ''

မော့ရှောင်းရှောင်းခေါင်းငြိမ့်ပြလာသည်။

''ကျွန်မတို့နှစ်​ယောက်က အဲ့အပိုင်းတွေမကျွမ်းကျင်ဘူး အမှန်အတိုင်းပြောရရင် မြေပုံတောင်ဖြောင့်ဖြောင့်မဖတ်တတ်ဘူး အဲ့ဒါကြောင့် ရှင်တို့နောက်လိုက်တာ အကောင်းဆုံးပဲ လူပိုများတော့ အင်အားပိုကြီးတာပေါ့ ''

''ရတယ်လေ ဒါဆို သွားရအောင် ''

ယန်းချင်းချီထိုသို့ပြောရင်း ကျန်းမော့ချန်နဲ့ဘေးချင်းယှဥ်လျှောက်ကာ မြေပုံတကားကားဖြင့် ကောင်မလေးတွေကို ဦးဆောင်ခေါ်သွားလေသည်။

တောင်တက်လမ်းတွေက လျှောက်ရမလွယ်ကူပါ။ ထို့အပြင် အကောင်ပလုံအသေးအမွှားလေးတွေကလည်း ဟိုနေရာ၊ ဒီနေရာကနေ ထွက်ထွက်လာတတ်သေးသည်။ ငယ်ငယ်လေးကတည်းက ပိုးမွေးသလိုအဥခံထားရသည့် ကျန်းနင်ဝေးတစ်ယောက် တစ်ကောင်ကောင်တွေ့တာနဲ့ ထထအော်ကာ မော့ရှောင်းရှောင်းကို ကြောက်ကြောက်ဖြင့် အသေဆွဲထားတတ်သည်။ လေးယောက်သား နှစ်နာရီကျော်ကြာ လမ်းလျှောက်အပြီးမှာတော့ ကျန်းနင်ဝေးဆက်မလျှောက်နိုင်တော့ပါ။ သို့သော် သူများနောက်လိုက်ပြီး သူမအတွက် အားလုံးနှောင့်နှေးအောင်လုပ်ရမှာကို အရမ်းအားနာတာကြောင့် ညောင်းနေပြီ၊ ဆက်မလျှောက်နိုင်တော့ဘူး ဟုလည်း ပြောမထွက်ခဲ့ပါ။ မော့ရှောင်းရှောင်းကလည်း သူမကိုတွဲခေါ်လာကာ ဘေးကနေအသံတိုးတိုးလေးဖြင့် အားပေးနေသည်။

ယန်းချင်းချီ မော့ရှောင်းရှောင်းရဲ့အားပေးစကားသံတွေကို အတိုင်းသားကြားနေရတာကြောင့် သူ နောက်ပြန်လှည့်ကြည့်လိုက်တော့ ကျန်းနင်ဝေးက သိသိသာသာကြီးလမ်းမလျှောက်နိုင်တော့တာကို မြင်လိုက်ရသည်။

သူ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ကာ ကျန်းမော့ချန်ဘက်လှည့်ရင်း

'' ကျွန်တော်တို့ဒီမှာပဲ ရပ်လိုက်ကြမယ်လေ ဒီအနီးအနားမှာ တဲထိုးဖို့ မြေပြန့်လိုက်ရှာရအောင် ''

သူထိုသို့ပြောရင်း ကျန်းနင်ဝေးရှိတဲ့နေရာဆီလှမ်းကြည့်ဖို့ ကျန်းမော့ချန်ကိုမျက်စပြစ်ပြလိုက်သည်။ ကျန်းမော့ချန် ယန်းချင်းချီအကြည့်အတိုင်း လှည့်ကြည့်လိုက်တော့ သိသိသာသာကြီးပင်ပန်းနေသည့် ကျန်းနင်ဝေးကို မြင်လိုက်ရလေသည်။

သူခေါင်းငြိမ့်ပြလိုက်ကာ

''မင်းသဘော ''

တဖက်လူက သူ့အကြံကို သဘောတူလိုက်တာမြင်တော့ ယန်းချင်းချီ မော့ရှောင်းရှောင်းတို့ဘက်လှည့်လိုက်ကာ

''မင်း သူ့ကို အဖော်ပြုပြီးဒီမှာနေခဲ့နော် ငါတို့ တဲထိုးဖို့သင့်တော်မဲ့နေရာကို ဒီအနီးအနားမှာလိုက်ကြည့်လိုက်ဦးမယ် ညပိုင်းတော့ခရီးမဆက်တော့ဘူး ဘယ်လိုပဲဖြစ်ဖြစ် နှစ်ရက်တောင်ကျန်သေးတာပဲဟာ အခုကောင်းကောင်းနားပြီး အားဖြည့်ကြမယ် မနက်ဖြန်မှဆက်သွားရအောင် ''

ကျန်းနင်ဝေးကလည်း သူတို့ သူမကြောင့်ရပ်လိုက်ရမှန်း မသိပဲနေပါ့မလား။ သူမအရမ်းကို အားနာသွားကာ ကိုယ့်ကိုကိုယ်စိတ်ထဲကနေ အပြစ်တင်လိုက်သည်။

''ဆက်သွားကြရအောင်ပါ ကျွန်မနည်းနည်းလောက်လျှောက်နိုင်ပါသေးတယ် ''

''မလိုပါဘူး '' ယန်းချင်းချီ ​ညင်ညင်သာသာလေးပြောလာသည်။ '' မင်းမြင်တဲ့အတိုင်းပဲ မကြာခင်မှောင်လာတော့မှာ တောင်တက်လမ်းက ညဘက်ကြီးလျှောက်လို့မလွယ်ဘူး တစ်ခုခုဖြစ်သွားခဲ့ရင် အကျိုးထက်အဆိုးပိုများလိမ့်မယ် ပြီးတော့ တဲထိုးဖို့အတွက် အနည်းနဲ့အများတော့အချိန်ယူရဦးမှာပဲ ''

ကျန်းနင်ဝေးခေါင်းငြိမ့်ပြကာ အရှိကိုအရှိအတိုင်း ရိုးရိုးသားသားပြောလာခဲ့သည်။

''ကျွန်မကြောင့် ရှင်တို့ကိုပါ နှောင့်နှေးစေမိတဲ့အတွက် တောင်းပန်ပါတယ် ''

''ဘာမှမဖြစ်ပါဘူး '' ယန်းချင်းချီပြုံးပြလိုက်သည်။ '' အားလုံးက ရိုက်ကူးရေးလုပ်ဖို့ထွက်လာကြတာပဲဟာ ခက်ခဲနေရင် တစ်ယောက်နဲ့တစ်ယောက် ကြည့်ရှုစောင့်ရှောက်ပေးရမှာက ပုံမှန်ပါပဲ ''

ယန်းချင်းချီ မော့ရှောင်းရှောင်းနဲ့ ကျန်းနင်ဝေးတို့ကို နေရာချပေးခဲ့ပြီးနောက် တဲထိုးဖို့နေရာကောင်းရှာရန် ကျန်းမော့ချန်နဲ့အတူတူထွက်လာလိုက်သည်။

နှစ်ယောက်အတူတူ ဘေးချင်းကပ်လျှောက်နေရင်း ကျန်းမော့ချန်ရုတ်တရက်ကြီး ထမေးလာသည်။

'' မင်း တဲထိုးတတ်လား ''

''ထိုးတတ်တယ်လေ '' ယန်းချင်းချီပြန်ဖြေလာသည်။ '' အရင်က လုပ်ဖူးတယ် ''

ကျန်းမော့ချန် ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။

''မင်းလုပ်နိုင်တယ်လို့ပြောလာမှာကို ကြောက်နေတာ တကယ်လည်း လုပ်နိုင်တယ်လို့ ပြောလာတာပဲ သီချင်းဆိုတာကလွဲပြီး မင်းမလုပ်တတ်တာဘာရှိသေးလဲ ''

ယန်းချင်းချီ ထိုအမေးကြောင့် ပြုံးသွားကာ

'' ဒါဆို ကျွန်တော် ထပ်ပြောမယ် '' သူ ပေါ့ပေါ့ပါးပါး ပြန်ပြောင်းပြီးပြောလာခဲ့သည်။ '' အမှန်တော့ ကျွန်တော် အဲ့လောက် မတော်ဘူး မကြာခင် ခင်ဗျားအကူအညီကိုယူရမှာပါ ''

'' မင်းလုပ်နိုင်တာပိုကောင်းပါတယ် '' ကျန်းမော့ချန် သက်ပြင်းချလိုက်သည်။ '' ဘာလို့လဲဆိုတော့ ကိုယ်မလုပ်တတ်လို့ ''

(T/N: မော့ချန်က သူ့ကိုမှီခိုစေချင်လို့ အဲ့မေးခွန်းမေးလာတာလို့တွေးပြီး ချင်းချီကသိပ်မလုပ်တတ်ဘူးလို့ပြန်ပြောင်းပြောလိုက်တာ တကယ်တော့ ဟိုကမှတကယ်ကြီး တဲမထိုးတတ်လို့မေးလိုက်တာပါ lol)

ထိုအခါမှ ယန်းချင်းချီအော်ရယ်မိသွားသည်။

ကျန်းမော့ချန် သူ့ကိုကြည့်လိုက်ကာ

''မင်း ကိုယ့်ကို လှောင်တာလား ''

''မလှောင်ပါဘူး ''

''ဒါဆို ဘယ်သူ့ကိုရယ်တာလဲ ''

''မဟုတ်ပါဘူး ခင်ဗျား အဲ့လိုအလေးအနက်ထားပြီး ပြောနေပုံလေးက အရမ်းချစ်ဖို့ကောင်းလို့ပါ ''

ကျန်းမော့ချန် သင်္ကါမကင်းပြန်ကြည့်လိုက်သည်။

ယန်းချင်းချီ ရုပ်တည်လေးဖြင့် ခေါင်း​ငြိမ့်ပြလာကာ

''တကယ် ကျွန်တော်ကျိန်ပြနိုင်တယ် ''

''ဒီတစ်ခေါက်တော့ ယုံပေးလိုက်ပါ့မယ် '' ကျန်းမော့ချန် မယုံချင့်ယုံချင်မျက်နှာပေးလေးဖြင့် ပြန်ပြောလာသည်။ '' အမှန်တော့ ကိုယ်မလုပ်တတ်တာမဟုတ်ဘူး မလုပ်ဖူးတာ အဲ့အချိန်ကျ မင်းကိုယ့်ကိုသင်ပေးလေ ကိုယ်ကျိန်းသေပေါက် လုပ်တတ်သွားမှာပါ ''

''ဒါပေါ့ ခင်ဗျားက ဘယ်လောက်တောင်ဉာဏ်ကောင်းလိုက်သလဲ ခင်ဗျားကသင်လွယ်တတ်လွယ်လေးပဲဟာ '' ယန်းချင်းချီအပြုံးလေးဖြင့် ​ချီးကျူးနေပြန်သည်။

ကျန်းမော့ချန် ရယ်ပဲရယ်နေကာ ယန်းချင်းချီကိုကြည့်ပြီး ဘာမှပြောမလာခဲ့။

နှစ်ယောက်သား ခဏလောက်ပတ်ကြည့်အပြီးမှာ စခန်းချလို့သင့်တော်မည့်နေရာကောင်းတစ်ခု ရှာတွေ့သွားလေသည်။ ယန်းချင်းချီ မော့ရှောင်းရှောင်းနဲ့ အခြားလူတွေကို သွားခေါ်ဖို့ ကျန်းမော့ချန်ကိုလွှတ်လိုက်ကာ သူကိုယ်တိုင်ကတော့ တဲထိုးဖို့ပြင်ဆင်လိုက်သည်။ ကျန်းမော့ချန်ကလည်း ယန်းချင်းချီစကားဆို တသွေမသိမ်းနားထောင်တတ်တာကြောင့် လိမ်လိမ်မာမာလေးပြန်လှည့်သွားကာ သူတို့ကိုစောင့်ပြီးကျန်နေခဲ့သည့် ကောင်မလေးနှစ်ယောက်ကိုသွားခေါ်လိုက်လေသည်။

