ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 54.9K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 130

25.6K 3.5K 140
By Dandelion_nini

Unicode

Couple Suit ဝတ်ပြီး ကော်ဇော်နီပေါ်အတူတူလျှောက်ရအောင်
________________________________

နိုဝင်ဘာ၂၆ရက်နေ့မှာ ကျင်းကွေ့ဆုပေးပွဲမှ စကာတင်ဝင်သည့်စာရင်းတွေကို တရားဝင် ကြေငြာခဲ့သည်။ 《 လမ်းမှားခြင်း 》ဇာတ်ကားကတင် ဆုလေးဆုစကာတင်ဝင်ခဲ့ကာ ထိုလေးဆုမှာ အကောင်းဆုံးဓာတ်ပုံဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု လျို့မုန်၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကျန်းမော့ချန် နှင့် အကောင်းဆုံး လူသစ်သရုပ်ဆောင်ဆု ယန်းချင်းချီတို့ဖြစ်သည်။ တစ်နေ့ထဲမှာပဲ ဖုမင်ကျီးစတူဒီယိုကလည်း သူမဇာတ်ကားသစ်ရဲ့ ခေါင်းဆောင်မင်းသားက ယန်းချင်းချီဟု တပြိုင်နက်တည်းကြေငြာခဲ့လေသည်။

ယန့်မိုက်တို့မှာ တနေ့ထဲနဲ့သတင်းကောင်းနှစ်ခုကြားလိုက်ရတာကြောင့် သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေကို ဖော်ပြဖို့ စကားလုံးတောင်မစီနိုင်တော့ပဲ 'အားးးးအားးးးအားးး' ဟုသာ ပျော်ရွှင်စွာအော်ဟစ်နိုင်တော့သည်။

[ ကျင်းကွေ့မှာစကာတင်ဝင်တဲ့အပြင်ကို ဖုမင်ကျီးဇာတ်ကားသစ်မှာ ဇာတ်လိုက်မင်းသား? ဒါကြီးကအစစ်လို့ တစ်ယောက်ယောက်ပြောပေးကြစမ်းပါ ဝူးဝူးဝူး ကောကော အရမ်းမိုက်တာပဲ! ]

[ မနက်ကနိုးနိုးချင်း သတင်းကြည့်လိုက်တော့ စကာတင်ဝင်တယ်ဆိုတဲ့သတင်းကြီးက စောင့်မျှော်နေတယ် ငါ့မှာ အံ့သြလို့တောင်မဝသေးဘူး နေ့လည်ကျ နောက်ထပ်အံ့သြစရာသတင်းတစ်ခုကဆီးကြိုနေပြန်ရော မိုးနတ်မင်းကြီးရေ ဒီယုံကြည်သက်ဝင်သူလေးက တစ်လတိတိသက်သတ်လွတ်စားပါ့မယ် ကောကောဆုရအောင်လုပ်ပေးပါ ]

[ ငါ့ကောကောသာဆုရမယ်ဆို တစ်နှစ်လုံးအသားမစားရလည်းဖြစ်တယ်ဟေ့! ]

[ ကဲပါ Low keyလေးနေကြရအောင် Low keyလေး စကာတင်ဝင်တာနဲ့တင် တော်တော်ပျော်ဖို့ကောင်းနေပါပြီ ဆုရရမရရ ငါတို့ကောင်လေး ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ သက်သေပြနေတာပဲ ]

[ အမှန်ပဲ စကာတင်ဝင်လိုက်ပြီဆိုကတည်းက ငါတို့ကောကောအောင်မြင်နေပြီလို့ ပြောတာနဲ့အတူတူပဲ ]

Fanတွေလည်း သူ့လိုစိတ်မျိုးထားထားကြောင်း ယန်းချင်းချီတွေ့လိုက်ရလေသည်။ ဒီဆုရဖို့မျှော်လင့်နေမိသော်ငြား တစ်ချိန်ထဲမှာပဲ 'မရလည်း ပုံမှန်ပဲ၊စိတ်ငြိမ်ငြိမ်ထား'ဟု ကိုယ့်ကိုကိုယ်ပြန်ဆုံးမနေရလေသည်။

ဒီဘက်မှာတော့ သူက အတတ်နိုင်ဆုံးစိတ်ငြိမ်ငြိမ်ထားဖို့ကြိုးစားနေသော်ငြား အခြားတစ်ဖက်မှာတော့ အင်တာနက်သုံးစွဲသူတွေနဲ့ သူ့ပြိုင်ဘက် Fanတွေက Forumနဲ့ Weiboမှာ ဆောက်တည်ရာမရဖြစ်နေကြသည်။

[ ငါပဲအမြင်တွေမှားနေတာလား ဖုမင်ကျီး? ယန်းချင်းချီဘာတွေလုပ်လိုက်လို့ အဲ့နေရာရသွားတာလဲ ]

[ မုန့်လော့ကြောင့်နေမှာပေါ့ သူအဲ့ဒါနဲ့ လူသစ်သရုပ်ဆောင်ဆု စကာတင်ဝင်ထားတယ်မဟုတ်ဘူးလား ]

[ မုန့်လော့က ဇာတ်ကောင်တည်ဆောက်ပုံ ကောင်းလွန်းနေလို့ပါ သူ့နေရာကို ဘယ်သူဝင်ရိုက်ရိုက် နာမည်ကြီးမှာပဲ ]

[ အပေါ်ထပ်ရေ ဟိုစကားပုံလေးကြားဖူးလား ငါမစားရတော့ စပျစ်သီးကချဥ်မှာပါတဲ့ အဲ့ကားမှာ ယန်းချင်းချီ သရုပ်ဆောင်ထားတာ ဒီလောက်ကောင်းတဲ့ဟာကို အရင်က ဒါရိုက်တာဖုပြောဖူးတယ်မလား သူမအခုရိုက်မဲ့ဇာတ်ကားသစ်မှာ လူသစ်တွေသုံးချင််တယ်လို့ ယန်းချင်းချီက ဇာတ်ကားတစ်ခု၊စီးရီးတစ်ခုပဲ သရုပ်ဆောင်ရသေးတယ်ဆိုပေမဲ့ လူသစ်ပဲဟာ အဲ့လောက်တော့ရှိမှာပေါ့ သရုပ်ဆောင်အရည်အချင်းလည်းအဆင်ပြေနေမှတော့ ဒါရိုက်တာဖု သူ့ကိုရွေးလိုက်တာကို ဘာတွေများထူးဆန်းနေကြတာလဲ ]

[ အခုအချိန်မှာ အရယ်ရဆုံးဟာသကတော့ နန်ချန်နဲ့ ယန်းချင်းချီနဲ့လက်တွဲဖြုတ်လိုက်ပြီ? နန်ချန်က သူ့တက်လမ်းတွေပိတ်ထားတယ်? ပိတ်ထားတယ် ? ? ? ငါ့ကိုတစ်ယောက်ယောက်ရှင်းပြကြစမ်းပါ အဲ့လိုတက်လမ်းအပိတ်ခံရတဲ့လူက ဒါရိုက်တာဖုဇာတ်ကားအသစ်မှာ ခေါင်းဆောင်မင်းသားနေရာရနိုင်သလားလို့ ဟဲ့အဲ့လိုသာရကြေးဆို ငါတို့ကောကောကိုလည်း တက်လမ်းပိတ်ပေးကြပါဦး! ]

[ ဟားဟားဟား အဲ့ဒါ Antiတွေလုပ်ရပ်မလား အဲ့တုန်းကဆို တနေ့တနေ့ rumorပေါင်းစုံနဲ့ မရိုးရဘူးလေ အခုတော့အဆင်ပြေသွားပါပြီ ပါးရိုက်ခံလိုက်ရတော့ ငြိမ်သွားကြပြီပေါ့ ]

ကွာစေ့ကိုက်နေသည့် ဖြတ်လျှောက်တွေက သတင်းတွေကိုကြည့်ပြီး ဝိုင်းဟားနေတဲ့အချိန် ယန့်မိုက်ကျဲကျဲတို့ကတော့ သူတို့ကောကော နှစ်ထပ်ကွမ်းအောင်မြင်မှုအတွက် ကံစမ်းမဲတွေဖောက်၊ Give Awayတွေပေးနေကြသည်။ အလှောင်ခံနေရသည့် ယန်းချင်းချီ Anti-Fanတစ်သိုက်ကတော့ ပြန်ဟပ်စရာအကြောင်းအရင်း မယ်မယ်ရရမရှိတာကြောင့် အံကြိတ်ပြီးသာ ငြိမ်နေရရှာသည်။

နှစ်ကုန်လာပြီဆို အနုပညာလောကကြီးကလည်း ပွဲမျိုးစုံဖြင့် လှုပ်ရှားအသက်ဝင်လာပြီဖြစ်သည်။ ဒီတစ်နှစ်လုံး ယန်းချင်းချီ ဘာပွဲဲညာပွဲမှမတက်ဖြစ်သော်ငြား 《 လမ်းမှားခြင်း 》နှင့် 《 မြန်းမြန်အာတာပူစီ 》 ကျေးဇူးနဲ့တင် နှစ်ကုန်ပိုင်းပွဲမျိုးစုံအတွက် အဓိကအဖိတ်ခံရသည့် အနုပညာရှင်စာရင်းထဲက တစ်ယောက်အပါအဝင်ဖြစ်လာခဲ့သည်။ သို့သော် ယန်းချင်းချီက အကုန်ငြင်းပစ်လိုက်ကာ ကျင်းကွေ့ဆုပေးပွဲပဲ တက်ဖို့စီစဥ်ထားလေသည်။ 《 မြန်းမြန်အာတာပူစီ 》စီးရီးနှင့် သက်ဆိုင်သည့် Golden Camel ဆုပေးပွဲ နဲ့ SEAL နှစ်ကုန်ပါတီဆီကလည်း အဖိတ်ခံထားရသေးသည်။ သို့သော် ဒီစီးရီးက ဆုရနိုင်ချေနည်းပါးတာကြောင့် သူရော၊ ဝေ့လန်ရောတက်ဖြစ်မည်မဟုတ်ပါ။

