ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 54.9K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 145

21.8K 3.3K 216
By Dandelion_nini

Unicode

မိဘမဲ့ဂေဟာက ရှောင်ချင်းချီနဲ့ မှတ်ဉာဏ်အပိုင်းအစများ
___________________________________

ယန်းချင်းချီ သိတတ်စအရွယ်လေးကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တာဖြစ်သည်။ အားလုံးက စွန့်ပစ်ခံထားရသည့် ကလေးငယ်တွေပဲဖြစ်တာကြောင့် မိသားစုအသစ်၊အိမ်အသစ်ကိုတောင့်တကြသော်ငြား တချို့ကြတော့လည်း အတူနေသူငယ်ချင်းတွေက သူတို့ကိုထားသွားပြီး မိဘအသစ်နောက်လိုက်သွားမှာကို ကြောက်ကြသည်။ ထို့ကြောင့် တချို့ကလေးတွေက သူတို့သူငယ်ချင်းလေး သူတို့နားမှာနေဖို့အတွက် မဟုတ်မမှန်သည့် နည်းလမ်းအချို့ကို သုံးကြလေသည်။

ယန်းချင်းချီပိစိလေးမှာ ငယ်ငယ်လေးကတည်းက ဥပတိရုပ်သန့်ပြီး ချစ်ဖို့ကောင်းတာကြောင့် မွေးစားဖို့ရောက်လာကြသည့်လူကြီးတိုင်းက သူ့ကိုမြင်လိုက်တာနဲ့ တန်းပြီးမွေးစားချင်ကြသည်။ သူနဲ့စကားအနည်းငယ်ပြောဆိုပြီးနောက် ဂေဟာမှူးဆီသွားပြီး မွေးစားခွင့်တောင်းမည်ဟုပြောကာ သူ့ကိုပြန်လာခေါ်ဖို့ စောင့်ခိုင်းတတ်သည်။ သို့သော် သူ ဘယ်လောက်စောင့်,စောင့် ထိုလူတွေက ဘယ်တော့မှပေါ်မလာတတ်ကြပါ။

ဂေဟာက သူ့သူငယ်ချင်းနှစ်ယောက် တီးတိုးပြောနေတာကိုမကြားရခင်အချိန်အထိ မွေးစားမဲ့လူတွေ သူ့ဆီဘာလို့ပြန်,ပြန်မရောက်လာကြမှန်း သေချာမသိခဲ့ပေ။

သူ့သူငယ်ချင်းတစ်ယောက်ကပြောသည်။

''မနေ့ကလာတဲ့အန်တီကိုကြည့်ရတာ ရှောင်လင်ကိုသဘောကျနေတဲ့ပုံပဲ ''

ထို့အချိန်က ယန်းချင်းချီနာမည်မှာ ယန်းချင်းချီမဟုတ်သေးပဲ ရှောင်လင်ဖြစ်သည်။

နောက်တစ်ယောက်ကထပ်ပြောလာသည်။

''ရှောင်လင်ကိုသဘောကျလည်းအသုံးမဝင်ဘူး ဂေဟာမှူးမားမားက သူတို့ကို ရှောင်လင်ကပစ္စည်းတွေခိုးတတ်တယ်လို့ပြောလိုက်ရင် သူတို့ရှောင်လင်ကို အဝေးခေါ်သွားမှာမဟုတ်တော့ဘူး ''

''အွန်း အဲ့လိုဆို ရှောင်လင်လည်းငါတို့နဲ့ဆက်နေလို့ရပြီ ငါတို့တွေခွဲစရာမလိုတော့ဘူး ''

''ဟုတ်တယ် ငါတို့မှာ မိဘမရှိတာတောင် ဘဝက တော်တော်လေးဆိုးရွားနေပြီ ရှောင်လင်ပါ ငါတို့အနားမှာမရှိတော့ရင် ပိုဆိုးလာဖို့ပဲရှိတော့တယ် ''

''ဒီကိစ္စကို ရှောင်လင်သိလို့မဖြစ်ဘူးနော် မဟုတ်ရင် သူငါတို့ကို စိတ်ဆိုးသွားလိမ့်မယ် ''

''အွန်း အွန်း မင်းလည်းသူ့ကိုယောင်ပြီးမပြောမိစေနဲ့ ''

ငယ်ရွယ်သည့် ယန်းချင်းချီလေးအတွက် စိတ်ရှည်သည်းခံမှုဆိုတာ ဘာမှန်းမသိပါ။ သူ ထိုစကားတွေကြားတာနဲ့ သူငယ်ချင်းနှစ်ယောက်ရှေ့ စိတ်ဆိုးတကြီးပိတ်ရပ်ကာ စကားများကြတော့သည်။ သူတို့ဘာလို့ ဒီလိုလုပ်ရတာလဲ၊ သူ မိဘအသစ်၊အိမ်အသစ်အရမ်းလိုချင်နေမှန်း သိသိကြီးနဲ့ သူ့ကို ဘာလို့ဒီလိုလုပ်ကြတာလဲဟု မေးခွန်းထုတ်ခဲ့သည်။

သူ ဂေဟာမှူးရုံးခန်းဆီပြေးကာ ဘယ်သူ့ပစ္စည်းကိုမှ မခိုးဖူးကြောင်းနှင့် ကလေးဆိုးလေးမဟုတ်ကြောင်း၊ သူနဲ့သက်ဆိုင်သည့် မိသားစုလေးတစ်ခု အရမ်းလိုချင်ကြောင်း ဂေဟာမှူးကိုပြောပြလိုက်သည်။

ဂေဟာမှူးက ယန်းချင်းချီတိုင်ပြောတာတွေ နားထောင်အပြီး သူ့သူငယ်ချင်းနှစ်ယောက်ကိုလှည့်ကြည့်လိုက်သည်။ ကလေးနှစ်ယောက်ကလည်း ဂေဟာမှူးဆီမှာအဆူခံရမှာစိုးသည့်အပြင် ယန်းချင်းချီထွက်သွားမှာကိုလည်းမလိုလားတာကြောင့် သူတို့လိမ်မပြောကြောင်း တောင့်ခံနေသည်။

ယန်းချင်းချီ စိတ်ဆိုးတကြီး အော်ပြောလာသည်။

''မင်းတို့လိမ်တာ! ခုနက မင်းတို့ကိုယ်တိုင်အဲ့လိုပြောခဲ့တာ! ''

''ငါမလိမ်ပါဘူး၊ မင်းကသာလိမ်ပြောနေတာ ''

နောက်တစ်ယောက်ကလည်း သံယောင်လိုက်လာသည်။

''ရှောင်လင် မင်းအဲ့လိုမလုပ်ပါနဲ့ ဘာလို့လိမ်ပြောရတာလဲ ''

သူ့ကိုပြန်ပြီးစွပ်စွဲနေကြတာကိုမြင်တော့ ယန်းချင်းချီအရမ်းကိုစိတ်တိုသွားသည်။ သူ မလိမ်ဘူးဆိုတာကိုသက်သေပြဖို့အတွက် ဂေဟာမှူးကို ဘာတွေဖြစ်ခဲ့ကြောင်း သေချာပြန်ရှင်းပြနေသည်။ သူ့သူငယ်ချင်းနှစ်ယောက်ပြောတာကို ဘယ်လိုကြားခဲ့ကြောင်း၊ သူတို့ကသူ့နောက်ကွယ်မှာ ဘာတွေပြောနေကြောင်းနှင့် ဘယ်လိုတွေစွပ်စွဲခဲ့ကြောင်း ပြောပြနေသော်ငြား သူကအရမ်းစိတ်လှုပ်ရှားနေသည့်အပြင် ငယ်လည်းငယ်သေးတာကြောင့် သူ့ရှင်းပြမှုက မလုံလောက်ခဲ့ပါ။

ဂေဟာမှူးက ကလေးနှစ်ယောက်ကို ပြန်လွှတ်လိုက်ကာ ငိုထားလို့မျက်လုံးတွေနီပြီး ဖောင်းအစ်နေသည့် ယန်းချင်းချီလေးကို ကြည့်နေလိုက်သည်။ အမှန်တိုင်းပြောရလျှင် သူလည်း ယန်းချင်းချီကိုအရမ်းသဘောကျသည်။ ကလေးက ဖြူဖြူသန့်သန့်လေးဖြင့် ချစ်ဖို့ကောင်းသည့်အပြင် သူမကိုဂေဟာမှူးမားမားဟု ယဥ်ယဥ်ကျေးကျေးခေါ်တတ်ပြီး ကလေးတိုင်းနဲ့လည်း သင့်မြတ်တာကြောင့် ယန်းချီပစ္စည်းခိုးတတ်တယ်ဟု ကြားလိုက်ရသည့်အချိန် သူမလည်းအတော်လေးအံ့သြသွားခဲ့သည်။ သို့သော် လာတိုင်သည့်ကလေးတွေက ယန်းချင်းချီနဲ့နီးနီးကပ်ကပ်နေသည့် သူငယ်ချင်းနှစ်ယောက်ဖြစ်နေတာကြောင့် သူမ ဒီကိစ္စကိုခပ်ပေါ့ပေါ့လေးလွှတ်ထားလိုက်လို့လည်းမဖြစ်သေးပါ။ သူငယ်ချင်းနှစ်ယောက်က ယန်းချင်းချီကို ဒီကိစ္စဖြင့် အဆူခံ၊အနှိမ်ခံရမှုစိုးတဲ့အတွက် ယန်းချင်းချီကိုပေးမသိဖို့လည်း တောင်းဆိုခဲ့သည်။ အခုတော့ ဘယ်ကလေးက အမှန်တွေပြောနေမှန်းမသိတော့ပေ။

သူမ ယန်းချင်းချီ ပါးပြင်ပေါ်ကမျက်ရည်တွေကို ဖွဖွလေးသုတ်ပေးရင်း နူးညံ့ညင်သာသည့်လေသံလေးဖြင့် မေးလိုက်သည်။

''သား ဘာပစ္စည်းမှမခိုးဖူးဘူးပေါ့? ''

ယန်းချင်းချီ မကျေမနပ်ရုပ်လေးဖြင့် ခေါင်းခါပြကာ ရှိုက်သံကြီးဖြင့် ပြောလာခဲ့သည်။

''သားမခိုးဘူး ''

သူမ သက်ပြင်းချလိုက်သည်။

''အင်း ဂေဟာမှူးမားမား သိပြီ ''

ယန်းချင်းချီ သူမကိုကြည့်ကာ

''ဒါဆို ဂေဟာကိုမွေးစားဖို့လာတဲ့ မိဘအသစ်တွေကရော သားကိုခေါ်သွားပါ့ဦးမလားဟင် ''

သူမခေါင်းငြိမ့်ပြလိုက်သည်။

''ကျိန်းသေပေါက် ခေါ်သွားမှာပေါ့ သားတို့တစ်ယောက်ချင်းစီတိုင်း ကိုယ်ပိုင်မိသားစုလေးရပိုင်ခွင့် ရှိပြီးသား ''

ထိုအခါမှ ယန်းချင်းချီ စိတ်အေးသွားတော့သည်။

''သား သူတို့နဲ့ တစ်ဆောင်တည်းမနေချင်ဘူး ''

ဂေဟာမှူးက ဖျောင်းဖျသော်ငြား ယန်းချင်းချီပေါက်စလေးကလည်း ငယ်ငယ်ကတည်းက ခွင့်လွှတ်သင့်တဲ့အရာနဲ့ ခွင့်မလွှတ်သင့်တဲ့အရာကို သေချာဝေဖန်ပိုင်းခြားနိုင်သူဖြစ်တာကြောင့် ထိုနှစ်ယောက်ဖြင့် တစ်ဆောင်တည်းနေဖို့ငြင်းဆန်ခဲ့သည်။

''သား အငယ်လေးတွေနေတဲ့အဆောင်ကိုပြောင်းလို့ရပါတယ် တိတိ၊မေ့မေ့လေးတွေကိုလည်း ကူထိန်းပေးမယ်လေ နော် ''

အဆုံးမှာတော့ ခေါင်းမာသည့်ယန်းချင်းချီလေးကို ဖျောင်းဖျလို့မရသဖြင့် ဂေဟာမှူးက သူ့စိတ်ကြိုက်အတိုင်း အငယ်တွေနေသည့်အဆောင်ကို ရွှေ့ပေးလိုက်ရသည်။