မော့ရှောင်းရှောင်းနဲ့ ကျန်းနင်ဝေးရောက်လာတော့ ယန်းချင်းချီ တဲထိုးဖို့ တစ်ယောက်ထဲအလုပ်ရှုပ်နေတာကို မြင်လိုက်ရတဲ့အချိန် သူတို့အပြေးလေးလာကူကြသည်။ ယန်းချင်းချီကလည်း သူတို့ကို တဲဘယ်လိုထိုးရကြောင်း ရှင်းပြနေကာ ကိုယ်တိုင်လည်း သရုပ်ပြပေးလိုက်သည်။ ကျန်းမော့ချန်က ဘေးကနေဝိုင်းကူလေသည်။

သင်ပြပြီးသွားတော့ ကောင်မလေးတွေက သူတို့တဲအတွက်အလုပ်ရှုပ်နေစဥ် ယန်းချင်းချီတို့ဘက်ကတော့ ပြီးသလောက်နီးပါးရှိသွားပြီဖြစ်သည်။

ယန်းချင်းချီ လက်နှစ်ဖက်ခါရင်း ကျန်းမော့ချန်ကိုမေးလိုက်သည်။

'' အဆင်ပြေလား ''

တဖက်ကလည်း လက်မထောင်ပြကာ အမှန်အတိုင်းထုတ်ပြောလာသည်။

''အရမ်းမိုက်တယ် ''

ယန်းချင်းချီ ချီးကျူးခံလိုက်ရတာကြောင့် စိတ်ကျေနပ်သွားကာ ညစာစားချိန်ရောက်လာတော့မယ်မှန်း သတိထားမိသွားလေသည်။ သူ ဒီအနားအနားမှာ ဘာတွေရှိလဲ လှည့်ပတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအချိန် မော့ရှောင်းရှောင်းတို့အဖွဲ့က တချို့နေရာတွေ မလုပ်တတ်တာကြောင့် တဲကပုံမကျဖြစ်နေတဲ့အတွက် ယန်းချင်းချီဆီလာပြီး အကူအညီတောင်းရပြန်သည်။

ယန်းချင်းချီသွားကူညီပေးလိုက်တော့ ကောင်မလေးနှစ်ယောက်က အထပ်ထပ်အခါခါကျေးဇူးတင်လာကြကာ ဒီနေ့ ယန်းချင်းချီကြောင့်သာမဟုတ်လျှင် ကောင်းကင်နဲ့မြေကြီးကို စောင်နဲ့အိပ်ယာအဖြစ်သုံးပြီးအိပ်ရတော့မည်ဟု ချဲ့ချဲ့ကားကားပြောလာကြလေသည်။

ယန်းချင်းချီအတွက်ကတော့ ထိုအရာကကိစ္စကြီးမဟုတ်တာကြောင့် ရပါတယ်ဟုသာ ပြန်ဖြေလိုက်သည်။ သူ သူတို့တဲဆီပြန်မသွားခင် ကောင်မလေးနှစ်ယောက်ကိုမေးလိုက်သည်။

''မင်းတို့ဗိုက်ဆာနေပြီလား ဘာစားပြီးသွားပြီလဲ ''

သူဘာလို့ ဒီလိုမေးခွန်းမေးလာမှန်း နားမလည်တာကြောင့် ကျန်းနင်ဝေးက မအူမလည်ရုပ်လေးဖြင့်ပြန်ဖြေလာသည်။

'' ပရိုဂရမ်အဖွဲ့ကပေးတဲ့ အစားအစာတွေပဲစားရမှာပေါ့ ''

ယန်းချင်းချီခေါင်းငြိမ့်ပြလိုက်သည်။ ဒါပေါ့ သာမန်လူကတော့ ဒီလိုပဲတွေးမှာပဲ။

သူဘာမှထပ်မပြောတော့တာကိုမြင်တော့ မော့ရှောင်းရှောင်း ပြန်မေးလာသည်။

'' ရှင်တို့က ဘာစားချင်လို့လဲ ''

''ငါတို့ အဲ့လောက်ဗိုက်မဆာသေးဘူး အဲ့ဒါ​ကြောင့် ဟိုဟိုဒီဒီဘာရှိလဲ ပတ်ကြည့်မလို့ ''

'' မဟုတ်မှလွဲရော ရှင်တို့တွေ ဒီအချိန်ကြီး အမဲလိုက်ထွက်ဖို့ကြံစည်နေတာလား '' မော့ရှောင်းရှောင်း အံ့သြတကြီးဆိုလာသည်။ '' ဒါပေမဲ့ ဒီတောင်ပေါ်မှာ အမဲလိုက်ဖို့ သားကောင်မရှိတဲ့ပုံပဲနော် ''

''အမဲလိုက်ဖို့မဟုတ်ပါဘူး ဒီတိုင်း ဘာမှလုပ်စရာမရှိပဲ အားနေတော့ ဟိုဟိုဒီဒီလျှောက်ပတ်ကြည့်မယ်လို့ တွေးနေတာ '' ယန်းချင်းချီ အမှန်အတိုင်းပြောလာခဲ့သည်။ ''ကိစ္စမရှိပါဘူး မင်းတို့နားနှင့်လေ တွေးပဲတွေးထားတာ မသေချာသေးဘူး ''

မော့ရှောင်းရှောင်း ခေါင်းငြိမ့်ပြလိုက်သည်။ သူမဘယ်လောက်ပဲ ရဲရင့်ပါတယ်ပြောပြော မှောင်ကြီးမည်းကြီး တောထဲတောင်ထဲလျှောက်သွားရလောက်တဲ့အထိတော့ သတ္တိမရှိသေးပါ။ သူမ ယန်းချင်းချီကို ယဥ်ယဥ်ကျေးကျေးလေးပြန်ပြောလိုက်သည်။

'' ကောင်းပြီလေ ဒါဆို ကျွန်မတို့အရင်နားနှင့်မယ် ရှင်တို့လည်း စောစောနားသင့်တယ် ''

''အင်း ''

ယန်းချင်းချီထိုသို့ပြန်ဖြေပြီးနောက် ကျန်းမော့ချန်ဘက်ပြန်လျှောက်သွားလေသည်။

သူတွေးထားတာတွေကို ကျန်းမော့ချန်ကိုပြောပြလိုက်တဲ့အချိန် တဖက်ကလည်း နှစ်ခါတောင်ခေါ်စရာမလိုပဲ အိတ်ထဲက ဓာတ်မီးဆွဲထုတ်လိုက်ကာ

'' သွားမယ်လေ ဟိုဟိုဒီဒီ ပတ်ကြည့်ကြတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့အားနေတာပဲဟာ ''

'' အဲ့လိုပဲလုပ်ရအောင်လေ ''

''ဒါပေမဲ့ ..... '' ကျန်းမော့ချန် သူတို့အနားက ကင်မရာတွေကိုလှည့်ကြည့်လိုက်ကာ သူတို့ခရီးစဥ်နောက်လိုက်လာသည့် ဒါရိုက်တာနှစ်ယောက်ကိုလှမ်းမေးလိုက်သည်။ '' ငါတို့ဟိုဟိုဒီဒီပတ်ကြည့်မလို့ မင်းတို့လိုက်ဖို့လိုသေးလား ''

ဒါရိုက်တာက အနည်းငယ်ပင်ပန်းနေပြီဖြစ်သော်ငြား အလုပ်ကိစ္စဖြစ်တဲ့အတွက် နားချင်တိုင်းနားလို့မရပါ။ သူမ ပရော်ဖက်ရှင်နယ်ဆန်ဆန်ပြောလာသည်။

'' ဒါက ရှင်တို့ရဲ့ရိုက်ကွက်တွေလေ ယုတ္တိကျကျပြောရရင်တော့ ကျွန်မတို့လိုက်ကိုလိုက်ရလိမ့်မယ် ''

''မလိုက်လည်းရပါတယ် '' ကျန်းမော့ချန်အကြံပြုလိုက်သည်။ '' မင်းတို့တနေ့လုံးပင်ပန်းလာတာ အနားယူလိုက်ပါ ဒီလောက်မှောင်နေပြီ ရိုက်လည်းပုံကောင်းကောင်းထွက်လာမှာမဟုတ်ဘူး ငါတို့အဝေးကြီးမသွားဘူး ပျင်းလို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရုံတင် ''

''ဒါပေမဲ့ ကျွန်မတို့မလိုက်လာပါဘူးတဲ့ ရှင်တို့တစ်ခုခုဖြစ်လို့ အဆက်အသွယ်လုပ်လို့မရရင် ဘယ်လိုလုပ်မလဲ ''

'' ငါတို့ကို ဝေါ်ကီတော်ကီပေးလိုက် တစ်ခုခုဖြစ်တာနဲ့ လှမ်းဆက်သွယ်လိုက်မယ် စိတ်မပူပါနဲ့ ဘာမှမဖြစ်ပါဘူး ''

တဖက်လူက အတင်းအကျပ်ပြောနေတာမြင်တော့ ဒါရိုက်တာဘက်က တစ်ထစ်လျှော့ပေးလိုက်ရကာ သူမလက်ထဲက ဝေါ်ကီတော်ကီကို ကျန်းမော့ချန်ဆီလှမ်းပေးရင်း တတွတ်တွတ်မှာနေသည်။

''အဝေးကြီးမသွားနဲ့ မြန်နိုင်သလောက်မြန်မြန်ပြန်လာခဲ့ တွေ့ကရာအသီးတွေခူးပြီးလျှောက်မစားနဲ့ လမ်းလျှောက်ရင်လည်းအောက်ကြည့်လျှောက် လျှောစောက်တွေနဲ့မို့လိမ့်ကျနိုင်တယ် ''

''စိတ်ချပါ '' ကျန်းမော့ချန်ရယ်လိုက်ကာ '' ဒါရိုက်တာ ငါတို့ကို ကလေးတွေလိုဆက်ဆံနေတာပဲ ''

ဒါရိုက်တာ ကူကယ်ရာမဲ့သွားသည်။

'' ရှင်တို့တစ်ခုခုဖြစ်သွားမှာကြောက်လို့ ပြောနေရတာမဟုတ်ဘူးလား ''

''ဘာမှမဖြစ်ပါဘူး ''

''အခု ၈နာရီရှိပြီ ရှင်တို့နှစ်ယောက် ဘယ်အချိန်ပြန်လာမှာလဲ ''

ကျန်းမော့ချန် ယန်းချင်းချီကိုလှည့်ကြည့်လိုက်သည်။ ယန်းချင်းချီ ခဏလောက်စဥ်းစားနေလိုက်ကာ

''၉နာရီမထိုးခင်လောက်ပေါ့ ''

ဒါရိုက်တာ ကျန်းမော့ချန်ကိုပြန်ကြည့်လိုက်တော့ ကျန်းမော့ချန်ကလည်း ယန်းချင်းချီဘာပြောပြောအကုန်သဘောတူသည့်မျက်နှာပေးဖြင့် '' အင်း '' ဟု ထောက်ခံလာသည်။

ထိုအခါမှ ဒါရိုက်တာလည်း သဘောတူလိုက်ကာ

''၉နာရီမထိုးခင် ကျွန်မဝေါ်ကီတော်ကီကနေ ပြန်လာဖို့ဆက်သွယ်လိုက်မယ် ''

