To be a Heartthrob in a Horro...

By Kuro_Fuyu

423K 86.7K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 72

2.1K 548 33
By Kuro_Fuyu


Chapter 72: ရိုက်နှက်ပစ်လိုက်ချင်တယ်

ရွှီရီရှောင်ဝင်လာတဲ့အချိန် ထိုနေရာ၌စုမင်ထိုင်နေတာတွေ့လိုက်ရသည်။ သူ့နံဘေးမှ ကုလားကာများသည် လေညှင်းကြောင့် တလွင့်လွင့်ဖြစ်ကာ မသိရင် လေညှင်းနဲ့အတူ သူလိုက်ပါသွားတော့မည့်အလားပင်။

သူမ စုမင်အပေါ်ကောင်းတဲ့ထင်မြင်ချက်ရှိကာ သူ့ကိုမခုန်စေချင်ပေ။

ထို့နောက် သူမ ရှေ့နောက်စဉ်းစားမနေဘဲ ပြောချလိုက်သည်။ ကြားရတာပုံမှန်မဟုတ်မှန်း နောက်မှ သူမသတိထားမိသော်လည်း ပြန်ရုတ်သိမ်းဖို့နောက်ကျသွားပြီ။

ဆန့်ကျင်ဘက်ဖြစ်စွာ ရွှီရီရှောင်ရဲ့အော်သံကြောင့် စုမင်လန့်ဖျပ်ပြီး ပြုတ်ကျလုမတတ်ပင်။

ကံကောင်းတာက ပြတင်းဘောင်နဲ့ သူ့ကို လှုပ်လို့တောင်မရအောင်ဆုပ်ကိုင်ချုပ်ထား၏။ အခြားသူတွေ မတွေ့ရပေမယ့် စုမင်ကိုယ်တိုင်ရှင်းရှင်းလင်းလင်းမြင်နေရသည်။

သူ့ကို ကျီစယ်နေတယ်လို့တောင်ခံစားလာရသည်။

စုမင်အသက်ပြင်းပြင်းရှူကာ .."ငါ့မှာ ခုန်ချဖို့ ရည်ရွယ်ချက်မရှိဘူး"

"ရှင်မခုန်ရဘူး" ရွှီရီရှောင်လျှောက်လာကာ သူ့ကိုဖျောင်းဖျဖို့ကြိုးစားတယ် .."ကျွန်မတို့မှာ မျှော်လင့်ချက်သိပ်မရှိပေမယ့် လွယ်လွယ်အလျှော့မပေးသင့်ဘူး ... ရှင်သာ အခုခုန်ချလိုက်လို့ မနက်ဖြန်သာထွက်သွားလို့ရခဲ့‌ရင်ရော ဘာလုပ်မလဲ?"

စုမင်: “???”

သူမ ဘာတောင်စဉ်ရေမရတွေပြောနေတာလဲ?

သူ့လည်စလုတ်လေးကို ကိုက်လိုက်ပြီး .."ခံစားလို့ကောင်းလား?"

သူ့အသံမှာနည်းနည်းအက်ကွဲနေ၏။

ရိုးရိုးသားသားပြောရရင် ထိုနေရာက စုမင်ဆတ်ဆတ်ထိမခံသောနေရာဖြစ်သည်။ ချန်စုထိလိုက်တဲ့ချိန် စုမင်တုန့်ပြန်မှုကို ကောင်းကောင်းခံစားမိသည်။

"ခံစားလို့မကောင်းဘူး" စုမင်ခေါင်းမာစွာ ဖြေလိုက်တယ်။

ရွှီရီရှောင်က သူမကိုပြောနေတယ်အထင်နဲ့ .."ခံစားလို့မကောင်းဘူးဆိုလည်း ရှင်မြန်မြန်ဆင်းလာသင့်တယ်။ ဒီလိုနဲ့ ရှင်အအေးမိသွားနိုင်ရင် နေလို့ပိုဆိုးသွားလိမ့်မယ်"

ယန်ဂျင်းချိုင်အဆက်မပြတ်ခေါင်းညိတ်၏။

သူမစကားကြားရတော့ ... စုမင် ရုတ်တရက် စိတ်ပူတတ်တဲ့လူကြီးတွေပြောနေကျစကားကို တွေးမိသွားတယ်။  ဇာတ်လိုက်မပုံစံက အိမ်မှာနားပူနာဆာလုပ်တတ်တဲ့လူကြီးတွေလို ရုတ်တရက်ခံစားလိုက်ရတယ်။

စုမင်ခေါင်းခါယမ်းဖို့ကြိးစားသော်လည်း သူ မလုပ်နိုင်ပေ။

ချန်စုရယ်သွမ်းကာ .."ဒါဆို မင်းကို ခံစားလို့ပိုကောင်းစေ‌ရမယ်"

သူ့ပြောလိုက်သည့် အသံအနေအထားသည် ‘ငါနဲ့အတူခံစားရအောင်’ လို့ဖြစ်နေ၏။
(*Note- feel good with me and let's feel good together လို့ရေးထားတာ။ ကိုယ်လည်းမရွှီးတတ်တော့ အီးနဲ့ကပိုကောင်းသလားလို့ပါ ><)

ချန်စုပါးစပ်က အဲ့လိုလူယုတ်မာစကားထွက်လာရင် သူ့ကိုဖြတ်ရိုက်ပြီး အားရပါးရရိုက်နှက်ချင်စိတ်တဖွားဖွားပေါ်စေသည်။

သို့ပေမဲ့ ကံ‌မကောင်းစွာ တဖက်လူက ဖိညှပ်ထားသဖြင့် သူမလှုပ်ရှားနိုင်ပေ။

ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့က သူနဲ့မျက်နှာချင်းဆိုင်တိုက်ရိုက်၌ ရပ်နေကြပြီး သူနဲ့ချန်စုအပြုမူအကြောင်းကို ဘာမှမသိပါဘဲ သူ့ကိုမျက်တောင်မခတ်စိုက်ကြည့်နေကြတယ်။

သူ့မေးစေ့လေးကို ချန်စုအနမ်းပေးတော့ စုမင်မနေနိုင်ဘဲခြေချောင်းလေး‌တွေကို ကွေးကုပ်မိကာ သူ့ခေါင်းကိုအတန်ငယ်မော့လိုက်မိ၏။

သူ့ရဲ့ထူးထူးဆန်းဆန်းအပြုအမူ‌က ရွှီရီရှောင်နဲ့ ယန်ဂျင်းချိုင်တို့ကို စိတ်ရှုပ်ထွေးစေသည်။ အခြေအနေတွေက တဖြည်းဖြည်းအန္တရာယ်များလာသည်ဟု သူတို့ခံစားမိ၏။

ယန်ဂျင်းချိုင် ဘာတွေမှားနေမှန်းမသိဘဲ တူညီသောစကားပဲပြောနိုင်တယ် .."စုမင် အမြန်ဆင်းလာခဲ့တော့ ... မင်းဘယ်လောက်ပဲစိတ်ကုန်ပါစေ မင်းဘဝကိုဒီလိုအဆုံးသတ်လိုက်လို့မရနိုင်ဘူးလေ"

ရွှီရီရှောင်ပို၍ထပ်ပြောတယ် .."စုမင် ... အရင်ဆုံးသေသေချာချာစဉ်းစားသင့်တယ် ... ဒုတိယထပ်ဒီလောက်နိမ့်တာ ရှင်သေမှာမဟုတ်ဘူး။ အများဆုံး ရှင်ခြေကျိုးလက်ကျိုး ဒါမှမဟုတ် ဒုက္ခိတဖြစ်သွားနိုင်တယ်။ ရှင်တကယ်ဒီလိုမျိုးဒုက္ခခံနိုင်လို့လား? ရှင့်ဘဝတစ်လျှောက်လုံး ဝီးလ်ချဲနဲ့ပဲနေသွားချင်လို့လား?"

