ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) U...

By KazunoMora

87.1K 11.6K 70

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
အပိုင်း ၁၁၄ : တောင်ထိပ်ပေါ်က နောက်ထပ် တောင်တစ်တောင်
အပိုင်း ၁၁၅ : မီးလျှံကျီးကန်း နှိမ်နှင်းရေး အင်အားစုတစ်စု
အပိုင်း ၁၁၆ : စံပြလူသားလား?
အပိုင်း ၁၁၇ : ရေနဲ့မီးတို့ရဲ့ လုံးဝဆန့်ကျင်မှု
အပိုင်း ၁၁၈ : ပြည်သူလူထုတို့၏ မဟာမီးဖို နည်းစနစ်
အပိုင်း ၁၁၉ : ငါတကယ် မရည်ရွယ်ခဲ့ပါဘူး
အပိုင်း ၁၂၀ : အကြွင်းမဲ့ရေက ဘယ်ရောက်သွားတာလည်း?
အပိုင်း ၁၂၁ : တရားမျှတမှုဟာ မင်းအတွက် ဘယ်လောက်အရေးကြီးသလည်း?
အပိုင်း ၁၂၂ : ဒါက ငါဆိုလိုတဲ့ တရားမျှတမှုပဲ!
အပိုင်း ၁၂၃ : ဒါအိမ်မက်ပဲ ဖြစ်ရမယ်!
အပိုင်း ၁၂၄ : မီးလျှံကျီးကန်း မိစ္ဆာ အုပ်ချုပ်သူ
အပိုင်း ၁၂၅ : စစ်ဆေးမေးမြန်းခြင်း
အပိုင်း ၁၂၆ : မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့
အပိုင်း ၁၂၇ : တော်တော်ကြီးကို ကြီးမားတဲ့ အရှက်ရမှုပဲ
အပိုင်း ၁၂၈ : တိမ်တိုက်တွေရဲ့ အမြင့်ဆုံးမှာ
အပိုင်း ၁၂၉ : ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ
အပိုင်း ၁၃၀ : သက်ရှိအားလုံးတို့ရဲ့ မွေးဖွားခြင်း
အပိုင်း ၁၃၁ : ဝူတူး ဗဟို နတ်ဘုရား အလင်းတန်း
အပိုင်း ၁၃၂ : ဗလာနတ္တိ
အပိုင်း ၁၃၃ : သတ်ဖြတ်ခြင်းကို ခိုးယူသူ
အပိုင်း ၁၃၄ : ဂေလာကျောက်စိမ်း
အပိုင်း ၁၃၅ : မင်းတို့က ဒါကို ရှာနေတာလား?
အပိုင်း ၁၃၆ : ကောင်းကင်၏ စည်းရိုးများ
အပိုင်း ၁၃၇ : အဝီစိ ငရဲမုန်တိုင်း
အပိုင်း ၁၃၈ : ယုကျင်းတောင်နှင့် တောင်ထိပ်က ရတနာ သစ်ပင်ဆီကို ပြန်လာခြင်း
အပိုင်း ၁၃၉ : ဝကစ်သော ကလေးငယ်.. ဓားလွယ်ထားသော ကညာပျို.. စစ်တုရင် ကစားသမား
အပိုင်း ၁၄၀ : စနစ်ကြီးဟာ သူ့ရဲ့ ချီးထုပ်သဘာဝကို ဖော်ပြခဲ့ပြန်ပါပြီ
အပိုင်း ၁၄၁ : သူ့ရဲ့ပိုင်ရှင်ဟာ တကယ်ကိုပဲ အစွမ်းထက်ပါပေတယ်
အပိုင်း ၁၄၂ : ဝင်္ကပါချိုးဖောက်ဗုံ
အပိုင်း ၁၄၃ : ရွှေရောင်ဗဟိုချက်ကို မျိုချပြီး...
အပိုင်း ၁၄၄ : သူတို့ကို အတူတကွ ရင်ဆိုင်ကြရအောင်!
အပိုင်း ၁၄၅ : ကျိုးပေါက်ခြင်း!
အပိုင်း ၁၄၆ : လက်ချောင်းလေး တစ်ချက် ထိလိုက်ရုံနဲ့ပဲ
အပိုင်း ၁၄၇ : မျိုချပြီး ခြေဆောင့်နင်းခြင်း
အပိုင်း ၁၄၈ : နောက်ထပ်တစ်ခါ ပြန်ပြီးမှ ယှဉ်ပြိုင်ခြင်း
အပိုင်း ၁၄၉ : ဘာဖြစ်လို့လည်းဆိုတော့ ငါက ခွင့်မပြုလို့ပဲ
အပိုင်း ၁၅၀ : လူတွေရှိရင် တိုက်ခိုက်မှုတွေက ရှိကြမှာပဲ
အပိုင်း ၁၅၁ : ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော စိတ်ဝိညာဉ် နယ်မြေ
အပိုင်း ၁၅၂ : ဂိုဏ်း၏နာမည်
အပိုင်း ၁၅၃ : တစ်စုံတစ်ယောက်အတွက် ကြီးကျယ်ခမ်းနားသော ဝင်ရောက်ခြင်း
အပိုင်း ၁၅၄ : မိန်းမခန်းဆောင် တစ်ခု!!!
အပိုင်း ၁၅၅ : ထောင်ချောက်တစ်ခု?
အပိုင်း ၁၅၆ : ဆေးဝါးတစ်ရာဂိုဏ်း
အပိုင်း ၁၅၇ : ချင်ချွန်းတောင်ထိပ်ပေါ်ဝယ်
အပိုင်း ၁၅၈ : လျှို့ဝှက်ဆေးဖော်ခန်း
အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး
အပိုင်း ၁၆၀ : တိုက်ဆိုင်လှစွာပဲ... ငါ့မှာ ရထားမောင်းတစ်ယောက် လိုနေတယ်ကွ!
အပိုင်း ၁၆၁ : ကဲ... ဒီမှာ မြင်းတပ် လာပါပြီဗျာ!
အပိုင်း ၁၆၂ : တောင်ပေါ်ကို ကျားတစ်ထောင် ဆင်းသက်လာခြင်း
အပိုင်း ၁၆၃ : ပရိယာယ် ကျော့ကွင်းမှာ ဘယ်သူက မိသွားတာလည်း?
အပိုင်း ၁၆၄ : ဘယ်သူက ဟန်ဆောင်ပိုကောင်းတာလည်း?
အပိုင်း ၁၆၅ : အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာ
အပိုင်း ၁၆၆ : ဘယ်သူက အာရုံစိုက်တာကို ပိုခံရတာလည်း?
အပိုင်း ၁၆၇ : မင်းက နုပါသေးတယ်ကွာ...
အပိုင်း ၁၆၈ : ချန်ချွန်းတောင်ထိပ် ပြိုကျသွားခြင်း!
အပိုင်း ၁၆၉ : ခဏနေပါဦး... ကျင့်ကြံသူ ရောင်းရင်းရာ!
အပိုင်း ၁၇၀ : ကဲ... မိတ်ဆွေ... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခဏငှားပါဦး
အပိုင်း ၁၇၁ : ကြီးမားသော တိုက်ရာပါ ပစ္စည်းများ
အပိုင်း ၁၇၂ : ရက်ရောလှစွာသော ဆုလာဘ်!
အပိုင်း ၁၇၃ : စစ်တုရင် ခုံထဲက ကမ္ဘာ
အပိုင်း ၁၇၄ : မင်းကငါ့ကို ဘာထင်တာလည်း? ငါကမင်းကို ဘာထင်နေတာလည်း?
အပိုင်း ၁၇၅ : ရွေးချယ်မှု နည်းသောလမ်း
အပိုင်း ၁၇၆ : ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၁၇၇ : ဖွံ့ထွားလှတဲ့ ဂေါ်ဖီထုပ်ကြီး! ဝက်'အ'ကြီးက မကြိုက်လို့ တော်သေးတယ်
