Unicode
ကျန်းမော့ချန် ယွမ်မင်ရွှိကို Xမြို့ကနေ နှင်ထုတ်လိုက်ပြီ
__________________________________
''အဲ့လိုမဟုတ်ပါဘူး...... '' ယွမ်မင်ရွှိ တိုးတိုးလေး ရေရွတ်လိုက်သည်။
''ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ့ကိစ္စမဟုတ်ဘူး မင်းက ငါနဲ့ဘာမှမဆိုင်တော့ဘူး ယွမ်မင်ရွှိ ငါမင်းကိုဒီနေ့လာတွေ့ရတဲ့ အကြောင်းအရင်းက ဒီXမြို့ကနေ ထွက်သွားခိုင်းဖို့ပဲ မင်းရဲ့မွေးရပ်မြေက ဒီမှာမဟုတ်ဘူး Lမြို့မှာလို့ ပြောဖူးတယ်မလား အဲ့ကိုပြန်လိုက်တော့ ငါတို့ရှေ့ဘယ်တော့မှထပ်မပေါ်လာနဲ့ ''
''ငါသဘောမတူဘူး ငါကဘာလို့ထွက်သွားရမှာလဲ! ဒီမှာ ငါ့အလုပ်တွေရှိတယ် ငါ့အသိမိတ်ဆွေတွေရှိတယ် ငါလုံးဝထွက်မသွားနိုင်ဘူး ''
''မင်းရဲ့အလုပ်? '' ကျန်းမော့ချန် လှောင်ပြုံး,ပြုံးပြလိုက်သည်။ '' တစ်ယောက်ယောက်က မင်းရဲ့အနုပညာလမ်းကြောင်းကို ပိတ်ဆို့ချင်ရင် သူတို့လည်း ရွေးချယ်စရာမရှိပဲလိုက်လုပ်ပေးရတယ်ဆိုတာမျိုး မင်းရဲ့ မန်နေဂျာက မင်းကိုမပြောပြဖူးဘူးလား ငါမှတ်မိသလောက်တော့ မင်းနဲ့မင်းကုမ္ပဏီနဲ့ စာချုပ်သက်တမ်းက ငါးနှစ်ကျန်သေးတယ် ဟုတ်တယ်မလား အဲ့ငါးနှစ်အတွင်း မင်းဘာပွဲမှတက်လို့မရဘူး ဘာရုပ်ရှင်ကားမှရိုက်ခွင့်မရှိဘူး ဘာအခွင့်အလမ်းမှရောက်မလာဘူး ကုန်ကုန်ပြောရရင် Weiboပေါ်တောင်Postတင်ခွင့်မပေးတဲ့အထိ လုပ်ပစ်လိုက်မယ်ဆိုဘယ်လိုသဘောရလဲ ရတယ် စာချုပ်သက်တမ်းငါးနှစ်ပြည့်မှ တခြားကုမ္ပဏီကိုပြောင်းမယ်ဆိုတဲ့ စိတ်ကူးရှိနေရင်လည်း တစ်ခါတည်းကြိုပြောထားလိုက်မယ် ငါးနှစ်ဆိုတဲ့အချိန်က အဟောင်းကိုအသစ်နဲ့ အစားထိုးဖို့ လုံလောက်တာထက်တောင်ပိုသေးတယ် အမြဲတမ်း အနုပညာရှင်အသစ်တွေ အဆက်မပြတ်ထွက်နေတာ ဘယ်ပရိသတ်ကမင်းကိုသတိရဦးမှာလဲ မင်းကိုသတိရနေသေးတဲ့လူတွေရှိလည်း စောက်ဂရုမစိုက်ဘူး ဘာလို့လဲဆိုတော့ ဘယ်ကုမ္ပဏီမှ မင်းနဲ့စာချုပ်မချုပ်ရဲလို့ မင်းနဲ့စာချုပ်ချုပ်ရဲတဲ့ကုမ္ပဏီမရှိစေရဘူးလို့ ငါရဲရဲကြီးအာမခံတယ် ''
''မင်းကငါ့အနုပညာလမ်းကြောင်းကိုပိတ်ပစ်မယ်? ဘာကိစ္စနဲ့ပိတ်တာလဲ မင်းမှာပိတ်ပိုင်ခွင့်ရှိလို့လား! ''
''ဟာ့! ငါ့မျိုးရိုးက ကျန်း ဘာကိုဆိုလိုလဲသိတယ်မလား လွယ်လွယ်လေးအစားထိုးလို့ရတဲ့ အနုပညာရှင်တစ်ယောက်အတွက်နဲ့ ဘယ်ကုမ္ပဏီကများ ကျန်းမိသားစုကို ဆန့်ကျင်ရဲမှာလဲ ဒါမှမဟုတ် သူတို့က ကျန်းအိမ်ထက် မင်းကပိုပြီးတန်ဖိုးရှိတယ်လို့ တွေးကြမယ်များ ထင်နေတာလား ''
ယွမ်မင်ရွှိ မယုံနိုင်တော့ပေ။ သူ့ရှေ့ကလူကိုကြည့်ကာ မရင်းနှီးသလိုမျိုးခံစားနေရသည်။
''မင်းဘယ်လိုလုပ်ဒီလိုလုပ်နိုင်ရတာလဲ! ဘာလို့ဒီလိုလုပ်ရတာလဲ! မင်းငါ့ကိုမကြိုက်တော့ဘူးမလား ဒါဆိုဘာလို့ ငါ့တည်ရှိမှုကို ဂရုစိုက်နေသေးလဲ ဒီတိုင်းလွှတ်ထားပေးလို့မရဘူးလား ငါ့ကိုဘာလို့တွန်းအားပေးနေရတာလဲ! ''
'' မင်းကိုတွန်းအားပေးတယ်? '' ကျန်းမော့ချန် ခပ်တိုးတိုးရယ်လိုက်သည်။ '' ငါမင်းကိုဘယ်တုန်းကများ တွန်းအားပေးခဲ့ဖူးလို့လဲ မင်းငါ့ကိုမကြိုက်ဘူးဆိုတုန်းကရော အတင်းပြန်ကြိုက်ခိုင်းလို့လား တရုတ်ပြန်ရောက်လို့ လိုက်နှောက်ယှက်တုန်းကရော တစ်ခုခုလုပ်ခဲ့ဖူးလား ဟမ်? မင်းပြောပြောနေတဲ့ အဲ့ဒီ့အနုပညာလမ်းကြောင်းကြီးကရော ဒီနေ့အထိအောင်မြင်လာတာ ငါ့ကြောင့် မဟုတ်ဘူးလား ငါရော ချင်းချီရော မင်းကိုသည်းခံသင့်သလောက် သည်းခံပေးခဲ့တယ် မင်းသူ့ကို လူငှားပြီးမရိုက်ခင်ရှေ့ရက်ကတောင် မင်းငါ့ဆီပို့တဲ့စာကိုတွေ့ပြီး တစ်ခုခုဖြစ်နေရင် မကူညီလိုက်ရမှာစိုးလို့ဆိုပြီး သဘောထားကြီးကြီးနဲ့ ဝေ့လန်ကိုစစ်ခိုင်းလိုက်သေးတယ် ဒါပေမဲ့ မင်းကရော? မင်းဘာတွေလုပ်ခဲ့လဲ ဒီလိုတွေဖြစ်လာအောင် မင်းဘာသာမင်းပဲတွန်းပို့ခဲ့တာမဟုတ်ဘူးလား ''
ကျန်းမော့ချန်မျက်ကွယ်ပြုထားသည်ဟု ထင်လိုက်သော သူ့Messageအား ယန်းချင်းချီက တရေးတယူလုပ်ပြီး ဝေ့လန်ကို စစ်ဆေးခိုင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
'' ငါမသိခဲ့ဘူးလေ အဲ့တုန်းက မင်းငါ့ကိုဂရုမစိုက်ဘူးထင်ပြီး အရမ်းဒေါသထွက်သွားလို့ စိတ်လိုက်မာန်ပါလုပ်ခဲ့မိတာပါ ပြီးတော့ အဲ့အချိန်တုန်းက ငါနဲ့ကျိုးရီရှင်းနဲ့ ရန်ဖြစ်ထားတာ သူ ငါ့ကိုတစ်ခုခုလုပ်လိုက်မှာစိုးလို့ မင်းဆီအကူအညီတောင်းခဲ့တာပါ တကယ်လို့ အရင်ကမင်းသာဆို ငါ့ကိုကူညီမယ်ဆိုတာသိပေမဲ့ အခုသူရှိနေလို့ ငါ့ကို အေးစက်စက်ဆက်ဆံနေတာဆိုပြီး ငါလည်း သူ့ကိုသင်ခန်းစာနည်းနည်းပေးဖို့ဆုံးဖြတ်လိုက်တာ ငါမှားသွားပါတယ် ငါ့ကိုခွင့်လွှတ်ပေးပါ နောက်ဘယ်တော့မှ ဒီလိုမျိုးမလုပ်တော့ပါဘူး ''
''ဒီလောက်အမှားကြီးလုပ်ထားတာတောင် တောင်းပန်လိုက်ရုံနဲ့ ငါက ကျေအေးပေးရဦးမယ်ပေါ့? ''
''သူဘာမှမဖြစ်သွားဘူးလေ ဟုတ်တယ်မလား! အခု ဆေးရုံတက်လိုက်ရတဲ့လူက ငါပါ သူမဟုတ်ဘူး! ''
ကျန်းမော့ချန်အမူအရာက ချက်ချင်းအေးစက်သွားသည်။
