[Unicode]
စုထျန်းထျန်းက ကြည့်ရှုနေသူတွေကို မိန်းမောသွားအောင်ထိ လုပ်ချင်တာမို့ ခက်ခဲတဲ့ အမြင့်သံပါတဲ့ သီချင်းကို ရွေးချယ်ထားတာ ဖြစ်သည်။
လူများနေတာကြောင့် သူမကိုယ်သူမ အရမ်းကြီး စိတ်မလှုပ်ရှားအောင် အရင်ထိန်းလိုက်သည် ဒါမှသာ သူမရဲ့ နုတ်တွေကို ပိုမိုကောင်းမွန်စွာ ဆိုနိုင်မှာဖြစ်တာကြောင့်ပင်။ ဘယ်လိုပဲဖြစ်ဖြစ် သူမ သီဆိုပြီးသွားတဲ့အခါ လည်ချောင်းထဲမှ လောင်ကျွမ်းမှုကို ခံစားလိုက်ရ၏။
သီချင်းကို လေ့ကျင့်ပြီးသွားတဲ့အခါ စင်နောက်မှ ထွက်လာတဲ့ အသံကို ကြားလိုက်ရသည်။ "သီချင်းက ပြီးသွားပြီဆိုတော့ အသံပြန်ဖွင့်လို့ရပြီ။ သီချင်းဆိုနေတုန်းမှာ မပေါက်ကြားဖို့လိုတာမို့ ငါ့အနေနဲ့ အသံပိတ်လိုက်ရတာကို နားလည်ပေးနိုင်ကြမယ် မလား?"
"…"
စုထျန်းထျန်း နည်းနည်းတော့ နောင်တရသွားသည်။ သူမ ထင်ထားတာက နင်မုန့်က ဇာတ်ခုံကို ပိုကြွသွားအောင် အစီအစဉ်ဝန်ထမ်းတွေကို ရန်စမယ်လို့လေ။ အနည်းဆုံးတော့ အဲ့နည်းက အနိုင်ကျင့်ခံရသူက သူမဆိုတဲ့ ပုံစံကို ပေးစွမ်းနိုင်သည်။ ဒါတောင်မှ နင်မုန့်က အခုထိ ဗျူဟာကို ကောင်းကောင်း သုံးထားသုံးပဲ! စုထျန်းထျန်းက အသက်ခပ်ပြင်းပြင်းသာ ရှူလိုက်သည်။ ထိုအချိန်မှာပဲ အပြင်ဘက်မှာ ထပ်မံပြီး အနည်းငယ် ရှုပ်ယှက်ခက်သွားသည်။
"အစားအသောက်တွေ ရောက်ပါပြီ! နေ့လည်၁နာရီတည်းက ဘာမှ မစားရသေးတော့ ဗိုက်ဆာတာနဲ့ ကျောက်ပုစွန်နည်းနည်းလောက် မှာလိုက်တယ်"
အစားအသောက် ရနံ့က သူမသီချင်းဆိုနေတဲ့ နေရာထိ ရိုက်ခတ်လာ၏။ ဝန်ထမ်းအားလုံးက ဗိုက်ဆာနေပြီဖြစ်တာကြောင့် တံတွေးမြိုချမိသွားကြသည်။ အခုပုံစံက ရထားပေါ်က အသင့်စား ခေါက်ဆွဲတွေနဲ့ တူနေပြီး ကျောက်ပုစွန်ရဲ့ အနံ့ကတောင် ပိုပြီး စွဲမက်ဖို့ ကောင်းလွန်းတယ်! မန်နေဂျာ နဲ့ ဝန်ထမ်းအကုန်လုံးက သူတို့နားနေချိန် ခနလေးမှာ လျင်မြန်စွာပဲ စားလိုက်ကြသည်။ စုထျန်းထျန်းကတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ရာအတွက် ဘာမှ စားလို့မဖြစ်ပေ။ အကယ်၍ ညမိုးချုပ်ကြီးမှာ သူမ စားလိုက်မယ်ဆိုရင် အဆီတက်လာမှာ ဖြစ်သည်။
သူမရဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ သူမ အနေနဲ့ အနုပညာလောကထဲ စဝင်တည်းက စားချင်စိတ်ကို ထိန်းချုပ်ခဲ့ရတာ ဖြစ်ပေမယ့် ယခု ရလာတဲ့ ရနံ့ကြောင့် တိတ်တဆိတ် တံတွေးတွေ စိမ့်တတ်လာတာကို သည်းမခံနိုင်တော့ချေ။ ရုတ်တရက်ဆိုသလို အပြင်ဘက်မှ နင်မုန့်ရဲ့ အသံက ထွက်လာ၏။
"ဆယ်မိနစ်တောင် ရှိသွားပြီ ဘာလို့ မစကြသေးတာလဲ?"