အပိုင်း ၁၇၈ : ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်
အပိုင်း ၁၇၉ : ပထမဆုံးအကြိမ် ရတနာတွေကို ခွဲဝေပေးခြင်း
အပိုင်း ၁၈၀ : ခက်ထန်သော ယွဲ့ဟုန်ယန်!
အပိုင်း ၁၈၁ : ဇူရီဝယ်တဲ့ ပစ္စည်းဟာ ထူးခြားတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်
အပိုင်း ၁၈၂ : ငါ့ရဲ့ အပျံစား ညီအစ်ကို ရှီးဟောင်
အပိုင်း ၁၈၃ : ငါတို့က သရုပ်ဆောင်တွေ လိုနေတယ်ကွ
အပိုင်း ၁၈၄ : ဒါပေမဲ့ ကျွန်တော်တို့က လူကောင်းတွေလေ!
အပိုင်း ၁၈၅ : ဘယ်လောက်အထိတောင် ယုတ္တိမတန်လိုက်သလည်း!
အပိုင်း ၁၈၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်
အပိုင်း ၁၈၇ : ကြေးမုံ.. ပန်းပွင့်.. ရေပြင်နှင့် လမင်း
အပိုင်း ၁၈၈ : တရားမျှတရမှာပေါ့
အပိုင်း ၁၈၉ : အစီအစဉ်ကို စင်းလုံးချောဖြစ်အောင် ကြံစည်ခြင်း
အပိုင်း ၁၉၀ : နေရာယူကြမယ်!
အပိုင်း ၁၉၁ : တရားဝင် ဖွင့်လှစ်ခြင်း
အပိုင်း ၁၉၂ : ထာဝရ အလင်းသခင်
အပိုင်း ၁၉၃ : ချုံခိုတိုက်ခိုက်မှု တစ်ခု
အပိုင်း ၁၉၄ : ချစ်ကြည်ရေး မီးလျှံ
အပိုင်း ၁၉၅ : ဖုန်းရွှေ၏ စီးဆင်းမှုအရ
အပိုင်း ၁၉၆ : ပိုက်ဆံရေရတာ အတော့်ကို ခက်ခဲတာပဲ
အပိုင်း ၁၉၇ : ပြန်လည်ကြိုဆိုပွဲ ပါတီ
အပိုင်း ၁၉၈ : မှန်ကန်သော လည်ပတ်မှု
အပိုင်း ၁၉၉ : စုပေါင်းပြီးမှ ပူးပေါင်းကြံစည်ခြင်း
အပိုင်း ၂၀၀ : မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာ
အပိုင်း ၂၀၁ : ကျိန်စာသင့် အထီးကျန်ကြယ်
အပိုင်း ၂၀၂ : တပည့်ကသာ ဒီလိုဆိုရင်... ဆရာက ဘယ်လိုများလည်း?"
အပိုင်း ၂၀၃ : တစ်ခုကလွဲလို့ အရာအားလုံးကို အသင့်ပြင်ပြီးပြီ
အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂
အပိုင်း ၂၀၅ : နောက်နှစ်တစ်ဝက်မှာ... တံခါးဖွင့်ပြီး တပည့်တွေကို လက်ခံမယ်
အပိုင်း ၂၀၆ : ဒီကမ္ဘာပေါ်မှာ ဘာမှ အလကား မရဘူး
အပိုင်း ၂၀၇ : ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ အသွင်သဏ္ဌာန် လေးခု
အပိုင်း ၂၀၈ : ရှကျိုးကို ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂၀၉ : ငါတို့ရဲ့ လမ်းကြောင်းကို ပိတ်ချင်သူများ!
အပိုင်း ၂၁၀ : ဒီလို မထင်တဲ့သူတွေ... အခုချက်ချင်း ထွက်လာခဲ့စမ်း!
အပိုင်း ၂၁၁ : ခက်ထန်သော ရှောင်ယန်
အပိုင်း ၂၁၂ : တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ သူတွေပါပဲ
အပိုင်း ၂၁၃ : ပိုပိုပြီးတော့ များလာသော ပြိုင်ဘက်များ
အပိုင်း ၂၁၄ : လူထူးလူဆန်း တစ်အုပ်စု
အပိုင်း ၂၁၅ : ရှောင်လွဲ၍ မရခြင်း
အပိုင်း ၂၁၆ : မြင့်မြတ်သောတောင်! မြင့်မြတ်သောတောင်!
အပိုင်း ၂၁၇ : ပြိုင်ဘက်ကင်း! လုံးဝပြိုင်ဘက်ကင်း!
အပိုင်း ၂၁၈ : မျက်စိတစ်မှိတ် အတွင်းမှာ ပျက်စီးသွားခြင်း
အပိုင်း ၂၁၉ : လက်ဆောင်များ!
အပိုင်း ၂၂၀ : ဖွင့်ပွဲ အခမ်းအနား
အပိုင်း ၂၂၁ : ဂိုဏ်းချုပ်၏ အခမ်းအနား
အပိုင်း ၂၂၂ : အောင်မြင်စွာနဲ့ အဆုံးသတ်ခြင်း
အပိုင်း ၂၂၃ : စနစ်၏ မစ်ရှင်အသစ်
အပိုင်း ၂၂၄ : အလင်းဓားမြန်ဂိုဏ်း၏ အကျပ်ရိုက်မှု
အပိုင်း ၂၂၅ : လျှို့ဝှက်ဆန်းကြယ်သော ဆေးခန်းမဆောင်
အပိုင်း ၂၂၆ : တိပိဋက ကျမ်းစာခန်းမ သုံးထပ်ဆောင်
အပိုင်း ၂၂၇ : စိတ်ဝိညာဉ် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး
အပိုင်း ၂၂၈ : ဒီပုံရိပ်က အရမ်းကို လှပပေမဲ့၊ ငါက မကြည့်ရဲဘူးကွ
အပိုင်း ၂၂၉ : ထွက်ပြေးသွားသော သတို့သမီးလောင်း
အပိုင်း ၂၃၀ : အစားပုတ်မွန်းစတားတစ်ကောင်ယုကျင်းတောင်ပေါ်မှာသောင်းကျန်းနေတယ်ဗျို့
အပိုင်း ၂၃၁ : တောက်တီမလေးကို ဝိုင်းရံပိတ်ဆို့ ဖမ်းဆီးကြခြင်း
အပိုင်း ၂၃၂ : အစားပုတ်တဲ့ မွန်းစတားမှာလည်း ဘုရင်ဆိုတာ ရှိသေးတာပဲ
အပိုင်း ၂၃၃ : မကြောက်ပါနဲ့၊ ငါကနာအောင် မလုပ်ပါဘူး
အပိုင်း ၂၃၄ : လင်းဖုန်းက မှော်ရတနာတစ်ခုကို ဖန်တီးခြင်း
အပိုင်း ၂၃၅ : အဆင်သင့် ဖြစ်ပြီလား?
အပိုင်း ၂၃၆ : ကတိအတိုင်း ပေါ်လာခြင်း
အပိုင်း ၂၃၇ : မျက်ရည်ကျလုဆဲဆဲ ဖြစ်နေသော မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ
အပိုင်း ၂၃၈ : မင်းက လူမှားနေတယ်!
အပိုင်း ၂၃၉ : ရှောင်ပုတန်လေးဟာ လျှာစောင်းထက်လှပါတယ်
အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု
အပိုင်း ၂၄၁ : အိမ်သို့ပြန်ခြင်း
အပိုင်း ၂၄၂ : စိတ်ရှုပ်ထွေးခြင်း
အပိုင်း ၂၄၃ : အလင်းဓားမြန် ဓားမာစတာ
အပိုင်း ၂၄၄ : ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်း
အပိုင်း ၂၄၅ : စကြာဝဠာ အပေါင်းအစု
အပိုင်း ၂၄၆ : ပြဿနာရှာတဲ့သူက ဒီမှာပါ
အပိုင်း ၂၄၇ : တစ်ဦးတည်း အကြာကြီး ပြောနေခြင်း
အပိုင်း ၂၄၈ : ထပ်မံစူးစမ်းခြင်း
အပိုင်း ၂၄၉ : ရက်စက်သော ယွဲ့ဟုန်ယန်
အပိုင်း ၂၅၀ : အင်မော်တယ် ဝိညာဉ်၏ စွမ်းအားများနှင့် ရင်ဆိုင်ခြင်း
အပိုင်း ၂၅၁ : ပြိုင်ဘက်ကင်း
အပိုင်း ၂၅၂ : တိုက်ပွဲအချိန်ကျပြီ
အပိုင်း ၂၅၃ : အဆင့်သုံးဆင့် အကြံအစည်
အပိုင်း ၂၅၄ : ကိုယ့်အကြံနဲ့ကိုယ်ပဲ
အပိုင်း ၂၅၅ : တစ်ယောက်၏ အိမ်ထဲသို့ ဝံပုလွေများအား ခေါ်ဆောင်လာခြင်း
အပိုင်း ၂၅၆ : အရေးအကြီးဆုံး ကိစ္စ
အပိုင်း ၂၅၇ : မင်းရဲ့ဆရာက မင်းကို မျက်နှာသာ ပေးပါတယ်ကွ
အပိုင်း ၂၅၈ : ရင်းနှီးသော သူစိမ်း
အပိုင်း ၂၅၉ : အကွက်ဟောင်းကို ပြန်သုံးခြင်း
အပိုင်း ၂၆၀ : တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူ
အပိုင်း ၂၆၁ : ရက်ရောလှစွာသော ပေးကမ်းစွန့်ကြဲခြင်း
အပိုင်း ၂၆၂ : လမ်းပြပါ
အပိုင်း ၂၆၃ : ပြင်ပစွမ်းအားကို လိုအပ်ခြင်း
အပိုင်း ၂၆၄ : အမြဲတမ်း အရှေ့သို့ ချီတက်ခြင်း
အပိုင်း၂၆၅ : သံသယဖြင့် သေရခြင်း
အပိုင်း ၂၆၆ : သံမဏိ သစ်ပင်မှ ပန်းများ ဖူးပွင့်လာခြင်း
အပိုင်း ၂၆၇ : သတင်းကောင်းနှင့် သတင်းဆိုး
အပိုင်း ၂၆၈ : လက်ကောက်နှင့် နှံကောင်
အပိုင်း ၂၆၉ : ထူးဆန်းသော ဖိတ်စာစာရင်း
အပိုင်း ၂၇၀ : အစည်းအဝေးသို့!
အပိုင်း ၂၇၁ : အသူရာ သူတော်စင်၊ ဟော်ရှု
အပိုင်း ၂၇၂ : ပျော်ရွှင်ဖွယ် မရှိသော ပြန်လည်ဆုံစည်းမှု
အပိုင်း ၂၇၃ : ကျေးဇူးပြန်ဆပ်ဖို့ရာ အတော်ခက်တာပဲ
အပိုင်း ၂၇၄ : အပြန်အလှန် ရည်ရွယ်ချက်များ
အပိုင်း ၂၇၅ : ပြဿနာရှာဖို့ သဲလွန်စများကို ချပြခြင်း
အပိုင်း ၂၇၆ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၂၇၇ : ပြိုင်ဘက် သုံးယောက်ခွဲ
အပိုင်း ၂၇၈ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး တရားဝင် စတင်ခြင်း
အပိုင်း ၂၇၉ : ရန်သူတို့သည် မကြာခဏ ပြန်တွေ့လေ့ ရှိကြသည်
အပိုင်း ၂၈၀ : မင်းရဲ့ ဘောင်းဘီတိုပါ ရှုံးသွားလိမ့်မယ်
အပိုင်း ၂၈၁ : ဘယ်သူက နှစ်ယောက်တစ်ယောက် တိုက်နိုင်သလဲ?
အပိုင်း ၂၈၂ : ရှောင်လွဲဖို့ ဆိုရင်လည်း၊ တစ်ယောက်က နည်းစနစ်တွေ လိုအပ်တယ်
အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း
အပိုင်း ၂၈၄ : အမှန်တကယ် ပြိုင်ဘက်ကင်းမဲ့ခြင်း
အပိုင်း ၂၈၅ : ကံအကောင်းဆုံးသော မဲနှိုက်မှု
အပိုင်း ၂၈၆ : အချင်းချင်း ပဋိပက္ခ ဖြစ်ကြခြင်း
အပိုင်း ၂၈၇ : သူတို့က မင်းဟာ ငရဲကလာတယ်လို့ ပြောကြတယ်!
အပိုင်း ၂၈၈ : ပညာရှင် အချင်းချင်း တွေ့ဆုံခြင်း
အပိုင်း ၂၈၉ : ဆီမီးဖိုင်နယ် မဲနှိုက်ခြင်း
အပိုင်း ၂၉၀ : သူက ရူးချင်ယောင်ဆောင်နေတာ!
အပိုင်း ၂၉၁ : ဉာဏ်နီဉာဏ်နက် ထုတ်ခြင်းနှင့် ဉာဏ်နီဉာဏ်နက်အား တန်ပြန်ခြင်း
အပိုင်း ၂၉၂ : မသေချာသော ရည်ရွယ်ချက်များ
အပိုင်း ၂၉၃ : လောင်းကြေးများအား တိုးမြှင့်ခြင်း
အပိုင်း ၂၉၄ : ဝမ်လင်း၏ တတိယလက်ချောင်း
အပိုင်း ၂၉၅ : ပြင်းထန်သော စတင်မှုနှင့် စိတ်ပျက်ဖွယ်ရာ အဆုံးသတ်
အပိုင်း ၂၉၆ : လောင်းကြေးထပ်၍ ကျောက်တုံးအား ဖြတ်တောက်ခြင်း!
အပိုင်း ၂၉၇ : စိတ်ဓာတ်စစ်ပွဲများ
အပိုင်း ၂၉၈ : ဆယ်ကျော်သက်လေး ရှောင်ပုတန်
အပိုင်း ၂၉၉ : တစ်ယောက်ချင်း တစ်ယောက်
အပိုင်း ၃၀၀ : လျှို့ဝှက်လုပ်ကြံသူ
အပိုင်း ၃၀၁ : ကျုပ်က ဖြေရှင်းချက်တစ်ရပ် လိုအပ်တယ်
အပိုင်း ၃၀၂ : ဘယ်သူ့ကို အပြစ်တင်ရမှာလဲ?
အပိုင်း ၃၀၃ : ဆရာတူတပည့်
အပိုင်း ၃၀၄ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး ပြန်လည်စတင်ခြင်း
အပိုင်း ၃၀၆ : ပြောင်းပြန်ဖြစ်မှုအား ဖော်ထုတ်ခြင်း
အပိုင်း ၃၀၇ : ပြင်းထန်သောတိုက်ပွဲ
အပိုင်း ၃၀၈ : နှမြောစရာပဲ
အပိုင်း ၃၀၉ : အဆင့်က မြင့်လာလေလေ၊ ကွာခြားချက်က ကြီးမားလာလေလေပဲ
အပိုင်း ၃၁၀ : ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး
အပိုင်း ၃၁၁ : ရှောင်ယန်ထံမှ ပေးပို့လာသော သတင်း
အပိုင်း ၃၁၂ --- အပိုင်း ၃၁၃

