ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) U...

By KazunoMora

87.9K 11.7K 70

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
အပိုင်း ၁၁၄ : တောင်ထိပ်ပေါ်က နောက်ထပ် တောင်တစ်တောင်
အပိုင်း ၁၁၅ : မီးလျှံကျီးကန်း နှိမ်နှင်းရေး အင်အားစုတစ်စု
အပိုင်း ၁၁၆ : စံပြလူသားလား?
အပိုင်း ၁၁၇ : ရေနဲ့မီးတို့ရဲ့ လုံးဝဆန့်ကျင်မှု
အပိုင်း ၁၁၈ : ပြည်သူလူထုတို့၏ မဟာမီးဖို နည်းစနစ်
အပိုင်း ၁၁၉ : ငါတကယ် မရည်ရွယ်ခဲ့ပါဘူး
အပိုင်း ၁၂၀ : အကြွင်းမဲ့ရေက ဘယ်ရောက်သွားတာလည်း?
အပိုင်း ၁၂၁ : တရားမျှတမှုဟာ မင်းအတွက် ဘယ်လောက်အရေးကြီးသလည်း?
အပိုင်း ၁၂၂ : ဒါက ငါဆိုလိုတဲ့ တရားမျှတမှုပဲ!
အပိုင်း ၁၂၃ : ဒါအိမ်မက်ပဲ ဖြစ်ရမယ်!
အပိုင်း ၁၂၄ : မီးလျှံကျီးကန်း မိစ္ဆာ အုပ်ချုပ်သူ
အပိုင်း ၁၂၅ : စစ်ဆေးမေးမြန်းခြင်း
အပိုင်း ၁၂၆ : မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့
အပိုင်း ၁၂၇ : တော်တော်ကြီးကို ကြီးမားတဲ့ အရှက်ရမှုပဲ
အပိုင်း ၁၂၈ : တိမ်တိုက်တွေရဲ့ အမြင့်ဆုံးမှာ
အပိုင်း ၁၂၉ : ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ
အပိုင်း ၁၃၀ : သက်ရှိအားလုံးတို့ရဲ့ မွေးဖွားခြင်း
အပိုင်း ၁၃၁ : ဝူတူး ဗဟို နတ်ဘုရား အလင်းတန်း
အပိုင်း ၁၃၂ : ဗလာနတ္တိ
အပိုင်း ၁၃၃ : သတ်ဖြတ်ခြင်းကို ခိုးယူသူ
အပိုင်း ၁၃၄ : ဂေလာကျောက်စိမ်း
အပိုင်း ၁၃၅ : မင်းတို့က ဒါကို ရှာနေတာလား?
အပိုင်း ၁၃၆ : ကောင်းကင်၏ စည်းရိုးများ
အပိုင်း ၁၃၇ : အဝီစိ ငရဲမုန်တိုင်း
အပိုင်း ၁၃၈ : ယုကျင်းတောင်နှင့် တောင်ထိပ်က ရတနာ သစ်ပင်ဆီကို ပြန်လာခြင်း
အပိုင်း ၁၃၉ : ဝကစ်သော ကလေးငယ်.. ဓားလွယ်ထားသော ကညာပျို.. စစ်တုရင် ကစားသမား
အပိုင်း ၁၄၀ : စနစ်ကြီးဟာ သူ့ရဲ့ ချီးထုပ်သဘာဝကို ဖော်ပြခဲ့ပြန်ပါပြီ
အပိုင်း ၁၄၁ : သူ့ရဲ့ပိုင်ရှင်ဟာ တကယ်ကိုပဲ အစွမ်းထက်ပါပေတယ်
အပိုင်း ၁၄၂ : ဝင်္ကပါချိုးဖောက်ဗုံ
အပိုင်း ၁၄၃ : ရွှေရောင်ဗဟိုချက်ကို မျိုချပြီး...
အပိုင်း ၁၄၄ : သူတို့ကို အတူတကွ ရင်ဆိုင်ကြရအောင်!
အပိုင်း ၁၄၅ : ကျိုးပေါက်ခြင်း!
အပိုင်း ၁၄၆ : လက်ချောင်းလေး တစ်ချက် ထိလိုက်ရုံနဲ့ပဲ
အပိုင်း ၁၄၇ : မျိုချပြီး ခြေဆောင့်နင်းခြင်း
အပိုင်း ၁၄၈ : နောက်ထပ်တစ်ခါ ပြန်ပြီးမှ ယှဉ်ပြိုင်ခြင်း
အပိုင်း ၁၄၉ : ဘာဖြစ်လို့လည်းဆိုတော့ ငါက ခွင့်မပြုလို့ပဲ
အပိုင်း ၁၅၀ : လူတွေရှိရင် တိုက်ခိုက်မှုတွေက ရှိကြမှာပဲ
အပိုင်း ၁၅၁ : ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော စိတ်ဝိညာဉ် နယ်မြေ
အပိုင်း ၁၅၂ : ဂိုဏ်း၏နာမည်
အပိုင်း ၁၅၃ : တစ်စုံတစ်ယောက်အတွက် ကြီးကျယ်ခမ်းနားသော ဝင်ရောက်ခြင်း
အပိုင်း ၁၅၄ : မိန်းမခန်းဆောင် တစ်ခု!!!
အပိုင်း ၁၅၅ : ထောင်ချောက်တစ်ခု?
အပိုင်း ၁၅၆ : ဆေးဝါးတစ်ရာဂိုဏ်း
အပိုင်း ၁၅၇ : ချင်ချွန်းတောင်ထိပ်ပေါ်ဝယ်
အပိုင်း ၁၅၈ : လျှို့ဝှက်ဆေးဖော်ခန်း
အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး
အပိုင်း ၁၆၀ : တိုက်ဆိုင်လှစွာပဲ... ငါ့မှာ ရထားမောင်းတစ်ယောက် လိုနေတယ်ကွ!
အပိုင်း ၁၆၁ : ကဲ... ဒီမှာ မြင်းတပ် လာပါပြီဗျာ!
အပိုင်း ၁၆၂ : တောင်ပေါ်ကို ကျားတစ်ထောင် ဆင်းသက်လာခြင်း
အပိုင်း ၁၆၃ : ပရိယာယ် ကျော့ကွင်းမှာ ဘယ်သူက မိသွားတာလည်း?
အပိုင်း ၁၆၄ : ဘယ်သူက ဟန်ဆောင်ပိုကောင်းတာလည်း?
အပိုင်း ၁၆၅ : အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာ
အပိုင်း ၁၆၆ : ဘယ်သူက အာရုံစိုက်တာကို ပိုခံရတာလည်း?
အပိုင်း ၁၆၇ : မင်းက နုပါသေးတယ်ကွာ...
အပိုင်း ၁၆၈ : ချန်ချွန်းတောင်ထိပ် ပြိုကျသွားခြင်း!
အပိုင်း ၁၆၉ : ခဏနေပါဦး... ကျင့်ကြံသူ ရောင်းရင်းရာ!
အပိုင်း ၁၇၀ : ကဲ... မိတ်ဆွေ... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခဏငှားပါဦး
အပိုင်း ၁၇၁ : ကြီးမားသော တိုက်ရာပါ ပစ္စည်းများ
အပိုင်း ၁၇၂ : ရက်ရောလှစွာသော ဆုလာဘ်!
အပိုင်း ၁၇၃ : စစ်တုရင် ခုံထဲက ကမ္ဘာ
အပိုင်း ၁၇၄ : မင်းကငါ့ကို ဘာထင်တာလည်း? ငါကမင်းကို ဘာထင်နေတာလည်း?
အပိုင်း ၁၇၅ : ရွေးချယ်မှု နည်းသောလမ်း
အပိုင်း ၁၇၆ : ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၁၇၇ : ဖွံ့ထွားလှတဲ့ ဂေါ်ဖီထုပ်ကြီး! ဝက်'အ'ကြီးက မကြိုက်လို့ တော်သေးတယ်