ထိုအချိန်က ယန်းချင်းချီလေးမှာ ၈နှစ်နီးပါးရှိနေပြီဖြစ်ပြီး ပြောင်းသွားသည့်အငယ်တွေနေရာမှာတော့ ကလေးကြီးဟုသတ်မှတ်လို့ရနေပြီဖြစ်သည်။ ထို့နေ့က ယန်းချင်းချီပေါက်စလေးမှာ မတရားခံရမှု၊ သစ္စာဖောက်ခံရမှု၊ ဝမ်းနည်းမှုနဲ့ ဒေါသတွေခံစားခဲ့ရတာကြောင့် သူတို့ပြောသွားတာတွေကို ဂေဟာမှူးမားမားကြားသွားရင်ကောင်းမှာပဲ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ပြန်နားထောင်ခိုင်းလို့ရရင်ကောင်းမှာပဲဟု တွေးခဲ့မိသည်။

ထိုအချိန်တုန်းက သူတို့ပြောထားသမျှကိုသာ တစ်ခုခုနဲ့အသံသွင်းထားနိုင်ခဲ့လျှင် သူတို့လိမ်ပြောနေသည့်အချိန်မှာ အဲ့ဒါကိုဖွင့်ပြလိုက်ပြီး ကြည့်စမ်း သူတို့ကလိမ်နေတာဟု ပြောလို့ရသလို သူ့ကိုလည်း တခြားလူတွေက ယုံကြည်သွားမှာဖြစ်သည်။

နောက်ပိုင်း မွေးစားခံလိုက်ရပြီးမှ ဖုန်းထဲမှာ အသံသွင်းသည့် functionပါဝင်ကြောင်း သိလိုက်ရသည်။ သို့သော် ဖုန်းနဲ့ အသံသွင်းခြင်းက တခါတလေအဆင်မပြေသည့် အခိုက်အတန့်တွေရှိတတ်တာကြောင့် နောက်ပိုင်း အသံသွင်းစက်လေးဝယ်ပြီး ဆောင်ထားဖြစ်သည်။

ထိုအရာတွေအားလုံးက အတိတ်မှာဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများဖြစ်တဲ့အတွက် အခုပြန်ပြီး စဥ်းစားကြည့်လိုက်သည့်အခါ ခံစားချက်အတက်အကျမရှိတော့ပါ။

ထိုကောင်လေးနှစ်ယောက်ကလည်း သူ မိဘမဲ့ကျောင်းကနေ ထွက်သွားရတော့မှာကို သိလိုက်ရတဲ့အချိန် သူ့ဆီ အပြေးလေးလာပြီး တောင်းပန်ကြသည်။ သို့သော် ယန်းချင်းချီလေးကလည်း သူတို့ကို ခွင့်မလွှတ်ပေးခဲ့ပါ။ သူဟာ ငယ်စဥ်ကတည်းက သူ့အပေါ်အမှားကြီးကြီးလုပ်ထားလျှင် လွယ်လွယ်ကူကူနဲ့ခွင့်လွှတ်ပေးတတ်သည့် လူစားမျိုးမဟုတ်တာကြောင့် ဒေါသတကြီးနဲ့တောင် ပြန်ပြောလိုက်သေးသည်။

''ငါက ခိုးတတ်ပါတယ်လို့ မင်းတို့လျှောက်ပြောနေရင်တောင် အခုငါ့မှာ ကိုယ်ပိုင်မိဘအသစ်၊ကိုယ်ပိုင်အိမ်အသစ်ရှိနေပြီ မင်းတို့လိုအကျင့်မကောင်းတဲ့လူတွေကတော့ အခုထိ ဘာမှမရှိသေးဘူး ဟွန့်! ထွက်သွား! ''

သူ ဒေါသတကြီး ပြန်လှည့်သွားကာ သူ့မွေးစားအဖေကားစီးပြေးသွားပြီး သူ့ကိုမျက်ရည်များဖြင့်လိုက်ပို့ကြသည့် အငယ်တန်းက တိတိ၊မေ့မေ့လေးများကို လက်ဝှေ့ယမ်းပြရင်း မိဘမဲ့ဂေဟာကနေ ထွက်လာနိုင်ခဲ့သည်။

ဆိုတော့ ဒီလိုအကျင့်စရိုက်၊ဝါသနာတွေက မူလပိုင်ရှင်မှာမရှိသည့် သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေဖြစ်တာကြောင့် ကျန်းမော့ချန်ကို ဘယ်ကနေဘယ်လိုဖြစ်လာတယ်ဆိုတာမျိုး လွယ်လွယ်ကူကူပြောပြလိုက်လို့မဖြစ်ပေ။ 

သူက ဒီကမ္ဘာကလူမဟုတ်ဘူးဆိုတာကို ကျန်းမော့ချန်ကိုပြောပြဖို့ တွန့်ဆုတ်နေမိသည်။ ကျွန်တော်က ဒီကမ္ဘာကလူမဟုတ်ဘူး၊ ဝိဉာဥ်ကူးပြောင်းပြီး အပြိုင်ကမ္ဘာကနေရောက်လာတာဟု ကျန်းမော့ချန်ကိုမပြောချင်သေးပါ။ ထိုသို့ ပြောပြလိုက်လျှင် ကျန်းမော့ချန် သူ့ကိုယုံကြည်ပါ့မလား၊ လူထူးဆန်းလို့ထင်ပြီး ထိတ်လန့်သွားမှာလား။

မဖြစ်နိုင်လောက်ပါ။ ကျန်းမော့ချန်က သူ ကလေးရနိုင်တယ်ဆိုသည့် အချက်ကိုတောင် လွယ်လွယ်ကူကူလက်ခံလိုက်နိုင်မှတော့ ဒီလိုဝိဉာဥ်ကူးပြောင်းသည့်ကိစ္စမျိုးကိုလည်း လက်မခံနိုင်စရာအကြောင်းမရှိလောက်ပေ။

ယန်းချင်းချီ ထိုပြဿနာကိုစဥ်းစားမိလိုက်တော့ ဘယ်လိုအမူအရာမျိုးလုပ်ပြရမှန်းတောင် မသိတော့ပါ။ သူ ကျန်းမော့ချန်ကို ပြောပြချင်တယ်ဆိုလျှင်တောင် အခုတော့မဟုတ်သေးပေ။ ဒီလိုမျိုး ဖုန်းထဲကနေ မဟုတ်ပဲ မျက်နှာချင်းဆိုင်၊ထိတွေ့ပြီး သေချာပြောပြချင်သည်။

''ကျွန်တော်နောက်မှ​အဲ့အကြောင်းပြောပြမယ် '' သူပြုံးပြလိုက်ကာ '' ခဏစောင့်.... '' သူ ခဏလောက်စဥ်းစားအပြီးမှာ '' ပြောပြဖို့ သင့်တော်မဲ့အချိန်ကို ခဏစောင့်ရအောင် ''

ကျန်းမော့ချန်ကလည်း သူ့စကားဆိုမြေဝယ်မကျနားထောင်နေပြီဖြစ်တာကြောင့် အများကြီးလျှောက်တွေးမနေပဲ ခေါင်းငြိမ့်ပြလိုက်ကာ

''ဒါဆို မင်း ဖုမင်ကျီးကို ဒီကိစ္စပြောပြမှာလား ''

''ကျွန်တော် သူ့ကိုပြောပြသင့်တယ်လို့ထင်လား ကျွန်တော်က ' ဒါရိုက်တာဖုရေ မော့ကျန့်ယင်းဆိုတဲ့အကောင်က ကျွန်တော်နဲ့ အိပ်ချင်နေတယ်' လို့သွားပြောလိုက်ရင် သူ သေအောင်လန့်သွားလိမ့်မယ် ''

ကျန်းမော့ချန် ထိုအကြောင်းကို စဥ်းစားနေလိုက်ကာ

''ဒါဆိုလည်း မော့ကျန့်ယင်းဘာဆက်လုပ်လာမလဲ စောင့်ကြည့်ကြရအောင်လေ သူ မင်းကို​ပြောခဲ့တဲ့ ခြိမ်းခြောက်စကားအတိုင်းသာဆို မင်း ဒါရိုက်တာဖုကိုပြောပြစရာတောင် မလိုလောက်တော့ဘူး သူက အင်တာနက်ပေါ်မှာ မင်းသူ့အပေါ်အပြစ်ပြုထားပါတယ်ဆိုပြီး ဖြန့်လိုက်ရင် မင်းကလည်းလက်တုံ့ပြန်မယ် အဲ့ကျ ဒါရိုက်တာဖု ကျိန်းသေပေါက်သိသွားမှာပဲ ''

''သူလည်းတော်တော်လေးစိတ်ညစ်သွားလောက်တယ် သူ့ရိုက်ကွင်းထဲမှာပဲ တစ်ယောက်က အနိုင်ကျင့်တတ်တဲ့ မကောင်းတဲ့အကောင် တစ်ယောက်က အရေခြုံထားတဲ့ မသူတော် ''

ကျန်းမော့ချန် သက်ပြင်းချလိုက်သည်။

''အမှန်အတိုင်းပြောရရင် မော့ကျန့်ယင်း အဲ့လူ တော်တော်လေး သရုပ်ဆောင်ကောင်းတယ်လို့ပြောရမယ် မင်းသာဒီကိစ္စနဲ့မကြုံခဲ့ရရင် သူကအဲ့လိုလူမျိုးဖြစ်နေမယ်မှန်း ကိုယ်တို့လုံးဝသိမှာမဟုတ်ဘူး ပြီးတော့ သူ့ရဲ့နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ လူထုအမြင်ကလည်းအရမ်းကောင်းတာ တော်သေးတာက မင်းအသံသွင်းထားလိုက်လို့ မဟုတ်လို့ မင်းတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြတဲ့အခါ ကိုယ်ကတော့ မင်းကိုအကြွင်းမဲ့ယုံကြည်ပေမဲ့ မင်းသာလက်ဆုပ်လက်ကိုင်မပြနိုင်ရင် သူများတွေကတော့ မင်းကိုယုံကြည်ပေးမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ ဒီလူကိုသိလာတာ ဆယ်နှစ်ကျော်ပြီဖြစ်တဲ့အတွက် သူ့ကိုပဲယုံကြည်ဖို့ရွေးချယ်ကြလိမ့်မယ် အဲ့ဒါကြောင့် ဒီလိုကိစ္စမျိုးမှာ ဖုမင်ကျီးလည်း လူရွေးမှားတာကို သူ့ကိုသူအပြစ်တင်လို့မရဘူး ဒီတစ်လျှောက်လုံး သေသေသပ်သပ်ဖုံးကွယ်ထားတဲ့ မော့ကျန့်ယင်းရဲ့အမှောင်ဘက်ခြမ်းကို ​သူလည်းသာမန်မျက်စိနဲ့မမြင်နိုင်ဘူးလေ ဟုတ်တယ်မလား ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြလိုက်ကာ

''ပြောမှပဲ ကျွန်တော်နားမလည်တာရှိသေးတယ် ခင်ဗျားနဲ့ ကျွန်တော်နဲ့ ဒီလောက်ဆက်ဆံရေးကောင်းတာကိုသိရဲ့သားနဲ့ သူလုပ်သမျှ ခင်ဗျားကိုပြန်ပြောပြမှာ မကြောက်ဘူးလားမသိဘူး ကျွန်တော်က ခင်ဗျားကိုကြိုက်နေတယ်လို့တောင် ပြောလိုက်သေးတာနော် သူနဲ့ကျွန်တော်နဲ့ထိပ်တိုက်ရင်ဆိုင်ကြလို့ ကျွန်တော်ကသူ့လောက်နာမည်မကြီးတဲ့အတွက် ကျွန်တော့်ဘက်မှာဘယ်သူမှမရှိဘူးဆိုရင်တောင် ခင်ဗျားကျမတူဘူးလေ ခင်ဗျားလို နာမည်ကြီးတစ်ယောက်က ကျွန်တော့်ဘက်မှာရပ်တည်ပေးလိုက်တာနဲ့ သူကလုံးဝသွားပြီဆိုတာကို နားမလည်ဘူးလား ''

''မင်းကိုယ့်ကိုဘယ်လိုတွေးနေတယ်လို့ သူကစဥ်းစားလိုက်တာ? ''

''ကျွန်တော် ခင်ဗျားကို ကြိုက်..... '' ယန်းချင်းချီပြောနေရင်း တစ်ဝက်လောက်ရောက်မှ အသိဝင်လာသည်။ ဒီအကြံသမားက ဒီလိုအချိန်မှာတောင် ဒီလိုလှည့်ကွက်တွေနဲ့ သူ့ကိုလှည့်စားချင်သေးတယ်?! အကြံသမားကြီး!!

