ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) U...

By KazunoMora

86.1K 11.4K 69

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
အပိုင်း ၁၁၄ : တောင်ထိပ်ပေါ်က နောက်ထပ် တောင်တစ်တောင်
အပိုင်း ၁၁၅ : မီးလျှံကျီးကန်း နှိမ်နှင်းရေး အင်အားစုတစ်စု
အပိုင်း ၁၁၆ : စံပြလူသားလား?
အပိုင်း ၁၁၇ : ရေနဲ့မီးတို့ရဲ့ လုံးဝဆန့်ကျင်မှု
အပိုင်း ၁၁၈ : ပြည်သူလူထုတို့၏ မဟာမီးဖို နည်းစနစ်
အပိုင်း ၁၁၉ : ငါတကယ် မရည်ရွယ်ခဲ့ပါဘူး
အပိုင်း ၁၂၀ : အကြွင်းမဲ့ရေက ဘယ်ရောက်သွားတာလည်း?
အပိုင်း ၁၂၁ : တရားမျှတမှုဟာ မင်းအတွက် ဘယ်လောက်အရေးကြီးသလည်း?
အပိုင်း ၁၂၂ : ဒါက ငါဆိုလိုတဲ့ တရားမျှတမှုပဲ!
အပိုင်း ၁၂၃ : ဒါအိမ်မက်ပဲ ဖြစ်ရမယ်!
အပိုင်း ၁၂၄ : မီးလျှံကျီးကန်း မိစ္ဆာ အုပ်ချုပ်သူ
အပိုင်း ၁၂၅ : စစ်ဆေးမေးမြန်းခြင်း
အပိုင်း ၁၂၆ : မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့
အပိုင်း ၁၂၇ : တော်တော်ကြီးကို ကြီးမားတဲ့ အရှက်ရမှုပဲ
အပိုင်း ၁၂၈ : တိမ်တိုက်တွေရဲ့ အမြင့်ဆုံးမှာ
အပိုင်း ၁၂၉ : ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ
အပိုင်း ၁၃၀ : သက်ရှိအားလုံးတို့ရဲ့ မွေးဖွားခြင်း
အပိုင်း ၁၃၁ : ဝူတူး ဗဟို နတ်ဘုရား အလင်းတန်း
အပိုင်း ၁၃၂ : ဗလာနတ္တိ
အပိုင်း ၁၃၃ : သတ်ဖြတ်ခြင်းကို ခိုးယူသူ
အပိုင်း ၁၃၄ : ဂေလာကျောက်စိမ်း
အပိုင်း ၁၃၅ : မင်းတို့က ဒါကို ရှာနေတာလား?
အပိုင်း ၁၃၆ : ကောင်းကင်၏ စည်းရိုးများ
အပိုင်း ၁၃၇ : အဝီစိ ငရဲမုန်တိုင်း
အပိုင်း ၁၃၈ : ယုကျင်းတောင်နှင့် တောင်ထိပ်က ရတနာ သစ်ပင်ဆီကို ပြန်လာခြင်း
အပိုင်း ၁၃၉ : ဝကစ်သော ကလေးငယ်.. ဓားလွယ်ထားသော ကညာပျို.. စစ်တုရင် ကစားသမား
အပိုင်း ၁၄၀ : စနစ်ကြီးဟာ သူ့ရဲ့ ချီးထုပ်သဘာဝကို ဖော်ပြခဲ့ပြန်ပါပြီ
အပိုင်း ၁၄၁ : သူ့ရဲ့ပိုင်ရှင်ဟာ တကယ်ကိုပဲ အစွမ်းထက်ပါပေတယ်
အပိုင်း ၁၄၂ : ဝင်္ကပါချိုးဖောက်ဗုံ
အပိုင်း ၁၄၃ : ရွှေရောင်ဗဟိုချက်ကို မျိုချပြီး...
အပိုင်း ၁၄၄ : သူတို့ကို အတူတကွ ရင်ဆိုင်ကြရအောင်!
အပိုင်း ၁၄၅ : ကျိုးပေါက်ခြင်း!
အပိုင်း ၁၄၆ : လက်ချောင်းလေး တစ်ချက် ထိလိုက်ရုံနဲ့ပဲ
အပိုင်း ၁၄၇ : မျိုချပြီး ခြေဆောင့်နင်းခြင်း
အပိုင်း ၁၄၈ : နောက်ထပ်တစ်ခါ ပြန်ပြီးမှ ယှဉ်ပြိုင်ခြင်း
အပိုင်း ၁၄၉ : ဘာဖြစ်လို့လည်းဆိုတော့ ငါက ခွင့်မပြုလို့ပဲ
အပိုင်း ၁၅၀ : လူတွေရှိရင် တိုက်ခိုက်မှုတွေက ရှိကြမှာပဲ
အပိုင်း ၁၅၁ : ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော စိတ်ဝိညာဉ် နယ်မြေ
အပိုင်း ၁၅၂ : ဂိုဏ်း၏နာမည်
အပိုင်း ၁၅၃ : တစ်စုံတစ်ယောက်အတွက် ကြီးကျယ်ခမ်းနားသော ဝင်ရောက်ခြင်း
အပိုင်း ၁၅၄ : မိန်းမခန်းဆောင် တစ်ခု!!!
အပိုင်း ၁၅၅ : ထောင်ချောက်တစ်ခု?
အပိုင်း ၁၅၆ : ဆေးဝါးတစ်ရာဂိုဏ်း
အပိုင်း ၁၅၇ : ချင်ချွန်းတောင်ထိပ်ပေါ်ဝယ်
အပိုင်း ၁၅၈ : လျှို့ဝှက်ဆေးဖော်ခန်း
အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး
အပိုင်း ၁၆၀ : တိုက်ဆိုင်လှစွာပဲ... ငါ့မှာ ရထားမောင်းတစ်ယောက် လိုနေတယ်ကွ!
အပိုင်း ၁၆၁ : ကဲ... ဒီမှာ မြင်းတပ် လာပါပြီဗျာ!
အပိုင်း ၁၆၂ : တောင်ပေါ်ကို ကျားတစ်ထောင် ဆင်းသက်လာခြင်း
အပိုင်း ၁၆၃ : ပရိယာယ် ကျော့ကွင်းမှာ ဘယ်သူက မိသွားတာလည်း?
အပိုင်း ၁၆၄ : ဘယ်သူက ဟန်ဆောင်ပိုကောင်းတာလည်း?
အပိုင်း ၁၆၅ : အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာ
အပိုင်း ၁၆၆ : ဘယ်သူက အာရုံစိုက်တာကို ပိုခံရတာလည်း?
အပိုင်း ၁၆၇ : မင်းက နုပါသေးတယ်ကွာ...
အပိုင်း ၁၆၈ : ချန်ချွန်းတောင်ထိပ် ပြိုကျသွားခြင်း!
အပိုင်း ၁၆၉ : ခဏနေပါဦး... ကျင့်ကြံသူ ရောင်းရင်းရာ!
အပိုင်း ၁၇၀ : ကဲ... မိတ်ဆွေ... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခဏငှားပါဦး
အပိုင်း ၁၇၁ : ကြီးမားသော တိုက်ရာပါ ပစ္စည်းများ
အပိုင်း ၁၇၂ : ရက်ရောလှစွာသော ဆုလာဘ်!
အပိုင်း ၁၇၃ : စစ်တုရင် ခုံထဲက ကမ္ဘာ
အပိုင်း ၁၇၄ : မင်းကငါ့ကို ဘာထင်တာလည်း? ငါကမင်းကို ဘာထင်နေတာလည်း?
အပိုင်း ၁၇၅ : ရွေးချယ်မှု နည်းသောလမ်း
အပိုင်း ၁၇၆ : ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၁၇၇ : ဖွံ့ထွားလှတဲ့ ဂေါ်ဖီထုပ်ကြီး! ဝက်'အ'ကြီးက မကြိုက်လို့ တော်သေးတယ်
