ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့...

By Dandelion_nini

5.2M 710K 54.9K

Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking fin... More

Synopsis
အသိပေးစာ
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35.1
Chapter 35.2
Chapter 35.3
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191 [ Final ]
ကျေးဇူးတင်လွှာနဲ့ Extraအကြောင်း
Updates and fanarts
About Car

Chapter 113

26.5K 3.9K 488
By Dandelion_nini

Unicode

အလုပ်သစ်ရသွားသော ယန်းချင်းချီ၊ ချီချီ့ရဲ့ထိုင်ခုံဖော်
__________________________________

သုံးလပိုင်းရောက်လာတော့ ချီချီတို့ကျောင်းပြန်ဖွင့်ပြီဖြစ်သည်။ ကျန်းမော့ချန်ရော၊ယန်းချင်းချီပါ ချီချီ့ကို ကျောင်းလိုက်ပို့တဲ့အဖြစ်က ရှားပါးတာကြောင့် အခု ယန်းချင်းချီလိုက်ပို့မယ်ကြားတော့ ကလေးအတွက် ထိုခံစားချက်က တမျိုးလေးဆန်းနေသည်။ သူ ယန်းချင်းချီ လက်ကိုလွှဲရင်း မေးလိုက်သည်။

''ပါးပါး အလုပ်မသွားရသေးဘူးလား ''

''အခုတလောသွားစရာမလိုသေးဘူး '' ယန်းချင်းချီကလည်း နွေးနွေးထွေးထွေးလေးပြန်ဖြေသည်။

''ဒါဆို ဘယ်တော့သွားရမှာလဲ ''

''နောက်နှစ်အထိစောင့်ရမယ်နဲ့တူတယ် ''

ချီချီတစ်ယောက် လက်လွှဲနေတာကိုရပ်လိုက်ကာ ယန်းချင်းချီအား စိတ်လှုပ်ရှားမှုတွေပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် မော့ကြည့်လာသည်။

''ဒါဆို ပါးပါးနဲ့အကြာကြီး အကြာကြီး နေရဦးမှာပေါ့နော် ''

ယန်းချင်းချီပြုံးလိုက်ကာ ကလေးပါးလေးကိုညှစ်ရင်း

''ဟုတ်တာပေါ့ ''

ချီချီက ပျော်ပျော်ရွှင်ရွှင်ဖြင့် လက်လေးဆန့်တန်းလာသည်။

''ပါးပါး ချီ ''

ထိုသို့ပြောနေရင်း တစ်ခုခုကိုသတိရသွားပုံပေါ်ကာ လက်လေးနှစ်ဖက်ပြန်ချပြီး ပြောလာပြန်သည်။

''အိုက်ယား ချီချီမေ့သွားတာ ဒယ်ဒီကမှာထားတယ် ပါးပါးကို ချီခိုင်းလို့မရဘူးတဲ့ အဲ့တော့ ချီချီ ဖက်ပဲဖက်တော့မယ် ''

ထိုသို့ပြောရင်း ယန်းချင်းချီခါးကိုညင်ညင်သာသာလေးလှမ်းဖက်လာကာ မျက်နှာပိစိလေးဖြင့် ခါးကိုပွတ်နေပြန်သည်။ ထိုနောက် မော့ကြည့်ပြီး တဟီးဟီးရယ်ပြလေသည်။

ကလေးအပြုအမူလေးတွေက အရမ်းချစ်ဖို့ကောင်းတာကြောင့် ယန်းချင်းချီခေါင်းလေးကိုပွတ်ပေးနေရင်း

''ချီချီကအရမ်းချစ်ဖို့ကောင်းတာပဲ ''

ကျန်းမော့ချန်ခန့်ထားသည့် ဒရိုင်ဘာမှာ အသက်၃၀နီးပါးလောက်ရှိပြီဖြစ်ကာ တောင့်တောင့်ဖြောင့်ဖြောင့်ဖြင့် ကျန်းချွမ်ဟုအမည်ရသည်။ သူက ယန်းချင်းချီ၊ချီချီတို့နဲ့ ဒီပိတ်ရက်တစ်လျှောက်လုံး အဆက်အဆံရှိနေခဲ့တာကြောင့် ချီချီက ကျန်းချွမ်ကိုသိပ်မစိမ်းတော့ပဲ ယဥ်ယဥ်ကျေးကျေးလေးနှုတ်ဆက်လာသည်။

''ဦးဦး မင်္ဂလာနံနက်ခင်းပါ ''

''ချီချီ မင်္ဂလာနံနက်ခင်းပါ '' ကျန်းချွမ်ကလည်း ပြန်နှုတ်ဆက်လာသည်။

ထို့နောက် ယန်းချင်းချီကိုကြည့်လိုက်ကာ

''ဒီနေ့ သခင်လေးကို ကျောင်းလိုက်ပို့မလို့လား ''

''ဟုတ်တယ် '' ယန်းချင်းချီ ကျန်းချွမ်ကိုကြည့်ရင်း '' အပန်းကြီးစေမိပြီ ''

''ရပါတယ် မစ္စတာ ဒါကကျွန်တော့်တာဝန်ပါ ''

ယန်းချင်းချီ တဖက်လူဆီကနေ မစ္စတာလို့ခေါ်သံကြားမှ စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်မိသည်။ စစလာချင်းတုန်းကဆို ကျန်းချွမ်ကသူ့ကို မစ္စကျန်းဟုတိုက်ရိုက်ကြီးခေါ်လာခဲ့သည်။ သူနဲ့ကျန်းမော့ချန်က တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ပြီး မစ္စတာကျန်း၊မစ္စကျန်းဟု ခေါ်နေကြသော်ငြား ဒါကစုံတွဲတွေကြားက ကလူကျီစယ်မှုဖြစ်သည်။ သို့သော် တခြားလူဆီကနေ မစ္စကျန်းလို့အခေါ်ခံရလိုက်တော့ နည်းနည်းလေးရှက်ဖို့ကောင်းတာကြောင့်

''နာမည်ပြောင်းခေါ်ပေးလို့ရမလား အဲ့လိုကြီးအခေါ်ခံရတာ စိတ်မသက်မသာဖြစ်စေလို့ ''

ကျန်းချွမ်ကလည်း အားနာသွားဟန်ဖြင့်

''မစ္စကျန်းလို့မခေါ်ရင် ဘယ်လိုခေါ်ရမလဲ အားချီလို့ခေါ်လို့ရမလား ကျွန်တော့်ကိုအားချွမ်လို့ခေါ်နိုင်ပါတယ် ''

ယန်းချင်းချီအတွက်ကတော့ မစ္စကျန်းလို့မခေါ်သရွေ့ တခြားနာမည်တွေကပြဿနာမရှိပါ။ သို့သော် သူကပြဿနာမရှိတိုင်း ကျန်းမော့ချန်ကတော့ ပြဿနာမရှိဘူးဟုမဆိုလိုပေ။ ကျန်းချွမ်သူ့ကို အားချီလို့ခေါ်နေတာကိုသာ ကျန်းမော့ချန်ကြားသွားလျှင် ဖြစ်သွားမဲ့ရုပ်ကြီးက တော်တော်လေးကိုကြည့်လို့လှနေလိမ့်မည်။ သူခေါင်းခါလိုက်ကာ

''အဲ့ဒါလည်းမဖြစ်ဘူး ''

''ဒါဆိုဘယ်လိုခေါ်ရမလဲ '' ကျန်းချွမ်ကမေးလာသည်။

ယန်းချင်းချီ စဥ်းစားနေလိုက်သည်။ ချင်းချီလို့ခေါ်ခိုင်းလည်းအဆင်ပြေသော်ငြား ကျန်းမော့ချန်ကသူ့ကို ချင်းချီလို့ခေါ်နေခြင်းဖြစ်တာကြောင့် သူများခေါ်တာကြားလျှင် ရှာလကာရည်ကထပ်မှောက်ဦးမည်။ ချင်းချီတောင်မရတာ ရှောင်ချီဆိုဝေးစွ။

နောက်ဆုံးတော့ မစ္စတာပဲခေါ်ခိုင်းလိုက်ကာ ကျန်းချွမ်ကလည်း ထိုအခေါ်အဝေါ်နဲ့ပတ်သက်ပြီး ငြင်းဆန်စရာအကြောင်းမရှိတာကြောင့် နှစ်ယောက်သား အခေါ်အဝေါ်ပိုင်းမှာ မြန်မြန်ဆန်ဆန်ပဲ အခြေကျသွားတော့သည်။

ချီချီ့ကိုလိုက်ပို့ပြီးနောက် ယန်းချင်းချီ ဗီလာကိုပဲပြန်လာလိုက်သည်။ နေ့လည်ပိုင်း ချီချီ့ကိုသွားကြိုရမည့်အချိန်အား နှစ်ယောက်သားသဘောတူအပြီးမှာ ကျန်းချွမ်ပြန်ထွက်သွားလေသည်။

ယန်းချင်းချီ အခုတလောဘာမှလုပ်စရာမရှိတာကြောင့် အိမ်ပြန်ရောက်တာနဲ့ မေမေကျန်းမှာထားသည့်အတိုင်း သီချင်းလေးဖွင့်ကာ ပုံဆွဲနေတတ်သည်။