ကျန်းမော့ချန်ကလည်း သူနဲ့အတူတူ ကျင်းကွေ့ဆုပေးပွဲတက်မှာဖြစ်တဲ့အတွက် နှစ်ယောက်သား ကော်ဇော်နီအတူတူလျှောက်ရမည့် အခြေအနေဖြစ်တည်လာခဲ့သည်။ ကျန်းမော့ချန်က အဆင့်မြင့် Brandတွေရဲ့ Ambassadorတစ်ယောက်ဖြစ်တာကြောင့် ဘယ်ပွဲတက်တက် ဘယ်ရှိုးသွားသွား သူ့အဝတ်အစားနဲ့ Accessoriesတွေကို ထောက်ပံ့ပေးမဲ့ Brandတွေ အလွန်ကိုပေါများသည်။ အခု ကျင်းကွေ့ဆုပေးပွဲတက်ဖို့ အဝတ်အစားတာဝန်ယူထားသည့် Brandဆီ ယန်းချင်းချီကိုယ်တိုင်းဖြင့် အဝတ်အစားငှားဖို့ ဝူယွမ်ကို လိုအပ်ချက်နှစ်ခုမှာရင်း လွှတ်လိုက်လေသည်။ 《 ကြည့်ကောင်းရမယ်
၊ လိုက်ဖက်ရမယ် 》

ဝူယွမ်အတွက်ကတော့ ကြည့်ကောင်းရမယ်၊ လိုက်ဖက်ရမယ်ဆိုတဲ့ စကားစုလေးနှစ်စုထဲနဲ့ ယန်းချင်းချီအတွက် တွေ့ရာSuitတစ်ခု ပြီးစလွယ်ကောက်ရွေးပေးလိုက်လို့မရပါ။ ဆုပေးပွဲတစ်ခုလာလျှင် ပြည်သူတွေအဓိကအာရုံစိုက်ထားကြသည်မှာ ကော်ဇော်နီပေါ်ကဖက်ရှင်တွေဖြစ်သည်။ မင်းသားတွေ အဝတ်အစားက မင်းသမီးတွေအဝတ်အစားလောက် မထွင်လွန်း၊မကွန့်လွန်းဘူးဆိုသော်ငြား မင်းသားဖြစ်ဖြစ်၊မင်းသမီးဖြစ်ဖြစ် ပြည်သူတွေရဲ့ ဖက်ရှင်ဝေဖန်မှုမြင်ကွင်းကနေ ပြေးမလွတ်ပေ။

စတိုင်၊ လက်ရာ၊ ရာသီကုန်၊ ရာသီပေါ်၊ Limited ဒီဇိုင်း၊ လက်ချုပ်ဒီဇိုင်း အားလုံးကိုအာရုံစိုက်ထားကြတာကြောင့် ကော်ဇော်နီပေါ်ဝတ်သွားမည့် အဝတ်အစားကိုပေါပေါပဲပဲဆင်လို့မဖြစ်ပါ။ အဝတ်အစားကလည်း မင်းသားတစ်ယောက်၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည်။ ကျန်းမော့ချန်က အဆူးအညှောင့်မရှိပဲ ချောချောချူချူဖြင့် အနုပညာလောကထဲဝင်လာပြီး မင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ ရုပ်ရည်ကလည်းအရမ်းကိုချောမောသည့်အပြင် ခန္ဓာကိုယ်အရပ်အမောင်းကလည်း အပြစ်ရှာစရာတစ်ကွက်မရှိတာကြောင့် အရှေ့တိုင်းကပဲဖြစ်ဖြစ်၊ အနောက်တိုင်းကဖြစ်ဖြစ် သူ့အလှထဲမနစ်ဝင်သူခပ်ရှားရှားပင်။ ထို့ကြောင့် Debutပြီးသိပ်မကြာခင် Ambassadorလုပ်ပေးဖို့ကမ်းလှမ်းလာသည့် Luxury Brandအမြင့်ကြီးတွေရှိနေတာကြောင့် အခုအချိန်အထိ ပွဲတစ်ခုခုတက်မယ်ဆို သီးသန့်လက်ချုပ်ထည်များနှင့် Limited Seasonတွေကိုသာ စီစဥ်ပေးတတ်သည်။

ဝူယွမ်အစပိုင်းမှာစီစဥ်ထားတာက ဒီကျင်းကွေ့ဆုပေးပွဲမှာလည်း ကျန်းမော့ချန်ဆုရနိုင်ချေရှိသဖြင့် Brandနဲ့တိုင်ပင်ပြီး သီးသန့်လက်ချုပ် Suitတစ်ထည်လုပ်ခိုင်းထားသည်။ အခုတော့ ကျန်းမော့ချန်က လိုက်ဖက်ရမည်ဟုမှာလိုက်တာကြောင့် ဝူယွမ်တစ်ယောက် ကျည်ဆန်ကိုပါးစပ်မှာကိုက်ကာ ယန်းချင်းချီကိုယ်တိုင်းဖြင့် နောက်ထပ်ဆင်တူSuitတစ်ထည်ဖန်တီးခိုင်းရတော့သည်။ ဒီပုံစံနဲ့ ပွဲတက်လိုက်လို့ကတော့ အင်တာနက်ပေါ် သွေးမုန်တိုင်းတွေတိုက်တော့မည်ဟုတောင် သူတွေးလိုက်မိသေးသည်။

ကျန်းမော့ချန်က အဝတ်အစားလိုကိစ္စအသေးအမွှားလေးတွေအပေါ် သိပ်ဂရုမထားပေ။ မွေးကတည်းက ဘာဝတ်ဝတ်ကြည့်ကောင်းနေတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် ဒီဇိုင်းပိုင်းကို Brandနဲ့ ဒီဇိုင်နာကသာ တာဝန်ယူထားသည်။ ဝူယွမ်ဆီကနေ အဝတ်တွေရပြီကြားတော့ ကျန်းမော့ချန်စမ်းဝတ်ကြည့်လိုက်သည့်အခါ ရလာဒ်က နှစ်ယောက်လုံးကိုအံ့အားသင့်သွားစေသည်။

''မင်းတော်တော်လေး ပါးနပ်တာပဲ '' ကျန်းမော့ချန် ချီးကျူးလိုက်သည်။

''ကျေးဇူးပဲကွာ ဒါပေမဲ့ မင်းFanတွေဆီကနေ အဆူခံရတော့မယ်လို့ ငါအာရုံတွေရနေတယ် အဲ့တော့ ငါ့အသက်လေးလုံခြုံအောင် အင်တာနက်မသုံးပဲနေမှဖြစ်တော့မယ် '' ဝူယွမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာသည်။

''ဒါနဲ့ ငါ ဟိုနေ့ကတည်းကမင်းကိုမေးမလို့ မင်းခေါ်လာတဲ့ လင်းယောင့်ဆိုတဲ့ကောင်လေးကလည်း ဒီတစ်ခေါက် လူသစ်သရုပ်ဆောင်ထဲမှာ စကာတင်ဝင်ထားတယ်မလား ''

''ဟုတ်တယ် ငါကကံကောင်းပြီး စောစောရှာတွေ့သွားတာ မဟုတ်ရင် အခုကျင်းကွေ့ပြီးတာနဲ့ သူနဲ့စာချုပ်ချုပ်ချင်တဲ့လူတွေ တပုံကြီးပေါ်လာလိမ့်မယ် ''

''သူ ဆုရနိုင်မယ်လို့ထင်လား ''

ဝူယွမ် နည်းနည်းလေးတွန့်ဆုတ်သွားသည်။

''အမှန်အတိုင်းပြောလို့ရလား ''

''မင်းဘယ်လိုထင်လဲ ''

ကျန်းမော့ချန်ရဲ့ အေးစက်စက်လေသံကြောင့် ဝူယွမ်ရဲ့ အသက်ရှင်ချင်သည့်စိတ်က ချက်ချင်းပြင်းထန်သွားသည်။

'' ဘယ်လိုပဲဖြစ်ဖြစ် မကြာခင် သိရတော့မှာပဲမလား အခုမှဝေဖန်ပိုင်းခြားပြနေလည်း ဘာမှအကျိုးမရှိပါဘူး ဟဲဟဲ ''

ကျန်းမော့ချန် ဝူယွမ်ကို ကြည့်လိုက်ကာ

''သူက ချင်းချီထက် အဲ့ဆုရနိုင်ချေပိုများတယ်လို့ မင်းထင်နေတယ်ပေါ့ ''

ဒါက မေးခွန်းမဟုတ်ပဲ သူ့စိတ်ထဲထင်နေတာကို ချပြလိုက်သည့် အတည်ပြုချက်တစ်ခုဖြစ်သည်။

ဝူယွမ်ပြုံးပဲပြုံးနေလိုက်ကာ ဘာမှပြောမလာသလို ငြင်းလည်းမငြင်းလိုက်ပေ။

ကျန်းမော့ချန် လင်းယောင့်ကိုယ်ရေးအကျဥ်းကို အရင်က ဖတ်ဖူးသည်။ ထိုကောင်လေးက အရမ်းငယ်သေးကာ အသက်၁၇နှစ်ပဲရှိသေးသည်။ ငယ်ငယ်က ကလေးသရုပ်ဆောင်အဖြစ်သရုပ်ဆောင်ဖူးပြီး ကျောင်းကိစ္စတွေကြောင့် ခဏရပ်နားလိုက်သည်။ မနှစ်က နွေရာသီကျောင်းပိတ်ရက်မှာ အရင်က ကလေးသရုပ်ဆောင်လုပ်ရင်း လက်တွဲဖူးသည့် ဒါရိုက်တာနှင့် အမှတ်မထင်ပြန်ဆုံမိရင်း ထိုဒါရိုက်တာရိုက်မည့် ဇာတ်ကားသစ်ထဲက ခေါင်းဆောင်မင်းသားနေရာနဲ့ လိုက်ဖက်လွန်းနေတာကြောင့် လင်းယောင့်ကို သူ့ဇာတ်ကားအတွက်ကမ်းလှမ်းလာခဲ့သည်။

ဇာတ်ကားက လူငယ်တွေကြားကချစ်ခြင်းမေတ္တာကို ပုံဖော်ထားသည့် ဇာတ်ကားတစ်ကားဖြစ်ကာ ဇာတ်လမ်းအသွားအလာက လှသည့်အပြင် လင်းယောင့်ကလည်း သရုပ်ဆောင်ကောင်းသည်။ နောက်ထပ်အရေးကြီးသည့်အချက်တစ်ချက်မှာ လင်းယောင့်က ထိုကားထဲတွင် အဓိကဇာတ်လိုက်မင်းသားဖြစ်ပြီး ယန်းချင်းချီကတော့ 《 လမ်းမှားခြင်း 》 ထဲမှာ ဇာတ်ပို့နေရာကသာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကဇာတ်လိုက်မင်းသားနေရာက ဘယ်ဇာတ်ကောင်ထက်မဆို ရိုက်ကွက်ပိုရထားကာ ဇာတ်အိမ်အများစုကလည်း ခေါင်းဆောင်မင်းသားကိုသာ အသားပေးပုံဖော်ထားသည့် ဇာတ်အိမ်တွေဖြစ်သည်။

