အပိုင်း ၁၄၉ : ဘာဖြစ်လို့လည်းဆိုတော့ ငါက ခွင့်မပြုလို့ပဲ
ဝင်္ကပါ အသေးစားလေး တစ်ခုဟာ ချန်ကန်းနဖူးရဲ့ အပေါ်မှာ လင်းလက်လာခဲ့ပြီး… သူ့ရဲ့ အသက်စွမ်းအင်တွေဟာ လောင်ကျွမ်းခဲ့ပြီး ထိုးတက်လာခဲ့ပါတယ်။
လင်းဖုန်းဟာ ချန်ကန်းက ကိုယ့်ကိုယ်ကိုယ် အနစ်နာခံခဲ့ပြီး… သီးသန့် ဒိုင်မန်းရှင်း တစ်ခုက တခြားတစ်ယောက်ကို ဆွဲခေါ်လိုက်တယ် ဆိုတာကို သဘောပေါက်ခဲ့ပြီး… ချန်ကန်းရဲ့ ခန္ဓာကိုယ်ဟာ အဲ့ဒီလူရဲ့ ကိုယ်ပွားအဖြစ်ကို အသုံးအချခံလိုက်ရပြီ ဆိုတာကို သိလိုက်ရပါပြီ။
ဒီဝင်္ကပါရဲ့ အထဲကနေပြီး… တည်ငြိမ်ကာ ခံစားမှု ကင်းမဲ့နေတဲ့ လေသံတစ်ခုဟာ ပေါ်လာခဲ့ပြီး… "အင်း… ဂျူနီယာကို ခက်ခဲစေခဲ့တာပဲ… ဒီနေရာကနေပြီး ငါကပဲ ရှေ့ဆက်လိုက်ပါတော့မယ်…"
လင်းဖုန်းက ချောင်းတစ်ချက် ဟန့်လိုက်ကာ လည်ပင်းရှင်းလိုက်ပြီး… "အဟမ်း… ခင်ဗျားက ဟင်းလင်းပြင် ဘုရားကျောင်းက ခြေလျှင်တာအို ခရီးသည် ပန်ကျဲပေါ့?"
ဒီဝင်္ကပါ အသေးစားလေးရဲ့ အထဲမှာ လူတစ်ယောက်ရဲ့ ပုံရိပ်ဟာ တဖြေးဖြေးနဲ့ ပေါ်ထွက်လာခဲ့ပြီး… သူ့ရဲ့ ဝတ်ရုံဖြူဟာ အလင်းတန်းတွေနဲ့ တောက်ပနေခဲ့ကာ… သလင်းကျောက်လိုမျိုး ကြည်လင်နေတဲ့ အော်ရာတစ်ခုကို ထုတ်လွှတ်နေခဲ့ပါတယ်။
တစ်ယောက်ဟာ လေပြေလေညင်းတွေ တိုက်ခတ်နေသလိုမျိုး လွတ်လပ်နေတဲ့ စိတ်ဝိညာဉ်ကို ခံစားနေခဲ့ရပြီး… သူ့ရဲ့ မျက်လုံးတွေဟာ တစ်ယောက်ရဲ့ အတွင်းက နှလုံးသားထဲ အထိကို ထွင်းဖောက်ပြီး မြင်နေရတဲ့ ကြယ်စင်တွေလိုမျိုး… တောက်ပနေခဲ့တာပါ။
ဒီလူက ခေါင်းကိုညိတ်လိုက်ပြီး… "ဟုတ်ပါတယ်… ကျုပ်က ပန်ကျဲပါ…"
"ကျုပ်ကို ပြောခွင့်ပြုမယ်ဆိုရင်… ချန်ကန်းက သူ့ရဲ့ခန္ဓာကိုယ်ကို အနစ်နာခံပြီး ပေးခဲ့တဲ့ ပထမဆုံးသူ မဟုတ်ပဲ… ခင်ဗျားရဲ့ စွမ်းအားတွေဟာ ဟင်းလင်းပြင် ဘုရားကျောင်းက မရေမတွက်နိုင်တဲ့ တပည့်တွေ ဆီကနေပြီး ရလာတာပဲဗျ…" လင်းဖုန်းက စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ဝေဖန်လိုက်ပါတယ်။
ပန်ကျဲကတော့ ဘာမှမဖြစ်သလိုမျိုး ခေါင်းကိုသာ ညိတ်ပြလိုက်တယ်လေ။