သူမစကား အကျိုးကြောင်းဆီလျော်သည်ဟု စုမင်ခံစားမိ၏။

သူ့အသံကို ထိန်းပြီး .."ငါလေညှင်းခ……..ခံနေတာ အခုဆင်းလာပြီ ... စိတ်မပူပါနဲ့"

သူပြောပြီးနောက် ဟင်း ဆိုသည့်တိုးတိုးလေးညည်းသံထွက်သွားမိသည်။

ရွှီရီရှောင်တော်တော်ထူးဆန်းနေသည်ကို သိလိုက်ရသည်။ ဘာလို့အသံက အဲ့လောက်နူးညံ့သိမ်မွေ့နေရတာလဲ? ပျော့ပျောင်းနေသော်လည်း အဆုံးမှာအသံရှည်ရှည်ဆွဲလိုက်တာကိုတောင် သူမကြားလိုက်ရတယ်။

ရုတ်တရက် အတွေးတစ်ခုစိတ်ထဲရောက်လာသည်။

သူမမျက်လုံးတွေပြူးကျယ်သွားပြီး အကြိမ်အနည်းငယ်ပင့်သက်ရှိုက်ကာ ယန်ဂျင်းချိုင်လက်မောင်းကို လှမ်းဆွဲပြီး .."စုမင် ... ကျွန်မတို့ရှင့်ကို မနှောင့်ယှက်တော့ဘူးနော် ... လုံခြုံဖ်ို့ကိုသာ ဂရုစိုက်"

ရှုပ်ထွေးနေသောအကြည့်များဖြင့် ယန်ဂျင်းချိုင်မှာ သူမဆွဲခေါ်သွားခြင်းခံရလေသည်။

ရွှီရီရှောင် သူ့ကိုသတိပေးရင်း သဘောထားကြီးစွာတံခါးကိုတောင် ပိတ်ပေးသွား၏။
"ဘေးကင်းဖို့ သေသေချာချာဂရုစိုက်နော်"

အခန်းထဲမှ နှစ်ယောက်စလုံးလျင်မြန်စွာပျောက်သွားကြကာ ပိတ်ထားလျက်တံခါးသည် သူတို့မပေါ်လာခဲ့အတိုင်းပင်။

စုမင် “???”

ဘာတွေဖြစ်နေတာလဲ? ဘာလို့ဇာတ်လိုက်မက သူ့ကိုဆက်မဖျောင်းဖျတော့တာလဲ? ဘာလို့ဇာတ်လိုက် လုံးဝစိတ်မပူတော့တာလဲ? သူတို့ဒီလိုပြေးထွက်သွားတာက သူ့ကိုရုတ်တရက် မလုံခြုံတော့သလို ခံစားရစေသည်။

ချန်စုရယ်ချင်သည်ကို မချုပ်တည်းထားနိုင်တော့ပေ .."သူတို့မင်းကို စွန့်လွှတ်လိုက်ပြီ"

ဒါကိုကြားတော့ စုမင် သူ့ကိုစိတ်ဆိုးဆိုးနဲ့ စိန်းစိန်းဝါးဝါးကြည့်ကာ ပြစ်တင်ပြောလိုက်၏။
"တရားခံက ဒီလိုပြောဖို့သတ္တိရှိတယ်ပေါ့?"

ဇာတ်လိုက်နဲ့ ဇာတ်လိုက်မက ကျိန်းသေပေါက်သူ့ကို စွန့်လွှတ်မှာမဟုတ်ပေ။

°°°°°°°

အခန်းပြင်ဘက်၌ ...

ယန်ဂျင်းချိုင်က အခန်းထဲပြန်ဝင်ချင်နေတုန်းပင် ... သူကန့်ကွက်၏ .."ငါတို့ဒီလိုထွက်လာလိုက်လို့ စုမင်မိုက်မဲတာတစ်ခုခုလုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲ?"

စုမင်ပုံစံသည် အလွန်အားနည်းပုံရသည်ဟု သူခံစားမိသည်။

ရွှီရီရှောင် သူ့ကိုဟန့်တားတယ် .."ငါတို့အများကြီးတွေးနေတာလို့ ငါသတိထားမိတယ် ... သူတကယ်ပဲ ဒီတိုင်းလေညှင်းခံချင်တာဖြစ်လိမ့်မယ် ... စုမင်စရိုက်ကိုရှင်မသိဘူးလား?"

စုမင်သည် အလွန်သနားစရာကောင်းသည်။ တစ္ဆေကိုတောင် လာဘ်ထိုးနေရပြီ။

သူမစကားတွေကို ယန်ဂျင်းချိုင်အခိုင်မာယုံကြည်ကာ .."မင်းပြောတာယုတ္တိရှိတယ် ... ဒီ့တော့ ပြီးမှ သူ့ကိုဘေးကင်းအောင် တစ်ချက်ကြည့်ရအောင်"

ရွှီရီရှောင်ခေါင်းညိတ်ကာ ဆွဲခေါ်သွားသည်။

°°°°°°°°

တစ်နာရီကြာပြီးနောက် ... ရွှီရီရှောင်နဲ့ ယန်ဂျင်းချိုင်တို့ အခန်းသို့ပြန်ရောက်လာကြတယ်။

သူတို့သန့်စင်ဆေးကြောပြီးတာမို့ သူတို့အထဲဝင်သည့်အခါ ထိတ်လန့်စရာတစ်ခုခုစောင့်စားနေမှာကို ကြောက်ရွံ့သဖြင့် သူတို့အလွန်သတိရှိရှိနေ၏။

ကုတင်ပေါ်မှာ စုမင်ထိုင်နေကာ သူတို့အသံကြား၍ သူမော့ကြည့်လာတယ်။

ရွှီရီရှောင်အကြိမ်အနည်းငယ်ချောင်းဟန့်ပြီး .."စုမင် ရှင်လေညှင်းခံလို့ပြီးပြီလား? ရှင် ကိုယ်လက်မဆေးကြောချင်ဘူးလား? အရမ်းနောက်ကျမှလုပ်ရင်မကောင်းဘူးနော်"

စုမင်ခေါင်းငြိမ့်ပြီး သဘောတူသံပြုသည်။

သူအခန်းထဲကထွက်သွားတော့ ရွှီရီရှောင်စိတ်သက်သာရာရသက်မချပြီး ပြတင်းဘောင်သည် ကမန်းကတန်းလျှောက်သွားကာ ပတ်ပတ်လည်ကြည့်လိုက်ပေမဲ့ ဘာမှမတွေ့ချေ။

"မင်းဘာရှာနေတာလဲ?" ယန်ဂျင်းချိုင်ပြောတယ်။

ရွှီရီရှောင်နောက်လှည့်တောင် မကြည့်ဘဲ .."ဘာမှမဟုတ်ဘူး"

သူမ ဘာမှရှာမတွေ့ပေ။ တဖက်လူထံက သဲလွန်စများကျန်ခဲ့မလားဟု သူမရှာတွေ့ကြည့်ချင်သော်လည်း ဘာမှရှာတွေ့ခဲ့ပေ။

ရှောင်ချန်လားလို့ သူမတွေးမိသည်။

ထိုစိတ်ကူးပေါ်လာသည်နှင့် အေးစိမ့်စိမ့်လေပြေတိုက်ခတ်သွားသလို ခံစားရကာ ဘာကြောင့်မှန်းမသိ တုန်လှုပ်သွားပြီး မြန်မြန်ဆန်ဆန်ပြတင်းပေါက်ပိတ်လိုက်သည်။

အေးစိမ့်စိမ့်ခံစားမှုသည် ပျောက်မသွားသေးပေ။

ယန်ဂျင်းချိုင်အိပ်ယာဆီသို့ ရွှီရီရှောင်ပြန်ရောက်လာပြီး .."ဒီည ဒီမှာအိပ်မယ် ... ကျွန်မ ဟန်ချင်းချင်းနဲ့မအိပ်ချင်ဘူး"

သူမ ဟိုမှာမအိပ်ချင်ရသည့်အကြောင်းရင်းက ညလယ်ခေါင်ကြီး သတ်ခံလိုက်ရမှာကြောက်လို့ပင်။ ဒီ့တော့ ညအတွက် ကျပ်ကျပ်သိပ်သိပ်အိပ်ရပေမဲ့လည်း ယန်ဂျင်းချိုင်နဲ့အတူ တိုးဝှေ့အိပ်ချင်မိသည်။

ဘာပဲဖြစ်ပါစေ ဒီ‌မှာ သူတို့အသက်ရှင်ဖို့အရေးရုန်းကန်နေရသည့်အတွက် ဘယ်သူမှအခြားအကြောင်းတွေးဖို့ အင်အားရှိမှာမဟုတ်ချေ။ သူမတို့နှစ်ယောက်ဆက်ဆံရေးက သိပ်အလှမ်းမရောက်သေးသော်လည်း ယန်ဂျင်းချိုင်၏ပင်ကိုစရိုက်ကိုယုံကြည်သည်။

"အိုကေ" ယန်ဂျင်းချိုင်တွေးပြီး .."စုမင်လည်း ဂရုစိုက်မှာမဟုတ်လောက်ဘူး ... သူ့ကိုမနှောင့်ယှက်ဖို့ပဲ ငါတို့ဂရုစိုက်ရမယ်"