"??"
ဂီတသမားတွေ အားလုံးက နေရာယူလိုက်ပြီး တီးလုံးကို စလိုက်ပေမယ့် စုထျန်းထျန်း ပါးစပ်တစ်ခုလုံးက တံတွေးတို့နှင့် ပြည့်နေလေ၏!
"…"
ကို့ရို့ကားယားနိုင်ပြီး ရှက်စိတ်ကြောင့် အပေါက်တစ်ပေါက်ရှာပြီး သူမကိုယ်သူမ မြှုပ်ချင်မိသွားသည်။
သူမ ထိန်းလိုက်ပြီး အဆုံးထိ သီဆိုလိုက်သည်။ သို့ပေမယ့် နောက်ထပ် ပြောတဲ့အသံကို ကြားလိုက်ရသည်။ "ဒါက အခုမှ ဒုတိယအကြိမ်ပဲ ရှိသေးတာ။ နောက်ထပ်၃ကြိမ်လောက် ကျန်သေးတယ်! ထပ်စောင့်ကြတာပေါ့~"
"!!!"
အင်တင်တင်နဲ့ပဲ ငါးကြိမ်လုံး ဆိုပြီးတဲ့အခါမှာတော့ စုထျန်းထျန်း အနေနဲ့ နောက်ထပ် ရန်စနိုင်တဲ့ အရာဘာမှ ထပ်မလုပ်ရဲတော့ဘဲ ချက်ချင်းထွက်သွားလိုက်လေ၏။ စိတ်တိုနေတဲ့ ပုံစံနဲ့ ထွက်သွားတဲ့ အရိပ်ကိုကြည့်လိုက်ရင်း နင်မုန့် နှုတ်ခမ်းတို့ လှုပ်သွားသည်။
လင်းချင်ပေ့က ကျွမ်းကျင်တဲ့ လူတစ်ယောက် ဖြစ်သည်။ သူက ပြင်ထားတဲ့ စာရွက်ကို တီးဝိုင်းအဖွဲ့ဆီ ပေးလိုက်သလို ၂ကြိမ်ပဲ လေ့ကျင့်လိုက်ရသည်။ ည၁၁ခွဲရောက်တာနဲ့ သူတို့ အကုန်လုံး ပြီးစီးသွားကြ၏။ နင်မုန့်ကတော့ အိမ်ကိုသာ မောင်းသွားပြီး ရေနွေးနွေးလေးနဲ့ ချိုးလိုက်သည်။ နောက်ဆုံးမှာတော့ သက်သောင့်သက်သာ ရှိလှတဲ့ ကုတင်ပေါ် လှချလိုက်လေ၏။ သူမ ဖုန်းကို ကြည့်လိုက်တော့ လွန်ခဲ့တဲ့ နာရီဝက်က ဟော်ပေ့ချန် ပို့ထားတဲ့ WeChatမှစာကို သတိပြုမိသွားသည်။
[ငါ မနက်ဖြန်ကျရင် ပြန်လာမယ်]
"??"
'ဘာလို့ အဲ့လောက်အစောကြီး သူက ပြန်လာရတာလဲ? ရက်အနည်းငယ်လောက် ထွက်သွားရမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား'
သူ အိမ်မှာ မရှိတဲ့ အချိန်တွေမှာ နင်မုန့်က လွတ်လပ်မှုကို အပြည့်အ၀ ခံစားလို့ ရနေခဲ့တာဖြစ်သည်! စိတ်မချမ်းမြေ့စွာသာ သူမ စာပြန်လိုက်သည်။
[ကောင်းပါပြီ]
ဟော်ပေ့ချန် : [မကြိုဆိုတာလား?]
နင်မုန့် ချက်ချင်းပဲ သူမရဲ့ ခံစားချက်တွေကို ပြင်လိုက်ပြီး သူမရဲ့ အွန်လိုင်းလုပ်ငန်းကို စတင်လိုက်သည်။ : [ဘာဖြစ်လို့လဲ ယောက်ျား? ကျွန်မက ရှင့်ဖုန်းလိုပဲနော်။ အကြွေးမရှိဖို့ မျှော်လင့်ပြီး အမြဲတမ်း လိုင်းသုံးတာ မရပ်လိုက်ဖို့ မျှော်လင့်နေသူပါ။ ကျွန်မ အမြဲတမ်း ဝန်ဆောင်မှု ရှိတယ်နော်!]