'' အခုဒီနေရာမှာလှဲနေတဲ့လူက သူမဟုတ်တာနဲ့တင် မင်းကျေးဇူးတင်သင့်နေပြီ သူဘာမှမဖြစ်သွားတာနဲ့တင် မင်းတော်တော်လေးဝမ်းသာသင့်နေပြီ မဟုတ်ရင် မင်းအခု ဆေးရုံမှာလှဲနေရမှာမဟုတ်ဘူး ထောင်ထဲမှာထိုင်နေရမှာ ယွမ်မင်ရွှိ မင်းဘယ်မျက်နှာနဲ့များဒီစကားပြောရဲတာလဲ ဟမ်? တော်တော်လေးရဲတင်းလှချည်လား ငါ့မှာ သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်လိုက်ရတာ သူတခုခုဖြစ်သွားမှာစိုးလို့ အမြဲစိတ်ပူလိုက်ရတာ ဒါကိုများ မင်းက သူ့ကိုရိုက်ဖို့ လူငှားလိုက်သေးတယ်? သိပ်ကောင်းတယ် ယွမ်မင်ရွှိ ငယ်ငယ်လေးကတည်းက တရားဥပဒေဘောင်မဝင်တဲ့ လုပ်ရပ်တွေ မလုပ်ရဘူးလို့ သင်ပြမခံထားရရင် မင်းအခုလိုမျိုး အကောင်းတိုင်းအသက်ရှင်နေဦးမယ်လို့များထင်နေတာလား အစောကြီးကတည်းက တစ်ခုခုလုပ်ပစ်လိုက်ပြီ! ''
ယွမ်မင်ရွှိ ကြောင်အသွားကာ ဘာစကားမှမပြောနိုင်တော့ပေ။
ကျန်းမော့ချန် ထပ်ပြောလာပြန်သည်။
'' မင်း Xမြို့ကနေမထွက်သွားချင်ဘူးမလား ရတယ်လေ ငါအခုရဲခေါ်လိုက်မယ် တရားဥပဒေအတိုင်းလုပ်ကြတာပေါ့ တရားရုံးမှာပြန်တွေ့ကြမယ် ''
''ကျန်းမော့ချန် မင်းရူးနေတာလား! ငါ ကျိုးချန်ကို အမိန့်ပေးပြီး ယန်းချင်းချီကိုရိုက်ခိုင်းတယ်ဆိုရင်တောင် ဒီကိစ္စက မှုခင်းအကြီးစားကြီးမှမဟုတ်တာ လူတစ်ယောက်သတ်ရင်တောင် အနည်းဆုံးမှထောင်ဆယ်နှစ်လောက်ပဲကျတာ အခု ယန်းချင်းချီမှ ဘာမှမဖြစ်သွားတာ ငါ့ကိုဘယ်လိုထောင်ချမှာလဲ လပိုင်းလား ရက်ပိုင်းလား ''
ကျန်းမော့ချန် ယွမ်မင်ရွှိကို ကြည့်ကာ ဒီလိုလူမျိုးကို ဘယ်လိုစုံလုံးကန်းပြီး ကြိုက်ခဲ့မိမှန်း နားမလည်နိုင်ဖြစ်နေတော့သည်။
''မင်းမေ့သွားပြီလား ငါ့မျိုးရိုးက ကျန်းလို့ မပြောခဲ့ဘူးလား ငါ့မှာသာဆန္ဒရှိရင် မင်းကို တစ်သက်လုံး ထောင်ထဲထည့်ထားလို့ရတယ် ယွမ်မင်ရွှိ ငါ ကျန်းအိမ်နာမည်ကိုသုံးပြီး လူတွေကို လိုက်ဖိနှိပ်ရတာမျိုးမကြိုက်ဘူး ဒါပေမဲ့ သုံးရတာမကြိုက်ရုံပဲ မသုံးဘူးလို့မဆိုလိုဘူး ''
ယွမ်မင်ရွှိ ထိုစကားကြားတော့ တော်တော်လေးကြောက်ရွံ့သွားသည်။ ကျန်းမော့ချန် ဖုန်းထုတ်လိုက်တာကိုမြင်သည့်အခါ ကြောက်အားလန့်အားဖြင့် ကုန်းအော်လေသည်။
''ငါသွားပါ့မယ်! ဒီနေရာကနေထွက်သွားပါ့မယ်! ဒီနေရာကနေထွက်သွားပါ့မယ်! အခု မင်းတို့ကျေနပ်ကြပြီလား! ''
ယွမ်မင်ရွှိ မျက်ရည်တွေဖြင့် ကျန်းမော့ချန်ကို မော့ကြည့်လိုက်သည်။
'' မင်းတို့လူချမ်းသာတွေကအမြဲအဲ့အတိုင်းပဲ မင်းတို့ကြိုက်နေသရွေ့ကတော့ လက်ပေါ်ကတောင်မချနိုင်တဲ့ ရတနာပဲ မင်းတို့မကြိုက်တော့ မြက်လောက်တောင် တန်ဖိုးမရှိတော့ဘူး အချိန်မရွေးဖိသတ်လို့ရတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ သဘောထားတော့တယ်! ငါ့အလုပ်အကိုင်တွေကို ပိတ်ဆို့ပစ်မယ်ပြောလိုက်တာနဲ့ သူတို့ကမင်းစိတ်တိုင်းကျ လိုက်လုပ်ပေးလိမ့်မယ် ငါ့ကိုဒီနေရာမှာမရှိစေချင်ဘူးပြောလိုက်တာနဲ့ စိတ်တိုင်းကျထွက်သွားပေးရတယ် ဒါပေမဲ့ ကျန်းမော့ချန် မင်း ငါ့ကိုကြိုက်ခဲ့ဖူးတာပဲ သူ့ကိုအခုတန်ဖိုးထားသလိုမျိုး လက်ကမချနိုင်ဖြစ်ခဲ့ဖူးတာပဲ နောက်တော့ရော? ''
ယွမ်မင်ရွှိ ခါးသက်သက်ပြုံးလိုက်သည့်အချိန် ပါးပေါ် မျက်ရည်တွေစီးကျလာသည်။
'' နောက်တော့ မင်းနောက်တစ်ယောက်ကိုထပ်ကြိုက်သွားတာပဲမလား ငါက မင်းမျက်လုံးထဲမှာ ဘာမှမဟုတ်တော့ဘူးလေ မင်း ငါ့ကိုဒီလိုမျိုးဆက်ဆံမှတော့ သူကိုလည်း တချိန်ချိန်မှာ ဒီပုံစံအတိုင်းပဲ ဆက်ဆံဦးမှာပဲ ၇နှစ် ငါမင်းတို့နှစ်ယောက်ကို ၇နှစ်စောင့်ကြည့်နေမယ် မင်းသူ့ကို၇နှစ်လောက်ကြာအောင်တောင် သဘောကျနိုင်ပါ့မလားဆိုတာ ငါသေချာစောင့်ကြည့်နေမှာ ''
ကျန်းမော့ချန် ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်ကာ
''ဒါဆိုရင်တော့ မင်းကိုမင်းအထင်ကြီးလွန်းနေပြီ '' သူအေးစက်စက်ဖြင့် ထပ်ဖြည့်ပြောလာသည်။ '' မင်းမှာ သူနဲ့ယှဥ်ပိုင်ခွင့်ရှိလို့လား ''
ယွမ်မင်ရွှိ ရယ်လိုက်သည်။
''ဟုတ်ပါတယ် ငါ့မှာ အခု ယှဥ်ပိုင်ခွင့်တောင်မရှိတော့ပါဘူး ဘာလို့လဲဆိုတော့ မင်းမှငါ့ကိုမကြိုက်တော့တာ ဒါပေမဲ့ တစ်နေ့နေ့မှာ သူလည်းငါ့လိုဖြစ်လာလိမ့်မယ် သူလည်း နောက်တစ်ယောက်နဲ့ယှဥ်ပိုင်ခွင့်ရှိမှာမဟုတ်တော့ဘူး ဘာလို့လဲဆိုတော့ မင်းကနောက်တစ်ယောက်ကိုထပ်ကြိုက်သွားပြီး သူ့ကိုငါ့လိုမျိုးငြင်းဆန်တော့မှာမို့လို့လေ ''
''မင်း အတွေးလွန်နေပြီ '' ကျန်းမော့ချန် မျက်လုံးအထိမရောက်သောအပြုံးဖြင့် ယွမ်မင်ရွှိကိုကြည့်လိုက်ကာ '' ငါ အခုမဝန်ခံချင်ပေမဲ့ ငါမင်းကိုကြိုက်ခဲ့ဖူးတယ်ဆိုတဲ့ အမှန်တရားကိုမငြင်းဘူး ဒါပေမဲ့ငါအရမ်းနောင်တရနေတယ် အဲ့တော့ မင်းတို့နှစ်ယောက်ကြားက မိုးနဲ့မြေလိုကွာခြားချက်တွေကို ငါပိုပိုပြီးသတိထားမိလာတယ် ယွမ်မင်ရွှိ မင်းပြောတာတွေမှားနေတယ် ငါ မင်းကိုကြိုက်သလိုမျိုးများ သူ့ကိုကြိုက်တယ်လို့ထင်နေတာလား ''
ကျန်းမော့ချန် ခေါင်းခါလိုက်သည်။