'' အင်း '' ကျန်းမော့ချန် ထိုသို့ပြောရင်း ဒါရိုက်တာလက်ထဲက ဝေါ်ကီတော်ကီကိုလှမ်းယူလိုက်သည်။

ကျန်းမော့ချန် လက်ထဲက ဝေါ်ကီတော်ကီကိုမြင်တော့ ယန်းချင်းချီလည်း သူ့အတွက်နောက်တစ်ခုကောက်ယူလိုက်လေသည်။

ဒါရိုက်တာလည်း တားမရမှတော့ ထိုနှစ်ယောက်စိတ်တိုင်းကျ လွှတ်ပေးလိုက်ရသည်။

သူတို့နှစ်ယောက် ဓာတ်မီးကိုယ်စီ ဝေါ်ကီတော်ကီကိုယ်စီဖြင့် အပြင်ထွက်ဖို့ပြင်ဆင်လိုက်ကြသည်။ သို့သော် အန္တရာယ်ကင်းဖို့အတွက် ကျောပိုးအိတ်တစ်အိတ်ယူလာဖို့လည်း ဆုံးဖြတ်လိုက်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာလျှင် သူတို့လက်ထဲ ရေ၊အစားအစာနဲ့ တခြားကိရိယာတွေရှိနေသရွေ့ ဘာမှစိတ်ပူစရာမလိုပါ။ သို့သော် ယန်းချင်းချီ ကျောပိုးအိတ်မလိုက်ရုံရှိသေး ကျန်းမော့ချန် သူ့လက်ထဲကနေလုယူသွားသည်။

''သွားရအောင် '' ထိုသို့ပြောပြီး တဖက်လူက သဘာဝကျကျ ပုခုံးပေါ်ကောက်လွယ်လိုက်လေသည်။

ယန်းချင်းချီအတွက်ကတော့ သူ့ကို ဒီလိုမျိူး အသေးအမွှားကအစ လိုက်ဂရုစိုက်ပေးတတ်သည့် ကျန်းမော့ချန်ရဲ့အကျင့်လေးနဲ့ အသားကျနေပြီဖြစ်တာကြောင့် ကြီးကျယ်သည့်ကိစ္စဟု မတွေးမိလိုက်ပေ။

သူ ''ကောင်းပြီလေ '' ဟုပြန်ဖြေကာ နှစ်ယောက်သား စခန်းချထားသည့်နေရာကနေ ထွက်လာလိုက်သည်။

သို့သော် သူတို့ဆက်ဆံရေးအခြေအနေကိုမသိသေးသည့် ဒါရိုက်တာမမကတော့ ထိုမြင်ကွင်းကိုမြင်လိုက်သည့်အခါ ကျန်းမော့ချန်က သူငယ်ချင်းကိုဂရုစိုက်ပေးတတ်ပြီး အနစ်နာခံတတ်သည့်စိတ်ထားရှိကြောင်း၊ နာမည်ကြီးမင်းသားဆိုပြီး ဟိတ်ဟန်မများပဲ လူကြီးလူကောင်းဆန်ကြောင်း စိတ်ထဲနေတိတ်တိတ်လေး ချီးကျူးနေလေသည်။

__________________________________

အတွဲတွေများနော် တားနေတာတောင်မရရအောင် ထွက်လာတာ 🤧

စိတ်ပူပေးတဲ့လူတွေအားလုံး ကျေးဇူးတင်ပါတယ် nini သက်သာသွားပါပြီ

Zawgyi

ေဘာ့စ္က်န္းနဲ႔ ခ်င္းခ်ီတို႔ရဲ႕ စြန္႔စားခန္းေလးစတင္ၿပီ
________________________________

က်န္းေမာ့ခ်န္နဲ႔ ယန္းခ်င္းခ်ီ S ေလဆိပ္ကိုေရာက္တဲ့အခ်ိန္ သူ႕တို႔ထက္ေစာေရာက္ေနသည့္ လီေပၚက်ံဳး လီေမာ့တို႔နဲ႔သြားဆုံသည္။ လီေပၚက်ံဳးက အသက္၅၀နီးပါး႐ွိေနၿပီျဖစ္ကာ လီေမာ့ကေတာ့ ပထမႏွစ္တကၠသိုလ္ေက်ာင္းသူျဖစ္တာေၾကာင့္ ၁၉ႏွစ္ပဲ႐ွိေသးသည္။ သူမက luggageကိုခြထိုင္ေနရင္း သူမအေဖၾသဝါဒေႁခြတာကို ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္နားေထာင္ေနရသည္။

''႐ိုက္ကူးေရးလုပ္ရင္ သခင္မေလးစိတ္ဓာတ္နဲ႔ ေနလို႔မရဘူးေနာ္ အားအားေနစိတ္ဆိုးေဒါသျဖစ္ဖို႔ပဲ ေခ်ာင္းမေနနဲ႔ လူတိုင္းနဲ႔တည့္ေအာင္ေပါင္းရမယ္ ယဥ္ယဥ္ေက်းေက်းဆက္ဆံရမယ္ နားလည္လား ''

လီေမာ့က ထိုစကားမ်ားကို အႀကိမ္၈၀၀ေလာက္ ထပ္ခါထပ္ခါၾကားၿပီးၿပီျဖစ္တာေၾကာင့္ ၿပီးစလြယ္ '' အင္းပါ အင္းပါ '' ဟုျပန္ေျဖရင္း ေခါင္းၿငိမ့္ျပလိုက္သည္။ လီေပၚက်ံဳးတစ္ေယာက္ သူ႕သမီးရဲ႕ၿပီးစလြယ္အမူအရာကိုျမင္ေတာ့ စိတ္ေအးသြားရမည့္အစား ပိုေတာင္စိတ္ပူလာသည္။ ဒီအသက္အ႐ြယ္ႀကီးေရာက္မွ ဘာလို႔ Variety Showဝင္႐ိုက္ရလဲ? က်ိန္းေသေပါက္ သူ႕သမီးေလးကို ေျမေတာင္ေျမႇာက္ေပးခ်င္လို႔ေပါ့။ ဒီShowကေနတစ္ဆင့္ လီေမာ့ကို လူသိမ်ားလာေအာင္ Fanေလးေတြရလာေအာင္ သူ႕သမီးကင္မရာနဲ႔မစိမ္းသက္ေအာင္ ဒုကၡလာခံေပးျခင္းျဖစ္သည္။ မဟုတ္လွ်င္ သာမန္အနားယူထားတဲ့အန္ကယ္ႀကီးေတြလို ငွက္ေလးေမြးလိုက္၊ေခြးေလးအစာေကြၽးလိုက္နဲ႔ပဲ အၿငိမ္းစားဘဝကိုေအးေအးလူလူျဖတ္သန္းေနမွာျဖစ္သည္။

လီေမာ့ Luggageေပၚထိုင္ေနရင္း ဟိုဟိုဒီဒီလွည့္ၾကည့္လိုက္ေတာ့ ယန္းခ်င္းခ်ီနဲ႔က်န္းေမာ့ခ်န္ သူတို႔ဘက္ေလွ်ာက္လာတာကိုျမင္လိုက္ရသည္။ သူမ Luggage ေပၚကေနခ်က္ခ်င္းေကာက္ထလိုက္ကာ ဆံပင္ေတြဘာေတြသပ္၊ အက်ႌေတြဘာေတြျပင္ၿပီး လက္ေျမႇာက္ႏႈတ္ဆက္လိုက္ေလသည္။

''Hi ညီမက လီေမာ့ ဒါကညီမအေဖ လီေပၚက်ံဳး ညီမတို႔က အစ္ကိုတို႔နဲ႔အတူတူ 《 အေကာင္းဆုံးပါတနာ 》တြဲ႐ိုက္ရမွာ အစ္ကိုတို႔ နိေဟာင္အာ ''

ယန္းခ်င္းခ်ီ ညင္ညင္သာသာေလးျပန္ႏႈတ္ဆက္လိုက္သည္။

''နိေဟာင္ ''

ယန္းခ်င္းခ်ီျပန္ႏႈတ္ဆက္လာတာကိုျမင္ေတာ့ သူမ အိတ္ထဲကေန မဂၢဇင္းစာအုပ္တစ္အုပ္ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေကာက္ထုတ္လိုက္သည္။ ထိုထဲတြင္ ဓာတ္ပုံႏွစ္ပုံ႐ွိေနကာ တစ္ပုံကက်န္းေမာ့ခ်န္ပုံျဖစ္ၿပီး တစ္ပုံကယန္းခ်င္းခ်ီပုံျဖစ္သည္။ သူမ ထိုဓာတ္ပုံႏွစ္ပုံကိုခ်က္ခ်င္းဆြဲထုတ္ၿပီးေနာက္ သူ႕ေ႐ွ႕ကအမ်ိဳးသားႏွစ္ေယာက္ကိုၿပိဳင္တူၾကည့္ရင္း

''ညီမကို လက္မွတ္ထိုးေပးလို႔ရမလားဟင္ ''

ဒီဒုတိယမ်ိဳးဆက္သစ္စတားေပါက္စေလးက သူတို႔ႏွစ္ေယာက္လုံးရဲ႕Fanျဖစ္ေနလိမ့္မည္ဟု ယန္းခ်င္းခ်ီမထင္လိုက္မိပါ။ သို႔ေသာ္ မၾကာခင္ ႐ိုက္ကူးေရးအတူတူတြဲလုပ္ရမွာျဖစ္သည့္အျပင္ ျငင္းပစ္ေလာက္စရာမယ္မယ္ရရအေၾကာင္းျပခ်က္လည္း မ႐ွိေသာ္ျငား....... သူ လက္ဆန္႔ထုတ္ကာ ကူကယ္ရာမဲ့ေနသည့္ ေလသံေလးျဖင့္ျပန္ေျပာလိုက္သည္။

''ကိုယ့္မွာ ေဘာပင္မ႐ွိဘူး ''

''ေၾသာ ေၾသာ ေၾသာ '' သူမ အိတ္ထဲကေန ေဘာပင္တစ္ေခ်ာင္း အလ်င္အျမန္ေကာက္ထုတ္လိုက္ကာ '' ေကာေကာကို ဒုကၡမ်ားေစမိၿပီ ''

ေဘးနားကေန သူ႕သမီးလုပ္သမွ် လိုက္ၾကည့္ေနသည့္ လီေပၚက်ံဳးတစ္ေယာက္ အ႐ွက္ေျပေခ်ာင္းဟန္႔လိုက္ရသည္။ ေတြ႕ေတြ႕ခ်င္း လူကို လက္မွတ္ထိုးခိုင္းရေရာလား? သူ႕သမီးက ေတာ္ေတာ္ေလးအရိပ္သုံးပါး နားမလည္တာပဲဟု လီေပၚက်ံဳး သူ႕သမီးသူ စိတ္ထဲကေန တိတ္တိတ္ေလးႀကိတ္ဆူေနလိုက္သည္။ သူ က်န္းေမာ့ခ်န္နဲ႔ ယန္းခ်င္းခ်ီတို႔ႏွစ္ေယာက္ကို အားနာသလိုၾကည့္ရင္း

'' ေ႐ွာင္ေမာ့က နည္းနည္းသြက္ေတာ့ မင္းတို႔စိတ္ထဲမထည့္ဖို႔ ေမွ်ာ္လင့္ပါတယ္ ''

ထိုစကားၾကားေတာ့ က်န္းမာခ်န္ျပဳံးျပလိုက္ကာ

'' ဘာမွမျဖစ္ပါဘူး လီေလာင္႐ွီး မေတြ႕ရတာေတာင္ၾကာၿပီ ''

