အပိုင်း ၁၇၂ : ရက်ရောလှစွာသော ဆုလာဘ်!
အောက်က အုပ်စုထဲမှာ ခံစားချက် ရေချိန်တွေဟာ မြင့်တက်နေဆဲမှာပဲ… ဂန်ဂျင်ကျားမိစ္ဆာ အုပ်စုတို့ဟာ နောက်ပြန်ဆုတ်ဖို့ကို ရွေးချယ်လိုက်ကြပါတယ်။ ဂန်ဂျင်ကျားဘုရင်က သေသွားပြီဆိုတော့… သူတို့က မထွက်သွားခဲ့ရင် အကင်ခံရတော့မှာပဲ ဖြစ်တာပါ။
လင်းဖုန်းကလည်း ထွက်ပြေးသွားကြတဲ့ ကျားမိစ္ဆာတွေကို ဂရုမထားခဲ့ပဲ… သူဟာ အခွင့်အရေးကို အပိုင်အသုံးချကာ ဆေးဝါးတစ်ရာဂိုဏ်းက တပည့်တွေကို အားပေးနှစ်သိမ့်နေခဲ့ပါတယ်။
သူ့ရဲ့ ရေပန်းစားမှု အလားအလာတွေကို တကယ့် အစစ်အမှန် ရေပန်းစားမှု အဖြစ်ကို ပြောင်းလဲနိုင်ဖို့ဆိုရင် ဒီလူစုတွေရဲ့ သတင်းဖြန့်မှုကို လိုနေခဲ့တာလေ။
သူ့ရဲ့ ပြန်ပြောပြမှု အရဆိုရင်တော့… လင်းဖုန်းဟာ ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ မိတ်ဆွေရင်းကြီးဖြစ်ပြီး… သူ့သူငယ်ချင်းရဲ့ အကျပ်အတည်းကို ကျော်လွှားဖို့အတွက် အကူအညီ တောင်းတာကို ခံခဲ့ရတော့… အလျှင်အမြန် ပေးလာပြီး ကူညီခဲ့တာပဲ ဖြစ်တာပါ။
ဂန်ဂျင်ကျားဘုရင်ကို အောင်မြင်စွာနဲ့ သုတ်သင်နိုင်ခဲ့ပေမဲ့… ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း အသက်ပေးခဲ့ရပါတယ်။
"ဟင်း… ဘယ်သူက ထင်ထားမိမှာလည်း? နှစ်ပေါင်းတစ်ထောင်ကျော် တည်မြဲနေခဲ့တဲ့ ခင်မင်ရင်းနှီးမှုတွေဟာ ဒီလိုပဲ အဆုံးသတ်သွားလိမ့်မယ်လို့?" လင်းဖုန်းက ခေါင်းကို အတန်ငယ် ခါလိုက်ပြီး သက်ပြင်းချလိုက်ပါတယ်။
ဆေးဝါးတစ်ရာဂိုဏ်းက တပည့်တွေကလည်း သူတို့ရဲ့ ခေါင်းဆောင်ကြီးက မရှိတော့လို့… ရှေ့ဆက်ရမယ့် ခရီးကြမ်းတွေကို စဉ်းစားမိလိုက်တော့ သူတို့ရဲ့ ရင်ထဲမှာ ဝမ်းနည်းမှုတွေနဲ့အတူ ဆို့နင့်ကာ လာခဲ့ကြပါပြီ။
လင်းဖုန်းကလည်း အချိန်အနည်းငယ်လောက်ကြာအောင် သူတို့ကို နှစ်သိမ့်ပေးနေခဲ့ပြီးမှ… လူအုပ်ကြီးထဲကနေ ထွက်လာခဲ့ပါတယ်။ လူအုပ်ကြီးကို ကြည့်လိုက်ပြီး သူဟာ မြာသမား ဟုန်ရဲ့နဲ့ သူ့ရဲ့ မိန်းမခန်းဆောင်ကြီးဟာ ပျောက်ကွယ်သွားခဲ့တာကို တွေ့လိုက်ရပါပြီ။ ကြည့်ရတာတော့ သူတို့ဟာ မိုးပြာရောင် လျှပ်စီး စစ်ရထားနဲ့အတူ ဖရိုဖရဲ ဖြစ်နေကြတာကို အခွင့်ကောင်း ယူပြီးမှ လွတ်မြောက်သွားကြတာပါ။
လင်းဖုန်းကလည်း မိန်းမခန်းဆောင်ရဲ့ ခေါင်းဆောင်က ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေးကို လိုချင်တဲ့ အကြောင်းကို ပြောထားတာကို မှတ်မိသွားပြီး… သူ့ရဲ့ မျက်မှောင်အစုံကို ကြုတ်လိုက်ပေမဲ့ ဘာကိုမှာ ဆက်မပြောခဲ့ပါဘူး။
လင်းဖုန်းက ချန်ချွန်းတောင်အောက်ကို ဆင်းသွားခဲ့ပြီး… သူ့ကို စောင့်နေကြတဲ့ ခန်းနန်ဟွာနဲ့ ယွဲ့ဟုန်ယန်တို့ကို သွားတွေ့လိုက်ပါပြီ။
"ဟဲဟဲ… တာအိုရောင်းရင်းတို့… ခင်ဗျားတို့က အဆင်ပြေကြတယ်မလား?" လင်းဖုန်းက ပြုံးပြီးမှ မေးလိုက်ပါတယ်။
ခန်းနန်ဟွာက သက်ပြင်းချလိုက်ပြီး… ရင်ကွဲပက်လက် ဖြစ်နေတဲ့ အမူအရာမျိုးနဲ့ ဘာကိုမှ ပြန်မပြောခဲ့ပါဘူး။
လင်းဖုန်းကလည်း အနည်းငယ် အံ့ဩသွားခဲ့ပြီး သူ့ဘေးမှာ ရှိနေတဲ့ ယွဲ့ဟုန်ယန်ကို ကြည့်လိုက်ရာ… ပုံမှန်ဆိုရင် ခေါင်းမာတက်ကြွနေတတ်တဲ့ မိန်းကလေးရဲ့ မျက်လုံးအစုံဟာ အနည်းငယ် နီရဲနေခဲ့တာကို တွေ့လိုက်ရပါတယ်။
"ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ပြိုကွဲသွားခဲ့ပြီ!"
