ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 54.9K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 138

21.6K 3.4K 293
By Dandelion_nini

Unicode

ချစ်သူတွေ ပြန်ဆုံပြီဆို အင်မတန် ချိုမြိန်တယ်
________________________________

လူနာနှစ်ရဲ့ ၁၂လပိုင်း ၂၉ရက်နေ့မှာ ယန်းချင်းချီတို့ရိုက်ကွင်းက တရားဝင်အနားပေးခဲ့သည်။ ယန်းချင်းချီ ရုပ်ရှင်ရိုက်နေတဲ့နေရာနဲ့ Xမြို့ကအရမ်းကြီးမဝေးသည့်အပြင် တနေ့ထဲကားမောင်းသွားတာနဲ့ ရောက်နိုင်သည့် အကွာအဝေးဖြစ်နေတော့ လေယာဥ်တွေ၊ကားတွေအဆင့်ဆင့်ပြောင်းစီးမနေတော့ပဲ ခရီးတစ်လျှောက်လုံးကို ကားမောင်းပြီးသွားဖို့သာ ကျန်းမော့ချန်ဆုံးဖြတ်လိုက်သည်။ ကျန်းရှင်းချန်၊ ဖေဖေကျန်း၊ မေမေကျန်းနဲ့ ယန့်ယန့်တို့က ကားတစ်စီး၊ ကျန်းမော့ချန်၊ ချီချီ၊ ပေါယန်နဲ့ ပေါဖုန်းတို့က ကားတစ်စီးစီစဥ်လိုက်သည်။

ချီချီနဲ့ယန်ယန်တို့သူငယ်ချင်းနှစ်ယောက်က ပထမဦးဆုံးနှစ်ယောက်အတူတူသွားဖူးသည့် ခရီးစဥ်လေးဖြစ်တာကြောင့် အရမ်းကိုစိတ်လှုပ်ရှားနေကြကာ လမ်းတစ်လျှောက်လုံး ကားနောက်ခန်းမှာ ရေပက်မဝင် တတွတ်တွတ် တွတ်ထိုးနေကြသည်။ ဆရာမပေးသည့်အိမ်စာကနေ လတ်တလောကြည့်နေသည့်ကာတွန်းကားအစ ဆော့နေသည့်ဂိမ်းတွေပါမကျန် နှစ်ယောက်သား အကြောင်းအရာတွေ တောင်ရောက်မြောက်ရောက်ဆွေးနွေးနေကြသည်။

ကျန်းမော့ချန် ကားနောက်ခန်းက ပန်းအနားဝဲနေသည့် ပျားလေးနှစ်ကောင်လို တဝီဝီအော်နေသော ကလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်ကာ ချီချီနဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောနေသည့် ပေါယန်ဆီအကြည့်ခဏရောက်သွားပြီးနောက် ပေါဖုန်းဘက်လှည့်၍

''မင်းရဲ့ရည်းစားပေါက်စလေးနဲ့ ပြတ်သွားပြီလို့ကြားတယ် ''

ပေါဖုန်း ကူကယ်ရာမဲ့စွာပြောလာသည်။

''သူက ပေါကတော်အရမ်းဖြစ်ချင်နေတာလေ ငါကသူ့အပေါ်ကောင်းတာနဲ့ သူ့ကိုလက်ထပ်ယူမယ်လို့ပဲထင်နေတော့တာ လူတိုင်းကိုလည်း ငါကသူ့ကိုယူမှာလို့လိုက်ပြောထားတယ် အခုအားလုံးကသူ့စကားကိုယုံကုန်ကြပြီ ငါကလည်း အဲ့လို အကျိုးမျှော်ကိုးပြီး ပေါက်ကရပြောတတ်တဲ့မိန်းမတွေဆို အမုန်းဆုံးပဲ အဲ့ဒါကြောင့်ဖြတ်ပစ်လိုက်တာ ''

''မင်းသူ့ကိုလက်ထပ်ယူဖို့အထိ စီစဥ်နေတယ်လို့ ငါတောင်ထင်လိုက်မိတာ ''

''အိမ်ထောင်ပြုတာက နှစ်ဦးနှစ်ဖက်ကိုချည်နှောင်လိုက်တဲ့သဘောပဲ ဘာတွေအလုပ်ရှုပ်ခံနေမှာလဲ ငါ့လက်ကျန်သက်တမ်းတစ်လျှောက်လုံး singleအဖြစ်နေလို့ရတယ် ငါဘယ်သူ့ကိုလက်ထပ်မယ်၊ ဘယ်အချိန်လက်ထပ်မယ်ဆိုတာက ငါကိုယ်တိုင်တောင် သေချာမသိသေးဘူး ''

ကျန်းမော့ချန် ချီချီနဲ့ပေါယန်တို့ ဂိမ်းအကြောင်းဆွေးနွေးနေတာကို နားထောင်ရင်း မင်း ဒါရိုက်တာဖုနဲ့ရော ပြန်ပေါင်းထုပ်ဖို့အစီအစဥ်ရှိလားဟု မေးလိုက်ချင်သည်။ တကယ်လို့သာ ပြန်ပေါင်းထုပ်သွားနိုင်လျှင် ပေါယန်အတွက် ဘက်ပဲ့နေသည့်မိသားစုလေးက ပြန်ပြီး ပြီးပြည့်စုံသွားပြီဖြစ်သည်။ သို့သော် ကလေးတွေက သူတို့နောက်မှာထိုင်နေတာကြောင့် ပေါဖုန်းက အချိုးမပြေစွာတစ်ခုခုထပြောလိုက်လျှင် ပေါယန်ကြားသွားပြီး စိတ်မကောင်းဖြစ်သွားမှာစိုးသဖြင့် ကျန်းမော့ချန် အဆုံးအထိမမေးဖြစ်ခဲ့ပါ။

ချီချီနဲ့ ပေါယန်တို့ မမောနိုင်၊မပန်းနိုင် စကားအကြာကြီးပြောပြီးနောက် ချီချီတစ်ယောက်အာခေါင်ခြောက်လာတာကြောင့် သူ့ကျောပိုးအိတ်သေးသေးလေးထဲက ဒိန်ချဥ်တစ်ဘူးထုတ်လိုက်သည်။ ချီချီက စိတ်ကောင်းနှလုံးကောင်းရှိသည့် ကလေးလေးဖြစ်တဲ့အတွက် သူ့အတွက်တစ်ဘူးထုတ်ကာ၊ ယန်ယန့်ကို တစ်ဘူးလှမ်းပေးရင်း၊ ကားမောင်းနေသည့် သူ့ဒယ်ဒီကျန်းမော့ချန်ကိုလှမ်းကြည့်ပြီး အသံချိုချိုလေးဖြင့်မေးလာသည်။

''ဒယ်ဒီ ​ရေဆာလား ဒိန်ချဥ်သောက်ချင်လား ''

ကျန်းမော့ချန် နွေးနွေးထွေးထွေးလေးပြန်ဖြေလိုက်သည်။

''ဒယ်ဒီရေမဆာဘူးနော် ချီချီပဲအကုန်သောက်လိုက် ''

''ဒါဆို ဒယ်ဒီတစ်ခုခုစားချင်လား '' ချီချီတစ်​ယောက် သူ့ကျောပိုးအိတ်သေးသေးလေးထဲလှမ်းကြည့်ကာ '' ချီချီ့အိတ်ထဲမှာ စားစရာတွေအများကြီးရှိတယ် ဘီစကွတ်၊ အာလူးကြော်၊ ချောကလက်၊ ဂျယ်လီ၊ သကြားလုံး ဒယ်ဒီဘာစားချင်လဲ ''

သူက ထိုသို့မေးရင်း အိတ်ထဲကနေ ဘီစကွတ်တစ်ဘူးထုတ်ကာ ကားရှေ့ခုံဆီလှမ်းပေးလာသည်။

ကျန်းမော့ချန် ချီချီ့ကိုနောက်တစ်ခေါက်ပြန်ဖြေရပြန်သည်။

''ဒယ်ဒီကားမောင်းနေတာ အခုစားလို့မရသေးဘူးနော် သားအရင်စားနှင့်လိုက် ပြီးမှဒယ်ဒီစားမယ် ''

''သြော ဒါဆို ဒယ်ဒီ့အတွက်သိမ်းထားပေးမယ် '' ချီချီ ထိုသို့ပြောရင်း ဘီစကွတ်ဘူးလေးကို အိတ်ထဲပြန်သိမ်းလိုက်ကာ အာလူးကြော်နှစ်ထုပ်ထုတ်ပြီးနောက် ပေါယန်ကိုတစ်ထုပ်ပေးရင်း ပျော်ပျော်ရွှင်ရွှင်ပြောလာသည်။

''လာ ငါတို့စားကြရအောင် ''

ရလာဒ်အနေနဲ့ကတော့ ချီချီ သူ့ရဲ့အာလူးကြော်ထုပ်လေး ဖောက်နေစဥ် ပေါဖုန်း သူ့ကိုလှမ်းကြည့်နေသည်အား သတိထားမိသွားလေသည်။ ချီချီ ပေါဖုန်းကို မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်ကြည့်နေလိုက်ကာ ခဏလောက်စဥ်းစားပြီးနောက် သူ့လက်ထဲက အာလူးကြော်ထုပ်ကိုငုံ့ကြည့်ရင်း မေးလာခဲ့သည်။

''ဦးဦးရော အာလူးကြော်စားချင်လို့လား ရော့ ဒါ ဦးဦးကိုပေးမယ် ''

ပေါဖုန်း သူများအိမ်ကကလေးကိုကြည့်ရင်း ကိုယ့်အိမ်ကကလေးကိုပြန်ကြည့်လိုက်သည်။ ပေါယန်ကလည်း သူ့ပါးပါး သူ့ကိုလှမ်းကြည့်နေတာမြင်တော့ ချီချီပေးထားသည့်အာလူးကြော်ထုပ်လေးကို ရင်ဝယ်ပိုက်ပြီး အသက်တမျှကာကွယ်ထားရင်း လူကြီးပေါက်စလေးလိုပြောလာသည်။

''ဘာလာကြည့်တာလဲ မရှိရင်မစားနဲ့ လာကြည့်လည်းမပေးဘူး ''

ပေါဖုန်း : ..........ဒါက ဘယ်လိုတောင် ကြက်အစပ်လိုသားမျိုးလဲ! ငါမလိုချင်တော့ဘူး! ငါကလေးချိန်းချင်တယ်!