"ဟင်း… ဘယ်လောက်အထိများ ကျက်သရေ တုံးလိုက်သလည်း? သူတပါးတို့ရဲ့ အသက်ကို အနစ်နာခံပြီး ကိုယ်ရဲ့ ကိုယ်ကျိုးကိုသာကြည့်တဲ့ တာအိုခရီးသည်ကြီး!" လင်းဖုန်းကလည်း သရော်လှောင်ပြောင်လိုက်ပါပြီ။
ဘာအမူအရာမှ မပြောင်းခဲ့ပဲ ပန်ကျဲက ပြန်ပြောလိုက်ပါတယ်… "ဟင်းလင်းပြင် ဘုရားကျောင်းက အဖွဲ့ဝင်တစ်ယောက် အနေနဲ့… ကျုပ်တို့လုပ်နေတာက တရားမျှတမှု အတွက်ပါပဲ။ ကျုပ်တို့လျှောက်နေတဲ့လမ်းက မြင့်မြတ်ပြီး လျှို့ဝှက်သီးသန့် ဖြစ်တာပါ… ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ လမ်းကြောင်းကို အနှောင့်အယှက် ပေးနေတဲ့ အသုံးမကျတဲ့ တိရိစ္ဆာန် တစ်ကောင်နဲ့ ကြုံတွေ့ခဲ့ရတော့… ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ မျိုးဆက်သစ် ခေါင်းဆောင်အနေနဲ့… ဘာမှ ရွေးချယ်နိုင်မှု မရှိပဲ ခင်ဗျားကို သုတ်သင်ရမှာပဲ။ သိက္ခာကြီးမားတဲ့ ဂုဏ်ကျက်သရေတွေနဲ့ ပြည့်စုံတဲ့ ကျုပ်တို့ဂိုဏ်းက တပည့်တွေဟာ… ဒီလိုမျိုး မြင့်မြတ်တဲ့ အလုပ်တစ်ခုအတွက် အနစ်နာခံရတာကို ဂုဏ်ယူနေကြမှာပါ…"
"ဒါဖြစ်ရင်… ခင်ဗျားက ဘာသံဝေဂမှ မရပဲ သူတို့ရဲ့ အသက်တွေကို သိသိကြီးနဲ့ ယူတာပဲလား? လင်းဖုန်းက သရော်လိုက်ပါတယ်။
"ဒါက… ဘာပဲပြောပြော… သူတို့က မြင့်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ စိတ်လိုလက်ပါ အနစ်နာခံတာပဲ။ ကျုပ်က မြင့်မြတ်တဲ့ အရွေးချယ်ခံ ဖြစ်ပြီးတော့… ကျန်တဲ့သူတွေ အတွက်ကတော့ ကံမကောင်းတာပဲပေါ့…"
လင်းဖုန်းကလည်း တဟားဟားနဲ့ ရယ်လိုက်ပြီး… "ဟားဟား… ဟင်းလင်းပြင် ဘုရားကျောင်းက ဒီကမ္ဘာမှာ နံပါတ်တစ်ဂိုဏ်း ဆိုပြီးတော့… အရာအားလုံးကို သူ့သဘောအတိုင်း လုပ်လို့ရတာပဲလား? ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အမိန့်ကို မနာခံတဲ့သူ.. ဖီဆန်တဲ့သူ အားလုံးက မှားနေတာပဲလား? ကျုပ်ရဲ့အမြင် အရဆိုရင်တော့… ခင်ဗျားတို့ လုပ်နေတာတွေက… ဩဇာအာဏာ ရှိတဲ့သူတွေက ကိုယ်လုပ်ချင်တာကို လုပ်နေကြတာပဲ။ သန်မာတဲ သူတွေက အမြဲမှန်ပြီး… အားနည်းတဲ့ သူတွေက ခံပေရောပဲ… အဓိပ္ပာယ် မရှိတဲ့ ဟာတွေပါဗျာ!"