လင်းဖုန်းကလည်း မှင်သက်သွားခဲ့ပြီး ပါးစပ်အဟောင်းသားနဲ့ ယွဲ့ဟုန်ယန်ကို စိုက်ကြည့်နေခဲ့ကာ… ဘာကိုမှ မပြောနိုင်ခဲ့ပါဘူး။
ဒါတွေက ဘယ်လိုမျိုး မျက်လုံးတွေလည်း? သူတို့ဟာ ပြင်းထန်တဲ့ မုန်တိုင်း မတိုက်ခတ်သေးခင်မှာ ဖြစ်နေတဲ့ ကောင်းကင်ပုံစံနဲ့ ရေခဲလိုမျိုး အေးစက်နေခဲ့ပေမဲ့… သူ့ရဲ့ အလယ်မှာတော့ ပြင်းထန်လှတဲ့ မီးတောက်မီးလျှံတွေနဲ့ အတူ တောက်လောင်နေခဲ့တာပါ။
အစွန်းရောက်နေတဲ့ နာကျည်းမှုတွေနဲ့ ဒေါသထွက်မှုတို့ကို ဒီမျက်လုံးအစုံရဲ့ အတွင်းမှာ သိပ်သည်းစွာနဲ့ ဖိနှိပ်ထားခဲ့တာလေ… သူတို့ကို မီးတောက်နေတဲ့ အနီရောင် မုန်တိုင်းတိမ်တိုက်တွေလိုမျိုး ပြောင်းလဲစေခဲ့တာပါ။
လင်းဖုန်းကလည်း ခန်းနန်ဟွာကို စိုက်ကြည့်လိုက်ပြီး… သူ့ရဲ့ ရင်ထဲက မကျေနပ်မှုတွေနဲ့ အားမလို အားမရ ဖြစ်နေမှုတွေကို ခံစားနိုင်ခဲ့ပါတယ်။ သူက အခုအချိန်မှာ ဘာပြောရမှန်းကို မသိတော့ပါဘူး။
ခန်းနန်ဟွာကလည်း ဒီအချိန်မှာ သတိပြန်ဝင်လာခဲ့ပြီး… သူ့ရဲ့ခေါင်းကို ခါလိုက်ကာ လင်းဖုန်းကို ကြည့်လိုက်ပြီး… ဟင်း… ဒီအကြောင်းကို ဆက်မပြောပါနဲ့တော့ဗျာ။ ဒီကလေးတွေကို ခင်ဗျားက ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိသလည်းဗျ?"