(T/N: internet slangပါ အမှိုက်လို့အဓိပ္ပါယ်ရပါတယ်)

သူ ချီချီ့ကိုပြုံးပြလိုက်ကာ ဦးဦးမစားတော့ဘူးဟုပြန်ဖြေပြီးနောက် ကျန်းမော့ချန်ဘက်ပြန်လှည့်ရင်း အကြံဉာဏ်တောင်းလိုက်သည်။

''လောင်ကျန်းရေ သားလိမ္မာလေးဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင်လဲဆိုတဲ့ အတွေ့အကြုံလေးဘာလေးများ မဝေမျှချင်ဘူးလား ယောကျ်ားလေးချင်းအတူတူကို မင်းအိမ်ကကလေးက ဒိုးနတ်လေးလိုချိုမြနေချိန်မှာ ငါ့အိမ်ကကလေးက ဘာလို့ကျောက်ခဲကြီးလိုမာနေရတာလဲကွာ ကွာဟချက်ကသိပ်ကြီးမားလွန်းတယ် ''

ပေါယန် ထိုစကားကိုကြားတာနဲ့ မကျေနပ်ချက်ကိုဖော်ပြသည့်အနေဖြင့် 'ဟွန့်!' ဆိုသော အသံကျယ်ကြီး ထွက်ပြလာသည်။

ကျန်းမော့ချန်ရယ်ရင်း

''အဖြေကရိုးရိုးလေးပါ တစ်ခုပဲရှိတယ် '' သူ ပေါဖုန်းကိုလှမ်းကြည့်လိုက်ကာ '' ဇနီးကောင်းလေးရှာလိုက် အားလုံးအဆင်ပြေသွားလိမ့်မယ် ''

ပေါဖုန်း : '' ???မင်းအခု ငါ့ကို မင်းဇနီးကောင်းကြောင်း ထုတ်ကြွားနေတာလား ''

''ငါက အမှန်အတိုင်းပြောပြတဲ့ဟာကို '' ကျန်းမော့ချန် ရိုးရိုးသားသားလေးပြန်ဖြေလာသည်။

သူတို့ 《 မြူနှင်းကြားကသိုင်းသမား 》ရိုက်ကူးရေးလုပ်နေသည့် မြို့ကိုရောက်တော့ ညနေ၅နာရီတောင်ထိုးနေပြီဖြစ်သည်။ ကျန်းမော့ချန် သူ့လက်ထောက်ကို ဒီမြို့ရဲ့အကောင်းဆုံးဟိုတယ်မှာ ကြိုတင် bookingတင်ခိုင်းထားပြီးသားဖြစ်တာကြောင့် မြို့ထဲဝင်တာနဲ့ ပို့ထားသည့်လိပ်စာအတိုင်း ကားမောင်းသွားလိုက်ကာ ဟိုတယ်ကကားပါကင်မှာကားထိုးပြီးနောက် တစ်ခါထဲ check-in ဝင်လိုက်ကြသည်။

ကလေးနှစ်ယောက်က အနည်းငယ်ခရီးပန်းလာတဲ့အတွက် ကားပေါ်မှာတင် အိပ်ပျော်သွားကြပြီဖြစ်ကာ ကျန်းမော့ချန် ကလေးတွေကို ကျန်းရှင်းချန်အခန်းမှာသိပ်ထားရင်း သူမနဲ့အတူတူ နှစ်ကူးအစီအစဥ်အချို့ ဆွေးနွေးနေသည်။ ဒီအတောအတွင်း ဒီဟိုတယ်မှာတည်းမည်ဖြစ်ကြောင်းနှင့် နှစ်သစ်ကိုလည်း ဒီမှာပဲကူးမယ်ကြားတော့ ကျန်းရှင်းချန်လက်ခံလိုက်ကာ သူမမောင်ကိုကြည့်ရင်း မေးလာခဲ့သည်။

''နင် ဒီညချင်းချီဆီသွားမှာလား ''

''ကျိန်းသေပေါက်သွားမှာပေါ့ ဒါပေမဲ့ ချီချီကအိပ်ပျော်နေတာဆိုတော့ သူ့ကိုမခေါ်သွားတော့ဘူး ပြီးမှချင်းချီနဲ့လာခေါ်လိုက်မယ် ''

''ကောင်းပြီလေ ''

ပေါယန်ကလည်း အိပ်ပျော်နေတဲ့အတွက် ကျန်းမော့ချန် ပေါဖုန်းနဲ့ပဲဟိုတယ်ထဲကနေ ထွက်လာလိုက်တော့သည်။ ပေါဖုန်းက သူ့သားအတွက် မှတ်စုတိုလေးချန်ထားခဲ့ကာ ကျန်းရှင်းချန်ကလည်း ကလေးကို ကူကြည့်ပေးမည်ဖြစ်ကြောင်း ကတိပေးလာသည်။

နောက်တစ်နေ့က နှစ်သစ်ကူးဖြစ်တာကြောင့် အိမ်မပြန်နိုင်လျှင်တောင် မိသားစုနဲ့ဖုန်းဆက်ပြီးနှစ်ကူးဆုတောင်းလုပ်ပေးနိုင်ဖို့ ဖုမင်ကျီး ဒီနေ့ညနေပိုင်းမှာ ရှူတင်အစောကြီးအနားပေးလိုက်သည်။

ယန်းချင်းချီ ဟိုတယ်ပြန်ရောက်တာနဲ့ ကျန်းမော့ချန်ဆီဖုန်းခေါ်လိုက်သော်ငြား တဖက်ကပြန်မဖြေပါ။ သူအများကြီးလျှောက်တွေးမနေပဲ အလုပ်များနေလို့ မကိုင်တာဖြစ်မည်ဟု ဖြည့်တွေးလိုက်ရင်း ဖုန်းချကာ သူ့အိမ်သူဖုန်းခေါ်လိုက်သည်။

မေမေယန်းက နှစ်ကူးလည်း ရိုက်ကွင်းထဲမှာပဲကုန်ဆုံးရမယ်ကြားလိုက်တော့ သူမ သူ့အတွက် စိတ်မကောင်းဖြစ်သွားသည်။

''ဒါဆို ဒီနှစ် နှစ်သစ်ကူးကို တစ်ယောက်ထဲနေရတော့မှာပေါ့ ''

''တစ်ယောက်ထဲမဟုတ်ပါဘူး မားရဲ့ ရိုက်ကွင်းထဲမှာလူတွေအများကြီးရှိပါတယ် ''

''အဲ့လူတွေက မိသားစုနဲ့တော့ ဘယ်ယှဥ်လို့ရပါ့မလဲ သားရယ် '' မေမေယန်းက စိတ်ထဲရှိရာပြောလာသည်။ '' သူစိမ်းနဲ့ဖြတ်သန်းရတဲ့ခံစားချက်နဲ့ မိသားစုနဲ့ဖြတ်သန်းရတဲ့ခံစားချက်ကတော့ တူမလား ''

''မတတ်နိုင်ဘူးလေ မားရယ် အနုပညာရှင်တိုင်းက အဲ့လိုပဲ ''

''အိုင်း '' မေမေယန်း သက်ပြင်းချလိုက်သည်။ '' သားက TVပေါ်မှာ ထွန်းလင်းတောက်ပနေတာမြင်ရတော့ မားကစိတ်ချမ်းသာနေတာ ဒါပေမဲ့ ကြည့်ရတာ မားထင်သလောက်မလွယ်ပါဘူး မင်းတို့အလုပ်ကခက်ခဲလိုက်တာ ''

''ဘယ်အရာမှမလွယ်ကူဘူးလေမားရာ ဒါပေမဲ့ အကောင်းဘက်ကတွေးကြည့်ရင်တော့ အနုပညာအလုပ်က ပိုက်ဆံပေါပေါသီသီရတဲ့အပြင် တောက်ပလင်းလက်တဲ့ဘဝလည်းရှိတယ် လူချစ်လူခင်လည်းပေါတယ် အဲ့လောက်နဲ့တင်မဆိုးဘူးလို့ပြောလို့ရပြီမလား ''

