[Book-1]novelထဲဝင်သွားပြီးနော...

By thiriWoonie

640K 78.6K 1.4K

Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More

Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️

119[U&Z]

2.4K 305 6
By thiriWoonie

[Unicode]

"Throne of Songs"အစီအစဉ်က တနိုင်ငံလုံး အတိုင်းအတာနှုန်းနဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသတာ ဖြစ်ပြီး ထိုအစီအစဉ်က နိုင်ငံထဲက မြို့တိုင်းနီးပါးကြား ရေပန်းစားလာလေ၏!

ဒါ့အပြင် #လင်းချင်ပေ့# ကလည်း အင်တာနက်ပေါ်မှာ အရှာများဆုံး နာမည်ဖြစ်လာလေသည်။

ပွဲကို ကြည့်လိုက်ကြတဲ့ လူတိုင်းလိုလို လင်းချင်ပေ့ရဲ့ လှပတဲ့ အသံကြောင့် အံ့ဩကုန်ကာ ရင်ထဲထိကုန်ကြ၏။ ထိုအရာက "Wrong Love"သီချင်းဆိုတာ ကံကောင်းမှု သက်သက်ကြောင့် နာမည်ကြီးလာတာ မဟုတ်စေဘဲ တကယ်အရည်အချင်း ရှိတာကြောင့် ဖြစ်တယ်ဆိုတာ လူတိုင်းကို သဘောပေါက်သွားစေ၏။ သူဆိုတာက တရုတ်popလောကရဲ့ ကောင်းကင်ဘုရင် အသစ်ပဲ!

သဘာ၀ ကျစွာပဲ အွန်လိုင်းစစ်တမ်း ကောက်ယူ မှုမှာလည်း မဲအများဆုံး ရသွားခဲ့သည်။

ထို့အတူ စုထျန်းထျန်းအတွက် လီဟောက်ကျယ်ရဲ့ ချီးမြှောက်မှုကလည်း အင်တာနက်ပေါ်မှာ လူတိုင်းလိုလို ဇာတ်လမ်း ဆင်လာကြပေမယ့် အခုတော့ Weiboပေါ်မှာ တစ်ယောက်‌လေးတောင်မှ မပြောကြတော့ပေ။ ထိုအရာက ကျန်းရှန့်မေရဲ့ မိသားစုက mediaအပေါ် လွှမ်းမိုးနိုင်မှုကို ပြသလို့ နေ၏။

အိမ်ရောက်တာနဲ့ နင်မုန့် ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး သူမရဲ့ "ချိုချဉ်" Weiboအကောင့်ထဲ ဝင်လိုက်သည်။

ဒင်.

စုထျန်းထျန်းရဲ့ fan managementက ပို့လာတဲ့ စာဖြစ်လေသည် : [ချိုချဉ်လေး အခုပဲ မန်နေဂျာက ငါတို့ကို ပြောလာတယ် လင်းချင်ပေ့ရဲ့ သီချင်းကို ဆိုရမယ့် မူရင်းလူက စုထျန်းထျန်းတဲ့။ ဒါပေမယ့်လည်း ထျန်းထျန်းရဲ့ လည်ချောင်း ပြဿနာကြောင့် လင်းချင်ပေ့က သူမရဲ့ သီချင်းနဲ့ အောင်မြင်မှု ယူသွားနိုင်ခဲ့တာ! သူ့အောင်မြင်မှု တစ်ခုလုံးက သူမကြောင့် ဖြစ်လာတဲ့ဟာ အခုထိ Weiboပေါ်မှာ ကျေးဇူးတင်ကြောင်းလေးတောင် ဖော်မပြဘူး! ဘယ်လောက် ယုတ်မာတဲ့လူလဲ!]

[ချိုချဉ်လေး ငါတို့တွေ လင်းချင်ပေ့ရဲ့ weiboမှာ ဆန္ဒသွားပြဖို့ လူစုနေတာ။ နင်ရော လာဦးမလား?]

"??"

ဒီတော့ အနုပညာရှင်တွေထဲ စီနီယာကျတဲ့ စုထျန်းထျန်းက သူမ နာမည်ကြီးဖို့အတွက် လင်းချင်ပေ့ကို အသုံးချချင်တယ်ပေါ့?