အပိုင်း ၁၇၈ : ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်
အပိုင်း ၁၇၉ : ပထမဆုံးအကြိမ် ရတနာတွေကို ခွဲဝေပေးခြင်း
အပိုင်း ၁၈၀ : ခက်ထန်သော ယွဲ့ဟုန်ယန်!
အပိုင်း ၁၈၁ : ဇူရီဝယ်တဲ့ ပစ္စည်းဟာ ထူးခြားတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်
အပိုင်း ၁၈၂ : ငါ့ရဲ့ အပျံစား ညီအစ်ကို ရှီးဟောင်
အပိုင်း ၁၈၃ : ငါတို့က သရုပ်ဆောင်တွေ လိုနေတယ်ကွ
အပိုင်း ၁၈၄ : ဒါပေမဲ့ ကျွန်တော်တို့က လူကောင်းတွေလေ!
အပိုင်း ၁၈၅ : ဘယ်လောက်အထိတောင် ယုတ္တိမတန်လိုက်သလည်း!
အပိုင်း ၁၈၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်
အပိုင်း ၁၈၇ : ကြေးမုံ.. ပန်းပွင့်.. ရေပြင်နှင့် လမင်း
အပိုင်း ၁၈၈ : တရားမျှတရမှာပေါ့
အပိုင်း ၁၈၉ : အစီအစဉ်ကို စင်းလုံးချောဖြစ်အောင် ကြံစည်ခြင်း
အပိုင်း ၁၉၀ : နေရာယူကြမယ်!
အပိုင်း ၁၉၁ : တရားဝင် ဖွင့်လှစ်ခြင်း
အပိုင်း ၁၉၂ : ထာဝရ အလင်းသခင်
အပိုင်း ၁၉၃ : ချုံခိုတိုက်ခိုက်မှု တစ်ခု
အပိုင်း ၁၉၄ : ချစ်ကြည်ရေး မီးလျှံ
အပိုင်း ၁၉၅ : ဖုန်းရွှေ၏ စီးဆင်းမှုအရ
အပိုင်း ၁၉၆ : ပိုက်ဆံရေရတာ အတော့်ကို ခက်ခဲတာပဲ
အပိုင်း ၁၉၇ : ပြန်လည်ကြိုဆိုပွဲ ပါတီ
အပိုင်း ၁၉၈ : မှန်ကန်သော လည်ပတ်မှု
အပိုင်း ၁၉၉ : စုပေါင်းပြီးမှ ပူးပေါင်းကြံစည်ခြင်း
အပိုင်း ၂၀၀ : မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာ
အပိုင်း ၂၀၁ : ကျိန်စာသင့် အထီးကျန်ကြယ်
အပိုင်း ၂၀၂ : တပည့်ကသာ ဒီလိုဆိုရင်... ဆရာက ဘယ်လိုများလည်း?"
အပိုင်း ၂၀၃ : တစ်ခုကလွဲလို့ အရာအားလုံးကို အသင့်ပြင်ပြီးပြီ
အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂
အပိုင်း ၂၀၅ : နောက်နှစ်တစ်ဝက်မှာ... တံခါးဖွင့်ပြီး တပည့်တွေကို လက်ခံမယ်
အပိုင်း ၂၀၆ : ဒီကမ္ဘာပေါ်မှာ ဘာမှ အလကား မရဘူး
အပိုင်း ၂၀၇ : ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ အသွင်သဏ္ဌာန် လေးခု
အပိုင်း ၂၀၈ : ရှကျိုးကို ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂၀၉ : ငါတို့ရဲ့ လမ်းကြောင်းကို ပိတ်ချင်သူများ!
အပိုင်း ၂၁၀ : ဒီလို မထင်တဲ့သူတွေ... အခုချက်ချင်း ထွက်လာခဲ့စမ်း!
အပိုင်း ၂၁၁ : ခက်ထန်သော ရှောင်ယန်
အပိုင်း ၂၁၂ : တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ သူတွေပါပဲ
အပိုင်း ၂၁၃ : ပိုပိုပြီးတော့ များလာသော ပြိုင်ဘက်များ
အပိုင်း ၂၁၄ : လူထူးလူဆန်း တစ်အုပ်စု
အပိုင်း ၂၁၅ : ရှောင်လွဲ၍ မရခြင်း
အပိုင်း ၂၁၆ : မြင့်မြတ်သောတောင်! မြင့်မြတ်သောတောင်!
အပိုင်း ၂၁၇ : ပြိုင်ဘက်ကင်း! လုံးဝပြိုင်ဘက်ကင်း!
အပိုင်း ၂၁၈ : မျက်စိတစ်မှိတ် အတွင်းမှာ ပျက်စီးသွားခြင်း
အပိုင်း ၂၁၉ : လက်ဆောင်များ!
အပိုင်း ၂၂၀ : ဖွင့်ပွဲ အခမ်းအနား
အပိုင်း ၂၂၁ : ဂိုဏ်းချုပ်၏ အခမ်းအနား
အပိုင်း ၂၂၂ : အောင်မြင်စွာနဲ့ အဆုံးသတ်ခြင်း
အပိုင်း ၂၂၃ : စနစ်၏ မစ်ရှင်အသစ်
အပိုင်း ၂၂၄ : အလင်းဓားမြန်ဂိုဏ်း၏ အကျပ်ရိုက်မှု
အပိုင်း ၂၂၅ : လျှို့ဝှက်ဆန်းကြယ်သော ဆေးခန်းမဆောင်
အပိုင်း ၂၂၆ : တိပိဋက ကျမ်းစာခန်းမ သုံးထပ်ဆောင်
အပိုင်း ၂၂၇ : စိတ်ဝိညာဉ် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး
အပိုင်း ၂၂၈ : ဒီပုံရိပ်က အရမ်းကို လှပပေမဲ့၊ ငါက မကြည့်ရဲဘူးကွ
အပိုင်း ၂၂၉ : ထွက်ပြေးသွားသော သတို့သမီးလောင်း
အပိုင်း ၂၃၀ : အစားပုတ်မွန်းစတားတစ်ကောင်ယုကျင်းတောင်ပေါ်မှာသောင်းကျန်းနေတယ်ဗျို့
အပိုင်း ၂၃၁ : တောက်တီမလေးကို ဝိုင်းရံပိတ်ဆို့ ဖမ်းဆီးကြခြင်း
အပိုင်း ၂၃၂ : အစားပုတ်တဲ့ မွန်းစတားမှာလည်း ဘုရင်ဆိုတာ ရှိသေးတာပဲ
အပိုင်း ၂၃၃ : မကြောက်ပါနဲ့၊ ငါကနာအောင် မလုပ်ပါဘူး
အပိုင်း ၂၃၄ : လင်းဖုန်းက မှော်ရတနာတစ်ခုကို ဖန်တီးခြင်း
အပိုင်း ၂၃၅ : အဆင်သင့် ဖြစ်ပြီလား?
အပိုင်း ၂၃၆ : ကတိအတိုင်း ပေါ်လာခြင်း
အပိုင်း ၂၃၇ : မျက်ရည်ကျလုဆဲဆဲ ဖြစ်နေသော မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ
အပိုင်း ၂၃၈ : မင်းက လူမှားနေတယ်!
အပိုင်း ၂၃၉ : ရှောင်ပုတန်လေးဟာ လျှာစောင်းထက်လှပါတယ်
အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု
အပိုင်း ၂၄၁ : အိမ်သို့ပြန်ခြင်း
အပိုင်း ၂၄၂ : စိတ်ရှုပ်ထွေးခြင်း
အပိုင်း ၂၄၃ : အလင်းဓားမြန် ဓားမာစတာ
အပိုင်း ၂၄၄ : ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်း
အပိုင်း ၂၄၅ : စကြာဝဠာ အပေါင်းအစု
အပိုင်း ၂၄၆ : ပြဿနာရှာတဲ့သူက ဒီမှာပါ
အပိုင်း ၂၄၇ : တစ်ဦးတည်း အကြာကြီး ပြောနေခြင်း
အပိုင်း ၂၄၈ : ထပ်မံစူးစမ်းခြင်း
အပိုင်း ၂၄၉ : ရက်စက်သော ယွဲ့ဟုန်ယန်
အပိုင်း ၂၅၀ : အင်မော်တယ် ဝိညာဉ်၏ စွမ်းအားများနှင့် ရင်ဆိုင်ခြင်း
အပိုင်း ၂၅၁ : ပြိုင်ဘက်ကင်း
အပိုင်း ၂၅၂ : တိုက်ပွဲအချိန်ကျပြီ
အပိုင်း ၂၅၃ : အဆင့်သုံးဆင့် အကြံအစည်
အပိုင်း ၂၅၅ : တစ်ယောက်၏ အိမ်ထဲသို့ ဝံပုလွေများအား ခေါ်ဆောင်လာခြင်း
အပိုင်း ၂၅၆ : အရေးအကြီးဆုံး ကိစ္စ
အပိုင်း ၂၅၇ : မင်းရဲ့ဆရာက မင်းကို မျက်နှာသာ ပေးပါတယ်ကွ
အပိုင်း ၂၅၈ : ရင်းနှီးသော သူစိမ်း
အပိုင်း ၂၅၉ : အကွက်ဟောင်းကို ပြန်သုံးခြင်း
အပိုင်း ၂၆၀ : တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူ
အပိုင်း ၂၆၁ : ရက်ရောလှစွာသော ပေးကမ်းစွန့်ကြဲခြင်း
အပိုင်း ၂၆၂ : လမ်းပြပါ
အပိုင်း ၂၆၃ : ပြင်ပစွမ်းအားကို လိုအပ်ခြင်း
အပိုင်း ၂၆၄ : အမြဲတမ်း အရှေ့သို့ ချီတက်ခြင်း
အပိုင်း၂၆၅ : သံသယဖြင့် သေရခြင်း
အပိုင်း ၂၆၆ : သံမဏိ သစ်ပင်မှ ပန်းများ ဖူးပွင့်လာခြင်း
အပိုင်း ၂၆၇ : သတင်းကောင်းနှင့် သတင်းဆိုး
အပိုင်း ၂၆၈ : လက်ကောက်နှင့် နှံကောင်
အပိုင်း ၂၆၉ : ထူးဆန်းသော ဖိတ်စာစာရင်း
အပိုင်း ၂၇၀ : အစည်းအဝေးသို့!
အပိုင်း ၂၇၁ : အသူရာ သူတော်စင်၊ ဟော်ရှု
အပိုင်း ၂၇၂ : ပျော်ရွှင်ဖွယ် မရှိသော ပြန်လည်ဆုံစည်းမှု
အပိုင်း ၂၇၃ : ကျေးဇူးပြန်ဆပ်ဖို့ရာ အတော်ခက်တာပဲ
အပိုင်း ၂၇၄ : အပြန်အလှန် ရည်ရွယ်ချက်များ
အပိုင်း ၂၇၅ : ပြဿနာရှာဖို့ သဲလွန်စများကို ချပြခြင်း
အပိုင်း ၂၇၆ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၂၇၇ : ပြိုင်ဘက် သုံးယောက်ခွဲ
အပိုင်း ၂၇၈ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး တရားဝင် စတင်ခြင်း
အပိုင်း ၂၇၉ : ရန်သူတို့သည် မကြာခဏ ပြန်တွေ့လေ့ ရှိကြသည်
အပိုင်း ၂၈၀ : မင်းရဲ့ ဘောင်းဘီတိုပါ ရှုံးသွားလိမ့်မယ်
အပိုင်း ၂၈၁ : ဘယ်သူက နှစ်ယောက်တစ်ယောက် တိုက်နိုင်သလဲ?
အပိုင်း ၂၈၂ : ရှောင်လွဲဖို့ ဆိုရင်လည်း၊ တစ်ယောက်က နည်းစနစ်တွေ လိုအပ်တယ်
အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း
အပိုင်း ၂၈၄ : အမှန်တကယ် ပြိုင်ဘက်ကင်းမဲ့ခြင်း
အပိုင်း ၂၈၅ : ကံအကောင်းဆုံးသော မဲနှိုက်မှု
အပိုင်း ၂၈၆ : အချင်းချင်း ပဋိပက္ခ ဖြစ်ကြခြင်း
အပိုင်း ၂၈၇ : သူတို့က မင်းဟာ ငရဲကလာတယ်လို့ ပြောကြတယ်!
အပိုင်း ၂၈၈ : ပညာရှင် အချင်းချင်း တွေ့ဆုံခြင်း
အပိုင်း ၂၈၉ : ဆီမီးဖိုင်နယ် မဲနှိုက်ခြင်း
အပိုင်း ၂၉၀ : သူက ရူးချင်ယောင်ဆောင်နေတာ!
အပိုင်း ၂၉၁ : ဉာဏ်နီဉာဏ်နက် ထုတ်ခြင်းနှင့် ဉာဏ်နီဉာဏ်နက်အား တန်ပြန်ခြင်း
အပိုင်း ၂၉၂ : မသေချာသော ရည်ရွယ်ချက်များ
အပိုင်း ၂၉၃ : လောင်းကြေးများအား တိုးမြှင့်ခြင်း
အပိုင်း ၂၉၄ : ဝမ်လင်း၏ တတိယလက်ချောင်း
အပိုင်း ၂၉၅ : ပြင်းထန်သော စတင်မှုနှင့် စိတ်ပျက်ဖွယ်ရာ အဆုံးသတ်
အပိုင်း ၂၉၆ : လောင်းကြေးထပ်၍ ကျောက်တုံးအား ဖြတ်တောက်ခြင်း!
အပိုင်း ၂၉၇ : စိတ်ဓာတ်စစ်ပွဲများ
အပိုင်း ၂၉၈ : ဆယ်ကျော်သက်လေး ရှောင်ပုတန်
အပိုင်း ၂၉၉ : တစ်ယောက်ချင်း တစ်ယောက်
အပိုင်း ၃၀၀ : လျှို့ဝှက်လုပ်ကြံသူ
အပိုင်း ၃၀၁ : ကျုပ်က ဖြေရှင်းချက်တစ်ရပ် လိုအပ်တယ်
အပိုင်း ၃၀၂ : ဘယ်သူ့ကို အပြစ်တင်ရမှာလဲ?
အပိုင်း ၃၀၃ : ဆရာတူတပည့်
အပိုင်း ၃၀၄ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး ပြန်လည်စတင်ခြင်း
အပိုင်း ၃၀၅ : ပြိုင်ကွင်းသည် စွမ်းဆောင်ရည် ပြသဖို့ စင်မြင့်ဖြစ်သည်
အပိုင်း ၃၀၆ : ပြောင်းပြန်ဖြစ်မှုအား ဖော်ထုတ်ခြင်း
အပိုင်း ၃၀၇ : ပြင်းထန်သောတိုက်ပွဲ
အပိုင်း ၃၀၈ : နှမြောစရာပဲ
အပိုင်း ၃၀၉ : အဆင့်က မြင့်လာလေလေ၊ ကွာခြားချက်က ကြီးမားလာလေလေပဲ
အပိုင်း ၃၁၀ : ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး
အပိုင်း ၃၁၁ : ရှောင်ယန်ထံမှ ပေးပို့လာသော သတင်း
အပိုင်း ၃၁၂ --- အပိုင်း ၃၁၃