ဟော်ပေ့ချန် : […စောစောအိပ်]
နင်မုန့်က GIFတစ်ခုနဲ့ စာပြန်လိုက်သည် : [Goodnight.jpg]
ပို့လိုက်တဲ့ပုံက မုန်လာဥကို ဖက်ပြီးအိပ်နေတဲ့ ယုန်မလေး တစ်ကောင်ပုံ ဖြစ်၏။
ဟော်ပေ့ချန်က ခနလောက် ရပ်လိုက်ပြီး ချီရှန်ကို စာပို့လိုက်သည်။ : [ငါ့ကို GIFတချို့ ပို့ပေး]
ချီရှန် : [?]
-
ထိုညက စုထျန်းထျန်း ကောင်းကောင်း မအိပ်နိုင်ပေ။ သီချင်းဆိုနေတုန်း ပါးစပ်တစ်ခုလုံး တံတွေးတို့နဲ့ ပြည့်နေပြီး စိုးရိမ်ကြောင့်ကျမှုကို ခံစားနေရသည်။ နောက်တနေ့မနက်မှာတော့ သူမရဲ့ မန်နေဂျာက ရောက်လာသည်။
"ထျန်းထျန်း ထဖို့အချိန်ရောက်ပြီ။ ခနနေရင် အသံသွားသွင်းရမယ်"
"အင်းပါ သိပါတယ်"
နှုတ်ခမ်းဆီက စကားတွေ ထွက်လာတဲ့ တခန သူမ ကြက်သေ သေသွားသည်။ သူမ အသံပျောက်သွားပြီ!
---------------------
[Zawgyi]
စုထ်န္းထ်န္းက ၾကည့္ရႈေနသူေတြကို မိန္းေမာသြားေအာင္ထိ လုပ္ခ်င္တာမို႔ ခက္ခဲတဲ့ အျမင့္သံပါတဲ့ သီခ်င္းကို ေ႐ြးခ်ယ္ထားတာ ျဖစ္သည္။
လူမ်ားေနတာေၾကာင့္ သူမကိုယ္သူမ အရမ္းႀကီး စိတ္မလႈပ္ရွားေအာင္ အရင္ထိန္းလိုက္သည္ ဒါမွသာ သူမရဲ႕ ႏုတ္ေတြကို ပိုမိုေကာင္းမြန္စြာ ဆိုႏိုင္မွာျဖစ္တာေၾကာင့္ပင္။ ဘယ္လိုပဲျဖစ္ျဖစ္ သူမ သီဆိုၿပီးသြားတဲ့အခါ လည္ေခ်ာင္းထဲမွ ေလာင္ကြၽမ္းမႈကို ခံစားလိုက္ရ၏။
သီခ်င္းကို ေလ့က်င့္ၿပီးသြားတဲ့အခါ စင္ေနာက္မွ ထြက္လာတဲ့ အသံကို ၾကားလိုက္ရသည္။ "သီခ်င္းက ၿပီးသြားၿပီဆိုေတာ့ အသံျပန္ဖြင့္လို႔ရၿပီ။ သီခ်င္းဆိုေနတုန္းမွာ မေပါက္ၾကားဖို႔လိုတာမို႔ ငါ့အေနနဲ႔ အသံပိတ္လိုက္ရတာကို နားလည္ေပးႏိုင္ၾကမယ္ မလား?"