တကယ်ကို အရှက်မရှိလွန်းတဲ့ အောက်တန်းစားမ ပါလား!

သူမရဲ့ မေးစေ့ကို ပွတ်လိုက်ရင်း စာမပြန်ခင် နင်မုန့် အတွေးရှည်ကြီး တစ်ခု တွေးလိုက်သည်။ : [ဟင့်အင်း ငါတို့က လင်းချင်ပေ့ကိုတောင် ကျေးဇူးတင်သင့်တာ]

fan management : [?]

နင်မုန့် : [မန်နေဂျာ ဆိုလိုချင်တဲ့ သဘောကို နင် အထင်လွဲနေတာလို့ ငါထင်တယ်။ ဒီလိုမျိုးပွဲတွေမှာ သီချင်းတွေကို ဒီမတိုင်ခင်တည်းက လေ့ကျင့်ကြရတယ်။ လင်းချင်ပေ့က အမှန်တော့ ငါတို့ ထျန်းထျန်းကို ကယ်တင်ခဲ့တာ ဘာလို့ဆို သူက သူမကို ကယ်တင်နိုင်ဖို့ လေ့ကျင့်ပြီးသားတောင်မှ သီချင်းလဲခဲ့ပေးတာ မို့လေ~]

fan management: [... ငါသိပြီ! ဘုရားရေ မန်နေဂျာ့စကားတွေကို ငါ အထင်လွဲခဲ့မိတာပဲ။ တော်ပါသေးရဲ့  အခုထိ ဆန္ဒသွား မပြဖြစ်တာ!]

စုထျန်းထျန်းက သူမ မန်နေဂျာရဲ့ အကောင့်ကိုသုံးပြီး fanတွေကို messageပို့ကာ လင်းချင်ပေ့ရဲ့ Weiboအကောင့်မှာ ပြဿနာသွားရှာဖို့ စီစဉ်ခဲ့တာ ဖြစ်သည်။ နာမည်ကြီးနေပြီးသား သူမ အဖို့ အင်အားအများကြီး သုံးစရာ မလိုပေ __ အကြောင်းရင်းမှာ ဘယ်သူကမှလည်း ဘာကြောင့် သီချင်းလဲလိုက်တယ်ဆိုတာ စဉ်းစားမှာ မဟုတ်တာကြောင့် ဖြစ်လေ၏။

လင်းချင်ပေ့ အခုလို အောင်မြင်လာတာကို သူမ ဒီအတိုင်း ရပ်မကြည့်နိုင်။

သူ့ရဲ့ အောင်မြင်မှုတွေကို အမှုမဲ့အမှတ်မဲ့ ပြန်စဉ်းစားမိလိုက်ချိန်တိုင်း စုထျန်းထျန်း ဒေါသထွက်လွန်း၍ သေတော့မတတ် ဖြစ်နေရ၏။

၅မိနစ်ကြာပြီးနောက်မှာတော့ သူမ ပရိတ်သက်တွေက စစ်မြေပြင်ထဲ ရောက်သွားလေပြီ။ ဟမ့်! အခု သူ့ကို ဘယ်လိုတွေများ တိုက်ခိုက်ကြမလဲ ကြည့်ကြသေးတာပေါလေ...

[ကျေးဇူးပါ အကိုပေ့! အကိုက ငါတို့ ထျန်းထျန်းလေးကို ကယ်တင်ပေးခဲ့တာ! အကိုက နတ်သက်ကြွေလာတဲ့ နတ်သားလေး တစ်ယောက်လိုပါပဲ!]

"??!!"