''မဟုတ်ဘူး လုံးဝပဲ ငါသူ့ကိုမင်းထက်ပိုပြီးချစ်တယ် မင်းထက်ပိုပြီးမြတ်နိုးတယ် ငါ့ဘဝမှာ သူ့လောက် ဘယ်သူ့ကိုမှ သဘောမကျဖူးဘူး မင်း ငါ့အစီအစဥ်တွေကိုငြင်းဆန်ပြီး ကျိုးရီရှင်းနောက်လိုက်သွားတယ် ငါ မင်းနောက်မလိုက်ခဲ့ဘူး ကိုယ့်ကိုကိုယ်နှစ်သိမ့်ပြီး မင်းကိုလက်လျှော့လိုက်တယ် တကယ်လို့ တနေ့နေ့မှာသာ သူအဲ့လိုမျိုး ငါ့ကိုထားပြီးထွက်သွားခဲ့ရင် ငါရအောင်လိုက်ရှာမှာ ငါ့အနားကိုအရပြန်ခေါ်ထားမှာ ဘယ်သူလက်ထဲမှလည်းမထည့်နိုင်သလို ဘယ်သူနဲ့မှလည်းချစ်ခွင့်မပေးနိုင်ဘူး သူကငါ့အပိုင် လူတစ်ယောက်အပေါ်ရှိတဲ့ခံစားချက်ကို သုံး၊ ခြောက်၊ ကိုးဆိုပြီး ရလာဒ်သတ်မှတ်ထားရင် မင်းကအနိမ့်ဆုံးသုံးပဲ ဘာလို့လဲဆိုတော့ မင်းကငါ့ကိုရင်ခုန်ရုံလောက်ပဲလုပ်ပေးနိုင်တာ ဒါပေမဲ့ သူကတစ်ဆယ်! သူ့က ငါ့နှလုံးသားကြီးတစ်ခုလုံးကို နွေးထွေးသွားအောင် လုပ်နိုင်ခဲ့တယ် အဲ့တော့ မင်းဘာသာမင်း ၇နှစ်မကလို့ အနှစ်၇၀စောင့်စောင့် ငါက သူ့ကို မင်းပြောသလို ဘယ်တော့မှဆက်ဆံမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ ငါသူ့ကိုအရမ်းချစ်လို့ ငါ့အနားကနေထွက်သွားမယ်ဆိုတဲ့အချက်ကလွဲပြီး သူဘာပြောပြောအကုန်လက်ခံပေးနိုင်တယ် အကုန်ဖြည့်ဆည်းပေးချင်တယ် ''
ယွမ်မင်ရွှိ ဘာမှဆက်မပြောနိုင်တော့ပါ။ သူကျန်းမော့ချန်ကိုသာ မျက်ရည်တွေနဲ့ကြည့်နေလိုက်သည်။ ကျန်းမော့ချန်ပေါက်ကရတွေကို မယုံကြည်ဘူးဆိုသော်ငြား သူ့ဝမ်းနည်းမှုတွေကိုတော့ထိန်းထားလို့မရခဲ့ပေ။ ရင်ထဲတစစ်စစ်ထိုးအောင့်အောင်လုပ်နေသည့် ထိုစိတ်ပျက်ဝမ်းနည်းမှုများက နှလုံးဆွဲထုတ်ခံလိုက်ရတာထက်တောင် ပိုခံရခက်သေးသည်။
'' မင်းကို စောင့်ကြည့်ဖို့ ငါလူနှစ်ယောက်ထားခဲ့မယ် ဆေးရုံကဆင်းလို့ရတာနဲ့ ဒီကနေထွက်သွားလိုက်တော့ ငါတို့ရှေ့ ဘယ်တော့မှပေါ်မလာနဲ့ မင်းက အခု ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်တော့ဘူးဆိုတာကို သေချာသိသွားမှတော့ ငါ့စကားကိုလေလိုပဲ သဘောမထားနဲ့ ထောင်ထဲမှာ တစ်သက်လုံးနေရလည်းအဆင်ပြေတယ်ဆိုရင် ပြန်လာခဲ့ မင်းတောင်ဂရုမစိုက်မှတော့ ငါ့ဘက်ကလည်းဂရုစိုက်စရာအကြောင်းမရှိဘူး ''
''ငါ့ကိုစောင့်ကြည့်ဖို့လူလွှတ်ထားတယ်? ဒါတရားမဝင်ဘူးလေ! ''
'' ငါပြောပြီးပြီ မင်းကိုမင်းအရမ်းအထင်ကြီးလွန်းနေတယ်လို့ ငါက မင်းအတွက်နဲ့ ဘာလို့ တရားဥပဒေကိုချိုးဖောက်ရမှာလဲ တန်မှမတန်တာ ဒီလူတွေက မင်းပြောင်းရွှေ့ရင် ကူညီပေးဖို့ လွှတ်ထားရုံပဲ မဟုတ်ရင် မင်းဒဏ်ရာက လေး၊ငါးလလောက် ကုရဦးမယ်လို့ အကြောင်းပြပြီး ဒီဆေးရုံမှာကပ်တွယ်ချင်နေသေးတာလား ''
ယွမ်မင်ရွှိ မချိပြုံး,ပြုံးလိုက်မိသည်။ သူ့တစ်ကိုယ်လုံး ရေခဲရေထဲအနှစ်ခံလိုက်ရသလိုမျိုး အအေးဓာတ်က တစိမ့်စိမ့်ဝါးမျိုးလာခဲ့သည်။ သူအခုဘာပြောနိုင်ဦးမှာလဲ ဘာလုပ်နိုင်ဦးမှာလဲ။ အားလုံးက အားကြီးသူအလိုကျပဲဟာ။ ယွမ်မင်ရွှိ ကျန်းမော့ချန်ကိုသာ စိတ်ပျက်လက်ပျက်ကြည့်နေလိုက်ပြီး လူ့နှလုံးသားက တကယ်ကြောက်ဖို့ကောင်းသည်ဟု သာခံစားနေရသည်။ မင်းကိုကြိုက်နေသရွေ့ကတော့ အရာရာမင်းအတွက်ပဲ မင်းကိုမကြိုက်တော့ရင် မင်းသေသေရှင်ရှင် သူနဲ့ဘာမှမသက်ဆိုင်တော့ဘူး။
ကျန်းမော့ချန်ကလည်း ပြောချင်တာတွေအကုန်ပြောပြီးပြီ ဖြစ်တာကြောင့် ဒီအခန်းထဲမှာ တစ်စက်ကလေးတောင် ရပ်နေချင်စိတ်မရှိတော့သဖြင့် အပြင်ကိုထွက်လာလိုက်ကာ တံခါးမှာစောင့်နေသည့်နှစ်ယောက်ကိုကြည့်ရင်း မှာလိုက်သည်။
''ကောင်းကောင်းစောင့်ကြည့်ထား ''
''ဟုတ်ကဲ့ပါ သခင်လေး '' ထိုနှစ်ယောက်ကလည်း တရိုတသေလေးပြန်ဖြေလာသည်။
ယွမ်မင်ရွှိ ဆေးရုံကုတင်ပေါ်မှာ ငူငူငိုင်ငိုင်ဖြင့်အကြာကြီးထိုင်နေကာ ရုတ်တရက်ထရယ်လိုက်သည်။ ရယ်လေရယ်လေ အသံပိုကျယ်လာလေဖြစ်ပြီး နောက်ဆုံးမှာတော့ ငိုသံတွေပါရောယှက်လာသည်။ သူ့မျက်နှာကို လက်ဖြင့်အုပ်ရင်း အသံအကျယ်ကြီးထွက်ပြီး အော်ဟစ်ငိုယိုနေသည်။ ထိုအော်ငိုသံကြီးက ပိုစူးရှပြီး ပိုကျယ်လောင်လာကာ လက်သင့်မခံနိုင်မှုနှင့် နာကျင်မှုအချို့ပါ ရောစွက်နေသည်။ နှလုံးကွဲမတတ်အော်ဟစ်ငိုကြွေးသံကြီးက ကြားရသူကိုစိတ်မသက်မသာဖြစ်စေသော်ငြား သနားကြင်နာပေးမည့်လူတော့ရှိမနေခဲ့ပေ။
ယွမ်မင်ရွှိ နောက်နှစ်ပတ်နေတော့ ဆေးရုံဆင်းလိုက်ရသည်။ ထိုနေ့က ရာသီဥတုအုံ့မှိုင်းနေကာ အပူချိန်ကလည်းပြန်တက်မလာသေးပဲ ဘယ်နေရာကြည့်ကြည့် အအေးဓာတ်ကသာအုပ်စိုးနေသည်။ ယွမ်မင်ရွှိ ခြေထောက်ကတော့ အကောင်းကြီးမဟုတ်သေးပါ။ အခုချိန်အထိ ကျောက်ပတ်တီးစည်းထားရဆဲဖြစ်ကာ လှုပ်လိုက်ရုံဖြင့်နာကျင်နေဆဲပင်။ ရေအိမ်ကိုတောင် ချိုင်းထောက်အကူအညီဖြင့်သွားနေရတာကြောင့် ထိုနေ့မှာ ကျန်းမော့ချန်လွှတ်ထားသည့်လူနှစ်ယောက်က သူ့ကိုသယ်ရင်း ဆေးရုံကဆင်းစေသည်။
သူတို့ Lမြို့ကိုရောက်လာတော့ ယွမ်မင်ရွှိ ရင်းနှီးသလိုလိုဖြင့် မရင်းနှီးသည့် သူ့မွေးရပ်မြေသူကြည့်လိုက်ကာ သူနဲ့မသက်ဆိုင်တော့သလိုမျိုး ခံစားလိုက်ရသည်။ အထက်တန်းပြီးကတည်းက အခုချိန်အထိ ဒီနေရာကို ပြန်မလာတာကြာပြီဖြစ်တာကြောင့် ဘာတစ်ခုမှလည်းလွမ်းဆွတ်မနေပေ။ အတင်းအကျပ်ဖြင့် ဒီကိုပြန်လာရတယ်ဆိုသည့် အချက်နဲ့ပင် မသိစိတ်ကနေ မုန်းတောင်မုန်းနေသေးသည်။
ကျန်းမော့ချန်လူတွေက သူ့အရင်အိမ်ကိုပြန်ပို့ကြတော့ ဒီအိမ်ကြီးထဲမှာ သူတစ်ယောက်ထဲနေရတော့မည်ဆိုသည့်အတွေးနဲ့တင်....