အပိုင်း ၃၀၅ : ပြိုင်ကွင်းသည် စွမ်းဆောင်ရည် ပြသဖို့ စင်မြင့်ဖြစ်သည်

439 56 0
By KazunoMora

အပိုင်း ၃၀၅ : ပြိုင်ကွင်းသည် စွမ်းဆောင်ရည် ပြသဖို့ စင်မြင့်ဖြစ်သည်

ရှီရှင်းယွမ်သည် လင်းဖုန်း၏ အရှေ့ကို လျှောက်လာလိုက်ကာ၊ သူ့အား နှုတ်ဆက်လိုက်သည်။ လင်းဖုန်းက သူ၏ခေါင်းအား စောင်းကြည့်လိုက်ကာ၊ ပြန်တုံ့ပြန်လိုက်သည်။ "မင်းသမီးရှင်းယွမ်က သိပ်ပြီး ရိုသေနေစရာ မလိုပါဘူး"

"တစ်နေ့မှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က၊ ကျွန်မကို အကြံဉာဏ် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် ကျွန်မအတွက် ဂုဏ်ယူစရာ ဖြစ်ပါလိမ့်မယ်" ရှီရှင်းယွမ်သည် ပြီးနောက် ဇူရီဘက်သို့ လှည့်လိုက်သည်။ "ကျွန်မရဲ့ မိတ်ဆွေတစ်ယောက်က အရင်က ရှင့်ကို စော်ကားမိပါတယ်။ သူ့ကို ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်"

ဇူရီသည် သူ၏အရှေ့မှ အဝါရောင် ဝတ်စုံနှင့် မိန်းကလေးအား ကြည့်လိုက်ကာ၊ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ "ဘာမှ ခွင့်လွှတ်စရာ မလိုပါဘူး။ နားလည်မှု လွဲမှားရုံ သက်သက်ပါပဲ"

ဇူရီသည် သူ၏ အင်္ကျီလက်စအား ဝှေ့ယမ်းလိုက်ရာ၊ ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်သည်၊ သူ၏ လက်ဖဝါး အလယ်တွင် ပေါ်လာခဲ့သည်။ မန်ဒလာ ပန်းတစ်ပွင့်သည် အလင်းနှင့် အမှောင်ကြားတွင် တုန်ခါနေသကဲ့သို့ ဖြစ်သည်။

သူ၏အလယ်တွင်ကား၊ မင်းတု၏သွားကို ရရှိရန် ကျောက်တုံးအား ဖြတ်တောက်ရာတွင်၊ ဇူရီအား အခွင့်ကောင်းယူ၍ အမြတ်ထုတ်ရန် ကြံစည်ခဲ့သော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူငယ်ဖြစ်သည်။

ဇူရီသည် သူ၏ နယ်နိမိတ်အား ဖယ်ရှားလိုက်ရာ၊ ထိုလူငယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။ သူကဘာမှ မပြောနိုင်မီ၊ ရှီရှင်းယွမ်သည် အပြုံးဖွဖွလေးနှင့် သူ၏အရှေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူငယ်သည်၊ တုန်ခါသွားကာ ရေရွတ်လိုက်သည်။ "ရှင်းယွမ်မင်းသမီး"

ရှီရှင်းယွမ်သည် သူ၏ခေါင်းကို အသာညိတ်လိုက်ကာ၊ ပြန်ဖြေလိုက်သည်။ "ငါတို့က ရှီးလင်မြို့ကို ပြန်ရောက်ရင်၊ မင်းက ကလန်ခန်းမကို သွားရမယ်"

ထိုလူငယ်သည် သူ့အား အပြစ်ကြီးမှ အခွင့်လွှတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး၊ ရှီရှင်းယွမ်၏ ဆုံးဖြတ်ချက်ကို သဘောတူလှစွာနှင့် ခေါင်းညိတ်လိုက်သည်။

