ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) U...

By KazunoMora

86.5K 11.5K 70

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
အပိုင်း ၁၁၄ : တောင်ထိပ်ပေါ်က နောက်ထပ် တောင်တစ်တောင်
အပိုင်း ၁၁၅ : မီးလျှံကျီးကန်း နှိမ်နှင်းရေး အင်အားစုတစ်စု
အပိုင်း ၁၁၆ : စံပြလူသားလား?
အပိုင်း ၁၁၇ : ရေနဲ့မီးတို့ရဲ့ လုံးဝဆန့်ကျင်မှု
အပိုင်း ၁၁၈ : ပြည်သူလူထုတို့၏ မဟာမီးဖို နည်းစနစ်
အပိုင်း ၁၁၉ : ငါတကယ် မရည်ရွယ်ခဲ့ပါဘူး
အပိုင်း ၁၂၀ : အကြွင်းမဲ့ရေက ဘယ်ရောက်သွားတာလည်း?
အပိုင်း ၁၂၁ : တရားမျှတမှုဟာ မင်းအတွက် ဘယ်လောက်အရေးကြီးသလည်း?
အပိုင်း ၁၂၂ : ဒါက ငါဆိုလိုတဲ့ တရားမျှတမှုပဲ!
အပိုင်း ၁၂၃ : ဒါအိမ်မက်ပဲ ဖြစ်ရမယ်!
အပိုင်း ၁၂၄ : မီးလျှံကျီးကန်း မိစ္ဆာ အုပ်ချုပ်သူ
အပိုင်း ၁၂၅ : စစ်ဆေးမေးမြန်းခြင်း
အပိုင်း ၁၂၆ : မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့
အပိုင်း ၁၂၇ : တော်တော်ကြီးကို ကြီးမားတဲ့ အရှက်ရမှုပဲ
အပိုင်း ၁၂၈ : တိမ်တိုက်တွေရဲ့ အမြင့်ဆုံးမှာ
အပိုင်း ၁၂၉ : ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ
အပိုင်း ၁၃၀ : သက်ရှိအားလုံးတို့ရဲ့ မွေးဖွားခြင်း
အပိုင်း ၁၃၁ : ဝူတူး ဗဟို နတ်ဘုရား အလင်းတန်း
အပိုင်း ၁၃၂ : ဗလာနတ္တိ
အပိုင်း ၁၃၃ : သတ်ဖြတ်ခြင်းကို ခိုးယူသူ
အပိုင်း ၁၃၄ : ဂေလာကျောက်စိမ်း
အပိုင်း ၁၃၅ : မင်းတို့က ဒါကို ရှာနေတာလား?
အပိုင်း ၁၃၆ : ကောင်းကင်၏ စည်းရိုးများ
အပိုင်း ၁၃၇ : အဝီစိ ငရဲမုန်တိုင်း
အပိုင်း ၁၃၈ : ယုကျင်းတောင်နှင့် တောင်ထိပ်က ရတနာ သစ်ပင်ဆီကို ပြန်လာခြင်း
အပိုင်း ၁၃၉ : ဝကစ်သော ကလေးငယ်.. ဓားလွယ်ထားသော ကညာပျို.. စစ်တုရင် ကစားသမား
အပိုင်း ၁၄၁ : သူ့ရဲ့ပိုင်ရှင်ဟာ တကယ်ကိုပဲ အစွမ်းထက်ပါပေတယ်
အပိုင်း ၁၄၂ : ဝင်္ကပါချိုးဖောက်ဗုံ
အပိုင်း ၁၄၃ : ရွှေရောင်ဗဟိုချက်ကို မျိုချပြီး...
အပိုင်း ၁၄၄ : သူတို့ကို အတူတကွ ရင်ဆိုင်ကြရအောင်!
အပိုင်း ၁၄၅ : ကျိုးပေါက်ခြင်း!
အပိုင်း ၁၄၆ : လက်ချောင်းလေး တစ်ချက် ထိလိုက်ရုံနဲ့ပဲ
အပိုင်း ၁၄၇ : မျိုချပြီး ခြေဆောင့်နင်းခြင်း
အပိုင်း ၁၄၈ : နောက်ထပ်တစ်ခါ ပြန်ပြီးမှ ယှဉ်ပြိုင်ခြင်း
အပိုင်း ၁၄၉ : ဘာဖြစ်လို့လည်းဆိုတော့ ငါက ခွင့်မပြုလို့ပဲ
အပိုင်း ၁၅၀ : လူတွေရှိရင် တိုက်ခိုက်မှုတွေက ရှိကြမှာပဲ
အပိုင်း ၁၅၁ : ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော စိတ်ဝိညာဉ် နယ်မြေ
အပိုင်း ၁၅၂ : ဂိုဏ်း၏နာမည်
အပိုင်း ၁၅၃ : တစ်စုံတစ်ယောက်အတွက် ကြီးကျယ်ခမ်းနားသော ဝင်ရောက်ခြင်း
အပိုင်း ၁၅၄ : မိန်းမခန်းဆောင် တစ်ခု!!!
အပိုင်း ၁၅၅ : ထောင်ချောက်တစ်ခု?
အပိုင်း ၁၅၆ : ဆေးဝါးတစ်ရာဂိုဏ်း
အပိုင်း ၁၅၇ : ချင်ချွန်းတောင်ထိပ်ပေါ်ဝယ်
အပိုင်း ၁၅၈ : လျှို့ဝှက်ဆေးဖော်ခန်း
အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး
အပိုင်း ၁၆၀ : တိုက်ဆိုင်လှစွာပဲ... ငါ့မှာ ရထားမောင်းတစ်ယောက် လိုနေတယ်ကွ!
အပိုင်း ၁၆၁ : ကဲ... ဒီမှာ မြင်းတပ် လာပါပြီဗျာ!
အပိုင်း ၁၆၂ : တောင်ပေါ်ကို ကျားတစ်ထောင် ဆင်းသက်လာခြင်း
အပိုင်း ၁၆၃ : ပရိယာယ် ကျော့ကွင်းမှာ ဘယ်သူက မိသွားတာလည်း?
အပိုင်း ၁၆၄ : ဘယ်သူက ဟန်ဆောင်ပိုကောင်းတာလည်း?
အပိုင်း ၁၆၅ : အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာ
အပိုင်း ၁၆၆ : ဘယ်သူက အာရုံစိုက်တာကို ပိုခံရတာလည်း?
အပိုင်း ၁၆၇ : မင်းက နုပါသေးတယ်ကွာ...
အပိုင်း ၁၆၈ : ချန်ချွန်းတောင်ထိပ် ပြိုကျသွားခြင်း!
အပိုင်း ၁၆၉ : ခဏနေပါဦး... ကျင့်ကြံသူ ရောင်းရင်းရာ!
အပိုင်း ၁၇၀ : ကဲ... မိတ်ဆွေ... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခဏငှားပါဦး
အပိုင်း ၁၇၁ : ကြီးမားသော တိုက်ရာပါ ပစ္စည်းများ
အပိုင်း ၁၇၂ : ရက်ရောလှစွာသော ဆုလာဘ်!
အပိုင်း ၁၇၃ : စစ်တုရင် ခုံထဲက ကမ္ဘာ
အပိုင်း ၁၇၄ : မင်းကငါ့ကို ဘာထင်တာလည်း? ငါကမင်းကို ဘာထင်နေတာလည်း?
အပိုင်း ၁၇၅ : ရွေးချယ်မှု နည်းသောလမ်း
အပိုင်း ၁၇၆ : ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၁၇၇ : ဖွံ့ထွားလှတဲ့ ဂေါ်ဖီထုပ်ကြီး! ဝက်'အ'ကြီးက မကြိုက်လို့ တော်သေးတယ်
အပိုင်း ၁၇၈ : ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်
အပိုင်း ၁၇၉ : ပထမဆုံးအကြိမ် ရတနာတွေကို ခွဲဝေပေးခြင်း
အပိုင်း ၁၈၀ : ခက်ထန်သော ယွဲ့ဟုန်ယန်!
အပိုင်း ၁၈၁ : ဇူရီဝယ်တဲ့ ပစ္စည်းဟာ ထူးခြားတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်
အပိုင်း ၁၈၂ : ငါ့ရဲ့ အပျံစား ညီအစ်ကို ရှီးဟောင်
အပိုင်း ၁၈၃ : ငါတို့က သရုပ်ဆောင်တွေ လိုနေတယ်ကွ
အပိုင်း ၁၈၄ : ဒါပေမဲ့ ကျွန်တော်တို့က လူကောင်းတွေလေ!
အပိုင်း ၁၈၅ : ဘယ်လောက်အထိတောင် ယုတ္တိမတန်လိုက်သလည်း!
အပိုင်း ၁၈၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်
အပိုင်း ၁၈၇ : ကြေးမုံ.. ပန်းပွင့်.. ရေပြင်နှင့် လမင်း
အပိုင်း ၁၈၈ : တရားမျှတရမှာပေါ့
အပိုင်း ၁၈၉ : အစီအစဉ်ကို စင်းလုံးချောဖြစ်အောင် ကြံစည်ခြင်း
အပိုင်း ၁၉၀ : နေရာယူကြမယ်!
အပိုင်း ၁၉၁ : တရားဝင် ဖွင့်လှစ်ခြင်း
အပိုင်း ၁၉၂ : ထာဝရ အလင်းသခင်
အပိုင်း ၁၉၃ : ချုံခိုတိုက်ခိုက်မှု တစ်ခု
အပိုင်း ၁၉၄ : ချစ်ကြည်ရေး မီးလျှံ
အပိုင်း ၁၉၅ : ဖုန်းရွှေ၏ စီးဆင်းမှုအရ
အပိုင်း ၁၉၆ : ပိုက်ဆံရေရတာ အတော့်ကို ခက်ခဲတာပဲ
အပိုင်း ၁၉၇ : ပြန်လည်ကြိုဆိုပွဲ ပါတီ
အပိုင်း ၁၉၈ : မှန်ကန်သော လည်ပတ်မှု
အပိုင်း ၁၉၉ : စုပေါင်းပြီးမှ ပူးပေါင်းကြံစည်ခြင်း
အပိုင်း ၂၀၀ : မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာ
အပိုင်း ၂၀၁ : ကျိန်စာသင့် အထီးကျန်ကြယ်
အပိုင်း ၂၀၂ : တပည့်ကသာ ဒီလိုဆိုရင်... ဆရာက ဘယ်လိုများလည်း?"
အပိုင်း ၂၀၃ : တစ်ခုကလွဲလို့ အရာအားလုံးကို အသင့်ပြင်ပြီးပြီ
အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂
အပိုင်း ၂၀၅ : နောက်နှစ်တစ်ဝက်မှာ... တံခါးဖွင့်ပြီး တပည့်တွေကို လက်ခံမယ်
အပိုင်း ၂၀၆ : ဒီကမ္ဘာပေါ်မှာ ဘာမှ အလကား မရဘူး
အပိုင်း ၂၀၇ : ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ အသွင်သဏ္ဌာန် လေးခု
အပိုင်း ၂၀၈ : ရှကျိုးကို ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂၀၉ : ငါတို့ရဲ့ လမ်းကြောင်းကို ပိတ်ချင်သူများ!
အပိုင်း ၂၁၀ : ဒီလို မထင်တဲ့သူတွေ... အခုချက်ချင်း ထွက်လာခဲ့စမ်း!
အပိုင်း ၂၁၁ : ခက်ထန်သော ရှောင်ယန်
အပိုင်း ၂၁၂ : တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ သူတွေပါပဲ
အပိုင်း ၂၁၃ : ပိုပိုပြီးတော့ များလာသော ပြိုင်ဘက်များ
အပိုင်း ၂၁၄ : လူထူးလူဆန်း တစ်အုပ်စု
အပိုင်း ၂၁၅ : ရှောင်လွဲ၍ မရခြင်း
အပိုင်း ၂၁၆ : မြင့်မြတ်သောတောင်! မြင့်မြတ်သောတောင်!
အပိုင်း ၂၁၇ : ပြိုင်ဘက်ကင်း! လုံးဝပြိုင်ဘက်ကင်း!
အပိုင်း ၂၁၈ : မျက်စိတစ်မှိတ် အတွင်းမှာ ပျက်စီးသွားခြင်း
အပိုင်း ၂၁၉ : လက်ဆောင်များ!
အပိုင်း ၂၂၀ : ဖွင့်ပွဲ အခမ်းအနား
အပိုင်း ၂၂၁ : ဂိုဏ်းချုပ်၏ အခမ်းအနား
အပိုင်း ၂၂၂ : အောင်မြင်စွာနဲ့ အဆုံးသတ်ခြင်း
အပိုင်း ၂၂၃ : စနစ်၏ မစ်ရှင်အသစ်
အပိုင်း ၂၂၄ : အလင်းဓားမြန်ဂိုဏ်း၏ အကျပ်ရိုက်မှု
အပိုင်း ၂၂၅ : လျှို့ဝှက်ဆန်းကြယ်သော ဆေးခန်းမဆောင်
အပိုင်း ၂၂၆ : တိပိဋက ကျမ်းစာခန်းမ သုံးထပ်ဆောင်
အပိုင်း ၂၂၇ : စိတ်ဝိညာဉ် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး
အပိုင်း ၂၂၈ : ဒီပုံရိပ်က အရမ်းကို လှပပေမဲ့၊ ငါက မကြည့်ရဲဘူးကွ
အပိုင်း ၂၂၉ : ထွက်ပြေးသွားသော သတို့သမီးလောင်း
အပိုင်း ၂၃၀ : အစားပုတ်မွန်းစတားတစ်ကောင်ယုကျင်းတောင်ပေါ်မှာသောင်းကျန်းနေတယ်ဗျို့
အပိုင်း ၂၃၁ : တောက်တီမလေးကို ဝိုင်းရံပိတ်ဆို့ ဖမ်းဆီးကြခြင်း
အပိုင်း ၂၃၂ : အစားပုတ်တဲ့ မွန်းစတားမှာလည်း ဘုရင်ဆိုတာ ရှိသေးတာပဲ
အပိုင်း ၂၃၃ : မကြောက်ပါနဲ့၊ ငါကနာအောင် မလုပ်ပါဘူး
အပိုင်း ၂၃၄ : လင်းဖုန်းက မှော်ရတနာတစ်ခုကို ဖန်တီးခြင်း
အပိုင်း ၂၃၅ : အဆင်သင့် ဖြစ်ပြီလား?
အပိုင်း ၂၃၆ : ကတိအတိုင်း ပေါ်လာခြင်း
အပိုင်း ၂၃၇ : မျက်ရည်ကျလုဆဲဆဲ ဖြစ်နေသော မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ
အပိုင်း ၂၃၈ : မင်းက လူမှားနေတယ်!
အပိုင်း ၂၃၉ : ရှောင်ပုတန်လေးဟာ လျှာစောင်းထက်လှပါတယ်
အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု
အပိုင်း ၂၄၁ : အိမ်သို့ပြန်ခြင်း
အပိုင်း ၂၄၂ : စိတ်ရှုပ်ထွေးခြင်း
အပိုင်း ၂၄၃ : အလင်းဓားမြန် ဓားမာစတာ
အပိုင်း ၂၄၄ : ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်း
အပိုင်း ၂၄၅ : စကြာဝဠာ အပေါင်းအစု
အပိုင်း ၂၄၆ : ပြဿနာရှာတဲ့သူက ဒီမှာပါ
အပိုင်း ၂၄၇ : တစ်ဦးတည်း အကြာကြီး ပြောနေခြင်း
အပိုင်း ၂၄၈ : ထပ်မံစူးစမ်းခြင်း
အပိုင်း ၂၄၉ : ရက်စက်သော ယွဲ့ဟုန်ယန်
အပိုင်း ၂၅၀ : အင်မော်တယ် ဝိညာဉ်၏ စွမ်းအားများနှင့် ရင်ဆိုင်ခြင်း
အပိုင်း ၂၅၁ : ပြိုင်ဘက်ကင်း
အပိုင်း ၂၅၂ : တိုက်ပွဲအချိန်ကျပြီ
အပိုင်း ၂၅၃ : အဆင့်သုံးဆင့် အကြံအစည်
အပိုင်း ၂၅၄ : ကိုယ့်အကြံနဲ့ကိုယ်ပဲ
အပိုင်း ၂၅၅ : တစ်ယောက်၏ အိမ်ထဲသို့ ဝံပုလွေများအား ခေါ်ဆောင်လာခြင်း
အပိုင်း ၂၅၆ : အရေးအကြီးဆုံး ကိစ္စ
အပိုင်း ၂၅၇ : မင်းရဲ့ဆရာက မင်းကို မျက်နှာသာ ပေးပါတယ်ကွ
အပိုင်း ၂၅၈ : ရင်းနှီးသော သူစိမ်း
အပိုင်း ၂၅၉ : အကွက်ဟောင်းကို ပြန်သုံးခြင်း
အပိုင်း ၂၆၀ : တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူ
အပိုင်း ၂၆၁ : ရက်ရောလှစွာသော ပေးကမ်းစွန့်ကြဲခြင်း
အပိုင်း ၂၆၂ : လမ်းပြပါ
အပိုင်း ၂၆၃ : ပြင်ပစွမ်းအားကို လိုအပ်ခြင်း
အပိုင်း ၂၆၄ : အမြဲတမ်း အရှေ့သို့ ချီတက်ခြင်း
အပိုင်း၂၆၅ : သံသယဖြင့် သေရခြင်း
အပိုင်း ၂၆၆ : သံမဏိ သစ်ပင်မှ ပန်းများ ဖူးပွင့်လာခြင်း
အပိုင်း ၂၆၇ : သတင်းကောင်းနှင့် သတင်းဆိုး
အပိုင်း ၂၆၈ : လက်ကောက်နှင့် နှံကောင်
အပိုင်း ၂၆၉ : ထူးဆန်းသော ဖိတ်စာစာရင်း
အပိုင်း ၂၇၀ : အစည်းအဝေးသို့!
အပိုင်း ၂၇၁ : အသူရာ သူတော်စင်၊ ဟော်ရှု
အပိုင်း ၂၇၂ : ပျော်ရွှင်ဖွယ် မရှိသော ပြန်လည်ဆုံစည်းမှု
အပိုင်း ၂၇၃ : ကျေးဇူးပြန်ဆပ်ဖို့ရာ အတော်ခက်တာပဲ
အပိုင်း ၂၇၄ : အပြန်အလှန် ရည်ရွယ်ချက်များ
အပိုင်း ၂၇၅ : ပြဿနာရှာဖို့ သဲလွန်စများကို ချပြခြင်း
အပိုင်း ၂၇၆ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၂၇၇ : ပြိုင်ဘက် သုံးယောက်ခွဲ
အပိုင်း ၂၇၈ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး တရားဝင် စတင်ခြင်း
အပိုင်း ၂၇၉ : ရန်သူတို့သည် မကြာခဏ ပြန်တွေ့လေ့ ရှိကြသည်
အပိုင်း ၂၈၀ : မင်းရဲ့ ဘောင်းဘီတိုပါ ရှုံးသွားလိမ့်မယ်
အပိုင်း ၂၈၁ : ဘယ်သူက နှစ်ယောက်တစ်ယောက် တိုက်နိုင်သလဲ?
အပိုင်း ၂၈၂ : ရှောင်လွဲဖို့ ဆိုရင်လည်း၊ တစ်ယောက်က နည်းစနစ်တွေ လိုအပ်တယ်
အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း
အပိုင်း ၂၈၄ : အမှန်တကယ် ပြိုင်ဘက်ကင်းမဲ့ခြင်း
အပိုင်း ၂၈၅ : ကံအကောင်းဆုံးသော မဲနှိုက်မှု
အပိုင်း ၂၈၆ : အချင်းချင်း ပဋိပက္ခ ဖြစ်ကြခြင်း
အပိုင်း ၂၈၇ : သူတို့က မင်းဟာ ငရဲကလာတယ်လို့ ပြောကြတယ်!
အပိုင်း ၂၈၈ : ပညာရှင် အချင်းချင်း တွေ့ဆုံခြင်း
အပိုင်း ၂၈၉ : ဆီမီးဖိုင်နယ် မဲနှိုက်ခြင်း
အပိုင်း ၂၉၀ : သူက ရူးချင်ယောင်ဆောင်နေတာ!
အပိုင်း ၂၉၁ : ဉာဏ်နီဉာဏ်နက် ထုတ်ခြင်းနှင့် ဉာဏ်နီဉာဏ်နက်အား တန်ပြန်ခြင်း
အပိုင်း ၂၉၂ : မသေချာသော ရည်ရွယ်ချက်များ
အပိုင်း ၂၉၃ : လောင်းကြေးများအား တိုးမြှင့်ခြင်း
အပိုင်း ၂၉၄ : ဝမ်လင်း၏ တတိယလက်ချောင်း
အပိုင်း ၂၉၅ : ပြင်းထန်သော စတင်မှုနှင့် စိတ်ပျက်ဖွယ်ရာ အဆုံးသတ်
အပိုင်း ၂၉၆ : လောင်းကြေးထပ်၍ ကျောက်တုံးအား ဖြတ်တောက်ခြင်း!
အပိုင်း ၂၉၇ : စိတ်ဓာတ်စစ်ပွဲများ
အပိုင်း ၂၉၈ : ဆယ်ကျော်သက်လေး ရှောင်ပုတန်
အပိုင်း ၂၉၉ : တစ်ယောက်ချင်း တစ်ယောက်
အပိုင်း ၃၀၀ : လျှို့ဝှက်လုပ်ကြံသူ
အပိုင်း ၃၀၁ : ကျုပ်က ဖြေရှင်းချက်တစ်ရပ် လိုအပ်တယ်
အပိုင်း ၃၀၂ : ဘယ်သူ့ကို အပြစ်တင်ရမှာလဲ?
အပိုင်း ၃၀၃ : ဆရာတူတပည့်
အပိုင်း ၃၀၄ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး ပြန်လည်စတင်ခြင်း
အပိုင်း ၃၀၅ : ပြိုင်ကွင်းသည် စွမ်းဆောင်ရည် ပြသဖို့ စင်မြင့်ဖြစ်သည်
အပိုင်း ၃၀၆ : ပြောင်းပြန်ဖြစ်မှုအား ဖော်ထုတ်ခြင်း
အပိုင်း ၃၀၇ : ပြင်းထန်သောတိုက်ပွဲ
အပိုင်း ၃၀၈ : နှမြောစရာပဲ
အပိုင်း ၃၀၉ : အဆင့်က မြင့်လာလေလေ၊ ကွာခြားချက်က ကြီးမားလာလေလေပဲ
အပိုင်း ၃၁၀ : ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး
အပိုင်း ၃၁၁ : ရှောင်ယန်ထံမှ ပေးပို့လာသော သတင်း
အပိုင်း ၃၁၂ --- အပိုင်း ၃၁၃

အပိုင်း ၁၄၀ : စနစ်ကြီးဟာ သူ့ရဲ့ ချီးထုပ်သဘာဝကို ဖော်ပြခဲ့ပြန်ပါပြီ

459 64 0
By KazunoMora

အပိုင်း ၁၄၀ : စနစ်ကြီးဟာ သူ့ရဲ့ ချီးထုပ်သဘာဝကို ဖော်ပြခဲ့ပြန်ပါပြီ

"သင့်ရဲ့ဂိုဏ်းကို တည်ထောင်ဖို့အတွက် သင့်တော်ပြီး... လိုအပ်ချက်တွေနဲ့ ပြည့်စုံတဲ့ ကောင်းချီးမင်္ဂလာ နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်!"

"သင်ဟာ တတိယ အဓိက မစ်ရှင်ကို ပြီးမြောက်သွားပြီ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်!"

"အဓိက မစ်ရှင် ပြီးမြောက်တဲ့အတွက်... အထူးဆုကို ထုတ်ပေးနေပါပြီ!"

စနစ်ကြီးရဲ့ အကြောင်းကြားချက်ဟာ လင်းဖုန်းရဲ့ နားထဲမှာ အဆက်မပြတ်ပဲ အော်မြည်နေခဲ့ပါတယ်။ သူတို့ကို ကြားလိုက်ရတော့... လင်းဖုန်းဟာ ပြုံးလိုက်ပြီး... "ဟဲဟဲ... ငါက သူ့ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေမယ့်... အနည်းဆုံးတော့ ငါက သင့်တော်တဲ့ ကောင်းချီးမင်္ဂလာ နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး... စနစ်ကြီးက ဒါကို ငါရဲ့ ဂိုဏ်းရဲ့ ဗဟိုဌာနချုပ် နေရာကို ရှာဖွေတဲ့ မစ်ရှင်ပြီးမြောက်တယ်ဆို့ သတ်မှတ်လိုက်တာပဲ..."

"မဆိုးဘူး... တကယ်ကိုပဲ မဆိုးဘူး... ဟီးဟီး... ဆုက ဘာများလည်း ဆိုတာကို ကြည့်လိုက်ရအောင်..."

စိတ်လှုပ်ရှားလှစွာနဲ့... လင်းဖုန်းဟာ ရတနာ သေတ္တာအဖုံးကို ဖွင့်ကြည့်လိုက်ပါပြီ။

သူ့ရဲ့ အရှေ့မှာက သေးသွယ်တဲ့ နွယ်ပင် တစ်ခုပါ... ဒီအတိုင်း ကြည့်လိုက်ရင်တော့... ဘာမှထူးခြားနေတဲ့ပုံ မပေါ်နေပါဘူး။

ဒါပေမဲ့လည်း သူ့ရဲ့ ဖော်ပြချက်တွေကို ဖတ်ကြည့်လို့ အပြီးမှာ... လင်းဖုန်းဟာ ပျော်ရွှင်တက်ကြွလို့ လာခဲ့ပါပြီ။

စကြာဝဠာ အလင်းတန်း နွယ်ပင်သစ်မြစ်... သီးသန့် ဒိုင်မန်းရှင်း ကောင်းချီးမင်္ဂလာ နေရာတစ်ခုမှာ စိုက်ပျိုးနိုင်ပြီး... ဒီသီးသန့် ဒိုင်မန်းရှင်းရဲ့ အထဲမှာ သင့်ရဲ့ အလိုဆန္ဒအတိုင်း အချိန်စီးဆင်းမှုကို အပြောင်းအလဲ ပြုလုပ်နိုင်ပါတယ်။

အမြင့်ဆုံးအနေနဲ့... အဆတစ်ရာ မြန်ဆန်ခြင်း.. နှေးကွေးစေခြင်းတို့ကို ပြုလုပ်နိုင်တာပါ။

"ဟာ... ဒါက အငြင်းပွားဖွယ်ရာ မရှိပဲ အရမ်းကောင်းတဲ့ ပစ္စည်းလေးပဲဟ..." လင်းဖုန်းဟာ ပျော်ရွှင်မြူးတူးလို့ နေခဲ့ပါပြီ။

စဉ်းစားကြည့်လိုက်ဦးလေ... မင်းက နှစ်ပေါင်းတစ်ရာ ဒီနွယ်မြစ်ရဲ့ ဒိုင်မန်းရှင်းထဲမှာ ကျင့်ကြံမှုတွေ ပြုလုပ်ပြီး... အပြင်ကမ္ဘာမှာက တစ်နှစ်ပဲ ကုန်ဦးမှာ။ မင်းရဲ့ စွမ်းအားအပေါ်မှာ ဘယ်လောက်အထိတောင် အကျိုးသက်ရောက်မှုတွေ ရှိနိုင်မှာလည်း?

ဥပမာ အနေနဲ့... ရှောင်ယန်နဲ့ မုယုံယန်ရန်တို့ဟာ စာရင်းအပြတ်ရှင်းဖို့ကို သုံးနှစ်အကြာမှ အချိန်းအချက် ပြုလုပ်ထားခဲ့တာပါ။ တကယ်လို့များ ရှောင်ယန်က ဒီစကြာဝဠာ အလင်းတန်း ဒိုင်မန်းရှင်းထဲမှာ ဝင်ပြီးမှ ကျင့်ကြံမယ် ဆိုရင်တော့... သုံးနှစ်အချိန် ပြည့်မြောက်သွားခဲ့ပြီး သူက ယှဉ်ပြိုင်ဖို့အတွက် ထွက်လာခဲ့ရင်... သူဟာ နှစ်ပေါင်းသုံးရာ ကျင့်ကြံပြီးသား ဖြစ်နေမှာလေ။

ဒါပေမဲ့လည်း... ကျင့်ကြံသူတွေရဲ့ သက်တမ်းကလည်း အကန့်အသတ်တွေ ရှိတာပါ။ တစ်ယောက်ရဲ့ ကျင့်ကြံမှု အဆင့်တွေ မြင့်မားလာတာနဲ့အမျှ... သက်တမ်းတွေက တိုးလာမှာပဲ ဖြစ်ပါတယ်။ တကယ်လို့များ တစ်ယောက်က တစ်ဆို့ကြန့်ကြာနေတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာခဲ့မယ် ဆိုရင်တော့... သူ့ရဲ့ အဆင့်တွေဟာ တိုးတက်မလာခဲ့ခင်... သက်တမ်းကုန်ဆုံးသွားမှာပဲ ဖြစ်တာလေ။

တကယ်လို့များ မင်းက ဒီစကြာဝဠာ အလင်းတန်း ဒိုင်မန်းရှင်းထဲက မထွက်ပဲ နေခဲ့ရင်... အထဲမှာပဲ အသက်ကြီးပြီးမှ သေဆုံးသွားမှာပါ။

တကယ်တမ်း ဆိုရရင်... ထိပ်တန်းဂိုဏ်းတွေ အားလုံးဟာ ဒီလိုမျိုး အချိန်ကို မြန်ဆန်စေနိုင်တဲ့ ဒိုင်မန်းရှင်း အမျိုးမျိုးကို တီထွင်ဖန်တီးထားကြပြီး... သူတို့ရဲ့ ကိုယ်ပိုင်တပည့်တွေကို ကျင့်ကြံနိုင်အောင် အပြိုင်အဆိုင်ဖြစ်အောင် လုပ်ထားကြပါတယ်။

ဒါပေမဲ့လည်း ဂိုဏ်းတစ်ခုချင်းဆီရဲ့ ဒိုင်မန်းရှင်း အတိုင်းအတာတွေက ကွာခြားမှုတွေ ရှိတာပေါ့။

အလင်းဓားမြန်ဂိုဏ်းမှာလည်း အဲ့ဒီလိုမျိုး ဒိုင်မန်းရှင်းတစ်ခု ရှိတဲ့အတွက်... လင်းဖုန်းကလည်း ရှောင်ယန်နဲ့ မုယုံယန်ရန်တို့ရဲ့ ယှဉ်ပြိုင်မှုအတွက် စိတ်ပူနေခဲ့တာလေ။

အခုတော့ သူတို့ဆီမှာလည်း ဒီလိုမျိုး အချိန်ကို မြန်ဆန်စေနိုင်တဲ့ ကိုယ်ပိုင်ဒိုင်မန်းရှင်း ရှိပြီဆိုတော့... ဒီအပိုင်းနဲ့ ပတ်သတ်ပြီးတော့ နောက်ကျကျန်ခဲ့မှာကို စိတ်ပူနေစရာ မလိုတော့ပါဘူး။

သူဟာ အလင်းဓားမြန်ဂိုဏ်းရဲ့ ဒိုင်မန်းရှင်းဟာ အချိန်ကို ဘယ်နှစ်ဆ မြန်နိုင်သလည်း ဆိုတာကို အတိအကျ မသိပေမယ့်... လင်းဖုန်းက သူ့စကြာဝဠာ အလင်းတန်း ဒိုင်မန်းရှင်းရဲ့ အဆတစ်ရာ မြန်ဆန်နိုင်မှုဟာ... မူလကောင်းကင် ကမ္ဘာကြီး တစ်ခုလုံးမှာတော့ အကောင်းတကာ့ အကောင်းဆုံးထဲမှာ ပါမယ်ဆိုတာက သေချာနေခဲ့ပါတယ်။

ပြီးတော့လည်း... ဒီစကြာဝဠာ အလင်းတန်း နွယ်ပင်ဟာ ဆက်ပြီးတော့ ကြီးထွားနိုင်စွမ်းလည်း ရှိနေခဲ့တာပါ။ သူဟာ ပိုပြီးတော့ ကြီးထွားလာပြီး အားကောင်းလာမယ်ဆိုရင်... မြန်ဆန်နှုန်းဟာလည်း လိုက်ပြီးတော့ ပိုမြန်လာမှာလေ။

လင်းဖုန်းဟာ အပျော်လုံး ဆို့နေဆဲမှာပဲ... စနစ်ကြီးရဲ့ အကြောင်းကြားချက်ကို ထပ်ပြီးမှ ကြားလိုက်ရပါပြီ။

အဓိကမစ်ရှင် ၂.၀ - ဂိုဏ်းတည်ထောင်ခြင်း... တပည့်တွေကို အလုံးအရင်းနဲ့ လက်ခံခြင်း

မစ်ရှင်၏ အကြောင်းအရာ :
ထူးချွန်ပြောင်မြောက်သော လက်ရင်းတပည့်များ... မကြုံဖူးသေးသော ကိုယ်ပိုင်တီထွင်ထားတဲ့ တာအိုနည်းစနစ်များ... ပထမအဆင့် ပတ်ဝန်းကျင်ရှိသော ကောင်းချီးမင်္ဂလာ နေရာတစ်ခု...

သင်ဟာ ပထမအဆင့် ပြင်ဆင်မှုတွေ အားလုံးကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်... အခုဆိုရင် ဂိုဏ်းကို တရားဝင် တည်ထောင်လို့ ရပါပြီ။

ဒီကနေ့က စပြီးတော့... သင်ဟာ ဂိုဏ်းရဲ့ အခြေခံ စည်းမျဉ်းစည်းကမ်းတွေကို တရားဝင် ထုတ်ပြန်ပြီး... အလားအလာ တန်ဖိုး ၂၅ကျော်တဲ့ တပည့်သုံးဆယ်ကို လက်ခံကာ... ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ် အဆင့်၂ အဖြစ် တည်ဆောက်ရမှာပါ။

မစ်ရှင်၏ အချိန်ကန့်သတ်ချက် : ၁၀နှစ်... တကယ်လို့များ ဒီအချိန်အတွင်း မစ်ရှင်မပြီးမြောက်ခဲ့ရင်... သင့်ကို တိုက်ရိုက်သုတ်သင်ပါမယ်။

လင်းဖုန်းက မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး... "ဟာ... အလားအလာ တန်ဖိုး ၂၅ကျော်တဲ့ တပည့်သုံးဆယ်?"

သူ့ရဲ့စိတ်ဓာတ်တွေဟာ အောက်ဆုံးအထိကို ပြုတ်ကျသွားခဲ့ပါပြီ။

သင်္ချာနည်းအရ တွက်ကြည့်လိုက်ရင်... သူ့ရဲ့ တပည့်လေးယောက်အနက်... ရှောင်ပုတန်လေးဟာ အရိုးအရင်းမြစ် ၁၀.. သဘောပေါက် နားလည်နိုင်စွမ်း ၈.. စိတ်စွမ်းအား ၈.. ကောင်းချီးမင်္ဂလာ ၈ ရှိပြီး... စုစုပေါင်းတန်ဖိုးက ၃၄ ရှိတာပါ။

ရှောင်ယန်က အရိုးအရင်းမြစ် ၈.. သဘောပေါက် နားလည်နိုင်စွမ်း ၉.. စိတ်စွမ်းအား ၉.. ကောင်းချီးမင်္ဂလာ ၈ ရှိပြီး... စုစုပေါင်းတန်ဖိုးက ၃၄...

ဇူရီက အရိုးအရင်းမြစ် ၇.. သဘောပေါက် နားလည်နိုင်စွမ်း ၉.. စိတ်စွမ်းအား ၈.. ကောင်းချီးမင်္ဂလာ ၁၀ ရှိပြီး... စုစုပေါင်းတန်ဖိုးက ၃၄...

ဝမ်လင်းက အရိုးအရင်းမြစ် ၅.. သဘောပေါက် နားလည်နိုင်စွမ်း ၁၀.. စိတ်စွမ်းအား ၁၀.. ကောင်းချီးမင်္ဂလာ ၈ ရှိပြီး... စုစုပေါင်းတန်ဖိုးက ၃၃...

အရင်က လင်းဖုန်းဟာ... စနစ်ကြီးက သူ့ရဲ့ လက်ရင်းတပည့်တွေကို ရွေးချယ်ဖို့အတွက် ဘယ်လို အချက်အလက်တွေကို အသုံးပြုသလည်း ဆိုတာကို... အမြဲတမ်းပဲ သိဖို့ ကြိုးစားနေခဲ့တာပါ။

တကယ်လို့များ... အနည်းဆုံး အချက်အလက် တစ်ခုက အမှတ်ပြည့် ရရမယ် ဆိုရင်တော့ ရှောင်ယန်က စာမေးပွဲအောင်မှာ မဟုတ်ပါဘူး။

တကယ်လို့များ အချက်အလက် တစ်ခုစီမှာလည်း အနည်းဆုံးတန်ဖိုး ရှိမယ် ဆိုရင်လည်း... ဝမ်လင်းက စာမေးပွဲအောင်မှာ မဟုတ်ဘူးလေ။

လင်းဖုန်းက အချက်အလက် လေးမျိုးစလုံးရဲ့ စုစုပေါင်း ရလဒ်ဟာ... အနည်းဆုံး တန်ဖိုးတစ်ခုကို ကျော်ရမယ်ထင်တယ်လို့ တွေးတောနေခဲ့တာပါ။

အခုအဖြစ်ကို ကြည့်ရမယ် ဆိုရင်တော့... ဒီအနည်းဆုံး တန်ဖိုးက ၃၀ဖြစ်မှာလေ။

လက်ရင်းတပည့်တွေအတွက် စနစ်ကြီးရဲ့ သတ်မှတ်ချက်ဟာ အလားအလာတန်ဖိုး ၃၀နဲ့ အထက် ရှိရမှာဖြစ်ပြီး... အခုမစ်ရှင်က သတ်မှတ်ထားတဲ့ အလားအလာတန်ဖိုး ၂၅နဲ့ အထက်ဟာ... ထူးချွန်တဲ့ အတွင်းစည်းတပည့်တွေအတွက် သတ်မှတ်ထားတာပဲ ဖြစ်မှာပါ။

နောက်ပိုင်းမှာ... အဆင့်သတ်မှတ်ချက်တွေကို နောက်တစ်ဆင့် ထပ်နိမ့်လိုက်ရင်တော့... အပြင်စည်း တပည့်တွေကို လက်ခံရမှာ ဖြစ်နိုင်ပါတယ်။

လင်းဖုန်းရဲ့ မျက်နှာဟာ ရှုံ့မဲ့သွားခဲ့ပါပြီ။ လူအယောက် သုံးဆယ်ဟာ ကြည့်ရတာ မများဘူးလို့ ထင်နေရပေမယ့်... အလားအလာတန်ဖိုး ၂၅ ဆိုတာက ဒီလောက်လွယ်လွယ်နဲ့ ရမှာ မဟုတ်ပါဘူး။ အချက်အလက် တစ်ခုစီရဲ့ ပျှမ်းမျှတန်ဖိုးဟာ အနည်းဆုံး ၆ရှိရမှာဖြစ်ပြီး... ဒီသတ်မှတ်ချက်ဟာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ စံနှုန်းထက်တော့ အနည်းငယ် နည်းတယ်လို့ ထင်နေရပါတယ်။

ဒါပေမဲ့လည်း စူတောင်ဓားဂိုဏ်းနဲ့ အရင်က မဟာမိုးကြိုး ကျောင်းတော်ကြီး အနေနဲ့ ဆိုရင်တော့... ဒါဟာ အတွင်းစည်းတပည့်.. ဒါမှမဟုတ် ဗဟိုတပည့်တွေရဲ့ စံနှုန်းနဲ့ ကိုက်ညီနေတာပါ။