"ခင်ဗျားက စကားတတ်သလို ပြောနိုင်ပါတယ်… ကျုပ်ရဲ့ အလုပ်ကတော့ ခင်ဗျားကို သတိပေးဖို့ပဲ…" ပန်ကျဲက ပြန်ပြောလိုက်ပါပြီ။
"ဒီတောင်ပေါ်က ရတနာတွေ အပါအဝင်… ဒီတောင်ကြီးနဲ့ လုံရဲ့ရဲ့ ကျောက်တုံးပုလွေလေးတို့ဟာ ကျုပ်တို့ဂိုဏ်းရဲ့ ပစ္စည်းတွေပဲ။ အခုချက်ချင်း ပြန်ပေးစမ်း!" ပန်ကျဲက အော်ငေါက်လိုက်ပါတယ်။ သူ့ကို ပတ်လည်ဝိုင်းထားတဲ့ အလင်းတန်းတွေဟာ တဖြေးဖြေးနဲ့ ကြည်လင်လာခဲ့ပြီး… ချန်ကန်းရဲ့ ကိုယ်ပေါ်မှာ အသွေးအသားနဲ့တူတဲ့ အရာတွေဟာ ပေါ်လာခဲ့ပါပြီ။ သူဟာ ကိုယ်ပွားတစ်ခုအဖြစ်ကို အသွင်ပြောင်းလာခဲ့တာပါ။
"ဟင်းဟင်း… ဝမ်းနည်းစရာ ကောင်းတာက ခင်ဗျားက ဒီနေရာကို မလာနိုင်တာပဲ…" လင်းဖုန်းက မှတ်ချက်ချလိုက်ပါတယ်။
"အိုး… တကယ်ပဲလား?"
"ဟုတ်တယ်… ဘာဖြစ်လို့လည်းဆိုတော့ ကျုပ်က ခွင့်မပြုလို့ပဲ…" လင်းဖုန်းရဲ့ ပြန်ဖြေသံဟာ ထွက်ပေါ်လာခဲ့ပါပြီ။
လင်းဖုန်းက သူ့ရဲ့ လက်ကို မြှောက်လိုက်ပြီး… လေကို ညင်သာစွာနဲ့ ခုတ်ချလိုက်ပါတယ်။
ကောင်းကင်၏ စည်းရိုးများ!
ပန်ကျဲရဲ့ ပုံသဏ္ဌာန်ဟာ တုန်ခါသွားခဲ့ပြီး… သူနဲ့ ချန်ကန်းတို့ရဲ့ ဆက်သွယ်မှုဟာ ရုတ်ချည်း ပြတ်တောက်သွားခဲ့ပါပြီ။ ချန်ကန်းရဲ့ အပေါ်က အလင်းတန်းလေးဟာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့ပြီး မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီလေ။
လင်းဖုန်းကတော့ ရိုးရိုးလေးပဲ ပြုံးလိုက်ပါတယ်… သူ့ရဲ့ ရည်ရွယ်ချက်တွေက ပြတ်သားနေခဲ့လို့ပါ… ပန်ကျဲရဲ့ တည်ရှိနေမှုဟာ ဖြေးဖြေးချင်းပဲ ဝေဝါးတဲ့ ပုံရိပ်တစ်ခုအဖြစ်ကို မှေးမှိန်သွားခဲ့ပါပြီ။
တကယ်လို့များ လင်းဖုန်းဟာ သူတို့ကို လာရောက်ခြင်းမှ တားမြစ်ခဲ့မယ်ဆိုရင်… သူတို့က လာနိုင်မှာ မဟုတ်ပါဘူး။
ပန်ကျဲရဲ့ အမူအရာတွေကတော့… ကျောက်တုံးအလား ဖြစ်နေခဲ့ပါတယ်။ သူဟာ အခြေတည်ဝိညာဉ် အဆင့်ကို ရောက်နေခဲ့ပြီဖြစ်လို့… လေဟာနယ်-အချိန်ကာလကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရှိနေပြီး… သူ့ရဲ့ တကယ့် ရုပ်ခန္ဓာကိုယ်ကို ဆင့်ခေါ်နိုင်စွမ်း ရှိပေမဲ့… သူ့မှာက လုပ်စရာ ကိစ္စတွေ မပြီးပြတ်သေးတာမို့… ဒီနေရာကို မလာနိုင်သေးပါဘူး။