ဇူရီနှင့် ကျန်သောသူများသည် ရယ်ချင်လှစွာနှင့် ဝိုင်းကြည့်နေကြသည်။ ရှောင်ပုတန်လေးသည် ဇူရီဘက်သို့လှည့်လိုက်ကာ မေးလိုက်သည်။ "သူ့ကို ကြည့်လိုက်ပါဦး။ သူက သူရဲ့ပြစ်ဒဏ်တွေကို ခံရအောင်၊ ကလန်ခန်းမကို သွားရတော့မယ်။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ၊ ရှီရှင်းယွမ် ကိုယ်တိုင်ရဲ့ အပြစ်ပေးမှုကို ခံရတာကို ပိုကြောက်နေသလိုပဲ"

ဇူရီက တစ်ချက်ပြုံးလိုက်ကာ ပြန်ဖြေလိုက်၏။ "သူမရဲ့ အစစ်အမှန် စွမ်းဆောင်ရည်တွေကို မကြာခင် တွေ့ရတော့မှာပဲ"

ရှောင်ပုတန်လေးသည် ဇူရီ၏ ရှီရှင်းယွမ်အပေါ် သုံးသပ်ချက်အား လက်မခံသကဲ့သို့၊ နှုတ်ခမ်းလေးကို စူလိုက်သည်။

ရှီရှင်းယွမ်သည် ဇူရီအား ထပ်ကြည့်လိုက်ကာ ပြောလိုက်သည်။ "မိတ်ဆွေရဲ့ သက်ညှာမှုကို ကျေးဇူးတင်ပါတယ်" သူမ၏ နူးညံ့ဖြူဖွေးသော လက်ဖဝါးအား လှန်လိုက်ရာ၊ ရွှေရောင်အလင်းတန်း တစ်တန်းသည် ကောင်းကင်ပေါ်မှ ပျံသန်းလာခဲ့၍ ဇူရီ၏ အရှေ့သို့ ကျလာခဲ့သည်။

ထိုရွှေရောင် အလင်းတန်းသည် ဗုဒ္ဓ အငွေ့အသက်များနှင့် လင်းလက်နေခဲ့၏။ ကျယ်ပြန့်တောက်ပ၍ အလွန်အမင်း သန့်စင်လှ၏။

ဇူရီက သူ့အားသိမ်းဆည်းလိုက်၍ ပြောလိုက်သည်။ "အိုး? ကြည့်ရတာ မဟာမိုးကြိုး ကျောင်းတော်ကြီးက ဘုန်းတော်ကြီး တစ်ပါး ဝတ်ဆင်ခဲ့တဲ့၊ သင်္ကန်းတစ်ခုရဲ့ အပိုင်းအစလေး ထင်တယ်။ သူက အလွန်ကို သေးငယ်တဲ့ အစလေး ဖြစ်ပေမဲ့၊ သူ့ရဲ့ မှော်စွမ်းအင်က အတိုင်းမသိ ပြည့်စုံပြီး၊ အစွန်းအထင်း ကင်းမဲ့တယ်"

ရှီရှင်းယွမ်က ရယ်လိုက်ကာ ပြန်ဖြေလိုက်သည်။ "နင်က တော်တော် ဗဟုသုတ ကြွယ်ဝသားပဲ၊ ဇူရီ။ ဒါက တကယ်ကို တောက်ပသော ရတနာ ဝတ်ရုံရဲ့ အစလေးဖြစ်ပြီး၊ ထာဝရ အလင်းတန်းရဲ့ အစစ်အမှန် သဘောတရားတွေနဲ့ ဗုဒ္ဓအနွယ်ဝင် မှော်စွမ်းအင်တွေ အမြောက်အမြား ပါဝင်နေတယ်"

"နင့်ရဲ့ မှော်ကျိန်စာတွေက နင့်ဂိုဏ်းရဲ့ အခြေခံ သဘောတရားတွေရယ်၊ အလင်းနဲ့ အမှောင်တို့ရဲ့ အတွေးအမြင်တွေကို နားလည်ခြင်းနဲ့ ပေါင်းစည်းတည်ဆောင်ထားတာနဲ့တူတယ်။ ဒီဝတ်ရုံစလေးဟာ နင့်အတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

သူက ထိုအရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူငယ်အား လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။ "ငါ့ရဲ့ဘက်က ဂျူနီယာ တစ်ယောက်က နင့်ကို စော်ကားမိတယ်။ နင့်ဘက်က ညှာတာစွာနဲ့ ခွင့်လွှတ်မှုကို ကျေးဇူးတင်တဲ့အနေနဲ့၊ ဒီဝတ်ရုံစလေးကို တောင်းပန်တဲ့အနေနဲ့ ပေးပါမယ်"

လုပ်ကြံသတ်ဖြတ်ခြင်းသည် မနေ့ကမှပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ရှီကျုံးယွဲ့သည် အခြားသူများအား ဖုံးကွယ်ထားသော်လည်း၊ သူမကိုမူ ထိန်ချန်ထားမည် မဟုတ်ပေ။ ရှီရှင်းယွမ်သည် မိန်းကလေးတစ်ယောက်ဖြစ်၍ နှိမ့်ချစွာ နေတတ်သော်လည်း၊ သူမ၏ ပါရမီ စွမ်းရည်များအရ သူမသည် သူမ၏ မျိုးဆက်အတွင်းတွင် ကိုယ်စားပြုနိုင်သောသူ တစ်ယောက်ဖြစ်လိမ့်မည်ဟု ယူဆရသည်။

သူမသည် ရွှေရောင်ဗဟိုချက် အဆင့်တွင်သာ ရှိသေးသော်လည်း၊ သူမ၏ စကားများသည် မဟာချင် အင်ပါယာအတွင်းတွင် အတော် အရာရောက်ပေသည်။

ယခင်က ရှီကျုံးယွဲ့တို့သည် ရှောင်ပုတန်လေး၏ ညစ်ပတ်ခြင်းကို သည်းခံခဲ့ကာ၊ သူ့အား လျှော်ကြေးပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့တိုင်အောင် ရှီရှင်းယွမ်သည် သူတို့အား သူမကိုယ်တိုင် လာတွေ့၍၊ သူတို့ နှစ်ဦးနှစ်ဘက်၏ ဆက်ဆံရေးကို အဆင်ပြေအောင် ကြိုးစားနေခဲ့သည်။

သူမ၏ လျှော်ကြေးသည် တန်ဖိုးရှိ၍၊ ထိုအရပ်ရှည်ရှည်နှင့် လူပိန်လေးနှင့် ဘာမှမဆိုင်ပေ။

လက်ရှိ ချင်ဧကရာဇ်၏ သမီးတော်ဖြစ်၍၊ သူမ၏ အဆင့်အတန်းသည် မဟာချင် အင်ပါယာ တစ်ခုလုံး အတွင်းတွင် အလေးစားခံရသည့် အတွင်းတွင် ပါသည်။သို့သော်လည်း သူမ၏ အပြုအမူ အနေအထိုင်တို့သည်၊ မာနကင်းမဲ့ကာ နှိမ့်နှိမ့်ချချ နေတတ်သည်။

