ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) U...

By KazunoMora

87.5K 11.7K 70

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
အပိုင်း ၁၁၄ : တောင်ထိပ်ပေါ်က နောက်ထပ် တောင်တစ်တောင်
အပိုင်း ၁၁၅ : မီးလျှံကျီးကန်း နှိမ်နှင်းရေး အင်အားစုတစ်စု
အပိုင်း ၁၁၆ : စံပြလူသားလား?
အပိုင်း ၁၁၇ : ရေနဲ့မီးတို့ရဲ့ လုံးဝဆန့်ကျင်မှု
အပိုင်း ၁၁၈ : ပြည်သူလူထုတို့၏ မဟာမီးဖို နည်းစနစ်
အပိုင်း ၁၁၉ : ငါတကယ် မရည်ရွယ်ခဲ့ပါဘူး
အပိုင်း ၁၂၀ : အကြွင်းမဲ့ရေက ဘယ်ရောက်သွားတာလည်း?
အပိုင်း ၁၂၁ : တရားမျှတမှုဟာ မင်းအတွက် ဘယ်လောက်အရေးကြီးသလည်း?
အပိုင်း ၁၂၂ : ဒါက ငါဆိုလိုတဲ့ တရားမျှတမှုပဲ!
အပိုင်း ၁၂၃ : ဒါအိမ်မက်ပဲ ဖြစ်ရမယ်!
အပိုင်း ၁၂၄ : မီးလျှံကျီးကန်း မိစ္ဆာ အုပ်ချုပ်သူ
အပိုင်း ၁၂၅ : စစ်ဆေးမေးမြန်းခြင်း
အပိုင်း ၁၂၆ : မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့
အပိုင်း ၁၂၇ : တော်တော်ကြီးကို ကြီးမားတဲ့ အရှက်ရမှုပဲ
အပိုင်း ၁၂၈ : တိမ်တိုက်တွေရဲ့ အမြင့်ဆုံးမှာ
အပိုင်း ၁၂၉ : ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ
အပိုင်း ၁၃၀ : သက်ရှိအားလုံးတို့ရဲ့ မွေးဖွားခြင်း
အပိုင်း ၁၃၁ : ဝူတူး ဗဟို နတ်ဘုရား အလင်းတန်း
အပိုင်း ၁၃၂ : ဗလာနတ္တိ
အပိုင်း ၁၃၃ : သတ်ဖြတ်ခြင်းကို ခိုးယူသူ
အပိုင်း ၁၃၄ : ဂေလာကျောက်စိမ်း
အပိုင်း ၁၃၅ : မင်းတို့က ဒါကို ရှာနေတာလား?
အပိုင်း ၁၃၆ : ကောင်းကင်၏ စည်းရိုးများ
အပိုင်း ၁၃၇ : အဝီစိ ငရဲမုန်တိုင်း
အပိုင်း ၁၃၈ : ယုကျင်းတောင်နှင့် တောင်ထိပ်က ရတနာ သစ်ပင်ဆီကို ပြန်လာခြင်း
အပိုင်း ၁၃၉ : ဝကစ်သော ကလေးငယ်.. ဓားလွယ်ထားသော ကညာပျို.. စစ်တုရင် ကစားသမား
အပိုင်း ၁၄၀ : စနစ်ကြီးဟာ သူ့ရဲ့ ချီးထုပ်သဘာဝကို ဖော်ပြခဲ့ပြန်ပါပြီ
အပိုင်း ၁၄၁ : သူ့ရဲ့ပိုင်ရှင်ဟာ တကယ်ကိုပဲ အစွမ်းထက်ပါပေတယ်
အပိုင်း ၁၄၂ : ဝင်္ကပါချိုးဖောက်ဗုံ
အပိုင်း ၁၄၃ : ရွှေရောင်ဗဟိုချက်ကို မျိုချပြီး...
အပိုင်း ၁၄၅ : ကျိုးပေါက်ခြင်း!
အပိုင်း ၁၄၆ : လက်ချောင်းလေး တစ်ချက် ထိလိုက်ရုံနဲ့ပဲ
အပိုင်း ၁၄၇ : မျိုချပြီး ခြေဆောင့်နင်းခြင်း
အပိုင်း ၁၄၈ : နောက်ထပ်တစ်ခါ ပြန်ပြီးမှ ယှဉ်ပြိုင်ခြင်း
အပိုင်း ၁၄၉ : ဘာဖြစ်လို့လည်းဆိုတော့ ငါက ခွင့်မပြုလို့ပဲ
အပိုင်း ၁၅၀ : လူတွေရှိရင် တိုက်ခိုက်မှုတွေက ရှိကြမှာပဲ
အပိုင်း ၁၅၁ : ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော စိတ်ဝိညာဉ် နယ်မြေ
အပိုင်း ၁၅၂ : ဂိုဏ်း၏နာမည်
အပိုင်း ၁၅၃ : တစ်စုံတစ်ယောက်အတွက် ကြီးကျယ်ခမ်းနားသော ဝင်ရောက်ခြင်း
အပိုင်း ၁၅၄ : မိန်းမခန်းဆောင် တစ်ခု!!!
အပိုင်း ၁၅၅ : ထောင်ချောက်တစ်ခု?
အပိုင်း ၁၅၆ : ဆေးဝါးတစ်ရာဂိုဏ်း
အပိုင်း ၁၅၇ : ချင်ချွန်းတောင်ထိပ်ပေါ်ဝယ်
အပိုင်း ၁၅၈ : လျှို့ဝှက်ဆေးဖော်ခန်း
အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး
အပိုင်း ၁၆၀ : တိုက်ဆိုင်လှစွာပဲ... ငါ့မှာ ရထားမောင်းတစ်ယောက် လိုနေတယ်ကွ!
အပိုင်း ၁၆၁ : ကဲ... ဒီမှာ မြင်းတပ် လာပါပြီဗျာ!
အပိုင်း ၁၆၂ : တောင်ပေါ်ကို ကျားတစ်ထောင် ဆင်းသက်လာခြင်း
အပိုင်း ၁၆၃ : ပရိယာယ် ကျော့ကွင်းမှာ ဘယ်သူက မိသွားတာလည်း?
အပိုင်း ၁၆၄ : ဘယ်သူက ဟန်ဆောင်ပိုကောင်းတာလည်း?
အပိုင်း ၁၆၅ : အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာ
အပိုင်း ၁၆၆ : ဘယ်သူက အာရုံစိုက်တာကို ပိုခံရတာလည်း?
အပိုင်း ၁၆၇ : မင်းက နုပါသေးတယ်ကွာ...
အပိုင်း ၁၆၈ : ချန်ချွန်းတောင်ထိပ် ပြိုကျသွားခြင်း!
အပိုင်း ၁၆၉ : ခဏနေပါဦး... ကျင့်ကြံသူ ရောင်းရင်းရာ!
အပိုင်း ၁၇၀ : ကဲ... မိတ်ဆွေ... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခဏငှားပါဦး
အပိုင်း ၁၇၁ : ကြီးမားသော တိုက်ရာပါ ပစ္စည်းများ
အပိုင်း ၁၇၂ : ရက်ရောလှစွာသော ဆုလာဘ်!
အပိုင်း ၁၇၃ : စစ်တုရင် ခုံထဲက ကမ္ဘာ
အပိုင်း ၁၇၄ : မင်းကငါ့ကို ဘာထင်တာလည်း? ငါကမင်းကို ဘာထင်နေတာလည်း?
အပိုင်း ၁၇၅ : ရွေးချယ်မှု နည်းသောလမ်း
အပိုင်း ၁၇၆ : ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၁၇၇ : ဖွံ့ထွားလှတဲ့ ဂေါ်ဖီထုပ်ကြီး! ဝက်'အ'ကြီးက မကြိုက်လို့ တော်သေးတယ်
