ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) U...

By KazunoMora

91K 11.8K 70

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
အပိုင်း ၁၁၄ : တောင်ထိပ်ပေါ်က နောက်ထပ် တောင်တစ်တောင်
အပိုင်း ၁၁၅ : မီးလျှံကျီးကန်း နှိမ်နှင်းရေး အင်အားစုတစ်စု
အပိုင်း ၁၁၆ : စံပြလူသားလား?
အပိုင်း ၁၁၇ : ရေနဲ့မီးတို့ရဲ့ လုံးဝဆန့်ကျင်မှု
အပိုင်း ၁၁၈ : ပြည်သူလူထုတို့၏ မဟာမီးဖို နည်းစနစ်
အပိုင်း ၁၁၉ : ငါတကယ် မရည်ရွယ်ခဲ့ပါဘူး
အပိုင်း ၁၂၀ : အကြွင်းမဲ့ရေက ဘယ်ရောက်သွားတာလည်း?
အပိုင်း ၁၂၁ : တရားမျှတမှုဟာ မင်းအတွက် ဘယ်လောက်အရေးကြီးသလည်း?
အပိုင်း ၁၂၂ : ဒါက ငါဆိုလိုတဲ့ တရားမျှတမှုပဲ!
အပိုင်း ၁၂၃ : ဒါအိမ်မက်ပဲ ဖြစ်ရမယ်!
အပိုင်း ၁၂၄ : မီးလျှံကျီးကန်း မိစ္ဆာ အုပ်ချုပ်သူ
အပိုင်း ၁၂၅ : စစ်ဆေးမေးမြန်းခြင်း
အပိုင်း ၁၂၆ : မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့
အပိုင်း ၁၂၇ : တော်တော်ကြီးကို ကြီးမားတဲ့ အရှက်ရမှုပဲ
အပိုင်း ၁၂၈ : တိမ်တိုက်တွေရဲ့ အမြင့်ဆုံးမှာ
အပိုင်း ၁၂၉ : ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ
အပိုင်း ၁၃၀ : သက်ရှိအားလုံးတို့ရဲ့ မွေးဖွားခြင်း
အပိုင်း ၁၃၁ : ဝူတူး ဗဟို နတ်ဘုရား အလင်းတန်း
အပိုင်း ၁၃၂ : ဗလာနတ္တိ
အပိုင်း ၁၃၃ : သတ်ဖြတ်ခြင်းကို ခိုးယူသူ
အပိုင်း ၁၃၄ : ဂေလာကျောက်စိမ်း
အပိုင်း ၁၃၅ : မင်းတို့က ဒါကို ရှာနေတာလား?
အပိုင်း ၁၃၆ : ကောင်းကင်၏ စည်းရိုးများ
အပိုင်း ၁၃၇ : အဝီစိ ငရဲမုန်တိုင်း
အပိုင်း ၁၃၈ : ယုကျင်းတောင်နှင့် တောင်ထိပ်က ရတနာ သစ်ပင်ဆီကို ပြန်လာခြင်း
အပိုင်း ၁၃၉ : ဝကစ်သော ကလေးငယ်.. ဓားလွယ်ထားသော ကညာပျို.. စစ်တုရင် ကစားသမား
အပိုင်း ၁၄၀ : စနစ်ကြီးဟာ သူ့ရဲ့ ချီးထုပ်သဘာဝကို ဖော်ပြခဲ့ပြန်ပါပြီ
အပိုင်း ၁၄၁ : သူ့ရဲ့ပိုင်ရှင်ဟာ တကယ်ကိုပဲ အစွမ်းထက်ပါပေတယ်
အပိုင်း ၁၄၂ : ဝင်္ကပါချိုးဖောက်ဗုံ
အပိုင်း ၁၄၃ : ရွှေရောင်ဗဟိုချက်ကို မျိုချပြီး...
အပိုင်း ၁၄၄ : သူတို့ကို အတူတကွ ရင်ဆိုင်ကြရအောင်!
အပိုင်း ၁၄၅ : ကျိုးပေါက်ခြင်း!
အပိုင်း ၁၄၆ : လက်ချောင်းလေး တစ်ချက် ထိလိုက်ရုံနဲ့ပဲ
အပိုင်း ၁၄၇ : မျိုချပြီး ခြေဆောင့်နင်းခြင်း
အပိုင်း ၁၄၈ : နောက်ထပ်တစ်ခါ ပြန်ပြီးမှ ယှဉ်ပြိုင်ခြင်း
အပိုင်း ၁၄၉ : ဘာဖြစ်လို့လည်းဆိုတော့ ငါက ခွင့်မပြုလို့ပဲ
အပိုင်း ၁၅၀ : လူတွေရှိရင် တိုက်ခိုက်မှုတွေက ရှိကြမှာပဲ
အပိုင်း ၁၅၁ : ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော စိတ်ဝိညာဉ် နယ်မြေ
အပိုင်း ၁၅၂ : ဂိုဏ်း၏နာမည်
အပိုင်း ၁၅၃ : တစ်စုံတစ်ယောက်အတွက် ကြီးကျယ်ခမ်းနားသော ဝင်ရောက်ခြင်း
အပိုင်း ၁၅၄ : မိန်းမခန်းဆောင် တစ်ခု!!!
အပိုင်း ၁၅၅ : ထောင်ချောက်တစ်ခု?
အပိုင်း ၁၅၆ : ဆေးဝါးတစ်ရာဂိုဏ်း
အပိုင်း ၁၅၇ : ချင်ချွန်းတောင်ထိပ်ပေါ်ဝယ်
အပိုင်း ၁၅၈ : လျှို့ဝှက်ဆေးဖော်ခန်း
အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး
အပိုင်း ၁၆၀ : တိုက်ဆိုင်လှစွာပဲ... ငါ့မှာ ရထားမောင်းတစ်ယောက် လိုနေတယ်ကွ!
အပိုင်း ၁၆၁ : ကဲ... ဒီမှာ မြင်းတပ် လာပါပြီဗျာ!
အပိုင်း ၁၆၂ : တောင်ပေါ်ကို ကျားတစ်ထောင် ဆင်းသက်လာခြင်း
အပိုင်း ၁၆၃ : ပရိယာယ် ကျော့ကွင်းမှာ ဘယ်သူက မိသွားတာလည်း?
အပိုင်း ၁၆၄ : ဘယ်သူက ဟန်ဆောင်ပိုကောင်းတာလည်း?
အပိုင်း ၁၆၅ : အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာ
အပိုင်း ၁၆၆ : ဘယ်သူက အာရုံစိုက်တာကို ပိုခံရတာလည်း?
အပိုင်း ၁၆၇ : မင်းက နုပါသေးတယ်ကွာ...
အပိုင်း ၁၆၈ : ချန်ချွန်းတောင်ထိပ် ပြိုကျသွားခြင်း!
အပိုင်း ၁၆၉ : ခဏနေပါဦး... ကျင့်ကြံသူ ရောင်းရင်းရာ!
အပိုင်း ၁၇၀ : ကဲ... မိတ်ဆွေ... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခဏငှားပါဦး
အပိုင်း ၁၇၁ : ကြီးမားသော တိုက်ရာပါ ပစ္စည်းများ
အပိုင်း ၁၇၂ : ရက်ရောလှစွာသော ဆုလာဘ်!
အပိုင်း ၁၇၃ : စစ်တုရင် ခုံထဲက ကမ္ဘာ
အပိုင်း ၁၇၄ : မင်းကငါ့ကို ဘာထင်တာလည်း? ငါကမင်းကို ဘာထင်နေတာလည်း?
အပိုင်း ၁၇၅ : ရွေးချယ်မှု နည်းသောလမ်း
အပိုင်း ၁၇၆ : ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၁၇၇ : ဖွံ့ထွားလှတဲ့ ဂေါ်ဖီထုပ်ကြီး! ဝက်'အ'ကြီးက မကြိုက်လို့ တော်သေးတယ်