အပိုင်း ၂၅၄ : ကိုယ့်အကြံနဲ့ကိုယ်ပဲ

422 62 0
By KazunoMora

အပိုင်း ၂၅၄ : ကိုယ့်အကြံနဲ့ကိုယ်ပဲ

ဝူချင်လျှို၏ လေသံမှာ တပည့်ကို စိတ်ရှည်ညင်သာစွာ သင်ပြနေသော ဆရာတစ်ယောက်၏ လေသံနှင့် တူလေသည်။

အခြားအချိန်တွေဆိုလျှင် ချုံးယွင်မင်းသားသည် ဝူချင်လျှိုအား မည်သို့ပင် သတိထားသည် ဆိုစေကာမူ၊ ဤလေသံဖြင့် သူ့ကိုပြောမည်ဆိုပါက သေချာပေါက် ဒေါသအိုး ပေါက်ကွဲမည်ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင်မူ၊ ချုံးယွင်မင်းသားသည် ယခင်ကဲ့သို့ တည်ငြိမ်ဆဲဖြစ်ကာ၊ သူ၏အကြည့်သည် ဝူချင်လျှိုထံမှ မခွာခဲ့ပေ။

သူ၏အနောက်တွင် ကြယ်စင်သူတော်စင်သည်လည်း လေပေါ်မှ ဝူချင်လျှို၏ ပုံရိပ်ကို ကြည့်နေခဲ့သည်။ သူ၏မျက်လုံးတွင် ဝေခွဲမရနိုင်သော အရိပ်အယောင်များကို တွေ့နေရသည်။ "ဝူချင်လျှိုက သူ့ရဲ့ဝှက်ဖဲတွေကို တကယ်ပဲ ပြနေပြီလား၊ ဒါမှမဟုတ် နောက်ထပ် ဆင်ခြေဆင်လက် တစ်ခုပဲလား?"

"မဟာချင်ရဲ့ မိသားစုကြီး လေးခုနဲ့ ဂိုဏ်းကြီးတွေကလွဲရင်၊ ကျွန်တော်က တခြားလူတွေကို စဉ်းစားလို့ မရဘူး" ချုံးယွင်မင်းသားက တိတ်ဆိတ်စွာနှင့် ပြောလိုက်သည်။

ဝူချင်လျှိုက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ မင်းသားပြောတာ မှန်တယ်။ အင်ပါယာ တစ်ခုက တိုးတက်ကြီးပွားဖို့ဆိုရင်၊ ဗဟိုအင်အားစုကို စုစည်းရမယ်၊ ဘုရင်နဲ့ မှူးမတ်တွေက တစ်ခုတည်းအဖြစ် ညီညွှတ်ရမယ်။ မဟာကျိုး အင်ပါယာက အကောင်းဆုံး ဥပမာပဲ"

သူသည် သက်ပြင်းဖွဖွလေး ချလိုက်သည်။ "မဟာကျိုး အင်ပါယာရဲ့ စွမ်းအားဟာ အခုအထိ အရှိန်ပြင်းပြင်းနဲ့ ချဲ့ထွင်နေတုံး ရှိသေးတယ်။ တကယ်လို့များ မဟာချင်က အတွင်းမှာ ဆက်ပြီးတော့ ကွဲပြားနေသေးရင်၊ တစ်ချိန်ချိန်မှာ မဟာကျိုးက လာကျူးကျော်လိမ့်မယ်"

ချုံးယွင်မင်းသား၏ မျက်လုံးတို့မှာ အရောင်လက်သွားသော်လည်း၊ ဘာတစ်ခုမှ မပြောခဲ့ချေ။

အားလုံးသိကြသည့်အတိုင်း လွန်ခဲ့သော နှစ်ပေါင်းတစ်ရာတွင်၊ မဟာချင် အင်ပါယာသည် နတ်ဘုရား နယ်မြေတွင် အထွန်းကားဆုံး အင်ပါယာ ဖြစ်ခဲ့သည်၊ မဟာကျိုးထက်ပင် ကြီးပွားတိုးတက်နေသည်။

သို့သော်လည်း နှစ်ပေါင်းတစ်ရာလေး အတွင်းတွင်၊ မဟာကျိုးသည် လျှင်မြန်သော အဟုန်ဖြင့် တိုးတက်လာချိန်တွင်၊ မဟာချင်က ရပ်တန့်နေခဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် မဟာကျိုး၏ လုံးဝကျော်တက်သွားခြင်းကို ခံလိုက်ရပေတော့သည်။

ဗုဒ္ဓဝါဒကို နှိမ်နှင်းသည် တိုက်ပွဲတွင်၊ မဟာကျိုး အင်ပါယာသည် အကြီးမားဆုံးသော အောင်နိုင်သူ ဖြစ်ပြီး၊ အကျိုးအမြတ် အများဆုံး ရရှိခဲ့သူလည်း ဖြစ်သည်။ သူ၏စွမ်းအားတို့မှာ ဆထက်တံပိုး တိုးတက်လာခဲ့ပြီး၊ မဟာချင် အင်ပါယာကို လုံးဝနောက်ကောက်ချနိုင်ခဲ့သည်။

"မိသားစုကြီးတွေရဲ့ အင်အားကို ဖယ်ရှားပြီး၊ ဗဟိုအုပ်ချုပ်မှု စွမ်းအားကို တိုးမြှင့်ဖို့က ခင်ဗျား အကြံအစည်ရဲ့ ဒုတိယအဆင့် ဖြစ်မယ်" ချုံးယွင်မင်းသားက မေးလိုက်သည်။ "ဒီလိုဆိုရင် တတိယအဆင့်က ဘာလဲ?"