ရွှီရီရှောင်ခေါင်းငြိမ့်ကာ "ဒီညက တစ်ခုခုဖြစ်လိမ့်မယ်လို့ ကျွန်မခံစားနေရတယ်"

ဒါက သူမရဲ့ဆဋ္ဌမအာရုံလည်းဖြစ်၏။ ဒီည ဘာဖြစ်မလဲဆိုတာတော့ သူမလည်းကောင်းကောင်းမသိပေ။

ယခုချိန်သည် ၁၁နာရီသာကျော်သေးသည်။ နောက်တစ်နေ့ရောက်ရန် နာရီပိုင်းပင် မလိုတော့ချေ။

°°°°°

စုမင် ရေချိုးသန့်စင်ခန်းက ထွက်လာပြီးနောက် ရှင်းလင်းနေသောကော်ရစ်ဒါသို့ရောက်လာသည်။

နှစ်ဖက်စလုံးမှောင်မဲနေပြီး ကော်ရစ်ဒါတစ်ဖက်အဆုံး၌ တစ်စုံတစ်ယောက်နေကြောင်း ရည်ညွှန်းသည့်အလင်းရောင်မှိန်ပျပျလေးသာလင်းနေ၏။

ဒုတိယထပ်၏ ညာဘက်ခြမ်းတွင် ကလေးဘယ်နှယောက်နေလဲ သူမသေချာပေ။

နေ့ရော ညပါ သိပ်ဘေးမကင်းသော်လည်း ညဘက်က ပိုအန္တရာယ်များသည်ဟု ခံစားမိတာကြောင့် မနက်ဖြန်နေ့အချိန်မှသာ ကြည့်ရှုစစ်ဆေးနိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် အခန်းနဲ့ နီးလာသည်နှင့် သူ့အရှေ့၌ ဖျတ်ခနဲဖြတ်သွားကာ ပုံရိပ်တစ်ခုပေါ်လာတယ်။

ပုံသဏ္ဍာန်ကိုတွေ့တော့ စုမင်နိုးနိုးကြားကြားရှိလာကာ .."မင်မင်?"

သူ့မျက်နှာတွင်အရိပ်များဖုံးကာနေလျက် ကောင်လေးမတ်တပ်ရပ်နေ၏။ သူ့လည်ပင်းအောက်ကိုသာ မြင်နိုင်ပေမယ့် သူကမင်မင်လို့ စုမင်ခံစားနေရသည်။

ဒီထူးထူးဆန်းဆန်းခံစားချက်က မင်မင်သာဖြစ်နိုင်သည်။

တဖက်သူက မဖြေပေ။ စုမင်မရဲတရဲနှင့် ရှေ့တစ်လှမ်းတိုးလိုက်တော့ မင်မင်လည်း ရှေ့ခြေလှမ်းတိုးလာကာ အရိပ်မှ သူ့မေးစေ့ပေါ်လွင်လာတာကို တွေ့လိုက်ရသည်။

‌ဘယ်ခြေလှမ်းမဆို ရှေ့တိုးတိုင်း မင်မင်လည်းရှေ့တိုးလာတယ်။

စုမင်အတန်ငယ်အေးခဲသွားသည်။ ဒီလိုနဲ့ သူနဲ့ မင်မင်အကွာအဝေးက တဖြည်းဖြည်းနီးကပ်လာပြီး သူတံခါးကိုမရောက်ခင် မင်မင်က သူ့ဘေးနားရပ်နေနိုင်တယ်။

သူတံခါးဆီမရောက်ခင် မင်မင်သူ့အနားရောက်လာခိုက် သူအခန်းထဲဝင်နိုင်မည်မထင်။

စုမင်ခြေလှမ်းကျယ်ကျယ်လှမ်းလိုက်တယ်။

ထိုကဲ့သို့ ခြေလှမ်းအနည်းငယ်လျှောက်တော့ သူတံခါးအနားစွန်းရောက်တဲ့အချိန် မင်မင်က သူ့မျက်နှာချင်းဆိုင်တွင်ဖြစ်ပြီး သူ့အမူအယာကိုအထင်းသားမြင်နိုင်တယ်။

အသက်မဲ့နေသောအမူအယာမှာ အခုအပြုံးပေါ်လွင်လာတယ်။

ထိုလက္ခဏာတွေအားလုံးက သူသည် သာမန်ကလေးမဟုတ်ဘူးဆိုတာကို ရည်ညွှန်းနေ၏။

သူပြန်ပို့ခံခဲ့ရတယ် ဆိုသည့်ဖိုင်၏အကြောင်းရာကို စုမင်ပြန်မှတ်မိပြီး အစကတစ်ခုခုမှားတာဖြစ်လိမ့်မည်ဟု သူသံသယရှိခဲ့သည်။

အခုတွေးကြည့်တဲ့အခါ သူညဉ့်သန်းခေါင်ယံအချိန်တွေမှာ ဒီလိုလုပ်နေတော့ မွေးစားမိသားစုပြန်ပို့လိုက်သည်မှာ မဆန်းကျယ်တော့ချေ။

သို့သော် မိဘမဲ့ဂေဟာ၌ ဘာဖြစ်ခဲ့မလဲ သူမသိသေးဘူး။

စုမင်တုံ့ဆိုင်းစွာ မေးလိုက်တယ် .."အရမ်းနောက်ကျနေပြီ ... တစ်ခုခုလိုလို့လား?"

မင်မင်ပြန်မဖြေ။ သူ့ကိုသာ မျက်တောင်မခတ်ဆက်၍တည့်တည့်စိုက်ကြည့်နေသည်။

သူ့လည်ပင်း၌ လက်ဝါးကပ်တိုင်ချိတ်ဆွဲထားသည်ကို စုမင်သတိထားမိလိုက်သည်။ ဒါရိုက်တာကပဲ သူ့ကိုဝတ်ခိုင်းထားတာလား သူမသိပေ။

မိဘမဲ့ဂေဟာအဆောက်အဦး၏ထိပ်ဆုံးမှာလည်း လက်ဝါးကပ်တိုင်ရှိနေ၏။

စုမင်နှင့် ကောင်လေးမှာ ထိုနေရာတွင် မတိုးသာအဆုတ်သာအခြေအနေ၌အတော်ကြာရပ်နေကြပြီး နောက်ပိတ်ဆုံး သူလစ်လျူရှုကာ အခန်းထဲလျင်မြန်စွာ တဟုန်ထိုးပြေးဝင်သွား၏။

အပြင်တွင် မင်မင်ဒီတိုင်းကျန်ရှိနေခဲ့သည်။

ယန်ဂျင်းချိုင်နိုးနေဆဲဖြစ်ပြီး သူ့အပြုအမူကိုမြင်တော့ မေးလာတယ် .."ဘာဖြစ်တာလဲ?"

စုမင်တံခါးနားမှာ ရပ်နေပြီး .."မင်မင် အပြင်မှာ"

"အဲ့ ရယ်တဲ့ကောင်လေးလား?" ရွှီရီရှောင်အမြန်အိပ်ယာမှထလာပြီး လျှောက်လာတယ် .."သူ ဒီမှာဘာလို့ရုတ်တရက်ကြီးပေါ်လာတာလဲ?"