က်န္းေမာ့ခ်န္ Debutစလုပ္တဲ့ႏွစ္က ဇာတ္ကားတစ္ကားမွာ လီေပၚက်ံဳးနဲ႔အတူတူတြဲ႐ိုက္ဖူးသည္။ သူ႕အခန္းကအမ်ားႀကီးမပါဘူးဆိုေသာ္ျငား ႐ိုက္ကြင္းထဲ႐ွိသမွ်လူအားလုံးနဲ႔ အဆင္ေျပေအာင္ေနတတ္သည့္ မင္းသားေပါက္စေလးကိုေတာ့ သူမွတ္မိေနဆဲျဖစ္သည္။ ႏွစ္ေတြအမ်ားႀကီးၾကာေတာ့ လီေပၚက်ံဳးလည္းအနားယူလိုက္ၿပီျဖစ္ကာ က်န္းေမာ့ခ်န္လည္း အရင္လိုစတားေပါက္စေလးမဟုတ္ေတာ့ပါ။ က်န္းေမာ့ခ်န္ အခုအေနအထားအရ သူ႕ကို မမွတ္မိပဲေနခ်င္လွ်င္ေတာင္ရသည္။ သို႔ေသာ္ တဖက္က သူ႕ကို မွတ္မိေနေသးသည့္အျပင္ ႐ို႐ိုေသေသႏႈတ္ဆက္လာတာကိုျမင္ေတာ့ စိတ္သက္သာရာရသြားေလသည္။

''ငါက အသက္ႀကီးလို႔ အနားေတာင္ယူလိုက္ပါၿပီကြာ အခုအခ်ိန္က မင္းတို႔လူငယ္ေတြေတာက္ပရမဲ့အခ်ိန္ပါ ''

ယန္းခ်င္းခ်ီ ေဘးကႏွစ္ေယာက္စကားေျပာသံကိုၾကားေတာ့ က်န္းေမာ့ခ်န္ဘက္လွည့္ေမးလိုက္သည္။

''ခင္ဗ်ားနဲ႔ လီေလာင္႐ွီးနဲ႔က အသိေတြလား ''

က်န္းေမာ့ခ်န္ ေခါင္းၿငိမ့္ျပလိုက္ကာ

''အမွန္ပဲ ကိုယ္ Debutစလုပ္တဲ့ႏွစ္မွာ မႈခင္း႐ုပ္႐ွင္ကားတစ္ကား႐ိုက္ရတယ္ အဲ့ထဲမွာ ကိုယ္ကလူသတ္သမား လီေလာင္႐ွီးက စိတ္ေရာဂါအထူးကုဆရာဝန္ ေနရာကေန သ႐ုပ္ေဆာင္ခဲ့ရတာေလ ''

ယန္းခ်င္းခ်ီ ထိုစကားကိုေခါင္းတၿငိမ့္ၿငိမ့္ျဖင့္နားေထာင္ေနလိုက္ကာ သူ လီေပၚက်ံဳးဘက္လွည့္ၿပီး ႏႈတ္ဆက္လိုက္သည္။

''လီေလာင္႐ွီး ေဟာင္ ''

''နိေဟာင္ '' လီေပၚက်ံဳး ယန္းခ်င္းခ်ီကိုျပန္ႏႈတ္ဆက္လိုက္ကာ အနည္းငယ္႐ွက္ေနသည့္ ေလသံျဖင့္ '' အဲ့ဒါေတြအားလုံးက အရင္ကကိစၥေတြပါ မထင္မွတ္ထားပဲ ေမာ့ခ်န္က မွတ္မိေနေသးတယ္ ''

သူမအေဖက က်န္းေမာ့ခ်န္နဲ႔တြဲသ႐ုပ္ေဆာင္ဖူးမွန္း လီေမာ့ၾကားသြားသည့္အခါ အံ့ၾသတႀကီးထေအာ္လာသည္။

''သမီးကို ဘာလို႔အဲ့အေၾကာင္းေတြမေျပာျပရတာလဲ! တစ္ခုမွမသိခဲ့ဘူးၾကည့္စမ္း! '

လီေပၚက်ံဳး သူ႕သမီးသူၾကည့္ရင္း ကူကယ္ရာမဲ့စြာေျပာလာခဲ့သည္။

''အခုသိၿပီမလား ဒါေတြအားလုံးကအရင္ကကိစၥေတြပါ ၿပီးေတာ့အဲ့ကားထဲမွာလည္း ငါ့အခန္းကအမ်ားႀကီးမပါဘူး ၁၀မိနစ္ေလာက္ပဲ အဲ့ဒါကိုဘာလို႔ ထုတ္ေျပာေနေတာ့မွာလဲ ''

သူမအေဖက အရမ္းကို ႏွိမ့္ႏွိမ့္ခ်ခ်ေနတတ္လြန္းသည္ဟု လီေမာ့ေတြးလိုက္မိသည္။ သူမသာ က်န္းေမာ့ခ်န္နဲ႔ 10မိနစ္ေလာက္တြဲ႐ိုက္ရလွ်င္ Weiboေပၚ Postေတြတင္ပစ္မည္။ Wechatေပၚ Momentေတြတင္ပစ္မည္။ သူမ က်န္းေမာ့ခ်န္နဲ႔႐ုပ္႐ွင္အတူတူတြဲ႐ိုက္ဖူးေၾကာင္း တစ္ကမ႓ာလုံးသိေအာင္ ပတ္ေၾကာ္ျငာပစ္မည္ဟု ေတြးလိုက္မိသည္။

သူတို႔စကားေျပာေနစဥ္ တျခားအဖြဲ႕ဝင္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေရာက္လာၾကသည္။ လူစုံသြားေတာ့ ပ႐ိုဂရမ္အဖြဲ႕ထဲကအဓိကဒါ႐ိုက္တာလည္း သူတို႔အနားေလွ်ာက္လာၿပီး ဒီတစ္ပိုင္းကေတာ့ ႏိုင္ငံျခားခရီးစဥ္မဟုတ္ဘူးဟု ေျပာလာခဲ့သည္။ ပထမအပိုင္းကို တ႐ုတ္ျပည္ထဲမွာပဲ ႐ိုက္ကူးေရးလုပ္မည္ျဖစ္ကာ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ ႐ိုက္ကူးေရးလုပ္မည့္ေနရာ အနည္းငယ္ကြဲျပားမည္ျဖစ္ေၾကာင္း၊ ေလယာဥ္ေပၚကဆင္းမွ အေသးစိတ္ထပ္႐ွင္းျပမည္ျဖစ္ေၾကာင္း ေျပာလာခဲ့သည္။

အားလုံး ေခါင္းၿငိမ့္သေဘာတူလိုက္ကာ ေလယာဥ္ေပၚ ကိုယ္စီကိုယ္စီတက္သြားၾကသည္။ ယန္းခ်င္းခ်ီ ေလယာဥ္ေပၚေရာက္တာနဲ႔ ဖုန္းမပိတ္ခင္ selfieဆြဲၿပီး [ အလုပ္သစ္စၿပီ ] ဆိုသည့္ Caption ေလးျဖင့္ Postတင္လိုက္သည္။

ထိုအခ်ိန္ က်န္းေမာ့ခ်န္က ေခါင္းေမာ့ၾကည့္လာခ်ိန္ႏွင့္ ဆုံသြားကာ ယန္းခ်င္းခ်ီ ဒုတိယselfieထဲ က်န္းေမာ့ခ်န္မ်က္ႏွာႀကီးပါလာေလသည္။ ယန္းခ်င္းခ်ီ သူ႕ေဘးကလူကို မေက်မနပ္႐ုပ္ျဖင့္လွည့္ၾကည့္လိုက္ေတာ့ တရားခံက အျပစ္ကင္းျဖဴစင္သည့္မ်က္ႏွာေပးေလးျဖင့္ ေမးခြန္းေတာင္ထုတ္လိုက္ေသးသည္။

''အခုပုံကို Weiboေပၚတင္မွာလား ''

ဟြန္႔! ဒီလူ႕အၾကံမသိရင္ခက္မယ္

ယန္းခ်င္းခ်ီ ႏွာေခါင္း႐ႈံ႕ရင္း ေအးေအးစက္စက္ေျပာလာသည္။

''မတင္ဘူး မေတြးသင့္တာေတြေလွ်ာက္မေတြးနဲ႔ ''

က်န္းေမာ့ခ်န္သက္ျပင္းဖြဖြခ်ရင္း ' အိုင္း လူထုေ႐ွ႕ခ်ျပရမဲ့ခရီးက အေတာ္ေလးေဝးေသးပါလား ' ဟု ေတြးလိုက္မိသည္။

ေလယာဥ္က Gၿမိဳ႕မွာဆင္းသက္ကာ ေလဆိပ္ထြက္ေပါက္နားတြင္ Mini-busသုံးစီးက သူတို႔ကိုေစာင့္ႀကိဳေနသည္။ ဒ႐ိုင္ဘာက သူတို႔ အုပ္စုလိုက္ႀကီးထြက္လာျမင္ေတာ့ သူ႕ကိုမျမင္မွာစိုးသည့္အလား ဒါ႐ိုက္တာအဖြဲ႕အား ဝမ္းပန္းတသာျဖင့္ လက္ေဝွ႔ယမ္းျပေနသည္။

တာဝန္ခံကလည္း ဒ႐ိုင္ဘာကိုျပန္ႏႈတ္ဆက္လိုက္ကာ သူတို႔အခ်င္းခ်င္းစကားခဏေျပာေနၾကသည္။

ခဏအၾကာ Hostက 《 အေကာင္းဆုံးပါတနာ 》Seasonအသစ္ရဲ႕ ပထမဆုံးၿပိဳင္ပြဲအေၾကာင္း႐ွင္းျပေပးလာသည္။ ပထမဆုံးၿပိဳင္ပြဲ ___ ဘယ္အတြဲကအေကာင္းဆုံးပါတနာလဲ။

ဒီအပိုင္းမွာ ၿပိဳင္ပြဲဝင္၆တြဲက ၂ဖြဲ႕စီခြဲၿပီး ကြၽန္း၊ ေတာအုပ္နဲ႔ ေတာင္ေပၚမွာ ဘယ္အတြဲကအေကာင္းဆုံးပါတနာလဲဆိုသည့္ စမ္းသပ္ပြဲကို ​ယွဥ္ၿပိဳင္ရမွာျဖစ္သည္။ ပ႐ိုဂရမ္အဖြဲ႕ဘက္ကေန ၿပိဳင္ပြဲဝင္တစ္ေယာက္စီတိုင္းကို ေတာင္တက္ေက်ာပိုးအိတ္တစ္လုံးစီေပးကာ ထိုထဲတြင္ ေျမပုံ၊ တဲေဆာက္ဖို႔႐ြက္ဖ်င္၊ sleeping bag၊ ဓာတ္မီး၊ ဘီစကြတ္ေျခာက္၊ ေပါင္မုန္႔၊ ေရသန္႔ႏွင့္ အျခားမ႐ွိမျဖစ္လိုအပ္သည့္ တစ္ကိုယ္ရည္သုံးအသုံးအေဆာင္အခ်ိဳ႕ ပါ႐ွိေလသည္။ ႏွစ္တြဲလုံး သတ္မွတ္ထားသည့္ေနရာကို သုံးရက္အတြင္း အၿပိဳင္အဆိုင္ခရီးႏွင္ဖို႔လိုအပ္ကာ ထိုေနရာကအလံတိုင္ကိုအရင္ကိုင္ေျမႇာက္ႏိုင္တဲ့အတြဲမွ အႏိုင္ရ႐ွိသည့္အဖြဲ႕ဟု သတ္မွတ္မည္ျဖစ္ေၾကာင္း ေၾကျငာလာခဲ့သည္။ ၆တြဲထဲ အရင္ေရာက္တဲ့အတြဲက ပထမရမည္ျဖစ္ကာ သူတို႔ေနာက္ကအတြဲက ဒုတိယ ထို႔ေနာက္ တတိယစသည္ျဖင့္ အဆင့္သတ္မွတ္ေပးမည္ျဖစ္သည္။ ထိုအဆင့္သတ္မွတ္ခ်က္က သူတို႔ရဲ႕ပထမဦးဆုံးႏိုင္ငံျခားခရီးစဥ္မွာေပးမည့္ ကုန္က်စရိတ္အေပၚလည္း သြားၿပီးသက္ေရာက္ႏိုင္ေသးသည္။ ____ ပထမရတဲ့အတြဲက သုံးစရိတ္ပိုရမည္ျဖစ္ကာ အဆင့္လိုက္ သုံးစရိတ္နည္းနည္းသြားၿပီး ေနာက္ဆုံးအတြဲကေတာ့ သုံးစရိတ္အနည္းဆုံးရမည္ျဖစ္သည္။

ယန္းခ်င္းခ်ီ ေၾကာ္ျငာခ်က္နဲ႔စည္းမ်ဥ္းေတြ နားေထာင္အၿပီးမွာ အနည္းငယ္အံ့အားသင့္သြားေလသည္။ ေျပာေတာ့ ခရီးေတြသြားၿပီး ဂိမ္းေလးေတြေဆာ့တာဆို? ဘယ္လိုလုပ္ၿပီး ေတာတြင္းစြန္႔စားခန္းျဖစ္သြားရတာလဲ!