အပိုင်း ၁၇၈ : ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်
အပိုင်း ၁၇၉ : ပထမဆုံးအကြိမ် ရတနာတွေကို ခွဲဝေပေးခြင်း
အပိုင်း ၁၈၀ : ခက်ထန်သော ယွဲ့ဟုန်ယန်!
အပိုင်း ၁၈၁ : ဇူရီဝယ်တဲ့ ပစ္စည်းဟာ ထူးခြားတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်
အပိုင်း ၁၈၂ : ငါ့ရဲ့ အပျံစား ညီအစ်ကို ရှီးဟောင်
အပိုင်း ၁၈၃ : ငါတို့က သရုပ်ဆောင်တွေ လိုနေတယ်ကွ
အပိုင်း ၁၈၄ : ဒါပေမဲ့ ကျွန်တော်တို့က လူကောင်းတွေလေ!
အပိုင်း ၁၈၅ : ဘယ်လောက်အထိတောင် ယုတ္တိမတန်လိုက်သလည်း!
အပိုင်း ၁၈၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်
အပိုင်း ၁၈၇ : ကြေးမုံ.. ပန်းပွင့်.. ရေပြင်နှင့် လမင်း
အပိုင်း ၁၈၈ : တရားမျှတရမှာပေါ့
အပိုင်း ၁၈၉ : အစီအစဉ်ကို စင်းလုံးချောဖြစ်အောင် ကြံစည်ခြင်း
အပိုင်း ၁၉၀ : နေရာယူကြမယ်!
အပိုင်း ၁၉၁ : တရားဝင် ဖွင့်လှစ်ခြင်း
အပိုင်း ၁၉၂ : ထာဝရ အလင်းသခင်
အပိုင်း ၁၉၃ : ချုံခိုတိုက်ခိုက်မှု တစ်ခု
အပိုင်း ၁၉၄ : ချစ်ကြည်ရေး မီးလျှံ
အပိုင်း ၁၉၅ : ဖုန်းရွှေ၏ စီးဆင်းမှုအရ
အပိုင်း ၁၉၆ : ပိုက်ဆံရေရတာ အတော့်ကို ခက်ခဲတာပဲ
အပိုင်း ၁၉၇ : ပြန်လည်ကြိုဆိုပွဲ ပါတီ
အပိုင်း ၁၉၈ : မှန်ကန်သော လည်ပတ်မှု
အပိုင်း ၁၉၉ : စုပေါင်းပြီးမှ ပူးပေါင်းကြံစည်ခြင်း
အပိုင်း ၂၀၀ : မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာ
အပိုင်း ၂၀၁ : ကျိန်စာသင့် အထီးကျန်ကြယ်
အပိုင်း ၂၀၂ : တပည့်ကသာ ဒီလိုဆိုရင်... ဆရာက ဘယ်လိုများလည်း?"
အပိုင်း ၂၀၃ : တစ်ခုကလွဲလို့ အရာအားလုံးကို အသင့်ပြင်ပြီးပြီ
အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂
အပိုင်း ၂၀၅ : နောက်နှစ်တစ်ဝက်မှာ... တံခါးဖွင့်ပြီး တပည့်တွေကို လက်ခံမယ်
အပိုင်း ၂၀၆ : ဒီကမ္ဘာပေါ်မှာ ဘာမှ အလကား မရဘူး
အပိုင်း ၂၀၇ : ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ အသွင်သဏ္ဌာန် လေးခု
အပိုင်း ၂၀၈ : ရှကျိုးကို ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂၀၉ : ငါတို့ရဲ့ လမ်းကြောင်းကို ပိတ်ချင်သူများ!
အပိုင်း ၂၁၀ : ဒီလို မထင်တဲ့သူတွေ... အခုချက်ချင်း ထွက်လာခဲ့စမ်း!
အပိုင်း ၂၁၁ : ခက်ထန်သော ရှောင်ယန်
အပိုင်း ၂၁၂ : တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ သူတွေပါပဲ
အပိုင်း ၂၁၃ : ပိုပိုပြီးတော့ များလာသော ပြိုင်ဘက်များ
အပိုင်း ၂၁၄ : လူထူးလူဆန်း တစ်အုပ်စု
အပိုင်း ၂၁၅ : ရှောင်လွဲ၍ မရခြင်း
အပိုင်း ၂၁၆ : မြင့်မြတ်သောတောင်! မြင့်မြတ်သောတောင်!
အပိုင်း ၂၁၇ : ပြိုင်ဘက်ကင်း! လုံးဝပြိုင်ဘက်ကင်း!
အပိုင်း ၂၁၈ : မျက်စိတစ်မှိတ် အတွင်းမှာ ပျက်စီးသွားခြင်း
အပိုင်း ၂၁၉ : လက်ဆောင်များ!
အပိုင်း ၂၂၀ : ဖွင့်ပွဲ အခမ်းအနား
အပိုင်း ၂၂၁ : ဂိုဏ်းချုပ်၏ အခမ်းအနား
အပိုင်း ၂၂၂ : အောင်မြင်စွာနဲ့ အဆုံးသတ်ခြင်း
အပိုင်း ၂၂၃ : စနစ်၏ မစ်ရှင်အသစ်
အပိုင်း ၂၂၄ : အလင်းဓားမြန်ဂိုဏ်း၏ အကျပ်ရိုက်မှု
အပိုင်း ၂၂၅ : လျှို့ဝှက်ဆန်းကြယ်သော ဆေးခန်းမဆောင်
အပိုင်း ၂၂၆ : တိပိဋက ကျမ်းစာခန်းမ သုံးထပ်ဆောင်
အပိုင်း ၂၂၇ : စိတ်ဝိညာဉ် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး
အပိုင်း ၂၂၈ : ဒီပုံရိပ်က အရမ်းကို လှပပေမဲ့၊ ငါက မကြည့်ရဲဘူးကွ
အပိုင်း ၂၂၉ : ထွက်ပြေးသွားသော သတို့သမီးလောင်း
အပိုင်း ၂၃၀ : အစားပုတ်မွန်းစတားတစ်ကောင်ယုကျင်းတောင်ပေါ်မှာသောင်းကျန်းနေတယ်ဗျို့
အပိုင်း ၂၃၁ : တောက်တီမလေးကို ဝိုင်းရံပိတ်ဆို့ ဖမ်းဆီးကြခြင်း
အပိုင်း ၂၃၂ : အစားပုတ်တဲ့ မွန်းစတားမှာလည်း ဘုရင်ဆိုတာ ရှိသေးတာပဲ
အပိုင်း ၂၃၃ : မကြောက်ပါနဲ့၊ ငါကနာအောင် မလုပ်ပါဘူး
အပိုင်း ၂၃၄ : လင်းဖုန်းက မှော်ရတနာတစ်ခုကို ဖန်တီးခြင်း
အပိုင်း ၂၃၅ : အဆင်သင့် ဖြစ်ပြီလား?
အပိုင်း ၂၃၆ : ကတိအတိုင်း ပေါ်လာခြင်း
အပိုင်း ၂၃၇ : မျက်ရည်ကျလုဆဲဆဲ ဖြစ်နေသော မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ
အပိုင်း ၂၃၈ : မင်းက လူမှားနေတယ်!
အပိုင်း ၂၃၉ : ရှောင်ပုတန်လေးဟာ လျှာစောင်းထက်လှပါတယ်
အပိုင်း ၂၄၁ : အိမ်သို့ပြန်ခြင်း
