ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) U...

By KazunoMora

86.7K 11.6K 70

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
အပိုင်း ၁၁၄ : တောင်ထိပ်ပေါ်က နောက်ထပ် တောင်တစ်တောင်
အပိုင်း ၁၁၅ : မီးလျှံကျီးကန်း နှိမ်နှင်းရေး အင်အားစုတစ်စု
အပိုင်း ၁၁၆ : စံပြလူသားလား?
အပိုင်း ၁၁၇ : ရေနဲ့မီးတို့ရဲ့ လုံးဝဆန့်ကျင်မှု
အပိုင်း ၁၁၈ : ပြည်သူလူထုတို့၏ မဟာမီးဖို နည်းစနစ်
အပိုင်း ၁၁၉ : ငါတကယ် မရည်ရွယ်ခဲ့ပါဘူး
အပိုင်း ၁၂၀ : အကြွင်းမဲ့ရေက ဘယ်ရောက်သွားတာလည်း?
အပိုင်း ၁၂၁ : တရားမျှတမှုဟာ မင်းအတွက် ဘယ်လောက်အရေးကြီးသလည်း?
အပိုင်း ၁၂၂ : ဒါက ငါဆိုလိုတဲ့ တရားမျှတမှုပဲ!
အပိုင်း ၁၂၃ : ဒါအိမ်မက်ပဲ ဖြစ်ရမယ်!
အပိုင်း ၁၂၄ : မီးလျှံကျီးကန်း မိစ္ဆာ အုပ်ချုပ်သူ
အပိုင်း ၁၂၅ : စစ်ဆေးမေးမြန်းခြင်း
အပိုင်း ၁၂၆ : မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့
အပိုင်း ၁၂၇ : တော်တော်ကြီးကို ကြီးမားတဲ့ အရှက်ရမှုပဲ
အပိုင်း ၁၂၈ : တိမ်တိုက်တွေရဲ့ အမြင့်ဆုံးမှာ
အပိုင်း ၁၂၉ : ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ
အပိုင်း ၁၃၀ : သက်ရှိအားလုံးတို့ရဲ့ မွေးဖွားခြင်း
အပိုင်း ၁၃၁ : ဝူတူး ဗဟို နတ်ဘုရား အလင်းတန်း
အပိုင်း ၁၃၂ : ဗလာနတ္တိ
အပိုင်း ၁၃၃ : သတ်ဖြတ်ခြင်းကို ခိုးယူသူ
အပိုင်း ၁၃၄ : ဂေလာကျောက်စိမ်း
အပိုင်း ၁၃၅ : မင်းတို့က ဒါကို ရှာနေတာလား?
အပိုင်း ၁၃၆ : ကောင်းကင်၏ စည်းရိုးများ
အပိုင်း ၁၃၇ : အဝီစိ ငရဲမုန်တိုင်း
အပိုင်း ၁၃၈ : ယုကျင်းတောင်နှင့် တောင်ထိပ်က ရတနာ သစ်ပင်ဆီကို ပြန်လာခြင်း
အပိုင်း ၁၃၉ : ဝကစ်သော ကလေးငယ်.. ဓားလွယ်ထားသော ကညာပျို.. စစ်တုရင် ကစားသမား
အပိုင်း ၁၄၀ : စနစ်ကြီးဟာ သူ့ရဲ့ ချီးထုပ်သဘာဝကို ဖော်ပြခဲ့ပြန်ပါပြီ
အပိုင်း ၁၄၁ : သူ့ရဲ့ပိုင်ရှင်ဟာ တကယ်ကိုပဲ အစွမ်းထက်ပါပေတယ်
အပိုင်း ၁၄၂ : ဝင်္ကပါချိုးဖောက်ဗုံ
အပိုင်း ၁၄၃ : ရွှေရောင်ဗဟိုချက်ကို မျိုချပြီး...
အပိုင်း ၁၄၄ : သူတို့ကို အတူတကွ ရင်ဆိုင်ကြရအောင်!
အပိုင်း ၁၄၅ : ကျိုးပေါက်ခြင်း!
အပိုင်း ၁၄၆ : လက်ချောင်းလေး တစ်ချက် ထိလိုက်ရုံနဲ့ပဲ
အပိုင်း ၁၄၇ : မျိုချပြီး ခြေဆောင့်နင်းခြင်း
အပိုင်း ၁၄၈ : နောက်ထပ်တစ်ခါ ပြန်ပြီးမှ ယှဉ်ပြိုင်ခြင်း
အပိုင်း ၁၄၉ : ဘာဖြစ်လို့လည်းဆိုတော့ ငါက ခွင့်မပြုလို့ပဲ
အပိုင်း ၁၅၀ : လူတွေရှိရင် တိုက်ခိုက်မှုတွေက ရှိကြမှာပဲ
အပိုင်း ၁၅၁ : ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော စိတ်ဝိညာဉ် နယ်မြေ
အပိုင်း ၁၅၂ : ဂိုဏ်း၏နာမည်
အပိုင်း ၁၅၃ : တစ်စုံတစ်ယောက်အတွက် ကြီးကျယ်ခမ်းနားသော ဝင်ရောက်ခြင်း
အပိုင်း ၁၅၄ : မိန်းမခန်းဆောင် တစ်ခု!!!
အပိုင်း ၁၅၅ : ထောင်ချောက်တစ်ခု?
အပိုင်း ၁၅၆ : ဆေးဝါးတစ်ရာဂိုဏ်း
အပိုင်း ၁၅၇ : ချင်ချွန်းတောင်ထိပ်ပေါ်ဝယ်
အပိုင်း ၁၅၈ : လျှို့ဝှက်ဆေးဖော်ခန်း
အပိုင်း ၁၆၀ : တိုက်ဆိုင်လှစွာပဲ... ငါ့မှာ ရထားမောင်းတစ်ယောက် လိုနေတယ်ကွ!
အပိုင်း ၁၆၁ : ကဲ... ဒီမှာ မြင်းတပ် လာပါပြီဗျာ!
အပိုင်း ၁၆၂ : တောင်ပေါ်ကို ကျားတစ်ထောင် ဆင်းသက်လာခြင်း
အပိုင်း ၁၆၃ : ပရိယာယ် ကျော့ကွင်းမှာ ဘယ်သူက မိသွားတာလည်း?
အပိုင်း ၁၆၄ : ဘယ်သူက ဟန်ဆောင်ပိုကောင်းတာလည်း?
အပိုင်း ၁၆၅ : အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာ
အပိုင်း ၁၆၆ : ဘယ်သူက အာရုံစိုက်တာကို ပိုခံရတာလည်း?
အပိုင်း ၁၆၇ : မင်းက နုပါသေးတယ်ကွာ...
အပိုင်း ၁၆၈ : ချန်ချွန်းတောင်ထိပ် ပြိုကျသွားခြင်း!
အပိုင်း ၁၆၉ : ခဏနေပါဦး... ကျင့်ကြံသူ ရောင်းရင်းရာ!
အပိုင်း ၁၇၀ : ကဲ... မိတ်ဆွေ... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခဏငှားပါဦး
အပိုင်း ၁၇၁ : ကြီးမားသော တိုက်ရာပါ ပစ္စည်းများ
အပိုင်း ၁၇၂ : ရက်ရောလှစွာသော ဆုလာဘ်!
အပိုင်း ၁၇၃ : စစ်တုရင် ခုံထဲက ကမ္ဘာ
အပိုင်း ၁၇၄ : မင်းကငါ့ကို ဘာထင်တာလည်း? ငါကမင်းကို ဘာထင်နေတာလည်း?
အပိုင်း ၁၇၅ : ရွေးချယ်မှု နည်းသောလမ်း
အပိုင်း ၁၇၆ : ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၁၇၇ : ဖွံ့ထွားလှတဲ့ ဂေါ်ဖီထုပ်ကြီး! ဝက်'အ'ကြီးက မကြိုက်လို့ တော်သေးတယ်