သို႔ေသာ္ အစီအစဥ္ေၾကာ္ျငာသည့္ Hostက သူတို႔ကို တုံ႔ျပန္ခ်ိန္ အမ်ားႀကီးမေပးခဲ့ပါ။ ႐ုတ္တရက္ႀကီး မဲလိပ္ဘူးေကာက္ထုတ္လိုက္ကာ ဘယ္အတြဲကဘယ္ေနရာသြားရမယ္ဆိုတာကို ခ်က္ခ်င္းမဲႏိႈက္ခိုင္းေလသည္။

အားလုံးထဲမွာ က်န္းေမာ့ခ်န္အေနအထားက အျမင့္ဆုံးျဖစ္တာေၾကာင့္ လူတိုင္းက တစ္ေလသံထဲေျပာလာၾကသည္။

''က်န္းေကာ အရင္ႏိႈက္လိုက္ပါ ''

က်န္းေမာ့ခ်န္ ထိုကဲ့သို႔ဦးစားေပးမႈကို အျပဳံးေလးျဖင့္ ျငင္းဆန္လိုက္ၿပီးေနာက္ လီေပၚက်ံဳးကိုအရင္ႏိႈက္ေစသည္။

က်န္းေမာ့ခ်န္ သူ႕ကိုေလးစားသမႈျဖင့္ မ်က္ႏွာသာေပးထားမွန္း လီေပၚက်ံဳးေကာင္းေကာင္းနားလည္သည္။ သူ စိတ္သက္သာရာရသြားသလို တစ္ၿပိဳင္နက္ထဲမွာပဲ အားတုံ႔အားနာျဖစ္မိျပန္သည္။ သူ သူ႕သမီးလီေမာ့ပုခုံးကိုပုတ္လိုက္ကာ

''သြား ဘယ္ေနရာက်မလဲ သြားႏိႈက္လိုက္ ''

လီေမာ့ Hostေ႐ွ႕သြားရပ္ကာ မဲလိပ္ဘူးထဲကေန မဲလိပ္တစ္လိပ္လွမ္းႏိႈက္လိုက္သည္။ လက္ထဲ မဲလိပ္ေရာက္လာေတာ့ လက္သြက္ေျခသြက္လီေမာ့ေလးက Hostကိုမေပးပဲ သူမဘာသာသူမ ဖြင့္ဖတ္လိုက္ေလသည္။

''ကြၽန္း ''

သူမ Hostကို မဲလိပ္ကမ္းေပးလိုက္ကာ သူမအေဖဘက္လွည့္ၿပီး ေျပာလာခဲ့သည္။

''သမီးတို႔ ကြၽန္း က်တယ္ ''

လီေပၚက်ံဳး ေခါင္းၿငိမ့္ျပလိုက္ကာ က်န္းေမာ့ခ်န္တို႔နဲ႔ တစ္ဖြဲ႕တည္းက်ပါေစဟု စိတ္ထဲကေန တိုးတိုးေလးဆုေတာင္းေနလိုက္သည္။

သို႔ေသာ္ လီေပၚက်ံဳးဆုေတာင္းက အထမေျမာက္ခဲ့ပါ။ က်န္းေမာ့ခ်န္ မဲႏိႈက္ၿပီးဖြင့္ၾကည့္လိုက္ေတာ့ စာ႐ြက္ေပၚေရးထားသည္က : [ ေတာင္ ]

က်န္းေမာ့ခ်န္တို႔နဲ႔အတူတူ 'ေတာင္' က်သည့္အဖြဲ႕က မိန္းကေလးသူငယ္ခ်င္းအုပ္စုျဖစ္သည့္ ေမာ့ေ႐ွာင္းေ႐ွာင္းနဲ႔ က်န္းနင္ေဝးတို႔ျဖစ္သည္။ ထိုႏွစ္ေယာက္ၾကည့္ရတာ အရမ္းေပ်ာ္ေနပုံေပါက္ၿပီး ယန္းခ်င္းခ်ီကို အေဝးကေနေတာင္ လွမ္းႏႈတ္ဆက္ေနေသးသည္။

သိပ္မၾကာခင္ ဘယ္အဖြဲ႕ကဘယ္ေနရာသြားရမလဲဆိုသည့္ မဲခြဲဆုံးျဖတ္မႈႀကီး ၿပီးဆုံးသြားကာ က်န္းေမာ့ခ်န္နဲ႔ ယန္းခ်င္းခ်ီ၊ ေမာ့ေ႐ွာင္းေ႐ွာင္းနဲ႔ က်န္းနင္ေဝးတို႔က ေတာင္ေပၚကိုက်သည္။

လီေပၚက်ံဳးနဲ႔လီေမာ့၊ ေဖ့က်င့္ယြီနဲ႔ယြဲ႕ဇီမင္က ကြၽန္းေပၚမွာ ၿပိဳင္ဆိုင္ရမည္။ ယန္႐ွင္းဟယ့္နဲ႔ ယြီေဟာင့္ယြမ္၊ ေဝ့က်ီးဟန္နဲ႔ ယြီေ႐ွာင္းယြီတို႔က ေတာအုပ္ထဲ ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။

မဲႏိႈက္ၿပီးေနာက္ အဖြဲ႕ကိုယ္စီက မတူညီသည့္ေနရာအသီးသီးကိုသြားဖို႔ မတူညီသည့္ mini-busအသီးသီးကို တက္စီးလိုက္ၾကသည္။ ကားစထြက္လို႔ ယန္းခ်င္းခ်ီ ေဘးပတ္ပတ္လည္က႐ႈခင္းေတြကို ေသခ်ာမၾကည့္ႏိုင္ေသးခင္ ဝန္ထမ္းတစ္ေယာက္က မ်က္လုံးကာေတြကိုင္ၿပီး သူတို႔ဆီေလွ်ာက္လာတာကို ေတြ႕လိုက္ရေလသည္။

''ဧည့္သည္တို႔ကို ေနာက္ပိုင္းခရီးစဥ္တစ္ေလွ်ာက္လုံး မ်က္လုံးကာေလးတပ္ၿပီး အနားယူေပးပါလို႔ ေတာင္းဆိုခ်င္ပါတယ္ ကြၽန္ေတာ္တို႔ သတ္မွတ္ထားတဲ့ေနရာေရာက္တာနဲ႔ ႏိႈးလိုက္ပါ့မယ္ ''

ယန္းခ်င္းခ်ီ : ''...........''

အခုေန ဒီကားေပၚကခုန္ခ်ရင္ အရမ္းမ်ားေနာက္က်သြားၿပီလား ???႐ိုက္ကူးေရးလုပ္ေနတာနဲ႔မတူပဲ မေတာ္တဆျပန္ေပးဆြဲခံလိုက္ရတဲ့ခံစားခ်က္ႀကီး!

သူ က်န္းေမာ့ခ်န္ကို ကူကယ္ရာမဲ့စြာ လွည့္ၾကည့္လိုက္ေတာ့ က်န္းေမာ့ခ်န္ကလည္း သူ႕နည္းတူ ေျပာစရာစကားမဲ့ေနတာကို ျမင္လိုက္ရေလသည္။

''ေရာမေရာက္ရင္ေရာမလိုက်င့္ရမွာေပါ့ ''

က်န္းေမာ့ခ်န္ သူ႕လက္ကို စိတ္ေျဖသိမ့္ေပးသလိုမ်ိဳး ခပ္ဖြဖြပုတ္လိုက္ကာ ဝန္ထမ္းလက္ထဲက မ်က္လုံးကာေတြကို အထြန္႔မတက္ပဲလွမ္းယူလိုက္သည္။ သူ ယန္းခ်င္းခ်ီကို တစ္ခုေပးၿပီး ကိုယ့္ဘာသာတပ္ဖို႔ျပင္ေနစဥ္ ယန္းခ်င္းခ်ီက မ်က္လုံးကာႀကီးကိုင္ၿပီး မလႈပ္မရပ္ထိုင္ေနတာျမင္ေတာ့ က်န္းေမာ့ခ်န္ကိုယ္တိုင္ပဲ ကူတပ္ေပးလိုက္ရေလသည္။

အိပ္လိုက္ေတာ့။ ယန္းခ်င္းခ်ီ သူ႕ကိုယ္သူ အိပ္ေမြ႕ခ်လိုက္သည္။ ႏိုးလာတာနဲ႔ အဲ့ကိုေရာက္သြားလိမ့္မယ္။

သတ္မွတ္ထားသည့္ေနရာေရာက္ေတာ့ ယန္းခ်င္းခ်ီတို႔ ကားေပၚကဆင္းဖို႔ အႏိႈးခံလိုက္ရသည္။ သူ မ်က္လုံးပြတ္ၿပီး ကားေပၚကဆင္းလာတဲ့အခ်ိန္ ေတာင္တစ္ေတာင္ေ႐ွ႕ေရာက္ေနတာကိုျမင္လိုက္ရေလသည္။ သူ သူ႕ေ႐ွ႕ကေတာင္ကိုၾကည့္လိုက္ကာ သူတို႔ေနာက္လိုက္ဖို႔ ျပင္ဆင္ေနသည့္ ကင္မရာမန္းနဲ႔ ဒါ႐ိုက္တာကိုၾကည့္ၿပီး ႐ႊင္ျမဴးစြာလက္ေဝွ႔ယမ္းျပလိုက္သည္။

''သြားမယ္ ေတာင္ေပၚတက္ရေအာင္ ''

ေမာ့ေ႐ွာင္းေ႐ွာင္းနဲ႔ က်န္းနင္ေဝးကလည္း သူတို႔အဖြဲ႕နဲ႔ခြဲမထြက္သြားပဲ သူတို႔ေနာက္ကလိုက္ရင္း

''ကြၽန္မတို႔ 《 အေကာင္းဆုံးပါတနာ 》ဝင္႐ိုက္ေနၾကမွန္း လူတိုင္းသိလို႔ေပါ့ မဟုတ္ရင္ မသိတဲ့လူသာဆို 《 က်န္းေကာေနာက္လိုက္ၿပီး စြန္႔စားခန္းဖြင့္ရေအာင္ 》႐ိုက္ေနတယ္လို႔ ထင္ၾကေတာ့မွာပဲ ''