လင်းဖုန်းကလည်း သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်ကာ… ဆေးအိုးကြီးတွေရဲ့အောက်က ဖြိုးမောက်မြေကြီးတွေကို ယူလိုက်ပြီး… "အင်း… ကျုပ်က အစပထမကတော့ ဒီနေရာကို ဖြိုးမောက်မြေကြီးတွေအတွက် လာခဲ့တာဗျ။ ဒါပေမဲ့လည်း ဆေးဝါးတစ်ရာ ဂရန်းမာစတာက လူမဆန်တဲ့ နည်းလမ်းတွေနဲ့ ဆေးဖော်နေတာကို တွေ့လိုက်ရတော့… ကျုပ်က သူ့ကိုသတ်ဖို့ ဆုံးဖြတ်လိုက်တာပဲ…"
"အဲ… ဒီကလေးတွေ အနေနဲ့ကတော့… သူတို့ကသာ အိမ်ကိုပြန်တတ်မယ် ဆိုရင်တော့… သူတို့ကို အိမ်ပြန်ပို့ပေးလိုက်တာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်နဲ့ တူတယ်…"
ခန်းနန်ဟွာကလည်း သဘောတူလှစွာနဲ့ ခေါင်းညိတ်လိုက်ပြီး… "ဟုတ်… ကျုပ်ကလည်း ဒီလိုပဲ စဉ်းစားထားတာပဲ။ ဒါပေမဲ့လည်း အခုက အခြေအနေကို ကြည့်ရတာတော့ အဲ့ဒီလို လုပ်လို့ ရတော့မှာ မဟုတ်ဘူးဗျ…"
"အိုး… ဘာဖြစ်လို့များလည်း?" လင်းဖုန်းကလည်း မေးလိုက်ပါပြီ။
ယွဲ့ဟုန်ယန်ကလည်း… "စီနီယာရှင့်… ဒီကလေးတွေဟာ ဆေးဝါးတစ်ရာ ဂရန်းမာစတာက နေရာပေါင်းစုံကနေ ယူဆောင်လာခဲ့တာပဲ။ သူတို့ကို စခေါ်လာစတုံးက သူတို့က အရွယ်ငယ်သေးပြီး မသိတတ်သေးဘူး။ ပြီးတော့လည်း သူတို့ကို ဆေးအိုးထဲကိုထည့်ပြီးတော့ အပြုတ်ခံလိုက်ရတော့… သူတို့ဟာ ပိုပြီးတော့ စိတ်ရှုပ်ထွေးသွားကြပြီး… သူတို့က ဘယ်ကနေ လာသလည်း ဆိုတာနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို မမှတ်မိကြတော့ဘူးရှင့်…"
လင်းဖုန်းကလည်း သက်ပြင်းတစ်ချက်ကို တိတ်တိတ်ကလေး ချလိုက်ပြီး… "ဟင်း… ဆေးဝါးတစ်ရာ ဂရန်းမာစတာက ပြဿနာ တော်တော်ရှာတဲ့ ဘဲကြီးပဲ…"
ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းဟာ ဘာဖြစ်သွားသလည်း ဆိုတာကို တိတိကျကျ မသိသေးပေမဲ့… အခုလက်ရှိ ခန်းနန်ဟွာနဲ့ ယွဲ့ဟုန်ယန်တို့ဟာ အိမ်မဲ့ယာမဲ့ ဖြစ်နေကြတော့… သူတို့ကို ဒီကလေးတွေကို စောင့်ရှောက်ခိုင်းခဲ့ရင် သူတို့အတွက်က ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေမှာပါ။
STORY CONTINUES BELOW
လင်းဖုန်းကလည်း ခဏလောက် စဉ်းစားလိုက်ပြီး… "ကဲ… ကိစ္စမရှိပါဘူးကွာ… ငါ့ရဲ့ဂိုဏ်းမှာကလည်း ဆေးပင်တွေကို ပြုစုစောင့်ရှောက်မယ့် သူတွေကို လိုနေသေးတာပဲ။ သူတို့ကို တောင်ပေါ်ကို ခေါ်သွားပြီး သူတို့က သတိပြန်ရလာတဲ့ အချိန်မှာ… အိမ်ကိုမှတ်မိရင်လည်း သူတို့ကို အိမ်ပြန်ပို့တာပေါ့…"
ဒီအချိန်မှာတော့ လင်းဖုန်းဟာ အနည်းငယ် နှမြောတသ ဖြစ်နေခဲ့ပါတယ်။ ဒီကလေးတွေဟာ ကျရှုံးမှုနှုန်း များလှတဲ့ ဆေးဖော်စပ်ခြင်း ဖြစ်စဉ်ကို အောင်မြင်စွာနဲ့ ကျော်ဖြတ်လာနိုင်ကြလို့… သူတို့ရဲ့ စိတ်စွမ်းအားဟာ ကြံ့ခိုင်လှတာပါ။ ဆိုးတာက သူတို့မှာ လုံလောက်တဲ့ အရိုးအရင်းမြစ် မရှိတာလေ။
သူတို့ရဲ့ အထဲမှာ ရှိနေခဲ့တာက အတုအယောင် လုံခွက်တွေနဲ့ အတုအယောင် ဆေးလုံးတွေပါ။ ဒါပေမဲ့လည်း သူတို့ကို လုံလောက်တဲ့ အရင်းအမြစ်တွေကို ပေးခဲ့ရင်.. သူတို့ဟာ ဒီအတုအယောင် ဆေးလုံးတွေကို အဝါရောင်အဆင့် ဆေးလုံးတွေအဖြစ် ဖော်ဆောင်နိုင်မှာလေ။
တကယ်လို့များ သူတို့ကသာ သဘောပေါက် နားလည်နိုင်စွမ်း မြင့်မားခဲ့ရင်… ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ သူတို့ကို ဆေးအဖြစ်နဲ့ ဖော်စပ်မှာ မဟုတ်ပဲ… သူတို့ကို တပည့်အဖြစ်နဲ့ လက်ခံပြီး ဂိုဏ်းရဲ့ အနာဂတ် ထောက်တိုင်တွေအဖြစ် မွေးမြူထားမှာ ဖြစ်ပါတယ်။
"ဟဲဟဲ… ဒါပေမဲ့လည်း သူတို့ဟာ အနာဂတ်မှာ အစစ်အမှန် ဆေးလုံတွေကိုသာ ဖော်ဆောင်နိုင်ခဲ့ရင်… ရွှေရောင်ဗဟိုချက် အဆင့်က ချာတိတ်တစ်အုပ်စု ဖြစ်လာမှာပဲ… ကျွတ်ကျွတ်… ဒါကလည်း မဆိုးပါဘူးဟ…" လင်းဖုန်းက စိတ်ထဲကနေပဲ…"အင်း… ဒီကိစ္စက ပြီးသွားခဲ့ရင်… ငါက သူတို့ကို အစကနေပြီး တာအိုဝါဒကို ပြန်သင်ပေးရဦးမှာပဲ။ ဒါက အချိန်ဘယ်လောက် ကြာမလည်း ဆိုတာကိုတော့ မိုးနတ်မင်းကြီး ကမှပဲ သိမှာဟ…"
လင်းဖုန်းကလည်း ခန်းနန်ဟွာကို စိုက်ကြည့်လိုက်ပြီး… "ကဲ… ခင်ဗျားမှာက ဘာအစီအစဉ်တွေ ရှိသလည်းဗျ?"