စုထျန်းထျန်း စိတ်တိုလွန်း၍ နံရံဘက်သို့ ဖုန်းကို ပစ်ပေါက်လိုက်သည်။

  -

စုထျန်းထျန်း ပရိတ်သက်တွေရဲ့ commentတွေကို ဖတ်ရင်း ခြေထောက်တွေကို ယမ်းခါနေတဲ့ နင်မုန့် ဟန်လုပ်ပြုံးမိသွားသည်။

ရုတ်တရက်ဆိုသလိုပဲ သူမရဲ့ တံခါးက ပွင့်လာလေ၏။ နင်မုန့် အလိုလို ခါးမတ်သွားသလို အလျင်အမြန် အိမ်ထဲသို့ ဝင်လာတဲ့ ခပ်ရှည်ရှည် ရုပ်ဖြောင့်တဲ့ သွင်ပြင်ကို မြင်လိုက်ရသည်။

သူတို့ လူချင်းတွေ့ခဲ့တဲ့ နောက်ဆုံးက လွန်ခဲ့တဲ့ ၂ရက်ကဖြစ်သည်။ အမျိုးသားက အရင်ကထက် အနည်းငယ် ပိန်သွားတာမို့ ရလဒ်အနေနဲ့ကတော့ သပ်သပ်ရပ်ရပ် ကိုယ်တိုင်းချုပ်ထားတဲ့ ဝတ်စုံပြည့်က ရှည်လျားတဲ့ သူ့ကိုယ်ပေါ်မှာ လျော့ရဲလို့ နေလေ၏။ အိမ်ထဲသို့ ဝင်လာရင်း နင်မုန့်ကို ကြည့်တဲ့ သူ့မျက်ဝန်းတွေက တုန်ခါနေသည်။

နင်မုန့်က ချိုမြိန်တဲ့ အပြုံးနဲ့အတူ တံခါး‌ဆီသို့ လျှောက်သွားလိုက်ပြီး "ယောက်ျား~ ရှင်က အရင်ဘဝတုန်းက ကာဗွန်နိတ်ဆိုဒါပဲ ဖြစ်ရမယ်! မဟုတ်ရင် ရှင့်ကို မြင်လိုက်တဲ့အချိန်တိုင်း အမြှုပ်ထသလို စိတ်လှုပ်ရှားနေ ရမှာလဲ~"

"..."

သူမရဲ့ အမြဲတမ်း အီစီကလီစကားတွေ ပြောပြီးတဲ့အခါ နင်မုန့်‌ မေးလိုက်သည်။ "ခရီးကနေ ပင်ပန်းလာတာလား"

သူ့ အနားဆီသို့ သူမ လျှောက်သွားလိုက်သည်။

"ဟင့်အင်း မပင်ပန်းပါဘူး"

သူမရဲ့ မေးခွန်းတွေကို ပြန်ဖြေနေတဲ့ ဒီလူက အရင်ကနဲ့ မတူသလိုပဲ။ အသံကလည်း ထူးထူးဆန်းဆန်း ရှတတနိုင်နေတယ် ။ အင်း....ကြည့်ရတာ ခရီးပန်းပြီး အလုပ်အရမ်းများခဲ့လိုပဲ ဖြစ်ရမယ်။

"ဒါဆို ရှင် ဗိုက်ဆာလား"

"ဟင့်အင်း မဆာဘူး"

ကျိုးကျိုးနွံနွံ ပြန်ဖြေနေတဲ့ သူ့ကြောင့် နင်မုန့် သတ္တိတွေစုပြီး အရဲစွန့်လိုက်သည်။

သူ့ရှေ့မှာ ရပ်လိုက်ပြီး ခေါင်းမော့ကာ သူ့မျက်လုံးတွေကို ကြည့်လိုက်၏။

"ယောက်ျား ကျွန်မ ရှင့်ကို တစ်ခုမေးလို့ရမလား?"

"အင်း"

နင်မုန့် သိချင်စွာ မေးလိုက်သည်။
" 'Nun of Yer Biz'ကို ရှင် ဘယ်လိုသိတာလဲ?"

[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ ‌[EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰

----------------------

[Zawgyi]

"Throne of Songs"အစီအစဥ္က တႏိုင္ငံလုံး အတိုင္းအတာႏႈန္းနဲ႔ တိုက္႐ိုက္ ထုတ္လႊင့္ျပသတာ ျဖစ္ၿပီး ထိုအစီအစဥ္က ႏိုင္ငံထဲက ၿမိဳ႕တိုင္းနီးပါးၾကား ေရပန္းစားလာေလ၏!