ယန္းခ်င္းခ်ီ ေမာ့ေ႐ွာင္းေ႐ွာင္းေျပာသည့္ '' က်န္းေကာေနာက္လိုက္ၿပီး စြန္႔စားခန္းဖြင့္ရေအာင္ '' ဆိုသည့္စကားကို သေဘာက်သြားတာေၾကာင့္ သူ က်န္းေမာ့ခ်န္ကိုလွည့္ၾကည့္လိုက္ကာ အျပဳံးေလးျဖင့္ စေနာက္ေနျပန္သည္။

''ဒါဆို ကြၽန္ေတာ္တို႔ကို က်န္းေကာ ဦးေဆာင္ေပးမွျဖစ္ေတာ့မယ္ ''

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီကို ျပန္ၾကည့္လိုက္ကာ

''စိတ္မပူပါနဲ႔ ရဲေဘာ္တို႔ ငါမင္းတို႔ကို သမၼတႏိုင္ငံဆီအေရာက္ေခၚသြားမွာပါ ''

ထိုစကားၾကားေတာ့ မိန္းကေလးႏွစ္ေယာက္က ခိုးခိုးခစ္ခစ္ထရယ္ၾကသည္။ က်န္းေမာ့ခ်န္က ေ႐ႊဆုသုံးဆု႐ွင္ျဖစ္ေသာ္ျငား သူတို႔ထင္ထားသလိုမ်ိဳး ေပါင္းသင္းဆက္ဆံရမခက္ခဲပဲ ခ်ဥ္းကပ္ရလြယ္ကူတာကိုေတြ႕လိုက္ရသည္။

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္ကို သူ႕အိတ္ထဲက ေျမပုံထုတ္ေပးဖို႔ ေတာင္းဆိုလိုက္သည္။ က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီ ေက်ာပိုးအိတ္ကိုဖြင့္ကာ ေျမပုံထုတ္လိုက္ၿပီးေနာက္ သူ႕ေ႐ွ႕ကေကာင္ေလးလက္ထဲထည့္ေပးလိုက္ေလသည္။

ယန္းခ်င္းခ်ီ ေျမပုံဖြင့္ၾကည့္လိုက္ေတာ့ အားလုံးသူ႕အနားဝိုင္းအုံလာကာ အနီေရာင္အမွတ္အသားျပထားသည့္အလံေလးက ေျမပုံအလယ္တည့္တည့္မွာေရးဆြဲထားတာကိုျမင္လိုက္ရေလသည္။

''ၾကည့္ရတာေတာ့ အလံက ေတာင္အလယ္မွာ႐ွိမယ္နဲ႔တူတယ္ ''

''ဒါေပမဲ့ အခုပဲညေနေစာင္းေနၿပီ '' ေမာ့ေ႐ွာင္းေ႐ွာင္း ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္သည္။ '' ေနာက္သုံးနာရီေလာက္ဆို ေနဝင္ေတာ့မွာ မေမွာင္ခင္ စခန္းခ်ဖို႔ေနရာ႐ွာထားမွျဖစ္မယ္ ''

''အမွန္ပဲ ဒါေၾကာင့္ အခ်ိန္မျဖဳန္းပဲ သြက္သြက္လုပ္ရမယ္ '' ယန္းခ်င္းခ်ီ ေကာင္မေလးႏွစ္ေယာက္ကို လွမ္းၾကည့္လိုက္ကာ '' မင္းတို႔ႏွစ္ေယာက္ ငါတို႔နဲ႔အတူတူသြားမွာလား ''

ေမာ့ေ႐ွာင္းေ႐ွာင္းေခါင္းၿငိမ့္ျပလာသည္။

''ကြၽန္မတို႔ႏွစ္​ေယာက္က အဲ့အပိုင္းေတြမကြၽမ္းက်င္ဘူး အမွန္အတိုင္းေျပာရရင္ ေျမပုံေတာင္ေျဖာင့္ေျဖာင့္မဖတ္တတ္ဘူး အဲ့ဒါေၾကာင့္ ႐ွင္တို႔ေနာက္လိုက္တာ အေကာင္းဆုံးပဲ လူပိုမ်ားေတာ့ အင္အားပိုႀကီးတာေပါ့ ''

''ရတယ္ေလ ဒါဆို သြားရေအာင္ ''

ယန္းခ်င္းခ်ီထိုသို႔ေျပာရင္း က်န္းေမာ့ခ်န္နဲ႔ေဘးခ်င္းယွဥ္ေလွ်ာက္ကာ ေျမပုံတကားကားျဖင့္ ေကာင္မေလးေတြကို ဦးေဆာင္ေခၚသြားေလသည္။

ေတာင္တက္လမ္းေတြက ေလွ်ာက္ရမလြယ္ကူပါ။ ထို႔အျပင္ အေကာင္ပလုံအေသးအမႊားေလးေတြကလည္း ဟိုေနရာ၊ ဒီေနရာကေန ထြက္ထြက္လာတတ္ေသးသည္။ ငယ္ငယ္ေလးကတည္းက ပိုးေမြးသလိုအဥခံထားရသည့္ က်န္းနင္ေဝးတစ္ေယာက္ တစ္ေကာင္ေကာင္ေတြ႕တာနဲ႔ ထထေအာ္ကာ ေမာ့ေ႐ွာင္းေ႐ွာင္းကို ေၾကာက္ေၾကာက္ျဖင့္ အေသဆြဲထားတတ္သည္။ ေလးေယာက္သား ႏွစ္နာရီေက်ာ္ၾကာ လမ္းေလွ်ာက္အၿပီးမွာေတာ့ က်န္းနင္ေဝးဆက္မေလွ်ာက္ႏိုင္ေတာ့ပါ။ သို႔ေသာ္ သူမ်ားေနာက္လိုက္ၿပီး သူမအတြက္ အားလုံးေႏွာင့္ေႏွးေအာင္လုပ္ရမွာကို အရမ္းအားနာတာေၾကာင့္ ေညာင္းေနၿပီ၊ ဆက္မေလွ်ာက္ႏိုင္ေတာ့ဘူး ဟုလည္း ေျပာမထြက္ခဲ့ပါ။ ေမာ့ေ႐ွာင္းေ႐ွာင္းကလည္း သူမကိုတြဲေခၚလာကာ ေဘးကေနအသံတိုးတိုးေလးျဖင့္ အားေပးေနသည္။

ယန္းခ်င္းခ်ီ ေမာ့ေ႐ွာင္းေ႐ွာင္းရဲ႕အားေပးစကားသံေတြကို အတိုင္းသားၾကားေနရတာေၾကာင့္ သူ ေနာက္ျပန္လွည့္ၾကည့္လိုက္ေတာ့ က်န္းနင္ေဝးက သိသိသာသာႀကီးလမ္းမေလွ်ာက္ႏိုင္ေတာ့တာကို ျမင္လိုက္ရသည္။

သူ ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္ကာ က်န္းေမာ့ခ်န္ဘက္လွည့္ရင္း

'' ကြၽန္ေတာ္တို႔ဒီမွာပဲ ရပ္လိုက္ၾကမယ္ေလ ဒီအနီးအနားမွာ တဲထိုးဖို႔ ေျမျပန္႔လိုက္႐ွာရေအာင္ ''

သူထိုသို႔ေျပာရင္း က်န္းနင္ေဝး႐ွိတဲ့ေနရာဆီလွမ္းၾကည့္ဖို႔ က်န္းေမာ့ခ်န္ကိုမ်က္စျပစ္ျပလိုက္သည္။ က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီအၾကည့္အတိုင္း လွည့္ၾကည့္လိုက္ေတာ့ သိသိသာသာႀကီးပင္ပန္းေနသည့္ က်န္းနင္ေဝးကို ျမင္လိုက္ရေလသည္။

သူေခါင္းၿငိမ့္ျပလိုက္ကာ

''မင္းသေဘာ ''

တဖက္လူက သူ႕အၾကံကို သေဘာတူလိုက္တာျမင္ေတာ့ ယန္းခ်င္းခ်ီ ေမာ့ေ႐ွာင္းေ႐ွာင္းတို႔ဘက္လွည့္လိုက္ကာ

''မင္း သူ႕ကို အေဖာ္ျပဳၿပီးဒီမွာေနခဲ့ေနာ္ ငါတို႔ တဲထိုးဖို႔သင့္ေတာ္မဲ့ေနရာကို ဒီအနီးအနားမွာလိုက္ၾကည့္လိုက္ဦးမယ္ ညပိုင္းေတာ့ခရီးမဆက္ေတာ့ဘူး ဘယ္လိုပဲျဖစ္ျဖစ္ ႏွစ္ရက္ေတာင္က်န္ေသးတာပဲဟာ အခုေကာင္းေကာင္းနားၿပီး အားျဖည့္ၾကမယ္ မနက္ျဖန္မွဆက္သြားရေအာင္ ''

က်န္းနင္ေဝးကလည္း သူတို႔ သူမေၾကာင့္ရပ္လိုက္ရမွန္း မသိပဲေနပါ့မလား။ သူမအရမ္းကို အားနာသြားကာ ကိုယ့္ကိုကိုယ္စိတ္ထဲကေန အျပစ္တင္လိုက္သည္။

''ဆက္သြားၾကရေအာင္ပါ ကြၽန္မနည္းနည္းေလာက္ေလွ်ာက္ႏိုင္ပါေသးတယ္ ''

''မလိုပါဘူး '' ယန္းခ်င္းခ်ီ ​ညင္ညင္သာသာေလးေျပာလာသည္။ '' မင္းျမင္တဲ့အတိုင္းပဲ မၾကာခင္ေမွာင္လာေတာ့မွာ ေတာင္တက္လမ္းက ညဘက္ႀကီးေလွ်ာက္လို႔မလြယ္ဘူး တစ္ခုခုျဖစ္သြားခဲ့ရင္ အက်ိဳးထက္အဆိုးပိုမ်ားလိမ့္မယ္ ၿပီးေတာ့ တဲထိုးဖို႔အတြက္ အနည္းနဲ႔အမ်ားေတာ့အခ်ိန္ယူရဦးမွာပဲ ''

က်န္းနင္ေဝးေခါင္းၿငိမ့္ျပကာ အ႐ွိကိုအ႐ွိအတိုင္း ႐ိုး႐ိုးသားသားေျပာလာခဲ့သည္။

''ကြၽန္မေၾကာင့္ ႐ွင္တို႔ကိုပါ ေႏွာင့္ေႏွးေစမိတဲ့အတြက္ ေတာင္းပန္ပါတယ္ ''

''ဘာမွမျဖစ္ပါဘူး '' ယန္းခ်င္းခ်ီျပဳံးျပလိုက္သည္။ '' အားလုံးက ႐ိုက္ကူးေရးလုပ္ဖို႔ထြက္လာၾကတာပဲဟာ ခက္ခဲေနရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္႐ႈေစာင့္ေ႐ွာက္ေပးရမွာက ပုံမွန္ပါပဲ ''

ယန္းခ်င္းခ်ီ ေမာ့ေ႐ွာင္းေ႐ွာင္းနဲ႔ က်န္းနင္ေဝးတို႔ကို ေနရာခ်ေပးခဲ့ၿပီးေနာက္ တဲထိုးဖို႔ေနရာေကာင္း႐ွာရန္ က်န္းေမာ့ခ်န္နဲ႔အတူတူထြက္လာလိုက္သည္။

ႏွစ္ေယာက္အတူတူ ေဘးခ်င္းကပ္ေလွ်ာက္ေနရင္း က်န္းေမာ့ခ်န္႐ုတ္တရက္ႀကီး ထေမးလာသည္။

'' မင္း တဲထိုးတတ္လား ''

