[Book-1]novelထဲဝင်သွားပြီးနော...
By thiriWoonie
640K 78.6K 1.4K
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More
Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️
108[U&Z]
2.5K 320 7
By thiriWoonie
[Unicode]
ထိုမိန်းမကို ကြည့်နေရင်းမှ နှုတ်ခမ်းထောင့်က လှုပ်လာတာကို နင်မုန့် ခံစားလို့ရမိနေသည်။
"တဆိတ်လောက်ပါ နင်က ဘယ်သူလဲ"
ထိုသို့ကြားတဲ့အခါ အမျိုးသမီးက အံ့ဩစွာပဲ ပြန်ပြော‌လိုက်သည်။ "ငါလေ ကျန်းရှန့်မေ"[1]
နင်မုန့် မျက်လုံးတို့ကို လှိမ့်လိုက်ရင်း " 'မှန်ကန်ခြင်း နတ်ဘုရားမ'? ဒါဆိုရင်တော့ ငါကလည်း ချစ်ခြင်းနဲ့ငြိမ်းချမ်းရေးတရားရဲ့ တမန်တော်ပဲ!"
[1] အမျိုးသမီး ပြောလိုက်တာက သူမ နာမည်ဖြစ်တဲ့ ကျန်းရှန့်မေ"(甄善美)ပါ။ မှန်ကန်ခြင်း နတ်ဘုရားမ ကိုကျ တရုတ်လိုရေးရင် (真善美)ကျန်းရှန့်မေ ပါပဲ။ ပြောရမယ်ဆို Hanziကွာပြီး အသံထွက်တူနေတော့ အဓိပ္ပာယ်ကောက် လွဲသွားတာပါ။
"??"
"??"
အချိန်တစ်ခု ကြာတဲ့အထိ ငြိမ်သက်သွားပြီးနောက်မှာ အမျိုးသမီးက သူမရဲ့ မျက်နှာ မြင်သာစေရန် ဆံပင်တွေကို အနောက်သို့ သပ်လိုက်ပြီး "ငါ!! ကျန်း! ရှန့်! မေ လို့! လုပ်စမ်းပါ! ငါ ဒီနေ့ မိတ်ကပ် အထူကြီး လိမ်းထားလို့ မမှတ်မိဘူးလို့တော့ မပြောနဲ့နော်!"
"..."
ကျန်းရှန့်မေ သုန်မှုန်သွားသည်။ "နင်ဘာဖြစ်နေတာလဲ။ ငါတို့ အမြဲတမ်း အဆင်မပြေဘူးဆိုတာ သိပေမယ့် ငါတို့က အတူတူ ကြီးလာကြတဲ့ လူတွေပါ! ငါတို့ နောက်ဆုံးတွေ့ခဲ့တာ ကြာပြီဆိုပေမယ့် ဘယ်လိုဖြစ်ပြီး ငါ့ကိုတောင် မမှတ်မိရတော့တာလဲ!"
"..."
အာ!
သူမ အခု မှတ်မိပြီ!
novelထဲမှာ ဒီ "ကျန်းရှန့်မေ"က အထက်တန်း မိသားစုမှ ပေါက်ဖွားလာတဲ့ နင်မုန့်နဲ့ ဆင်သည်။ သူတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာကြတယ် ဆိုပေမယ့် အမြဲတမ်း တွေ့တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မဟုတ်တာလေးကို ငြင်းခုန်တတ်ကြပြီး ခွေးနှင့်ကြောင်ကဲ့သို့ ဖြစ်၏။
ဘယ်လိုဖြစ်ဖြစ် နင်မုန့် ကံဆိုးလာပြီး ကြမ်းတမ်းတဲ့ ကံကြမ္မာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ novel အပိုင်းတွေမှာဆို သူမကို ကူညီပေးခဲ့တဲ့ တစ်ယောက်တည်းသောလူက ကျန်းရှန့်မေ ဖြစ်သည်။ သူမကို အောက်ထိ ဆွဲချသွားမယ့်အစား ကျန်းရှန့်မေက သူမရဲ့ စစ်မှန်တဲ့ သူငယ်ချင်းဖြစ်ကြောင်း ပြခဲ့လေသည်။
အလွယ်ပြောရမယ်ဆို ကျန်းရှန့်မေက tsundereဖြစ်သည်။[2]
[2] tsundereဆိုတာ အစပိုင်းမှာ အေးစက်ပေမယ့် ဖြည်းဖြည်းချင်း ရင်းနှီးတဲ့ နွေးထွေးမှုကို ပြလာတတ်တဲ့ ဂျပန်ဇာတ်ကောင်ကို ပြောတာပါ။
နင်မုန့် သူမကို ကြည့်ပဲကြည့်နေတာကို မြင်လိုက်ရတဲ့အခါ ကျန်းရှန့်မေ သူမ လာရတဲ့ အကြောင်းပြချက်ကို ပြန်သတိရသွားသည်။ တခနအတွင်းမှာပဲ သူမ လက်ပိုက်လိုက်ပြီး သတိပေးလိုက်သည်။ "လီဟောက်ကျယ်ကို ‌ဖျားယောင်းနိုင်ဖို့အတွက် ငါ့ကို မသိချင်ယောင် ဆောင်နေတာလား။ ငါ နင့်ကို သတိပေးလိုက်မယ်နော်! အကယ်၍ ငါ့ သတို့သားလောင်းကို ဖျားယောင်းချင်လို့ကတော့ နင့်မျက်နှာကို ငါ့လက်သည်းတွေနဲ့ ကုတ်ပစ်မယ်!"