"အင်း… ပထမ ဦးဆုံးတော့… ကျုပ်က နေရာတစ်ခုကို ရှာပြီးတော့ တံခါးပိတ်ပြီး လေ့ကျင့်ရမယ်။ အခုကျုပ်က အဆင့်တက်ခါနီးပြီဆိုတော့… တစ်ဆို့ကြန့်ကြာနေတဲ့ နေရာတွေကို ကျော်ဖြတ်ပြီးသွားရင်… ကျုပ်ဟာ ကျုပ်ရဲ့ ဝိညာဉ်ကို ဖော်ဆောင်နိုင်ပြီး အခြေတည်ဝိညာဉ် အဆင့်ကို ရောက်သွားတော့မှာပဲ…"
ခန်းနန်ဟွာဟာ ဒီအထိ ပြောလိုက်ပြီး… သူ့ရဲ့ မျက်လုံးအစုံဟာ စိတ်အားထက်သန်မှုတွေနဲ့ တောက်ပလာခဲ့ပြီး… "အင်း… ကျုပ်က အခြေတည်ဝိညာဉ် အဆင့်ကို ရောက်ရမယ်! ရောက်မှကို ဖြစ်မယ်ဗျ!"
လင်းဖုန်းကလည်း သူ့ကို ကြည့်လိုက်ပြီး ပြုံးလိုက်ကာ… "ဟဲဟဲ… ကျုပ်ခန့်မှန်းတာက မမှားခဲ့ရင်… ခင်ဗျားရဲ့ တစ်ဆို့ကြန့်ကြာနေတဲ့ အခြေအနေက ရေပြင်နဲ့ မြေကြီးတို့ရဲ့ မညီမျှမှုကြောင့် ဖြစ်နေခဲ့တာပဲ…"
ခန်းနန်ဟွာရဲ့ ဂင်္ဂါသဲနှုန်း ရှေးဟောင်းကျမ်းစာဟာ ရေအနွယ်ဝင်နဲ့ မြေကြီးအနွယ်ဝင် နည်းစနစ်တွေကို ပေါင်းစပ်ပြီးမှ လေ့ကျင့်ရတာပဲ ဖြစ်တာပါ။ သူ့ရဲ့ အစောနက ဂန်ဂျင်ကျားဘုရင်နဲ့ တိုက်ခိုက်တာကို ကြည့်ရခြင်းအားဖြင့်… သူဟာ ရွှေရောင်ဗဟိုချက် အဆင့်က အဆုံးမဲ့ ဂင်္ဂါသဲဒိုင်းရဲ့ မြေကြီးစွမ်းအားတွေနဲ့… ဂန်ဂျင်ကျားဘုရင်ကို ထိပ်တိုက်ရင်ဆိုင် နိုင်လုနီးပါးအထိ ဖြစ်ခဲ့တာလေ။
ဒါပေမဲ့လည်း သူ့ရဲ့ ရေအနွယ်ဝင် စွမ်းအားတွေဟာ သူတို့က ရှေးဟောင်းကမ္ဘာ စိမ့်မြေကနေ ခွဲခွာလာပြီးတဲ့နောက်မှာ… တိုးတက်လာခြင်း မရှိခဲ့ပါဘူး။
ဒီစကားကို ကြားလိုက်ရတော့ ခန်းနန်ဟွာရဲ့ မျက်လုံးအစုံဟာ လက်ကနဲ ဖြစ်သွားခဲ့ပြီး… သူ့ရဲ့ ခေါင်းကို ငုံ့လိုက်ကာ.. "အင်း… ခင်ဗျားပြောတာက မှန်ပါတယ်… ခင်ဗျားက ကျုပ်ရဲ့ အခြေအနေကို အတိအကျ ထောက်ပြခဲ့တာပဲ။ ကျုပ်ရဲ့ ဂင်္ဂါသဲနှုန်း ရှေးဟောင်းကျမ်းစာကနေ စွမ်းအားနှစ်မျိုးကို လေ့ကျင့်နိုင်တယ်ဗျ… တစ်ခုကတော့ ဂင်္ဂါသဲနှုန်းဖြစ်ပြီး… နောက်တစ်ခုကတော့ မဟာအကြွင်းမဲ့ ရေခြောက်ပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့… မဟာ ကစဉ့်ကလျား အကြွင်းမဲ့ရေပဲ ဖြစ်ပါတယ်…"
"ဒီအချိန်မှာတော့ ကျုပ်က မဟာ ကစဉ့်ကလျား အကြွင်းမဲ့ရေကို ကျင့်ကြံဖို့အတွက် သန္ဒိဋ္ဌာန် ချထားခဲ့တာပဲ။ တကယ်လို့များ ကျုပ်က ဒီနှစ်မျိုးကို ပေါင်းစည်းနိုင်ခဲ့မယ် ဆိုရင်တော့… ကျုပ်က အခြေတည်ဝိညာဉ် အဆင့်ကို ရောက်နိုင်သွားမှာပဲဗျ…"