''ယွမ်သခင်လေး ဒါဆိုကျွန်တော်တို့ပြန်တော့မယ် ကျွန်တော်တို့သခင်လေးစကားကိုနားထောင်ပြီး ဒီမှာကောင်းကောင်းနေမယ်လို့ မျှော်လင့်ပါတယ် ''
ထိုလူတွေ တံခါးပိတ်ပြီး ထွက်သွားတာကိုသာအသက်မပါသည့်မျက်လုံးများဖြင့် အချိန်အကြာကြီးကြည့်နေလိုက်သည်။ ထို့နောက် သူကြီးပြင်းခဲ့သည့် အိမ်အိုကြီးကို လှည့်ပတ်ကြည့်ရှုလိုက်ကာ ဒီကို တနေ့ ဒီလိုသနားစရာကောင်းသည့်ပုံစံမျိုးဖြင့် ပြန်လာရလိမ့်မည်ဟု လုံးဝမတွေးထင်ထားခဲ့ပေ။ သူလုံးဝလက်သင့်မခံနိုင်ပါ။ ဒါပေမဲ့ လက်မခံနိုင်တော့ရောဘာလုပ်လို့ရတော့မှာလဲ။ သူ့ မန်နေဂျာက သူ့ဆီ Wechat Messageပို့ထားသည်။ သူ အပြစ်မပြုသင့်တဲ့လူကို အပြစ်ပြုမိထားတာကြောင့် သူတို့လည်းမတတ်နိုင်သဖြင့် သူ့အလုပ်တွေအကုန်လုံးကို ထိုလူ့စိတ်တိုင်းကျ ရပ်တန့်လိုက်ရတော့မည်ဟု စာပို့လာခဲ့သည်။
ယွမ်မင်ရွှိ စိတ်ပျက်အားငယ်နေသည်။ သူလုပ်နိုင်တာဘာမှမရှိတော့ပါ။ ကျန်းမော့ချန်ကို သူ့ဆီ စိတ်ပြန်လည်လာအောင် ဘယ်လိုနည်းနဲ့မှ လုပ်လို့မရတော့မှန်း သူသေချာနားလည်လိုက်သည်။ ကျန်းမော့ချန်က ဘယ်လောက်ပဲ ညင်သာသိမ်မွေ့ပြီး စိတ်ထားကောင်းပါစေ အခုတော့ အားလုံးကွဲပြားသွားပြီဖြစ်သည်။ ကျန်းမော့ချန်က သူ့လိုသာမန်လူတစ်ယောက်မဟုတ်ပါ။ ကျိုးရီရှင်းထက်တောင် နောက်ခံအင်အားတောင့်သေးသည်။ သို့သော် ကျန်းမော့ချန်က နောက်ခံအားကိုးဖြင့် ဘယ်သူ့ဘယ်သူကိုမှ မချိုးနှိမ်ဖူးတာကြောင့် ကျန်းမော့ချန်ရဲ့ကျန်းက ကျန်းကော်ပိုရေးရှင်းကကျန်းမှန်း မေ့သွားခဲ့ရုံသာ။
သူ ဖိနပ်စင်ဘေး စိတ်ပျက်လက်ပျက်ထိုင်ချလိုက်ကာ ဝမ်းနည်းစိတ်အပြည့်ဖြင့်ငိုကြွေးလိုက်သည်။ အကူအညီမဲ့စွာအော်ဟစ်မြည်တမ်းနေရင်း ___ သူ့ကို ဘယ်သူကူညီနိုင်မလဲ အခု သူ့ကို ဘယ်သူကူညီနိုင်မလဲ.........
_________________________________
ကျန်းမော့ချန်လုပ်ရပ်ကို အားရကြတဲ့လူလည်းရှိသလို အားမလိုအားမရဖြစ်ကြတဲ့လူလည်းရှိမှာပါ။ ဒါပေမဲ့ ကိုယ်တွေGongက Gentle Gongလေ။ မော့ချန်က ဘယ်တော့မှ Violentဖြစ်စေမဲ့ လုပ်ရပ်တွေမလုပ်ပါဘူး။ သူ ယွမ်မင်ရွှိကို စိတ်တိုတယ်၊ဒေါသထွက်တယ်၊မုန်းတယ်။ ဒါပေမဲ့ချင်းချီနဲ့ချီချီဘာမှမဖြစ်တဲ့အတွက် စည်းဘောင်ကျော်တဲ့ကိစ္စတွေလုပ်မှာမဟုတ်ပါဘူး။ သူနဲ့ချင်းချီက အမြဲတမ်း တစ်စုံတစ်ယောက်အတွက် အသက်ရှုပေါက်ချန်ထားပေးတတ်ပါတယ်။ ဒါက အားသာချက်တစ်ခုလည်းဖြစ်သလို အားနည်းချက်လို့လည်းပြောလို့ရပါတယ်။ တကယ်လို့ ဒီနေရာမှာ ဝေ့ရွှင်း ဒါမှမဟုတ် နောက်ပေါ်လာမဲ့အသစ်တစ်ယောက်သာဆို ယွမ်မင်ရွှိက ယွမ်မင်ကွိဖြစ်နေလောက်ပါပြီ။ ကိုယ်ကတော့ မော့ချန်နည်းလမ်းကိုသဘောကျပါတယ်။ ဇာတ်လိုက်မို့လို့စိတ်ထားကောင်းတာ၊ဘာညာကွိကွတွေထက် အနည်းဆုံးတော့လူသားဆန်သေးတယ်လေ။ ဟိုအကောင်ကအဲ့အခွင့်အရေးကို တန်ဖိုးမထားပေမဲ့လည်းပေါ့။
P.S နောက်ပေါ်လာမဲ့လူကိုလည်းမဝိုက်ကြပါနဲ့ ဟိုကသူ့အတွဲနဲ့သူပါ ဗက်ဟက်ဟက် 🤣
Zawgyi
က်န္းေမာ့ခ်န္ ယြမ္မင္႐ႊိကို Xၿမိဳ႕ကေန ႏွင္ထုတ္လိုက္ၿပီ
__________________________________
''အဲ့လိုမဟုတ္ပါဘူး...... '' ယြမ္မင္႐ႊိ တိုးတိုးေလး ေရ႐ြတ္လိုက္သည္။
''ဟုတ္ဟုတ္ မဟုတ္ဟုတ္ ငါ့ကိစၥမဟုတ္ဘူး မင္းက ငါနဲ႔ဘာမွမဆိုင္ေတာ့ဘူး ယြမ္မင္႐ႊိ ငါမင္းကိုဒီေန႔လာေတြ႕ရတဲ့ အေၾကာင္းအရင္းက ဒီXၿမိဳ႕ကေန ထြက္သြားခိုင္းဖို႔ပဲ မင္းရဲ႕ေမြးရပ္ေျမက ဒီမွာမဟုတ္ဘူး Lၿမိဳ႕မွာလို႔ ေျပာဖူးတယ္မလား အဲ့ကိုျပန္လိုက္ေတာ့ ငါတို႔ေ႐ွ႕ဘယ္ေတာ့မွထပ္မေပၚလာနဲ႔ ''
''ငါသေဘာမတူဘူး ငါကဘာလို႔ထြက္သြားရမွာလဲ! ဒီမွာ ငါ့အလုပ္ေတြ႐ွိတယ္ ငါ့အသိမိတ္ေဆြေတြ႐ွိတယ္ ငါလုံးဝထြက္မသြားႏိုင္ဘူး ''