အပိုင်း ၂၄၂ : စိတ်ရှုပ်ထွေးခြင်း
အပိုင်း ၂၄၃ : အလင်းဓားမြန် ဓားမာစတာ
အပိုင်း ၂၄၄ : ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်း
အပိုင်း ၂၄၅ : စကြာဝဠာ အပေါင်းအစု
အပိုင်း ၂၄၆ : ပြဿနာရှာတဲ့သူက ဒီမှာပါ
အပိုင်း ၂၄၇ : တစ်ဦးတည်း အကြာကြီး ပြောနေခြင်း
အပိုင်း ၂၄၈ : ထပ်မံစူးစမ်းခြင်း
အပိုင်း ၂၄၉ : ရက်စက်သော ယွဲ့ဟုန်ယန်
အပိုင်း ၂၅၀ : အင်မော်တယ် ဝိညာဉ်၏ စွမ်းအားများနှင့် ရင်ဆိုင်ခြင်း
အပိုင်း ၂၅၁ : ပြိုင်ဘက်ကင်း
အပိုင်း ၂၅၂ : တိုက်ပွဲအချိန်ကျပြီ
အပိုင်း ၂၅၃ : အဆင့်သုံးဆင့် အကြံအစည်
အပိုင်း ၂၅၄ : ကိုယ့်အကြံနဲ့ကိုယ်ပဲ
အပိုင်း ၂၅၅ : တစ်ယောက်၏ အိမ်ထဲသို့ ဝံပုလွေများအား ခေါ်ဆောင်လာခြင်း
အပိုင်း ၂၅၆ : အရေးအကြီးဆုံး ကိစ္စ
အပိုင်း ၂၅၇ : မင်းရဲ့ဆရာက မင်းကို မျက်နှာသာ ပေးပါတယ်ကွ
အပိုင်း ၂၅၈ : ရင်းနှီးသော သူစိမ်း
အပိုင်း ၂၅၉ : အကွက်ဟောင်းကို ပြန်သုံးခြင်း
အပိုင်း ၂၆၀ : တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူ
အပိုင်း ၂၆၁ : ရက်ရောလှစွာသော ပေးကမ်းစွန့်ကြဲခြင်း
အပိုင်း ၂၆၂ : လမ်းပြပါ
အပိုင်း ၂၆၃ : ပြင်ပစွမ်းအားကို လိုအပ်ခြင်း
အပိုင်း ၂၆၄ : အမြဲတမ်း အရှေ့သို့ ချီတက်ခြင်း
အပိုင်း၂၆၅ : သံသယဖြင့် သေရခြင်း
အပိုင်း ၂၆၆ : သံမဏိ သစ်ပင်မှ ပန်းများ ဖူးပွင့်လာခြင်း
အပိုင်း ၂၆၇ : သတင်းကောင်းနှင့် သတင်းဆိုး
အပိုင်း ၂၆၈ : လက်ကောက်နှင့် နှံကောင်
အပိုင်း ၂၆၉ : ထူးဆန်းသော ဖိတ်စာစာရင်း
အပိုင်း ၂၇၀ : အစည်းအဝေးသို့!
အပိုင်း ၂၇၁ : အသူရာ သူတော်စင်၊ ဟော်ရှု
အပိုင်း ၂၇၂ : ပျော်ရွှင်ဖွယ် မရှိသော ပြန်လည်ဆုံစည်းမှု
အပိုင်း ၂၇၃ : ကျေးဇူးပြန်ဆပ်ဖို့ရာ အတော်ခက်တာပဲ
အပိုင်း ၂၇၄ : အပြန်အလှန် ရည်ရွယ်ချက်များ
အပိုင်း ၂၇၅ : ပြဿနာရှာဖို့ သဲလွန်စများကို ချပြခြင်း
အပိုင်း ၂၇၆ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၂၇၇ : ပြိုင်ဘက် သုံးယောက်ခွဲ
အပိုင်း ၂၇၈ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး တရားဝင် စတင်ခြင်း
အပိုင်း ၂၇၉ : ရန်သူတို့သည် မကြာခဏ ပြန်တွေ့လေ့ ရှိကြသည်
အပိုင်း ၂၈၀ : မင်းရဲ့ ဘောင်းဘီတိုပါ ရှုံးသွားလိမ့်မယ်
အပိုင်း ၂၈၁ : ဘယ်သူက နှစ်ယောက်တစ်ယောက် တိုက်နိုင်သလဲ?
အပိုင်း ၂၈၂ : ရှောင်လွဲဖို့ ဆိုရင်လည်း၊ တစ်ယောက်က နည်းစနစ်တွေ လိုအပ်တယ်
အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း
အပိုင်း ၂၈၄ : အမှန်တကယ် ပြိုင်ဘက်ကင်းမဲ့ခြင်း
အပိုင်း ၂၈၅ : ကံအကောင်းဆုံးသော မဲနှိုက်မှု
အပိုင်း ၂၈၆ : အချင်းချင်း ပဋိပက္ခ ဖြစ်ကြခြင်း
အပိုင်း ၂၈၇ : သူတို့က မင်းဟာ ငရဲကလာတယ်လို့ ပြောကြတယ်!
အပိုင်း ၂၈၈ : ပညာရှင် အချင်းချင်း တွေ့ဆုံခြင်း
အပိုင်း ၂၈၉ : ဆီမီးဖိုင်နယ် မဲနှိုက်ခြင်း
အပိုင်း ၂၉၀ : သူက ရူးချင်ယောင်ဆောင်နေတာ!
အပိုင်း ၂၉၁ : ဉာဏ်နီဉာဏ်နက် ထုတ်ခြင်းနှင့် ဉာဏ်နီဉာဏ်နက်အား တန်ပြန်ခြင်း
အပိုင်း ၂၉၂ : မသေချာသော ရည်ရွယ်ချက်များ
အပိုင်း ၂၉၃ : လောင်းကြေးများအား တိုးမြှင့်ခြင်း
အပိုင်း ၂၉၄ : ဝမ်လင်း၏ တတိယလက်ချောင်း
အပိုင်း ၂၉၅ : ပြင်းထန်သော စတင်မှုနှင့် စိတ်ပျက်ဖွယ်ရာ အဆုံးသတ်
အပိုင်း ၂၉၆ : လောင်းကြေးထပ်၍ ကျောက်တုံးအား ဖြတ်တောက်ခြင်း!
အပိုင်း ၂၉၇ : စိတ်ဓာတ်စစ်ပွဲများ
အပိုင်း ၂၉၈ : ဆယ်ကျော်သက်လေး ရှောင်ပုတန်
အပိုင်း ၂၉၉ : တစ်ယောက်ချင်း တစ်ယောက်
အပိုင်း ၃၀၀ : လျှို့ဝှက်လုပ်ကြံသူ
အပိုင်း ၃၀၁ : ကျုပ်က ဖြေရှင်းချက်တစ်ရပ် လိုအပ်တယ်
အပိုင်း ၃၀၂ : ဘယ်သူ့ကို အပြစ်တင်ရမှာလဲ?
အပိုင်း ၃၀၃ : ဆရာတူတပည့်
အပိုင်း ၃၀၄ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး ပြန်လည်စတင်ခြင်း
အပိုင်း ၃၀၅ : ပြိုင်ကွင်းသည် စွမ်းဆောင်ရည် ပြသဖို့ စင်မြင့်ဖြစ်သည်
အပိုင်း ၃၀၆ : ပြောင်းပြန်ဖြစ်မှုအား ဖော်ထုတ်ခြင်း
အပိုင်း ၃၀၇ : ပြင်းထန်သောတိုက်ပွဲ
အပိုင်း ၃၀၈ : နှမြောစရာပဲ
အပိုင်း ၃၀၉ : အဆင့်က မြင့်လာလေလေ၊ ကွာခြားချက်က ကြီးမားလာလေလေပဲ
အပိုင်း ၃၁၀ : ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး
အပိုင်း ၃၁၁ : ရှောင်ယန်ထံမှ ပေးပို့လာသော သတင်း
အပိုင်း ၃၁၂ --- အပိုင်း ၃၁၃

အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု

427 52 0
By KazunoMora

အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု

လင်းဖုန်းဟာ မုယုံယန်ရန်ကို စိတ်ဝင်စားစွာနဲ့ ကြည့်လိုက်ပြီး၊ သူ့ရဲ့စိတ်ဟာ တွက်ချက်မှုများစွာနဲ့ လှုပ်ရှားနေခဲ့ပါတယ်။

"မင်းက ဘာဖြစ်လို့ အလင်းဓားမြန်ဂိုဏ်းကနေ တိတ်တိတ်လေး ထွက်ပြေးလာခဲ့တာလဲ? မင်းပြောပုံ အရဆိုရင်၊ မင်းက ရှောင်ယန်နဲ့ တိုက်ခိုက်ဖို့ ရှောင်လွှဲချင်ပုံလည်း မရပါဘူး"

တကယ်လို့များ သူမက တိုက်ပွဲကို ရှောင်လွှဲဖို့ အကြံအစည် မရှိဘူးဆိုရင်၊ ဒါက အလင်းဓားမြန်ဂိုဏ်းဟာ သူမကို တစ်ခုခု စီစဉ်ခဲ့ပြီး၊ သူမက ဒီအစီအစဉ်ကို လက်မခံနိုင်လို့ပဲ ဖြစ်ပါလိမ့်မယ်။

ဒီကောင်မလေးဟာ အလောင်းအစားကို လိုက်နာမှာမဟုတ်ပဲ၊ သူမရဲ့ အသက်ကိုသာ လျှော်ကြေးအဖြစ် ပေးဆပ်ချင်နေခဲ့တာပါ။

ဒါက သူမဟာ ခြေနင်းကျောက်တုံး အဖြစ်မခံချင်လို့ ရှောင်လွှဲခြင်းလို့ ပြောလို့ရပေမဲ့၊ သူမရဲ့ သဘောထားကနေ သူမဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ပြတ်သားတဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

"ငါတို့ကရော ငါတို့ရဲ့ လက်ထပ်မှုကို ကိုယ်တိုင် ဆုံးဖြတ်တာပဲလား?" လင်းဖုန်းက ဖြေးဖြေးချင်း တွေးနေခဲ့ပြီး ခေါင်းထဲကနေ စဉ်းစားနေခဲ့ပါတယ်။ "တကယ်လို့များ ငါက အလင်းဓားမြန်ဂိုဏ်းက ဖြစ်ခဲ့ရင်၊ ဒီလိုမျိုး ပြဿနာနဲ့ ကြုံလာလို့ရှိရင် ဘာလုပ်မလဲ?"

တကယ်လို့များ ငါက ငါ့ရန်သူရဲ့ ပြိုင်ဘက်မဟုတ်ပဲ အနိုင်ကျင့်လည်း မခံချင်ဘူးဆိုရင်၊ အကောင်းဆုံး အဖြေက တခြားနေရာက အကူအညီကို ရယူပြီး ဖိအားတွေကို လျှော့ချရမှာ ဖြစ်ပါတယ်။

လင်းဖုန်းက စိတ်ဓာတ်ကျနေပြီး ဂဏှာမငြိမ်ဖြစ်နေတဲ့ မုယုံယန်ရန်ကို ကြည့်လိုက်ပြီး၊ ရုတ်တရက် မေးလိုက်ပါတယ်။ "ငါကို ပြောပြပါဦး၊ အလင်းဓားမြန်ဂိုဏ်းက မင်းကို လက်ဆက်ပေးချင်နေတဲ့ သူက ဘယ်ကများလဲ? စူတောင်ဓားဂိုဏ်းကလား? မဟာချင် အင်ပါယာကလား?"

မုယုံယန်ရန်ဟာ သူမရဲ့ခေါင်းကို မော့လိုက်ပြီး၊ လင်းဖုန်းကို တုန်လှုပ်ချောက်ချားစွာနဲ့ ကြည့်လိုက်ပါတယ်။ လင်းဖုန်းကတော့ တည်ငြိမ်နေလို့ပါ။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ဖိအားတွေကို ခုခံဖို့ အလင်းဓားမြန်ဂိုဏ်းက အကူအညီတောင်းနိုင်တဲ့ နေရာတွေဟာ၊ စူတောင်ဓားဂိုဏ်းနဲ့ မဟာချင် အင်ပါယာတို့ပဲ ရှိပါတယ်။

"ကျွန်.. ကျွန်မက အရှင်ဘာပြောနေသလဲ ဆိုတာတွေကို မသိပါဘူး" မုယုံယန်ရန်က သူမရဲ့ ခေါင်းကို ငုံ့ထားလိုက်ပါတယ်။

လင်းဖုန်းရဲ့ နှုတ်ခမ်းထောင့်စွန်းတွေဟာ သိမ်မွေ့သော အပြုံးတစ်ခုအဖြစ်ကို ပြောင်းသွားခဲ့ပြီး၊ သူ့ရဲ့ လေသံဟာ နွေးထွေးပြီး ချစ်ခင်နှစ်သက်ဖွယ် ကောင်းလှပါတယ်။ ဒါပေမဲ့လည်း သူပြောတဲ့ စကားလုံးတိုင်းဟာ၊ မုယုယန်ရန်ကို ကျောရိုးတစ်လျှောက် စိမ့်သွားစေခဲ့ပါတယ်။

"မင်းက မင်းရဲ့ မိသားစုနဲ့ ဂိုဏ်းကို အရှက်မရစေဖို့၊ ငါ့တပည့်ရဲ့ အစေခံ ဖြစ်မှာကို လက်မခံနိုင်ဘူး။ ဒါပေမဲ့ မင်းက နောက်ဆက်တွဲတွေကိုရော စဉ်းစားမိရဲ့လား? မင်းက စီစဉ်ထားတဲ့ လက်ထပ်ပွဲကနေ ရှောင်ပြေးလိုက်ရင်၊ မင်းတို့ရဲ့ အလင်းဓားမြန်ဂိုဏ်းနဲ့ တခြားတစ်ဘက်က သူတွေရဲ့ ဆက်ဆံရေးက ညှိနှိုင်းလို့ မရအောင် မပျက်ဆီးသွားနိုင်ဘူးလား?"

