[Unicode]
နင်မုန့်ကတော့ နိုးလာတဲ့အချိန်မှသာ ထလိုက်သည်။ ဖုန်းကို ယူကြည့်လိုက်တော့ ဟော်ပေ့ချန်က စာပို့ထားတာ တွေ့လိုက်ရသည်။: [Good Morning.jpg]
ပုံထဲမှာ ချစ်ဖို့ကောင်းတဲ့ ကာတွန်းကောင်လေးက နှုတ်ဆက်နေတာ ဖြစ်ပြီး ထိုကောင်လေးက သူမ ညက ပို့ခဲ့တဲ့ တူညီတဲ့ GIF seriesတွေထဲက ဖြစ်သည်။
"??"
သူမက ရှော့ရသွားသလို "ဒီနေ့ ဘော့စ်က စိတ်ဆိုးနေတာလား?" WeChat groupကို ဖွင့်လိုက်သည်။
နင်မုန့် : [ဘုရင်ကြီးချန်ရဲ့ WeChatအကောင့်က hackခံ ထားရတာလား]
စုယွဲ့ : [မဖြစ်နိုင်ဘူး။ ဘော့စ်ရဲ့ ဖုန်းကို ဖွင့်ဖို့ဆို passwordလိုသေးတယ်]
ချီရှန် : [ဘော့စ်ဖုန်း hackခံထားရလားဆိုတာ ငါလည်း မနေ့ညတည်းက သိချင်နေတာ။ GIFတချို့ ပို့ပေးဖို့ပါ ငါ့ကို မေးလာတာ။ နင်တို့ ယုံနိုင်ကြရဲ့လား]
စုယွဲ့ : [ရှာကြည့် ဖြစ်လား]
ချီရှန် : [ငါလည်း အဲ့တုန်းက အလုပ်များနေတာနဲ့ ဖေးပိုင်ကို ကူပြီး ရှာကြည့်ပေးဖို့ မေးလိုက်တယ်]
စုယွဲ့ : [ပြီးတော့ရော?]
ချီရှန် : [သူ နည်းနည်းတော့ တွေ့ခဲ့တယ်]
ချီရှန်က GIFတွေ ၅,၆ခု ပို့လာပြီး အကုန်လုံးက [kill.jpg]တွေ ဖြစ်သည်။
တချို့ပုံတွေက ဓားတွေ ကိုင်ထားကြပြီး တချို့ကတော့ ချောက်ကမ်းပါး စွန်းမှာ ရပ်နေတာဖြစ်ပြီး အကုန်လုံးက နှလုံးထိတ်လန့်ဖွယ်ရာတွေသာ ဖြစ်သည်။
နင်မုန့် : […]
သူ့ အကောင့်က hackခံထိထားတာ မဟုတ်ဘူးဆိုတာ သူမ အတည်ပြီးတဲ့အခါ နင်မုန့် စာပြန်လိုက်သည် : [မောနင်း ယောက်ျား! ကျွန်မနိုးပြီး မကြာခင်မှာ ရှင့်စာကို တွေ့တာပဲ! ဒီနေ့က နေ့ကောင်းလေး ဖြစ်လာတော့မှာပဲ!]
အနည်းငယ် ထူးဆန်းသလို နင်မုန့် ခံစားလိုက်ရသည်။ ဟော်ပေ့ချန်က ဘယ်အချိန်တည်းက သူမနဲ့ WeChatမှာ အခုလိုမျိုး စကားပြောဖြစ်သွားရတာလဲ။ သူ အိမ်မှာ ရှိမနေရင်တောင် သူမ အနေနဲ့ တက်တက်ကြွကြွ ရှိနေပေးဖို့လိုတယ်!