ကျန်းမော့ချန် ဝူယွမ်ကို လက်ဝှေ့ရမ်းပြရင်း ထွက်သွားစေလိုက်ကာ ဆိုဖာပေါ် ဝမ်းပမ်းတနည်းပြန်ထိုင်လိုက်သည်။ ဘက်လိုက်တယ်ပဲဆိုဆို၊ ကိုယ့်ဘက်ကိုယ်ယက်တယ်ပဲပြောပြော သူကတော့ ယန်းချင်းချီကိုပဲရစေချင်သည်။ သို့သော် ဒီလောကက ချောမွေ့သည့်ပန်းခင်းလမ်းမဟုတ်မှန်း သူကောင်းကောင်းနားလည်ထားသည်။ သူကိုယ်တိုင်တောင် ရုပ်ရှင်ဧကရာဇ်မဖြစ်ခင် စကာတင်အထပ်ထပ်ဝင်ပြီးမှ ကျင်းကွေ့ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်သလို ဝေ့လန်ဆိုလည်း မနှစ်ကမှ အကောင်းဆုံးဇာတ်ပို့ဆုကို ရရှိခဲ့တာပင်။

ယန်းချင်းချီဆုရခဲ့ရင်တော့ အကောင်းဆုံးပေါ့။ မရရင်လည်း ပုံမှန်ပါပဲ။ ဒါပေမဲ့ သူ မလိုချင်တာက အဲ့ပုံမှန်ပါပဲဆိုသည့် ရလာဒ်မျိုးဖြစ်သည်။ သူ့စိတ်ထဲမှာတော့ ယန်းချင်းချီကအကောင်းဆုံးဖြစ်ကာ တဖက်လူ၏အနုပညာလမ်းကြောင်းကိုလည်း အခြေခိုင်ခိုင်ဖြင့် တရွေ့ရွေ့တက်သွားစေချင်သည်။

ဒီဇင်ဘာလလယ်မှာ လက်ချုပ်Suitနှစ်ထည်လုံးပြီးစီးသွားခဲ့ပြီး ယန်းချင်းချီ ထို ဆင်တူ Suitနှစ်စုံကိုမြင်သည်နှင့် ကျန်းမော့ချန်ဘက်လှည့်ကာ

''ခင်ဗျားစီစဥ်ထားတာလား ''

''ဝူယွမ်က စိတ်နှစ်ပြီးပြင်ဆင်ထားတာပါ ''

ယန်းချင်းချီ : ''........''

''ဘော့စ်ကျန်း ခင်ဗျားFanတွေအကြောင်း ခင်ဗျားမသိဘူးလား ကျွန်တော့်အဝတ်အစားပြန်ချိန်းပေး ကျွန်တော် အဲ့ပွဲကနေ အသက်ရှင်ရက်ပြန်ထွက်လာချင်သေးတယ် ''

ကျန်းမော့ချန် သူ့ဆီ ဝတ်စုံလှမ်းပေးရင်း

''ကိုယ့်Fanတွေအကြောင်းကိုယ်သိပါတယ် မပူနဲ့ သူတို့မင်းကို ဘာမှမလုပ်ဘူး အရင်ဆုံးသွားဝတ်ကြည့်လိုက် သွား ''

ယန်းချင်းချီ ကျန်းမော့ချန်လက်ထဲကဝတ်စုံကိုကြည့်လိုက်ကာ Fanတွေကိုခွေးစာကျွေးဖို့ကြိုးစားနေသည့် သူ့ချစ်သူစိတ်ကျေနပ်အောင် သူကတော့ အသက်ကိုရင်းပြီး ဆင်တူSuit ဝတ်ရမည်ဖြစ်သော်ငြား သူ့ချစ်သူကတော့ ရလာမည့်ရလာဒ်ကို တော်တော်လေးမျှော်လင့်ထားပုံရသည်။ သူ အသက်ကိုပြင်းပြင်းရှူလိုက်ရင်း ဝတ်စုံကိုယူပြီး အဝတ်လဲခန်းထဲဝင်လိုက်သည်။

Suitကတော့ သူနဲ့ကွက်တိပင်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုယ်တိုင်းယူပြီးချုပ်ထားသည့် လက်ချုပ်သီးသန့်အထည်ဖြစ်တာကြောင့် သူနဲ့မတော်စရာအကြောင်းမရှိပါ။ Suitအရောင်က အနက်ရောင်ဖြစ်ကာ လက်ကြယ်သီးကို ကြိုးကြာပုံစံငယ် စိန်နှစ်လုံးဖြင့် အလှဆင်ထားသည်။ ရှုပ်ရှုပ်ယှက်ယှက်ဒီဇိုင်းတွေ ဆင်မထားပဲ ရိုးရှင်းသည့် ရင်ထိုးနှင့် fittingကျသည့် Suit pantတို့ပေါင်းစပ်လိုက်တော့ ခန္ဓာကိုယ်ကသွယ်လျအချိုးကျကာ ကျက်သရေရှိလှသည်။

ကျန်းမော့ချန် ယန်းချင်းချီကိုကြည့်ပြီး စိတ်တိုင်းကျသွားသည်။

''ချောတယ် ''

ယန်းချင်းချီက လက်မခံချင်သေးပေ။

''ဒါဆို ခင်ဗျားတစ်ယောက်ထဲကိုပဲဝတ်ပြမယ်လေ မကောင်းဘူးလား ''

ကျန်းမော့ချန်ရယ်လိုက်ကာ

''ကိုယ်ဒီကိစ္စတော့သဘောမတူဘူး ''

ယန်းချင်းချီ အေးစက်စက်နှာမှုတ်လိုက်သည်။

''ဟွန့် ခင်ဗျားတစ်ယောက်ထဲပဲကြည့်ခွင့်ရမဲ့အခွင့်အရေး ဆုံးရှုံးသွားမှာနော် ''

''အလဲအထပ်အနေနဲ့ ကိုယ်နဲ့မင်းကလိုက်ဖက်တယ်ဆိုတာကို တစ်တိုင်းပြည်လုံးသိသွားမှာလေ တန်ပါတယ်! ''

''ဘော့စ်ကျန်းကိုကယ်တင်လို့မရတော့ဘူး ဘော့စ်ကျန်းဦးနှောက်ကြီးကို အချစ်တွေစိုးမိုးသွားပြီ ခင်ဗျားFanတွေတော့ သေလောက်အောင် စိတ်တိုတော့မှာပဲ ''

ကျန်းမော့ချန် သူ့အနားကပ်လာကာ ကော်လံလေးပြင်ပေးရင်း

''မပူပါနဲ့ ကိုယ်ဆုရနေသရွေ့ ကိုယ့်Fanတွေက ကိုယ့်ကိုမထားခဲ့ပါဘူး ''

''ဒါဆို ခင်ဗျားရဲ့ရည်းစားFanတွေကို ဒေါသသွားဆွမိလိမ့်မယ် ''

''ဒါက သူတို့ကိုကာကွယ်ဆေးကြိုထိုးပေးထားတာ မဟုတ်လို့ ဒီလိုအရိပ်အမြွက်မပြထားရင် ကိုယ်တို့နှစ်ယောက်ဆက်ဆံရေးကို တရားဝင်ချပြလိုက်တဲ့အချိန်ရောက်မှ သူတို့သေလောက်အောင်လန့်သွားလိမ့်မယ် ''

သူတို့ဆက်ဆံရေးကို တရားဝင်ချပြဦးမယ်ဟု ကြားလိုက်တော့ ယန်းချင်းချီခေါင်းတွေ ပိုကိုက်လာကာ

''အဲ့အကြောင်းမပြောနဲ့တော့ အခုတောင် ကျွန်တော့်သတင်းတွေက လုံလုံလောက်လောက်ပွနေပြီလို့ မထင်ဘူးလား ''

''ကောင်းပါပြီ '' ကျန်းမော့ချန်ကလည်း ယန်းချင်းချီစကားဆို တသွေမသိမ်းပင်။ '' အဲ့အကြောင်းမပြောတော့ဘူး ပျော်စရာကောင်းတဲ့ခေါင်းစဥ်ကိုပြောင်းရအောင် ဇာတ်ညွှန်းဖတ်နေတာရောဘယ်လိုလဲ ''

''အဆင်ပြေပါတယ် အခုတလော ကျွန်တော်ပြောရမဲ့စာကြောင်းတွေလိုက်မှတ်နေတာ ဒီနှစ်ရက်အတွင်း ဒါရိုက်တာဖုနဲ့ ဇာတ်ကားအကြောင်း အများကြီးဆွေးနွေးဖြစ်တယ် အခုတော့ အဲ့ဇာတ်ကောင်စရိုက်ကို တော်တော်လေးနားလည်နေပါပြီ ''

''မင်း နားမလည်တာရှိရင် ကိုယ့်ကိုပြောလို့ရတယ်နော် ''

''ကျွန်တော်သိပါတယ် '' ယန်းချင်းချီပြုံးလိုက်ကာ '' အိမ်မှာ ပြဌာန်းစာအုပ်ကြီးရှိနေတာ တကယ်နားမလည်တာသာရှိရင် ကျွန်တော့်ဘက်ကလည်း ယဥ်ကျေးမနေပါဘူး ''

''ကြိုးစားထား! ကိုယ်အားပေးနေမယ် ''

သိပ်မကြာခင် ဒီဇင်ဘာလနှစ်ကုန်ပိုင်းမှာ ကျင်းကွေ့ဆုပေးပွဲကြီး တရားဝင်ကျင်းပလေသည်။ မင်းသားတွေကလည်း အပြိုင်အဆိုင်ချောမောခန့်ညားနေကြပြီး မင်းသမီးတွေကလည်း သူ့ထက်ငါပိုလှနေကြသည်။ မင်းသမီးအများစုကတော့ ဒီဇင်ဘာလရဲ့ သုညအောက်ကျနေသည့် ရေခဲမှတ်ကိုအံတုရင်း သူတို့အလှတွေပိုပေါ်လွင်အောင် ပါးပါးလွှာလွှာ၊တိုတိုဟိုက်ဟိုက်လေးတွေဝတ်ရင်း ပွဲတက်ကြစမြဲပင်။