အပိုင်း ၁၇၈ : ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်
အပိုင်း ၁၇၉ : ပထမဆုံးအကြိမ် ရတနာတွေကို ခွဲဝေပေးခြင်း
အပိုင်း ၁၈၀ : ခက်ထန်သော ယွဲ့ဟုန်ယန်!
အပိုင်း ၁၈၁ : ဇူရီဝယ်တဲ့ ပစ္စည်းဟာ ထူးခြားတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်
အပိုင်း ၁၈၂ : ငါ့ရဲ့ အပျံစား ညီအစ်ကို ရှီးဟောင်
အပိုင်း ၁၈၃ : ငါတို့က သရုပ်ဆောင်တွေ လိုနေတယ်ကွ
အပိုင်း ၁၈၄ : ဒါပေမဲ့ ကျွန်တော်တို့က လူကောင်းတွေလေ!
အပိုင်း ၁၈၅ : ဘယ်လောက်အထိတောင် ယုတ္တိမတန်လိုက်သလည်း!
အပိုင်း ၁၈၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်
အပိုင်း ၁၈၇ : ကြေးမုံ.. ပန်းပွင့်.. ရေပြင်နှင့် လမင်း
အပိုင်း ၁၈၈ : တရားမျှတရမှာပေါ့
အပိုင်း ၁၈၉ : အစီအစဉ်ကို စင်းလုံးချောဖြစ်အောင် ကြံစည်ခြင်း
အပိုင်း ၁၉၀ : နေရာယူကြမယ်!
အပိုင်း ၁၉၁ : တရားဝင် ဖွင့်လှစ်ခြင်း
အပိုင်း ၁၉၂ : ထာဝရ အလင်းသခင်
အပိုင်း ၁၉၃ : ချုံခိုတိုက်ခိုက်မှု တစ်ခု
အပိုင်း ၁၉၄ : ချစ်ကြည်ရေး မီးလျှံ
အပိုင်း ၁၉၅ : ဖုန်းရွှေ၏ စီးဆင်းမှုအရ
အပိုင်း ၁၉၆ : ပိုက်ဆံရေရတာ အတော့်ကို ခက်ခဲတာပဲ
အပိုင်း ၁၉၇ : ပြန်လည်ကြိုဆိုပွဲ ပါတီ
အပိုင်း ၁၉၈ : မှန်ကန်သော လည်ပတ်မှု
အပိုင်း ၁၉၉ : စုပေါင်းပြီးမှ ပူးပေါင်းကြံစည်ခြင်း
အပိုင်း ၂၀၀ : မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာ
အပိုင်း ၂၀၁ : ကျိန်စာသင့် အထီးကျန်ကြယ်
အပိုင်း ၂၀၂ : တပည့်ကသာ ဒီလိုဆိုရင်... ဆရာက ဘယ်လိုများလည်း?"
အပိုင်း ၂၀၃ : တစ်ခုကလွဲလို့ အရာအားလုံးကို အသင့်ပြင်ပြီးပြီ
အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂
အပိုင်း ၂၀၅ : နောက်နှစ်တစ်ဝက်မှာ... တံခါးဖွင့်ပြီး တပည့်တွေကို လက်ခံမယ်
အပိုင်း ၂၀၆ : ဒီကမ္ဘာပေါ်မှာ ဘာမှ အလကား မရဘူး
အပိုင်း ၂၀၇ : ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ အသွင်သဏ္ဌာန် လေးခု
အပိုင်း ၂၀၈ : ရှကျိုးကို ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂၀၉ : ငါတို့ရဲ့ လမ်းကြောင်းကို ပိတ်ချင်သူများ!
အပိုင်း ၂၁၀ : ဒီလို မထင်တဲ့သူတွေ... အခုချက်ချင်း ထွက်လာခဲ့စမ်း!
အပိုင်း ၂၁၁ : ခက်ထန်သော ရှောင်ယန်
အပိုင်း ၂၁၂ : တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ သူတွေပါပဲ
အပိုင်း ၂၁၃ : ပိုပိုပြီးတော့ များလာသော ပြိုင်ဘက်များ
အပိုင်း ၂၁၄ : လူထူးလူဆန်း တစ်အုပ်စု
အပိုင်း ၂၁၅ : ရှောင်လွဲ၍ မရခြင်း
အပိုင်း ၂၁၆ : မြင့်မြတ်သောတောင်! မြင့်မြတ်သောတောင်!
အပိုင်း ၂၁၇ : ပြိုင်ဘက်ကင်း! လုံးဝပြိုင်ဘက်ကင်း!
အပိုင်း ၂၁၈ : မျက်စိတစ်မှိတ် အတွင်းမှာ ပျက်စီးသွားခြင်း
အပိုင်း ၂၁၉ : လက်ဆောင်များ!
အပိုင်း ၂၂၀ : ဖွင့်ပွဲ အခမ်းအနား
အပိုင်း ၂၂၁ : ဂိုဏ်းချုပ်၏ အခမ်းအနား
အပိုင်း ၂၂၂ : အောင်မြင်စွာနဲ့ အဆုံးသတ်ခြင်း
အပိုင်း ၂၂၃ : စနစ်၏ မစ်ရှင်အသစ်
အပိုင်း ၂၂၄ : အလင်းဓားမြန်ဂိုဏ်း၏ အကျပ်ရိုက်မှု
အပိုင်း ၂၂၅ : လျှို့ဝှက်ဆန်းကြယ်သော ဆေးခန်းမဆောင်
အပိုင်း ၂၂၆ : တိပိဋက ကျမ်းစာခန်းမ သုံးထပ်ဆောင်
အပိုင်း ၂၂၇ : စိတ်ဝိညာဉ် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး
အပိုင်း ၂၂၈ : ဒီပုံရိပ်က အရမ်းကို လှပပေမဲ့၊ ငါက မကြည့်ရဲဘူးကွ
အပိုင်း ၂၂၉ : ထွက်ပြေးသွားသော သတို့သမီးလောင်း
အပိုင်း ၂၃၀ : အစားပုတ်မွန်းစတားတစ်ကောင်ယုကျင်းတောင်ပေါ်မှာသောင်းကျန်းနေတယ်ဗျို့
အပိုင်း ၂၃၁ : တောက်တီမလေးကို ဝိုင်းရံပိတ်ဆို့ ဖမ်းဆီးကြခြင်း
အပိုင်း ၂၃၂ : အစားပုတ်တဲ့ မွန်းစတားမှာလည်း ဘုရင်ဆိုတာ ရှိသေးတာပဲ
အပိုင်း ၂၃၃ : မကြောက်ပါနဲ့၊ ငါကနာအောင် မလုပ်ပါဘူး
အပိုင်း ၂၃၄ : လင်းဖုန်းက မှော်ရတနာတစ်ခုကို ဖန်တီးခြင်း
အပိုင်း ၂၃၅ : အဆင်သင့် ဖြစ်ပြီလား?
အပိုင်း ၂၃၆ : ကတိအတိုင်း ပေါ်လာခြင်း
အပိုင်း ၂၃၇ : မျက်ရည်ကျလုဆဲဆဲ ဖြစ်နေသော မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ
အပိုင်း ၂၃၈ : မင်းက လူမှားနေတယ်!
အပိုင်း ၂၃၉ : ရှောင်ပုတန်လေးဟာ လျှာစောင်းထက်လှပါတယ်
အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု
အပိုင်း ၂၄၁ : အိမ်သို့ပြန်ခြင်း
အပိုင်း ၂၄၂ : စိတ်ရှုပ်ထွေးခြင်း
အပိုင်း ၂၄၃ : အလင်းဓားမြန် ဓားမာစတာ
အပိုင်း ၂၄၄ : ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်း
အပိုင်း ၂၄၅ : စကြာဝဠာ အပေါင်းအစု
အပိုင်း ၂၄၆ : ပြဿနာရှာတဲ့သူက ဒီမှာပါ
အပိုင်း ၂၄၇ : တစ်ဦးတည်း အကြာကြီး ပြောနေခြင်း
အပိုင်း ၂၄၈ : ထပ်မံစူးစမ်းခြင်း
အပိုင်း ၂၄၉ : ရက်စက်သော ယွဲ့ဟုန်ယန်
အပိုင်း ၂၅၀ : အင်မော်တယ် ဝိညာဉ်၏ စွမ်းအားများနှင့် ရင်ဆိုင်ခြင်း
အပိုင်း ၂၅၁ : ပြိုင်ဘက်ကင်း
အပိုင်း ၂၅၂ : တိုက်ပွဲအချိန်ကျပြီ
အပိုင်း ၂၅၃ : အဆင့်သုံးဆင့် အကြံအစည်
အပိုင်း ၂၅၄ : ကိုယ့်အကြံနဲ့ကိုယ်ပဲ
အပိုင်း ၂၅၅ : တစ်ယောက်၏ အိမ်ထဲသို့ ဝံပုလွေများအား ခေါ်ဆောင်လာခြင်း
အပိုင်း ၂၅၆ : အရေးအကြီးဆုံး ကိစ္စ
အပိုင်း ၂၅၇ : မင်းရဲ့ဆရာက မင်းကို မျက်နှာသာ ပေးပါတယ်ကွ
အပိုင်း ၂၅၈ : ရင်းနှီးသော သူစိမ်း
အပိုင်း ၂၅၉ : အကွက်ဟောင်းကို ပြန်သုံးခြင်း
အပိုင်း ၂၆၀ : တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူ
အပိုင်း ၂၆၁ : ရက်ရောလှစွာသော ပေးကမ်းစွန့်ကြဲခြင်း
အပိုင်း ၂၆၂ : လမ်းပြပါ
အပိုင်း ၂၆၃ : ပြင်ပစွမ်းအားကို လိုအပ်ခြင်း
အပိုင်း ၂၆၄ : အမြဲတမ်း အရှေ့သို့ ချီတက်ခြင်း
အပိုင်း၂၆၅ : သံသယဖြင့် သေရခြင်း
အပိုင်း ၂၆၆ : သံမဏိ သစ်ပင်မှ ပန်းများ ဖူးပွင့်လာခြင်း
အပိုင်း ၂၆၇ : သတင်းကောင်းနှင့် သတင်းဆိုး
အပိုင်း ၂၆၈ : လက်ကောက်နှင့် နှံကောင်
အပိုင်း ၂၆၉ : ထူးဆန်းသော ဖိတ်စာစာရင်း
အပိုင်း ၂၇၀ : အစည်းအဝေးသို့!
အပိုင်း ၂၇၁ : အသူရာ သူတော်စင်၊ ဟော်ရှု
အပိုင်း ၂၇၂ : ပျော်ရွှင်ဖွယ် မရှိသော ပြန်လည်ဆုံစည်းမှု
အပိုင်း ၂၇၃ : ကျေးဇူးပြန်ဆပ်ဖို့ရာ အတော်ခက်တာပဲ
အပိုင်း ၂၇၄ : အပြန်အလှန် ရည်ရွယ်ချက်များ
အပိုင်း ၂၇၅ : ပြဿနာရှာဖို့ သဲလွန်စများကို ချပြခြင်း
အပိုင်း ၂၇၆ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၂၇၇ : ပြိုင်ဘက် သုံးယောက်ခွဲ
အပိုင်း ၂၇၈ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး တရားဝင် စတင်ခြင်း
အပိုင်း ၂၇၉ : ရန်သူတို့သည် မကြာခဏ ပြန်တွေ့လေ့ ရှိကြသည်
အပိုင်း ၂၈၀ : မင်းရဲ့ ဘောင်းဘီတိုပါ ရှုံးသွားလိမ့်မယ်
အပိုင်း ၂၈၁ : ဘယ်သူက နှစ်ယောက်တစ်ယောက် တိုက်နိုင်သလဲ?
အပိုင်း ၂၈၂ : ရှောင်လွဲဖို့ ဆိုရင်လည်း၊ တစ်ယောက်က နည်းစနစ်တွေ လိုအပ်တယ်
အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း
အပိုင်း ၂၈၄ : အမှန်တကယ် ပြိုင်ဘက်ကင်းမဲ့ခြင်း
အပိုင်း ၂၈၅ : ကံအကောင်းဆုံးသော မဲနှိုက်မှု
အပိုင်း ၂၈၆ : အချင်းချင်း ပဋိပက္ခ ဖြစ်ကြခြင်း
အပိုင်း ၂၈၇ : သူတို့က မင်းဟာ ငရဲကလာတယ်လို့ ပြောကြတယ်!
အပိုင်း ၂၈၈ : ပညာရှင် အချင်းချင်း တွေ့ဆုံခြင်း
အပိုင်း ၂၈၉ : ဆီမီးဖိုင်နယ် မဲနှိုက်ခြင်း
အပိုင်း ၂၉၀ : သူက ရူးချင်ယောင်ဆောင်နေတာ!
အပိုင်း ၂၉၁ : ဉာဏ်နီဉာဏ်နက် ထုတ်ခြင်းနှင့် ဉာဏ်နီဉာဏ်နက်အား တန်ပြန်ခြင်း
အပိုင်း ၂၉၂ : မသေချာသော ရည်ရွယ်ချက်များ
အပိုင်း ၂၉၃ : လောင်းကြေးများအား တိုးမြှင့်ခြင်း
အပိုင်း ၂၉၄ : ဝမ်လင်း၏ တတိယလက်ချောင်း
အပိုင်း ၂၉၅ : ပြင်းထန်သော စတင်မှုနှင့် စိတ်ပျက်ဖွယ်ရာ အဆုံးသတ်
အပိုင်း ၂၉၆ : လောင်းကြေးထပ်၍ ကျောက်တုံးအား ဖြတ်တောက်ခြင်း!
အပိုင်း ၂၉၇ : စိတ်ဓာတ်စစ်ပွဲများ
အပိုင်း ၂၉၈ : ဆယ်ကျော်သက်လေး ရှောင်ပုတန်
အပိုင်း ၂၉၉ : တစ်ယောက်ချင်း တစ်ယောက်
အပိုင်း ၃၀၀ : လျှို့ဝှက်လုပ်ကြံသူ
အပိုင်း ၃၀၁ : ကျုပ်က ဖြေရှင်းချက်တစ်ရပ် လိုအပ်တယ်
အပိုင်း ၃၀၂ : ဘယ်သူ့ကို အပြစ်တင်ရမှာလဲ?
အပိုင်း ၃၀၃ : ဆရာတူတပည့်
အပိုင်း ၃၀၄ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး ပြန်လည်စတင်ခြင်း
အပိုင်း ၃၀၅ : ပြိုင်ကွင်းသည် စွမ်းဆောင်ရည် ပြသဖို့ စင်မြင့်ဖြစ်သည်
အပိုင်း ၃၀၆ : ပြောင်းပြန်ဖြစ်မှုအား ဖော်ထုတ်ခြင်း
အပိုင်း ၃၀၇ : ပြင်းထန်သောတိုက်ပွဲ
အပိုင်း ၃၀၉ : အဆင့်က မြင့်လာလေလေ၊ ကွာခြားချက်က ကြီးမားလာလေလေပဲ
အပိုင်း ၃၁၀ : ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး
အပိုင်း ၃၁၁ : ရှောင်ယန်ထံမှ ပေးပို့လာသော သတင်း
အပိုင်း ၃၁၂ --- အပိုင်း ၃၁၃