ညနေ၅နာရီမှာတော့ ဖျော်ဖြေရေးပွဲနေရာဆီ နင်မုန့် ကားမောင်းသွားလိုက်သည်။ အခုအကြိမ်က ပထမဆုံး အကြိမ်အဖြစ် တိုက်ရိုက်ထုတ်လွှင်ပြသမှာ ဖြစ်ပြီး ၇နာရီမှာ ပွဲကို စတင်ပြီး တိုက်ရိုက်ပြသသွားမှာ ဖြစ်တာမို့ အမှားတစ်ခုလေးတောင် လုပ်လို့ မဖြစ်ပေ။
နင်မုန့် ရောက်တဲ့အခါ လင်းချင်ပေ့က မိတ်ကပ်လိမ်းပြီး ဖြစ်သလို အနက်ရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားလေ၏။ သူသွားလိုက်တဲ့ stageရဲ့ နေရာတိုင်းမှာ တောက်ပလွန်းတဲ့ အရှိန်အဝါကို ထုတ်လွှင့်လို့ နေလေသည်။ အနုပညာရှင် အားလုံး စောင့်ရမယ့် နားနေခန်းကြီးထဲ သူတို့ ဝင်လိုက်ကြသည်။ သူတို့ ရောက်တဲ့အချိန်မှာ လူအနည်းငယ်လည်း ရောက်နှင့်နေပြီ ဖြစ်သည်။ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးတဲ့အခါ လင်းချင်ပေ့က တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေမယ့် နေရာကို ရှာထိုင်လိုက်သည်။ ရုတ်တရက်ဆိုသလို အခန်းတံခါးက အားကုန် ပွင့်လာလေ၏။
ကျန်းရှန့်မေ တစ်ယောက် ဒေါသတကြီး ဝင်လာတာ ဖြစ်သည်။ နင်မုန့်က သူမကို ကြည့်နေမှန်း သတိထားမိလိုက်တဲ့အခါ သူမရဲ့ မျက်ဝန်းတွေကို ခပ်ကျယ်ကျယ်ပြူးကာ ပြန်ကြည့်လိုက်ပြီး အလွန်အကျူးပြောလိုက်သည်။ "လီမွန်အနှစ်[1] ဘာကြည့်တာလဲ]
([1] လီမွန်အနှစ်ဆိုတာ တရုတ်အင်တာနက် ဗန်းစကားဖြစ်ပြီးတော့ ကိစ္စသေးသေးလေးကိုတောင် မနာလိုတတ်တဲ့ လူတွေကို ပြောတာပါ။
ဒီနာမည်က နင်မုန့်ကို ကျန်းရှန့်မေ ပေးထားတဲ့ နာမည်ပြောင်လည်း ဖြစ်ပါတယ်)
နင်မုန့် နှုတ်ခမ်းတို့ကို ဖိမိသွားသည်။ "နင် အရမ်းလှလို့လေ"
ကျန်းရှန့်မေရဲ့ မျက်ဝန်းတွေက အရောင်တောက်သွားသလို ဝတ်ထားတဲ့ အနက်ရောင် ဇာစကပ်ကို ကြည့်လိုက်ပြီး မိတ်ကပ် ခပ်ထူထူဖို့ထားတဲ့ မျက်ဝန်းတွေကို ခပ်လိုက်ပြီး "နင်လည်း အဲ့လိုထင်တယ်ပေါ့? ငါလည်း ထင်တယ် အခုတလော နာမည်ကြီးနေတဲ့ rock styleနဲ့တောင် နည်းနည်း တူနေတယ်"
နင်မုန့် နှုတ်ခမ်းတို့ မြင့်တက်သွားသည်။
"အဲ့တာတွေထက် နင်နဲ့ လိုက်မယ့် စကားတစ်ခွန်းရှိတယ်"
"ဘာလဲ"
"ရူးတာ"
"…"
ဒေါသထွက်နေတဲ့ သူမကို ကြည့်လိုက်ပြီး နင်မုန့်က ချောမွေ့စွာပဲ ခေါင်းစဉ်ပြောင်းလိုက်သည်။
"လီဟောက်ကျယ်ရော?"
"စုထျန်းထျန်း အသံပျောက်သွားလို့တဲ့ အဲ့တာကြောင့် သူ သွားကြည့်တယ်"
"??"
ဘန်း!
တံခါးက ထပ်မံပြီး အားကုန်သုံး ပွင့်လာသည်။ ယခု အခါ ဝင်လာသူက ဒေါသထွက်နေတဲ့ လီဟောက်ကျယ်ဖြစ်ပြီး သူက လင်းချင်ပေ့ဆီကို တိုက်ရိုက် လျှောက်သွားလိုက်သည်။
"အခုခေတ် လူသစ်တွေက သီချင်းကောင်းတွေ ဖန်တီးဖို့ထက် liveလွှင့်ဖို့လောက်ပဲ သိတာလား? မင်းက အနုပညာရှင်တွေကို စော်ကားရာ ကျတယ်!"