ပန်ကျဲက လင်းဖုန်းကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်ပြီး… "ကဲ… ကျုပ်တို့က သိပ်မကြာခင်မှာပဲ ပြန်ဆုံကြဦးမှာပါ…" ပြီးတာနဲ့ ချန်ကန်းရဲ့ ခေါင်းပေါ်က အလင်းတန်းဟာ ငြိမ်သက်သွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့ပြီလေ။
"ဟုတ်ပြီလေ… ဒါပေမဲ့လည်း ခင်ဗျားက အပေါ်စီးတော့ရမှာ မဟုတ်ဘူးနော်…" လင်းဖုန်းက ပြုံးပြီးမှ ပြန်ပြောလိုက်ပါတယ်။
သူဟာ ယုကျင်းတောင်ကို လေ့လာလိုက်ပြီး တွေးလိုက်ပါပြီ… "ဟဲဟဲ… နောက်ဆုံးမှာတော့… အိမ်လို့ခေါ်စရာ နေရာတစ်ခုကို ရခဲ့ပြီပေါ့…"
မှော်ကျိန်စာ သင်္ကေတ တစ်ခုကို ဖန်ဆင်းလိုက်ပြီး… မဟူရာကောင်းကင် ရတနာသစ်ပင်.. ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေနဲ့ ယုကျင်းတောင်တို့ဟာ တစ်ခုတည်း အဖြစ်ကို ပြောင်းသွားခဲ့ပါတယ်။ အေးရီးစ်ကိုယ်ပွားကလည်း မဟူရာ နဂါးကို သယ်ဆောင်လာခဲ့ပြီး… ကျန်တဲ့သူတွေနဲ့ ပူးပေါင်းလိုက်ပါပြီ။
သစ်ပင်ရဲ့ အထဲကနေပြီး… တောက်ပလွန်းလို့ အရိပ်တွေကို မိုင်ပေါင်းများစွာအထိ ထုတ်လွှတ်နိုင်တဲ့ အလင်းတန်း တစ်ခုဟာ ထွက်ပေါ်လာခဲ့ကာ… သစ်ရွက်တွေဟာ လှုပ်ရှားသွားခဲ့ပြီး ခရမ်းရောင် ကောင်းကင်ကြီးဟာ နှစ်ခြမ်းကွဲသွားခဲ့ပါကာ… အနောက်က အစစ်အမှန် မိုးကုတ်စက်ဝိုင်းကို ဖော်ပြလိုက်ပါတယ်။
ယုကျင်းတောင်ဟာ အခြားရတနာတွေနဲ့အတူ… တိမ်တိုက်တွေရဲ့ အပေါ်ကို ပျံတက်သွားခဲ့ကာ… တစ်ခါမှ မပေါ်လာခဲ့ဖူးသလိုမျိုး ငြိမ်သက်အေးချမ်းနေတဲ့ မြင်ကွင်းတစ်ခုကိုသာ ချန်ထားခဲ့ပါပြီ။
အရင်က ခက်ထန်တဲ့ တိုက်ပွဲကြီး တစ်ခုက ဖြစ်သွားခဲ့တယ် ဆိုတာကို… ခွန်းလွန်တောင်တန်းရဲ့ ကျိုးပဲ့ပျက်စီးနေတဲ့ တောင်ထိပ်တွေရဲ့ မြင်ကွင်းတွေကနေသာ တစ်ယောက်က ကောက်ချက်ချနိုင်တော့မှာပါ။
ဟင်းလင်းပြင် ဒိုင်မန်းရှင်းရဲ့ ဖရိုဖရဲ ဖြစ်နေကြတဲ့ လေစီးကြောင်းတွေရဲ့ အကြားမှာ… မဟူရာကောင်းကင် ရတနာသစ်ပင်ကြီးဟာ လက်ကနဲ ဖြစ်သွားပြီး… အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်ကာ ယုကျင်းတောင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ကာ… အထဲက သူတွေအားလုံးကို ဒီဟင်းလင်းပြင် ဒိုင်မန်းရှင်းရဲ့ လေစီးကြောင်းတွေရဲ့ ဒဏ်ရာရစေနိုင်မှုကနေပြီး ကာကွယ်ထားပေးခဲ့ပါတယ်။