ကျောက်ချန်တစ်ယောက် ပုခုံးဖော်ထားသည့် အနီရောင် mermaidဝတ်စုံကိုဝတ်ဆင်ထားကာ ဆံပင်ကိုအပြောင်စုထုံးထားရင်း နဖူးနဲ့နားရွက်အနားမှာ တစ်စနှစ်စချထားသည်။ 《 လမ်းမှားခြင်း 》ရဲ့ခေါင်းဆောင်မင်းသမီးဖြစ်တာကြောင့် ကျန်းမော့ချန်နဲ့ဘေးချင်းကပ်ယှဥ်လျှောက်လာကာ သူမနောက်တွင် ဒါရိုက်တာဝမ်နဲ့ ဇာတ်ညွှန်းရေးဆရာလျို့မုန်ကလည်း အသီးသီးကပ်လျှောက်လာသည်။ ကျိစစ်ရှင်းကတော့ ကျန်းမော့ချန်နဲ့ ယှဥ်လျှောက်ရမှာကိုကြောက်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူက ကျောင်းချန်ဘေးကိုရောက်သွားတာမြင်တော့ ယန်းချင်းချီကလည်း ကျန်းမော့ချန်ဘေးမှာ သဘာဝကျကျယှဥ်ရပ်လိုက်ကာ အတူတူကော်ဇော်နီပေါ်လျှောက်လာလိုက်သည်။ ယန်းချင်းချီဘေးမှာတော့ ရိုးရိုးလေးဝတ်ထားသော်ငြား ပုံမှန်ထက်ပိုလှနေသည့် ဆုနွမ်ရှိနေသည်။

သူတို့ ကော်ဇော်နီပေါ်လျှောက်နေစဥ် ယန်းချင်းချီ သူ့နာမည်ခေါ်သံကြားလိုက်ရတာကြောင့် ဘေးကိုလှည့်ကြည့်လိုက်သည့်အခါ သူ့ကိုတာ့တာပြပြီးအော်ဟစ်နေသည့် Fanလေးတွေကိုမြင်လိုက်ရသည်။ ယန်းချင်းချီလည်း ပြုံးပြကာ နှုတ်ဆက်လိုက်လေသည်။

ယန့်မိုက်တွေ တစ်ယောက်ကိုတစ်ယောက် အပြုံးလေးဖြင့်ကြည့်ရင်း ရွှင်မြူးစွာရေရွတ်နေကြသည်။ 

''သူ ငါ့ကိုမြင်သွားတယ်! သူ ငါ့ကိုမြင်သွားတယ်! ''

《 လမ်းမှားခြင်း 》အဖွဲ့သားတွေအားလုံး လက်မှတ်ထိုးရသည့်boardပေါ်မှာ ကိုယ်စီလက်မှတ်ထိုးလိုက်ကြကာ အဖွဲ့လိုက်ဓာတ်ပုံရိုက်ယူပြီးနောက် အစီအစဥ်တင်ဆက်သူကနေ မေးခွန်းအချို့မေးလာသည်။

ယန်းချင်းချီအတွက် အခုတစ်ခေါက်က တစ်နှစ်ပတ်လုံးမှ ပထမဆုံးအကြိမ်ရုပ်လုံးထွက်ပြခြင်းဖြစ်သည့်အပြင် စကာတင်ဝင်ထားပြီး ဖုမင်ကျီးဇာတ်ကားသစ်အတွက်လည်း ရွေးချယ်ခံထားရတာကြောင့် အစီအစဥ်တင်ဆက်သူ၏ အဓိကပစ်မှတ်ဖြစ်သွားလေသည်။ သူမက ဒါရိုက်တာဝမ်နဲ့ ကျန်းမော့ချန်ကို မေးစရာရှိတာတွေမြန်မြန်လေးမေးပြီးသွားတာနဲ့ ကျောက်ချန်နဲ့ ကျိစစ်ရှင်းကိုကျော်ကာ ယန်းချင်းချီကိုတန်းမေးလေသည်။

''ချင်းချီ နေကောင်းသွားပြီလား ဒီတစ်ခေါက်က တစ်နှစ်လုံးနေမှ ပထမဆုံးအကြိမ်လူထုရှေ့ထွက်လာတာနော် ဟုတ်တယ်မလား ''

''ကောင်းသွားပါပြီ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ''

''ဒီနှစ်ရဲ့ အကောင်းဆုံးလူသစ်သရုပ်ဆောင်အဖြစ် စကာတင်ဝင်တာကို ဘယ်လိုခံစားရလဲ ''

''ကျွန်တော့်ရိုက်ကွင်းအဖွဲ့သားတွေကို နာမည်မပျက်စေရုံနဲ့တင် တော်တော်လေးအဆင်ပြေနေပြီလို့ ခံစားမိပါတယ် ''

''ဟားဟား ချင်းချီ ရှင်ကတကယ်နောက်တတ်တာပဲ 《 လမ်းမှားခြင်း 》 ရိုက်ကွင်းထဲမှာရော အဲ့လိုပဲလား ''

''မဟုတ်ပါဘူး 《 လမ်းမှားခြင်း 》က ကျွန်တော့်ရဲ့ပထမဆုံးဇာတ်ကားလေ အဲ့တုန်းကဆိုအရမ်းစိတ်လှုပ်ရှားတာ စကားအများကြီးမပြောဖြစ်ဘူး ဒါရိုက်တာရှင်းပြနေတာကိုပဲ ငြိမ်ငြိမ်လေးထိုင်ပြီးနားထောင်ဖြစ်တယ် ''

''မုန့်လော့ ဒီလောက်အထိတောက်ပလာမယ်လို့ ခန့်မှန်းခဲ့ဖူးလား ''

''ဟင့်အင်း ဒါရိုက်တာကြီးနဲ့ ဇာတ်ညွှန်းရေးဆရာရဲ့ ဇာတ်ကောင်အလှည့်အပြောင်းတော်လွန်းလို့ မုန့်လော့ကနာမည်ကြီးလာတာပါ ''

''ရိုက်ကွင်းအဖွဲ့သားတွေထဲကမှ ဘယ်သူနဲ့ဆက်ဆံရေးအကောင်းဆုံးလဲ ကုမ္ပဏီတူတဲ့ မော့ချန်နဲ့ ဆက်ဆံရေးအကောင်းဆုံး ဟုတ်တယ်မလား ''

''ဟုတ်ပါတယ် ချန်ကောနဲ့ကျွန်တော်က ကုမ္ပဏီတူတဲ့အပြင်ကို ရုပ်ရှင်တစ်ကားထဲအတူရိုက်ဖြစ်သွားတော့ သူကကျွန်တော့်ကိုအများကြီးစောင့်ရှောက်ပေးတယ် ချန်ကောက တကယ်ကောင်းတဲ့စီနီယာတစ်ယောက်ပါ ရိုက်ကူးရေးတစ်လျှောက်လုံးလည်း သူ့ဆီကနေအများကြီးသင်ယူခဲ့ရတယ် အဲ့ဒါကြောင့် အကောင်းဆုံးဆက်ဆံရေးရှိတဲ့လူကတော့ သူပါပဲ '' ယန်းချင်းချီ ပြန်ဖြေလိုက်သည်။

အစီအစဥ်တင်ဆက်သူက အပြုံးလေးဖြင့် ခေါင်းငြိမ့်ပြကာ မေးချိန်ပြည့်သွားတာမြင်တော့ အထဲဝင်လို့ရပြီဆိုတဲ့အကြောင်း လက်ဟန်အမူအရာပြလေသည်။

အစီအစဥ်တင်ဆက်သူက ဒါရိုက်တာ၊ ကျန်းမော့ချန်နဲ့ ယန်းချင်းချီကိုပဲ အင်တာဗျုးသွားတာမြင်တော့ ကျိစစ်ရှင်းမကျေမနပ်ဖြစ်သွားသော်ငြား အများရှေ့မှာမို့ အတတ်နိုင်ဆုံး မျက်နှာအမူအရာကိုထိန်းထားလေသည်။

_________________________________

ကဲ ဘယ်သူရမယ်ထင်လဲ။ 🤔

Zawgyi

Couple Suit ဝတ္ၿပီး ေကာ္ေဇာ္နီေပၚအတူတူေလွ်ာက္ရေအာင္
________________________________

ႏိုဝင္ဘာ၂၆ရက္ေန႔မွာ က်င္းေကြ႕ဆုေပးပြဲမွ စကာတင္ဝင္သည့္စာရင္းေတြကို တရားဝင္ ေၾကျငာခဲ့သည္။ 《 လမ္းမွားျခင္း 》ဇာတ္ကားကတင္ ဆုေလးဆုစကာတင္ဝင္ခဲ့ကာ ထိုေလးဆုမွာ အေကာင္းဆုံးဓာတ္ပုံဆု၊ အေကာင္းဆုံးဇာတ္ၫႊန္းဆု လ်ိဳ႕မုန္၊ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆု က်န္းေမာ့ခ်န္ ႏွင့္ အေကာင္းဆုံး လူသစ္သ႐ုပ္ေဆာင္ဆု ယန္းခ်င္းခ်ီတို႔ျဖစ္သည္။ တစ္ေန႔ထဲမွာပဲ ဖုမင္က်ီးစတူဒီယိုကလည္း သူမဇာတ္ကားသစ္ရဲ႕ ေခါင္းေဆာင္မင္းသားက ယန္းခ်င္းခ်ီဟု တၿပိဳင္နက္တည္းေၾကျငာခဲ့ေလသည္။

ယန္႔မိုက္တို႔မွာ တေန႔ထဲနဲ႔သတင္းေကာင္းႏွစ္ခုၾကားလိုက္ရတာေၾကာင့္ သူတို႔ရဲ႕စိတ္လႈပ္႐ွားမႈေတြကို ေဖာ္ျပဖို႔ စကားလုံးေတာင္မစီႏိုင္ေတာ့ပဲ 'အားးးးအားးးးအားးး' ဟုသာ ေပ်ာ္႐ႊင္စြာေအာ္ဟစ္ႏိုင္ေတာ့သည္။

[ က်င္းေကြ႕မွာစကာတင္ဝင္တဲ့အျပင္ကို ဖုမင္က်ီးဇာတ္ကားသစ္မွာ ဇာတ္လိုက္မင္းသား? ဒါႀကီးကအစစ္လို႔ တစ္ေယာက္ေယာက္ေျပာေပးၾကစမ္းပါ ဝူးဝူးဝူး ေကာေကာ အရမ္းမိုက္တာပဲ! ]

[ မနက္ကႏိုးႏိုးခ်င္း သတင္းၾကည့္လိုက္ေတာ့ စကာတင္ဝင္တယ္ဆိုတဲ့သတင္းႀကီးက ေစာင့္ေမွ်ာ္ေနတယ္ ငါ့မွာ အံ့ၾသလို႔ေတာင္မဝေသးဘူး ေန႔လည္က် ေနာက္ထပ္အံ့ၾသစရာသတင္းတစ္ခုကဆီးႀကိဳေနျပန္ေရာ မိုးနတ္မင္းႀကီးေရ ဒီယုံၾကည္သက္ဝင္သူေလးက တစ္လတိတိသက္သတ္လြတ္စားပါ့မယ္ ေကာေကာဆုရေအာင္လုပ္ေပးပါ ]