နင်မုန့် မျက်ခုံး ပင့်မိသွားသည်။ ဒီကမ္ဘာမှာ live streamsတွေက ပေါ်ပင်လောက်ထိ မဖြစ်သေးသလို လူအများကြီးလည်း မကြည့်ကြပေမယ့် ဘာလို့များ လီဟောက်ကျယ်က ဘာလို့များ ဒီလောက် ရေးကြီးခွင်ကျယ် လုပ်နေရတာလဲ?
သူမ ရယ်လိုက်သည်။
"ဒါက အစီအစဉ်ဝန်ထမ်းတွေကို ပြောသင့်တဲ့ စကားလေ။ ပြီးတော့ အခုအစီအစဉ်ကလည်း တိုက်ရိုက် လွှင့်တာပဲ မဟုတ်ဘူးလား"
လီဟောက်ကျယ်ကတော့ သူ့စကားနဲ့သူ ခြေချုပ်မိသွားလေ၏။
ထိုအချိန်မှာပဲ ဒါရိုက်တာက စုထျန်းထျန်းကို ကူရင်း အထဲဝင်လာလေသည်။ သူက နင်မုန့်နဲ့ လင်းချင်ပေ့ကို အပြစ်ရှိသလို ကြည့်လာပြီး ပြုံးလိုက်ကာ "ပေ့လေး ဒီလိုပါ ဆရာမ ယွီက အသံပျောက်နေတော့ သူမရဲ့ သီချင်းကို မဆိုင်နိုင်တော့ဘူး။ နှစ်ယောက်သား သီချင်းကို လဲဆိုလိုက်ကြရင်ရော?"
ထိုသို့ ကြားလိုက်ရတဲ့ လူတိုင်း ကြက်သေ သေသွားသည်။
စုထျန်းထျန်း ရွေးချယ်ထားတဲ့ သီချင်းက အမြင့်သံနဲ့ အနိမ့်သံတွေကြား ခက်ခက်ခဲခဲ ပြောင်းဆိုရတာဖြစ်ပြီး အမှန်တကယ်ကို ခက်ခဲလှ၏။ အမှန်အကန် သီဆိုနိုင်မည်ဆိုပါက ချီးကျူးထောပနာ ပြုခံရမှာ ဖြစ်ပြီး ဆိုနေတဲ့ အချိန်မှာ တစ်ခုခုလွဲချော်မည် ဆိုပါက အရှက်ကွဲမှာ ဖြစ်၏။ နောက်ဆုံး မိနစ်ပိုင်းလောက် လိုတော့မှ လင်းချင်ပေ့ကို သီချင်းလဲဆိုပေးဖို့ ဘယ်လိုများ မေးနိုင်ရတာလဲ?!
AN/သြင်္ကန်ကာလအတွင်း အိမ်တွင်းပုန်းပြီး စာဖတ်တဲ့လူတွေ မွချိပါ♥️ ပြောထားတဲ့အတိုင်း ၁နေ့၂ပိုင်းတင်တာ အတက်နေ့ထိ ရောက်သွားပြီဆိုတော့ နက်ဖြန်ကစပြီး အရင်လို အပ်ပုဒိတ် မှန်တချက် မမှန်တချက်လေး ပြန်ဖြစ်သွားပါပြီ။ စောင့်ဖတ်ပေးတဲ့လူတွေကို ကျေးဇူးတင်ပါတယ်😘
----------------------
[Zawgyi]
နင္မုန႔္ကေတာ့ ႏိုးလာတဲ့အခ်ိန္မွသာ ထလိုက္သည္။ ဖုန္းကို ယူၾကည့္လိုက္ေတာ့ ေဟာ္ေပ့ခ်န္က စာပို႔ထားတာ ေတြ႕လိုက္ရသည္။: [Good Morning.jpg]
ပုံထဲမွာ ခ်စ္ဖို႔ေကာင္းတဲ့ ကာတြန္းေကာင္ေလးက ႏႈတ္ဆက္ေနတာ ျဖစ္ၿပီး ထိုေကာင္ေလးက သူမ ညက ပို႔ခဲ့တဲ့ တူညီတဲ့ GIF seriesေတြထဲက ျဖစ္သည္။
"??"
