[Unicode]
စြင်္ကန်ထဲမှာ ဖြစ်သည်။
စုထျန်းထျန်းရဲ့ မျက်ဝန်းတွေက စက္ကန့်အနည်းငယ်အတွင်း စူးရှသွား၏။ သို့ပေမယ့်လည်း သူတို့နှစ်ယောက်လုံးက TV stationထဲမှာပဲ ရှိနေသေးတာမို့ သူမရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ရာအတွက် အလျင်အမြန်ပဲ ကိုယ့်ကိုကိုယ် ပြန်ပြင်လိုက်သည်။
"မုန့်မုန့် နင်ဘာကို ပြောချင်တာလဲ ငါမသိဘူး"
နင်မုန့်က မျက်ခုံးကို ပင့်လိုက်ပြီး "နားမလည် သေးတာလား? ဝိုး! ဒီနေ့ နင်ဘာဖြစ်နေတာလဲ ဟမ်? ဝက်တစ်စုံ အဖြစ်များ ပြောင်းလဲသွားလို့လား။ အခုတော့ နင်က ဝက်တစ်ကောင် ထက်တောင် ပိုတုံး အ နေတယ်!"
စုထျန်းထျန်းက ခြေလှမ်းတို့ နောက်ဆုတ်လိုက်ပြီး သူမ အသံကို မြှင့်လိုက်သည်။ "မုန့်မုန့် နင် ဘာဖြစ်လို့များ သူများတွေကို အခုလိုမျိုး စော်ကားနေရတာလဲ"
နင်မုန့်က လက်ပိုက်လိုက်ပြီး ဆက်ပြီး ချေပလိုက်သည်။ "ငါ ဘယ်တော့မှ လူတွေကို မစော်ကားဘူး။ နင့်ကိုကြည့်လေ နင့်အကျင့်တွေက လူအ လို ဖြစ်နေချိန်မှာ နင့်ရဲ့ ဦးနှောက်ကလည်း ဝက်လောက်ပဲ ရှိတယ်။ အဲ့တာတင် မဟုတ်သေးဘူး တခြားလူတွေကို နေ့တိုင်း ခွေးရူးလိုမျိုး ကိုက်နေသေးတာလေ! ငါ့ကိုပြောစမ်းပါဦး နင့်ရဲ့ ဘယ်အပိုင်းကများ လူနဲ့တူနေလို့လဲလို့?"
ထိုသို့ ကြားပြီးတဲ့အခါမှာတော့ စုထျန်းထျန်းရဲ့ အသိစိတ်တို့ ကွယ်ပျောက်သွားလေပြီ။ သူမ မျက်နှာတစ်ခုလုံး မည်းမှောင်သွားရင်း ပြန်ပြောလိုက်သည်။ "တော်လိုက်တော့ နင်မုန့်! နင် ငါ့အပေါ် အမြဲ အထင်သေးတယ်ဆိုတာ ငါသိတယ် ဒါပေမယ့် နင် မလုပ်နိုင်....."
နင်မုန့် ကြားဖြတ်ပြောလိုက်သည်။ "အိုး အားနာပါရဲ့ ငါနင့်ကို တခါမှ အထင်မသေးခဲ့ဖူးဘူး! ဘာလို့ဆို နင်က ငါ့အာရုံထဲမှာ ဘယ်တုန်းကမှ မရှိခဲ့လို့ပဲ!"
မြင့်တက်လာတဲ့ ဒေါသတွေကို ထိန်းရန် ရင်ဘတ်ပေါ်သို့ စုထျန်းထျန်း လက်တင်လိုက်သည်။ "ငါ့ကို ပူလောင်တဲ့ စကားပြောဖို့ အဲ့လောက်အချိန်တွေ ပေါနေရင် နင့်ဘာနင် လင်းချင်ပေ့ကို သွားစစ်ကြည့်တာ ပိုကောင်းမယ်!"
သူမ စကားပြောပြီးတာနဲ့ မကြာခင်ပဲ နံရံပေါ်က monitor screenကို စုထျန်းထျန်း ကြည့်လိုက်သည်။
"တွေ့လား? သူအခု စင်ပေါ်ရောက်နေပြီ!"