အပိုင်း ၃၀၈ : နှမြောစရာပဲ

413 54 0
By KazunoMora

အပိုင်း ၃၀၈ : နှမြောစရာပဲ

ဇူရီ၏ မဟာခွန်အား ဓားလမ်းစဉ်သည်၊ ကောင်းကင်ယံတွင် မိုးခြိန်းသံများဖြင့် တုန်ဟီးနေခဲ့သည်။ ထိုဓားကွက်သည် အဆုံးမဲ့ စွမ်းအားများနှင့် ပြည့်နှက်နေ၏။ သူသည် ဟော်မင်၏ အသူရာ ကမ္ဘာဖျက် ဓားသွားအား ထိပ်တိုက်ရင်ဆိုင်ရန် လုံလောက်နေခဲ့သည်။

မဟာကပ်ဆိုး ဓားလမ်းစဉ် အနေနှင့်မူ၊ သူသည် သက်ရှိအားလုံး၏ ဖြစ်တည်မှုအား ပြန်လည်အားဖြည့် ပေးနိုင်၍၊ အသက်စွမ်းအင်များဖြင့် ပြည့်ဝနေခဲ့သည်။ သူသည် အသူရာ ကမ္ဘာဖျက် ဓားသွား၏ သတ်ဖြတ်လိုစိတ်အား၊ ပြန်လည်တုံ့ပြန်နိုင်ခဲ့၏။

ထိုဓားလမ်းစဉ် နှစ်မျိုးအား တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ဟော်မင်၏ ခက်ထန်သော တိုက်ခိုက်မှုအား ချေဖျက်နိုင်ခဲ့သည်။ ထို့အပြင် သူတို့သည်လည်း ကြမ်းတမ်းစွာဖြင့်၊ ဟော်မင်အား လျှင်မြန်စွာ ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။

ဟော်မင်သည် ဇူရီ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေခဲ့ရင်း၊ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။

အနက်ရောင် အလင်းတန်း တစ်ခုသည် လျှပ်စီးကြောင်း တစ်ခုအလား၊ ဟော်မင်၏ လက်နက်ပေါ်တွင် သူ့ကိုယ်သူ ရစ်ပတ်လိုက်သည်။ သူသည် အသက်ဝင်လာသည့်အလား၊ ဓား၏ဘေးတွင် လှည့်ပတ်ကခုန်နေခဲ့၏။ အမှောင်ထု၏ အကာအကွယ်နောက်တွင် ဟော်မင်၏ဓားသည်၊ နှစ်မီတာကျော် ရှည်သော တောက်ပနေသည့် ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ မြင်ရသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

သို့သော်လည်း ဟော်မင်က သူ့ကို ဝှေ့ယမ်းလိုက်သည်နှင့်၊ ထိုဧရာမ ဓားကြီးသည် နဂိုမူလ အရွယ်အစားသို့ ပြန်ပြောင်းသွားခဲ့သည်။ သို့သော် ဤအချိန်တွင် သူ့အပေါ်တွင် ကခုန်နေသော အနက်ရောင် အလင်းတန်းများ မရှိတော့ပဲ၊ ဓားသွားသည် လုံးဝမည်းနက်သွားခဲ့၏။ ဖုံးကွယ်ထားသော ခွန်အားနှင့် ရက်စက်မှုတို့မှာ၊ သူ၏ ပတ်ပတ်လည်မှ လေထုနှင့် ဟင်းလင်းပြင်တို့အား တွန့်လိမ်သွားစေခဲ့သည်။

ဟော်မင်က သူ၏ဓားကို ခုတ်ချလိုက်သောအခါ လေထုအတွင်းတွင် လှိုင်းတွန့်များ တုန်ခါသွားခဲ့ပြီး၊ ကမ္ဘာဖျက် စွမ်းအားမျိုးဖြင့် သိပ်သည်းသော အနက်ရောင် ဒဏ်ရာတစ်ခုကို ချန်ထားရစ်နိုင်ခဲ့သည်။

ဇူရီက သူ၏ခေါင်းအား အနည်းငယ် ညိတ်လိုက်ကာ ပြောလိုက်သည်။ "အသူရာ ကမ္ဘာဖျက် ဓားသွား… တကယ်ကို အထင်ကြီးဖွယ် ကောင်းလှပါတယ်"

ဘာပဲပြောပြော ဟော်မင်သည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။ သူ၏ မှော်စွမ်းအင် ရေအိုင်မှာ သိပ်သည်း၍၊ ဇူရီထက် ပိုကြီး၏။ ဇူရီအနေဖြင့် သူ့အား ထိပ်တိုက်ရင်ဆိုင်၍၊ အသာစီး မရနိုင်ချေ။

ဇူရီသည် သူ့ရန်သူ၏ ခွန်အားကို သူ၏အားနည်းချက် တိုက်ခိုက်ရန်၊ ရည်ရွယ်ချက် မရှိခဲ့ပေ။ ဟော်မင်၏ ကြမ်းတမ်းသော ဓားသွားနှင့် ရင်ဆိုင်ရာတွင်၊ သူသည် ဓားကို လျှင်မြန်စွာနှင့် နှစ်ချက်ဝှေ့ယမ်းလိုက်၍၊ အလင်းနှင့်အမှောင် ဓားချီနှစ်တန်းအား ထုတ်လွှတ်လိုက်၏။ အလင်းရောင် ဓားချီတန်းမှာ မျက်စိကျိန်းလောက်အောင် တောက်ပလှ၍၊ အနက်ရောင် ဓားချီတန်းမှာ သေမင်းစွမ်းအင်များဖြင့် မှောင်မည်းနေ၏။