''ထိုးတတ္တယ္ေလ '' ယန္းခ်င္းခ်ီျပန္ေျဖလာသည္။ '' အရင္က လုပ္ဖူးတယ္ ''

က်န္းေမာ့ခ်န္ ကူကယ္ရာမဲ့စြာၾကည့္လိုက္သည္။

''မင္းလုပ္ႏိုင္တယ္လို႔ေျပာလာမွာကို ေၾကာက္ေနတာ တကယ္လည္း လုပ္ႏိုင္တယ္လို႔ ေျပာလာတာပဲ သီခ်င္းဆိုတာကလြဲၿပီး မင္းမလုပ္တတ္တာဘာ႐ွိေသးလဲ ''

ယန္းခ်င္းခ်ီ ထိုအေမးေၾကာင့္ ျပဳံးသြားကာ

'' ဒါဆို ကြၽန္ေတာ္ ထပ္ေျပာမယ္ '' သူ ေပါ့ေပါ့ပါးပါး ျပန္ေျပာင္းၿပီးေျပာလာခဲ့သည္။ '' အမွန္ေတာ့ ကြၽန္ေတာ္ အဲ့ေလာက္ မေတာ္ဘူး မၾကာခင္ ခင္ဗ်ားအကူအညီကိုယူရမွာပါ ''

'' မင္းလုပ္ႏိုင္တာပိုေကာင္းပါတယ္ '' က်န္းေမာ့ခ်န္ သက္ျပင္းခ်လိုက္သည္။ '' ဘာလို႔လဲဆိုေတာ့ ကိုယ္မလုပ္တတ္လို႔ ''

(T/N: ေမာ့ခ်န္က သူ႕ကိုမွီခိုေစခ်င္လို႔ အဲ့ေမးခြန္းေမးလာတာလို႔ေတြးၿပီး ခ်င္းခ်ီကသိပ္မလုပ္တတ္ဘူးလို႔ျပန္ေျပာင္းေျပာလိုက္တာ တကယ္ေတာ့ ဟိုကမွတကယ္ႀကီး တဲမထိုးတတ္လို႔ေမးလိုက္တာပါ lol)

ထိုအခါမွ ယန္းခ်င္းခ်ီေအာ္ရယ္မိသြားသည္။

က်န္းေမာ့ခ်န္ သူ႕ကိုၾကည့္လိုက္ကာ

''မင္း ကိုယ့္ကို ေလွာင္တာလား ''

''မေလွာင္ပါဘူး ''

''ဒါဆို ဘယ္သူ႕ကိုရယ္တာလဲ ''

''မဟုတ္ပါဘူး ခင္ဗ်ား အဲ့လိုအေလးအနက္ထားၿပီး ေျပာေနပုံေလးက အရမ္းခ်စ္ဖို႔ေကာင္းလို႔ပါ ''

က်န္းေမာ့ခ်န္ သကၤါမကင္းျပန္ၾကည့္လိုက္သည္။

ယန္းခ်င္းခ်ီ ႐ုပ္တည္ေလးျဖင့္ ေခါင္း​ၿငိမ့္ျပလာကာ

''တကယ္ ကြၽန္ေတာ္က်ိန္ျပႏိုင္တယ္ ''

''ဒီတစ္ေခါက္ေတာ့ ယုံေပးလိုက္ပါ့မယ္ '' က်န္းေမာ့ခ်န္ မယုံခ်င့္ယုံခ်င္မ်က္ႏွာေပးေလးျဖင့္ ျပန္ေျပာလာသည္။ '' အမွန္ေတာ့ ကိုယ္မလုပ္တတ္တာမဟုတ္ဘူး မလုပ္ဖူးတာ အဲ့အခ်ိန္က် မင္းကိုယ့္ကိုသင္ေပးေလ ကိုယ္က်ိန္းေသေပါက္ လုပ္တတ္သြားမွာပါ ''

''ဒါေပါ့ ခင္ဗ်ားက ဘယ္ေလာက္ေတာင္ဉာဏ္ေကာင္းလိုက္သလဲ ခင္ဗ်ားကသင္လြယ္တတ္လြယ္ေလးပဲဟာ '' ယန္းခ်င္းခ်ီအျပဳံးေလးျဖင့္ ​ခ်ီးက်ဴးေနျပန္သည္။

က်န္းေမာ့ခ်န္ ရယ္ပဲရယ္ေနကာ ယန္းခ်င္းခ်ီကိုၾကည့္ၿပီး ဘာမွေျပာမလာခဲ့။

ႏွစ္ေယာက္သား ခဏေလာက္ပတ္ၾကည့္အၿပီးမွာ စခန္းခ်လို႔သင့္ေတာ္မည့္ေနရာေကာင္းတစ္ခု ႐ွာေတြ႕သြားေလသည္။ ယန္းခ်င္းခ်ီ ေမာ့ေ႐ွာင္းေ႐ွာင္းနဲ႔ အျခားလူေတြကို သြားေခၚဖို႔ က်န္းေမာ့ခ်န္ကိုလႊတ္လိုက္ကာ သူကိုယ္တိုင္ကေတာ့ တဲထိုးဖို႔ျပင္ဆင္လိုက္သည္။ က်န္းေမာ့ခ်န္ကလည္း ယန္းခ်င္းခ်ီစကားဆို တေသြမသိမ္းနားေထာင္တတ္တာေၾကာင့္ လိမ္လိမ္မာမာေလးျပန္လွည့္သြားကာ သူတို႔ကိုေစာင့္ၿပီးက်န္ေနခဲ့သည့္ ေကာင္မေလးႏွစ္ေယာက္ကိုသြားေခၚလိုက္ေလသည္။

ေမာ့ေ႐ွာင္းေ႐ွာင္းနဲ႔ က်န္းနင္ေဝးေရာက္လာေတာ့ ယန္းခ်င္းခ်ီ တဲထိုးဖို႔ တစ္ေယာက္ထဲအလုပ္႐ႈပ္ေနတာကို ျမင္လိုက္ရတဲ့အခ်ိန္ သူတို႔အေျပးေလးလာကူၾကသည္။ ယန္းခ်င္းခ်ီကလည္း သူတို႔ကို တဲဘယ္လိုထိုးရေၾကာင္း ႐ွင္းျပေနကာ ကိုယ္တိုင္လည္း သ႐ုပ္ျပေပးလိုက္သည္။ က်န္းေမာ့ခ်န္က ေဘးကေနဝိုင္းကူေလသည္။

သင္ျပၿပီးသြားေတာ့ ေကာင္မေလးေတြက သူတို႔တဲအတြက္အလုပ္႐ႈပ္ေနစဥ္ ယန္းခ်င္းခ်ီတို႔ဘက္ကေတာ့ ၿပီးသေလာက္နီးပါး႐ွိသြားၿပီျဖစ္သည္။

ယန္းခ်င္းခ်ီ လက္ႏွစ္ဖက္ခါရင္း က်န္းေမာ့ခ်န္ကိုေမးလိုက္သည္။

'' အဆင္ေျပလား ''

တဖက္ကလည္း လက္မေထာင္ျပကာ အမွန္အတိုင္းထုတ္ေျပာလာသည္။

''အရမ္းမိုက္တယ္ ''

ယန္းခ်င္းခ်ီ ခ်ီးက်ဴးခံလိုက္ရတာေၾကာင့္ စိတ္ေက်နပ္သြားကာ ညစာစားခ်ိန္ေရာက္လာေတာ့မယ္မွန္း သတိထားမိသြားေလသည္။ သူ ဒီအနားအနားမွာ ဘာေတြ႐ွိလဲ လွည့္ပတ္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္။ ထိုအခ်ိန္ ေမာ့ေ႐ွာင္းေ႐ွာင္းတို႔အဖြဲ႕က တခ်ိဳ႕ေနရာေတြ မလုပ္တတ္တာေၾကာင့္ တဲကပုံမက်ျဖစ္ေနတဲ့အတြက္ ယန္းခ်င္းခ်ီဆီလာၿပီး အကူအညီေတာင္းရျပန္သည္။

ယန္းခ်င္းခ်ီသြားကူညီေပးလိုက္ေတာ့ ေကာင္မေလးႏွစ္ေယာက္က အထပ္ထပ္အခါခါေက်းဇူးတင္လာၾကကာ ဒီေန႔ ယန္းခ်င္းခ်ီေၾကာင့္သာမဟုတ္လွ်င္ ေကာင္းကင္နဲ႔ေျမႀကီးကို ေစာင္နဲ႔အိပ္ယာအျဖစ္သုံးၿပီးအိပ္ရေတာ့မည္ဟု ခ်ဲ႕ခ်ဲ႕ကားကားေျပာလာၾကေလသည္။

ယန္းခ်င္းခ်ီအတြက္ကေတာ့ ထိုအရာကကိစၥႀကီးမဟုတ္တာေၾကာင့္ ရပါတယ္ဟုသာ ျပန္ေျဖလိုက္သည္။ သူ သူတို႔တဲဆီျပန္မသြားခင္ ေကာင္မေလးႏွစ္ေယာက္ကိုေမးလိုက္သည္။

''မင္းတို႔ဗိုက္ဆာေနၿပီလား ဘာစားၿပီးသြားၿပီလဲ ''

သူဘာလို႔ ဒီလိုေမးခြန္းေမးလာမွန္း နားမလည္တာေၾကာင့္ က်န္းနင္ေဝးက မအူမလည္႐ုပ္ေလးျဖင့္ျပန္ေျဖလာသည္။

'' ပ႐ိုဂရမ္အဖြဲ႕ကေပးတဲ့ အစားအစာေတြပဲစားရမွာေပါ့ ''

ယန္းခ်င္းခ်ီေခါင္းၿငိမ့္ျပလိုက္သည္။ ဒါေပါ့ သာမန္လူကေတာ့ ဒီလိုပဲေတြးမွာပဲ။

သူဘာမွထပ္မေျပာေတာ့တာကိုျမင္ေတာ့ ေမာ့ေ႐ွာင္းေ႐ွာင္း ျပန္ေမးလာသည္။

'' ႐ွင္တို႔က ဘာစားခ်င္လို႔လဲ ''

''ငါတို႔ အဲ့ေလာက္ဗိုက္မဆာေသးဘူး အဲ့ဒါ​ေၾကာင့္ ဟိုဟိုဒီဒီဘာ႐ွိလဲ ပတ္ၾကည့္မလို႔ ''

'' မဟုတ္မွလြဲေရာ ႐ွင္တို႔ေတြ ဒီအခ်ိန္ႀကီး အမဲလိုက္ထြက္ဖို႔ၾကံစည္ေနတာလား '' ေမာ့ေ႐ွာင္းေ႐ွာင္း အံ့ၾသတႀကီးဆိုလာသည္။ '' ဒါေပမဲ့ ဒီေတာင္ေပၚမွာ အမဲလိုက္ဖို႔ သားေကာင္မ႐ွိတဲ့ပုံပဲေနာ္ ''

''အမဲလိုက္ဖို႔မဟုတ္ပါဘူး ဒီတိုင္း ဘာမွလုပ္စရာမ႐ွိပဲ အားေနေတာ့ ဟိုဟိုဒီဒီေလွ်ာက္ပတ္ၾကည့္မယ္လို႔ ေတြးေနတာ '' ယန္းခ်င္းခ်ီ အမွန္အတိုင္းေျပာလာခဲ့သည္။ ''ကိစၥမ႐ွိပါဘူး မင္းတို႔နားႏွင့္ေလ ေတြးပဲေတြးထားတာ မေသခ်ာေသးဘူး ''