ဒါ့အျပင္ #လင္းခ်င္ေပ့# ကလည္း အင္တာနက္ေပၚမွာ အရွာမ်ားဆုံး နာမည္ျဖစ္လာေလသည္။

ပြဲကို ၾကည့္လိုက္ၾကတဲ့ လူတိုင္းလိုလို လင္းခ်င္ေပ့ရဲ႕ လွပတဲ့ အသံေၾကာင့္ အံ့ဩကုန္ကာ ရင္ထဲထိကုန္ၾက၏။ ထိုအရာက "Wrong Love"သီခ်င္းဆိုတာ ကံေကာင္းမႈ သက္သက္ေၾကာင့္ နာမည္ႀကီးလာတာ မဟုတ္ေစဘဲ တကယ္အရည္အခ်င္း ရွိတာေၾကာင့္ ျဖစ္တယ္ဆိုတာ လူတိုင္းကို သေဘာေပါက္သြားေစ၏။ သူဆိုတာက တ႐ုတ္popေလာကရဲ႕ ေကာင္းကင္ဘုရင္ အသစ္ပဲ!

သဘာ၀ က်စြာပဲ အြန္လိုင္းစစ္တမ္း ေကာက္ယူ မႈမွာလည္း မဲအမ်ားဆုံး ရသြားခဲ့သည္။

ထို႔အတူ စုထ်န္းထ်န္းအတြက္ လီေဟာက္က်ယ္ရဲ႕ ခ်ီးေျမႇာက္မႈကလည္း အင္တာနက္ေပၚမွာ လူတိုင္းလိုလို ဇာတ္လမ္း ဆင္လာၾကေပမယ့္ အခုေတာ့ Weiboေပၚမွာ တစ္ေယာက္‌ေလးေတာင္မွ မေျပာၾကေတာ့ေပ။ ထိုအရာက က်န္းရွန႔္ေမရဲ႕ မိသားစုက mediaအေပၚ လႊမ္းမိုးႏိုင္မႈကို ျပသလို႔ ေန၏။

အိမ္ေရာက္တာနဲ႔ နင္မုန႔္ ဆိုဖာေပၚသို႔ ေျခပစ္လက္ပစ္ ထိုင္ခ်လိုက္ၿပီး သူမရဲ႕ "ခ်ိဳခ်ဥ္" Weiboအေကာင့္ထဲ ၀င္လိုက္သည္။

ဒင္.

စုထ်န္းထ်န္းရဲ႕ fan managementက ပို႔လာတဲ့ စာျဖစ္ေလသည္ : [ခ်ိဳခ်ဥ္ေလး အခုပဲ မန္ေနဂ်ာက ငါတို႔ကို ေျပာလာတယ္ လင္းခ်င္ေပ့ရဲ႕ သီခ်င္းကို ဆိုရမယ့္ မူရင္းလူက စုထ်န္းထ်န္းတဲ့။ ဒါေပမယ့္လည္း ထ်န္းထ်န္းရဲ႕ လည္ေခ်ာင္း ျပႆနာေၾကာင့္ လင္းခ်င္ေပ့က သူမရဲ႕ သီခ်င္းနဲ႔ ေအာင္ျမင္မႈ ယူသြားႏိုင္ခဲ့တာ! သူ႔ေအာင္ျမင္မႈ တစ္ခုလုံးက သူမေၾကာင့္ ျဖစ္လာတဲ့ဟာ အခုထိ Weiboေပၚမွာ ေက်းဇူးတင္ေၾကာင္းေလးေတာင္ ေဖာ္မျပဘူး! ဘယ္ေလာက္ ယုတ္မာတဲ့လူလဲ!]

[ခ်ိဳခ်ဥ္ေလး ငါတို႔ေတြ လင္းခ်င္ေပ့ရဲ႕ weiboမွာ ဆႏၵသြားျပဖို႔ လူစုေနတာ။ နင္ေရာ လာဦးမလား?]

"??"

ဒီေတာ့ အႏုပညာရွင္ေတြထဲ စီနီယာက်တဲ့ စုထ်န္းထ်န္းက သူမ နာမည္ႀကီးဖို႔အတြက္ လင္းခ်င္ေပ့ကို အသုံးခ်ခ်င္တယ္ေပါ့?

တကယ္ကို အရွက္မရွိလြန္းတဲ့ ေအာက္တန္းစားမ ပါလား!