အပိုင်း ၁၇၈ : ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်
အပိုင်း ၁၇၉ : ပထမဆုံးအကြိမ် ရတနာတွေကို ခွဲဝေပေးခြင်း
အပိုင်း ၁၈၀ : ခက်ထန်သော ယွဲ့ဟုန်ယန်!
အပိုင်း ၁၈၁ : ဇူရီဝယ်တဲ့ ပစ္စည်းဟာ ထူးခြားတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်
အပိုင်း ၁၈၂ : ငါ့ရဲ့ အပျံစား ညီအစ်ကို ရှီးဟောင်
အပိုင်း ၁၈၃ : ငါတို့က သရုပ်ဆောင်တွေ လိုနေတယ်ကွ
အပိုင်း ၁၈၄ : ဒါပေမဲ့ ကျွန်တော်တို့က လူကောင်းတွေလေ!
အပိုင်း ၁၈၅ : ဘယ်လောက်အထိတောင် ယုတ္တိမတန်လိုက်သလည်း!
အပိုင်း ၁၈၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်
အပိုင်း ၁၈၇ : ကြေးမုံ.. ပန်းပွင့်.. ရေပြင်နှင့် လမင်း
အပိုင်း ၁၈၈ : တရားမျှတရမှာပေါ့
အပိုင်း ၁၈၉ : အစီအစဉ်ကို စင်းလုံးချောဖြစ်အောင် ကြံစည်ခြင်း
အပိုင်း ၁၉၀ : နေရာယူကြမယ်!
အပိုင်း ၁၉၁ : တရားဝင် ဖွင့်လှစ်ခြင်း
အပိုင်း ၁၉၂ : ထာဝရ အလင်းသခင်
အပိုင်း ၁၉၃ : ချုံခိုတိုက်ခိုက်မှု တစ်ခု
အပိုင်း ၁၉၄ : ချစ်ကြည်ရေး မီးလျှံ
အပိုင်း ၁၉၅ : ဖုန်းရွှေ၏ စီးဆင်းမှုအရ
အပိုင်း ၁၉၆ : ပိုက်ဆံရေရတာ အတော့်ကို ခက်ခဲတာပဲ
အပိုင်း ၁၉၇ : ပြန်လည်ကြိုဆိုပွဲ ပါတီ
အပိုင်း ၁၉၈ : မှန်ကန်သော လည်ပတ်မှု
အပိုင်း ၁၉၉ : စုပေါင်းပြီးမှ ပူးပေါင်းကြံစည်ခြင်း
အပိုင်း ၂၀၀ : မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာ
အပိုင်း ၂၀၁ : ကျိန်စာသင့် အထီးကျန်ကြယ်
အပိုင်း ၂၀၂ : တပည့်ကသာ ဒီလိုဆိုရင်... ဆရာက ဘယ်လိုများလည်း?"
အပိုင်း ၂၀၃ : တစ်ခုကလွဲလို့ အရာအားလုံးကို အသင့်ပြင်ပြီးပြီ
အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂
အပိုင်း ၂၀၅ : နောက်နှစ်တစ်ဝက်မှာ... တံခါးဖွင့်ပြီး တပည့်တွေကို လက်ခံမယ်
အပိုင်း ၂၀၆ : ဒီကမ္ဘာပေါ်မှာ ဘာမှ အလကား မရဘူး
အပိုင်း ၂၀၇ : ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ အသွင်သဏ္ဌာန် လေးခု
အပိုင်း ၂၀၈ : ရှကျိုးကို ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂၀၉ : ငါတို့ရဲ့ လမ်းကြောင်းကို ပိတ်ချင်သူများ!
အပိုင်း ၂၁၀ : ဒီလို မထင်တဲ့သူတွေ... အခုချက်ချင်း ထွက်လာခဲ့စမ်း!
အပိုင်း ၂၁၁ : ခက်ထန်သော ရှောင်ယန်
အပိုင်း ၂၁၂ : တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ သူတွေပါပဲ
အပိုင်း ၂၁၃ : ပိုပိုပြီးတော့ များလာသော ပြိုင်ဘက်များ
အပိုင်း ၂၁၄ : လူထူးလူဆန်း တစ်အုပ်စု
အပိုင်း ၂၁၅ : ရှောင်လွဲ၍ မရခြင်း
အပိုင်း ၂၁၆ : မြင့်မြတ်သောတောင်! မြင့်မြတ်သောတောင်!
အပိုင်း ၂၁၇ : ပြိုင်ဘက်ကင်း! လုံးဝပြိုင်ဘက်ကင်း!
အပိုင်း ၂၁၈ : မျက်စိတစ်မှိတ် အတွင်းမှာ ပျက်စီးသွားခြင်း
အပိုင်း ၂၁၉ : လက်ဆောင်များ!
အပိုင်း ၂၂၀ : ဖွင့်ပွဲ အခမ်းအနား
အပိုင်း ၂၂၁ : ဂိုဏ်းချုပ်၏ အခမ်းအနား
အပိုင်း ၂၂၂ : အောင်မြင်စွာနဲ့ အဆုံးသတ်ခြင်း
အပိုင်း ၂၂၃ : စနစ်၏ မစ်ရှင်အသစ်
အပိုင်း ၂၂၄ : အလင်းဓားမြန်ဂိုဏ်း၏ အကျပ်ရိုက်မှု
အပိုင်း ၂၂၅ : လျှို့ဝှက်ဆန်းကြယ်သော ဆေးခန်းမဆောင်
အပိုင်း ၂၂၆ : တိပိဋက ကျမ်းစာခန်းမ သုံးထပ်ဆောင်
အပိုင်း ၂၂၇ : စိတ်ဝိညာဉ် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး
အပိုင်း ၂၂၈ : ဒီပုံရိပ်က အရမ်းကို လှပပေမဲ့၊ ငါက မကြည့်ရဲဘူးကွ
အပိုင်း ၂၂၉ : ထွက်ပြေးသွားသော သတို့သမီးလောင်း
အပိုင်း ၂၃၀ : အစားပုတ်မွန်းစတားတစ်ကောင်ယုကျင်းတောင်ပေါ်မှာသောင်းကျန်းနေတယ်ဗျို့
အပိုင်း ၂၃၁ : တောက်တီမလေးကို ဝိုင်းရံပိတ်ဆို့ ဖမ်းဆီးကြခြင်း
အပိုင်း ၂၃၂ : အစားပုတ်တဲ့ မွန်းစတားမှာလည်း ဘုရင်ဆိုတာ ရှိသေးတာပဲ
အပိုင်း ၂၃၃ : မကြောက်ပါနဲ့၊ ငါကနာအောင် မလုပ်ပါဘူး
အပိုင်း ၂၃၄ : လင်းဖုန်းက မှော်ရတနာတစ်ခုကို ဖန်တီးခြင်း
အပိုင်း ၂၃၅ : အဆင်သင့် ဖြစ်ပြီလား?
အပိုင်း ၂၃၆ : ကတိအတိုင်း ပေါ်လာခြင်း
အပိုင်း ၂၃၇ : မျက်ရည်ကျလုဆဲဆဲ ဖြစ်နေသော မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ
အပိုင်း ၂၃၈ : မင်းက လူမှားနေတယ်!
အပိုင်း ၂၃၉ : ရှောင်ပုတန်လေးဟာ လျှာစောင်းထက်လှပါတယ်
အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု
အပိုင်း ၂၄၁ : အိမ်သို့ပြန်ခြင်း