''မင္းရဲ႕အလုပ္? '' က်န္းေမာ့ခ်န္ ေလွာင္ျပဳံး,ျပဳံးျပလိုက္သည္။ '' တစ္ေယာက္ေယာက္က မင္းရဲ႕အႏုပညာလမ္းေၾကာင္းကို ပိတ္ဆို႔ခ်င္ရင္ သူတို႔လည္း ေ႐ြးခ်ယ္စရာမ႐ွိပဲလိုက္လုပ္ေပးရတယ္ဆိုတာမ်ိဳး မင္းရဲ႕ မန္ေနဂ်ာက မင္းကိုမေျပာျပဖူးဘူးလား ငါမွတ္မိသေလာက္ေတာ့ မင္းနဲ႔မင္းကုမၸဏီနဲ႔ စာခ်ဳပ္သက္တမ္းက ငါးႏွစ္က်န္ေသးတယ္ ဟုတ္တယ္မလား အဲ့ငါးႏွစ္အတြင္း မင္းဘာပြဲမွတက္လို႔မရဘူး ဘာ႐ုပ္႐ွင္ကားမွ႐ိုက္ခြင့္မ႐ွိဘူး ဘာအခြင့္အလမ္းမွေရာက္မလာဘူး ကုန္ကုန္ေျပာရရင္ Weiboေပၚေတာင္Postတင္ခြင့္မေပးတဲ့အထိ လုပ္ပစ္လိုက္မယ္ဆိုဘယ္လိုသေဘာရလဲ ရတယ္ စာခ်ဳပ္သက္တမ္းငါးႏွစ္ျပည့္မွ တျခားကုမၸဏီကိုေျပာင္းမယ္ဆိုတဲ့ စိတ္ကူး႐ွိေနရင္လည္း တစ္ခါတည္းႀကိဳေျပာထားလိုက္မယ္ ငါးႏွစ္ဆိုတဲ့အခ်ိန္က အေဟာင္းကိုအသစ္နဲ႔ အစားထိုးဖို႔ လုံေလာက္တာထက္ေတာင္ပိုေသးတယ္ အၿမဲတမ္း အႏုပညာ႐ွင္အသစ္ေတြ အဆက္မျပတ္ထြက္ေနတာ ဘယ္ပရိသတ္ကမင္းကိုသတိရဦးမွာလဲ မင္းကိုသတိရေနေသးတဲ့လူေတြ႐ွိလည္း ေစာက္ဂ႐ုမစိုက္ဘူး ဘာလို႔လဲဆိုေတာ့ ဘယ္ကုမၸဏီမွ မင္းနဲ႔စာခ်ဳပ္မခ်ဳပ္ရဲလို႔ မင္းနဲ႔စာခ်ဳပ္ခ်ဳပ္ရဲတဲ့ကုမၸဏီမ႐ွိေစရဘူးလို႔ ငါရဲရဲႀကီးအာမခံတယ္ ''
''မင္းကငါ့အႏုပညာလမ္းေၾကာင္းကိုပိတ္ပစ္မယ္? ဘာကိစၥနဲ႔ပိတ္တာလဲ မင္းမွာပိတ္ပိုင္ခြင့္႐ွိလို႔လား! ''
''ဟာ့! ငါ့မ်ိဳး႐ိုးက က်န္း ဘာကိုဆိုလိုလဲသိတယ္မလား လြယ္လြယ္ေလးအစားထိုးလို႔ရတဲ့ အႏုပညာ႐ွင္တစ္ေယာက္အတြက္နဲ႔ ဘယ္ကုမၸဏီကမ်ား က်န္းမိသားစုကို ဆန္႔က်င္ရဲမွာလဲ ဒါမွမဟုတ္ သူတို႔က က်န္းအိမ္ထက္ မင္းကပိုၿပီးတန္ဖိုး႐ွိတယ္လို႔ ေတြးၾကမယ္မ်ား ထင္ေနတာလား ''
ယြမ္မင္႐ႊိ မယုံႏိုင္ေတာ့ေပ။ သူ႕ေ႐ွ႕ကလူကိုၾကည့္ကာ မရင္းႏွီးသလိုမ်ိဳးခံစားေနရသည္။
''မင္းဘယ္လိုလုပ္ဒီလိုလုပ္ႏိုင္ရတာလဲ! ဘာလို႔ဒီလိုလုပ္ရတာလဲ! မင္းငါ့ကိုမႀကိဳက္ေတာ့ဘူးမလား ဒါဆိုဘာလို႔ ငါ့တည္႐ွိမႈကို ဂ႐ုစိုက္ေနေသးလဲ ဒီတိုင္းလႊတ္ထားေပးလို႔မရဘူးလား ငါ့ကိုဘာလို႔တြန္းအားေပးေနရတာလဲ! ''
'' မင္းကိုတြန္းအားေပးတယ္? '' က်န္းေမာ့ခ်န္ ခပ္တိုးတိုးရယ္လိုက္သည္။ '' ငါမင္းကိုဘယ္တုန္းကမ်ား တြန္းအားေပးခဲ့ဖူးလို႔လဲ မင္းငါ့ကိုမႀကိဳက္ဘူးဆိုတုန္းကေရာ အတင္းျပန္ႀကိဳက္ခိုင္းလို႔လား တ႐ုတ္ျပန္ေရာက္လို႔ လိုက္ေႏွာက္ယွက္တုန္းကေရာ တစ္ခုခုလုပ္ခဲ့ဖူးလား ဟမ္? မင္းေျပာေျပာေနတဲ့ အဲ့ဒီ့အႏုပညာလမ္းေၾကာင္းႀကီးကေရာ ဒီေန႔အထိေအာင္ျမင္လာတာ ငါ့ေၾကာင့္ မဟုတ္ဘူးလား ငါေရာ ခ်င္းခ်ီေရာ မင္းကိုသည္းခံသင့္သေလာက္ သည္းခံေပးခဲ့တယ္ မင္းသူ႕ကို လူငွားၿပီးမ႐ိုက္ခင္ေ႐ွ႕ရက္ကေတာင္ မင္းငါ့ဆီပို႔တဲ့စာကိုေတြ႕ၿပီး တစ္ခုခုျဖစ္ေနရင္ မကူညီလိုက္ရမွာစိုးလို႔ဆိုၿပီး သေဘာထားႀကီးႀကီးနဲ႔ ေဝ့လန္ကိုစစ္ခိုင္းလိုက္ေသးတယ္ ဒါေပမဲ့ မင္းကေရာ? မင္းဘာေတြလုပ္ခဲ့လဲ ဒီလိုေတြျဖစ္လာေအာင္ မင္းဘာသာမင္းပဲတြန္းပို႔ခဲ့တာမဟုတ္ဘူးလား ''
က်န္းေမာ့ခ်န္မ်က္ကြယ္ျပဳထားသည္ဟု ထင္လိုက္ေသာ သူ႕Messageအား ယန္းခ်င္းခ်ီက တေရးတယူလုပ္ၿပီး ေဝ့လန္ကို စစ္ေဆးခိုင္းလိမ့္မည္ဟု မထင္ထားခဲ့ေပ။
'' ငါမသိခဲ့ဘူးေလ အဲ့တုန္းက မင္းငါ့ကိုဂ႐ုမစိုက္ဘူးထင္ၿပီး အရမ္းေဒါသထြက္သြားလို႔ စိတ္လိုက္မာန္ပါလုပ္ခဲ့မိတာပါ ၿပီးေတာ့ အဲ့အခ်ိန္တုန္းက ငါနဲ႔က်ိဳးရီ႐ွင္းနဲ႔ ရန္ျဖစ္ထားတာ သူ ငါ့ကိုတစ္ခုခုလုပ္လိုက္မွာစိုးလို႔ မင္းဆီအကူအညီေတာင္းခဲ့တာပါ တကယ္လို႔ အရင္ကမင္းသာဆို ငါ့ကိုကူညီမယ္ဆိုတာသိေပမဲ့ အခုသူ႐ွိေနလို႔ ငါ့ကို ေအးစက္စက္ဆက္ဆံေနတာဆိုၿပီး ငါလည္း သူ႕ကိုသင္ခန္းစာနည္းနည္းေပးဖို႔ဆုံးျဖတ္လိုက္တာ ငါမွားသြားပါတယ္ ငါ့ကိုခြင့္လႊတ္ေပးပါ ေနာက္ဘယ္ေတာ့မွ ဒီလိုမ်ိဳးမလုပ္ေတာ့ပါဘူး ''
''ဒီေလာက္အမွားႀကီးလုပ္ထားတာေတာင္ ေတာင္းပန္လိုက္႐ုံနဲ႔ ငါက ေက်ေအးေပးရဦးမယ္ေပါ့? ''
''သူဘာမွမျဖစ္သြားဘူးေလ ဟုတ္တယ္မလား! အခု ေဆး႐ုံတက္လိုက္ရတဲ့လူက ငါပါ သူမဟုတ္ဘူး! ''
က်န္းေမာ့ခ်န္အမူအရာက ခ်က္ခ်င္းေအးစက္သြားသည္။
'' အခုဒီေနရာမွာလွဲေနတဲ့လူက သူမဟုတ္တာနဲ႔တင္ မင္းေက်းဇူးတင္သင့္ေနၿပီ သူဘာမွမျဖစ္သြားတာနဲ႔တင္ မင္းေတာ္ေတာ္ေလးဝမ္းသာသင့္ေနၿပီ မဟုတ္ရင္ မင္းအခု ေဆး႐ုံမွာလွဲေနရမွာမဟုတ္ဘူး ေထာင္ထဲမွာထိုင္ေနရမွာ ယြမ္မင္႐ႊိ မင္းဘယ္မ်က္ႏွာနဲ႔မ်ားဒီစကားေျပာရဲတာလဲ ဟမ္? ေတာ္ေတာ္ေလးရဲတင္းလွခ်ည္လား ငါ့မွာ သူ႕ကို အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္လိုက္ရတာ သူတခုခုျဖစ္သြားမွာစိုးလို႔ အၿမဲစိတ္ပူလိုက္ရတာ ဒါကိုမ်ား မင္းက သူ႕ကို႐ိုက္ဖို႔ လူငွားလိုက္ေသးတယ္? သိပ္ေကာင္းတယ္ ယြမ္မင္႐ႊိ ငယ္ငယ္ေလးကတည္းက တရားဥပေဒေဘာင္မဝင္တဲ့ လုပ္ရပ္ေတြ မလုပ္ရဘူးလို႔ သင္ျပမခံထားရရင္ မင္းအခုလိုမ်ိဳး အေကာင္းတိုင္းအသက္႐ွင္ေနဦးမယ္လို႔မ်ားထင္ေနတာလား အေစာႀကီးကတည္းက တစ္ခုခုလုပ္ပစ္လိုက္ၿပီ! ''