လင်းဖုန်းကလည်း ကျေနပ်အားရနေခဲ့လို့ပါ။ အခုဆိုရင် သူ့တောင်ရဲ့ ဝင်ပေါက်ဟာ ဟင်းလင်းပြင်ရဲ့ အထဲမှာ ချိတ်ပိတ်ထားခဲ့ပြီဖြစ်လို့… ဘယ်သူကမှ ပြဿနာ လာရှာနိုင်တော့မှာ မဟုတ်တော့ပါဘူး။ တစ်ခုတည်းသော ပြဿနာကတော့… သူက တကယ့်ကမ္ဘာကြီးမှာ ပြန်ပေါ်လာခဲ့လို့ရှိရင်… ခွန်းလွန်တောင်ပေါ်မှာသာ ပြန်ပေါ်လာနိုင်မှာဖြစ်ပြီး… ဒါကိုတော့ ကြိုတင်ခန့်မှန်းနိုင်ခဲ့တာပါ။
လင်းဖုန်းက သူ့ကိုယ်သူပဲ တွေးနေခဲ့ပါတယ်… "အင်း… ငါက ပိုပြီးတော့ တိုးတက်အောင် ကြိုးစားနိုင်ခဲ့ပြီး… အခြေတည်ဝိညာဉ် အဆင့်ကို ရောက်နိုင်ခဲ့ရင်တော့… ဒီရတနာ သစ်ပင်နဲ့ ပူးပေါင်းပြီးတော့… ဒီတောင်ကို ကိုယ်ကြိုက်တဲ့ နေရာမှာ ပေါ်စေနိုင်မှာပဲ…"
"ဆရာသခင်!"
ရှောင်ယန်ကလည်း အောင်ပွဲခံနေခဲ့ပြီး… သူ့ဆီကို အော်ဟစ်ကာ အပြေးကလေး လာခဲ့ပါပြီ။
"စိတ်မကောင်းပါဘူးကွာ… မင်းတို့ကို စောင့်နေစေခဲ့ပြီး… နည်းနည်းတော့ ဒုက္ခရောက်သွားစေခဲ့တယ်.." လင်းဖုန်းက ပြောလိုက်ပါတယ်။
ရှောင်ယန်ကလည်း ရယ်လိုက်ပြီး… "ဘယ်လိုလုပ်ပြီး ဒုက္ခရောက်မှာလည်း? ဒါက ကျွန်တော်တို့ကို လေ့ကျင့်မှု ကောင်းကောင်းကြီး ပေးလိုက်တာပဲ…"
"ဟင်း… ဒါပေမဲ့လည်း ကျွန်တော်တို့က သိပ်အစွမ်းမထက်သေးတော့… ဆရာက ဝင်ပါရတာ စိတ်မကောင်းပါဘူးဗျာ…" ဇူရီကလည်း ကြားဖြတ်ပြီးတော့ ဝင်ပြောလိုက်ပါပြီ။
လင်းဖုန်းကလည်း ပြန်ပြုံးလိုက်ကာ… "ဟင်းဟင်း… မင်းတို့အားလုံးက ဒီတိုက်ပွဲကနေပြီး မင်းတို့ရဲ့ အမှားတွေကို ပြုပြင်နိုင်ကြလိမ့်မယ်လို့ ဆရာက မျှော်လင့်နေတာပဲ…"
လင်းဖုန်းကလည်း သူယူလာခဲ့တဲ့ ရတနာတွေရဲ့ စွမ်းအားနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို… သူတို့ကို မိတ်ဆက်ပေးနေခဲ့ပါတယ်။ အဲ့ဒီအထဲမှာ မဟူရာကောင်းကင် ရတနာသစ်ပင်ပေါ်က အချိန်ကို အပြောင်းအလဲလုပ်ပြီး ထိန်းချုပ်နိုင်တဲ့ ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာလည်း တစ်ခုအပါအဝင်ပါ။
အဲ့ဒီအထဲမှာက အချိန်ကို မြန်ဆန်ထားပြီး… တစ်ယောက်ဟာ အပြင်ကမ္ဘာမှာ တစ်ရက်သာ အသုံးချရုံနဲ့… ဒီသစ်ပင်ရဲ့ အထဲမှာ တစ်နှစ်တိုင်တိုင် လေ့ကျင့်နိုင်ပါတယ်။ သူတို့ကို ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာကြီးကို မိတ်ဆက်ပေးပြီးတော့… "ကဲ… ဒီလိုမျိုး ရွှေရောင် အခွင့်အလမ်းကြီးကို လက်လွတ်မခံပဲနဲ့ အခုပဲ မင်းတို့ရဲ့ လေ့ကျင့်မှုတွေကို အစွမ်းကုန် ကြိုးစားလိုက်ကြစမ်းကွာ…"