အပိုင်း ၂၄၂ : စိတ်ရှုပ်ထွေးခြင်း
အပိုင်း ၂၄၃ : အလင်းဓားမြန် ဓားမာစတာ
အပိုင်း ၂၄၄ : ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်း
အပိုင်း ၂၄၅ : စကြာဝဠာ အပေါင်းအစု
အပိုင်း ၂၄၆ : ပြဿနာရှာတဲ့သူက ဒီမှာပါ
အပိုင်း ၂၄၇ : တစ်ဦးတည်း အကြာကြီး ပြောနေခြင်း
အပိုင်း ၂၄၈ : ထပ်မံစူးစမ်းခြင်း
အပိုင်း ၂၄၉ : ရက်စက်သော ယွဲ့ဟုန်ယန်
အပိုင်း ၂၅၀ : အင်မော်တယ် ဝိညာဉ်၏ စွမ်းအားများနှင့် ရင်ဆိုင်ခြင်း
အပိုင်း ၂၅၁ : ပြိုင်ဘက်ကင်း
အပိုင်း ၂၅၂ : တိုက်ပွဲအချိန်ကျပြီ
အပိုင်း ၂၅၃ : အဆင့်သုံးဆင့် အကြံအစည်
အပိုင်း ၂၅၄ : ကိုယ့်အကြံနဲ့ကိုယ်ပဲ
အပိုင်း ၂၅၅ : တစ်ယောက်၏ အိမ်ထဲသို့ ဝံပုလွေများအား ခေါ်ဆောင်လာခြင်း
အပိုင်း ၂၅၆ : အရေးအကြီးဆုံး ကိစ္စ
အပိုင်း ၂၅၇ : မင်းရဲ့ဆရာက မင်းကို မျက်နှာသာ ပေးပါတယ်ကွ
အပိုင်း ၂၅၈ : ရင်းနှီးသော သူစိမ်း
အပိုင်း ၂၅၉ : အကွက်ဟောင်းကို ပြန်သုံးခြင်း
အပိုင်း ၂၆၀ : တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူ
အပိုင်း ၂၆၁ : ရက်ရောလှစွာသော ပေးကမ်းစွန့်ကြဲခြင်း
အပိုင်း ၂၆၂ : လမ်းပြပါ
အပိုင်း ၂၆၃ : ပြင်ပစွမ်းအားကို လိုအပ်ခြင်း
အပိုင်း ၂၆၄ : အမြဲတမ်း အရှေ့သို့ ချီတက်ခြင်း
အပိုင်း၂၆၅ : သံသယဖြင့် သေရခြင်း
အပိုင်း ၂၆၆ : သံမဏိ သစ်ပင်မှ ပန်းများ ဖူးပွင့်လာခြင်း
အပိုင်း ၂၆၇ : သတင်းကောင်းနှင့် သတင်းဆိုး
အပိုင်း ၂၆၈ : လက်ကောက်နှင့် နှံကောင်
အပိုင်း ၂၆၉ : ထူးဆန်းသော ဖိတ်စာစာရင်း
အပိုင်း ၂၇၀ : အစည်းအဝေးသို့!
အပိုင်း ၂၇၁ : အသူရာ သူတော်စင်၊ ဟော်ရှု
အပိုင်း ၂၇၂ : ပျော်ရွှင်ဖွယ် မရှိသော ပြန်လည်ဆုံစည်းမှု
အပိုင်း ၂၇၃ : ကျေးဇူးပြန်ဆပ်ဖို့ရာ အတော်ခက်တာပဲ
အပိုင်း ၂၇၄ : အပြန်အလှန် ရည်ရွယ်ချက်များ
အပိုင်း ၂၇၅ : ပြဿနာရှာဖို့ သဲလွန်စများကို ချပြခြင်း
အပိုင်း ၂၇၆ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၂၇၇ : ပြိုင်ဘက် သုံးယောက်ခွဲ
အပိုင်း ၂၇၈ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး တရားဝင် စတင်ခြင်း
အပိုင်း ၂၇၉ : ရန်သူတို့သည် မကြာခဏ ပြန်တွေ့လေ့ ရှိကြသည်
အပိုင်း ၂၈၀ : မင်းရဲ့ ဘောင်းဘီတိုပါ ရှုံးသွားလိမ့်မယ်
အပိုင်း ၂၈၁ : ဘယ်သူက နှစ်ယောက်တစ်ယောက် တိုက်နိုင်သလဲ?
အပိုင်း ၂၈၂ : ရှောင်လွဲဖို့ ဆိုရင်လည်း၊ တစ်ယောက်က နည်းစနစ်တွေ လိုအပ်တယ်
အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း
အပိုင်း ၂၈၄ : အမှန်တကယ် ပြိုင်ဘက်ကင်းမဲ့ခြင်း
အပိုင်း ၂၈၅ : ကံအကောင်းဆုံးသော မဲနှိုက်မှု
အပိုင်း ၂၈၆ : အချင်းချင်း ပဋိပက္ခ ဖြစ်ကြခြင်း
အပိုင်း ၂၈၇ : သူတို့က မင်းဟာ ငရဲကလာတယ်လို့ ပြောကြတယ်!
အပိုင်း ၂၈၈ : ပညာရှင် အချင်းချင်း တွေ့ဆုံခြင်း
အပိုင်း ၂၈၉ : ဆီမီးဖိုင်နယ် မဲနှိုက်ခြင်း
အပိုင်း ၂၉၀ : သူက ရူးချင်ယောင်ဆောင်နေတာ!
အပိုင်း ၂၉၁ : ဉာဏ်နီဉာဏ်နက် ထုတ်ခြင်းနှင့် ဉာဏ်နီဉာဏ်နက်အား တန်ပြန်ခြင်း
အပိုင်း ၂၉၂ : မသေချာသော ရည်ရွယ်ချက်များ
အပိုင်း ၂၉၃ : လောင်းကြေးများအား တိုးမြှင့်ခြင်း
အပိုင်း ၂၉၄ : ဝမ်လင်း၏ တတိယလက်ချောင်း
အပိုင်း ၂၉၅ : ပြင်းထန်သော စတင်မှုနှင့် စိတ်ပျက်ဖွယ်ရာ အဆုံးသတ်
အပိုင်း ၂၉၆ : လောင်းကြေးထပ်၍ ကျောက်တုံးအား ဖြတ်တောက်ခြင်း!
အပိုင်း ၂၉၇ : စိတ်ဓာတ်စစ်ပွဲများ
အပိုင်း ၂၉၈ : ဆယ်ကျော်သက်လေး ရှောင်ပုတန်
အပိုင်း ၂၉၉ : တစ်ယောက်ချင်း တစ်ယောက်
အပိုင်း ၃၀၀ : လျှို့ဝှက်လုပ်ကြံသူ
အပိုင်း ၃၀၁ : ကျုပ်က ဖြေရှင်းချက်တစ်ရပ် လိုအပ်တယ်
အပိုင်း ၃၀၂ : ဘယ်သူ့ကို အပြစ်တင်ရမှာလဲ?
အပိုင်း ၃၀၃ : ဆရာတူတပည့်
အပိုင်း ၃၀၄ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး ပြန်လည်စတင်ခြင်း
အပိုင်း ၃၀၅ : ပြိုင်ကွင်းသည် စွမ်းဆောင်ရည် ပြသဖို့ စင်မြင့်ဖြစ်သည်
အပိုင်း ၃၀၆ : ပြောင်းပြန်ဖြစ်မှုအား ဖော်ထုတ်ခြင်း
အပိုင်း ၃၀၇ : ပြင်းထန်သောတိုက်ပွဲ
အပိုင်း ၃၀၈ : နှမြောစရာပဲ
အပိုင်း ၃၀၉ : အဆင့်က မြင့်လာလေလေ၊ ကွာခြားချက်က ကြီးမားလာလေလေပဲ
အပိုင်း ၃၁၀ : ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး
အပိုင်း ၃၁၁ : ရှောင်ယန်ထံမှ ပေးပို့လာသော သတင်း
အပိုင်း ၃၁၂ --- အပိုင်း ၃၁၃

အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး

391 60 0
By KazunoMora

အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး

ဒီဆေးအိုးကြီးထဲက ကောင်ကလေးရဲ့ ခန္ဓာကိုယ် အခြေအနေကို အသေးစိတ် လေ့လာပြီးတဲ့ နောက်မှာတော့… လင်းဖုန်းဟာ ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးရဲ့ နောက်ကွယ်က အခြေခံ ဓာတ်တွေကို နားလည်သွားခဲ့ပါတော့တယ်။

ကောင်လေးရဲ့ ကိုယ်ထဲက လုံခွက်ဟာ… အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်က ကျင့်ကြံသူတွေရဲ့ လုံခွက်နဲ့ များစွာကွာခြားနေတာပါ။ သူ့ကို 'အတုအယောင် လုံခွက်'လို့သာ ဆိုနိုင်ပါတယ်။

ဒီအတုအယောင် လုံခွက်ကနေပြီး ဖန်ဆင်းထားတဲ့ ဗဟိုချက်ဟာလည်း… အစစ်အမှန် မဟုတ်နိုင်ပဲ အတုအယောင် ဗဟိုချက်ပဲ ဖြစ်တာပါ။

ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးဟာ အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ကို… ရွှေရောင် ဗဟိုချက်ကို ဖော်ဆောင်ဖို့ ကူညီပေးနိုင်သလို… ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတွေကိုလည်း သူတို့ရဲ့ ရွှေရောင် ဗဟိုချက်ကို အဆင့်မြှင့်ပေးဖို့တောင် တတ်နိုင်ပါသေးတယ်။

ဒါရဲ့ နောက်ကွယ်က အကြောင်းခံဟာ… ရှောင်ပုတန်လေးရဲ့ ဝမ်းကွဲအကိုက ရှောင်ပုတန်လေးရဲ့ အန္တိမ စိတ်ဝိညာဉ် လုံခွက်ကို ခိုးယူသွားတာနဲ့ ပုံစံတူနေတာပါ။

ဒီကောင်လေးရဲ့ ကိုယိထဲက အတုအယောင် လုံခွက်ဟာ ရင့်ကျက်လာခဲ့ပြီ ဆိုရင်တော့… သူ့ကို လုံခွက်လိုအပ်နေတဲ့ ကျင့်ကြံသူထံကို ပေးလိုက်မှာဖြစ်ပြီး… လျှို့ဝှက်မှော်ကျိန်စာ တစ်ခုကို အသုံးပြုကာ ဒီကောင်လေးရဲ့ ကိုယ်ထဲက အတုအယောင် လုံခွက်နဲ့ ဗဟိုချက်ကို ထုတ်ယူလိုက်မှာပဲ ဖြစ်ပါတယ်။

လုံခွက်ကို မဖော်ဆောင်နိုင်ပဲ… အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်မှာ တစ်ဆို့ကြန့်ကြာနေတဲ့ သူတွေဟာ… ဒီကောင်လေးဆီက အတုအယောင် လုံခွက်ကို ရရှိပြီးသွားတဲ့နောက်မှာ… သူ့ရဲ့ ကိုယ်ပိုင် မှော်စွမ်းအင်ကို အသုံးပြုပြီး ဒီလုံခွက်လေးရဲ့ ပုံစံအတိုင်း အစစ်အမှန် လုံခွက်တစ်ခုကို ကျင့်ကြံနိုင်မှာပဲ ဖြစ်တာပါ။

ပြီးတာနဲ့ သူ့ရဲ့ အတုအယောင် ဗဟိုချက်ကို အသုံးပြုပြီးတော့… အစောနက နည်းလမ်းအတိုင်းပဲ အစစ်အမှန် ဗဟိုချက်ကို ကျင့်ကြံနိုင်မှာဖြစ်ပြီး… ဒီဖြစ်စဉ်ဟာ ဒီကျင့်ကြံသူက ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်သွားတဲ့အထိ ဆက်နေမှာ ဖြစ်ပါတယ်။

ဒီအတုအယောင် ဗဟိုချက်ရဲ့ ထူးခြားတဲ့ ဓာတ်ပစ္စည်းတွေကြောင့်.. သူဟာ သေခြင်းရော.. ရှင်ခြင်းရောပါ ပါဝင်နေတဲ့ စိတ်ဝိညာဉ် ဓာတ်တွေ ပါဝင်နေတာပါ။ သူဟာ စိတ်ဝိညာဉ် စွမ်းအင်တွေကိုသာ အထောက်အပံ့ ပေးနိုင်ရုံတင် မကပဲ… အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ သေမင်းရဲ့ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ကူညီပေးမှာလည်း ဖြစ်ပါတယ်။

အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်မှာ ရောက်နေကြတဲ့ ကျင့်ကြံသူ တစ်ချို့ကလည်း… ဒီနည်းလမ်းကို အသုံးပြုပြီးမှ ဗဟိုချက်ကို ဖွဲ့စည်းနိုင်မှာပါ… ဒါပေမဲ့လည်း သူတို့ကတော့ အတုအယောင် လုံခွက်ကိုတော့ မလိုတော့ဘူးပေါ့။

ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတွေကလည်း… ဒီအတုအရောင် လုံခွက်နဲ့ ဗဟိုချက်ကို သူတို့ရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ်ထဲကို သွင်းလိုက်ပြီး… လုံခွက်ကို အခြေခံအနေနဲ့ အသုံးပြုပြီး ဗဟိုချက်ရဲ့ စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ် စွမ်းအင်ကို အာဟာရ အဖြစ်နဲ့ သုံးစွဲကာ… နောက်ထပ် ရွှေရောင်ဗဟိုချက် တစ်ခုကို ဖော်ဆောင်ဖို့ အခွင့်အရေး ရှိပါတယ်။

ဆေးမီးဖိုဟာ ဆေးအမယ်တွေကို ပုံသွင်းနိုင်သလိုမျိုး… သူကလည်း အောင်မြင်စွာနဲ့ ပုံသွင်းနိုင်ခဲ့လို့ ရှိရင်တော့… သူ့ရဲ့ ရွှေရောင်ဗဟိုချက်ဟာ အဆင့် နောက်တစ်ဆင့်ကို တက်သွားမှာပါ။

လင်းဖုန်းဟာ အနည်းငယ်ထပ်ပြီး တွေးတောလိုက်တဲ့ အခါမှာ… အားနည်းချက် အချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး… မေးစရာ မေးခွန်းလေးတွေ ရှိလာခဲ့ပါတယ်။