ဝူချင်လျှိုက ပြန်ဖြေလိုက်သည်။ "မိသားစုကြီး လေးခုက ခေါင်းဆောင်တွေ ဖြစ်ကြတယ်။ သူတို့ကို ဝိုင်းထောက်ခံကြတဲ့ တခြားမိသားစုတွေကလည်း ရှိနေကြသေးတယ်။ သူတို့ကို ဖယ်ရှားဖို့ ဆိုတာတော့ မလွယ်ကူဘူး။ ဒုတိယအဆင့်က အတတ်နိုင်ဆုံး သူတို့ကို ဖိနှိပ်ထားပြီး အားနည်းအောင် လုပ်ဖို့ပဲ။ လက်တွေ့လုပ်ဆောင်မှုတွေကိုတော့ တတိယ အဆင့်မှာမှ လုပ်ရမယ်"

"တစ်ချိန်တည်းမှာပဲ၊ တတိယအဆင့်မှာ ဒီအစီအစဉ်မှာ အကြီးမားဆုံးသော အတားအဆီးကို ရှင်းပစ်ရမယ်"

ချုံးယွင်မင်းသား၏ မျက်လုံးတို့မှာ အရောင်တောက်လာခဲ့ပြီး၊ "ရှီမိသားစု၊ ဒွိစုံသူငယ်အိမ်နဲ့သူ!"

မဟာချင် အင်ပါယာ၏ တော်ဝင်မိသားစု အနေနှင့်ဆိုသော်၊ ရှီမိသားစုနှင့် ဆက်ဆံရေးမှာ ရှုပ်ထွေးသော ဆက်ဆံရေးဖြစ်သည်။ ရှီမိသားစုသည် တော်ဝင်မိသားစုနှင့် အမျိုးတော်စပ်သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် တော်ဝင်မိသားစုအစား ကိစ္စများကို ဆောင်ရွက်ပေးသည်။

သို့သော်လည်း ရှီမိသားစုသည် တော်ဝင်မိသားစုနှင့် ဆွေမျိုးတော်စပ်နေသည့် အချက်ကပင်၊ တော်ဝင်မိသားစုက သတိထားနေရသည့် အချက်ဖြစ်သည်။ ရှီမိသားစုသည် နတ်ဘုရား သားတော်များကို အဆက်မပြတ် မွေးဖွားပေးနေခဲ့သည်။ အထူးသဖြင့် လက်တလောတွေ မွေးဖွားထားသော ဒွိစုံသူငယ်အိမ်နှင့်သူ ဖြစ်သည်။ ရှီမိသားစုသည် နောက်ထပ် နတ်ဘုရား သားတော်တစ်ပါးကို မွေးဖွားထား၍၊ မဟာချင်၏ အကြီးမားဆုံး မိသားစုကြီးအဖြစ် ခိုင်မာစွာ ရပ်တည်နေပေသည်။

တော်ဝင်မျိုးဆက်များမှာ အကန့်အသတ် ရှိ၍၊ ရှီထျန်းရီ၏ နန်းတက်မည့် ကောလဟာလများမှာ ပျံ့နှံ့၍ နေပေတော့သည်။

ချုံးယွင်မင်းသားက ပြောလိုက်သည်။ "ကျွန်တော်က ဝန်ခံရလိမ့်မယ်၊ ကျွန်တော့်ရဲ့ မျိုးဆက်အတွင်းမှာ၊ ဒီဒွိစုံ သူငယ်အိမ်နဲ့သူက ကျွန်တော့်ကို ဖိအားအကြီးကြီးတွေ ပေးနေတာပဲ။ သူအသက်ရှင်နေသရွေ့၊ ကျွန်တော်က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလို့ရမှာ မဟုတ်ဘူး"

သူက အချိန်အနည်းငယ်လောက် ငြိမ်သွားပြီး တည်ငြိမ်စွာနှင့် ဆက်ပြောလိုက်သည်။ "ဒီကနေ့ကစပြီး၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ရှောင်ယန်ကလည်း သတိထားရမယ့် သူအထဲမှာ ပါတယ်"

ဝူချင်လျှိုက ဖွဖွလေး ပြုံးလိုက်သည်။ "ကျွန်တော်မျိုးက အရှင်မင်းသားကို မပြောရသေးတာ တစ်ခုရှိတယ်။ သိပ်မကြာခင်တုံးက၊ ကျွန်တော်က အရှင်မင်းသား နာမည်နဲ့၊ ရှောင်ယန်ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ဝူကျိုးက ရှောင်မိသားစုကို အထောက်အပံ့တွေ ပေးထားခဲ့တယ်"

ချုံးယွင်မင်းသားသည် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သော်လည်း၊ ဘာမှမပြောခဲ့ချေ။

ဝူချင်လျှိုက ဆက်ပြောလိုက်သည်။ "ဒါကလည်း အစီအစဉ် ပထမ အဆင့်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ ဆိုနိုင်ပါတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ထားခြင်းက၊ တတိယအဆင့်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ လွယ်ကူစေမယ်"

သူသည် အသံတိုးတိုးဖြင့် ရယ်လိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ရဲ့ အငယ်ဆုံးတပည့်၊ ရှီထျန်းဟောင်။ အရှင်မင်းသားက သူ့ရဲ့နောက်ခံကို သိမယ်လို့ ထင်ပါတယ်"

"ဒါပေါ့။ ဟိုဒွိစုံသူငယ်အိမ်နဲ့သူရဲ့ ဒီကနေ့ စွမ်းဆောင်မှုတွေက သူ့ဆီက အကူအညီ တစ်စိတ်တစ်ပိုင်း ပါနေတာပဲ" ချုံးယွင်မင်းသားက ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်တော်တို့က သေပြီလို့ ယူဆထားတဲ့ ကောင်လေးက ဒီကနေ့အထိ အသက်ရှင်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"

"သူက အသက်ဆက်ရှင်နေရုံတင် မကဘူး၊ စွမ်းအားတွေလည်း အတော်ကြီး တိုးတက်လာခဲ့တယ်။ ဆယ်နှစ်ကျော်လေးပဲ ရှိသေးပေမဲ့ ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်နေပြီ။ သူက လူသားသမိုင်းထဲမှာ ရှားပါးတဲ့ ကျောက်ရိုင်းတုံး တွေထဲမှာ တစ်ခုအပါအဝင်ပဲ"

ချုံးယွင်မင်းသားသည် စကားဝိုင်း၏ ဦးတည်ချက်ကို ပြောင်းလိုက်သည်။ "ဒါပေမဲ့လည်း အခုလက်ရှိ အချိန်မှာ၊ သူရဲ့စွမ်းအားတွေက ဟိုဒွိစုံမျက်လုံးနဲ့သူနဲ့ မယှဉ်နိုင်သေးဘူး"

ဝူချင်လျှိုက မယုတ်မလွန် ပြန်ဖြေလိုက်သည်။ "ဒါပေမဲ့လည်း ဒီကနေ့ မတိုင်ခင်မှာ၊ အရှင်မင်းသားက ရှောင်ယန်ဟာ ဒီလောက်အထိ ဖြေရှင်းရခက်လိမ့်မယ်လို့ မထင်ထားဘူးမလား?"