စုမင်ခေါင်းခါပြီး .."မသိဘူး ... သူရုတ်တရက်ပေါ်လာတာပဲ"

မင်မင် ဘယ်ကနေဘယ်လိုပေါ်လာသလဲဆိုတာ သူမသိပေမယ့် သူသန့်စင်ခန်းမှထွက်သည့်အချိန် ကော်ရစ်ဒါအဆုံးမှရှိနိုင်သည်ဟု သူခန့်မှန်းမိတယ်။

ခပ်‌ယဲ့ယဲ့ရယ်သံကို အပြင်တွင်ကြားနိုင်သည်။

ရွှီရီရှောင်လက်တွေ ကြက်သီးမွှေးထသွားပြီး .."အဲ့ကောင်စုတ်လေးက ကြောက်ဖို့ကောင်းလိုက်တာ"

အရင်က ထောင့်မှာ တခစ်ခစ်ရယ်သည်ကို အသာထား ... အခုညဉ့်သန်းခေါင်ကြီး သူတို့အခန်းအပြင်ဘက်ရှေ့တည့်တည့်တွင် တခစ်ခစ်ရယ်သံကို ကြားရသည်မှာထိတ်လန့်ခြောက်ခြားစရာကောင်းလွန်းသည်။

စုမင်အိပ်ယာဆီပြန်ကာ .."အခုတော့ တံခါးမဖွင့်နဲ့ဦး"

မင်မင်အပြုံး၏နောက်ကွယ်က အဓိပ္ပာယ်ကို သူနားမလည်သေးပေ။ သူ့ကိုအလွန်ထူးဆန်းသည့်ခံစားချက် ပေးစေသည်။

သူတို့တံခါးဖွင့်လိုက်ရင် ဘာဖြစ်လာမလဲ မသိ‌ကြ၍ တံခါးပိတ်ထားတာက ပိုပြီးစိတ်သက်သာရာရစေတယ်။

ယန်ဂျင်းချိုင်ဂနာမငြိမ်စွာ ခန့်မှန်းမိတယ် .."သူဖြတ်ဝင်လာမယ်လို့ မင်းထင်လား? နောက်ဆုံးတခေါက်က အခန်းထဲကိုသူ့ဘာသူဝင်လာခဲ့တာ"

"မသေချာဘူး" မဖြစ်နိုင်ဘူးလို့ စုမင်တွေးမိပြီး သူ့ကိုစိတ်ချစေရန်ပြောလိုက်တယ် .."မဝင်လာနိုင်လောက်ဘူး"

ဒီည သူတို့အားလုံးကို သူသတ်နိုင်မှာမဟုတ်ပေ။ အကယ်၍ သူလုပ်ခဲ့ရင် ရုပ်ရှင်က ရှေ့မဆက်နိုင်တော့ချေ ။

ယန်ဂျင်းချိုင်စိတ်မချမ်းမြေ့စွာနဲ့ .."သူမလုပ်ဘူးလို့ပဲ ငါသေချာမျှော်လင့်မိတယ်"

စုမင်ရုတ်တရက်မေးလိုက်တယ်။
"ဟန်ချင်းချင်းအခုဘာလုပ်နေလဲ?"

"ဟန်ချင်းချင်း?" ရွှီရီရှောင်တခဏတွေးတောပြီး .."သူမ ထူးထူးခြားခြားလုပ်တာတော့ မရှိပါဘူး။ ကုတင်ပေါ်မှာ သူ့ဖုန်းသူသုံးနေတာ အခုဆိုအိပ်နေလောက်ပြီ။ သူမ အိပ်တာနည်းနည်းတော့စောတယ်"

ဖုန်းက အပြင်နှင့်မချိတ်ဆက်နိုင်တာကြောင့် သူမဖုန်းနဲ့ဘာလုပ်နေသလဲဆိုတာ ရွှီရီရှောင်မသိပေ။

သို့သော် ဟန်ချင်းချင်းနှင့် သူမက မရင်းနှီးတာမို့ သဘာဝကျကျ သူမမေးမနေတော့ပေ။

စုမင်ဘာမှသိပ်မတွေးတော့ပဲ အိပ်ယာ၌လှဲချလိုက်ပြီး .."စောစောအိပ်ရအောင် ... မနက်ဖြန်ငါတို့လုပ်စရာတွေ အများကြီးရှိသေးတယ်"

အခန်းထဲမီးမှာ ဖွင့်ထားပြီး ညအချိန် မီးမပိတ်ရန် အားလုံးဆုံးဖြတ်ထားကြသည်။

အတော်လေးဟောင်းနေ၍ မီးမှာသိပ်မလင်းသော်လည်း သူတို့ကိုလုံခြုံသည့်ခံစားချက်ပေးစေသည်။

ဘယ်အချိန်မှန်းမသိလိုက် အပြင်ဘက်ရှိ ကျောချမ်းစရာတခစ်ခစ်ရယ်သံမှာရပ်သွားနေနှင့်ပြီ။

စုမင်နောက်ဆုံးစိတ်သက်သာရာရစွာ သက်မချလိုက်ပြီး သူ့နှလုံးသားတည်ငြိမ်သွားသည်။

ဖိစီးတင်းမာသောနေ့တစ်ရက်အပြီး ရုတ်တရက်အနားယူလိုက်ချိန် အိပ်ချင်စိတ်များက လျင်မြန်စွာဖုံးလွှမ်းသွားခဲ့၏။

ညဘက် နောက်ကျသောအချိန်၌ ရုပ်ရှင်ရုံသတိပေးချက်ကြောင့် စုမင်နိုးလာခဲ့သည်။
【ပရိသတ်စုမင် ... နောက်တစ်နေ့အသက်ရှင်ခဲ့လို့ ဂုဏ်ပြုပါတယ်။ ကျေးဇူးပြုပြီးဆက်လတ်ကြိုးစားပေးပါဦး။ ဒီနေ့သဲလွန်စ: စားစရာသိုလှောင်ခန်း】

အိပ်တဝက် နိုးတဝက်အခြေ‌အနေတွင် စုမင်စိတ်က မရေရာမပြတ်သားဖြစ်နေသည်။

သူ့မျက်လုံးတွေ ထပ်ဖွင့်လိုက်ချိန် အပြင်ကောင်းကင်မှာ တဖြည်းဖြည်းလင်းလာသည်။ စုမင်ရုတ်တရက်ထထိုင်ပြီး အပြင်ရှိမှောင်မိုက်နေသောကောင်းကင်ကို မော့ကြည့်လိုက်တယ်။

စားစရာသိုလှောင်ခန်းနဲ့ပတ်သတ်ပြီး သူ့မှတ်ဉာဏ်မှာ မထိန်းသိမ်းထား၍ အဲ့ဒါဘယ်မှာမှန်း သူမသိပေ။ လွန်ခဲ့တဲ့ရက်အနည်းငယ်ထိ မိဘမဲ့ဂေဟာမှာနေခဲ့စဉ်တလျှောက် သိုလှောင်ခန်းကိုဘယ်မှာမှ သူတွေ့မိပုံမပေါ်ပေ။

သိုလှောင်ခန်းမှာ ဟန်ချင်းချင်းသေသွားတာများလား?

**********************

Sry for misspelling
Thanks

----------------------------------------------------------------








Chapter 72: ႐ိုက္ႏွက္ပစ္လိုက္ခ်င္တယ္

႐ႊီရီေ႐ွာင္ဝင္လာတဲ့အခ်ိန္ ထိုေနရာ၌စုမင္ထိုင္ေနတာေတြ႕လိုက္ရသည္။ သူ႕နံေဘးမွ ကုလားကာမ်ားသည္ ေလညႇင္းေၾကာင့္ တလြင့္လြင့္ျဖစ္ကာ မသိရင္ ေလညႇင္းနဲ႔အတူ သူလိုက္ပါသြားေတာ့မည့္အလားပင္။

သူမ စုမင္အေပၚေကာင္းတဲ့ထင္ျမင္ခ်က္႐ွိကာ သူ႕ကိုမခုန္ေစခ်င္ေပ။

ထို႔ေနာက္ သူမ ေ႐ွ႕ေနာက္စဥ္းစားမေနဘဲ ေျပာခ်လိုက္သည္။ ၾကားရတာပုံမွန္မဟုတ္မွန္း ေနာက္မွ သူမသတိထားမိေသာ္လည္း ျပန္႐ုတ္သိမ္းဖို႔ေနာက္က်သြားၿပီ။

ဆန္႔က်င္ဘက္ျဖစ္စြာ ႐ႊီရီေ႐ွာင္ရဲ႕ေအာ္သံေၾကာင့္ စုမင္လန္႔ဖ်ပ္ၿပီး ျပဳတ္က်လုမတတ္ပင္။

ကံေကာင္းတာက ျပတင္းေဘာင္နဲ႔ သူ႕ကို လႈပ္လို႔ေတာင္မရေအာင္ဆုပ္ကိုင္ခ်ဳပ္ထား၏။ အျခားသူေတြ မေတြ႕ရေပမယ့္ စုမင္ကိုယ္တိုင္႐ွင္း႐ွင္းလင္းလင္းျမင္ေနရသည္။

သူ႕ကို က်ီစယ္ေနတယ္လို႔ေတာင္ခံစားလာရသည္။

စုမင္အသက္ျပင္းျပင္း႐ွဴကာ .."ငါ့မွာ ခုန္ခ်ဖို႔ ရည္႐ြယ္ခ်က္မ႐ွိဘူး"

"႐ွင္မခုန္ရဘူး" ႐ႊီရီေ႐ွာင္ေလွ်ာက္လာကာ သူ႕ကိုေဖ်ာင္းဖ်ဖို႔ႀကိဳးစားတယ္ .."ကြၽန္မတို႔မွာ ေမွ်ာ္လင့္ခ်က္သိပ္မ႐ွိေပမယ့္ လြယ္လြယ္အေလွ်ာ့မေပးသင့္ဘူး ... ႐ွင္သာ အခုခုန္ခ်လိုက္လို႔ မနက္ျဖန္သာထြက္သြားလို႔ရခဲ့‌ရင္ေရာ ဘာလုပ္မလဲ?"

