ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) U...

By KazunoMora

86.2K 11.4K 69

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ... More

ရှင်းလင်းချက်
အပိုင်း ၁၁၄ : တောင်ထိပ်ပေါ်က နောက်ထပ် တောင်တစ်တောင်
အပိုင်း ၁၁၅ : မီးလျှံကျီးကန်း နှိမ်နှင်းရေး အင်အားစုတစ်စု
အပိုင်း ၁၁၆ : စံပြလူသားလား?
အပိုင်း ၁၁၇ : ရေနဲ့မီးတို့ရဲ့ လုံးဝဆန့်ကျင်မှု
အပိုင်း ၁၁၈ : ပြည်သူလူထုတို့၏ မဟာမီးဖို နည်းစနစ်
အပိုင်း ၁၁၉ : ငါတကယ် မရည်ရွယ်ခဲ့ပါဘူး
အပိုင်း ၁၂၀ : အကြွင်းမဲ့ရေက ဘယ်ရောက်သွားတာလည်း?
အပိုင်း ၁၂၁ : တရားမျှတမှုဟာ မင်းအတွက် ဘယ်လောက်အရေးကြီးသလည်း?
အပိုင်း ၁၂၂ : ဒါက ငါဆိုလိုတဲ့ တရားမျှတမှုပဲ!
အပိုင်း ၁၂၃ : ဒါအိမ်မက်ပဲ ဖြစ်ရမယ်!
အပိုင်း ၁၂၅ : စစ်ဆေးမေးမြန်းခြင်း
အပိုင်း ၁၂၆ : မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့
အပိုင်း ၁၂၇ : တော်တော်ကြီးကို ကြီးမားတဲ့ အရှက်ရမှုပဲ
အပိုင်း ၁၂၈ : တိမ်တိုက်တွေရဲ့ အမြင့်ဆုံးမှာ
အပိုင်း ၁၂၉ : ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ
အပိုင်း ၁၃၀ : သက်ရှိအားလုံးတို့ရဲ့ မွေးဖွားခြင်း
အပိုင်း ၁၃၁ : ဝူတူး ဗဟို နတ်ဘုရား အလင်းတန်း
အပိုင်း ၁၃၂ : ဗလာနတ္တိ
အပိုင်း ၁၃၃ : သတ်ဖြတ်ခြင်းကို ခိုးယူသူ
အပိုင်း ၁၃၄ : ဂေလာကျောက်စိမ်း
အပိုင်း ၁၃၅ : မင်းတို့က ဒါကို ရှာနေတာလား?
အပိုင်း ၁၃၆ : ကောင်းကင်၏ စည်းရိုးများ
အပိုင်း ၁၃၇ : အဝီစိ ငရဲမုန်တိုင်း
အပိုင်း ၁၃၈ : ယုကျင်းတောင်နှင့် တောင်ထိပ်က ရတနာ သစ်ပင်ဆီကို ပြန်လာခြင်း
အပိုင်း ၁၃၉ : ဝကစ်သော ကလေးငယ်.. ဓားလွယ်ထားသော ကညာပျို.. စစ်တုရင် ကစားသမား
အပိုင်း ၁၄၀ : စနစ်ကြီးဟာ သူ့ရဲ့ ချီးထုပ်သဘာဝကို ဖော်ပြခဲ့ပြန်ပါပြီ
အပိုင်း ၁၄၁ : သူ့ရဲ့ပိုင်ရှင်ဟာ တကယ်ကိုပဲ အစွမ်းထက်ပါပေတယ်
အပိုင်း ၁၄၂ : ဝင်္ကပါချိုးဖောက်ဗုံ
အပိုင်း ၁၄၃ : ရွှေရောင်ဗဟိုချက်ကို မျိုချပြီး...
အပိုင်း ၁၄၄ : သူတို့ကို အတူတကွ ရင်ဆိုင်ကြရအောင်!
အပိုင်း ၁၄၅ : ကျိုးပေါက်ခြင်း!
အပိုင်း ၁၄၆ : လက်ချောင်းလေး တစ်ချက် ထိလိုက်ရုံနဲ့ပဲ
အပိုင်း ၁၄၇ : မျိုချပြီး ခြေဆောင့်နင်းခြင်း
အပိုင်း ၁၄၈ : နောက်ထပ်တစ်ခါ ပြန်ပြီးမှ ယှဉ်ပြိုင်ခြင်း
အပိုင်း ၁၄၉ : ဘာဖြစ်လို့လည်းဆိုတော့ ငါက ခွင့်မပြုလို့ပဲ
အပိုင်း ၁၅၀ : လူတွေရှိရင် တိုက်ခိုက်မှုတွေက ရှိကြမှာပဲ
အပိုင်း ၁၅၁ : ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော စိတ်ဝိညာဉ် နယ်မြေ
အပိုင်း ၁၅၂ : ဂိုဏ်း၏နာမည်
အပိုင်း ၁၅၃ : တစ်စုံတစ်ယောက်အတွက် ကြီးကျယ်ခမ်းနားသော ဝင်ရောက်ခြင်း
အပိုင်း ၁၅၄ : မိန်းမခန်းဆောင် တစ်ခု!!!
အပိုင်း ၁၅၅ : ထောင်ချောက်တစ်ခု?
အပိုင်း ၁၅၆ : ဆေးဝါးတစ်ရာဂိုဏ်း
အပိုင်း ၁၅၇ : ချင်ချွန်းတောင်ထိပ်ပေါ်ဝယ်
အပိုင်း ၁၅၈ : လျှို့ဝှက်ဆေးဖော်ခန်း
အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး
အပိုင်း ၁၆၀ : တိုက်ဆိုင်လှစွာပဲ... ငါ့မှာ ရထားမောင်းတစ်ယောက် လိုနေတယ်ကွ!
အပိုင်း ၁၆၁ : ကဲ... ဒီမှာ မြင်းတပ် လာပါပြီဗျာ!
အပိုင်း ၁၆၂ : တောင်ပေါ်ကို ကျားတစ်ထောင် ဆင်းသက်လာခြင်း
အပိုင်း ၁၆၃ : ပရိယာယ် ကျော့ကွင်းမှာ ဘယ်သူက မိသွားတာလည်း?
အပိုင်း ၁၆၄ : ဘယ်သူက ဟန်ဆောင်ပိုကောင်းတာလည်း?
အပိုင်း ၁၆၅ : အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာ
အပိုင်း ၁၆၆ : ဘယ်သူက အာရုံစိုက်တာကို ပိုခံရတာလည်း?
အပိုင်း ၁၆၇ : မင်းက နုပါသေးတယ်ကွာ...
အပိုင်း ၁၆၈ : ချန်ချွန်းတောင်ထိပ် ပြိုကျသွားခြင်း!
အပိုင်း ၁၆၉ : ခဏနေပါဦး... ကျင့်ကြံသူ ရောင်းရင်းရာ!
အပိုင်း ၁၇၀ : ကဲ... မိတ်ဆွေ... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခဏငှားပါဦး
အပိုင်း ၁၇၁ : ကြီးမားသော တိုက်ရာပါ ပစ္စည်းများ
အပိုင်း ၁၇၂ : ရက်ရောလှစွာသော ဆုလာဘ်!
အပိုင်း ၁၇၃ : စစ်တုရင် ခုံထဲက ကမ္ဘာ
အပိုင်း ၁၇၄ : မင်းကငါ့ကို ဘာထင်တာလည်း? ငါကမင်းကို ဘာထင်နေတာလည်း?
အပိုင်း ၁၇၅ : ရွေးချယ်မှု နည်းသောလမ်း
အပိုင်း ၁၇၆ : ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၁၇၇ : ဖွံ့ထွားလှတဲ့ ဂေါ်ဖီထုပ်ကြီး! ဝက်'အ'ကြီးက မကြိုက်လို့ တော်သေးတယ်