''ကျန်းမော့ချန် ကျွန်တော်နဲ့အကောင်းပြောစမ်းပါ! '' ယန်းချင်းချီ စိတ်တိုတိုဖြင့် တစ်ဖက်လူခေါင်းကိုခေါက်ကာ အပေါက်ကြီးဖောက်ပြီး ရေဆိုးရေညစ်တွေ လောင်းထည့်ပေးလိုက်ချင်သည်။

''ကျွန်တော် ခင်ဗျားကို ဘယ်လိုတွေးနေလဲဟုတ်လား ခင်ဗျားကို အရမ်းရိုက်ချင်တယ်လို့တွေးနေတယ်! ''

ဒီတစ်ခေါက်တော့ 'ကျွန်တော် ခင်ဗျားကို ကြိုက်တယ်' လို့ပြောလာမှာကို အငိုက်ဖမ်းလိုက်နိုင်ပြီဟုထင်လိုက်သော်ငြား တဖက်ကအရမ်းကိုသတိကြီးလွန်းတာကြောင့် ကျန်းမော့ချန်အပြုံးလေးဖြင့် ဒေါသတလူလူထွက်နေသည့် သူ့အိမ်သူလေးကို ပြန်ချော့ရတော့သည်။

''ဟုတ်ပြီ ဟုတ်ပြီ ကိုယ်မှားသွားပါတယ် ကိုယ်သတိလက်လွတ်ဖြစ်သွားတာ မင်းသိတဲ့အတိုင်းပဲ မင်းနဲ့ငြင်းခုန်ရပါများလာတော့ ဒီတိုင်း ကိုယ်တောင်မသိလိုက်ပဲ လွှတ်ခနဲထွက်သွားတာ မဟုတ်ရင် အဲ့လောက်မြန်မှာမဟုတ်ဘူး စိတ်မဆိုးပါနဲ့တော့ကွာ ''

''ပါးစပ်ပိတ်ထားလိုက်စမ်း တောင်းပန်တာတောင် ဆင်ခြေနဲ့လား ''

ကျန်းမော့ချန်တစ်ယောက် အပီအပြင်ကိုစကားနားထောင်သည့် မျက်နှာပေးလေးဖြင့်

''ဆင်ခြေမပေးတော့ပါဘူး ဆင်ခြေမပေးတော့ပါဘူး ကိုယ်မှားသွားပါတယ် ကိုယ့်အမှားပါ စိတ်ပြေတော့နော် လာ လာ ခုနကကိစ္စပြန်ပြောရအောင် ''

ကျန်းမော့ချန် ဖုန်းထဲက ယန်းချင်းချီကို လှမ်းကြည့်လိုက်ကာ ညင်သာသည့်အမူအရာဖြင့် စရှင်းပြလာသည်။

'' ဒါကလွယ်ပါတယ် ကိုယ်တို့နှစ်ယောက် ဆက်ဆံရေးကို လူသိရှင်ကြားမကြေငြာထားတော့ ကိုယ်တို့က တရားဝင်အိမ်ထောင်ဖက်တွေလို့ သူတွေးမိမှာမဟုတ်ဘူး အလွန်ဆုံးတွေးမှ တစ်ယောက်နဲ့တစ်ယောက် ဖွင့်မပြောပဲ မသိမသာကြိုက်နေကြတယ်ဆိုတဲ့ အဆင့်လောက်ပဲရှိဦးမှာ ဒီလိုမျိုး သူငယ်ချင်းမက ချစ်သူမကျတဲ့အခြေအနေမျိုးမှာ ကိုယ်ကြိုက်နေတဲ့လူကို ဒီလိုကိစ္စတွေပြောပြရမှာ ရှက်ဖို့ကောင်းတယ်လို့ထင်ကြတယ်လေ တချို့ကျတော့လည်း နှစ်ယောက်ကချစ်သူမဖြစ်သေးတော့ ဒါငါ့ကိစ္စ သူ့ကိုဒုက္ခပေးလို့မဖြစ်ဘူး ငါ့ဘာသာရအောင်ရှင်းမယ်ဆိုပြီး တောင့်ခံထားတတ်ကြတယ် ဒါကြောင့် မင်း ကိုယ့်ကိုမပြောလောက်ဘူးလို့ သူတွေးလိုက်တာ သူ့ရဲ့လူထုအမြင်ကကောင်းတယ်လို့ ကိုယ်ခုနကမပြောခဲ့ဘူးလား အဲ့တော့ သူ့ဘက်ကနည်းနည်းဖြည့်စွက်ပြီး မင်းက နာမည်ကြီးချင်လို့ သူ့အိပ်ယာပေါ်တက်လာပါတယ်လို့ ပြောလိုက်ရင် ကိုယ်တို့နှစ်ယောက်ဆက်ဆံရေးကို သွေးထိုးလိုက်သလိုဖြစ်သွားပြီလေ ဟုတ်တယ်မလား ''

ယန်းချင်းချီ ထိုစကားကြားအပြီး အတော်ကြီးအံ့အားသင့်သွားလေသည်။

''ကျွန်တော်က သူ့အိပ်ယာပေါ်တက်ဖို့ ကြိုးစားတယ်လို့တောင် ပြောဦးမှာလား ''

''သူ ကိုယ့်ကိုတော့ တိုက်ရိုက်လာပြောမှာမဟုတ်ဘူး ဒါပေမဲ့ အဲ့လိုတော့တွေးထားလောက်တယ် မင်းကိုယ့်ကို ဘာမှမပြောလာသရွေ့ သူကလည်း ဒီကိစ္စကို ဘယ်သူ့ကိုမှ အသိခံမှာမဟုတ်ဘူး ဒါပေမဲ့ မင်း ကိုယ့်ကိုပြောပြလိုက်လို့ ကိုယ်ကသူ့ကိုသွားပြီး ပြဿနာရှာရင် သူကလည်း သွေးပြန်ထိုးလိမ့်မယ် မင်းက ဒီ့ထက်ပိုပြီးနာမည်ကြီးချင်လို့ သူ့အိပ်ယာပေါ်တက်လာပါတယ်လို့ ကိုယ့်ကိုပြန်ပြောလိမ့်မယ် ဒါပေမဲ့ '' ကျန်းမော့ချန် ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည်။ '' ကိုယ်တို့နှစ်ယောက်ကြားမှာ အဲ့လိုစကားတွေလာပြောလည်း ကျိန်းသေပေါက်အသုံးမဝင်ဘူးလေ မင်းဘယ်ဇာတ်ကားထဲ ဝင်ရိုက်ချင်လဲ ဘယ်ဒါရိုက်တာနဲ့ လက်တွဲချင်လဲ ဘယ်သူ့အိပ်ယာပေါ်မှတက်စရာမလိုဘူး ကိုယ့်အိပ်ယာပေါ်ပဲတက်လာခဲ့ မင်းလိုချင်တာ အကုန်ရစေရမယ် ''

ယန်းချင်းချီ '' ကျွတ် ကျွတ် '' နှစ်ခါစုတ်သပ်လိုက်ကာ

''ခင်ဗျားက တကယ့်ကိုရှေးခေတ်စာအုပ်တွေအတိုင်းပဲ ''

ယန်းချင်းချီက ရုတ်တရက်ကြီး ဥပစာတွေထုတ်သုံးလာတာကြောင့် ဘာကိုဆိုလိုချင်မှန်းနားမလည်သဖြင့် ကျန်းမော့ချန်မအူမလည်လေးပြန်မေးလာသည်။

''ဘာအဓိပ္ပါယ်လဲ နက်နဲတဲ့အတွေးအခေါ်များရှိလို့လား ''

''အဲ့လိုမဟုတ်ဘူး စာရွက်တွေက တနေ့တခြား ဝါ,ဝါလာတာကို ပြောတာ ''

(T/N: ရှေးခေတ်စာရွက်သားတွေကဝါတယ်လေ ကိုယ်တွေကအပြာစာလို့သုံးပေမဲ့ သူတို့ဆီမှာကအဝါစာလို့သုံးပါတယ် အဲ့တော့ အဝါရောင်အတွေးလေးတွေ တွေးနေတယ်ပေါ့ )

ကျန်းမော့ချန် အော်ရယ်မိသွားသည်။

''ကိုယ့်ဖူးရန်ပဲ စကားကိုချက်ကျလက်ကျပြောနိုင်တယ် ''

ယန်းချင်းချီပြုံးလိုက်ကာ မော့ကျန့်ယင်း ခြိမ်းခြောက်လိုက်သည့် လေသံနှင့် အခု ကျန်းမော့ချန်ရှင်းပြလိုက်သည့် ပြဿနာကိုပြန်တွေးမိသွားတော့ သူမျက်ခုံးကြုံ့လိုက်မိသည်။

''ခင်ဗျားပြောကြည့် သူ တကယ်ကြီး ဒီကိစ္စကို အင်တာနက်ပေါ်ဖြန့်ရဲမယ်လို့ထင်လား ''

''မင်းအဲ့လိုဖြစ်စေချင်လား '' ကျန်းမော့ချန် ပြန်မေးလာသည်။

ယန်းချင်းချီ ခေါင်းငြိမ့်ပြလိုက်ကာ ကျန်းမော့ချန်ကိုကြည့်ရင်း အလေးအနက်ပြောလာသည်။

''အဲ့လိုဖြစ်လာဖို့မျှော်လင့်တယ် ကျွန်တော် သူ့ကိုဒီတိုင်း မလွှတ်ပေးနိုင်ဘူး ကျွန်တော် ဒီနေ့ဘာမှမဖြစ်ခဲ့ဘူး သူ့ကိုမကြောက်တဲ့အပြင် ကျွန်တော့်ကိုထောက်ပံ့ပေးမဲ့ ခင်ဗျားရှိနေလို့ သူ့ကိုအပြစ်ပြုမိမှာလည်း မပူရသလို ကျွန်တော့်အလုပ်တွေ ထိခိုက်လာမှာကိုလည်း မပူရဘူး ဒါပေမဲ့ သူ့အကြိုက်နဲ့သွားကိုက်မဲ့ စတားပေါက်စလေးတွေက အမြဲလိုလိုရှိနေဦးမှာပဲ အဲ့လူတွေက သူနဲ့ယှဥ်ပြိုင်တိုက်ခိုက်ဖို့ ပါဝါအာဏာတွေမရှိရင်? အဲ့ဒါကြောင့် ကျွန်တော်ကတော့ သူ့ရဲ့လူရှန်းတောင်မျက်နှာအစစ်ကို ကျိန်းသေပေါက် ဖော်ထုတ်ပစ်မှဖြစ်မယ် အဲ့ဒါမှ သူ့မှာ ဘယ်လောက်ရွံစရာကောင်းတဲ့မျက်နှာရှိနေမှန်း လူတိုင်းသိသွားကြမှာ ''

(T/N: လူရှန်းတောင်က ၁၂ရာသီမြူဆိုင်းနေတဲ့အတွက် သူဘယ်လောက်မြင့်လဲ ဘယ်လိုအသွင်အပြင်ရှိလဲ ဘယ်သူမှသေချာမမြင်ဖူးကြပါဘူး အဲ့ဒါကြောင့် လူတစ်ယောက်ရဲ့မျက်နှာအစစ်ကို သာမန်မျက်စိနဲ့သေချာမမြင်ရတာက လူရှန်းတောင်ရဲ့အသွင်အပြင်အစစ်ကို မမြင်ဖူးတာနဲ့ ဆင်တူလို့ 庐山真面目 ဒီဥပစာကို သုံးကြပါတယ်)

သူ့အိမ်သူလေး ဘယ်လောက်စိတ်ထားကောင်းမှန်း သူကောင်းကောင်းသိသည်။ ထို့ကြောင့် ကျန်းမော့ချန် ယန်းချင်းချီကိုကြည့်ရင်း တဖက်လူစကားကိုထောက်ခံသည့်အနေဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။

''ကောင်းပြီ မင်းဖြစ်ချင်တဲ့အတိုင်း အကုန်လုံးဖြစ်စေရမယ် တကယ်လို့ သူ့ဘက်ကစပြီး အင်တာနက်ပေါ်မှာ မင်းအကြောင်းကို သွားပုပ်လေလွင့်မပြောလာခဲ့ရင် ကိုယ်တနည်းနည်းနဲ့ သူပြောလာအောင် လုပ်လိုက်မယ် မင်းအခုလောလောဆယ် ဘာမှလုပ်စရာမလိုဘူး သူ အင်တာနက်ပေါ် စတင်ပြီဆိုတာနဲ့ အခြေအနေတစ်ချက်စောင့်ကြည့်လိုက် အားလုံးဒီကိစ္စကိုအာရုံစိုက်လာပြီဆိုမှ သက်သေတွေထုတ်ပြီး သူ့မျက်ခွက်တည့်တည့်ကိုဖြတ်ရိုက်ပစ်လိုက် ''