"စူတောင်ဓားဂိုဏ်းဆိုရင်တော့ ကိစ္စသိပ်မရှိသေးဘူး။ ဒါပေမဲ့လည်း အခြားတစ်ဘက်က မဟာချင် အင်ပါယာက ဆိုရင်တော့၊ မင်းရဲ့ လုပ်ဆောင်ချက်တွေက မင်းရဲ့မိသားစု တစ်ခုလုံးကို ပျက်ဆီးခြင်းတွေ ဖြစ်စေလိမ့်မယ်။ ငါမှတ်မိတာက မမှားခဲ့ရင်၊ မုယုံမိသားဟာ မဟာချင် အင်ပါယာထဲမှာ မိသားစုကြီး လေးခုထဲမှာ မပါပေမဲ့၊ သူ့ရဲ့ ဂုဏ်သိက္ခာကလည်း မသေးလှဘူး"

"ပြီးတော့ မင်းတို့ရဲ့ မိသားစုရဲ့ ဂေဟာက မဟာချင် အင်ပါယာရဲ့ မြို့တော် ရှီးလင်မြို့ အတွင်းမှာ ရှိနေပြီး၊ မဟာချင် ဧကရာဇ်ရဲ့ မျက်စိအောက်မှာတင် ရှိနေတာ"

မုယုံယန်ရန်ရဲ့ တစ်ကိုယ်လုံးဟာ အဆက်မပြတ် တုန်ခါလာခဲ့ပြီး၊ သူမရဲ့ မျက်စိထဲမှာ ကြယ်တွေ မြင်လာခဲ့ပါတော့တယ်။ အစပထမမှာ သူမရဲ့ စိတ်တွေဟာ ရှုပ်ထွေးနေခဲ့ကာ၊ သူမရဲ့ စိတ်ထဲမှာ လက်ထပ်ပွဲကနေ ရှောင်ရှားပြီး ရှင်းယွင်တောင်ကနေ ဝေးနိုင်သလောက် ဝေးအောင် ထွက်ပြေးချင်နေခဲ့တာပါ။ သူမဟာ သူမလက်ထပ်ရမယ့်သူက မဟာချင် အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်တဲ့၊ ချုံးယွင်ဖြစ်တယ် ဆိုတာကို စဉ်းစားဖို့ မေ့နေခဲ့ပါတယ်။

သူမရဲ့ လက်ထပ်ပွဲကနေ ထွက်ပြေးခဲ့ခြင်းဟာ၊ သူမရဲ့ မိသားစု အပေါ်ကို သက်ရောက်မှု ကြီးကြီးမားမား ဖြစ်စေနိုင်တယ် ဆိုတာကို စဉ်းစားဖို့ မေ့နေခဲ့ပါတယ်။

သူမရဲ့ စိတ်ထဲကနေ ဝမ်းနည်းကြေကွဲမှုတွေဟာ ထိုးတက်လာခဲ့ပြီး၊ သက်ပြင်းတစ်ချက်ကို အကြီးကြီး ချလိုက်ပါတယ်။ "ဒါက ငါ့ရဲ့ ကံကြမ္မာပဲလား? ဒီကနေ လွတ်မြောက်ဖို့ နည်းလမ်း မရှိတော့ဘူးလား?"

လင်းဖုန်းက မုယုံယန်ရန်ကို တိတ်ဆိတ်စွာနဲ့ အကဲခတ်နေခဲ့ပြီး၊ သူရဲ့စိတ်ထဲကနေ နှုတ်ခမ်းတွေကို တွန့်နေခဲ့ပါတယ်။

သူမရဲ့ အကျပ်အတည်းတွေကို ရှုထောင့်နှစ်မျိုးကနေ ရှုမြင်နိုင်ပါတယ်။ အကောင်းဘက်ကနေ ကြည့်ရရင်၊ သူမဟာ လွတ်လပ်မှုကို မြတ်နိုးပြီး မှီခိုလိုမှု ကင်းမဲ့ကာ သူမကိုယ့်ကိုယ် ဆုံးဖြတ်ချက်တွေကို ချလိုသူ ဖြစ်ပါတယ်။

အခြားတစ်ဘက်မှာတော့၊ သူမဟာ မုယုမိသားစုရဲ့ အဖိုးတန်သမီး အဖြစ်နဲ့ရော အလင်းဓားမြန်ဂိုဏ်းရဲ့ အထူးတပည့် အဖြစ်နဲ့ပါ၊ လူအတော်များများက အိမ်မက်မက်ရုံသာ တတ်နိုင်တဲ့ အခွင့်အရေး၊ အဆင့်အတန်းနဲ့ အရင်းအမြစ်တွေ မြောက်မြားစွာကို ရရှိခဲ့ပေမဲ့၊ သူမဟာ ဒါတွေအတွက် ပြန်လည်ပေးဆပ်လိုခြင်း မရှိခဲ့ပါဘူး။

သာမန်ကမ္ဘာမှပဲ ဖြစ်ဖြစ်၊ ကျင့်ကြံမှု ကမ္ဘာမှာပဲ ဖြစ်ဖြစ်၊ ကြိုတင် စီစဉ်ထားတဲ့ လက်ထပ်ပွဲ၊ ဒါမှမဟုတ် နာမည်ကြီး မိသားစုတွေ၊ ဂိုဏ်းတွေရဲ့ အကြားမှာ မဟာမိတ်ဖွဲ့တဲ့ အနေနဲ့ လက်ထပ်ပွဲတွေဟာ အထူးအဆန်း မဟုတ်လှပါဘူး။

ကိုယ်စိုက်ပျိုးတဲ့ အရာကို ကိုယ်ပြန်ရိပ်သိမ်းရတယ် ဆိုတဲ့ စကားရှိပါတယ်။ တခြား စကားလုံးတွေနဲ့ ပြောရရင်၊ တစ်ယောက်ဟာ ကိုယ့်အပေါ်ကို ချီးမြှင့်ထားတဲ့ အခွင့်အရေးတွေအတွက်၊ ပြန်လည်ပေးဆပ် ရမှာပဲ ဖြစ်ပါတယ်။

မုယုံယန်ရန်ဟာ သူမရဲ့ မိသားစုနဲ့ ဂိုဏ်းတွေက စီစဉ်ပေးတဲ့ လက်ထပ်ပွဲတွေကို မနှစ်မြို့ပါဘူး။ ဒါပေမဲ့လည်း သူမက သူမဟာ မုယုံမိသားစုရဲ့ အဖိုးတန်သမီး ဖြစ်ပြီး၊ အလင်းဓားမြန်ဂိုဏ်းရဲ့ အထူးတပည့် တစ်ယောက် ဖြစ်ခြင်းကြောင့်၊ ဒီလိုမျိုး အထူး အခွင့်အရေးမျိုးကို ခံစားရတယ် ဆိုတာကို မေ့နေခဲ့ပါတယ်။

ဒါမှမဟုတ်၊ သူမဟာ သာမန်မိသားစုမှာပဲ ဖွေးဖွားချင်လိုတဲ့စိတ်လည်း ရှိနေနိုင်ပါတယ်။

ဒါတွေကတော့ လင်းဖုန်းက ခန့်မှန်းနိုင်တဲ့ အရာမျိုး မဟုတ်တော့ပါဘူး။ သူဟာ သူတွေ့ခဲ့ရတဲ့ သဲလွန်စတွေ အပေါ်မှာသာ အခြေခံပြီး သုံးသပ်ရတာဖြစ်ပြီး၊ မုယုံယန်ရန်ရဲ့ နှလုံးသားထဲကိုတော့ ထွင်းဖောက်ပြီး မမြင်နိုင်ပါဘူး။

လင်းဖုန်းဟာ မုယုံယန်ရန်ရဲ့ စိတ်ထဲက အတွေးအားလုံးကို သိဖို့ မလိုပါဘူး။ ရှုထောင့် အမျိုးမျိုးကနေ စဉ်းစားရင်၊ ဖြစ်နိုင်တဲ့ သုံးသပ်ချက်တွေ အမျိုးမျိုး ထွက်လာမှာပါ။