ေမာ့ေ႐ွာင္းေ႐ွာင္း ေခါင္းၿငိမ့္ျပလိုက္သည္။ သူမဘယ္ေလာက္ပဲ ရဲရင့္ပါတယ္ေျပာေျပာ ေမွာင္ႀကီးမည္းႀကီး ေတာထဲေတာင္ထဲေလွ်ာက္သြားရေလာက္တဲ့အထိေတာ့ သတၱိမ႐ွိေသးပါ။ သူမ ယန္းခ်င္းခ်ီကို ယဥ္ယဥ္ေက်းေက်းေလးျပန္ေျပာလိုက္သည္။

'' ေကာင္းၿပီေလ ဒါဆို ကြၽန္မတို႔အရင္နားႏွင့္မယ္ ႐ွင္တို႔လည္း ေစာေစာနားသင့္တယ္ ''

''အင္း ''

ယန္းခ်င္းခ်ီထိုသို႔ျပန္ေျဖၿပီးေနာက္ က်န္းေမာ့ခ်န္ဘက္ျပန္ေလွ်ာက္သြားေလသည္။

သူေတြးထားတာေတြကို က်န္းေမာ့ခ်န္ကိုေျပာျပလိုက္တဲ့အခ်ိန္ တဖက္ကလည္း ႏွစ္ခါေတာင္ေခၚစရာမလိုပဲ အိတ္ထဲက ဓာတ္မီးဆြဲထုတ္လိုက္ကာ

'' သြားမယ္ေလ ဟိုဟိုဒီဒီ ပတ္ၾကည့္ၾကတာေပါ့ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္တို႔အားေနတာပဲဟာ ''

'' အဲ့လိုပဲလုပ္ရေအာင္ေလ ''

''ဒါေပမဲ့ ..... '' က်န္းေမာ့ခ်န္ သူတို႔အနားက ကင္မရာေတြကိုလွည့္ၾကည့္လိုက္ကာ သူတို႔ခရီးစဥ္ေနာက္လိုက္လာသည့္ ဒါ႐ိုက္တာႏွစ္ေယာက္ကိုလွမ္းေမးလိုက္သည္။ '' ငါတို႔ဟိုဟိုဒီဒီပတ္ၾကည့္မလို႔ မင္းတို႔လိုက္ဖို႔လိုေသးလား ''

ဒါ႐ိုက္တာက အနည္းငယ္ပင္ပန္းေနၿပီျဖစ္ေသာ္ျငား အလုပ္ကိစၥျဖစ္တဲ့အတြက္ နားခ်င္တိုင္းနားလို႔မရပါ။ သူမ ပေရာ္ဖက္႐ွင္နယ္ဆန္ဆန္ေျပာလာသည္။

'' ဒါက ႐ွင္တို႔ရဲ႕႐ိုက္ကြက္ေတြေလ ယုတၱိက်က်ေျပာရရင္ေတာ့ ကြၽန္မတို႔လိုက္ကိုလိုက္ရလိမ့္မယ္ ''

''မလိုက္လည္းရပါတယ္ '' က်န္းေမာ့ခ်န္အၾကံျပဳလိုက္သည္။ '' မင္းတို႔တေန႔လုံးပင္ပန္းလာတာ အနားယူလိုက္ပါ ဒီေလာက္ေမွာင္ေနၿပီ ႐ိုက္လည္းပုံေကာင္းေကာင္းထြက္လာမွာမဟုတ္ဘူး ငါတို႔အေဝးႀကီးမသြားဘူး ပ်င္းလို႔ ဟိုဟိုဒီဒီေလွ်ာက္ၾကည့္႐ုံတင္ ''

''ဒါေပမဲ့ ကြၽန္မတို႔မလိုက္လာပါဘူးတဲ့ ႐ွင္တို႔တစ္ခုခုျဖစ္လို႔ အဆက္အသြယ္လုပ္လို႔မရရင္ ဘယ္လိုလုပ္မလဲ ''

'' ငါတို႔ကို ေဝၚကီေတာ္ကီေပးလိုက္ တစ္ခုခုျဖစ္တာနဲ႔ လွမ္းဆက္သြယ္လိုက္မယ္ စိတ္မပူပါနဲ႔ ဘာမွမျဖစ္ပါဘူး ''

တဖက္လူက အတင္းအက်ပ္ေျပာေနတာျမင္ေတာ့ ဒါ႐ိုက္တာဘက္က တစ္ထစ္ေလွ်ာ့ေပးလိုက္ရကာ သူမလက္ထဲက ေဝၚကီေတာ္ကီကို က်န္းေမာ့ခ်န္ဆီလွမ္းေပးရင္း တတြတ္တြတ္မွာေနသည္။

''အေဝးႀကီးမသြားနဲ႔ ျမန္ႏိုင္သေလာက္ျမန္ျမန္ျပန္လာခဲ့ ေတြ႕ကရာအသီးေတြခူးၿပီးေလွ်ာက္မစားနဲ႔ လမ္းေလွ်ာက္ရင္လည္းေအာက္ၾကည့္ေလွ်ာက္ ေလွ်ာေစာက္ေတြနဲ႔မို႔လိမ့္က်ႏိုင္တယ္ ''

''စိတ္ခ်ပါ '' က်န္းေမာ့ခ်န္ရယ္လိုက္ကာ '' ဒါ႐ိုက္တာ ငါတို႔ကို ကေလးေတြလိုဆက္ဆံေနတာပဲ ''

ဒါ႐ိုက္တာ ကူကယ္ရာမဲ့သြားသည္။

'' ႐ွင္တို႔တစ္ခုခုျဖစ္သြားမွာေၾကာက္လို႔ ေျပာေနရတာမဟုတ္ဘူးလား ''

''ဘာမွမျဖစ္ပါဘူး ''

''အခု ၈နာရီ႐ွိၿပီ ႐ွင္တို႔ႏွစ္ေယာက္ ဘယ္အခ်ိန္ျပန္လာမွာလဲ ''

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီကိုလွည့္ၾကည့္လိုက္သည္။ ယန္းခ်င္းခ်ီ ခဏေလာက္စဥ္းစားေနလိုက္ကာ

''၉နာရီမထိုးခင္ေလာက္ေပါ့ ''

ဒါ႐ိုက္တာ က်န္းေမာ့ခ်န္ကိုျပန္ၾကည့္လိုက္ေတာ့ က်န္းေမာ့ခ်န္ကလည္း ယန္းခ်င္းခ်ီဘာေျပာေျပာအကုန္သေဘာတူသည့္မ်က္ႏွာေပးျဖင့္ '' အင္း '' ဟု ေထာက္ခံလာသည္။

ထိုအခါမွ ဒါ႐ိုက္တာလည္း သေဘာတူလိုက္ကာ

''၉နာရီမထိုးခင္ ကြၽန္မေဝၚကီေတာ္ကီကေန ျပန္လာဖို႔ဆက္သြယ္လိုက္မယ္ ''

'' အင္း '' က်န္းေမာ့ခ်န္ ထိုသို႔ေျပာရင္း ဒါ႐ိုက္တာလက္ထဲက ေဝၚကီေတာ္ကီကိုလွမ္းယူလိုက္သည္။

က်န္းေမာ့ခ်န္ လက္ထဲက ေဝၚကီေတာ္ကီကိုျမင္ေတာ့ ယန္းခ်င္းခ်ီလည္း သူ႕အတြက္ေနာက္တစ္ခုေကာက္ယူလိုက္ေလသည္။

ဒါ႐ိုက္တာလည္း တားမရမွေတာ့ ထိုႏွစ္ေယာက္စိတ္တိုင္းက် လႊတ္ေပးလိုက္ရသည္။

သူတို႔ႏွစ္ေယာက္ ဓာတ္မီးကိုယ္စီ ေဝၚကီေတာ္ကီကိုယ္စီျဖင့္ အျပင္ထြက္ဖို႔ျပင္ဆင္လိုက္ၾကသည္။ သို႔ေသာ္ အႏၲရာယ္ကင္းဖို႔အတြက္ ေက်ာပိုးအိတ္တစ္အိတ္ယူလာဖို႔လည္း ဆုံးျဖတ္လိုက္ေလသည္။ ဘယ္လိုပဲျဖစ္ျဖစ္ တစ္ခုခုျဖစ္လာလွ်င္ သူတို႔လက္ထဲ ေရ၊အစားအစာနဲ႔ တျခားကိရိယာေတြ႐ွိေနသေ႐ြ႕ ဘာမွစိတ္ပူစရာမလိုပါ။ သို႔ေသာ္ ယန္းခ်င္းခ်ီ ေက်ာပိုးအိတ္မလိုက္႐ုံ႐ွိေသး က်န္းေမာ့ခ်န္ သူ႕လက္ထဲကေနလုယူသြားသည္။

''သြားရေအာင္ '' ထိုသို႔ေျပာၿပီး တဖက္လူက သဘာဝက်က် ပုခုံးေပၚေကာက္လြယ္လိုက္ေလသည္။

ယန္းခ်င္းခ်ီအတြက္ကေတာ့ သူ႕ကို ဒီလိုမ်ိဴး အေသးအမႊားကအစ လိုက္ဂ႐ုစိုက္ေပးတတ္သည့္ က်န္းေမာ့ခ်န္ရဲ႕အက်င့္ေလးနဲ႔ အသားက်ေနၿပီျဖစ္တာေၾကာင့္ ႀကီးက်ယ္သည့္ကိစၥဟု မေတြးမိလိုက္ေပ။

သူ ''ေကာင္းၿပီေလ '' ဟုျပန္ေျဖကာ ႏွစ္ေယာက္သား စခန္းခ်ထားသည့္ေနရာကေန ထြက္လာလိုက္သည္။

သို႔ေသာ္ သူတို႔ဆက္ဆံေရးအေျခအေနကိုမသိေသးသည့္ ဒါ႐ိုက္တာမမကေတာ့ ထိုျမင္ကြင္းကိုျမင္လိုက္သည့္အခါ က်န္းေမာ့ခ်န္က သူငယ္ခ်င္းကိုဂ႐ုစိုက္ေပးတတ္ၿပီး အနစ္နာခံတတ္သည့္စိတ္ထား႐ွိေၾကာင္း၊ နာမည္ႀကီးမင္းသားဆိုၿပီး ဟိတ္ဟန္မမ်ားပဲ လူႀကီးလူေကာင္းဆန္ေၾကာင္း စိတ္ထဲေနတိတ္တိတ္ေလး ခ်ီးက်ဴးေနေလသည္။

__________________________________

အတြဲေတြမ်ားေနာ္ တားေနတာေတာင္မရရေအာင္ ထြက္လာတာ 🤧

စိတ္ပူေပးတဲ့လူေတြအားလုံး ေက်းဇူးတင္ပါတယ္ nini သက္သာသြားပါၿပီ ꒰⑅ᵕ༚ᵕ꒱˖♡

Continue Reading

You'll Also Like

592K 40.9K 41
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
206K 25.6K 21
- သေးငယ်ပြီး အင်အားနည်းသောတိုင်းပြည်တခုမှ ဘုရင်ငယ်လေးသည် ပင်လယ်ကြီး၏ဘေးမှ နဂါးကြီးတကောင်ကို နေ့တနေ့တွင် ကယ်ယူခဲ့မိလေသည်။ -ထိုအချိန်မှ စတင်ကာ သူ၏တိုင်...
60.5K 4.4K 68
အဖြူရောင်လေးက စွန်းထင်းလွယ်တယ် မဟုတ်လား... အဖြူတစ်စုံထပ်လို့ စွန်းထင်းမှုကို မကာကွယ်နိုင်ရင်တောင် အတူတူစွန်းထင်းခံနိုင်မှုကို ချစ်ခြင်းမေတ္တာလို့ သတ်...
78.7K 9K 87
transition novel