ပုံကတော့ရိုးရိုးရှင်းရှင်းပင်။ ချီချီ့အတွက်ဆွဲပေးသည့် ကလေးပုံပြင်လေးတွေဖြစ်ကာ တစ်မျက်နှာမှာ ၄ပိုင်းပါပြီး ပုံပြင်တစ်ပုဒ်လုံး အပြီးအစီး ၁၀မျက်နှာပါသည်။ ချီချီကထိုပုံတွေမြင်လျှင် သူ့လက်ကိုလှုပ်ခါရင်း ခပ်ချွဲချွဲလေးမေးလိမ့်မည်။ ဒါလေးကဘာလေးတွေလဲ။ ဘယ်သူ့အတွက်လဲ။ ချီချီ့အတွက်လား။ ယန်းချင်းချီကလည်း ကလေးကိုစောင့်ခိုင်းကာ နောက်နေ့မှပေးမည်ဟုပြောလိမ့်မည်။ အဲ့လိုဖြင့် ချီချီ့အတွက်ဆွဲပေးထားသည့် ပုံပြင်တိုလေးတွေမနည်းတော့ပေ။

ထိုလက်ရာတွေကို ကျန်းမော့ချန်မြင်သည့်အခါ ချီချီ့တစ်ယောက်ထဲအတွက်ပဲ သီးသန့်ဆွဲပေးနေခြင်းက နှမြောစရာကောင်းသည်ဟု ထင်လိုက်တာကြောင့် ထိုပုံပြင်တွေကို စာအုပ်ထုတ်ချင်လား ဒါမှမဟုတ် အွန်လိုင်းပေါ်တင်ချင်လားဟု မေးလာခဲ့သည်။ ယန်းချင်းချီကတော့ မလိုအပ်ဘူးဟုသာတွေးလိုက်မိသည်။ သူက ပိုက်ဆံရှာဖို့ဆွဲနေခြင်းမျိုးမဟုတ်ပဲ သူလည်းပျင်းနေကာ ချီချီလည်းကြိုက်နေတာကြောင့် ဆွဲဖြစ်သွားခြင်းပေ။ တစ်နေ့ ချီချီမကြိုက်တော့လျှင် သူလည်းပုံဆွဲရပ်လိုက်မှာဖြစ်သည်။ ထို့အပြင် အဲ့ဒါတွေကိုစီမံဖို့လည်း အချိန်သိပ်ပေးနိုင်မည်မဟုတ်ပါ။

''မင်း စိတ်ပူစရာမလိုပါဘူး ဒီအတောအတွင်းဘာမှမလုပ်ရဘူးလို့ပြောထားတယ်မလား ကွမ်မေရှိတယ်လေ သူ့(မ)လက်ထဲမှာ တခြားအနုပညာရှင်တွေရှိပေမဲ့ တကယ်တမ်းကျအားနေတာ သူ့(မ)ကိုလုပ်ခိုင်းလိုက်မယ် ''

ယန်းချင်းချီ ပြောစရာစကားမဲ့သွားကာ

''ကျွန်တော့်ကိုအမှန်အတိုင်းပြော ခင်ဗျားအိမ်က ရွှေဥကြီးကို အလဟဿမဖြစ်စေချင်လို့ အမြတ်ထုတ်ဖို့နည်းလမ်းရှာနေတာမလား ''

ကျန်းမော့ချန် မျက်ရိုးပွတ်ရင်း ထိုအမေးအားမသိချင်ယောင်ဆောင်နေလိုက်သည်။ ထိုကဲ့သို့အတွေးရှိနေခြင်းကိုတော့ ငြင်းလည်းမငြင်းသလို ဝန်လည်းမခံချင်ပေ။

ယန်းချင်းချီကလည်း အရင်းရှင်ကြီးကျန်းမော့ချန်အကြောင်းသေချာသိနေတဲ့အတွက် သူ့အမေးကိုပြန်မဖြေမချင်း စိုက်ကြည့်နေလိုက်သည်။ ကျန်းမော့ချန်လည်း ဆက်ပြီး မသိချင်ယောင်ဆောင်နေလို့ မရတော့ဘူးဆိုတာကို သိလိုက်တာကြောင့်

'' ဒါပေါ့ ဒီကိစ္စကမင်းအပေါ်လည်း မူတည်သေးတယ်လေ မင်းမလုပ်ချင်ရင် ကိုယ်တို့မေ့ပစ်လိုက်လို့ရတယ်''

ယန်းချင်းချီ သူ့စုဘူးလေးသူတွေးမိသွားတော့

''ဟုတ်ပြီလေ ၆ပုံ ၄ပုံ ရလာတဲ့အမြတ်ကို ကျွန်တော်က၆ပုံယူမယ် ခင်ဗျား၄ပုံယူ ''

ကျန်းမော့ချန်တစ်ယောက် အပြုံးလေးဖြင့်

''ဘာတွေ ၆ပုံ၄ပုံနဲ့ရှုပ်နေမှာလဲ မင်းက ၁၀ ကိုယ်က သုည ''

''အဲ့လိုလည်းရတာပဲ '' ယန်းချင်းချီကလည်း ထိုကဲ့သိူ့အခွင့်အရေးကောင်းကို ငြင်းဆန်မနေပါ။

ကွမ်မေတစ်ယောက် ဒီတစ်နှစ်လုံး ယန်းချင်းချီနဲ့အဆက်အသွယ်မရှိတော့ဘူးဟု ထင်လိုက်မိသည်။ _____ ဘယ်လိုပဲဖြစ်ဖြစ် သူမဘော့စ်က ယန်းချင်းချီအလုပ်တွေကို တစ်နှစ်ပတ်လုံးရပ်နားထားမည်ဟု ပြောထားတာကြောင့် သိပ်မမျှော်လင့်ထားပေ။ သို့သော် နှစ်ကူးပြီးလို့သိပ်မကြာခင် ယန်းချင်းချီနဲ့ပတ်သက်သည့် အလုပ်သစ်တစ်ခုအခိုင်းခံရသည့်အခါ တော်တော်လေးအံသြသွားခဲ့သည်။

သူမ ကွန်ပျူတာပေါ်ကပုံတွေကိုကြည့်ရင်း မချီးကျူးပဲမနေနိုင်ခဲ့။

''မထင်မှတ်ထားပဲ သူကဒီနေရာမှာ ပါရမီအပြည့်ပါသားပဲ ''

သူမPlanတွေကို Wechatကနေတစ်ဆင့် ယန်းချင်းချီနဲ့ဆွေးနွေးနေလိုက်ကာ

[ နင် အရင်ဆုံးတော့ Weibo Accအတွက် Pen name ပေးထားရမယ် ]

ယန်းချင်းချီ သေချာစဥ်းစားနေလိုက်ကာ စာလုံးနှစ်လုံးပို့လိုက်သည်။

[ To Mr.Q ]

ကွမ်မေတစ်ယောက် ခဏလောက် ကြောင်အသွားလေသည်။

[ ဘာအဓိပ္ပါယ်လဲ ]

[ ချီချီ့ဆီသို့ ] ယန်းချင်းချီ ထပ်ရှင်းပြလိုက်သည်။ [ ဒီပုံတွေအကုန်လုံးက ချီချီ့ကိုရည်ရွယ်ပြီးဆွဲပေးထားတာလေ သူ မကြိုက်ရင်ဆွဲဖြစ်မှာမဟုတ်တော့ဘူး အခုတော့အဲ့လိုပဲခေါ်ရအောင် ]

ကွမ်မေက ချီချီဘယ်သူမှန်းသိပြီးသားဖြစ်သော်ငြား ငယ်ရွယ်ပြီး ဟိတ်ဟန်များသည့် လူငယ်တစ်ယောက်က အခုလို ညင်သာနွေးထွေးသည့် ဖခင်ကောင်းတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မထင်ထားတာကြောင့် သူမနည်းနည်းလေးထိရှသွားသည်။

[ နင်က တခြားအဖေတွေထက်ပိုပြီး ဖအေကောင်းပီသသားပဲ ]

[ ဒါပေါ့ ] ယန်းချင်းချီကလည်း ချီချီနဲ့ပတ်သက်လျှင် ဘယ်သောအခါမှ နှိမ့်နှိမ့်ချချမနေတတ်ပါ။ [ ချီချီကပြောတယ် ကျွန်တော်က ကမ္ဘာပေါ်မှာ အကောင်းဆုံးပါးပါးတဲ့ ]

[ အဲ့စကားကို ဘော့စ်ကျန်းရောကြားပြီးသွားပြီလား ]

[ ကျဲပြန်ပြောလိုက်ပေါ့ သူက ကမ္ဘာပေါ်မှာအကောင်းဆုံး ဒယ်ဒီလို့ ]

ကွမ်မေတစ်ယောက် ယန်းချင်းချီရဲ့စကားလုံးအသုံးအနှုန်းအပေါ် သဘောကျသွားကာ

[ တော်သေးတာပေါ့ နင်ဘာဖြစ်နေမှန်းမသိပေမဲ့ အခုလိုတက်ကြွနေတာကိုမြင်လိုက်ရတော့ အိမ်ထောင်ရေးအခြေအနေကောင်းမှန်း သိလိုက်ပါပြီ ]

[ ကျဲကကျွန်တော့်ကို စိတ်ပူနေတာလား ]

[ ဘော့စ်ကျန်းက ဘာမှမရှင်းပြပဲ နင့်အလုပ်တွေအကုန်လုံးကိုတစ်နှစ်နားမယ်ပြောလာတော့ နင်တို့နှစ်ယောက်ကွာရှင်းတော့မယ်လို့ထင်လိုက်တာ ]

[ မပူနဲ့ လတ်တလောကတော့ ကျဲစိတ်ပူနေသလိုဖြစ်လာမှာမဟုတ်ဘူး ]

[ ဒါဆိုနောက်ပိုင်းကျတော့ရော ]

ယန်းချင်းချီစဥ်းစားနေလိုက်ကာ

[ နောက်ပိုင်းကျ ခွာလို့တောင်ရမှာမဟုတ်တော့ဘူး ]