စုမင္: “???”

သူမ ဘာေတာင္စဥ္ေရမရေတြေျပာေနတာလဲ?

သူ႕လည္စလုတ္ေလးကို ကိုက္လိုက္ၿပီး .."ခံစားလို႔ေကာင္းလား?"

သူ႕အသံမွာနည္းနည္းအက္ကြဲေန၏။

႐ိုး႐ိုးသားသားေျပာရရင္ ထိုေနရာက စုမင္ဆတ္ဆတ္ထိမခံေသာေနရာျဖစ္သည္။ ခ်န္စုထိလိုက္တဲ့ခ်ိန္ စုမင္တုန္႔ျပန္မႈကို ေကာင္းေကာင္းခံစားမိသည္။

"ခံစားလို႔မေကာင္းဘူး" စုမင္ေခါင္းမာစြာ ေျဖလိုက္တယ္။

႐ႊီရီေ႐ွာင္က သူမကိုေျပာေနတယ္အထင္နဲ႔ .."ခံစားလို႔မေကာင္းဘူးဆိုလည္း ႐ွင္ျမန္ျမန္ဆင္းလာသင့္တယ္။ ဒီလိုနဲ႔ ႐ွင္အေအးမိသြားႏိုင္ရင္ ေနလို႔ပိုဆိုးသြားလိမ့္မယ္"

ယန္ဂ်င္းခ်ိဳင္အဆက္မျပတ္ေခါင္းညိတ္၏။

သူမစကားၾကားရေတာ့ ... စုမင္ ႐ုတ္တရက္ စိတ္ပူတတ္တဲ့လူႀကီးေတြေျပာေနက်စကားကို ေတြးမိသြားတယ္။  ဇာတ္လိုက္မပုံစံက အိမ္မွာနားပူနာဆာလုပ္တတ္တဲ့လူႀကီးေတြလို ႐ုတ္တရက္ခံစားလိုက္ရတယ္။

စုမင္ေခါင္းခါယမ္းဖို႔ႀကိးစားေသာ္လည္း သူ မလုပ္ႏိုင္ေပ။

ခ်န္စုရယ္သြမ္းကာ .."ဒါဆို မင္းကို ခံစားလို႔ပိုေကာင္းေစ‌ရမယ္"

သူ႕ေျပာလိုက္သည့္ အသံအေနအထားသည္ ‘ငါနဲ႔အတူခံစားရေအာင္’ လို႔ျဖစ္ေန၏။
(*Note- feel good with me and let's feel good together လို႔ေရးထားတာ။ ကိုယ္လည္းမ႐ႊီးတတ္ေတာ့ အီးနဲ႔ကပိုေကာင္းသလားလို႔ပါ ><)

ခ်န္စုပါးစပ္က အဲ့လိုလူယုတ္မာစကားထြက္လာရင္ သူ႕ကိုျဖတ္႐ိုက္ၿပီး အားရပါးရ႐ိုက္ႏွက္ခ်င္စိတ္တဖြားဖြားေပၚေစသည္။

သို႔ေပမဲ့ ကံ‌မေကာင္းစြာ တဖက္လူက ဖိညႇပ္ထားသျဖင့္ သူမလႈပ္႐ွားႏိုင္ေပ။

ဇာတ္လိုက္နဲ႔ ဇာတ္လိုက္မတို႔က သူနဲ႔မ်က္ႏွာခ်င္းဆိုင္တိုက္႐ိုက္၌ ရပ္ေနၾကၿပီး သူနဲ႔ခ်န္စုအျပဳမူအေၾကာင္းကို ဘာမွမသိပါဘဲ သူ႕ကိုမ်က္ေတာင္မခတ္စိုက္ၾကည့္ေနၾကတယ္။

သူ႕ေမးေစ့ေလးကို ခ်န္စုအနမ္းေပးေတာ့ စုမင္မေနႏိုင္ဘဲေျခေခ်ာင္းေလး‌ေတြကို ေကြးကုပ္မိကာ သူ႕ေခါင္းကိုအတန္ငယ္ေမာ့လိုက္မိ၏။

သူ႕ရဲ႕ထူးထူးဆန္းဆန္းအျပဳအမူ‌က ႐ႊီရီေ႐ွာင္နဲ႔ ယန္ဂ်င္းခ်ိဳင္တို႔ကို စိတ္႐ႈပ္ေထြးေစသည္။ အေျခအေနေတြက တျဖည္းျဖည္းအႏၲရာယ္မ်ားလာသည္ဟု သူတို႔ခံစားမိ၏။

ယန္ဂ်င္းခ်ိဳင္ ဘာေတြမွားေနမွန္းမသိဘဲ တူညီေသာစကားပဲေျပာႏိုင္တယ္ .."စုမင္ အျမန္ဆင္းလာခဲ့ေတာ့ ... မင္းဘယ္ေလာက္ပဲစိတ္ကုန္ပါေစ မင္းဘဝကိုဒီလိုအဆုံးသတ္လိုက္လို႔မရႏိုင္ဘူးေလ"

႐ႊီရီေ႐ွာင္ပို၍ထပ္ေျပာတယ္ .."စုမင္ ... အရင္ဆုံးေသေသခ်ာခ်ာစဥ္းစားသင့္တယ္ ... ဒုတိယထပ္ဒီေလာက္နိမ့္တာ ႐ွင္ေသမွာမဟုတ္ဘူး။ အမ်ားဆုံး ႐ွင္ေျခက်ိဳးလက္က်ိဳး ဒါမွမဟုတ္ ဒုကၡိတျဖစ္သြားႏိုင္တယ္။ ႐ွင္တကယ္ဒီလိုမ်ိဳးဒုကၡခံႏိုင္လို႔လား? ႐ွင့္ဘဝတစ္ေလွ်ာက္လုံး ဝီးလ္ခ်ဲနဲ႔ပဲေနသြားခ်င္လို႔လား?"

သူမစကား အက်ိဳးေၾကာင္းဆီေလ်ာ္သည္ဟု စုမင္ခံစားမိ၏။

သူ႕အသံကို ထိန္းၿပီး .."ငါေလညႇင္းခ……..ခံေနတာ အခုဆင္းလာၿပီ ... စိတ္မပူပါနဲ႔"

သူေျပာၿပီးေနာက္ ဟင္း ဆိုသည့္တိုးတိုးေလးညည္းသံထြက္သြားမိသည္။

႐ႊီရီေ႐ွာင္ေတာ္ေတာ္ထူးဆန္းေနသည္ကို သိလိုက္ရသည္။ ဘာလို႔အသံက အဲ့ေလာက္ႏူးညံ့သိမ္ေမြ႕ေနရတာလဲ? ေပ်ာ့ေပ်ာင္းေနေသာ္လည္း အဆုံးမွာအသံ႐ွည္႐ွည္ဆြဲလိုက္တာကိုေတာင္ သူမၾကားလိုက္ရတယ္။

႐ုတ္တရက္ အေတြးတစ္ခုစိတ္ထဲေရာက္လာသည္။

သူမမ်က္လုံးေတြျပဴးက်ယ္သြားၿပီး အႀကိမ္အနည္းငယ္ပင့္သက္႐ိႈက္ကာ ယန္ဂ်င္းခ်ိဳင္လက္ေမာင္းကို လွမ္းဆြဲၿပီး .."စုမင္ ... ကြၽန္မတို႔႐ွင့္ကို မေႏွာင့္ယွက္ေတာ့ဘူးေနာ္ ... လုံျခဳံဖ္ိဳ႕ကိုသာ ဂ႐ုစိုက္"

႐ႈပ္ေထြးေနေသာအၾကည့္မ်ားျဖင့္ ယန္ဂ်င္းခ်ိဳင္မွာ သူမဆြဲေခၚသြားျခင္းခံရေလသည္။

႐ႊီရီေ႐ွာင္ သူ႕ကိုသတိေပးရင္း သေဘာထားႀကီးစြာတံခါးကိုေတာင္ ပိတ္ေပးသြား၏။
"ေဘးကင္းဖို႔ ေသေသခ်ာခ်ာဂ႐ုစိုက္ေနာ္"

အခန္းထဲမွ ႏွစ္ေယာက္စလုံးလ်င္ျမန္စြာေပ်ာက္သြားၾကကာ ပိတ္ထားလ်က္တံခါးသည္ သူတို႔မေပၚလာခဲ့အတိုင္းပင္။

စုမင္ “???”