လင်းဖုန်း အလေးထားတဲ့ ပြဿနာကတော့၊ ရှောင်ယန်နဲ့ ပတ်သတ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ မုယုံယန်ရန်ဟာ အနည်းငယ် ပြန်လည်တည်ငြိမ်လာခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ တုန်လှုပ်နေခဲ့ပြီး မျက်နှာကလည်း စက္ကူစလိုမျိုး ဖြူဖွေးနေခဲ့သေးပေမဲ့၊ သူမဟာ လင်းဖုန်းကို ရိုသေစွာနဲ့ ပြောလိုက်ပါတယ်။ "အရှင်၊ ကျေးဇူးပြုပြီး ကျွန်မကို မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ ရှိရာကို ညွှန်ပြပေးပါရှင်"

"အရှင်တို့ အဖွဲ့ဟာ အဝေးကနေ လာခဲ့တော့၊ ကျွန်မတို့ရဲ့ ဧည့်သည်တော်တွေပဲ ဖြစ်ပါတယ်။ အလင်းဓားမြန်ဂိုဏ်းရဲ့ တပည့်တစ်ယောက် အနေနဲ့၊ ကျွန်မဟာ လမ်းပြအဖြစ် ဆောင်ရွက်ပြီး ရှင်းယွင်တောင်ထိပ်ကို ခေါ်သွားပေးပါမယ်"

လင်းဖုန်းကတော့ ဖွဖွလေးသာ ပြန်ပြုံးလိုက်ပြီး၊ ဘာကိုမှ ပြန်မပြောခဲ့ပါဘူး။

မုယုံယန်ရန်ဟာ ချက်ချင်းဆိုသလိုပဲ စိတ်ပူပန်လာခဲ့ကာ၊ လင်းဖုန်းက သူမရဲ့ ဂရန်းမာစတာနဲ့ မာစတာတို့ရဲ့ အကြံအစည်တွေကို သိသွားခဲ့ပြီ ဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။ ဘယ်လိုလုပ်ပြီး သူက သူမကို အလွယ်တကူ လွတ်ပေးပါ့မလဲ?

သူမကသာ ဓားစားခံအဖြစ်နဲ့ အဖမ်းခံလိုက်ရရင်၊ မဟာချင် အင်ပါယာနဲ့ အလင်းဓားမြန်ဂိုဏ်းတို့ဟာ အငြင်းပွားမှုတွေ ဖြစ်လာနိုင်ပါတယ်။ မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာရဲ့ နဂို အစီအမံတွေဟာ ဖီလာကန့်လန့် ဖြစ်သွားမှာ ဖြစ်ပြီး၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဟာ အလင်းဓားမြန်ဂိုဏ်းကို လွယ်ကူစွာနဲ့ ပြဿနာရှာနိုင်မှာပဲ ဖြစ်ပါတယ်။

လင်းဖုန်းက ရှောင်ယန်ကို နဂို အလောင်းအစား အရ ရှင်းယွင်တောင်ထိပ်ကို ခေါ်လာခဲ့ပေမဲ့၊ မုယုံယန်ရန်ကို မတွေ့ရဘူးဆိုရင် အလင်းဓားမြန်ဂိုဏ်းဟာ အကျပ်အတည်း ဆိုက်သွားမှာ ဖြစ်ပါတယ်။ သူတို့က ဘယ်လိုများ ဖြေရှင်းနိုင်မှာလဲ?

ရှကျိုးမြို့ပြင်က တောင်ပေါ်မှာ ဂိုဏ်းဖွင့်ပွဲ ပြုလုပ်ပြီးသွားတဲ့နောက်မှာ၊ လင်းဖုန်းနဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းတို့ဟာ နာမည်အတော်ရသွားခဲ့ပါတယ်။ လင်းဖုန်းကလွဲလို့၊ ကျန်တဲ့ သူ့ရဲ့ တပည့်တွေ အားလုံးရဲ့ နောက်ခံ အကြောင်းအရာတွေဟာ လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး။

လင်းဖုန်းနဲ့ တွေ့ပြီးနောက်မှာ၊ ရှောင်ယန်ဟာ သူ့ရဲ့ ပင်ကိုစွမ်းရည်တွေကို ဖြုန်းတီးပစ်ပြီး အဓိပ္ပာယ် မဲ့နေတဲ့ ဘဝကနေ၊ သူ့ရဲ့ အစွမ်းတွေဟာ မိုးထိုးတဲ့အထိကို တိုးတက်လာခဲ့ပါတယ်။ သူ့ရဲ့ဇာတ်လမ်းဟာ ဒီကနေ့ လူငယ်တွေရဲ့ လှုံ့ဆော်မှု ဖြစ်လာခဲ့ပြီး၊ သူကလည်း စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့တာပါ။

မုယုံယန်ရန်ရဲ့ စေ့စပ်ပွဲ လာဖျက်ခဲ့တဲ့ သတင်းကလည်း ပျံ့နှံ့နေပြီ ဆိုတာက ရှောင်လွှဲလို့ရတဲ့ အရာမျိုး မဟုတ်ပါဘူး။ ဘာပဲပြောပြော လူတွေဟာ အတင်းတုတ်ရတာ ဝါသနာပါပြီး၊ ဒီလိုမျိုး ဇာတ်လမ်းဟာ လူတိုင်းကြိုက်တဲ့ အရာမျိုးလည်း ဖြစ်နေတာပါ။

အစပထမကတော့ ပတ်ဝန်းကျင်က လူတွေ အနည်းငယ်ကသာ သိကြတာပါ။ ဒါပေမဲ့လည်း လင်းဖုန်းရဲ့ တိုးတက်လာတဲ့ ရေပန်းစားမှုနဲ့အတူ၊ ရှင်းယွင်တောင်ထိပ်ကို ရှောင်ယန်နဲ့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလာခြင်းကြောင့်၊ ပိုပိုများတဲ့သူတွေက ဒီအကြောင်းကို သိနေကြပါပြီ။

အလင်းဓားမြန်ဂိုဏ်းကတော့ ပြဿနာက ပိုမိုကြီးမားလာမှုနဲ့အတူ၊ ခေါင်းကိုက်စရာတွေက ပိုပိုများလာခဲ့ပါတယ်။

တကယ်လို့များ တိုက်ခိုက်မဲ့ အချိန်အထိ မုယုံယန်ရန်က ပေါ်မလာခဲ့ရင်၊ အပြင်လူတွေကတော့ သူမဟာ ကြောက်ရွံ့နေလို့လို့ပဲ ထင်ကြမှာပါ။ ဒါဟာ တိုက်ပွဲကို ရှုံးနိမ့်ခြင်းထက်ကို ပိုပြီးတော့ အရှက်ကွဲခြင်းပဲ ဖြစ်ပါတယ်။

ပြီးတော့လည်း အလင်းဓားမြန်ဂိုဏ်းဟာ ချုံးယွင်မင်းသားကို ချစ်ကြည်ရေးချိုးငှက် လွှတ်လိုက်ပြီး ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဘက်လုံးရဲ့ ဖိအားတွေကနေ၊ အလင်းဓားမြန်ဂိုဏ်းဟာ ပြိုကွဲသွားနိုင်ပါတယ်။

မုယုံယန်ရန်ဟာ လင်းဖုန်းကို မော့ကြည့်လိုက်ပြီး၊ သူမရဲ့ အတွေးတွေဟာ ရပ်တန့်သွားခဲ့ပါတယ်။ သူမရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေကို သိသာထင်ရှားစွာ မြင်နိုင်ပါတယ်။

လင်းဖုန်းရဲ့ အာရုံတွေကတော့ သူမရဲ့ အနားမှာ ရှိမနေပါဘူး။ သူက အသိစိတ် တစ်စကို ထုတ်လွှတ်လိုက်ပြီး၊ အသံလွှင့် ကျောက်တုံးတစ်ခုကို ချေမွလိုက်ကာ တစ်ဘက်ကလူနဲ့ တိတ်တဆိတ် ဆက်သွယ်လိုက်ပါတယ်။

"အခုတလောမှာ စိတ်ဝင်စရာ ကောင်းတဲ့ အရာတစ်ခုများ ဖြစ်ပျက်ခဲ့သလား?"