သူမ စကားပြောပြီးတဲ့အခါ ကျန်း‌ရှန့်မေက သူမ လက်သည်းတွေကို နင်မုန့်ရှေ့ ထုတ်ပြ၏။
လီဟောက်ကျယ်ဆိုတာ "Throne of Songs"ထဲမှာ ပါဝင်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက် ဖြစ်သည်။ ထိုကောင်လေးက အရည်အချင်းရှိတဲ့ လူငယ် တစ်ယောက် ဖြစ်ပေမယ့် စက်ဆုပ်ဖွယ်ကောင်းပြီး ဘဝင်လေဟပ်နေတဲ့ ဇီဇာကြောင် တစ်ယောက်ဖြစ်သည်။ သူ့ရဲ့ ဇီဇာကြောင်တတ်တဲ့ အကျင့်ကြောင့်လည်း အနုပညာနယ်ပယ်ထဲက သီချင်းထုတ်လုပ်သူ တော်တော်များများနဲ့ မကြာခန ကတောက်ကဆ ဖြစ်တတ်လေ၏။ ကျန်းရှန့်မေက သူ့အပေါ် အရင်ကတည်းက သဘောကျခဲ့သူဖြစ်တာကြောင့် သီချင်းနယ်ပယ်ထဲ သူအောင်မြင်ဖို့အတွက် သူမ မိသားစုကို အများကြီး ကူညီခိုင်းခဲ့တာ ဖြစ်သည်။ တခြားစကားဖြင့် ပြောရမယ်ဆိုပါက ဒီနေ့လို သူ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်လာဖို့ ကူညီပေးနေတဲ့ အဓိက တစ်ယောက်သောသူက ကျန်းရှန့်မေ ဖြစ်လေသည်။
ဒါကြောင့်ပဲ မျက်နှာများတဲ့ လီဟောက်ကျယ်က သူမရဲ့ သီးခံနိုင်စွမ်းကို စမ်းသပ်တတ်၏။
ဘာတွေဖြစ်နေတာလဲ ဆိုတာ နင်မုန့် သဘောပေါက်သွားတဲ့အခါ ရယ်ချလိုက်၏။
ဒါတွေ အကုန်လုံးက စုထျန်းထျန်းရဲ့ အကြံပဲ။
"မူလနင်မုန့်"က ယောက်ျားအပေါ် သစ္စာမရှိ ဆိုသော နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည်။ အတိတ်မှာတုန်းက နင်မုန့်က ကျန်းရှန့်မေနဲ့ ရန်ဖြစ်တဲ့အခါတိုင်း လီဟောက်ကျယ်ကို ဖျားယောင်းမည်ဟု အမြဲခြိမ်းခြောက်တတ်သည်။ စုထျန်းထျန်းက အခု နင်မုန့် နဲ့ ကျန်းရှန့်မေကြား ရန်ဖြစ်ဖို့ လောင်စာ ထည့်ပေးလိုက်တာ ဖြစ်၏။
သူမ နဲ့ စုထျန်းထျန်းက အမြဲ ကတောက်ကဆ ဖြစ်တတ်တာတော့ အမှန်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ စုထျန်းထျန်းက ကျန်းရှန့်မေကို အသုံးချပြီး သူမကို တိုက်ခိုက်ချင်နေတယ် ဆိုမှတော့....သူမလို နင်မုန့်က ဒီကိစ္စကို သူ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်အောင် လုပ်ပေးမယ်လို့များ ထင်နေတာလား ဟမ်?