[ ငါ့ေကာေကာသာဆုရမယ္ဆို တစ္ႏွစ္လုံးအသားမစားရလည္းျဖစ္တယ္ေဟ့! ]

[ ကဲပါ Low keyေလးေနၾကရေအာင္ Low keyေလး စကာတင္ဝင္တာနဲ႔တင္ ေတာ္ေတာ္ေပ်ာ္ဖို႔ေကာင္းေနပါၿပီ ဆုရရမရရ ငါတို႔ေကာင္ေလး ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္လို႔ သက္ေသျပေနတာပဲ ]

[ အမွန္ပဲ စကာတင္ဝင္လိုက္ၿပီဆိုကတည္းက ငါတို႔ေကာေကာေအာင္ျမင္ေနၿပီလို႔ ေျပာတာနဲ႔အတူတူပဲ ]

Fanေတြလည္း သူ႕လိုစိတ္မ်ိဳးထားထားေၾကာင္း ယန္းခ်င္းခ်ီေတြ႕လိုက္ရေလသည္။ ဒီဆုရဖို႔ေမွ်ာ္လင့္ေနမိေသာ္ျငား တစ္ခ်ိန္ထဲမွာပဲ 'မရလည္း ပုံမွန္ပဲ၊စိတ္ၿငိမ္ၿငိမ္ထား'ဟု ကိုယ့္ကိုကိုယ္ျပန္ဆုံးမေနရေလသည္။

ဒီဘက္မွာေတာ့ သူက အတတ္ႏိုင္ဆုံးစိတ္ၿငိမ္ၿငိမ္ထားဖို႔ႀကိဳးစားေနေသာ္ျငား အျခားတစ္ဖက္မွာေတာ့ အင္တာနက္သုံးစြဲသူေတြနဲ႔ သူ႕ၿပိဳင္ဘက္ Fanေတြက Forumနဲ႔ Weiboမွာ ေဆာက္တည္ရာမရျဖစ္ေနၾကသည္။

[ ငါပဲအျမင္ေတြမွားေနတာလား ဖုမင္က်ီး? ယန္းခ်င္းခ်ီဘာေတြလုပ္လိုက္လို႔ အဲ့ေနရာရသြားတာလဲ ]

[ မုန္႔ေလာ့ေၾကာင့္ေနမွာေပါ့ သူအဲ့ဒါနဲ႔ လူသစ္သ႐ုပ္ေဆာင္ဆု စကာတင္ဝင္ထားတယ္မဟုတ္ဘူးလား ]

[ မုန္႔ေလာ့က ဇာတ္ေကာင္တည္ေဆာက္ပုံ ေကာင္းလြန္းေနလို႔ပါ သူ႕ေနရာကို ဘယ္သူဝင္႐ိုက္႐ိုက္ နာမည္ႀကီးမွာပဲ ]

[ အေပၚထပ္ေရ ဟိုစကားပုံေလးၾကားဖူးလား ငါမစားရေတာ့ စပ်စ္သီးကခ်ဥ္မွာပါတဲ့ အဲ့ကားမွာ ယန္းခ်င္းခ်ီ သ႐ုပ္ေဆာင္ထားတာ ဒီေလာက္ေကာင္းတဲ့ဟာကို အရင္က ဒါ႐ိုက္တာဖုေျပာဖူးတယ္မလား သူမအခု႐ိုက္မဲ့ဇာတ္ကားသစ္မွာ လူသစ္ေတြသုံးခ်င္္တယ္လို႔ ယန္းခ်င္းခ်ီက ဇာတ္ကားတစ္ခု၊စီးရီးတစ္ခုပဲ သ႐ုပ္ေဆာင္ရေသးတယ္ဆိုေပမဲ့ လူသစ္ပဲဟာ အဲ့ေလာက္ေတာ့႐ွိမွာေပါ့ သ႐ုပ္ေဆာင္အရည္အခ်င္းလည္းအဆင္ေျပေနမွေတာ့ ဒါ႐ိုက္တာဖု သူ႕ကိုေ႐ြးလိုက္တာကို ဘာေတြမ်ားထူးဆန္းေနၾကတာလဲ ]

[ အခုအခ်ိန္မွာ အရယ္ရဆုံးဟာသကေတာ့ နန္ခ်န္နဲ႔ ယန္းခ်င္းခ်ီနဲ႔လက္တြဲျဖဳတ္လိုက္ၿပီ? နန္ခ်န္က သူ႕တက္လမ္းေတြပိတ္ထားတယ္? ပိတ္ထားတယ္ ? ? ? ငါ့ကိုတစ္ေယာက္ေယာက္႐ွင္းျပၾကစမ္းပါ အဲ့လိုတက္လမ္းအပိတ္ခံရတဲ့လူက ဒါ႐ိုက္တာဖုဇာတ္ကားအသစ္မွာ ေခါင္းေဆာင္မင္းသားေနရာရႏိုင္သလားလို႔ ဟဲ့အဲ့လိုသာရေၾကးဆို ငါတို႔ေကာေကာကိုလည္း တက္လမ္းပိတ္ေပးၾကပါဦး! ]

[ ဟားဟားဟား အဲ့ဒါ Antiေတြလုပ္ရပ္မလား အဲ့တုန္းကဆို တေန႔တေန႔ rumorေပါင္းစုံနဲ႔ မ႐ိုးရဘူးေလ အခုေတာ့အဆင္ေျပသြားပါၿပီ ပါး႐ိုက္ခံလိုက္ရေတာ့ ၿငိမ္သြားၾကၿပီေပါ့ ]

ကြာေစ့ကိုက္ေနသည့္ ျဖတ္ေလွ်ာက္ေတြက သတင္းေတြကိုၾကည့္ၿပီး ဝိုင္းဟားေနတဲ့အခ်ိန္ ယန္႔မိုက္က်ဲက်ဲတို႔ကေတာ့ သူတို႔ေကာေကာ ႏွစ္ထပ္ကြမ္းေအာင္ျမင္မႈအတြက္ ကံစမ္းမဲေတြေဖာက္၊ Give Awayေတြေပးေနၾကသည္။ အေလွာင္ခံေနရသည့္ ယန္းခ်င္းခ်ီ Anti-Fanတစ္သိုက္ကေတာ့ ျပန္ဟပ္စရာအေၾကာင္းအရင္း မယ္မယ္ရရမ႐ွိတာေၾကာင့္ အံႀကိတ္ၿပီးသာ ၿငိမ္ေနရ႐ွာသည္။

ႏွစ္ကုန္လာၿပီဆို အႏုပညာေလာကႀကီးကလည္း ပြဲမ်ိဳးစုံျဖင့္ လႈပ္႐ွားအသက္ဝင္လာၿပီျဖစ္သည္။ ဒီတစ္ႏွစ္လုံး ယန္းခ်င္းခ်ီ ဘာပြဲဲညာပြဲမွမတက္ျဖစ္ေသာ္ျငား 《 လမ္းမွားျခင္း 》ႏွင့္ 《 ျမန္းျမန္အာတာပူစီ 》 ေက်းဇူးနဲ႔တင္ ႏွစ္ကုန္ပိုင္းပြဲမ်ိဳးစုံအတြက္ အဓိကအဖိတ္ခံရသည့္ အႏုပညာ႐ွင္စာရင္းထဲက တစ္ေယာက္အပါအဝင္ျဖစ္လာခဲ့သည္။ သို႔ေသာ္ ယန္းခ်င္းခ်ီက အကုန္ျငင္းပစ္လိုက္ကာ က်င္းေကြ႕ဆုေပးပြဲပဲ တက္ဖို႔စီစဥ္ထားေလသည္။ 《 ျမန္းျမန္အာတာပူစီ 》စီးရီးႏွင့္ သက္ဆိုင္သည့္ Golden Camel ဆုေပးပြဲ နဲ႔ SEAL ႏွစ္ကုန္ပါတီဆီကလည္း အဖိတ္ခံထားရေသးသည္။ သို႔ေသာ္ ဒီစီးရီးက ဆုရႏိုင္ေခ်နည္းပါးတာေၾကာင့္ သူေရာ၊ ေဝ့လန္ေရာတက္ျဖစ္မည္မဟုတ္ပါ။

က်န္းေမာ့ခ်န္ကလည္း သူနဲ႔အတူတူ က်င္းေကြ႕ဆုေပးပြဲတက္မွာျဖစ္တဲ့အတြက္ ႏွစ္ေယာက္သား ေကာ္ေဇာ္နီအတူတူေလွ်ာက္ရမည့္ အေျခအေနျဖစ္တည္လာခဲ့သည္။ က်န္းေမာ့ခ်န္က အဆင့္ျမင့္ Brandေတြရဲ႕ Ambassadorတစ္ေယာက္ျဖစ္တာေၾကာင့္ ဘယ္ပြဲတက္တက္ ဘယ္႐ိႈးသြားသြား သူ႕အဝတ္အစားနဲ႔ Accessoriesေတြကို ေထာက္ပံ့ေပးမဲ့ Brandေတြ အလြန္ကိုေပါမ်ားသည္။ အခု က်င္းေကြ႕ဆုေပးပြဲတက္ဖို႔ အဝတ္အစားတာဝန္ယူထားသည့္ Brandဆီ ယန္းခ်င္းခ်ီကိုယ္တိုင္းျဖင့္ အဝတ္အစားငွားဖို႔ ဝူယြမ္ကို လိုအပ္ခ်က္ႏွစ္ခုမွာရင္း လႊတ္လိုက္ေလသည္။ 《 ၾကည့္ေကာင္းရမယ္
၊ လိုက္ဖက္ရမယ္ 》

ဝူယြမ္အတြက္ကေတာ့ ၾကည့္ေကာင္းရမယ္၊ လိုက္ဖက္ရမယ္ဆိုတဲ့ စကားစုေလးႏွစ္စုထဲနဲ႔ ယန္းခ်င္းခ်ီအတြက္ ေတြ႕ရာSuitတစ္ခု ၿပီးစလြယ္ေကာက္ေ႐ြးေပးလိုက္လို႔မရပါ။ ဆုေပးပြဲတစ္ခုလာလွ်င္ ျပည္သူေတြအဓိကအာ႐ုံစိုက္ထားၾကသည္မွာ ေကာ္ေဇာ္နီေပၚကဖက္႐ွင္ေတြျဖစ္သည္။ မင္းသားေတြ အဝတ္အစားက မင္းသမီးေတြအဝတ္အစားေလာက္ မထြင္လြန္း၊မကြန္႔လြန္းဘူးဆိုေသာ္ျငား မင္းသားျဖစ္ျဖစ္၊မင္းသမီးျဖစ္ျဖစ္ ျပည္သူေတြရဲ႕ ဖက္႐ွင္ေဝဖန္မႈျမင္ကြင္းကေန ေျပးမလြတ္ေပ။