ယြမ္မင္႐ႊိ ေၾကာင္အသြားကာ ဘာစကားမွမေျပာႏိုင္ေတာ့ေပ။
က်န္းေမာ့ခ်န္ ထပ္ေျပာလာျပန္သည္။
'' မင္း Xၿမိဳ႕ကေနမထြက္သြားခ်င္ဘူးမလား ရတယ္ေလ ငါအခုရဲေခၚလိုက္မယ္ တရားဥပေဒအတိုင္းလုပ္ၾကတာေပါ့ တရား႐ုံးမွာျပန္ေတြ႕ၾကမယ္ ''
''က်န္းေမာ့ခ်န္ မင္း႐ူးေနတာလား! ငါ က်ိဳးခ်န္ကို အမိန္႔ေပးၿပီး ယန္းခ်င္းခ်ီကို႐ိုက္ခိုင္းတယ္ဆိုရင္ေတာင္ ဒီကိစၥက မႈခင္းအႀကီးစားႀကီးမွမဟုတ္တာ လူတစ္ေယာက္သတ္ရင္ေတာင္ အနည္းဆုံးမွေထာင္ဆယ္ႏွစ္ေလာက္ပဲက်တာ အခု ယန္းခ်င္းခ်ီမွ ဘာမွမျဖစ္သြားတာ ငါ့ကိုဘယ္လိုေထာင္ခ်မွာလဲ လပိုင္းလား ရက္ပိုင္းလား ''
က်န္းေမာ့ခ်န္ ယြမ္မင္႐ႊိကို ၾကည့္ကာ ဒီလိုလူမ်ိဳးကို ဘယ္လိုစုံလုံးကန္းၿပီး ႀကိဳက္ခဲ့မိမွန္း နားမလည္ႏိုင္ျဖစ္ေနေတာ့သည္။
''မင္းေမ့သြားၿပီလား ငါ့မ်ိဳး႐ိုးက က်န္းလို႔ မေျပာခဲ့ဘူးလား ငါ့မွာသာဆႏၵ႐ွိရင္ မင္းကို တစ္သက္လုံး ေထာင္ထဲထည့္ထားလို႔ရတယ္ ယြမ္မင္႐ႊိ ငါ က်န္းအိမ္နာမည္ကိုသုံးၿပီး လူေတြကို လိုက္ဖိႏွိပ္ရတာမ်ိဳးမႀကိဳက္ဘူး ဒါေပမဲ့ သုံးရတာမႀကိဳက္႐ုံပဲ မသုံးဘူးလို႔မဆိုလိုဘူး ''
ယြမ္မင္႐ႊိ ထိုစကားၾကားေတာ့ ေတာ္ေတာ္ေလးေၾကာက္႐ြံ႕သြားသည္။ က်န္းေမာ့ခ်န္ ဖုန္းထုတ္လိုက္တာကိုျမင္သည့္အခါ ေၾကာက္အားလန္႔အားျဖင့္ ကုန္းေအာ္ေလသည္။
''ငါသြားပါ့မယ္! ဒီေနရာကေနထြက္သြားပါ့မယ္! ဒီေနရာကေနထြက္သြားပါ့မယ္! အခု မင္းတို႔ေက်နပ္ၾကၿပီလား! ''
ယြမ္မင္႐ႊိ မ်က္ရည္ေတြျဖင့္ က်န္းေမာ့ခ်န္ကို ေမာ့ၾကည့္လိုက္သည္။
'' မင္းတို႔လူခ်မ္းသာေတြကအၿမဲအဲ့အတိုင္းပဲ မင္းတို႔ႀကိဳက္ေနသေ႐ြ႕ကေတာ့ လက္ေပၚကေတာင္မခ်ႏိုင္တဲ့ ရတနာပဲ မင္းတို႔မႀကိဳက္ေတာ့ ျမက္ေလာက္ေတာင္ တန္ဖိုးမ႐ွိေတာ့ဘူး အခ်ိန္မေ႐ြးဖိသတ္လို႔ရတဲ့ ပု႐ြက္ဆိတ္တစ္ေကာင္လိုပဲ သေဘာထားေတာ့တယ္! ငါ့အလုပ္အကိုင္ေတြကို ပိတ္ဆို႔ပစ္မယ္ေျပာလိုက္တာနဲ႔ သူတို႔ကမင္းစိတ္တိုင္းက် လိုက္လုပ္ေပးလိမ့္မယ္ ငါ့ကိုဒီေနရာမွာမ႐ွိေစခ်င္ဘူးေျပာလိုက္တာနဲ႔ စိတ္တိုင္းက်ထြက္သြားေပးရတယ္ ဒါေပမဲ့ က်န္းေမာ့ခ်န္ မင္း ငါ့ကိုႀကိဳက္ခဲ့ဖူးတာပဲ သူ႕ကိုအခုတန္ဖိုးထားသလိုမ်ိဳး လက္ကမခ်ႏိုင္ျဖစ္ခဲ့ဖူးတာပဲ ေနာက္ေတာ့ေရာ? ''
ယြမ္မင္႐ႊိ ခါးသက္သက္ျပဳံးလိုက္သည့္အခ်ိန္ ပါးေပၚ မ်က္ရည္ေတြစီးက်လာသည္။
'' ေနာက္ေတာ့ မင္းေနာက္တစ္ေယာက္ကိုထပ္ႀကိဳက္သြားတာပဲမလား ငါက မင္းမ်က္လုံးထဲမွာ ဘာမွမဟုတ္ေတာ့ဘူးေလ မင္း ငါ့ကိုဒီလိုမ်ိဳးဆက္ဆံမွေတာ့ သူကိုလည္း တခ်ိန္ခ်ိန္မွာ ဒီပုံစံအတိုင္းပဲ ဆက္ဆံဦးမွာပဲ ၇ႏွစ္ ငါမင္းတို႔ႏွစ္ေယာက္ကို ၇ႏွစ္ေစာင့္ၾကည့္ေနမယ္ မင္းသူ႕ကို၇ႏွစ္ေလာက္ၾကာေအာင္ေတာင္ သေဘာက်ႏိုင္ပါ့မလားဆိုတာ ငါေသခ်ာေစာင့္ၾကည့္ေနမွာ ''
က်န္းေမာ့ခ်န္ ဖုန္းကို အိတ္ကပ္ထဲျပန္ထည့္လိုက္ကာ
''ဒါဆိုရင္ေတာ့ မင္းကိုမင္းအထင္ႀကီးလြန္းေနၿပီ '' သူေအးစက္စက္ျဖင့္ ထပ္ျဖည့္ေျပာလာသည္။ '' မင္းမွာ သူနဲ႔ယွဥ္ပိုင္ခြင့္႐ွိလို႔လား ''
ယြမ္မင္႐ႊိ ရယ္လိုက္သည္။
''ဟုတ္ပါတယ္ ငါ့မွာ အခု ယွဥ္ပိုင္ခြင့္ေတာင္မ႐ွိေတာ့ပါဘူး ဘာလို႔လဲဆိုေတာ့ မင္းမွငါ့ကိုမႀကိဳက္ေတာ့တာ ဒါေပမဲ့ တစ္ေန႔ေန႔မွာ သူလည္းငါ့လိုျဖစ္လာလိမ့္မယ္ သူလည္း ေနာက္တစ္ေယာက္နဲ႔ယွဥ္ပိုင္ခြင့္႐ွိမွာမဟုတ္ေတာ့ဘူး ဘာလို႔လဲဆိုေတာ့ မင္းကေနာက္တစ္ေယာက္ကိုထပ္ႀကိဳက္သြားၿပီး သူ႕ကိုငါ့လိုမ်ိဳးျငင္းဆန္ေတာ့မွာမို႔လို႔ေလ ''
''မင္း အေတြးလြန္ေနၿပီ '' က်န္းေမာ့ခ်န္ မ်က္လုံးအထိမေရာက္ေသာအျပဳံးျဖင့္ ယြမ္မင္႐ႊိကိုၾကည့္လိုက္ကာ '' ငါ အခုမဝန္ခံခ်င္ေပမဲ့ ငါမင္းကိုႀကိဳက္ခဲ့ဖူးတယ္ဆိုတဲ့ အမွန္တရားကိုမျငင္းဘူး ဒါေပမဲ့ငါအရမ္းေနာင္တရေနတယ္ အဲ့ေတာ့ မင္းတို႔ႏွစ္ေယာက္ၾကားက မိုးနဲ႔ေျမလိုကြာျခားခ်က္ေတြကို ငါပိုပိုၿပီးသတိထားမိလာတယ္ ယြမ္မင္႐ႊိ မင္းေျပာတာေတြမွားေနတယ္ ငါ မင္းကိုႀကိဳက္သလိုမ်ိဳးမ်ား သူ႕ကိုႀကိဳက္တယ္လို႔ထင္ေနတာလား ''