ဘာေတြျဖစ္ေနတာလဲ? ဘာလို႔ဇာတ္လိုက္မက သူ႕ကိုဆက္မေဖ်ာင္းဖ်ေတာ့တာလဲ? ဘာလို႔ဇာတ္လိုက္ လုံးဝစိတ္မပူေတာ့တာလဲ? သူတို႔ဒီလိုေျပးထြက္သြားတာက သူ႕ကို႐ုတ္တရက္ မလုံျခဳံေတာ့သလို ခံစားရေစသည္။

ခ်န္စုရယ္ခ်င္သည္ကို မခ်ဳပ္တည္းထားႏိုင္ေတာ့ေပ .."သူတို႔မင္းကို စြန္႔လႊတ္လိုက္ၿပီ"

ဒါကိုၾကားေတာ့ စုမင္ သူ႕ကိုစိတ္ဆိုးဆိုးနဲ႔ စိန္းစိန္းဝါးဝါးၾကည့္ကာ ျပစ္တင္ေျပာလိုက္၏။
"တရားခံက ဒီလိုေျပာဖို႔သတၱိ႐ွိတယ္ေပါ့?"

ဇာတ္လိုက္နဲ႔ ဇာတ္လိုက္မက က်ိန္းေသေပါက္သူ႕ကို စြန္႔လႊတ္မွာမဟုတ္ေပ။

°°°°°°°

အခန္းျပင္ဘက္၌ ...

ယန္ဂ်င္းခ်ိဳင္က အခန္းထဲျပန္ဝင္ခ်င္ေနတုန္းပင္ ... သူကန္႔ကြက္၏ .."ငါတို႔ဒီလိုထြက္လာလိုက္လို႔ စုမင္မိုက္မဲတာတစ္ခုခုလုပ္ခဲ့ရင္ ဘယ္လိုလုပ္မလဲ?"

စုမင္ပုံစံသည္ အလြန္အားနည္းပုံရသည္ဟု သူခံစားမိသည္။

႐ႊီရီေ႐ွာင္ သူ႕ကိုဟန္႔တားတယ္ .."ငါတို႔အမ်ားႀကီးေတြးေနတာလို႔ ငါသတိထားမိတယ္ ... သူတကယ္ပဲ ဒီတိုင္းေလညႇင္းခံခ်င္တာျဖစ္လိမ့္မယ္ ... စုမင္စ႐ိုက္ကို႐ွင္မသိဘူးလား?"

စုမင္သည္ အလြန္သနားစရာေကာင္းသည္။ တေစၧကိုေတာင္ လာဘ္ထိုးေနရၿပီ။

သူမစကားေတြကို ယန္ဂ်င္းခ်ိဳင္အခိုင္မာယုံၾကည္ကာ .."မင္းေျပာတာယုတၱိ႐ွိတယ္ ... ဒီ့ေတာ့ ၿပီးမွ သူ႕ကိုေဘးကင္းေအာင္ တစ္ခ်က္ၾကည့္ရေအာင္"

႐ႊီရီေ႐ွာင္ေခါင္းညိတ္ကာ ဆြဲေခၚသြားသည္။

°°°°°°°°

တစ္နာရီၾကာၿပီးေနာက္ ... ႐ႊီရီေ႐ွာင္နဲ႔ ယန္ဂ်င္းခ်ိဳင္တို႔ အခန္းသို႔ျပန္ေရာက္လာၾကတယ္။

သူတို႔သန္႔စင္ေဆးေၾကာၿပီးတာမို႔ သူတို႔အထဲဝင္သည့္အခါ ထိတ္လန္႔စရာတစ္ခုခုေစာင့္စားေနမွာကို ေၾကာက္႐ြံ႕သျဖင့္ သူတို႔အလြန္သတိ႐ွိ႐ွိေန၏။

ကုတင္ေပၚမွာ စုမင္ထိုင္ေနကာ သူတို႔အသံၾကား၍ သူေမာ့ၾကည့္လာတယ္။

႐ႊီရီေ႐ွာင္အႀကိမ္အနည္းငယ္ေခ်ာင္းဟန္႔ၿပီး .."စုမင္ ႐ွင္ေလညႇင္းခံလို႔ၿပီးၿပီလား? ႐ွင္ ကိုယ္လက္မေဆးေၾကာခ်င္ဘူးလား? အရမ္းေနာက္က်မွလုပ္ရင္မေကာင္းဘူးေနာ္"

စုမင္ေခါင္းၿငိမ့္ၿပီး သေဘာတူသံျပဳသည္။

သူအခန္းထဲကထြက္သြားေတာ့ ႐ႊီရီေ႐ွာင္စိတ္သက္သာရာရသက္မခ်ၿပီး ျပတင္းေဘာင္သည္ ကမန္းကတန္းေလွ်ာက္သြားကာ ပတ္ပတ္လည္ၾကည့္လိုက္ေပမဲ့ ဘာမွမေတြ႕ေခ်။

"မင္းဘာ႐ွာေနတာလဲ?" ယန္ဂ်င္းခ်ိဳင္ေျပာတယ္။

႐ႊီရီေ႐ွာင္ေနာက္လွည့္ေတာင္ မၾကည့္ဘဲ .."ဘာမွမဟုတ္ဘူး"

သူမ ဘာမွ႐ွာမေတြ႕ေပ။ တဖက္လူထံက သဲလြန္စမ်ားက်န္ခဲ့မလားဟု သူမ႐ွာေတြ႕ၾကည့္ခ်င္ေသာ္လည္း ဘာမွ႐ွာေတြ႕ခဲ့ေပ။

ေ႐ွာင္ခ်န္လားလို႔ သူမေတြးမိသည္။

ထိုစိတ္ကူးေပၚလာသည္ႏွင့္ ေအးစိမ့္စိမ့္ေလေျပတိုက္ခတ္သြားသလို ခံစားရကာ ဘာေၾကာင့္မွန္းမသိ တုန္လႈပ္သြားၿပီး ျမန္ျမန္ဆန္ဆန္ျပတင္းေပါက္ပိတ္လိုက္သည္။

ေအးစိမ့္စိမ့္ခံစားမႈသည္ ေပ်ာက္မသြားေသးေပ။

ယန္ဂ်င္းခ်ိဳင္အိပ္ယာဆီသို႔ ႐ႊီရီေ႐ွာင္ျပန္ေရာက္လာၿပီး .."ဒီည ဒီမွာအိပ္မယ္ ... ကြၽန္မ ဟန္ခ်င္းခ်င္းနဲ႔မအိပ္ခ်င္ဘူး"

သူမ ဟိုမွာမအိပ္ခ်င္ရသည့္အေၾကာင္းရင္းက ညလယ္ေခါင္ႀကီး သတ္ခံလိုက္ရမွာေၾကာက္လို႔ပင္။ ဒီ့ေတာ့ ညအတြက္ က်ပ္က်ပ္သိပ္သိပ္အိပ္ရေပမဲ့လည္း ယန္ဂ်င္းခ်ိဳင္နဲ႔အတူ တိုးေဝွ႔အိပ္ခ်င္မိသည္။

ဘာပဲျဖစ္ပါေစ ဒီ‌မွာ သူတို႔အသက္႐ွင္ဖို႔အေရး႐ုန္းကန္ေနရသည့္အတြက္ ဘယ္သူမွအျခားအေၾကာင္းေတြးဖို႔ အင္အား႐ွိမွာမဟုတ္ေခ်။ သူမတို႔ႏွစ္ေယာက္ဆက္ဆံေရးက သိပ္အလွမ္းမေရာက္ေသးေသာ္လည္း ယန္ဂ်င္းခ်ိဳင္၏ပင္ကိုစ႐ိုက္ကိုယုံၾကည္သည္။

"အိုေက" ယန္ဂ်င္းခ်ိဳင္ေတြးၿပီး .."စုမင္လည္း ဂ႐ုစိုက္မွာမဟုတ္ေလာက္ဘူး ... သူ႕ကိုမေႏွာင့္ယွက္ဖို႔ပဲ ငါတို႔ဂ႐ုစိုက္ရမယ္"

႐ႊီရီေ႐ွာင္ေခါင္းၿငိမ့္ကာ "ဒီညက တစ္ခုခုျဖစ္လိမ့္မယ္လို႔ ကြၽန္မခံစားေနရတယ္"