သူမရဲ႕ ေမးေစ့ကို ပြတ္လိုက္ရင္း စာမျပန္ခင္ နင္မုန႔္ အေတြးရွည္ႀကီး တစ္ခု ေတြးလိုက္သည္။ : [ဟင့္အင္း ငါတို႔က လင္းခ်င္ေပ့ကိုေတာင္ ေက်းဇူးတင္သင့္တာ]

fan management : [?]

နင္မုန႔္ : [မန္ေနဂ်ာ ဆိုလိုခ်င္တဲ့ သေဘာကို နင္ အထင္လြဲေနတာလို႔ ငါထင္တယ္။ ဒီလိုမ်ိဳးပြဲေတြမွာ သီခ်င္းေတြကို ဒီမတိုင္ခင္တည္းက ေလ့က်င့္ၾကရတယ္။ လင္းခ်င္ေပ့က အမွန္ေတာ့ ငါတို႔ ထ်န္းထ်န္းကို ကယ္တင္ခဲ့တာ ဘာလို႔ဆို သူက သူမကို ကယ္တင္ႏိုင္ဖို႔ ေလ့က်င့္ၿပီးသားေတာင္မွ သီခ်င္းလဲခဲ့ေပးတာ မို႔ေလ~]

fan management: [... ငါသိၿပီ! ဘုရားေရ မန္ေနဂ်ာ့စကားေတြကို ငါ အထင္လြဲခဲ့မိတာပဲ။ ေတာ္ပါေသးရဲ႕  အခုထိ ဆႏၵသြား မျပျဖစ္တာ!]

စုထ်န္းထ်န္းက သူမ မန္ေနဂ်ာရဲ႕ အေကာင့္ကိုသုံးၿပီး fanေတြကို messageပို႔ကာ လင္းခ်င္ေပ့ရဲ႕ Weiboအေကာင့္မွာ ျပႆနာသြားရွာဖို႔ စီစဥ္ခဲ့တာ ျဖစ္သည္။ နာမည္ႀကီးေနၿပီးသား သူမ အဖို႔ အင္အားအမ်ားႀကီး သုံးစရာ မလိုေပ __ အေၾကာင္းရင္းမွာ ဘယ္သူကမွလည္း ဘာေၾကာင့္ သီခ်င္းလဲလိုက္တယ္ဆိုတာ စဥ္းစားမွာ မဟုတ္တာေၾကာင့္ ျဖစ္ေလ၏။

လင္းခ်င္ေပ့ အခုလို ေအာင္ျမင္လာတာကို သူမ ဒီအတိုင္း ရပ္မၾကည့္ႏိုင္။

သူ႔ရဲ႕ ေအာင္ျမင္မႈေတြကို အမႈမဲ့အမွတ္မဲ့ ျပန္စဥ္းစားမိလိုက္ခ်ိန္တိုင္း စုထ်န္းထ်န္း ေဒါသထြက္လြန္း၍ ေသေတာ့မတတ္ ျဖစ္ေနရ၏။

၅မိနစ္ၾကာၿပီးေနာက္မွာေတာ့ သူမ ပရိတ္သက္ေတြက စစ္ေျမျပင္ထဲ ေရာက္သြားေလၿပီ။ ဟမ့္! အခု သူ႔ကို ဘယ္လိုေတြမ်ား တိုက္ခိုက္ၾကမလဲ ၾကည့္ၾကေသးတာေပါေလ...

[ေက်းဇူးပါ အကိုေပ့! အကိုက ငါတို႔ ထ်န္းထ်န္းေလးကို ကယ္တင္ေပးခဲ့တာ! အကိုက နတ္သက္ေႂကြလာတဲ့ နတ္သားေလး တစ္ေယာက္လိုပါပဲ!]

"??!!"