နောက်ထပ်တစ်ဆင့်နိမ့်တဲ့... အလင်းဓားမြန်ဂိုဏ်းတို့.. မီးလျှံဓားဂိုဏ်းတို့ ဆိုရင်တော့... ဒီလိုမျိုး အလားအလာတန်ဖိုး ၂၅ကျော်တဲ့သူတွေကို အသေရရ.. အရှင်ရရ လိုချင်နေမှာလေ။

ဒီလိုမျိုး တပည့်မျိုးကို... တစ်ခါတည်းနဲ့ အယောက်သုံးဆယ် ရှာရမယ်? ဒါဆိုရင်တော့ တကယ်ပဲ လွယ်ကူတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။

အချိန်ကန့်သတ်ချက်ကို ဆယ်နှစ်အထိ တိုးမြင့်ထားပေးပေမယ့်... လင်းဖုန်းဟာ စနစ်ကြီးက နောက်ဆုံးတော့ ချီးထုတ်ကျတဲ့ သဘာဝကို ပြန်ထုတ်ပြ လာခဲ့ပြီလို့ ခံစားနေခဲ့ရပါတယ်။

"တစ်ယောက်ချင်းတစ်ယောက် လိုက်ရှာနေရင်... ဘယ်လောက်အထိတောင် ရှာရမှာလည်း?" လင်းဖုန်းဟာ ခပ်မြန်မြန်ပဲ စဉ်းစားခန်း ဝင်လိုက်ပါတယ်... "အင်း... ကြိုးစားပြီးမှ ငါ့ရဲ့ ကျင့်ကြံမှု အဆင့်တွေကို မြင့်အောင်လုပ်ရမယ်... ပြီးတော့မှ နာမည်ကြီးအောင် ကြိုးစားပြီးမှ အရည်အချင်း ရှိတဲ့သူတွေကို ဆွဲဆောင်ရမယ်... ဒါမှပဲ ရမယ်ကွ!"

ဒီအထိ စဉ်းစားလိုက်ပြီးတော့... လင်းဖုန်းဟာ အချိန်တစ်မိနစ်မှ ဖြုန်းမနေတော့ပဲ... ချက်ချင်းပဲ မဟူရာကောင်းကင် ရတနာသစ်ပင်ရဲ့ သီးသန့်ဒိုင်မန်းရှင်းထဲမှာ... စကြဝဠာ အလင်းတန်း နွယ်ပင်သစ်မြစ်ကို ချက်ချင်းပဲ စိုက်လိုက်ပါတော့တယ်။

သေးသွယ်လှတဲ့ နွယ်ပင်လေးဟာ... ဒီဒိုင်မန်းရှင်းရဲ့ အထဲက မဟူရာကောင်းကင် ရတနာသစ်ပင် အသေးစားလေးနဲ့ တွယ်ကပ်သွားခဲ့ပြီး... ထိတွေ့လိုက်တာနဲ့ တပြိုင်နက် အမြစ်တွယ်သွားခဲ့ပြီး... သစ်ပင်ပင်စည် အပေါ်မှာ ရစ်ပတ်သွားခဲ့ပါပြီ။

နဂိုက လက်မအနည်းငယ်သာ ရှိနေတဲ့ နွယ်ပင်လေးဟာ... လျှင်မြန်စွာနဲ့ပဲ ကြီးထွားလာခဲ့ပြီး... ဒီမဟူရာကောင်းကင် ရတနာသစ်ပင်ဆီကနေ အာဟာရတွေကို စုပ်ယူနေခဲ့ကာ... မျက်စိတစ်မှိတ်လေး အတွင်းမှာပဲ... ဆယ်မီတာကျော်လောက် ကြီးထွားလာခဲ့ပြီလေ။

စကြာဝဠာ အလင်းတန်း နွယ်ပင်ဟာ သူ့ဆီကနေ အာဟာရတွေကို စုပ်ယူနေခဲ့တာကို... မဟူရာကောင်းကင် ရတနာသစ်ပင်ကလည်း မတွန့်တိုနေခဲ့ပဲ... ဝမ်းသာအားရနဲ့ ထောက်ပံ့နေခဲ့တာပါ။

စွမ်းအားနှစ်မျိုးဖြစ်တဲ့... အချိန်ကာလနဲ့ လေဟာနယ်တို့ဟာ... တစ်ခုနဲ့တစ်ခု လိုက်လျောညီထွေရှိစွာနဲ့ ပြည့်စုံစွာ ပေါင်းဖက်သွားကြပါတော့တယ်။

ဒီအချိန်ကစပြီး... ဒီကမ္ဘာငယ်လေးကို ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာလို့ နာမည်ပေးလိုက်ပါပြီ။

တစ်ခုရှိတာက... ဧရာမ မဟူရာကောင်းကင် ရတနာသစ်ပင်နဲ့စာရင်... စကြာဝဠာ အလင်းတန်း နွယ်ပင်ဟာ အပင်ပေါက်လေး လောက်သာ ရှိနေခဲ့တာပါ။

စကြာဝဠာ အလင်းတန်း နွယ်ပင်လေးဟာ ပိုပြီးမှ ရှင်သန်လာတာနဲ့အမျှ... လင်းဖုန်းဟာ သူနဲ့ မဟူရာကောင်းကင် ရတနာသစ်ပင်.. ယုကျင်းတောင်နဲ့ ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တို့ရဲ့ ဆက်သွယ်မှုတွေဟာ ပိုပိုပြီးမှ နီးကပ်လာခဲ့တယ်လို့ ခံစားမိနေခဲ့တယ်လေ။

သူတို့လေးခုသားဟာ... ယုကျင်းတောင်မှာ ကမ္ဘာလေး တစ်ခုကို ဖွဲ့စည်းခဲ့ပြီး... တဖြေးဖြေးနဲ့ ပိုပိုပြီးမှ သန်မာပြီး တည်ငြိမ်လာခဲ့ပါပြီ။

ဒီထက်ပိုပြီး ပြည့်စုံချင်ရင်တော့... လင်းဖုန်းဟာ ပထမဦးဆုံး ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်ရမှာလေ။

"ကဲ... အချိန်မြန်ဆန်မှု မြင့်တင်စမ်း... အဆ၁၀၀!" လင်းဖုန်းဟာ ခဏလောက် စဉ်းစားလိုက်ပြီး... စကြာဝဠာ အလင်းတန်း နွယ်ပင်ကို အမိန့်ပေးလိုက်ပါပြီ။

ဒီကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာထဲမှာ... လေဟာနယ်-အချိန်ကာလ ပေါင်းစပ်ဖွဲ့စည်းမှုတွေဟာ အနည်းငယ် ကမောက်ကမ ဖြစ်သွားခဲ့ပြီး... ခဏကြာတော့ အရာအားလုံးဟာ ပုံမှန်အတိုင်း အေးချမ်းသွားခဲ့ပါတော့တယ်။