စတိုင္၊ လက္ရာ၊ ရာသီကုန္၊ ရာသီေပၚ၊ Limited ဒီဇိုင္း၊ လက္ခ်ဳပ္ဒီဇိုင္း အားလုံးကိုအာ႐ုံစိုက္ထားၾကတာေၾကာင့္ ေကာ္ေဇာ္နီေပၚဝတ္သြားမည့္ အဝတ္အစားကိုေပါေပါပဲပဲဆင္လို႔မျဖစ္ပါ။ အဝတ္အစားကလည္း မင္းသားတစ္ေယာက္၏ပုံရိပ္ကို ျမႇင့္တင္ေပးႏိုင္သည္။ က်န္းေမာ့ခ်န္က အဆူးအေညႇာင့္မ႐ွိပဲ ေခ်ာေခ်ာခ်ဴခ်ဴျဖင့္ အႏုပညာေလာကထဲဝင္လာၿပီး မင္းသားတစ္ေယာက္ျဖစ္ခဲ့သည္။ ႐ုပ္ရည္ကလည္းအရမ္းကိုေခ်ာေမာသည့္အျပင္ ခႏၶာကိုယ္အရပ္အေမာင္းကလည္း အျပစ္႐ွာစရာတစ္ကြက္မ႐ွိတာေၾကာင့္ အေ႐ွ႕တိုင္းကပဲျဖစ္ျဖစ္၊ အေနာက္တိုင္းကျဖစ္ျဖစ္ သူ႕အလွထဲမနစ္ဝင္သူခပ္႐ွား႐ွားပင္။ ထို႔ေၾကာင့္ Debutၿပီးသိပ္မၾကာခင္ Ambassadorလုပ္ေပးဖို႔ကမ္းလွမ္းလာသည့္ Luxury Brandအျမင့္ႀကီးေတြ႐ွိေနတာေၾကာင့္ အခုအခ်ိန္အထိ ပြဲတစ္ခုခုတက္မယ္ဆို သီးသန္႔လက္ခ်ဳပ္ထည္မ်ားႏွင့္ Limited Seasonေတြကိုသာ စီစဥ္ေပးတတ္သည္။

ဝူယြမ္အစပိုင္းမွာစီစဥ္ထားတာက ဒီက်င္းေကြ႕ဆုေပးပြဲမွာလည္း က်န္းေမာ့ခ်န္ဆုရႏိုင္ေခ်႐ွိသျဖင့္ Brandနဲ႔တိုင္ပင္ၿပီး သီးသန္႔လက္ခ်ဳပ္ Suitတစ္ထည္လုပ္ခိုင္းထားသည္။ အခုေတာ့ က်န္းေမာ့ခ်န္က လိုက္ဖက္ရမည္ဟုမွာလိုက္တာေၾကာင့္ ဝူယြမ္တစ္ေယာက္ က်ည္ဆန္ကိုပါးစပ္မွာကိုက္ကာ ယန္းခ်င္းခ်ီကိုယ္တိုင္းျဖင့္ ေနာက္ထပ္ဆင္တူSuitတစ္ထည္ဖန္တီးခိုင္းရေတာ့သည္။ ဒီပုံစံနဲ႔ ပြဲတက္လိုက္လို႔ကေတာ့ အင္တာနက္ေပၚ ေသြးမုန္တိုင္းေတြတိုက္ေတာ့မည္ဟုေတာင္ သူေတြးလိုက္မိေသးသည္။

က်န္းေမာ့ခ်န္က အဝတ္အစားလိုကိစၥအေသးအမႊားေလးေတြအေပၚ သိပ္ဂ႐ုမထားေပ။ ေမြးကတည္းက ဘာဝတ္ဝတ္ၾကည့္ေကာင္းေနတဲ့ လူတစ္ေယာက္ျဖစ္တဲ့အတြက္ ဒီဇိုင္းပိုင္းကို Brandနဲ႔ ဒီဇိုင္နာကသာ တာဝန္ယူထားသည္။ ဝူယြမ္ဆီကေန အဝတ္ေတြရၿပီၾကားေတာ့ က်န္းေမာ့ခ်န္စမ္းဝတ္ၾကည့္လိုက္သည့္အခါ ရလာဒ္က ႏွစ္ေယာက္လုံးကိုအံ့အားသင့္သြားေစသည္။

''မင္းေတာ္ေတာ္ေလး ပါးနပ္တာပဲ '' က်န္းေမာ့ခ်န္ ခ်ီးက်ဴးလိုက္သည္။

''ေက်းဇူးပဲကြာ ဒါေပမဲ့ မင္းFanေတြဆီကေန အဆူခံရေတာ့မယ္လို႔ ငါအာ႐ုံေတြရေနတယ္ အဲ့ေတာ့ ငါ့အသက္ေလးလုံျခဳံေအာင္ အင္တာနက္မသုံးပဲေနမွျဖစ္ေတာ့မယ္ '' ဝူယြမ္က တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေျပာလာသည္။

''ဒါနဲ႔ ငါ ဟိုေန႔ကတည္းကမင္းကိုေမးမလို႔ မင္းေခၚလာတဲ့ လင္းေယာင့္ဆိုတဲ့ေကာင္ေလးကလည္း ဒီတစ္ေခါက္ လူသစ္သ႐ုပ္ေဆာင္ထဲမွာ စကာတင္ဝင္ထားတယ္မလား ''

''ဟုတ္တယ္ ငါကကံေကာင္းၿပီး ေစာေစာ႐ွာေတြ႕သြားတာ မဟုတ္ရင္ အခုက်င္းေကြ႕ၿပီးတာနဲ႔ သူနဲ႔စာခ်ဳပ္ခ်ဳပ္ခ်င္တဲ့လူေတြ တပုံႀကီးေပၚလာလိမ့္မယ္ ''

''သူ ဆုရႏိုင္မယ္လို႔ထင္လား ''

ဝူယြမ္ နည္းနည္းေလးတြန္႔ဆုတ္သြားသည္။

''အမွန္အတိုင္းေျပာလို႔ရလား ''

''မင္းဘယ္လိုထင္လဲ ''

က်န္းေမာ့ခ်န္ရဲ႕ ေအးစက္စက္ေလသံေၾကာင့္ ဝူယြမ္ရဲ႕ အသက္႐ွင္ခ်င္သည့္စိတ္က ခ်က္ခ်င္းျပင္းထန္သြားသည္။

'' ဘယ္လိုပဲျဖစ္ျဖစ္ မၾကာခင္ သိရေတာ့မွာပဲမလား အခုမွေဝဖန္ပိုင္းျခားျပေနလည္း ဘာမွအက်ိဳးမ႐ွိပါဘူး ဟဲဟဲ ''

က်န္းေမာ့ခ်န္ ဝူယြမ္ကို ၾကည့္လိုက္ကာ

''သူက ခ်င္းခ်ီထက္ အဲ့ဆုရႏိုင္ေခ်ပိုမ်ားတယ္လို႔ မင္းထင္ေနတယ္ေပါ့ ''

ဒါက ေမးခြန္းမဟုတ္ပဲ သူ႕စိတ္ထဲထင္ေနတာကို ခ်ျပလိုက္သည့္ အတည္ျပဳခ်က္တစ္ခုျဖစ္သည္။

ဝူယြမ္ျပဳံးပဲျပဳံးေနလိုက္ကာ ဘာမွေျပာမလာသလို ျငင္းလည္းမျငင္းလိုက္ေပ။

က်န္းေမာ့ခ်န္ လင္းေယာင့္ကိုယ္ေရးအက်ဥ္းကို အရင္က ဖတ္ဖူးသည္။ ထိုေကာင္ေလးက အရမ္းငယ္ေသးကာ အသက္၁၇ႏွစ္ပဲ႐ွိေသးသည္။ ငယ္ငယ္က ကေလးသ႐ုပ္ေဆာင္အျဖစ္သ႐ုပ္ေဆာင္ဖူးၿပီး ေက်ာင္းကိစၥေတြေၾကာင့္ ခဏရပ္နားလိုက္သည္။ မႏွစ္က ေႏြရာသီေက်ာင္းပိတ္ရက္မွာ အရင္က ကေလးသ႐ုပ္ေဆာင္လုပ္ရင္း လက္တြဲဖူးသည့္ ဒါ႐ိုက္တာႏွင့္ အမွတ္မထင္ျပန္ဆုံမိရင္း ထိုဒါ႐ိုက္တာ႐ိုက္မည့္ ဇာတ္ကားသစ္ထဲက ေခါင္းေဆာင္မင္းသားေနရာနဲ႔ လိုက္ဖက္လြန္းေနတာေၾကာင့္ လင္းေယာင့္ကို သူ႕ဇာတ္ကားအတြက္ကမ္းလွမ္းလာခဲ့သည္။

ဇာတ္ကားက လူငယ္ေတြၾကားကခ်စ္ျခင္းေမတၱာကို ပုံေဖာ္ထားသည့္ ဇာတ္ကားတစ္ကားျဖစ္ကာ ဇာတ္လမ္းအသြားအလာက လွသည့္အျပင္ လင္းေယာင့္ကလည္း သ႐ုပ္ေဆာင္ေကာင္းသည္။ ေနာက္ထပ္အေရးႀကီးသည့္အခ်က္တစ္ခ်က္မွာ လင္းေယာင့္က ထိုကားထဲတြင္ အဓိကဇာတ္လိုက္မင္းသားျဖစ္ၿပီး ယန္းခ်င္းခ်ီကေတာ့ 《 လမ္းမွားျခင္း 》 ထဲမွာ ဇာတ္ပို႔ေနရာကသာျဖစ္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ အဓိကဇာတ္လိုက္မင္းသားေနရာက ဘယ္ဇာတ္ေကာင္ထက္မဆို ႐ိုက္ကြက္ပိုရထားကာ ဇာတ္အိမ္အမ်ားစုကလည္း ေခါင္းေဆာင္မင္းသားကိုသာ အသားေပးပုံေဖာ္ထားသည့္ ဇာတ္အိမ္ေတြျဖစ္သည္။