မေမေယန်းတစ်ယောက် သူမပြောချင်သည့်စကားများကို ပြန်မျိုချလိုက်ကာ

''ဒါဆို သား ကိုယ့်ကိုကိုယ် ဂရုစိုက်နော် အစားလည်းသေချာစား နှစ်ကူးညစာကတစ်ယောက်ထဲဆို အထီးကျန်သလိုခံစားရလိမ့်မယ် သားရိုက်ကွင်းထဲကအဖွဲ့သားတွေနဲ့အတူတူစားလေ ရတယ်မလား ''

''ရပါတယ် မား သားကိုစိတ်မပူပါနဲ့ ဒါနဲ့ နှစ်ကူးပစ္စည်းတွေဝယ်ပြီးသွားပြီလား အိမ်မှာ နှစ်ကူးဆုတောင်းစာတွေရောကပ်ပြီးသွားပြီလား ''

''အားလုံးလုပ်ပြီးပြီ အဲ့ဒါတွေကျ မားကမင်းထက်ပိုပြီးနားလည်ပါတယ် ကိုယ့်ကိုကိုယ်သာဂရုစိုက်စမ်းပါ အိမ်မှာအားလုံးအဆင်ပြေတယ် စိတ်မပူနဲ့ လွန်ခဲ့တဲ့နှစ်ရက်ကတောင် မော့ချန် ချီချီနဲ့ယန့်ယန့်ကို အိမ်ခေါ်လာသေးတယ် မားမပြောဘူးလား ယန့်ယန့်ကကြီးလာလေ မင်းနဲ့ပိုတူလာလေပဲ တစ်ချက်ကြည့်လိုက်တာနဲ့ မင်းရုပ်ပဲ ''

ယန်းချင်းချီ ရယ်လိုက်ကာ

'' ကျွန်တော်သူ့ကို ဒီလောက်အကြာကြီး ခက်ခက်ခဲခဲနဲ့လွယ်ထားရတာ ကျွန်တော်နဲ့မတူလို့ဖြစ်ပါ့မလား ''

မေမေယန်းတစ်ယောက် သူမသားရဲ့ကလေးဆန်တဲ့စကားတွေကိုကြားတော့ မရယ်ပဲမနေနိုင်ခဲ့။

''ရှောင်ချီအာ အခု မင်းဆီမှာ ပျော်ရွှင်စရာကောင်းတဲ့မိသားစုနဲ့ အောင်မြင်တဲ့အလုပ်အကိုင်ရှိနေတာကို မြင်ရတော့ မားနဲ့မင်းရဲ့ပါးက စိတ်အေးရပါပြီ ''

''ဒါဆို မားတို့ အရင်က စိတ်ပူခဲ့ရတယ်ပေါ့? ''

''မင်းတို့စပြီးလက်ထပ်တုန်းက ပူခဲ့ရတာပေါ့ အဲ့တုန်းက မားတို့အိမ်အခြေအနေနဲ့ ကျန်းအိမ်အခြေအနေက တူမှမတူတာ ပြီးတော့ မားတို့မိသားစုထဲမှာလည်း ယောကျ်ားလေးချင်းလက်ထပ်တာကအခုမှကြုံဖူးတာဆိုတော့ မားမှာစိတ်မပူပဲမနေနိုင်ဘူး ​ပြီးတော့မော့ချန်က နာမည်ကြီးနေတဲ့မင်းသားလေ မင်းကနာမည်မရှိသေးဘူး အဲ့တုန်းကဆို မင်းတို့ လက်ထပ်မှတ်ပုံတင်ယူပြီးတာနဲ့ ကွာရှင်းတော့မယ်လို့ပြောလာရင်လည်း လက်ခံပေးလို့ရအောင် မားတို့ စိတ်ကိုအတတ်နိုင်ဆုံးပြင်ဆင်ထားတာ ဒါပေမဲ့ မမျှော်လင့်ထားတာက မင်းတို့နှစ်ယောက် မိသားစုလေးတစ်ခုဖန်တီးပြီး ပျော်ပျော်ရွှင်ရွှင်နေ,နေကြတာပဲ '' သူမ ထိုစကားများကို အရမ်းကိုစိတ်ကျေနပ်ပျော်ရွှင်နေသည့် လေသံဖြင့်ပြောလာခဲ့သည်။  ''အိုင်း လွယ်တော့မလွယ်ကူခဲ့ဘူးပေါ့ ''

ယန်းချင်းချီ သူ့အမေရဲ့စကားတွေကို ပြုံးပြုံးကြီးနားထောင်နေလိုက်ကာ နှလုံးသားထဲ ဝါဂွမ်းလေးတွေဖုံးအုပ်ထားသလိုမျိုး ညင်သာနူးညံ့နွေးထွေးသွားသည်။ 

ယန်းချင်းချီ မေမေယန်းနဲ့ ဟိုအကြောင်း ဒီအကြောင်းပြောနေရင်း ဖုန်းအစိမ်းတစ်လုံးဝင်လာမှ မေမေယန်းကိုနှုတ်ဆက်စကားပြောပြီး ဖုန်းချလိုက်သည်။ ပြီးမှ သူ ထိုဖုန်းနံပါတ်အစိမ်းကို လက်ခံဖြေဆိုလိုက်လေသည်။ 

''ဝေ? ''

''မစ္စတာယန်းလားမသိဘူး ကျွန်တော်ပစ္စည်းလာပို့တာပါ ပစ္စည်းလက်ခံဖို့ ခင်ဗျားလက်မှတ်လိုပါတယ် ''

''delivery? '' ယန်းချင်းချီအူကြောင်ကြောင်လေးဖြစ်သွားသည်။ '' ကျွန်တော်အခုတလော ဘာမှမဝယ်ထားပါဘူး ''

''ခင်ဗျားဖုန်းနံပါတ်က ဒီမှာရေးထားလို့လေ ခင်ဗျားမျိုးရိုးနာမည်က ယန်းမလား ဒီလိုမျိုးရိုးနာမည်မျိုးက အသုံးရှားတော့ ဘယ်သူမှမှားမပို့လောက်ဘူးလို့ထင်တာပဲ ထွက်လာပြီးလက်မှတ်ထိုးပေးလို့ရမလားဗျ ကျွန်တော် ဟိုတယ်အနောက်ပေါက်မှာစောင့်နေပါ့မယ် ''

''ကောင်းပါပြီ ''

ယန်းချင်းချီ ဖုန်းချပြီးနောက် ကုတ်ထပ်ဝတ်ကာ တံခါးဖွင့်လိုက်သည်။ ပစ္စည်းပို့လိုက်တဲ့လူက ကျန်းမော့ချန်များဖြစ်နေမလား။ မဟုတ်ရင် ဒီလိုအချိန်ကြီးမှာ ဘယ်သူက သူ့ဆီပါဆယ်ပို့မှာလဲ။ မကြာခင်ပဲ နှစ်သစ်ကူးတော့မယ်။ Deliveryသမားတွေက အခုအချိန်အထိ အလုပ်လုပ်နေကြတုန်းလား။ သူ မလွယ်ကူဘူးဟု တွေးလိုက်မိသည်။

ယန်းချင်းချီ တံခါးဖွင့်ကာ အပြင်ထွက်လာလိုက်သည်။

သိပ်မကြာခင် ယန်းချင်းချီ ဟိုတယ်အနောက်ပေါက်ရောက်တာနဲ့ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးလူတစ်ယောက်က ကတ်ထူဘူးတစ်ဘူးကိုင်ကာ ရပ်စောင့်နေတာကို မြင်လိုက်ရလေသည်။ သူ ထိုလူ့အနားရောက်သွားတာနဲ့ တဖက်ကလည်း သူ့ကိုမေးလာခဲ့သည်။

''ခင်ဗျားက မစ္စတာယန်းမလား ခင်ဗျားရဲ့ဖုန်းနံပါတ်က xxxxနဲ့ဆုံးတယ် ဟုတ်လား ''

ယန်းချင်းချီ ခေါင်းငြိမ့်ပြလိုက်ကာ

''ဟုတ်တယ် ''

''ဒီမှာ ခင်ဗျားရဲ့ပစ္စည်း '' ထိုလူက သူ့လက်ထဲက ကတ်ထူဘူးကို ယန်းချင်းချီလက်ထဲလွှဲပြောင်းထည့်ပေးပြီးနောက် လှည့်ထွက်သွားလေသည်။

ယန်းချင်းချီ လက်ထဲကဘူးကိုငုံ့ကြည့်လိုက်တော့ မှောင်နေပြီဆိုသော်ငြား လမ်းမီးတိုင်ဖျော့ဖျော့အောက်တွင် ''ကျန်း'' ဆိုသောစကားလုံးကို ပို့သူနေရာမှာ ရှင်းရှင်းလင်းလင်းရေးထားသည်အား မြင်လိုက်ရသည်။ ထင်တဲ့အတိုင်းပဲ။ ကျန်းမော့ချန်ပို့လိုက်တာ။ ဘာလဲတော့မသိဘူး။

ယန်ချင်းချီ ကတ်ထူဘူးလေးပိုက်ကာ သူ့အခန်းသူပြန်လာခဲ့သည်။

သူ ဓာတ်လှေကားထဲဝင်လိုက်ကာ သူ့အခန်းရှိတဲ့အထပ်မှာဆင်းပြီး တံခါးကိုကတ်ဆွဲဖွင့်လိုက်တာနဲ့ ဝင်ဝင်ချင်း သူ့အခန်းထဲက ဆိုဖာပေါ်မှာ လူတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရလေသည်။

ကျန်းမော့ချန် အပြုံးလေးဖြင့်နှုတ်ဆက်လာသည်။

'' Surprise ''