ထိုစကားလုံးများသည် ချုံးယွင်မင်းသား၏ ဒဏ်ရာများအပေါ်တွင် ဆားဖြူးလိုက်သည်နှင့် တူနေ၏။ သူ၏မျက်နှာသည် ခဏတာမျှ မည်းမှောင်သွားသော်လည်း၊ မပေါက်ကွဲသွားခဲ့ပေ။ သူသည် နှာတစ်ချက်သာ မှုတ်လိုက်သည်။

ဝူချင်လျှိုက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ မျက်လုံးအစုံမှာ သတိအပြည့်နှင့် ဖြစ်၏။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်က ဘယ်လိုများ လုပ်သလဲတော့ မသိဘူး။ သူက ပါရမီရှင် တစ်ယောက်ကို မွေးထုတ်နိုင်တယ်ဆိုရင်၊ ကျွန်တော်က သိပ်ပြီးတော့ မအံ့ဩပါဘူး။ ဒါပေမဲ့ သူ့ရဲ့ တပည့်တွေအားလုံးက ပုံမှန်မဟုတ်ပဲ ကြမ်းလွန်းလှတယ်၊ ဒါက တစ်ခုခုတော့ တစ်ခုခုပဲ"

"သူက သာမန်လူတော့ လုံးဝမဖြစ်နိုင်ဘူး"

ချုံးယွင်မင်းသား၏ အမူအရာတို့မှာ ပုံမှန်သို့ ပြန်ရောက်သွားသည်။ သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "သူက အရမ်းကို ဘက်လိုက်တတ်တယ်။ ရှောင်ယန်နဲ့အတူ ရှင်းယွင်တောင်ထိပ်ကို လိုက်လာတာကို ကြည့်ခြင်းအားဖြင့်၊ အနာဂတ်မှာ ရှီထျန်းဟောင်က ဒွိစုံသူငယ်အိမ်နဲ့လူနဲ့ တိုက်ခိုက်တဲ့အခါမှာ၊ သူက ဘေးကနေ ရပ်ကြည့်နေပြီး ဘာမှမလုပ်မှာတော့ မဖြစ်နိုင်ဘူး"

ချုံးယွင်မင်းသားသည် ဝူချင်လျှိုကို ကြည့်လိုက်သည်။ "ဒါကလည်း နန်းရင်းဝန်ဝူက တတိယအဆင့်ကို အကောင်အထည်ဖော်တဲ့နေရာမှာ၊ ထည့်သွင်းစဉ်းစားထားတဲ့ အချက်တစ်ခုပဲ ဖြစ်မယ်"

ဝူချင်လျှိုက တည်ငြိမ်စွာနှင့် ခေါင်းညိတ်လိုက်သည်။ "ဒါကလည်း ပုံသေပြောလို့မရဘူး။ ကျွန်တော်တို့က မိသားစုကြီး လေးခုရဲ့ အင်အားကို အသုံးပြုပြီး၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ခက်ခဲအောင် လုပ်လို့လည်း ရတာပဲ"

"မဟာကျိုး အင်ပါယာက အဝေးက အင်အားစုတွေနဲ့ ချစ်ကြည်ရေး ရယူနေပြီး၊ အနီးကလူတွေကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်။ သူက စူတောင်ဓားဂိုဏ်း၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့နဲ့ မဟာမိတ်ဖွဲ့ပြီး၊ မဟာချင် အင်ပါယာကို ကျူးကျော်ဖို့ ပြင်ဆင်နေတယ်။ ကျွန်တော်တို့က ဘာမှမလုပ်ပဲ ထိုင်ကြည့်နေလို့ ဘယ်ဖြစ်မလဲ?"

ချုံးယွင်မင်းသားက သရော်လိုက်သည်။ "တကယ်လို့ နန်းရင်းဝန်ဝူက မဟာကျိုး အင်ပါယာကို သတိထားနေတယ်ဆိုရင်၊ ခင်ဗျားက ခင်ဗျားရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ရင်း အလုပ်ရှုပ်နေတဲ့ အချိန်မှာ၊ မဟာကျိုးက လူတွေကလည်း ဝင်ရောက်နှောက်ယှက်ပြီး တစ်ခုခုလုပ်မယ် ဆိုတာကိုတော့ သိထားမှာပေါ့"

ဝူချင်လျှိုက ညင်သာစွာ ပြုံးလိုက်သည်။ "အရှင်မင်းသား၊ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့လည်း စိတ်ချသာနေပါ၊ အချိန်ကျလာလို့ရှိရင် မဟာကျိုး အင်ပါယာက သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေနဲ့ အလုပ်ရှုပ်နေပြီး၊ ကျွန်တော်တို့ရဲ့ အစီအစဉ်ကို လာနှောက်ယှက်ဖို့အားမှာ မဟုတ်ပါဘူး"

"အိုး?" ချုံးယွင်မင်းသားသည် သိလိုစိတ် အလွန်ပြင်းပြနေခဲ့သည်။ သို့သော်လည်း သူသည် ဖိအားပေးကာ မမေးမြန်းခဲ့ပေ။ "မိသားစုကြီး လေးခုတို့ရဲ့ နိုင်ငံရေးစွမ်းအားနဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၊ နန်းရင်းဝန်ဝူက အရှေ့က သူတွေရဲ့ စွမ်းအားတွေကို လျှော့နည်းစေပြီး၊ အနောက်ကသူကို အားကောင်းအောင် လုပ်ပေးမလို့လား?"

ဝူချင်လျှိုက ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ၊ အရှင်မင်းသားပြောတာ မှန်ပါတယ်။ တကယ်လို့ အဖွဲ့တစ်ဖွဲ့ကပဲ အမြဲတမ်း အနိုင်ယူနေနိုင်မယ်ဆိုရင်၊ ပိုအားကောင်းတဲ့ အဖွဲ့က ပိုပိုပြီးတော့ပဲ အားကောင်းလာမှာပဲ။ ဒါက ကျွန်တော်မျိုးရဲ့ ဆန္ဒနဲ့ မကိုက်ညီပါဘူး။ သူမသာ ကိုယ်မသာ ဖြစ်နေမှသာ မဟာချင် အင်ပါယာအတွက် အကျိုးရှိမှာပဲ ဖြစ်ပါတယ်"

ချုံးယွင်မင်းသားသည် ခေါင်းကိုညိတ်လိုက်ကာ ဝူချင်လျှိုအား သေချာစွာ စိုက်ကြည့်လိုက်သည်။ သူကို ထွင်းဖောက်ပြီး မြင်ချင်နေသကဲ့သို ဖြစ်၏။

ဝူချင်လျှိုက သူ့ကို မျက်လုံးချင်းဆုံကာ ပြန်ကြည့်လိုက်၏။ သူ၏မျက်လုံးအစုံတို့မှာ ပင်လယ်ကဲ့သို့ နက်ရှိုင်းနေခဲ့သည်။

အချိန်အတော်ကြာမှသာ ချုံးယွင်မင်းသားသည် အကြည့်ကိုလွှဲလိုက်ကာ တိတ်တဆိတ် ပြောလိုက်သည်။ "နန်းရင်းဝန်ဝူက ရလဒ်တွေကို စိတ်ချတယ်ဆိုတော့လည်း၊ ကျွန်တော်က သတင်းကောင်းတွေကို စိတ်ရှည်စွာနဲ့ စောင့်နေပါ့မယ်" ပြီးနောက်သူသည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ကာ လေထု၏အလယ်တွင် ပျောက်ကွက်သွားလေတော့သည်။

ကြယ်စင်သူတော်စင်သည် ဝူချင်လျှိုအား တစ်ချက်ကြည့်လိုက်ကာ၊ သက်ပြင်းတစ်ချက်ကို တိုးညှင်းစွာ ချလိုက်သည်။ "နန်းရင်းဝန်ဝူရဲ့ သုံးဆင့် အစီအစဉ်က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ မိသားစုကြီး လေးခုတင် မကဘူးနဲ့တူတယ်"

ဝူချင်လျှိုက ဖွဖွလေး ပြုံးလိုက်သည်။ "ခင်ဗျားရဲ့ ချီးမွမ်းတာကို ကျေးဇူးတင်ပါတယ်"