ထိုဓားချီနှစ်တန်းတို့သည် လေထုထဲတွင် အချင်းချင်း နှောင်ပတ်ရစ်ဖွဲ့သွားကြကာ၊ ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ် အဖြစ်သို့ အသွင်ပြောင်းသွားကြသည်။ သူသည် ဧရာမ အဝတ်အိတ်ကြီး တစ်ခုအား ဖွင့်ထားလိုက်သည့်အတိုင်း၊ ဟော်မင်၏ ဓားကွက်နှင့် ရင်ဆိုင်ရန် ဟန်ပြင်လိုက်၏။

ဟော်မင်၏ သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာမှုသည်၊ သူ၏အရှေ့မှ ဧရာမ အဝတ်အိတ်ကြီး အတွင်းသို့ ပြေးဝင်လာခြင်းနှင့် တူနေပေသည်။

ဇူရီ၏ ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်ကို မြင်ဖူးထားကြသူများမှာ၊ ဟော်မင်က သူ၏လမ်းကြောင်းကို ရုတ်ချည်းရပ်တန့်လိုက်လျှင်ပင်၊ ဇူရီ၏ မန်ဒလာမှာ အရှေ့သို့ တိုးဝင်လာခဲ့၍ သူ့အား မျိုချလိုက်လိမ့်မည်ဟု သိထားကြ၏။

ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ် အတွင်းသို့ ရောက်သွားခဲ့လျှင်၊ ဟော်မင်သည် သူ၏ ရှင်ခြင်းသေခြင်းတို့အား ကိုယ်တိုင်ထိန်းချုပ်ပိုင်ခွင့် ရှိတော့မည် မဟုတ်ပေ။ ဇူရီသည် ကမ္ဘာပျက်သည့် ပုံစံအသေးစားလေး တစ်ခုအတိုင်း၊ သူ၏ မန်ဒလာအား ပြိုကျပျက်စီးစေနိုင်သည်။ ထိုဖျက်ဆီးမှု စွမ်းအားသည်၊ ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်က ခုခံနိုင်သော အရာမဟုတ်ချေ။

ဟော်မင်၏ အေးစက်သော မျက်လုံးအစုံသည်၊ သူ၏အရှေ့မှ ဧရာမ အဖြူနှင့်အနက် အရာဝတ္ထုအား စိုက်ကြည့်နေဆဲ ဖြစ်သည်။ သူသည် သန့်စင်သော အလင်းနှင့် အမှောင်တို့ဖြင့် ဖွဲ့စည်းထားသော၊ သေးငယ်သော စကြာဝဠာ တစ်ခု၏ ဝင်ပေါက်နှင့် တူနေပေသည်။

ချက်ချင်းဆိုသလိုပဲ၊ သူ၏ ခန္ဓာကိုယ်သည် တွန့်လိမ်ကွေးကောက်သွားခဲ့၏။ ထိုကဲ့သို့သော လှုပ်ရှားမှုမျိုးသည်၊ ဇူရီက သူ၏ပစ်မှတ်အား အစကတည်းက ချိန်ရွယ်ထားလျှင်ပင် လွတ်မြောက်သွားစေနိုင်၏။

သာမန်မျက်စိ အမြင်တွင် ဟော်မင်၏ ခန္ဓာကိုယ်သည် နဂိုနေရာတွင် တည်ရှိနေသေးသော်လည်း၊ သူ၏ ကြီးမားသော ကိုယ်ကြီးသည် လျှပ်တစ်ပြက် အတွင်းတွင် ကျုံ့ဝင်သွားခဲ့၍၊ မျက်နှာပြင် ဧရိယာသည် လျော့နည်းသွားခဲ့သည်။

ဇူရီပင် မဆိုထားနှင့်၊ ပုန်းကွယ်နေသော နဂါးချောက်၏ ပြင်ပမှ စောင့်ကြည့်နေကြသော ပရိသတ်များသည်ပင်၊ ဟော်မင်သည် ပါးလျသော လေထုအတွင်းသို့ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ကြရသည်။

အချိန်တခဏလေး အတွင်းတွင်၊ ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ဇူရီ၏ အကြည့်များသည် အေးခဲသွား၏။ တိုက်ရိုက်တိုက်ခိုက်နေရသော သူတစ်ယောက် အနေဖြင့်၊ သူ၏ အတွေ့အကြုံသည် အားအကောင်းဆုံး၊ အထက်မြက်ဆုံး ဖြစ်သည်။ သူသည် ဒီမတိုင်ခင် အဖြစ်အပျက်များ အားလုံးသည်၊ ဟော်မင်၏ တွက်ချက်မှုများ အတွင်းတွင် ရှိနေသည်ဟု ရေးရေးလေး ခံစားနိုင်ခဲ့၏။

ထုတ်လွှတ်လိုက်သည်နှင့် တပြိုင်နက်၊ သူ၏ ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်သည်၊ အခြားသူက ကြိုတင်ပြင်ဆင်ထားမှု မရှိခဲ့လျှင် ရှောင်ရှားနိုင်ရန် အမတန်မှပင် ခက်ခဲလှ၏။

ကြည့်ရတာ ဟော်မင်သည် ဒီအကွက်အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ အစောက ကြမ်းတမ်းခက်ထန်သော ဓားကွက်သည်၊ ဇူရီက ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်အား ဖော်ထုတ်လိုက်စေရန် ထောင်ချောက်ဆင်လိုက်ခြင်း ဖြစ်သည်။ ဇူရီက ထုတ်လွှတ်လိုက်သည့် အချိန်ကို စောင့်နေခဲ့ကာ၊ ပြီးတာနှင့် တပြိုင်နက် ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဇူရီကသာ ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်အား အသုံးမပြုခဲ့လျှင်၊ အစောက ဓားကွက်သည် တကယ့်တိုက်ကွက် ဖြစ်သွားပေလိမ့်မည်။ ယခုလက်ရှိ အခြေအနေတွင်မူ၊ သူသည် ပြိုင်ဘက်အား မျှားခေါ်ခဲ့သည့် ဖိန့်ကွက်တစ်ခုသာ ဖြစ်သွားခဲ့သည်။

"ငါ့ရဲ့ လျှို့ဝှက်ဖဲချပ်ဟာ၊ အရင်ကငါ့ကို တစ်ခါမှ စိတ်မပျက်စေခဲ့ဖူးဘူး။ အခုအချိန်မှာ လွှဲချော်သွားခဲ့တော့၊ ငါ့ရဲ့စိတ်ဓာတ်က ကျသွားခဲ့မယ်" ဇူရီက ကိုယ့်ကိုယ်ကိုယ် တွေးနေခဲ့၏။ "ငါက သူ့ရဲ့ လှည့်ကွက်အတွင်းကို ကျရောက်သွားတော့၊ ငါ့ကိုယ်ငါ အလှည့်စားခံလိုက်ရတဲ့ လူပြက်တစ်ယောက်လို့ ခံစားမိပြီး၊ ငါ့ရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်ချက်တွေက ကျဆင်းသွားလိမ့်မယ်"

"ဒီလိုမျိုး အခြေအနေတွေမှာ ငါက စိတ်ပျက်ဒေါသထွက်ပြီး၊ ငါဆုံးရှုံးသွားရတဲ့ အရာတွေကို ပြန်ယူဖို့ ရှေ့တက်ပြီး အလောတကြီး တိုက်ခိုက်လိမ့်မယ်။ ငါက သွေးရူးသွေးတန်း ဖြစ်လာပြီး၊ အမှားတွေကို ပိုပြီးပိုပြီး ကျူးလွန်မိမယ်"