ယန်းချင်းချီ ကြောင်တောင်တောင်လေးရပ်နေကာ သူ့မျက်လုံးသူမယုံနိုင်သလိုမျိုး ကျန်းမော့ချန်ကိုအသေအချာကြည့်နေသည်။

ယန်းချင်းချီဆီကနေ ဒီလိုအံသြသွားသည့်အမူအရာမျိုးမြင်ရတာက ရှားပါးတာကြောင့် ကျန်းမော့ချန် သူ့အားထုတ်မှုအပေါ် နည်းနည်းလေးပျော်သွားသည်။

''အံ့သြသွားလား ''

ထိုအခါမှ ယန်းချင်းချီလည်း အံ့သြမှုကမ္ဘာထဲကနေ နိုးထလာနိုင်တော့သည်။ သူ့ရဲ့နှုတ်ခမ်းထောင့်နှစ်ဖက်က သူတောင်မသိလိုက်ပါပဲ ချက်ချင်းမြင့်တက်သွားကာ တဆတ်ဆတ်ခေါင်းငြိမ့်ပြပြီးနောက် တံခါးကိုဖြေးဖြေးချင်းပိတ်လိုက်သည်။

''ခင်ဗျားဘယ်လိုလုပ်ရောက်လာတာလဲ ''

ကျန်းမော့ချန် ယန်းချင်းချီလေသံထဲက ဖုံးမရဖိမရသည့် ပျော်ရွှင်မှုတစ်ချို့ကိုရိပ်စားမိလိုက်တော့ သူ နူးနူးညံ့ညံ့လေး ပြန်ဖြေလာသည်။ '' ကိုယ် မင်းကို နှစ်ကူးမှာအဖော်ပြုပေးဖို့လာခဲ့တာလေ '' သူ ယန်းချင်းချီကိုကြည့်လိုက်ကာ '' မင်း ဒီမှာတစ်ယောက်ထဲ နှစ်ကူးမှာကို ကိုယ်ကဘယ်လိုလုပ်လွှတ်ထားရက်မှာလဲ ''

ယန်းချင်းချီ တဖက်လူစကားကြောင့် ရင်ခုန်သွားကာ ကတ်ထူဘူးလေးပိုက်ရင်း ကျန်းမော့ချန်အနားလျှောက်လာပြီးနောက် ကတ်ထူဘူးကိုကော်ဖီစားပွဲပေါ်တင်ပြီး ဘေးမှာဝင်ထိုင်လိုက်သည်။ နှစ်ယောက်သား အကြာကြီးနေမှပြန်ဆုံရခြင်းဖြစ်တာကြောင့် သူ ကျန်းမော့ချန်ကို ကြည့်လိုက်တဲ့အချိန် မျက်လုံးထဲမှာ ချစ်ရိပ်တွေပြည့်နှက်နေသည်။

ကျန်းမော့ချန်ကလည်း ယန်းချင်းချီနည်းတူ အချစ်တွေဖိတ်လျှံကျနေသည့် မျက်ဝန်းတစ်စုံဖြင့်ကြည့်နေလိုက်ကာ ဆက်ပြီးအောင့်အီးမသည်းခံနိုင်တော့သလိုမျိုး လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး ဘေးကလူကိုဆွဲဖက်ပစ်လိုက်သည်။ သူ့ရင်ခွင်ထဲ ချစ်ရသူရဲ့အပူချိန်နဲ့ ရင်းနှီးနေကျရနံ့လေးကိုခံစားလိုက်ရမှ စိတ်အေးသက်သာရာရသွားကာ ဆံပင်လေးတွေကို တဖွဖွနမ်းရင်းပြောလာသည်။

''ကိုယ်မင်းကိုလွမ်းနေတာ ''

ထိုစကားကြားလိုက်တာနဲ့ ယန်းချင်းချီနှလုံးသားလေးကလည်း marshmellowလို ပျော့အိနူးညံ့သွားကာ ကျန်းမော့ချန်ကိုပြန်ဖက်ထားရင်း ခပ်တိုးတိုးပြောလာခဲ့သည်။

''ကျွန်တော်လည်း ခင်ဗျားကိုလွမ်းတယ် ''

သူ ကျန်းမော့ချန်ကို မော့ကြည့်ကာ တဖက်လူနှုတ်ခမ်းတစ်စုံကို သူ့နှုတ်ခမ်းဖြင့်ဖိကပ်လိုက်ရင်း

''အရမ်းလွမ်းနေတာ ''

ကျန်းမော့ချန် ဘာမှတောင်ပြန်မပြောနိုင်တော့ပဲ အသည်းအသန်နမ်းလာခဲ့သည်။

ယန်းချင်းချီ အပြုံးလေးဖြင့် တဖက်လူအလိုကျ အလိုက်တသိတုံ့ပြန်ပေးလိုက်သည်။

နှစ်ယောက်သား အကြာကြီးနမ်းပြီးသွားမှ အမောတကြီးပြန်ခွာလိုက်ကြကာ ယန်းချင်းချီ သူ့ရှေ့ကကတ်ထူဘူးကိုကြည့်ရင်း ကျန်းမော့ချန်ကိုမေးခွန်းထုတ်လာခဲ့သည်။

'' ခင်ဗျား လူကိုယ်တိုင်ပဲရောက်လာပြီ ပစ္စည်းကို ဘာလို့တကူးတကလာပို့ခိုင်းတာလဲ ''

ထိုမေးခွန်းမေးအပြီး ချက်ချင်းအတွေးပေါက်သွားကာ ကျန်းမော့ချန်ကို မျက်လုံးလေးမှေးကြည့်ရင်း

''ကျားကိုဂူထဲကနေမျှားထုတ်တာ? ရှေ့ကအယောင်ပြပြီးနောက်ကတိုက်ခိုက်တာ? ''

ကျန်းမော့ချန်ရယ်လိုက်ကာ

'' အဲ့လိုမှမဟုတ်ရင် ကိုယ်မင်းကို ဘယ်လိုလုပ်အံသြသွားအောင်လုပ်လို့ရတော့မှာလဲ ''

''ဒါနဲ့ ခင်ဗျားဒီထဲကို ဘယ်လိုဝင်လာတာလဲ '' ယန်းချင်းချီ တကယ်ကြီးသိချင်သွားသည်။

________________________________

Niniလည်း ဒီထဲမှာ သိချင်တာရှိပါတယ်။ ပေါယန်အိပ်နေတာကို ပေါဖုန်းက ကျန်းမော့ချန်နဲ့ ဘာလိုက်လုပ်တာလဲ။ ပြောတော့ သားကိုဂရုစိုက်ဖို့လိုက်လာတာပါဆို 🤧 ဘာလဲ ကလေးအိပ်နေတုန်း ဖုမင်ကျီးနဲ့ ရန်ကြိုဖြစ်ထားမလို့လား 😂

Zawgyi

ခ်စ္သူေတြ ျပန္ဆုံၿပီဆို အင္မတန္ ခ်ိဳၿမိန္တယ္
________________________________

လူနာႏွစ္ရဲ႕ ၁၂လပိုင္း ၂၉ရက္ေန႔မွာ ယန္းခ်င္းခ်ီတို႔႐ိုက္ကြင္းက တရားဝင္အနားေပးခဲ့သည္။ ယန္းခ်င္းခ်ီ ႐ုပ္႐ွင္႐ိုက္ေနတဲ့ေနရာနဲ႔ Xၿမိဳ႕ကအရမ္းႀကီးမေဝးသည့္အျပင္ တေန႔ထဲကားေမာင္းသြားတာနဲ႔ ေရာက္ႏိုင္သည့္ အကြာအေဝးျဖစ္ေနေတာ့ ေလယာဥ္ေတြ၊ကားေတြအဆင့္ဆင့္ေျပာင္းစီးမေနေတာ့ပဲ ခရီးတစ္ေလွ်ာက္လုံးကို ကားေမာင္းၿပီးသြားဖို႔သာ က်န္းေမာ့ခ်န္ဆုံးျဖတ္လိုက္သည္။ က်န္း႐ွင္းခ်န္၊ ေဖေဖက်န္း၊ ေမေမက်န္းနဲ႔ ယန္႔ယန္႔တို႔က ကားတစ္စီး၊ က်န္းေမာ့ခ်န္၊ ခ်ီခ်ီ၊ ေပါယန္နဲ႔ ေပါဖုန္းတို႔က ကားတစ္စီးစီစဥ္လိုက္သည္။

ခ်ီခ်ီနဲ႔ယန္ယန္တို႔သူငယ္ခ်င္းႏွစ္ေယာက္က ပထမဦးဆုံးႏွစ္ေယာက္အတူတူသြားဖူးသည့္ ခရီးစဥ္ေလးျဖစ္တာေၾကာင့္ အရမ္းကိုစိတ္လႈပ္႐ွားေနၾကကာ လမ္းတစ္ေလွ်ာက္လုံး ကားေနာက္ခန္းမွာ ေရပက္မဝင္ တတြတ္တြတ္ တြတ္ထိုးေနၾကသည္။ ဆရာမေပးသည့္အိမ္စာကေန လတ္တေလာၾကည့္ေနသည့္ကာတြန္းကားအစ ေဆာ့ေနသည့္ဂိမ္းေတြပါမက်န္ ႏွစ္ေယာက္သား အေၾကာင္းအရာေတြ ေတာင္ေရာက္ေျမာက္ေရာက္ေဆြးေႏြးေနၾကသည္။

က်န္းေမာ့ခ်န္ ကားေနာက္ခန္းက ပန္းအနားဝဲေနသည့္ ပ်ားေလးႏွစ္ေကာင္လို တဝီဝီေအာ္ေနေသာ ကေလးႏွစ္ေယာက္ကို လွမ္းၾကည့္လိုက္ကာ ခ်ီခ်ီနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္စကားေျပာေနသည့္ ေပါယန္ဆီအၾကည့္ခဏေရာက္သြားၿပီးေနာက္ ေပါဖုန္းဘက္လွည့္၍

''မင္းရဲ႕ရည္းစားေပါက္စေလးနဲ႔ ျပတ္သြားၿပီလို႔ၾကားတယ္ ''

ေပါဖုန္း ကူကယ္ရာမဲ့စြာေျပာလာသည္။

''သူက ေပါကေတာ္အရမ္းျဖစ္ခ်င္ေနတာေလ ငါကသူ႕အေပၚေကာင္းတာနဲ႔ သူ႕ကိုလက္ထပ္ယူမယ္လို႔ပဲထင္ေနေတာ့တာ လူတိုင္းကိုလည္း ငါကသူ႕ကိုယူမွာလို႔လိုက္ေျပာထားတယ္ အခုအားလုံးကသူ႕စကားကိုယုံကုန္ၾကၿပီ ငါကလည္း အဲ့လို အက်ိဳးေမွ်ာ္ကိုးၿပီး ေပါက္ကရေျပာတတ္တဲ့မိန္းမေတြဆို အမုန္းဆုံးပဲ အဲ့ဒါေၾကာင့္ျဖတ္ပစ္လိုက္တာ ''

''မင္းသူ႕ကိုလက္ထပ္ယူဖို႔အထိ စီစဥ္ေနတယ္လို႔ ငါေတာင္ထင္လိုက္မိတာ ''

''အိမ္ေထာင္ျပဳတာက ႏွစ္ဦးႏွစ္ဖက္ကိုခ်ည္ေႏွာင္လိုက္တဲ့သေဘာပဲ ဘာေတြအလုပ္႐ႈပ္ခံေနမွာလဲ ငါ့လက္က်န္သက္တမ္းတစ္ေလွ်ာက္လုံး singleအျဖစ္ေနလို႔ရတယ္ ငါဘယ္သူ႕ကိုလက္ထပ္မယ္၊ ဘယ္အခ်ိန္လက္ထပ္မယ္ဆိုတာက ငါကိုယ္တိုင္ေတာင္ ေသခ်ာမသိေသးဘူး ''

က်န္းေမာ့ခ်န္ ခ်ီခ်ီနဲ႔ေပါယန္တို႔ ဂိမ္းအေၾကာင္းေဆြးေႏြးေနတာကို နားေထာင္ရင္း မင္း ဒါ႐ိုက္တာဖုနဲ႔ေရာ ျပန္ေပါင္းထုပ္ဖို႔အစီအစဥ္႐ွိလားဟု ေမးလိုက္ခ်င္သည္။ တကယ္လို႔သာ ျပန္ေပါင္းထုပ္သြားႏိုင္လွ်င္ ေပါယန္အတြက္ ဘက္ပဲ့ေနသည့္မိသားစုေလးက ျပန္ၿပီး ၿပီးျပည့္စုံသြားၿပီျဖစ္သည္။ သို႔ေသာ္ ကေလးေတြက သူတို႔ေနာက္မွာထိုင္ေနတာေၾကာင့္ ေပါဖုန္းက အခ်ိဳးမေျပစြာတစ္ခုခုထေျပာလိုက္လွ်င္ ေပါယန္ၾကားသြားၿပီး စိတ္မေကာင္းျဖစ္သြားမွာစိုးသျဖင့္ က်န္းေမာ့ခ်န္ အဆုံးအထိမေမးျဖစ္ခဲ့ပါ။

ခ်ီခ်ီနဲ႔ ေပါယန္တို႔ မေမာႏိုင္၊မပန္းႏိုင္ စကားအၾကာႀကီးေျပာၿပီးေနာက္ ခ်ီခ်ီတစ္ေယာက္အာေခါင္ေျခာက္လာတာေၾကာင့္ သူ႕ေက်ာပိုးအိတ္ေသးေသးေလးထဲက ဒိန္ခ်ဥ္တစ္ဘူးထုတ္လိုက္သည္။ ခ်ီခ်ီက စိတ္ေကာင္းႏွလုံးေကာင္း႐ွိသည့္ ကေလးေလးျဖစ္တဲ့အတြက္ သူ႕အတြက္တစ္ဘူးထုတ္ကာ၊ ယန္ယန္႔ကို တစ္ဘူးလွမ္းေပးရင္း၊ ကားေမာင္းေနသည့္ သူ႕ဒယ္ဒီက်န္းေမာ့ခ်န္ကိုလွမ္းၾကည့္ၿပီး အသံခ်ိဳခ်ိဳေလးျဖင့္ေမးလာသည္။

''ဒယ္ဒီ ​ေရဆာလား ဒိန္ခ်ဥ္ေသာက္ခ်င္လား ''

က်န္းေမာ့ခ်န္ ေႏြးေႏြးေထြးေထြးေလးျပန္ေျဖလိုက္သည္။

''ဒယ္ဒီေရမဆာဘူးေနာ္ ခ်ီခ်ီပဲအကုန္ေသာက္လိုက္ ''

''ဒါဆို ဒယ္ဒီတစ္ခုခုစားခ်င္လား '' ခ်ီခ်ီတစ္​ေယာက္ သူ႕ေက်ာပိုးအိတ္ေသးေသးေလးထဲလွမ္းၾကည့္ကာ '' ခ်ီခ်ီ႕အိတ္ထဲမွာ စားစရာေတြအမ်ားႀကီး႐ွိတယ္ ဘီစကြတ္၊ အာလူးေၾကာ္၊ ေခ်ာကလက္၊ ဂ်ယ္လီ၊ သၾကားလုံး ဒယ္ဒီဘာစားခ်င္လဲ ''

သူက ထိုသို႔ေမးရင္း အိတ္ထဲကေန ဘီစကြတ္တစ္ဘူးထုတ္ကာ ကားေ႐ွ႕ခုံဆီလွမ္းေပးလာသည္။

က်န္းေမာ့ခ်န္ ခ်ီခ်ီ႕ကိုေနာက္တစ္ေခါက္ျပန္ေျဖရျပန္သည္။

''ဒယ္ဒီကားေမာင္းေနတာ အခုစားလို႔မရေသးဘူးေနာ္ သားအရင္စားႏွင့္လိုက္ ၿပီးမွဒယ္ဒီစားမယ္ ''

''ေၾသာ ဒါဆို ဒယ္ဒီ့အတြက္သိမ္းထားေပးမယ္ '' ခ်ီခ်ီ ထိုသို႔ေျပာရင္း ဘီစကြတ္ဘူးေလးကို အိတ္ထဲျပန္သိမ္းလိုက္ကာ အာလူးေၾကာ္ႏွစ္ထုပ္ထုတ္ၿပီးေနာက္ ေပါယန္ကိုတစ္ထုပ္ေပးရင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေျပာလာသည္။

''လာ ငါတို႔စားၾကရေအာင္ ''

ရလာဒ္အေနနဲ႔ကေတာ့ ခ်ီခ်ီ သူ႕ရဲ႕အာလူးေၾကာ္ထုပ္ေလး ေဖာက္ေနစဥ္ ေပါဖုန္း သူ႕ကိုလွမ္းၾကည့္ေနသည္အား သတိထားမိသြားေလသည္။ ခ်ီခ်ီ ေပါဖုန္းကို မ်က္လုံးေလးေပကလပ္ေပကလပ္ျဖင့္ၾကည့္ေနလိုက္ကာ ခဏေလာက္စဥ္းစားၿပီးေနာက္ သူ႕လက္ထဲက အာလူးေၾကာ္ထုပ္ကိုငုံ႔ၾကည့္ရင္း ေမးလာခဲ့သည္။

''ဦးဦးေရာ အာလူးေၾကာ္စားခ်င္လို႔လား ေရာ့ ဒါ ဦးဦးကိုေပးမယ္ ''

ေပါဖုန္း သူမ်ားအိမ္ကကေလးကိုၾကည့္ရင္း ကိုယ့္အိမ္ကကေလးကိုျပန္ၾကည့္လိုက္သည္။ ေပါယန္ကလည္း သူ႕ပါးပါး သူ႕ကိုလွမ္းၾကည့္ေနတာျမင္ေတာ့ ခ်ီခ်ီေပးထားသည့္အာလူးေၾကာ္ထုပ္ေလးကို ရင္ဝယ္ပိုက္ၿပီး အသက္တမွ်ကာကြယ္ထားရင္း လူႀကီးေပါက္စေလးလိုေျပာလာသည္။

''ဘာလာၾကည့္တာလဲ မ႐ွိရင္မစားနဲ႔ လာၾကည့္လည္းမေပးဘူး ''

ေပါဖုန္း : ..........ဒါက ဘယ္လိုေတာင္ ၾကက္အစပ္လိုသားမ်ိဳးလဲ! ငါမလိုခ်င္ေတာ့ဘူး! ငါကေလးခ်ိန္းခ်င္တယ္!