ကြယ်စင်သူတော်စင်သည် သူ၏ခေါင်းကိုခါလိုက်သည်။ ပြီးတာနှင့် ကြယ်စင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့ကာ လေထုအတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။

မဟာချင် အင်ပါယာ၏မြို့တော် ရှီးလင်မြို့၊ မြို့မြောက်ဘက်ပိုင်းရှိ နန်းရင်းဝန်အိမ်တော် အတွင်းဝယ်၊ ဝူချင်လျှိုသည် သူ၏စာဖတ်ခန်းထဲတွင် ထိုင်နေကာ ဆယ်သွယ်ရေး ကိရိယာ စက်ဝိုင်းပြားလေး၏ အပေါ်မှ အလင်းတန်းများ ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။ သူသည် စကားတစ်ခွန်းမှ မပြောပဲ ခုံကိုသာ ညင်သာစွာ ခေါက်နေခဲ့သည်။

သူ၏အနောက်တွင် ရပ်နေသော လူငယ်တစ်ယောက်က ရုတ်တရက် မေးလိုက်သည်။ "ရှီချုံးယွင်ကို ဘာဖြစ်လို့ ရွေးလိုက်တာလဲ?"

ဝူချင်လျှိုက အမှုမထားသည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ "ဘာဖြစ်လို့လည်းဆိုတော့ သူက ရည်မှန်းချက် ကြီးလို့ပဲ"

လူငယ်က ဆက်မေးလိုက်သည်။ "ဒါပေမဲ့ သူက အောင်မြင်မှုထက် ပြဿနာတွေကို ပိုလုပ်မယ့်သူလို့ ကျွန်တော့်စိတ်ထဲမှာ ထင်နေမိတယ်"

"ချုံးယွင်မင်းသားရဲ့ ကိုယ်ကျင့်စရိုက်မှာ ကြီးမားတဲ့ ချို့ယွင်းချက်ရှိတယ်။ ဒါက မောက်မာမှုနဲ့ ဒေါသကြီးမှုတို့ပဲ" ဝူချင်လျှိုက မယုတ်မလွန် ပြန်ဖြေလိုက်သည်။ "ဒါပေမဲ့ သူက အင်မော်တယ် ဝိညာဉ် အဆင့်ကို ရောက်ချင်တယ် ဆိုရင်တော့၊ သူက သူများပြောစရာ မလိုပဲ ကိုယ့်ကိုယ်ကို ကြိုးစားပြီးမှ သူ့ရဲ့အကျင့်ကို သူပြင်လိမ့်မယ်"

"ငါပြောထားတဲ့ အတိုင်းပဲ၊ သူက ရည်မှန်းချက် ကြီးမားတဲ့ သူတစ်ယောက်ဖြစ်တယ်၊ ဒါကြောင့်ပဲ သူက လိုအပ်တဲ့ ပြောင်းလဲမှုတွေကို ပြုပြင်လိမ့်မယ်။ ဒီတစ်ခေါက် ရှင်းယွင်တောင်ထိပ် ခရီးမှာ၊ သူက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေရဲ့ အရှက်ခွဲမှုကို ခံလိုက်ရတယ်။ ဒါကနေ သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ရတာပဲ"

ထိုလူငယ်က အချိန်အနည်းငယ်ကြာအောင် ငြိမ်သက်သွားပြီးနောက် ဆက်မေးလိုက်သည်။ "ဒွိစုံသူငယ်အိမ်နဲ့ လူကိုရော ဘာဖြစ်လို့ မရွေးတာလဲ?"

ဝူချင်လျှိုက ရယ်ရမ်းသွေးလိုက်သည်။ "သူက တခြားတစ်နေရာမှာ အသုံးဝင်လာလိမ့်မယ်"

"အစ်ကိုကြီးကတောင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ဂရုစိုက်နေတာလား?" ထိုလူငယ်၏ မျက်လုံးအစုံမှာ တောက်ပလာခဲ့သည်။ သူ၏ တည်ငြိမ်နေသော  မျက်နှာ အသွင်အပြင်တို့သည် သူ၏ အံ့အားသင့်မှုတို့ကို ဖုံးကွယ်မထားနိုင်ချေ။

ဝူချင်လျှိုသည် မယုတ်မလွန် ပြန်ဖြေလိုက်သည်။ "ဒီမူလကောင်းကင် ကမ္ဘာကြီးမှာ၊ မျိုးနွယ်စုအားလုံး သက်ရှိအားလုံးတို့ကို ငါက ဂရုစိုက်တယ်"

စားပွဲခုံကို ခေါက်နေသော လက်ချောင်းသည် ရုတ်တရက် ရပ်တန့်သွား၏။ "သွားပြီးတော့ စစ်ဆေးလိုက်ဦး။ ငါက ရှီချုံးယွင်ကို ရှင်းအောင်ပြောထားပေမဲ့၊ သူ့ရဲ့ ဒေါသတွေက မရပ်သေးပဲ ဝူကျိုးကိုသွားပြီး ရှောင်မိသားစုကို ပြဿနာ မရှာဘူးလို့ အာမမခံနိုင်ဘူး"

"သူ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင်၊ ရှောင်မိသားစုကို ဒုက္ခပေးချင်ရင် စကားလုံး အနည်းငယ် ပြောလိုက်ရုံပဲ" ဝူချင်လျှို၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။ "ရှီချုံးယွင်က ဖြည်းဖြည်းချင်းတော့ တိုးတက်လာမှာပဲ။ ဒါပေမဲ့ သူက အခြေတည်ဝိညာဉ်ရဲ့ နောက်ပိုင်းအဆင့်တွေကို မရောက်သေးပဲနဲ့၊ အင်မော်တယ် ဝိညာဉ် အဆင့်ကို ရောက်ဖို့ စိတ်ဓာတ်စာမေးပွဲတွေက ဘယ်လောက်ခက်ခဲသလဲ ဆိုတာကို သိမှာမဟုတ်သေးဘူး"

"အဲ့ဒီအချိန် မရောက်သေးတဲ့ အချိန်အထိ ငါတို့က သည်းခံစောင့်ဆိုင်းရဦးမှာပဲ"

ထိုလူငယ်က ခေါင်းညိတ်လိုက်ကာ ခြေတစ်လှမ်းဆုတ်လိုက်ပြီး၊ ဟင်းလင်းပြင်အတွင်းသို့ ဝင်သွားခဲ့ကာ ပျောက်ကွယ်သွားခဲ့လေသည်။

မဟာကျိုး အင်ပါယာ၏ မြို့တော်ထျန်းကျင်းအတွင်းမှ တော်ဝင်နန်းတော် အတွင်းတွင်၊ ကျိုးဧကရာဇ် လျှမ်ပန်းသည် သူ၏ နဂါးပုလ္လင်အထက်တွင် ထိုင်နေခဲ့သည်။ အောက်ဘက်တွင် ယန့်မင်းရွဲ့နှင့် ဇူဟုန်ဝူတို့သည် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကာ၊ မေဝူလန်သည် လျှမ်ပန်း၏ အရှေ့တွင်ရပ်ကာ လတ်တလော သတင်းတစ်ပုဒ်ကို တင်ပြနေလေ၏။