လင်းဖုန်းကလည်း… "အင်း… အဲ့ဒီလို ဆိုရင်တော့… ခင်ဗျားက ကျုပ်နဲ့အတူ ယုကျင်းတောင်ကို လိုက်လာခဲ့ပါလားဗျ? ဒီနေရာက ခင်ဗျားကို ကျင့်ကြံမှုတွေကို အဆင့်တက်နိုင်ဖို့ ကူညီပေးနိုင်မယ်လို့ ထင်နေတာပဲ…"
ခန်းနန်ဟွာကလည်း အနည်းငယ် ချီတုံချတုံ ဖြစ်သွားခဲ့ပြီး… ယွဲ့ဟုန်ယန်ကို လှမ်းကြည့်လိုက်ပါတယ်။
ယွဲ့ဟုန်ယန်ကလည်း ပြုံးလိုက်ပြီး… "ဟင်းဟင်း… မစ္စတာခန်းက ကျွန်မကို စိတ်မချဘူး ဆိုရင်တော့… ကျွန်မက ကျွန်မကိုယ့်ကိုယ် ကောင်းကောင်း စောင့်ရှောက်မယ်လို့ ကတိပြုပါတယ်ရှင့်…"
လင်းဖုန်းကလည်း… "ကဲ… မင်းကသာ ဆန္ဒရှိရင်တော့… မင်းလည်း အတူတူ လိုက်လာခဲ့လို့ ရတာပဲ…"
သူတို့က ရှေးဟောင်းကမ္ဘာ စိမ့်မြေမှာ စတွေ့တုံးက… ယွဲ့ဟုန်ယန်ဟာ၁၅နှစ်.. ၁၆နှစ်ခန့်သာ ရှိသေးပေမဲ့… အခြေခံအုတ်မြစ် စဦးပိုင်း အဆင့်ကို ရောက်နေခဲ့ပါပြီ။ ဒါက တကယ့်ကိုပဲ လူတွေကို အံ့ဩစေတာပါ။
လင်းဖုန်းက အစပထမတုံးက သူမကို စွမ်းရည်စိစစ်တဲ့ ကိရိယာနဲ့ စစ်ဆေးကြည့်ခဲ့ပေမဲ့… သူမမှာက ဆရာတစ်ယောက် ရှိပြီးသား ဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ အခုသူက နောက်ထပ်တစ်ခေါက် ထပ်ပြီး စစ်ဆေးကြည့်လိုက်တော့… သူမရဲ့ အချက်အလက်တွေကို ဖော်ပြလိုက်ပါပြီ။
"စွမ်းရည် စိစစ်ခြင်း ကိရိယာဟာ စစ်ဆေးခြင်းများကို ပြုလုပ်လို့ ပြီးပါပြီ… ပစ်မှတ်ရဲ့ အချက်အလက်များမှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်…"
"အရိုးအရင်းမြစ် -> ၈… သဘောပေါက် နားလည်နိုင်စွမ်း -> ၈… စိတ်စွမ်းအား -> ၇… ကောင်းချီးမင်္ဂလာ > ၇…"
"ပစ်မှတ်ရဲ့ ပင်ကိုယ်စွမ်းရည်ဟာ အလွန်ကိုပဲ မြင့်မားပါတယ်… သူမကို တပည့်အဖြစ် သိမ်းသွင်းဖို့ ထောက်ခံပါတယ်။ သေချာစွာ ညွှန်ကြားပြသပေးပါ… ဂိုဏ်းရဲ့ထောက်တိုင် သေချာပေါက် ဖြစ်လာပါလိမ့်မယ်…"
လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ ကျဉ်းမြောင်းသွားခဲ့ပါပြီ။ ပင်ကိုစွမ်းရည် တန်ဖိုး ၃၀ရှိနေတော့… ရှောင်ယန်တို့တတွေနဲ့ တစ်ဆင့်တည်း မဟုတ်ပေမဲ့… သူမဟာလည်း ပါရမီရှင်တစ်ယောက် ဖြစ်တာပါ။
သူမဟာ နှင်းမုန်တိုင်းက ဒုက္ခသည်တစ်ယောက် ဖြစ်နေခဲ့ပေမဲ့… လင်းဖုန်းဟာ ဇူရီကို တပည့်အဖြစ် လက်ခံလိုက်ပြီးကတည်းက မဟာကျိုး အင်ပါယာနဲ့ အတိုက်အခံ ဖြစ်သွားခဲ့ပါပြီ။