သူမက ေရွာ့ရသြားသလို "ဒီေန႔ ေဘာ့စ္က စိတ္ဆိုးေနတာလား?" WeChat groupကို ဖြင့္လိုက္သည္။
နင္မုန႔္ : [ဘုရင္ႀကီးခ်န္ရဲ႕ WeChatအေကာင့္က hackခံ ထားရတာလား]
စုယြဲ႕ : [မျဖစ္ႏိုင္ဘူး။ ေဘာ့စ္ရဲ႕ ဖုန္းကို ဖြင့္ဖို႔ဆို passwordလိုေသးတယ္]
ခ်ီရွန္ : [ေဘာ့စ္ဖုန္း hackခံထားရလားဆိုတာ ငါလည္း မေန႔ညတည္းက သိခ်င္ေနတာ။ GIFတခ်ိဳ႕ ပို႔ေပးဖို႔ပါ ငါ့ကို ေမးလာတာ။ နင္တို႔ ယုံႏိုင္ၾကရဲ႕လား]
စုယြဲ႕ : [ရွာၾကည့္ ျဖစ္လား]
ခ်ီရွန္ : [ငါလည္း အဲ့တုန္းက အလုပ္မ်ားေနတာနဲ႔ ေဖးပိုင္ကို ကူၿပီး ရွာၾကည့္ေပးဖို႔ ေမးလိုက္တယ္]
စုယြဲ႕ : [ၿပီးေတာ့ေရာ?]
ခ်ီရွန္ : [သူ နည္းနည္းေတာ့ ေတြ႕ခဲ့တယ္]
ခ်ီရွန္က GIFေတြ ၅,၆ခု ပို႔လာၿပီး အကုန္လုံးက [kill.jpg]ေတြ ျဖစ္သည္။
တခ်ိဳ႕ပုံေတြက ဓားေတြ ကိုင္ထားၾကၿပီး တခ်ိဳ႕ကေတာ့ ေခ်ာက္ကမ္းပါး စြန္းမွာ ရပ္ေနတာျဖစ္ၿပီး အကုန္လုံးက ႏွလုံးထိတ္လန႔္ဖြယ္ရာေတြသာ ျဖစ္သည္။
နင္မုန႔္ : […]
သူ႔ အေကာင့္က hackခံထိထားတာ မဟုတ္ဘူးဆိုတာ သူမ အတည္ၿပီးတဲ့အခါ နင္မုန႔္ စာျပန္လိုက္သည္ : [ေမာနင္း ေယာက္်ား! ကြၽန္မႏိုးၿပီး မၾကာခင္မွာ ရွင့္စာကို ေတြ႕တာပဲ! ဒီေန႔က ေန႔ေကာင္းေလး ျဖစ္လာေတာ့မွာပဲ!]
အနည္းငယ္ ထူးဆန္းသလို နင္မုန႔္ ခံစားလိုက္ရသည္။ ေဟာ္ေပ့ခ်န္က ဘယ္အခ်ိန္တည္းက သူမနဲ႔ WeChatမွာ အခုလိုမ်ိဳး စကားေျပာျဖစ္သြားရတာလဲ။ သူ အိမ္မွာ ရွိမေနရင္ေတာင္ သူမ အေနနဲ႔ တက္တက္ႂကြႂကြ ရွိေနေပးဖို႔လိုတယ္!
ညေန၅နာရီမွာေတာ့ ေဖ်ာ္ေျဖေရးပြဲေနရာဆီ နင္မုန႔္ ကားေမာင္းသြားလိုက္သည္။ အခုအႀကိမ္က ပထမဆုံး အႀကိမ္အျဖစ္ တိုက္႐ိုက္ထုတ္လႊင္ျပသမွာ ျဖစ္ၿပီး ၇နာရီမွာ ပြဲကို စတင္ၿပီး တိုက္႐ိုက္ျပသသြားမွာ ျဖစ္တာမို႔ အမွားတစ္ခုေလးေတာင္ လုပ္လို႔ မျဖစ္ေပ။
နင္မုန႔္ ေရာက္တဲ့အခါ လင္းခ်င္ေပ့က မိတ္ကပ္လိမ္းၿပီး ျဖစ္သလို အနက္ေရာင္ ၀တ္စုံျပည့္ကို ၀တ္ဆင္ထားေလ၏။ သူသြားလိုက္တဲ့ stageရဲ႕ ေနရာတိုင္းမွာ ေတာက္ပလြန္းတဲ့ အရွိန္အဝါကို ထုတ္လႊင့္လို႔ ေနေလသည္။ အႏုပညာရွင္ အားလုံး ေစာင့္ရမယ့္ နားေနခန္းႀကီးထဲ သူတို႔ ၀င္လိုက္ၾကသည္။ သူတို႔ ေရာက္တဲ့အခ်ိန္မွာ လူအနည္းငယ္လည္း ေရာက္ႏွင့္ေနၿပီ ျဖစ္သည္။ တစ္ေယာက္နဲ႔တစ္ေယာက္ မိတ္ဆက္ၿပီးတဲ့အခါ လင္းခ်င္ေပ့က တိတ္တိတ္ဆိတ္ဆိတ္ ထိုင္ေနမယ့္ ေနရာကို ရွာထိုင္လိုက္သည္။ ႐ုတ္တရက္ဆိုသလို အခန္းတံခါးက အားကုန္ ပြင့္လာေလ၏။
က်န္းရွန႔္ေမ တစ္ေယာက္ ေဒါသတႀကီး ၀င္လာတာ ျဖစ္သည္။ နင္မုန႔္က သူမကို ၾကည့္ေနမွန္း သတိထားမိလိုက္တဲ့အခါ သူမရဲ႕ မ်က္၀န္းေတြကို ခပ္က်ယ္က်ယ္ျပဴးကာ ျပန္ၾကည့္လိုက္ၿပီး အလြန္အက်ဴးေျပာလိုက္သည္။ "လီမြန္အႏွစ္[1] ဘာၾကည့္တာလဲ]
([1] လီမြန္အႏွစ္ဆိုတာ တ႐ုတ္အင္တာနက္ ဗန္းစကားျဖစ္ၿပီးေတာ့ ကိစၥေသးေသးေလးကိုေတာင္ မနာလိုတတ္တဲ့ လူေတြကို ေျပာတာပါ။
ဒီနာမည္က နင္မုန႔္ကို က်န္းရွန႔္ေမ ေပးထားတဲ့ နာမည္ေျပာင္လည္း ျဖစ္ပါတယ္)
နင္မုန႔္ ႏႈတ္ခမ္းတို႔ကို ဖိမိသြားသည္။ "နင္ အရမ္းလွလို႔ေလ"
က်န္းရွန႔္ေမရဲ႕ မ်က္၀န္းေတြက အေရာင္ေတာက္သြားသလို ၀တ္ထားတဲ့ အနက္ေရာင္ ဇာစကပ္ကို ၾကည့္လိုက္ၿပီး မိတ္ကပ္ ခပ္ထူထူဖို႔ထားတဲ့ မ်က္၀န္းေတြကို ခပ္လိုက္ၿပီး "နင္လည္း အဲ့လိုထင္တယ္ေပါ့? ငါလည္း ထင္တယ္ အခုတေလာ နာမည္ႀကီးေနတဲ့ rock styleနဲ႔ေတာင္ နည္းနည္း တူေနတယ္"
နင္မုန႔္ ႏႈတ္ခမ္းတို႔ ျမင့္တက္သြားသည္။
"အဲ့တာေတြထက္ နင္နဲ႔ လိုက္မယ့္ စကားတစ္ခြန္းရွိတယ္"
"ဘာလဲ"
"႐ူးတာ"
"…"
ေဒါသထြက္ေနတဲ့ သူမကို ၾကည့္လိုက္ၿပီး နင္မုန႔္က ေခ်ာေမြ႕စြာပဲ ေခါင္းစဥ္ေျပာင္းလိုက္သည္။
"လီေဟာက္က်ယ္ေရာ?"
"စုထ်န္းထ်န္း အသံေပ်ာက္သြားလို႔တဲ့ အဲ့တာေၾကာင့္ သူ သြားၾကည့္တယ္"
"??"
ဘန္း!
တံခါးက ထပ္မံၿပီး အားကုန္သုံး ပြင့္လာသည္။ ယခု အခါ ၀င္လာသူက ေဒါသထြက္ေနတဲ့ လီေဟာက္က်ယ္ျဖစ္ၿပီး သူက လင္းခ်င္ေပ့ဆီကို တိုက္႐ိုက္ ေလွ်ာက္သြားလိုက္သည္။
"အခုေခတ္ လူသစ္ေတြက သီခ်င္းေကာင္းေတြ ဖန္တီးဖို႔ထက္ liveလႊင့္ဖို႔ေလာက္ပဲ သိတာလား? မင္းက အႏုပညာရွင္ေတြကို ေစာ္ကားရာ က်တယ္!"
နင္မုန႔္ မ်က္ခုံး ပင့္မိသြားသည္။ ဒီကမာၻမွာ live streamsေတြက ေပၚပင္ေလာက္ထိ မျဖစ္ေသးသလို လူအမ်ားႀကီးလည္း မၾကည့္ၾကေပမယ့္ ဘာလို႔မ်ား လီေဟာက္က်ယ္က ဘာလို႔မ်ား ဒီေလာက္ ေရးႀကီးခြင္က်ယ္ လုပ္ေနရတာလဲ?
သူမ ရယ္လိုက္သည္။
"ဒါက အစီအစဥ္၀န္ထမ္းေတြကို ေျပာသင့္တဲ့ စကားေလ။ ၿပီးေတာ့ အခုအစီအစဥ္ကလည္း တိုက္႐ိုက္ လႊင့္တာပဲ မဟုတ္ဘူးလား"
လီေဟာက္က်ယ္ကေတာ့ သူ႔စကားနဲ႔သူ ေျခခ်ဳပ္မိသြားေလ၏။
ထိုအခ်ိန္မွာပဲ ဒါ႐ိုက္တာက စုထ်န္းထ်န္းကို ကူရင္း အထဲ၀င္လာေလသည္။ သူက နင္မုန႔္နဲ႔ လင္းခ်င္ေပ့ကို အျပစ္ရွိသလို ၾကည့္လာၿပီး ၿပဳံးလိုက္ကာ "ေပ့ေလး ဒီလိုပါ ဆရာမ ယြီက အသံေပ်ာက္ေနေတာ့ သူမရဲ႕ သီခ်င္းကို မဆိုင္ႏိုင္ေတာ့ဘူး။ ႏွစ္ေယာက္သား သီခ်င္းကို လဲဆိုလိုက္ၾကရင္ေရာ?"
ထိုသို႔ ၾကားလိုက္ရတဲ့ လူတိုင္း ၾကက္ေသ ေသသြားသည္။
စုထ်န္းထ်န္း ေ႐ြးခ်ယ္ထားတဲ့ သီခ်င္းက အျမင့္သံနဲ႔ အနိမ့္သံေတြၾကား ခက္ခက္ခဲခဲ ေျပာင္းဆိုရတာျဖစ္ၿပီး အမွန္တကယ္ကို ခက္ခဲလွ၏။ အမွန္အကန္ သီဆိုႏိုင္မည္ဆိုပါက ခ်ီးက်ဴးေထာပနာ ျပဳခံရမွာ ျဖစ္ၿပီး ဆိုေနတဲ့ အခ်ိန္မွာ တစ္ခုခုလြဲေခ်ာ္မည္ ဆိုပါက အရွက္ကြဲမွာ ျဖစ္၏။ ေနာက္ဆုံး မိနစ္ပိုင္းေလာက္ လိုေတာ့မွ လင္းခ်င္ေပ့ကို သီခ်င္းလဲဆိုေပးဖို႔ ဘယ္လိုမ်ား ေမးႏိုင္ရတာလဲ?!
AN/သၾကၤန္ကာလအတြင္း အိမ္တြင္းပုန္းၿပီး စာဖတ္တဲ့လူေတြ မြခ်ိပါ♥️ ေျပာထားတဲ့အတိုင္း ၁ေန႔၂ပိုင္းတင္တာ အတက္ေန႔ထိ ေရာက္သြားၿပီဆိုေတာ့ နက္ျဖန္ကစၿပီး အရင္လို အပ္ပုဒိတ္ မွန္တခ်က္ မမွန္တခ်က္ေလး ျပန္ျဖစ္သြားပါၿပီ။ ေစာင့္ဖတ္ေပးတဲ့လူေတြကို ေက်းဇူးတင္ပါတယ္😘