က်န္းေမာ့ခ်န္ ဝူယြမ္ကို လက္ေဝွ႔ရမ္းျပရင္း ထြက္သြားေစလိုက္ကာ ဆိုဖာေပၚ ဝမ္းပမ္းတနည္းျပန္ထိုင္လိုက္သည္။ ဘက္လိုက္တယ္ပဲဆိုဆို၊ ကိုယ့္ဘက္ကိုယ္ယက္တယ္ပဲေျပာေျပာ သူကေတာ့ ယန္းခ်င္းခ်ီကိုပဲရေစခ်င္သည္။ သို႔ေသာ္ ဒီေလာကက ေခ်ာေမြ႕သည့္ပန္းခင္းလမ္းမဟုတ္မွန္း သူေကာင္းေကာင္းနားလည္ထားသည္။ သူကိုယ္တိုင္ေတာင္ ႐ုပ္႐ွင္ဧကရာဇ္မျဖစ္ခင္ စကာတင္အထပ္ထပ္ဝင္ၿပီးမွ က်င္းေကြ႕ဆုကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္သလို ေဝ့လန္ဆိုလည္း မႏွစ္ကမွ အေကာင္းဆုံးဇာတ္ပို႔ဆုကို ရ႐ွိခဲ့တာပင္။

ယန္းခ်င္းခ်ီဆုရခဲ့ရင္ေတာ့ အေကာင္းဆုံးေပါ့။ မရရင္လည္း ပုံမွန္ပါပဲ။ ဒါေပမဲ့ သူ မလိုခ်င္တာက အဲ့ပုံမွန္ပါပဲဆိုသည့္ ရလာဒ္မ်ိဳးျဖစ္သည္။ သူ႕စိတ္ထဲမွာေတာ့ ယန္းခ်င္းခ်ီကအေကာင္းဆုံးျဖစ္ကာ တဖက္လူ၏အႏုပညာလမ္းေၾကာင္းကိုလည္း အေျခခိုင္ခိုင္ျဖင့္ တေ႐ြ႕ေ႐ြ႕တက္သြားေစခ်င္သည္။

ဒီဇင္ဘာလလယ္မွာ လက္ခ်ဳပ္Suitႏွစ္ထည္လုံးၿပီးစီးသြားခဲ့ၿပီး ယန္းခ်င္းခ်ီ ထို ဆင္တူ Suitႏွစ္စုံကိုျမင္သည္ႏွင့္ က်န္းေမာ့ခ်န္ဘက္လွည့္ကာ

''ခင္ဗ်ားစီစဥ္ထားတာလား ''

''ဝူယြမ္က စိတ္ႏွစ္ၿပီးျပင္ဆင္ထားတာပါ ''

ယန္းခ်င္းခ်ီ : ''........''

''ေဘာ့စ္က်န္း ခင္ဗ်ားFanေတြအေၾကာင္း ခင္ဗ်ားမသိဘူးလား ကြၽန္ေတာ္႕အဝတ္အစားျပန္ခ်ိန္းေပး ကြၽန္ေတာ္ အဲ့ပြဲကေန အသက္႐ွင္ရက္ျပန္ထြက္လာခ်င္ေသးတယ္ ''

က်န္းေမာ့ခ်န္ သူ႕ဆီ ဝတ္စုံလွမ္းေပးရင္း

''ကိုယ့္Fanေတြအေၾကာင္းကိုယ္သိပါတယ္ မပူနဲ႔ သူတို႔မင္းကို ဘာမွမလုပ္ဘူး အရင္ဆုံးသြားဝတ္ၾကည့္လိုက္ သြား ''

ယန္းခ်င္းခ်ီ က်န္းေမာ့ခ်န္လက္ထဲကဝတ္စုံကိုၾကည့္လိုက္ကာ Fanေတြကိုေခြးစာေကြၽးဖို႔ႀကိဳးစားေနသည့္ သူ႕ခ်စ္သူစိတ္ေက်နပ္ေအာင္ သူကေတာ့ အသက္ကိုရင္းၿပီး ဆင္တူSuit ဝတ္ရမည္ျဖစ္ေသာ္ျငား သူ႕ခ်စ္သူကေတာ့ ရလာမည့္ရလာဒ္ကို ေတာ္ေတာ္ေလးေမွ်ာ္လင့္ထားပုံရသည္။ သူ အသက္ကိုျပင္းျပင္း႐ွဴလိုက္ရင္း ဝတ္စုံကိုယူၿပီး အဝတ္လဲခန္းထဲဝင္လိုက္သည္။

Suitကေတာ့ သူနဲ႔ကြက္တိပင္။ ဘယ္လိုပဲျဖစ္ျဖစ္ သူ႕ကိုယ္တိုင္းယူၿပီးခ်ဳပ္ထားသည့္ လက္ခ်ဳပ္သီးသန္႔အထည္ျဖစ္တာေၾကာင့္ သူနဲ႔မေတာ္စရာအေၾကာင္းမ႐ွိပါ။ Suitအေရာင္က အနက္ေရာင္ျဖစ္ကာ လက္ၾကယ္သီးကို ႀကိဳးၾကာပုံစံငယ္  စိန္ႏွစ္လုံးျဖင့္ အလွဆင္ထားသည္။ ႐ႈပ္႐ႈပ္ယွက္ယွက္ဒီဇိုင္းေတြ ဆင္မထားပဲ ႐ိုး႐ွင္းသည့္ ရင္ထိုးႏွင့္ fittingက်သည့္ Suit pantတို႔ေပါင္းစပ္လိုက္ေတာ့ ခႏၶာကိုယ္ကသြယ္လ်အခ်ိဳးက်ကာ က်က္သေရ႐ွိလွသည္။

က်န္းေမာ့ခ်န္ ယန္းခ်င္းခ်ီကိုၾကည့္ၿပီး စိတ္တိုင္းက်သြားသည္။

''ေခ်ာတယ္ ''

ယန္းခ်င္းခ်ီက လက္မခံခ်င္ေသးေပ။

''ဒါဆို ခင္ဗ်ားတစ္ေယာက္ထဲကိုပဲဝတ္ျပမယ္ေလ မေကာင္းဘူးလား ''

က်န္းေမာ့ခ်န္ရယ္လိုက္ကာ

''ကိုယ္ဒီကိစၥေတာ့သေဘာမတူဘူး ''

ယန္းခ်င္းခ်ီ ေအးစက္စက္ႏွာမႈတ္လိုက္သည္။

''ဟြန္႔ ခင္ဗ်ားတစ္ေယာက္ထဲပဲၾကည့္ခြင့္ရမဲ့အခြင့္အေရး ဆုံး႐ႈံးသြားမွာေနာ္ ''

''အလဲအထပ္အေနနဲ႔ ကိုယ္နဲ႔မင္းကလိုက္ဖက္တယ္ဆိုတာကို တစ္တိုင္းျပည္လုံးသိသြားမွာေလ တန္ပါတယ္! ''

''ေဘာ့စ္က်န္းကိုကယ္တင္လို႔မရေတာ့ဘူး ေဘာ့စ္က်န္းဦးေႏွာက္ႀကီးကို အခ်စ္ေတြစိုးမိုးသြားၿပီ ခင္ဗ်ားFanေတြေတာ့ ေသေလာက္ေအာင္ စိတ္တိုေတာ့မွာပဲ ''

က်န္းေမာ့ခ်န္ သူ႕အနားကပ္လာကာ ေကာ္လံေလးျပင္ေပးရင္း

''မပူပါနဲ႔ ကိုယ္ဆုရေနသေ႐ြ႕ ကိုယ့္Fanေတြက ကိုယ့္ကိုမထားခဲ့ပါဘူး ''

''ဒါဆို ခင္ဗ်ားရဲ႕ရည္းစားFanေတြကို ေဒါသသြားဆြမိလိမ့္မယ္ ''

''ဒါက သူတို႔ကိုကာကြယ္ေဆးႀကိဳထိုးေပးထားတာ မဟုတ္လို႔ ဒီလိုအရိပ္အႁမြက္မျပထားရင္ ကိုယ္တို႔ႏွစ္ေယာက္ဆက္ဆံေရးကို တရားဝင္ခ်ျပလိုက္တဲ့အခ်ိန္ေရာက္မွ သူတို႔ေသေလာက္ေအာင္လန္႔သြားလိမ့္မယ္ ''

သူတို႔ဆက္ဆံေရးကို တရားဝင္ခ်ျပဦးမယ္ဟု ၾကားလိုက္ေတာ့ ယန္းခ်င္းခ်ီေခါင္းေတြ ပိုကိုက္လာကာ

''အဲ့အေၾကာင္းမေျပာနဲ႔ေတာ့ အခုေတာင္ ကြၽန္ေတာ္႕သတင္းေတြက လုံလုံေလာက္ေလာက္ပြေနၿပီလို႔ မထင္ဘူးလား ''

''ေကာင္းပါၿပီ '' က်န္းေမာ့ခ်န္ကလည္း ယန္းခ်င္းခ်ီစကားဆို တေသြမသိမ္းပင္။ '' အဲ့အေၾကာင္းမေျပာေတာ့ဘူး ေပ်ာ္စရာေကာင္းတဲ့ေခါင္းစဥ္ကိုေျပာင္းရေအာင္ ဇာတ္ၫႊန္းဖတ္ေနတာေရာဘယ္လိုလဲ ''

''အဆင္ေျပပါတယ္ အခုတေလာ ကြၽန္ေတာ္ေျပာရမဲ့စာေၾကာင္းေတြလိုက္မွတ္ေနတာ ဒီႏွစ္ရက္အတြင္း ဒါ႐ိုက္တာဖုနဲ႔ ဇာတ္ကားအေၾကာင္း အမ်ားႀကီးေဆြးေႏြးျဖစ္တယ္ အခုေတာ့ အဲ့ဇာတ္ေကာင္စ႐ိုက္ကို ေတာ္ေတာ္ေလးနားလည္ေနပါၿပီ ''

''မင္း နားမလည္တာ႐ွိရင္ ကိုယ့္ကိုေျပာလို႔ရတယ္ေနာ္ ''

''ကြၽန္ေတာ္သိပါတယ္ '' ယန္းခ်င္းခ်ီျပဳံးလိုက္ကာ '' အိမ္မွာ ျပဌာန္းစာအုပ္ႀကီး႐ွိေနတာ တကယ္နားမလည္တာသာ႐ွိရင္ ကြၽန္ေတာ္႕ဘက္ကလည္း ယဥ္ေက်းမေနပါဘူး ''

''ႀကိဳးစားထား! ကိုယ္အားေပးေနမယ္ ''