နင်မုန့် ဘာစကားမှ မပြောဘဲ monitorကို ကြည့်လိုက်သည်။
ဝတ်စုံပြည့် ဝတ်ထားတဲ့ လင်းချင်ပေ့က လူကြီးလူကောင်း တစ်ယောက်လို တင့်တယ်လှပြီး စင်ပေါ်မှာ တည်ငြိမ် ဩဇာရှိစွာ ရှိနေလေသည်။
ခနကြာတဲ့အခါ သီချင်းက စတင်လေ၏။ ချက်ချင်းဆိုသလို လူထုကြီးကလည်း စိတ်လှုပ်ရှားပြီး သီချင်းသံစဉ်နဲ့အတူ အရှိန်တောက်လောင် ကြကုန်လေသည်။
ခပ်ရှည်ရှည် ခန္ဓာကိုယ်ကို အလျင်အမြန်ပဲ ရွေ့လျားလိုက်သလို လင်းချင်ပေ့က သံစဉ်အလိုက် ကလိုက်လေတော့၏!
စက္ကန့်၂၀လောက် ကြာပြီးတဲ့အခါ အစပျိုးခြင်းက ပြီးသွားလေသည်။ ဆွဲဆောင်မှုရှိစွာပဲ စင်ပေါ်မှာ မတ်တပ်ရပ်လိုက်ပြီး သူ့မျက်နှာ တဝက်ပေါ် လက်တင်လိုက်တဲ့အခါ နားဆင်သူ တစ်ယောက်ချင်းစီတိုင်း ရူးသွပ်ကြသည်အထိ ဖြစ်သွားကြလေသည်!!
"လင်းချင်ပေ့! လင်းချင်ပေ့!"
စက္ကန့်ပိုင်း အတွင်းမှာပဲ လူထုရဲ့ တခဲနက် ဂုဏ်ပြုသံက ပြည့်လျှံသွားလေ၏။
နင်မုန့်သည်လည်း မြင်လိုက်ရတဲ့ အရာအပေါ် မှင်သက်မိသွားသည်။
ကြည့်ကောင်းလွန်းပြီး ရူးသွပ်စေနိုင်တဲ့ အကပဲ! တစ်ကိုယ်လုံး ပေါက်ကွဲထွက်လာသလို အားကောင်းပြီး အရမ်းဆွဲဆောင်မှု ရှိလွန်းတယ်! ဒါက "တရုတ်popလောက ရဲ့ကောင်းကင်ဘုရင်[1]" ဆိုတဲ့ အနာဂတ် မျက်လှည့်များလား? ဒီနေ့ည စင်ပေါ်မှာ သူက အတောက်ပဆုံး ကြယ်တစ်ပွင့်နှယ် ဖြစ်နေပြီး အရှေ့က ဘယ်သူနဲ့မှ မတူအောင် တလက်လက်နဲ့ ဖိတ်ဖိတ်တောက်နေတယ်!
[1] တရုတ်pop ထုံးတမ်းမှာ သူတို့ရဲ့ အဆိုတော်အလုပ်မှာ သက်မှတ်ထားတဲ့ စံနှုန်းထက် အောင်မြင်မှု မြင့်တဲ့လူကို "ကောင်းကင်ဘုရင်"လို့ ခေါ်ကြပါတယ်။
ထိုသို့မြင်လိုက်ရတဲ့အခါ စုထျန်းထျန်း မျက်မှောင်ကြုပ်မိသွားသည်။ လင်းချင်ပေ့က အဆိုတော်ကောင်း တစ်ယောက်ဆိုတာ သူမ သိပြီးသား ဖြစ်ပေမယ့် အကတော်တာကိုတော့ သူမ မသိခဲ့။
ဘယ်လိုပဲဖြစ်ဖြစ်...
စုထျန်းထျန်းက အေးစက်စက် ဟန်လုပ်ပြုံးလိုက်သည်။ "ကတဲ့နေရာမှာ သိပ်မဆိုးဘူးပဲ။ ဒီတော့ ဘာဖြစ်လဲ? ဒါက သီချင်းဆိုပြိုင်ပွဲပဲ။ တကယ့်အစစ်အမှန် မှတ်ချက်က သီချင်းဆိုတဲ့ အရည်အချင်းပဲ။ ဒီ ကတာလေး တစ်ခုလောက်က ပြိုင်ပွဲမှာ သူ မရှုံးခင် အဖတ်ဆယ်ချင်ရုံ သက်သက်ပဲ!"