"ဟင်း... နှမြောစရာ ကောင်းတာက... အခုက ဒီစကြာဝဠာ အလင်းတန်း နွယ်ပင်လေးက မရင့်ကျက်သေးတော့... ဆရာဖြစ်တဲ့ ငါကပဲ... ဒီအချိန်မြန်ဆန်မှုကို ခံစားနိုင်သေးတာပဲ..." အချိန်အနည်းငယ်လောက် လေ့လာအကဲခတ်လိုက်ပြီး... လင်းဖုန်းဟာ လက်မှိုင်ချလိုက်ပါတယ်... "နို့မဟုတ်လို့ ရှိရင်တော့... ငါက ရှောင်ပုတန်လေးတို့ တတွေကို ခေါ်လိုက်ပြီး အတူတူ ကျင့်ကြံမှုတွေကို ပြုလုပ်လိုက်မယ် ဆိုရင်တော့... အချိန်တွေ အများကြီး သက်သာသွားမှာပဲ!"

"အင်း... အခုဆိုရင်တော့... ဒီစကြာဝဠာ အလင်းတန်း နွယ်ပင်လေး ပိုပြီးရင့်ကျက်လာအောင် အချိန်နည်းနည်းလေး စောင့်လိုက်ပြီးရင်တော့... သူတို့ကိုပါ ခေါ်နိုင်မှာပဲ..."

လင်းဖုန်းဟာ ဒီမဟူရာကောင်းကင် ရတနာသစ်ပင်ရဲ့ အပေါ်က ပုလ္လင်ပေါ်မှာ ထိုင်လိုက်ပြီး... ကျင့်ကြံမှူတွေကို စတင်လိုက်ပါပြီ။

စနစ်ကြီးရဲ့ မစ်ရှင်အချိန်ဟာ လင်းဖုန်းရဲ့ ကိုယ်ပိုင်အချိန်တွေရဲ့ အပေါ်မှာ မူတည်တာဖြစ်ပြီး... သူဟာ ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာထဲမှာ ရှိတာဖြစ်စေ... အပြင်ကမ္ဘာမှာ ရှိတာဖြစ်စေ... ဆယ်နှစ်က ဆယ်နှစ်ပါပဲ။

ဒါပေမယ့်လည်း လင်းဖုန်းဟာ လုံးဝကို အချိန်မဆွဲခဲ့ပဲ စတင်ပြီးတော့ လေ့ကျင့်လိုက်ပါပြီ... ဘာဖြစ်လို့လည်းဆိုတော့ သူက... ကောင်းစွာ အမြှုပ်ထအောင် လုပ်ထားတဲ့ မုတ်ဆိတ်ဟာ တစ်ဝက်ရိတ်ပြီးသားဖြစ်တယ် ဆိုတဲ့ အဆိုကို ယုံကြည်လို့ပဲ ဖြစ်ပါတယ်။

ပြီးတော့... သူဟာ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကို ယုကျင်းတောင်ရဲ့ ဒိုင်မန်းရှင်းကို ထိန်းချုပ်နိုင်ဖို့... လုံလောက်အောင် မြင့်တင်နိုင်မှု မရှိနိုင်ဘူး ဆိုခဲ့ရင်... ဒီယုကျင်းတောင်ဟာ ခွန်းလွန်တောင်ရဲ့ အပေါ်မှာ ဘွားဘွားကြီး ပေါ်နေခဲ့မှာဖြစ်ပြီး... သွားရည်ကျတဲ့ လူတွေရဲ့ နှောင့်ယှက်ခြင်းကို ခံရမှာပဲ ဖြစ်တာပါ။

တံခါးပိတ်ပြီး မကျင့်ကြံခင်... လင်းဖုန်းဟာ ကြိုတင်ပြီးမှ ပြင်ဆင်မှုတွေကို ပြုလုပ်ထားခဲ့ပါတယ်။ ပထမဦးစွာ သူဟာ ယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါကို... တောင်ထိပ်ပေါ်မှာ ခင်းကျင်းထားခဲ့တာပါ... ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေ မရှိသေးခင်မှာ... သူဟာ အနည်းဆုံးတော့ အကာအကွယ် တစ်ချို့ကို ပေးနိုင်တယ်လေ။

တစ်ချိန်တည်းမှာပဲ သူဟာ... သူ့ရဲ့ တပည့်လေးယောက်ကို ယုကျင်းတောင်ပေါ်မှာ နေပြီး ကျင့်ကြံမှုတွေ ကြိုးစားပြုလုပ်ကာ... တောင်ပေါ်ကနေ မဆင်းဖို့ မှာကြားထားခဲ့ပါတယ်။ မဟူရာကောင်းကင် ရတနာသစ်ပင် အပေါ်က နေရာကလွဲလို့... ကျန်တဲ့နေရာတွေ အားလုံးကိုတော့ လွတ်လွတ်လပ်လပ် သွားလာနိုင်တာပါ။

ယုကျင်းတောင်ပေါ်မှာက စိတ်ဝိညာဉ် စွမ်းအင်တွေက အမတန်ကိုမှပဲ ပေါကြွယ်ဝတာဆိုတော့... အချိန်လမ်းစဉ်ကို လေ့လာနိုင်တဲ့အပြင်... ရှောင်ယန်တို့တတွေဟာ ကျင့်ကြံမှုတွေကို အာရုံစိုက်ပြီး ပြုလုပ်နေခဲ့ကြပါတယ်။

မျက်စိတစ်မှိတ်လေး အတွင်းမှာပဲ... ပြင်ပကမ္ဘာမှာ အချိန်တစ်လဟာ ကုန်လွန်သွားခဲ့ပါပြီ။

ဒီအချိန်မှာပဲ... အဝေးက မိုးကောင်းကင်ထဲမှာ အတိုင်းမသိတဲ့ မီးတောက်မီးလျှံတွေဟာ တောက်လောင်လာခဲ့ပြီး... မျက်စိတဆုံး မြင်နေရတဲ့ မီးပင်လယ်ကြီး အဖြစ်ကို ပြောင်းသွားခဲ့ကာ... မိုးကုတ်စက်ဝိုင်းက တိမ်တိုက်တွေကို နီရဲတောက်ပ စေခဲ့ပါတယ်။

ဒီမီးပင်လယ်ကြီးရဲ့ အထဲကနေပြီး... အလွန်တရာ ကြီးမားလှတဲ့ မီးလျှံကျီးကန်း တစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပါတော့တယ်။

Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu

Continue Reading

You'll Also Like

18.7K 1.9K 36
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
39.7K 3.5K 199
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
123K 11.6K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
96.8K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...