''အင်းပါ ''

ကျန်းမော့ချန် ပြုံးပြလိုက်ကာ သူ ယန်းချင်းချီကို လွမ်းနေပြန်ပြီဟု ခံစားလိုက်ရသည်။ တဖက်လူက သူ့မျက်စိရှေ့မှာရှိနေတာတောင်၊ တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ပြီး စကားပြောနေရတာတောင် လွမ်းနေဆဲဟု ခံစားနေရသည်။

သူ ယန်းချင်းချီကိုတွေ့ချင်သည်။ ဖက်ထားချင်သည်။ နမ်းချင်သည်။ စိတ်ဆိုးနေသည့် သူ့ချစ်သူလေးကို ရင်ခွင်ထဲထည့်ဖက်ထားရင်း ''စိတ်မဆိုးပါနဲ့တော့ အဲ့လိုလူမျိုးတွေက အဆုံးသတ်မကောင်းပါဘူး '' ဟုပြောရင်း ချော့မြူချင်သည်။

သူ့ကိုတွေ့ချင်သည်။ Video Callကနေမဟုတ်ပဲ အပြင်မှာတွေ့ချင်သည်။

ယန်းချင်းချီ ကျန်းမော့ချန်နဲ့ Video Call အကြာကြီး ပြောပြီးနောက်မှာ သူ့စိတ်တွေအတော်လေးတည်ငြိမ်သွားကာ စိတ်အခြေအနေလည်းပိုကောင်းလာသည်။

သူ မနက်ဖြန်မနက် ရိုက်စရာအခန်းတွေရှိသေးတာကြောင့် Video Callချလိုက်ကာ ရေမိုးချိုးအိပ်ယာဝင်ဖို့အတွက် ရေချိုးခန်းထဲဝင်လိုက်သည်။

ရေချိုးပြီးနောက် အိပ်ယာထဲဝင်လှဲလိုက်ကာ မတွေးဖြစ်တာကြာနေပြီဖြစ်သည့် ငယ်ဘဝတစ်စွန်းတစ်စက ကျန်းမော့ချန်လှုံ့ဆော်မှုကြောင့် ဦးနှောက်ထဲပြန်ရောက်လာသည်။ ထိုပြဿနာဖြစ်ပွားပြီးနောက် သူ အငယ်လေးတွေနေတဲ့အဆောင်ကို​ ပြောင်းသွားခဲ့သည်။ ကလေးပိစိလေးတွေက အခုမှ ၃နှစ်ကျော် ၄နှစ်ပဲရှိသေးကာ သူတို့ကိုယ်သူတို့ စွန့်ပစ်ခံထားရမှန်းလည်းမသိကြသေးတာကြောင့် သူတို့အဖေအမေကို လိုက်ရှာနေတတ်သည်။

အငယ်လေးတွေကို ထိန်းပေးမယ်ဆိုပြီး ဂေဟာမှူးမားမားအား ကတိပေးထားခဲ့တာကို မှတ်မိနေသေးတဲ့ ယန်းချင်းချီပေါက်စလေးကလည်း တိတိ၊မေ့မေ့လေးတွေ ငြိမ်အောင်၊ ရယ်လာအောင် ချော့မြူခဲ့ရသည်။

သူက အားလုံးထက်ကြီးသည့်အပြင် စိတ်လည်းအင်မတန်ရှည်တာကြောင့် အငယ်တန်းက ပေါက်စီလေးတွေရဲ့ အားကိုးချင်စရာအစ်ကိုကြီးဖြစ်လာကာ ကလေးပိစိလေးတိုင်းက သူ့ကိုချစ်ကြသည်။

သူ့ရဲ့အမှားလုပ်ထားသည့် သူငယ်ချင်းနှစ်ယောက်ကလည်း သူ့ကိုလာရှာပြီး သူနဲ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ချင်လို့၊ အတူတူဆော့ချင်လို့၊ သူတို့ကိုခွဲသွားမှာကြောက်လို့ ဒီလိုလုပ်ခဲ့မိကြောင်း ပြန်တောင်းပန်လေသည်။ သူတို့ကို ခွင့်လွှတ်ပေးဖို့မျှော်လင့်ကြောင်းနှင့် အရင်လို အတူတူပြန်ဆော့ချင်သည်ဟု တောင်းဆိုလာခဲ့သည်။

သို့သော် ယန်းချင်းချီပေါက်စလေးက သဘောမတူပါ။ ကိုယ်ပိုင်မိသားစုလေးရှိလာမည့် အခွင့်အရေးကို အခါခါလွဲချော်အောင်လုပ်ခဲ့တာကြောင့် ထိုနှစ်ယောက်က သူ့ရဲ့ခွင့်လွှတ်မှုနှင့် မထိုက်တန်ပေ။ သူနဲ့သက်ဆိုင်သည့် အိမ်လေးလိုချင်သည်။ သူ့ကိုချစ်ပေးမည့် မိဘအသစ်တွေလိုချင်သည်။ အရွယ်ရောက်နေတဲ့လူကြီးတွေက တခြားကလေးတွေအား မွေးစားဖို့ခေါ်သွားတာကို မြင်လိုက်တဲ့နေ့ကစပြီး၊ သူတို့ အိမ်အသစ်လေးရတော့မှာကို သိလိုက်တဲ့နေ့ကစပြီး သူလည်း သူတို့လိုပဲ အိမ်အသစ်၊မိသားစုအသစ်လေးရချင်ခဲ့သည်။

ယန်းချင်းချီခွင့်မလွှတ်လိုက်တာကြောင့် သူငယ်ချင်းသုံးယောက်အုပ်စုလေး ပြိုကွဲသွားလေသည်။

ယန်းချင်းချီကတော့ ပုံမှန်အတိုင်း အတန်းသွားတက် အငယ်လေးတွေနဲ့ဆော့၊ အငယ်လေးတွေကိုထိန်းရင်း အချိန်ကုန်ခဲ့သည်။

တစ်နေ့ သူ့မွေးစားအဖေရောက်လာတာကြောင့် ဂေဟာမှုးက သိတတ်လိမ္မာပြီး ယဥ်ကျေးသည့်ကလေးအနည်းစုကို သူမရုံးခန်းထဲ စုခိုင်းလိုက်သည်။

ယန်းချင်းချီလည်း သွားရလေသည်။

သူ့မွေးစားအဖေက ကလေးတစ်ယောက်စီတိုင်းကို သီးသန့်အခန်းလေးထဲခေါ်ပြီး မေးခွန်းအချို့မေးရင်း စကားအနည်းအကျဥ်းပြောသည်။ သူကိုယ်တိုင်လည်း တခြားကလေးတွေလို အရမ်းကိုစိတ်လှုပ်ရှားနေတာကြောင့် မေးခွန်းတိုင်းကိုသေချာဖြေခဲ့သော်ငြား တဖက်လူက စိတ်ကျေနပ်လား၊စိတ်မကျေနပ်ဘူးလားဆိုတာကတော့ သူ့အရွယ်လေးနဲ့မှန်းဆမရခဲ့ပါ။

အင်တာဗျူးဖြေသလိုမျိုး လူချင်းတွေ့စကား​ပြောပြီးနောက်မှာတော့ ရုံးခန်းထဲရှိနေသည့်ကလေးအားလုံး ကိုယ့်အတန်းကိုပြန်သွားရကာ လုပ်စရာရှိတာဆက်လုပ်နေခဲ့သည်။

ထိုနေ့မှာပဲ ယန်းချင်းချီသူ့အတန်းကနေပြန်လာတော့ အငယ်တန်းက ကလေးနှစ်ယောက်ရန်ဖြစ်နေကြတာကို တွေ့လိုက်ရသည်။ မင်းငိုရင်ငါရိုက်မယ်၊ မင်းရိုက်ရင် ငါပြန်ရိုက်မယ် ပြီးရင်ထပ်ငိုမယ် လုပ်နေကြသော ကလေးနှစ်ယောက်ကိုမြင်တော့ ယန်းချင်းချီအပြေးသွားကာ ရန်ပွဲရပ်စဲစေရင်း ချော့မြူလိုက်ရသည်။ ကလေးလေးတွေက သူ့ကိုအရမ်းသဘောကျတာကြောင့် သူ့ရင်ခွင်ထဲမှီပြီး အပြစ်လုပ်ထားတာသူတို့မဟုတ်သလိုမျိုး ကောကောဟု ချွဲချွဲပျစ်ပျစ်လေးခေါ်လာကြသည်။

ယန်းချင်းချီ သူတို့ခေါင်းလေးတွေကို ဖွဖွပုတ်ပေးရင်း နောက်တစ်ခါရန်ထပ်မဖြစ်ကြဖို့ ကတိပေးခိုင်းသည်။ သူတို့ကလည်း လိုလိုချင်ချင် သဘောတူလာတာကိုမြင်တော့ လက်ခုပ်တီးကာ အလိမ္မာတုံးလေးတွေဟု ချီးကျူးလိုက်လေသည်။

Zawgyi

မိဘမဲ့ေဂဟာက ေ႐ွာင္ခ်င္းခ်ီနဲ႔ မွတ္ဉာဏ္အပိုင္းအစမ်ား
___________________________________

ယန္းခ်င္းခ်ီ သိတတ္စအ႐ြယ္ေလးကတည္းက မိဘမဲ့ေဂဟာမွာ ႀကီးျပင္းလာခဲ့တာျဖစ္သည္။ အားလုံးက စြန္႔ပစ္ခံထားရသည့္ ကေလးငယ္ေတြပဲျဖစ္တာေၾကာင့္ မိသားစုအသစ္၊အိမ္အသစ္ကိုေတာင့္တၾကေသာ္ျငား တခ်ိဳ႕ၾကေတာ့လည္း အတူေနသူငယ္ခ်င္းေတြက သူတို႔ကိုထားသြားၿပီး မိဘအသစ္ေနာက္လိုက္သြားမွာကို ေၾကာက္ၾကသည္။ ထို႔ေၾကာင့္ တခ်ိဳ႕ကေလးေတြက သူတို႔သူငယ္ခ်င္းေလး သူတို႔နားမွာေနဖို႔အတြက္ မဟုတ္မမွန္သည့္ နည္းလမ္းအခ်ိဳ႕ကို သုံးၾကေလသည္။

ယန္းခ်င္းခ်ီပိစိေလးမွာ ငယ္ငယ္ေလးကတည္းက ဥပတိ႐ုပ္သန္႔ၿပီး ခ်စ္ဖို႔ေကာင္းတာေၾကာင့္ ေမြးစားဖို႔ေရာက္လာၾကသည့္လူႀကီးတိုင္းက သူ႕ကိုျမင္လိုက္တာနဲ႔ တန္းၿပီးေမြးစားခ်င္ၾကသည္။ သူနဲ႔စကားအနည္းငယ္ေျပာဆိုၿပီးေနာက္ ေဂဟာမႉးဆီသြားၿပီး ေမြးစားခြင့္ေတာင္းမည္ဟုေျပာကာ သူ႕ကိုျပန္လာေခၚဖို႔ ေစာင့္ခိုင္းတတ္သည္။ သို႔ေသာ္ သူ ဘယ္ေလာက္ေစာင့္,ေစာင့္ ထိုလူေတြက ဘယ္ေတာ့မွေပၚမလာတတ္ၾကပါ။

ေဂဟာက သူ႕သူငယ္ခ်င္းႏွစ္ေယာက္ တီးတိုးေျပာေနတာကိုမၾကားရခင္အခ်ိန္အထိ ေမြးစားမဲ့လူေတြ သူ႕ဆီဘာလို႔ျပန္,ျပန္မေရာက္လာၾကမွန္း ေသခ်ာမသိခဲ့ေပ။

သူ႕သူငယ္ခ်င္းတစ္ေယာက္ကေျပာသည္။

''မေန႔ကလာတဲ့အန္တီကိုၾကည့္ရတာ ေ႐ွာင္လင္ကိုသေဘာက်ေနတဲ့ပုံပဲ ''

ထို႔အခ်ိန္က ယန္းခ်င္းခ်ီနာမည္မွာ ယန္းခ်င္းခ်ီမဟုတ္ေသးပဲ ေ႐ွာင္လင္ျဖစ္သည္။

ေနာက္တစ္ေယာက္ကထပ္ေျပာလာသည္။

''ေ႐ွာင္လင္ကိုသေဘာက်လည္းအသုံးမဝင္ဘူး ေဂဟာမႉးမားမားက သူတို႔ကို ေ႐ွာင္လင္ကပစၥည္းေတြခိုးတတ္တယ္လို႔ေျပာလိုက္ရင္ သူတို႔ေ႐ွာင္လင္ကို အေဝးေခၚသြားမွာမဟုတ္ေတာ့ဘူး ''

''အြန္း အဲ့လိုဆို ေ႐ွာင္လင္လည္းငါတို႔နဲ႔ဆက္ေနလို႔ရၿပီ ငါတို႔ေတြခြဲစရာမလိုေတာ့ဘူး ''

''ဟုတ္တယ္ ငါတို႔မွာ မိဘမ႐ွိတာေတာင္ ဘဝက ေတာ္ေတာ္ေလးဆိုး႐ြားေနၿပီ ေ႐ွာင္လင္ပါ ငါတို႔အနားမွာမ႐ွိေတာ့ရင္ ပိုဆိုးလာဖို႔ပဲ႐ွိေတာ့တယ္ ''

''ဒီကိစၥကို ေ႐ွာင္လင္သိလို႔မျဖစ္ဘူးေနာ္ မဟုတ္ရင္ သူငါတို႔ကို စိတ္ဆိုးသြားလိမ့္မယ္ ''

''အြန္း အြန္း မင္းလည္းသူ႕ကိုေယာင္ၿပီးမေျပာမိေစနဲ႔ ''

ငယ္႐ြယ္သည့္ ယန္းခ်င္းခ်ီေလးအတြက္ စိတ္႐ွည္သည္းခံမႈဆိုတာ ဘာမွန္းမသိပါ။ သူ ထိုစကားေတြၾကားတာနဲ႔ သူငယ္ခ်င္းႏွစ္ေယာက္ေ႐ွ႕ စိတ္ဆိုးတႀကီးပိတ္ရပ္ကာ စကားမ်ားၾကေတာ့သည္။ သူတို႔ဘာလို႔ ဒီလိုလုပ္ရတာလဲ၊ သူ မိဘအသစ္၊အိမ္အသစ္အရမ္းလိုခ်င္ေနမွန္း သိသိႀကီးနဲ႔ သူ႕ကို ဘာလို႔ဒီလိုလုပ္ၾကတာလဲဟု ေမးခြန္းထုတ္ခဲ့သည္။

သူ ေဂဟာမႉး႐ုံးခန္းဆီေျပးကာ ဘယ္သူ႕ပစၥည္းကိုမွ မခိုးဖူးေၾကာင္းႏွင့္ ကေလးဆိုးေလးမဟုတ္ေၾကာင္း၊ သူနဲ႔သက္ဆိုင္သည့္ မိသားစုေလးတစ္ခု အရမ္းလိုခ်င္ေၾကာင္း ေဂဟာမႉးကိုေျပာျပလိုက္သည္။

ေဂဟာမႉးက ယန္းခ်င္းခ်ီတိုင္ေျပာတာေတြ နားေထာင္အၿပီး သူ႕သူငယ္ခ်င္းႏွစ္ေယာက္ကိုလွည့္ၾကည့္လိုက္သည္။ ကေလးႏွစ္ေယာက္ကလည္း ေဂဟာမႉးဆီမွာအဆူခံရမွာစိုးသည့္အျပင္ ယန္းခ်င္းခ်ီထြက္သြားမွာကိုလည္းမလိုလားတာေၾကာင့္ သူတို႔လိမ္မေျပာေၾကာင္း ေတာင့္ခံေနသည္။

ယန္းခ်င္းခ်ီ စိတ္ဆိုးတႀကီး ေအာ္ေျပာလာသည္။

''မင္းတို႔လိမ္တာ! ခုနက မင္းတို႔ကိုယ္တိုင္အဲ့လိုေျပာခဲ့တာ! ''

''ငါမလိမ္ပါဘူး၊ မင္းကသာလိမ္ေျပာေနတာ ''

ေနာက္တစ္ေယာက္ကလည္း သံေယာင္လိုက္လာသည္။

''ေ႐ွာင္လင္ မင္းအဲ့လိုမလုပ္ပါနဲ႔ ဘာလို႔လိမ္ေျပာရတာလဲ ''

သူ႕ကိုျပန္ၿပီးစြပ္စြဲေနၾကတာကိုျမင္ေတာ့ ယန္းခ်င္းခ်ီအရမ္းကိုစိတ္တိုသြားသည္။ သူ မလိမ္ဘူးဆိုတာကိုသက္ေသျပဖို႔အတြက္ ေဂဟာမႉးကို ဘာေတြျဖစ္ခဲ့ေၾကာင္း ေသခ်ာျပန္႐ွင္းျပေနသည္။ သူ႕သူငယ္ခ်င္းႏွစ္ေယာက္ေျပာတာကို ဘယ္လိုၾကားခဲ့ေၾကာင္း၊ သူတို႔ကသူ႕ေနာက္ကြယ္မွာ ဘာေတြေျပာေနေၾကာင္းႏွင့္ ဘယ္လိုေတြစြပ္စြဲခဲ့ေၾကာင္း ေျပာျပေနေသာ္ျငား သူကအရမ္းစိတ္လႈပ္႐ွားေနသည့္အျပင္ ငယ္လည္းငယ္ေသးတာေၾကာင့္ သူ႕႐ွင္းျပမႈက မလုံေလာက္ခဲ့ပါ။

ေဂဟာမႉးက ကေလးႏွစ္ေယာက္ကို ျပန္လႊတ္လိုက္ကာ ငိုထားလို႔မ်က္လုံးေတြနီၿပီး ေဖာင္းအစ္ေနသည့္ ယန္းခ်င္းခ်ီေလးကို ၾကည့္ေနလိုက္သည္။ အမွန္တိုင္းေျပာရလွ်င္ သူလည္း ယန္းခ်င္းခ်ီကိုအရမ္းသေဘာက်သည္။ ကေလးက ျဖဴျဖဴသန္႔သန္႔ေလးျဖင့္ ခ်စ္ဖို႔ေကာင္းသည့္အျပင္ သူမကိုေဂဟာမႉးမားမားဟု ယဥ္ယဥ္ေက်းေက်းေခၚတတ္ၿပီး ကေလးတိုင္းနဲ႔လည္း သင့္ျမတ္တာေၾကာင့္ ယန္းခ်ီပစၥည္းခိုးတတ္တယ္ဟု ၾကားလိုက္ရသည့္အခ်ိန္ သူမလည္းအေတာ္ေလးအံ့ၾသသြားခဲ့သည္။ သို႔ေသာ္ လာတိုင္သည့္ကေလးေတြက ယန္းခ်င္းခ်ီနဲ႔နီးနီးကပ္ကပ္ေနသည့္ သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္ေနတာေၾကာင့္ သူမ ဒီကိစၥကိုခပ္ေပါ့ေပါ့ေလးလႊတ္ထားလိုက္လို႔လည္းမျဖစ္ေသးပါ။ သူငယ္ခ်င္းႏွစ္ေယာက္က ယန္းခ်င္းခ်ီကို ဒီကိစၥျဖင့္ အဆူခံ၊အႏွိမ္ခံရမႈစိုးတဲ့အတြက္ ယန္းခ်င္းခ်ီကိုေပးမသိဖို႔လည္း ေတာင္းဆိုခဲ့သည္။ အခုေတာ့ ဘယ္ကေလးက အမွန္ေတြေျပာေနမွန္းမသိေတာ့ေပ။

သူမ ယန္းခ်င္းခ်ီ ပါးျပင္ေပၚကမ်က္ရည္ေတြကို ဖြဖြေလးသုတ္ေပးရင္း ႏူးညံ့ညင္သာသည့္ေလသံေလးျဖင့္ ေမးလိုက္သည္။

''သား ဘာပစၥည္းမွမခိုးဖူးဘူးေပါ့? ''

ယန္းခ်င္းခ်ီ မေက်မနပ္႐ုပ္ေလးျဖင့္ ေခါင္းခါျပကာ ႐ိႈက္သံႀကီးျဖင့္ ေျပာလာခဲ့သည္။

''သားမခိုးဘူး ''

သူမ သက္ျပင္းခ်လိုက္သည္။

''အင္း ေဂဟာမႉးမားမား သိၿပီ ''

ယန္းခ်င္းခ်ီ သူမကိုၾကည့္ကာ

''ဒါဆို ေဂဟာကိုေမြးစားဖို႔လာတဲ့ မိဘအသစ္ေတြကေရာ သားကိုေခၚသြားပါ့ဦးမလားဟင္ ''

သူမေခါင္းၿငိမ့္ျပလိုက္သည္။

''က်ိန္းေသေပါက္ ေခၚသြားမွာေပါ့ သားတို႔တစ္ေယာက္ခ်င္းစီတိုင္း ကိုယ္ပိုင္မိသားစုေလးရပိုင္ခြင့္ ႐ွိၿပီးသား ''

ထိုအခါမွ ယန္းခ်င္းခ်ီ စိတ္ေအးသြားေတာ့သည္။

''သား သူတို႔နဲ႔ တစ္ေဆာင္တည္းမေနခ်င္ဘူး ''

ေဂဟာမႉးက ေဖ်ာင္းဖ်ေသာ္ျငား ယန္းခ်င္းခ်ီေပါက္စေလးကလည္း ငယ္ငယ္ကတည္းက ခြင့္လႊတ္သင့္တဲ့အရာနဲ႔ ခြင့္မလႊတ္သင့္တဲ့အရာကို ေသခ်ာေဝဖန္ပိုင္းျခားႏိုင္သူျဖစ္တာေၾကာင့္ ထိုႏွစ္ေယာက္ျဖင့္ တစ္ေဆာင္တည္းေနဖို႔ျငင္းဆန္ခဲ့သည္။

''သား အငယ္ေလးေတြေနတဲ့အေဆာင္ကိုေျပာင္းလို႔ရပါတယ္ တိတိ၊ေမ့ေမ့ေလးေတြကိုလည္း ကူထိန္းေပးမယ္ေလ ေနာ္ ''

အဆုံးမွာေတာ့ ေခါင္းမာသည့္ယန္းခ်င္းခ်ီေလးကို ေဖ်ာင္းဖ်လို႔မရသျဖင့္ ေဂဟာမႉးက သူ႕စိတ္ႀကိဳက္အတိုင္း အငယ္ေတြေနသည့္အေဆာင္ကို ေ႐ႊ႕ေပးလိုက္ရသည္။

ထိုအခ်ိန္က ယန္းခ်င္းခ်ီေလးမွာ ၈ႏွစ္နီးပါး႐ွိေနၿပီျဖစ္ၿပီး ေျပာင္းသြားသည့္အငယ္ေတြေနရာမွာေတာ့ ကေလးႀကီးဟုသတ္မွတ္လို႔ရေနၿပီျဖစ္သည္။ ထို႔ေန႔က ယန္းခ်င္းခ်ီေပါက္စေလးမွာ မတရားခံရမႈ၊ သစၥာေဖာက္ခံရမႈ၊ ဝမ္းနည္းမႈနဲ႔ ေဒါသေတြခံစားခဲ့ရတာေၾကာင့္ သူတို႔ေျပာသြားတာေတြကို ေဂဟာမႉးမားမားၾကားသြားရင္ေကာင္းမွာပဲ ဒါမွမဟုတ္ တစ္နည္းနည္းနဲ႔ ျပန္နားေထာင္ခိုင္းလို႔ရရင္ေကာင္းမွာပဲဟု ေတြးခဲ့မိသည္။

ထိုအခ်ိန္တုန္းက သူတို႔ေျပာထားသမွ်ကိုသာ တစ္ခုခုနဲ႔အသံသြင္းထားႏိုင္ခဲ့လွ်င္ သူတို႔လိမ္ေျပာေနသည့္အခ်ိန္မွာ အဲ့ဒါကိုဖြင့္ျပလိုက္ၿပီး ၾကည့္စမ္း သူတို႔ကလိမ္ေနတာဟု ေျပာလို႔ရသလို သူ႕ကိုလည္း တျခားလူေတြက ယုံၾကည္သြားမွာျဖစ္သည္။

ေနာက္ပိုင္း ေမြးစားခံလိုက္ရၿပီးမွ ဖုန္းထဲမွာ အသံသြင္းသည့္ functionပါဝင္ေၾကာင္း သိလိုက္ရသည္။ သို႔ေသာ္ ဖုန္းနဲ႔ အသံသြင္းျခင္းက တခါတေလအဆင္မေျပသည့္ အခိုက္အတန္႔ေတြ႐ွိတတ္တာေၾကာင့္ ေနာက္ပိုင္း အသံသြင္းစက္ေလးဝယ္ၿပီး ေဆာင္ထားျဖစ္သည္။

ထိုအရာေတြအားလုံးက အတိတ္မွာျဖစ္ပ်က္ခဲ့သည့္ အေၾကာင္းအရာမ်ားျဖစ္တဲ့အတြက္ အခုျပန္ၿပီး စဥ္းစားၾကည့္လိုက္သည့္အခါ ခံစားခ်က္အတက္အက်မ႐ွိေတာ့ပါ။

ထိုေကာင္ေလးႏွစ္ေယာက္ကလည္း သူ မိဘမဲ့ေက်ာင္းကေန ထြက္သြားရေတာ့မွာကို သိလိုက္ရတဲ့အခ်ိန္ သူ႕ဆီ အေျပးေလးလာၿပီး ေတာင္းပန္ၾကသည္။ သို႔ေသာ္ ယန္းခ်င္းခ်ီေလးကလည္း သူတို႔ကို ခြင့္မလႊတ္ေပးခဲ့ပါ။ သူဟာ ငယ္စဥ္ကတည္းက သူ႕အေပၚအမွားႀကီးႀကီးလုပ္ထားလွ်င္ လြယ္လြယ္ကူကူနဲ႔ခြင့္လႊတ္ေပးတတ္သည့္ လူစားမ်ိဳးမဟုတ္တာေၾကာင့္ ေဒါသတႀကီးနဲ႔ေတာင္ ျပန္ေျပာလိုက္ေသးသည္။

''ငါက ခိုးတတ္ပါတယ္လို႔ မင္းတို႔ေလွ်ာက္ေျပာေနရင္ေတာင္ အခုငါ့မွာ ကိုယ္ပိုင္မိဘအသစ္၊ကိုယ္ပိုင္အိမ္အသစ္႐ွိေနၿပီ မင္းတို႔လိုအက်င့္မေကာင္းတဲ့လူေတြကေတာ့ အခုထိ ဘာမွမ႐ွိေသးဘူး ဟြန္႔! ထြက္သြား! ''

သူ ေဒါသတႀကီး ျပန္လွည့္သြားကာ သူ႕ေမြးစားအေဖကားစီးေျပးသြားၿပီး သူ႕ကိုမ်က္ရည္မ်ားျဖင့္လိုက္ပို႔ၾကသည့္ အငယ္တန္းက တိတိ၊ေမ့ေမ့ေလးမ်ားကို လက္ေဝွ႔ယမ္းျပရင္း မိဘမဲ့ေဂဟာကေန ထြက္လာႏိုင္ခဲ့သည္။

ဆိုေတာ့ ဒီလိုအက်င့္စ႐ိုက္၊ဝါသနာေတြက မူလပိုင္႐ွင္မွာမ႐ွိသည့္ သူ႕ရဲ႕ကိုယ္ပိုင္အေတြ႕အၾကဳံေတြျဖစ္တာေၾကာင့္ က်န္းေမာ့ခ်န္ကို ဘယ္ကေနဘယ္လိုျဖစ္လာတယ္ဆိုတာမ်ိဳး လြယ္လြယ္ကူကူေျပာျပလိုက္လို႔မျဖစ္ေပ။ 

သူက ဒီကမ႓ာကလူမဟုတ္ဘူးဆိုတာကို က်န္းေမာ့ခ်န္ကိုေျပာျပဖို႔ တြန္႔ဆုတ္ေနမိသည္။ ကြၽန္ေတာ္က ဒီကမ႓ာကလူမဟုတ္ဘူး၊ ဝိဉာဥ္ကူးေျပာင္းၿပီး အၿပိဳင္ကမ႓ာကေနေရာက္လာတာဟု က်န္းေမာ့ခ်န္ကိုမေျပာခ်င္ေသးပါ။ ထိုသို႔ ေျပာျပလိုက္လွ်င္ က်န္းေမာ့ခ်န္ သူ႕ကိုယုံၾကည္ပါ့မလား၊ လူထူးဆန္းလို႔ထင္ၿပီး ထိတ္လန္႔သြားမွာလား။

မျဖစ္ႏိုင္ေလာက္ပါ။ က်န္းေမာ့ခ်န္က သူ ကေလးရႏိုင္တယ္ဆိုသည့္ အခ်က္ကိုေတာင္ လြယ္လြယ္ကူကူလက္ခံလိုက္ႏိုင္မွေတာ့ ဒီလိုဝိဉာဥ္ကူးေျပာင္းသည့္ကိစၥမ်ိဳးကိုလည္း လက္မခံႏိုင္စရာအေၾကာင္းမ႐ွိေလာက္ေပ။

ယန္းခ်င္းခ်ီ ထိုျပႆနာကိုစဥ္းစားမိလိုက္ေတာ့ ဘယ္လိုအမူအရာမ်ိဳးလုပ္ျပရမွန္းေတာင္ မသိေတာ့ပါ။ သူ က်န္းေမာ့ခ်န္ကို ေျပာျပခ်င္တယ္ဆိုလွ်င္ေတာင္ အခုေတာ့မဟုတ္ေသးေပ။ ဒီလိုမ်ိဳး ဖုန္းထဲကေန မဟုတ္ပဲ မ်က္ႏွာခ်င္းဆိုင္၊ထိေတြ႕ၿပီး ေသခ်ာေျပာျပခ်င္သည္။

''ကြၽန္ေတာ္ေနာက္မွ​အဲ့အေၾကာင္းေျပာျပမယ္ '' သူျပဳံးျပလိုက္ကာ '' ခဏေစာင့္.... '' သူ ခဏေလာက္စဥ္းစားအၿပီးမွာ '' ေျပာျပဖို႔ သင့္ေတာ္မဲ့အခ်ိန္ကို ခဏေစာင့္ရေအာင္ ''

က်န္းေမာ့ခ်န္ကလည္း သူ႕စကားဆိုေျမဝယ္မက်နားေထာင္ေနၿပီျဖစ္တာေၾကာင့္ အမ်ားႀကီးေလွ်ာက္ေတြးမေနပဲ ေခါင္းၿငိမ့္ျပလိုက္ကာ

''ဒါဆို မင္း ဖုမင္က်ီးကို ဒီကိစၥေျပာျပမွာလား ''

''ကြၽန္ေတာ္ သူ႕ကိုေျပာျပသင့္တယ္လို႔ထင္လား ကြၽန္ေတာ္က ' ဒါ႐ိုက္တာဖုေရ ေမာ့က်န္႔ယင္းဆိုတဲ့အေကာင္က ကြၽန္ေတာ္နဲ႔ အိပ္ခ်င္ေနတယ္' လို႔သြားေျပာလိုက္ရင္ သူ ေသေအာင္လန္႔သြားလိမ့္မယ္ ''

က်န္းေမာ့ခ်န္ ထိုအေၾကာင္းကို စဥ္းစားေနလိုက္ကာ

''ဒါဆိုလည္း ေမာ့က်န္႔ယင္းဘာဆက္လုပ္လာမလဲ ေစာင့္ၾကည့္ၾကရေအာင္ေလ သူ မင္းကို​ေျပာခဲ့တဲ့ ၿခိမ္းေျခာက္စကားအတိုင္းသာဆို မင္း ဒါ႐ိုက္တာဖုကိုေျပာျပစရာေတာင္ မလိုေလာက္ေတာ့ဘူး သူက အင္တာနက္ေပၚမွာ မင္းသူ႕အေပၚအျပစ္ျပဳထားပါတယ္ဆိုၿပီး ျဖန္႔လိုက္ရင္ မင္းကလည္းလက္တုံ႔ျပန္မယ္ အဲ့က် ဒါ႐ိုက္တာဖု က်ိန္းေသေပါက္သိသြားမွာပဲ ''

''သူလည္းေတာ္ေတာ္ေလးစိတ္ညစ္သြားေလာက္တယ္ သူ႕႐ိုက္ကြင္းထဲမွာပဲ တစ္ေယာက္က အႏိုင္က်င့္တတ္တဲ့ မေကာင္းတဲ့အေကာင္ တစ္ေယာက္က အေရျခဳံထားတဲ့ မသူေတာ္ ''

က်န္းေမာ့ခ်န္ သက္ျပင္းခ်လိုက္သည္။

''အမွန္အတိုင္းေျပာရရင္ ေမာ့က်န္႔ယင္း အဲ့လူ ေတာ္ေတာ္ေလး သ႐ုပ္ေဆာင္ေကာင္းတယ္လို႔ေျပာရမယ္ မင္းသာဒီကိစၥနဲ႔မၾကဳံခဲ့ရရင္ သူကအဲ့လိုလူမ်ိဳးျဖစ္ေနမယ္မွန္း ကိုယ္တို႔လုံးဝသိမွာမဟုတ္ဘူး ၿပီးေတာ့ သူ႕ရဲ႕ႏွစ္ေပါင္းမ်ားစြာတည္ေဆာက္ထားတဲ့ လူထုအျမင္ကလည္းအရမ္းေကာင္းတာ ေတာ္ေသးတာက မင္းအသံသြင္းထားလိုက္လို႔ မဟုတ္လို႔ မင္းတို႔ႏွစ္ေယာက္ထိပ္တိုက္ေတြ႕ၾကတဲ့အခါ ကိုယ္ကေတာ့ မင္းကိုအႂကြင္းမဲ့ယုံၾကည္ေပမဲ့ မင္းသာလက္ဆုပ္လက္ကိုင္မျပႏိုင္ရင္ သူမ်ားေတြကေတာ့ မင္းကိုယုံၾကည္ေပးမွာမဟုတ္ဘူး ဘာလို႔လဲဆိုေတာ့ ဒီလူကိုသိလာတာ ဆယ္ႏွစ္ေက်ာ္ၿပီျဖစ္တဲ့အတြက္ သူ႕ကိုပဲယုံၾကည္ဖို႔ေ႐ြးခ်ယ္ၾကလိမ့္မယ္ အဲ့ဒါေၾကာင့္ ဒီလိုကိစၥမ်ိဳးမွာ ဖုမင္က်ီးလည္း လူေ႐ြးမွားတာကို သူ႕ကိုသူအျပစ္တင္လို႔မရဘူး ဒီတစ္ေလွ်ာက္လုံး ေသေသသပ္သပ္ဖုံးကြယ္ထားတဲ့ ေမာ့က်န္႔ယင္းရဲ႕အေမွာင္ဘက္ျခမ္းကို ​သူလည္းသာမန္မ်က္စိနဲ႔မျမင္ႏိုင္ဘူးေလ ဟုတ္တယ္မလား ''

ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္ျပလိုက္ကာ

''ေျပာမွပဲ ကြၽန္ေတာ္နားမလည္တာ႐ွိေသးတယ္ ခင္ဗ်ားနဲ႔ ကြၽန္ေတာ္နဲ႔ ဒီေလာက္ဆက္ဆံေရးေကာင္းတာကိုသိရဲ႕သားနဲ႔ သူလုပ္သမွ် ခင္ဗ်ားကိုျပန္ေျပာျပမွာ မေၾကာက္ဘူးလားမသိဘူး ကြၽန္ေတာ္က ခင္ဗ်ားကိုႀကိဳက္ေနတယ္လို႔ေတာင္ ေျပာလိုက္ေသးတာေနာ္ သူနဲ႔ကြၽန္ေတာ္နဲ႔ထိပ္တိုက္ရင္ဆိုင္ၾကလို႔ ကြၽန္ေတာ္ကသူ႕ေလာက္နာမည္မႀကီးတဲ့အတြက္ ကြၽန္ေတာ္႕ဘက္မွာဘယ္သူမွမ႐ွိဘူးဆိုရင္ေတာင္ ခင္ဗ်ားက်မတူဘူးေလ ခင္ဗ်ားလို နာမည္ႀကီးတစ္ေယာက္က ကြၽန္ေတာ္႕ဘက္မွာရပ္တည္ေပးလိုက္တာနဲ႔ သူကလုံးဝသြားၿပီဆိုတာကို နားမလည္ဘူးလား ''

''မင္းကိုယ့္ကိုဘယ္လိုေတြးေနတယ္လို႔ သူကစဥ္းစားလိုက္တာ? ''

''ကြၽန္ေတာ္ ခင္ဗ်ားကို ႀကိဳက္..... '' ယန္းခ်င္းခ်ီေျပာေနရင္း တစ္ဝက္ေလာက္ေရာက္မွ အသိဝင္လာသည္။ ဒီအၾကံသမားက ဒီလိုအခ်ိန္မွာေတာင္ ဒီလိုလွည့္ကြက္ေတြနဲ႔ သူ႕ကိုလွည့္စားခ်င္ေသးတယ္?! အၾကံသမားႀကီး!!