ထိုစကားတွေ သူမ ပါးစပ်က ထွက်ပြီး မကြာခင်မှာ သီချင်း စတင်ပြန်လာလေ၏။ လင်းချင်ပေ့ ပါးစပ်စလှုပ်ပြီး သီချင်းဆိုလိုက်တာနဲ့ စင်အောက်က လူတိုင်းအားလုံးနီးပါး စိတ်လှုပ်ရှားကာ မျက်ရည်တို့ ကျလု မတတ် ဖြစ်သွားကြလေ၏။
ချိုမြိန်လှတဲ့ သူ့အသံက လူတိုင်းကို အသက်ရှူရပ်သွားစေသည်။
စုထျန်းထျန်းရဲ့ ဟန်လုပ်ပြုံးက ထိုနေရာမှာတင် တောင့်တင်းသွားသည်။
လင်းချင်ပေ့က အမြင့်သံတွေကို မြှင့်ရင်း....မြှင့်ရင်း ဆိုနေလေ၏....
မူရင်းအဆိုတော်ထက်တောင် ပိုမြင့်သေးတယ်! ဒါ မဖြစ်နိုင်ဘူး! တကယ်လို့ သူမသာ အဲ့ထက်ပိုမြှင့်ဆိုရင် အလွယ်တကူ tuneချော်သွားမှာ!
သို့ပေမယ့်လည်း ထိုအရာက လင်းချင်ပေ့ဆီမှာတော့ မဖြစ်ပေ။
စုထျန်းထျန်း မျက်လုံးတို့ မှိတ်လိုက်ပြီး သေချာနားထောင်လိုက်ရင်း အသေးငယ်ဆုံး အပြစ်ကို ကြိုးစားရှာလိုက်သည်။ တကယ်လို့ ရှာတွေ့ခဲ့ပါက သူမပြန်ပြီး ထောက်ပြတိုက်ခိုက်မှာ ဖြစ်သည်။
တခနကြာတဲ့အခါ သီချင်းရဲ့ အဓိကဖြစ်တဲ့ အမြင့်ဆုံး အပိုင်းကို ရောက်လို့သွားလေပြီ။ ယခု အပိုင်းက အခက်ခဲဆုံး ဖြစ်လေ၏။ ယခု ပွဲမှာ ပါဝင်ဖို့ ဖိတ်စာရပြီး လက်ခံပြီးလိုက်ချိန်တည်းက ရတဲ့အချိန်တွေအားလုံးမှာ စုထျန်းထျန်း လေ့ကျင့်ခဲ့ရတာဖြစ်သည်။
အမြင့်သံ နဲ့ အနိမ့်သံကြား သေချာ မလေ့ကျင့်ဘဲနဲ့ ဆိုနိုင်ဖို့ မဖြစ်နိုင်တဲ့ ကီးအပြောင်းအလဲတို့ရှိလေ၏။
ထို့တိုင်အောင် လင်းချင်ပေ့ကတော့ တစ်လုံးချင်းစီကို အမှားအယွင်း နည်းနည်းလေးတောင် မပါဘဲ ဆိုသွားနိုင်သည်။
ရှော့ရစွာပဲ စုထျန်းထျန်း ခေါင်းမော့ပြီး monitorကို ထပ်မံ စိုက်ကြည့်လိုက်သည်။
ဖိအားအရမ်း မပါဘဲ သီချင်းတစ်ပုဒ်လုံးကို လင်းချင်ပေ့ ဆိုသွားတာဖြစ်သည်။ လူအုပ်ကြီးရဲ့ ကျယ်လောင်တဲ့ ချီးကျူးလက်ခုပ်သံတွေက TV stationတစ်ခုလုံး ဟိန်းထွက်သွားလေတော့၏။
သူ လုပ်နိုင်ခဲ့တယ်.....
စုထျန်းထျန်းကတော့ ကြက်သေ သေ သွားသည်။
နင်မုန့် ကိုယ်တိုင်တောင်မှ လက်ခုပ်တီး ဂုဏ်ပြုမိသွားသည်။ သူမ ဒီမတိုင်ခင်က တခါမှ အခုလောက် ကောင်းတဲ့ သီချင်းဆိုသူကို မတွေ့ခဲ့ဖူးပေ! လင်းချင်ပေ့က လုံးဝကို ဆရာကြီးပဲ!