ကွမ်မေ ရယ်လိုက်သည်။

[ ဟုတ်ပါပြီ အဲ့ဒါဆို နင်တို့နှစ်ယောက်လုံး နှစ်တစ်ရာအထိ မခွဲမခွာပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ]

[ ရှဲ့ရှဲ့ ]

ယန်းချင်းချီ တနေ့တာဆွဲရမည့် အချိန်ဇယားအတိုင်းပုံဆွဲအပြီးမှာတော့ ပြီးသလောက်ကိုချီချီ့စားပွဲပုလေးပေါ်လှမ်းတင်ရင်း နာရီကြည့်လိုက်သည်။ ချီချီ့ကိုသွားကြိုဖို့ ကျန်းချွမ်နဲ့သဘောတူထားတဲ့အချိန်ရောက်တော့မည်ဖြစ်တာကြောင့် ထွက်လာခဲ့လိုက်လေသည်။

ကျန်းချွမ်က ကားကိုပါကင်ထဲကထုတ်ပြီး အောက်ထပ်မှာသူ့ကိုအသင့်စောင့်နေကာ ယန်းချင်းချီထွက်လာတာကိုတွေ့တော့ တံခါးဖွင့်ပေးလာသည်။ ယန်းချင်းချီလည်းဝင်ထိုင်လိုက်ကာ ချီချီ့ကျောင်းကိုသွားသည့်လမ်းတစ်လျှောက်လုံး ဖုန်းဆော့နေလိုက်သည်။

ချီချီ့ကျောင်းကိုရောက်လာတော့ မျက်မှန်နဲ့Maskတပ်ကာ ကားပေါ်ကဆင်းပြီး ကလေးတွေကျောင်းဆင်းမဲ့အချိန်ကိုစောင့်နေလိုက်သည်။ သို့သော် ချီချီ့ကိုစောင့်နေရင်း မမျှော်လင့်ထားသည့်ဧည့်သည်နှင့် ပြန်ဆုံရလေသည်။ ___ ကျိုးရီရှင်း။

ကျိုးရီရှင်းသူ့ဆီလျှောက်လာတာကို ယန်းချင်းချီမြင်လိုက်ရသည့်အခါ နည်းနည်းလေးအံ့သြသွားသော်ငြား ပြန်ထိန်းလိုက်နိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျိုးချန်နဲ့ယွမ်မင်ရွှိကိစ္စကို ကျိုးရီရှင်းသိထားသည့်အပြင် မသိချင်ယောင်ဆောင်နေကာ အလှလေးကိုသူရဲကောင်းဝင်ကယ်သည့်ဇာတ်ကွက်တွေ ဖန်တီးချင်နေတာကြောင့် တဖက်လူကဘာလိုချင်မှန်းမသိသော်ငြား ရည်ရွယ်ချက်ရှိရှိဖြင့် တခေါက်ပေါ်လာပြီဆိုမှတော့ နောက်တခေါက်မပေါ်လာစရာအကြောင်းမရှိတော့ပါ။ ကျိန်းသေပေါက် သူ့ရှေ့ ဒုတိယတစ်ခေါက်ပေါ်လာပြန်သည်။

''တိုက်ဆိုင်လိုက်တာ ဒီကိုဘာလို့လာတာလဲ ''

ကျိုးရီရှင်းက သူတို့စတွေ့ခါစကလိုပဲ ပြုမူဆက်ဆံနေသည်။ ယန်းချင်းချီ မင်းသားတစ်ယောက်ဆိုတာကိုမသိသလိုမျိုး၊ ယန်းချင်းချီက ကျန်းမော့ချန်အိမ်ထောင်ဖက်ဆိုတာကို မသိသေးသလိုမျိုး ဖော်ဖော်ရွေရွေဖြင့် စနှုတ်ဆက်လာသည်။

''ကလေးလာကြိုတာ ''

ကျိုးရီရှင်းက ထိုစကားကြားတော့ အံသြသွားဟန်ဖြင့်

''အဲ့နေ့က ကလေးက မင်းရဲ့ကလေးလား ကိုယ်က မင်းညီလေးလို့ထင်လိုက်တာ ''

ယန်းချင်းချီပြုံးပဲပြုံးနေလိုက်ကာ ဘာမှမပြောလာပေ။

''ကိုယ်က ကိုယ့်ညီမလေးကိုလာကြိုတာလေ သူ(မ)လည်းဒီကျောင်းမှာတက်တာ ''

ယန်းချင်းချီခေါင်းငြိမ့်ပြလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးက ချမ်းသာတဲ့အသိုင်းအဝိုင်းထဲကဖြစ်တာကြောင့် ကျောင်းရွေးချယ်မှုတူတာကတော့ ထူးဆန်းမနေပေ။

သူတို့စကားပြောနေချိန် ကျောင်းဂိတ်ဖွင့်လိုက်ကာ ကျောင်းသားလေးတွေ တစ်ယောက်ပြီးတစ်ယောက်ထွက်လာပြီး သက်ဆိုင်ရာကိုယ်ပိုင်ကားပေါ်တက်သွားကြသည်။

ကျိုးရီရှင်းညီမက ချီချီ့ထက်အရင်စောထွက်လာကာ ကြက်တောင်နှစ်ဖက်စည်းလေးဖြင့် အသက်ကတော့ ၉နှစ်၊၁၀နှစ်လောက်ရှိမဲ့ပုံပင်။ သူမမျက်နှာက ဆူပုတ်ပုတ်ဖြင့် ကျိုးရီရှင်းကိုမြင်ရခြင်းအား ပျော်ရွှင်နေပုံမပေါ်။

ကျိုးရီရှင်းကလည်း ဆူပုတ်ပုတ်မျက်နှာထားဖြင့် သူ့ညီမကိုအနားဆွဲခေါ်လိုက်ကာ အလျင်စလိုမထွက်သွားသေးပဲ ယန်းချင်းချီကိုမေးလိုက်သည်။

''ဟိုတစ်ခေါက်ကိစ္စဖြေရှင်းပြီးပြီလား ဒီမှာစကားပြောရဆိုရတာအဆင်မပြေဘူး ကိုယ်သီးသန့်စားသောက်ဆိုင်တစ်ဆိုင်သိထားတယ် အရသာလည်းမဆိုးဘူး ဘယ်လိုလဲ ကိုယ်နဲ့အတူတူသွားမလား ''

ယန်းချင်းချီခေါင်းခါလိုက်ကာ

''မလိုဘူး ညစာကိုအိမ်မှာပဲစားမှာ ''

''ကောင်းပြီလေ '' ကျိုးရီရှင်းက သူ့အား တွန်းအားဆက်မပေးနေပဲ နှုတ်ဆက်ကာ ကားပေါ်တက်သွားသည်။

ကျိုးရီရှင်းထွက်သွားလို့သိပ်မကြာခင် ချီချီထွက်လာကာ ယန်းချင်းချီကိုမြင်သည်နှင့် ဒုံးပျံလေးလိုရှူးခနဲပြေးဝင်လာသည်။ ယန်းချင်းချီကလည်း အရှိန်နဲ့ဗိုက်ကိုဝင်တိုက်မှာစိုးတာကြောင့် ချီချီအနားမရောက်လာခင် လက်လေးဆန့်ထုတ်ပြီးရပ်ခိုင်းလိုက်ကာ ပြေးလို့မောလာသည့် ချီချီအား သူ့အနားညင်ညင်သာသာလေးဆွဲခေါ်ရင်း ခေါင်းလေးပွတ်ပေးနေလိုက်သည်။

ချီချီကလည်း ယန်းချင်းချီခါးကို ပျော်ပျော်ကြီးဖက်ထားကာ မျက်နှာလေးဖြင့်ပွတ်နေသည်။ ထို့နောက် တစ်ခုခုကိုသတိရသွားပုံဖြင့် နောက်ကိုလှည့်ကြည့်လိုက်ကာ လက်ဝှေ့ယမ်းပြသည်။ ယန်းချင်းချီလည်း ချီချီအတိုင်းလိုက်ကြည့်လိုက်တော့ သူတို့နဲ့မလှမ်းမကမ်းမှာရပ်နေသည့် ချီချီနဲ့ရွယ်တူ ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရလေသည်။

ကောင်လေးက ချီချီ့ထက်နည်းနည်းလေးအရပ်ပိုရှည်ကာ အခုတလောနာမည်ကြီးနေသည့် ကလေးဝတ်အနက်ရောင်လေကာကုတ်ကို ဂျင်းဘောင်းဘီ၊ ဘွတ်ဖိနပ်လေးဖြင့်တွဲဝတ်ထားပြီး စတိုင်ကျကျရပ်နေသည်။ နောက်ကျောမှာတော့ အနက်ရောင်ကားပုံစံကျောပိုးအိတ်ကိုလွယ်ထားကာ ဘယ်လက်မှာ ခါးလောက်ရှည်သည့် ကျွဲကောသီးရောင် ကားပုံစံLuggageပုလေးကိုကိုင်ဆွဲထားပြီး ညာလက်ကတော့ လိပ်လေးကူးခတ်နေသည့် ငါးကန်လေးကိုပိုက်ထားသည်။

ချီချီလှမ်းခေါ်နေတာကိုမြင်တော့ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ သူတို့ဆီလျှောက်လာသည်။

ချီချီက ယန်းချင်းချီအင်္ကျီစကိုဆွဲကာ မော့ကြည့်ရင်း

''ပါးပါး သားထိုင်ခုံဖော်က သူ့အိမ်ပေါ်ကနေဆင်းလာတာ ဘယ်မှသွားစရာမရှိဘူး သားတို့အိမ်မှာခဏလောက် ခေါ်ထားလို့ရမလားဟင် ''