ဒီနည်းလမ်းဟာ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ ရွှေရောင် ဗဟိုချက်ကို အဆင့်မြှင့်ပေးနိုင်ပေမဲ့… သူဟာ အဆင့်လေးက အဝါရောင် ဗဟိုချက်ကို အဆင့်သုံး အစိမ်းရောင် ဗဟိုချက် အဖြစ်သာ ပြောင်းပေးနိုင်မှာပါ။

တကယ်လို့များ အစိမ်းရောင် ဗဟိုချက်ကနေ ထပ်ပြီးတော့ အဆင့်ထပ်မြှင့်ချင်တယ် ဆိုရင်တော့… သူ့ရဲ့ အောင်မြင်မှုနှုန်းဟာ သုညနီးပါး ဖြစ်သွားမှာလေ။ တကယ်လို့များ သူက အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူတွေကို ဗဟိုချက်ကို ဖော်ဆောင်ပေးခဲ့မယ် ဆိုရင်လည်း… အတုအယောင် ဗဟိုချက်ကနေ အင်အားကို ယူရတဲ့အတွက် သူက အဆင့်အနိမ့်ဆုံး အဝါရောင် ဗဟိုချက်သာ ရနိုင်မှာပါ။

ပုံမှန်အတိုင်း ပြောရရင်… ဗဟိုချက်က အရည်အသွေး ကောင်းလေလေ… ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားဟာ ကောင်းလေလေပါပဲ။ ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးကို တစ်ခေါက်သုံးပြီးသွားရင်တော့… နောက်တစ်ခေါက်မှာ ဘာအကျိုးသက်ရောက်မှုမျိုးမှ ရှိတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ… အလွန်ဆုံး အနေနဲ့… ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုဟာ အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်က ကျင့်ကြံသူတွေ အတွက်ကတော့ အကောင်းဆုံးပါပဲ။ အတုအယောင် လုံခွက်ရဲ့ အရည်အသွေး အပေါ်မှာ မူတည်ပြီး… သူ့ရဲ့ စွမ်းအားဟာ အလွန်ဆုံး အဆင့်၃ လုံခွက်အထိကို ရောက်နိုင်တာပါ။

အတုအယောင် ဗဟိုချက် မရှိရင်တောင်မှပဲ… အဆင့် ၃ လုံခွက်နဲ့ဆိုရင် တစ်ယောက်ဟာ ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။

ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ ဒီဆေးကျမ်းကို စတင်တီထွင်တဲ့ အချိန်တုံးက သူဟာ ရွှေရောင်ဗဟိုချက် ဖန်ဆင်းခြင်းကနေ လုံခွက်.. ပြီးမှ စိတ်ဝိညာဉ် တာဝါ… စသဖြင့် အနောက်ကို နောက်ပြန်ပြန်ပြီးမှ ဖန်ဆင်းချင်နေခဲ့တာပါ။ ဒါက သူ့ကို ထိပ်တန်း အဆင့်၃ စိတ်ဝိညာဉ် တာဝါနဲ့ ကုန်ကုန်ပြောရရင်… နောက်ဆုံး အန္တိမ စိတ်ဝိညာဉ် တာဝါ အထိတောင် ဖန်ဆင်းနိုင်မှာလေ။

ဒါပေမဲ့လည်း ဒီအဆင့်ဟာ လုံခွက်အနားကို ရောက်လာတော့… ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ ဆက်ပြီးတော့ ရှေ့မဆက်နိုင်ခဲ့ပါဘူး။

ဒီဖြစ်စဉ်ကိုပဲ စမ်းသပ်ရင်း.. ပြုပြင်ရင်းနဲ့… အခုလက်ရှိ မော်တယ် စိတ်ဝိညာဉ် ဆေးလုံးပုံစံမျိုး ဖြစ်လာခဲ့တာပါ။

"အင်း… ဒီလိုမျိုး အားနည်းချက်တွေ ရှိပေမဲ့… ဒီဗဟိုချက်ဟာ ဆေးထဲမှာ ရောင်းအားအကောင်းဆုံး ဖြစ်မှာပဲ…" လင်းဖုန်းက သက်ပြင်းချရင်းနဲ့ တွေးနေခဲ့ပါတယ်။

ရွှေရောင်ဗဟိုချက် အဆင့်ကို သွားတဲ့လမ်းကြောင်းဟာ… သေခြင်းနဲ့ ရှင်ခြင်းတို့ရဲ့ အခြေအနေတွေကို ဖြတ်ကျော်ရတာပါ။ ဒီကြီးမားလှတဲ့ ကမ္ဘာကြီးမှာ… ဒီအဆင့်ဟာ ရာနဲ့ထောင်နဲ့ချီနေကြတဲ့ ကျင့်ကြံသူတွေအတွက်တော့ အတားအဆီးကြီး တစ်ခု ဖြစ်နေမှာလေ။

ဒီလမ်းကြောင်းကို လျှောက်လှမ်းရတာဟာ ရှည်ကြာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပေမဲ့… စောင့်စားရကျိုးတော့ နပ်ပါတယ်။ အနည်းဆုံး အဝါရောင် ဗဟိုချက်ကိုပဲ ဖန်ဆင်းနိုင်ပြီး နောက်ထပ် ဆက်ပြီး မတိုးတက်နိုင်တော့ဘူး ဆိုဦးတော့… ကျင့်ကြံသူ တစ်ယောက်ဟာ သက်တမ်းတစ်ထောင်ကို ရရှိပြီး အတိုင်းမသိနိုင်တဲ့ ပျော်ရွှင်မှုတွေကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

တကယ်လို့များ တစ်ယောက်ဟာ ဒီလမ်းကို မကျော်ဖြတ်နိုင်ခဲ့ဘူး ဆိုရင်တော့… အချိန်နဲ့အမျှ သူ့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးဟာ ယိုယွင်းလာမှာဖြစ်ပြီး… ဒီကျင့်ကြံသူဟာ အသက်နှစ်ရာ မပြည့်ခင်မှာပဲ အိုမင်းရင့်ရော်လာကာ… နောက်ဆုံးမှာတော့ မြေပုံထဲကို ရောက်သွားမှာပါ။

သေချာ တွေးကြည့်လိုက်ရင်တော့… ကံကြမ္မာရဲ့ ကွာခြားမှုဟာ အလွန်ကိုမှပဲ ကြီးမားလှပါတယ်။

ဒါပေမဲ့လည်း ရွှေရောင်ဗဟိုချက် အဆင့်ကို အောင်မြင်စွာနဲ့ ရောက်သွားပြီးကြတဲ့ ကျင့်ကြံသူတွေ အနေနဲ့ ဆိုရင်တော့… သူ့ရဲ့ ဗဟိုချက်ဟာ အဝါရောင်လား.. အစိမ်းရောင်လား ဆိုတာက အလွန်အမင်းကိုမှပဲ ကွာခြားတာလေ။

တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြပြီ ဆိုရင်တော့… အစိမ်းရောင် ဗဟိုချက်ကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူဟာ… အဝါရောင် ဗဟိုချက်ကိုသာ ပိုင်ဆိုင်ထားတဲ့ သူကို အသာအယာပဲ အနိုင်ယူနိုင်မှာပါ။