စုထ်န္းထ်န္း စိတ္တိုလြန္း၍ နံရံဘက္သို႔ ဖုန္းကို ပစ္ေပါက္လိုက္သည္။

  -

စုထ်န္းထ်န္း ပရိတ္သက္ေတြရဲ႕ commentေတြကို ဖတ္ရင္း ေျခေထာက္ေတြကို ယမ္းခါေနတဲ့ နင္မုန႔္ ဟန္လုပ္ၿပဳံးမိသြားသည္။

႐ုတ္တရက္ဆိုသလိုပဲ သူမရဲ႕ တံခါးက ပြင့္လာေလ၏။ နင္မုန႔္ အလိုလို ခါးမတ္သြားသလို အလ်င္အျမန္ အိမ္ထဲသို႔ ၀င္လာတဲ့ ခပ္ရွည္ရွည္ ႐ုပ္ေျဖာင့္တဲ့ သြင္ျပင္ကို ျမင္လိုက္ရသည္။

သူတို႔ လူခ်င္းေတြ႕ခဲ့တဲ့ ေနာက္ဆုံးက လြန္ခဲ့တဲ့ ၂ရက္ကျဖစ္သည္။ အမ်ိဳးသားက အရင္ကထက္ အနည္းငယ္ ပိန္သြားတာမို႔ ရလဒ္အေနနဲ႔ကေတာ့ သပ္သပ္ရပ္ရပ္ ကိုယ္တိုင္းခ်ဳပ္ထားတဲ့ ၀တ္စုံျပည့္က ရွည္လ်ားတဲ့ သူ႔ကိုယ္ေပၚမွာ ေလ်ာ့ရဲလို႔ ေနေလ၏။ အိမ္ထဲသို႔ ၀င္လာရင္း နင္မုန႔္ကို ၾကည့္တဲ့ သူ႔မ်က္၀န္းေတြက တုန္ခါေနသည္။

နင္မုန႔္က ခ်ိဳၿမိန္တဲ့ အၿပဳံးနဲ႔အတူ တံခါး‌ဆီသို႔ ေလွ်ာက္သြားလိုက္ၿပီး "ေယာက္်ား~ ရွင္က အရင္ဘ၀တုန္းက ကာဗြန္နိတ္ဆိုဒါပဲ ျဖစ္ရမယ္! မဟုတ္ရင္ ရွင့္ကို ျမင္လိုက္တဲ့အခ်ိန္တိုင္း အျမႇဳပ္ထသလို စိတ္လႈပ္ရွားေန ရမွာလဲ~"

"..."

သူမရဲ႕ အၿမဲတမ္း အီစီကလီစကားေတြ ေျပာၿပီးတဲ့အခါ နင္မုန႔္‌ ေမးလိုက္သည္။ "ခရီးကေန ပင္ပန္းလာတာလား"

သူ႔ အနားဆီသို႔ သူမ ေလွ်ာက္သြားလိုက္သည္။

"ဟင့္အင္း မပင္ပန္းပါဘူး"

သူမရဲ႕ ေမးခြန္းေတြကို ျပန္ေျဖေနတဲ့ ဒီလူက အရင္ကနဲ႔ မတူသလိုပဲ။ အသံကလည္း ထူးထူးဆန္းဆန္း ရွတတႏိုင္ေနတယ္ ။ အင္း....ၾကည့္ရတာ ခရီးပန္းၿပီး အလုပ္အရမ္းမ်ားခဲ့လိုပဲ ျဖစ္ရမယ္။

"ဒါဆို ရွင္ ဗိုက္ဆာလား"

"ဟင့္အင္း မဆာဘူး"

က်ိဳးက်ိဳးႏြံႏြံ ျပန္ေျဖေနတဲ့ သူ႔ေၾကာင့္ နင္မုန႔္ သတၱိေတြစုၿပီး အရဲစြန႔္လိုက္သည္။

သူ႔ေရွ႕မွာ ရပ္လိုက္ၿပီး ေခါင္းေမာ့ကာ သူ႔မ်က္လုံးေတြကို ၾကည့္လိုက္၏။

"ေယာက္်ား ကြၽန္မ ရွင့္ကို တစ္ခုေမးလို႔ရမလား?"

"အင္း"

နင္မုန႔္ သိခ်င္စြာ ေမးလိုက္သည္။
" 'Nun of Yer Biz'ကို ရွင္ ဘယ္လိုသိတာလဲ?"

[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ ‌[EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰

Continue Reading

You'll Also Like

2.5M 345K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...
873K 58.9K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
251K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...