ဇူရီက အတွင်းတွင် ကိုယ့်ကိုယ်ကိုယ် ကြိတ်ရယ်နေခဲ့သည်။ "ကြည့်ရတာ ငါ့ရဲ့ စိတ်ခံစားချက်တွေကိုပါ၊ သူက ထည့်တွက်ထားတယ်နဲ့ တူတယ်? စိတ်ဝင်စားစရာပဲ။ ကောင်းပြီလေ၊ မင်းက ဘာများဆက်လုပ်ချင်နေသလဲ ဆိုတာကို ကြည့်ရတာပေါ့"

ထိုအချိန်တွင် ဇူရီသည် ဟန်ပန် အမူအရာ ကင်းမဲ့နေခဲ့သော်လည်း၊ သူ၏လက်အတွင်းမှ ဓားရှည်သည် တုန်ခါသွားခဲ့၍ တွေ့ဓားနည်းစနစ် အလင်းတန်း တစ်ခုနှင့်၊ လီဓားနည်းစနစ် တစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။

အပေါ်ကတွေ့၊ အောက်ကလီ - ရေအိုင်အတွင်းမှ မီးတောက်မီးလျှံများ၊ ပြောင်းလဲစမ်း!

ဒါသည် ဇူရီ၏ အပေါ်ယံ ဓားလမ်းစဉ်အတွင်းမှ၊ တိုက်ခိုက်မှုစွမ်းရည် အကောင်းဆုံး ဓားကွက်ဖြစ်၏။ သူသည် လွှမ်းမိုးနိုင်စွမ်း အကောင်းဆုံးဖြစ်ပြီး၊ ခြိမ်းခြောက်နိုင်မှု အရှိဆုံး ဖြစ်သည်။ ထိုနည်းစနစ်တွင် ရပ်တန့်၍ မရနိုင်သော၊ ကမ္ဘာကို ပြောင်းလဲနိုင်သော တောက်ပမှုတို့နှင့် ပြည့်နှက်နေကာ၊ အဖြူရောင် အလင်းတန်း တစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားခဲ့၍ ဟော်မင်ထံသို့ ခုတ်ချခဲ့လိုက်သည်။

ပုန်းကွယ်နေသော နဂါးချောက်၏ ပြင်ပတွင်၊ ထိုမြင်ကွင်းအား စောင့်ကြည့်နေခဲ့သော ကျောင်ကျုံချန်းသည် ခေါင်းတစ်ချက်ကို ခါလိုက်ကာ၊ သူ၏မျက်လုံးအစုံတွင် လုံးဝကို စိတ်ပျက်သွားသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။

"မင်းက အလှည့်စား ခံရမှန်း သိသိနဲ့၊ ဒီလောက်အထိ စိတ်တိုရသလား? ဒီလိုမျိုး စိတ်အခြေအနေက နည်းနည်းလေး စိတ်ပျက်စရာ မကောင်းနေဘူးလား? ဒီစိတ်ဓာတ်မျိုးနဲ့ တိုးတက်အောင် ဘယ်လိုလုပ်ပြီး မျှော်လင့်လို့ ရမှာလဲ?"

သို့သော်လည်း ထိုတိုက်ပွဲအား ကြည့်နေကြသူ အားလုံးတို့မှာ၊ ဤကဲ့သို့ မတွေးမိကြပေ။ ဇူရီ၏ ယခုနည်းစနစ်၏ စွမ်းအားမှာ၊ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ အားလုံးတို့အား တုန်လှုပ်စေနိုင်ခဲ့၍၊ လူအုပ်ထဲမှ အချို့လူများက အော်ဟစ်လိုက်ကြသည်။

ထိုကဲ့သို့သော အားကောင်းသော ဓားချက်မျိုးနှင့် ရင်ဆိုင်လိုက်ရသော်၊ ဟော်မင်၏ နှုတ်ခမ်းထောင့်စွန်းများသည် လှောင်ပြုံးတစ်ခုအဖြစ်သို့ တွန့်သွားခဲ့သည်။

သူ၏ ကျုံ့ဝင်သေးငယ်သွားခဲ့သော ခန္ဓာကိုယ်သည် ရုတ်ချည်းပင် နဂိုမူလ အရွယ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ကာ၊ ခက်ထန်ကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်များသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ဟော်မင်သည် တိုက်ပွဲအစကတည်းက မထုတ်ဖော်ခဲ့ဖူးသော ရက်စက်ကြမ်းကြုတ်မှုနှင့် ခြိမ်းခြောက်နိုင်မှုတို့ကို ပြသခဲ့၍၊ ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှ အပင်များသည် ညှိုးခြောက်ရင့်ရော်သွားသကဲ့သို့ ဖြစ်သွားခဲ့၏။

တိုက်ပွဲအစကတည်းက သူနှင့်ဇူရီတို့၏ တိုက်ပွဲသည်၊ သူကသာလိုက် ကိုယ်ကလွန်လိုက် ဖြစ်နေခဲ့ကာ အကြိတ်အနယ် ဖြစ်နေသည်ဟု ထင်နေရသော်လည်း၊ အမှန်တွင်မူ ဟော်မင်သည် သူ့ကိုယ်ကို ဖိနှိပ်ထားခဲ့ကာ သူ၏ မှော်စွမ်းအင်များကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် သူ့ခန္ဓာကိုယ် အတွင်းမှ၊ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲနိုင်မှုများကို ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူထိန်းထားခဲ့သမျှ အရာအားလုံးတို့အား ဖောက်ထုတ်လိုက်ခဲ့ကာ၊ ဘာကိုမှ ထိန်းသိမ်းထားခြင်းမျိုး မရှိတော့ပေ။

ဟော်မင်သည် သူ၏ ဘဝတစ်လျှောက်လုံးတွင် အကြီးမားဆုံး အဟန့်အတားကို ချိုးဖောက်ဖျက်ဆီးနိုင်ခဲ့ကာ၊ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ မကြုံဖူးသော အထိတ်အထိပ် အဆင့်သို့ ရောက်သွားခဲ့သည်ဟု ခံစားနေရ၍၊ လွတ်လပ်ပေါ့ပါး သက်တောင့်သက်သာ ဖြစ်ခြင်းမျိုးကို ခံစားနေရသည်။

စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေခြင်း၊ ပြင်ဆင်ထားခြင်းများ အားလုံးသည် ယခုအချိန်အတွက် ဖြစ်သည်။

ဟော်မင်၏ လက်အတွင်းမှ ဓားသည် အပေါ်သို့ မြှောက်လိုက်သော်လည်း၊ အောက်သို့ ကျဆင်းမလာခဲ့ချေ။ သူ့ဓားကွက်သည် ပတ်ဝန်းကျင်ထံသို့ အားပြင်းသော သက်ရောက်မှုများ မရှိပဲနှင့်၊ လွမ်းခြုံထားနိုင်ခဲ့သည်။

ထိုဓားကွယ်၏ အလယ်တွင် ရောက်ရှိနေခဲ့သော ဇူရီသည်၊ သူ၏ ဘေးပတ်ပတ်လည်မှ လေထုနှင့် လေဟာနယ်များသည် ဟော်မင်၏ မှော်စွမ်းအင်တို့၏ ပိတ်ဆို့မှုများကို ခံလိုက်ရသည်ဟု ခံစားနေရ၏။

ဤနေရာသည် ပြင်ပကမ္ဘာနှင့် မသက်ဆိုင်သည်၊ သီးသန့်လေဟာနယ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏ အတွင်းမှ အမှောင်ထုသည် ကမ္ဘာမြေမှ ငရဲနှင့်လည်း တူမနေခဲ့ချေ။ အတွင်းသို့ ကြည့်လိုက်လျှင် ဦးခေါင်းခွံများ၊ အရိုးများ၊ အလောင်းများနှင့် သွေးပင်လယ်ကြီး တစ်ခုကိုသာ တွေ့နိုင်ပေသည်!