သန်းတစ်ကောင် ပိုလာတာနဲ့တော့… ဘာမှထူးပြီးတော့ ပိုယားလာမှာ မဟုတ်ပါဘူး။ လင်းဖုန်းဟာ မဟာကျိုး အင်ပါယာကို စိန်ခေါ်မယ့် နောက်ထပ်တပည့် တစ်ယောက်ကို ထပ်လက်ခံဖို့ ဝန်လေးနေမှာ မဟုတ်ဘူးလေ။
ဒါပေမဲ့လည်း သူမဟာ ဘာဖြစ်လို့ အရင်ဆရာကို စွန့်ခွာလာခဲ့သလည်း ဆိုတာကို သူက စဉ်းစားနေခဲ့ပါတယ်။
ယွဲ့ဟုန်ယန်ရဲ့ မျက်လုံးအစုံဟာလည်း တောက်ပကာ လာခဲ့ပါပြီ။ လင်းဖုန်းက ခန်းနန်ဟွာကို အဆင့်တက်နိုင်မယ်လို့ အာမခံနေမှတော့… ဒီနေရာဟာ ကျင့်ကြံဖို့အတွက် အထူးကို သင့်တော်မယ် ဆိုတာက သံသယဖြစ်ဖွယ် မရှိပါဘူး။
သူမကလည်း သူမရဲ့ အပေါင်းအဖော်တွေအတွက် လက်စားချေချင် နေခဲ့တာမို့… သူမရဲ့ ကျင့်ကြံမှု အဆင့်တွေကို အလျှင်အမြန် တက်လှမ်းချင်နေခဲ့တာပါ။
ယွဲ့ဟုန်ယန်ကလည်း ရှက်ရွံ့စွာနဲ့… "အာ… ကျွန်.. ကျွန်မကလည်း လိုက်လို့ ရပါ့မလား?"
လင်းဖုန်းကလည်း ရယ်လိုက်ပြီး… "ဟားဟားဟား… ရတာပေါ့ဗျာ… ကျုပ်ဆီမှာက ဧည့်သည်တွေ မရှိတာ အချိန်အတော် ကြာသွားခဲ့ပြီ…"
ဒီစကားကို ကြားလိုက်ရတော့… ယွဲ့ဟုန်ယန်ဟာ အားရပါးရနဲ့ သူမရဲ့ခေါင်းကို တဆတ်ဆတ်နဲ့ ညိတ်နေပါတော့တယ်။
ခန်းနန်ဟွာကလည်း သူ့ရဲ့ခေါင်းကို မော့လိုက်ကာ… လင်းဖုန်းကို ကြည့်လိုက်ပြီး လေးနက်စွာနဲ့… "အင်း… ကျုပ်တို့က ရှေးဟောင်းကမ္ဘာ စိမ့်မြေမှာတုံးက ခင်ဗျားရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရတယ်။ အခုက ခင်ဗျားဟာ ကျုပ်ကို အကူအညီ ထပ်ပေးပြန်တော့… ကျုပ်မှာက ခင်ဗျားရဲ့ ကျေးဇူးတွေ သိပ်များနေပြီဗျာ။ ကျုပ်က ပြန်လုပ်ပေးနိုင်တာက ကျုပ်ရဲ့ နောက်ဆုံးနေ့တွေအထိ ခင်ဗျားရဲ့ နောက်ကို လိုက်ပြီးတော့… ခင်ဗျားရဲ့ အမိန့်တွေကို နာခံဖို့ပါပဲ။ ခင်ဗျားအတွက် လုပ်ပေးရင်း သေသွားခဲ့မယ် ဆိုရင်တောင်… ကျုပ်က နောင်တရမှာ မဟုတ်ပါဘူး…"
လင်းဖုန်းက တစ်ခုခုကို ပြန်ပြောမယ် လုပ်လိုက်ဆဲမှာပဲ… စနစ်ကြီးရဲ့ အသံကို ကြားလိုက်ရပါပြီ။
"ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူ မစ်ရှင်ကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်…"
"သင်ဟာ ခန်းနန်ဟွာကို သင့်ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူ အဖြစ် လက်ခံပါသလား?"
လင်းဖုန်းကလည်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး… "ဟာ… ဒါကလည်း အလုပ်ဖြစ်တာလားဟ?"
