[Unicode]
စုထျန်းထျန်းက သေချာပေါက် အရာအားလုံးကို ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာဖြစ်သည်။
သူမ အနေနဲ့ အလျင်စလို လုပ်စရာမလိုသလို တနေ့လုံး တခြားဘယ်အရာမှ လုပ်စရာ မရှိပေ။ နောက်နေ့တွေမှာ ယုံကြည်ချက်ရှိရှိ ဖျော်ဖြေနိုင်ဖို့ နောက်ထပ် အနည်းငယ် လေ့ကျင့်ယုံဖြစ်သည်။ တချိန်တည်းမှာလည်း နင်မုန့်ကို ရန်စချင်သလို ရင်းနှီးကျွမ်းဝင်မှု မရှိရင် ဘယ်လိုအကျိုးဆက်ကို ခံစားရမလဲဆိုတာ လင်းချင်ပေ့ကို သိစေချင်တာ ဖြစ်သည်!
သူမက တစ်ချိန်စာ ဆိုပြီးပြီ ဆိုတာနဲ့ ဘေးဘက်မှာ ဖြည်းညင်းစွာ ထိုင်လိုက်ပြီး သူမရဲ့ မန်နေဂျာယူလာတဲ့ ရေဗူးကို သောက်လိုက်သည်။ တဖက်က ဝန်ထမ်းက မေးလာ၏။ "ဆရာမစု နောက်တစ်ခါကို ဘယ်အချိန်မှာ လေ့ကျင့်ကြမလဲ?"
သီချင်းတစ်ပုဒ်ကို ၇မိနစ်သာ ကြာသည်။ သူမ အနေနဲ့ ၂ကြိမ်လောက် ထပ်ဆိုလိုက်မယ် ဆိုရင်တောင် နာရီဝက်လောက်ပဲ ကြာမှာဖြစ်သည်။ အကယ်၍ သူမက လင်းချင်ပေ့ကို လေ့ကျင့်ချိန် ပေးလိုက်မယ်ဆိုရင်တောင် အချိန်က ၉ခွဲပဲ ရှိနေဦးမှာဖြစ်၏။
စုထျန်းထျန်းက ထိုသို့ကြားတဲ့အခါ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပေမယ့် အဖြေပြန်မပေးလိုက်ပေ။ သူမရဲ့ မန်နေဂျာကသာ ပြန်ဖြေလာသည်။ "အကုန်လုံးလည်း ပင်ပန်းနေပြီလို့ ထင်တယ်။ ဂီတအဖွဲ့က လူတွေအတွက်ပါ အစားအသောက်တွေ မှာထားတာ နောက်ငါးမိနစ်ဆို ရောက်လာတော့မှာ။ အရင်စားပြီးမှ ဆုံးဖြတ်ကြတာပေါ့"
ပင်ပန်းနေကြတဲ့ အဖွဲ့သားများကလည်း ထိုသို့ကြားလိုက်တဲ့အခါ ဝမ်းသာသွားကြသည်။ ဝန်ထမ်းက တိတ်ဆိတ်စွာနဲ့ စင်နောက်ကို ကြည့်လိုက်သည်။ သူ့အနေနဲ့လည်း ပြုံးနေသေးတဲ့ စုထျန်းထျန်းကို ဆန့်ကျင်ပြီး ဘာမှ မပြောချင်ပေ။ စုထျန်းထျန်းဆိုတာ သူ့အနေနဲ့ ဘယ်လိုနည်းနဲ့မှ အမှားလုပ်လို့ မရတဲ့လူ ဖြစ်သည်။ သူမရဲ့ နောက်ခံအင်အားကလည်း တောင့်တင်းသေးသည်လေ။
ဝန်ထမ်းကတော့ ခေါင်းညိမ့်ရုံသာ တတ်နိုင်သည်။
ဝန်ထမ်းထွက်သွားတဲ့အခါ မန်နေဂျာက တီးတိုးပြောလိုက်သည်။ "အခုခေတ် လူငယ်တွေက တော်တော် စိတ်မရှည်တတ်တာပဲ။ ခနလောက် ထပ်ပြီး စောင့်လိုက်လို့ရော ဘာဖြစ်သွားမှာ မို့လို့လဲ။ အလျင်စလို လုပ်မနေနဲ့ အမထျန်းထျန်း။ အစားအသောက်တွေ ရောက်လာရင် နာရီဝက်လောက် အချိန်ယူမယ်။ စားသောက်ပြီးသွားတာနဲ့ နောက်တစ်နာရီလောက် လေ့ကျင့်ဦးမယ်။ ညနက်တဲ့ထိ စောင့်ရမှာ သူတို့တာဝန်ပဲ!"