အပိုင်း ၁၇၈ : ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်
အပိုင်း ၁၇၉ : ပထမဆုံးအကြိမ် ရတနာတွေကို ခွဲဝေပေးခြင်း
အပိုင်း ၁၈၀ : ခက်ထန်သော ယွဲ့ဟုန်ယန်!
အပိုင်း ၁၈၁ : ဇူရီဝယ်တဲ့ ပစ္စည်းဟာ ထူးခြားတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်
အပိုင်း ၁၈၂ : ငါ့ရဲ့ အပျံစား ညီအစ်ကို ရှီးဟောင်
အပိုင်း ၁၈၃ : ငါတို့က သရုပ်ဆောင်တွေ လိုနေတယ်ကွ
အပိုင်း ၁၈၄ : ဒါပေမဲ့ ကျွန်တော်တို့က လူကောင်းတွေလေ!
အပိုင်း ၁၈၅ : ဘယ်လောက်အထိတောင် ယုတ္တိမတန်လိုက်သလည်း!
အပိုင်း ၁၈၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်
အပိုင်း ၁၈၇ : ကြေးမုံ.. ပန်းပွင့်.. ရေပြင်နှင့် လမင်း
အပိုင်း ၁၈၈ : တရားမျှတရမှာပေါ့
အပိုင်း ၁၈၉ : အစီအစဉ်ကို စင်းလုံးချောဖြစ်အောင် ကြံစည်ခြင်း
အပိုင်း ၁၉၀ : နေရာယူကြမယ်!
အပိုင်း ၁၉၁ : တရားဝင် ဖွင့်လှစ်ခြင်း
အပိုင်း ၁၉၂ : ထာဝရ အလင်းသခင်
အပိုင်း ၁၉၃ : ချုံခိုတိုက်ခိုက်မှု တစ်ခု
အပိုင်း ၁၉၄ : ချစ်ကြည်ရေး မီးလျှံ
အပိုင်း ၁၉၅ : ဖုန်းရွှေ၏ စီးဆင်းမှုအရ
အပိုင်း ၁၉၆ : ပိုက်ဆံရေရတာ အတော့်ကို ခက်ခဲတာပဲ
အပိုင်း ၁၉၇ : ပြန်လည်ကြိုဆိုပွဲ ပါတီ
အပိုင်း ၁၉၈ : မှန်ကန်သော လည်ပတ်မှု
အပိုင်း ၁၉၉ : စုပေါင်းပြီးမှ ပူးပေါင်းကြံစည်ခြင်း
အပိုင်း ၂၀၀ : မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာ
အပိုင်း ၂၀၁ : ကျိန်စာသင့် အထီးကျန်ကြယ်
အပိုင်း ၂၀၂ : တပည့်ကသာ ဒီလိုဆိုရင်... ဆရာက ဘယ်လိုများလည်း?"
အပိုင်း ၂၀၃ : တစ်ခုကလွဲလို့ အရာအားလုံးကို အသင့်ပြင်ပြီးပြီ
အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂
အပိုင်း ၂၀၅ : နောက်နှစ်တစ်ဝက်မှာ... တံခါးဖွင့်ပြီး တပည့်တွေကို လက်ခံမယ်
အပိုင်း ၂၀၆ : ဒီကမ္ဘာပေါ်မှာ ဘာမှ အလကား မရဘူး
အပိုင်း ၂၀၇ : ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ အသွင်သဏ္ဌာန် လေးခု
အပိုင်း ၂၀၈ : ရှကျိုးကို ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂၀၉ : ငါတို့ရဲ့ လမ်းကြောင်းကို ပိတ်ချင်သူများ!
အပိုင်း ၂၁၀ : ဒီလို မထင်တဲ့သူတွေ... အခုချက်ချင်း ထွက်လာခဲ့စမ်း!
အပိုင်း ၂၁၁ : ခက်ထန်သော ရှောင်ယန်
အပိုင်း ၂၁၂ : တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ သူတွေပါပဲ
အပိုင်း ၂၁၃ : ပိုပိုပြီးတော့ များလာသော ပြိုင်ဘက်များ
အပိုင်း ၂၁၄ : လူထူးလူဆန်း တစ်အုပ်စု
အပိုင်း ၂၁၅ : ရှောင်လွဲ၍ မရခြင်း
အပိုင်း ၂၁၆ : မြင့်မြတ်သောတောင်! မြင့်မြတ်သောတောင်!
အပိုင်း ၂၁၇ : ပြိုင်ဘက်ကင်း! လုံးဝပြိုင်ဘက်ကင်း!
အပိုင်း ၂၁၈ : မျက်စိတစ်မှိတ် အတွင်းမှာ ပျက်စီးသွားခြင်း
အပိုင်း ၂၁၉ : လက်ဆောင်များ!
အပိုင်း ၂၂၀ : ဖွင့်ပွဲ အခမ်းအနား
အပိုင်း ၂၂၁ : ဂိုဏ်းချုပ်၏ အခမ်းအနား
အပိုင်း ၂၂၂ : အောင်မြင်စွာနဲ့ အဆုံးသတ်ခြင်း
အပိုင်း ၂၂၃ : စနစ်၏ မစ်ရှင်အသစ်
အပိုင်း ၂၂၄ : အလင်းဓားမြန်ဂိုဏ်း၏ အကျပ်ရိုက်မှု
အပိုင်း ၂၂၅ : လျှို့ဝှက်ဆန်းကြယ်သော ဆေးခန်းမဆောင်
အပိုင်း ၂၂၆ : တိပိဋက ကျမ်းစာခန်းမ သုံးထပ်ဆောင်
အပိုင်း ၂၂၇ : စိတ်ဝိညာဉ် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး
အပိုင်း ၂၂၈ : ဒီပုံရိပ်က အရမ်းကို လှပပေမဲ့၊ ငါက မကြည့်ရဲဘူးကွ
အပိုင်း ၂၂၉ : ထွက်ပြေးသွားသော သတို့သမီးလောင်း
အပိုင်း ၂၃၀ : အစားပုတ်မွန်းစတားတစ်ကောင်ယုကျင်းတောင်ပေါ်မှာသောင်းကျန်းနေတယ်ဗျို့
အပိုင်း ၂၃၁ : တောက်တီမလေးကို ဝိုင်းရံပိတ်ဆို့ ဖမ်းဆီးကြခြင်း
အပိုင်း ၂၃၂ : အစားပုတ်တဲ့ မွန်းစတားမှာလည်း ဘုရင်ဆိုတာ ရှိသေးတာပဲ
အပိုင်း ၂၃၃ : မကြောက်ပါနဲ့၊ ငါကနာအောင် မလုပ်ပါဘူး
အပိုင်း ၂၃၄ : လင်းဖုန်းက မှော်ရတနာတစ်ခုကို ဖန်တီးခြင်း
အပိုင်း ၂၃၅ : အဆင်သင့် ဖြစ်ပြီလား?
အပိုင်း ၂၃၆ : ကတိအတိုင်း ပေါ်လာခြင်း
အပိုင်း ၂၃၇ : မျက်ရည်ကျလုဆဲဆဲ ဖြစ်နေသော မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ
အပိုင်း ၂၃၈ : မင်းက လူမှားနေတယ်!
အပိုင်း ၂၃၉ : ရှောင်ပုတန်လေးဟာ လျှာစောင်းထက်လှပါတယ်
အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု
အပိုင်း ၂၄၁ : အိမ်သို့ပြန်ခြင်း