အနည်းငယ်လောက် စဉ်းစားလိုက် အပြီးမှာ သူက… "အင်း.. ရှေးဟောင်းကမ္ဘာ စိမ့်မြေ မှာတုံးက… ကျုပ်က ခင်ဗျားကို ပြောခဲ့ပြီးသားပဲ… ခင်ဗျားက ကျုပ်ရဲ့နောက်ကို လိုက်ဖို့ မလိုပါဘူးလို့။ ကျုပ်က ဝင်ပြီး ကူညီပေးခဲ့တာဟာ… ခင်ဗျားတို့ကို အခွင့်ကောင်းယူဖို့ မရည်ရွယ်ခဲ့ပါဘူး…"
"ဒီကနေ့မှာ… ကျုပ်က ခင်ဗျားကို ကျုပ်ရဲ့အိမ်ကို ဖိတ်ခေါ်တာကလည်း စေတနာ သက်သက်နဲ့ပါ…"
ခန်းနန်ဟွာဟာ သူ့ရဲ့ခေါင်းကို ခါလိုက်ပြီး လေးနက်စွာနဲ့… "ကျုပ်က ဒီလိုမျိုး ဆိုလိုတာ မဟုတ်ပါဘူး…" ပြီးတော့ တခြားဘာကိုမှ မပြောခဲ့ပဲ လေးစားစွာနဲ့ လင်းဖုန်းကို ဦးညွှတ်လိုက်ပါတယ်။
လင်းဖုန်းကလည်း သက်ပြင်းတစ်ချက် ချလိုက်ကာ သူ့ကို ထူပေးလိုက်ပြီး ပြုံးလိုက်ကာ… "ဟဲဟဲ… ကျုပ်ရဲ့ စကားတွေက မပြောင်းလဲပါဘူး။ ခင်ဗျားက ကျုပ်ရဲ့နောက်လိုက် လုပ်စရာ မလိုပါဘူး။ ဒါပေမဲ့လည်း ကျုပ်က ကျုပ်ရဲ့မိတ်ဆွေကို ပစ်ထားမှာ မဟုတ်ဘူးလေ… ခင်ဗျားက ကျုပ်ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူ လုပ်ဖို့ ဆန္ဒများ ရှိမလား မသိဘူး?"
"ကျုပ်မှာက မျောက်ရှုံးအောင်ဆော့တဲ့ တပည့်တစ်ချို့ ရှိနေပြီး… သူတို့ကို စည်းကမ်းရှိအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လူလိုနေတာပဲ…"
ခန်းနန်ဟွာကလည်း ဖွဖွလေး ပြုံးလိုက်ပြီး သူ့ရဲ့ စကားအသုံးအနှုန်းကို ပြောင်းလိုက်ပါပြီ… "အင်း… ကြီးမြတ်တဲ့ ဆရာတစ်ယောက်ဟာ… ကြီးမြတ်တဲ့ တပည့်တွေကို မွေးထုတ်ပေးနိုင်တာပဲ။ ကျွန်တော့် သခင်ရဲ့ တပည့်တွေကို အကြံဉာဏ် ပေးဖို့ဆိုတာက တာဝန်ကြီးလွန်းလှပါတယ်…"
"ခန်းနန်ဟွာဟာ အခုဆိုရင် သင့်ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူ ဖြစ်သွားခဲ့ပါပြီ။ သင်ဟာ ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ မစ်ရှင်ကို ပြီးမြောက်သွားတဲ့ အတွက်ကြောင့်… ကံစမ်းမဲ တစ်ခါနှိုက်ခွင့် ရရှိပါတယ်!"
လင်းဖုန်းကလည်း ပြုံးလိုက်ပါပြီ… ဒါက တစ်ခုဝယ်ရင် နောက်တစ်ခု လက်ဆောင်ရရှိတဲ့ အတိုင်းပါပဲ။
သူ့ရဲ့ အခု ခရီးတစ်ထောက်ဟာ အကျိုးမဲ့ မဖြစ်ခဲ့ပါဘူး။ သူဟာ ဖြိုးမောက်မြေကြီးအပြင်… ဆေးဝါးတစ်ရာ ဂိုဏ်းက တန်ဖိုးရှိတဲ့ ဆေးပင်တွေ အများအပြားကိုလည်း ရရှိခဲ့သေးတာပါ။ ဂန်ဂျင်ကျားဘုရင်ရဲ့ စိတ်ဝိညာဉ် အဆီအနှစ်နဲ့ သူ့ရဲ့ ရုပ်အလောင်းကိုလည်း ရရှိသေးပါတယ်။ ပြီးတော့ အလားအလာရှိတဲ့ ကောင်လေးတစ်ချို့ကိုလည်း ရခဲ့သေးတာလေ။
နောက်ဆုံးမှာတော့ သူဟာ အခြေတည်ဝိညာဉ် အဆင့်ကို ရောက်တော့မယ့် ကျင့်ကြံသူ တစ်ယောက်ကို ဂိုဏ်းရဲ့ ကာကွယ်စောင့်ရှောက်သူအဖြစ် ရရှိခဲ့ပြီး… ကံစမ်းမဲ တစ်ခါနှိုက်ခွင့်ကိုပါ အဆစ်ရခဲ့သေးပါတယ်။