သို့သော်လည်း ထိုအတွက်ကြောင့် လင်းဖုန်းနှင့် ဇူရီတို့သည် သူမအား လျှော့မတွက်ရဲကြပေ။ ထို့အစား ပို၍ပင် သတိထားနေခဲ့ရသည်။

ဇူရီက လင်းဖုန်းအား လှမ်းကြည့်လိုက်သော်လည်း၊ လင်းဖုန်းက ဘာမှ မပြောခဲ့ပေ။ သူ၏အကြည့်ကို လွှဲလိုက်၍၊ ဇူရီကလည်း လင်းဖုန်းက ဤကိစ္စတွင် ဝင်စွက်မည်မဟုတ်ပဲ၊ သူကိုယ်တိုင်သာ ဆုံးဖြတ်ချက် ချရမည် ဖြစ်ကြောင်းကို နားလည်လိုက်၏။

"ရှင်းယွမ်မင်းသမီးက အရမ်းရက်ရောတာပဲ၊ ကျွန်တော်က ကျေးဇူးတင်ပါတယ်" ဇူရီက အတန်ငယ်မျှ စဉ်းစားလိုက်ကာ ရှီရှင်းယွမ်၏ ကမ်းလှမ်းမှုအား လက်ခံလိုက်၍၊ တောက်ပသော ရတနာဝတ်ရုံ အစလေးကို သိမ်းဆည်းလိုက်သည်။

အစမှနေ အဆုံးအထိ ဇူရီနှင့် သူမ၏ စကားဝိုင်းအတွင်းတွင်၊ ဇူရီသည် လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သတ်ပြီး စကားတစ်ခွန်းမှ မဟခဲ့ပေ။ သို့သော်လည်း ထိုဝတ်ရုံစလေးကို လက်ခံလိုက်ခြင်းဖြင့်၊ နှစ်ဦးနှစ်ဘက် စလုံးတို့သည် သူတို့၏ ရည်ရွယ်ချက်များအား ဖွင့်ပြောရန် မလိုတော့ပေ။

ထိုအဖြစ်အပျက်လေး အပြီးတွင်၊ ရွှေရောင်ဗဟိုချက် အဆင့်မှ တပည့်များ၏ ပြိုင်ပွဲသည် တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။ ရွှင်ပျော်ပျော် သူတော်စင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်၍၊ ပထမ အဆင့်၏ မဲလိပ်များကို စနှိုက်ခဲ့ပြီ ဖြစ်သည်။

ဇူရီနှင့် ရှောင်ပုတန်လေးတို့ နှစ်ယောက်သာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ကိုယ်စားပြု၍၊ ဤပြိုင်ပွဲသို့ ဝင်ပြိုင်ခြင်းဖြစ်သည်။ အလားတူပင် နေလဓားဂိုဏ်းမှ ဓားစုံတွဲတို့သည်လည်း၊ နေရာနှစ်ခုကိုသာ ယူထားကြသည်။ ပထမအဆင့် မဲနှိုက်ပွဲတွင် ယှဉ်ပြိုင်သူ သုံးဆယ့်နှစ်ယောက်တို့ အနက်မှ၊ ဆယ့်ခြောက်ယောက်တို့သည် နောက်တစ်ဆင့်သို့ တက်သွားကြမည် ဖြစ်ပြီး၊ လေးယောက်သည် ဘိုင်ရကာ နောက်တစ်ဆင့်သို့ အလိုအလျှောက် တက်သွားကြမည် ဖြစ်သည်။

စည်းမျဉ်းများ အရဆိုလျှင် ဆယ့်ခြောက်ယောက်အဆင့်သို့ တက်လှမ်းနိုင်ကြသော ကျင့်ကြံသူများသည်၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းသို့ ဝင်ခွင့်ရမည် ဖြစ်သည်။

ကျင့်ကြံသူ နှစ်ဆယ့်လေးယောက်တို့က ပြိုင်ပွဲဆယ့်နှစ်ပွဲအား ဆင်နွှဲကာ နောက်တစ်ဆင့် တက်ရန်အတွက် ယှဉ်ပြိုင်ရချိန်တွင်၊ ကံကောင်းသော ကျင့်ကြံသူ လေးယောက်တို့သည် ယှဉ်ပြိုင်စရာ မလိုပဲ နောက်တစ်ဆင့်သို့ အလိုအလျှောက် တက်လှမ်းနိုင်မည် ဖြစ်သည်။ ဒါသည် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းသို့၊ အလကား ဝင်ရသည်နှင့် အတူတူပင် ဖြစ်သည်။

ရွှင်ပျော်ပျော် သူတော်စင်၏ မဲနှိုက်မှု၏ ရလဒ်များကို၊ တပည့်အားလုံးက စိတ်လှုပ်ရှားစွာနှင့် စောင့်ကြည့်နေကြသည်။

ဇူရီနှင့် ရှောင်ပုတန်လေးတို့ နှစ်ယောက်စလုံးသည်၊ နောက်တစ်ဆင့်သို့ အလိုအလျှောက် တက်သည့်အတွင်းတွင် မပါခဲ့ခြင်းကြောင့်၊ လင်းဖုန်းက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

အခြေခံအုတ်မြစ် အဆင့်က ပြိုင်ပွဲတွင် ဝမ်လင်းနှင့် ယန်ချင် နှစ်ယောက်တို့က၊ နောက်တစ်ဆင့်သို့ အလိုအလျှောက် တက်နိုင်ချိန်တွင်၊ ရွှေရောင်ဗဟိုချက် အဆင့်က ပြိုင်ပွဲတွင် ဇူရီနှင့် ရှောင်ပုတန်တို့ နှစ်ယောက်စလုံးက ပထမအဆင့်မှစ၍ ယှဉ်ပြိုင်ခဲ့ရသည်။

လင်းဖုန်းသည် ဇူရီအား မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်ကာ၊ ကိုယ့်ကိုယ်ကိုယ် တွေးနေခဲ့သည်။ "ရှောင်ပုတန်လေးကတော့ ထားလိုက်ပါတော့၊ ဒါပေမဲ့ မင်းရဲ့ကံက အမြဲတမ်း ကောင်းနေခဲ့တာ မဟုတ်ဘူးလား? မင်းက ဒီမဲနှိုက်မှုမှာ ဘာဖြစ်လို့ ဘိုင်မရခဲ့တာလဲ? ဒါက မင်းရဲ့ မှတ်တမ်းထဲမှာ အစွန်းအထင်းတစ်ခု ဖြစ်သွားပြီ!"

"ကံကောင်းခြင်း ဘုရင်က နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ရှစ်ပုံတစ်ပုံ ရှိတာကိုတောင် မဲမပေါက်ခဲ့ဘူး။ ငါကမင်းကို ဂိုဏ်းအထဲကနေ ကန်ထုတ်ပြီး၊ စွမ်းရည်စိစစ်ခြင်း ကိရိယာနဲ့ မင်းရဲ့ ကောင်းချီးမင်္ဂလာ အမှတ်က အမှတ်ပြည့်ကနေ ကျသွားသလားဆိုတာကို ပြန်စစ်ကြည့်ရမယ်"

"ဘယ်လောက်အထိ အရှက်ရမှုလဲ! ကောင်စုတ်လေး၊ မင်းက ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းကို ဝင်နိုင်ဖို့၊ အစွမ်းကုန် ကြိုးစားမှဖြစ်မယ်။ မဟုတ်လို့ရှိရင် မင်းက ဒီအရှက်ရမှုကို တစ်သက်လုံး သယ်သွားနေရပြီး၊ ငှက်ကြီးဝန်ပိုလိုမျိုး လည်ပင်းမှာ ဆွဲထားနေရမယ်!"

အမှန်မှာမူ၊ လင်းဖုန်းသည် ပျင်းလွန်း၍ သူ၏ခေါင်းထဲတွင် လျှောက်တွေးနေခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ ခေါင်းအတွင်းတွင် အတွေးတစ်ခုက ရုတ်တရက် ပေါ်လာခဲ့၍၊ မအောင့်နိုင်ပဲ ရယ်လိုက်သည်။ "ဪ၊ ဟုတ်သားပဲ၊ ငါက ဒီလိုမျိုး ပြိုင်ပွဲတွေက မင်းတို့ရဲ့ ဗိုလ်ကျလွှမ်းမိုးနိုင်မှုကို ဖော်ပြဖို့၊ အကောင်းဆုံး အခွင့်အရေး ဆိုတာကို မေ့နေခဲ့တယ်"

"တခြားလူတွေ အနေနဲ့ဆိုရင်၊ ဒါက ကွင်းအတွင်းက ပြိုင်ပွဲဖြစ်တယ်။ မင်းတို့လေးတွေ အနေနဲ့ကတော့၊ စွမ်းရည်ပြသတဲ့ စင်မြင့်ဖြစ်တယ်"

ကွင်းအတွင်းသို့ ရောက်လာလျှင်၊ မည်သူက ခက်ခဲသောပြိုင်ဘက် မဟုတ်ပဲ နေပါ့မည်နည်း? အကယ်၍ တစ်ယောက်က အစွမ်းကုန် မတိုက်ခိုက်ခဲ့လျှင်၊ သူသည် ကွင်းအတွင်းသို့ ဝင်ရန်အတွက် ထိုက်တန်သည်ဟု မထင်ရပဲ၊ အရှက်ရမည် ဖြစ်သည်။

ပြိုင်ပွဲဝင် အားလုံးတို့သည် အနိမ့်မှ အမြင့်သို့ ငယ်စဉ်ကြီးလိုက်၊ စီစဉ်ခံသွားကြရမည် ဖြစ်သည်။ နောက်တစ်ဆင့်သို့ တက်ရောက်ရမည့် လမ်းခရီးတွင်၊ တကယ်အစွမ်းရှိသော သူတို့သည် ကျက်သရေ မင်္ဂလာ လှေကားအား တက်ရောက်ရသည့်အတိုင်း၊ သူတို့၏ ပြိုင်ဘက်များကို တည်ငြိမ်စွာနှင့် အပေါ်မှ စောင့်ကြိုနေမည် ဖြစ်သည်။

ခက်ခဲသော ပြိုင်ဘက်များနှင့် တွေ့ခဲ့လျှင်လည်း၊ သူတို့သည် အောင်မြင်မှု လမ်းကြောင်းတွင် တွေ့ကြုံရမည့် ကွဲပြားသည် မြင်ကွင်းများပင် ဖြစ်ပေလိမ့်မည်။

ယခင်က ဝမ်လင်းသည် ထိုအချက်အား သက်သေပြခဲ့ပြီး ဖြစ်သည်။ ယခုအချိန်တွင် ဇူရီနှင့် ရှောင်ပုတန်တို့သည်၊ ထိပ်ဆုံးသို့သွားရန် လမ်းကြောင်းအပေါ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

လင်းဖုန်းက သေချာမသိနိုင်သော တစ်ခုတည်းသော အချက်မှာ၊ သူတို့နှစ်ယောက်သားက အချင်းချင်း ပြန်တွေ့ခဲ့လျှင် အနိုင်ရမည့်သူမှာ မည်သူဖြစ်မည်ကိုပင် ဖြစ်သည်။

အခြားလူများကိုမူ လင်းဖုန်းက မျက်စိထဲ ထည့်မထားချေ။ အခြားဂိုဏ်းကြီးများမှ အဖိုးတန် တပည့်များသည်၊ သူတို့၏ အရှေ့တွင် လေ့ကျင့်ရေး အရုပ်များ ဖြစ်သွားပေလိမ့်မည်။

လင်းဖုန်းသည် ရှောင်ပုတန်နှင့် ဇူရီတို့အား ထပ်ကြည့်လိုက်ကာ၊ ဟာသအမြင်ဖြင့် တွေးနေခဲ့သည်။ "ကဲ၊ ဘယ်သူက ပိုအစွမ်းထက်မလဲ?"

ထို့အပြင်၊ အခြားတောင်စဉ်ရေမရ အတွေးများသည် သူ၏ခေါင်း အတွင်းတွင် ပေါ်လာခဲ့သည်။ "ဘဝမှာ အောင်မြင်တယ်ဖို့ ပြောဖို့ဆိုရင်၊ ကျင့်စဉ်တွေ အောင်မြင်ဖို့အပြင် ချောမောလှပတဲ့ သူဌေးမလေး တစ်ယောက်ကို လက်ထပ်နိုင်ဖို့လည်း လိုသေးတယ်။ ပြောမရဘူး၊ ဒီစိတ်ဝိညာဉ် အစည်းအဝေး ပြီးသွားရင်၊ မင်းတို့နဲ့ လိုက်ဖက်ညီနိုင်တဲ့ အချောအလှလေးတွေနဲ့ ဖူးစာဆုံကောင်း ဆုံနိုင်တာပဲ?"