အပိုင်း ၁၇၈ : ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်
အပိုင်း ၁၇၉ : ပထမဆုံးအကြိမ် ရတနာတွေကို ခွဲဝေပေးခြင်း
အပိုင်း ၁၈၀ : ခက်ထန်သော ယွဲ့ဟုန်ယန်!
အပိုင်း ၁၈၁ : ဇူရီဝယ်တဲ့ ပစ္စည်းဟာ ထူးခြားတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်
အပိုင်း ၁၈၂ : ငါ့ရဲ့ အပျံစား ညီအစ်ကို ရှီးဟောင်
အပိုင်း ၁၈၃ : ငါတို့က သရုပ်ဆောင်တွေ လိုနေတယ်ကွ
အပိုင်း ၁၈၄ : ဒါပေမဲ့ ကျွန်တော်တို့က လူကောင်းတွေလေ!
အပိုင်း ၁၈၅ : ဘယ်လောက်အထိတောင် ယုတ္တိမတန်လိုက်သလည်း!
အပိုင်း ၁၈၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်
အပိုင်း ၁၈၇ : ကြေးမုံ.. ပန်းပွင့်.. ရေပြင်နှင့် လမင်း
အပိုင်း ၁၈၈ : တရားမျှတရမှာပေါ့
အပိုင်း ၁၈၉ : အစီအစဉ်ကို စင်းလုံးချောဖြစ်အောင် ကြံစည်ခြင်း
အပိုင်း ၁၉၀ : နေရာယူကြမယ်!
အပိုင်း ၁၉၁ : တရားဝင် ဖွင့်လှစ်ခြင်း
အပိုင်း ၁၉၂ : ထာဝရ အလင်းသခင်
အပိုင်း ၁၉၃ : ချုံခိုတိုက်ခိုက်မှု တစ်ခု
အပိုင်း ၁၉၄ : ချစ်ကြည်ရေး မီးလျှံ
အပိုင်း ၁၉၅ : ဖုန်းရွှေ၏ စီးဆင်းမှုအရ
အပိုင်း ၁၉၆ : ပိုက်ဆံရေရတာ အတော့်ကို ခက်ခဲတာပဲ
အပိုင်း ၁၉၇ : ပြန်လည်ကြိုဆိုပွဲ ပါတီ
အပိုင်း ၁၉၈ : မှန်ကန်သော လည်ပတ်မှု
အပိုင်း ၁၉၉ : စုပေါင်းပြီးမှ ပူးပေါင်းကြံစည်ခြင်း
အပိုင်း ၂၀၀ : မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာ
အပိုင်း ၂၀၁ : ကျိန်စာသင့် အထီးကျန်ကြယ်
အပိုင်း ၂၀၂ : တပည့်ကသာ ဒီလိုဆိုရင်... ဆရာက ဘယ်လိုများလည်း?"
အပိုင်း ၂၀၃ : တစ်ခုကလွဲလို့ အရာအားလုံးကို အသင့်ပြင်ပြီးပြီ
အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂
အပိုင်း ၂၀၅ : နောက်နှစ်တစ်ဝက်မှာ... တံခါးဖွင့်ပြီး တပည့်တွေကို လက်ခံမယ်
အပိုင်း ၂၀၆ : ဒီကမ္ဘာပေါ်မှာ ဘာမှ အလကား မရဘူး
အပိုင်း ၂၀၇ : ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ အသွင်သဏ္ဌာန် လေးခု
အပိုင်း ၂၀၈ : ရှကျိုးကို ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂၀၉ : ငါတို့ရဲ့ လမ်းကြောင်းကို ပိတ်ချင်သူများ!
အပိုင်း ၂၁၀ : ဒီလို မထင်တဲ့သူတွေ... အခုချက်ချင်း ထွက်လာခဲ့စမ်း!
အပိုင်း ၂၁၁ : ခက်ထန်သော ရှောင်ယန်
အပိုင်း ၂၁၂ : တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ သူတွေပါပဲ
အပိုင်း ၂၁၃ : ပိုပိုပြီးတော့ များလာသော ပြိုင်ဘက်များ
အပိုင်း ၂၁၄ : လူထူးလူဆန်း တစ်အုပ်စု
အပိုင်း ၂၁၅ : ရှောင်လွဲ၍ မရခြင်း
အပိုင်း ၂၁၆ : မြင့်မြတ်သောတောင်! မြင့်မြတ်သောတောင်!
အပိုင်း ၂၁၇ : ပြိုင်ဘက်ကင်း! လုံးဝပြိုင်ဘက်ကင်း!
အပိုင်း ၂၁၈ : မျက်စိတစ်မှိတ် အတွင်းမှာ ပျက်စီးသွားခြင်း
အပိုင်း ၂၁၉ : လက်ဆောင်များ!
အပိုင်း ၂၂၀ : ဖွင့်ပွဲ အခမ်းအနား
အပိုင်း ၂၂၁ : ဂိုဏ်းချုပ်၏ အခမ်းအနား
အပိုင်း ၂၂၂ : အောင်မြင်စွာနဲ့ အဆုံးသတ်ခြင်း
အပိုင်း ၂၂၃ : စနစ်၏ မစ်ရှင်အသစ်
အပိုင်း ၂၂၄ : အလင်းဓားမြန်ဂိုဏ်း၏ အကျပ်ရိုက်မှု
အပိုင်း ၂၂၅ : လျှို့ဝှက်ဆန်းကြယ်သော ဆေးခန်းမဆောင်
အပိုင်း ၂၂၆ : တိပိဋက ကျမ်းစာခန်းမ သုံးထပ်ဆောင်
အပိုင်း ၂၂၇ : စိတ်ဝိညာဉ် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံး
အပိုင်း ၂၂၈ : ဒီပုံရိပ်က အရမ်းကို လှပပေမဲ့၊ ငါက မကြည့်ရဲဘူးကွ
အပိုင်း ၂၂၉ : ထွက်ပြေးသွားသော သတို့သမီးလောင်း
အပိုင်း ၂၃၀ : အစားပုတ်မွန်းစတားတစ်ကောင်ယုကျင်းတောင်ပေါ်မှာသောင်းကျန်းနေတယ်ဗျို့
အပိုင်း ၂၃၁ : တောက်တီမလေးကို ဝိုင်းရံပိတ်ဆို့ ဖမ်းဆီးကြခြင်း
အပိုင်း ၂၃၂ : အစားပုတ်တဲ့ မွန်းစတားမှာလည်း ဘုရင်ဆိုတာ ရှိသေးတာပဲ
အပိုင်း ၂၃၃ : မကြောက်ပါနဲ့၊ ငါကနာအောင် မလုပ်ပါဘူး
အပိုင်း ၂၃၄ : လင်းဖုန်းက မှော်ရတနာတစ်ခုကို ဖန်တီးခြင်း
အပိုင်း ၂၃၅ : အဆင်သင့် ဖြစ်ပြီလား?
အပိုင်း ၂၃၆ : ကတိအတိုင်း ပေါ်လာခြင်း
အပိုင်း ၂၃၇ : မျက်ရည်ကျလုဆဲဆဲ ဖြစ်နေသော မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ
အပိုင်း ၂၃၈ : မင်းက လူမှားနေတယ်!
အပိုင်း ၂၃၉ : ရှောင်ပုတန်လေးဟာ လျှာစောင်းထက်လှပါတယ်
အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု
အပိုင်း ၂၄၁ : အိမ်သို့ပြန်ခြင်း