က်န္းေမာ့ခ်န္ ေခါင္းခါလိုက္သည္။
''မဟုတ္ဘူး လုံးဝပဲ ငါသူ႕ကိုမင္းထက္ပိုၿပီးခ်စ္တယ္ မင္းထက္ပိုၿပီးျမတ္ႏိုးတယ္ ငါ့ဘဝမွာ သူ႕ေလာက္ ဘယ္သူ႕ကိုမွ သေဘာမက်ဖူးဘူး မင္း ငါ့အစီအစဥ္ေတြကိုျငင္းဆန္ၿပီး က်ိဳးရီ႐ွင္းေနာက္လိုက္သြားတယ္ ငါ မင္းေနာက္မလိုက္ခဲ့ဘူး ကိုယ့္ကိုကိုယ္ႏွစ္သိမ့္ၿပီး မင္းကိုလက္ေလွ်ာ့လိုက္တယ္ တကယ္လို႔ တေန႔ေန႔မွာသာ သူအဲ့လိုမ်ိဳး ငါ့ကိုထားၿပီးထြက္သြားခဲ့ရင္ ငါရေအာင္လိုက္႐ွာမွာ ငါ့အနားကိုအရျပန္ေခၚထားမွာ ဘယ္သူလက္ထဲမွလည္းမထည့္ႏိုင္သလို ဘယ္သူနဲ႔မွလည္းခ်စ္ခြင့္မေပးႏိုင္ဘူး သူကငါ့အပိုင္ လူတစ္ေယာက္အေပၚ႐ွိတဲ့ခံစားခ်က္ကို သုံး၊ ေျခာက္၊ ကိုးဆိုၿပီး ရလာဒ္သတ္မွတ္ထားရင္ မင္းကအနိမ့္ဆုံးသုံးပဲ ဘာလို႔လဲဆိုေတာ့ မင္းကငါ့ကိုရင္ခုန္႐ုံေလာက္ပဲလုပ္ေပးႏိုင္တာ ဒါေပမဲ့ သူကတစ္ဆယ္! သူ႕က ငါ့ႏွလုံးသားႀကီးတစ္ခုလုံးကို ေႏြးေထြးသြားေအာင္ လုပ္ႏိုင္ခဲ့တယ္ အဲ့ေတာ့ မင္းဘာသာမင္း ၇ႏွစ္မကလို႔ အႏွစ္၇၀ေစာင့္ေစာင့္ ငါက သူ႕ကို မင္းေျပာသလို ဘယ္ေတာ့မွဆက္ဆံမွာမဟုတ္ဘူး ဘာလို႔လဲဆိုေတာ့ ငါသူ႕ကိုအရမ္းခ်စ္လို႔ ငါ့အနားကေနထြက္သြားမယ္ဆိုတဲ့အခ်က္ကလြဲၿပီး သူဘာေျပာေျပာအကုန္လက္ခံေပးႏိုင္တယ္ အကုန္ျဖည့္ဆည္းေပးခ်င္တယ္ ''
ယြမ္မင္႐ႊိ ဘာမွဆက္မေျပာႏိုင္ေတာ့ပါ။ သူက်န္းေမာ့ခ်န္ကိုသာ မ်က္ရည္ေတြနဲ႔ၾကည့္ေနလိုက္သည္။ က်န္းေမာ့ခ်န္ေပါက္ကရေတြကို မယုံၾကည္ဘူးဆိုေသာ္ျငား သူ႕ဝမ္းနည္းမႈေတြကိုေတာ့ထိန္းထားလို႔မရခဲ့ေပ။ ရင္ထဲတစစ္စစ္ထိုးေအာင့္ေအာင္လုပ္ေနသည့္ ထိုစိတ္ပ်က္ဝမ္းနည္းမႈမ်ားက ႏွလုံးဆြဲထုတ္ခံလိုက္ရတာထက္ေတာင္ ပိုခံရခက္ေသးသည္။
'' မင္းကို ေစာင့္ၾကည့္ဖို႔ ငါလူႏွစ္ေယာက္ထားခဲ့မယ္ ေဆး႐ုံကဆင္းလို႔ရတာနဲ႔ ဒီကေနထြက္သြားလိုက္ေတာ့ ငါတို႔ေ႐ွ႕ ဘယ္ေတာ့မွေပၚမလာနဲ႔ မင္းက အခု ငါ့မ်က္လုံးထဲမွာ ဘာမွမဟုတ္ေတာ့ဘူးဆိုတာကို ေသခ်ာသိသြားမွေတာ့ ငါ့စကားကိုေလလိုပဲ သေဘာမထားနဲ႔ ေထာင္ထဲမွာ တစ္သက္လုံးေနရလည္းအဆင္ေျပတယ္ဆိုရင္ ျပန္လာခဲ့ မင္းေတာင္ဂ႐ုမစိုက္မွေတာ့ ငါ့ဘက္ကလည္းဂ႐ုစိုက္စရာအေၾကာင္းမ႐ွိဘူး ''
''ငါ့ကိုေစာင့္ၾကည့္ဖို႔လူလႊတ္ထားတယ္? ဒါတရားမဝင္ဘူးေလ! ''
'' ငါေျပာၿပီးၿပီ မင္းကိုမင္းအရမ္းအထင္ႀကီးလြန္းေနတယ္လို႔ ငါက မင္းအတြက္နဲ႔ ဘာလို႔ တရားဥပေဒကိုခ်ိဳးေဖာက္ရမွာလဲ တန္မွမတန္တာ ဒီလူေတြက မင္းေျပာင္းေ႐ႊ႕ရင္ ကူညီေပးဖို႔ လႊတ္ထား႐ုံပဲ မဟုတ္ရင္ မင္းဒဏ္ရာက ေလး၊ငါးလေလာက္ ကုရဦးမယ္လို႔ အေၾကာင္းျပၿပီး ဒီေဆး႐ုံမွာကပ္တြယ္ခ်င္ေနေသးတာလား ''
ယြမ္မင္႐ႊိ မခ်ိျပဳံး,ျပဳံးလိုက္မိသည္။ သူ႕တစ္ကိုယ္လုံး ေရခဲေရထဲအႏွစ္ခံလိုက္ရသလိုမ်ိဳး အေအးဓာတ္က တစိမ့္စိမ့္ဝါးမ်ိဳးလာခဲ့သည္။ သူအခုဘာေျပာႏိုင္ဦးမွာလဲ ဘာလုပ္ႏိုင္ဦးမွာလဲ။ အားလုံးက အားႀကီးသူအလိုက်ပဲဟာ။ ယြမ္မင္႐ႊိ က်န္းေမာ့ခ်န္ကိုသာ စိတ္ပ်က္လက္ပ်က္ၾကည့္ေနလိုက္ၿပီး လူ႕ႏွလုံးသားက တကယ္ေၾကာက္ဖို႔ေကာင္းသည္ဟု သာခံစားေနရသည္။ မင္းကိုႀကိဳက္ေနသေ႐ြ႕ကေတာ့ အရာရာမင္းအတြက္ပဲ မင္းကိုမႀကိဳက္ေတာ့ရင္ မင္းေသေသ႐ွင္႐ွင္ သူနဲ႔ဘာမွမသက္ဆိုင္ေတာ့ဘူး။
က်န္းေမာ့ခ်န္ကလည္း ေျပာခ်င္တာေတြအကုန္ေျပာၿပီးၿပီ ျဖစ္တာေၾကာင့္ ဒီအခန္းထဲမွာ တစ္စက္ကေလးေတာင္ ရပ္ေနခ်င္စိတ္မ႐ွိေတာ့သျဖင့္ အျပင္ကိုထြက္လာလိုက္ကာ တံခါးမွာေစာင့္ေနသည့္ႏွစ္ေယာက္ကိုၾကည့္ရင္း မွာလိုက္သည္။
''ေကာင္းေကာင္းေစာင့္ၾကည့္ထား ''
''ဟုတ္ကဲ့ပါ သခင္ေလး '' ထိုႏွစ္ေယာက္ကလည္း တ႐ိုတေသေလးျပန္ေျဖလာသည္။
ယြမ္မင္႐ႊိ ေဆး႐ုံကုတင္ေပၚမွာ ငူငူငိုင္ငိုင္ျဖင့္အၾကာႀကီးထိုင္ေနကာ ႐ုတ္တရက္ထရယ္လိုက္သည္။ ရယ္ေလရယ္ေလ အသံပိုက်ယ္လာေလျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ငိုသံေတြပါေရာယွက္လာသည္။ သူ႕မ်က္ႏွာကို လက္ျဖင့္အုပ္ရင္း အသံအက်ယ္ႀကီးထြက္ၿပီး ေအာ္ဟစ္ငိုယိုေနသည္။ ထိုေအာ္ငိုသံႀကီးက ပိုစူး႐ွၿပီး ပိုက်ယ္ေလာင္လာကာ လက္သင့္မခံႏိုင္မႈႏွင့္ နာက်င္မႈအခ်ိဳ႕ပါ ေရာစြက္ေနသည္။ ႏွလုံးကြဲမတတ္ေအာ္ဟစ္ငိုေႂကြးသံႀကီးက ၾကားရသူကိုစိတ္မသက္မသာျဖစ္ေစေသာ္ျငား သနားၾကင္နာေပးမည့္လူေတာ့႐ွိမေနခဲ့ေပ။