ဒါက သူမရဲ႕ဆ႒မအာ႐ုံလည္းျဖစ္၏။ ဒီည ဘာျဖစ္မလဲဆိုတာေတာ့ သူမလည္းေကာင္းေကာင္းမသိေပ။

ယခုခ်ိန္သည္ ၁၁နာရီသာေက်ာ္ေသးသည္။ ေနာက္တစ္ေန႔ေရာက္ရန္ နာရီပိုင္းပင္ မလိုေတာ့ေခ်။

°°°°°

စုမင္ ေရခ်ိဳးသန္႔စင္ခန္းက ထြက္လာၿပီးေနာက္ ႐ွင္းလင္းေနေသာေကာ္ရစ္ဒါသို႔ေရာက္လာသည္။

ႏွစ္ဖက္စလုံးေမွာင္မဲေနၿပီး ေကာ္ရစ္ဒါတစ္ဖက္အဆုံး၌ တစ္စုံတစ္ေယာက္ေနေၾကာင္း ရည္ၫႊန္းသည့္အလင္းေရာင္မွိန္ပ်ပ်ေလးသာလင္းေန၏။

ဒုတိယထပ္၏ ညာဘက္ျခမ္းတြင္ ကေလးဘယ္ႏွေယာက္ေနလဲ သူမေသခ်ာေပ။

ေန႔ေရာ ညပါ သိပ္ေဘးမကင္းေသာ္လည္း ညဘက္က ပိုအႏၲရာယ္မ်ားသည္ဟု ခံစားမိတာေၾကာင့္ မနက္ျဖန္ေန႔အခ်ိန္မွသာ ၾကည့္႐ႈစစ္ေဆးႏိုင္သည္။

ဘယ္လိုပဲျဖစ္ျဖစ္ အခန္းနဲ႔ နီးလာသည္ႏွင့္ သူ႕အေ႐ွ႕၌ ဖ်တ္ခနဲျဖတ္သြားကာ ပုံရိပ္တစ္ခုေပၚလာတယ္။

ပုံသ႑ာန္ကိုေတြ႕ေတာ့ စုမင္ႏိုးႏိုးၾကားၾကား႐ွိလာကာ .."မင္မင္?"

သူ႕မ်က္ႏွာတြင္အရိပ္မ်ားဖုံးကာေနလ်က္ ေကာင္ေလးမတ္တပ္ရပ္ေန၏။ သူ႕လည္ပင္းေအာက္ကိုသာ ျမင္ႏိုင္ေပမယ့္ သူကမင္မင္လို႔ စုမင္ခံစားေနရသည္။

ဒီထူးထူးဆန္းဆန္းခံစားခ်က္က မင္မင္သာျဖစ္ႏိုင္သည္။

တဖက္သူက မေျဖေပ။ စုမင္မရဲတရဲႏွင့္ ေ႐ွ႕တစ္လွမ္းတိုးလိုက္ေတာ့ မင္မင္လည္း ေ႐ွ႕ေျခလွမ္းတိုးလာကာ အရိပ္မွ သူ႕ေမးေစ့ေပၚလြင္လာတာကို ေတြ႕လိုက္ရသည္။

‌ဘယ္ေျခလွမ္းမဆို ေ႐ွ႕တိုးတိုင္း မင္မင္လည္းေ႐ွ႕တိုးလာတယ္။

စုမင္အတန္ငယ္ေအးခဲသြားသည္။ ဒီလိုနဲ႔ သူနဲ႔ မင္မင္အကြာအေဝးက တျဖည္းျဖည္းနီးကပ္လာၿပီး သူတံခါးကိုမေရာက္ခင္ မင္မင္က သူ႕ေဘးနားရပ္ေနႏိုင္တယ္။

သူတံခါးဆီမေရာက္ခင္ မင္မင္သူ႕အနားေရာက္လာခိုက္ သူအခန္းထဲဝင္ႏိုင္မည္မထင္။

စုမင္ေျခလွမ္းက်ယ္က်ယ္လွမ္းလိုက္တယ္။

ထိုကဲ့သို႔ ေျခလွမ္းအနည္းငယ္ေလွ်ာက္ေတာ့ သူတံခါးအနားစြန္းေရာက္တဲ့အခ်ိန္ မင္မင္က သူ႕မ်က္ႏွာခ်င္းဆိုင္တြင္ျဖစ္ၿပီး သူ႕အမူအယာကိုအထင္းသားျမင္ႏိုင္တယ္။

အသက္မဲ့ေနေသာအမူအယာမွာ အခုအျပဳံးေပၚလြင္လာတယ္။

ထိုလကၡဏာေတြအားလုံးက သူသည္ သာမန္ကေလးမဟုတ္ဘူးဆိုတာကို ရည္ၫႊန္းေန၏။

သူျပန္ပို႔ခံခဲ့ရတယ္ ဆိုသည့္ဖိုင္၏အေၾကာင္းရာကို စုမင္ျပန္မွတ္မိၿပီး အစကတစ္ခုခုမွားတာျဖစ္လိမ့္မည္ဟု သူသံသယ႐ွိခဲ့သည္။

အခုေတြးၾကည့္တဲ့အခါ သူညဥ့္သန္းေခါင္ယံအခ်ိန္ေတြမွာ ဒီလိုလုပ္ေနေတာ့ ေမြးစားမိသားစုျပန္ပို႔လိုက္သည္မွာ မဆန္းက်ယ္ေတာ့ေခ်။

သို႔ေသာ္ မိဘမဲ့ေဂဟာ၌ ဘာျဖစ္ခဲ့မလဲ သူမသိေသးဘူး။

စုမင္တုံ႔ဆိုင္းစြာ ေမးလိုက္တယ္ .."အရမ္းေနာက္က်ေနၿပီ ... တစ္ခုခုလိုလို႔လား?"

မင္မင္ျပန္မေျဖ။ သူ႕ကိုသာ မ်က္ေတာင္မခတ္ဆက္၍တည့္တည့္စိုက္ၾကည့္ေနသည္။

သူ႕လည္ပင္း၌ လက္ဝါးကပ္တိုင္ခ်ိတ္ဆြဲထားသည္ကို စုမင္သတိထားမိလိုက္သည္။ ဒါ႐ိုက္တာကပဲ သူ႕ကိုဝတ္ခိုင္းထားတာလား သူမသိေပ။

မိဘမဲ့ေဂဟာအေဆာက္အဦး၏ထိပ္ဆုံးမွာလည္း လက္ဝါးကပ္တိုင္႐ွိေန၏။

စုမင္ႏွင့္ ေကာင္ေလးမွာ ထိုေနရာတြင္ မတိုးသာအဆုတ္သာအေျခအေန၌အေတာ္ၾကာရပ္ေနၾကၿပီး ေနာက္ပိတ္ဆုံး သူလစ္လ်ဴ႐ႈကာ အခန္းထဲလ်င္ျမန္စြာ တဟုန္ထိုးေျပးဝင္သြား၏။

အျပင္တြင္ မင္မင္ဒီတိုင္းက်န္႐ွိေနခဲ့သည္။

ယန္ဂ်င္းခ်ိဳင္ႏိုးေနဆဲျဖစ္ၿပီး သူ႕အျပဳအမူကိုျမင္ေတာ့ ေမးလာတယ္ .."ဘာျဖစ္တာလဲ?"

စုမင္တံခါးနားမွာ ရပ္ေနၿပီး .."မင္မင္ အျပင္မွာ"

"အဲ့ ရယ္တဲ့ေကာင္ေလးလား?" ႐ႊီရီေ႐ွာင္အျမန္အိပ္ယာမွထလာၿပီး ေလွ်ာက္လာတယ္ .."သူ ဒီမွာဘာလို႔႐ုတ္တရက္ႀကီးေပၚလာတာလဲ?"