ရွှေရောင်ဗဟိုချက် အဆင့်ကို ဝင်ရောက်နိုင်တဲ့ စွမ်းရည်ကို ထည့်မတွက်နဲ့ဦး… ကလန်တစ်ခုမှာဆိုရင်… အဝါရောင် ဗဟိုချက်က ကျင့်ကြံသူ အချို့ဟာ အစိမ်းရောင်ကို အဆင့်မြှင့်လိုက်နိုင်လို့ရှိရင်… ဒီကလန်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ နောက်ထပ် အဆင့်တစ်ခုကို တက်သွားနိုင်မှာဖြစ်ပြီး… တကယ်လို့များ ကလန်တစ်ခုလုံးဟာ ရွှေရောင်ဗဟိုချက် အဆင့်ကို တက်လှမ်းနိုင်မယ် ဆိုပါက… သူ့ရဲ့ အဆင့်အတန်းကို ခန့်မှန်းလို့တောင် ရတော့မှာ မဟုတ်ပါဘူး။

"အင်း…နှမြောစရာ ကောင်းတာက…" လင်းဖုန်းက သူ့ရဲ့ စိတ်အာရုံကို အသုံးပြုပြီးတော့ ဒီအိုးကြီး ငါးဆယ်ကို စစ်ဆေးကြည့်လိုက်တဲ့ အခါမှာတော့… ကလေးလေး သုံးဆယ်တို့ရဲ့ အတုအယောင် လုံခွက်နဲ့ ဗဟိုချက်တို့ဟာ ကျေမွနေကြပြီ ဖြစ်တယ်ဆိုတာကို တွေ့လိုက်ရပါတော့တယ်။

ဒီဖြစ်စဉ်ဟာ သဘာဝအတိုင်းပဲ ဖြစ်နေတာပါ… အခြား စကားလုံးနဲ့ ပြောရရင်တော့… ဒါဟာ ရွှေရောင် ဗဟိုချက်ကို ဖွဲ့စည်းတဲ့ ဖြစ်စဉ်မှာ ဖြစ်ပေါ်တတ်တဲ့ သဘာဝအတိုင်း ပျက်စီးသွားခြင်းပါပဲ။

ဒါဟာ ဒီကလေးငယ်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဆေးပြင်းအားကို မခံနိုင်တာလည်း ဖြစ်နိုင်သလို… အတုအယောင် လုံခွက်နဲ့ ဗဟိုချက်တို့ရဲ့ မတည်ငြိမ်မှုတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရယ်စရာ အနေနဲ့ ပြောရရင်… ဒါက ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ အမှားကြောင့်လည်း ဖြစ်နိုင်တာပါ။ ဒီအချိန်မှာတော့… ဘယ်အကြောင်းအရာကြောင့်မဆို ဖြစ်နိုင်တာလေ။

ဒါပေမဲ့လည်း လင်းဖုန်းဟာ ဒီမြင်ကွင်းကို ကြည့်နေရင်နဲ့… မျက်နှာက တဖြေးဖြေးနဲ့ ပိုပြီးတော့ ပျက်လာခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ… ဒီအိုးတွေထဲက ဆေးရည်တွေဟာ ခန်းခြောက်ကိုတော့မှာပါ။ ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ ဆေးရည်တွေကို လှဲလှယ်တဲ့ အချိန်ကျလို့ရှိရင်… သူဟာ မအောင်မြင်ခဲ့တဲ့ ကလေးငယ်တွေကို အပြတ်ရှင်းပစ်မှာလေ။

တနည်းအားဖြင့် ဆိုရရင်… အခုလင်းဖုန်း တွေ့ခဲ့ရတဲ့ မအောင်မြင်တဲ့ ကလေးလေး သုံးဆယ်တို့ဟာ… ဆေးဝါးတစ်ရာ ဂရန်းမာစတာက ဆေးရည်တွေကို လှဲလှယ်လိုက်လို့ အတုအယောင် လုံခွက်နဲ့ ဗဟိုချက်တို့က ကျေမွသွားကြတာပါ။

လင်းဖုန်းက အချိန်အနည်းငယ်လောက် ဆက်ကြည့်နေခဲ့ပြီး… ဒီဆေးရည်တွေဟာ အမတန်ကို လျှင်မြန်စွာနဲ့ပဲ ခန်းခြောက်ကုန်ကြတာကို တွေ့လိုက်ရပါတယ်။

ဒီအချိန်လေး အနည်းငယ် အတွင်းမှာပဲ… ကလေးငယ်တို့ရဲ့ ငါးပုံသုံးပုံဟာ ကျရှုံးသွားကြပါပြီ။

ဆေးရည်တစ်ခေါက် ထပ်ဖြည့်တဲ့ အချိန်တိုင်းမှာ… အရှင်းခံလိုက်ရတဲ့ ကလေးပေါင်းဟာ မြောက်မြားစွာ ရှိနေမှာပါ။ ဒီအောင်မြင်တဲ့ ကလေးငယ် နှစ်ဆယ်ရဖို့ အတွက်ကို… အနစ်နာ ခံလိုက်ရတဲ့ ကလေးငယ်ပေါင်းဟာ ဘယ်လောက်တောင် ရှိသွားပြီလည်း?

မအောင်မြင်ကြတဲ့ ကလေးငယ်တို့ရဲ့ ကံကြမ္မာကရော… ဘယ်လိုများလည်း?

လင်းဖုန်းကလည်း အသက်ပြင်းပြင်း တစ်ချက်ကို ရှူလိုက်ပြီး… သူ့ရဲ့စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ပါတယ်။ သူဟာ ဒီဆေးအိုးတွေက ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ စိတ်နဲ့ ဆက်သွယ်မှုတွေ ရှိနေတယ် ဆိုတာကို သိနေခဲ့တာပါ။ ကလေးလေးတွေကို ကယ်လိုက်ရင်ပဲ ဖြစ်ဖြစ်.. ဖြိုးမောက်မြေကြီးကို ယူလိုက်ရင်ပဲ ဖြစ်ဖြစ်… ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ ချက်ချင်းကိုပဲ အကြောင်းကြားပြီးသား ဖြစ်သွားမှာလေ။

ဒီနေရာကို ထိန်းချုပ်ထားတဲ့ စွမ်းအားတွေဟာ… အပြင်ဘက်က ရေခဲခံတပ်ကြီးနဲ့ မတူပါဘူး။ ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးကို ဖော်စပ်တဲ့ ဖြစ်စဉ်ဟာ… ဆေးဝါးတစ်ရာဂိုဏ်းအတွက်တော့ အလွန်ကိုမှ အရေးကြီးတဲ့ကိစ္စ ဖြစ်လို့… လင်းဖုန်းဟာ မလိုအပ်ပဲ မစွန့်စားချင်တဲ့ အတွက်ကြောင့်… ကောင်းကင်၏ စည်းရိုးများကို အသုံးမချခဲ့ပါဘူး။

"ဟာ?" လင်းဖုန်းဟာ တစ်ချက်ရေရွတ်လိုက်ပြီး… ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်လိုက်ပါတယ်။

ကျောက်တုံးအိမ်လေးဟာ ငြိမ်သက်သွားခဲ့ပြီး… ဆေးအိုးတွေရဲ့ အထဲက ဆေးရည်တွေဟာ အမြှုပ်ထလာခဲ့ပြီး… ပေါက်ကွဲသံ တစ်ခုကို ကြားလိုက်ရပါပြီ။