ယန်းချင်းချီကလည်း သူ့ရှောင်ပေါင်ပေ့သူငုံ့ကြည့်လိုက်ကာ

''အိမ်ပေါ်ကနေဆင်းလာတယ်? ''

ချီချီကလည်းခေါင်းလေးငြိမ့်ပြရင်း တသေတချာလေးရှင်းပြလာသည်။

''သူ့ပါးပါးက သူ့ကိုမလိုချင်တော့ဘူးတဲ့ ဟွန့်! တော်တော်ဆိုးတဲ့ပါးပါး အဲ့ဒါကြောင့် သူက အိမ်ပေါ်ကနေဆင်းလာတာ အခုနေစရာမရှိတော့ ရထားပေါ်မှာသွားအိပ်မလို့တဲ့ ဒါပေမဲ့ရထားပေါ်မှာ လူဆိုးတွေရှိနေရင်ဘယ်လိုလုပ်မလဲ အဲ့ဒါကြောင့် သားတို့အိမ်မှာအရင်နေအိမ်ခိုင်းလို့မရဘူးလားဟင် သူကအရမ်းသနားဖို့ကောင်းတယ် ''

ချီချီက 'မလိုချင်ဘူး'ဆိုသည့်စကားလုံးကို ဆတ်ဆတ်ထိမခံသူတစ်ယောက်ဖြစ်တာကြောင့် သူ့သူငယ်ချင်းအစား ဝမ်းနည်းနေလေသည်။ ယန်းချင်းချီလည်း ကလေးခေါင်းလေးကိုခပ်ဖွဖွပုတ်လိုက်ကာ အပြုံးလေးဖြင့်

''ရတာပေါ့ ချီချီ့စကားကိုနားထောင်မယ် ဘယ်သူက ချီချီ့ကို ပါးပါးရဲ့ရတနာလေးဖြစ်ခွင့်ပြုထားလဲ ပေါင်ပေ့လေးစိတ်ချမ်းသာသရွေ့ အကုန်အဆင်ပြေတယ် ''

ချီချီကထိုစကားကြားတော့ ချက်ချင်းပြုံးသွားကာ သူ့ဘေးကကောင်လေးကိုလှည့်ကြည့်ရင်း

''တွေ့တယ်မလား ငါပြောသားပဲ ငါ့ပါးပါးကသဘောတူမှာပါလို့ ငါ့ပါးပါးကငါ့ကိုအချစ်ဆုံးလေ ''

ထိုစကားကိုကြားတော့ ကောင်လေးကလည်း ချီချီ့ကို ''အွန်း'' ဟုပြန်ဖြေလိုက်ကာ ယန်းချင်းချီကိုယဥ်ယဥ်ကျေးကျေးလေးခေါင်းငြိမ့်ပြရင်း ''ရှဲ့ရှဲ့ ဦးဦး ''

ယန်းချင်းချီကလည်း နွေးနွေးထွေးထွေးလေးပြန်ဖြေလိုက်သည်။

''အားမနာပါနဲ့ ''

သုံးယောက်သားကားပေါ်တက်လိုက်ကြကာ ချီချီကအလယ်မှာထိုင်လေသည်။ ယန်းချင်းချီ ထိုကလေးနှစ်ယောက်ကို အစ်အောက်မေးအပြီးမှာတော့ ပြဿနာအနည်းအကျဥ်းကို နားလည်သွားတော့သည်။

ပြဿနာကလည်း ထူးဆန်းထွေလာမဟုတ်ပါ။ ကောင်ငယ်လေးနာမည်မှာ ပေါယန်ဖြစ်ကာ ချီချီ့ထက်၆လကြီးပြီး ချီချီရဲ့အခန်းဖော်ဖြစ်သည့်အပြင် ထိုင်ခုံဖော်ပါဖြစ်နေသည်။ ပေါယန်နဲ့ သူ့ပါးပါးနဲ့ ရန်ဖြစ်ကြကာ ပါးပါးကခေါင်းမာပြီးဒေါသထွက်လွယ်သူတစ်ယောက်ဖြစ်တာကြောင့် သွား၊ငါမင်းကိုမလိုချင်တော့ဘူးဟု ပြောလိုက်သည့်အချိန် ပေါယန်ကလည်း အထုပ်ဆွဲကာ အိမ်မွေးတိရစ္ဆာန်လိပ်လေးကိုခေါ်ပြီး အိမ်ပေါ်ကနေရဲရဲဝင့်ဝင့်ဆင်းချလာခဲ့သည်။

ကျောင်းမှာ ချီချီက သူ့သူငယ်ချင်းအဖြစ်ကိုမြင်တော့ စိတ်ပူစွာမေးလိုက်သည်။

''ဒါဆို မင်း ဒီနေ့ ဘယ်မှာနေမှာလဲ ''

ပေါယန်ကိုယ်တိုင်လည်း ဘယ်ကိုသွားရမှန်းမသိပါ။တချို့လူတွေက ရထားပေါ်မှာအိပ်ကြတယ်လို့ သတင်းထဲမှာကြော်ငြာတာကို မြင်ဖူးတာကြောင့် ရထားပေါ်မှာသွားအိပ်မည်ဟုသာ ချီချီ့ကိုပြန်ဖြေလိုက်သည်။

ချီချီကလည်း သူ့သူငယ်ချင်းလေး လူဆိုးတွေနဲ့တွေ့သွားမှာကိုစိုးရိမ်တာကြောင့် သူ့အိမ်မှာလာနေဖို့ဖိတ်လေသည်။

''မင်းပါးပါးကခွင့်ပြုပါ့မလား ''

ချီချီက ခေါင်းငြိမ့်ပြလိုက်ကာ

''ကျိန်းသေပေါက်ခွင့်ပြုမှာပေါ့ ငါ့ပါးပါးကအရမ်းကောင်းတာ ငါ့ပါးပါးကငါ့ကိုအချစ်ဆုံး သူကျိန်းသေပေါက် မင်းကိုနေခွင့်ပြုလိမ့်မယ် ''

ထိုစကားကြားတော့ ပေါယန်ကိုယ်တိုင်လည်း ရထားဘယ်နားရှိမှန်းမသိတာကြောင့် ချီချီ့ဖိတ်ခေါ်မှုကို ခေါင်းငြိမ့်ပြီးသဘောတူလိုက်လေသည်။

__________________________________

ဟေးဟေးဟေး ကိုယ့်အသည်းကျော်လေးပါလာပြီ။ ၆နှစ်ပေမဲ့ဇကမသေးဘူးနော် အထုပ်ဆွဲပြီးလိပ်တစ်ကောင်နဲ့ အိမ်ပေါ်ကနေဆင်းလာတာ 🤣 ချစ်စရာလေး။ နောက်ထပ်ပေါ်လာမဲ့ ယူတို့ဝိုက်ချင်တဲ့ဘဲကြီးက သူ့အဖေပါ။ ကဲ သင်္ဘောကြီးစထွက်ဖို့ပြင်ထားလိုက်တော့။ ကလေးတွေကဖြူစင်ရိုးသားပါတယ်နော်။ niniကမရိုးမသားနဲ့ ကြိတ်Shipနေတာပါ။
👉🏻👈🏻

Zawgyi

အလုပ္သစ္ရသြားေသာ ယန္းခ်င္းခ်ီ၊ ခ်ီခ်ီ႕ရဲ႕ထိုင္ခုံေဖာ္
__________________________________

သုံးလပိုင္းေရာက္လာေတာ့ ခ်ီခ်ီတို႔ေက်ာင္းျပန္ဖြင့္ၿပီျဖစ္သည္။ က်န္းေမာ့ခ်န္ေရာ၊ယန္းခ်င္းခ်ီပါ ခ်ီခ်ီ႕ကို ေက်ာင္းလိုက္ပို႔တဲ့အျဖစ္က ႐ွားပါးတာေၾကာင့္ အခု ယန္းခ်င္းခ်ီလိုက္ပို႔မယ္ၾကားေတာ့ ကေလးအတြက္ ထိုခံစားခ်က္က တမ်ိဳးေလးဆန္းေနသည္။ သူ ယန္းခ်င္းခ်ီ လက္ကိုလႊဲရင္း ေမးလိုက္သည္။

''ပါးပါး အလုပ္မသြားရေသးဘူးလား ''

''အခုတေလာသြားစရာမလိုေသးဘူး '' ယန္းခ်င္းခ်ီကလည္း ေႏြးေႏြးေထြးေထြးေလးျပန္ေျဖသည္။

''ဒါဆို ဘယ္ေတာ့သြားရမွာလဲ ''

''ေနာက္ႏွစ္အထိေစာင့္ရမယ္နဲ႔တူတယ္ ''

ခ်ီခ်ီတစ္ေယာက္ လက္လႊဲေနတာကိုရပ္လိုက္ကာ ယန္းခ်င္းခ်ီအား စိတ္လႈပ္႐ွားမႈေတြျပည့္ႏွက္ေနသည့္ မ်က္ဝန္းတစ္စုံျဖင့္ ေမာ့ၾကည့္လာသည္။

''ဒါဆို ပါးပါးနဲ႔အၾကာႀကီး အၾကာႀကီး ေနရဦးမွာေပါ့ေနာ္ ''

ယန္းခ်င္းခ်ီျပဳံးလိုက္ကာ ကေလးပါးေလးကိုညႇစ္ရင္း

''ဟုတ္တာေပါ့ ''

ခ်ီခ်ီက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖင့္ လက္ေလးဆန္႔တန္းလာသည္။

''ပါးပါး ခ်ီ ''

ထိုသို႔ေျပာေနရင္း တစ္ခုခုကိုသတိရသြားပုံေပၚကာ လက္ေလးႏွစ္ဖက္ျပန္ခ်ၿပီး ေျပာလာျပန္သည္။

''အိုက္ယား ခ်ီခ်ီေမ့သြားတာ ဒယ္ဒီကမွာထားတယ္ ပါးပါးကို ခ်ီခိုင္းလို႔မရဘူးတဲ့ အဲ့ေတာ့ ခ်ီခ်ီ ဖက္ပဲဖက္ေတာ့မယ္ ''

ထိုသို႔ေျပာရင္း ယန္းခ်င္းခ်ီခါးကိုညင္ညင္သာသာေလးလွမ္းဖက္လာကာ မ်က္ႏွာပိစိေလးျဖင့္ ခါးကိုပြတ္ေနျပန္သည္။ ထိုေနာက္ ေမာ့ၾကည့္ၿပီး တဟီးဟီးရယ္ျပေလသည္။

ကေလးအျပဳအမူေလးေတြက အရမ္းခ်စ္ဖို႔ေကာင္းတာေၾကာင့္ ယန္းခ်င္းခ်ီေခါင္းေလးကိုပြတ္ေပးေနရင္း

''ခ်ီခ်ီကအရမ္းခ်စ္ဖို႔ေကာင္းတာပဲ ''

က်န္းေမာ့ခ်န္ခန္႔ထားသည့္ ဒ႐ိုင္ဘာမွာ အသက္၃၀နီးပါးေလာက္႐ွိၿပီျဖစ္ကာ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ျဖင့္ က်န္းခြၽမ္ဟုအမည္ရသည္။ သူက ယန္းခ်င္းခ်ီ၊ခ်ီခ်ီတို႔နဲ႔ ဒီပိတ္ရက္တစ္ေလွ်ာက္လုံး အဆက္အဆံ႐ွိေနခဲ့တာေၾကာင့္ ခ်ီခ်ီက က်န္းခြၽမ္ကိုသိပ္မစိမ္းေတာ့ပဲ ယဥ္ယဥ္ေက်းေက်းေလးႏႈတ္ဆက္လာသည္။

''ဦးဦး မဂၤလာနံနက္ခင္းပါ ''

''ခ်ီခ်ီ မဂၤလာနံနက္ခင္းပါ '' က်န္းခြၽမ္ကလည္း ျပန္ႏႈတ္ဆက္လာသည္။

ထို႔ေနာက္ ယန္းခ်င္းခ်ီကိုၾကည့္လိုက္ကာ

''ဒီေန႔ သခင္ေလးကို ေက်ာင္းလိုက္ပို႔မလို႔လား ''

''ဟုတ္တယ္ '' ယန္းခ်င္းခ်ီ က်န္းခြၽမ္ကိုၾကည့္ရင္း '' အပန္းႀကီးေစမိၿပီ ''

''ရပါတယ္ မစၥတာ ဒါကကြၽန္ေတာ္႕တာဝန္ပါ ''

ယန္းခ်င္းခ်ီ တဖက္လူဆီကေန မစၥတာလို႔ေခၚသံၾကားမွ စိတ္သက္သာရာရသြားသလို သက္ျပင္းခ်လိုက္မိသည္။ စစလာခ်င္းတုန္းကဆို က်န္းခြၽမ္ကသူ႕ကို မစၥက်န္းဟုတိုက္႐ိုက္ႀကီးေခၚလာခဲ့သည္။ သူနဲ႔က်န္းေမာ့ခ်န္က တစ္ေယာက္နဲ႔တစ္ေယာက္ ေနာက္ေျပာင္ၿပီး မစၥတာက်န္း၊မစၥက်န္းဟု ေခၚေနၾကေသာ္ျငား ဒါကစုံတြဲေတြၾကားက ကလူက်ီစယ္မႈျဖစ္သည္။ သို႔ေသာ္ တျခားလူဆီကေန မစၥက်န္းလို႔အေခၚခံရလိုက္ေတာ့ နည္းနည္းေလး႐ွက္ဖို႔ေကာင္းတာေၾကာင့္

''နာမည္ေျပာင္းေခၚေပးလို႔ရမလား အဲ့လိုႀကီးအေခၚခံရတာ စိတ္မသက္မသာျဖစ္ေစလို႔ ''

က်န္းခြၽမ္ကလည္း အားနာသြားဟန္ျဖင့္

''မစၥက်န္းလို႔မေခၚရင္ ဘယ္လိုေခၚရမလဲ အားခ်ီလို႔ေခၚလို႔ရမလား ကြၽန္ေတာ္႕ကိုအားခြၽမ္လို႔ေခၚႏိုင္ပါတယ္ ''

ယန္းခ်င္းခ်ီအတြက္ကေတာ့ မစၥက်န္းလို႔မေခၚသေ႐ြ႕ တျခားနာမည္ေတြကျပႆနာမ႐ွိပါ။ သို႔ေသာ္ သူကျပႆနာမ႐ွိတိုင္း က်န္းေမာ့ခ်န္ကေတာ့ ျပႆနာမ႐ွိဘူးဟုမဆိုလိုေပ။ က်န္းခြၽမ္သူ႕ကို အားခ်ီလို႔ေခၚေနတာကိုသာ က်န္းေမာ့ခ်န္ၾကားသြားလွ်င္ ျဖစ္သြားမဲ့႐ုပ္ႀကီးက ေတာ္ေတာ္ေလးကိုၾကည့္လို႔လွေနလိမ့္မည္။ သူေခါင္းခါလိုက္ကာ

''အဲ့ဒါလည္းမျဖစ္ဘူး ''

''ဒါဆိုဘယ္လိုေခၚရမလဲ '' က်န္းခြၽမ္ကေမးလာသည္။

ယန္းခ်င္းခ်ီ စဥ္းစားေနလိုက္သည္။ ခ်င္းခ်ီလို႔ေခၚခိုင္းလည္းအဆင္ေျပေသာ္ျငား က်န္းေမာ့ခ်န္ကသူ႕ကို ခ်င္းခ်ီလို႔ေခၚေနျခင္းျဖစ္တာေၾကာင့္ သူမ်ားေခၚတာၾကားလွ်င္ ႐ွာလကာရည္ကထပ္ေမွာက္ဦးမည္။ ခ်င္းခ်ီေတာင္မရတာ ေ႐ွာင္ခ်ီဆိုေဝးစြ။

ေနာက္ဆုံးေတာ့ မစၥတာပဲေခၚခိုင္းလိုက္ကာ က်န္းခြၽမ္ကလည္း ထိုအေခၚအေဝၚနဲ႔ပတ္သက္ၿပီး ျငင္းဆန္စရာအေၾကာင္းမ႐ွိတာေၾကာင့္ ႏွစ္ေယာက္သား အေခၚအေဝၚပိုင္းမွာ ျမန္ျမန္ဆန္ဆန္ပဲ အေျခက်သြားေတာ့သည္။

ခ်ီခ်ီ႕ကိုလိုက္ပို႔ၿပီးေနာက္ ယန္းခ်င္းခ်ီ ဗီလာကိုပဲျပန္လာလိုက္သည္။ ေန႔လည္ပိုင္း ခ်ီခ်ီ႕ကိုသြားႀကိဳရမည့္အခ်ိန္အား ႏွစ္ေယာက္သားသေဘာတူအၿပီးမွာ က်န္းခြၽမ္ျပန္ထြက္သြားေလသည္။

ယန္းခ်င္းခ်ီ အခုတေလာဘာမွလုပ္စရာမ႐ွိတာေၾကာင့္ အိမ္ျပန္ေရာက္တာနဲ႔ ေမေမက်န္းမွာထားသည့္အတိုင္း သီခ်င္းေလးဖြင့္ကာ ပုံဆြဲေနတတ္သည္။

ပုံကေတာ့႐ိုး႐ိုး႐ွင္း႐ွင္းပင္။ ခ်ီခ်ီ႕အတြက္ဆြဲေပးသည့္ ကေလးပုံျပင္ေလးေတြျဖစ္ကာ တစ္မ်က္ႏွာမွာ ၄ပိုင္းပါၿပီး ပုံျပင္တစ္ပုဒ္လုံး အၿပီးအစီး ၁၀မ်က္ႏွာပါသည္။ ခ်ီခ်ီကထိုပုံေတြျမင္လွ်င္ သူ႕လက္ကိုလႈပ္ခါရင္း ခပ္ခြၽဲခြၽဲေလးေမးလိမ့္မည္။ ဒါေလးကဘာေလးေတြလဲ။ ဘယ္သူ႕အတြက္လဲ။ ခ်ီခ်ီ႕အတြက္လား။ ယန္းခ်င္းခ်ီကလည္း ကေလးကိုေစာင့္ခိုင္းကာ ေနာက္ေန႔မွေပးမည္ဟုေျပာလိမ့္မည္။ အဲ့လိုျဖင့္ ခ်ီခ်ီ႕အတြက္ဆြဲေပးထားသည့္ ပုံျပင္တိုေလးေတြမနည္းေတာ့ေပ။

ထိုလက္ရာေတြကို က်န္းေမာ့ခ်န္ျမင္သည့္အခါ ခ်ီခ်ီ႕တစ္ေယာက္ထဲအတြက္ပဲ သီးသန္႔ဆြဲေပးေနျခင္းက ႏွေျမာစရာေကာင္းသည္ဟု ထင္လိုက္တာေၾကာင့္ ထိုပုံျပင္ေတြကို စာအုပ္ထုတ္ခ်င္လား ဒါမွမဟုတ္ အြန္လိုင္းေပၚတင္ခ်င္လားဟု ေမးလာခဲ့သည္။ ယန္းခ်င္းခ်ီကေတာ့ မလိုအပ္ဘူးဟုသာေတြးလိုက္မိသည္။ သူက ပိုက္ဆံ႐ွာဖို႔ဆြဲေနျခင္းမ်ိဳးမဟုတ္ပဲ သူလည္းပ်င္းေနကာ ခ်ီခ်ီလည္းႀကိဳက္ေနတာေၾကာင့္ ဆြဲျဖစ္သြားျခင္းေပ။ တစ္ေန႔ ခ်ီခ်ီမႀကိဳက္ေတာ့လွ်င္ သူလည္းပုံဆြဲရပ္လိုက္မွာျဖစ္သည္။ ထို႔အျပင္ အဲ့ဒါေတြကိုစီမံဖို႔လည္း အခ်ိန္သိပ္ေပးႏိုင္မည္မဟုတ္ပါ။

''မင္း စိတ္ပူစရာမလိုပါဘူး ဒီအေတာအတြင္းဘာမွမလုပ္ရဘူးလို႔ေျပာထားတယ္မလား ကြမ္ေမ႐ွိတယ္ေလ သူ႕(မ)လက္ထဲမွာ တျခားအႏုပညာ႐ွင္ေတြ႐ွိေပမဲ့ တကယ္တမ္းက်အားေနတာ သူ႕(မ)ကိုလုပ္ခိုင္းလိုက္မယ္ ''

ယန္းခ်င္းခ်ီ ေျပာစရာစကားမဲ့သြားကာ

''ကြၽန္ေတာ္႕ကိုအမွန္အတိုင္းေျပာ ခင္ဗ်ားအိမ္က ေ႐ႊဥႀကီးကို အလဟႆမျဖစ္ေစခ်င္လို႔ အျမတ္ထုတ္ဖို႔နည္းလမ္း႐ွာေနတာမလား ''

က်န္းေမာ့ခ်န္ မ်က္႐ိုးပြတ္ရင္း ထိုအေမးအားမသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။ ထိုကဲ့သို႔အေတြး႐ွိေနျခင္းကိုေတာ့ ျငင္းလည္းမျငင္းသလို ဝန္လည္းမခံခ်င္ေပ။

ယန္းခ်င္းခ်ီကလည္း အရင္း႐ွင္ႀကီးက်န္းေမာ့ခ်န္အေၾကာင္းေသခ်ာသိေနတဲ့အတြက္ သူ႕အေမးကိုျပန္မေျဖမခ်င္း စိုက္ၾကည့္ေနလိုက္သည္။ က်န္းေမာ့ခ်န္လည္း ဆက္ၿပီး မသိခ်င္ေယာင္ေဆာင္ေနလို႔ မရေတာ့ဘူးဆိုတာကို သိလိုက္တာေၾကာင့္

'' ဒါေပါ့ ဒီကိစၥကမင္းအေပၚလည္း မူတည္ေသးတယ္ေလ မင္းမလုပ္ခ်င္ရင္ ကိုယ္တို႔ေမ့ပစ္လိုက္လို႔ရတယ္''

ယန္းခ်င္းခ်ီ သူ႕စုဘူးေလးသူေတြးမိသြားေတာ့

''ဟုတ္ၿပီေလ ၆ပုံ ၄ပုံ ရလာတဲ့အျမတ္ကို ကြၽန္ေတာ္က၆ပုံယူမယ္ ခင္ဗ်ား၄ပုံယူ ''

က်န္းေမာ့ခ်န္တစ္ေယာက္ အျပဳံးေလးျဖင့္

''ဘာေတြ ၆ပုံ၄ပုံနဲ႔႐ႈပ္ေနမွာလဲ မင္းက ၁၀ ကိုယ္က သုည ''

''အဲ့လိုလည္းရတာပဲ '' ယန္းခ်င္းခ်ီကလည္း ထိုကဲ့သိူ႕အခြင့္အေရးေကာင္းကို ျငင္းဆန္မေနပါ။

ကြမ္ေမတစ္ေယာက္ ဒီတစ္ႏွစ္လုံး ယန္းခ်င္းခ်ီနဲ႔အဆက္အသြယ္မ႐ွိေတာ့ဘူးဟု ထင္လိုက္မိသည္။ _____ ဘယ္လိုပဲျဖစ္ျဖစ္ သူမေဘာ့စ္က ယန္းခ်င္းခ်ီအလုပ္ေတြကို တစ္ႏွစ္ပတ္လုံးရပ္နားထားမည္ဟု ေျပာထားတာေၾကာင့္ သိပ္မေမွ်ာ္လင့္ထားေပ။ သို႔ေသာ္ ႏွစ္ကူးၿပီးလို႔သိပ္မၾကာခင္ ယန္းခ်င္းခ်ီနဲ႔ပတ္သက္သည့္ အလုပ္သစ္တစ္ခုအခိုင္းခံရသည့္အခါ ေတာ္ေတာ္ေလးအံၾသသြားခဲ့သည္။

သူမ ကြန္ပ်ဴတာေပၚကပုံေတြကိုၾကည့္ရင္း မခ်ီးက်ဴးပဲမေနႏိုင္ခဲ့။

''မထင္မွတ္ထားပဲ သူကဒီေနရာမွာ ပါရမီအျပည့္ပါသားပဲ ''

သူမPlanေတြကို Wechatကေနတစ္ဆင့္ ယန္းခ်င္းခ်ီနဲ႔ေဆြးေႏြးေနလိုက္ကာ

[ နင္ အရင္ဆုံးေတာ့ Weibo Accအတြက္ Pen name ေပးထားရမယ္ ]

ယန္းခ်င္းခ်ီ ေသခ်ာစဥ္းစားေနလိုက္ကာ စာလုံးႏွစ္လုံးပို႔လိုက္သည္။

[ To Mr.Q ]

ကြမ္ေမတစ္ေယာက္ ခဏေလာက္ ေၾကာင္အသြားေလသည္။

[ ဘာအဓိပၸါယ္လဲ ]

[ ခ်ီခ်ီ႕ဆီသို႔ ] ယန္းခ်င္းခ်ီ ထပ္႐ွင္းျပလိုက္သည္။ [ ဒီပုံေတြအကုန္လုံးက ခ်ီခ်ီ႕ကိုရည္႐ြယ္ၿပီးဆြဲေပးထားတာေလ သူ မႀကိဳက္ရင္ဆြဲျဖစ္မွာမဟုတ္ေတာ့ဘူး အခုေတာ့အဲ့လိုပဲေခၚရေအာင္ ]

ကြမ္ေမက ခ်ီခ်ီဘယ္သူမွန္းသိၿပီးသားျဖစ္ေသာ္ျငား ငယ္႐ြယ္ၿပီး ဟိတ္ဟန္မ်ားသည့္ လူငယ္တစ္ေယာက္က အခုလို ညင္သာေႏြးေထြးသည့္ ဖခင္ေကာင္းတစ္ေယာက္ျဖစ္ေနလိမ့္မည္ဟု မထင္ထားတာေၾကာင့္ သူမနည္းနည္းေလးထိ႐ွသြားသည္။

[ နင္က တျခားအေဖေတြထက္ပိုၿပီး ဖေအေကာင္းပီသသားပဲ ]

[ ဒါေပါ့ ] ယန္းခ်င္းခ်ီကလည္း ခ်ီခ်ီနဲ႔ပတ္သက္လွ်င္ ဘယ္ေသာအခါမွ ႏွိမ့္ႏွိမ့္ခ်ခ်မေနတတ္ပါ။ [ ခ်ီခ်ီကေျပာတယ္ ကြၽန္ေတာ္က ကမ႓ာေပၚမွာ အေကာင္းဆုံးပါးပါးတဲ့ ]

[ အဲ့စကားကို ေဘာ့စ္က်န္းေရာၾကားၿပီးသြားၿပီလား ]

[ က်ဲျပန္ေျပာလိုက္ေပါ့ သူက ကမ႓ာေပၚမွာအေကာင္းဆုံး ဒယ္ဒီလို႔ ]

ကြမ္ေမတစ္ေယာက္ ယန္းခ်င္းခ်ီရဲ႕စကားလုံးအသုံးအႏႈန္းအေပၚ သေဘာက်သြားကာ

[ ေတာ္ေသးတာေပါ့ နင္ဘာျဖစ္ေနမွန္းမသိေပမဲ့ အခုလိုတက္ႂကြေနတာကိုျမင္လိုက္ရေတာ့ အိမ္ေထာင္ေရးအေျခအေနေကာင္းမွန္း သိလိုက္ပါၿပီ ]

[ က်ဲကကြၽန္ေတာ္႕ကို စိတ္ပူေနတာလား ]

[ ေဘာ့စ္က်န္းက ဘာမွမ႐ွင္းျပပဲ နင့္အလုပ္ေတြအကုန္လုံးကိုတစ္ႏွစ္နားမယ္ေျပာလာေတာ့ နင္တို႔ႏွစ္ေယာက္ကြာ႐ွင္းေတာ့မယ္လို႔ထင္လိုက္တာ ]

[ မပူနဲ႔ လတ္တေလာကေတာ့ က်ဲစိတ္ပူေနသလိုျဖစ္လာမွာမဟုတ္ဘူး ]

[ ဒါဆိုေနာက္ပိုင္းက်ေတာ့ေရာ ]

ယန္းခ်င္းခ်ီစဥ္းစားေနလိုက္ကာ

[ ေနာက္ပိုင္းက် ခြာလို႔ေတာင္ရမွာမဟုတ္ေတာ့ဘူး ]

ကြမ္ေမ ရယ္လိုက္သည္။

[ ဟုတ္ပါၿပီ အဲ့ဒါဆို နင္တို႔ႏွစ္ေယာက္လုံး ႏွစ္တစ္ရာအထိ မခြဲမခြာေပါင္းဖက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္ ]

[ ႐ွဲ႕႐ွဲ႕ ]

ယန္းခ်င္းခ်ီ တေန႔တာဆြဲရမည့္ အခ်ိန္ဇယားအတိုင္းပုံဆြဲအၿပီးမွာေတာ့ ၿပီးသေလာက္ကိုခ်ီခ်ီ႕စားပြဲပုေလးေပၚလွမ္းတင္ရင္း နာရီၾကည့္လိုက္သည္။ ခ်ီခ်ီ႕ကိုသြားႀကိဳဖို႔ က်န္းခြၽမ္နဲ႔သေဘာတူထားတဲ့အခ်ိန္ေရာက္ေတာ့မည္ျဖစ္တာေၾကာင့္ ထြက္လာခဲ့လိုက္ေလသည္။

က်န္းခြၽမ္က ကားကိုပါကင္ထဲကထုတ္ၿပီး ေအာက္ထပ္မွာသူ႕ကိုအသင့္ေစာင့္ေနကာ ယန္းခ်င္းခ်ီထြက္လာတာကိုေတြ႕ေတာ့ တံခါးဖြင့္ေပးလာသည္။ ယန္းခ်င္းခ်ီလည္းဝင္ထိုင္လိုက္ကာ ခ်ီခ်ီ႕ေက်ာင္းကိုသြားသည့္လမ္းတစ္ေလွ်ာက္လုံး ဖုန္းေဆာ့ေနလိုက္သည္။

ခ်ီခ်ီ႕ေက်ာင္းကိုေရာက္လာေတာ့ မ်က္မွန္နဲ႔Maskတပ္ကာ ကားေပၚကဆင္းၿပီး ကေလးေတြေက်ာင္းဆင္းမဲ့အခ်ိန္ကိုေစာင့္ေနလိုက္သည္။ သို႔ေသာ္ ခ်ီခ်ီ႕ကိုေစာင့္ေနရင္း မေမွ်ာ္လင့္ထားသည့္ဧည့္သည္ႏွင့္ ျပန္ဆုံရေလသည္။ ___ က်ိဳးရီ႐ွင္း။

က်ိဳးရီ႐ွင္းသူ႕ဆီေလွ်ာက္လာတာကို ယန္းခ်င္းခ်ီျမင္လိုက္ရသည့္အခါ နည္းနည္းေလးအံ့ၾသသြားေသာ္ျငား ျပန္ထိန္းလိုက္ႏိုင္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ က်ိဳးခ်န္နဲ႔ယြမ္မင္႐ႊိကိစၥကို က်ိဳးရီ႐ွင္းသိထားသည့္အျပင္ မသိခ်င္ေယာင္ေဆာင္ေနကာ အလွေလးကိုသူရဲေကာင္းဝင္ကယ္သည့္ဇာတ္ကြက္ေတြ ဖန္တီးခ်င္ေနတာေၾကာင့္ တဖက္လူကဘာလိုခ်င္မွန္းမသိေသာ္ျငား ရည္႐ြယ္ခ်က္႐ွိ႐ွိျဖင့္ တေခါက္ေပၚလာၿပီဆိုမွေတာ့ ေနာက္တေခါက္မေပၚလာစရာအေၾကာင္းမ႐ွိေတာ့ပါ။ က်ိန္းေသေပါက္ သူ႕ေ႐ွ႕ ဒုတိယတစ္ေခါက္ေပၚလာျပန္သည္။

''တိုက္ဆိုင္လိုက္တာ ဒီကိုဘာလို႔လာတာလဲ ''

က်ိဳးရီ႐ွင္းက သူတို႔စေတြ႕ခါစကလိုပဲ ျပဳမူဆက္ဆံေနသည္။ ယန္းခ်င္းခ်ီ မင္းသားတစ္ေယာက္ဆိုတာကိုမသိသလိုမ်ိဳး၊ ယန္းခ်င္းခ်ီက က်န္းေမာ့ခ်န္အိမ္ေထာင္ဖက္ဆိုတာကို မသိေသးသလိုမ်ိဳး ေဖာ္ေဖာ္ေ႐ြေ႐ြျဖင့္ စႏႈတ္ဆက္လာသည္။

''ကေလးလာႀကိဳတာ ''

က်ိဳးရီ႐ွင္းက ထိုစကားၾကားေတာ့ အံၾသသြားဟန္ျဖင့္

''အဲ့ေန႔က ကေလးက မင္းရဲ႕ကေလးလား ကိုယ္က မင္းညီေလးလို႔ထင္လိုက္တာ ''

ယန္းခ်င္းခ်ီျပဳံးပဲျပဳံးေနလိုက္ကာ ဘာမွမေျပာလာေပ။

''ကိုယ္က ကိုယ့္ညီမေလးကိုလာႀကိဳတာေလ သူ(မ)လည္းဒီေက်ာင္းမွာတက္တာ ''

ယန္းခ်င္းခ်ီေခါင္းၿငိမ့္ျပလိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔အားလုံးက ခ်မ္းသာတဲ့အသိုင္းအဝိုင္းထဲကျဖစ္တာေၾကာင့္ ေက်ာင္းေ႐ြးခ်ယ္မႈတူတာကေတာ့ ထူးဆန္းမေနေပ။

သူတို႔စကားေျပာေနခ်ိန္ ေက်ာင္းဂိတ္ဖြင့္လိုက္ကာ ေက်ာင္းသားေလးေတြ တစ္ေယာက္ၿပီးတစ္ေယာက္ထြက္လာၿပီး သက္ဆိုင္ရာကိုယ္ပိုင္ကားေပၚတက္သြားၾကသည္။

က်ိဳးရီ႐ွင္းညီမက ခ်ီခ်ီ႕ထက္အရင္ေစာထြက္လာကာ ၾကက္ေတာင္ႏွစ္ဖက္စည္းေလးျဖင့္ အသက္ကေတာ့ ၉ႏွစ္၊၁၀ႏွစ္ေလာက္႐ွိမဲ့ပုံပင္။ သူမမ်က္ႏွာက ဆူပုတ္ပုတ္ျဖင့္ က်ိဳးရီ႐ွင္းကိုျမင္ရျခင္းအား ေပ်ာ္႐ႊင္ေနပုံမေပၚ။

က်ိဳးရီ႐ွင္းကလည္း ဆူပုတ္ပုတ္မ်က္ႏွာထားျဖင့္ သူ႕ညီမကိုအနားဆြဲေခၚလိုက္ကာ အလ်င္စလိုမထြက္သြားေသးပဲ ယန္းခ်င္းခ်ီကိုေမးလိုက္သည္။

''ဟိုတစ္ေခါက္ကိစၥေျဖ႐ွင္းၿပီးၿပီလား ဒီမွာစကားေျပာရဆိုရတာအဆင္မေျပဘူး ကိုယ္သီးသန္႔စားေသာက္ဆိုင္တစ္ဆိုင္သိထားတယ္ အရသာလည္းမဆိုးဘူး ဘယ္လိုလဲ ကိုယ္နဲ႔အတူတူသြားမလား ''

ယန္းခ်င္းခ်ီေခါင္းခါလိုက္ကာ

''မလိုဘူး ညစာကိုအိမ္မွာပဲစားမွာ ''

''ေကာင္းၿပီေလ '' က်ိဳးရီ႐ွင္းက သူ႕အား တြန္းအားဆက္မေပးေနပဲ ႏႈတ္ဆက္ကာ ကားေပၚတက္သြားသည္။

က်ိဳးရီ႐ွင္းထြက္သြားလို႔သိပ္မၾကာခင္ ခ်ီခ်ီထြက္လာကာ ယန္းခ်င္းခ်ီကိုျမင္သည္ႏွင့္ ဒုံးပ်ံေလးလို႐ွဴးခနဲေျပးဝင္လာသည္။ ယန္းခ်င္းခ်ီကလည္း အ႐ွိန္နဲ႔ဗိုက္ကိုဝင္တိုက္မွာစိုးတာေၾကာင့္ ခ်ီခ်ီအနားမေရာက္လာခင္ လက္ေလးဆန္႔ထုတ္ၿပီးရပ္ခိုင္းလိုက္ကာ ေျပးလို႔ေမာလာသည့္ ခ်ီခ်ီအား သူ႕အနားညင္ညင္သာသာေလးဆြဲေခၚရင္း ေခါင္းေလးပြတ္ေပးေနလိုက္သည္။

ခ်ီခ်ီကလည္း ယန္းခ်င္းခ်ီခါးကို ေပ်ာ္ေပ်ာ္ႀကီးဖက္ထားကာ မ်က္ႏွာေလးျဖင့္ပြတ္ေနသည္။ ထို႔ေနာက္ တစ္ခုခုကိုသတိရသြားပုံျဖင့္ ေနာက္ကိုလွည့္ၾကည့္လိုက္ကာ လက္ေဝွ႔ယမ္းျပသည္။ ယန္းခ်င္းခ်ီလည္း ခ်ီခ်ီအတိုင္းလိုက္ၾကည့္လိုက္ေတာ့ သူတို႔နဲ႔မလွမ္းမကမ္းမွာရပ္ေနသည့္ ခ်ီခ်ီနဲ႔႐ြယ္တူ ေကာင္ေလးတစ္ေယာက္ကိုေတြ႕လိုက္ရေလသည္။