သူ့တို့ရဲ့ ဆရာသခင်ရဲ့ မိတ်ဆက်ပေးမှုကို ကြားပြီးတဲ့နောက်မှာ… တပည့်တွေ အားလုံးဟာ အလွန်အမင်းကိုမှပဲ စိတ်လှုပ်ရှားသွားကြပြီး… ဘာကိုမှ တွေဝေနေခြင်း မရှိကြတော့ပဲ ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အထဲကို တိုက်ရိုက်ပဲ ဝင်သွားကြပါတော့တယ်။
"ဟင်း… အချိန်က လူကိုမစောင့်တာ တကယ်မှန်တာပဲ!" လင်းဖုန်းက သက်ပြင်းကို ချလိုက်ပါတယ်။ ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်ရှိဖို့… သူဟာ အထဲမှာ ရှစ်နှစ်တိုင်တိုင် လေ့ကျင့်နေခဲ့တာပါ။ စနစ်ကြီးရဲ့ မစ်ရှင်က အချိန်ကန့်သတ်ချက် ဆယ်နှစ်သတ်မှတ်ထားတာမို့… အခုဆိုရင် တစ်နှစ်ပိုပိုသာ ကျန်တော့တာလေ။
သူ့ရဲ့မစ်ရှစ်ကတော့ ဒီတောင်ကို တရားဝင် ဖွင့်လှစ်ပြီး… အလားအလာ တန်ဖိုး နှစ်ဆယ့်ငါးနဲ့ အထက်ရှိတဲ့ တပည့်သုံးဆယ်ကို လက်ခံဖို့ပဲ ဖြစ်ပါတယ်။
လင်းဖုန်းကလည်း ပြုံးလိုက်ပြီး ခေါင်းကိုသာ ခါလိုက်ပါပြီ… "ဟင်း… အဝေးကြီးသွားဖို့ ကျန်သေးတာပဲ…"
နောက်ဆုံးတော့လည်း… နံပါတ်တစ် အရေးအကြီးဆုံး အချက်က စွမ်းအားပဲ ဆိုတာကို သူက ခံစားနေခဲ့ရပါတယ်။ အထူးသဖြင့်… ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ စူတောင်ဓားဂိုဏ်းတို့ နှစ်ခုစလုံးနဲ့ ဆက်ဆံရေးတွေ ပျက်ပြီးသွားချိန်မှာပေါ့။ အနာဂါတ်မှာ ဖြစ်လာနိုင်တဲ့ မဟာမိတ်တွေ လျော့နည်းသွားမှုတွေကို… ပြန်ပြီးကာမိနိုင်ဖို့က သူ့ရဲ့ စွမ်းရည်တွေကို မြန်မြန်လေး အဆင့်မြှင့်တင်နိုင်ဖို့ လိုအပ်နေခဲ့ပါပြီ။
လင်းဖုန်းဟာ ယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါကျမ်းစာကို ကောက်ကိုင်လိုက်ပြီး… ကိုယ့်ကိုယ်ပဲ တွေးနေခဲ့ပါတယ်…"အင်း… ဒီဝင်္ကပါချိုးဖျက်ဗုံဟာ တကယ်ကိုပဲ ထူးခြားပြောင်မြောက်လှတဲ့ လက်နက်တစ်ခု ဖြစ်တာပဲဟ။ ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေကသာ အကူအညီ မပေးခဲ့ရင်… ငါက အောင်နိုင်သူ ဖြစ်ချင်မှ ဖြစ်နိုင်ခဲ့မှာ…"
ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေဟာ 'ကောင်းကင်'ဓာတ်သာ ရှိခဲ့တာမို့… 'မြေကြီး'ဓာတ်ကို မရှာနိုင်ခဲ့ရင်တော့… သူ့ရဲ့ အလားအလာ အစွမ်းကုန်ကို ထုတ်ဖော်နိုင်မှာ မဟုတ်ပါဘူး။
"ဒီယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါမှာ ပြောင်းလဲခြင်း ခြောက်မျိုးရှိပြီး… တစ်ခုချင်းတိုင်းကလည်း ကွဲပြားခြားနားတဲ့ အခြေအနေတွေနဲ့ အမယ်တွေ လိုအပ်နေတာပဲ…"
"အခုဆိုရင်… 'ကောင်းကင်'နဲ့ 'မြေကြီး'တို့က အပြည့်အဝ မပူးပေါင်းနိုင်ခဲ့တာတောင်… ဒီဝင်္ကပါက ဒီလောက်အထိ အစွမ်းထက်နိုင်ခဲ့ရင်… အခြေအနေ ခြောက်မျိုးစလုံးကို ဖြည့်ဆည်းနိုင်ခဲ့ပြီး… ဝင်္ကပါတစ်ခုလုံးကို ထောက်ပံ့ပေးနိုင်တဲ့ မှော်ရတနာ တစ်ပါးကိုသာ ထပ်ထည့်နိုင်ခဲ့လို့ရှိရင်… ဘယ်လောက်အထိ အစွမ်းထက်နိုင်မလည်း ဆိုတာကို မှန်းဆလို့တောင် ရမှာ မဟုတ်တော့ဘူး…"
"ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေရဲ့ 'ကောင်းကင်' အစိတ်အပိုင်းဟာ… ဝူတူးဗဟို နတ်ဘုရား အလင်းတန်းရဲ့ 'မြေကြီး' အစိတ်အပိုင်းနဲ့ အတွဲအဘက် လုပ်နိုင်တာပဲ။ ဒါပေမဲ့လည်း စကြာဝဠာ ကြေးမုံရဲ့ အထဲက ဝူတူးဗဟို နတ်ဘုရား အလင်းတန်းက ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေရဲ့ ထုထည်နဲ့ စာလိုက်ရင် အမတန်ကိုမှ နည်းလွန်းနေတယ်ကွ…"
လင်းဖုန်းက ရေကိုဆန့်ကျင်သော အလံကို ထုတ်ယူလိုက်တော့… ကြေးမုံရဲ့ အလင်းတန်းဟာ အလံရဲ့ မျက်နှာပြင်ပေါ်ကို ကျရောက်သွားခဲ့ပြီး… မြေဆီမြေနှစ်ရဲ့ အဝါရောင် အလင်းတန်းကို ဖြာကျစေခဲ့ပါတယ်။ လင်းဖုန်းကလည်း ပြဿနာရဲ့ အဖြေကို ရှာတွေ့သွားလို့… ဝမ်းသာအားရနဲ့ ဟစ်ကြွေးလိုက်ပါပြီ။
ဒီအပေါင်းအစပ်ရဲ့ စွမ်းအားဟာ ဂေလာကျောက်စိမ်းထက်တောင်မှ အားကောင်းသေးတာပါ။ ဒါပေမဲ့လည်း သူဟာ ဧကသိန်းနဲ့ချီပြီး ရှိနေတဲ့… ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေနဲ့ ယှဉ်လိုက်လို့ရှိရင် အမတန်ကိုမှပဲ နည်းနေပါသေးတယ်။
လင်းဖုန်းကလည်း ချန်ကန်းက ဖြိုးမောက်မြေကြီးတွေရဲ့ စွမ်းအားကို အသုံးပြုခဲ့တာကို ရုတ်တရက်ပဲ မှတ်မိလာတာကြောင့်… ချက်ချင်းပဲ သူ့ကို ခေါ်ထုတ်လိုက်ပြီး ဖြိုးမောက်မြေကြီးကို ဘယ်မှာရှာရမလည်း ဆိုတာကို မေးမြန်းခဲ့ပါတယ်။ မအောင်မြင်ခဲ့တဲ့ အနစ်နာခံခြင်းကနေ… အူကြောင်ကြောင် ဖြစ်နေသေးတဲ့ ချန်ကန်းဟာ… မေးခွန်းတွေကို မဖြေနိုင်ခဲ့ပါဘူး။
"ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ တပည့်တစ်ယောက် အနေနဲ့.. မင်းက ငရဲကမ္ဘာ ရုပ်သေးရုပ် နည်းစနစ်ကိုတော့ ကြားဖူးမှာပေါ့… လင်းဖုန်းက ရက်စက်တဲ့ လေသံနဲ့ မေးလိုက်ပါပြီ။
"ဟာ… မိစ္ဆာကောင်!" ချန်ကန်းရဲ့ အမူအရာတွေဟာ တွေဝေနေတာကနေ… ကြောက်ရွံမှုနဲ့ ဒေါသထွက်မှုတွေ အဖြစ်ကို ပြောင်းသွားခဲ့ပြီး… "မင်းက ဒီလိုမျိုး အောက်တန်းကျတဲ့ လုပ်ရပ်တွေကို လုပ်ရဲတာလား?"
"ဒါက ဘာအောက်တန်းကျတာလည်း? ပန်ကျဲရဲ့ လုပ်ရပ်တွေနဲ့စာရင် ဒါက ဘာမှ မဟုတ်သေးပါဘူး…" လင်းဖုန်းကလည်း ပြန်ဖြေလိုက်ပါတယ်။
"မင်းက နားမလည်လို့ပါ… စီနီယာပန်မှာကလည်း သူ့အခက်အခဲနဲ့သူ ရှိနေတာပဲ… သူက ငါ့အတွက် လက်စားပြန်ချေ ပေးပါလိမ့်မယ်…"
"သူက မပေါ်လာရင် ကောင်းလိမ့်မယ်။ ငါက သူ့ရဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေရဲ့ အသက်ကို ယူပြီးတော့… အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးတယ်ဆိုတာကို ဖော်ပြလိုက်ရင်… ကမ္ဘာကြီးက ဘယ်လိုထင်သွားမလည်း?" လင်းဖုန်းက ခြိန်းခြောက်လိုက်ပါတယ်။
"ဘယ်သူမှ မင်းကို ယုံမှာ မဟုတ်ဘူးကွ!" ချန်ကန်းကလည်း အကြောက်အကန် ငြင်းနေခဲ့တာပါ။
"သူတို့က ယုံကြမှာပါ… ဘာဖြစ်လို့လည်းဆိုတော့… ငါ့မှာက သက်သေတစ်ယောက် ရှိလို့ပဲလေ။ ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတစ်ယောက်ကလွဲလို့… ပိုပြီးကောင်းတဲ့ အလီဘိုင်က ရှိဦးမှာလား? လင်းဖုန်းက ပြန်ပြောနေရင်းနဲ့ပဲ သူ့ရဲ့မျက်နှာပေါ်က အပြုံးတွေဟာ ပိုပိုပြီးမှ တောက်ပကာ လာခဲ့ပါပြီ။
"ငါ.. ငါက ဘယ်တော့မှ…" ချန်ကန်းက ပြန်ပြောလိုက်ပါတယ်။
"မင်းက အချိန်ကျရင် ပြောရမှာပါ… ဒါပေမဲ့လည်း အခုအချိန်မှာတော့ ဖြိုးမောက်မြေကြီးကို ဘယ်လိုမျိုး ထိန်းချုပ်ရသလည်း ဆိုတာကို အရင်ပြောပြဦးကွ…" လင်းဖုန်းက ချန်ကန်းရဲ့စကား ဆုံးအောင် မစောင့်ခဲ့ပဲ… ငရဲကမ္ဘာ အကြွင်းမဲ့ရေတွေနဲ့ ချန်ကန်းကို ဖုံးလွှမ်းလိုက်ပါတော့တယ်။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu