[Unicode]
နားနေခန်းထဲက အနုပညာရှင် အားလုံးက တိတ်ဆိတ်စွာပဲ သူတို့ရဲ့ သဘော မကျမှုကို ပြသလို့နေ၏။
ကျန်းရှန့်မေကလည်း ပြောင်ပြောင်ဘွင်းဘွင်း ပြောလိုက်သည်။ "စင်ပေါ်ပဲ တက်တော့မယ် အဲ့တာတောင် သီချင်းကို လဲဆိုခိုင်းချင် သေးတာလား"
ဒါရိုက်တာကတော့ ရှက်တက်တက် အမူအရာကိုသာ ပြသလို့နေ၏။
လီဟောက်ကျယ်က အလျင်အမြန်ပဲ သူမကို ဘေးပို့လိုက်သည်။
"ဒါက ဖျော်ဖြေရမယ့် လူတွေရဲ့ ပြဿနာပဲ ဝင်ပြောမနေနဲ့"
ဒါရိုက်တာကလည်း အပြစ်ရှိသလို ကြည့်လာ၏။
"ခက်ခဲမယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် ငါတို့ရဲ့ အစီအစဉ်ကလည်း လူ၂ယောက်လုံးကို ပြိုင်တူ အချစ်သီချင်းတော့ ဆိုခိုင်းလို့ မဖြစ်နိုင်ဘူးလေ။ တခြားလူတွေကလည်း ခက်ခက်ခဲခဲ လေ့ကျင့်ထားရတဲ့ သီချင်းတွေဆိုတော့ လဲပေးလို့ကလည်း မဖြစ်နိုင်ဘူး။ မင်းကသာ တစ်ခုတည်းသော မျှော်လင့်ချက် မို့လို့ပါ...."
ဒါ့အပြင် သူတို့ အနုပညာရှင် အားလုံးထဲ လက်ရှိ အခြေအနေအရ အာဏာအနည်းဆုံးကလည်း လင်းချင်ပေ့သာ ဖြစ်သည်။
'အမျိုးအစားတစ်ခုကို တစ်ယောက်ပဲ' ဆိုတာကိုတော့ နင်မုန့် နားလည်ပေးနိုင်လို့ရပေမယ့် သူတို့က စုထျန်းထျန်းရဲ့ အလိုတော်ကျ လုပ်ပေးတာကျတော့? မကျေနပ်မှုကို နင်မုန့် ပြောမယ်လုပ်လိုက်ရင်ပဲ လင်းချင်ပေ့က ရုတ်တရက် ပြောလာသည်။ "ရတယ်"
"??"
လင်းချင်ပေ့က သူမကိုကြည့်ရင်း ဂုဏ်ယူနေတဲ့ မျက်နှာဘေးနဲ့ တိတ်ဆိတ်စွာပဲ ခေါင်းငြိမ့်ပြလိုက်သည်။ အကယ်၍ နင်မုန့်ဘက်က ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်လိုက်ဖို့ ကြိုးစားမယ်ဆိုပါက အကျိုးဆက်က ဖြေရှင်းဖို့ ခက်မှာဖြစ်သည်။ လင်းချင်ပေ့ဆိုတာ အဆိုတော် တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ လူရည်လည်ခြင်းကလည်း သူမထက် ပါးနပ်သည်။ တကယ်လို့ သူ့ဘက်က ဒီကိစ္စကို လက်ခံတယ်ဆိုမှတော့ သူမ ဘက်ကလည်း သဘောတူပေးရုံသာ ဖြစ်သည်။
ဒါရိုက်တာကတော့ ဝမ်းသာသွားလေ၏။
"ပြဿနာကြီးကို ကူပြီး ဖြေရှင်းပေးလို့ ကျေးဇူးပါ ပေ့လေး။ ပွဲက တစ်နာရီခွဲ အတွင်းမှာ စလိမ့်မယ် ဘေးခန်းက အသံလုံ အခန်းကို အသုံးပြုဖို့ ဂီတအဖွဲ့ကို ပြောထားလိုက်မယ်။ ဆရာမစုနဲ့ မင်းနဲ့ သွားလိုက်ပြီး လေ့ကျင့်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ?"
သူက ထိုသို့ပြောရင်းဘဲ စုထျန်းထျန်းဘက်ကို လှည့်လိုက်သည်။
"ဆရာမစု အရင်ဆုံး လေ့ကျင့်လိုက်ပါ"
နင်မုန့်ကတော့ ဆွံ့အလို့သာ နေလေ၏။
'သူမက တူညီတဲ့ လှည့်စားမှုကိုပဲ သုံးမယ်ပေါ့?'
သူမက စုထျန်းထျန်းကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် ရယ်လိုက်သည်။
"စုထျန်းထျန်းက အသံလည်း ပျောက်နေပြီလေ။ ဘယ်လိုပြောပြော အခု သူမ ဆိုမယ့် သီချင်းက အနိမ့်သံပါတဲ့ အချစ်သီချင်းလောက်ပဲလေ ဘာလို့များ လင်းချင်ပေ့ကို အရင်ဆုံး မလေ့ကျင့် ခိုင်းရတာလဲ?"
လင်းချင်ပေ့မှာ ဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာကလည်း တကယ်ကို စိတ်ထဲ မကောင်း ဖြစ်နေတာဖြစ်သည်။ ထိုသို့ ကြားလိုက်တဲ့အခါ သူ့အနေနဲ့ စုထျန်းထျန်းရဲ့ စိတ်မကျေနပ်မှုကို ခံရမယ်ဆိုတာ သိပေမယ့် ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ တစ်ယောက်ကို မိနစ်၃၀ပဲ အချိန်ရမယ် အဲ့ထပ်ပိုလို့ မရဘူး!"
လင်းချင်ပေ့က ခေါင်းငြိမ့်လိုက်ပြီး နားနေခန်းထဲက သူတို့အကုန်လုံးကို ထားခဲ့ပြီး အသံလုံအခန်းထဲသို့ ဒါရိုက်တာနောက်မှ လိုက်သွားလိုက်သည်။ စုထျန်းထျန်းကတော့ စိတ်ပျက်စရာ အကြည့်နဲ့ နင်မုန့်ကို ကြည့်လိုက်သည်။ အခန်းထဲမှာ လူအနည်းငယ်ကလည်း ရှိနေကြတာမို့ သူမ အနေနဲ့ တိတ်ဆိတ်နေဖို့ရာသာ ဆုံးဖြတ်လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
လီဟောက်ကျယ်က စုထျန်းထျန်းဆီကို အမြန်သွားပြီး လည်ချောင်း သက်သာစေမယ့် ငုံဆေးပြား ပေးလိုက်သည်။
"ငါ ဒါတွေ ဝယ်လာခဲ့တယ် အရင်ဆုံး ဒါကိုသောက်ထားပြီး စိတ်မလှုပ်ရှားနဲ့နော်။ ဒီအချစ်သီချင်းက အနိမ့်သံလောက်ပဲ ရှိတာ။ သီချင်းရဲ့ အက်ကွဲတဲ့ ခံစားချက်ကို ပေးဖို့အတွက် စူးရှရှအသံနဲ့ ဆိုပေးလိုက်ရုံပဲ...."
စုထျန်းထျန်းက သူ့ကို နူးညံ့စွာ ကြည့်လိုက်ပြီး "ကျေးဇူးပါ ဟောက်ကျယ်"
လီဟောက်ကျယ်က ရပ်သွားသလို သူ့အသံကလည်း နွေးထွေးသွားသည်။ "တယောက်အပေါ် တစ်ယောက် အားနာနေစရာမှ မလိုတာ"
"…"
ဖုန်းနဲ့ အလုပ်ရှုပ်နေတဲ့ ကျန်းရှန့်မေကို နင်မုန့် တစ်ချက်ကြည့်လိုက်ပြီး ချောင်းဟန့်ပြလိုက်သည်။ ကျန်းရှန့်မေက လှုပ်တောင် မလှုပ်လာ။ နင်မုန့် ထပ်ပြီး ချောင်းဟန့်ပြလိုက်တော့မှ ကျန်းရှန့်မေက ကြည့်လာသည်။
"နင့်လည်ချောင်းက မသက်မသာ ဖြစ်နေလို့လား"
"??"
ထို့နောက်မှာတော့ နင်မုန့်က သူမဆီကို ကိတ်တစ်ခုနဲ့ ပီကေ ယူသွားပေးလိုက်သည်။ ခနတာ တွေးပြီးတဲ့အခါ ရေတစ်ခွက်ပါ ထပ်ယူလိုက်၏။
"ငါ့ သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူက သူမ အပေါ် သစ္စာဖောက်နေတယ်။ အဲ့ဒါ ငါ သူမကို ပြောပြလိုက်သင့်လား"
ကျန်းရှန့်မေကတော့ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်လို ဖြေလာသည်။ "တိုက်ရိုက် မပြောပဲနဲ့ အရိပ်အမွက်လောက်ပဲ ပြလိုက်"
နင်မုန့် သက်ပြင်းချလိုက်ပြီး "ငါပြပြီးသွားပြီ ဒါပေမယ့် သူမက သဘောမပေါက်ဘူး ဖြစ်နေတယ်"
"??"
ကျန်းရှန့်မေ ခေါင်းငုံ့လိုက်ပြီး လက်ဖက်စိမ်းကိတ်၊ ပီကေကို ပတ်ထားတဲ့ အစိမ်းရောင် ပါကင်နဲ့ နင်မုန့် လက်ထဲက တောက်ပနေတဲ့ အစိမ်းရောင်ရေခွက်ကို ကြည့်လိုက်သည်။
"ဘယ်သူလဲ? ဘာလို့ အဲ့တစ်ယောက်က အဲ့လောက်ထိ တုံး အ ရတာလဲ?"
"…"
ကျန်းရှန့်မေလို လူတစ်ယောက်အတွက် ဦးနှောက်ကို လှုပ်ရှားဖို့ လုပ်ရတာ အတော်ခက်ခဲတဲ့ အလုပ်ပဲ။
-
၇နာရီထိုးတဲ့အခါ ပြိုင်ပွဲက စတင်လေသည်။ လင်းချင်ပေ့က ရင်တုန်နေပြီး သီချင်းနဲ့ ကျွမ်းဝင်အောင် နားကြပ်တပ်ထားလို့နေ၏။ သူ့ကို မြင်လိုက်ကြတဲ့ လူတိုင်းက သက်ပြင်းသာ ချမိသွားကြသည်။ စုထျန်းထျန်း စင်ပေါ်သို့ တက်မယ့်အချိန်မှာ နင်မုန့်က သူမဘေးက ဖြတ်သွားလေ၏။ စုထျန်းထျန်း သူမရဲ့ စဉ်းလဲတဲ့အပြုံးကို ဖုံးဖိထားပေမယ့် သိသိသာသာ ပြုံးမိသွားသည်။
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၅ [EP-115 to 139]၊ စာစဉ်၆ [EP-140 to 164]၊ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
-----------------------
[Zawgyi]
နားေနခန္းထဲက အႏုပညာရွင္ အားလုံးက တိတ္ဆိတ္စြာပဲ သူတို႔ရဲ႕ သေဘာ မက်မႈကို ျပသလို႔ေန၏။
က်န္းရွန႔္ေမကလည္း ေျပာင္ေျပာင္ဘြင္းဘြင္း ေျပာလိုက္သည္။ "စင္ေပၚပဲ တက္ေတာ့မယ္ အဲ့တာေတာင္ သီခ်င္းကို လဲဆိုခိုင္းခ်င္ ေသးတာလား"
ဒါ႐ိုက္တာကေတာ့ ရွက္တက္တက္ အမူအရာကိုသာ ျပသလို႔ေန၏။
လီေဟာက္က်ယ္က အလ်င္အျမန္ပဲ သူမကို ေဘးပို႔လိုက္သည္။
"ဒါက ေဖ်ာ္ေျဖရမယ့္ လူေတြရဲ႕ ျပႆနာပဲ ၀င္ေျပာမေနနဲ႔"
ဒါ႐ိုက္တာကလည္း အျပစ္ရွိသလို ၾကည့္လာ၏။
"ခက္ခဲမယ္ဆိုတာ ငါသိပါတယ္ ဒါေပမယ့္ ငါတို႔ရဲ႕ အစီအစဥ္ကလည္း လူ၂ေယာက္လုံးကို ၿပိဳင္တူ အခ်စ္သီခ်င္းေတာ့ ဆိုခိုင္းလို႔ မျဖစ္ႏိုင္ဘူးေလ။ တျခားလူေတြကလည္း ခက္ခက္ခဲခဲ ေလ့က်င့္ထားရတဲ့ သီခ်င္းေတြဆိုေတာ့ လဲေပးလို႔ကလည္း မျဖစ္ႏိုင္ဘူး။ မင္းကသာ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ မို႔လို႔ပါ...."
ဒါ့အျပင္ သူတို႔ အႏုပညာရွင္ အားလုံးထဲ လက္ရွိ အေျခအေနအရ အာဏာအနည္းဆုံးကလည္း လင္းခ်င္ေပ့သာ ျဖစ္သည္။
'အမ်ိဳးအစားတစ္ခုကို တစ္ေယာက္ပဲ' ဆိုတာကိုေတာ့ နင္မုန႔္ နားလည္ေပးႏိုင္လို႔ရေပမယ့္ သူတို႔က စုထ်န္းထ်န္းရဲ႕ အလိုေတာ္က် လုပ္ေပးတာက်ေတာ့? မေက်နပ္မႈကို နင္မုန႔္ ေျပာမယ္လုပ္လိုက္ရင္ပဲ လင္းခ်င္ေပ့က ႐ုတ္တရက္ ေျပာလာသည္။ "ရတယ္"
"??"
လင္းခ်င္ေပ့က သူမကိုၾကည့္ရင္း ဂုဏ္ယူေနတဲ့ မ်က္ႏွာေဘးနဲ႔ တိတ္ဆိတ္စြာပဲ ေခါင္းၿငိမ့္ျပလိုက္သည္။ အကယ္၍ နင္မုန႔္ဘက္က ဆုံးျဖတ္ခ်က္ကို ေျပာင္းျပန္လွန္လိုက္ဖို႔ ႀကိဳးစားမယ္ဆိုပါက အက်ိဳးဆက္က ေျဖရွင္းဖို႔ ခက္မွာျဖစ္သည္။ လင္းခ်င္ေပ့ဆိုတာ အဆိုေတာ္ တစ္ေယာက္ ျဖစ္ၿပီး သူ႔ရဲ႕ လူရည္လည္ျခင္းကလည္း သူမထက္ ပါးနပ္သည္။ တကယ္လို႔ သူ႔ဘက္က ဒီကိစၥကို လက္ခံတယ္ဆိုမွေတာ့ သူမ ဘက္ကလည္း သေဘာတူေပး႐ုံသာ ျဖစ္သည္။
ဒါ႐ိုက္တာကေတာ့ ၀မ္းသာသြားေလ၏။
"ျပႆနာႀကီးကို ကူၿပီး ေျဖရွင္းေပးလို႔ ေက်းဇူးပါ ေပ့ေလး။ ပြဲက တစ္နာရီခြဲ အတြင္းမွာ စလိမ့္မယ္ ေဘးခန္းက အသံလုံ အခန္းကို အသုံးျပဳဖို႔ ဂီတအဖြဲ႕ကို ေျပာထားလိုက္မယ္။ ဆရာမစုနဲ႔ မင္းနဲ႔ သြားလိုက္ၿပီး ေလ့က်င့္ၾကမယ္ဆိုရင္ေရာ ဘယ္လိုလဲ?"
သူက ထိုသို႔ေျပာရင္းဘဲ စုထ်န္းထ်န္းဘက္ကို လွည့္လိုက္သည္။
"ဆရာမစု အရင္ဆုံး ေလ့က်င့္လိုက္ပါ"
နင္မုန႔္ကေတာ့ ဆြံ႕အလို႔သာ ေနေလ၏။
'သူမက တူညီတဲ့ လွည့္စားမႈကိုပဲ သုံးမယ္ေပါ့?'
သူမက စုထ်န္းထ်န္းကို စူးရဲစြာ စိုက္ၾကည့္လိုက္ၿပီးေနာက္ ရယ္လိုက္သည္။
"စုထ်န္းထ်န္းက အသံလည္း ေပ်ာက္ေနၿပီေလ။ ဘယ္လိုေျပာေျပာ အခု သူမ ဆိုမယ့္ သီခ်င္းက အနိမ့္သံပါတဲ့ အခ်စ္သီခ်င္းေလာက္ပဲေလ ဘာလို႔မ်ား လင္းခ်င္ေပ့ကို အရင္ဆုံး မေလ့က်င့္ ခိုင္းရတာလဲ?"
လင္းခ်င္ေပ့မွာ ျဖစ္သြားတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ဒါ႐ိုက္တာကလည္း တကယ္ကို စိတ္ထဲ မေကာင္း ျဖစ္ေနတာျဖစ္သည္။ ထိုသို႔ ၾကားလိုက္တဲ့အခါ သူ႔အေနနဲ႔ စုထ်န္းထ်န္းရဲ႕ စိတ္မေက်နပ္မႈကို ခံရမယ္ဆိုတာ သိေပမယ့္ ေခါင္းၿငိမ့္လိုက္သည္။
"ေကာင္းပါၿပီ တစ္ေယာက္ကို မိနစ္၃၀ပဲ အခ်ိန္ရမယ္ အဲ့ထပ္ပိုလို႔ မရဘူး!"
လင္းခ်င္ေပ့က ေခါင္းၿငိမ့္လိုက္ၿပီး နားေနခန္းထဲက သူတို႔အကုန္လုံးကို ထားခဲ့ၿပီး အသံလုံအခန္းထဲသို႔ ဒါ႐ိုက္တာေနာက္မွ လိုက္သြားလိုက္သည္။ စုထ်န္းထ်န္းကေတာ့ စိတ္ပ်က္စရာ အၾကည့္နဲ႔ နင္မုန႔္ကို ၾကည့္လိုက္သည္။ အခန္းထဲမွာ လူအနည္းငယ္ကလည္း ရွိေနၾကတာမို႔ သူမ အေနနဲ႔ တိတ္ဆိတ္ေနဖို႔ရာသာ ဆုံးျဖတ္လိုက္ၿပီး ဆိုဖာေပၚတြင္ ထိုင္လိုက္သည္။
လီေဟာက္က်ယ္က စုထ်န္းထ်န္းဆီကို အျမန္သြားၿပီး လည္ေခ်ာင္း သက္သာေစမယ့္ ငုံေဆးျပား ေပးလိုက္သည္။
"ငါ ဒါေတြ ၀ယ္လာခဲ့တယ္ အရင္ဆုံး ဒါကိုေသာက္ထားၿပီး စိတ္မလႈပ္ရွားနဲ႔ေနာ္။ ဒီအခ်စ္သီခ်င္းက အနိမ့္သံေလာက္ပဲ ရွိတာ။ သီခ်င္းရဲ႕ အက္ကြဲတဲ့ ခံစားခ်က္ကို ေပးဖို႔အတြက္ စူးရွရွအသံနဲ႔ ဆိုေပးလိုက္႐ုံပဲ...."
စုထ်န္းထ်န္းက သူ႔ကို ႏူးညံ့စြာ ၾကည့္လိုက္ၿပီး "ေက်းဇူးပါ ေဟာက္က်ယ္"
လီေဟာက္က်ယ္က ရပ္သြားသလို သူ႔အသံကလည္း ေႏြးေထြးသြားသည္။ "တေယာက္အေပၚ တစ္ေယာက္ အားနာေနစရာမွ မလိုတာ"
"…"
ဖုန္းနဲ႔ အလုပ္ရႈပ္ေနတဲ့ က်န္းရွန႔္ေမကို နင္မုန႔္ တစ္ခ်က္ၾကည့္လိုက္ၿပီး ေခ်ာင္းဟန႔္ျပလိုက္သည္။ က်န္းရွန႔္ေမက လႈပ္ေတာင္ မလႈပ္လာ။ နင္မုန႔္ ထပ္ၿပီး ေခ်ာင္းဟန႔္ျပလိုက္ေတာ့မွ က်န္းရွန႔္ေမက ၾကည့္လာသည္။
"နင့္လည္ေခ်ာင္းက မသက္မသာ ျဖစ္ေနလို႔လား"
"??"
ထို႔ေနာက္မွာေတာ့ နင္မုန႔္က သူမဆီကို ကိတ္တစ္ခုနဲ႔ ပီေက ယူသြားေပးလိုက္သည္။ ခနတာ ေတြးၿပီးတဲ့အခါ ေရတစ္ခြက္ပါ ထပ္ယူလိုက္၏။
"ငါ့ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ခ်စ္သူက သူမ အေပၚ သစၥာေဖာက္ေနတယ္။ အဲ့ဒါ ငါ သူမကို ေျပာျပလိုက္သင့္လား"
က်န္းရွန႔္ေမကေတာ့ အျပစ္ကင္းတဲ့ ကေလးတစ္ေယာက္လို ေျဖလာသည္။ "တိုက္႐ိုက္ မေျပာပဲနဲ႔ အရိပ္အမြက္ေလာက္ပဲ ျပလိုက္"
နင္မုန႔္ သက္ျပင္းခ်လိုက္ၿပီး "ငါျပၿပီးသြားၿပီ ဒါေပမယ့္ သူမက သေဘာမေပါက္ဘူး ျဖစ္ေနတယ္"
"??"
က်န္းရွန႔္ေမ ေခါင္းငုံ႔လိုက္ၿပီး လက္ဖက္စိမ္းကိတ္၊ ပီေကကို ပတ္ထားတဲ့ အစိမ္းေရာင္ ပါကင္နဲ႔ နင္မုန႔္ လက္ထဲက ေတာက္ပေနတဲ့ အစိမ္းေရာင္ေရခြက္ကို ၾကည့္လိုက္သည္။
"ဘယ္သူလဲ? ဘာလို႔ အဲ့တစ္ေယာက္က အဲ့ေလာက္ထိ တုံး အ ရတာလဲ?"
"…"
က်န္းရွန႔္ေမလို လူတစ္ေယာက္အတြက္ ဦးေႏွာက္ကို လႈပ္ရွားဖို႔ လုပ္ရတာ အေတာ္ခက္ခဲတဲ့ အလုပ္ပဲ။
-
၇နာရီထိုးတဲ့အခါ ၿပိဳင္ပြဲက စတင္ေလသည္။ လင္းခ်င္ေပ့က ရင္တုန္ေနၿပီး သီခ်င္းနဲ႔ ကြၽမ္း၀င္ေအာင္ နားၾကပ္တပ္ထားလို႔ေန၏။ သူ႔ကို ျမင္လိုက္ၾကတဲ့ လူတိုင္းက သက္ျပင္းသာ ခ်မိသြားၾကသည္။ စုထ်န္းထ်န္း စင္ေပၚသို႔ တက္မယ့္အခ်ိန္မွာ နင္မုန႔္က သူမေဘးက ျဖတ္သြားေလ၏။ စုထ်န္းထ်န္း သူမရဲ႕ စဥ္းလဲတဲ့အၿပဳံးကို ဖုံးဖိထားေပမယ့္ သိသိသာသာ ၿပဳံးမိသြားသည္။
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဥ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာ၀ယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဥ္ေတြပါ စာစဥ္၅ [EP-115 to 139]၊ စာစဥ္၆ [EP-140 to 164]၊ စာစဥ္၇ [EP-165 to 189]၊ စာစဥ္၈ [EP-190 to 214]၊ စာစဥ္၉[ EP-215 to 239]၊ စာစဥ္၁၀ [EP-239 to 264]၊ စာစဥ္၁၁[EP-265 to 289]၊ စာစဥ္၁၂ [EP-290 to 314]၊ စာစဥ္၁၃ [EP-315 to 339]၊ စာစဥ္၁၄ [EP-340 to 364]၊ စာစဥ္၁၅ EP-365 to 389တို႔ပါ🥰]