လင်းဖုန်းကတော့ ထောင့်တစ်ထောင့်မှာ ပုန်းနေခဲ့ပြီး… သူက ဝင်ပေါက်ဘက်ကို မကြည့်နေခဲ့ပဲ… ဒီကျောက်တုံး အခန်းလေးရဲ့ ထောင့်တစ်ထောင့်ကိုသာ စိုက်ပြီးမှ ကြည့်နေခဲ့ပါတယ်။

ခဏအကြာမှာတော့… အစိမ်းရောင် ဖျော့ဖျော့ နရံလေးဆီကနေ အရာတစ်ခုဟာ ဖြေးဖြေးချင်းပဲ ပေါ်ထွက်လာတာကို တွေ့လိုက်ရပါပြီ။

ပေါ်ထွက်လာတဲ့ အရာကတော့ သဲစလေး တစ်စပါ။ တကယ်လို့များ သာမန်လူ တစ်ယောက်က သူ့ရဲ့ အကြည့်တွေကို မစူးစိုက်ထားခဲ့ရင်တော့… ဘာထူးခြားမှုမျိုးကိုမှ တွေ့မှာမဟုတ်ပါဘူး။

ဒါပေမဲ့လည်း လင်းဖုန်းရဲ့ အကြည့်တွေဟာ နရံပေါ်မှာ ရုတ်တရက် ပေါ်လာတဲ့ သဲမှုန်လေးကို အာရုံစိုက်နေခဲ့တယ်လေ။

ဖြေးဖြေးချင်းပဲ… ဒီအစိမ်းရောင် ဖျော့ဖျော့ နရံကြီးကနေ ရွှေရောင်သန်းနေတဲ့ အရာတစ်ခုဟာ ဖျစ်ညှစ်ပြီးမှ ထွက်လာခဲ့ပြီး… သိသိသာသာကြီးကို မြင်နေရပါတယ်။

ဒါကတော့ ရွှေရောင်ဖျော့ဖျော့ သန်းနေတဲ့ ကျောက်စရစ်ခဲလေးပါ… သူဟာ ရွှေရောင်အလင်းတန်း ဖျော့ဖျော့လေးကို ထုတ်လွှတ်နေခဲ့ပြီး… အချိန်ကြာလာတာနဲ့အမျှ အရောင်ပိုရင့်လာခဲ့ပါပြီ။

နောက်ဆုံးမှာတော့ ဒီနေရာ တစ်ခုလုံးဟာ ရွှေရောင်အတိ လွှမ်းသွားခဲ့ပြီး… ရွှေရောင် အလင်းတန်းတွေရဲ့ အကြားမှာ… ဒီကျောက်စရစ်ခဲရဲ့ မျက်နှာပြင်ဟာ ဆယ်ပေပတ်လည် အထိကို ကြီးလာခဲ့ကာ… ထွင်းဖောက်မြင်နိုင်ခဲ့ပြီး အထဲက လူနှစ်ယောက်ရဲ့ ပုံရိပ်ကို ဖော်ပြပေးခဲ့ပြီလေ။

ပြီးတာနဲ့ ဒီရွှေရောင် အလင်းတန်းလေးဟာ တဖြေးဖြေးနဲ့ မှေးမှိန်လာခဲ့ပြီး… ကျောက်တုံးကြီးကလည်း ပျောက်ကွယ်သွားခဲ့ကာ… လူနှစ်ယောက်ဟာ မြေပြင်ပေါ်ကို ဆင်းသက်လာခဲ့ပြီး လေးနက်တဲ့ မျက်နှာထားတွေနဲ့ ဆေးအိုးကြီးတွေကို ကြည့်နေကြပါတယ်။

သူတို့နှစ်ယောက်ထဲက တစ်ယောက်ဟာ နီရဲနေတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကောင်မလေး တစ်ယောက်ပါ။ သူမရဲ့ ဆံပင်နဲ့ မျက်လုံးတွေဟာ နီရဲနေခဲ့ပြီး… မျက်ခုံးမွေးတွေကတော့ သေးသွယ်ကာ တိကျပြတ်သားတဲ့ပုံ ပေါက်နေခဲ့တာပါ။ သူမဟာ ရှေးဟောင်းကမ္ဘာ စိမ့်မြေမှာတုံးက သူတွေ့ခဲ့ရတဲ့… ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူ တစ်ယောက်ဖြစ်တဲ့ ယွဲ့ဟုန်ယန်ပဲ ဖြစ်ပါတယ်။

အနီရောင် ဝတ်စုံနဲ့ မိန်းမချောလေးဟာ အခုဆိုရင်တော့ စိတ်လက်မကြည်မသာ ဖြစ်နေတဲ့ပုံပေါက်နေခဲ့ပြီး… သူမဟာ သူမ ကြိုးစားပြီး ဖိနှိပ်နေရတဲ့ နာကျည်းခံပြင်းမှုတွေကို သယ်ဆောင်ထားခဲ့ကာ… အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ မီးတောင်တစ်လုံးလိုမျိုး ဖြစ်နေခဲ့တာပါ။

သူမရဲ့ဘေးမှာ ရှိနေတာကတော့ အဖြူရောင် ဝတ်စုံနဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိကာ သန့်ပြန့်တဲ့ ရုပ်ရည်ရှိပြီး… သူကတော့ ခန်းနန်းဟွာပဲ ဖြစ်ပါတယ်။

ခန်းနန်ဟွာဟာ နီမြန်းနေတဲ့ အသားအရေတွေ ရှိနေပြီး… အသက်ရှုပုံကလည်း တည်ငြိမ်နေခဲ့တာပါ။ သူဟာ အပြည့်အဝကို ကျန်းမာလာခဲ့ပြီဖြစ်ပြီး… ဟိုအရင်က ရှေးဟောင်းကမ္ဘာ စိမ့်မြေမှာ တွေ့ခဲ့ရတုံးကလိုမျိုး နာမကျန်း ဖြစ်နေတဲ့ပုံ ပေါက်မနေတော့ပါဘူး။

ဒါပေမဲ့လည်း လင်းဖုန်းကို စိတ်ရှုပ်ထွေးသွားစေခဲ့တာက… သူ့ရဲ့ မျက်ခုံး နှစ်ခုကြားက မည်းမှောင်နေတဲ့ အော်ရာတစ်ခုပါ။ လင်းဖုန်း မှတ်မိနေခဲ့တဲ့ ခန်းနန်ဟွာဟာ… ချွေးတွေ တစ်ဒီးဒီး ကျနေခဲ့ပြီး ဖြောင့်မတ်အောင်တောင် မတ်တတ်မရပ်နိုင်တဲ့ အခြေအနေမျိုး မှာတောင်မှ… ငြိမ်သက်တည်ကြည် နေတဲ့ လူစားမျိုး ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုလက်ရှိ စွမ်းအားပြည့်စုံနေတဲ့ပုံ ပေါက်ပြီး… ဟိုးအရင်က ရှေးဟောင်းကမ္ဘာ စိမ့်မြေမှာ ရှိနေတုံးကထက် အစွမ်းထက်နေတဲ့ ခန်းနန်ဟွာဟာ အရင်ကလိုမျိုး အသက်မဝင် နေခဲ့တော့ပဲ… ခံစားချက်တွေ.. လိုအင်ဆန္ဒတွေ ကင်းမဲ့နေတဲ့ လူအိုကြီး ပုံစံမျိုး ပေါက်နေခဲ့တာပါ။

အတိတ်က မိတ်ဆွေဟောင်းတွေကို ပြန်တွေ့ရတာဟာ ပျော်ရွှင်ဖွယ်ရာ ကိစ္စမျိုး ဖြစ်ပေမဲ့… လင်းဖုန်းဟာ သူတို့နှစ်ယောက် ပေါ်လာတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် မဖော်ပြခဲ့ပါဘူး။

ဒီလူနှစ်ယောက်ကို ကြည့်နေရင်းနဲ့… လင်းဖုန်းဟာ မျက်မှောင်အတန်ငယ် ကြုတ်လိုက်ရင်း… "အင်း… ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းမှာ တစ်ခုခုများ ဖြစ်သွားခဲ့လို့ သူတို့နှစ်ယောက်စလုံးဟာ ဒီလိုမျိုး အမူအရာတွေ ဖြစ်နေရတာလား?"