ရုတ်ချည်းပင် သူသည် အသေကောင်ပုပ်များ၊ သေမင်းတို့နှင့် ပြည့်နှက်နေသော ငရဲပြည် အတွင်းသို့ ရောက်သွားသည်ဟု ထင်နေရ၏။

"အသူရာ အခင်းအကျင်း!" ပုန်းကွယ်နေသော နဂါးချောက်၏ ပြင်ပတွင်၊ ကျောင်ကျုံချန်းနှင့် ရှီရှင်းယွမ်တို့ နှစ်ယောက်စလုံးသည် တုန်ခါသွားကြသည်။

အသူရာ ကမ္ဘာဖျက် ဓားသွား၏ လူသတ်ဓားကွက် တစ်ခုဖြစ်သော - အသူရာ အခင်းအကျင်း!

မရပ်တန့်နိုင်သော သတ်ဖြတ်ခြင်းနှင့် သေဆုံးခြင်းများ၊ လူသားဘဝ၏ နောက်ဆုံးအဆုံးစွန်၊ ကမ္ဘာပေါ်မှငရဲ!

"တကယ်ကိုပဲ အသူရာ အခင်းအကျင်းပဲ! သူက တကယ်ပဲ ကျင့်ကြံနိုင်ခဲ့တာကို!" ရှီရှင်းယွမ်၏ မျက်လုံးအစုံတွင် အံ့ဩချီးကျူးမှုများနှင့် ပြည့်နေခဲ့သည်။ "ဟော်မိသားစုက ဒီတစ်ခေါက် အတော်တန်သွားပြီ။ အသူရာ အခင်းအကျင်းကို လေ့ကျင့်နိုင်တဲ့ ရွှေရောင်ဗဟိုချက် အဆင့်က နောက်တစ်ယောက် ထပ်ပေါ်လာခဲ့ပြီ"

အသူရာ အခင်းအကျင်း၏ ကြောက်မက်ဖွယ် စွမ်းအားသည် လှိုင်းထနေခဲ့၍၊ သေမင်း၏ သွေးရနံ့များနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။ ချောက်၏အပြင်ဘက်တွင်၊ ကြည့်နေသူများ အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် အုန်းအုန်းကျွတ်ကျွတ် ဖြစ်၍နေလေ၏။

စုန့်ချင်းယွမ်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပန်ဆင်ထား၍၊ ထိုပြိုင်ပွဲအား အမှုမထားသလို ကြည့်နေခဲ့သော်လည်း၊ ထိုအချိန်တွင် သူ၏မျက်နှာပေါ်မှ အပြုံးသည် မှေးမှိန်သွားခဲ့ကာ၊ ပုန်းကွယ်နေသော နဂါးချောက် အတွင်းသို့ ပို၍လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။

တိုက်ရိုက်တဲ့တိုး စရိုက်ရှိ၍ ကျောက်ယန်နဲ့ အခြားသူများအား စကားပြောနေခဲ့သော ထောင်ရောင်ရောင်သည်လည်း၊ ဟော်မင်အား ချီးကျူးစကား ပြောလိုက်သည်။ "အသူရာ အခင်းအကျင်း။ ငါက ဒါ မမြင်ခဲ့တာ အချိန်အတော်ကြာသွားခဲ့ပြီ။ ဟော်မိသားစုက ရွှေရောင်ဗဟိုချက် အဆင့်သာ ရှိသေးတဲ့ နောက်ထပ်ကျင့်ကြံသူ တစ်ယောက်က၊ ဒီအကွက်ကို သုံးနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ?"

မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်မှ တုခွမ်းနှင့် စန်းလျှိုဟဲ၊ ခရမ်းရောင် တိမ်တိုက်ဂိုဏ်းမှ လီကွေရင်နှင့် ဂူလေတို့သည်လည်း လေးနက်သော မျက်နှာထားများ ရှိနေကြ၏။ အသူရာ အခင်းအကျင်းအား ကျင့်ကြံနိုင်ခဲ့သော ဟော်မင်သည်၊ ယခုအချိန်တွင် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ အားလုံး၏ လေးစားမှုနှင့် ထိုက်တန်သွားခဲ့ပြီ ဖြစ်သည်။

အသူရာ အခင်းအကျင်း၏ အတွင်းတွင်၊ ဇူရီ၏ ဓားနည်းစနစ်သည် ခမ်းနားထည်ဝါသော စွမ်းအားအော်ရာများကို ပိုင်ဆိုင်ထားသေးသော်လည်း၊ တဖြည်းဖြည်းနှင့် တစ်စပြီးတစ်စ အသူရာ အခင်းအကျင်းမှ သေမင်းစွမ်းအားများ၏ တိုက်စားခြင်းကို ခံနေရပြီ ဖြစ်သည်။

ဟော်မင်သည် သူ၏ဧရာမဓားကို မြှောက်ထားဆဲဖြစ်၍၊ သူ၏ဓားထိပ်ဖျားမှာ ကမ္ဘာကြီးတစ်ခုလုံးအား ထမ်းထားသည့်အလား ဖြစ်နေခဲ့၏။ သူသည် ဇူရီအား ကြည့်လိုက်ကာ ရယ်ရမ်းသွေးလိုက်သည်။ "မင်းကို ကျေးဇူးတယ်ရမယ်။ မင်းရဲ့ အကူအညီနဲ့ ဒီအတားအဆီးကို ကျော်လွှားနိုင်ခဲ့ပြီး၊ အသူရာ အခင်းအကျင်း နည်းစနစ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့တာ"

"မူလက မင်းကို သေဒဏ်နဲ့ အပြစ်ပေးပြီး ငါ့ရဲ့ကျေးဇူးတွေကို ပြန်လည်ဖော်ပြတဲ့ အနေနဲ့၊ ငါ့ရဲ့ ပထမဆုံးအကြိမ် အသုံးပြုတဲ့ အသူရာ အခင်းအကျင်းရဲ့အောက်မှာ ပထမဆုံး အသက်ပျောက်တဲ့သူ ဆိုတဲ့ ဂုဏ်သိက္ခာကို ပေးမလို့ပဲ"

"နှမြောစရာကောင်းတာက၊ ငါတို့က ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှာ ရှိနေလို့၊ မင်းကို ဒီနေရာမှာ အသေသတ်လို့ မရတာပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ နောင်လာမယ့် နေ့တွေအတွင်းမှာ အခွင့်အရေးတွေက ပေါ်လာဦးမှာပါ"