အပိုင်း ၂၄၂ : စိတ်ရှုပ်ထွေးခြင်း
အပိုင်း ၂၄၃ : အလင်းဓားမြန် ဓားမာစတာ
အပိုင်း ၂၄၄ : ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်း
အပိုင်း ၂၄၅ : စကြာဝဠာ အပေါင်းအစု
အပိုင်း ၂၄၆ : ပြဿနာရှာတဲ့သူက ဒီမှာပါ
အပိုင်း ၂၄၇ : တစ်ဦးတည်း အကြာကြီး ပြောနေခြင်း
အပိုင်း ၂၄၈ : ထပ်မံစူးစမ်းခြင်း
အပိုင်း ၂၄၉ : ရက်စက်သော ယွဲ့ဟုန်ယန်
အပိုင်း ၂၅၀ : အင်မော်တယ် ဝိညာဉ်၏ စွမ်းအားများနှင့် ရင်ဆိုင်ခြင်း
အပိုင်း ၂၅၁ : ပြိုင်ဘက်ကင်း
အပိုင်း ၂၅၂ : တိုက်ပွဲအချိန်ကျပြီ
အပိုင်း ၂၅၃ : အဆင့်သုံးဆင့် အကြံအစည်
အပိုင်း ၂၅၄ : ကိုယ့်အကြံနဲ့ကိုယ်ပဲ
အပိုင်း ၂၅၅ : တစ်ယောက်၏ အိမ်ထဲသို့ ဝံပုလွေများအား ခေါ်ဆောင်လာခြင်း
အပိုင်း ၂၅၆ : အရေးအကြီးဆုံး ကိစ္စ
အပိုင်း ၂၅၇ : မင်းရဲ့ဆရာက မင်းကို မျက်နှာသာ ပေးပါတယ်ကွ
အပိုင်း ၂၅၈ : ရင်းနှီးသော သူစိမ်း
အပိုင်း ၂၅၉ : အကွက်ဟောင်းကို ပြန်သုံးခြင်း
အပိုင်း ၂၆၀ : တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူ
အပိုင်း ၂၆၁ : ရက်ရောလှစွာသော ပေးကမ်းစွန့်ကြဲခြင်း
အပိုင်း ၂၆၂ : လမ်းပြပါ
အပိုင်း ၂၆၃ : ပြင်ပစွမ်းအားကို လိုအပ်ခြင်း
အပိုင်း ၂၆၄ : အမြဲတမ်း အရှေ့သို့ ချီတက်ခြင်း
အပိုင်း၂၆၅ : သံသယဖြင့် သေရခြင်း
အပိုင်း ၂၆၆ : သံမဏိ သစ်ပင်မှ ပန်းများ ဖူးပွင့်လာခြင်း
အပိုင်း ၂၆၇ : သတင်းကောင်းနှင့် သတင်းဆိုး
အပိုင်း ၂၆၈ : လက်ကောက်နှင့် နှံကောင်
အပိုင်း ၂၆၉ : ထူးဆန်းသော ဖိတ်စာစာရင်း
အပိုင်း ၂၇၀ : အစည်းအဝေးသို့!
အပိုင်း ၂၇၁ : အသူရာ သူတော်စင်၊ ဟော်ရှု
အပိုင်း ၂၇၂ : ပျော်ရွှင်ဖွယ် မရှိသော ပြန်လည်ဆုံစည်းမှု
အပိုင်း ၂၇၃ : ကျေးဇူးပြန်ဆပ်ဖို့ရာ အတော်ခက်တာပဲ
အပိုင်း ၂၇၄ : အပြန်အလှန် ရည်ရွယ်ချက်များ
အပိုင်း ၂၇၅ : ပြဿနာရှာဖို့ သဲလွန်စများကို ချပြခြင်း
အပိုင်း ၂၇၆ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး
အပိုင်း ၂၇၇ : ပြိုင်ဘက် သုံးယောက်ခွဲ
အပိုင်း ၂၇၈ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး တရားဝင် စတင်ခြင်း
အပိုင်း ၂၇၉ : ရန်သူတို့သည် မကြာခဏ ပြန်တွေ့လေ့ ရှိကြသည်
အပိုင်း ၂၈၀ : မင်းရဲ့ ဘောင်းဘီတိုပါ ရှုံးသွားလိမ့်မယ်
အပိုင်း ၂၈၁ : ဘယ်သူက နှစ်ယောက်တစ်ယောက် တိုက်နိုင်သလဲ?
အပိုင်း ၂၈၂ : ရှောင်လွဲဖို့ ဆိုရင်လည်း၊ တစ်ယောက်က နည်းစနစ်တွေ လိုအပ်တယ်
အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း
အပိုင်း ၂၈၄ : အမှန်တကယ် ပြိုင်ဘက်ကင်းမဲ့ခြင်း
အပိုင်း ၂၈၅ : ကံအကောင်းဆုံးသော မဲနှိုက်မှု
အပိုင်း ၂၈၆ : အချင်းချင်း ပဋိပက္ခ ဖြစ်ကြခြင်း
အပိုင်း ၂၈၇ : သူတို့က မင်းဟာ ငရဲကလာတယ်လို့ ပြောကြတယ်!
အပိုင်း ၂၈၈ : ပညာရှင် အချင်းချင်း တွေ့ဆုံခြင်း
အပိုင်း ၂၈၉ : ဆီမီးဖိုင်နယ် မဲနှိုက်ခြင်း
အပိုင်း ၂၉၀ : သူက ရူးချင်ယောင်ဆောင်နေတာ!
အပိုင်း ၂၉၁ : ဉာဏ်နီဉာဏ်နက် ထုတ်ခြင်းနှင့် ဉာဏ်နီဉာဏ်နက်အား တန်ပြန်ခြင်း
အပိုင်း ၂၉၂ : မသေချာသော ရည်ရွယ်ချက်များ
အပိုင်း ၂၉၃ : လောင်းကြေးများအား တိုးမြှင့်ခြင်း
အပိုင်း ၂၉၄ : ဝမ်လင်း၏ တတိယလက်ချောင်း
အပိုင်း ၂၉၅ : ပြင်းထန်သော စတင်မှုနှင့် စိတ်ပျက်ဖွယ်ရာ အဆုံးသတ်
အပိုင်း ၂၉၆ : လောင်းကြေးထပ်၍ ကျောက်တုံးအား ဖြတ်တောက်ခြင်း!
အပိုင်း ၂၉၇ : စိတ်ဓာတ်စစ်ပွဲများ
အပိုင်း ၂၉၈ : ဆယ်ကျော်သက်လေး ရှောင်ပုတန်
အပိုင်း ၂၉၉ : တစ်ယောက်ချင်း တစ်ယောက်
အပိုင်း ၃၀၀ : လျှို့ဝှက်လုပ်ကြံသူ
အပိုင်း ၃၀၁ : ကျုပ်က ဖြေရှင်းချက်တစ်ရပ် လိုအပ်တယ်
အပိုင်း ၃၀၂ : ဘယ်သူ့ကို အပြစ်တင်ရမှာလဲ?
အပိုင်း ၃၀၃ : ဆရာတူတပည့်
အပိုင်း ၃၀၄ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး ပြန်လည်စတင်ခြင်း
အပိုင်း ၃၀၅ : ပြိုင်ကွင်းသည် စွမ်းဆောင်ရည် ပြသဖို့ စင်မြင့်ဖြစ်သည်
အပိုင်း ၃၀၆ : ပြောင်းပြန်ဖြစ်မှုအား ဖော်ထုတ်ခြင်း
အပိုင်း ၃၀၇ : ပြင်းထန်သောတိုက်ပွဲ
အပိုင်း ၃၀၈ : နှမြောစရာပဲ
အပိုင်း ၃၀၉ : အဆင့်က မြင့်လာလေလေ၊ ကွာခြားချက်က ကြီးမားလာလေလေပဲ
အပိုင်း ၃၁၀ : ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး
အပိုင်း ၃၁၁ : ရှောင်ယန်ထံမှ ပေးပို့လာသော သတင်း
အပိုင်း ၃၁၂ --- အပိုင်း ၃၁၃

အပိုင်း ၁၂၄ : မီးလျှံကျီးကန်း မိစ္ဆာ အုပ်ချုပ်သူ

478 66 0
By KazunoMora

အပိုင်း ၁၂၄ : မီးလျှံကျီးကန်း မိစ္ဆာ အုပ်ချုပ်သူ

လီချန်းရှီနဲ့ ကျန်တဲ့သူတွေဟာ ဖြစ်ခဲ့သမျှ အကုန်လုံးက အိမ်မက်သာ ဖြစ်ပါစေလို့ ဆုတောင်းနေခဲ့ကြပေမယ့်… အဖြစ်မှန်က ကြမ်းတမ်းပြီးမှ ရက်စက်ခဲ့ပါတယ်။

သူတို့တွေ အကုန်လုံးက အထင်သေးပြီး နှိမ့်ချဆက်ဆံခဲ့တဲ့ လင်းဖုန်းဟာ… သူတို့ သူရဲကောင်း လေးဖော်ရဲ့ ဆရာသခင် အမှန်ပဲ ဖြစ်နေခဲ့တာပါ။

သိပ်မကြာခင်က ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ခဲ့တဲ့ ရှောင်ပုတန်လေးဟာ… တစ်ခစ်ခစ်နဲ့ ရယ်မောပြီး လင်းဖုန်းရဲ့ အင်္ကျီစကို ဆွဲကာ… သူရဲ့ ပြောင်မြောက်တဲ့ ဆောင်ရွက်မှုတွေကြောင့် ဆုချဖို့ တောင်းနေခဲ့တာကို တွေ့ခဲ့ရတော့… သူတို့တတွေရဲ့ စိတ်ထဲမှာ ပိုပိုပြီးမှ မရေမရာတွေ ခံစားလာခဲ့ရပါပြီ။

ဒီမြင်ကွင်းဟာ သူတို့အချိန်အကြာကြီး လက်ခံကျင့်သုံးလာခဲ့တဲ့ ကမ္ဘာကြီးကို ကြည့်မြင်ပုံတွေကို ဖျက်ဆီးပစ်ခဲ့လိုက်ပါတယ်။

ကျင့်ကြံသူ တစ်အုပ်စုဟာ အရှေ့ကိုတိုးပြီး ကျေးဇူးတင်ကြောင်းကို ပြောနေချင်နေခဲ့ပေမယ့်… လုပ်လည်းမလုပ်ရဲခဲ့တာကြောင့်… သူတို့ရှိနေတဲ့ နေရာမှာ ကသိကအောက် ပုံစံမျိုးနဲ့ပဲ မတ်တတ်ရပ်နေခဲ့ကြတယ်လေ။

သူတို့ဟာ နဂိုမူလက ရှောင်ယန်တို့တတွေနဲ့ မိတ်ဆက်ပြီး… ဆက်ဆံရေးကောင်းတွေကို တည်ဆောက်ချင်နေကြတာပါ… ဒါပေမဲ့လည်း အခုတော့ သူတို့ဟာ ဒီလိုမျိုးလုပ်ဖို့ သတ္တိတွေ မရှိကြတော့ပါဘူး။

လင်းဖုန်းကလည်း သူတို့ဘာတွေးနေသလည်း ဆိုတာကို အလုပ်ရှုပ်ခံပြီး… စဉ်းစားမနေခဲ့ပဲ သူဟာ ယန်ချင်ဆီကို ပြုံးပြလိုက်ပါတယ်။

ယန်ချင်ဟာ လင်းဖုန်းက သူ့ကိုကြည့်နေတယ် ဆိုတာကို သိလိုက်ရတော့… မချိပြုံး ပြုံးလိုက်ပြီး… ထစ်ငေါ့ထစ်ငေါ့နဲ့… "ကျွန်.. ကျွန်တော်.. ခင်.. ခင်ဗျား… မဟုတ်သေးပါဘူး.. ကြီးမြတ်တဲ့ ကျင့်ကြံသူခင်ဗျား… ကျွန်တော်က လုံးဝကို……"

လင်းဖုန်းကလည်း နူးညံ့သိမ်မွေ့စွာနဲ့ ပြုံးလိုက်ပြီး… သူ့ရဲ့ ပခုံးကို ပုတ်လိုက်ကာ… "အင်း… မင်းရဲ့ အကြီးမားဆုံးသော ပြဿနာက မင်းရဲ့ ချီလေ့ကျင့်မှု မဟုတ်ပဲ… မင်းရဲ့ သဘောထားနဲ့ ကိုယ်ကျင့်စရိုက်ပဲကွ…"

"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုထားပြီး သတ္တိပိုမွေးကွ… ဒါဆိုရင် မင်းရဲ့ အရှေ့ကလမ်းဟာ မင်းထင်တာထက် ပိုပြီးကျယ်တယ် ဆိုတာကို သဘောပေါက်လာလိမ့်မယ်ကွ…"

ဒီအချိန်မှာတော့… ယန်ချင်ဟာ သူ့ရဲ့ တည်ငြိမ်မှုကို ပြန်ထိန်းနိုင်ခဲ့ပြီဖြစ်ပြီး… လင်းဖုန်းကို စိတ်ရင်းနဲ့ ဦးညွှတ်လိုက်ကာ… "ဟုတ်ကဲ့ပါ… ကြီးမြတ်သော ကျင့်ကြံသူခင်ဗျား… အရှင့်ရဲ့ သင်ကြားမှုတွေကို ကျွန်တော်မျိုးက မှတ်ထားပြီး… အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်…"

လင်းဖုန်းကလည်း သူတပည့်တွေက အမှောက်သိပ်ထားခဲ့တဲ့… လေနတ်ဘုရားဂိုဏ်းက တပည့်လေးယောက်ကို ကြည့်လိုက်ပြီး… ခေါင်းကိုခါကာ ရယ်လိုက်ပြီး… သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်ကာ မဟူရာ တိမ်တိုက်အလံကနေ အနက်ရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်ပြီး… သေခါနီး ဖြစ်နေတဲ့ မီးလျှံကျီးကန်း သခင်လေးကို ရစ်ပတ်လိုက်ပါပြီ။

"ဟာ… မင်းကငါ့ကို မှတ်မိသေးတာလား?!" သူ့ရဲ့ မြောက်မြားစွာသော အသွင်ပြောင်းမှုတွေ အပြီးမှာ… တစ်ယောက်ကမှ သူ့ကို မမှတ်မိတော့ဘူးလို့ ထင်နေခဲ့တဲ့ မီးလျှံကျီးကန်း သခင်လေးဟာ ဒေါသထွက်စွာနဲ့ အော်ခဲ့လိုက်ပြီလေ။

ဟာသတစ်ခုပါပဲ… ကောင်းဖန်ရဲ့ အစကတည်းက အဓိက ရည်ရွယ်ချက်ဟာ မဟာလမင်း အကြွင်းမဲ့ရေဖြစ်ပြီး… မီးလျှံကျီးကန်းတို့ကို သတ်ဖို့ဆိုတာက ဘာမှမဟုတ်ပဲ သွေးဆောင်ဖျားယောင်းမှု သက်သက်သာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း… လင်းဖုန်းကတော့ အစကတည်းက မီးလျှံကျီးကန်း သခင်လေးကို ပစ်မှတ်ထားနေခဲ့တာပါ။

ပိုပြီးတော့မှ တိတိကျကျ ပြောရရင်တော့… ယုကျင်းတောင်နဲ့ ပတ်သတ်နေတဲ့ သတင်း အချက်အလက်တွေကိုပဲ ဖြစ်ပါတယ်။

မဟာလမင်း အကြွင်းမဲ့ရေကိုတော့… လင်းဖုန်းက သက်ပြင်းချရုံသာ တတ်နိုင်ခဲ့ပါတယ်။ သူဟာ ချင်ထောင်တို့ တတွေလိုမျိုး အကုန်လုံးကို သတ်ပြီးမှ ဒီရေကို မရှာနိုင်ပါဘူး။

ဒီ့အပြင်… သူ့ရဲ့လက်ရှိ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင်… အကြွင်းမဲ့ရေကို ထိန်းချုပ်နိုင်ဖို့အတွက် ယုံကြည်မှု သိပ်မရှိသေးပါဘူး။ တကယ်လို့များ သူကသာ ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်သွားရင်တော့… သူ့ရဲ့ ကောင်းကင်လှောင်အိမ် မှော်အင်းကွက်နဲ့ အကြွင်းမဲ့ရေတွေကို ယာယီထိန်းသိမ်းထားနိုင်မယ် ဆိုတာကိုတော့ သိနေခဲ့ပါတယ်။

"ကဲ… ထားလိုက်ပါတော့ကွာ… ဘယ်သူ့ရဲ့ ကိုယ်ထဲမှာ မဟာလမင်း အကြွင်းမဲ့ရေက ရောက်နေသလည်း ဆိုတာကို ဘယ်သူက သိနိုင်မှာလည်း?" လင်းဖုန်းက ပြုံးလိုက်ပြီး… "ကဲ… သွားကြစို့ဟေ့…"

သူဟာ မဟူရာ တိမ်တိုက်အလံကို လေပေါ်ကို လွှတ်တင်လိုက်ပြီး… သူ့ရဲ့တပည့်တွေကို ခေါ်ဆောင်က ပျံသန်းထွက်ခွာသွားပါတော့တယ်။

ဒီမတိုင်ခင်တော့… လင်းဖုန်းဟာ ယန်ချင်ကို လှမ်းကြည့်လိုက်ပြီး… "ကဲ… မိတ်ဆွေလေး ယန်ချင်… ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့…"

"ယန်ချင်ကလည်း ထပ်မံဦးညွှတ်လိုက်ပြီး… "ဟုတ်… ကြီးမြတ်သော ကျင့်ကြံသူဆီကနေ ကျွန်တော်က အများကြီး သင်ယူခဲ့ရပါတယ်… ကျွန်တော်ကလည်း ပြန်လည်ဆုံတွေ့ဖိုကို မျှော်လင့်နေပါတယ် ခင်ဗျာ…"

သူဟာ မတ်တတ်ရပ်လိုက်ပြီး… လင်းဖုန်းနဲ့ အပေါင်းပါတို့ဟာ ကောင်းကင်ရဲ့ အစွန်းမှာ ပျောက်ကွယ်သွားတဲ့ အချိန်အထိ စောင့်ကြည့်နေခဲ့ပါတယ်။

သူဟာ သူ့ကိုယ်သူပဲ တွေးနေခဲ့ပါတယ်… သူဟာ ဘယ်အချိန်ကျမှ ဒီကြီးမြတ်တဲ့ ကျင့်ကြံသူရဲ့ တပည့်တွေလိုမျိုး ရန်သူတွေကို သက်တောင့်သက်သာနဲ့ အနိုင်တိုက်နိုင်ပါ့မလည်း? ဖေးလျှန်သားရဲရဲ့ အပေါ်မှာ လိုက်ပါစီးနင်းနေခဲ့တဲ့ လူငယ်ဟာ ချီသာဝက အဆင့်၅သာ ရှိသေးတာပါ။

ယန်ချင်က သက်ပြင်းချလိုက်ပြီး နောက်ကိုလှည့်လိုက်တဲ့အခါ ဟိုက်ကနဲ ဖြစ်သွားခဲ့ပါတယ်။

လူအုပ်ကြီးဟာ သူ့ရဲ့ နောက်မှာ ပတ်ပတ်လည် ဝိုင်းထားကြပြီး… မျက်စိအစုံပေါင်း များစွာက သူ့ကို စိုက်ကြည့်နေခဲ့လို့ပါ။

သူတို့ဟာ မအီမသာ ဖြစ်နေခဲ့တဲ့ ပုံစံမျိုးတွေနဲ့… "အား… စီနီယာယန်… ခင်ဗျားနဲ့ ဟိုကျင့်ကြံသူ… အန်… ကြီးမြတ်တဲ့ ကျင့်ကြံသူနဲ့… ကြည့်ရတာက အတော်ကို အလွမ်းသင့်တဲ့ပုံ ပေါက်နေတာပဲ…"

"စီနီယာယန်က အမြင်အတော်လေးကို ကောင်းသားပဲ… အစကတည်းက ဒီကြီးမြတ်တဲ့ ကျင့်ကြံသူဟာ အချဉ်တစ်ယောက် မဟုတ်ဘူးဆိုတာကို သိနေတာပဲဗျာ…"

သူတို့ဟာ အလှည့်ကျ ယန်ချင်ကို မြှောက်ပင့်ပြီးမှ ဖားနေကြပါပြီ… လီချန်းရှီကလည်း ယန်ချင်ဆီကို ကြည့်လိုက်ပြီးမှ… "ကဲ… ဂျူနီယာယန်… မင်းလေးက အတော်ကိုပဲ လျှိုထားတတ်တာပဲ။ မင်းက ဒီကြီးမြတ်တဲ့ ကျင့်ကြံသူရဲ့ နောက်ခံကိုများ သိသလား? ငါကတော့ သူတို့ကို တစ်ခါမှ မတွေ့ဖူးဘူး… သူဟာ ခွန်းလွန်တောင်က ကျင့်ကြံသူ တစ်ယောက်များလား?"

ယန်ချင်ကတော့ သူတို့ရဲ့ မေးခွန်းတွေကို ကြားလိုက်ရတော့… ငိုရမလား.. ရယ်ရမလား ဆိုတာကို မသိခဲ့တော့ပါဘူး။

သူဟာ သိမ်မွေ့ပြီး အားနည်းပေမယ့်… ငတုံးတစ်ယောက်တော့ မဟုတ်ပါဘူး။ သူဟာ ကျန်တဲ့သူတွေရဲ့ ရည်ရွယ်ချက်ကို သဘောမပေါက်ပဲ ဘယ်နေပါ့မလည်း?

လင်းဖုန်းဟာ သူ့ရဲ့ စွမ်းရည်တွေနဲ့ ကျင့်ကြံမှု အဆင့်အတန်းကို မထုတ်ဖော်ခဲ့ပေမယ့်… ရှောင်ယန်တို့လို တပည့်မျိုးတွေကို မွေးထုတ်ပေးထားခဲ့တော့… သူ့ရဲ့ အစွမ်းကို မှန်းဆလို့ ရနိုင်ပါတယ်။

သူတို့တတွေဟာ ဆင်ခြေပေးမယ် ဆိုရင်တော့… ရှောင်ယန်တို့တတွေက အခြေခံအုတ်မြစ် စဦးပိုင်း အဆင့်တွေမှာသာ ရှိသေးတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမဲ့လည်း သူတို့ရဲ့ အလားအလာတွေနဲ့ ပြသခဲ့တဲ့ စွမ်းရည်တွေအရ… သူတို့အပေါ်မှာ မြင်တဲ့ ထင်မြင်ချက်တွေဟာ ပြောင်းသွားခဲ့တယ်လေ။ အရွယ်ငယ်ငယ်လေးနဲ့ သူတို့ပိုင်ဆိုင်ထားတဲ့ စွမ်းရည်တွေနဲ့ မှော်ကျိန်စာတွေရယ်… သူတို့ထက် အဆင့်ပိုမြင့်တဲ့ ပြိုင်ဘက်တွေကို အသာစီးကနေ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပုံတွေဟာ ကျန်တဲ့သူတွေကို အတွေးနက်စေခဲ့ပါတယ်။

တကယ်လို့များ သူတို့ဟာ ဒီလိုမျိုး အမြန်နှုန်းနဲ့သာ ဆက်ပြီးတော့မှ တိုးတက်သွားခဲ့ရင်… အနာဂတ်မှာ ဘယ်လိုများ ဖြစ်လာနိုင်မလည်း ဆိုတာကို ဘယ်သူက သိနိုင်မှာလည်း?

တကယ်တမ်း ပြောရရင်… သူတို့ဟာ သာမန်လူတွေ ဘယ်တော့မှ မရောက်နိုင်တဲ့ အဆင့်အတန်းမျိုးကို… မကြာခင်မှာပဲ ရောက်နိုင်တော့မှာပါ။

ဒီမှာရှိနေတဲ့ သူတိုင်းဟာ ခွန်းလွန်တောင်က ဂိုဏ်းနဲ့ ကလန်အငယ်လေးတွေက ဂိုဏ်းသားတွေပဲ ဖြစ်ပါတယ်။ သူတို့တတွေရဲ့ ဂိုဏ်းက အစွမ်းအထက်ဆုံး အကြီးအကဲတွေဟာ ရွှေရောင်ဗဟိုချက် အဆင့်မှာပဲ ရှိသေးတာပါ။ သူတို့ဟာ ဂုဏ်သတင်းပိုကြီးတဲ့ ဂိုဏ်းကြီးတွေက အခြေတည်ဝိညာဉ် အဆင့် အကြီးအကဲတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ပါဘူး။

ဒါကြောင့်မို့ပဲ သူတို့ဟာ ကောင်းဖန်ကို မျက်နှာလို မျက်နှာရ လုပ်နေရတာပဲ ဖြစ်ပါတယ်။ ဒါက ကောင်းဖန်ရဲ့ စွမ်းရည်ကြောင့် မဟုတ်ပဲ… ခွန်းလွန်ရဲ့ ထိပ်တန်းဂိုဏ်း အနည်းငယ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့… သူ့ရဲ့နောက်ခံ လေနတ်ဘုရားဂိုဏ်းကြောင့်ပဲ ဖြစ်တာပါ။

အခုက ယန်ချင်ဟာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ လင်းဖုန်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားတယ်ဆိုတော့… လီချန်းရှီနဲ့ ကျန်တဲ့သူတွေဟာ အလွန်ပဲ အားကျနေခဲ့ပြီး… မနာလိုတွေတောင် ဖြစ်နေကြတယ်လေ။

ယန်ချင်ကလည်း ထင်မှတ်မထားတာတွေ ဖြစ်လာခဲ့တော့… ဘာမှမတတ်နိုင်ပဲ ပြန်ဖြေလိုက်ရပါတယ်… "ဟာ… ကျွန်တော်ကလည်း ဒီကြီးမြတ်တဲ့ အုပ်ချုပ်သူက ဘယ်မှာနေသလည်း ဆိုတာကို မသိပါဘူးဗျာ…"

လီချန်းရှီကတော့ သူ့ရဲ့ ဖြေဆိုချက်ကို လုံးဝကို သဘောမကျခဲ့ပဲ… "ဟေ့… ဂျူနီယာယန်… မင်းက ငါတို့ရဲ့ အရင်က ဆက်ဆံရေး မကောင်းခဲ့တာကို အငြိုးထားနေတာလား? ငါက တောင်းပန်ခဲ့ပြီးပြီပဲ… ဒါပေမဲ့ မင်းကတော့ ဒီလိုမျိုး ဘာမှမဟုတ်တာလေးကို စိတ်ထဲမှာ ထားနေသေးတာလား?"

တခြားလူတွေကလည်း မပျော်မရွှင် ဖြစ်သွားကြပြီး… "ဟေး… မင်းက ဟိုကြီးမြတ်တဲ့ ကျင့်ကြံသူနဲ့ ဆက်ဆံရေး ကောင်းတာကို ငါ့တို့က သိထားကြပါတယ်ကွ။ ဒါပေမဲ့ မင်းက ဘယ်လိုလုပ်ပြီး ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေကို လျှိုထားရက်တာလည်း? ငါက မင်းဟာ ဒီလိုမျိုး တစ်ကိုယ်ကောင်း ဆန်တတ်တဲ့သူမျိုးလို့ မထင်ထားခဲ့ဘူးကွာ…"

"ထားလိုက်ပါတော့ကွာ… ဘယ်သူက သူဟာ တကယ်ပဲ ဒီလိုလူမျိုး ဆိုတာကို ထင်ထားမိမှာလည်း? သူက သူမှီခိုအားထားရမယ့် သူကိုတွေ့သွားပြီဆိုတော့… သူအရင်က သိထားခဲ့တဲ့ သူတွေကို မေ့သွားပြီပေါ့…"

"ငါကတော့ စဉ်းစားလို့ကို မရဘူးကွာ… ဒီကောင်က ဒီလောက်အထိ သူရဲဘော ကြောင်တဲ့ဟာကို… ဟိုကြီးမြတ်တဲ့ ကျင့်ကြံသူနဲ့ ဘယ်လိုများ အသိအကျွမ်း ဖြစ်သွားရတာလည်း?"

ယန်ချင်ကတော့ မျက်နှာကြီး နီရဲပြီး… ငြိမ်သက်စွာနဲ့ပဲ နေခဲ့ပါတယ်။ သူဟာ ယှဉ်ပြိုင်ငြင်းခုံခြင်း အတတ်ပညာမှာ လုံးဝကိုပဲ အားနည်းတဲ့အတွက်… ကျန်တဲ့သူတွေရဲ့ မကျေနပ်မှုတွေ ဖော်ထုတ်နေတာကို ငြိမ်ပြီးမှပဲ ခံနေခဲ့တယ်လေ။

"ငါ…" ယန်ချင်က တစ်စုံတစ်ခုကို ပြောမလို့ ကြံလိုက်ရုံပဲ ရှိသေးတယ်… သူ့ရဲ့ အမူအရာဟာ ရုတ်ချည်းပဲ ပြောင်းသွားခဲ့ပြီး… အဝေးက ကောင်းကင်တစ်နေရာကို ကြည့်လိုက်ပါတော့တယ်။

လီချန်းရှီ အပါအဝင်… ဒဏ်ရာရထားခဲ့ကြတဲ့ အခြေခံအုတ်မြစ် စဦးပိုင်း အဆင့်က ကျင့်ကြံသူ သုံးယောက်တို့ဟာလည်း… ယန်ချင်ကြည့်နေခဲ့တဲ့ နေရာကို လိုက်ပြီးမှ ကြည့်လိုက်ကြပါပြီ။

ကောင်းကင်အစွန်း တစ်နေရာက တိမ်တိုက်တွေဟာ ရွေ့လျားသွားခဲ့ပြီး… ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခုနဲ့အတူ အနီရောင် တိမ်တိုက်တစ်ခုဟာ… လူအုပ်ကြီး ရှိရာဆီကို လျှင်မြန်စွာနဲ့ ရွေ့လျားပြီးမှ လာခဲ့ပါပြီ။

"ဟာ… ရွှေရောင်ဗဟိုချက် အဆင့်!"

လီချန်းရှီဟာ သူမရဲ့ မျက်ခုံးအစုံကို တွန့်လိုက်ပြီး… တိမ်တိုက်ထဲမှာ ရှိတဲ့သူရဲ့ စွမ်းရည်တွေကို တွက်ဆကာ နေခဲ့ပါတယ်။ အနီရောင် တိမ်တိုက်ကြီးဟာ သူတို့ရဲ့ အနားကို ရောက်လာတော့… သူတို့ရဲ့ အမူအရာတွေဟာ ထိတ်လန့်တုန်လှုပ်လို့ သွားခဲ့တယ်လေ။

တိမ်တိုက်ရဲ့ အလယ်ဗဟိုမှာက အမြင့် ၇မီတာရှိပြီး… တောင်ပံဖြန့်လိုက်ရင် ၃၅မီတာလောက်ရှိတဲ့ ဧရာမ မီးလျှံကျီးကန်း တစ်ကောင်ပါ။

ရွှေရောင်ဗဟိုချက် အဆင့်မှာရှိတဲ့ မိစ္ဆာကို မိစ္ဆာအုပ်ချုပ်သူလို့ ခေါ်ပြီး… ယန်ချင်တို့တတွေရဲ့ အရှေ့မှာ ရှိနေတာကတော့ မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူပဲ ဖြစ်ပါတယ်။

ဒီမီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူဟာ လေထဲကနေပြီး.. အပူလှိုင်းလုံးကြီးတွေကို ထုတ်လွှတ်နေကာ.. ယန်ချင်နဲ့ အပေါင်းပါတို့ကို အသက်ရှူရ ကျပ်စေခဲ့တယ်လေ။

"ဟေ့… ငါတို့ကလန်က သခင်လေးက ဘယ်မှာလည်း?" ဒီမီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူဟာ လူသားပါးစပ်နဲ့ စူးရှစွာ…"မင်းတို့လူသားတွေက ငါတို့ကလန်က သခင်လေးကို ဒဏ်ရာရအောင် လုပ်လိုက်တာလားကွ?"

လီချန်းရှီရဲ့ ခေါင်းထဲမှာ အတွေးတစ်ခုဟာ ပေါ်လာခဲ့ပြီး… ကျယ်လောင်စွာနဲ့ပဲ… "အဲ့ဒါက အဖြူရောင် ဝတ်ရုံနဲ့ ကျင့်ကြံသူပါ! သူက မီးလျှံကျီးကန်း သခင်လေးကို ဖမ်းခေါ်သွားခဲ့တာပါ…"

"ဘာ?" မီးလျှံကျီးကန်း အုပ်ချုပ်သူက အလွန်အမင်းကို ဒေါသထွက်သွားခဲ့ပြီး… သူ့ရဲ့ ပြင်းထန်လှတဲ့ မှော်စွမ်းအင် တုန်ခါမှုတွေဟာ ရှိနေကြတဲ့ လူအားလုံးရဲ့ စိတ်ဝိညာဉ်တွေကို တုန်လှုပ်သွားစေခဲ့ကာ… မြေပြင်ပေါ်ကို ဒူးထောက်ကျစေခဲ့တယ်လေ။

မီးလျှံကျီးကန်း အုပ်ချုပ်သူက လီချန်းရှီကို မျက်ထောင့်နီတွေနဲ့ စိုက်ကြည့်လိုက်ပြီး… "ကဲ… ပြောစမ်း… သူတို့က ဘယ်မှာလည်း?"

လီချန်းရှီကလည်း တွန့်ဆုတ်စွာနဲ့ ယန်ချင်ကို လက်ညှိုးထိုးပြလိုက်ပြီး… "ဟုတ်… အဲ့ဒီကျင့်ကြံသူကတော့ ထွက်သွားခဲ့ပါပြီ။ ဒါပေမဲ့လည်း ဒီလူက သူတို့ဘယ်သွားခဲ့သလည်း ဆိုတာကို သိပါတယ်…"

"ဟာ… ငါ.. ငါမသိရ…" ယန်ချင်ဟာ မှင်သက်သွားခဲ့ပြီး… ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြောမယ်ကြံစဉ်မှာပဲ လီချန်းရှီက ကြားဖြတ်ပြီး… "ဒီကိစ္စဟာ ကျွန်မတို့နဲ့ ဘာမှမဆိုင်ပါဘူး။ ဒီလူကို ခေါ်သွားလို့ရှိရင်… ဟိုဝတ်ရုံဖြူနဲ့ ကျင့်ကြံသူကို ရှာတွေ့နိုင်မှာပါ…"

ယန်ချင်ဟာ တစ်ကိုယ်လုံးကနေ စိမ့်တက်လာခဲ့ပြီး… ကမ္ဘာကြီးက ဘယ်လောက်အထိ သွေးအေးပြီး ရက်စက်နိုင်သလည်း ဆိုတာကို နောက်ဆုံးမှာတော့ သင်ခန်းစာ ရသွားခဲ့ပါပြီ။ ကျန်တဲ့သူတွေ အကုန်လုံးဟာ အနောက်ကို ကိုယ်စီဆုတ်သွားကြပြီး… လူပုံအလယ်မှာ သူဟာ ထီးထီးကြီး ကျန်နေခဲ့ပြီလေ။

မီးလျှံကျီးကန်း အုပ်ချုပ်သူက လေပေါ်ကနေ အော်ဟစ်လိုက်ပြီး… "ကဲ… လူသား… လမ်းပြပေတော့!"

လီချန်းရှီဟာလည်း စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်းတစ်ချက်ကို ချလိုက်မယ် လုပ်တုံးမှာ… မီးလျှံကျီးကန်း အုပ်ချုပ်သူက "ကဲ… ကျန်နေတဲ့ သူတွေက ဘာမှအသုံးဝင်တော့မယ့်ပုံ မပေါ်ဘူး…"

သူ့ရဲ့ကျဉ်းမြောင်းတဲ့ မျက်လုံးအစုံမှာ ရက်စက်တဲ့ အငွေ့အသက်တွေဟာ ပေါ်လာခဲ့ပြီး… "ကဲ… ဒါဆိုလည်း ငရဲကို သွားပေတော့ကွာ!"

သူ့ရဲ့စကား ဆုံးတာနဲ့… သူ့ရဲ့အတောင်ပံတွေကို လှုတ်ခတ်လိုက်ပြီး… လီချန်းရှီနဲ့ ရောင်းရင်းများကို အဆုံးမဲ့ မီးလျှံတွေနဲ့ လောင်မြိုက်လိုက်ပါတော့တယ်။

"မဟုတ်ဘူး!" လီချန်းရှီဟာ အော်ဟစ်လိုက်ပြီး သူမရဲ့ ဓားပျံနဲ့ ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့်… ဘာမှမကြာပဲ ဒီမီးပင်လယ်ကြီးရဲ့ လောင်မြိုက်မှုကို ခံလိုက်ရပြီး… ပြာပုံအဖြစ်ကို ပြောင်းသွားခဲ့ပါပြီ။

မီးလျှံကျီးကန်း အုပ်ချုပ်သူရဲ့ ရက်စက်တဲ့ ရယ်သံအောက်မှာ… ယန်ချင်ကလွဲလို့ ကျန်တဲ့သူတွေဟာ မီးပင်လယ်ကြီးရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရပြီး မသေမချင်း အော်ဟစ်ခံစားနေခဲ့ရပါတယ်။

ယန်ချင်ကလည်း မျက်လုံးအပြူးသားနဲ့ သူ့ရဲ့ အပေါင်းအဖော်တွေရဲ့ နောက်ဆုံးအော်သံ တစ်ချို့ကို ကြားနေခဲ့ရတယ်လေ။ သူ့ရဲ့နှလုံးသားဟာ တစ်စုံတစ်ယောက်က လက်နဲ့ညှစ်ထားခဲ့သလိုမျိုး ခံစားနေခဲ့ရပြီး.. ချွေးသီးချွေးပေါက်တွေ တစ်လုံးလုံး ကျလာခဲ့ကာ အတောမသတ်နိုင်အောင် ကြောက်ရွံ့ထိတ်လန့်ကာ နေခဲ့ပါတယ်။

"ကဲ… လာထား… သတ္တိရှိရမယ်! သတ္တိရှိရမယ်ကွ!"