ေကာင္ေလးက ခ်ီခ်ီ႕ထက္နည္းနည္းေလးအရပ္ပို႐ွည္ကာ အခုတေလာနာမည္ႀကီးေနသည့္ ကေလးဝတ္အနက္ေရာင္ေလကာကုတ္ကို ဂ်င္းေဘာင္းဘီ၊ ဘြတ္ဖိနပ္ေလးျဖင့္တြဲဝတ္ထားၿပီး စတိုင္က်က်ရပ္ေနသည္။ ေနာက္ေက်ာမွာေတာ့ အနက္ေရာင္ကားပုံစံေက်ာပိုးအိတ္ကိုလြယ္ထားကာ ဘယ္လက္မွာ ခါးေလာက္႐ွည္သည့္ ကြၽဲေကာသီးေရာင္ ကားပုံစံLuggageပုေလးကိုကိုင္ဆြဲထားၿပီး ညာလက္ကေတာ့ လိပ္ေလးကူးခတ္ေနသည့္ ငါးကန္ေလးကိုပိုက္ထားသည္။

ခ်ီခ်ီလွမ္းေခၚေနတာကိုျမင္ေတာ့ ႏႈတ္ခမ္းကိုတင္းတင္းေစ့ကာ သူတို႔ဆီေလွ်ာက္လာသည္။

ခ်ီခ်ီက ယန္းခ်င္းခ်ီအက်ႌစကိုဆြဲကာ ေမာ့ၾကည့္ရင္း

''ပါးပါး သားထိုင္ခုံေဖာ္က သူ႕အိမ္ေပၚကေနဆင္းလာတာ ဘယ္မွသြားစရာမ႐ွိဘူး သားတို႔အိမ္မွာခဏေလာက္ ေခၚထားလို႔ရမလားဟင္ ''

ယန္းခ်င္းခ်ီကလည္း သူ႕ေ႐ွာင္ေပါင္ေပ့သူငုံ႔ၾကည့္လိုက္ကာ

''အိမ္ေပၚကေနဆင္းလာတယ္? ''

ခ်ီခ်ီကလည္းေခါင္းေလးၿငိမ့္ျပရင္း တေသတခ်ာေလး႐ွင္းျပလာသည္။

''သူ႕ပါးပါးက သူ႕ကိုမလိုခ်င္ေတာ့ဘူးတဲ့ ဟြန္႔! ေတာ္ေတာ္ဆိုးတဲ့ပါးပါး အဲ့ဒါေၾကာင့္ သူက အိမ္ေပၚကေနဆင္းလာတာ အခုေနစရာမ႐ွိေတာ့ ရထားေပၚမွာသြားအိပ္မလို႔တဲ့ ဒါေပမဲ့ရထားေပၚမွာ လူဆိုးေတြ႐ွိေနရင္ဘယ္လိုလုပ္မလဲ အဲ့ဒါေၾကာင့္ သားတို႔အိမ္မွာအရင္ေနအိမ္ခိုင္းလို႔မရဘူးလားဟင္ သူကအရမ္းသနားဖို႔ေကာင္းတယ္ ''

ခ်ီခ်ီက 'မလိုခ်င္ဘူး'ဆိုသည့္စကားလုံးကို ဆတ္ဆတ္ထိမခံသူတစ္ေယာက္ျဖစ္တာေၾကာင့္ သူ႕သူငယ္ခ်င္းအစား ဝမ္းနည္းေနေလသည္။ ယန္းခ်င္းခ်ီလည္း ကေလးေခါင္းေလးကိုခပ္ဖြဖြပုတ္လိုက္ကာ အျပဳံးေလးျဖင့္

''ရတာေပါ့ ခ်ီခ်ီ႕စကားကိုနားေထာင္မယ္ ဘယ္သူက ခ်ီခ်ီ႕ကို ပါးပါးရဲ႕ရတနာေလးျဖစ္ခြင့္ျပဳထားလဲ ေပါင္ေပ့ေလးစိတ္ခ်မ္းသာသေ႐ြ႕ အကုန္အဆင္ေျပတယ္ ''

ခ်ီခ်ီကထိုစကားၾကားေတာ့ ခ်က္ခ်င္းျပဳံးသြားကာ သူ႕ေဘးကေကာင္ေလးကိုလွည့္ၾကည့္ရင္း

''ေတြ႕တယ္မလား ငါေျပာသားပဲ ငါ့ပါးပါးကသေဘာတူမွာပါလို႔ ငါ့ပါးပါးကငါ့ကိုအခ်စ္ဆုံးေလ ''

ထိုစကားကိုၾကားေတာ့ ေကာင္ေလးကလည္း ခ်ီခ်ီ႕ကို ''အြန္း'' ဟုျပန္ေျဖလိုက္ကာ ယန္းခ်င္းခ်ီကိုယဥ္ယဥ္ေက်းေက်းေလးေခါင္းၿငိမ့္ျပရင္း ''႐ွဲ႕႐ွဲ႕ ဦးဦး ''

ယန္းခ်င္းခ်ီကလည္း ေႏြးေႏြးေထြးေထြးေလးျပန္ေျဖလိုက္သည္။

''အားမနာပါနဲ႔ ''

သုံးေယာက္သားကားေပၚတက္လိုက္ၾကကာ ခ်ီခ်ီကအလယ္မွာထိုင္ေလသည္။ ယန္းခ်င္းခ်ီ ထိုကေလးႏွစ္ေယာက္ကို အစ္ေအာက္ေမးအၿပီးမွာေတာ့ ျပႆနာအနည္းအက်ဥ္းကို နားလည္သြားေတာ့သည္။

ျပႆနာကလည္း ထူးဆန္းေထြလာမဟုတ္ပါ။ ေကာင္ငယ္ေလးနာမည္မွာ ေပါယန္ျဖစ္ကာ ခ်ီခ်ီ႕ထက္၆လႀကီးၿပီး ခ်ီခ်ီရဲ႕အခန္းေဖာ္ျဖစ္သည့္အျပင္ ထိုင္ခုံေဖာ္ပါျဖစ္ေနသည္။ ေပါယန္နဲ႔ သူ႕ပါးပါးနဲ႔ ရန္ျဖစ္ၾကကာ ပါးပါးကေခါင္းမာၿပီးေဒါသထြက္လြယ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ သြား၊ငါမင္းကိုမလိုခ်င္ေတာ့ဘူးဟု ေျပာလိုက္သည့္အခ်ိန္ ေပါယန္ကလည္း အထုပ္ဆြဲကာ အိမ္ေမြးတိရစၧာန္လိပ္ေလးကိုေခၚၿပီး အိမ္ေပၚကေနရဲရဲဝင့္ဝင့္ဆင္းခ်လာခဲ့သည္။

ေက်ာင္းမွာ ခ်ီခ်ီက သူ႕သူငယ္ခ်င္းအျဖစ္ကိုျမင္ေတာ့ စိတ္ပူစြာေမးလိုက္သည္။

''ဒါဆို မင္း ဒီေန႔ ဘယ္မွာေနမွာလဲ ''

ေပါယန္ကိုယ္တိုင္လည္း ဘယ္ကိုသြားရမွန္းမသိပါ။တခ်ိဳ႕လူေတြက ရထားေပၚမွာအိပ္ၾကတယ္လို႔ သတင္းထဲမွာေၾကာ္ျငာတာကို ျမင္ဖူးတာေၾကာင့္ ရထားေပၚမွာသြားအိပ္မည္ဟုသာ ခ်ီခ်ီ႕ကိုျပန္ေျဖလိုက္သည္။

ခ်ီခ်ီကလည္း သူ႕သူငယ္ခ်င္းေလး လူဆိုးေတြနဲ႔ေတြ႕သြားမွာကိုစိုးရိမ္တာေၾကာင့္ သူ႕အိမ္မွာလာေနဖို႔ဖိတ္ေလသည္။

''မင္းပါးပါးကခြင့္ျပဳပါ့မလား ''

ခ်ီခ်ီက ေခါင္းၿငိမ့္ျပလိုက္ကာ

''က်ိန္းေသေပါက္ခြင့္ျပဳမွာေပါ့ ငါ့ပါးပါးကအရမ္းေကာင္းတာ ငါ့ပါးပါးကငါ့ကိုအခ်စ္ဆုံး သူက်ိန္းေသေပါက္ မင္းကိုေနခြင့္ျပဳလိမ့္မယ္ ''

ထိုစကားၾကားေတာ့ ေပါယန္ကိုယ္တိုင္လည္း ရထားဘယ္နား႐ွိမွန္းမသိတာေၾကာင့္ ခ်ီခ်ီ႕ဖိတ္ေခၚမႈကို ေခါင္းၿငိမ့္ၿပီးသေဘာတူလိုက္ေလသည္။

__________________________________

ေဟးေဟးေဟး ကိုယ့္အသည္းေက်ာ္ေလးပါလာၿပီ။ ၆ႏွစ္ေပမဲ့ဇကမေသးဘူးေနာ္ အထုပ္ဆြဲၿပီးလိပ္တစ္ေကာင္နဲ႔ အိမ္ေပၚကေနဆင္းလာတာ 🤣 ခ်စ္စရာေလး။ ေနာက္ထပ္ေပၚလာမဲ့ ယူတို႔ဝိုက္ခ်င္တဲ့ဘဲႀကီးက သူ႕အေဖပါ။ ကဲ သေဘၤာႀကီးစထြက္ဖို႔ျပင္ထားလိုက္ေတာ့။ ကေလးေတြကျဖဴစင္႐ိုးသားပါတယ္ေနာ္။ niniကမ႐ိုးမသားနဲ႔ ႀကိတ္Shipေနတာပါ။
👉🏻👈🏻

Continue Reading

You'll Also Like

325K 24.3K 88
ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Date •••
5K 318 7
ငါမင္​းကိုတစ္​ခါမွရန္​သူလို႔မ​ေတြးမိဖူးဘူး ပိုင္​​ေ႐ွာင္​းယြမ္​။ Chinese Historical Fic​ေလးပါ။ Mysteryျဖစ္​တာလည္​းနည္​းနည္​းပါပါတယ္
82K 9.2K 98
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
990K 116K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...