အပိုင်း ၂၄၂ : စိတ်ရှုပ်ထွေးခြင်း
အပိုင်း ၂၄၃ : အလင်းဓားမြန် ဓားမာစတာ
အပိုင်း ၂၄၄ : ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်း
အပိုင်း ၂၄၅ : စကြာဝဠာ အပေါင်းအစု
အပိုင်း ၂၄၆ : ပြဿနာရှာတဲ့သူက ဒီမှာပါ
အပိုင်း ၂၄၇ : တစ်ဦးတည်း အကြာကြီး ပြောနေခြင်း
အပိုင်း ၂၄၈ : ထပ်မံစူးစမ်းခြင်း
အပိုင်း ၂၄၉ : ရက်စက်သော ယွဲ့ဟုန်ယန်
အပိုင်း ၂၅၀ : အင်မော်တယ် ဝိညာဉ်၏ စွမ်းအားများနှင့် ရင်ဆိုင်ခြင်း
အပိုင်း ၂၅၁ : ပြိုင်ဘက်ကင်း
အပိုင်း ၂၅၂ : တိုက်ပွဲအချိန်ကျပြီ
အပိုင်း ၂၅၃ : အဆင့်သုံးဆင့် အကြံအစည်
အပိုင်း ၂၅၄ : ကိုယ့်အကြံနဲ့ကိုယ်ပဲ
အပိုင်း ၂၅၅ : တစ်ယောက်၏ အိမ်ထဲသို့ ဝံပုလွေများအား ခေါ်ဆောင်လာခြင်း
အပိုင်း ၂၅၆ : အရေးအကြီးဆုံး ကိစ္စ
အပိုင်း ၂၅၇ : မင်းရဲ့ဆရာက မင်းကို မျက်နှာသာ ပေးပါတယ်ကွ
အပိုင်း ၂၅၈ : ရင်းနှီးသော သူစိမ်း
အပိုင်း ၂၅၉ : အကွက်ဟောင်းကို ပြန်သုံးခြင်း
အပိုင်း ၂၆၀ : တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူ
အပိုင်း ၂၆၁ : ရက်ရောလှစွာသော ပေးကမ်းစွန့်ကြဲခြင်း
အပိုင်း ၂၆၂ : လမ်းပြပါ
အပိုင်း ၂၆၃ : ပြင်ပစွမ်းအားကို လိုအပ်ခြင်း
အပိုင်း ၂၆၄ : အမြဲတမ်း အရှေ့သို့ ချီတက်ခြင်း
အပိုင်း၂၆၅ : သံသယဖြင့် သေရခြင်း
အပိုင်း ၂၆၆ : သံမဏိ သစ်ပင်မှ ပန်းများ ဖူးပွင့်လာခြင်း
အပိုင်း ၂၆၇ : သတင်းကောင်းနှင့် သတင်းဆိုး
အပိုင်း ၂၆၈ : လက်ကောက်နှင့် နှံကောင်
အပိုင်း ၂၆၉ : ထူးဆန်းသော ဖိတ်စာစာရင်း
အပိုင်း ၂၇၀ : အစည်းအဝေးသို့!
အပိုင်း ၂၇၁ : အသူရာ သူတော်စင်၊ ဟော်ရှု
အပိုင်း ၂၇၂ : ပျော်ရွှင်ဖွယ် မရှိသော ပြန်လည်ဆုံစည်းမှု
အပိုင်း ၂၇၃ : ကျေးဇူးပြန်ဆပ်ဖို့ရာ အတော်ခက်တာပဲ
အပိုင်း ၂၇၄ : အပြန်အလှန် ရည်ရွယ်ချက်များ
အပိုင်း ၂၇၅ : ပြဿနာရှာဖို့ သဲလွန်စများကို ချပြခြင်း
အပိုင်း ၂၇၆ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၂၇၇ : ပြိုင်ဘက် သုံးယောက်ခွဲ
အပိုင်း ၂၇၈ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး တရားဝင် စတင်ခြင်း
အပိုင်း ၂၇၉ : ရန်သူတို့သည် မကြာခဏ ပြန်တွေ့လေ့ ရှိကြသည်
အပိုင်း ၂၈၀ : မင်းရဲ့ ဘောင်းဘီတိုပါ ရှုံးသွားလိမ့်မယ်
အပိုင်း ၂၈၁ : ဘယ်သူက နှစ်ယောက်တစ်ယောက် တိုက်နိုင်သလဲ?
အပိုင်း ၂၈၂ : ရှောင်လွဲဖို့ ဆိုရင်လည်း၊ တစ်ယောက်က နည်းစနစ်တွေ လိုအပ်တယ်
အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း
အပိုင်း ၂၈၄ : အမှန်တကယ် ပြိုင်ဘက်ကင်းမဲ့ခြင်း
အပိုင်း ၂၈၅ : ကံအကောင်းဆုံးသော မဲနှိုက်မှု
အပိုင်း ၂၈၆ : အချင်းချင်း ပဋိပက္ခ ဖြစ်ကြခြင်း
အပိုင်း ၂၈၇ : သူတို့က မင်းဟာ ငရဲကလာတယ်လို့ ပြောကြတယ်!
အပိုင်း ၂၈၈ : ပညာရှင် အချင်းချင်း တွေ့ဆုံခြင်း
အပိုင်း ၂၈၉ : ဆီမီးဖိုင်နယ် မဲနှိုက်ခြင်း
အပိုင်း ၂၉၀ : သူက ရူးချင်ယောင်ဆောင်နေတာ!
အပိုင်း ၂၉၁ : ဉာဏ်နီဉာဏ်နက် ထုတ်ခြင်းနှင့် ဉာဏ်နီဉာဏ်နက်အား တန်ပြန်ခြင်း
အပိုင်း ၂၉၂ : မသေချာသော ရည်ရွယ်ချက်များ
အပိုင်း ၂၉၃ : လောင်းကြေးများအား တိုးမြှင့်ခြင်း
အပိုင်း ၂၉၄ : ဝမ်လင်း၏ တတိယလက်ချောင်း
အပိုင်း ၂၉၅ : ပြင်းထန်သော စတင်မှုနှင့် စိတ်ပျက်ဖွယ်ရာ အဆုံးသတ်
အပိုင်း ၂၉၆ : လောင်းကြေးထပ်၍ ကျောက်တုံးအား ဖြတ်တောက်ခြင်း!
အပိုင်း ၂၉၇ : စိတ်ဓာတ်စစ်ပွဲများ
အပိုင်း ၂၉၈ : ဆယ်ကျော်သက်လေး ရှောင်ပုတန်
အပိုင်း ၂၉၉ : တစ်ယောက်ချင်း တစ်ယောက်
အပိုင်း ၃၀၀ : လျှို့ဝှက်လုပ်ကြံသူ
အပိုင်း ၃၀၁ : ကျုပ်က ဖြေရှင်းချက်တစ်ရပ် လိုအပ်တယ်
အပိုင်း ၃၀၂ : ဘယ်သူ့ကို အပြစ်တင်ရမှာလဲ?
အပိုင်း ၃၀၃ : ဆရာတူတပည့်
အပိုင်း ၃၀၄ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး ပြန်လည်စတင်ခြင်း
အပိုင်း ၃၀၅ : ပြိုင်ကွင်းသည် စွမ်းဆောင်ရည် ပြသဖို့ စင်မြင့်ဖြစ်သည်
အပိုင်း ၃၀၆ : ပြောင်းပြန်ဖြစ်မှုအား ဖော်ထုတ်ခြင်း
အပိုင်း ၃၀၇ : ပြင်းထန်သောတိုက်ပွဲ
အပိုင်း ၃၀၈ : နှမြောစရာပဲ
အပိုင်း ၃၀၉ : အဆင့်က မြင့်လာလေလေ၊ ကွာခြားချက်က ကြီးမားလာလေလေပဲ
အပိုင်း ၃၁၀ : ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး
အပိုင်း ၃၁၁ : ရှောင်ယန်ထံမှ ပေးပို့လာသော သတင်း
အပိုင်း ၃၁၂ --- အပိုင်း ၃၁၃