သလင်းကျောက်ရဲ့ အခြားတစ်ဖက်ကနေ၊ ချိုသာတဲ့ အမျိုးသမီး အသံတစ်ခုဟာ ထွက်လာခဲ့ပါတယ်။ ဒီအသံဟာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အတိတ်က မြင့်မြတ်သော အပျိုစင် သမီးတော် ယန့်မင်းရွဲ့ရဲ့ အသံနဲ့ တူပါတယ်။ "မာစတာလင်းက စိတ်ဝင်စားစရာ ကောင်းတဲ့ တစ်ခုခုကို ရှာချင်နေတယ်ဆိုရင်၊ ရှင်ကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မယ်။ ရှင်က မဟာချင် အင်ပါယာ တစ်ဝက်ကျော်ကို ဖြတ်ကျော်ပြီး၊ ရှင့်တပည့်တွေနဲ့အတူ ရှင်းယွင်တောင်ထိပ်ကို သွားနေတာလေ"

သူတို့နှစ်ယောက်ဟာ သိနေခဲ့တဲ့ အချိန်တွေ ကြာလာခဲ့ပြီ ဖြစ်လို့၊ လင်းဖုန်းဟာ ယန့်မင်းရွဲ့ရဲ့ စနောက်တတ်မှုတွေကို ကျင့်သားရနေပြီ ဖြစ်ပါတယ်။ "မင်းက ငါဘာလိုချင်သလဲ ဆိုတာကို သိပါတယ်"

ယန့်မင်းရွဲ့ကလည်း သိတာပေါ့။ လင်းဖုန်းက သူက နဂါးနဲ့ နယ်မြေပေါင်း များစွာကို ဖြတ်ကျော်ပြီး ခရီးသွားခဲ့တဲ့ ဖြစ်စဉ်မှာ၊ အခြားထိပ်တန်း စွမ်းအားစုတွေရဲ့ တုံ့ပြန်မှုကို ဆိုလိုခြင်း ဖြစ်ပါတယ်။

"မဟာချင် အင်ပါယာရဲ့ အိမ်ရှေ့မင်းသား ချုံးယွင်က လတ်တလောမှာ ရှီးလင်မြို့ကနေ ထွက်သွားပြီး၊ သူက ဘယ်ရောက်နေသလဲ ဆိုတာကိုတော့ ဘယ်သူကမှ မသိကြဘူး" ယန်မင်းရွဲ့က တိုးတိုးလေး ပြောလိုက်ပါတယ်။ "လူတွေကတော့ သူဟာ မဟာချင် အင်ပါယာရဲ့ အရှေ့တောင်ပိုင်းကို သွားနေတာလို့ ပြောနေကြတာပဲ"

မဟာချင် အင်ပါယာရဲ့ အရှေ့တောင်ပိုင်းဟာ အလင်းဓားမြန်ဂိုဏ်းရဲ့ နယ်မြေဖြစ်ပြီး၊ ရှင်းယွင်တောင်ထိပ် တည်ရှိနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

"သူက ကိုယ်တိုင်ကိုယ်ကျ လာခဲ့တာလား?" လင်းဖုန်းက အနည်းငယ်ကြာအောင် စဉ်းစားလိုက်ပြီး ရုတ်တရက် မေးလိုက်ပါတယ်။ "မဟာချင် အင်ပါယာမှာ တောက်ပလာတဲ့ ကြယ်ပွင့်တစ်ပွင့် ပေါ်ထွက်လာတယ် ဆိုတာကို ကြားထားတယ်၊ ဟုတ်ရဲ့လား?"

ယန့်မင်းရွဲ့က ပြန်ဖြေလိုက်ပါတယ်။ "မာစတာလင်းက သူတို့ရဲ့ နန်းရင်းဝန် အသစ်ကို ဆိုလိုတာပဲ ဖြစ်ရမယ်? ကောလဟာလတွေ အရဆိုရင် သူက ကျင့်ကြံမှု စွမ်းရည် တစ်စက်မှ မရှိပေမဲ့၊ သူက မဟာချင် အင်ပါယာရဲ့ အမတ်တွေကို ဩဇာလွှမ်းနိုင်ပြီး၊ သူ့ရဲ့လက်အောက်မှာ ထားနိုင်ခဲ့တာပဲ"

"သူကိုယ်တိုင်က ကျင့်ကြံသူ မဟုတ်ပဲနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နိုင်တယ်။ ဒီလူက တော်တော့်ကို ထူးခြားတဲ့သူပဲ ဖြစ်ရမယ်" လင်းဖုန်းက ပြုံးလိုက်ပြီး နောက်ထပ် တွက်ချက်နေခဲ့ပါတယ်။ "ကျေးဇူးတင်ပါတယ်၊ တာအိုရောင်းရင်းယန့်"

ယန့်မင်းရွဲ့ရဲ့ အသံဟာ တည်ငြိမ်နေခဲ့ပြီး ပြန်မေးလိုက်ပါတယ်။ "ရပါတယ်၊ မာစတာလင်း။ ကျွန်မကလည်း မေးပါရစေ၊ ရှင့်ရဲ့တပည့် ဇူရီဟာ ဘယ်အချိန်မှာ ထျန်းကျင်းမြို့ကို ပြန်လာမှာလဲ? သူက မာစတာမုန့်ရဲ့ အုတ်ဂူကို မရောက်တာ အချိန်အတော်ကြာသွားပြီရှင့်"

လင်းဖုန်းက ဘွင်းဘွင်းပဲ ပြန်မေးလိုက်ပါတယ်။ "ခင်ဗျားက ခင်ဗျားကိုယ့်ကိုယ် မေးတာလား၊ ဒါမှမဟုတ် ရွှမ်ကျိအမတ် ဇူဟုန်ဝူအတွက် မေးတာလား?"

ယန့်မင်းရွဲ့က ပြန်ဖြေလိုက်ပါတယ်။ "ကျွန်မက ကျိုးဧကရာဇ် အတွက် မေးတာပါ"

လင်းဖုန်းက ရယ်လိုက်ပြီး စလိုက်ပါတယ်။ "ခင်ဗျားက မုန့်ပင်းယွင်ရဲ့ ခြေရာနောက် လိုက်မနင်းပဲ ဇူဟုန်ဝူကို လက်ထပ်ဖို့ မကြိုးစားပဲ၊ နန်းတွင်းကို တိုက်ရိုက်ဝင်ချင်နေတာလား?"

"မာစတာလင်းက တော်တော်နောက်တတ်တာပဲ" ယန့်မင်းရွဲ့ရဲ့ အသံဟာ ရယ်ချင်ချင် ဖြစ်နေခဲ့ပါတယ်။ "ကျွန်မနဲ့ ဆက်ဆံနေတဲ့ ပုဂ္ဂိုလ်ဟာ မာစတာမုန့်ရဲ့ ပုဂ္ဂိုလ်နဲ့ မတူဘူးဆိုတော့၊ ကျွန်မက နည်းလမ်း အတူတူသုံးလို့ ဘယ်ဖြစ်မလဲ?"