နားနေခန်းထဲက စီနီယာ အဆိုတော်တွေ တိုင်းကပါ လင်းချင်ပေ့ရဲ့ သီချင်းဆိုနိုင်စွမ်းကို ချီးကျူးကြလေ၏။
"ဝိုး သူ့အသံက တကယ်ကျယ်တာပဲ!"
"ငါတို့ဆီမှာ တရုတ်popလောကရဲ့ ကောင်းကင်ဘုရင် အသစ်တစ်ယောက် မွေးထုတ်နိုင်ပြီလို့တော့ ငါထင်တယ်"
"မူရင်း အဆိုတော်ထက်တောင် ကောင်းအောင် ဆိုသွားတာပဲ!"
လင်းချင်ပေ့ကို ချီးကျူးနေတဲ့ စကားတွေကို ကြားလိုက်ရတဲ့ စုထျန်းထျန်း မျက်နှာကတော့ မအီမသာ ဖြစ်လို့နေလေ၏။
နင်မုန့်ကတော့ စုထျန်းထျန်းဘက် လှည့်ကြည့်ပြီး ပြုံးလိုက်ကာ "ဟေး အဲ့သီချင်းကို လင်းချင်ပေ့ဆီ ပေးပေးလို့ ကျေးဇူးပဲ။ ဒီသီချင်းက သူ့စွမ်းရည်တွေကို ပိုပြီး သဘောပေါက်အောင် အထောက်အကူ ဖြစ်စေခဲ့တာပဲ"
"...!!"
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
-------------------
[Zawgyi]
စၾကၤန္ထဲမွာ ျဖစ္သည္။
စုထ်န္းထ်န္းရဲ႕ မ်က္၀န္းေတြက စကၠန႔္အနည္းငယ္အတြင္း စူးရွသြား၏။ သို႔ေပမယ့္လည္း သူတို႔ႏွစ္ေယာက္လုံးက TV stationထဲမွာပဲ ရွိေနေသးတာမို႔ သူမရဲ႕ ပုံရိပ္ကို ထိန္းသိမ္းဖို႔ရာအတြက္ အလ်င္အျမန္ပဲ ကိုယ့္ကိုကိုယ္ ျပန္ျပင္လိုက္သည္။
"မုန႔္မုန႔္ နင္ဘာကို ေျပာခ်င္တာလဲ ငါမသိဘူး"
နင္မုန႔္က မ်က္ခုံးကို ပင့္လိုက္ၿပီး "နားမလည္ ေသးတာလား? ဝိုး! ဒီေန႔ နင္ဘာျဖစ္ေနတာလဲ ဟမ္? ၀က္တစ္စုံ အျဖစ္မ်ား ေျပာင္းလဲသြားလို႔လား။ အခုေတာ့ နင္က ၀က္တစ္ေကာင္ ထက္ေတာင္ ပိုတုံး အ ေနတယ္!"
စုထ်န္းထ်န္းက ေျခလွမ္းတို႔ ေနာက္ဆုတ္လိုက္ၿပီး သူမ အသံကို ျမႇင့္လိုက္သည္။ "မုန႔္မုန႔္ နင္ ဘာျဖစ္လို႔မ်ား သူမ်ားေတြကို အခုလိုမ်ိဳး ေစာ္ကားေနရတာလဲ"
နင္မုန႔္က လက္ပိုက္လိုက္ၿပီး ဆက္ၿပီး ေခ်ပလိုက္သည္။ "ငါ ဘယ္ေတာ့မွ လူေတြကို မေစာ္ကားဘူး။ နင့္ကိုၾကည့္ေလ နင့္အက်င့္ေတြက လူအ လို ျဖစ္ေနခ်ိန္မွာ နင့္ရဲ႕ ဦးေႏွာက္ကလည္း ၀က္ေလာက္ပဲ ရွိတယ္။ အဲ့တာတင္ မဟုတ္ေသးဘူး တျခားလူေတြကို ေန႔တိုင္း ေခြး႐ူးလိုမ်ိဳး ကိုက္ေနေသးတာေလ! ငါ့ကိုေျပာစမ္းပါဦး နင့္ရဲ႕ ဘယ္အပိုင္းကမ်ား လူနဲ႔တူေနလို႔လဲလို႔?"