အပိုင်း ၁၄၄ : သူတို့ကို အတူတကွ ရင်ဆိုင်ကြရအောင်!

417 61 1
By KazunoMora

အပိုင်း ၁၄၄ : သူတို့ကို အတူတကွ ရင်ဆိုင်ကြရအောင်!

ချန်ကန်းနဲ့ အပေါင်းပါတို့ဟာ ယုကျင်းတောင်ထိပ်ပေါ်ကို ရောက်ရှိလာခဲ့တာကို တွေ့လိုက်ရတဲ့ အချိန်မှာ... ရှောင်ယန်နဲ့ အပေါင်းပါတို့ဟာ စိတ်ဓာတ်တွေ ပြုတ်ကျသွားခဲ့ပါတော့တယ်။

ဇူရီကလည်း မည်းမှောင်စွာနဲ့... "ဟင်း... ပြိုင်ဘက်ရဲ့ မှော်အိုင်တမ်တွေက အမတန်ကိုမှပဲ အစွမ်းထက်ပြီး... ဆရာသခင်ကလည်း တံခါးပိတ်ပြီး လေ့ကျင်နေသေးတာဆိုတော့... သူ့ရဲ့ မှော်ကျိန်စာ ဝင်္ကပါကို အားမဖြည့်ပေးနိုင်ဘူး။ အခုတော့ ရန်သူတွေက တောင်ပေါ်အထိတောင် ရောက်လာပြီဆိုတော့... အခြေအနေတွေက မကောင်းတော့ဘူး..."

ရှောင်ပုတန်လေးရဲ့ မျက်နှာ သေးသေးလေးကလည်း လေးနက်လာခဲ့ပြီး... ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကာ... "အင်း... ဒီမဟူရာကောင်းကင် ရတနာသစ်ပင်ကြီးက အရမ်းကိုပဲ အစွမ်းထက်မဲ့ပုံပဲ... ရန်သူတွေကို သူ့ကို တိုက်ခိုက်အောင် လုပ်ပြီးမှ သူ့ကို ရင်ဆိုင်ခိုင်းရမယ်..."

ဇူရီကလည်း အချိန်အနည်းငယ်လောက် စဉ်းစားလိုက်ပြီး... "အင်း... ငါတို့က ဒီမဟူရာကောင်းကင် ရတနာသစ်ပင်ရဲ့ စွမ်းအားအမှန်ကို သေချာမသိရသေးဘူးဆိုတော့... ခန့်မှန်းချက်တွေက လွဲမှားသွားခဲ့ရင်... သစ်ပင်ကြီးကို ထိခိုက်သွားစေလိမ့်မယ်ကွ..."

"ကဲ... ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးကြတာပေါ့ကွာ..." ရှောင်ယန်က သူ့ရဲ့ ပါးစပ်ထဲမှာ ဝါးနေတဲ့ မြက်ပင်လေးကို ထွေးထုတ်လိုက်ရင်း... "ဆရာသခင်က သစ်ပင်ထိပ်ပေါ်က ဂူထဲမှာ အောင်းနေတာဆိုတော့... သူ့ကို အနှောင့်အယှက်ပေးလို့ မဖြစ်ဘူးကွ..."

ဝမ်လင်းကလည်း တည်ကြည်လေးနက်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး... ဇူရီဟာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ... "အင်း... ရန်သူတွေက အရမ်းကို အစွမ်းထက်ကြတာဆိုတော့... ငါတို့က သတိကြီးကြီး ထားမှရမယ်..."

"ဖေးလျှန်? မင်းက ငါ့ရဲ့တပည့် ကောင်းလုံကို သတ်လိုက်တာလား?!"

သူတို့လေးယောက်သားဟာ ခေါင်းချင်းရိုက်နေတုံးမှာ... လဲ့ဖုန်းဆရာတော်ရဲ့ ကျယ်လောင်တဲ့ ကျိန်ဆဲသံကို ကြားလိုက်ရပါပြီ။

ရတနာ သစ်ပင်ရဲ့အောက်မှာ လှဲနေတဲ့ ဖေးလျှန်ဟာ တုန်ခါသွားခဲ့ပြီး... လဲ့ဖုန်းဆရာတော်ကို တွေ့တာနဲ့... စိတ်ဓာတ်တွေ တက်ကြွလာခဲ့ကာ ခွာကိုမြှောက်လိုက်ပြီး ပျံသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း သူက မလှုပ်ရှားခင်မှာ... တွန့်ဆုတ်နေခဲ့ပြီး သူတို့လေးယောက်ကို တိတ်တိတ်ကလေး ခိုးကြည့်လိုက်ပါပြီ။

သူက သူ့ရဲ့ သခင်အသစ်ကို မျက်နှာလုပ်ဖို့ရာ... လေနတ်ဘုရားဂိုဏ်းက ကောင်းဖန်ကို သူ့ရဲ့ မှော်ကျိန်စာနဲ့ တိုက်ခိုက်ခဲ့တာပါ။ တကယ်လို့များ လဲ့ဖုန်းဆရာတော်က ဒါကို သိသွားလို့ရှိရင် သူဟာ ဒုက္ခကောင်းကောင်း ရောက်သွားမှာလေ။

အထူးသဖြင့်... ကောင်းဖန်ဟာ အခုဆိုရင် လင်းဖုန်းရဲ့ ချုပ်နှောင်ထားတာကိုသာ ခံနေရပြီး အသက်မသေသေးပါဘူး။