ယန်ချင်ဟာ သူ့ရဲ့လက်သီးဆုပ်ကို ဆုပ်ချည်ဖြည်ချည် လုပ်နေခဲ့ပြီး… ကျယ်လောင်စွာနဲ့ အော်ဟစ်လိုက်ကာ သူ့ရဲ့လက်အစုံကို စုစည်းလိုက်ပြီး… မှော်ကျိန်စာ သင်္ကေတ တစ်ခုကို ဖန်ဆင်းလိုက်ပါပြီ။

သူ့ရဲ့ကိုယ်ထဲက မှော်စွမ်းအင်တွေဟာ… ရေကာတာ ကျိုးပေါက်ပြီးမှ တရဟော စီးဆင်းလာခဲ့တဲ့ ရေတွေလိုမျိုး ထိုးတက်လာခဲ့ပြီး… သူကျွမ်းကျင်စွာ တတ်မြောက်ထားခဲ့တဲ့ သူ့ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်ကို ထုတ်လွှတ်လိုက်ပြီလေ… "တောင်ကျရေ မန္တန်!"

တောင်ကျရေ မန္တန်ဟာ ယန်ချင်ရဲ့ ကိုယ်ထဲက မှော်စွမ်းအင်တွေ အကုန်လုံးကို စုပ်ယူလိုက်ပြီးမှ… ရေပြင်နဂါး တစ်ကောင်ကို ဆင့်ခေါ်လိုက်ကာ… မီးလျှံကျီးကန်း အုပ်ချုပ်သူ ရှိရာဆီကို တစ်ဟုန်ထိုး ဝင်သွားခဲ့ပါတယ်။

အစပထမကတော့ ဒီမီးလျှံကျီးကန်း အုပ်ချုပ်သူဟာ… ချီသာဝက အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို အရေးလုပ်ပြီးမှ ဂရုမစိုက် နေခဲ့ပါဘူး။ သူဟာ ဘယ်လောက်ပဲ ကြိုးစားပြီးမှ အစွမ်းကုန် တိုက်ခိုက်ခဲ့ပေမယ့်… သူ့ကိုဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလေ။

ဒါပေမယ့်လည်း ဒီရေပြင်နဂါး ထွက်ပေါ်လာတဲ့ အခိုက်အတန့်မှာ… သူ့ရဲ့ကိုယ်ပေါ်ကနေ အစိမ်းရောင် အလင်းတန်းလေး တစ်ခုဟာ လက်ကနဲ ဖြစ်သွားခဲ့ပါတယ်။ ဒီအစိမ်းရောင် အလင်းတန်းလေးဟာ… ဒီရေပြင်နဂါးကို အသက်ဝင်လာစေခဲ့တဲ့ ဂန္တဝင်မြောက် စုတ်ချက်တစ်ခုနဲ့ တူနေခဲ့တယ်လေ။

မီးလျှံကျီးကန်း အုပ်ချုပ်သူကလည်း အလန့်တကြားနဲ့… "ဟာ… ဒါ.. ဒါက မဟာလမင်း အကြွင်းမဲ့ရေပဲ?!" အခုအချိန်မှာတော့ သူဟာ ပေါ့ပေါ့တန်တန် သဘောမထားရဲခဲ့ပဲ… သူ့ရဲ့ကိုယ်ပေါ်က မီးတောက်မီးလျှံတွေဟာ ရုတ်ချည်းပဲ ကြီးမားလာခဲ့ကာ… ဒီရေပြင်နဂါးနဲ့ ထိပ်တိုက်ရင်ဆိုင် ခဲ့ပါတော့တယ်။

ဒါပေမဲ့လည်း ယန်ချင်ရဲ့ ကျင့်ကြံမှု အဆင့်ဟာ အတော်ကိုပဲ နိမ့်ကျနေခဲ့တော့… သူအစွမ်းကုန် ထုတ်လွှတ်လိုက်တဲ့ ရေပြင်နဂါးဟာ မီးလျှံကျီးကန်း အုပ်ချုပ်သူရဲ့ တစ်ချက်ထဲနဲ့ ချေဖျက်တာကို ခံခဲ့ရပါပြီ။

ပြင်းထန်လှတဲ့ ရိုက်ခတ်မှုကနေပြီး ယန်ချင်ဟာ အနောက်ဘက်ကို အဝေးကြီး လွင့်သွားခဲ့ပြီး… တောင်ကြားတွေရဲ့ အထဲမှာ စီးဆင်းနေခဲ့တဲ့ ရေစီးကြောင်း တစ်ခုရဲ့ အထဲကို ကျသွားခဲ့ကာ… မြစ်အောက်ခြေအထိ ရောက်သွားခဲ့ပြီး မြင်ကွင်းကနေ ပျောက်ကွယ်လို့ သွားခဲ့ပြီလေ။

ဒါက တောင်ကြားထဲက သာမန်မြစ်လေး တစ်စင်းသာ ဖြစ်တာမို့… မီးလျှံကျီးကန်း အုပ်ချုပ်သူဟာ ရေတွေကို အငွေ့ပျံအောင် လုပ်လိုက်ဖို့က အလွယ်လေးပါပဲ။

ဒါပေမဲ့လည်း ယန်ချင်က ရေထဲကို ပြုတ်ကျသွားတဲ့ အချိန်မှာပဲ… မြစ်ရေတစ်ခုလုံးဟာ အစိမ်းရောင် သန်းသွားခဲ့ပါတယ်။

မီးလျှံကျီးကန်း အုပ်ချုပ်သူကလည်း အေးစက်စွာနဲ့… "ဟွန့်… ကံကောင်းသွားတယ်ပဲ မှတ်လိုက်ပါကွ…" ဒါပေမဲ့လည်း သူဟာ သူ့ရဲ့အနောက်ကို ဆက်ပြီးမှ မလိုက်ရဲခဲ့ပဲ… သူ့ရဲ့တောင်ပံတွေကို ဖြန့်လိုက်ကာ ခွန်းလွန်တောင်ရဲ့ အထဲဘက်ကို ဆက်လက်ပြီးမှ ပျံသန်းသွားခဲ့ပါတော့တယ်။

"မင်းကဘယ်သူပဲဖြစ်ဖြစ်… ငါတို့ရဲ့ သခင်လေးကို ဖမ်းခေါ်သွားရဲတယ်ဆိုတော့… ငါတို့ဘုရင်ရဲ့ လှုပ်ရှားမှုကို မစောင့်ပဲ ငါကအရင် မင်းကို မီးလောင်တိုက်လိုက်မယ်ဟေ့!"

Novel           : History's Number 1 Founder
Author        : August Eagle
Translator  : Master Shifu

Continue Reading

You'll Also Like

390K 58.9K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
6.6K 474 22
Title - I Inherit an auction house at the start trillion times rebate လေလံအိမ်ရဲ့အရှင်သခင် ဘာသာပြန် - ချိတ်/ဇော်ထက်နိုင် မူရင်းစာရေးဆရာ - Place of Be...
76.6K 8.8K 118
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...
390K 49.9K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...