ထိုသို႔ ၾကားၿပီးတဲ့အခါမွာေတာ့ စုထ်န္းထ်န္းရဲ႕ အသိစိတ္တို႔ ကြယ္ေပ်ာက္သြားေလၿပီ။ သူမ မ်က္ႏွာတစ္ခုလုံး မည္းေမွာင္သြားရင္း ျပန္ေျပာလိုက္သည္။ "ေတာ္လိုက္ေတာ့ နင္မုန႔္! နင္ ငါ့အေပၚ အၿမဲ အထင္ေသးတယ္ဆိုတာ ငါသိတယ္ ဒါေပမယ့္ နင္ မလုပ္ႏိုင္....."
နင္မုန႔္ ၾကားျဖတ္ေျပာလိုက္သည္။ "အိုး အားနာပါရဲ႕ ငါနင့္ကို တခါမွ အထင္မေသးခဲ့ဖူးဘူး! ဘာလို႔ဆို နင္က ငါ့အာ႐ုံထဲမွာ ဘယ္တုန္းကမွ မရွိခဲ့လို႔ပဲ!"
ျမင့္တက္လာတဲ့ ေဒါသေတြကို ထိန္းရန္ ရင္ဘတ္ေပၚသို႔ စုထ်န္းထ်န္း လက္တင္လိုက္သည္။ "ငါ့ကို ပူေလာင္တဲ့ စကားေျပာဖို႔ အဲ့ေလာက္အခ်ိန္ေတြ ေပါေနရင္ နင့္ဘာနင္ လင္းခ်င္ေပ့ကို သြားစစ္ၾကည့္တာ ပိုေကာင္းမယ္!"
သူမ စကားေျပာၿပီးတာနဲ႔ မၾကာခင္ပဲ နံရံေပၚက monitor screenကို စုထ်န္းထ်န္း ၾကည့္လိုက္သည္။
"ေတြ႕လား? သူအခု စင္ေပၚေရာက္ေနၿပီ!"
နင္မုန႔္ ဘာစကားမွ မေျပာဘဲ monitorကို ၾကည့္လိုက္သည္။
၀တ္စုံျပည့္ ၀တ္ထားတဲ့ လင္းခ်င္ေပ့က လူႀကီးလူေကာင္း တစ္ေယာက္လို တင့္တယ္လွၿပီး စင္ေပၚမွာ တည္ၿငိမ္ ဩဇာရွိစြာ ရွိေနေလသည္။
ခနၾကာတဲ့အခါ သီခ်င္းက စတင္ေလ၏။ ခ်က္ခ်င္းဆိုသလို လူထုႀကီးကလည္း စိတ္လႈပ္ရွားၿပီး သီခ်င္းသံစဥ္နဲ႔အတူ အရွိန္ေတာက္ေလာင္ ၾကကုန္ေလသည္။
ခပ္ရွည္ရွည္ ခႏၶာကိုယ္ကို အလ်င္အျမန္ပဲ ေ႐ြ႕လ်ားလိုက္သလို လင္းခ်င္ေပ့က သံစဥ္အလိုက္ ကလိုက္ေလေတာ့၏!
စကၠန႔္၂၀ေလာက္ ၾကာၿပီးတဲ့အခါ အစပ်ိဳးျခင္းက ၿပီးသြားေလသည္။ ဆြဲေဆာင္မႈရွိစြာပဲ စင္ေပၚမွာ မတ္တပ္ရပ္လိုက္ၿပီး သူ႔မ်က္ႏွာ တ၀က္ေပၚ လက္တင္လိုက္တဲ့အခါ နားဆင္သူ တစ္ေယာက္ခ်င္းစီတိုင္း ႐ူးသြပ္ၾကသည္အထိ ျဖစ္သြားၾကေလသည္!!
"လင္းခ်င္ေပ့! လင္းခ်င္ေပ့!"
စကၠန႔္ပိုင္း အတြင္းမွာပဲ လူထုရဲ႕ တခဲနက္ ဂုဏ္ျပဳသံက ျပည့္လွ်ံသြားေလ၏။
နင္မုန႔္သည္လည္း ျမင္လိုက္ရတဲ့ အရာအေပၚ မွင္သက္မိသြားသည္။
ၾကည့္ေကာင္းလြန္းၿပီး ႐ူးသြပ္ေစႏိုင္တဲ့ အကပဲ! တစ္ကိုယ္လုံး ေပါက္ကြဲထြက္လာသလို အားေကာင္းၿပီး အရမ္းဆြဲေဆာင္မႈ ရွိလြန္းတယ္! ဒါက "တ႐ုတ္popေလာက ရဲ႕ေကာင္းကင္ဘုရင္[1]" ဆိုတဲ့ အနာဂတ္ မ်က္လွည့္မ်ားလား? ဒီေန႔ည စင္ေပၚမွာ သူက အေတာက္ပဆုံး ၾကယ္တစ္ပြင့္ႏွယ္ ျဖစ္ေနၿပီး အေရွ႕က ဘယ္သူနဲ႔မွ မတူေအာင္ တလက္လက္နဲ႔ ဖိတ္ဖိတ္ေတာက္ေနတယ္!