လဲ့ဖုန်းဆရာတော်ဟာ ကြည့်ရတာ ဒေါသအိုး ပေါက်ကွဲနေတယ်လို့ ထင်နေရပေမယ့်... သူ့ရဲ့စိတ်ဟာ အထူးကို တည်ငြိမ်နေခဲ့ပြီး စိတ်တိုချင် ယောင်ဆောင်နေခဲ့တာပါ။

သူဟာ ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ စူတောင်ဓားဂိုဏ်းတို့ဟာ... ဒီယုကျင်းတောင်ကို မျက်စိကျနေတယ် ဆိုတာကို တွေ့နေရတော့... သူ့ရဲ့ ဂိုဏ်းအတွက်က မျှော်လင့်ချက်တွေ မရှိသလောက် ဖြစ်နေပြီ ဆိုတာကို သိနေခဲ့ပါတယ်။

ဒါပေမဲ့လည်း ယုကျင်းတောင်ဟာ ခွန်းလွန်တောင်ရဲ့ နယ်နိမိတ် အတွင်းမှာရှိပြီး... လေနတ်ဘုရားဂိုဏ်းရဲ့ တံခါးပေါက်နားမှာတင် ရှိတာဆိုတော့... လဲ့ဖုန်းဆရာတော်ဟာ ဒီအတိုင်းလေးပဲ လက်လွတ်လိုက်ရမှာကို အလွန်အမင်း မလိုမလား ဖြစ်နေခဲ့တာပါ။

"အင်း... ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ စူတောင်ဓားဂိုဏ်းတို့ဟာ အချင်းချင်း ရန်ဖြစ်ခဲ့ကြရင်တော့... ငါတို့ရဲ့ လေနတ်ဘုရားဂိုဏ်းကလည်း လုံးဝကို မျှော်လင့်ချက် မရှိတာတော့ မဟုတ်ပါဘူး..." ဒီစိတ်ကူးလေးက သူ့ရဲ့အတွေးထဲမှာ ပေါ်လာခဲ့တော့... လဲ့ဖုန်းဆရာတော်ဟာ ချန်ကန်းနဲ့ လျှိုယန်တို့ရဲ့ အနိုင်အကျင့်ကိုပဲ ခံရမှာထက်စာရင်... အခြေအနေ အရ မီးစင်က ကြည့်ကဖို့ကို ကြံစည်နေခဲ့ပါတယ်။

လဲ့ဖုန်းဆရာတော်ကလည်း ဒီတိုက်ပွဲမှာ ဝင်ပါခဲ့ရင်... သူဟာ အဓိက တောင်ကို မရနိုင်ပေမယ့်... ဘေးပတ်ပတ်လည်က နယ်မြေတွေကို ရခဲ့ရင်လည်း အနည်းဆုံးတော့ နှစ်သိမ့်ဆုတော့ ရသေးတာပေါ့။ နို့မဟုတ်လို့ ရှိရင်တော့... ဒီလိုမျိုး တာအိုလေ့ကျင့်မှုမှာ အထောက်အကူ အကြီးအကျယ် ပြုနိုင်တဲ့ မြင့်မြတ်နယ်မြေကို ဆုံးရှုံးခဲ့ရရင်... ရှုံးချက်က နာသွားမှာပါ။

လဲ့ဖုန်းဆရာတော်ဟာ သူ့ရဲ့ခေါင်းကို လှည့်လိုက်ပြီး... ချန်ကန်းတို့တတွေကို ကြည့်လိုက်ပြီး... "ဟင်း... ကျွန်တော့်ရဲ့ အချစ်ဆုံး တပည့်ဟာ သူတို့ရဲ့ လက်ချက်နဲ့ သေသွားခဲ့တာဆိုတော့... ကျုပ်ကလည်း လက်စားချေမှ ရမယ်ဗျ..."

မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူဟာလည်း ဒီယုကျင်းတောင်ပေါ်ကို လိုက်တက်လာခဲ့ပေမယ့်... သူ့ရဲ့ အခြေအနေတွေနဲ့ စွမ်းအားကန့်သတ်ချက်ကို သူသိတာမို့ စကားတစ်ခွန်းမှ မဟခဲ့ပါဘူး။

ချန်ကန်းနဲ့ လျှိုယန်တို့ကလည်း အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြပါပြီ.. သူတို့ဟာ လဲ့ဖုန်းဆရာတော်ရဲ့ ရည်ရွယ်ချက်တွေကို မသိပဲနဲ့ ဘယ်နေပါ့မလည်း?

ဒါပေမဲ့လည်း ယုကျင်းတောင်ဟာ ခွန်းလွန်တောင်ရဲ့ နယ်နိမိတ် အထဲမှာ တည်ရှိနေတာဆိုတော့... တကယ်လို့များ သူတို့ဟာ အနာဂတ်မှာ ဒီတောင်ကို ကျူးကျော်ချင်လို့ရှိရင်... ဒေသခံတွေနဲ့ အရင် ရင်ဆိုင်ရမှာဆိုတော့... တစ်ချို့တစ်ဝက်ကို ခွဲပေးရတာက ကိစ္စသိပ်မရှိပါဘူး။

လျှိုယန်ကလည်း သူ့ရဲ့လက်ကို စိတ်မရှည်လှစွာနဲ့ ဝေ့ယမ်းလိုက်ပြီး... "ကဲ... ကျုပ်ကတော့ ဟိုလင်းဆိုတဲ့ ကောင်စုတ်လေးကို သတ်ချင်တာပဲ... ကျန်တဲ့သူတွေကိုတော့ သောက်ဂရုမစိုက်ဘူးဗျ..."

ချန်ကန်းကလည်း ဖွဖွလေး ပြုံးလိုက်ပြီး... ရှောင်ပုတန်လေးနဲ့ ဇူရီကို လက်ညှိုးထိုးလိုက်ကာ... "ကျုပ်ကတော့ ဟိုချာတိတ်လေးနဲ့ ဝတ်ရုံစိမ်း ကျောင်းတော်သားကို လိုချင်တာပဲ... ကျန်တဲ့ နှစ်ယောက်ကတော့ ခင်ဗျားသဘောပါ..."

ရှောင်ယန်ရဲ့ နှုတ်ခမ်းတွေကတော့ တွန့်သွားခဲ့ပြီး ဘာမှမပြောပဲနဲ့ ကြိတ်ရယ်လိုက်ပါပြီ... သူ့ရဲ့ တစ်ကိုယ်လုံးကနေလည်း မှော်စွမ်းအင်တွေဟာ ထိုးတက်လာခဲ့ပြီး... တိုက်ပွဲဝင်ဖို့ကို ပြင်ဆင်ထားလိုက်ပြီလေ။

လဲ့ဖုန်းဆရာတော်ကလည်း သူ့ရဲ့ ပြိုင်ဘက်ကို အကဲခတ်လိုက်ပြီး... နှာခေါင်းရှုံ့လိုက်ကာ... "ဟွန့်... အတော်ကို မောက်မာတဲ့ ကောင်စုတ်လေးပဲ..."