(T/N: internet slangပါ အမိႈက္လို႔အဓိပၸါယ္ရပါတယ္)

သူ ခ်ီခ်ီ႕ကိုျပဳံးျပလိုက္ကာ ဦးဦးမစားေတာ့ဘူးဟုျပန္ေျဖၿပီးေနာက္ က်န္းေမာ့ခ်န္ဘက္ျပန္လွည့္ရင္း အၾကံဉာဏ္ေတာင္းလိုက္သည္။

''ေလာင္က်န္းေရ သားလိမၼာေလးျဖစ္လာေအာင္ ဘယ္လိုျပဳစုပ်ိဳးေထာင္လဲဆိုတဲ့ အေတြ႕အၾကဳံေလးဘာေလးမ်ား မေဝမွ်ခ်င္ဘူးလား ေယာက်္ားေလးခ်င္းအတူတူကို မင္းအိမ္ကကေလးက ဒိုးနတ္ေလးလိုခ်ိဳျမေနခ်ိန္မွာ ငါ့အိမ္ကကေလးက ဘာလို႔ေက်ာက္ခဲႀကီးလိုမာေနရတာလဲကြာ ကြာဟခ်က္ကသိပ္ႀကီးမားလြန္းတယ္ ''

ေပါယန္ ထိုစကားကိုၾကားတာနဲ႔ မေက်နပ္ခ်က္ကိုေဖာ္ျပသည့္အေနျဖင့္ 'ဟြန္႔!' ဆိုေသာ အသံက်ယ္ႀကီး ထြက္ျပလာသည္။

က်န္းေမာ့ခ်န္ရယ္ရင္း

''အေျဖက႐ိုး႐ိုးေလးပါ တစ္ခုပဲ႐ွိတယ္ '' သူ ေပါဖုန္းကိုလွမ္းၾကည့္လိုက္ကာ '' ဇနီးေကာင္းေလး႐ွာလိုက္ အားလုံးအဆင္ေျပသြားလိမ့္မယ္ ''

ေပါဖုန္း : '' ???မင္းအခု ငါ့ကို မင္းဇနီးေကာင္းေၾကာင္း ထုတ္ႂကြားေနတာလား ''

''ငါက အမွန္အတိုင္းေျပာျပတဲ့ဟာကို '' က်န္းေမာ့ခ်န္ ႐ိုး႐ိုးသားသားေလးျပန္ေျဖလာသည္။

သူတို႔ 《 ျမဴႏွင္းၾကားကသိုင္းသမား 》႐ိုက္ကူးေရးလုပ္ေနသည့္ ၿမိဳ႕ကိုေရာက္ေတာ့ ညေန၅နာရီေတာင္ထိုးေနၿပီျဖစ္သည္။ က်န္းေမာ့ခ်န္ သူ႕လက္ေထာက္ကို ဒီၿမိဳ႕ရဲ႕အေကာင္းဆုံးဟိုတယ္မွာ ႀကိဳတင္ bookingတင္ခိုင္းထားၿပီးသားျဖစ္တာေၾကာင့္ ၿမိဳ႕ထဲဝင္တာနဲ႔ ပို႔ထားသည့္လိပ္စာအတိုင္း ကားေမာင္းသြားလိုက္ကာ ဟိုတယ္ကကားပါကင္မွာကားထိုးၿပီးေနာက္ တစ္ခါထဲ check-in ဝင္လိုက္ၾကသည္။

ကေလးႏွစ္ေယာက္က အနည္းငယ္ခရီးပန္းလာတဲ့အတြက္ ကားေပၚမွာတင္ အိပ္ေပ်ာ္သြားၾကၿပီျဖစ္ကာ က်န္းေမာ့ခ်န္ ကေလးေတြကို က်န္း႐ွင္းခ်န္အခန္းမွာသိပ္ထားရင္း သူမနဲ႔အတူတူ ႏွစ္ကူးအစီအစဥ္အခ်ိဳ႕ ေဆြးေႏြးေနသည္။ ဒီအေတာအတြင္း ဒီဟိုတယ္မွာတည္းမည္ျဖစ္ေၾကာင္းႏွင့္ ႏွစ္သစ္ကိုလည္း ဒီမွာပဲကူးမယ္ၾကားေတာ့ က်န္း႐ွင္းခ်န္လက္ခံလိုက္ကာ သူမေမာင္ကိုၾကည့္ရင္း ေမးလာခဲ့သည္။

''နင္ ဒီညခ်င္းခ်ီဆီသြားမွာလား ''

''က်ိန္းေသေပါက္သြားမွာေပါ့ ဒါေပမဲ့ ခ်ီခ်ီကအိပ္ေပ်ာ္ေနတာဆိုေတာ့ သူ႕ကိုမေခၚသြားေတာ့ဘူး ၿပီးမွခ်င္းခ်ီနဲ႔လာေခၚလိုက္မယ္ ''

''ေကာင္းၿပီေလ ''

ေပါယန္ကလည္း အိပ္ေပ်ာ္ေနတဲ့အတြက္ က်န္းေမာ့ခ်န္ ေပါဖုန္းနဲ႔ပဲဟိုတယ္ထဲကေန ထြက္လာလိုက္ေတာ့သည္။ ေပါဖုန္းက သူ႕သားအတြက္ မွတ္စုတိုေလးခ်န္ထားခဲ့ကာ က်န္း႐ွင္းခ်န္ကလည္း ကေလးကို ကူၾကည့္ေပးမည္ျဖစ္ေၾကာင္း ကတိေပးလာသည္။

ေနာက္တစ္ေန႔က ႏွစ္သစ္ကူးျဖစ္တာေၾကာင့္ အိမ္မျပန္ႏိုင္လွ်င္ေတာင္ မိသားစုနဲ႔ဖုန္းဆက္ၿပီးႏွစ္ကူးဆုေတာင္းလုပ္ေပးႏိုင္ဖို႔ ဖုမင္က်ီး ဒီေန႔ညေနပိုင္းမွာ ႐ွဴတင္အေစာႀကီးအနားေပးလိုက္သည္။

ယန္းခ်င္းခ်ီ ဟိုတယ္ျပန္ေရာက္တာနဲ႔ က်န္းေမာ့ခ်န္ဆီဖုန္းေခၚလိုက္ေသာ္ျငား တဖက္ကျပန္မေျဖပါ။ သူအမ်ားႀကီးေလွ်ာက္ေတြးမေနပဲ အလုပ္မ်ားေနလို႔ မကိုင္တာျဖစ္မည္ဟု ျဖည့္ေတြးလိုက္ရင္း ဖုန္းခ်ကာ သူ႕အိမ္သူဖုန္းေခၚလိုက္သည္။

ေမေမယန္းက ႏွစ္ကူးလည္း ႐ိုက္ကြင္းထဲမွာပဲကုန္ဆုံးရမယ္ၾကားလိုက္ေတာ့ သူမ သူ႕အတြက္ စိတ္မေကာင္းျဖစ္သြားသည္။

''ဒါဆို ဒီႏွစ္ ႏွစ္သစ္ကူးကို တစ္ေယာက္ထဲေနရေတာ့မွာေပါ့ ''

''တစ္ေယာက္ထဲမဟုတ္ပါဘူး မားရဲ႕ ႐ိုက္ကြင္းထဲမွာလူေတြအမ်ားႀကီး႐ွိပါတယ္ ''

''အဲ့လူေတြက မိသားစုနဲ႔ေတာ့ ဘယ္ယွဥ္လို႔ရပါ့မလဲ သားရယ္ '' ေမေမယန္းက စိတ္ထဲ႐ွိရာေျပာလာသည္။ '' သူစိမ္းနဲ႔ျဖတ္သန္းရတဲ့ခံစားခ်က္နဲ႔ မိသားစုနဲ႔ျဖတ္သန္းရတဲ့ခံစားခ်က္ကေတာ့ တူမလား ''

''မတတ္ႏိုင္ဘူးေလ မားရယ္ အႏုပညာ႐ွင္တိုင္းက အဲ့လိုပဲ ''

''အိုင္း '' ေမေမယန္း သက္ျပင္းခ်လိုက္သည္။ '' သားက TVေပၚမွာ ထြန္းလင္းေတာက္ပေနတာျမင္ရေတာ့ မားကစိတ္ခ်မ္းသာေနတာ ဒါေပမဲ့ ၾကည့္ရတာ မားထင္သေလာက္မလြယ္ပါဘူး မင္းတို႔အလုပ္ကခက္ခဲလိုက္တာ ''

''ဘယ္အရာမွမလြယ္ကူဘူးေလမားရာ ဒါေပမဲ့ အေကာင္းဘက္ကေတြးၾကည့္ရင္ေတာ့ အႏုပညာအလုပ္က ပိုက္ဆံေပါေပါသီသီရတဲ့အျပင္ ေတာက္ပလင္းလက္တဲ့ဘဝလည္း႐ွိတယ္ လူခ်စ္လူခင္လည္းေပါတယ္ အဲ့ေလာက္နဲ႔တင္မဆိုးဘူးလို႔ေျပာလို႔ရၿပီမလား ''

ေမေမယန္းတစ္ေယာက္ သူမေျပာခ်င္သည့္စကားမ်ားကို ျပန္မ်ိဳခ်လိုက္ကာ

''ဒါဆို သား ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ေနာ္ အစားလည္းေသခ်ာစား ႏွစ္ကူးညစာကတစ္ေယာက္ထဲဆို အထီးက်န္သလိုခံစားရလိမ့္မယ္ သား႐ိုက္ကြင္းထဲကအဖြဲ႕သားေတြနဲ႔အတူတူစားေလ ရတယ္မလား ''

''ရပါတယ္ မား သားကိုစိတ္မပူပါနဲ႔ ဒါနဲ႔ ႏွစ္ကူးပစၥည္းေတြဝယ္ၿပီးသြားၿပီလား အိမ္မွာ ႏွစ္ကူးဆုေတာင္းစာေတြေရာကပ္ၿပီးသြားၿပီလား ''

''အားလုံးလုပ္ၿပီးၿပီ အဲ့ဒါေတြက် မားကမင္းထက္ပိုၿပီးနားလည္ပါတယ္ ကိုယ့္ကိုကိုယ္သာဂ႐ုစိုက္စမ္းပါ အိမ္မွာအားလုံးအဆင္ေျပတယ္ စိတ္မပူနဲ႔ လြန္ခဲ့တဲ့ႏွစ္ရက္ကေတာင္ ေမာ့ခ်န္ ခ်ီခ်ီနဲ႔ယန္႔ယန္႔ကို အိမ္ေခၚလာေသးတယ္ မားမေျပာဘူးလား ယန္႔ယန္႔ကႀကီးလာေလ မင္းနဲ႔ပိုတူလာေလပဲ တစ္ခ်က္ၾကည့္လိုက္တာနဲ႔ မင္း႐ုပ္ပဲ ''

ယန္းခ်င္းခ်ီ ရယ္လိုက္ကာ

'' ကြၽန္ေတာ္သူ႕ကို ဒီေလာက္အၾကာႀကီး ခက္ခက္ခဲခဲနဲ႔လြယ္ထားရတာ ကြၽန္ေတာ္နဲ႔မတူလို႔ျဖစ္ပါ့မလား ''

ေမေမယန္းတစ္ေယာက္ သူမသားရဲ႕ကေလးဆန္တဲ့စကားေတြကိုၾကားေတာ့ မရယ္ပဲမေနႏိုင္ခဲ့။

''ေ႐ွာင္ခ်ီအာ အခု မင္းဆီမွာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့မိသားစုနဲ႔ ေအာင္ျမင္တဲ့အလုပ္အကိုင္႐ွိေနတာကို ျမင္ရေတာ့ မားနဲ႔မင္းရဲ႕ပါးက စိတ္ေအးရပါၿပီ ''

''ဒါဆို မားတို႔ အရင္က စိတ္ပူခဲ့ရတယ္ေပါ့? ''

''မင္းတို႔စၿပီးလက္ထပ္တုန္းက ပူခဲ့ရတာေပါ့ အဲ့တုန္းက မားတို႔အိမ္အေျခအေနနဲ႔ က်န္းအိမ္အေျခအေနက တူမွမတူတာ ၿပီးေတာ့ မားတို႔မိသားစုထဲမွာလည္း ေယာက်္ားေလးခ်င္းလက္ထပ္တာကအခုမွႀကဳံဖူးတာဆိုေတာ့ မားမွာစိတ္မပူပဲမေနႏိုင္ဘူး ​ၿပီးေတာ့ေမာ့ခ်န္က နာမည္ႀကီးေနတဲ့မင္းသားေလ မင္းကနာမည္မ႐ွိေသးဘူး အဲ့တုန္းကဆို မင္းတို႔ လက္ထပ္မွတ္ပုံတင္ယူၿပီးတာနဲ႔ ကြာ႐ွင္းေတာ့မယ္လို႔ေျပာလာရင္လည္း လက္ခံေပးလို႔ရေအာင္ မားတို႔ စိတ္ကိုအတတ္ႏိုင္ဆုံးျပင္ဆင္ထားတာ ဒါေပမဲ့ မေမွ်ာ္လင့္ထားတာက မင္းတို႔ႏွစ္ေယာက္ မိသားစုေလးတစ္ခုဖန္တီးၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေန,ေနၾကတာပဲ '' သူမ ထိုစကားမ်ားကို အရမ္းကိုစိတ္ေက်နပ္ေပ်ာ္႐ႊင္ေနသည့္ ေလသံျဖင့္ေျပာလာခဲ့သည္။  ''အိုင္း လြယ္ေတာ့မလြယ္ကူခဲ့ဘူးေပါ့ ''

ယန္းခ်င္းခ်ီ သူ႕အေမရဲ႕စကားေတြကို ျပဳံးျပဳံးႀကီးနားေထာင္ေနလိုက္ကာ ႏွလုံးသားထဲ ဝါဂြမ္းေလးေတြဖုံးအုပ္ထားသလိုမ်ိဳး ညင္သာႏူးညံ့ေႏြးေထြးသြားသည္။ 

ယန္းခ်င္းခ်ီ ေမေမယန္းနဲ႔ ဟိုအေၾကာင္း ဒီအေၾကာင္းေျပာေနရင္း ဖုန္းအစိမ္းတစ္လုံးဝင္လာမွ ေမေမယန္းကိုႏႈတ္ဆက္စကားေျပာၿပီး ဖုန္းခ်လိုက္သည္။ ၿပီးမွ သူ ထိုဖုန္းနံပါတ္အစိမ္းကို လက္ခံေျဖဆိုလိုက္ေလသည္။ 

''ေဝ? ''

''မစၥတာယန္းလားမသိဘူး ကြၽန္ေတာ္ပစၥည္းလာပို႔တာပါ ပစၥည္းလက္ခံဖို႔ ခင္ဗ်ားလက္မွတ္လိုပါတယ္ ''

''delivery? '' ယန္းခ်င္းခ်ီအူေၾကာင္ေၾကာင္ေလးျဖစ္သြားသည္။ '' ကြၽန္ေတာ္အခုတေလာ ဘာမွမဝယ္ထားပါဘူး ''

''ခင္ဗ်ားဖုန္းနံပါတ္က ဒီမွာေရးထားလို႔ေလ ခင္ဗ်ားမ်ိဳး႐ိုးနာမည္က ယန္းမလား ဒီလိုမ်ိဳး႐ိုးနာမည္မ်ိဳးက အသုံး႐ွားေတာ့ ဘယ္သူမွမွားမပို႔ေလာက္ဘူးလို႔ထင္တာပဲ ထြက္လာၿပီးလက္မွတ္ထိုးေပးလို႔ရမလားဗ် ကြၽန္ေတာ္ ဟိုတယ္အေနာက္ေပါက္မွာေစာင့္ေနပါ့မယ္ ''

''ေကာင္းပါၿပီ ''

ယန္းခ်င္းခ်ီ ဖုန္းခ်ၿပီးေနာက္ ကုတ္ထပ္ဝတ္ကာ တံခါးဖြင့္လိုက္သည္။ ပစၥည္းပို႔လိုက္တဲ့လူက က်န္းေမာ့ခ်န္မ်ားျဖစ္ေနမလား။ မဟုတ္ရင္ ဒီလိုအခ်ိန္ႀကီးမွာ ဘယ္သူက သူ႕ဆီပါဆယ္ပို႔မွာလဲ။ မၾကာခင္ပဲ ႏွစ္သစ္ကူးေတာ့မယ္။ Deliveryသမားေတြက အခုအခ်ိန္အထိ အလုပ္လုပ္ေနၾကတုန္းလား။ သူ မလြယ္ကူဘူးဟု ေတြးလိုက္မိသည္။

ယန္းခ်င္းခ်ီ တံခါးဖြင့္ကာ အျပင္ထြက္လာလိုက္သည္။

သိပ္မၾကာခင္ ယန္းခ်င္းခ်ီ ဟိုတယ္အေနာက္ေပါက္ေရာက္တာနဲ႔ အရပ္႐ွည္႐ွည္ပိန္ပိန္ပါးပါးလူတစ္ေယာက္က ကတ္ထူဘူးတစ္ဘူးကိုင္ကာ ရပ္ေစာင့္ေနတာကို ျမင္လိုက္ရေလသည္။ သူ ထိုလူ႕အနားေရာက္သြားတာနဲ႔ တဖက္ကလည္း သူ႕ကိုေမးလာခဲ့သည္။

''ခင္ဗ်ားက မစၥတာယန္းမလား ခင္ဗ်ားရဲ႕ဖုန္းနံပါတ္က xxxxနဲ႔ဆုံးတယ္ ဟုတ္လား ''

ယန္းခ်င္းခ်ီ ေခါင္းၿငိမ့္ျပလိုက္ကာ

''ဟုတ္တယ္ ''

''ဒီမွာ ခင္ဗ်ားရဲ႕ပစၥည္း '' ထိုလူက သူ႕လက္ထဲက ကတ္ထူဘူးကို ယန္းခ်င္းခ်ီလက္ထဲလႊဲေျပာင္းထည့္ေပးၿပီးေနာက္ လွည့္ထြက္သြားေလသည္။

ယန္းခ်င္းခ်ီ လက္ထဲကဘူးကိုငုံ႔ၾကည့္လိုက္ေတာ့ ေမွာင္ေနၿပီဆိုေသာ္ျငား လမ္းမီးတိုင္ေဖ်ာ့ေဖ်ာ့ေအာက္တြင္ ''က်န္း'' ဆိုေသာစကားလုံးကို ပို႔သူေနရာမွာ ႐ွင္း႐ွင္းလင္းလင္းေရးထားသည္အား ျမင္လိုက္ရသည္။ ထင္တဲ့အတိုင္းပဲ။ က်န္းေမာ့ခ်န္ပို႔လိုက္တာ။ ဘာလဲေတာ့မသိဘူး။

ယန္ခ်င္းခ်ီ ကတ္ထူဘူးေလးပိုက္ကာ သူ႕အခန္းသူျပန္လာခဲ့သည္။

သူ ဓာတ္ေလွကားထဲဝင္လိုက္ကာ သူ႕အခန္း႐ွိတဲ့အထပ္မွာဆင္းၿပီး တံခါးကိုကတ္ဆြဲဖြင့္လိုက္တာနဲ႔ ဝင္ဝင္ခ်င္း သူ႕အခန္းထဲက ဆိုဖာေပၚမွာ လူတစ္ေယာက္ထိုင္ေနတာကိုေတြ႕လိုက္ရေလသည္။

က်န္းေမာ့ခ်န္ အျပဳံးေလးျဖင့္ႏႈတ္ဆက္လာသည္။

'' Surprise ''

ယန္းခ်င္းခ်ီ ေၾကာင္ေတာင္ေတာင္ေလးရပ္ေနကာ သူ႕မ်က္လုံးသူမယုံႏိုင္သလိုမ်ိဳး က်န္းေမာ့ခ်န္ကိုအေသအခ်ာၾကည့္ေနသည္။

ယန္းခ်င္းခ်ီဆီကေန ဒီလိုအံၾသသြားသည့္အမူအရာမ်ိဳးျမင္ရတာက ႐ွားပါးတာေၾကာင့္ က်န္းေမာ့ခ်န္ သူ႕အားထုတ္မႈအေပၚ နည္းနည္းေလးေပ်ာ္သြားသည္။

''အံ့ၾသသြားလား ''

ထိုအခါမွ ယန္းခ်င္းခ်ီလည္း အံ့ၾသမႈကမ႓ာထဲကေန ႏိုးထလာႏိုင္ေတာ့သည္။ သူ႕ရဲ႕ႏႈတ္ခမ္းေထာင့္ႏွစ္ဖက္က သူေတာင္မသိလိုက္ပါပဲ ခ်က္ခ်င္းျမင့္တက္သြားကာ တဆတ္ဆတ္ေခါင္းၿငိမ့္ျပၿပီးေနာက္ တံခါးကိုေျဖးေျဖးခ်င္းပိတ္လိုက္သည္။

''ခင္ဗ်ားဘယ္လိုလုပ္ေရာက္လာတာလဲ ''

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီေလသံထဲက ဖုံးမရဖိမရသည့္ ေပ်ာ္႐ႊင္မႈတစ္ခ်ိဳ႕ကိုရိပ္စားမိလိုက္ေတာ့ သူ ႏူးႏူးညံ့ညံ့ေလး ျပန္ေျဖလာသည္။ '' ကိုယ္ မင္းကို ႏွစ္ကူးမွာအေဖာ္ျပဳေပးဖို႔လာခဲ့တာေလ '' သူ ယန္းခ်င္းခ်ီကိုၾကည့္လိုက္ကာ '' မင္း ဒီမွာတစ္ေယာက္ထဲ ႏွစ္ကူးမွာကို ကိုယ္ကဘယ္လိုလုပ္လႊတ္ထားရက္မွာလဲ ''

ယန္းခ်င္းခ်ီ တဖက္လူစကားေၾကာင့္ ရင္ခုန္သြားကာ ကတ္ထူဘူးေလးပိုက္ရင္း က်န္းေမာ့ခ်န္အနားေလွ်ာက္လာၿပီးေနာက္ ကတ္ထူဘူးကိုေကာ္ဖီစားပြဲေပၚတင္ၿပီး ေဘးမွာဝင္ထိုင္လိုက္သည္။ ႏွစ္ေယာက္သား အၾကာႀကီးေနမွျပန္ဆုံရျခင္းျဖစ္တာေၾကာင့္ သူ က်န္းေမာ့ခ်န္ကို ၾကည့္လိုက္တဲ့အခ်ိန္ မ်က္လုံးထဲမွာ ခ်စ္ရိပ္ေတြျပည့္ႏွက္ေနသည္။

က်န္းေမာ့ခ်န္ကလည္း ယန္းခ်င္းခ်ီနည္းတူ အခ်စ္ေတြဖိတ္လွ်ံက်ေနသည့္ မ်က္ဝန္းတစ္စုံျဖင့္ၾကည့္ေနလိုက္ကာ ဆက္ၿပီးေအာင့္အီးမသည္းခံႏိုင္ေတာ့သလိုမ်ိဳး လက္ႏွစ္ဖက္ကိုဆန္႔ထုတ္ၿပီး ေဘးကလူကိုဆြဲဖက္ပစ္လိုက္သည္။ သူ႕ရင္ခြင္ထဲ ခ်စ္ရသူရဲ႕အပူခ်ိန္နဲ႔ ရင္းႏွီးေနက်ရနံ႔ေလးကိုခံစားလိုက္ရမွ စိတ္ေအးသက္သာရာရသြားကာ ဆံပင္ေလးေတြကို တဖြဖြနမ္းရင္းေျပာလာသည္။

''ကိုယ္မင္းကိုလြမ္းေနတာ ''

ထိုစကားၾကားလိုက္တာနဲ႔ ယန္းခ်င္းခ်ီႏွလုံးသားေလးကလည္း marshmellowလို ေပ်ာ့အိႏူးညံ့သြားကာ က်န္းေမာ့ခ်န္ကိုျပန္ဖက္ထားရင္း ခပ္တိုးတိုးေျပာလာခဲ့သည္။

''ကြၽန္ေတာ္လည္း ခင္ဗ်ားကိုလြမ္းတယ္ ''

သူ က်န္းေမာ့ခ်န္ကို ေမာ့ၾကည့္ကာ တဖက္လူႏႈတ္ခမ္းတစ္စုံကို သူ႕ႏႈတ္ခမ္းျဖင့္ဖိကပ္လိုက္ရင္း

''အရမ္းလြမ္းေနတာ ''

က်န္းေမာ့ခ်န္ ဘာမွေတာင္ျပန္မေျပာႏိုင္ေတာ့ပဲ အသည္းအသန္နမ္းလာခဲ့သည္။

ယန္းခ်င္းခ်ီ အျပဳံးေလးျဖင့္ တဖက္လူအလိုက် အလိုက္တသိတုံ႔ျပန္ေပးလိုက္သည္။

ႏွစ္ေယာက္သား အၾကာႀကီးနမ္းၿပီးသြားမွ အေမာတႀကီးျပန္ခြာလိုက္ၾကကာ ယန္းခ်င္းခ်ီ သူ႕ေ႐ွ႕ကကတ္ထူဘူးကိုၾကည့္ရင္း က်န္းေမာ့ခ်န္ကိုေမးခြန္းထုတ္လာခဲ့သည္။

'' ခင္ဗ်ား လူကိုယ္တိုင္ပဲေရာက္လာၿပီ ပစၥည္းကို ဘာလို႔တကူးတကလာပို႔ခိုင္းတာလဲ ''

ထိုေမးခြန္းေမးအၿပီး ခ်က္ခ်င္းအေတြးေပါက္သြားကာ က်န္းေမာ့ခ်န္ကို မ်က္လုံးေလးေမွးၾကည့္ရင္း

''က်ားကိုဂူထဲကေနမွ်ားထုတ္တာ? ေ႐ွ႕ကအေယာင္ျပၿပီးေနာက္ကတိုက္ခိုက္တာ? ''

က်န္းေမာ့ခ်န္ရယ္လိုက္ကာ

'' အဲ့လိုမွမဟုတ္ရင္ ကိုယ္မင္းကို ဘယ္လိုလုပ္အံၾသသြားေအာင္လုပ္လို႔ရေတာ့မွာလဲ ''

''ဒါနဲ႔ ခင္ဗ်ားဒီထဲကို ဘယ္လိုဝင္လာတာလဲ '' ယန္းခ်င္းခ်ီ တကယ္ႀကီးသိခ်င္သြားသည္။

________________________________

Niniလည္း ဒီထဲမွာ သိခ်င္တာ႐ွိပါတယ္။ ေပါယန္အိပ္ေနတာကို ေပါဖုန္းက က်န္းေမာ့ခ်န္နဲ႔ ဘာလိုက္လုပ္တာလဲ။ ေျပာေတာ့ သားကိုဂ႐ုစိုက္ဖို႔လိုက္လာတာပါဆို 🤧 ဘာလဲ ကေလးအိပ္ေနတုန္း ဖုမင္က်ီးနဲ႔ ရန္ႀကိဳျဖစ္ထားမလို႔လား 😂

Continue Reading

You'll Also Like

2.9M 260K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...
1.4M 139K 129
ZawGyi~~ နာမည္ႀကီးအႏုပညာ႐ွင္ျဖစ္တဲ့Junaဟာ လိင္တူခ်စ္ႀကိဳက္သူျဖစ္တယ္ဆိုတဲ့သတင္းေတြေၾကာင့္ သူ ့ရဲ ့ အဖြဲ ့ထဲကေန ႏုတ္ထြက္ေပးခဲ့ရတယ္ ၆လအၾကာမွာ 'Han JunRa...
584K 35.8K 33
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}