[1] တ႐ုတ္pop ထုံးတမ္းမွာ သူတို႔ရဲ႕ အဆိုေတာ္အလုပ္မွာ သက္မွတ္ထားတဲ့ စံႏႈန္းထက္ ေအာင္ျမင္မႈ ျမင့္တဲ့လူကို "ေကာင္းကင္ဘုရင္"လို႔ ေခၚၾကပါတယ္။
ထိုသို႔ျမင္လိုက္ရတဲ့အခါ စုထ်န္းထ်န္း မ်က္ေမွာင္ၾကဳပ္မိသြားသည္။ လင္းခ်င္ေပ့က အဆိုေတာ္ေကာင္း တစ္ေယာက္ဆိုတာ သူမ သိၿပီးသား ျဖစ္ေပမယ့္ အကေတာ္တာကိုေတာ့ သူမ မသိခဲ့။
ဘယ္လိုပဲျဖစ္ျဖစ္...
စုထ်န္းထ်န္းက ေအးစက္စက္ ဟန္လုပ္ၿပဳံးလိုက္သည္။ "ကတဲ့ေနရာမွာ သိပ္မဆိုးဘူးပဲ။ ဒီေတာ့ ဘာျဖစ္လဲ? ဒါက သီခ်င္းဆိုၿပိဳင္ပြဲပဲ။ တကယ့္အစစ္အမွန္ မွတ္ခ်က္က သီခ်င္းဆိုတဲ့ အရည္အခ်င္းပဲ။ ဒီ ကတာေလး တစ္ခုေလာက္က ၿပိဳင္ပြဲမွာ သူ မရႈံးခင္ အဖတ္ဆယ္ခ်င္႐ုံ သက္သက္ပဲ!"
ထိုစကားေတြ သူမ ပါးစပ္က ထြက္ၿပီး မၾကာခင္မွာ သီခ်င္း စတင္ျပန္လာေလ၏။ လင္းခ်င္ေပ့ ပါးစပ္စလႈပ္ၿပီး သီခ်င္းဆိုလိုက္တာနဲ႔ စင္ေအာက္က လူတိုင္းအားလုံးနီးပါး စိတ္လႈပ္ရွားကာ မ်က္ရည္တို႔ က်လု မတတ္ ျဖစ္သြားၾကေလ၏။
ခ်ိဳၿမိန္လွတဲ့ သူ႔အသံက လူတိုင္းကို အသက္ရွဴရပ္သြားေစသည္။
စုထ်န္းထ်န္းရဲ႕ ဟန္လုပ္ၿပဳံးက ထိုေနရာမွာတင္ ေတာင့္တင္းသြားသည္။
လင္းခ်င္ေပ့က အျမင့္သံေတြကို ျမႇင့္ရင္း....ျမႇင့္ရင္း ဆိုေနေလ၏....
မူရင္းအဆိုေတာ္ထက္ေတာင္ ပိုျမင့္ေသးတယ္! ဒါ မျဖစ္ႏိုင္ဘူး! တကယ္လို႔ သူမသာ အဲ့ထက္ပိုျမႇင့္ဆိုရင္ အလြယ္တကူ tuneေခ်ာ္သြားမွာ!