လင်းဖုန်းရဲ့ မျက်လုံး သူငယ်အိမ်တွေဟာ ကျဉ်းသွားခဲ့ပါတယ်။ သူသိသလောက်ဆိုရင်၊ မုန့်ပင်းယွင်နဲ့ ယန့်မင်းရွဲ့တို့ဟာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ပါတီတစ်ခုတည်းကပါ။ သူမရဲ့ လေသံအရဆိုရင်၊ သူမက အရင်နည်းလမ်းအတိုင်း မလုပ်ချင်တော့တဲ့ပုံ ပေါက်နေပါတယ်။ သူမကများ အစီအစဉ် အသစ်တွေ ဆွဲထားပြီလား?

လင်းဖုန်းက ခေါင်းထဲမှာ အတွေးတွေနဲ့ ပတ်ချာလည်နေပေမဲ့၊ သူ့ရဲ့လေသံမှာ သဲလွန်စတွေ မပေါ်အောင် သတိထားလိုက်ပြီး၊ ပြန်ပြောလိုက်ပါတယ်။ "ကျုပ်ကသိပါပြီ။ ကျုပ်က မှားသွားတယ်လို့ပဲ ထားလိုက်ပါတော့"

ယန့်မင်းရွဲ့က ဆက်ပြောလိုက်ပါတယ်။ "ဟုတ်ပြီ၊ မာစတာလင်းကို ကြိုပြောထားရဦးမယ်။ နောက်ရက် အနည်းငယ်ကျရင်၊ ကျွန်မက ပိုင်ယွင်တောင်ကို ပြန်တော့မယ်။ အဲ့ဒီအချိန်ကျလို့ရှိရင်၊ ဒီလိုမျိုး မာစတာလင်းနဲ့ ဆက်သွယ်နိုင်မှာ မဟုတ်တော့ဘူး"

လင်းဖုန်းက ခေါင်းညိတ်လိုက်ပါတယ်။ ယန့်မင်းရွဲ့က အခုလို ကြိုပြောထားတာလည်း ကောင်းပါတယ်။ သူကလည်း စီစဉ်စရာတွေကို ကြိုတင်ပြင်ဆင်ထားလို့ရပြီး၊ မမြင်နိုင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရလို့ရှိရင် အငိုက်မမိတော့ဘူးပေါ့။

"ခရီးလမ်း ချောမွေ့ပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်" လင်းဖုန်းက ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။

ယန့်မင်းရွဲ့ကလည်း ရယ်လိုက်ပြီး၊ "ကျွန်မကို ပြန်မောင်းမထုတ်ရင်ပဲ ကျွန်မက ကျေနပ်နေပါပြီ။ ဪ ဒါနဲ့၊ ဂျူနီယာပန်ကလည်း ပိုင်ယွင်တောင်ကို ပြန်သွားပြီ ကြားတယ်။ သူ့ရဲ့ ပင်ကိုစွမ်းရည်ရယ်၊ ရှကျိုးကနေ ရလာခဲ့တဲ့ သင်ခန်းစာတွေနဲ့ ဆိုရင်၊ သူက သိပ်မကြာခင်မှာပဲ အဆင့်တက်တော့မယ်နဲ့ တူတယ်"

လင်းဖုန်းက ပြုံးလိုက်ပေမဲ့ ဒီအကြောင်းကို ဆက်မပြောတော့ပဲ၊ နှုတ်ဆက်လိုက်ပါတယ်။ "ခရီးလမ်း ဖြောင့်ဖြူးသာယာပါစေ၊ သူငယ်ချင်းရေ"

"ကျွန်မကလည်း ရှင်းယွင်တောင်ကို သွားတဲ့ လမ်းတစ်လျှောက်မှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်" ယန့်မင်းရွဲ့ကလည်း သဘောပေါက်နေခဲ့ပြီး၊ ပန်ကျဲအကြောင်းကို စကားမဆက်တော့ပဲ စကားဝိုင်းကို ရပ်လိုက်ပါတော့တယ်။

လင်းဖုန်းက အတန်ကြာအောင် တွေးနေပြီးနောက်မှာ သူ့ကိုယ်သူ ရေရွတ်နေခဲ့ပါတယ်၊ "ငါရဲ့ သီအိုရီကို စမ်းသပ်ချင်လို့ရှိရင်၊ နေရာတစ်ခုကိုတော့ သွားဦးမှ ဖြစ်မယ်"

သူက ခေါင်းကိုမော့ပြီးကြည့်လိုက်တော့၊ မုယုံယန်ရန်ရဲ့ စိုးရိမ်ပူပန်နေတဲ့ အကြည့်တွေနဲ့ ဆုံခဲ့ပါတယ်။ သူက ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်တော့၊ ခရမ်းရောင် တိမ်တိုက်တစ်ခုက သူမကို ဖုံးလွှမ်းသွားခဲ့ပြီး၊ သူမကလည်း ချက်ချင်း သတိလစ်သွားခဲ့ပါတယ်။

လင်းဖုန်းက ရှောင်ယန်တို့အုပ်စုကို ပြန်ခေါ်လိုက်ပြီး၊ မှော်စွမ်းအင် အရံအတားကို ပယ်ဖျက်လိုက်ကာ၊ မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာကို အနားလာခွင့်ပေးလိုက်ပါတယ်။

မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာဟာ သင်္ကာမကင်း ဖြစ်နေခဲ့ပါတယ်။ သူက တည်ကြည်ငြိမ်သက် နေတဲ့ပုံကို အတတ်နိုင်ဆုံး ဖမ်းထားခဲ့ပေမဲ့၊ လင်းဖုန်းနဲ့ သူ့ရဲ့တပည့်တွေဟာ မုယုံယန်ရန်နဲ့များ တွေ့ခဲ့သလား ဆိုတာကို အသေးစိတ် အကဲခတ်နေခဲ့ပါတယ်။

ရှောင်ယန်တို့ အဖွဲ့ကလည်း လင်းဖုန်းရဲ့ ညွှန်ကြားချက်တွေကို အစောကြီး ကတည်းက ရထားပြီးသား ဆိုတော့၊ သူတို့ရဲ့ မျက်နှာပေါ်မှာ ဘာခံစားချက်မျိုးမှ မရှိပဲ၊ မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာဟာ ဘာမသင်္ကာစရာကိုမှ မတွေ့ခဲ့ရပါဘူး။

ဒါကြောင့်ပဲ မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာဟာ ပိုပိုပြီးမှ သတိထားခဲ့ရပါတယ်။

လင်းဖုန်းက အရင်စပြီး ပြုံးကာ ပြောလိုက်ပါတယ်။ "ကျုပ်တို့က ရှင်းယွင်တောင်ထိပ်ကို မသွားသေးခင်မှာ တစ်နေရာကို အရင်သွားချင်သေးတယ်။ မိတ်ဆွေကများ လိုက်ချင်နေလား?"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

47.8K 3.8K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
109K 18.3K 89
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
6.6K 474 22
Title - I Inherit an auction house at the start trillion times rebate လေလံအိမ်ရဲ့အရှင်သခင် ဘာသာပြန် - ချိတ်/ဇော်ထက်နိုင် မူရင်းစာရေးဆရာ - Place of Be...
96.1K 9.6K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...