သူဟာ ချန်ကန်းနဲ့ လျှိုယန်တို့က သူ့ရဲ့ လုပ်ဆောင်မှုတွေကို သဘောတူလိုက်ပြီ ဆိုတာကို သိနေခဲ့တဲ့အတွက်... စိတ်လက်ပေါ့ပါးစွာနဲ့ပဲ မှော်ကျိန်စာ တစ်ခုကို လက်တစ်ဘက်နဲ့ ဆင့်ခေါ်လိုက်ပြီး... သူ့ရဲ့ ပါးစပ်ကနေပြီး အစိမ်းရောင် အလင်းတန်း တစ်ခုကို မှုတ်ထုတ်လိုက်ပါတယ်။

အစိမ်းရောင် အလင်းတန်းတွေဟာ သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ ထူးဆန်းတဲ့ ပုံစံတစ်ခု အနေနဲ့ နေရာယူလိုက်ကာ... မှော်ကျိန်စာ ဝင်္ကပါ တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီး... ကောင်းလုံ အရင်က အသုံးပြုခဲ့တဲ့ မိစ္ဆာဖယ်ရှား လေဆင်နှာမောင်း အဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။

ဒါပေမဲ့လည်း အရင်က အစိမ်းရောင် မှော်အလံကို အသုံးပြုပြီးမှ အကူအညီ ယူထားရတဲ့ ဝင်္ကပါနဲ့ စာရင်တော့... လဲ့ဖုန်းဆရာတော်ရဲ့ ဝင်္ကပါဟာ ပိုပြီးမှ စွမ်းအားကောင်းခဲ့ပြီး... သူ့ရဲ့ ကိုယ်ပိုင် မှော်စွမ်းအင်နဲ့တင်ပဲ ဒီဧရာမ ဝင်္ကပါကြီးကို တည်ဆောက်နိုင်ခဲ့တာပါ။

ပြီးတောလည်း ဒီမိစ္ဆာဖယ်ရှား လေဆင်နှာမောင်းရဲ့ အဟုန်ကလည်း ကောင်းလုံထက်ကို ပိုပြီးမှ အားကောင်းခဲ့ပြီး... ဝင်္ကပါရဲ့ သော့ချက်နေရာကနေပြီးမှ... အနက်ရောင် လေနီကြမ်း တစ်ခုဟာ ပေါ်ထွက်လာခဲ့ကာ... ကောင်းကင်ယံပေါ်ကို အနက်ရောင် ဧရာမ နဂါးကြီး တစ်ကောင်အဖြစ်နဲ့ ထိုးတက်သွားခဲ့ပါတော့တယ်။

ဒီအနက်ရောင် လေနီကြမ်းကြီးဟာ ရှောင်ယန်တို့ရဲ့ အနားကို ဟိန်းဟောက်ကာ ရောက်ရှိလာခဲ့ပြီး... သူတို့ကို ဖုန်မှုန့်အသွင်ကို ပြောင်းချင်နေခဲ့တာပါ။

ရှောင်ယန်.. ဇူရီနဲ့ ရှောင်ပုတန်တို့ဟာ အခြေခံအုတ်မြစ် အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ပေမဲ့လည်း... သူတို့ဟာ သူတို့ထက် အဆင့်အများကြီးမြင့်တဲ့ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်နဲ့ ရင်ဆိုင်လိုက်ရတော့... ကြီးမားတဲ့ ဖိအားတွေကို ခံစားခဲ့ရပါပြီ။

"ကဲ... အတူတကွ စုစည်းပြီးမှ ရန်သူကို ရင်ဆိုင်ရမယ်ကွ... တစ်ယောက်ချင်း မချကြနဲ့..." ဇူရီက သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး... နည်းဗျူဟာ တစ်ခုကို ချမှတ်လိုက်ပြီလေ... "အစ်ကိုကြီးက အရှေ့ကနေပြီး ပထမ တိုက်ခိုက်မှုတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး... ကျွန်တော်က အနောက်ကနေ အထောက်အပံ့ လုပ်ပေးမယ်..."

"ဂျူနီယာလေး... တခြားဘာကိုမှ ဂရုမစိုက်နဲ့... မင်းရဲ့ အဆုံးမဲ့ မိုးကြိုးမုန်တိုင်းကိုသာ ကောင်းကောင်းကြီး ပြင်ဆင်ထား... ပါဝါကို အဆုံးထိ ရောက်အောင်တင်... ပိုမြင့်လေ ကောင်းလေလေပဲ... ပြန်လည် တိုက်ခိုက်ဖို့က မင်းကိုပဲ အားကိုးရမှာ..."

"ငါတို့သုံးယောက်စလုံးက ဘေးကနေ ခုခံကာကွယ်ပြီး... ဂျူနီယာလေးက သူ့ရဲ့ မှော်ကျိန်စာကို ထုတ်လွှတ်တဲ့ အခါမှာ အခွင့်အရေး ရှာပြီးတော့ ကူညီထောက်ပံ့ပေးရမယ်..."

ဝမ်လင်းက ဇူရီကို ကြည့်လိုက်ပြီး ဘာစကား တစ်ခွန်းမှ မပြောပဲနဲ့ ခေါင်းကိုသာ ရဲရဲတောက် စိတ်ဓာတ်နဲ့ ညိတ်ပြလိုက်ပါပြီ။

ရှောင်ယန်ကတော့ သူ့ရဲ့ လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း... "ကဲ... လာစမ်း!"

သူထုတ်လွှတ်လိုက်တဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက် ဖြိုခွဲခြင်းဟာ စွမ်းအား အမြောက်အမြားကို မထုတ်လွှတ်ခဲ့ပဲ... သူ့ရဲ့အရှေ့မှာ အရေအတွက်သုံးခု အင်းရှစ်ကွက် : အပြစ် ချေမှုန်းခြင်း ပုံစံနဲ့ အကာအရံ တစ်ခုကို ဖန်ဆင်းလိုက်ပါတယ်။

ဒီမှော်ကျိန်စာရဲ့ စွမ်းအားဟာ အလွှာလိုက် အလွှာလိုက် ထပ်သွားခဲ့ပြီး... အဝေးကနေ ကြည့်လိုက်ရင် ရှောင်ယန်ရဲ့ အရှေ့က လေဟာနယ်ကြီးဟာ တွန့်လိမ်နေခဲ့တာကို မြင်နေနိုင်တယ်လေ။

သူ့ရဲ့ စရိုက်သဘာဝ အရဆိုရင်တော့... ရှောင်ယန်ဟာ ခံစစ်ကစားရတာကို မနှစ်သက်ပါဘူး။ ဒါပေမဲ့လည်း သူက ရွှေရောင်ဗဟိုချက် အဆင့်က ထိပ်တန်းအဆင့် ရန်သူနဲ့ ရင်ဆိုင်ရတော့... ရှောင်ယန်ဟာ မလိုအပ်ပဲနဲ့ မစွန့်စားချင်ခဲ့ပဲ... သူ့ရဲ့ ရဲဘော်ရဲဘက်တွေကို ယုံကြည်စွာနဲ့ပဲ သူ့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး... ပြိုင်ဘက်ရဲ့ အစွမ်းအထက်ဆုံး ပထမ တိုက်ခိုက်မှု လှိုင်းလုံးကြီးတွေကို ရင်ဆိုင်ခဲ့တာပါ။

အနက်ရောင် လေနီကြမ်းဟာ... ရှောင်ယန်ရဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက် : အပြစ်ချေမှုန်းခြင်းနဲ့ ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပြီး... အဆက်မပြတ်ပဲ ချေမှုန်းခြင်းကို ခံလိုက်ရကာ... အတော်ကြီးကို အားပျော့သွားခဲ့ပါပြီ။

ချန်ကန်းနဲ့ တခြားသူတွေကလည်း အတော်လေးကို အံ့အားသင့်သွားခဲ့ပါတယ်... "ဟာ... ဘယ်လို မှော်ကျိန်စာမျိုးလည်း? အခြေခံအုတ်မြစ် စဦးပိုင်း အဆင့်က ကျင့်ကြံသူ တစ်ယောက်က... ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို အမှန်တကယ် ခုခံနိုင်ခဲ့တာပဲ!"