စုထျန်းထျန်းကတော့ သူမ မျက်ဝန်းတွေထဲက ပျော်ရွှင်မှုကို ကြိုးစားဖုံးကွယ်လိုက်သည်။
ရုတ်တရက်ဆိုသလို စင်နောက်က ခပ်စူးစူးအသံ ထွက်လာလေ၏။ မိန်းမတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရသည်။ "အားလုံးပဲ အဆင်ပြေတယ်နော်! ကျွန်မက လင်းချင်ပေ့ရဲ့ အေးဂျင့်ပါ။ လာလေ ပေ့ပေ့ အကုန်လုံးကို မိတ်ဆက်လိုက်ဦး!"
"??"
တိတ်ဆိတ်တဲ့ ညရောက်နေပြီဖြစ်ပြီး ဂီတသမားတွေကလည်း အကုန် နားနေကြတာဖြစ်တာမို့ စင်နောက်က ဆူညံသံကို အတိုင်းသားကြားနေရပြီး ဝန်ထမ်းတစ်ယောက်က သူမနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေလေသည်။ "မစ္စနင် ဘာဖြစ်လို့ live stream စလွှင့်လိုက်ရတာလဲ?"
နင်မုန့်က ပွင့်ပွင့်လင်းလင်းသာ ပြန်ပြောလိုက်သည်။ "ဘာလို့လဲ? ငါတို့အလှည့်ရောက်ဖို့ ဘယ်လိုဖြစ်ဖြစ် စောင့်နေရမှာပဲဆိုတော့ live streamစလိုက်တာလေ!"
"ဒါပေမယ့်.....ဒါပေမယ့် ကျွန်တော်တို့ အစီအစဉ်က လျှို့ဝှက်ထားရမှာလေ!"
"live streamကနေ votesစုလို့ မရဘူးလို့ စာချုပ်က ပြောထားခဲ့လို့လား"
".....ဟင့်အင်း ပြောတော့ မပြောထားပါဘူး"
"စာချုပ်ထဲက လျှို့ဝှက်ချက်ကို သေချာလေး စောင့်ထိန်းမှာပါ။ စိတ်မပူပါနဲ့ ကျွန်မတို့ တခြားဧည့်သည်တွေရဲ့ သီချင်းတွေကို မပြောပြပါဘူး"
"........"
"ကဲ ဟုတ်ပြီ....ကျွန်မတို့ 'Throne of Songs'အတွက် အသံသွင်းနေကြတာ"
"ဘာလို့ အရမ်းနောက်ကျတဲ့အထိလဲလို့ မေးတာလား? ဘာလို့ ငါတို့ရှေ့မှာ လွန်ခဲ့တဲ့၂နာရီလုံး ဆက်တိုက်ကို လေ့ကျင့်နေတဲ့ လျှို့ဝှက်အဆိုတော် တစ်ယောက်ရှိလို့လေ! ဒါကြောင့်ပဲ စောင့်ပေးနေကြရတာ!"
"ဘယ်သူက ပေ့ပေ့ကို နောက်ကျတဲ့ထိ လုပ်တာလဲ? ဆိုတော့ ငါပြောပြလို့ မရဘူး အဲ့တာ လျှို့ဝှက်ချက်မို့လို့! ငါ့အနေနဲ့ အနိုင်ကျင့်တယ်လို့တော့ မထင်ပါဘူး သာမန်ပါပဲ။ ငါတို့ စောင့်ပေးရတာအတွက် လုံး၀ နားလည်ပေးနိုင်ပါတယ်"
"ပေ့ပေ့အနေနဲ့ သူ့ အသံကို ဂရုစိုက်ရမယ်ဆိုတော့ ဒီည မင်းတို့နဲ့ လာစကားပြောတာ"
"ဟုတ်တယ်။ ငါတို့က အခု စင်နောက်မှာ။ အိုး? ဟုတ်သား အခုပြောနေမှပဲ! ဘာလို့များ အရှေ့က သီချင်းသံလည်း မကြားရတာပါလိမ့်?"
နင်မုန့်က ဝန်ထမ်းဘက်ကို လှည့်ကြည့်ပြီး အံ့ဩနေတဲ့ ပုံစံနဲ့ ကြည့်လိုက်ကာ "သူတို့ သီချင်းဆိုလို့ ပြီးသွားတာလား? သူတို့ထပ်ပြီး နောက်ထပ် ၄,၅ကြိမ်လောက် ထပ်ပြီး လေ့ကျင့်ချင်သေးတယ်လို့ ရှင်ပြောထား သလားလို့?"