သိပ္မၾကာခင္ ဒီဇင္ဘာလႏွစ္ကုန္ပိုင္းမွာ က်င္းေကြ႕ဆုေပးပြဲႀကီး တရားဝင္က်င္းပေလသည္။ မင္းသားေတြကလည္း အၿပိဳင္အဆိုင္ေခ်ာေမာခန္႔ညားေနၾကၿပီး မင္းသမီးေတြကလည္း သူ႕ထက္ငါပိုလွေနၾကသည္။ မင္းသမီးအမ်ားစုကေတာ့ ဒီဇင္ဘာလရဲ႕ သုညေအာက္က်ေနသည့္ ေရခဲမွတ္ကိုအံတုရင္း သူတို႔အလွေတြပိုေပၚလြင္ေအာင္ ပါးပါးလႊာလႊာ၊တိုတိုဟိုက္ဟိုက္ေလးေတြဝတ္ရင္း ပြဲတက္ၾကစၿမဲပင္။

ေက်ာက္ခ်န္တစ္ေယာက္ ပုခုံးေဖာ္ထားသည့္ အနီေရာင္ mermaidဝတ္စုံကိုဝတ္ဆင္ထားကာ ဆံပင္ကိုအေျပာင္စုထုံးထားရင္း နဖူးနဲ႔နား႐ြက္အနားမွာ တစ္စႏွစ္စခ်ထားသည္။ 《 လမ္းမွားျခင္း 》ရဲ႕ေခါင္းေဆာင္မင္းသမီးျဖစ္တာေၾကာင့္ က်န္းေမာ့ခ်န္နဲ႔ေဘးခ်င္းကပ္ယွဥ္ေလွ်ာက္လာကာ သူမေနာက္တြင္ ဒါ႐ိုက္တာဝမ္နဲ႔ ဇာတ္ၫႊန္းေရးဆရာလ်ိဳ႕မုန္ကလည္း အသီးသီးကပ္ေလွ်ာက္လာသည္။ က်ိစစ္႐ွင္းကေတာ့ က်န္းေမာ့ခ်န္နဲ႔ ယွဥ္ေလွ်ာက္ရမွာကိုေၾကာက္လို႔လည္း ျဖစ္ေကာင္းျဖစ္ႏိုင္သည္။ သူက ေက်ာင္းခ်န္ေဘးကိုေရာက္သြားတာျမင္ေတာ့ ယန္းခ်င္းခ်ီကလည္း က်န္းေမာ့ခ်န္ေဘးမွာ သဘာဝက်က်ယွဥ္ရပ္လိုက္ကာ အတူတူေကာ္ေဇာ္နီေပၚေလွ်ာက္လာလိုက္သည္။ ယန္းခ်င္းခ်ီေဘးမွာေတာ့ ႐ိုး႐ိုးေလးဝတ္ထားေသာ္ျငား ပုံမွန္ထက္ပိုလွေနသည့္ ဆုႏြမ္႐ွိေနသည္။

သူတို႔ ေကာ္ေဇာ္နီေပၚေလွ်ာက္ေနစဥ္ ယန္းခ်င္းခ်ီ သူ႕နာမည္ေခၚသံၾကားလိုက္ရတာေၾကာင့္ ေဘးကိုလွည့္ၾကည့္လိုက္သည့္အခါ သူ႕ကိုတာ့တာျပၿပီးေအာ္ဟစ္ေနသည့္ Fanေလးေတြကိုျမင္လိုက္ရသည္။ ယန္းခ်င္းခ်ီလည္း ျပဳံးျပကာ ႏႈတ္ဆက္လိုက္ေလသည္။

ယန္႔မိုက္ေတြ တစ္ေယာက္ကိုတစ္ေယာက္ အျပဳံးေလးျဖင့္ၾကည့္ရင္း ႐ႊင္ျမဴးစြာေရ႐ြတ္ေနၾကသည္။ 

''သူ ငါ့ကိုျမင္သြားတယ္! သူ ငါ့ကိုျမင္သြားတယ္! ''

《 လမ္းမွားျခင္း 》အဖြဲ႕သားေတြအားလုံး လက္မွတ္ထိုးရသည့္boardေပၚမွာ ကိုယ္စီလက္မွတ္ထိုးလိုက္ၾကကာ အဖြဲ႕လိုက္ဓာတ္ပုံ႐ိုက္ယူၿပီးေနာက္ အစီအစဥ္တင္ဆက္သူကေန ေမးခြန္းအခ်ိဳ႕ေမးလာသည္။

ယန္းခ်င္းခ်ီအတြက္ အခုတစ္ေခါက္က တစ္ႏွစ္ပတ္လုံးမွ ပထမဆုံးအႀကိမ္႐ုပ္လုံးထြက္ျပျခင္းျဖစ္သည့္အျပင္ စကာတင္ဝင္ထားၿပီး ဖုမင္က်ီးဇာတ္ကားသစ္အတြက္လည္း ေ႐ြးခ်ယ္ခံထားရတာေၾကာင့္ အစီအစဥ္တင္ဆက္သူ၏ အဓိကပစ္မွတ္ျဖစ္သြားေလသည္။ သူမက ဒါ႐ိုက္တာဝမ္နဲ႔ က်န္းေမာ့ခ်န္ကို ေမးစရာ႐ွိတာေတြျမန္ျမန္ေလးေမးၿပီးသြားတာနဲ႔ ေက်ာက္ခ်န္နဲ႕ က်ိစစ္႐ွင္းကိုေက်ာ္ကာ ယန္းခ်င္းခ်ီကိုတန္းေမးေလသည္။

''ခ်င္းခ်ီ ေနေကာင္းသြားၿပီလား ဒီတစ္ေခါက္က တစ္ႏွစ္လုံးေနမွ ပထမဆုံးအႀကိမ္လူထုေ႐ွ႕ထြက္လာတာေနာ္ ဟုတ္တယ္မလား ''

''ေကာင္းသြားပါၿပီ စိတ္ပူေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ''

''ဒီႏွစ္ရဲ႕ အေကာင္းဆုံးလူသစ္သ႐ုပ္ေဆာင္အျဖစ္ စကာတင္ဝင္တာကို ဘယ္လိုခံစားရလဲ ''

''ကြၽန္ေတာ္႕႐ိုက္ကြင္းအဖြဲ႕သားေတြကို နာမည္မပ်က္ေစ႐ုံနဲ႔တင္ ေတာ္ေတာ္ေလးအဆင္ေျပေနၿပီလို႔ ခံစားမိပါတယ္ ''

''ဟားဟား ခ်င္းခ်ီ ႐ွင္ကတကယ္ေနာက္တတ္တာပဲ 《 လမ္းမွားျခင္း 》 ႐ိုက္ကြင္းထဲမွာေရာ အဲ့လိုပဲလား ''

''မဟုတ္ပါဘူး 《 လမ္းမွားျခင္း 》က ကြၽန္ေတာ္႕ရဲ႕ပထမဆုံးဇာတ္ကားေလ အဲ့တုန္းကဆိုအရမ္းစိတ္လႈပ္႐ွားတာ စကားအမ်ားႀကီးမေျပာျဖစ္ဘူး ဒါ႐ိုက္တာ႐ွင္းျပေနတာကိုပဲ ၿငိမ္ၿငိမ္ေလးထိုင္ၿပီးနားေထာင္ျဖစ္တယ္ ''

''မုန္႔ေလာ့ ဒီေလာက္အထိေတာက္ပလာမယ္လို႔ ခန္႔မွန္းခဲ့ဖူးလား ''

''ဟင့္အင္း ဒါ႐ိုက္တာႀကီးနဲ႔ ဇာတ္ၫႊန္းေရးဆရာရဲ႕ ဇာတ္ေကာင္အလွည့္အေျပာင္းေတာ္လြန္းလို႔ မုန္႔ေလာ့ကနာမည္ႀကီးလာတာပါ ''

''႐ိုက္ကြင္းအဖြဲ႕သားေတြထဲကမွ ဘယ္သူနဲ႔ဆက္ဆံေရးအေကာင္းဆုံးလဲ ကုမၸဏီတူတဲ့ ေမာ့ခ်န္နဲ႔ ဆက္ဆံေရးအေကာင္းဆုံး ဟုတ္တယ္မလား ''

''ဟုတ္ပါတယ္ ခ်န္ေကာနဲ႔ကြၽန္ေတာ္က ကုမၸဏီတူတဲ့အျပင္ကို ႐ုပ္႐ွင္တစ္ကားထဲအတူ႐ိုက္ျဖစ္သြားေတာ့ သူကကြၽန္ေတာ္႕ကိုအမ်ားႀကီးေစာင့္ေ႐ွာက္ေပးတယ္ ခ်န္ေကာက တကယ္ေကာင္းတဲ့စီနီယာတစ္ေယာက္ပါ ႐ိုက္ကူးေရးတစ္ေလွ်ာက္လုံးလည္း သူ႕ဆီကေနအမ်ားႀကီးသင္ယူခဲ့ရတယ္ အဲ့ဒါေၾကာင့္ အေကာင္းဆုံးဆက္ဆံေရး႐ွိတဲ့လူကေတာ့ သူပါပဲ '' ယန္းခ်င္းခ်ီ ျပန္ေျဖလိုက္သည္။

အစီအစဥ္တင္ဆက္သူက အျပဳံးေလးျဖင့္ ေခါင္းၿငိမ့္ျပကာ ေမးခ်ိန္ျပည့္သြားတာျမင္ေတာ့ အထဲဝင္လို႔ရၿပီဆိုတဲ့အေၾကာင္း လက္ဟန္အမူအရာျပေလသည္။

အစီအစဥ္တင္ဆက္သူက ဒါ႐ိုက္တာ၊ က်န္းေမာ့ခ်န္နဲ႔ ယန္းခ်င္းခ်ီကိုပဲ အင္တာဗ်ဳးသြားတာျမင္ေတာ့ က်ိစစ္႐ွင္းမေက်မနပ္ျဖစ္သြားေသာ္ျငား အမ်ားေ႐ွ႕မွာမို႔ အတတ္ႏိုင္ဆုံး မ်က္ႏွာအမူအရာကိုထိန္းထားေလသည္။

_________________________________

ကဲ ဘယ္သူရမယ္ထင္လဲ။ 🤔

Continue Reading

You'll Also Like

82K 9.2K 98
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
374K 38.6K 41
Title - 《顶级掠食者》 Title in English -《Alpha Predator》 Author - ShuiQianCheng [水千丞] Status- Ongoing No. of chapters - 132 Gong -瞿末予 (Qú Mò Yǔ ) / ချွီမေ...
71.3K 8.3K 84
transition novel