စုမင္ေခါင္းခါၿပီး .."မသိဘူး ... သူ႐ုတ္တရက္ေပၚလာတာပဲ"

မင္မင္ ဘယ္ကေနဘယ္လိုေပၚလာသလဲဆိုတာ သူမသိေပမယ့္ သူသန္႔စင္ခန္းမွထြက္သည့္အခ်ိန္ ေကာ္ရစ္ဒါအဆုံးမွ႐ွိႏိုင္သည္ဟု သူခန္႔မွန္းမိတယ္။

ခပ္‌ယဲ့ယဲ့ရယ္သံကို အျပင္တြင္ၾကားႏိုင္သည္။

႐ႊီရီေ႐ွာင္လက္ေတြ ၾကက္သီးေမႊးထသြားၿပီး .."အဲ့ေကာင္စုတ္ေလးက ေၾကာက္ဖို႔ေကာင္းလိုက္တာ"

အရင္က ေထာင့္မွာ တခစ္ခစ္ရယ္သည္ကို အသာထား ... အခုညဥ့္သန္းေခါင္ႀကီး သူတို႔အခန္းအျပင္ဘက္ေ႐ွ႕တည့္တည့္တြင္ တခစ္ခစ္ရယ္သံကို ၾကားရသည္မွာထိတ္လန္႔ေျခာက္ျခားစရာေကာင္းလြန္းသည္။

စုမင္အိပ္ယာဆီျပန္ကာ .."အခုေတာ့ တံခါးမဖြင့္နဲ႔ဦး"

မင္မင္အျပဳံး၏ေနာက္ကြယ္က အဓိပၸာယ္ကို သူနားမလည္ေသးေပ။ သူ႕ကိုအလြန္ထူးဆန္းသည့္ခံစားခ်က္ ေပးေစသည္။

သူတို႔တံခါးဖြင့္လိုက္ရင္ ဘာျဖစ္လာမလဲ မသိ‌ၾက၍ တံခါးပိတ္ထားတာက ပိုၿပီးစိတ္သက္သာရာရေစတယ္။

ယန္ဂ်င္းခ်ိဳင္ဂနာမၿငိမ္စြာ ခန္႔မွန္းမိတယ္ .."သူျဖတ္ဝင္လာမယ္လို႔ မင္းထင္လား? ေနာက္ဆုံးတေခါက္က အခန္းထဲကိုသူ႕ဘာသူဝင္လာခဲ့တာ"

"မေသခ်ာဘူး" မျဖစ္ႏိုင္ဘူးလို႔ စုမင္ေတြးမိၿပီး သူ႕ကိုစိတ္ခ်ေစရန္ေျပာလိုက္တယ္ .."မဝင္လာႏိုင္ေလာက္ဘူး"

ဒီည သူတို႔အားလုံးကို သူသတ္ႏိုင္မွာမဟုတ္ေပ။ အကယ္၍ သူလုပ္ခဲ့ရင္ ႐ုပ္႐ွင္က ေ႐ွ႕မဆက္ႏိုင္ေတာ့ေခ် ။

ယန္ဂ်င္းခ်ိဳင္စိတ္မခ်မ္းေျမ့စြာနဲ႔ .."သူမလုပ္ဘူးလို႔ပဲ ငါေသခ်ာေမွ်ာ္လင့္မိတယ္"

စုမင္႐ုတ္တရက္ေမးလိုက္တယ္။
"ဟန္ခ်င္းခ်င္းအခုဘာလုပ္ေနလဲ?"

"ဟန္ခ်င္းခ်င္း?" ႐ႊီရီေ႐ွာင္တခဏေတြးေတာၿပီး .."သူမ ထူးထူးျခားျခားလုပ္တာေတာ့ မ႐ွိပါဘူး။ ကုတင္ေပၚမွာ သူ႕ဖုန္းသူသုံးေနတာ အခုဆိုအိပ္ေနေလာက္ၿပီ။ သူမ အိပ္တာနည္းနည္းေတာ့ေစာတယ္"

ဖုန္းက အျပင္ႏွင့္မခ်ိတ္ဆက္ႏိုင္တာေၾကာင့္ သူမဖုန္းနဲ႔ဘာလုပ္ေနသလဲဆိုတာ ႐ႊီရီေ႐ွာင္မသိေပ။

သို႔ေသာ္ ဟန္ခ်င္းခ်င္းႏွင့္ သူမက မရင္းႏွီးတာမို႔ သဘာဝက်က် သူမေမးမေနေတာ့ေပ။

စုမင္ဘာမွသိပ္မေတြးေတာ့ပဲ အိပ္ယာ၌လွဲခ်လိုက္ၿပီး .."ေစာေစာအိပ္ရေအာင္ ... မနက္ျဖန္ငါတို႔လုပ္စရာေတြ အမ်ားႀကီး႐ွိေသးတယ္"

အခန္းထဲမီးမွာ ဖြင့္ထားၿပီး ညအခ်ိန္ မီးမပိတ္ရန္ အားလုံးဆုံးျဖတ္ထားၾကသည္။

အေတာ္ေလးေဟာင္းေန၍ မီးမွာသိပ္မလင္းေသာ္လည္း သူတို႔ကိုလုံျခဳံသည့္ခံစားခ်က္ေပးေစသည္။

ဘယ္အခ်ိန္မွန္းမသိလိုက္ အျပင္ဘက္႐ွိ ေက်ာခ်မ္းစရာတခစ္ခစ္ရယ္သံမွာရပ္သြားေနႏွင့္ၿပီ။

စုမင္ေနာက္ဆုံးစိတ္သက္သာရာရစြာ သက္မခ်လိုက္ၿပီး သူ႕ႏွလုံးသားတည္ၿငိမ္သြားသည္။

ဖိစီးတင္းမာေသာေန႔တစ္ရက္အၿပီး ႐ုတ္တရက္အနားယူလိုက္ခ်ိန္ အိပ္ခ်င္စိတ္မ်ားက လ်င္ျမန္စြာဖုံးလႊမ္းသြားခဲ့၏။

ညဘက္ ေနာက္က်ေသာအခ်ိန္၌ ႐ုပ္႐ွင္႐ုံသတိေပးခ်က္ေၾကာင့္ စုမင္ႏိုးလာခဲ့သည္။
【ပရိသတ္စုမင္ ... ေနာက္တစ္ေန႔အသက္႐ွင္ခဲ့လို႔ ဂုဏ္ျပဳပါတယ္။ ေက်းဇူးျပဳၿပီးဆက္လတ္ႀကိဳးစားေပးပါဦး။ ဒီေန႔သဲလြန္စ: စားစရာသိုေလွာင္ခန္း】

အိပ္တဝက္ ႏိုးတဝက္အေျခ‌အေနတြင္ စုမင္စိတ္က မေရရာမျပတ္သားျဖစ္ေနသည္။

သူ႕မ်က္လုံးေတြ ထပ္ဖြင့္လိုက္ခ်ိန္ အျပင္ေကာင္းကင္မွာ တျဖည္းျဖည္းလင္းလာသည္။ စုမင္႐ုတ္တရက္ထထိုင္ၿပီး အျပင္႐ွိေမွာင္မိုက္ေနေသာေကာင္းကင္ကို ေမာ့ၾကည့္လိုက္တယ္။

စားစရာသိုေလွာင္ခန္းနဲ႔ပတ္သတ္ၿပီး သူ႕မွတ္ဉာဏ္မွာ မထိန္းသိမ္းထား၍ အဲ့ဒါဘယ္မွာမွန္း သူမသိေပ။ လြန္ခဲ့တဲ့ရက္အနည္းငယ္ထိ မိဘမဲ့ေဂဟာမွာေနခဲ့စဥ္တေလွ်ာက္ သိုေလွာင္ခန္းကိုဘယ္မွာမွ သူေတြ႕မိပုံမေပၚေပ။

သိုေလွာင္ခန္းမွာ ဟန္ခ်င္းခ်င္းေသသြားတာမ်ားလား?

**********************

Sry for misspelling
Thanks

----------------------------------------------------------------

Continue Reading

You'll Also Like

15.4K 738 21
*𝒘𝒉𝒊𝒔𝒕𝒍𝒆* "𝑾𝒐𝒓𝒍𝒅 𝒘𝒉𝒆𝒓𝒆 𝒂𝒓𝒆 𝒚𝒐𝒖 ~" "𝑫𝒐𝒏𝒕 𝒌𝒆𝒆𝒑 𝒎𝒆 𝒘𝒂𝒊𝒕𝒊𝒏𝒈. 𝒚𝒐𝒖 𝒌𝒏𝒐𝒘 𝑰 𝒅𝒐𝒏'𝒕 𝒍𝒊𝒌𝒆 𝒊𝒕 " "𝑾𝑶𝑹...
24K 583 6
مافيا - حب - قسوه - غيره renad231_5
82.1K 2.6K 32
A teenage introverted is what Y/N was who prefers to have her space and to be left alone. She likes to music while being in her room, and it was grea...
17.1K 1.9K 60
Original Work : Mu Gua Huang Main Writer : Ji Jing Jun + Shou Screenwriter : Wucaishi Comic Club Editor : MuMu