"မင်းကို အခုမသတ်နိုင်သေးရင်တောင် မင်းကို ဒီနေရာမှာ အနိုင်ယူပြီးသွားရင်၊ မိုးကြိုးကပ်ဘေးတွေကို ဆင့်ခေါ်နိုင်ပြီး အခြေတည်ဝိညာဉ် အဆင့်ကို တက်လှမ်းနိုင်ဖို့ အချိန်က သိပ်မလိုတော့ဘူး"

ဟော်မင်သည် စကားပြောနေရင်းနှင့်၊ အရှေ့သို့ တစ်လှမ်းချင်း ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့၏။ ဧရာမဓားကြီးသည် အောက်သို့ကျလာခဲ့သည်၊ သို့သော်လည်း ပက်ကျိတစ်ကောင်၏ နှေးကွေးသော အမြန်နှုန်းဖြင့်၊ ကြည့်နေသူများ အားလုံးအား အသက်ရှူရန် မေ့စေခဲ့သည်။

သို့သော်လည်း ထိုဓားသွား၏ ကျဆင်းလာခြင်းနှင့်အတူ၊ အသူရာ အခင်းအကျင်း တစ်ခုလုံးသည် လိုက်ပြီး တုန်ခါလာခဲ့သည်။ အသူရာ အခင်းအကျင်း၏ သတ်ဖြတ်လိုသော စွမ်းအားများ အားလုံးသည်၊ ဟော်မင်၏ ဓားသွားထိပ်ဖျားတွင် စုစည်းလာခဲ့၏။ အမှောင်သေမင်း စွမ်းအားတို့၏ ပမာဏနှင့် အရည်အသွေးတို့သည်၊ လူတိုင်း၏ နှလုံးသားကို အေးခဲစေနိုင်ခဲ့၏။

ဓားသွား၏ ခုတ်ချလိုက်မှု၏ အောက်တွင်၊ အသူရာ အခင်းအကျင်း၏ ဖျက်ဆီးနိုင်မှု စွမ်းအားများနှင့် ကပ်ဆိုးများသည်၊ ဓားသွားအပေါ်တွင် စုစည်းထားနိုင်ခဲ့သည်။ ထိုဓားသွားသည် အရာအားလုံးကို အောင်နိုင်၍၊ သူ၏ လမ်းကြောင်းတစ်လျှောက်ရှိ သက်ရှိစိတ်ဝိညာဉ် မှန်သမျှအား ချေမှုန်းဖျက်ဆီးနိုင်စွမ်း ရှိလေသည်။

အသူရာ အခင်းအကျင်း၏ အထဲတွင် ပိတ်လှောင်ခံထားရသော ရန်သူများသည်၊ သူ၏အတွင်းမှ ထွက်ပေါ်လာသော စွမ်းအင်များ၏ ဖိနှိပ်ထားခြင်းကို ခံနေရ၍၊ ပြေးရန်မြေ မရှိနိုင်ခဲ့ပေ။

"ဆရာ၊ ဒါက ဆရာပြောတဲ့ ဟော်မင်ရဲ့ အခွင့်အရေး ဆိုတာလား?" ထိုအချိန်တွင် ရှောင်ပုတန်လေး၏ မျက်နှာမှာ တင်းနေ၍၊ လေးနက်သည့်ပုံ ပေါက်နေခဲ့၏။ "တကယ်ကို ကြမ်းတမ်းပါပေတယ်!"

ယွဲ့ဟုန်ယန်၊ ယန်ချင်နှင့် ကျန်သောသူများကလည်း မျက်နှာသိပ်မလှကြပဲ၊ ပုန်းကွယ်နေသော နဂါးချောက်၏ အပေါ်မှ ထုတ်လွှင့်နေသော ပုံရိပ်များအား ကြည့်နေကြသည်။

သို့သော်လည်း လင်းဖုန်းမှာမူ အမူအရာ ကင်းမဲ့သော မျက်နှာထားမျိုးဖြင့်၊ ခပ်တည်တည်သာ ကြည့်နေခဲ့သည်။ "ဒါက သူ့ရဲ့ တစ်ခုတည်းသော အခွင့်အရေး ဆိုတာက မှန်ပါတယ်။ ဒါပေမဲ့ ကြည့်ရတာ၊ မင်းရဲ့ အစ်ကိုလေးက သူ့ကို အခွင့်အရေး ထပ်ပေးမယ့်ပုံ မပေါ်တော့ဘူး"

ပုန်းကွယ်နေသော နဂါးချောက်၏ အတွင်းဝယ်၊ ဇူရီသည် ပို၍ပို၍ နီးလာသော ဓားသွားအား တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။ သူ၏မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုက ရုတ်တရက် ပေါ်လာခဲ့၍၊ သက်ပြင်းတိုးတိုး တစ်ချက်အား ချလိုက်သည်။ "ငါကလည်း ငါတို့က ပုန်းကွယ်နေသော နဂါးချောက် အတွင်းကို ရောက်နေခဲ့တာ၊ နှမြောစရာကြီးလို့ ထင်တာပဲ"

ဇူရီသည် စကားဆုံးသည်နှင့် သူ၏ဓားအား ဓားအိမ်အတွင်းသို့ ပြန်သွင်းလိုက်ကာ၊ သူ၏လက်နှစ်ဘက်အား နောက်ကျောတွင်ပစ်ကာ အနောက်သို့ လှည့်ထွက်သွားခဲ့သည်။ ကြည့်ရသည်မှာ သူက လက်လျှော့လိုက်၍၊ ဆက်လက် မခုခံတော့မည့်ပုံ ပေါက်နေခဲ့၏။

သို့သော်လည်း ဇူရီအား တစ်ချိန်လုံး အဆက်မပြတ် စောင့်ကြည့်နေခဲ့သည့်၊ ဟော်မင်၏ စိတ်ဝိညာဉ်သည် ရုတ်တရက် တုန်ခါသွားခဲ့ကာ၊ တစ်စုံတစ်ခုက အကြီးအကျယ် မှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည်။

ဇူရီ၏ မျက်လုံးများသည် လုံးဝကို မည်းနက်သွားခဲ့၏။ သူ၏မျက်လုံးများသည် အဖြူနှင့် အနက်တို့၏ ခွဲခြားထားခြင်းများ မရှိတော့ပဲ၊ အဖြူများသည် လုံးဝကို ပျောက်ကွယ်သွားခဲ့၏။ သူ၏ မျက်လုံးအတွင်းဝယ် ညသန်းကောင်ယံ၏ တိတ်ဆိတ်ငြိမ်သက် မှောင်မည်းခြင်းမျိုးဖြင့်၊ လုံးဝမှောင်မည်းနေသော အမှောင်ထုကြီးက ကြီးစိုးထားခဲ့၏။

ဇူရီ၏ အသံသည် ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ "ငါတို့က အနာဂတ်မှာ အခွင့်အရေးတွေ ရှိဦးမယ်လို့လည်း၊ ငါက ယုံကြည်ပါတယ်။ ဒါပေမဲ့ ငါတို့က ပုန်းကွယ်နေသော နဂါးချောက်ရဲ့ အပြင်ကို ရောက်သွားပြီးရင်၊ ငါ့ကိုမြင်တဲ့အခါ မင်းက ထွက်မပြေးနဲ့ပေါ့ကွာ"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

118K 19.8K 198
ခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ...
189K 34.4K 200
sequel of Book 4 Author - Goosefive
232K 29.9K 198
ပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Actio...
42.8K 3.6K 200
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...