"အဲ… ပြီးတော့… သူတို့က ဒီနေရာကို ဘာများ လာလုပ်ကြပါလိမ့်?"

ယွဲ့ဟုန်ယန်ဟာ ဆေးအိုးကြီးတွေ ရှိရာဆီကို လျှောက်လာခဲ့ပြီး… အိုးအဖုံးကို ဖွင့်ကြည့်လိုက်ပါပြီ။ အိုးအဖုံးထဲမှာ ရှိနေတဲ့ အရာကို သေချာစွာ မြင်ပြီးသွားတဲ့ နောက်မှာတော့… သူမဟာ ထိန်းချုပ်လို့ မရလောက်အောင် တုန်ခါသွားခဲ့ပြီး… "ဟာ… ဒီဆေးဝါးတစ်ရာဂိုဏ်းက ဒီလိုမျိုး အရာတွေကို လုပ်တဲ့အထိကို ယုတ်မာရက်စက်ကြတာပဲ…"

ခန်းနန်ဟွာကလည်း သူ့ရဲ့အာရုံတွေကို စုစည်းလိုက်ပြီး… ကျောက်တုံးအိမ်ကြီးကို စစ်ဆေးလိုက်ကာ… "အင်း… ငါတို့က အရင်တစ်ခေါက်တုံးက အပြင်က ရေခဲနရံကြီးရဲ့ တားဆီးမှုကို ခံထားရပြီး အထဲကို မဝင်နိုင်တဲ့ အချိန်မှာ… အခုတစ်ခါမှာတော့… ဒီရေခဲနရံကြီးမှာ အပေါက်ကြီး တစ်ပေါက်က ပေါက်နေခဲ့ပြီး… ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း ဘာကိုမှ မတုံ့ပြန်ခဲ့ဘူး။ ဒီရေခဲနရံကို ဖောက်ထွင်းတဲ့ နည်းစနစ်ဟာ တကယ်ကိုပဲ ပြောင်မြောက်လှပါပေတယ်…"

"သူက ဒီနေရာမှာ ရှိနိုင်သေးတာပဲ…" ယွဲ့ဟုန်ယန်ကလည်း ဆေးအိုးတိုင်းရဲ့ အဖုံးတွေကို လိုက်ဖွင့်ကြည့်နေခဲ့ပြီး… တစ်ချိန်မှာတော့ စိတ်လှုပ်ရှားပြီး ဝမ်းသာအားရ ဖြစ်လှစွာနဲ့… "အား… ရှောင်ဟွမ်းကျိလေးက ဘာမှမဖြစ်ဘူး! မစ္စတာခန်း… ရှောင်ဟွမ်းကျိလေးက ဘာမှ မဖြစ်ဘူးရှင့်!"

ခန်းနန်ဟွာရဲ့ မျက်ခုံးကြားက မည်းမှောင်နေတဲ့ အော်ရာဟာ ဒီစကားကို ကြားလိုက်တော့ အနည်းငယ် လျော့သွားခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ ရှောင်ဟွမ်းကျိလေးကို ရှာဖွေဖို့အတွက်… သူတို့ဟာ ချန်ချွန်းတောင်ထိပ်ကို ရောက်လာခဲ့ပြီး… ဒီက ရွှေရောင်ဗဟိုချက် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး သတင်းအချက်အလက်တွေကို ရယူခဲ့တာပါ။

ကံကောင်းထောက်မ လှစွာနဲ့ပဲ… သူတို့ ဖမ်းဆီးခဲ့တဲ့ ကျင့်ကြံသူဟာ ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ မော်တယ် စိတ်ဝိညာဉ် ဆေးလုံး ပထမ အသုတ်ထဲက တစ်လုံးကို ရရှိခဲ့တဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့တော့… သူဟာ ဒီအကြောင်းကို သိတဲ့သူ အနည်းငယ်ထဲက တစ်ယောက် ဖြစ်နေခဲ့ပါတယ်။

ခန်းနန်ဟွာရဲ့ စစ်ဆေးမေးမြန်းမှုတွေရဲ့ အောက်မှာ… ဒီကျင့်ကြံသူဟာ ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ လျို့ဝှက်ဆေးဖော်ခန်း အကြောင်းကို ဖော်ပြလိုက်ရတာပါ။ ခန်းနန်ဟွာကလည်း သူမှာ ရှိနေတဲ့ လေဟာနယ်နဲ့ အချိန်ကာလကို ထိန်းချုပ်နိုင်တဲ့ ရတနာ ပစ္စည်းတစ်ပါးကို အသုံးပြုပြီးတော့… ဒီတောင်ထဲက ဂူထဲကို ရောက်လာတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သူတို့ဟာ ဒီရေခဲနရံကြီးကိုတော့ ကျော်ဖြတ်နိုင်စွမ်း မရှိပဲ… ဆေးဝါးတစ်ရာ ဂရန်းမာစတာကို သတိပေးလိုက် သလိုမျိုး ဖြစ်သွားမှာစိုးလို့… အခြေအနေတွေကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး… အခုက ဒီရေခဲနရံကြီးမှာ အပေါက်တစ်ပေါက်က ပေါ်လာတာကို တွေ့လိုက်ရတော့… အလျှင်အမြန်ပဲ ရောက်ရှိလာခဲ့တာပါ။

ယွဲ့ဟုန်ယန်ရဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်လှစွာပဲ… ခန်းနန်ဟွာကတော့ တည်ငြိမ်လို့ နေခဲ့ပါတယ်… "အင်း… သူက အဆင်ပြေနေတာက ကောင်းပေမဲ့… သူ့ကို ကယ်ဖို့ကတော့ ခက်ခဲဦးမယ်နဲ့ တူတာပဲ။ ဒီဆေးအိုးတွေဟာ ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ စိတ်နဲ့ ဆက်သွယ်မှုတွေ ရှိနေတာဆိုတော့… နည်းနည်းလေး လှုပ်လိုက်တာနဲ့ ဆေးဝါးတစ်ရာ ဂရန်းမာစတာကို သတိပေးလိုက် သလိုမျိုး ဖြစ်သွားမှာလေ…"

ယွဲ့ဟုန်ယန်ကတော့ သူမရဲ့ နှုတ်ခမ်းလေးတွေကို တင်းကျပ်စွာ စေ့ထားခဲ့ပြီး… အိုးရဲ့အဖုံးကို တင်းကျပ်စွာနဲ့ ဆုတ်ကိုင်ထားခဲ့ပါတော့တယ်။

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

23.2K 1.4K 148
Description ကိုအထဲမှာ ထည့်ပေးထားပါတယ်ရှင့်။ဒီမှာရေးလိုက်တာနဲ့ တင်လို့မရလို့ပါရှင့်
19.3K 1.9K 37
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
97.4K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...