လဲ့ဖုန်းဆရာတော်ကလည်း ဆက်ပြီးမှ သည်းမခံနိုင်တော့ပဲ... မသဲမကွဲနဲ့ လည်ချောင်းသံ ဟန့်လိုက်ပြီး... သူ့မိစ္ဆာဖယ်ရှား လေဆင်နှာမောင်းရဲ့ စွမ်းအားကို အဆက်မပြတ်ပဲ မြင့်တင်နေခဲ့ပါတယ်။

မာန်ဟုန်အပြည့်နဲ့ လေနီကြမ်းတွေဟာ... အရေအတွက်သုံးခု အင်းရှစ်ကွက် ဖြိုခွဲခြင်းရဲ့ အဆက်မပြတ် တွန်းဖယ်ခြင်းကို ခံနေရပေမယ့်... လဲ့ဖုန်းဆရာတော်ရဲ့ မှော်စွမ်းအင်ဟာ ရှောင်ယန်ထက် အများကြီးကို ပိုအားကောင်းတာကြောင့်... သူ့ရဲ့ အနက်ရောင် လေနီကြမ်းတွေဟာ နောက်ဆုံးတော့ ရှောင်ယန်ကို အောင်မြင်စွာနဲ့ ရိုက်ခတ်နိုင်ခဲ့ပါပြီ။

ရှောင်ယန်က အသံတစ်စက်မှ မထွက်ခဲ့ပဲ... သူ့ရဲ့ ခြေထောက်ဟာ မြေပြင်ပေါ်မှာ ခိုင်မြဲစွာ ရပ်တည်နေခဲ့ပြီး... လေဆင်နှာမောင်းက သူ့ရဲ့ တစ်ကိုယ်လုံးကို အနောက်ကို ရိုက်ထုတ်လိုက်တာတောင် ကြံ့ကြံ့ခံနေခဲ့ပါတယ်။

သူဟာ ပြိုလဲမသွားခဲ့ပဲ လဲ့ဖုန်းဆရာတော်ရဲ့ တိုက်ခိုက်မှုကို အားတင်းပြီးမှ ခံနိုင်ခဲ့တာပါ။

သူ့ရဲ့အနောက်မှာ... ရှောင်ပုတန်လေးရဲ့ အမူအရာဟာ အလွန်အမင်းကို လေးနက်တည်ကြည်နေခဲ့ပြီး... ဖောင်းကားနေတဲ့ မှော်စွမ်းအင်တွေဟာ သူ့ရဲ့ခေါင်းပေါ်မှာ ဧရာမ ဝဲကတော့ကြီး အဖြစ်ကို ပုံပြောင်းသွားခဲ့ပါပြီ။

တစ်ဘက်ခြမ်းမှာက လေပြင်းတဟူးဟူးတွေရဲ့ အကြားက မိုးကြိုးသွားတွေပါ... အခြားတစ်ဘက်မှာက မိုးကြိုးတိမ်တိုက်တွေကို ရစ်ပတ်လွှမ်းခြုံထားတဲ့ အော်မြည်နေတဲ့ လေပြင်းမုန်တိုင်းတွေပဲ ဖြစ်ပါတယ်။ နှစ်ဘက်စလုံးဟာ ကွဲပြားခြားနားနေကြပြီး... တစ်ဘက်နဲ့ တစ်ဘက်က ပိတ်ဆို့တားမြစ်နေခြင်းမျိုး မရှိကြပါဘူး။

ဒါပေမဲ့လည်း ဒီစွမ်းအားနှစ်မျိုးဟာ... သဘာဝ ထိုက်ကျိ ပုံစံကားချပ်လိုမျိုး... တစ်ခုနဲ့တစ်ခု ရစ်ပတ်သွားကြကာ... တစ်ခုတည်း အဖြစ်ကို ပေါင်းစည်းသွားကြပါပြီ။

လေပြင်းနဲ့ မိုးကြိုး နှစ်မျိုးစလုံးဟာ... အဆုံးမဲ့ ပူးပေါင်းသွားကြတာပါ!

ဒီလေဝဲကတော့တွေရဲ့ အကြားမှာ... လေပြင်းရော မိုးကြိုးတွေပါ လှည့်ပတ်နေကြပြီး... နှစ်မျိုးစလုံးရဲ့ စွမ်းအားတွေဟာ လျှင်မြန်လှတဲ့ အရှိန်နဲ့ ပြင်းထန်စွာ ထိုးတက်လာကြကာ... အဆုံးအစ မရှိပဲ ကြီးထွားလာကြပါတော့တယ်။

လဲ့ဖုန်းဆရာတော်ဟာ အစောကြီးကတည်းက ရှောင်ပုတန်ရဲ့ အဆုံးမဲ့ မိုးကြိုးမုန်တိုင်း မှော်ကျိန်စာကို သတိထားမိနေခဲ့တာပါ... တစ်ယောက်တည်းပဲ တိုးတိုးနဲ့ ရေရွတ်နေခဲ့ပါပြီ... "ဟာ... ဒီပုံစံအတိုင်း ဆိုရင်တော့... ဒီမှော်ကျိန်စာရဲ့ စွမ်းအားဟာ အဆုံးမရှိ ကြီးထွားနိုင်ပြီး... သူ့ရဲ့ အခြေခံအုတ်မြစ် အဆင့်နဲ့ ကောင်းကောင်း ထိန်းချုပ်နိုင်တော့မှာ မဟုတ်ပဲ... ငါ့ရဲ့ ရွှေရောင်ဗဟိုချက် အဆင့်ကိုတောင်မှ ခြိန်းခြောက်နိုင်မှာပဲဟ..."