''က်န္းေမာ့ခ်န္ ကြၽန္ေတာ္နဲ႔အေကာင္းေျပာစမ္းပါ! '' ယန္းခ်င္းခ်ီ စိတ္တိုတိုျဖင့္ တစ္ဖက္လူေခါင္းကိုေခါက္ကာ အေပါက္ႀကီးေဖာက္ၿပီး ေရဆိုးေရညစ္ေတြ ေလာင္းထည့္ေပးလိုက္ခ်င္သည္။

''ကြၽန္ေတာ္ ခင္ဗ်ားကို ဘယ္လိုေတြးေနလဲဟုတ္လား ခင္ဗ်ားကို အရမ္း႐ိုက္ခ်င္တယ္လို႔ေတြးေနတယ္! ''

ဒီတစ္ေခါက္ေတာ့ 'ကြၽန္ေတာ္ ခင္ဗ်ားကို ႀကိဳက္တယ္' လို႔ေျပာလာမွာကို အငိုက္ဖမ္းလိုက္ႏိုင္ၿပီဟုထင္လိုက္ေသာ္ျငား တဖက္ကအရမ္းကိုသတိႀကီးလြန္းတာေၾကာင့္ က်န္းေမာ့ခ်န္အျပဳံးေလးျဖင့္ ေဒါသတလူလူထြက္ေနသည့္ သူ႕အိမ္သူေလးကို ျပန္ေခ်ာ့ရေတာ့သည္။

''ဟုတ္ၿပီ ဟုတ္ၿပီ ကိုယ္မွားသြားပါတယ္ ကိုယ္သတိလက္လြတ္ျဖစ္သြားတာ မင္းသိတဲ့အတိုင္းပဲ မင္းနဲ႔ျငင္းခုန္ရပါမ်ားလာေတာ့ ဒီတိုင္း ကိုယ္ေတာင္မသိလိုက္ပဲ လႊတ္ခနဲထြက္သြားတာ မဟုတ္ရင္ အဲ့ေလာက္ျမန္မွာမဟုတ္ဘူး စိတ္မဆိုးပါနဲ႔ေတာ့ကြာ ''

''ပါးစပ္ပိတ္ထားလိုက္စမ္း ေတာင္းပန္တာေတာင္ ဆင္ေျခနဲ႔လား ''

က်န္းေမာ့ခ်န္တစ္ေယာက္ အပီအျပင္ကိုစကားနားေထာင္သည့္ မ်က္ႏွာေပးေလးျဖင့္

''ဆင္ေျခမေပးေတာ့ပါဘူး ဆင္ေျခမေပးေတာ့ပါဘူး ကိုယ္မွားသြားပါတယ္ ကိုယ့္အမွားပါ စိတ္ေျပေတာ့ေနာ္ လာ လာ ခုနကကိစၥျပန္ေျပာရေအာင္ ''

က်န္းေမာ့ခ်န္ ဖုန္းထဲက ယန္းခ်င္းခ်ီကို လွမ္းၾကည့္လိုက္ကာ ညင္သာသည့္အမူအရာျဖင့္ စ႐ွင္းျပလာသည္။

'' ဒါကလြယ္ပါတယ္ ကိုယ္တို႔ႏွစ္ေယာက္ ဆက္ဆံေရးကို လူသိ႐ွင္ၾကားမေၾကျငာထားေတာ့ ကိုယ္တို႔က တရားဝင္အိမ္ေထာင္ဖက္ေတြလို႔ သူေတြးမိမွာမဟုတ္ဘူး အလြန္ဆုံးေတြးမွ တစ္ေယာက္နဲ႔တစ္ေယာက္ ဖြင့္မေျပာပဲ မသိမသာႀကိဳက္ေနၾကတယ္ဆိုတဲ့ အဆင့္ေလာက္ပဲ႐ွိဦးမွာ ဒီလိုမ်ိဳး သူငယ္ခ်င္းမက ခ်စ္သူမက်တဲ့အေျခအေနမ်ိဳးမွာ ကိုယ္ႀကိဳက္ေနတဲ့လူကို ဒီလိုကိစၥေတြေျပာျပရမွာ ႐ွက္ဖို႔ေကာင္းတယ္လို႔ထင္ၾကတယ္ေလ တခ်ိဳ႕က်ေတာ့လည္း ႏွစ္ေယာက္ကခ်စ္သူမျဖစ္ေသးေတာ့ ဒါငါ့ကိစၥ သူ႕ကိုဒုကၡေပးလို႔မျဖစ္ဘူး ငါ့ဘာသာရေအာင္႐ွင္းမယ္ဆိုၿပီး ေတာင့္ခံထားတတ္ၾကတယ္ ဒါေၾကာင့္ မင္း ကိုယ့္ကိုမေျပာေလာက္ဘူးလို႔ သူေတြးလိုက္တာ သူ႕ရဲ႕လူထုအျမင္ကေကာင္းတယ္လို႔ ကိုယ္ခုနကမေျပာခဲ့ဘူးလား အဲ့ေတာ့ သူ႕ဘက္ကနည္းနည္းျဖည့္စြက္ၿပီး မင္းက နာမည္ႀကီးခ်င္လို႔ သူ႕အိပ္ယာေပၚတက္လာပါတယ္လို႔ ေျပာလိုက္ရင္ ကိုယ္တို႔ႏွစ္ေယာက္ဆက္ဆံေရးကို ေသြးထိုးလိုက္သလိုျဖစ္သြားၿပီေလ ဟုတ္တယ္မလား ''

ယန္းခ်င္းခ်ီ ထိုစကားၾကားအၿပီး အေတာ္ႀကီးအံ့အားသင့္သြားေလသည္။

''ကြၽန္ေတာ္က သူ႕အိပ္ယာေပၚတက္ဖို႔ ႀကိဳးစားတယ္လို႔ေတာင္ ေျပာဦးမွာလား ''

''သူ ကိုယ့္ကိုေတာ့ တိုက္႐ိုက္လာေျပာမွာမဟုတ္ဘူး ဒါေပမဲ့ အဲ့လိုေတာ့ေတြးထားေလာက္တယ္ မင္းကိုယ့္ကို ဘာမွမေျပာလာသေ႐ြ႕ သူကလည္း ဒီကိစၥကို ဘယ္သူ႕ကိုမွ အသိခံမွာမဟုတ္ဘူး ဒါေပမဲ့ မင္း ကိုယ့္ကိုေျပာျပလိုက္လို႔ ကိုယ္ကသူ႕ကိုသြားၿပီး ျပႆနာ႐ွာရင္ သူကလည္း ေသြးျပန္ထိုးလိမ့္မယ္ မင္းက ဒီ့ထက္ပိုၿပီးနာမည္ႀကီးခ်င္လို႔ သူ႕အိပ္ယာေပၚတက္လာပါတယ္လို႔ ကိုယ့္ကိုျပန္ေျပာလိမ့္မယ္ ဒါေပမဲ့ '' က်န္းေမာ့ခ်န္ ဆြဲေဆာင္မႈ႐ွိ႐ွိ ျပဳံးလိုက္သည္။ '' ကိုယ္တို႔ႏွစ္ေယာက္ၾကားမွာ အဲ့လိုစကားေတြလာေျပာလည္း က်ိန္းေသေပါက္အသုံးမဝင္ဘူးေလ မင္းဘယ္ဇာတ္ကားထဲ ဝင္႐ိုက္ခ်င္လဲ ဘယ္ဒါ႐ိုက္တာနဲ႔ လက္တြဲခ်င္လဲ ဘယ္သူ႕အိပ္ယာေပၚမွတက္စရာမလိုဘူး ကိုယ့္အိပ္ယာေပၚပဲတက္လာခဲ့ မင္းလိုခ်င္တာ အကုန္ရေစရမယ္ ''

ယန္းခ်င္းခ်ီ '' ကြၽတ္ ကြၽတ္ '' ႏွစ္ခါစုတ္သပ္လိုက္ကာ

''ခင္ဗ်ားက တကယ့္ကိုေ႐ွးေခတ္စာအုပ္ေတြအတိုင္းပဲ ''

ယန္းခ်င္းခ်ီက ႐ုတ္တရက္ႀကီး ဥပစာေတြထုတ္သုံးလာတာေၾကာင့္ ဘာကိုဆိုလိုခ်င္မွန္းနားမလည္သျဖင့္ က်န္းေမာ့ခ်န္မအူမလည္ေလးျပန္ေမးလာသည္။

''ဘာအဓိပၸါယ္လဲ နက္နဲတဲ့အေတြးအေခၚမ်ား႐ွိလို႔လား ''

''အဲ့လိုမဟုတ္ဘူး စာ႐ြက္ေတြက တေန႔တျခား ဝါ,ဝါလာတာကို ေျပာတာ ''

(T/N: ေ႐ွးေခတ္စာ႐ြက္သားေတြကဝါတယ္ေလ ကိုယ္ေတြကအျပာစာလို႔သုံးေပမဲ့ သူတို႔ဆီမွာကအဝါစာလို႔သုံးပါတယ္ အဲ့ေတာ့ အဝါေရာင္အေတြးေလးေတြ ေတြးေနတယ္ေပါ့ )

က်န္းေမာ့ခ်န္ ေအာ္ရယ္မိသြားသည္။

''ကိုယ့္ဖူးရန္ပဲ စကားကိုခ်က္က်လက္က်ေျပာႏိုင္တယ္ ''

ယန္းခ်င္းခ်ီျပဳံးလိုက္ကာ ေမာ့က်န္႔ယင္း ၿခိမ္းေျခာက္လိုက္သည့္ ေလသံႏွင့္ အခု က်န္းေမာ့ခ်န္႐ွင္းျပလိုက္သည့္ ျပႆနာကိုျပန္ေတြးမိသြားေတာ့ သူမ်က္ခုံးၾကဳံ႕လိုက္မိသည္။

''ခင္ဗ်ားေျပာၾကည့္ သူ တကယ္ႀကီး ဒီကိစၥကို အင္တာနက္ေပၚျဖန္႔ရဲမယ္လို႔ထင္လား ''

''မင္းအဲ့လိုျဖစ္ေစခ်င္လား '' က်န္းေမာ့ခ်န္ ျပန္ေမးလာသည္။

ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္ျပလိုက္ကာ က်န္းေမာ့ခ်န္ကိုၾကည့္ရင္း အေလးအနက္ေျပာလာသည္။

''အဲ့လိုျဖစ္လာဖို႔ေမွ်ာ္လင့္တယ္ ကြၽန္ေတာ္ သူ႕ကိုဒီတိုင္း မလႊတ္ေပးႏိုင္ဘူး ကြၽန္ေတာ္ ဒီေန႔ဘာမွမျဖစ္ခဲ့ဘူး သူ႕ကိုမေၾကာက္တဲ့အျပင္ ကြၽန္ေတာ္႕ကိုေထာက္ပံ့ေပးမဲ့ ခင္ဗ်ား႐ွိေနလို႔ သူ႕ကိုအျပစ္ျပဳမိမွာလည္း မပူရသလို ကြၽန္ေတာ္႕အလုပ္ေတြ ထိခိုက္လာမွာကိုလည္း မပူရဘူး ဒါေပမဲ့ သူ႕အႀကိဳက္နဲ႔သြားကိုက္မဲ့ စတားေပါက္စေလးေတြက အၿမဲလိုလို႐ွိေနဦးမွာပဲ အဲ့လူေတြက သူနဲ႔ယွဥ္ၿပိဳင္တိုက္ခိုက္ဖို႔ ပါဝါအာဏာေတြမ႐ွိရင္? အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ကေတာ့ သူ႕ရဲ႕လူ႐ွန္းေတာင္မ်က္ႏွာအစစ္ကို က်ိန္းေသေပါက္ ေဖာ္ထုတ္ပစ္မွျဖစ္မယ္ အဲ့ဒါမွ သူ႕မွာ ဘယ္ေလာက္႐ြံစရာေကာင္းတဲ့မ်က္ႏွာ႐ွိေနမွန္း လူတိုင္းသိသြားၾကမွာ ''

(T/N: လူ႐ွန္းေတာင္က ၁၂ရာသီျမဴဆိုင္းေနတဲ့အတြက္ သူဘယ္ေလာက္ျမင့္လဲ ဘယ္လိုအသြင္အျပင္႐ွိလဲ ဘယ္သူမွေသခ်ာမျမင္ဖူးၾကပါဘူး အဲ့ဒါေၾကာင့္ လူတစ္ေယာက္ရဲ႕မ်က္ႏွာအစစ္ကို သာမန္မ်က္စိနဲ႔ေသခ်ာမျမင္ရတာက လူ႐ွန္းေတာင္ရဲ႕အသြင္အျပင္အစစ္ကို မျမင္ဖူးတာနဲ႔ ဆင္တူလို႔ 庐山真面目 ဒီဥပစာကို သုံးၾကပါတယ္)

သူ႕အိမ္သူေလး ဘယ္ေလာက္စိတ္ထားေကာင္းမွန္း သူေကာင္းေကာင္းသိသည္။ ထို႔ေၾကာင့္ က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီကိုၾကည့္ရင္း တဖက္လူစကားကိုေထာက္ခံသည့္အေနျဖင့္ ေခါင္းတဆတ္ဆတ္ၿငိမ့္ျပလိုက္သည္။

''ေကာင္းၿပီ မင္းျဖစ္ခ်င္တဲ့အတိုင္း အကုန္လုံးျဖစ္ေစရမယ္ တကယ္လို႔ သူ႕ဘက္ကစၿပီး အင္တာနက္ေပၚမွာ မင္းအေၾကာင္းကို သြားပုပ္ေလလြင့္မေျပာလာခဲ့ရင္ ကိုယ္တနည္းနည္းနဲ႔ သူေျပာလာေအာင္ လုပ္လိုက္မယ္ မင္းအခုေလာေလာဆယ္ ဘာမွလုပ္စရာမလိုဘူး သူ အင္တာနက္ေပၚ စတင္ၿပီဆိုတာနဲ႔ အေျခအေနတစ္ခ်က္ေစာင့္ၾကည့္လိုက္ အားလုံးဒီကိစၥကိုအာ႐ုံစိုက္လာၿပီဆိုမွ သက္ေသေတြထုတ္ၿပီး သူ႕မ်က္ခြက္တည့္တည့္ကိုျဖတ္႐ိုက္ပစ္လိုက္ ''

''အင္းပါ ''

က်န္းေမာ့ခ်န္ ျပဳံးျပလိုက္ကာ သူ ယန္းခ်င္းခ်ီကို လြမ္းေနျပန္ၿပီဟု ခံစားလိုက္ရသည္။ တဖက္လူက သူ႕မ်က္စိေ႐ွ႕မွာ႐ွိေနတာေတာင္၊ တစ္ေယာက္နဲ႔တစ္ေယာက္မ်က္ႏွာခ်င္းဆိုင္ၿပီး စကားေျပာေနရတာေတာင္ လြမ္းေနဆဲဟု ခံစားေနရသည္။

သူ ယန္းခ်င္းခ်ီကိုေတြ႕ခ်င္သည္။ ဖက္ထားခ်င္သည္။ နမ္းခ်င္သည္။ စိတ္ဆိုးေနသည့္ သူ႕ခ်စ္သူေလးကို ရင္ခြင္ထဲထည့္ဖက္ထားရင္း ''စိတ္မဆိုးပါနဲ႔ေတာ့ အဲ့လိုလူမ်ိဳးေတြက အဆုံးသတ္မေကာင္းပါဘူး '' ဟုေျပာရင္း ေခ်ာ့ျမဴခ်င္သည္။

သူ႕ကိုေတြ႕ခ်င္သည္။ Video Callကေနမဟုတ္ပဲ အျပင္မွာေတြ႕ခ်င္သည္။

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္နဲ႔ Video Call အၾကာႀကီး ေျပာၿပီးေနာက္မွာ သူ႕စိတ္ေတြအေတာ္ေလးတည္ၿငိမ္သြားကာ စိတ္အေျခအေနလည္းပိုေကာင္းလာသည္။

သူ မနက္ျဖန္မနက္ ႐ိုက္စရာအခန္းေတြ႐ွိေသးတာေၾကာင့္ Video Callခ်လိုက္ကာ ေရမိုးခ်ိဳးအိပ္ယာဝင္ဖို႔အတြက္ ေရခ်ိဳးခန္းထဲဝင္လိုက္သည္။

ေရခ်ိဳးၿပီးေနာက္ အိပ္ယာထဲဝင္လွဲလိုက္ကာ မေတြးျဖစ္တာၾကာေနၿပီျဖစ္သည့္ ငယ္ဘဝတစ္စြန္းတစ္စက က်န္းေမာ့ခ်န္လႈံ႕ေဆာ္မႈေၾကာင့္ ဦးေႏွာက္ထဲျပန္ေရာက္လာသည္။ ထိုျပႆနာျဖစ္ပြားၿပီးေနာက္ သူ အငယ္ေလးေတြေနတဲ့အေဆာင္ကို​ ေျပာင္းသြားခဲ့သည္။ ကေလးပိစိေလးေတြက အခုမွ ၃ႏွစ္ေက်ာ္ ၄ႏွစ္ပဲ႐ွိေသးကာ သူတို႔ကိုယ္သူတို႔ စြန္႔ပစ္ခံထားရမွန္းလည္းမသိၾကေသးတာေၾကာင့္ သူတို႔အေဖအေမကို လိုက္႐ွာေနတတ္သည္။

အငယ္ေလးေတြကို ထိန္းေပးမယ္ဆိုၿပီး ေဂဟာမႉးမားမားအား ကတိေပးထားခဲ့တာကို မွတ္မိေနေသးတဲ့ ယန္းခ်င္းခ်ီေပါက္စေလးကလည္း တိတိ၊ေမ့ေမ့ေလးေတြ ၿငိမ္ေအာင္၊ ရယ္လာေအာင္ ေခ်ာ့ျမဴခဲ့ရသည္။

သူက အားလုံးထက္ႀကီးသည့္အျပင္ စိတ္လည္းအင္မတန္႐ွည္တာေၾကာင့္ အငယ္တန္းက ေပါက္စီေလးေတြရဲ႕ အားကိုးခ်င္စရာအစ္ကိုႀကီးျဖစ္လာကာ ကေလးပိစိေလးတိုင္းက သူ႕ကိုခ်စ္ၾကသည္။

သူ႕ရဲ႕အမွားလုပ္ထားသည့္ သူငယ္ခ်င္းႏွစ္ေယာက္ကလည္း သူ႕ကိုလာ႐ွာၿပီး သူနဲ႔အခ်စ္ဆုံးသူငယ္ခ်င္းေတြျဖစ္ခ်င္လို႔၊ အတူတူေဆာ့ခ်င္လို႔၊ သူတို႔ကိုခြဲသြားမွာေၾကာက္လို႔ ဒီလိုလုပ္ခဲ့မိေၾကာင္း ျပန္ေတာင္းပန္ေလသည္။ သူတို႔ကို ခြင့္လႊတ္ေပးဖို႔ေမွ်ာ္လင့္ေၾကာင္းႏွင့္ အရင္လို အတူတူျပန္ေဆာ့ခ်င္သည္ဟု ေတာင္းဆိုလာခဲ့သည္။

သို႔ေသာ္ ယန္းခ်င္းခ်ီေပါက္စေလးက သေဘာမတူပါ။ ကိုယ္ပိုင္မိသားစုေလး႐ွိလာမည့္ အခြင့္အေရးကို အခါခါလြဲေခ်ာ္ေအာင္လုပ္ခဲ့တာေၾကာင့္ ထိုႏွစ္ေယာက္က သူ႕ရဲ႕ခြင့္လႊတ္မႈႏွင့္ မထိုက္တန္ေပ။ သူနဲ႔သက္ဆိုင္သည့္ အိမ္ေလးလိုခ်င္သည္။ သူ႕ကိုခ်စ္ေပးမည့္ မိဘအသစ္ေတြလိုခ်င္သည္။ အ႐ြယ္ေရာက္ေနတဲ့လူႀကီးေတြက တျခားကေလးေတြအား ေမြးစားဖို႔ေခၚသြားတာကို ျမင္လိုက္တဲ့ေန႔ကစၿပီး၊ သူတို႔ အိမ္အသစ္ေလးရေတာ့မွာကို သိလိုက္တဲ့ေန႔ကစၿပီး သူလည္း သူတို႔လိုပဲ အိမ္အသစ္၊မိသားစုအသစ္ေလးရခ်င္ခဲ့သည္။

ယန္းခ်င္းခ်ီခြင့္မလႊတ္လိုက္တာေၾကာင့္ သူငယ္ခ်င္းသုံးေယာက္အုပ္စုေလး ၿပိဳကြဲသြားေလသည္။

ယန္းခ်င္းခ်ီကေတာ့ ပုံမွန္အတိုင္း အတန္းသြားတက္ အငယ္ေလးေတြနဲ႔ေဆာ့၊ အငယ္ေလးေတြကိုထိန္းရင္း အခ်ိန္ကုန္ခဲ့သည္။

တစ္ေန႔ သူ႕ေမြးစားအေဖေရာက္လာတာေၾကာင့္ ေဂဟာမႈးက သိတတ္လိမၼာၿပီး ယဥ္ေက်းသည့္ကေလးအနည္းစုကို သူမ႐ုံးခန္းထဲ စုခိုင္းလိုက္သည္။

ယန္းခ်င္းခ်ီလည္း သြားရေလသည္။

သူ႕ေမြးစားအေဖက ကေလးတစ္ေယာက္စီတိုင္းကို သီးသန္႔အခန္းေလးထဲေခၚၿပီး ေမးခြန္းအခ်ိဳ႕ေမးရင္း စကားအနည္းအက်ဥ္းေျပာသည္။ သူကိုယ္တိုင္လည္း တျခားကေလးေတြလို အရမ္းကိုစိတ္လႈပ္႐ွားေနတာေၾကာင့္ ေမးခြန္းတိုင္းကိုေသခ်ာေျဖခဲ့ေသာ္ျငား တဖက္လူက စိတ္ေက်နပ္လား၊စိတ္မေက်နပ္ဘူးလားဆိုတာကေတာ့ သူ႕အ႐ြယ္ေလးနဲ႔မွန္းဆမရခဲ့ပါ။

အင္တာဗ်ဴးေျဖသလိုမ်ိဳး လူခ်င္းေတြ႕စကား​ေျပာၿပီးေနာက္မွာေတာ့ ႐ုံးခန္းထဲ႐ွိေနသည့္ကေလးအားလုံး ကိုယ့္အတန္းကိုျပန္သြားရကာ လုပ္စရာ႐ွိတာဆက္လုပ္ေနခဲ့သည္။

ထိုေန႔မွာပဲ ယန္းခ်င္းခ်ီသူ႕အတန္းကေနျပန္လာေတာ့ အငယ္တန္းက ကေလးႏွစ္ေယာက္ရန္ျဖစ္ေနၾကတာကို ေတြ႕လိုက္ရသည္။ မင္းငိုရင္ငါ႐ိုက္မယ္၊ မင္း႐ိုက္ရင္ ငါျပန္႐ိုက္မယ္ ၿပီးရင္ထပ္ငိုမယ္ လုပ္ေနၾကေသာ ကေလးႏွစ္ေယာက္ကိုျမင္ေတာ့ ယန္းခ်င္းခ်ီအေျပးသြားကာ ရန္ပြဲရပ္စဲေစရင္း ေခ်ာ့ျမဴလိုက္ရသည္။ ကေလးေလးေတြက သူ႕ကိုအရမ္းသေဘာက်တာေၾကာင့္ သူ႕ရင္ခြင္ထဲမွီၿပီး အျပစ္လုပ္ထားတာသူတို႔မဟုတ္သလိုမ်ိဳး ေကာေကာဟု ခြၽဲခြၽဲပ်စ္ပ်စ္ေလးေခၚလာၾကသည္။

ယန္းခ်င္းခ်ီ သူတို႔ေခါင္းေလးေတြကို ဖြဖြပုတ္ေပးရင္း ေနာက္တစ္ခါရန္ထပ္မျဖစ္ၾကဖို႔ ကတိေပးခိုင္းသည္။ သူတို႔ကလည္း လိုလိုခ်င္ခ်င္ သေဘာတူလာတာကိုျမင္ေတာ့ လက္ခုပ္တီးကာ အလိမၼာတုံးေလးေတြဟု ခ်ီးက်ဴးလိုက္ေလသည္။


Continue Reading

You'll Also Like

374K 38.6K 41
Title - 《顶级掠食者》 Title in English -《Alpha Predator》 Author - ShuiQianCheng [水千丞] Status- Ongoing No. of chapters - 132 Gong -瞿末予 (Qú Mò Yǔ ) / ချွီမေ...
71.5K 8.3K 84
transition novel
36.6K 3.6K 78
အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ​ရောက်လာတတ်တယ်❤ လေ​ပြေ​လေးတစ်ခုလို ညင်သာစွာ ​ရောက်လာပြီးတီးခတ်လိုက်တဲ့သံစဥ်​လေးကို ကြားရုံနဲ့တ...
587K 38.2K 37
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}