အစားအသောက်တွေကို စောင့်နေတယ်ဆိုတာ ဝန်ထမ်းက ပြောလို့ မဖြစ်နိုင်တာမို့ ပြန်ဖြေလိုက်တာက "သူတို့ ခနနားနေကြတာပါ။ ဆရာမကတော့ ရေသောက်နေပါတယ်"
စင်ပေါ်မှ စုထျန်းထျန်းက ဆွံ့အလို့ သွားသည်။ နင်မုန့် အဲ့လောက်ထိ ရန်လိုလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
သူမ အနေနဲ့ ကျဉ်းထဲကျပ်ထဲ ရောက်နေတာ ဖြစ်သည်။ တကယ်လို့ အခု သူမက ထွက်ပေးလိုက်မယ်ဆိုရင်လည်း ထူးခြားတာကို ပရိတ်သက်တွေက သတိပြုမိသွားမှာဖြစ်သည်။ မန်နေဂျာကတော့ မျက်မှောင်ကြုပ်လိုက်ပြီး မေးလိုက်သည်။ "ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ?"
'ငါတို့ ဘာလုပ်သင့်လဲ?'
စုထျန်းထျန်း စိတ်ထဲ မကောင်းတဲ့ အတွေးတွေနဲ့သာ အံကြိတ်လိုက်ပြီး အော်လိုက်သည်။ "အဆင်သင့်ပြင်ထား သီချင်းဆိုကြမယ်!"
--------------------------
[Zawgyi]
စုထ်န္းထ်န္းက ေသခ်ာေပါက္ အရာအားလုံးကို ရည္႐ြယ္ခ်က္ ရွိရွိ လုပ္ခဲ့တာျဖစ္သည္။
သူမ အေနနဲ႔ အလ်င္စလို လုပ္စရာမလိုသလို တေန႔လုံး တျခားဘယ္အရာမွ လုပ္စရာ မရွိေပ။ ေနာက္ေန႔ေတြမွာ ယုံၾကည္ခ်က္ရွိရွိ ေဖ်ာ္ေျဖႏိုင္ဖို႔ ေနာက္ထပ္ အနည္းငယ္ ေလ့က်င့္ယုံျဖစ္သည္။ တခ်ိန္တည္းမွာလည္း နင္မုန႔္ကို ရန္စခ်င္သလို ရင္းႏွီးကြၽမ္း၀င္မႈ မရွိရင္ ဘယ္လိုအက်ိဳးဆက္ကို ခံစားရမလဲဆိုတာ လင္းခ်င္ေပ့ကို သိေစခ်င္တာ ျဖစ္သည္!
သူမက တစ္ခ်ိန္စာ ဆိုၿပီးၿပီ ဆိုတာနဲ႔ ေဘးဘက္မွာ ျဖည္းညင္းစြာ ထိုင္လိုက္ၿပီး သူမရဲ႕ မန္ေနဂ်ာယူလာတဲ့ ေရဗူးကို ေသာက္လိုက္သည္။ တဖက္က ၀န္ထမ္းက ေမးလာ၏။ "ဆရာမစု ေနာက္တစ္ခါကို ဘယ္အခ်ိန္မွာ ေလ့က်င့္ၾကမလဲ?"