သို႔ေပမယ့္လည္း ထိုအရာက လင္းခ်င္ေပ့ဆီမွာေတာ့ မျဖစ္ေပ။
စုထ်န္းထ်န္း မ်က္လုံးတို႔ မွိတ္လိုက္ၿပီး ေသခ်ာနားေထာင္လိုက္ရင္း အေသးငယ္ဆုံး အျပစ္ကို ႀကိဳးစားရွာလိုက္သည္။ တကယ္လို႔ ရွာေတြ႕ခဲ့ပါက သူမျပန္ၿပီး ေထာက္ျပတိုက္ခိုက္မွာ ျဖစ္သည္။
တခနၾကာတဲ့အခါ သီခ်င္းရဲ႕ အဓိကျဖစ္တဲ့ အျမင့္ဆုံး အပိုင္းကို ေရာက္လို႔သြားေလၿပီ။ ယခု အပိုင္းက အခက္ခဲဆုံး ျဖစ္ေလ၏။ ယခု ပြဲမွာ ပါ၀င္ဖို႔ ဖိတ္စာရၿပီး လက္ခံၿပီးလိုက္ခ်ိန္တည္းက ရတဲ့အခ်ိန္ေတြအားလုံးမွာ စုထ်န္းထ်န္း ေလ့က်င့္ခဲ့ရတာျဖစ္သည္။
အျမင့္သံ နဲ႔ အနိမ့္သံၾကား ေသခ်ာ မေလ့က်င့္ဘဲနဲ႔ ဆိုႏိုင္ဖို႔ မျဖစ္ႏိုင္တဲ့ ကီးအေျပာင္းအလဲတို႔ရွိေလ၏။
ထို႔တိုင္ေအာင္ လင္းခ်င္ေပ့ကေတာ့ တစ္လုံးခ်င္းစီကို အမွားအယြင္း နည္းနည္းေလးေတာင္ မပါဘဲ ဆိုသြားႏိုင္သည္။
ေရွာ့ရစြာပဲ စုထ်န္းထ်န္း ေခါင္းေမာ့ၿပီး monitorကို ထပ္မံ စိုက္ၾကည့္လိုက္သည္။
ဖိအားအရမ္း မပါဘဲ သီခ်င္းတစ္ပုဒ္လုံးကို လင္းခ်င္ေပ့ ဆိုသြားတာျဖစ္သည္။ လူအုပ္ႀကီးရဲ႕ က်ယ္ေလာင္တဲ့ ခ်ီးက်ဴးလက္ခုပ္သံေတြက TV stationတစ္ခုလုံး ဟိန္းထြက္သြားေလေတာ့၏။
သူ လုပ္ႏိုင္ခဲ့တယ္.....
စုထ်န္းထ်န္းကေတာ့ ၾကက္ေသ ေသ သြားသည္။
နင္မုန႔္ ကိုယ္တိုင္ေတာင္မွ လက္ခုပ္တီး ဂုဏ္ျပဳမိသြားသည္။ သူမ ဒီမတိုင္ခင္က တခါမွ အခုေလာက္ ေကာင္းတဲ့ သီခ်င္းဆိုသူကို မေတြ႕ခဲ့ဖူးေပ! လင္းခ်င္ေပ့က လုံး၀ကို ဆရာႀကီးပဲ!
နားေနခန္းထဲက စီနီယာ အဆိုေတာ္ေတြ တိုင္းကပါ လင္းခ်င္ေပ့ရဲ႕ သီခ်င္းဆိုႏိုင္စြမ္းကို ခ်ီးက်ဴးၾကေလ၏။
"ဝိုး သူ႔အသံက တကယ္က်ယ္တာပဲ!"
"ငါတို႔ဆီမွာ တ႐ုတ္popေလာကရဲ႕ ေကာင္းကင္ဘုရင္ အသစ္တစ္ေယာက္ ေမြးထုတ္ႏိုင္ၿပီလို႔ေတာ့ ငါထင္တယ္"
"မူရင္း အဆိုေတာ္ထက္ေတာင္ ေကာင္းေအာင္ ဆိုသြားတာပဲ!"
လင္းခ်င္ေပ့ကို ခ်ီးက်ဴးေနတဲ့ စကားေတြကို ၾကားလိုက္ရတဲ့ စုထ်န္းထ်န္း မ်က္ႏွာကေတာ့ မအီမသာ ျဖစ္လို႔ေနေလ၏။
နင္မုန႔္ကေတာ့ စုထ်န္းထ်န္းဘက္ လွည့္ၾကည့္ၿပီး ၿပဳံးလိုက္ကာ "ေဟး အဲ့သီခ်င္းကို လင္းခ်င္ေပ့ဆီ ေပးေပးလို႔ ေက်းဇူးပဲ။ ဒီသီခ်င္းက သူ႔စြမ္းရည္ေတြကို ပိုၿပီး သေဘာေပါက္ေအာင္ အေထာက္အကူ ျဖစ္ေစခဲ့တာပဲ"
"...!!"
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]