ဒီအတွေးကို တွေးမိတာနဲ့ လဲ့ဖုန်းဆရာတော်ဟာ အရင်လိုမျိုး အေးဆေးတည်ငြိမ်စွာ မရှိနိုင်တော့ပဲ... သူ့ရဲ့ မိစ္ဆာဖယ်ရှား လေဆင်နှာမောင်းနဲ့ ရှောင်ယန်ကို ဆက်ဖိအားပေးနေရင်းနဲ့... ရောင်စဉ် ခုနှစ်သွယ် ငှက်မွေးယပ်တောင်ကို ထုတ်ယူလိုက်ကာ... ရှောင်ပုတန်လေးဆီကို ရိုက်ခတ်လိုက်ပါတယ်။

ရုတ်တရက်ပဲ... သက်တံရောင်စဉ် အလင်းတန်းတွေနဲ့ လေရူးတစ်ချက်ဟာ ရှောင်ပုတန်လေးရဲ့ဆီကို တိုက်ခတ်ပြီးမှ လာခဲ့ပြီလေ။

ဇူရီကလည်း လဲ့ဖုန်းဆရာတော်ရဲ့ လှုပ်ရှားမှုတွေနဲ့ အမူအရာတွေကို မျက်ခြေမပြတ်ပဲ စောင့်ကြည့်နေခဲ့တာဆိုတော့... ဓားချက်နှစ်ချက်ကို ချက်ချင်းပဲ ခုတ်ချလိုက်ပါပြီ... ခွန်းပုံစံ ဓားချက်နဲ့ ချန်းပုံစံ ဓားချက်တို့ပါ။

သူတို့နှစ်ခုကို ပူးပေါင်းလိုက်ပြီး... သူဟာ တိုင် ဆဋ္ဌဂံကို ထုတ်လွှတ်လိုက်ပါပြီ။

ဒီ တိုင် ဆဋ္ဌဂံရဲ့ အထဲမှာ... ကောင်းကင်ဟာ မြေကြီးရဲ့အောက်ကို ရောက်နေခဲ့ပြီး... အားထုတ်မှုလေးတွေကို စုပေါင်းပြီး ရလဒ်ကြီးကြီးကို ရစေခဲ့ကာ... ကံကောင်းခြင်း အဖြစ်နဲ ရှေ့ဆက်သွားကြတာပါ။

ကြီးမြတ်တဲ့သူတွေ အနားကို ငြိမ်းချမ်းခြင်းဟာ ရောက်လာမှာလေ!

ကောင်းကင်နဲ့ မြေကြီးဟာ ဆုံဆည်းသွားတဲ့ အချိန်ကျရင်... အရာအားလုံးဟာ တစ်ခုတည်း ဖြစ်သွားကြပြီး... ယန်နဲ့ယန်ဟာ ညီမျှသွားကာ လိုက်လျောညီထွေ ဖြစ်သွားကြမှာပါ။ တရားမျှတတဲ့ သူတွေဟာ အောင်ပွဲခံပြီး... ယုတ်ညံ့တဲ့ သူတွေဟာ ကျရှုံးသွားရမှာပဲ။

ဇူရီရဲ့ ဆဋ္ဌဂံဓားဟာ လဲ့ဖုန်းဆရာတော်ရဲ့ တရားမျှတတယ်လို့ ထင်ရပေမယ့်... တကယ်တမ်းက ပရိယာယ်များပြီး ကောက်ကျစ်တဲ့ ရောင်စဉ်ခုနှစ်သွယ် လေမုန်တိုင်းကို ချက်ချင်းပဲ ချေဖျက်နိုင်ခဲ့ပါတယ်။

ဒီအချိန်မှာပဲ... ရှောင်ပုတန်လေးရဲ့ အဆုံးမဲ့ မိုးကြိုးမုန်တိုင်းဟာ ပြီးမြောက်သွားခဲ့ပြီဆိုတော့... ဒီထက်ပိုပြီးမှ စွမ်းအားပိုတင်ခဲ့ရင်... ဒီမှော်ကျိန်စာကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ပဲနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးမှ ဒုက္ခပေးသလိုမျိုး ဖြစ်သွားတော့မှာပါ။

ဇူရီနဲ့ ရှောင်ယန်တို့ဟာ သူ့အတွက် အချိန်လုံလောက်အောင် ဆွဲထားပေးခဲ့တာလေ... ရှောင်ပုတန်လေးကလည်း လဲ့ဖုန်းဆရာတော်ကို စိုက်ကြည့်လိုက်ရင်း... "ကဲ... သွားစမ်း!"

အဆုံးမဲ့ လေပြင်းမုန်တိုင်းဟာ အော်မြည်ဟိန်းဟောက်နေခဲ့ပြီး... လဲ့ဖုန်းဆရာတော်ဆီကို ပြင်းထန်စွာနဲ့ တိုက်ခတ်သွားခဲ့ပါတော့တယ်။

လဲ့ဖုန်းဆရာတော်ကလည်း ဒေါသပေါက်ကွဲသွားခဲ့ပြီး... သူ့ရဲ့ လက်ဝါးအစုံကို ပြင်းထန်စွာနဲ့ ရိုက်လိုက်ကာ... ပုံသဏ္ဌာန်.. အရောင်အဆင်း ကင်းမဲ့ပြီး ထွင်းဖောက်ကာ မြင်နေရတဲ့ လေပြင်းတစ်သုတ်ကို ထုတ်လွှတ်လိုက်ပါပြီ။

ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်း!

မရှိဘူးလို့ ထင်နေခဲ့ရပေမယ့်... အလွန်အမင်းကိုမှပဲ အားကောင်းတဲ့ လေပြင်းဟာ... တိုးဝင်လာနေခဲ့တဲ့ အဆုံးမဲ့ လေပြင်းမိုးကြိုး မုန်တိုင်းကို ထိုးဖောက်သွားခဲ့ပြီး... မရပ်တန့်နေခဲ့ပဲ ရှောင်ယန်ဆီကို ဆက်ပြီးမှ တိုးဝင်သွားခဲ့ပါပြီ။

ဇူရီရဲ့ ခန္ဓာကိုယ်ဟာ လက်ကနဲ ဖြစ်သွားခဲ့ပြီး... ဓားနှစ်လက်ကို ကိုင်လျက်နဲ့ ရှောင်ယန်ရဲ့ ဘေးကို ရောက်လာခဲ့ပါတယ်။

တောင်တန်းဖုံးကွယ်ခြင်း နည်းစနစ်!

တွန်း ပုံစံ ဓားဟာ ရှောင်ယန်နဲ့ သူတို့ နှစ်ယောက်စလုံးကို အဝေးကြီးကို ခေါ်ဆောင်သွားခဲ့ပြီး... ကောင်းကင်ကိုးလွှာ ဒြပ်မဲ့လေပြင်းကို ဆံချည်တစ်မျှင်စာ အကွာကနေပြီး လွတ်မြောက်သွားခဲ့တာပါ။

ဒီအချိန်မှာပဲ... မရှိဘူးလို့ ထင်နေခဲ့ရတဲ့ ချီသာဝက အဆင့်၅သာ ရှိသေးတဲ့ ဝမ်လင်းဟာ... ရုတ်တရက်ပဲ တိုက်ခိုက်လိုက်ပြီလေ။

Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu

Continue Reading

You'll Also Like

98.2K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
11.3K 849 40
အညွန်း.. ဖျက်ဆီးခြင်း နတ်ဘုရား တစ်ပါးဖြစ်တဲ့ ချန်ပေ ကအလွန်တရာကို ပျင်းရိလှတာကြောင့် အပျင်းပြေ သေမျိုးလောက ထဲကို ဝင်ရောက်ခြေဆန့်ရာကနေ ပုံပြင်ဒဏ္ဍာရီတစ...
49.3K 3.9K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
125K 11.7K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...