လင်းဖုန်းသည် တွေး၍ကောင်းနေဆဲမှာပင်၊ ပထမအဆင့်၏ မဲများအားလုံးကို နှိုက်ပြီးသွားပြီ ဖြစ်သည်။

လူအုပ်ကြီးက အသိချင်ဆုံး နာမည်လေးခုမှာ၊ နောက်တစ်ဆင့်သို့ အလိုအလျှောက် တက်သွားနိုင်သော ကျင့်ကြံသူလေးယောက်တို့၏ နာမည်များ ဖြစ်ကြသည်။ သူတို့သည် မဟာချင် အင်ပါယာမှ ကျောင်ကျုံချန်း၊ အလင်းဓားမြန်ဂိုဏ်းမှ ထောင်ရောင်ရောင်၊ ဟော်မိသားစုမှ ဟော်မင်နှင့် မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်မှ စန်းလျှိုဟဲတို့၏ လက်အတွင်းသို့ ကျရောက်သွားခဲ့ကြသည်။

သူတို့လေးယောက်တို့သည် ပထမအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ရန် မလိုတော့ပဲ၊ နောက်တစ်ဆင့်သို့ အလိုအလျှောက် တက်သွားနိုင်မည် ဖြစ်သည်။ ဒါသည် သူတို့က ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းသို့၊ တိုက်ရိုက်ဝင်ခွင့်ရသွားသည်ကို ဆိုလိုခြင်း ဖြစ်သည်။

လူအများတို့သည် သူတို့အား အားကျနေကြသော်လည်း၊ အမှန်မှာမူ သူတို့လေးယောက်က တိုက်ရိုက်တက်သွားခြင်းသည်၊ ကျန်သောသူများကို သက်သာရာ ရစေခဲ့သည် ဖြစ်သည်။

သူတို့သည် တိုက်ရိုက်မတက်နိုင်ပဲ ပထမအဆင့်ကို ပါဝင်ယှဉ်ပြိုင်ရမည် ဆိုလျှင်လည်း၊ သူတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် တူညီသော ပြိုင်ဘက်နှင့်သာ မဲမကျခဲ့ပါက၊ သူတို့၏ ကိုယ်ပိုင်စွမ်းရည်များဖြင့် နောက်တစ်ဆင့်သို့ အလွယ်တကူ တက်ရောက်နိုင်ကြမည် ဖြစ်၏။

သူတို့၏ မဲပေါက်မှုသည် ပထမအဆင့် ပြိုင်ပွဲ၏ ပြိုင်ဆိုင်မှုကို အထိုက်အလျောက် လျော့ကျသွားစေခဲ့သည်။

ပထမ အဆင့်တွင် နောက်တစ်ဆင့် တက်သွားနိုင်သော ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူများက ပေါ်ထွက်လာခဲ့သည်။

နတ်ရေကန်ဂိုဏ်းမှ စုန့်ချင်းယွမ်နှင့် မုကျိဟိုင်တို့ နှစ်ယောက်သည် နောက်တစ်ဆင့်သို့ တက်နိုင်ခဲ့ကြသည်။

မဟာချင် အင်ပါယာမှ ရှီရှင်းယွမ်က နောက်တစ်ဆင့်သို့ တက်သွားခဲ့ချိန်တွင်၊ ဇူရီနှင့် အတိုက်အခံ ပြုလုပ်ခဲ့သော အရပ်ရှည်ရှည်နှင့် ငပိန်ကောင်သည် စုန့်ချင်းယွမ်အား ရှုံးနိမ့်သွားခဲ့သည်။

အလင်းဓားမြန်ဂိုဏ်းမှ ထောင်ရောင်ရောင်အပြီးတွင် စွမ်းအားအထက်ဆုံးဖြစ်သော ကျောက်ယန်သည်၊ သူ၏ရန်သူအား အနိုင်ယူနိုင်ခဲ့ကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်မှလည်း၊ အနိုင်ရသူ တစ်ယောက် ပေါ်ထွက်လာခဲ့သည်။ စန်းလျှိုဟဲအပြင် တုခွမ်းသည်လည်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ခရမ်းရောင် တိမ်တိုက်ဂိုဏ်းမှ အဖွဲ့ဝင် နှစ်ယောက်ကလည်း၊ သူတို့၏ ပြိုင်ဘက်များအား အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်နိုင်ခဲ့ကြသည်။ သူတို့သည် ဂူလေနှင့် လီကွေရင်တို့ ဖြစ်ကြသည်။

ထို့အပြင် ဟော်မိသားစုမှ ကျင့်ကြံသူ တစ်ယောက်ကလည်း၊ ဟော်မင်နှင့်အတူ နောက်တစ်ဆင့်သို့ ပူးပေါင်းနိုင်ခဲ့သည်။

လူအများ၏ အာရုံတို့ကု အဖမ်းစားနိုင်ဆုံးမှာ နေလဓားဂိုဏ်းမှ ဓားစုံတွဲ နှစ်တွဲတို့ပင် ဖြစ်ကြသည်။ သူတို့ နှစ်တွဲစလုံးတို့သည်၊ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ကြသည်။ သူတို့၏ စုံတွဲသိုင်းကွက်များသည် အမှန်တကယ်ပင် အထင်ကြီးဖွယ် ကောင်းလှသည်။ သူတို့၏ ရန်သူများသည် အဖော်တစ်ယောက်နှင့် ပူးပေါင်းထားသော်လည်း၊ သူတို့နှစ်ဖွဲ့စလုံးက အနိုင်ယူနိုင်ခဲ့သည်။

သူတို့လေးယောက် စလုံးတို့သည်၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းသို့ ဝင်ရန် ထိုက်တန်ကြသူများ ဖြစ်ကြသည်။ ရှုထောင့်တစ်ခုမှ ကြည့်လိုက်လျှင်၊ သူတို့သည် ယခုပြိုင်ပွဲတွင် တစ်ရာ ရာခိုင်နှုန်း အောင်မြင်မှု ရှိခဲ့သူများ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဂိုဏ်းတစ်ဂိုဏ်း အတွင်းမှ လူအများဆုံး၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းသို့ ဝင်ခွင့်ရသူများ ဖြစ်ကြသည်။

နောက်ထပ် တစ်ရာရာခိုင်နှုန်း အောင်မြင်မှု ရခဲ့သည့်ဂိုဏ်းမှာ၊ လင်းဖုန်း၏ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းပင် ဖြစ်ပေသည်။ ရှောင်ပုတန်နှင့် ဇူရီတို့ နှစ်ယောက်စလုံးတို့သည် သူတို့၏ ပြိုင်ဘက်များအား အခက်အခဲမရှိ အနိုင်ယူနိုင်ခဲ့ကာ၊ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ကြသည်။

သို့သော်လည်း ထိုရလဒ်များသည် လူတိုင်းအတွက် အံ့အားသင့်ဖွယ် မဟုတ်တော့ပေ။ ဝမ်လင်းက အခြေခံအုတ်မြစ် အဆင့်တွင် အစွမ်းပြခဲ့အပြီးတွင်၊ အားလုံးက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များ၏ သဘာဝကို ဆန့်ကျင်နေသော စွမ်းရည်များကို အသိအမှတ် ပြုခဲ့ကြပြီး ဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်များက ပြိုင်ပွဲတွင် ရှုံးနိမ့်သွားမှသာ၊ သတင်းထူး ဖြစ်သွားပေလိမ့်မည်။

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

6.7K 474 22
Title - I Inherit an auction house at the start trillion times rebate လေလံအိမ်ရဲ့အရှင်သခင် ဘာသာပြန် - ချိတ်/ဇော်ထက်နိုင် မူရင်းစာရေးဆရာ - Place of Be...
85.3K 10.2K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
124K 11.6K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
98.3K 12.4K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...