ယြမ္မင္႐ႊိ ေနာက္ႏွစ္ပတ္ေနေတာ့ ေဆး႐ုံဆင္းလိုက္ရသည္။ ထိုေန႔က ရာသီဥတုအုံ႔မိႈင္းေနကာ အပူခ်ိန္ကလည္းျပန္တက္မလာေသးပဲ ဘယ္ေနရာၾကည့္ၾကည့္ အေအးဓာတ္ကသာအုပ္စိုးေနသည္။ ယြမ္မင္႐ႊိ ေျခေထာက္ကေတာ့ အေကာင္းႀကီးမဟုတ္ေသးပါ။ အခုခ်ိန္အထိ ေက်ာက္ပတ္တီးစည္းထားရဆဲျဖစ္ကာ လႈပ္လိုက္႐ုံျဖင့္နာက်င္ေနဆဲပင္။ ေရအိမ္ကိုေတာင္ ခ်ိဳင္းေထာက္အကူအညီျဖင့္သြားေနရတာေၾကာင့္ ထိုေန႔မွာ က်န္းေမာ့ခ်န္လႊတ္ထားသည့္လူႏွစ္ေယာက္က သူ႕ကိုသယ္ရင္း ေဆး႐ုံကဆင္းေစသည္။
သူတို႔ Lၿမိဳ႕ကိုေရာက္လာေတာ့ ယြမ္မင္႐ႊိ ရင္းႏွီးသလိုလိုျဖင့္ မရင္းႏွီးသည့္ သူ႕ေမြးရပ္ေျမသူၾကည့္လိုက္ကာ သူနဲ႔မသက္ဆိုင္ေတာ့သလိုမ်ိဳး ခံစားလိုက္ရသည္။ အထက္တန္းၿပီးကတည္းက အခုခ်ိန္အထိ ဒီေနရာကို ျပန္မလာတာၾကာၿပီျဖစ္တာေၾကာင့္ ဘာတစ္ခုမွလည္းလြမ္းဆြတ္မေနေပ။ အတင္းအက်ပ္ျဖင့္ ဒီကိုျပန္လာရတယ္ဆိုသည့္ အခ်က္နဲ႔ပင္ မသိစိတ္ကေန မုန္းေတာင္မုန္းေနေသးသည္။
က်န္းေမာ့ခ်န္လူေတြက သူ႕အရင္အိမ္ကိုျပန္ပို႔ၾကေတာ့ ဒီအိမ္ႀကီးထဲမွာ သူတစ္ေယာက္ထဲေနရေတာ့မည္ဆိုသည့္အေတြးနဲ႔တင္....
''ယြမ္သခင္ေလး ဒါဆိုကြၽန္ေတာ္တို႔ျပန္ေတာ့မယ္ ကြၽန္ေတာ္တို႔သခင္ေလးစကားကိုနားေထာင္ၿပီး ဒီမွာေကာင္းေကာင္းေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္ ''
ထိုလူေတြ တံခါးပိတ္ၿပီး ထြက္သြားတာကိုသာအသက္မပါသည့္မ်က္လုံးမ်ားျဖင့္ အခ်ိန္အၾကာႀကီးၾကည့္ေနလိုက္သည္။ ထို႔ေနာက္ သူႀကီးျပင္းခဲ့သည့္ အိမ္အိုႀကီးကို လွည့္ပတ္ၾကည့္႐ႈလိုက္ကာ ဒီကို တေန႔ ဒီလိုသနားစရာေကာင္းသည့္ပုံစံမ်ိဳးျဖင့္ ျပန္လာရလိမ့္မည္ဟု လုံးဝမေတြးထင္ထားခဲ့ေပ။ သူလုံးဝလက္သင့္မခံႏိုင္ပါ။ ဒါေပမဲ့ လက္မခံႏိုင္ေတာ့ေရာဘာလုပ္လို႔ရေတာ့မွာလဲ။ သူ႕ မန္ေနဂ်ာက သူ႕ဆီ Wechat Messageပို႔ထားသည္။ သူ အျပစ္မျပဳသင့္တဲ့လူကို အျပစ္ျပဳမိထားတာေၾကာင့္ သူတို႔လည္းမတတ္ႏိုင္သျဖင့္ သူ႕အလုပ္ေတြအကုန္လုံးကို ထိုလူ႕စိတ္တိုင္းက် ရပ္တန္႔လိုက္ရေတာ့မည္ဟု စာပို႔လာခဲ့သည္။
ယြမ္မင္႐ႊိ စိတ္ပ်က္အားငယ္ေနသည္။ သူလုပ္ႏိုင္တာဘာမွမ႐ွိေတာ့ပါ။ က်န္းေမာ့ခ်န္ကို သူ႕ဆီ စိတ္ျပန္လည္လာေအာင္ ဘယ္လိုနည္းနဲ႔မွ လုပ္လို႔မရေတာ့မွန္း သူေသခ်ာနားလည္လိုက္သည္။ က်န္းေမာ့ခ်န္က ဘယ္ေလာက္ပဲ ညင္သာသိမ္ေမြ႕ၿပီး စိတ္ထားေကာင္းပါေစ အခုေတာ့ အားလုံးကြဲျပားသြားၿပီျဖစ္သည္။ က်န္းေမာ့ခ်န္က သူ႕လိုသာမန္လူတစ္ေယာက္မဟုတ္ပါ။ က်ိဳးရီ႐ွင္းထက္ေတာင္ ေနာက္ခံအင္အားေတာင့္ေသးသည္။ သို႔ေသာ္ က်န္းေမာ့ခ်န္က ေနာက္ခံအားကိုးျဖင့္ ဘယ္သူ႕ဘယ္သူကိုမွ မခ်ိဳးႏွိမ္ဖူးတာေၾကာင့္ က်န္းေမာ့ခ်န္ရဲ႕က်န္းက က်န္းေကာ္ပိုေရး႐ွင္းကက်န္းမွန္း ေမ့သြားခဲ့႐ုံသာ။
သူ ဖိနပ္စင္ေဘး စိတ္ပ်က္လက္ပ်က္ထိုင္ခ်လိုက္ကာ ဝမ္းနည္းစိတ္အျပည့္ျဖင့္ငိုေႂကြးလိုက္သည္။ အကူအညီမဲ့စြာေအာ္ဟစ္ျမည္တမ္းေနရင္း ___ သူ႕ကို ဘယ္သူကူညီႏိုင္မလဲ အခု သူ႕ကို ဘယ္သူကူညီႏိုင္မလဲ.........
_________________________________
က်န္းေမာ့ခ်န္လုပ္ရပ္ကို အားရၾကတဲ့လူလည္း႐ွိသလို အားမလိုအားမရျဖစ္ၾကတဲ့လူလည္း႐ွိမွာပါ။ ဒါေပမဲ့ ကိုယ္ေတြGongက Gentle Gongေလ။ ေမာ့ခ်န္က ဘယ္ေတာ့မွ Violentျဖစ္ေစမဲ့ လုပ္ရပ္ေတြမလုပ္ပါဘူး။ သူ ယြမ္မင္႐ႊိကို စိတ္တိုတယ္၊ေဒါသထြက္တယ္၊မုန္းတယ္။ ဒါေပမဲ့ခ်င္းခ်ီနဲ႔ခ်ီခ်ီဘာမွမျဖစ္တဲ့အတြက္ စည္းေဘာင္ေက်ာ္တဲ့ကိစၥေတြလုပ္မွာမဟုတ္ပါဘူး။ သူနဲ႔ခ်င္းခ်ီက အၿမဲတမ္း တစ္စုံတစ္ေယာက္အတြက္ အသက္႐ႈေပါက္ခ်န္ထားေပးတတ္ပါတယ္။ ဒါက အားသာခ်က္တစ္ခုလည္းျဖစ္သလို အားနည္းခ်က္လို႔လည္းေျပာလို႔ရပါတယ္။ တကယ္လို႔ ဒီေနရာမွာ ေဝ့႐ႊင္း ဒါမွမဟုတ္ ေနာက္ေပၚလာမဲ့အသစ္တစ္ေယာက္သာဆို ယြမ္မင္႐ႊိက ယြမ္မင္ကြိျဖစ္ေနေလာက္ပါၿပီ။ ကိုယ္ကေတာ့ ေမာ့ခ်န္နည္းလမ္းကိုသေဘာက်ပါတယ္။ ဇာတ္လိုက္မို႔လို႔စိတ္ထားေကာင္းတာ၊ဘာညာကြိကြေတြထက္ အနည္းဆုံးေတာ့လူသားဆန္ေသးတယ္ေလ။ ဟိုအေကာင္ကအဲ့အခြင့္အေရးကို တန္ဖိုးမထားေပမဲ့လည္းေပါ့။
P.S ေနာက္ေပၚလာမဲ့လူကိုလည္းမဝိုက္ၾကပါနဲ႔ ဟိုကသူ႕အတြဲနဲ႔သူပါ ဗက္ဟက္ဟက္ 🤣