"…"
စုထ်န္းထ်န္း နည္းနည္းေတာ့ ေနာင္တရသြားသည္။ သူမ ထင္ထားတာက နင္မုန႔္က ဇာတ္ခုံကို ပိုႂကြသြားေအာင္ အစီအစဥ္၀န္ထမ္းေတြကို ရန္စမယ္လို႔ေလ။ အနည္းဆုံးေတာ့ အဲ့နည္းက အႏိုင္က်င့္ခံရသူက သူမဆိုတဲ့ ပုံစံကို ေပးစြမ္းႏိုင္သည္။ ဒါေတာင္မွ နင္မုန႔္က အခုထိ ဗ်ဴဟာကို ေကာင္းေကာင္း သုံးထားသုံးပဲ! စုထ်န္းထ်န္းက အသက္ခပ္ျပင္းျပင္းသာ ရွဴလိုက္သည္။ ထိုအခ်ိန္မွာပဲ အျပင္ဘက္မွာ ထပ္မံၿပီး အနည္းငယ္ ရႈပ္ယွက္ခက္သြားသည္။
"အစားအေသာက္ေတြ ေရာက္ပါၿပီ! ေန႔လည္၁နာရီတည္းက ဘာမွ မစားရေသးေတာ့ ဗိုက္ဆာတာနဲ႔ ေက်ာက္ပုစြန္နည္းနည္းေလာက္ မွာလိုက္တယ္"
အစားအေသာက္ ရနံ႔က သူမသီခ်င္းဆိုေနတဲ့ ေနရာထိ ႐ိုက္ခတ္လာ၏။ ၀န္ထမ္းအားလုံးက ဗိုက္ဆာေနၿပီျဖစ္တာေၾကာင့္ တံေတြးၿမိဳခ်မိသြားၾကသည္။ အခုပုံစံက ရထားေပၚက အသင့္စား ေခါက္ဆြဲေတြနဲ႔ တူေနၿပီး ေက်ာက္ပုစြန္ရဲ႕ အနံ႔ကေတာင္ ပိုၿပီး စြဲမက္ဖို႔ ေကာင္းလြန္းတယ္! မန္ေနဂ်ာ နဲ႔ ၀န္ထမ္းအကုန္လုံးက သူတို႔နားေနခ်ိန္ ခနေလးမွာ လ်င္ျမန္စြာပဲ စားလိုက္ၾကသည္။ စုထ်န္းထ်န္းကေတာ့ သူမရဲ႕ ဆြဲေဆာင္မႈရွိတဲ့ ပုံရိပ္ကို ထိန္းသိမ္းဖို႔ရာအတြက္ ဘာမွ စားလို႔မျဖစ္ေပ။ အကယ္၍ ညမိုးခ်ဳပ္ႀကီးမွာ သူမ စားလိုက္မယ္ဆိုရင္ အဆီတက္လာမွာ ျဖစ္သည္။
သူမရဲ႕ ကိုယ္အေလးခ်ိန္ကို ထိန္းဖို႔ သူမ အေနနဲ႔ အႏုပညာေလာကထဲ စ၀င္တည္းက စားခ်င္စိတ္ကို ထိန္းခ်ဳပ္ခဲ့ရတာ ျဖစ္ေပမယ့္ ယခု ရလာတဲ့ ရနံ႔ေၾကာင့္ တိတ္တဆိတ္ တံေတြးေတြ စိမ့္တတ္လာတာကို သည္းမခံႏိုင္ေတာ့ေခ်။ ႐ုတ္တရက္ဆိုသလို အျပင္ဘက္မွ နင္မုန႔္ရဲ႕ အသံက ထြက္လာ၏။
"ဆယ္မိနစ္ေတာင္ ရွိသြားၿပီ ဘာလို႔ မစၾကေသးတာလဲ?"
"??"
ဂီတသမားေတြ အားလုံးက ေနရာယူလိုက္ၿပီး တီးလုံးကို စလိုက္ေပမယ့္ စုထ်န္းထ်န္း ပါးစပ္တစ္ခုလုံးက တံေတြးတို႔ႏွင့္ ျပည့္ေနေလ၏!
"…"
ကို႔႐ို႕ကားယားႏိုင္ၿပီး ရွက္စိတ္ေၾကာင့္ အေပါက္တစ္ေပါက္ရွာၿပီး သူမကိုယ္သူမ ျမႇဳပ္ခ်င္မိသြားသည္။
သူမ ထိန္းလိုက္ၿပီး အဆုံးထိ သီဆိုလိုက္သည္။ သို႔ေပမယ့္ ေနာက္ထပ္ ေျပာတဲ့အသံကို ၾကားလိုက္ရသည္။ "ဒါက အခုမွ ဒုတိယအႀကိမ္ပဲ ရွိေသးတာ။ ေနာက္ထပ္၃ႀကိမ္ေလာက္ က်န္ေသးတယ္! ထပ္ေစာင့္ၾကတာေပါ့~"
"!!!"
အင္တင္တင္နဲ႔ပဲ ငါးႀကိမ္လုံး ဆိုၿပီးတဲ့အခါမွာေတာ့ စုထ်န္းထ်န္း အေနနဲ႔ ေနာက္ထပ္ ရန္စႏိုင္တဲ့ အရာဘာမွ ထပ္မလုပ္ရဲေတာ့ဘဲ ခ်က္ခ်င္းထြက္သြားလိုက္ေလ၏။ စိတ္တိုေနတဲ့ ပုံစံနဲ႔ ထြက္သြားတဲ့ အရိပ္ကိုၾကည့္လိုက္ရင္း နင္မုန႔္ ႏႈတ္ခမ္းတို႔ လႈပ္သြားသည္။
လင္းခ်င္ေပ့က ကြၽမ္းက်င္တဲ့ လူတစ္ေယာက္ ျဖစ္သည္။ သူက ျပင္ထားတဲ့ စာ႐ြက္ကို တီးဝိုင္းအဖြဲ႕ဆီ ေပးလိုက္သလို ၂ႀကိမ္ပဲ ေလ့က်င့္လိုက္ရသည္။ ည၁၁ခြဲေရာက္တာနဲ႔ သူတို႔ အကုန္လုံး ၿပီးစီးသြားၾက၏။ နင္မုန႔္ကေတာ့ အိမ္ကိုသာ ေမာင္းသြားၿပီး ေရေႏြးေႏြးေလးနဲ႔ ခ်ိဳးလိုက္သည္။ ေနာက္ဆုံးမွာေတာ့ သက္ေသာင့္သက္သာ ရွိလွတဲ့ ကုတင္ေပၚ လွခ်လိုက္ေလ၏။ သူမ ဖုန္းကို ၾကည့္လိုက္ေတာ့ လြန္ခဲ့တဲ့ နာရီ၀က္က ေဟာ္ေပ့ခ်န္ ပို႔ထားတဲ့ WeChatမွစာကို သတိျပဳမိသြားသည္။
[ငါ မနက္ျဖန္က်ရင္ ျပန္လာမယ္]
"??"
'ဘာလို႔ အဲ့ေလာက္အေစာႀကီး သူက ျပန္လာရတာလဲ? ရက္အနည္းငယ္ေလာက္ ထြက္သြားရမယ္လို႔ ေျပာခဲ့တာ မဟုတ္ဘူးလား'
သူ အိမ္မွာ မရွိတဲ့ အခ်ိန္ေတြမွာ နင္မုန႔္က လြတ္လပ္မႈကို အျပည့္အ၀ ခံစားလို႔ ရေနခဲ့တာျဖစ္သည္! စိတ္မခ်မ္းေျမ့စြာသာ သူမ စာျပန္လိုက္သည္။
[ေကာင္းပါၿပီ]
ေဟာ္ေပ့ခ်န္ : [မႀကိဳဆိုတာလား?]
နင္မုန႔္ ခ်က္ခ်င္းပဲ သူမရဲ႕ ခံစားခ်က္ေတြကို ျပင္လိုက္ၿပီး သူမရဲ႕ အြန္လိုင္းလုပ္ငန္းကို စတင္လိုက္သည္။ : [ဘာျဖစ္လို႔လဲ ေယာက္်ား? ကြၽန္မက ရွင့္ဖုန္းလိုပဲေနာ္။ အေႂကြးမရွိဖို႔ ေမွ်ာ္လင့္ၿပီး အၿမဲတမ္း လိုင္းသုံးတာ မရပ္လိုက္ဖို႔ ေမွ်ာ္လင့္ေနသူပါ။ ကြၽန္မ အၿမဲတမ္း ၀န္ေဆာင္မႈ ရွိတယ္ေနာ္!]
ေဟာ္ေပ့ခ်န္ : […ေစာေစာအိပ္]
နင္မုန႔္က GIFတစ္ခုနဲ႔ စာျပန္လိုက္သည္ : [Goodnight.jpg]
ပို႔လိုက္တဲ့ပုံက မုန္လာဥကို ဖက္ၿပီးအိပ္ေနတဲ့ ယုန္မေလး တစ္ေကာင္ပုံ ျဖစ္၏။
ေဟာ္ေပ့ခ်န္က ခနေလာက္ ရပ္လိုက္ၿပီး ခ်ီရွန္ကို စာပို႔လိုက္သည္။ : [ငါ့ကို GIFတခ်ိဳ႕ ပို႔ေပး]
ခ်ီရွန္ : [?]
-
ထိုညက စုထ်န္းထ်န္း ေကာင္းေကာင္း မအိပ္ႏိုင္ေပ။ သီခ်င္းဆိုေနတုန္း ပါးစပ္တစ္ခုလုံး တံေတြးတို႔နဲ႔ ျပည့္ေနၿပီး စိုးရိမ္ေၾကာင့္က်မႈကို ခံစားေနရသည္။ ေနာက္တေန႔မနက္မွာေတာ့ သူမရဲ႕ မန္ေနဂ်ာက ေရာက္လာသည္။
"ထ်န္းထ်န္း ထဖို႔အခ်ိန္ေရာက္ၿပီ။ ခနေနရင္ အသံသြားသြင္းရမယ္"
"အင္းပါ သိပါတယ္"
ႏႈတ္ခမ္းဆီက စကားေတြ ထြက္လာတဲ့ တခန သူမ ၾကက္ေသ ေသသြားသည္။ သူမ အသံေပ်ာက္သြားၿပီ!