သီခ်င္းတစ္ပုဒ္ကို ၇မိနစ္သာ ၾကာသည္။ သူမ အေနနဲ႔ ၂ႀကိမ္ေလာက္ ထပ္ဆိုလိုက္မယ္ ဆိုရင္ေတာင္ နာရီ၀က္ေလာက္ပဲ ၾကာမွာျဖစ္သည္။ အကယ္၍ သူမက လင္းခ်င္ေပ့ကို ေလ့က်င့္ခ်ိန္ ေပးလိုက္မယ္ဆိုရင္ေတာင္ အခ်ိန္က ၉ခြဲပဲ ရွိေနဦးမွာျဖစ္၏။
စုထ်န္းထ်န္းက ထိုသို႔ၾကားတဲ့အခါ ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးလိုက္ေပမယ့္ အေျဖျပန္မေပးလိုက္ေပ။ သူမရဲ႕ မန္ေနဂ်ာကသာ ျပန္ေျဖလာသည္။ "အကုန္လုံးလည္း ပင္ပန္းေနၿပီလို႔ ထင္တယ္။ ဂီတအဖြဲ႕က လူေတြအတြက္ပါ အစားအေသာက္ေတြ မွာထားတာ ေနာက္ငါးမိနစ္ဆို ေရာက္လာေတာ့မွာ။ အရင္စားၿပီးမွ ဆုံးျဖတ္ၾကတာေပါ့"
ပင္ပန္းေနၾကတဲ့ အဖြဲ႕သားမ်ားကလည္း ထိုသို႔ၾကားလိုက္တဲ့အခါ ၀မ္းသာသြားၾကသည္။ ၀န္ထမ္းက တိတ္ဆိတ္စြာနဲ႔ စင္ေနာက္ကို ၾကည့္လိုက္သည္။ သူ႔အေနနဲ႔လည္း ၿပဳံးေနေသးတဲ့ စုထ်န္းထ်န္းကို ဆန႔္က်င္ၿပီး ဘာမွ မေျပာခ်င္ေပ။ စုထ်န္းထ်န္းဆိုတာ သူ႔အေနနဲ႔ ဘယ္လိုနည္းနဲ႔မွ အမွားလုပ္လို႔ မရတဲ့လူ ျဖစ္သည္။ သူမရဲ႕ ေနာက္ခံအင္အားကလည္း ေတာင့္တင္းေသးသည္ေလ။
၀န္ထမ္းကေတာ့ ေခါင္းညိမ့္႐ုံသာ တတ္ႏိုင္သည္။
၀န္ထမ္းထြက္သြားတဲ့အခါ မန္ေနဂ်ာက တီးတိုးေျပာလိုက္သည္။ "အခုေခတ္ လူငယ္ေတြက ေတာ္ေတာ္ စိတ္မရွည္တတ္တာပဲ။ ခနေလာက္ ထပ္ၿပီး ေစာင့္လိုက္လို႔ေရာ ဘာျဖစ္သြားမွာ မို႔လို႔လဲ။ အလ်င္စလို လုပ္မေနနဲ႔ အမထ်န္းထ်န္း။ အစားအေသာက္ေတြ ေရာက္လာရင္ နာရီ၀က္ေလာက္ အခ်ိန္ယူမယ္။ စားေသာက္ၿပီးသြားတာနဲ႔ ေနာက္တစ္နာရီေလာက္ ေလ့က်င့္ဦးမယ္။ ညနက္တဲ့ထိ ေစာင့္ရမွာ သူတို႔တာ၀န္ပဲ!"
စုထ်န္းထ်န္းကေတာ့ သူမ မ်က္၀န္းေတြထဲက ေပ်ာ္႐ႊင္မႈကို ႀကိဳးစားဖုံးကြယ္လိုက္သည္။
႐ုတ္တရက္ဆိုသလို စင္ေနာက္က ခပ္စူးစူးအသံ ထြက္လာေလ၏။ မိန္းမတစ္ေယာက္ရဲ႕ အသံကို ၾကားလိုက္ရသည္။ "အားလုံးပဲ အဆင္ေျပတယ္ေနာ္! ကြၽန္မက လင္းခ်င္ေပ့ရဲ႕ ေအးဂ်င့္ပါ။ လာေလ ေပ့ေပ့ အကုန္လုံးကို မိတ္ဆက္လိုက္ဦး!"
"??"
တိတ္ဆိတ္တဲ့ ညေရာက္ေနၿပီျဖစ္ၿပီး ဂီတသမားေတြကလည္း အကုန္ နားေနၾကတာျဖစ္တာမို႔ စင္ေနာက္က ဆူညံသံကို အတိုင္းသားၾကားေနရၿပီး ၀န္ထမ္းတစ္ေယာက္က သူမနဲ႔ ညႇိႏႈိင္းဖို႔ ႀကိဳးစားေနေလသည္။ "မစၥနင္ ဘာျဖစ္လို႔ live stream စလႊင့္လိုက္ရတာလဲ?"
နင္မုန႔္က ပြင့္ပြင့္လင္းလင္းသာ ျပန္ေျပာလိုက္သည္။ "ဘာလို႔လဲ? ငါတို႔အလွည့္ေရာက္ဖို႔ ဘယ္လိုျဖစ္ျဖစ္ ေစာင့္ေနရမွာပဲဆိုေတာ့ live streamစလိုက္တာေလ!"
"ဒါေပမယ့္.....ဒါေပမယ့္ ကြၽန္ေတာ္တို႔ အစီအစဥ္က လွ်ိဳ႕ဝွက္ထားရမွာေလ!"
"live streamကေန votesစုလို႔ မရဘူးလို႔ စာခ်ဳပ္က ေျပာထားခဲ့လို႔လား"
".....ဟင့္အင္း ေျပာေတာ့ မေျပာထားပါဘူး"
"စာခ်ဳပ္ထဲက လွ်ိဳ႕ဝွက္ခ်က္ကို ေသခ်ာေလး ေစာင့္ထိန္းမွာပါ။ စိတ္မပူပါနဲ႔ ကြၽန္မတို႔ တျခားဧည့္သည္ေတြရဲ႕ သီခ်င္းေတြကို မေျပာျပပါဘူး"
"........"
"ကဲ ဟုတ္ၿပီ....ကြၽန္မတို႔ 'Throne of Songs'အတြက္ အသံသြင္းေနၾကတာ"
"ဘာလို႔ အရမ္းေနာက္က်တဲ့အထိလဲလို႔ ေမးတာလား? ဘာလို႔ ငါတို႔ေရွ႕မွာ လြန္ခဲ့တဲ့၂နာရီလုံး ဆက္တိုက္ကို ေလ့က်င့္ေနတဲ့ လွ်ိဳ႕ဝွက္အဆိုေတာ္ တစ္ေယာက္ရွိလို႔ေလ! ဒါေၾကာင့္ပဲ ေစာင့္ေပးေနၾကရတာ!"
"ဘယ္သူက ေပ့ေပ့ကို ေနာက္က်တဲ့ထိ လုပ္တာလဲ? ဆိုေတာ့ ငါေျပာျပလို႔ မရဘူး အဲ့တာ လွ်ိဳ႕ဝွက္ခ်က္မို႔လို႔! ငါ့အေနနဲ႔ အႏိုင္က်င့္တယ္လို႔ေတာ့ မထင္ပါဘူး သာမန္ပါပဲ။ ငါတို႔ ေစာင့္ေပးရတာအတြက္ လုံး၀ နားလည္ေပးႏိုင္ပါတယ္"
"ေပ့ေပ့အေနနဲ႔ သူ႔ အသံကို ဂ႐ုစိုက္ရမယ္ဆိုေတာ့ ဒီည မင္းတို႔နဲ႔ လာစကားေျပာတာ"
"ဟုတ္တယ္။ ငါတို႔က အခု စင္ေနာက္မွာ။ အိုး? ဟုတ္သား အခုေျပာေနမွပဲ! ဘာလို႔မ်ား အေရွ႕က သီခ်င္းသံလည္း မၾကားရတာပါလိမ့္?"
နင္မုန႔္က ၀န္ထမ္းဘက္ကို လွည့္ၾကည့္ၿပီး အံ့ဩေနတဲ့ ပုံစံနဲ႔ ၾကည့္လိုက္ကာ "သူတို႔ သီခ်င္းဆိုလို႔ ၿပီးသြားတာလား? သူတို႔ထပ္ၿပီး ေနာက္ထပ္ ၄,၅ႀကိမ္ေလာက္ ထပ္ၿပီး ေလ့က်င့္ခ်င္ေသးတယ္လို႔ ရွင္ေျပာထား သလားလို႔?"
အစားအေသာက္ေတြကို ေစာင့္ေနတယ္ဆိုတာ ၀န္ထမ္းက ေျပာလို႔ မျဖစ္ႏိုင္တာမို႔ ျပန္ေျဖလိုက္တာက "သူတို႔ ခနနားေနၾကတာပါ။ ဆရာမကေတာ့ ေရေသာက္ေနပါတယ္"
စင္ေပၚမွ စုထ်န္းထ်န္းက ဆြံ႕အလို႔ သြားသည္။ နင္မုန႔္ အဲ့ေလာက္ထိ ရန္လိုလိမ့္မယ္လို႔ သူမ ဘယ္တုန္းကမွ မထင္ထားခဲ့ေပ။
သူမ အေနနဲ႔ က်ဥ္းထဲက်ပ္ထဲ ေရာက္ေနတာ ျဖစ္သည္။ တကယ္လို႔ အခု သူမက ထြက္ေပးလိုက္မယ္ဆိုရင္လည္း ထူးျခားတာကို ပရိတ္သက္ေတြက သတိျပဳမိသြားမွာျဖစ္သည္။ မန္ေနဂ်ာကေတာ့ မ်က္ေမွာင္ၾကဳပ္လိုက္ၿပီး ေမးလိုက္သည္။ "ကြၽန္ေတာ္တို႔ အခု ဘာလုပ္သင့္လဲ?"
'ငါတို႔ ဘာလုပ္သင့္လဲ?'
စုထ်န္းထ်န္း စိတ္ထဲ မေကာင္းတဲ့ အေတြးေတြနဲ႔သာ အံႀကိတ္လိုက္ၿပီး ေအာ္လိုက္သည္။ "အဆင္သင့္ျပင္ထား သီခ်င္းဆိုၾကမယ္!"