ချိုသာစွာ ပြုံးလိုက်ရင်း နင်မုန့်က ကျန်းရှန့်မေရဲ့ လက်ကို ဆွဲကိုင်လိုက်သည်။ "အိုး ကြည့်ပါဦး! နင့် လက်သည်းလေးတွေက လှလိုက်တာ~ ပြီးတော့ ကြည့်ဦး! ကြည့်ကြည့် နင့်လက်တွေကို! ဖွေးပြီးတော့ နူးညံ့နေတာပဲ!"
ရန်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်တဲ့ ကျန်းရှန့်မေကတော့ ကြောင်အသွားသည်။
"အာ...အင်း သေချာပေါက် လှတာပေါ့!"
နင်မုန့်က ဆက်လက်ပြီး သူမကို မြှောက်သည်။ "‌နင့်အိတ်က နောက်ဆုံးပေါ် နာမည်ကြီးနေတဲ့အိတ် မလား။ တစ်အိတ်လောက် ရှိဖို့ ငါ့မှာ အမြဲဆုတောင်းနေလိုက်ရတာ ဒါပေမယ့် အခွင့်အရေး မရခဲ့ပါဘူး! ငါကြားတာတော့ ဒါကိုလိုချင်ရင် တန်းစီရတယ်ဆို!"
"?"
ခပ်မာမာ အနေအထားဖြစ်နေတဲ့ ကျန်းရှန့်မေက စတင် နူးညံ့လာသလို ပြုံးလိုက်သည်။ "ဟုတ်တယ်! ဟိုတလောက ငါ့အဖေ ပြင်သစ်ကိုသွားတုန်း ငါ့အတွက် ဝယ်လာခဲ့ပေးတာ။ အမှန်တော့ သူကအခုထိ ပြင်သစ်မှာပဲ ရှိနေသေးတယ်။ တကယ်လို့ နင် တစ်အိတ်လိုချင်တယ်ဆို နင့်အတွက် ငါ့အဖေဆီကို မှာပေးမယ်"
"..."
ကျန်းရှန့်မေရဲ့ မိဘတွေက သူမကို နာမည်မှားပေးလိုက်တာလို့ နင်မုန့် ခံစားလိုက်ရသည်။ သူတို့က သူမ နာမည်ကို "ညှိနှိုင်းရလွယ်တဲ့ ကျန်း" လို့ ပေးလိုက်ရမှာ။ ချစ်ဖို့ကောင်းပြီး တက်ကြွလိုက်တဲ့ ကောင်မလေး!
ထိုအချိန် အနားမှာ အခြေအနေကို စောင့်ကြည့်နေတဲ့ စုထျန်းထျန်းကတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြက်သေ သေသွား၏။ မဟုတ်တာ မဖြစ်ရဘူး! သူတို့က ရန်သူတွေ မဟုတ်ဘူးလား။ ဒါဆို ဘာလို့များ သူငယ်ချင်း အရင်းတွေလို ဆက်ဆံနေကြတာလဲ!
  -
ကျန်းရှန့်မေ ထွက်သွားတဲ့အခါမှ နင်မုန့် လင်းချင်ပေ့ရဲ့ အခန်းထဲကို ဝင်လိုက်သည်။
နောက်ရက်မှာ ပွဲအတွက် လင်းချင်ပေ့ဆိုရမယ့် သီချင်းကို စိတ်ပူနေရမည့် အစား သူမအနေနဲ့ တခြားအရာကို တွေးလို့နေလေ၏။ အစောက သူမစိတ်ကို ရှုပ်ထွေးသွားစေတဲ့ အရာဖြစ်သည်။
......မနေ့ညက "Nun of yer biz"ဆိုတဲ့ messageက ဘာဖြစ်နိုင်မလဲ။
'နေပါဦး...ဒါဆို အဓိပ္ပာယ်က ဟော်ပေ့ချန်ကလည်း ငါ့လို တကယ့်ကမ္ဘာကနေ စာအုပ်ထဲ ဝင်လာတဲ့ လူပဲလား??"
အချိန်တစ်ခုလောက် တွေးပြီးတဲ့အခါ နင်မုန့် WeChat message ရိုက်ပြီး ဟော်ပေ့ချန်ကို ပို့လိုက်သည် : [သွားကြစို့ ကျောက်ပုစွန်!]
"..."
"သွားကြစို့ ကျောက်ပုစွန်!"ဆိုတာ အင်တာနက် ဗန်းစကားတစ်ခု ဖြစ်ပြီး novelကမ္ဘာထဲမှာ မရှိတဲ့ စကားလုံးဖြစ်လေ၏။
---------------------
[Zawgyi]
"??"
"??"
"..."
"..."
အာ!
သူမ အခု မှတ်မိပြီ!
"?"
"..."
  -
"..."
Continue Reading
You'll Also Like
300K 15.1K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
209K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...
251K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...