"…. နောက်ဆုံးမှာ ဒါက တိုက်ပွဲရဲ့ နောက်ဆုံးအဖြေပဲ ဖြစ်ပါတယ်" မေဝူလန်သည် ဧကရာဇ်အား တင်ပြနေခြင်းကို အဆုံးသတ်လိုက်သည်။

ကျိုးဧကရာဇ် လျှမ်ပန်းသည် ခေါင်းညိတ်ကာ မေဝူလန်အား ကြည့်လိုက်၏။ "ဝူလန်၊ မင်းက ဒီအကြောင်းကို ဘယ်လိုထင်သလဲ?" သူက အနည်းငယ် နားလိုက်ကာ ဆက်ပြောလိုက်သည်။ "ငါက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ဆိုလိုနေတာ"

မေဝူလန်သည် ရိုသေစွာ ဦးညွှတ်လိုက်ကာ ပြန်ဖြေလိုက်၏။ "အရှင်မင်းမြတ်၊ ဒီဖြစ်ရပ်ကနေ ကျွန်တော်မျိုးက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ လင်းဖုန်းဟာ၊ သူ့ရဲ့တပည့်တွေကို အရမ်းအကာအကွယ်ပေးတယ်လို့ ပြောနိုင်ပါတယ်။ သိပ်မကြာခင်ကပဲ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကနေ ဇူအမတ်ရဲ့ သားဖြစ်တဲ့ ဇူရီဟာ၊ မဟာကျိုး အင်ပါယာကို ဒီတစ်နှစ်မှာ ကျင်းပမယ့် နိုင်ငံတော် စာမေးပွဲကို လာဖြေမယ်လို့ သတင်းရရှိထားပါတယ်"

"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်ဟာ ဒီတစ်ခေါက်မှာ မဟာကျိုးကို အတူလိုက်ပါ လာနိုင်ပါတယ်"

ယန့်မင်းရွဲ့သည် ထိုစကားကို ကြားလိုက်ပြီးနောက် ပြုံးလိုက်ကာ ဘာမျှ မပြောခဲ့ပေ။

တစ်ချိန်တည်းမှာပင် ဇူဟုန်ဝူသည် သူ၏ထိုင်ခုံတွင် သစ်သားရုပ်ထုကဲ့သို့သာ ထိုင်နေဆဲဖြစ်သည်။ လက်ရှိ အကြောင်းအရာမှာ သူနှင့်လုံးဝ မသက်ဆိုင်သကဲ့သို့ ဖြစ်သည်။

"ဝူလန်၊ မင်းက ဒီတစ်ခေါက်မှာတော့ မှားနေပြီထင်တယ်" လျှမ်ပန်းက သူ၏ခေါင်းကို ညင်သာစွာ ခါလိုက်သည်။ "ငါခန့်မှန်းတာ မမှားဘူးဆိုရင်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်က သူကိုယ်တိုင် လာမှာ မဟုတ်ဘူး"

သူက ဆက်ပြီးတော့ မရှင်းပြခဲ့သလို၊ မေဝူလန်ကလည်း ဆက်ပြီးတော့ မမေးရဲခဲ့ချေ။

ယန့်မင်းရွဲ့နှင့် ဇူဟုန်ဝူတို့သည် တောက်လျှောက်ငြိမ်သက်နေကြသော်လည်း၊ လျှမ်ပန်းသည် ဂရုမစိုက်ခဲ့ပေ။ သူသည် သက်ပြင်းတိုးတိုးကိုသာ ချလိုက်သည်။ "ရွှေရောင်ဗဟိုချက် အဆင့်နဲ့ အခြေတည်ဝိညာဉ် အဆင့်က မှော်လက်နက်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေဟာ ကျန်တဲ့သူတွေထက် တကယ်ကို ခေါင်းတစ်လုံး ပိုသာနေတာပဲ"

"ငါတို့ ကြည့်ရသမျှဆိုရင်၊ သူတို့က သင်ယူတိုးတက်နေတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်။ သူတို့က ပြည့်ပြည့်ဝဝ ရင့်ကျက်လာတဲ့ အချိန်ရောက်ရင်၊ သူတို့က ကြုံတွေ့ဖို့ ခဲယဉ်းတဲ့ ပါရမီရှင်လေးတွေ ဖြစ်လာကြမှာပဲ"

"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်၊ လင်းဖုန်းဟာ တကယ့်ကို အထင်ကြီးဖွယ်ရာ ကောင်းလှပါတယ်" လျှမ်ပန်းသည် ဇူဟုန်ဝူအား တစ်ချက်ကြည့်လိုက်ပြီး၊ "ဟုန်ဝူကိုလည်း ဂုဏ်ပြုရမယ်၊ မင်းရဲ့သားကလည်း သူတို့အထဲက တစ်ယောက် အပါအဝင်ပဲ"

ဇူဟုန်ဝူသည် မတ်တတ်ရပ်လိုက်ပြီး၊ "အရှင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်"

လျှမ်ပန်းသည် ယန့်မင်းရွဲ့ကို ကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ယန့်ရှမ်ကျိကို ပိုင်ယွင်တောင်ပြန်တဲ့ လမ်းတစ်လျှောက်မှာ အဆင်ပြေ ချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"

ယန့်မင်းရွဲ့က ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။ "အရှင်မင်းမြတ် ချီးမြှင့်တဲ့ မင်္ဂလာစကားတွေ အတွက် ကျေးဇူးတင်ပါတယ်"

သူမသည် အတန်ငယ် စိတ်ပျံ့လွင့်သွားခဲ့၏။ "မီးတောက်နဂါး ကောင်းကင်ချပ်ဝတ်တန်ဆာ… သူက ဇူရန်မိစ္ဆာမျက်လုံးကို မှော်ရတနာအဖြစ် သန့်စင်ဖို့ အချိန်အနည်းငယ်သာ ယူခဲ့တာလား?"

အင်မော်တယ် ဝိညာဉ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်မှပင် မှော်ရတနာ တစ်ပါးကို ထုလုပ်မည်ဆိုလျှင်၊ အချိန်နှင့် ခွန်အား မြောက်မြားစွာ ယူရပေမည်။ မှော်ရတနာများသည် နှစ်ပေါင်း ရာနှင့်၊ ထောင်နှင့်၊ အချို့ဆိုလျှင် သောင်းနှင့်ချီ၍ အချိန်ယူကာ သန့်စင်ရခြင်းဖြစ်သည်။

"လင်းဖုန်း၊ ရှင်က ဘယ်ကမ္ဘာကနေ လာခဲ့တာလဲ?" ယန့်မင်းရွဲ့သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ "ပြီးတော့ ရှင်က ဘာကို လုပ်ချင်နေတာလဲ?"

ယန့်မင်းရွဲ့သည် ရုတ်တရက် ရယ်ရမ်းသွေးလိုက်သည်။ "ရှင်က ရှင့်ကိုယ်ရှင် သိချင်မှ သိပေမဲ့၊ ဒီတစ်ခေါက် ကျွန်မရဲ့ ပိုင်ယွင်တောင် ပြန်နိုင်ဖို့ကို ရှင်က အများကြီး ကူညီခဲ့တာပဲ။ ဒါပေမဲ့လည်း ဘာမှန်းကြောင့်မသိပဲ၊ ကျွန်မကရှင့်ကို ရုတ်တရက် ကြောက်လာသလိုမျိုး ခံစားလာခဲ့ရတယ်"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

20.8K 2K 37
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
50K 4K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
98.9K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
40.1K 3.5K 199
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...