"ဟဲဟဲ… ဘယ်လောက်တောင်မှ ရက်ရောလိုက်တဲ့ တိုက်ရာပါ ပစ္စည်းတွေလည်း! တကယ့်ကို ရက်ရောလှတဲ့ တိုက်ရာပါ ပစ္စည်းတွေပဲဟ!" လင်းဖုန်းကလည်း မအောင့်နိုင်တော့ပဲ သူ့ရဲ့ခေါင်းကို ကောင်းကင်ဆီကို မော့ကြည့်ပြီး ရယ်မောချင်နေခဲ့တာပါ။
မဟူရာ တိမ်တိုက်အလံကို ဖြန့်လိုက်ပြီး… ယွဲ့ဟုန်ယန်နဲ့ ကလေးတစ်သိုက်ကို တင်လိုက်ကာ… လင်းဖုန်းနဲ့ ခန်းနန်ဟွာတို့ဟာ ခွန်းလွန်တောင်ဆီကို ပျံသန်းသွားခဲ့ကြပါပြီ။
လင်းဖုန်းရဲ့ ဦးဆောင်မှုအောက်မှာ အားလုံးဟာ ယုကျင်းတောင်ပေါ်ကို ရောက်လာကြပါတယ်။ သူတို့ဟာ နတ်ပြည်အလား ဖြစ်နေတဲ့ ယုကျင်းတောင်ကို ငေးကြည့်နေကြပြီး… ယွဲ့ဟုန်ယန် အပါအဝင် ကလေးတစ်အုပ်စုတို့ဟာ မှင်သက်ငေးမော နေကြပါပြီ။
ခန်းနန်ဟွာရဲ့ မျက်နှာမှာတောင် အံအားသင့်နေတဲ့ အမူအရာတွေကို တွေ့နေနိုင်တာပါ… "ဟာ… သခင့်ရဲ့ နေရာလောက် ကောင်းတဲ့ နေရာမျိုးကို ကျွန်တော်က တစ်ခါမှ မတွေ့ဖူးသေးဘူး။ တွေးကြည့်လိုက်ရင်… ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ စူတောင်ဓားဂိုဏ်းတို့ရဲ့ နေရာထက်တောင် ပိုကောင်းမလား မသိပါဘူး?"
ယုကျင်းတောင်ရဲ့ မြင့်မြတ်တဲ့ အော်ရာတွေဟာ သူ့ကို အားအင်တိုးကာ တက်ကြွထက်သန် လာစေခဲ့ကာ… တံတွေးတစ်ချက်ကို မျိုချလိုက်ပြီး… "ဟာ… ဒီနေရာမှာသာ ကျင့်ကြံနိုင်ခဲ့ရင်… ကျွန်တော်က တစ်ဆို့ကြန့်ကြာနေတဲ့ အခြေအနေတွေကို ကျော်ဖြတ်ပြီး… ဝိညာဉ်ဖော်ဆောင်ခြင်းကို အောင်မြင်ဖို့ ၉၉%လောက် သေချာနေတာပဲ…"
ယွဲ့ဟုန်ယန်ကလည်း မဟူရာကောင်းကင် ရတနာသစ်ပင်ကို ကြည့်လိုက်ပြီး… စိတ်လှုပ်ရှားနေတဲ့ လေသံမျိုးနဲ့… "ဟာ… ကျွန်မကလည်း ဒီနေရာမှာသာ တစ်သက်လုံး လေ့ကျင့်နိုင်ခဲ့ရင်… ကျွန်မရဲ့ ကျင့်ကြံမှု အဆင့်တွေကလည်း တဟုန်ထိုး တိုးတက်လာမှာပဲ…"
လင်းဖုန်းကလည်း ကျေနပ်နေခဲ့ကာ သူ့ကိုယ်သူ တည်ငြိမ်မှု မပျက်အောင် သတိပေးနေရပြီး… အေးဆေးစွာနဲ့ပဲ… "ဟဲဟဲ… မင်းလေးကသာ ပျော်ရွှင်မယ် ဆိုရင်တော့… ကောင်းပါပြီကွာ… ကဲကဲ… ငါ့ရဲ့ မကျင်လည်တဲ့ တပည့်လေးတွေနဲ့လည်း မိတ်ဆက်ပေးရဦးမယ်…"
ပြီးတာနဲ့ သူဟာ ရှောင်ယန်နဲ့ ကျန်တဲ့သူတွေကို စိတ်ချင်းဆက်သွယ်ပြီး ခေါ်လိုက်ပါတော့တယ်။
ဘယ်သူက သိမှာလည်း… ဒီအချိန်မှာပဲ သူ့ရဲ့ နှလုံးခုန်နှုန်းတွေဟာ မြန်ဆန်လာခဲ့ပါပြီ… "ဟာ… ဒီမျောက်လောင်းလေးတွေ? ငါမရှိတဲ့ အချိန်မှာ သူတို့က ဘာတွေများ လုပ်ထားကြပြန်ပြီလည်း?"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu